← Chapters

အပိုင်း ၃၀၄-၃၀၆

Vol. 21 Ch. 304-306

အပိုင်း ၃၀၄-၃၀၆

Vol. 21 Ch. 304-306

အပိုင်း (၃၀၄) လိုက်ဖက်မှုမရှိတဲ့ သူရဲကောင်းအတွဲ အမှန်စင်စစ် ဖြစ်လာခြင်း (၃)

လစဥ်လတိုင်း၏ အစ သို့မဟုတ် အဆုံးတွင် ကျောင်းသည် ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များကို ရှန်ကျန်းယဲ့ နှင့် ရွှီမုန့်တို့ထံ အချိန်မီပေးပို့မည်ဖြစ်သည်။

“ဒီမှာ ရှောင်ချန်၊ ဒီအသားကို များများစားပါ”

"ဒါက ဆင့်ကဲပြောင်းလဲခြင်း ကောလိပ်ရဲ့ ဥက္ကဌမာကိုယ်တိုင် ဟိုရက်တုန်းက လက်ဆောင်ပေးခဲ့တဲ့ စွမ်းအားဝင် ကြက်သားလေ။ သူတို့ပြောတာကတော့ ဒီကြက်တွေဟာ ဝိဥာဥ်သစ်ပင်ဥယျာဥ်ခြံမှာ နှစ်နှစ်ခွဲနီးပါး မွေးမြူပြီးမှ ရလာတဲ့အသားဖြစ်လို့ သိပ်အရသာရှိတယ်၊ ဆင့်ကဲဖြစ်စဥ်အတွက် သင့်တော်တယ်တဲ့”

“ ဒီမှာ စွမ်းအားဝင်ငါးလည်းရှိတယ်၊ စိတ်အာရုံအတွက်ကောင်းတယ်တဲ့၊ ဒါ့ကြောင့် များများစား”

ရွှီမုန့်သည် လင်းဇီချန်တစ်ယောက် အစားအလောက် အလုံအလောက် ဝဝလင်လင် မစားရမည်ကို စိုးရိမ်တကြီးဖြစ်နေသည့်အလား သူ၏ပန်းကန်လုံးပေါ်သို့ အစားအစာများကို ဆက်တိုက်ထည့်ပေးနေလေသည်။

လင်းဇီချန်သည် မီတာတစ်ရာနီးပါးမြင့်သော အဆောက်အအုံနီးပါးအလား ဖြစ်နေသော သူ၏ပန်းကန်လုံးကို ကြည့်နေမိသည်။

“အန်တီမုန့်၊ ဒီလောက်ဆိုရင် လုံလောက်ပါပြီ၊ ကျွန်တော် နောက်ထပ်မစားနိုင်တော့ဘူး” ဟူ၍ ခပ်သွက်သွက် ငြင်းဆန်လိုက်သည်။ .

“အို ကိစ္စမရှိပါဘူး၊ မင်းဆက်မစားနိုင်ရင် ဖြည်းဖြည်းစား” ရွှီမုန့်က ကြင်နာစွာ ပြောသည်။

ကျန်းဝမ်ရှင်းသည် ရှန်ချင်းဟန်အား သမီးတစ်ယောက်ကဲ့သို့ ပြောဆိုဆက်ဆံကာ ရွှီမုန့်သည်လည်း လင်းဇီချန်အား သားတစ်ယောက်ကဲ့သို့ သဘောထားသည်။ လင်းဇီချန် ငယ်ရာမှ တဖြည်းဖြည်း အရွယ်ရောက်လာသည်ကို တွေ့မြင်နေရသူအတွက် သူသည် သားတစ်ဦးနှင့်မခြားပေ။

“အမေ၊ အန်တီရှင်း ဒုတိယကိုယ်ဝန်လွယ်ထားရပြီ”

ရှန်ချင်းဟန်မှ ရုတ်တရက် ရွှီမုန့်ဘက်ကိုလှည့်ကာ အသိပေးဖွင့်ပြောသည်။

“ငါသိသားပဲ”

ရှန်ချင်းဟန်သည် အတန်ငယ်တွေဝေနေပြီးနောက် ဆက်မေးလိုက်၏။

“အမေ၊ သမီး အစ်မကြီးတစ်ယောက်ဖြစ်ချင်တယ်၊ နောက်သားသမီးတစ်ယောက် မလိုချင်ဘူးလား”

ရွှီမုန့်က သူ့လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်သည်။

“ငါက အသက်ကြီးနေပါပြီ၊ ဘာလို့နောက်ထပ်ကလေးတွေ ထပ်ယူရမှာလဲ၊ ပြီးတော့ နင်တောင် ကလေးမွေးရမယ့်အရွယ်ကိုရောက်နေပြီ၊ ဘာကို အစ်မကြီးတစ်ယောက်ဖြစ်ချင်နေတာလဲ” ဟူ၍ ကြိမ်းမောင်းကာ ငြင်းဆန်လိုက်သည်။

ရွှီမုန့်သည် ကျန်းဝမ်ရှင်းထက် တစ်နှစ်ခန့် ငယ်ရွယ်သော်လည်း ဒုတိယကလေးယူရန် ရည်ရွယ်ချက်မရှိပေ။ ဤသည်ကိုမြင်သောအခါ ရှန်ချင်းဟန်က စကားလမ်းကြောင်းကိုသာ ပြောင်းလိုက်ရတော့သည်။

…

ထမင်းစားပြီးနောက် လင်းဇီချန်သည် ခတ္တမျှ အနားယူကာ သုတေသနဌာနသို့ ခရီးထွက်ရန် စီစဉ်ခဲ့သည်။ ယမန်ညက သူသည် ရှန်ချင်းဟန် အနီးနားပတ်လည်တွင် ပျံဝဲနေသော ရေစက်များဖြင့် ဖွဲ့စည်းထားသော ပုံစံများကို စက္ကူပေါ်တွင် ပုံတူကူးယူ၍ ဓာတ်ပုံရိုက်ကာ လျို့ချွမ်ဝူထံ ပေးပို့ပြီးနောက် ၎င်းတို့က ရှေးခေတ်ကျောက်စာများဟုတ်၊မဟုတ် မေးမြန်းသည်။ လျို့ချွမ်ဝူသည် ၎င်းတို့နှင့် အတော်အတန်ရင်းနှီးသည်ကို ခံစားမိသည်။ ရှေးဟောင်းပစ္စည်းအချို့တွင် ၎င်းတို့ကို မြင်ဖူးခဲ့သည်ဟု ထင်ရသော်လည်း ယခုအချိန်တွင် မမှတ်မိတော့ပေ။ ထို့ကြောင့် သူသည် မနက်ရောက်လျှင် ဌာနသို့သွားပြီး ရှေးဟောင်းပစ္စည်းအချို့ကိုသွား၍ရှာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယခုမူ နေ့လယ်တစ်နာရီခန့်ရှိပြီဖြစ်ကာ လျို့ချွမ်ဝူထံမှ မည်သည့် သတင်းအစအနမှ မကြားရသေးပေ။ လင်းဇီချန်သည် စိတ်မရှည်နိုင်တော့ဘဲ လျို့ချွမ်ဝူ ပြောခဲ့သော ရှေးဟောင်းပစ္စည်းကိုတွေ့ရှိရေးအတွက် သူကိုယ်တိုင် ဌာနသို့သွားရန် ဆုံးဖြတ်ခဲ့သည်။

“ရှောင်ချန်၊ နင်နဲ့အတူတူ ဌာနကို လိုက်ခဲ့လို့ရမလား” ရှန်ချင်းဟန်က နောက်မှလိုက်လာကာမေးလိုက်သည်။

အထူးလေ့ကျင့်ရေးကာလတွင် ခေတ္တခွဲခွာခဲ့ရပြီးနောက်ပိုင်း သူမသည် လင်းဇီချန်အပေါ် ယခင်ကထက် ပိုမိုခင်တွယ်လာကာ စက္ကန့်တိုင်း မိနစ်တိုင်း အနားတွင် အတူရှိချင်မိသည်။

“ဥက္ကဌကို မေးကြည့်ဦးမယ်”

လင်းဇီချန်သည် သူ၏ ဖုန်းကို ထုတ်လိုက်ပြီးနောက် WeChat မှတစ်ဆင့် လျို့ချွမ်ဝူသို့ စာပေးပို့ခဲ့သည်။

[ဇီချန် - ဥက္ကဌ၊ အခု ကျွန်တော် ဌာနကို သွားကြည့်ချင်တယ်၊ ချင်းဟန်က အတူလိုက်ချင်လို့ သူ့ကို ခေါ်လာလို့ရမလား]

ဆယ်မိနစ်ကျော်ကြာပြီးနောက် လျို့ချွမ်ဝူက ပြန်ဖြေသည်။

[ဥက္ကဌ - ချင်းဟန်က မင်းရဲ့ သူတို့သမီးလောင်း၊ မိသားစုဝင်ဖြစ်လာမယ့်သူလေ။ လွတ်လွတ်လပ်လပ်လာလည်နိုင်ပါတယ်]

[ဥက္ကဌ - ဒါနဲ့၊ ခဏနေပါဦး။ မင်းနဲ့ ချင်းဟန်က အထူးလေ့ကျင့်မှုအတွက် နန်ကျန်းပြည်နယ် စစ်ဒေသဌာနချုပ်မှာ မဟုတ်ဘူးလား၊ မင်းတို့ ဘယ်လိုလုပ် ပြန်လာတာလဲ။]

[ဇီချန် - အချိန်ဇယားထက် ကြိုပြီးသွားလို့ပါ]

[ဥက္ကဌ - အခြေအနေ ဘယ်လိုလဲ။]

[ဇီချန် - ပြင်ပတိုက်ခိုက်ရေးလေ့ကျင့်မှုတစ်ခုမှာ အပင်ကိုးကွယ်ရေးဂိုဏ်းရဲ့တိုက်ခိုက်မှုကြောင့် အထူးလေ့ကျင့်မှုကို အချိန်မတန်ဘဲ ပြီးဆုံးခဲ့တာပါ]

[ဥက္ကဌ - ဘာကြီးလဲ။ ဒါ ဒေါသထွက်စရာပဲ။ အသေးစိတ် ရှင်းပြစမ်းပါဦး]

[ဇီချန် - ဒီလိုပါ]

လင်းဇီချန်သည် အတိုချုံးရှင်းပြပြီးနောက် လျို့ချွမ်ဝူအား စစ်ရေးလေ့ကျင့်မှု ဖြစ်ရပ်များအကြောင်း လျင်မြန်စွာ အသိပေးရန် အသံမက်ဆေ့ဂျ်များကို အသုံးပြုခဲ့သည်။ ဤအကြောင်းအရာများကို ကြားသိရပြီးနောက် လျို့ချွမ်ဝူသည် အံ့အားသင့်သွားသည်။ လင်းဇီချန်သည် ထိုကိစ္စပေါ်တွင်သာ အချိန်မကုန်စေဘဲ စကားဝိုင်းကို ရှေးဟောင်းပစ္စည်းဆီသို့ အမြန်ပြန်ဦးတည်ခဲ့သည်။

[ဇီချန် - ဥက္ကဌ၊ မနေ့ညက ပြောခဲ့တဲ့ ရှေးဟောင်းပစ္စည်းကို ရှာတွေ့ခဲ့လား။]

[ဥက္ကဌ - ကျွန်တော် ဌာနကို အခုထိ မပြန်ရသေးဘူး၊ မနေ့က နေ့လယ်ကတည်းက ထွက်လာခဲ့တာပဲ]

[ဇီချန် - ဘယ်မှာ သိမ်းထားလဲ၊ ကျွန်တော်ကိုယ်တိုင် သွားရှာမယ်]

[ဥက္ကဌ - ဘယ်မှာလဲဆိုတာ အတိအကျတော့ မမှတ်မိတော့ဘူး၊ စတိုခန်းထဲမှာပဲ ရှိမယ်ထင်တယ်။ မင်းရဲ့ ညီမရန်း လည်း ဌာနမှာ အခုရောက်သင့်နေပြီ။ ပြီးမှ သူနဲ့အတူတူ စတိုခန်းမှာသွားရှာနိုင်ပါတယ်]

[ဇီချန် - ကောင်းပြီ]

[ဥက္ကဌ - ကျွန်တော့်မှာ သွားစရာတွေရှိလို့ ခွင့်ပြုပါဦး]

[ဇီချန် - ကောင်းပါပြီ]

ဤစာကို ပြန်ဖြေကြားပြီးနောက် လင်းဇီချန်သည် နောက်ထပ် အချိန်မဖြုန်းတော့ဘဲ ရှန်ချင်းဟန်နှင့်အတူတူ ထိုရှေးဟောင်းပစ္စည်းကို ရှာဖွေလေ့လာရန် သွေးသန့်လူသားသုတေသနဌာနသို့ ချက်ချင်းပင် ထွက်လာခဲ့သည်။

အပိုင်း (၃၀၅) လွန်ခဲ့သော အနှစ်နှစ်ဆယ်က ရေအောက်အပျက်အစီးများ

သွေးသန့်လူသားသုတေသနဌာန ဝင်ပေါက်။

ရှန်ချင်းဟန်သည် မျှော်လင့်ချက်အပြည့်ဖြင့် သူမရှေ့မှ အတန်ငယ်ဟောင်းသော အဆောက်အအုံကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ငါ အမြဲတမ်း သွေးသန့်လူသားသုတေသနဌာနကို သွားကြည့်ချင်တယ်၊ နောက်ဆုံးတော့ ဒီနေ့မှာ အခွင့်အရေးရခဲ့ပြီ"

“အရမ်းကြီး မမျှော်လင့်ထားဖို့တော့ မင်းကိုအကြံပေးချင်ပါတယ်။ အတွင်းပိုင်းကတော့ တော်တော်လေး ယိုယွင်းနေပြီ။ ပြောရရင် ငါတို့ ဖြတ်သွားမယ့် စင်္ကြံဆိုရင် အမှိုက်ပုံအတိုင်းပဲ”

“တကယ်ပဲလား”

“ဝင်သွားရင်တွေ့လိမ့်မယ်”

“...”

နှစ်ဦးသား ဌာနဝင်းအတွင်း လျှောက်သွားကြကာ စကားစမြည်ပြောကြသည်။ လမ်းတစ်လျှောက်တွင် ရှန်ချင်းဟန် သည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် လေ့လာကြည့်ရာ မြင်ကွင်းကား လင်းဇီချန်ဖော်ပြခဲ့သည့်အတိုင်းပင်ဖြစ်ကာ

အထူးသဖြင့် စင်္ကြံမှာ အမှိုက်ပုံသဏ္ဍာန်နှင့်တူသော ပစ္စည်းမျိုးစုံဖြင့် ရှုပ်ပွနေသည်။

“ဒီမှာ ဘာလို့ဒီလောက်ရှုပ်ပွနေတာလဲ”

“ဘယ်သူမှ လာမရှင်းဘူးလား”

“ရှောင်ချန်၊ ငါအားနေတဲ့အချိန်တွေဆို ဒီမှာလာပြီး သန့်ရှင်းရေးကူလုပ်ပေးရလို့မလား” ရှန်ချင်းဟန်သည် ဇနီးမယားတစ်ဦး၏ အမူအရာဖြင့် မေးသည်။

“ဘာလုပ်ရအောင်လဲ။ ဒီလို ရှုပ်ယှက်ခတ်နေတဲ့ အမှိုက်ပုံကလည်း သွေးသန့်လူသားသုတေသနဌာနရဲ့ ပြယုဂ်တစ်ခုပါပဲ။ ဒီလို ဖရိုဖရဲဖြစ်လေလေ၊ ရှေးဟောင်းအပျက်အစီးတွေထဲ ရောက်သွားသလို ခံစားလာရလေလေ၊ သုတေသန စိတ်ဓာတ်ကို ပိုအားသန်လေလေပေါ့”

“အဲ့လိုလုပ်လို့‌ရော အဆင်ပြေလို့လား” ရှန်ချင်းဟန်၏ စိတ်ထဲတွင် ပဟေဠိဖြစ်နေခဲ့သည်။

မကြာမီတွင် နှစ်ဦးသားသည် မှိန်ပြပြစင်္ကြံကို ကျော်ဖြတ်၍ နားနေဆောင်၏ အလယ်တည့်တည့် နေ‌အလင်းအောက်ရှိလာခဲ့သည်။ စုန်ယွီယန်က အဆောက်အအုံအတွင်းတွင် ယောကကျင့်နေသည်။ ၎င်းတို့နှစ်ဦးသားကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် စုန်ယွီယန်သည် ယောဂဖျာမှထလိုက်သည်။

“ကိုလူချောနဲ့ မမလှလှတို့ရောက်လာကြပြီပဲ”

“.....”

“ဒီမိန်းမလှလှလေးကတော့ နင့်ကိုပြောပြဖူးတဲ့ အစ်မယန်လေ၊ သူကို အစ်မယန်လို့ပဲ ခေါ်ပါ” သူ၏ စီနီယာအစ်မ စုန်ယွီယန်နှင့် ရှန်ချင်းဟန်တို့ကို အပြန်အလှန် မိတ်ဆက်ပေးသည်။

“မင်္ဂလာပါ၊ မမယန်”

ရှန်ချင်းဟန်က ပြုံး၍ နှုတ်ဆက်ရာ သူမ၏အပြုံးကား စစ်မှန်နေ၍ အင်မတန်ပင် ချစ်စဖွယ်ကောင်းသည်။ စုန်ယွီယန်ကိုယ်တိုင်သည်လည်း နှလုံးသားပင် အရည်ပျော်လုတတ်ပင်ဖြစ်၏။ သူမသည် ရှေ့သို့လှမ်းကာ ရင်းနှီးသောအမူအရာဖြင့် ရှန်ချင်းဟန်၏လက်ကိုဆွဲလျက် သူမကို တရစပ် ချီးမွမ်းသည်။

“အရင်က ဇီချန်ရဲ့ ဖုန်းထဲမှာ မင်းရဲ့ပုံကို ငါမြင်ဖူးပြီးကတည်းက မင်းရဲ့အလှကို ငါအံ့သြခဲ့တာ”

“အပြင်မှာ ဒီလောက်လှလိမ့်မယ်လို့ကို မထင်ထားဘူး၊ ဓာတ်ပုံထဲကထက်တောင် ပိုလှတယ်ကွယ်”

“အရေးကြီးဆုံးက မင်းရဲ့အသံက အရမ်းနားထောင်လို့ကောင်းနေတာ၊ ငါ့နားလေး ကိုယ်ဝန်ရလုနီးပါးပဲ”

“…”

“ကျေးဇူးပါပဲ မမ”

ရှန်ချင်းဟန်သည် ထိုသို့သော ချီးကျူးစကားများကို မည်ကဲ့သို့ တုံ့ပြန်ရမည်မသိသဖြင့် စုန်ယွီယန်အား ကျေးဇူးတင်ကြောင်းသာ ပြောနိုင်ခဲ့သည်။ စုန်ယွီယန်သည်လည်း တည်ငြိမ်၍ ယဥ်ကျေးကာ ချစ်စဖွယ်ကောင်းသော ဤညီမလေးကို အလွန် သဘောကျနေတော့သည်။ သူမသည် ရှန်ချင်းဟန်၏ လက်အား စိတ်အားထက်သန်စွာကိုင်လျက် ရေခဲသေတ္တာဆီခေါ်ဆောင်သွားတာ သောက်စရာတစ်ခုခုပေးသည်။

ဌာနအတွင်း ပေါ့ပေါ့ပါးပါး မိမိအိမ်ကဲ့သို့ သဘောထားနေထိုင်ရန် အကြံပေးသည်။ သုတေသနလုပ်ကာ လျို့ချွမ်ဝူ နှင့် လင်းဇီချန်တို့နှင့်သာ အချိန်ကုန်ကျင်လည်နေရသော ဤဌာနဝန်းကျင်တွင် အဖော်မိန်းကလေးမရှိနေရာမှ ယခုတွင် ရှန်ချင်းဟန်အားတွေ့ရခြင်းကြောင့် စုန်ယွီယန်က အတိုင်းထက်လွန်ပျော်ရွှင်မိသည်။

“လာ လာ၊ ငါတို့တွေ We Chat မှာလည်း သူငယ်ချင်းလုပ်ရအောင်” ဟူ၍ အပြန်အလှန် သူငယ်ချင်းစာရင်းတွင် ထည့်ကြပြီးနောက် ...

“ဓာတ်ပုံတွေမှာရော၊ ပို့စ်တွေမှာရော လင်းဇီချန်ပုံတွေချည်းပဲ။ ညီမလေး သူ့ကိုတော်တော်သဘောကျတာပါလား”

“ဒီလိုချစ်တတ်တဲ့မိန်းကလေးတွေ ဒီဘက်ခေတ်မှာ ရှားကုန်ပြီ”

“အကယ်၍ လင်းဇီချန်က စိတ်ပျက်အောင်လုပ်ရင် အစ်မကိုယ်တိုင် သူ့ကို ဝေဖန်ပေးမယ်”

“.....”

ဤစကားများကိုကြားပြီးနောက် ရှန်ချင်းဟန်က နေရခက်လာကာ မတုံ့ပြန်တတ်တော့ပေ။

စုန်ယွီယန်သည် အင်မတန်ပေါ့ပေါ့ပါးပါးနေထိုင်သော မိန်းကလေးဖြစ်သောကြောင့် ရှန်ချင်းဟန် အတွက် ပေါင်းရသင်းရခက်နေသည်။

တစ်ဖက်တွင် လင်းဇီချန်သည် ဆိုဖာပေါ်တွင်ထိုင်လျက် စုန်ယွီယန် အား We Chat မှတစ်ဆင့် ဆက်သွယ်နေသည်။

သူသည် ရှေး‌ဟောင်းပစ္စည်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်တစ်ချို့ လိုအပ်နေသောကြောင့်ဖြစ်သည်။

ဥပမာ - ထိုရှေး‌ဟောင်းပစ္စည်းသည် မည်သို့သော ပုံသဏ္ဌာန်ရှိသနည်း။ စတိုခန်းသည် မည်သည့်နေရာတွင် တည်ရှိသနည်း။

စင်စစ်အားဖြင့် ဤဌာနတစ်ခုလုံးမှာ ရှုပ်ပွနေကာ ပစ္စည်းအားလုံးက နေရာအနှံ့တွင် ဖြစ်သောကြောင့် အခန်းထောင့်တိုင်းကို စတိုခန်းဟုပင် ယူဆနိုင်သည်။

သေချာသည်မှာ ပိုမိုရှင်းလင်းသော ညွှန်ကြားချက်များမရှိဘဲနှင့် ၎င်းကို ရှာဖွေရန် ပိုမိုခက်ခဲလိမ့်မည်။

စာပို့ပြီး မိနစ်ဝက်မပြည့်မီတွင် လျို့ ချွမ်ဝူက ပြန်လည်ဖြေကြားခဲ့သည်။

[ဥက္ကဌ - ရှေးဟောင်းပစ္စည်းက ပုလဲခွံတွေနဲ့လုပ်ထားတဲ့ လက်ကောက်တစ်ခုပဲ။ ဘယ်စတိုခန်းလဲဆိုတာ မေ့သွားလို့ ရှာရဦးမယ်]

စာကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လင်းဇီချန်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

လက်ကောက်သည် သေးငယ်၍ ဌာနကား စတိုခန်းများစွာရှိသည်။ နေ့ခင်းတစ်ခင်းလုံး လိုက်ရှာလျှင်ပင် ရှာတွေ့ရန် အလွန် ခက်ခဲလွန်းသည်။ နောက်ဆုံးတွင် လက်ကောက်သည် သက်မဲ့အရာဝတ္ထုတစ်ခုဖြစ်ကာ တည်နေရာကို ထောက်လှမ်းရန် မလွယ်ကူပေ။

အကယ်၍ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် မိုးပေါ်ပျံသန်းနိုင်ကာ လူများအား စကင်န်ဖတ်စစ်ဆေးနိုင်သော ယွမ်သုန်ကျီနည်းတူ အားကောင်းပါက လွယ်ကူကောင်းလွယ်ကူနိုင်သည်။

“စကားမစပ် ဇီချန်၊ မင်း တစ်လလောက် အထူးလေ့ကျင့်ရေးသင်တန်းမှာနေမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ လဝက်နဲ့ ဘာလို့ ပြန်လာတာလဲ။"စုန်ယွီယန် သည် အရက်တစ်ဘူးကို လင်းဇီချန်ထံသို့ ပစ်ပေးလိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“လေ့ကျင့်ရေးမှာ ဂမ္ဘီရသစ်ပင်ဂိုဏ်းက တိုက်ခိုက်လို့ အချိန်မတန်သေးဘဲ ပြီးသွားပြီး ငါ စောစောပြန်လာခဲ့တာ”

“ငါများ နားကြားမှားတာလား။ စစ်ဒေသဌာနချုပ်ရဲ့ လေ့ကျင့်ရေးကို အစွန်းရောက်ဂိုဏ်းတစ်ခုက တိုက်ခိုက်တယ်တဲ့လား”

“ကမ္ဘာမှာ ဘာတွေဖြစ်နေတာပါလိမ့်၊ ငါ့ကို ရှင်းပြပါဦး”

လင်းဇီချန်က “အဲတာက ဒီလိုဖြစ်သွားတယ်…” ဟူ၍ အဖြစ်အပျက်တစ်ခုလုံးကို အတိုချုံးပြောပြသည်။

ဇာတ်လမ်းအစအဆုံးကိုကြားပြီးနောက် စုန်ယွီယန်က ဆက်ပြော၏။

“ဘုရားရေ၊ သူတို့က နန်ကျန်းပြည်နယ် စစ်ဘက်ခဆိုင်ရာ ဌာနာချုပ်ကိုတောင် တိုက်ခိုက်ရဲပါလား။ ဒီအပင်ကိုးကွယ်ရေးဂိုဏ်းက ရူးနေတာပဲဖြစ်ရမယ်”

“သူတို့ နည်းနည်းတော့ ရူးနေကြတာပဲ” လင်းဇီချန်က ထောက်ခံသည်။

အခန်း(၃၀၆) လွန်ခဲ့သော အနှစ်နှစ်ဆယ်က ရေအောက်အပျက်အစီးများ (၂)

အတွေးနယ်ချဲ့ခြင်းကို ရပ်တန့်ပြီးနောက် သူသည် လျို့ ချွမ်ဝူ နှင့်ပြောထားသော အသံဖိုင်ကို စုန်ယွီယန် အားပေးလိုက်သည်။

“ဒါရိုက်တာ ပြောသွားခဲ့တဲ့ ဒီလက်ကောက်ကို မှတ်မိလား”

စုန်ယွီယန်သည် ခေတ္တမျှစဥ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

“ငါဒီဌာနမှာနေတာ ၁၀ နှစ် ရှိနေပြီ။ ငါအဲဒီလိုမျိုး လက်ကောက်ကို တစ်ခါမှ မမြင်ဖူးဘူး”

“ဪ ဟုတ်လား၊ အဲဒီလိုဆိုရင်တော့ ရှာတွေ့ဖို့ တော်တော်ကြာတော့မှာပဲ” လင်းဇီချန်က လေးလံစွာ ပြောသည်။

စုန်ယွီယန် က ပြုံးရယ်လိုက်၏။

“အေးဆေးပါ၊ ငါ ဒီဌာနက စတိုခန်းတော်တော်များများနဲ့ ရင်းနှီးတယ်။ အဲဒါကို ရှာတွေ့ဖို့က အချိန်သိပ်မကြာဘူး" ဟု ဆိုသည်။

“အဲဒါတော့ အမှန်ပဲ၊ ကျွန်‌တော် အစ်မယန်ကိုပဲ အပူကပ်ရ‌တော့မယ်”

“ဘာကို ဒုက္ခလဲ၊ သိပ်ယဉ်ကျေးမနေစမ်းပါနဲ့”

“.....”

ခဏတာ စကားစမြည်ပြောပြီးနောက်၊ သူတို့သုံးယောက်သည် ဌာနတွင် ရှာပုံတော် ဖွင့်ခဲ့ကြသည်။

နာရီဝက်ကြာသည်အထိ မည်သည်ကိုမျှမတွေ့၊ တစ်နာရီကျော်သွားသော်လည်း မည်သည်ကမျှ မထူးခြားသေးပေ။

တစ်နာရီခွဲ...

နှစ်နာရီ...

နှစ်နာရီခွဲ…

စုန်ယွီယန်၏ ခေါင်းဆောင်မှုအောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် လျို့ ချွမ်ဝူ၏ ရုံးခန်းကိုပင်မချန်ဘဲ သုတေသနဌာနတစ်ခုလုံးကို နှစ်နာရီခွဲကြာသည်အထိ မြေလှန်ရှာဖွေခဲ့ကြသည်။ သို့သော် အခုအချိန်အထိ လက်ဗလာဖြစ်နေကာ လက်ကောက်၏အရိပ်အယောင်ကိုပင် ရှာမတွေ့ကြပေ။

"ဒါဖြစ်သင့်လား၊ နေရာအစုံ မြေလှန်ရှာနေတာကြောင့် ဘာလိုမတွေ့ရတာလဲ” စုန်ယွီယန်က မျက်မှောင်ကြုတ်ကာ ညည်းညူပြောလိုက်သည်။

“ဥက္ကဌက အတိတ်မေ့ပြီး ထင်ယောင်ထင်မှားရောဂါဖြစ်နေတယ်လို့မထင်ဘူးလား။ တကယ်တော့ ဒီလိုလက်ကောက်မျိုးက လုံးဝမရှိတာရော မဖြစ်နိုင်ဘူးလား”

လင်းဇီချန်သည် ရုတ်ချည်းမတုံ့ပြန်ဘဲ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။

“ဆက်ရှာကြည့်ရအောင်ပါ။ ငါတို့ ဘယ်လိုမှ ရှာမတွေ့ရင် ဥက္ကဌပြန်လာတာကို စောင့်ရမှာပေါ့”

မျက်စိသျှန်းကာ မတွေ့သည်မျိုးလည်း ဖြစ်တတ်သောကြောင့် မည်သည့်ထောင့်ကိုမှ မလွတ်သွားစေရန် ယခင်ကထက် ဂရုတစိုက်ရှာဖွေကြသည်။ ဆယ်မိနစ်ကျော်ခန့်ကြာသောအခါ ရှန်ချင်းဟန်၏အကြည့်သည် ထောင့်စွန်းရှိ ငါးကန်တစ်ခုပေါ်သို့ ရောက်သွားသည်။ ၎င်းသည် စွန့်ပစ်ထားသော ငါးကန်တစ်ခုဖြစ်ကာ မျက်နှာပြင်၌ ဖုန်မှုန့်များဖြင့် ဖုံးနေသည်။ အတွင်းတွင် ထူထပ်‌သော မြေဆီလွှာတစ်ခုရှိသည်။

အနီးကပ်ကြည့်ရှုစစ်ဆေးသောအခါတွင် အတွင်းပိုင်းမြေဆီလွှာသည် ခြောက်သွေ့အက်ကွဲသွား၍ ဆယ်စုနှစ်များစွာကြာ မိုးခေါင်ရေရှားမှုဒဏ်ခံခဲ့ရသော မြေကြီးဖြစ်ဟန်တူသည်။ ရှန်ချင်းဟန်၏ စိတ်အတွင်းဝယ် စွန့်ပစ်ထားသော ငါးကန်သည် သူမအား အလိုလို ဆွဲငင်နေသည်ဟု ခံစားမိသည်။

လှောင်ကန်ထဲရှိ မြေဆီလွှာကို စိုက်ကြည့်နေစဥ် သူမသည် လင်းဇီချန်အား မေးလိုက်၏။

“ရှောင်ချန်၊ ငါတို့ရှာနေတဲ့ လက်ကောက်ကို ဒီငါးကန်ရဲ့ မြေဆီလွှာမှာ မြှုပ်ထားနိုင်တယ်လို့ ထင်လား”

လင်းဇီချန်သည် သူမ၏မေးခွန်းကို ကြားလျှင်ကြားချင်း ငါးကန်ဆီသို့ လှမ်းကြည့်လိုက်သည်။

ချက်ချင်းပင် သူ၏နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုတစ်ခု ထွက်ပေါ်လာသည်။ ငါးကန်၏ မြေဆီလွှာထဲတွင် ရှိနိုင်မည်လော။ မည်သို့သောသူက ငါးကန်၏ မြေဆီလွှာထဲတွင် လက်ကောက်တစ်ကွင်းကို လာမြှုပ်ထားမည်နည်း။ အဓိပ္ပာယ်မရှိပေ။ လင်းဇီချန်သည် ရှန်ချင်းဟန်၏ အလိုလိုသိနိုင်စွမ်းကို အနည်းငယ် အံ့အားသင့်မိသည်။

ထို့နောက် ငါးကန်နားကို ချဉ်းကပ်၍ မြေဆီလွှာကို လေ့လာကြည့်ရင်း

“လက်ကောက်ကို ဒီငါးကန်ရဲ့ မြေဆီလွှာမှာ မြှုပ်ထားမယ်လို့ ဘာကြောင့် ထင်ရတာလဲ”

“ငါ မရှင်းပြတတ်ဘူး၊ ဒီငါးကန်ကို ရုတ်တရက် သတိထားမိပြီး ရှာနေတဲ့ လက်ကောက်ကလည်း အဲဒီမြေကြီးထဲမှာ ရှိနေတယ်လို့ ထူးထူးဆန်းဆန်း ခံစားမိလိုက်ရုံပါ”

အလိုလိုသိစိတ်များ ဖြစ်နေမလား။

လင်းဇီချန်သည် ရှန်ချင်းဟန်၏ အလိုလိုသိစိတ်ကို ယုံကြည်ရန် ဆုံးဖြတ်ခဲ့သည်။

“ဖြစ်နိုင်တာပေါ့၊ တူးဆွပြီး ရှာကြည့်ကြတာပေါ့လေ”

ထို့နောက် တုတ် သို့မဟုတ် ‌ဂေါ်ပြားတစ်ချောင်းကို ရှာဖွေရန် သွားခဲ့သည်။ လင်းဇီချန်း ထွက်သွားလျှင်သွားချင်း စုန်ယွီယန်သည် ငါးကန်နားသို့ ချဉ်းကပ်လာကာပြောလိုက်သည်။

“ငါ ဒီဌာနကို စရောက်တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဒီငါးကန်က ဒီလိုပါပဲ၊ ဒီလိုဖြစ်နေတာ အနည်းဆုံး အနှစ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက်ရှိနေပြီလို့ ခံစားရတယ်”

“အလိုလိုသိစိတ်က ဘယ်လိုရှိလာတာလဲ” သူမက ရှန်ချင်းဟန်ဘက်သို့လှည့်ကာ ထပ်မေးလိုက်သည်။

လင်းဇီချန်းကဲ့သို့ပင် သူမသည် ရှန်ချင်းဟန်၏ “အလိုလိုသိစိတ်” ကို နားမလည်နိုင်ပေ။

အလွန်ထူးဆန်းလွန်းနေလှသည်။ ပြီးပြည့်စုံကောင်းမွန်သော လက်ကောက်ကို ငါးကန်၏ မြေဆီလွှာထဲတွင် အဘယ့်ကြောင့် မြှုပ်နှံထားမည်နည်း။

“ဘာဖြစ်နေမှန်းကို အသေအချာမသိပေမယ့် လက်ကောက်က ငါးကန်ရဲ့ မြေကြီးထဲမှာ နစ်မြုပ်နေသလို ခံစားရတာတော့ အမှန်ပဲ”

“.....”

မကြာခင်တွင် လင်းဇီချန်းသည် ရှေးဟောင်းသုတေသနတူးဖော်ရာတွင် အသုံးပြုသော သတ္တုသံလက်အသေးနှင့်အတူ ပြန်ရောက်လာခဲ့သည်။ အမျိုးသမီးနှစ်ယောက်၏ စူးစူးစိုက်စိုက်ကြည့်နေသော မျက်လုံးများအောက်တွင် သူသည် သံလက်ကို ကန်ထဲသို့ ဂရုတစိုက်ထိုးထည့်ကာ မြေကြီးကို စတင်တူးသည်။

များမကြာခင်အချိန်အတွင်းမှာပင် သူသည် မြေကြီးထဲမှ ပုလဲ၊ ခရုခွံစသည်တို့နှင့် ပြလုပ်ထားသော လက်ကောက်တစ်ထည်ကို တူးဖော်နိုင်ခဲ့သည်။ အဆိုပါလက်ကောက်မှာ WeChat တွင် လျို့ချွမ်ဝူပြောခဲ့သော လက်ကောက်နှင့် အတူတူပင်ဖြစ်သောကြောင့် လင်းဇီချန်နှင့် စုန်ယွီယန် တို့နှစ်ယောက်လုံး အံ့ဩသွားကြသည်။

“ဘာတွေဖြစ်နေတာလဲ”

“ရှန်ချင်းဟန်က တကယ်ပဲ အလိုလိုသိနေတာလား”

“လျို့ ချွမ်ဝူ ပြောတဲ့ လက်ကောက်က ငါးကန်ရဲ့ မြေကြီးထဲမှာ တကယ်မြုပ်နေတာလား”

"ဘာလို့ ရှန်ချင်းဟန်ရဲ့ အလိုလိုသိစိတ်က ဒီလောက်ထိ တိကျနိုင်ရတာလဲ” စသည်ဖြင့် အတွေးများစွာဖြင့် စိတ်လှုပ်ရှားနေကြကာ စုန်ယွီယန်က ရှန်ချင်းဟန်ကို မယုံနိုင်လောက်အောင်ပင် ကြည့်နေမိခဲ့သည်။

သူမသည် ဌာနတွင် ဆယ်နှစ်ကြာအောင် နေထိုင်ခဲ့သော်လည်း ငါးကန်၏မြေဆီလွှာတွင်းရှိ လက်ကောက်အကြောင်းကို လုံးလုံးလျားလျားမသိခဲ့ပေ။ သို့သော် ရှန်ချင်းဟန်က ဌာနသို့ ပထမဦးဆုံး အလည်အပတ်လာသောနေ့၌ပင် ငါးကန်မြေဆီလွှာတွင် လက်ကောက်တစ်ကွင်းရှိနေသည်ဟု ခန့်မှန်းမိသည်။

ဤလှပသောမိန်းမပျိုတွင် ထူးခြားသောစွမ်းရည်များ ပိုင်ဆိုင်ထားခြင်းလော။

စုန်ယွီယန်က ဤအရာသည် အလွန်ရှုပ်ထွေးသည်ဟု တွေးထင်မိ၍ ရှန်ချင်းဟန်သည်လည်း အလားတူပင်ဖြစ်သည်။ ထိုအချိန်တွင် လင်းဇီချန်သည် သူ့လက်အတွင်းရှိ လက်ကောက်ကို အနီးကပ် စစ်ဆေးကြည့်သည်။

ထူးဆန်းသည်။ ဒီလက်ကောက်ကို မြေကြီးကနေ တူးဖော်ခဲ့ခြင်းသည် ထင်ရှား၏။ သို့သော် ၎င်းတွင် အညစ်အကြေးအမှုန်အမွှားများ မရှိသည့်အပြင် အမှန်တကယ် မပျက်စီးဘဲ စေ့စေ့စပ်စပ် သန့်စင်ထားသကဲ့သို့ တောက်ပြောင် ချောမွေ့နေသည်။ လက်ကောက် သန့်ရှင်းသည်ဖြစ်စေ၊ မသန့်သည်ဖြစ်စေ သူ ဂရုစိုက်မည်မဟုတ်ပေ။ ခေတ္တအကြာတွင် လင်းဇီချန်၏ အာရုံသည် လက်ကောက်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ပုံစံများဆီသို့ ရောက်သွားခဲ့သည်။

လက်ကောက်ကို ပုလဲနှင့် ပင်လယ်ခရုခွံများဖြင့် ပြုလုပ်ထားကာ ပုလဲတစ်လုံးစီ၊ ပင်လယ်ခရုခွံအပိုင်းအစတစ်ခုစီအား အက္ခရာပုံစံကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သောပုံစံများဖြင့် ရေးထွင်းထားသည်။ အဆိုပါ လျှို့ဝှက်ဆန်းကြယ်သောပုံစံများသည် ရှန်ချင်းဟန်အား ဝန်းရံခဲ့သော ရေစက်ပုံစံများနှင့် အလွန်ဆင်တူသောကြောင့် ၎င်းတို့သည် အမျိုးအစားတူနီးပါးဖြစ်သည်မှာ သေချာပါသည်။

“ရှောင်ချန်း၊ ဒီလက်ကောက်ပေါ်က ပုံစံတွေက ငါတို့အရင်ကတွေ့ဖူးတဲ့ပုံစံတွေနဲ့ တကယ်တူတယ်” ရှန်ချင်းဟန်က လက်ကောက်ကိုကြည့်ကာ ပြောလိုက်သည်။

“လက်ကောက်ပေါ်မှာ ဒီပုံစံတွေကို မင်းအရင်ကတွေ့ဖူးလား။ အဲဒါတွေကို ဘယ်မှာတွေ့တာလဲ” စုန်ယွီယန်က မေး၏၊

“ကျွန်တော်တို့ ဌာနချုပ်ကို တိုက်ခိုက်ခံရတုန်းက ဂမ္ဘီရသစ်ပင်ဂိုဏ်းသားတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတချို့မှာ တွေ့ဖူးတယ်”

“ဒီပစ္စည်းတွေကို ရပြီလား” စုန်ယွီယန်က တက်ကြွစွာမေးလိုက်ကာ သူမကိုယ်တိုင်လည်း ရှေးဟောင်း စာသားကို ပုံဖော်နိုင်မည်လောကိုလည်း သိချင်မိခဲ့သည်။

“ဖမ်းမမိခဲ့ပါဘူး၊ အဲဒီပစ္စည်းတွေလည်း ပင်လယ်ထဲ နစ်မြုပ်သွားပြီး ရေစီးကြောင်းနဲ့ပါသွားပြီ”

စုန်ယွီယန်က ခေါင်းကို ဆက်တိုက်ခါလိုက်သည်။

“နှ‌မြောလိုက်တာ၊ ဒါဟာ နှမြောစရာပဲ”

“နောင်မှာ ငါတို့တတွေ ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ မိစ္ဆာအယူတွေကို အာရုံစိုက်ရမှာ အဲ့ကျမှပဲ သူတို့ကနေတစ်ဆင့် ဆက်စပ်ပစ္စည်းအချို့ကို တူးဖော်လို့ရမယ်မလား”

စကားပြောနေစဉ် ဌာနတွင် တစ်ရက်နီပါးပျောက်နေသော လျို့ ချွမ်ဝူက ပြန်ရောက်လာခဲ့သည်။

သူ့မျက်တွင်းများမှာလည်း ညိုနေလျက်ဖြင့် ပင်ပန်းနွမ်းနယ်စွာ သမ်းဝေပြီးနောက် အေးအေးဆေးဆေး မေးလိုက်သည်။

“လက်ကောက်ကို ရှာတွေ့ပြီလား"

“ကျွန်တော်တို့ ရှာတွေ့ခဲ့ပြီ”

လင်းဇီချန်ကသူ့လက်တွင်ကိုင်ထားသော လက်ကောက်ကို မြှောက်ကာ ဖြေလိုက်သည်။

သူ့ဘေးတွင် မတ်တပ်ရပ်နေသော ရှန်ချင်းဟန်က "ဥက္ကဌလျို့၊ မင်္ဂလာပါ" ဟု နှုတ်ဆက်ရာ လျို့ချွမ်ဝူ သည်လည်း “မင်္ဂလာပါ” ဟု ရွှင်မြူးစွာ တုံ့ပြန်ခဲ့သည်။

“ဥက္ကဌလျို့ ရှင့်မျက်ကွင်းတွေ အရမ်းညိုနေတယ်၊ မနေ့ညက အလုပ်တွေအကုန်ပြီးအောင် လုပ်နေတာလား”

“ဒါက တစ်ညလုံးမဟုတ်ဘူး၊ တစ်နေကုန်ပဲ”

“မနေ့ကနေ့လယ်ကနေ အခုထိ တစ်စက္ကန့်မှမအိပ်ရသေးဘူး”

“ကျွန်တော် ဒီရက်ပိုင်း လုပ်စရာတွေကများ၊ အဆက်‌ဟောင်းလေးရဲ့ ဥယျာဉ်ကို ပြုပြင်ပေးရနဲ့ ကျွန်တော့်ရဲ့ အရိုးတွေအားလုံး တကယ် ပျက်စီးသွားခဲ့သလိုပဲ”

“.....”

လင်းဇီချန်သည် လျို့ချွမ်ဝူ နှင့် သူ၏ အဆက်ဟောင်းအကြောင်းကို လုံးဝစိတ်မဝင်စားဘဲ သူကိုင်ဆောင်ထားသည့် လက်ကောက်ကိုသာ အာရုံစိုက်ကြည့်နေမိသည်။

“ဥက္ကဌ လျို့၊ ဒီလက်ကောက်ကို ဘယ်ကရလာတာလဲ”

အတိတ်ကိုပြန်လည်တွေးပြီးနောက် လျို့ချွမ်ဝူကပြန်ဖြေလိုက်သည်။

“ငါထင်တာမမှားဘူးဆိုရင် ၂၀၀၄ ခုနှစ်တုန်းက တူးဖော်ရရှိတဲ့ ပင်လယ်ရေအောက်အမွေအနှစ်တစ်ခုကနေ ရခဲ့တာဖြစ်မယ်”

“ရေအောက် အမွေအနှစ်”

လင်းဇီချန်သည် “ပင်လယ်” ဆိုသော စကားလုံးကို ကြားရသည်နှင့်တစ်ပြိုင်နက်

“ပင်လယ်ရေအောက်အမွေအနှစ်က ဘယ်လိုမျိုးလဲ” ဟု ဆက်၍ မေးသည်။

“အခုဆို အနှစ်နှစ်ဆယ်နီးပါးရှိသွားပြီပဲ၊ အသေးစိတ် အချက်အလက်တွေတော့ မေ့သွားပြီ”

“ဒါပေမယ့် ငါအဲဒါကို မှတ်တမ်းတင်ထားပြီး ငါ့ရုံးခန်းထဲမှာ သိမ်းထားတယ်၊ မင်းကြည့်ဖို့ ခေါ်သွားပေးမယ်”

All Chapters