← Chapters

ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေးယူခြင်း

Vol. 44 Ch. 646

ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေးယူခြင်း

Vol. 44 Ch. 646

ကျိုးဟောင်က ခေါင်းညိတ်လိုက်ပြီး ဖားကိုကြည့်ကာပြောလိုက်သည်။

"ကောင်းပြီ ပွစိပွစိလုပ်မနေနဲ့တော့ မြန်မြန်ဝင်ကြစို့"

ထိုစကားကိုကြားတော့ ဖားက ခေါင်းကိုသာယမ်းပြီးပြန်ပြောလာသည်။

"အာ ခုခေတ်ကလေးတွေများ စိတ်မရှည်လိုက်ကြတာ"

ဖားက လက်ညှိုးနဲ့ ကျောက်စာတိုင်ကို ညွှန်ပြလျက်တိုးတိုးလေးပြောပြသည်။

"မင်းရဲ့လက်ညှိုးကို လှီးပြီး သွေးကို ဒီထဲကို ချလိုက်ရုံပဲ အဲဒါဆိုရင် ကျောက်စာတိုင်နဲ့ စာချုပ်ချုပ်နိုင်ပြီး ကျောက်စာတိုင်က သူ့အလိုလို ဖယ်သွားလိမ့်မယ်"

"ဒါပဲလား"

ကျိုးဟောင်က အံ့အားသင့်လျက် ဖားကို ချက်ချင်းပင် တွန်းဖယ်လိုက်သည်။ ထို့နောက် ဓားကိုထုတ်၍ လက်ညှိုးကိုလှီးကာ သွေးကို ကျောက်စာတိုင်ပေါ်သို့ ချလိုက်ချေသည်။

ရွှစ်...

ပေါ့ပါးသည့်အသံနှင့်အတူ ကျိုးဟောင်၏သွေးသည် ကျောက်စာတိုင်ပေါ်သို့ စီးကျသွားခဲ့ချိန်တွင် သွေးများမှာ အပြည့်အဝ စုပ်ယူခံလိုက်ရသည်ကို ကျိုးဟောင်မှာအလွန်အံ့အားသင့်စွာ တွေ့လိုက်ရသည်။

ထိုသို့မြင်သော်လည်း ဖားကိုမေးရန် အချိန်မရလိုက်ချေ။ ရုတ်တရက် ကျောက်ပြားသည် တဒုန်းဒုန်းမြည်လာသည်ကို မြင်လိုက်ရသည်။

ကျိုးဟောင်သည် ချက်ချင်းပင် တောင့်တင်းသွားပြီး ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်တွင် လှုပ်ရှားမှုမရှိသလို တုန်ခါသည့်အသံသည်လည်း အတော်လေး အားနည်းလှရာ ပတ်ဝန်းကျင်မှသတ္တဝါများ သတိထားမိမည်မဟုတ်ချေ။

မကြာမီပင် ကျောက်စာတိုင်၏တုန်ခါမှုမှာ ရပ်တန့်သွားခဲ့သည်။ ကျိုးဟောင်သည် သူ၏ခြေထောက်ကို ငုံ့ကြည့်လိုက်ရာ လက်ဝါးအရွယ်အစားခန့်ရှိသော လေးထောင့်အပေါက်လေးတစ်ခု ပေါ်လာသည်ကို သိလိုက်ရသည်။

ထိုနေရာသည် နှစ်ပေခန့်နက်မည်။ ကျိုးဟောင်သည် ပတ်ဝန်းကျင်ကို ကြည့်သော်လည်း စွမ်းအင်အရင်းအမြစ်ကို မတွေ့ရသဖြင့် မျက်မှောင်ကြုတ်မိပြီး ဖားကိုလိုက်မေးသည်။

"စွမ်းအင်အရင်းအမြစ်က ဘယ်မှာလဲ"

ဖားက နေကာမျက်မှန်ကိုပင့်တင်ပြီး ကျိုးဟောင်အား ပြုံးပြလိုက်သည်။ ထို့နောက်ဝတ်ရုံကိုခါလိုက်ပြီး ရယ်မောပြောဆိုလာသည်။

"အဟဲဟဲ၊ စွမ်းအင်အရင်းအမြစ်က ဒီကျောက်စာတိုင်အောက်က အကာအကွယ်အတားအဆီးအောက်မှာ ရှိတယ်လေ"

"ကျောက်စာတိုင်အောက်က အကာအကွယ်အတားအဆီးအောက်မှာလား"

ကျိုးဟောင်သည် ရှုပ်ထွေးစွာဖြင့် ဖားကိုကြည့်ကာမေးလေသည်။

"ဘာအကာအကွယ်အလွှာလဲ ကျွန်တော့်သွေးစက်ကို ကျောက်စာတိုင်ပေါ်ချလိုက်တာနဲ့ အဆင်ပြေသွားပြီလို့ ခင်ဗျားခုနက ပြောခဲ့တာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ မင်းက ကျောက်စာတိုင်နဲ့ စာချုပ်ချုပ်ခဲ့တာ ကျောက်စာတိုင်ကိုဖွင့်တာက စွမ်းအင်အရင်းအမြစ်နဲ့ ဘာဆိုင်လို့လဲ စွမ်းအင်အရင်းအမြစ်ကို ရယူချင်ရင် အောက်က အကာအကွယ်အတားအဆီးကို ထပ်ဖွင့်ရမှာ"

ကျိုးဟောင်သည် ဘာပြောရမှန်းမသိအောင် ဖြစ်သွားသည်။ ဤဖားသည် သူ့ကို လှည့်စားနေသည်လော။

ဂျယ်လီဖြူက သူတို့နှစ်ဦး စကားပြောသည်ကိုကြားသော် ပြုံးနေသောမျက်နှာပုံစံဖြစ်သွားပြီး ရယ်မောရန် ခေါင်းကိုမော့လိုက်သည်။ ထို့နောက် သူ၏ခံစားချက်ကို ဖော်ပြရန် မျက်ရည်စက်အနည်းငယ်ပင် ထွက်လာလေသည်။

"အဟားဟား ငါ့ဗိုက်တောင် အောင့်တယ် ဒီအရူးဖားက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်"

ကျိုးဟောင်သည် စိတ်ဓာတ်ကျနေသည့်ပုံဖြင့် ဂျယ်လီဖြူနှင့်ဖားတို့နှင့် အငြင်းပွားရန် စိတ်မပါတော့ချေ။ ထို့ကြောင့်အလောကြီးစွာ မေးလိုက်သည်။

"ဒါဆိုလည်း ပြောပါဦး ဒီစွမ်းအင်အရင်းအမြစ်ရဲ့ အကာအကွယ်အတားအဆီးကို ဘယ်လိုဖွင့်ရမလဲ"

ကျိုးဟောင်သည် မျက်မှောင်ကြုတ်ကာ အပေါက်ငယ်ကို ကြည့်လိုက်သည်။ ရေပြင်တွင် ရေလှိုင်းများကဲ့သို့ ထူထဲသောအရာတစ်ခု တဖျက်ဖျက်လက်နေသည်ကို တွေ့လိုက်ရသည်။

ကျိုးဟောင်သည် ထိရန် လက်လှမ်းလိုက်စဉ် ဖားက ဒေါသတကြီး အော်လိုက်သည်။

"နေဦး...မင်းက တကယ့်ကို သတ္တိရှိတာပဲ ဒီအန္တရာယ်ရှိတဲ့အရာကို လက်နဲ့ထိရဲတယ်ပေါ့"

"အာ"

ကျိုးဟောင်သည် သူ၏လက်ကို လျင်မြန်စွာ ပြန်ရုပ်လိုက်ပြီး ဖားကိုကြည့်ကာ စိုးရိမ်တကြီး ပြောလာလေသည်။

"ရင်ခုန်အောင် မလုပ်ပါနဲ့တော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာသာ မြန်မြန်ပြောပါ"

ထိုစကားကိုပြောပြီးနောက် ဖားသည် သူ၏ နေကာမျက်မှန်ကို ချက်ချင်းပြင်ဆင်ပြီး ဝတ်ရုံစကိုခါလိုက်ကာ ရယ်မောပြောဆိုလာခဲ့သည်။

"အရမ်းရိုးရှင်းပါတယ် ခန္ဓာပုံသွင်းရည်ကို ဒီအပေါ်ကိုချလိုက်တာနဲ့ ဒီအကာအကွယ်အတားအဆီးကို အရည်ပျော်သွားစေလိမ့်မယ်"

ကျိုးဟောင်သည် ထိုစကားကိုကြားသော် ခန္ဓာပုံသွင်းရည်တစ်ပုလင်းကို ချက်ချင်းထုတ်ကာ အဖုံးကိုဖွင့်၍ အစက်အနည်းငယ်ချလိုက်သည်။

ထိုအခါ အရည်သည် အကာအကွယ်အတားအဆီးနှင့် ထိတွေ့သည်နှင့် တပြိုင်နက် ပူပြင်းသည့်နွေရာသီမှ ချောကလက်ကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားခဲ့သည်။

အကာအကွယ်အတားအဆီးသည် တစ်စက်ချင်းစီ လျင်မြန်စွာ အရည်ပျော်သွားခဲ့သည်။ ကျိုးဟောင်လည်း ဝမ်းသာအားရဖြင့် ကြည့်လိုက်သောအခါ အကာအကွယ်အတားအဆီးအောက်တွင် သေးငယ်သော သေတ္တာလေးတစ်လုံး လင်းလက်နေသည်ကို မြင်လိုက်ရသည်။

ယခင်ကအကာအကွယ်အတားအဆီးသည် ကျိုးဟောင်၏အမြင်ကို ပိတ်ဆို့ထားခဲ့ပုံရသည်။ ၎င်းသည် စွမ်းအင်အရင်းအမြစ်ကို ကာကွယ်ရန် အသုံးပြုသည့်နည်းလမ်းများထဲမှ တစ်ခုပင်ဖြစ်ချေသည်။

ကျိုးဟောင်သည် သေတ္တာကိုယူရန် လက်လှမ်းလိုက်စဉ် ဖားက ရုတ်တရက် သူ့ကို ထပ်တားပြန်သည်။

"ခဏလေး"

"အခုရော ဘာဖြစ်ပြန်တာလဲ"

ကျိုးဟောင်သည် မျက်မှောင်ကြုတ်ကာ ဖားကိုကြည့်ရင်းစိတ်ပျက်လက်ပျက် ပြောလာခဲ့သည်။

"ခင်ဗျားတစ်ခါတည်း အကုန်ပြောလို့မရဘူးလား ဒီလိုမျိုး မခြောက်လှန့်ပါနဲ့တော့"

ကျိုးဟောင်မှာအလွန်စိတ်ဆိုးနေပြီဖြစ်သည်။ ယခုလိုလှည့်စားမှုအားမည်သူကသည်းခံနိုင်မည်နည်း။

ထိုစကားအားကြားသောအခါဖားမှာ ချောင်းဟန့်ကာပြောလိုက်သည်။

"အရမ်းရိုးရှင်းပါတယ် မင်းဒီတိုင်း..."

"ကောင်းပြီ တော်တော့"

ကျိုးဟောင်မှာအလျင်အမြန်လက်ယမ်းပြကာပြောလိုက်သည်။

"ရိုးရှင်းပါတယ်လို့ခင်ဗျားပြောနေတာ ဒါနဲ့ဆိုသုံးခါရှိနေပြီ ကျုပ်အထင်တော့ဒါကအရမ်းကိုရှုပ်ထွေးတယ်"

"တကယ်လို့ ခင်ဗျားကျွန်တော့်ကိုတစ်ခါတည်းအကုန်လုံးမပြောပြဘူးဆိုရင် ကျုပ်အဲဒီအတားအဆီးထဲခင်ဗျားကိုထိုးထည့်လိုက်မယ် ခင်ဗျားဘာသာလွတ်လမ်းရှာ"

ကျိုးဟောင်သည် အမှန်တကယ် စိတ်ဆိုးနေပုံရသည်ကို မြင်သော် ဖားသည် ဆက်လက်စနောက်ရန် မရဲတော့ချေ။ ထို့ကြောင့် ချောင်းဟန့်ကာပြောလိုက်သည်။

"အရမ်းရိုးရှင်းပါတယ် အဟမ်း အဟမ်း မင်းသာအဲဒီထဲကိုဒါပစ်ထည့်လိုက်ရင် မင်းနောက်ဆုံးအတားအဆီးကိုချိုးဖောက်နိုင်ပြီး စွမ်းအင်အရင်းအမြစ်ကိုအောင်အောင်မြင်မြင်ထုတ်ယူနိုင်လိမ့်မယ်"

ဖား၏စကားကိုကြားပြီးနောက် ကျိုးဟောင်သည် ဖားထံမှ ဆေးလုံးသေးသေးလေးတစ်လုံးကို ချက်ချင်းယူ၍ အတွင်းသို့ ပစ်ထည့်လိုက်သည်။

"မြန်မြန် ကျိုးဟောင် ငါတို့ကိုပါအပေါ်ကို ခေါ်သွားပေး"

ဖားသည် စိုးရိမ်လာပြီး ကျိုးဟောင်၏ကိုယ်ပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်သည်။ ထိုသို့မြင်သော်ဂျယ်လီဖြူသည်လည်း သူ့ကိုယ်သူ စက္ကူလေယာဉ်ပုံစံသို့ လျင်မြန်စွာပြောင်းလဲကာ လေထဲသို့ ပျံတက်သွားသည်။

ကျိုးဟောင်သည် လေထဲသို့ ခုန်တက်လိုက်သည်။

တကယ်ကိုပင် ခဏအကြာတွင် အခွံပါသော လက်ဝါးအရွယ်အစား ပိုးကောင်များ တစ်သိုက်သည် အပေါက်ထဲမှ လျင်မြန်စွာ တွားသွားကာထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုပိုးကောင်အုပ်စုကြီး အပေါက်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါ ကျိုးဟောင်သည် သူ၏ဦးရေပြားများပင် ထုံကျင်သွားသည်အထိ ထိတ်လန့်သွားခဲ့သည်။

ဤပိုးကောင်များကို သူသိပေသည်။ ၎င်းတို့သည် ရှေးခေတ်ကာလတွင် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည်ဟု ယူဆထားသော အလောင်းစားပိုး များပင်ဖြစ်သည်။

၎င်းတို့၏အရေအတွက်မှာ အနည်းဆုံးထောင်နှင့်ချီ၍ ရှိပေသည်။

"အလောင်းစားပိုးတွေ... ဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲ"

ကျိုးဟောင်သည် မသိစိတ်ဖြင့် ရေရွတ်လိုက်သော်လည်း စကားတစ်ဝက်တွင် သတိပြန်ဝင်လာသည်။

ဟုတ်ပေသည်။ ယခင်က ၎င်းတို့သည် သံလိုက်စက်ကွင်း တုန်ခါမှုများကို စူးစမ်းရှာဖွေခဲ့ပြီး အက်ကွဲကြောင်းများမှတစ်ဆင့်ဖြတ်သန်းသွားစဥ်က ရှေးဟောင်းသန္ဓေပြောင်းသားရဲများစွာ ပြန်လည်အသက်ဝင်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ထိုအရာများကို ဤနေရာတွင် မြင်တွေ့ရခြင်းသည်လည်း အံ့သြစရာမဟုတ်ချေ။

ပိုးကောင်များ ထွက်ခွာသွားပြီးနောက် ကျိုးဟောင်သည် အောက်သို့ခုန်ဆင်းကာ ကျောက်စာတိုင်အောက်မှ စွမ်းအင်အရင်းအမြစ်ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။

စွမ်းအင်အရင်းအမြစ်သည် ခြောက်ထောင့်ပုံသဏ္ဌာန်ရှိသော အရောင်စုံကျောက်သလင်းတစ်မျိုးဖြစ်ပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ၎င်းသည် ခုန်နေသော နှလုံးသားတစ်ခုနှင့်တူသော်လည်း ထိတွေ့လိုက်သောအခါ အလွန်အေးစက်နေပေသည်။

....................................................................................

All Chapters