← Chapters

အပိုင်း ၃၀၇-၃၀၉

Vol. 21 Ch. 307-309

အပိုင်း ၃၀၇-၃၀၉

Vol. 21 Ch. 307-309

အပိုင်း (၃၀၇) အလွှာပေါင်းစုံမှ ပါရမီရှင်များကို စိန်ခေါ်မှု၊ သွေးသန့်လူသားလမ်းစဥ်၏ အဆင့်မြင့် ကန့်သတ်ချက်များ

များမကြာခင်တွင် လင်းဇီချန်သည် လျို့ချွမ်ဝူ၏ ရုံးခန်းသို့ လိုက်သွားခဲ့သည်။

ရှန်ချင်းဟန်နှင့် စုန်ယွီယန် တို့လည်း လိုက်လာကြသည်။ လျို့ချွမ်ဝူသည် သူ၏စားပွဲတွင်ထိုင်ပြီး ကွန်ပြူတာဖွင့်၍ ဗီဒီယိုဖိုင်တွဲကိုဖွင့်လိုက်သည်။ အဆိုပါ ဗီဒီယိုသည် လွန်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်တွင် သူရိုက်ကူးခဲ့သော ရေအောက်အပျက်အစီးများဖြစ်သည်။ လင်းဇီချန်သည် လျို့ချွမ်ဝူနောက်တွင် မတ်တပ်ရပ်နေကာ ကွန်ပြူတာဖန်သားပြင်ပေါ်ရှိ ဗီဒီယိုကို ကြည့်နေသည်။

ဗီဒီယိုစတင်လာသည်နှင့်အမျှ လင်းဇီချန်၏ မျက်လုံးများကို ရေအောက်ဂူဝင်ပေါက်တစ်ခုမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသည့် အချင်းဝက် တစ်မီတာကျော်ရှိပုံရှိသော သန္တာကျောက်တန်းတစ်ခုကိုရောက်သွားသည်။

ဝင်ပေါက်အနီးတစ်ဝိုက်ရှိ ဧရိယာသည် ကျတ်တီးမြေဖြစ်နေကာ ပင်လယ်ရေမှော်အရွက်တစ်ချောင်းမျှပင် မမြင်နိုင်သောကြောင့် ဝင်ပေါက်သည် ဖြတ်သွားသူတိုင်းအတွက် ထင်ထင်ရှားရှားရှိသည်။ လျင်မြန်စွာပင် ဗီဒီယိုဖိုင်သည် ဝင်ပေါက်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ထိုးထွင်းဝင်ရောက်လာသည်။

တစ်ဆယ်စက္ကန့်မျှကြာတော့အခါ ဗီဒီယိုသည် ကျဉ်းမြောင်းသော လှိုဏ်ဂူမှ ကျယ်ဝန်းသော လိုဏ်ဂူတစ်ခုသို့ ကူးပြောင်းသွားသည်။ ဂူအတွင်း၌ ကြီးမားသော နံရံဆေးရေးပန်းချီကားတစ်ချပ်သာ ရှိခဲ့သည်။

ပန်းချီကားမှာ မရှင်းမလင်း မျက်နှာထားရှိသော အမျိုးသမီးတစ်ဦးသည် ဧရာမအခွံကြီးတစ်ခုတွင် အံဝင်ခွင်ကျ လှဲလျောင်းနေလျက် ထူးထူးဆန်းဆန်း ပင်လယ်သတ္တဝါများသည် သူ့ရှေ့ရှိ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေသည့်အသွင်ဖြစ်သည်။

လင်းဇီချန်သည် အဆိုပါဗီဒီယိုတွင်ပါသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏မျက်နှာသည် မရှင်းမလင်းနှင့် ကြည်လင်ပြတ်သားမှုမရှိသော်ငြားလည်း တည်ငြိမ်နေသော ဟန်ပန်အသွင်အပြင်ကိုကြည့်၍ လှပသော မိန်းမတစ်ဦးဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

ထိုပန်းချီကားအား အသေအချာရှုစားပြီးနောက် လင်းဇီချန်းသည် ဗီဒီယိုတွင်ပါဝင်သော ထူးထူးဆန်းဆန်း ပင်လယ်သတ္တဝါများအပေါ် အာရုံစိုက်မိသည်။ တစ်ကြိမ်ကြည့်ရှုပြီးသောအခါတွင်လည်း ပင်လယ်သတ္တဝါ အများစုမှာ မမှတ်မိနိုင်ပေ။ သူမှတ်မိနိုင်သည်မှာ ပန်းချီ၏ အလယ်ဗဟိုတည့်တည့်တွင် ဒူးထောက်နေသော ရေသူမတစ်ကောင်၊ အလယ်ဗဟို၏ အနောက်ဘက်သို့ ဒူးထောက်နေသော နဂါးတစ်ကောင်နှင့် ရှေ့ဆုံးတန်းရှိ မြွေမိန်းမပျိုတို့ ဖြစ်သည်။

မြွေမိန်းမပျို၏ ဆံနွယ်များသည် မြွေတို့၏ ဦးခေါင်းတို့ဖြင့် ပြုလုပ်ထား၍ သူမ ခန္ဓာကိုယ်အောက်ပိုင်းတစ်ဝက်မှာ ရှည်လျားသော မြွေအမြီးတစ်ခုဖြစ်သည်။ ဂရိဒဏ္ဍာရီထဲမှ နတ်ဘုရားမ မယ်ဒူဇာနှင့်ပင် ခပ်ဆင်ဆင်တူသည် ။

ဗီဒီယိုသည် ပန်းချီကားပေါ်တွင် မိနစ်အနည်းငယ်ကြာအောင် ရိုက်ကူးပြီးနောက် ဘေးဘက်ရှိ ကျောက်တုံးတစ်ခုဆီသို့ ရွှေ့သွားခဲ့သည်။

ကျောက်တုံးကြီး၏ ထိပ်တွင် ပုလဲနှင့် ပင်လယ်ခရုခွံများဖြင့် ပြုလုပ်ထားသည့် လက်ကောက်တစ်ခုရှိသည်။

ဤလက်ကောက်သည် ယခုအချိန်တွင် လင်းဇီချန်၏လက်ထဲတွင် ကိုင်ဆောင်ထားသော လက်ကောက်တစ်ခုဖြစ်သည်။

များမကြာမီတွင် ဗီဒီယိုသည် ပြီးသွားခဲ့ကာ လက်ကောက်ကိုပြပြီး နှစ်စက္ကန့်အကြာတွင် ဗီဒီယိုဖိုင်က ရပ်တန့်သွားခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ဗီဒီယိုသည် ၅ မိနစ်နှင့် ၂၀ စက္ကန့်သာ ကြာမြင့်သောကြောင့် တိုတောင်း၍ အကြောင်းအရာသည် မရေမရာနှင့် စိတ်ကူးယဥ်ဆန်နေသည်။

ဗီဒီယိုပြီးဆုံးသွားသောအခါ လျို့ချွမ်ဝူက ပြောလိုက်သည်။

“ငါ ဒီရေအောက်အပျက်အစီးတွေကြားမှာ တစ်နာရီကျော်ကြာအောင် နေခဲ့ပေမယ့် ဒီလောက်ပဲ မှတ်တမ်းတင်ခဲ့တာပါ”

“ကျန်တဲ့အပိုင်းတွေကို ငါမှတ်တမ်းမတင်ဘဲနေခဲ့တာ မဟုတ်ဘူး။ အသံသွင်းကိရိယာ ချို့ယွင်းမှသွားလို့ပဲ”

“အဲ့တာကို သိလိုက်တဲ့အချိန်မှာ ငါလည်း အိမ်ပြန်ရောက်နေပြီ၊ နောက်တစ်ခေါက်ထပ်ပြီး မှတ်တမ်းရိုက်ယူလို့လည်း မရတော့ဘူးလေ”

“.....”

“ဥက္ကဌ ဒီရေအောက်အပျက်အစီးတွေက ဘယ်မှာလဲ” လင်းဇီချန်က မေးခွန်းထုတ်၏။

“ဒါဟာ ရှန်ဟိုင်းမြို့၊ ရွှမ်လီပင်လယ်အော်မှာ ရှိနေခဲ့တာ၊ ဒါပေမယ့် အခုတော့ ပျောက်ကွယ်သွားပါပြီ”

လင်းဇီချန်သည် အနည်းငယ် အံ့ဩသွားသည်။

“ပျောက်သွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

“နောက်တစ်ခေါ် ဗီဒီယိုထပ်ရိုက်ဖို့ ထပ်ပြီးရေငုပ်ခဲ့တယ်၊ ဝင်ပေါက်‌ရော၊ အဲဒီသန္တာကျောက်တန်းကိုရော လုံးဝရှာမတွေ့တော့ဘူး”

“အဲ့တုန်းက ရွှမ်လီပင်လယ်အော်မှာ နှစ်ပေါင်းများစွာ ငါးဖမ်းလာတဲ့ တံငါသည်ဟောင်းတွေကို မေးကြည့်တော့ သူတို့ပြောတာက အဲ့နားမှာ ဘယ်တုန်းကမှ ဂူဝင်ပေါက်တို့၊ သန္တာကျောက်တန်းတို့ မရှိခဲ့ဘူးတဲ့”

“မက်မွန်ပွင့်နွေဦးထဲက လူတစ်ယောက်လို မတူတဲ့နေရာတစ်ခုခုကို မတော်တဆဝင်မိလို့ မက်မွန်ပွင့်တောအုပ်ထဲကို အမှတ်တမဲ့ လျှောက်သွားပြီး ထွက်သွားပြီး ဝင်ပေါက် ပြန်ရှာမတွေ့တော့တာကို တွေးမိသေးတယ်”

“.....”

“ဒါက အရမ်းထူးဆန်းတာပဲ”

လင်းဇီချန်းသည် ညည်းတွားလျက် အနည်းငယ် မျက်မှောင်ကြုတ်ကာ နက်နဲစွာ

တွေးတော၍ အဖြစ်အပျက်ကို သူပိုင်ဆိုင်သည့် သိပ္ပံပညာဖြင့် ရှင်းပြရန် ကြိုးစားခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော် သူမည်ကဲ့သို့ တွေးသည်ဖြစ်စေ တိကျခိုင်လုံသော ရှင်းပြချက်မရှိပေ။ လင်းဇီချန်က လေးလေးနက်နက် အတွေးနွံနစ်နေစဥ် ရှန်ချင်းဟန်သည် သူမ၏ လက်ထဲတွင်ရှိသော လက်ကောက်ကိုသာ စေ့စေ့ကြည့်နေသည်။

အကြောင်းတစ်ခုခုကြောင့် သူမသည် ပုလဲနှင့် ပင်လယ်ခရုခွံလက်ကောက်ကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားလာခဲ့သည်။ လက်ကောက်က သာမန်ပုံပေါက်သော်လည်း သူမသည် ၎င်းကိုကြည့်ချင်ကာ ထိပင်ထိကြည့်ချင်စိတ်ပေါက်နေသည်။

ထိုအချိန်တွင် လင်းဇီချန်သည် သူမ၏ အကြည့်ကို သတိပြုမိသောကြောင့် သူက ပြောလိုက်သည်။

“နင်ကြည့်ချင်ရင်သွားကြည့်လေ”

“အိုး ဒါဆိုရင် ငါကြည့်ကြည့်မယ်"

သူမက ပြောအပြီးတွင် လင်းဇီချန်ပေးသော လက်ကောက်ကို လက်ခံရယူလိုက်သည်။

လက်ကောက်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အအေးခံထားသော နို့လက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားရသကဲ့သို့ သူမ၏ လက်ဖဝါးတွင် အေးမြသော ခံစားချက်တစ်ခုကို သူမ ခံစားလိုက်ရသည်။

၎င်းက သူမကို စိတ်ရှုပ်စေသည်။

အဘယ့်ကြောင့်ဆိုသော် လင်းဇီချန်တစ်ယောက် အချိန်ကြာကြာ ဆုပ်ကိုင်ထားသော လက်ကောက်သည် ခန္ဓာကိုယ်အပူချိန်ကြောင့် နွေးနေသင့်သည်။ အခုထိတိုင် အဘယ်ကြောင့် အေးစက်နေရသနည်း။ ဤအရာကား လုံးလုံးလျားလျား ယုတ္တိမရှိပေ။

ရှန်ချင်းဟန်သည် ခေတ္တမျှ တွေဝေစဥ်းစားနေပြီးနောက် မနေနိုင်တော့ဘဲ လက်ကောက်ကို ထပ်မံအနီးကပ်စစ်ဆေးခဲ့သည်။ လက်ကောက်ကား သူမပိုစိတ်ဝင်တစားကြည့်လေ၊ ပိုစွဲမက်စရာကောင်းလေ ဖြစ်သည်။

ထို့နောက် သူမသည် ဤနားမလည်နိုင်သော လက်ကောက်ကို ပိုင်ဆိုင်လိုသောဆန္ဒ ပြင်းပြလာသော်လည်း စက္ကန့်ပိုင်းအတွင်း သူမ၏ ဆင်ခြင်တုံတရားဖြင့် ကျော်လွှားနိုင်ခဲ့သောကြောင့် ဤဆန္ဒက မကြာခဲ့ပေ။ ။

‘မဟုတ်သေးပါဘူး၊ ဒီလက်ကောက်ကို ငါဘာကြောင့် စွဲလမ်းနေရတာလဲ’

“ထူးဆန်းလိုက်တာ…’

ပုလဲလက်ကောက်ကို သူမစိတ်ဝင်စားကြောင်းကို ကောင်းစွာသတိထားမိသော လျို့ချွမ်ဝူက ပြုံးလိုက်သည်။

“မင်းဒီလက်ကောက်ကို အရမ်းကြိုက်ရင် ယူသွားလိုက်။ ဘာပဲဖြစ်ဖြစ် ဒီလက်ကောက်က ဒီမှာ စွန့်ပစ်ခံပစ္စည်းလေးပဲ”

“တကယ်လား၊ တကယ်ယူလို့ရလား”

နောက်ဆုံးတွင် လက်ကောက်သည် သုတေသနတန်ဖိုးကြီးမာသော အပျက်အစီးများမှ ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သည်နှင့်အညီ လေလံတင်ရောင်းချလျှင် ကျိန်းသေဈေးကောင်းရနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ ပေးကမ်းခြင်းသည် အလွန် ရက်ရောလွန်းလှသည်။

တန်ဖိုးကြီးပစ္စည်းဖြစ်သောကြောင့် ရှန်ချင်းဟန်သည် လက်ခံရန် တွန့်ဆုတ်နေသော်လည်း လင်းဇီချန်က အကြံပေးလိုက်၏။

“ဥက္ကဌက နင့်ကိုပေးနေပြီပဲလေ။ လက်ခံသင့်တယ်”

“အွန်း ဒါဆို ငါ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မယ်”

ထို့နောက် ရှန်ချင်းဟန်သည် လျို့ချွမ်ဝူကို အားနာသဖွယ် မဝံ့မရဲကြည့်လိုက်၏။

“ကျေးဇူးတင်ပါတယ် ဥက္ကဌ”

အပိုင်း ၃၀၈ - အလွှာပေါင်းစုံမှ ပါရမီရှင်များကို စိန်ခေါ်မှု၊ သွေးသန့်လူသားလမ်းစဥ်၏ အဆင့်မြင့် ကန့်သတ်ချက်များ (၂)

“ဟေး၊ အရမ်းယဥ်ကျေးနေစရာမလိုပါဘူး။ မင်းက ဇီချန်နဲ့စေ့စပ်ထားတာမို့လို့ သူ့မိသားစုဝင်ပဲလေ။ ဒီကို မကြာခဏလာလည်ပြီးတိတ်ဆိတ်တဲ့ သုတေသနဌာကို အသက်ဝင်အောင်လုပ်ပေးပါဦး” လျို့ချွမ်ဝူက ပြောသည်။

ရှန်ချင်းဟန်သည်လည်း ခေါင်းညိတ်လိုက်၏။

“အွန်.. ကျွန်မလာခဲ့မယ်…”

ထိုစဥ်တွင် လင်းဇီချန်၏ ဖုန်းက တုန်ခါသွား၍ ထုတ်ကြည့်လိုက်ရာ ယွမ်သုန်ကျီထံမှ ဖုန်းခေါ်ထားမှုကိုတွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တွင် အခြားလူများရှိနေသောကြောင့် လင်းဇီချန်သည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် သူ့ဖုန်းကို ဖြေဆိုရန် စင်္ကြံဆီသို့ ထွက်လာခဲ့သည်။ သူပြန်ဖြေသည်နှင့် တပြိုင်နက် ယွမ်သုန်ကျီ၏ အေးမြသောအသံ ထွက်ပေါ်လာသည်။

“ဇီချန်၊ မူလမြေတာဝန်ခံ ဒုအုပ်ချုပ်ရေးမှုးက မင်းကိုတွေ့ချင်တယ်တဲ့၊ အခုဘယ်မှာလဲ"

“ဒုအုပ်ချုပ်ရေးမှုး”

ဤရာထူးကိုကြားသည်နှင့် လင်းဇီချန်က အလွန်အံ့သြသွားသည်။

အဘယ့်ကြောင့်ဆိုသော် ကျိုကျုံးဟု ခေါ်သော သူ၏နိုင်ငံတွင် ဘုရင်ခံသည် တိုင်းပြည်တွင် အထင်ရှားဆုံးနှင့် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ကာ ဒုအုပ်ချုပ်ရေးမှုးမှာ အထူးသဖြင့် မူလမြေကိစ္စများကို ကြီးကြပ်သူ၊ ဘုရင်ခံပြီးလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ယွန်သုန်ကျီသည် စစ်ဘက်အထူးလေ့ကျင့်ရေးတွင် သူ၏စွမ်းဆောင်ရည်ကြောင့် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ စိတ်ဝင်စားမှုကိုရရှိခဲ့ခြင်းကြောင့် မကြာမီတွင် နိုင်ငံတွင်း သြဇာကြီးသော ပုဂ္ဂိုလ်အချို့၏ အာရုံကိုလည်း ဖမ်းစားနိုင်လိမ့်မည်ဟု ယွန်သုန်ကျီက လင်းဇီချန် အား ပြောပြခဲ့သည်။

သို့သော် လင်းဇီချန် သည် အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး၏ အာရုံကို ဖမ်းစားနိုင်မည်ဟု အိပ်မက်မမက်ခဲ့ပေ။

“အခိုက်အတန့် ကြီးရောက်လာပြီ”

လင်းဇီချန်က ခံစားချက်များကို တည်ငြိမ်စေပြီးနောက် ပြောလိုက်သည်။

“ကျောင်းအုပ်ယွမ် ကျွန်‌တော်အခု သွေးသန့်လူသားအဖွဲ့အစည်းမှာပါ”

“ကောင်းလိုက်တာ ဒုဘုရင်က သွေးသန့်လူသားအဖွဲ့အစည်းကို လာလည်ဖို့ စီစဥ်နေတယ်။ ခဏပဲစောင့်ပါ။ သူ နာရီဝက်လောက်ကြာရင် ရောက်လာလိမ့်မယ်”

ပြောပြီးနောက် ယွမ်သုန်ကျီက မေးလိုက်သည်။

“လျို့ချွမ်ဝူ အဲ့မှာရှိလား”

“ဟုတ် ရှိပါတယ်”

“သူ့ကို သွေ့သန့်လူသားလမ်းကြောင်းနဲ့ပတ်သက်ပြီးပြင်ဆင်ခိုင်းဖို့ပြောလိုက်။ ဒုအုပ်ချုပ်ရေးမှုးအတွက် အကျဥ်းချုပ်တင်ပြချက်လေးပြင်လိုက်၊ အသေးစိတ်ကျအောင်ပြင်ဖို့ပြောလိုက်နော်”

“ဟုတ်ကဲ့ ကျွန်‌‌တော်နားလည်ပါပြီ”

ယွမ်သုန်ကျီက ပြောလိုက်သည်။

“အွန်း… ဒါ ငါပြောချင်တာအကုန်ပဲ။ ဘာမှမှရှိတော့ရင် အခုဖုန်းချလိုက်တော့မယ်”

“ကောင်းပြီ ကျောင်းအုပ်ယွမ် တာ့တာ”

လင်းဇီချန်က ဖုန်းမချသေးဘဲ ယွမ်သုန်ကျီဘက်မှ ဖုန်းချသည်ကိုစောင့်ဆိုင်းလျက်ရှိသည်။ သူက အခြားသူများနှင့် ဖုန်းပြောရာတွင် တစ်ကြိမ်တစ်ခါမျှ မိမိဘက်က ဦးစွာဖုန်းချလေ့မရှိပေ။ မကြာမီတွင် ယွမ်သုန်ကျီက စကားစဖြတ်၍ ဖုန်းချလိုက်သည်။ လင်းဇီချန်က ဖုန်းကို ဘေးသို့ထားကာ စင်္ကြံမှပြန်လာ၍ ဧည့်ခန်းအနားယူနေရာသို့ ပြန်သွားသည်။

သူပြန်ရောက်ပြီးမကြာမီတွင် စုန်ယွီယန်က စနောက်လိုက်၏။

“ငါပြောမယ် ဇီချန် နင်ဘာလို့ ဖုန်းပြောဖို့ကို အပြင်ထွက်သွားတာလဲ။ ကောင်မလေးတစ်ယောက်ယောက်ဆက်တာလား”

‘ကောင်မလေးလား’

ရှန်ချင်းဟန်၏နှလုံးသားက ဤသည်ကိုကြားသောအခါ တင်းကြပ်သွားသည်။ သူမက ဇီချန်ကို အလွန်အမင်းယုံကြည်သော်လည်း စုန်ယွီယန်၏ စကားလုံးများက သူမကို စိုးရိမ်ကြောင့်ကြစေသည်။ လင်းဇီချန်သည် လက်တွေ့ဘဝတွင် မိန်းကလေးများအကြား အလွန်နာမည်ကြီးကာ မူလမြေမှ မြေခွေးမိန်းကလေးကပင် သူ့ကို အိမ်မွေးတိရိစ္ဆာန်လေးတစ်‌ကောင်အဖြစ်ခေါ်သွားချင်နေသည်။ ဤသည်က အမြဲတစေ ယုံကြည်မှုကင်းမဲ့နေတတ်သည့် ရှန်ချင်းဟန်ကို တခါတရံ အလွန် စိတ်မလုံမခြုံဖြစ်စေကာ လင်းဇီချန်က တစ်နေ့တွင် အခြားမိန်းကလေးတစ်ယောက်ဆီသို့ပါသွာမးည်ကို စိုးရိမ်နေလေ့ရှိသည်။

လင်းဇီချန်က ရှန်ချင်းဟန်နှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိကာ သူမမည်သို့တွေးမည်ကို ခန့်မှန်းကြည့်သည်။ သို့သော် သူက ယင်းအကြောင်း မည်သည်ကိုမျှမပြောဘဲ ရှန်ချင်းဟန်ကို ချော့မော့ရန် မကြိုးစားခဲ့ပေ။

ထို့နောက် သူက ရိုးရှင်းစွာပြောလိုက်သည်။

“ဒါ ကျောင်းအုပ်ယွမ် ကျွန်တော့်ကို ခေါ်လိုက်တာပါ”

လျို့ချွမ်ဝူ၏ မျက်ခုံးက မြင့်တက်သွားပြီးနောက် ပြောလိုက်သည်။

“ယွမ်သုန်ကျီဟုတ်လား သူနင့်ဆီက ဘာလိုချင်လို့လဲ

“ကျောင်းအုပ်ယွမ်ပြောတာ မူလမြေက တာဝန်ခံဒုအုပ်ချုပ်ရေးမှုးက ဌာနကို နာရီဝက်နေရင် လာလည်လိမ့်မယ်တဲ့”

ဤသည်ကိုကြားသောအခါ လျို့ချွမ်ဝူ၏မျက်လုံးများ ကျယ်သွားသည်။

“ဘယ်သူလာတယ်လို့ မင်းပြောလိုက်တာ”

“မူလမြေတာဝန်ခံ ဒုအုပ်ချုပ်ရေးမှုး”

“ဟမ်”

“ဘာလို့ အဆင့်မြင့်အရာရှိတစ်ယောက်က ငါ့သုတေသနဌာနကို လာကြည့်ချင်တာလဲ”

“ကျောင်းအုပ်ယွမ်က ဒုအုပ်ချုပ်ရေးမှုက ကျွန်တော့်ကိုတွေ့ချင်တယ်လို့ပြောတယ်။ ပြီးတော့ ရောက်တုန်းရောက်ခိုက် ဒီဌာနကိုလည်းလာလည်ချင်လို့တဲ့”

“ဘာလို့လဲဆိုတော့ အထူးလေ့ကျင့်ရေးမှာ အရမ်းကောင်းကောင်းလုပ်နိုင်ခဲ့လို့ထင်တယ်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက ကျွန်တော့်အပေါ် အရမ်းစိတ်ဝင်စားနေကြတာက တစ်နည်းအားဖြင့် ဒုအုပ်ချုပ်ရေးမှုရဲ့အာရုံကိုရလိုက်ပြီး သွေးသန့်လူသားလမ်းစဥ်ကိုပါစိတ်ဝင်စားလာတာပဲ”

“အဲ့လိုလား”

လျို့ချွမ်ဝူက မေးစေ့ကိုပွတ်လိုက်သည်။

“ကျောင်းအုပ်ယွမ်က ခင်ဗျားကို သုတေသနဌာနရဲ့တွေ့ရှိချက်တွေ အဆင်သင့်ပြင်ထားဖို့လည်းပြောလိုက်သေးတယ်။ အသေးစိတ် အကျဥ်းချုပ်လေးပြင်ပြီး ဒုအုပ်ချုပ်ရေးမှုကို တင်ပြလိုက်ပါတဲ့”

လျို့ချွမ်ဝူက မတုံ့ပြန်နိုင်ခင် ဆုန်ယွီယန်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ဥက္ကဌ ဒါ အရမ်းမိုက်တယ်”

“နှစ်စတွေအကြာကြီး ကျွန်မတို့ သွေးသန့်လူသားလမ်းကြောင်းကို သုတေသနလုပ်ပြီးတော့ အကောင်ကြီးကြီးတစ်ကောင်က နောက်ဆုံးစိတ်ဝင်စားလာပြီပဲ”

“ကြိုးစားမှုတွေအားလုံးအတွက် ပြန်ရခဲ့ပြီ”

သူမကပြော၍ လင်းဇီချန်ကိုပြုံးကာကြည့်လိုက်သည်။

“တကယ်ပါပဲ။ သွေးသန့်လူသားလမ်းစဥ်ကို နာမည်ကျော်စေဖို့ နင့်လို ထိပ်တန်းပါရမီရှင်မျိုး လိုတယ်”

“ဥက္ကဌနဲ့ငါနဲ့ ကြိုးစားခဲ့တာ တော်တော်ကြာပြီ။ ဘာရလဒ်မှမရခဲ့ဘဲအရူးတွေလိုပဲ ဆက်ဆံတာခံခဲ့ရတယ်”

“ဒါပေမယ့် နင်ဝင်လာပြီဆိုတော့ ကိစ္စတွေက ပိုပြီးမြန်မြန်တိုးတက်လာပြီ။ အခုဆို ဒုအုပ်ချုပ်ရေးမှုးကတောင် သွေးသန့်လူသားလမ်းကြောင်းကိုစပြီး စိတ်ဝင်စားလာပြီ”

“ကြည့်ရတာ အစစ်အမှန်မဟုတ်တဲ့ အိပ်မက်တစ်ခုလိုပဲ”

စုန်ယွီယန်ကပြောလျက် မျက်လုံးများက စတင်၍ ထိန်းချုပ်မရနိုင်အောင် စိုစွတ်လာသည်။ သူမသည် မိမိ၏လူငယ်ဘဝ၏ အကောင်းဆုံးဆယ်နှစ်နှင့် ကျန်ရှိသော ဘဝသက်တမ်းတစ်လျှောက်ကို သွေးသန့်လူသားလမ်းစဥ်တွင် နှစ်မြှုပ်ထားခဲ့သည်။ နှေးကွေးသော တိုးတက်မှုရှိသော်လည်း အနာဂတ်အတွက် မျှော်လင့်ချက်မဲ့ခဲ့သည်။ ဤသည်ကသူမကိုအလွန်စိတ်မကောင်းဖြစ်စေသည်။

လင်းဇီချန်၏ရောက်ရှိလာမှုက နောက်ဆုံးတွင် သူမကို မျှော်လင့်ချက်အလင်းရောင်များပေးခဲ့သည်။

လူအများကြား၌ သူမက တစ်ယောက်တည်းမဟုတ်သည်ကို ပြသနိုင်သည့်မျှော်လင့်ချက်။

သူမက အကြောင်းအကျိုးနားမလည်သော နောက်ထပ် ရူးနှမ်းသောသူတစ်ယောက်မဟုတ်သည်ကို ပြသနိုင်မည့်မျှော်လင့်ချက်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က သွေးမျိုးစပ်လမ်းကြောင်းကို ငြင်းပယ်ကာ သွေးသန့်လူသားလမ်းစဥ်ကိုလျှောက်လှမ်းခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ပင်ဖြစ်သည်ကို သက်သေပြနိုင်သည့် မျှော်လင့်ချက်…။

အခန်း (၃၀၉) ပါရမီရှင်အားလုံးကိုစိန်ခေါ်ခြင်း သွေးသန့်လူသားလမ်းစဉ်၏အထက်တန်းကန့်သတ်ချက်ကိုပြသခြင်း! (၃)

သွေးသန့်လူသားလမ်းစဉ်သည် တောက်ပတော့မည်ဖြစ်သည်။ ထို့အပြင် ထိုတောက်ပတော့မည့်နေ့ရက်က မဝေးတော့ပေ။

"အင်း နောက်ဆုံး‌တော့ ခါးသက်မှုရဲ့ အဆုံးသတ်က ရောက်လာပြီပဲ။"

စုန့်ယွီယန်၏ စိတ်လှုပ်ရှားနေသောအသံကို ကြားသောအခါတွင် လျို့ချွမ်ဝူက ထိုစကားကိုပင် မိမိဘာသာ ညည်းတွားလိုက်မိသည်။ သွေးသန့်လူသားသုတေသနနယ်ပယ်ထဲတွင် မိမိသည် စုန့်ယွီယန် ရင်းနှီးခဲ့သည်ထက် ပို၍ရင်းနှီးမြုပ်နှံခဲ့သည်။ စုန့်ယွီယန်က သူမ၏ငယ်ရွယ်သောဆယ်နှစ်တာကို ပေးဆပ်ခဲ့လျှင် မိမိက တစ်သက်တာလုံးကို ရင်းနှီးမြုပ်နှံခဲ့သည်။ သို့တိုင် သွေးသန့်လူသားများ တောက်ပမည့်အချိန်သို့ ရောက်သောအခါတွင် မိမိသည် စုန့်ယွီယန်ထက် ပို၍စိတ်ထိန်းထားရသည်။ ပျော်ရွှင်မှုသေးသေးလေးက စိတ်လှုပ်ရှားစေကာ ပျော်ရွှင်မှုကြီးကြီးမားမားကိုမူ ဆုံးဖြတ်ခိုင်မာသောခြေလှမ်းမျိုးဖြင့် လျှောက်လှမ်းရသည်ဟု လူများက ပြောကြခြင်းဖြစ်၏။

"ယွီယန် သွားကြမယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အချက်အလက်တွေကို သွားစုရအောင်။"

ထိုစကားကို ပြောပြီးနောက်တွင် လျို့ချွမ်ဝူက လှည့်ထွက်သွားကာ ဓာတ်ခွဲခန်းဆီသို့ သွားလေသည်။ ထိုစကားကို ကြားသောအခါတွင် စုန့်ယွီယန်ကလည်း စိတ်လှုပ်ရှားသည့်ကိစ္စအကြောင်း စဉ်းစားမနေတော့ဘဲ နောက်မှအမြန်လိုက်သွားသည်။ အကူအညီမဖြစ်သည်ကို သိသောကြောင့် လင်းဇီချန်သည်လည်း ဓာတ်ခွဲခန်းတွင် လူစုမနေတော့ပေ။ ထို့အစား ရှန်ချင်းဟန်ဖြင့်သာ ဧည့်ခန်းနေရာကို သန့်ရှင်းရေးလုပ်နေကြသည်။ သို့သော်လည်း သန့်ရှင်းရေးလုပ်စရာများများစားစားမရှိပေ။ စားပွဲနှင့်ကုလားထိုင်များကိုသန့်ရှင်းကာ ပတ်ဝန်းကျင်တစ်ခုလုံးကို သန့်ရှင်းသပ်ရပ်အောင် လုပ်ခြင်းမျှသာ ဖြစ်သည်။ မိနစ်အနည်းငယ်မျှ သန့်ရှင်းရေးလုပ်ပြီးနောက်တွင် ဘာမှလုပ်စရာမရှိတော့သောလင်းဇီချန်က ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး ဖုန်းမှတစ်ဆင့် ဒုသမ္မတနှင့်ပက်သက်သည့်အချက်အလက်များကို ရှာကြည့်သည်။

လင်းဇီချန်ကို ယွမ်သုန်ကျီက ဝက်ဆိုဘ်နှင့်ပက်သက်၍ အထူးရှာဖွေရေးအကောင့်တစ်ခုကို ပေးထားသည်။ ဒုသမ္မတနှင့်ပက်သက်သည့်အချက်အလက်များသည့် သာမန်ဝက်ဆိုဘ်များတွင် ရှာတွေ့မည်မဟုတ်ပေ။ အချက်အလက်များကို ရှာရန်ခက်ပေသည်။ အထူးဝက်ဆိုဘ်မှသာ ရှာတွေ့နိုင်မည်။ ထိုဝက်ဆိုဘ်မျိုးကို ရှန်ချင်းဟန်၏ပညာရေးအတွက် ယွမ်သုန်ကျီက အကောင့်ပေးထားခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ အတွင်းရေးသတင်းများကို ရှာဖွေနားလည်နိုင်ရန် ဖြစ်၏။ သို့သော်လည်း ရှန်ချင်းဟန်က လင်းဇီချန်က ထိုဝက်ဆိုဘ်ကို သုံးသည်က နည်းသည်။ သူမဘာသာ ရှာသည့်အစား လင်းဇီချန်ဆီမှသာ တစ်ဆင့်ခံသတင်းများကို ပြန်မေးတတ်သည်။ သူမသည် လင်းဇီချန်ကို စွယ်စုံကျမ်းကြီးအဖြစ် သဘောထားကာ နားမလည်သည့်အရာမှန်သမျှကို မေးလေ့ရှိသည်။ လင်းဇီချန်ကလည်း ထိုကိစ္စကို မဆန့်ကျင်ပေ။ မိမိသည် ရှန်ချင်းဟန်၏စွယ်စုံကျမ်းကြီးဖြစ်ရသည်မှာ ကောင်းသည်။ ပညာကောင်းကင်ဘုံအရင်းအမြစ်စွမ်းအားကို သူမဖြင့် အကျိုးရှိရှိ မျှဝေနေခြင်းဖြစ်သည်။

မကြာခင်တွင်ပင် ဒုသမ္မတနှင့်ပက်သက်သည့်အချက်အလက်များပေါ်လာသည်။ ကျိုကျုံးတိုင်းပြည်တွင် စုစုပေါင်းဒုသမ္မတသုံးဦးရှိသည်။ တစ်ဦးသည် မူလမြေအခြေစိုက်စခန်းကို တာဝန်ယူရသည်။ တစ်ဦးသည် ကမ္ဘာမြေ၏စီမံခန့်ခွဲရေးကို တာဝန်ယူရသည်။ ကျန်တစ်ဦးသည် ကိုယ်ရေးအကျဉ်းတွင် နာမည်တစ်ခုတည်းသာရှိကာ ဘာမှရေးမထားပေ။ မည်သည့်နေရာကို တာဝန်ယူရသည်ကိုလည်း မရှင်းလင်းပေ။ လွန်စွာထူးဆန်းလှသည်။

ထိုဒုသမ္မတနှင့်ပက်သက်၍ မည်သည့်အချက်အလက်မှ မရှိသည်လော။

မည်သည့်နေရာကို တာဝန်ယူရ၍နည်း။

အဘယ့်ကြောင့် ထူးဆန်းနေရသနည်း။

လင်းဇီချန်စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း စဉ်းစားနေရန် အချိန်မရှိပေ။ မကြာခင်တွင်ပင် မူလမြေကိုတာဝန်ယူရသောဒုသမ္မတာကို နှိပ်ကြည့်လိုက်သည်။

ကိုယ်ရေးအကျဉ်းကို နှိပ်ကြည့်လိုက်သောအခါတွင် ထိုသူ၏နောက်ကြောင်းကို ရေးသားထားသည်။

အမည် - ယဲ့ယုံရှန်း

ရာထူး - ကျိုကျုံးတိုင်းပြည်၏ ဒုသမ္မတ

မွေးရက် - မှတ်တမ်းတင်ထားခြင်းမရှိပါ။

အောင်မြင်မှုများ - (၁) မူလမြေအခြေစိုက်စခန်းများကို တည်ထောင်သည်။

(၂) သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းကို အားပေးသည်။

(၃) မူလေမြေမှ မီးတောက်တောင်ကြားတွင် မြင့်မြတ်သူအဆင့်မီးဖီးနစ်ငှက်ကို ရှာတွေ့ခဲ့သည်။

(၄) .....

သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲမှုကို အထောက်အကူပြုသည်လော။

သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းကို အားပေးသူက သွေးသန့်လူသားလမ်းစဉ်လိုက်သောမိမိကို အဘယ့်ကြောင့် လာရှာရသနည်း။

ပြိုင်ဘက်အုပ်စုကို ဖယ်ရှားမယ့် ပြိုင်ဘက်များဖြစ်နေမလား။

ဒုသမ္မတယဲ့၏ အထောက်အထားများကို ကြည့်ပြီးနောက်တွင် လင်းဇီချန်၏စိတ်ထဲတွင် ထိုအတွေးများပေါ်လာသည်။ အမှန်တွင်ခန့်မှန်းချက်မျှသာဖြစ်ကာ အမှန်ဖြစ်လိမ့်မည်ဟု မထင်မိပေ။ မြင့်မြတ်သူအဆင့်သက်ရှိများကိုပင် သုတ်သင်နိုင်ပြီး အ‌ရေးကြီးပြီး အာဏာရှိသောဒုသမ္မတအနေဖြင့် ရောက်လာရသည့်ရည်ရွယ်ချက်က စံပြဖြစ်နေပေလိမ့်မည်။ သွေးသန့်လူသားလမ်းစဉ်က အလားအလာရှိသည်ကို မြင်သောကြောင့် တိုးတက်မှုရှိမရှိသည်ကို လေ့လာရန် လာခြင်းသာဖြစ်ပေမည်။

"ရှောင်ချန် ဒီပုလဲလက်ပတ်က ငါ့လက်နဲ့ လိုက်ရဲ့လား။"

ရှန်ချင်းဟန်က ညာဘက်လက်ကိုမ၍ ပြလိုက်သည်။ လင်းဇီချန်ကကြည့်၍ ပြန်ဖြေလိုက်၏။

"အင်း လိုက်တယ်။"

ထိုသို့ပြောပြီးနောက်တွင် ခေါင်းငုံ့၍သာ ဒုသမ္မတယဲ့၏အချက်အလက်များကို လိုက်ရှာကြည့်နေသည်။ လင်းဇီချန်၏သာမန်ကာလျှံကာပြန်ဖြေသည်ကို နားထောင်ကာ ရှန်ချင်းဟန် မကျေနပ်ပေ။ သို့သော်လည်း အနားတိုးလာပြီး လင်းဇီချန်ကဖုန်းထဲတွင် ကြည့်နေသည်ကို ကပ်ကြည့်သည်။ နှစ်ဦးသား ဖုန်းကို အာရုံစိုက်နေစဉ်တွင်ပင် ရှန်ချင်းဟန်လက်မှ လက်ပတ်သည် အပြာရောင်ခပ်ရေးရေး‌တောက်ပလာသည်။ အပြာရောင်အလင်းက ဖျက်ခနဲတောက်ပနေကာ ထိုပုလဲလုံးများတွင် ထွင်းထုထားသည့် ထူးဆန်းသောထူးဆန်းသောစကားလုံးများမှ အရောင်ထွက်နေခြင်းသာဖြစ်သည်။

....

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေကာ မျက်စိတစ်မှိတ်အတွင်းတွင်ပင် နာရီဝက်ကုန်သွားသည်။ လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည်မူ ဓာတ်ခွဲခန်းထဲတွင်ပင် ရှိသေးကာ အလုပ်များနေကြသည်။ ထိုအချိန်တွင် ယွမ်သုန်ကျီသည် ဒုသမ္မတနှင့်အတူ သုတေသနတက္ကသိုလ်အထက်တွင် လေယာဉ်နှင့် ရောက်လာပြီဖြစ်သည်။ ထိုသူများ ရောက်လာသည်ကို မြင်သောအခါတွင် လင်းဇီချန်က ချက်ချင်းဆိုဖာမှထကာ လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့ကို သွားခေါ်သည်။

ဒုသမ္မတရောက်လာသည်ကို သိသောအခါတွင် လျို့ချွမ်ဝူနှင့်စုန့်ယွီယန်တို့သည် အောက်ထပ်သို့ စာရွက်အထပ်လိုက်ဖြင့် ဆင်းလာကြကာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့လည်း နောက်မှလိုက်လာသည်။ လေးဦးသား သုတေသနတက္ကသိုလ်ဝင်ပေါက်သို့ ရောက်သည်နှင့် ယွမ်သုန်ကျီနှင့်အခြားသူများသည် ကောင်းကင်ပေါ်မှ ဖြည်းညင်းစွာ သက်ဆင်းလာသည်ကို တွေ့လိုက်ရသည်။ စုစုပေါင်းသုံးယောက်ဖြစ်ကာ ယောက်ျားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။

မိန်းကလေးသည် ယွမ်သုန်ကျီဖြစ်သည်။ အမျိုးသားများက ဒုသမ္မတနှင့် သူ၏အမျိုးသားအတွင်းရေးမှူးဖြစ်သည်။ လင်းဇီချန်သည် အရပ်ရှည်ရှည် သက်လတ်ပိုင်းလူက ဒုသမ္မတဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ ထိုသူသည် မျက်နှာလေးထောင့်စပ်ကျကာ နားထင်စပ်တွင် ဆံပင်အနည်းငယ်ဖြူနေပြီဖြစ်ပြီး ခြုံငုံကြည့်လိုက်လျှင် အာဏာရှိသောအငွေ့အသက်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဘေးမှ အတွင်းရေးမှူးသည်မူ နူးညံ့သောအသွင်အပြင်မျိုးရှိကာ မျက်မှန်တပ်ထားပြီး ဉာဏ်ကောင်းသောပုံစံပေါက်လေ၏။

All Chapters