← Chapters

အပိုင်း ၃၁၀-၃၁၂

Vol. 21 Ch. 310-312

အပိုင်း ၃၁၀-၃၁၂

Vol. 21 Ch. 310-312

အခန်း (၃၁၀) - ပါရမီရှင်အားလုံးကိုစိန်ခေါ်ခြင်း! သွေးသန့်လူသားလမ်းစဉ်၏အထက်တန်းကန့်သတ်ချက်ကိုပြသခြင်း! (၄)

"လူတွေက ပျံနိုင်တယ်ဆိုတော့ သွေးမျိုးဆက်စွမ်းအားအဆင့်က အနည်းဆုံးသခင်အဆင့်လောက်ရှိမှာပဲ။ အဲ့ဒါကို ဘာလို့ မျက်မှန်တပ်ဖို့ လိုသေးလို့လဲ။"

"ဒီလောက်အဆင့်ထိ အားကောင်းတဲ့သူက တကယ်ပဲ အမြင်အာရုံနဲ့ပက်သက်ပြီး ပြဿနာရှိလို့လား။"

"အလှသက်သက်ပဲ ဖြစ်မှာပေါ့။"

လင်းဇီချန်သည် တစ်ယောက်တည်း စဉ်းစားနေမိခြင်းဖြစ်သည်။ စဉ်းစားနေစဉ်တွင်မူ လျို့ချွမ်ဝူက ဒုသမ္မတယဲ့ယုံရှန်းကို လေးစားသောအမူအရာမျိုးဖြင့် ကြည့်၍ ပြောလိုက်သည်။

"သမ္မတ"

ထိုသည်ကို မြင်သောအခါတွင် အားလုံးကလည်း တရိုတသေဖြင့် သမ္မတဟုသာခေါ်ကာ ဒုဟုသောစကားလုံးကို ဖြုတ်ထားခဲ့သည်။

ယဲ့ယုံရှန်းက ပြုံးခြင်းအလျင်းမရှိဘဲဖြင့် ပြောလိုက်သည်။

"ငါက မင်းရဲ့သွေးသန့်လူသားလမ်းစဉ် သုတေသနကို စိတ်ဝင်စားတယ်။ သုတေသနတက္ကသိုလ်ထဲရောက်မှ ပြောကြရအောင်။"

"ကျေးဇူးပြုပြီး ဒီလမ်းပါ သမ္မတ"

လျို့ချွမ်ဝူက ဒုသမ္မတယဲ့ကို လမ်းပြပေးလိုက်သည်။

ယဲ့ယုံရှန်းသည် လက်နှစ်ဖက်ကို နောက်ပစ်၍ နောက်မှ ဖြည်းဖြည်းမှန်မှန်ဖြင့် လိုက်လာသည်။ အခြားသူများကလည်းနောက်မှ လိုက်လာကြသည်။

....

သုတေသနတက္ကသိုလ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် ယဲ့ယုံရှန်းသည် ဧည့်ခန်းထဲရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ စုန့်ယွီယန်သည် ပြင်ဆင်ထားသောလက်ဖက်ရည်ကို စားပွဲပေါ်တွင် ချပေးလိုက်၏။ အခြားသူများကမူ စားပွဲ၏အခြားတစ်ဖက်တွင် မတ်တတ်ရပ်နေကြသည်။ ယဲ့ယုံရှန်းက ပြောလိုက်လေသည်။

"အားလုံးပဲ ထိုင်ကြပါ။ မတ်တတ်ရပ်နေစရာမလိုပါဘူး။"

ထိုစကားကို ကြားသောအခါမှ အားလုံး ဝင်ထိုင်လိုက်ကြသည်။ ယဲ့ယုံရှန်းဘေးမှနေရာကိုရှောင်၍ ဝင်ထိုင်ကြကာ ထိပ်တွင် တစ်ဦးတည်းထိုင်စေသည်။

"သမ္မတ ဒါက လွန်ခဲ့တဲ့နှစ်တွေတုန်းက သွေးသန့်လူသားလမ်းစဉ်နဲ့ပက်သက်ပြီး သုတေသနတွေပါ။"

လျို့ချွမ်ဝူက လက်နှစ်ဖက်ဖြင့် ယဲ့ယုံရှန်းအား စာရွက်များကို တရိုတသေဖြင့် ကမ်းပေးလိုက်သည်။ ယဲ့ယုံရှန်းသည် စာရွက်များကိုယူကာ လွန်စွာမြန်သောအမြန်နှုန်းဖြင့် လှန်လှောလိုက်သည်။ သုံးမိနစ်အတွင်းပင် စာရွက်အထပ်လိုက်ကြီးကို ဖတ်၍ပြီးသွားသည်။ လျို့ချွမ်ဝူသည် ယဲ့ယုံရှန်းမေးသမျှကိုဖြေရန် ပြင်ဆင်ထား၏။ သို့သော်လည်း စာရွက်များကို ဖတ်ပြီးနောက်တွင် ယဲ့ယုံရှန်းက ဘာမှမပြောပေ။ ထို့အစား အခြားသာပြောလိုက်သည်။

"သွေးသန့်လူသားလမ်းစဉ်က စပေါ်ထွက်တုန်းက အချိန်ယူပြီး လေ့လာခဲ့ဖူးတယ်။"

"ဆယ်စုနှစ်လောက် လိုက်ကြည့်ကြည့်တော့ သွေးသန့်လူသားလမ်းစဉ်လိုက်တဲ့ပါရမီရှင်အားလုံးက ခြွင်းချက်မရှိ တဖြည်းဖြည်းပျောက်ကွယ်သွားကြတယ်။ အဲ့တာကြောင့် သွေးသန့်လူသားလမ်းစဉ်က ဆင့်ကဲပြောင်းလဲခြင်းရဲ့အဆုံးသတ်လို့ပဲ ကောက်ချက်ချခဲ့တယ်။"

"အံ့ဩစရာကောင်းနေတာက ဒီလောက်နှစ်တွေအများကြီးကြာတာတောင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုလိုက်တဲ့သူတွေရှိသေးတာကိုပဲ။"

"အဲ့တာအပြင် အခြားရလဒ်တွေကိုပါ ‌အောင်မြင်သွားသေးတယ်။ သွေးသန့်လူသားခန္ဓာကိုယ်နဲ့ ဖြတ်ကျော်ပြီး အဆင့်မြင့်သက်ရှိတွေဖြစ်သွားကြတဲ့ စံပြလူတွေလည်း ရှိလာတယ်။"

ပြောနေရင်းဖြင့် ယဲ့ယုံရှန်းသည် မိမိရှေ့တွင် ထိုင်နေသည့် ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါ မနေ့ကမှ မူလမြေက ထွက်လာတာ။ မင်းရဲ့ နန်ကျန်းစစ်တပ်နယ်မြေမှာ လုပ်ဆောင်မှုတွေနဲ့ ဂမ္ဘီရသစ်ဂိုဏ်းတိုက်ခိုက်ခံရတာတွေနဲ့ပက်သက်ပြီး ကြားခဲ့တယ်။"

"မင်းရဲ့အံ့ဩစရာကောင်းတဲ့လုပ်ဆောင်မှုက သွေးသန့်လူသားလမ်းစဉ်က သုတေသနလုပ်ဖို့ထိုက်တန်တယ်ဆိုတာကို သက်သေပြနေတာပဲ။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက မင်းကို စိတ်ဝင်စားနေတာကလည်း သွေးသန့်လူသားလမ်းစဉ်က ထူးခြားတဲ့အရည်အချင်းတွေရှိလို့ဆိုတာကို ပြနေတာပဲ။"

ယဲ့ယုံရှန်းသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဆက်မပြောခင်တွင် တစ်ကျိုက်သောက်လိုက်သည်။

"မင်းရဲ့ ချီသွေးစွမ်းအားနဲ့ ဝိညာဉ်စွမ်းအားကို အာရုံခံမိတယ်။ မင်းအဲ့လောက်မြင့်နေတာကိုတွေ့တော့ ငါနည်းနည်းတော့ အံ့ဩသွားတယ်။"

"မင်းရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံနဝမအဆင့်ဆိုပေမဲ့လို့ မင်းရဲ့ချီသွေးနဲ့ဝိညာဉ်စွမ်းအားက အဆင့်မြင့်ဒုတိယအဆင့်ရောက်နေပြီ။ မင်းရဲ့ထွက်ပေါ်လာမှုက သွေးသန့်လူသားလမ်းစဉ်နဲ့ပက်သက်ပြီး သိချင်စိတ်ဖြစ်အောင်လုပ်လိုက်တာပဲ။"

"ဒီနေ့ကစပြီး ဘာမှချန်ထားတာမရှိဘဲ မင်းရဲ့အားကို အပြည့်အဝထုတ်ဖော်ပြသဖို့ မျှော်လင့်ပါတယ်။"

"သွေးသန့်လူသားလမ်းစဉ်ရဲ့ ပါရမီရှင်တစ်ဦးအနေနဲ့ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူတွေနဲ့ စက်ပြုပြင်လူသားတွေကို စိန်ခေါ်ပါ။ အဲ့ဒါမှ သွေးသန့်လူသားလမ်းစဉ်ရဲ့ကန်သတ်ချက်ကို မြင်နိုင်မယ်။"

ထိုသို့ပြောပြီးနောက်တွင် လင်းယုန်မျက်လုံးကဲ့သို့ စူးရှသော ယဲ့ယုံရှန်း၏မျက်လုံးအကြည့်တို့က လင်းဇီချန်၏မျက်လုံးများကို တည့်ကြည့်လိုက်သည်။ ယဲ့ယုံရှန်း၏စကားကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက် ရင်တုန်သွားရှာသည်။

ဒုသမ္မတသည် မိမိ၏ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို မြင်နိုင်သည်လော။

မိမိ၏ သဘာဝဖုံးကွယ်စွမ်းအားက အလုပ်မဖြစ်ပေ။

လင်းဇီချန်သည် မြင့်မြတ်သူအဆင့်လူတစ်ယောက်၏ အစွမ်းအားကို အထင်သေးမိကာ သွေးမျိုးဆက်စွမ်းအားများကို အထင်ကြီးမိသွားသည်လော။ တစ်ဖက်တွင်မူ ဒုသမ္မတ၏အတွင်းရေးမှူး၊ ယွမ်သုန်ကျီ၊ လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့အားလုံးသည် လင်းဇီချန်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်ကာ တုန်လှုပ်သွားကြသည်။

သွေးမျိုးဆက်စွမ်းအား အခြေခံနဝမအဆင့်ဖြင့် ချီသွေးစွမ်းအားနှင့်ဝိညာဉ်စွမ်းအားက ကျွမ်းကျင်ဒုတိယအဆင့်ထိရှိသည်လော။

ဘာများဖြစ်နေသနည်း။

ချီသွေးစွမ်းအားက အဆင့်မြင့်ဒုတိယအဆင့်သို့ရောက်ခြင်းသည် သွေးသန့်စင်ခြင်းကျင့်စဉ်ကြောင့်ဟု ရှင်းပြနိုင်သည်။ သို့သော်လည်း ဝိညာဉ်စွမ်းအားကမူ.....?

စိတ်ထဲတွင်မူ လင်းဇီချန်သည် သွေးသန့်လူသားလမ်းစဉ်ကို လိုက်သဖြင့် ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် မပေါင်းစပ်သောကြောင့် ဝိညာဉ်စွမ်းအားမမြင့်ဟု ထင်ကြသည်။ သို့သော်လည်း ထိုအခြေအနေများအောက်တွင် သူသည် ဝိညာဉ်စွမ်းအားက အဆင့်မြင့်ဒုတိယအဆင့်ထိ မည်သို့ ရောက်သွားရပါသနည်း။

-----

အခန်း (၃၁၁) - ဂြိုလ်သားပါရမီရှင်အတန်းမှ လော့ချန်းရွှယ်

အားလုံးသည် လင်းဇီချန်၏ဝိညာဉ်စွမ်းအားကြောင့် အံ့ဩသင့်သွားရသည်။ လူသစ်သည် ထိုမျှဝိညာဉ်စွမ်းအားမြင့်နိုင်ရန် ခက်ခဲလှသည်။ ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့်မပေါင်းစပ်ဘဲ အဆင့်မြင့်ဒုတိယအဆင့်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ မြင့်မြတ်သူအဆင့်ယဲ့ယုံရှန်းသည်ပင် လင်းဇီချန်၏ဝိညာဉ်စွမ်းအားကြောင့် အံ့ဩသင့်သွားသော်လည်း အခြားသူများလောက်မူ မအံ့ဩပေ။ အသက်ရှင်လာသည်မှာ နှစ်တစ်ထောင်ကျော်ရှိပြီဖြစ်ပြီး မူလမြေကိုလည်း နှစ်မရေမတွက်နိုင်အောင် စောင့်ကြပ်လာခဲ့သည့်အတွက် ထိပ်တန်းအဆင့်ပါရမီရှင်များစွာကို တွေ့ဖူးသည်။ ထိုသူများထဲတွင် လင်းဇီချန်ကဲ့သို့ လွန်စွာထူးခြားသောရှားပါးပါရမီရှင်အချို့ ရှိသည်။ မိမိကိုယ်တိုင်သည်လည်း မြင့်မြတ်သူအဆင့်သက်ရှိဖြစ်ပြီး လူတစ်သန်းတွင် တစ်ယောက်သာရှိသော ထိပ်တန်းအဆင့်ပါရမီရှင်ဖြစ်သည်။ ငယ်ရွယ်စဉ်က ယခုလင်းဇီချန်ဖြင့် နှိုင်းယှဉ်ရလျှင် ပို၍ပင် တော်ပေမည်။

"သမ္မတ ကျွန်တော့်ရဲ့ အရည်အချင်းကို ဖုံးကွယ်ထားရတဲ့အကြောင်းရင်းက မိစ္ဆာဒိဌိတွေကို ဖိတ်ခေါ်မိမှာစိုးလို့ပါ။"

"သူတို့က ကျွန်‌တော့်ကို တိုက်ိခုက်ရင် ကိစ္စမရှိပေမဲ့ ကျွန်တော့်မိသားစုကိုပါ ထိလာမှာ စိုးလို့ပါ။ အဲ့နောက်ဆက်တွဲကို သည်းမခံနိုင်တာနဲ့ပဲ....."

လင်းဇီချန်က မိမိ၏စိုးရိမ်ပူပန်မှုများကို ယဲ့ယုံရှန်းကို ရှင်းပြနေခြင်းဖြစ်သည်။ ယဲ့ယုံရှန်းက စွမ်းအားကိုပြသရန်ပြောသည်ကို ငြင်းဆိုနေခြင်းမဟုတ်ဘဲ အကာအကွယ်တောင်းခံနေခြင်းသာဖြစ်သည်။

အင်အားပြသနိုင်သည် သို့သော်လည်း အကာအကွယ်က စိတ်ချရမည်လော။

ယဲ့ယုံရှန်းက လင်းဇီချန်ပြောသည်ကို နားလည်သောကြောင့် တည်ငြိမ်သောအမူအရာဖြင့် ပြန်ပြောလိုက်သည်။

"မင်းသာ ဘာမှမချန်ထားဘဲ မင်းရဲ့အင်အားကို ပြသမယ်ဆိုရင် မင်းနဲ့မင်းမိသားစုလုံခြုံရေးကို ငါအာမခံတယ်။ မူလမြေဆိုရင်တော့ ငါလည်း ကတိမပေးရဲဘူး။ ဒါပေမဲ့လို့ ကျိုကျုံးမှာဆိုရင်တော့ မင်းတို့ကို လုံခြုံအောင် စောင့်ရှောက်ပေးနိုင်တယ်။ ဘယ်သူမှ အန္တရာယ်မဖြစ်စေရဘူး။ အဲ့တာကြောင့် လုံခြုံရေးအတွက်ကိုတော့ စိတ်မပူပါနဲ့။ အဲ့တာကြောင့်မလို့ မင်းရဲ့အင်အားကို စိတ်ကြိုက်ထုတ်ပြပါ။"

"...."

"ကျွန်တ်ေနားလည်ပါပြီ သမ္မတ။ နောက်ကျရင် ကျွန်တော့်ရဲ့စွမ်းအားတွေကို အပြည့်အဝပြသပါ့မယ်။ အဲ့ဒါကြောင့် သွေးသန့်လူသားလမ်းစဉ်ရဲ့ အကန့်သတ်ကို နားလည်နိုင်မှာပါ။"

လင်းဇီချန်က တရိုတသေဖြင့် ပြန်ပြောလိုက်သည်။

ပြောနေစဉ်တွင်ပင် စိတ်သည် တွေ့ရမည့်အရေးအတွက် ရင်ခုန်နေမိသည်။

ယဲ့ယုံရှန်းက မိမိနှင့်မိသားစုလုံခြုံရေးကို အာမခံပေးသော်လည်း မည်မျှလုပ်ပေးမည်ကို သေချာမသိရပေ။ ကိုယ်ပိုင်သက်တောင်စောင့်ထားပေးမည်လော။ မဟုတ်လျှင် လုံခြုံသောနေရာသို့ ပြောင်း‌ရွှေ့ခိုင်းမည်လော။ မဟုတ်လျှင် အခြားသောအရာများပေလော။

ယဲ့ယုံရှန်းသည် ကာကွယ်ရေးနှင့်ပက်သက်ပြီး အသေးစိတ်ကျကျပြောမသွားသောကြောင့် လင်းဇီချန်က စိတ်ချထားရန် ခက်ခဲနေသည်။ သို့သော်လည်း မမေးရဲပေ။ ယဲ့ယုံရှန်းကို မိမိ၏သံသယဖြင့် စော်ကားမိမည်ကို စိုးမိသည်။ မည်သို့ ကာကွယ်ပေးမည်ကို အတိအကျပေးလျှင် တရားလွန်ရာကျပေမည်။

ခေါင်းဆောင်များသည် လက်အောက်ငယ်သားများ၏မေးခွန်းများကို သဘောမကျတတ်ကြပေ။ ထိုမြင်ကွင်းကို လင်းဇီချန် ခန့်မှန်းနိုင်သည်။ မိမိကသာ တုံးအစွာ မည်သို့အကာအကွယ်‌ပေးမည်ကို သွားမေးမိလျှင် ယဲ့ယုံရှန်းက စဉ်းစားပေတော့မည်။

'ဒုသမ္မတဖြစ်တဲ့ငါက လုံခြုံအောင်လုပ်ပေးမယ်ပြောတကို မင်းက ဘယ်လိုကာကွယ်ပေးမှာလဲ အတိအကျလာမေးနေရလား။ ငါ့လုပ်နိုင်စွမ်းကို မေးခွန်းထုတ်နေတာလား။'

ယဲ့ယုံရှန်းကမူ လင်းဇီချန်၏အတွေးများကို သတိမထားမိပေ။ အတွင်းရေးမှူးဘက်သို့လှည့်၍ ပြောလိုက်သည်။

"ရှောင်ကျန်း ကျောင်းသားလင်းနဲ့ဝီချက်အပ်ပြီး သူ့ကို ဟိုစာရင်းပို့ပေးလိုက်။"

"ဟုတ်ကဲ့။"

အတွင်းရေးမှူးက လင်းဇီချန်ဆီသို့သွား၍ ဖုန်းထုတ်ကာ ဝီချက်ဖွင့်ပြီး အပ်လိုက်သည်။ ထို့နောက်တွင် ဖိုင်တစ်ဖိုင်ကို ပို့လိုက်သည်။ ဖိုင်နာမည်မှာ 'ဂြိုလ်သားပါရမီရှင်အတန်းစာရင်း' ပင် ဖြစ်သည်။

ဂြိုလ်သားပါရမီရှင်အတန်းစာရင်းလော?

ဘာများပါလိမ့်?

လင်းဇီချန်က စာရင်းကို ဖွင့်ကြည့်ကာ ချက်ချင်းပင် နာမည်များကို တွေ့လိုက်ရသည်။ စုစုပေါင်း (၂၈) ယောက်ရှိသည်။ နာမည်များက မရင်းနှီးကာ တစ်ယောက်မှမသိပေ။

ခဏ...။

တစ်ယောက်ကိုမူ သိပေသည်။ ရင်းနှီးနေသောနာမည်တစ်ခုကို တွေ့လိုက်ရသည်။ လော့ချန်းရွှယ်ပင် ဖြစ်၏။ထိုသူသည် မမြင်ဖူးသော ရှန်ချင်းဟန်၏ ဆရာတူအစ်မဖြစ်ကာ ယွမ်သုန်ကျီ၏ထိပ်တန်းတပည့်ပင် ဖြစ်သည်။ ထိုအချိန်တွင် သူမသည် မူလတန်းကျောင်း ဒုတိယအတန်းမှ ကျောင်းပြောင်းကျောင်းသား ဆံဖြူမိန်းကလေးပိုင်ရွှယ်နှင့်လည်း အတော်လေးတူသည်။ ထိုမိန်းကလေး လော့ချန်းရွှယ်သည် ယခုတွင် မူလမြေ၌ရှိသည်ကို မှတ်မိသည်။

ထိုသို့ဆိုလျှင် စာရင်း၌ပါသောသူအားလုံးသည် မူလမြေ၌လော။

ထိုပါရမီရှင်များက ကမ္ဘာမြေပေါ်၌ မသိရသည်လော။

လင်းဇီချန်စဉ်းစားနေစဉ်တွင်ပင် ရှန်ချင်းဟန်က စပ်စုစွာဖြင့် ဖုန်းကိုငုံ့ကြည့်လိုက်သည်။ သူမသည် မည်သည့်နာမည်ကိုမှ မမှတ်မိပေ။ သူမ၏အသိုင်းအဝိုင်းကလည်း လင်းဇီချန်နှင့်အတူတူသာ ဖြစ်သည်။ လင်းဇီချန်မသိသောသူများကို သူမကလည်း မသိပေ။

ဟမ်?

လော့ချန်းရွှယ်?

နာမည်စာရင်းမှ ထိုနာမည်ကို မြင်သောအခါတွင် ရှန်ချင်းဟန် လှပသောမျက်ခုံးလေးက အံ့ဩသည့်အနေဖြင့်အနည်းငယ်မျှ မြင့်တက်သွားသည်။ စီနီယာအစ်မက ထိုနာမည်စာရင်းတွင် ပါနေသည်လော။

သူမသည် ဂြိုလ်သားပါရမီရှင်အတန်းကလော။

ဂြိုလ်သားပါရမီရှင်အတန်းဆိုသည်မှာ မည်သည့်အဆင့်ဖြစ်သနည်း။

ရှောင်ချန်ဖြင့် ယှဉ်နိုင်သည်လော။

ရှန်ချင်းဟန်သည်လည်း သူမဘာသာ စဉ်းစားနေမိသည်။

ထိုအချိန်တွင် ယဲ့ယုံရှန်းက ပြောလာသည်။

"အဲ့နာမည်စာရင်းမှာပါတဲ့သူတွေက တိုင်းပြည်က ထိပ်တန်းပါရမီရှင်လူငယ်တွေ။ အသက်သုံးဆယ်အောက်လူတွေကို ရွေးထားတာ။ စာရင်းမှာပါတဲ့ ပါရမီရှင်တိုင်းက ဆယ်စုနှစ်တစ်ခုမှာ တစ်ယောက်လောက်ပဲ ထွက်ပေါ်လာတတ်တဲ့ပါရမီရှင်တွေ။တစ်ယောက်ချင်းစီတိုင်းက ဒဏ္ဍာရီကိုလုပ်နိုင်တယ်။ မြင့်မြတ်သူအဆင့်ထိရောက်အောင် ဆင့်ကဲပြောင်းလဲဖို့ အလားအလာတွေရှိတယ်။"

ယဲ့ယုံရှန်းက ခေတ္တမျှရပ်သွားကာ မေးလိုက်သည်။

"အဲ့နာမည်စာရင်းမှာ သိတဲ့သူပါလား။"

"မပါပါဘူး။"

လင်းဇီချန်က ခေါင်းခါပြလိုက်သည်။

"ဟုတ်ပြီ။"

ယဲ့ယုံရှန်းက ဆက်ပြောလိုက်သည်။

"စာရင်းမှာပါတဲ့သူအများစုကို သူတို့ကျောင်းမပြီးခင်အရွယ်မှာ လေ့ကျင့်‌ရေးကို အာရုံစိုက်ထားနိုင်‌အောင် မူလမြေကို ပို့ထားတယ်။ မင်းတို့လို ပညာရေးစနစ်အတိုင်းလုပ်ဆောင်နေတဲ့ ပါရီရှင်တွေနဲ့တော့ လမ်းကြောင်းမတူဘူး။"

-

အခန်း (၃၁၂) - ဂြိုလ်သားပါရမီရှင်အတန်းမှ လော့ချန်းရွှယ် (၂)

လင်းဇီချန်သည် တွေဝေသွားရသည်။

"မူလမြေကို အသက်ငယ်ငယ်လေးနဲ့ဝင်နိုင်တယ်။ သူတို့က အဲ့က ကမ္ဘာမြေရဲ့တန်ပြန်အားကို ခံနိုင်ရည်ပါ့မလား။"

ယဲ့ယုံရှန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ခြွင်းချက်ဆိုတာက အမြဲတမ်းရှိတယ်။ သာမန်လူတွေက ခံနိုင်ရည်မရှိဘူးဆိုတာနဲ့ ဂြိုလ်သားပါရမီရှင်တွေက ခံနိုင်ရည်မရှိဘူးလို့ ဆိုလိုတာမှမဟုတ်တာ။"

ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက် စဉ်းစားသွားရပြန်သည်။

ဂြိုလ်သားပါရမီရှင်အတန်းက မည်သို့သောတည်ရှိမှုမျိုးပေနည်း။

မမျှတသောအလေးသာမှုဖြင့် မွေးဖွားလာသောမိမိနှင့်နှိုင်းစာလျှင် မည်သူက ပိုအားကြီး၍ မည်သူက ပိုအားနည်းသနည်း။

ထိုသူများသည် မည်သို့သောစွမ်းအားများကို ပိုင်ဆိုင်ထား၍ မူလမြေတွင် နေနိုင်ကြရသနည်း။

လင်းဇီချန်သည် ထိုအကြောင်းနှင့်ပက်သက်၍ သိချင်လာမိသည်။

တစ်ချိန်တည်းတွင်ပင် လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည် မျက်လုံးအပြူးသားဖြင့် ပါးစပ်အဟောင်းသားဖြစ်နေကာ မယုံကြည်နိုင်စွာဖြင့် စိတ်ထဲတွင် တုန်လှုပ်နေမိကြသည်။ နှစ်ဦးလုံးသည် အခြေခံအဆင့်သက်ရှိများဖြစ်ပြီး မူလမြေသို့လည်း တစ်ခါမှ မဝင်ဖူးသောကြောင့် ထိုနေရာမှ အခြေအနေနှင့်ပက်သက်၍ ဘာမှသိပေ။ သို့သော်လည်း မူလမြေသို့ဝင်သော ကမ္ဘာမြေပေါ်မှသက်ရှိများသည် မူလမြေ၏ကမ္ဘာမြေဖိအား၏ တန်ပြန်တိုက်ခိုက်ခြင်းခံရသည်ကို သိပေသည်။

သို့တိုင် ယဲ့ယုံရှန်းပြောသောပါရမီရှင်များက ကျောင်းမပြီးခင်အသက်အရွယ်တွင်ပင် မူလမြေ၏တန်ပြန်တိုက်ခိုက်သည့်အင်အားကို ခံနိုင်ရည်ရှိကြသည်။ မည်သို့သောကြောက်စရာကောင်းခြင်းပေနည်း။

လျို့ချွမ်ဝူ၊ စုန့်ယွီယန်တို့ဖြင့် နှိုင်းစာလျှင် ယွမ်သုန်ကျီ၏အမူအရာက ကင်းမဲ့နေကာ မျက်နှာသည် ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ မိမိ၏ထိပ်တန်းတပည့် လော့ချန်းရွှယ်က ထိုစာရင်းတွင်ရှိကာ သူမသည် ထိုစာရင်းကို အနည်းငယ်မျှသိထားပြီး ထိုလူများရှိသည်ကိုလည်း သိသည်မှာ ကြာပြီဖြစ်သည်။

ထို့ကြောင့် ယဲ့ယုံရှန်းက ထိုအကြောင်းကို ပြောသောအခါတွင် စိတ်နှလုံးက မတုန်မလှုပ်သာရှိနေသည်။

"သမ္မတ အဲ့လိုဆို မြို့တော်တက္ကသိုလ်က ပါရမီရှင် လီယိကျင်းနဲ့ စက်နတ်ဘုရားအုပ်စုက စက်ပြုပြင်ပါရမီရှင်မိန်းကလေးတို့က အဲ့စာရင်းမှာပါတဲ့ ဂြိုလ်သားပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လို့ရလား။ ကွာဟချက်ကြီးလား။"

လင်းဇီချန်ကစပ်စုစွာဖြင့် မေးလိုက်သည်။

ယဲ့ယုံရှန်းက ပြန်ဖြေလိုက်သည်။

"နှိုင်းယှဉ်ဖို့အတွက်ဘာအခြေခံမှမရှိဘူး။ မင်းပြောတဲ့လူနှစ်ယောက်က ဒီစာရင်းမှာပါတဲ့ ဂြိုလ်သားပါရမီရှင်တွေနဲ့ အဆင့်မတူဘူး။"

နှိုင်းယှဉ်ရန် အခြေခံမရှိသည်လော။

ယဲ့ယုံရှန်း၏အဖြေကြောင့် လင်းဇီချန်အတော်လေး အံ့ဩသွားသည်။

အချိန်အတော်ကြာထိ လီယိကျင်းနှင့် စက်ပြုပြင်မိန်းကလေးသည် မိမိကလွဲလျှင် ထူးချွန်သူများဟု မှတ်ယူထားခဲ့သည်။ ထိုနှစ်ဦးသည် လွန်စွာနာမည်ကြီးကာ သတင်းတွင်လည်း မကြာခဏပါခဲ့ကြသည်။ သတင်းများစွာက ထိုနှစ်ဦးနှင့်ပက်သက်၍ ခေါင်းစဉ်မျိုးစုံတပ်ရေးကြသည်။ ပြိုင်ဘက်ကင်းစုံတွဲ၊ ကမ္ဘာမြေပေါ်မှအားအကောင်းဆုံးသူများ၊ လူသားမျိုးနွယ်၏မျှော်လင့်ချက် အစရှိသဖြင့်ဖြစ်သည်။ ခေါင်းစဉ်များက ချဲ့ကားလွန်းပေသည်။ သို့သော်လည်း ဂြိုလ်သားပါမီရှင်များနှင့်နှိုင်းစာလျှင် နှိုင်းယှဉ်ရန် အခြေခံအချက်ပင် မရှိပေ။

အတော်လေး ရယ်စရာကောင်းလှ၏။

"မင်းပြောတဲ့သူတွေနဲ့ ဒီစာရင်းမှာပါတဲ့သူတွေက မိုးနဲ့မြေလိုကွာခြားတယ်။ မင်းအမြင်ကို ကမ္ဘာမြေပေါ်မှာပဲ ကန့်သတ်မထားနဲ့။"

ယဲ့ယုံရှန်းက လက်ဖက်ရည်တစ်ကျိုက်သောက်၍ ဆက်ပြောသည်။

"ကမ္ဘာမြေပေါ်မှာ လူသိများတဲ့ပါရမီရှင်တော်တော်များများက မူလမြေမှာတော့ ပုရွက်ဆိတ်သာသာပဲ။ မထင်ရှားဘူး။ လှိုင်းနည်းနည်းထရင်ကို ခံနိုင်ရည်မရှိဘူး။ ပြောရရင်တော့ ကမ္ဘာမြေပေါ်က ပါရမီရှင်တွေက ပါရမီရှင်မဟုတ်ဘူး။ မူလမြေက ပါရမီရှင်တွေကသာ တကယ့်ပါရမီရှင်တွေ။ မင်းရဲ့ပါရမီကတော့ အတော်လေးအထင်ကြီးစရာကောင်းတယ်။ ဂြိုလ်သားအဆင့်ကို ရောက်နေတယ်။"

"ဒါပေမဲ့လို့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။"

နောက်ဖြစ်လာမဲ့ဟာတွေက မင်းရဲ့လုပ်ဆောင်ချက်ပေါ်မှာပဲ မူတည်တယ်။ မင်းဘယ်လောက်ထိလုပ်နိုင်လဲဆိုာက သော့ချက်ပဲ။ မင်းအဲ့စာရင်းမှာ ပါလာတာနဲ့ မင်းစိတ်ကူးထားတာထက်များတဲ့ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေရမယ်။"

ယဲ့ယုံရှန်းသည် လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ဆက်ပြောသည်။

"အဲ့အရင်းအမြစ်တွေက သာမန်သက်ရှိတစ်ယောက်ကို သခင်အဆင့်ထိရောက်အောင် တွန်းပို့ပေးနိုင်တယ်။"

ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်၏မျက်လုံးများ အရောင်လက်သွားသည်။ သာမန်အဆင့်သက်ရှိမှ သခင်အဆင့်သက်ရှိအဖြစ်ဆိုလျှင် ယွမ်သုန်ကျီ၏လက်ရှိအဆင့်ပင် ဖြစ်သည်။

ထိုအဆင့်ထိရောက်အောင် အရင်းအမြစ်မည်မျှ လိုအပ်မည်နည်း။

မိမိသည် ထိုစာရင်းတွင် ပါကိုပါရမည်...။

လင်းဇီချန် ထိုအကြောင်းကိုစဉ်းစားရင်းဖြင့် စိတ်ခိုင်မာပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

"နောက်ရက်တွေကျရင် ကျွန်‌တော့်ရဲ့အင်အားကို ပြပါ့မယ်။ ဖြစ်နိုင်သမျှ အဲ့စာရင်းထဲပါအောင်လုပ်မယ်။ သမ္မတကို စိတ်မပျက်စေရပါဘူး။"

စိတ်ပျက်ခံရန် အခွင့်အရေးပင် မ‌ပေးပေ။

မိမိသည် ယဲ့ယုံရှန်းပြောသည့်အတိုင်း ဂြိုလ်သားအဆင့်ပါရမီရှင်စာရင်းတွင် ဝင်အောင်လုပ်ကာ အရင်းအမြစ်များကိုရယူရန် ယုံကြည်ချက်ပြင်းထန်နေပေသည်။

"မင်းလုပ်ဆောင်ချက်ကို စောင့်နေပါ့မယ်။"

ယဲ့ယုံရှန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ပြောပြီးနောက်တွင် လင်းယုန်ကဲ့သို့ စူးရှသောအကြည့်များက လင်းဇီချန်ဆီမှ ဘေးနားတွင် ရပ်နေသောရှန်ချင်းဟန်ဆီသို့ ပြောင်းသွားသည်။ အကြည့်ခံလိုက်ရသောအခါတွင် သူမ၏ခန္ဓာကိုယ်က တင်းမာသွားသည်။ ထို့နောက်တွင် အမြန်ပင် မျက်လွှာချကာ ခြေဖျားလေးများကိုသာ ကြည့်နေကာ ဒုသမ္မတဖြင့် အကြည့်ချင်းမဆုံ‌အောင် နေလိုက်သည်။ သူမသည် ကြောက်တတ်ကာ အားကောင်းသောအကြည့်ကိုပင် ခံနိုင်ရည်မရှိပေ။ သူမကြောက်နေသည်ကို မြင်သောကြောင့် ယဲ့ယုံရှန်းက ပြောလိုက်သည်။

"ဒီလောက်ကောင်းတဲ့ပါရမီမျိုးနဲ့ကိုး မင်းက ကြွက်လိုမျိုး ကြောက်တတ်သေးတာပဲ။ ငါသိချင်မိသား။ မင်းရဲ့ဒီရာထူးက ဘယ်လိုများရလာသလဲဆိုတာ။"

"...."

ရှန်ချင်းဟန်က အသံတစ်သံပင် မထွက်ဘဲခေါင်းကိုသာ ပို၍ငုံ့ထားသည်။ သူမစိုးရိမ်နေသည်ကို သတိထားမိသောကြောင့် လင်းဇီချန်က သူမကိုယ်စားရှင်းပြလိုက်သည်။

"သမ္မတ သူငယ်ငယ်တုန်းက အတန်းဖော်တွေအနိုင်ကျင့်တာခံရပြီး စိတ်ပိုင်းဆိုင်ရာဒဏ်ရာရခဲ့တာပါ။ အဲ့တာကြောင့် သူက ဒီလောက်ကြောက်တတ်နေတာပါ။"

"ငါသိပြီ။"

ယဲ့ယုံရှန်းက ခေါင်းညိတ်ပြလိုက်ပြီး ရှန်ချင်းဟန်ကို စိတ်ဝင်တစားဖြင့်ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဆန်းကြယ်သားရဲမျိုးစိတ်တွေ ပါနေတယ်။ ဒါပေမဲ့ မပေါင်းစပ်ထားဘူး။ အဲ့အစား ထိန်းချုပ်ထားတယ်။"

"မင်းမှာ သန့်စင်ထားတဲ့အသွေးအသားရှိတာကိုလည်း အာရုံခံမိတယ်။ မင်းက သွေးသန့်စင်ခြင်းကျင့်စဉ်ကိုကျင့်ပြီး သွေးသန့်လူသားလမ်းစဉ်ကို လိုက်နေတာပဲ။"

"မင်းရဲ့ခန္ဓာကိုယ်က အံ့ဩစရာကောင်းသားပဲ။ မင်းသာ ဒီစာရင်းထဲမှာပါလာမယ်ဆိုရင် အရှားပါးဆုံးတစ်ယောက်ဖြစ်လာမှာ။"

ပြောရင်းဖြင့် ခေါင်းခါပြကာ ဆက်ပြောပြန်သည်။

"သွေးမျိုးဆက်စွမ်းအားအဆင့်က နိမ့်လွန်းတာတော့ နှမြောစရာပဲ။ ခန္ဓာကိုယ်တစ်ကြိမ်သန့်စင်ပြီးတာကိုး သွေးမျိုးဆက်စွမ်းအားက အခြေခံဆဌမအဆင့်ပဲရှိတယ်။ အဲ့တာတော့ အနာဂတ်အလားအလာနဲ့ပက်သက်ပြီး နည်းနည်းစိတ်ပျက်ဖို့ကောင်းတယ်။"

ထိုစကားကို ကြားသောအခါတွင် ရှန်ချင်းဟန်စိတ်ထဲ၌ အံ့ဩမှုဖြင့် အရောင်ဟပ်သွားသည်။ သူမ၏ထူးဆန်းသောခန္ဓာကိုယ်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိမ့်မည်ဟု ထင်မထားမိပ‌ေ။

တစ်ဖက်တွင်မူလျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည် မျက်လုံးအပြူးသားဖြစ်သွားကြကာ ချက်ချင်းပင် အံ့ဩသင့်နေသောမျက်နှာများဖြင့် ပြည့်နှက်သွား၏။

ဘာ?

ရှန်ချင်းဟန်သည် ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် မပေါင်းစပ်ထားသည်လော။

သူမသည် သွေးသန့်လူသားလမ်းစဉ်ကို လျှောက်နေသည်လော။

မည်သို့ဖြစ်ရသနည်း။

လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည် အံ့ဩနေမိကာ အခြေအနေကို နားမလည်တော့သောကြောင့် ရှန်ချင်းဟန်ကိုသာ သွားမေးလိုက်ချင်သည်။ သို့သော်လည်း အခြေအနေအရ မေးခွန်းကို စိတ်ထဲတွင်သာ သိမ်းထားရသည်။

ယဲ့ယုံရှန်းသည် လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့၏ အံ့ဩနေသောအမူအရာများကို မြင်သောကြောင့် ထိုမိန်းကလေးသည် လင်းဇီချန်သို့ပင် အင်အားအမှန်ကို ဖုံးကွယ်ထားသည်ကို သိလိုက်သည်။ ထို့ကြောင့် ရှန်ချင်းဟန်ကို ပြောလိုက်၏။

"မိန်းကလေး မင်းလည်း မင်းရဲ့ငယ်ချစ်ဦးနဲ့အတူ အကောင်းဆုံးထုတ်ဖော်ပြသဖို့ ကြိုးစားပါ။ စာရင်းပါအောင် လုပ်ပါ။"

ထိုစကားကို ပြောပြီးနောက်တွင် သူသည် သွေးသန့်လူသားလမ်စဉ်နှင့် ပက်သက်သည့်အချက်အလက်များကိုယူကာ သုတေသနတက္ကသိုလ်မှ ထွက်သွားသည်။ ဆယ်မိနစ်ကျော်နေပြီဖြစ်‌သောကြောင့် ပြန်ချိန်တန်ပြီဖြစ်သည်။ ဒုသမ္မတအနေဖြင့် နေ့တိုင်း လုပ်စရာကိစ္စများစွာရှိကာ အချိန်ဖြုန်းနေ၍မရပေ။

"သမ္မတ ကျွန်မတို့ လိုက်ပို့ပေးပါ့မယ်။"

ယဲ့ယုံရှန်းထွက်သွားသည်ကို မြင်သောအခါတွင် ယွမ်သုန်ကျီက လိုက်ပို့ပေးသည်။ အခြားသူများကလည်း ယဲ့ယုံရှန်းကို လိုက်ပို့ရန် နောက်မှလိုက်လာကြသည်။ ဒုသမ္မတဆိုသည်မှာ ပေါ့သေးသေးဆက်ဆံ၍ရသူမျိုးမဟုတ်ပေ။ လေးစားမှုအပြည့်ပေးရပေမည်။

မကြာခင်တွင်ပင် ယဲ့ယုံရှန်းသည် အတွင်းရေးမှူးဖြစ်သူနှင့်အတူ လေယာဉ်ပေါ်သို့ တက်သွားသည်ကို အားလုံးက လိုက်ပါပို့ဆောင်ပေးကြလေသည်။

All Chapters