← Chapters

တွက်ချက်ခြင်း

Vol. 44 Ch. 648

တွက်ချက်ခြင်း

Vol. 44 Ch. 648

ထို့နောက် သူက ဖြည်းဖြည်းချင်းပြောလာခဲ့သည်။

"ငါတို့ အကြီးအကဲကျိဆီကနေ ဒီပစ္စည်းကို ရှာဖို့ လာခဲ့တာလို့ ကြားထားတယ် ဘာလဲ မင်း မသိဘူးလား"

ကျိုးရိထုံနှင့် ကျောက်မုန့်ရွှယ်တို့၏ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေသည့်အမူအရာကို ကြားလိုက်ရသည့်အခါ ကျိုးဟောင်သည် ဤနှစ်ဦးသည် မရိုးဖြောင့်သည်ကို ချက်ချင်းသိလိုက်သည်။

ထိုသို့တွေးပြီး ကျိုးဟောင်သည် မျက်မှောင်ကြုတ်ကာ သူ့ရှေ့မှလူနှစ်ယောက်ကို အကဲခတ်လိုက်သည်။ သူတို့တွင် ထောက်လှမ်းရေးကိရိယာတစ်ခုခု ရှိနေသည်ဟု သူ သံသယဝင်မိသွားခဲ့သည်။

မဟုတ်ပါက သူဆီတွင် ကျောက်စာတိုင်၏စွမ်းအင်အရင်းအမြစ်ရှိသည်ကို မည်သို့သိနိုင်မည်နည်း။

ဤအချက်ကိုတွေးမိသောအခါ ကျိုးဟောင်၏စိတ်သည်တုန်လှုပ်သွားခဲ့သည်။ သို့သော် တိုက်ခိုက်ရန် အချိန်ကောင်းမဟုတ်သေးသည်ကို သူသိသဖြင့် စိတ်ကို ပြန်လည်ငြိမ်သက်အောင် ထိန်းချုပ်လိုက်သည်။

ကျိုးဟောင်သည် ခဏမျှစဉ်းစားပြီးနောက် သူ့ဆက်သွယ်ရေးကိရိယာကို ချက်ချင်းထုတ်ယူလိုက်သည်။ ထို့နောက် အစီအစဉ်အောင်မြင်ပြီဖြစ်ကြောင်း အကြီးအကဲကျိထံသို့ စာပို့ရန် ပြင်ဆင်လိုက်သည်။

သို့သော် မမျှော်လင့်ထားစွာပင် ကျိုးဟောင်ဆက်သွယ်ရေးကိရိယာအားထုတ်လိုက်ချိန်တွင် အဝေးမှ အော်သံတစ်ခုကို ကြားလိုက်ရသည်။

ကျိုးဟောင်၏တစ်ကိုယ်လုံးမှာ တောင့်တင်းသွားခဲ့သည်။ သူမျက်မှောင်ကြုတ်၍ အဝေးကိုကြည့်လိုက်သောအခါ ကျောက်မုန့်ရွှယ်၏မျက်နှာသည် ရုတ်တရက် ကျားသစ်မျက်နှာအဖြစ် ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။

သူမ၏နားရွက်များမှာ ပျောက်ကွယ်သွားပြီး အမွေးတို့ဖြင့်ဖုံးလွှမ်းနေသည့်နားရွက်တစ်စုံပေါ်လာခဲ့သည်။

သို့သော် ကျောက်မုန့်ရွှယ်၏ကျားသစ်မျက်နှာသည် ဒေါသထွက်သည့်အခါမှသာ ပေါ်လာပြီး သူမ စိတ်ငြိမ်သွားသောအခါတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ကျောက်မုန့်ရွှယ်သည် သူမ၏အသွင်အမှန် ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် စိုးရိမ်စရာမလိုတော့ပေ။ သူမသည် ရုတ်တရက်ကျိုးဟောင်အားလက်ညှိုးထိုးကာမကောင်းဆိုးဝါးလေသံဖြင့်ဆိုလိုက်သည်။

"စကားတွေအများကြီးမပြောနဲ့ မြန်မြန်ထုတ်ပေး"

ဤအချိန်တွင် ကျိုးရီထုံနှင့် ကျောက်မုန့်ရွှယ်တို့သည် သူတို့၏အသွင်အမှန်ကို ဖော်ထုတ်လိုက်ပြီဖြစ်သည်။ ဒေါသကြောင့် အမွေးထူသောနားရွက်များ ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ကျိုးဟောင်တကယ်တမ်း လူတွေခေါ်လိုက်ပါက သူမတို့မနိုင်မည်ကို စိုးရိမ်ကြသည်။ ထို့ပြင် ကျောက်စာတိုင်၏ စွမ်းအင်အရင်းအမြစ်ကို မရရှိခဲ့ပါက အထက်အရာရှိများကို ပြန်လည်တင်ပြရန် ခက်ခဲမည်ကိုလည်း စိုးရိမ်နေကြသည်။

ဤသို့တွေးပြီးနောက် ထိုနှစ်ဦးသည် ချက်ချင်းပင် ကြောက်ရွံ့စိတ်ကင်းမဲ့သွားကြသည်။

သူတို့၏အသွင်အမှန်ကို ဖော်ထုတ်ပြီးဖြစ်သည့်အတွက် အစွမ်းကုန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

"မင်းတို့က မိစ္ဆာမျိုးနွယ်စုကလား"

ကျိုးဟောင်သည် ဘာကိုမျှမကြောက်ရွံ့ပေ။ သူသည် လက်သီးကို တင်းတင်းဆုပ်ကာ မျက်မှောင်ကြုတ်လျက် သူ့ရှေ့မှ လူနှစ်ဦးကို အမူအရာတင်းမာစွာဖြင့် ကြည့်လိုက်သည်။

"တိုက်ခိုက်ချင်တယ်ပေါ့ ကောင်းပြီလေ မင်းငါတို့လက်ကနေ လွတ်အောင်ပြေးနိုင်မလား ကြည့်ကြသေးတာပေါ့"

ကျောက်မုန့်ရွှယ်နှင့် ကျိုးရီထုံတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကြည့်ပြီးသည်နှင့် ချက်ချင်းပင်ခုန်ကာ အဝေးမှကျိုးဟောင်ရှိရာသို့ပြေးဝင်လာကြသည်။

ဂါး....

သူတို့နှစ်ဦးသည် သန္ဓေပြောင်းသားရဲများသာ ထုတ်လွှတ်နိုင်သော အော်သံများကို ထုတ်လွှတ်နေကြသည်။ အထူးသဖြင့် ကျောက်မုန့်ရွှယ်၏မျက်လုံးများသည် သွေးဆာကာ ရိုင်းစိုင်းသော အမူအရာတို့ဖြင့် တဖျတ်ဖျတ်လက်နေခဲ့သည်။

"ဒီနေ့က မင်းသေရမယ့်နေ့ပဲ မင်းရဲ့အလောင်းရယ် ကျောက်စာတိုင်ရဲ့စွမ်းအင်အရင်းအမြစ်ရယ်ကို ဒီမှာထားခဲ့ရမယ်"

ကျောက်မုန့်ရွှယ်သည် ကောင်းကင်သို့မော့ကြည့်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။

ကျောက်မုန့်ရွှယ်၏ဟိန်းသံ ပျောက်ကွယ်သွားပြီးနောက် လေထဲတွင် အခြားစူးရှသောအသံတစ်ခု ပေါ်လာပြန်သည်။ ကောင်းကင်ကိုထိုးဖောက်မတတ် ကျယ်လောင်သောအသံသည် ရုတ်ခြည်းပေါက်ကွဲထွက်လာရာ လေဟာနယ်ပင် တုန်ခါသွားခဲ့သည်။

ကျိုးဟောင်သည် ရုတ်တရက် အဝေးမှ စွမ်းအင်လှိုင်းအတက်အကျကို မော့ကြည့်လိုက်သည်။ ထိုစွမ်းအင်အတက်အကျသည် အကြီးအကဲကျိတို့၏တိုက်ပွဲကြောင့် ဖြစ်ရမည်ကို သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်သည်။

ကျိုးဟောင်သည် ဤသို့မြင်သောအခါ စိတ်ပူပန်မှုများဖြင့် ပူလောင်လာသည်။ သူသည် ဤနေရာရှိကိစ္စကို အမြန်ဆုံးဖြေရှင်းပြီး အကြီးအကဲကျိကို ကူညီရန်အမြန်ဆုံးသွားချင်ပေသည်။

သို့သော် ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည် တိုက်ခိုက်ရန်ဟန်ပြင်လျက် သွားများအားဟကာ ကြမ်းကြုတ်သောမျက်နှာထားဖြင့် ကျိုးဟောင်ကို ကြည့်နေကြသည်။

"ညီမလေး ဒီကောင်လေးက လက်နက်မရှိဘူး ငါတို့ သူ့ခေါင်းကို အရင်ဆုံး ကိုက်ဖြတ်ပြီး ပြီးရင်သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ဖောက်စားကြမယ် ဘယ်လိုလဲ"

ကျိုးရိထုံသည် သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ပြုံးလျက် ဖြည်းဖြည်းချင်းပြောလိုက်သည်။

"ဟဲဟဲ အစ်ကို အဲဒါကောင်းတယ် အခုပဲ သူ့ကိုသတ်လိုက်စို့ အရင်ဆုံး သူ့ကိုစားပြီးတော့ ပြီးမှကျောက်စာတိုင်စွမ်းအင်အရင်းအမြစ်ကို ယူပြီးအစီရင်ခံဖို့ပြန်ကြမယ်"

သူတို့နှစ်ဦးသည်စကားပြောပြီးသည်နှင့် မြေပြင်မှ ချက်ချင်းခုန်ကာ မြားတစ်စင်းကဲ့သို့ ကျိုးဟောင်ဆီသို့ လျင်မြန်စွာ ပြေးဝင်လာကြသည်။

ထိုနှစ်ဦး၏ ကြမ်းကြုတ်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျိုးဟောင်သည် အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။ ခဏအကြာတွင် သူ၏မျက်နှာပေါ်၌ အေးစက်သောအပြုံးတစ်ခု ပေါ်လာပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

"သေးနုပ်တဲ့လှည့်ကွက်တွေ"

ကျောက်မုန့်ရွှယ်သည် သူမ၏နောက်ကျောမှ တစ်ပေခွဲခန့်ရှည်သောဓားကို ထုတ်ယူကာ ကျိုးဟောင်၏ခေါင်းကို လျင်မြန်စွာ ခုတ်ချလိုက်သည်။

သူမ၏ဓားသည် ကျိုးဟောင်၏ကိုယ်ခန္ဓာကို ထိလုနီးပါးဖြစ်ချိန်တွင် ကျိုးဟောင်သည်သူတို့နှစ်ဦး၏ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ချက်ချင်းပင် သူတို့၏နောက်ကျောသို့ ရောက်ရှိလာခဲ့သည်။

"သေစမ်း! ဒီကောင်စုတ်လေးက ဘာလို့ ဒီလောက်မြန်နေတာလဲ"

ကျိုးရိထုံသည် ပထမဆုံးတုံ့ပြန်လာသူဖြစ်သည်။ သူ၏မျက်နှာအမူအရာသည် ချက်ချင်းတင်းမာသွားပြီး မျက်လုံးများတွင် ထိတ်လန့်မှုများပြည့်နေကာ အော်ဟစ်လိုက်သည်။ သူသည် ကျိုးဟောင်ကို ရင်ဆိုင်ရန် ချက်ချင်းနောက်လှည့်လိုက်သည်။

သို့သော် ထိုသို့လုပ်နိုင်ရန် အချိန်မရသေးမီတွင် ကျိုးဟောင်သည်ခန္ဓာကိုယ်အားလှည့်ကာ သူတို့နှစ်ဦးကို လျင်မြန်စွာရှောင်တိမ်းပြီး သူတို့၏နောက်သို့ ထပ်မံရောက်ရှိလာသည်။

"ငါ့ကန်ချက်ကို မြည်းကြည့်လိုက်"

ကျိုးဟောင်သည် အော်ဟစ်လိုက်ပြီး ချက်ချင်းခုန်တက်ကာ ကျောက်မုန့်ရွှယ်၏ကျောကို လျင်မြန်စွာ ကန်လိုက်သည်။

"အား...."

ကျိုးဟောင်က ကျောက်မုန့်ရွှယ်၏ဝမ်းဗိုက်ကို ကန်လိုက်သောအခါ သူမသည် သွေးများအန်ထွက်လာပြီး အရှိန်ပြင်းပြင်းဖြင့် လွင့်စင်သွားသည်။

သွေးများမှာချက်ချင်းပင် စီးကျလာသည်။ ကျောက်မုန့်ရွှယ်၏မျက်နှာပေါ်တွင်လည်း မျက်ရည်များကျလာခဲ့သည်။ သူမသည် ပါးစပ်ကိုဖွင့်လိုက်သောအခါ သွားအနည်းငယ်ပင် ထွက်ကျလာခဲ့သည်။

ကျိုးဟောင်၏ကန်ချက်သည် မည်မျှပြင်းထန်ကြောင်း ထင်ရှားလှပေသည်။

"ညီမလေး"

ကျိုးရိထုံသည် ကျောက်မုန့်ရွှယ် ကိုက်ငါးဆယ်ခန့်အကွာသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသွားသည်ကို မြင်သောအခါ သူ၏မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

သူသည် အလျင်စလိုပြေးသွားပြီး ကျောက်မုန့်ရွှယ်ကို ထူပေးလိုက်သည်။ ထို့နောက် ကျိုးဟောင်ကို ကြည့်ကာ ဒေါသတကြီးဖြင့်အော်လိုက်သည်။

"ကျိုးဟောင်! မင်းအားနွဲ့တဲ့အမျိုးသမီးတစ်ယောက်ကို သနားညှာတာရမှန်း မသိဘူးလား"

"အားနွဲ့တဲ့တဲ့အမျိုးသမီးတစ်ယောက်"

ကျိုးဟောင်သည် ကျိုးရိထုံကိုကြည့်လိုက်ပြီး ရယ်စရာကောင်းသောဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်ပြီး မထီမဲ့မြင်ပြုံးလိုက်သည်။

"အဲဒါကစိတ်ဝင်စားဖို့ကောင်းသားပဲ အဲဒီစကားကဒီအခြေအနေမှာသုံးဖို့မသင့်တော်ဘူးလို့ ထင်တာပဲ"

ကျိုးရိထုံသည် ချက်ချင်းဒေါသထွက်လာကာ မျက်လုံးများသည် ဒေါသများဖြင့်ပြည့်နေပြီး ရင်ထဲမှဒေါသကို ဖိနှိပ်ကာဒေါသတကြီးဆိုလိုက်သည်။

"မင်းကောင်စုတ် ဒီလိုစကားမျိုး ပြောရဲသေးတယ်ပေါ့"

"ညီမလေး ခဏလေးစောင့်နေ ငါ ဒီလူယုတ်မာကိုသတ်ပြီး မင်းအတွက် လက်စားချေပေးမယ်"

သူစကားဆုံးသည်နှင့် ပတ်ဝန်းကျင်မှ အားကောင်းသော ဖိအားတစ်ခု ချက်ချင်းထွက်ပေါ်လာခဲ့သည်။

ကျိုးရိထုံ၏မျက်လုံးများတွင် ထူးဆန်းသောအမူအရာတစ်ခု တဖျတ်ဖျတ်လက်လာသည်။ ချက်ချင်းပင် သူ၏ကိုယ်ခန္ဓာမှ ကျားသစ်အကွက်များ ပေါ်လာသည်။ ထို့နောက် သူသည် လျင်မြန်စွာ ခုန်ဝင်လာခဲ့သည်။

ဝုန်း..... ဝုန်း...

ပေါက်ကွဲသံတစ်ခု ချက်ချင်းထွက်ပေါ်လာပြီးနောက် ကျိုးရိထုံသည်လေးမှပစ်လွှတ်လိုက်သောမြားတစ်စင်းကဲ့သို့ ကျိုးဟောင်ဆီသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။

....................................................................................

All Chapters