← Chapters

အပိုင်း ၃၁၆-၃၁၈

Vol. 22 Ch. 316-318

အပိုင်း ၃၁၆-၃၁၈

Vol. 22 Ch. 316-318

အခန်း (၃၁၆) - ထိပ်တန်းစာရင်းအားထိုးဖောက်ခြင်း! ပါရမီရှင်အားလုံးသည် ခြေနင်းတုံးသာသာ သာဖြစ်သည်!

‘ချီသွေးစွမ်းအားကို ခေါင်းတလားထဲက အမျိုးသမီးကို လွှဲပြောင်းပေးရမှာလား’

ထိုစကားကို ကြားရသောအခါတွင် လင်းဇီချန်တစ်ယောက် အသာမျက်မှောင်ကြုတ်လိုက်မိသည်။ မိမိတစ်ခါမှ မမြင်ဖူးသော ကောင်းကင်လူသားအဖွဲ့အစည်း၏တည်ထောင်သူသည် မသိနိုင်သောအကြောင်းအရာတစ်ခုသာ ဖြစ်သည်။ ရန်သူမဟုတ်လျှင် မိတ်ဆွေသာ ဖြစ်မည်။ သူမကို ချီသွေးစွမ်းအားလွှဲပြောင်းပေးကာ စည်းချိပ်ကိုဖျက်ရန် ကူညီပေးရမည်။ အနည်းငယ်မျှ အလျင်စလိုနိုင်လွန်းသည်မဟုတ်လော။ ကောင်းကင်လူသားအဖွဲ့အစည်း၏ ခေါင်းတလားထဲတွင်ရှိသူသည် မိမိစွမ်းအားများကို စုပ်ယူသွားမည့်မကောင်းကြံမည့်သူဖြစ်နေလျှင်မူ...။

စိတ်ထဲတွင်တွေးပူနေမိသဖြင့် လင်းဇီချန်က မေးလိုက်သည်။

"ဌာနမှူး ရှေးဟောင်းကြေးခေါင်းတလားထဲက ကောင်းကင်လူသားအဖွဲ့အစည်းရဲ့တည်ထောင်သူနဲ့ပက်သက်ပြီး ဘယ်လောက်သိထားလဲ။"

မိမိစိတ်ပူနေသည်ကိုသိသော လျို့ချွမ်ဝူက ပြုံးကာ ပြောလိုက်သည်။

"စိတ်ချပါ။ အဖွဲ့အစည်းရဲ့တည်ထောင်သူက ယုံကြည်စိတ်ချရပါတယ်။ သူက သမိုင်းမှာ ကျေးဇူးရှင်အဖြစ် နာမည်ရေးထိုးခံရမဲ့သူမျိုးပါ။"

"သမိုင်းမှာ နာမည်ရေးထိုးထားခံရမဲ့သူမျိုးလား"

လင်းဇီချန်သည် ထိုဖော်ပြချက်ကို စဉ်းစားနေမိသည်။ ရှေးဟောင်းခေါင်းတလားထဲမှအမျိုးသမီးသည် သမိုင်းတွင်သည့်နာမည်ကြီးပုဂ္ဂိုလ်ဖြစ်နေသည်လော။ သေချာစဉ်းစားကြည့်ပြီးနောက်တွင်မူ သမိုင်းထဲတွင် ထိုသို့သူမျိုး မရှိပေ။ ယုံကြည်ရမှုကို ဘေးဖယ်ထားကာ အစွမ်းရှိသည့် သမိုင်းထဲမှအမျိုးသမီးများကို စဉ်းစားကြည့်ပါလျှင် စိတ်ထဲတွင်ပေါ်လာသူမှာ စစ်တပ်ထဲသို့ ဖခင်ဖြစ်သူအစား လိုက်ပါသွားသည့် ဟွားမူလန်တစ်ယောက်တည်းသာ ရှိသည်။

လျို့ချွမ်ဝူက စိတ်ရှည်စွာဖြင့် ရှင်းပြသည်။

"သမိုင်းထဲမှာရေးထားတဲ့နာမည်ဆိုတာက ငါတို့သိတဲ့သမိုင်းကိုပြောတာမဟုတ်ဘူး။"

"ဒါပေမဲ့လို့ နတ်ဘုရားခေတ်မှာတော့ အမွေအနှစ်တွေအများကြီးကို မှတ်တမ်းတင်ထားခဲ့တယ်။"

"နေရာတိုင်းမှာ မသေမျိုးတွေပဲရှိခဲ့တဲ့ ခေတ်ဆိုတာ ရှိခဲ့တယ်။ ငါတို့ရဲ့လက်ရှိဒဏ္ဍာရီက နတ်ဘုရားတွေက အဲ့ကနေ ဆင်းသက်လာကြတာ။ အမှန်တရားကိုတော့ သေချာလေ့လာလို့ မရနိုင်သေးဘူးပေါ့။"

"ပြီးတော့ အဲ့ခေတ်က နားလည်ထားတာက လက်ဆင့်ကမ်းတဲ့အကြောင်းအရာက‌နေ သိတာဆိုတော့ အဲ့သမိုင်းမှတ်တမ်းတွေက ချဲ့ကားထားတာပါလို့ ဘယ်သူမှ အတည်မပြုနိုင်ဘူး။ လက်တစ်ဖက်တည်းနဲ့ ကျင်(အလေးချိန်အတိုင်းအတာ)တစ်သောင်းကျောက်တုံးကို မနိုင်တဲ့ အားကောင်းတဲ့သူကိုလည်း လက်တစ်ဖက်တည်းနဲ့တောင်တစ်တောင်ကို မနိုင်တယ်ဆိုပြီး ဖော်ပြထားတာလည်း ဖြစ်နိုင်တာပဲ။"

"...."

ထိုအကြောင်းကို နားထောင်ရင်းဖြင့် လင်းဇီချန်က ပြောသည်ကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရှေးခေတ်ကာလများတွင် ပညာဗဟုသုတကန့်သတ်ချက်အရ လူများစွာသည် ကိစ္စများကို ဖော်ပြရာ၍ လွန်စွာချဲ့ကားလွန်းတတ်ကြသည်။ တောင်ပေါ်သို့တက်၍ စပါးအုံမြွေတစ်‌ကောင်သတ်နိုင်သောသူကိုလည်း ကြောက်စရာကောင်းသည့်မီတာရာချီရှည်သည့်နဂါးကြီးကို သတ်နိုင်သည်ဟု ချဲ့ကားပြောကြပေမည်။ ထိုသို့ဆိုလျှင် သာမန်အမဲလိုက်သမားသည် ပုံပြင်များထဲမှ အားကောင်းသောနဂါးနှိမ်နင်းသူအဖြစ် ပြောင်းလဲသွားသည်။

"နတ်ဘုရားခေတ်ကို ပြောပြီးပြီဆိုတော့ ခေါင်းတလားထဲက ကောင်းကင်လူသားအဖွဲ့အစည်းတည်ထောင်သူအကြောင်းကို ပြန်သွားကြရအောင်။"

လျို့ချွမ်ဝူသည် သူ၏ ဘယ်ရီလက်ဖက်ရည်လေးကို တစ်ကျိုက်သောက်၍ ဆက်ပြောလိုက်သည်။

"ငါငယ်ငယ်တုန်းက ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ကျွမ်းကျင်ရှေးဟောင်းသုတေသနပညာရှင်လည်း ဖြစ်ခဲ့တာ။"

"အဲ့တုန်းကဆို နတ်ဘုရားခေတ်က အကြွင်းအကျန် (၃၈)ခုကို ရှာတွေ့ခဲ့တယ်။"

"အဲ့ထဲက ရှစ်ခုက ကောင်းကင်လူသားအဖွဲ့အစည်းရဲ့တည်ထောင်သူအကြောင်းကို ပြောထားတာ။"

"အဲ့ကနေတစ်ဆင့်သိခဲ့ရတာက သူ့နာမည်က ချီချင်းမော့။ ပြီးတော့ သူက အချစ်နတ်ဘုရားလေးဆိုပြီးလည်း နာမည်ကြီးတယ်။"

"သူ့ကို ဘာလို့ အချစ်နတ်ဘုရားလို့ခေါ်တာလဲဆိုတော့ သူက အခြားနတ်ဘုရားတွေနဲ့မတူလို့ပဲ။ အခြားနတ်ဘုရားတွေကတော့ သေမျိုးတွေကို ပုရွက်ဆိတ်သာသာပဲ ဆက်ဆံကြတယ်။ ဒါပေမဲ့ သူကတော့ သေမျိုးတွေကို သူ့ဆွေမျိုးလိုပဲဆက်ဆံပေးတယ်။ သေမျိုးလောကက ငတ်မွတ်ခေါင်းပါးမှုကို ခံစားရတော့ သူက သေမျိုးတွေကို အသားထောက်ပံ့ပေးဖို့ အမဲလိုက်ပေးခဲ့တယ်။ သေမျိုးတွေ ရေကြီးတာနဲ့ကြုံတော့ သူက ရေကြီးတာကို လမ်းလွှဲပေးဖို့ တူးမြောင်းတွေ ဖန်တီးပေးခဲ့တယ်။ သေမျိုးတွေကို အဆင့်မြင့်နတ်ဘုရားတွေက ဖိနှိပ်တော့ သူက ဝင်တားပေးခဲ့တယ်။ အားနည်းတဲ့သေမျိုးတွေကို မသေမျိုးလမ်းစဉ်ကျင့်ကြံပြီးနတ်အစွမ်းရစေဖို့အတွက် သွေးသန့်စင်ခြင်းကျင့်စဉ်ကို ဖန်တီးခဲ့ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းဆိုတဲ့နည်းလမ်းကို အစပျိုးခဲ့တယ်။ အဲ့ဒါကြောင့် မသေမျိုးလမ်းစဉ်ဆိုတာက ခုလက်ရှိခေတ်မှတော့ သာမန်လူ့အသက်ကနေ နတ်ဘုရားဖြစ်အောင် ဆင့်ကဲပြောင်းလဲလို့ရမဲ့လမ်းစဉ်ပဲ။"

"...."

မသေမျိုးလမ်းစဉ်လော

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နတ်ဘုရားဖြစ်လာရန်လော

သေမျိုးများလော

လင်းဇီချန်သည် လျို့ချွမ်ဝူ၏ရှင်းပြချက်ကြောင်း စဉ်းစားနေရပြန်သည်။ မကြာခင်တွင်ပင် မေးလိုက်၏။

ဌာနမှူး ခုနကပြောတဲ့ မသေမျိုးနတ်ဘုရားတွေနဲ့ သေမျိုးတွေဆိုတာက မူလမြေနဲ့ ကမ္ဘာမြေတို့နဲ့များ ဆက်စပ်နေတာလား။"

ထို့နောက်တွင် ထပ်ပေါင်းပြောလိုက်၏။

"ကျွန်တော်ဆိုလိုတာက သေမျိုးဆိုတာက ကမ္ဘာသားတွေကိုပြောတာဖြစ်ပြီး မသေမျိုးနတ်ဘုရားဆိုတာက မူလမြေကသက်ရှိတွေကို ပြောတာလား။ မဟုတ်ရင် တိတိကျကျပြောရရင် မူလမြေက အခြားလူသားတွေကို ခေါ်တာလား။"

လျို့ချွမ်ဝူက ခေါင်းခါပြလိုက်သည်။

"ငါလည်းတစ်ခါကအဲ့လိုမျိုး စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့လိုမဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။"

"ကမ္ဘာမြေနဲ့ မူလမြေက မတူညီတဲ့ကမ္ဘာနှစ်ခုပဲ။"

"ဒါပေမဲ့လို့ မှတ်တမ်းတွေအရဆိုရင် သေမျိုးနဲ့ မသေမျိုးနတ်ဘုရားတွေက တူညီတဲ့ကမ္ဘာတစ်ခုတည်းမှာပဲနေကြပြီး သူတို့ကြားကပိုင်နက်က ရှင်းလင်းတဲ့မြေမျက်နှာသွင်ပြင်ခြားနားတာမျိုးမရှိဘူး။"

"...."

ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်က အနည်းငယ်မျှ ခေါင်းရှုပ်သွားရသည်။ မူလမြေနှင့်ကမ္ဘာမြေကြားမှပက်သက်ဆက်နွယ်မှုသည် မိမိထင်ထားသည်ထက် ရှုပ်ထွေးနေသည်။ မူလမြေသည် ဆန်းကြယ်သောအရာများ၊ မသိနိုင်သောအရာများဖြင့်ပြည့်နှက်နေပြီး အခြားသောစကြာဝဠာတစ်ခုဟုသောသဘောမျိုးပင် ဖြစ်၏။

လျို့ချွမ်ဝူက ဆက်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကောင်းကင်လူသားအဖွဲ့အစည်းမှာရှိတဲ့ ရှေးခေါင်းတလားထဲကသူက လူကောင်းပါ။ အများကြီးစိတ်ပူနေစရာမလိုပါဘူး။"

"မင်းတကယ်စိတ်ပူတယ်ဆိုရင် သွေးသန့်လူသားခန္ဓာကိုယ်နဲ့ အဆင့်မြင့်သက်ရှိဖြစ်အောင် ဆင့်ကဲပြောင်းလဲပြီး အဲ့ခေါင်းတလားထဲကို ချီသွေးလွှဲပြောင်းပေးလိုက်ပေါ့။ မင်းနဲ့အတူလုပ်ဖို့ အားကောင်းတဲ့သူတွေကိုလည်း ရှာထားတယ်။ စိတ်ချရအောင်လို့ပါ။"

"ပြီးတော့ ငါမင်းကို ဝီချက်ကနေ အဲ့ခေါင်းတလားနဲ့ပက်သက်ပြီး ပုံဆယ်ပုံမက ပို့လိုက်တာ။ အိမ်မှာ အချိန်ရှိရင် တစ်ချက်လောက်ကြည့်ကြည့်ဦး။"

"...."

လင်းဇီချန်က ပြောလိုက်သည်။

"ဌာနမှူး ကျွန်တော် အဲ့ရှေးဟောင်းကြေးခေါင်းတလားကို ကြည့်ကြည့်ချင်တယ်။"

"ရှေးဟောင်းကြေးခေါင်းတလားက အိပ်နေတဲ့အချိန်မျိုးဖြစ်နေတယ်။ ခေါင်းတလားက မီးခိုရောင်ပြောင်းသွားရင် ချည်းကပ်လာတဲ့သူရဲ့ဝိညာဉ်ကို အန္တရာယ်ဖြစ်စေတယ်။ အစိမ်းရောင်ဖြစ်နေမှပဲ အနားကပ်လို့ရတယ်။ လတ်တလောက အိပ်နေတာဆိုတော့ လနည်းနည်းလောက်ကြာမှ အစိမ်းရောင်ပြောင်းမှာ။ အဲ့ကျမှမင်းကြည့်ဖို့ ခေါ်သွားပေးမယ်။" အခုတော့ ဓာတ်ပုံတွေနဲ့ပဲ ကျေနပ်လိုက်ဦး။"

ထိုသို့ပြောကာ လျို့ချွမ်ဝူက လင်းဇီချန်ကို ဝီချက်မှ ပုံအချို့ပို့လိုက်သည်။ လင်းဇီချန်က ချက်ချင်းပင် ပို့လာသောပုံများကို ဖွင့်ကြည့်လိုက်၏။ ထိုပုံများမှတစ်ဆင့် တွေ့လိုက်ရသည်မှာ ကျောက်ခေါင်းတလားကြီးတစ်ခုသာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သည်ကလွဲ၍ အခြားဘာမှမရှိပေ။

အခန်း (၃၁၇) - ထိပ်တန်းစာရင်းအားထိုးဖောက်ခြင်း! ပါရမီရှင်အားလုံးသည် ခြေနင်းတုံးသာသာ သာဖြစ်သည်! (၂)

တစ်ချက်ခန့်ကြည့်လိုက်ပြီးနောက်တွင် ကြည့်နေသည်ကို ရပ်လိုက်သည်။ လအနည်းငယ်ကြာပြီးနောက် ခေါင်းတလားက အစိမ်းရောင်ပြောင်းသွားသောအခါတွင် လျို့ချွမ်ဝူပြောသောကိစ္စကို စစ်ဆေးကြည့်ရမည်ဖြစ်သည်။

.....

နောက်တွင်မူ လင်းဇီချန်သည် လျို့ချွမ်ဝူနှင့်အတူ ခေါင်းတလားထဲမှ ကောင်းကင်အဖွဲ့အစည်းတည်ထောင်သူအကြောင်းကို ဆက်ပြောနေကြသည်။ တစ်နာရီကျော်မျှပြောဆိုကြပြီးနောက်တွင် အတော်လေးပြောပြီးသွားကြသဖြင့် လင်းဇီချန်တစ်ယောက် ဓာတ်ခွဲခန်းထဲမှ ပြန်လာကာ ဧည့်ခန်းထဲသို့ဆင်းလာပြီး လျို့ချွမ်ဝူပို့သောပုံများကို ထပ်ကြည့်ပြန်သည်။ ပုံထဲတွင်ပါသည့်အကြောင်းအရာများသည် ကောင်းကင်လူသားအဖွဲ့အစည်း၏တည်ထောင်သူအကြောင်းကို ရေးသားထားသောမှတ်တမ်းများဖြစ်ပြီး အားလုံးကို ထိုကာလမှ ရှေးခေတ်အသုံးအနှုန်းများဖြင့် ရေးထားခြင်းဖြစ်ကာ သွေးသန့်ခြင်းကျင့်စဉ်တွင် ရေးထားသည့်စကားလုံးများဖြင့်တူသည်။ လင်းဇီချန်သည် ထိုရေးသားနည်းကို သင်ယူထားပြီးဖြစ်သဖြင့် ရေးထားသောအကြောင်းအရာကို နားလည်သည်။ သေချာလေ့လာပြီးနောက်တွင် လျို့ချွမ်ဝူပြောသကဲ့သို့ ထိုခေါင်းတလားပေါ်တွင် ရေးထားသည်မှာ သေမျိုးများအတွက် အချစ်နတ်ဘုရားဟု ရည်ရွယ်ထားသောစကားလုံးမျိုးဖြစ်ပေသည်။

....

တစ်နာရီခန့်ကြာပြီးနောက်တွင် နောက်ကျနေသည်ကိုတွေ့သဖြင့် သုတေသနတက္ကသိုလ်တွင် ဆက်မနေတော့ဘဲ ရှန်ချင်းဟန်ဖြင့် ညစာစားရန် အိမ်သို့ ပြန်လာခဲ့သည်။ ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့နှစ်ဦးသား ထွက်သွားသည်ကိုကြည့်၍ လျို့ချွမ်ဝူက စုန့်ယွီယန်ကို ပြောလိုက်သည်။

"ယွီယန် မင်းလည်းမငယ်တော့ဘူး။ အခုဆို သုံးဆယ်နားတောင်နီးပြီ။ မြန်မြန် ယောက်ျားတစ်ယောက်ကိုရှာပြီး လက်ထပ်ဖို့ဆွေးနွေးသင့်နေပြီ။"

စုန့်ယွီယန်ကမူ လက်ခါပြလိုက်၏။

"မရှာဘူး။ ယောက်ျားရှာတာက ကျွန်မအာရုံစိုက်ထားတာကို ပျံ့နှံ့စေတယ်။ ကျွန်မရဲ့အင်အားကို သွေးသန့်လူသားလမ်းစဉ်အတွက်ပဲ အသုံးချချင်တာ။"

လျို့ချွမ်ဝူတစ်ယောက် ပြောစရာစကားပျောက်ဆုံးသွားသည်။

"သုတေသနလုပ်ဖို့ လူလွတ်ဖြစ်နေရမယ်လို့ မင်းကို ဘယ်သူကပြောလဲ။"

"ကျွန်မနဲ့ ဇီချန်ကိုပဲ ကြည့်လေ။ ဘယ်သူက လူလွတ်လဲ။"

"ငါကတော့ ညတိုင်း မတူတဲ့မိန်းမတစ်ယောက်ဆီနဲ့ ချွေးသိပ်နေရတာဆိုတော့ နေ့ဘက်ဆိုရင်တော့ သုတေသနလုပ်ပြီး ရလဒ်ရှာနိုင်‌သေးတာပဲ။"

"..."

စုန့်ယွီယန်သည် စည်းရုံး၍ရသည့်သူမျိုးမဟုတ်ပေ။

"တစ်ကိုယ်တည်းဖြစ်တာက လွတ်လပ်ပြီး အထိန်းအချုပ်မရှိဘူး။ အခြားတစ်ယောက်ရဲ့ခံစားချက်ကို ထည့်စဉ်းစားနေစရာမလိုဘူး။ ကျွန်မတော့ တစ်ကိုယ်တည်းသမားဖြစ်ရတာပဲ ကြိုက်တယ်။ တစ်သက်လုံးတစ်ယောက်တည်းပဲနေသွားမယ်။"

လျို့ချွမ်ဝူက ပြောလိုက်သည်။

"မင်းငယ်တုန်းက ယောက်ျားရှာမထားဘူးဆိုရင် အသက်ကြီးသွားမှာ ရှာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ တစ်သက်လုံးတစ်ယောက်တည်းပဲ နေသွားရလိမ့်မယ်။"

"ဂရုမစိုက်ဘူး။ တစ်သက်လုံးတစ်ယောက်တည်းပဲနေမယ်။"

"ထားတော့။ မင်းကို စည်းရုံးလို့ရမှာမဟုတ်ဘူး။"

လျို့ချွမ်ဝူက ခေါင်းခါပြပြီး သူမနှင့် ထိုအကြောင်းကိုဆက်ပြီးမဆွေးနွေးချင်သောကြောင့် ထွက်သွားတော့သည်။ စုန့်ယွီယန်က တစ်သက်လုံးတစ်ယောက်တည်းနေမည်ဟု ပြောသောအခါတွင် ခေါင်းမာသောသမီးဖြစ်သူကို သတိရသွားသဖြင့် အနည်းငယ်မျှ ဝမ်းနည်းမိသွားသည်။ သမီးဖြစ်သူ အသက်ရှိစဉ်ကလည်း တစ်ယောက်တည်းသာနေချင်ကြောင်း၊ ယောက်ျားများကို စိတ်မဝင်စားကြောင့် ပြောပြတတ်၏။

ည (၁၁) နာရီတွင်မူ လင်းဇီချန်သည် သွေးသန့်စင်ခြင်းကျင့်စဉ် ကျင့်ပြီးသောအခါ၌ ရေနွေးဖြင့်ရေချိုးကာ ဖုန်းကြည့်၍ အိပ်ရာဝင်တော့သည်။ ယဲ့ရုန်ရှန်း၏အတွင်းရေးမှူးပို့ထားသည့် ဂြိုလ်သားအတန်းပါရမီရှင်များစာရင်းကို တစ်ချက်ကြည့်ကြည့်သည်။ ထိုစာရင်းတွင် နာမည် (၂၈) ခုပါသည်။ နာမည်တစ်ခုချင်းစီအောက်တွင် ထိုသူများအောင်မြင်မှုများကို အတိုချုံးရေးထားသည်။

....

အမည် - ကျောက်ချင်းရှန်

အသက် - (၂၆) နှစ်

အောင်မြင်မှုများ - (၁) သခင်အဆင့်ပထမတန်းစားမိုးကြိုးတိမ်တိုက်သားရဲကိုသတ်ခဲ့သည်။

(၂) အဆင့်မြင့်နဝမအဆင့်အဆိပ်မြွေကို တစ်ဦးတည်းသတ်ခဲ့သည်။

(၃) သခင်အဆင့်တိုက်ခိုက်သူများစွာလိုက်သည်မှာ အောင်မြင်စွာလွတ်မြောက်လာခဲ့သည်။

အမည် - ဖုကျုံး

အသက် - (၂၄) နှစ်

အောင်မြင်မှုများ - (၁) အဆင့်မြင့်သတ္တမအဆင့်လူသားမျက်နှာမိစ္ဆာပင့်ကူကို တစ်ဦးတည်းသတ်ခဲ့သည်။

(၂) အဆင့်မြင့်သတ္တမအဆင့်ယင်ဓာတ်သက်ရှိကို တစ်ဦးတည်းသတ်ခဲ့သည်။

အမည် - လော့ချန်းရွှယ်

အသက် - (၁၉) နှစ်

အောင်မြင်မှုများ - (၁) သေမင်းတမန်နှင်းတောင်ကြားကို တစ်ဦးတည်းရင်ဆိုင်ခဲ့သည်။

(၂) နှင်းဂိုဏ်းမှ အဆင့်မြင့်ပဥ္ဇမအဆင့်တပည့်ကို တစ်ဦးတည်းသတ်ခဲ့သည်။

(၃) သခင်အဆင့်ပထမတန်းစားရေခဲကျောက်ကျားကို ဒဏ်ရာအပြင်းအထန်ရစေသည့်ထောင်ချောက်တစ်ခုကို ဒီဇိုင်းဆွဲခဲ့သည်။

....

လင်းဇီချန်သည် ထိုသူများအောင်မြင်မှုများကိုကြည့်ကာ အံ့ဩသွားရသည်။ အားလုံးသည် အသက်သုံးဆယ်မကျော်ကြသေးဘဲ အင်အားက ထိုမျှကောင်းကြသည်လော။ အထူးသဖြင့် လော့ချန်းရွှယ်ပင်ဖြစ်သည်။ အသက် (၁၉) နှစ်သာ ရှိသေးသော်လည်း အဆင့်မြင့်ပဥ္ဇမအဆင့်တိုက်ခိုက်သူကို တစ်ဦးတည်းသတ်နိုင်ခဲ့သည်။ မည်သို့သောမကောင်းဆိုးဝါးပေနည်း။ ဟန်ဟန်၏မွေးစားစီနီယာအစ်မသည် ထိုမျှပင် အားကောင်းသည့်ပါရမီရှင်ပေလော။ လင်းဇီချန်၏စိတ်ခံစားချက်များက မြင့်တက်ာကာ တည်ငြိမ်သွားအောင် အတော်လေးအချိန်ယူလိုက်ရသည်။

သို့သော် အခြားတွေးမိသည်မှာ မိမိသည် ဆင်းရဲသောနောက်ခံမှလာခြင်းဖြစ်ပြီး အမြဲပင် အရင်းအမြစ်နည်းသောကမ္ဘာပေါ်တွင် နေထိုင်ခဲ့သည်။ ထို့အပြင် သွေးသန့်လူသားလမ်းစဉ်ကိုလိုက်၍ သွေးမျိုးဆက်စွမ်းအားအဆင့်ကန့်သတ်ချက်ကလည်း ရှိသေးသည်။ ကန့်သတ်ချက်များ များသော်လည်း လော့ချန်းရွှယ်ကဲ့သို့ ထိပ်တန်းအဆင့်ပါရမီရှင်ကို ယှဉ်နိုင်သေးသည်။ မိမိသည်သာ မူလမြေသို့သွား၍ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များရလျှင် အင်အားကလည်း တဖြည်းဖြည်းဖြင့် တိုးမြင့်လာမည်ဖြစ်၏။ ထို့ထက်ပိုမည်မှာ သေချာပေသည်။

"မူလမြေ..."

"ငါမူလမြေကို သွားကိုသွားရမယ်...."

"တတ်နိုင်သမျှမြန်မြန် အဲ့ကိုသွားဖို့လိုပြီ။"

လင်းဇီချန်သည် အလျင်စလိုဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ညမအိပ်ခင်တွင် ထိုဂြိုလ်သားအတန်းပါရမီရှင်စာရင်းကိုမတွေ့ခင်ကမူ ကမ္ဘာပေါ်တွင် ဖြည်းဖြည်းချင်းဆင့်ကဲပြောင်းလဲသွားသည်က ကောင်းမွန်သောချည်းကပ်မှု ထင်ခဲ့သည်။ သို့သော် ယခုတွင်မူ ထိုစာရင်းမှ ကြောက်စရာကောင်းလှ‌သောစွမ်းအားပိုင်ရှင်များကို မြင်မိသည့်အခါ၌ အရှိန်မြှင့်တင်ရန် လိုအပ်ပြီဖြစ်ပြီး မိမိ၏ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းကို တိုးတက်အောင်ကြံဆောင်ရပေတော့မည်။

"ပြီးတော့ ငါ့အတွက်ငါ နာမည်ကောင်းတစ်ခုရဖို့ သေချာအစီအစဉ်ဆွဲရတော့မယ်။"

"ကျောင်းကနေ စလိုက်ကြတာပေါ့။"

"ကျောင်းကလဝက်အတွင်း ဖွင့်တော့မှာဆိုတော့ ထိပ်ဆုံးအဆင့်ကလူတွေကို စိန်ခေါ်ပြီး ကျောင်းသားဟောင်းတွေအကုန်လုံးကို ကျော်တက်ရမယ်။ ကျောင်းသားကြီးတွေကို ခြေနင်းတုံးလုပ်ပြီး တက်သွားရင် အဲ့စာရင်းမှာပါဖို့ စံချိန်စံနှုန်းတစ်ခုရှိသွားမယ်။"

လင်းဇီချန်သည် ထိုနာမည်စာရင်းကို ငေးကြည့်ကာ မိမိဘာသာနာမည်ကောင်းတစ်ခုထွက်အောင်လုပ်မည့်အစီအစဉ်ကို ရေးဆွဲနေလေသည်။

ထိုအချိန်တွင် ရှန်ချင်းဟန်၏အသံကို ကြားလိုက်ရသည်။

"ရှောင်ချန် ဘာလို့ တံခါးကို ပိတ်ထားရတာလဲ။"

သူမသည် ရေချိုးပြီးသည်နှင့် ဆံပင်အခြောက်ခံကာ လင်းဇီချန်နှင့်အတူတူ အိပ်ရန် ရောက်လာခြင်းဖြစ်သည်။ အသံကြားသောကြောင့် လင်းဇီချန်က ဖုန်းကိုချ၍ အိပ်ရာမှထကာ သူမအတွက် တံခါးဖွင့်ပေးလိုက်သည်။

"ကျွီ...."

တံခါးပွင့်သွားသောအခါတွင် ပန်းပွင့်များပါသည့်အပြာရောင်ညအိပ်ဂါဝန်ဝတ်ထားပြီး ချစ်စရာကောင်းနေသည့် ရှန်ချင်းဟန်ကို တွေ့လိုက်ရသည်။

"မတော်မဆ ပိတ်မိသွားတာဖြစ်မယ်။"

လင်းဇီချန်က ရှန်ချင်းဟန်ကို ပြောလိုက်သည်။ ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး

"ငါသိပြီ။"

ထို့နောက်တွင် သူမသည် အခန်းထဲသို့ဝင်လာ၏။ လင်းဇီချန်၏အိပ်ရာဘေးတွင် ဝင်ထိုင်ကာ သူမက ပြောလိုက်၏။

"ရှောင်ချန် သုတေသနတက္ကသိုလ်က အစ်မယန်က တကယ်ကို စိတ်အားထက်သန်တာပဲ။ သူစိတ်အားထက်သန်လွန်းလို့ ငါနဲ့ပက်သက်ပြီး မသင့်တော်တဲ့အတွေးမျိုးတောင် မွေးမိသွားတယ်။"

"ဘာကိုဆိုလိုတာလဲ။"

လင်းဇီချန်က တံခါးကိုပိတ်ပြီး ရှန်ချင်းဟန်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရှန်ချင်းဟန်က အသာမျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"သူက ကျွန်မလက်ကို ကိုင်ရတာကို ကြိုက်တယ်လေ။ ကျွန်မလက်ကိုအမြဲထိနေလို့ စွဲလမ်းနေသလားလို့တောင်ထင်ရတယ်။ မိန်းမချင်းစိတ်ဝင်စားတဲ့သူလို့ထင်လိုက်တာ။"

လင်းဇီချန်က ရယ်လိုက်မိပြီး

"မင်းသူ့ကို အထင်လွဲနေတာဖြစ်မယ်။ သူက မိန်းမချင်းစိတ်ဝင်စားတဲ့သူမဟုတ်ပါဘူး။"

"ငါ တက္ကသိုလ်မှာရှိတုန်းက သူ့ဖုန်းထဲမှာ ချောတဲ့ယောက်ျားလေးတွေကို လိုက်ကြည့်နေတာတွေ့တယ်။ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုက ပုံမှန်ပါပဲ။ ငါထင်တာတော့ နင့်ရဲ့အသားအရေက ကောင်းလွန်းတော့ နင့်လက်ကိုကိုင်ရတာကလည်း အရမ်းကောင်းလို့ ထိချင်နေတာဖြစ်မှာပါ။ စပ်စုချင်နေတာဖြစ်မယ်။"

"သူ့ရဲ့စပ်စုတဲ့စိတ်ပျောက်သွားတာနဲ့ မိန်းမချင်းကြိုက်နေသလိုမျိုး နင့်လက်ကို ထပ်ထိမှာမဟုတ်တော့ဘူး။"

"...."

"အဲ့လိုလား။"

ရှန်ချင်းဟန်က မျက်တောင်လေးခတ်၍ ပြောလိုက်သည်။ လင်းဇီချန်က ပြန်ဖြေလိုက်၏။

"သေချာတာ‌‌ပေါ့။"

ရှန်ချင်းဟန်က ပျော်သွားဟန်ဖြင့် မေးလိုက်သည်။

"ငါ့လက်ကို တကယ်ပဲ အဲ့လောက်ကိုင်လို့ကောင်းလား။"

"အဲ့လောက်ကိုမဟုတ်ဘူး။ အရမ်းကိုကောင်းတာ။"

"တကယ်လား"

"ဒါပေါ့။ လက်တင်ကိုင်လို့ကောင်းတာမဟုတ်ဘူး။ မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက အရမ်းကိုင်လို့ကောင်းတယ်။ လွန်ဆန်လို့မရနိုင်ဘူး။"

"အဲ့လိုဆို ငါနင့်ကို နေ့တိုင်း ကိုင်ခိုင်းမယ်ဆိုရင်ရော။ ဘယ်လိုလဲ။"

သူမသည် လင်းဇီချန်ကို ကျီစယ်သောအကြည့်မျိုးဖြင့်ကြည့်၍ အိပ်ရာထက်သို့ တွန်းလွှတ်လိုက်ကာ အမူအရာက ကျီစယ်နေဟန်ပေါ်သည်။ လင်းဇီချန်ကမူ သူမ၏မျက်နှာလေးကသာသာလေးထိ၍ သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါနင့်ကို နေ့တိုင်းထိနေတာပဲလေ။ ဘယ်အချိန်တုန်းကများ မထိဘဲနေလို့လဲ။"

ရှန်ချင်းဟန်က သူမ၏ဖိနပ်ပါးများကို ကန်၍ချွတ်လို်ကကာ တင်ပါးလေးကိုနောက်ဆုတ်၍ လင်းဇီချန်လက်ထဲသို့ ခြေထောက်ဆန့်ပေး၍ ပြောလိုက်၏။

"ရှောင်လင်းဇီ ဒီမင်းသမီးကို ခြေထောက်နွေးအောင် လုပ်ပေးပါဦး။"

လင်းဇီချန်က သူမ၏တင်ပါးလေးကိုဆိတ်၍ ရယ်လိုက်၏။

"ငါ့ကို ရှောင်လင်းဇီလို့ ခေါ်နေတုန်းပဲပေါ့လေ။ ခေါ်ရတာစွဲလမ်းနေတာလား။ အရင်တစ်ခေါက်က သင်ခန်းစာပေးထားတာ မလုံလောက်သေးဘူးပေါ့လေ။"

"ဒါပေမဲ့ နင်က လင်းဇီပဲလေ။ ငါက အဲ့လိုပဲခေါ်ချင်တာ။"

လင်းဇီချန်က ရှန်ချင်းဟန်ညအိပ်ဂါဝန်ကိုမတင်၍ သင်ခန်းစာပေးတော့သည်။ ရှန်ချင်းဟန်ကမူ ကျေနပ်နေ၏။

"တော်တော့ ဒယ်ဒီ။ ငါမှားသွားပါတယ်။ ရှောင်လင်းဇီလို့ ထပ်မခေါ်တော့ပါဘူး။"

"လင်းဇီချန် အခုကစပြီး လင်းဇီချန်လို့ ခေါ်ပါ့မယ်။ ဟုတ်ပြီလား။ ရှောင်မပါတော့ မိန်းမစိုးမဟုတ်တော့ဘူးလေ။"

"ကောင်းပြီ လောင်ချင်းဟန် ကိစ္စမရှိဘူး လောင်ချင်းဟန်။"

"ဘာကို လောင်ချင်းဟန်လဲ (လောင်ကအသက်ကြီးတာကိုဆိုလိုတာပါ)။ ဆိုးလိုက်တာ။ ငါ့ကို အချစ်ကလေးချင်းဟန်လို့ပဲခေါ်"

ရှန်ချင်းဟန်က ချွဲနွဲ့၍ ပြောလိုက်သည်။

"အချစ်ကလေး ချင်းဟန် အခုကျေနပ်ပြီလား။"

"ကျေနပ်ပါပြီ ဒယ်ဒီ။"

ရှန်ချင်းဟန်တစ်ယောက် ကျေနပ်သွားလေတော့၏။

အခန်း (၃၁၈) - ပိုင်ရွှယ်က ဂြိုလ်သားလား

အချိန်သည် လျင်မြန်စွာကုန်ဆုံးနေကာ မျက်စိတစ်မှိတ်အတွင်းပင် လဝက်ကုန်သွားသည်။ ရှန်ဟိုင်းတက္ကသိုလ်၏ဆောင်းရာသီအားလပ်ရက်လည်း ကုန်သွားပြီဖြစ်ပြီး စာသင်နှစ်ဝက်တစ်ခုသည် မနက်ဖြန်တွင် စတင်တော့မည်ဖြစ်သည်။ လဝက်အတွင်းတွင်ပင် လင်းဇီချန်သည် သူ၏အချိန်အများစုကို သုတေသနတက္ကသိုလ်တွင် ကုန်ဆုံးပြီး ရှန်ချင်းဟန်နှင့်အတူ မနက်ပိုင်း၊ မွန်းလွဲပိုင်းနှင့် ညပိုင်းများတွင် သွေးသန့်စင်ခြင်းကျင့်စဉ်ကို လေ့ကျင့်တတ်သည်။

ထိုအချိန်တွင် ကွာထားသောလင်မယားအတွဲဖြစ်သည့် လင်းဇီချန်နှင့် လျို့ချွမ်ဝူကမူ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့အတွက် သွေးသန့်စင်ခြင်းကျင့်စဉ်လေ့ကျင့်ရန်အတွက် ချီသွေးများအားကောင်းအောင် အရင်းအမြစ်များ ထောက်ပံ့ပေးကြသည်။ လျို့ချွမ်ဝူကမူ ချို့တဲ့သောကြောင့် အများဆုံးအနေဖြင့် ပြန်လည်သက်ဝင်ဆေးလုံးလောက်ကိုသာ ထောက်ပံ့ပေးနိုင်သည်။ ယွမ်သုန်ကျီကမူ မတူပေ။ သူမနောက်တွင် အားကောင်းသောနန်ကျန်းယွမ်မိသားစုရှိသဖြင့် အတိုင်းအဆမရှိကြွယ်ဝချမ်းသာကာ အိမ်တစ်လုံးစာခန့်အထောက်အပံ့များ ပေးနိုင်သည်။ နှစ်ရာချီဂျင်ဆင်း၊ ရသာခြောက်မျိုးအားဖြည့်သစ်သီး၊ သွေးသောက်မိစ္ဆာပန်းပွင့်နှင့် အခြားသောတန်ဖိုးကြီးဆန်းကြယ်ပန်းပင်များနှင့်အသီးများ၊ အားလုံးကို ငွေကအဓိကမကျသကဲ့သို့ ထိုနှစ်ဦး၏လက်ထဲသို့ ထည့်ပေးထားသည်။ မသိသည်ဆိုလျှင် အေးတိအေးစက်ဖြင့် မတွယ်ငြိတတ်သောမိန်းမလှလေးက ထိုနှစ်ဦး၏အမေဟု ထင်မိပေမည်။

၎င်းတို့၏အားထုတ်မှုကို မြှင့်တင်ပေးရန် အရင်းအမြစ်များစွာ ထောက်ပံ့ပေးထားကြသဖြင့် လင်းဇီချန်နှင့်ရှန်ချင်းဟန်သည်လည်း စာသင်နှစ်ဝက်မစခင်တွင်ပင် ခန္ဓာကိုယ်သန့်စင်ကာ ဖြတ်ကျော်နိုင်ခဲ့သည်။ လင်းဇီချန်၏အောင်မြင်မှုသည် ခန္ဓာကိုယ်သန့်စင်ခြင်းစတုတ္ထအဆင့်တွင်ဖြစ်ပြီး ချီသွေးက ပို၍အားကောင်းလာကာ အဆင့်မြင့်တတိယအဆင့်ဖြင့် ယှဉ်နိုင်သည်။ ရှန်ချင်းဟန်၏ခန္ဓာကိုယ်သန့်စင်ခြင်းသည် ဒုတိယအဆင့်သန့်စင်ပြီးမြောက်ထားခြင်းဖြစ်ကာ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံဆဌမအဆင့်မှ အခြေခံအဌမအဆင့်သို့ ရောက်သွားကာ တစ်ခါတည်းဖြင့် နှစ်ဆင့်ခုန်တက်သွားခြင်းဖြစ်သည်။

....

စာသင်နှစ်ဝက်မစခင် ညနေခင်း (၇:၄၅)တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကျောင်းပရဝုဏ်လမ်း၌ အပျင်းပြေလမ်းလျှောက်နေကြကာ စီမံခန့်ခွဲရေးအဆောက်အဦးရှိ ယွမ်သုန်ကျီ၏ရုံးခန်းဆီသို့ သွားနေကြခြင်းဖြစ်သည်။ ရှန်ချင်းဟန်၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံအဌအဆင့်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကလည်း တိုးတက်လာသောကြောင့် တတိယမြောက် ရေဓာတ်ဆန်းကြယ်သားရဲဖြင့် ပေါင်းစပ်မည်ဖြစ်သည်။ အချို့သောအကြောင်းများကြောင့် ယွမ်သုန်ကျီသည် သူမအတွက် လွန်စွာတန်ဖိုးရှိသောရေလိပ်ပြာမျိုးရိုးဗီဇဓာတ်စမ်းပစ္စည်းကို ပြင်ဆင်ထားပေးသည်။ ရေလိပ်ပြာသည် ရေထဲတွင်နေသော ဆန်းကြယ်သားရဲတစ်မျိုး ဖြစ်သည်။ အမှန်တွင်လိပ်ပြာမဟုတ်ဘဲ အသွင်အပြင်က လိပ်ပြာနှင့်တူနေသောကြောင့် ရေလိပ်ပြာဟု ခေါ်ခြင်းဖြစ်သည်။ ထိုဆန်းကြယ်သားရဲသည် ဝိညာဉ်စွမ်းအင်ဆိုင်ရာတွင် အားကောင်းကာ အဆင့်တူသက်ရှိများထက် သာလွန်သည်။ ထို့အပြင် ပုံရိပ်ယောင်ကျင့်စဉ်ကိုလည်း အသုံးချနိုင်သည်။ လွန်စွာရှားပါးသောရေဓာတ်ဆန်းကြယ်သားရဲတစ်မျိုးပင် ဖြစ်၏။ မိုးပြာဂျယ်လီငါးဘုရင်ထက်ပင် ရှားပါးသေး၏။

အားကောင်းသော နန်ကျန်းယွမ်မိသားစုအတွက်မူ ထိုအရာသည် ချက်ချင်းရနိုင်သည်။ ရှားပါးသည့်အပြင် ရေလိပ်ပြာမျိုးစိတ်ဖြင့်ပေါင်းစပ်ရန်ကလည်း ခက်ခဲသည်။ လူအနည်းငယ်သာ ထိုမျိုးစိတ်ဖြင့် ပေါင်းစပ်နိုင်ကြသည်။ အားကြီးသောယွမ်သုန်ကျီသည်ပင် ထိုမျိုးစိတ်ဖြင့် မပေါင်းစပ်နိုင်ပေ။ ရှန်ချင်းဟန်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားသောကြောင့် ထိုရေလိပ်ပြာကို မျိုးရိုးဗီဇကျွန်ပြုနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့်သူမတွက် ပြင်ဆင်ပေးထားခြင်းဖြစ်၏။

"ရှောင်ချန် ငါ့ရဲ့ခန္ဓာကိုယ်သန့်စင်နိုင်စွမ်းက အတော်လေးအားမကောင်းဘူး။ ဒုတိယအဆင့်ခန္ဓာကိုယ်သန့်စင်ခြင်းပြီးတာတောင် ငါ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခုမှ အခြေခံအဌမအဆင့်ပဲရှိသေးတယ်။ အစ်မယန်ကလည်း ခန္ဓာကိုယ်သန့်စင်ခြင်းဒုတိယအဆင့်ပြီးထားတာ။ ဒါပေမဲ့ သူကကျ အဆင့်မြင့်ပထမအဆင့်ထိ ယှဉ်နိုင်တယ်။"

ရှန်ချင်းဟန်က မျက်မှောင်အသာကြုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောနေသည်။ လင်းဇီချန်က ပြန်ပြောလိုက်၏။

"အစ်မယန်က သွေးသန့်စင်ခြင်းကျင့်စဉ်ကို ဆယ်နှစ်လောက် ကျင့်လာတာ။ ခက်ခဲမှုအကြီးကြီးတွေကို ဖြတ်ကျော်ပြီးမှသွေးသန့်စင်ခြင်းဒုတိယအဆင့်ကို ပြီးထားတာ။ မင်းကကျတော့ သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်တာ နှစ်ဝက်လောက်တောင်မရှိသေးဘဲနဲ့ ဒီအဆင့်ရောက်နေပြီလေ။ မင်း အစ်မယန်ကိုအားကျတယ်လို့ ပြောနေတာကို သူသာကြားရင် ‌ဟိုက ယောဂဖျာပေါ်မှာတင် မေ့လဲသွားလိမ့်မယ်။"

"...."

ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။

"အစ်မယန်က စိတ်တိုမှာမဟုတ်ပါဘူး။ သူက ချီးကျူးလို့ ဝမ်းတောင်သာနေဦးမှာ။"

"အစ်မယန်က မင်းကိုချီးကျူးနေလိမ့်မယ်ပေမဲ့လို့ စိတ်ထဲမှာတော့ ကျိန်ဆဲနေလောက်တယ်။"

"အစ်မယန်က အဲ့လိုမျိုးမဟုတ်ဘူး။"

"အစ်မယန်က လူသားမဟုတ်ဘူးဆိုရင်တော့ နင့်ကို ကျိန်ဆဲမှာပေါ့။"

"နင်က အခြားသူတွေကို နင့်ရဲ့သ‌ဘောထားသေးသိမ်မှုနဲ့ ဝေဖန်နေတာပဲ။"

"...."

နှစ်ဦးသား တစ်လမ်းလုံး ပွစိပွစိပြောလာကြကာ မကြာခင်တွင်ပင် ကျောင်းအုပ်ယွမ်၏ရုံးခန်းတံခါးရှေ့သို့ ရောက်လာကြသည်။ လင်းဇီချန်က တံခါး‌ခေါက်၍ ပြောလိုက်၏။

"ကျောင်းအုပ်ယွမ် ကျွန်တော်တို့ပါ။"

"ဝင်ခဲ့ပါ။"

ရုံးခန်းထဲမှ အေးတိအေးစက်အသံက ထွက်ပေါ်လာသည်။ လင်းဇီချန်က တံခါးတွန်းဖွင့်၍ ဝင်သွားကာ ရှန်ချင်းဟန်ကလည်း နောက်မှလိုက်လာသည်။ ထိုအချိန်တွင် ယွမ်သုန်ကျီကမူ ထိုင်ခုံတွင်ထိုင်ကာ မျက်လုံးမှိတ်၍ အနားယူနေသည်။ ထိုနှစ်ဦးဝင်လာသည်ကို သိသော်လည်း မျက်လုံးလေးများမဖွင့်သေးဘဲ ရှန်ချင်းဟန်ကို ပြောသည်။

"ရေသွားသောက်။ ရေသောက်ပြီးရင်အိပ်ရာပေါ်မှာ လှဲနေ။ မင်းကို ရေလိပ်ပြာမျိုးစိတ်ထိုးပေးမယ်။"

"ဟုတ်ကဲ့ ဆရာ့ကိုဒုက္ခများစေပြီ။"

ရှန်ချင်းဟန်က ထိုသို့ဖြေပြီး ရေသောက်ရန် လက်ဖက်ရည်စားပွဲဆီသို့ သွား၏။ သူမသည် ရေတစ်ခွက်ပြီးတစ်ခွက်သောက်သည်။ နောက်ထပ်မသောက်နိုင်သောအခါမှရပ်လိုက်ပြီး ဆန်းကြယ်သားရဲမျိုးစိတ်ထိုးသွင်းရန် အဆင်သင့်ဖြစ်နေသည်။ သူမသည် ရေဓာတ်ဆန်းကြယ်သားရဲနှင့်ပေါင်းစပ်လျှင် ခန္ဓာကိုယ်ထဲတွင် ရေများများရှိရမည်ဖြစ်ကာ ပေါင်းစပ်မှုက ပိုမိုလွယ်ကူလိမ့်မည်။ ရှန်ချင်းဟန်ကမူ ပေါင်းစပ်စရာမလိုဘဲကျွန်ပြုရမည်သာဖြစ်သဖြင့် ရေသောက်ခြင်းက အန္တရာယ်မပေးနိုင်ပေ။ ခန္ဓာကိုယ်တွင်း၌ ရေဓာတ်ရှိလျှင် ဆန်းကြယ်သားရဲမျိုးစိတ်ကိုကျွန်ပြုရာတွင် ပို၍အကူအညီဖြစ်ပေလိမ့်မည်။

"ဆရာ ကျွန်မဗိုက်ပြည့်နေပြီ။"

ရှန်ချင်းဟန်က ဖောင်းကားနေသောဗိုက်လေးကိုထိကာ မသက်မသာဟန်ဖြင့် ပြောလိုက်သည်။

ယွမ်သုန်ကျီက ပြန်ဖြေလိုက်၏။

"ဗိုက်ပြည့်ပြီးဆိုရင် လာလှဲတော့။"

"ကောင်းပြီ။"

ရှန်ချင်းဟန်က ပြန်ဖြေကာ နာခံစွာဖြင့် အိပ်ရာထက်တွင် လှဲလိုက်သည်။ ယွမ်သုန်ကျီကလည်း အချိန်ဖြုန်းမနေတော့ဘဲ လက်ဆန့်ထုတ်၍ ရှန်ချင်းဟန်၏အင်္ကျီကိုမတင်ပြီး အရက်ပြန်သုတ်ထားသည့်ဂွမ်းစဖြင့် ဆေးထိုးမည့်ရင်ဘတ်ကို သုတ်လိုက်သည်။ သူမသည် သုတ်နေရင်းဖြင့် ရှန်ချင်းဟန်၏ရင်ဘတ်သည် ယခင်ကထက် အနည်းငယ်မျှပိုကြီးလာသည်ကို သတိထားမိသောကြောင့် အံ့ဩသွား၏။

"ခဏလေးပဲရှိသေးတာကိုး။ မင်းရင်ဘတ်အရွယ်အစားက ပိုကြီးလာသလိုပဲ"

"မဟုတ်ပါဘူး...."

ရှန်ချင်းဟန်၏မျက်နှာက နီရဲသွားကာ ရှက်သွားလေသည်။ တပည့်လေး၏ရှက်သွားသောမျက်နှာကိုမြင်သောအခါတွင် ယွမ်သုန်ကျီကပြုံး၍ ပြောလိုက်သည်။

"မင်းက သတို့သားလောင်းနဲ့ နှစ်ဝက်လောက်တောင် အတူနေပြီးတဲ့ အရွယ်ရောက်ပြီးသားမိန်းကလေးပဲ။ ဘယ်လိုလုပ် ဒီလောက်ရှက်နေရတာလဲ။

All Chapters