နောက်ဆုံးတိုက်ပွဲ
Vol. 44 Ch. 651
စစ်နတ်ဘုရားလင်းထျန်၏ ဆက်တိုက်တိုက်တွန်းမှုကြောင့် ကျိယောင်ယွဲ့၏ မျက်နှာပေါ်တွင် စိတ်မရှည်သည့် အမူအရာ ပေါ်လာခဲ့သည်။
သူမသည် ခဏမျှ စဉ်းစားပြီးနောက် လက်ကို ဝှေ့ယမ်းကာ ထပ်မံပြောလိုက်သည်၊၊
“ခဏလောက် ထပ်စောင့်ကြရအောင် ဒီသူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲရဲ့ စွမ်းရည်အစစ်အမှန်ကို ကျွန်မတို့ မစမ်းသပ်ရသေးဘူး”
“သူ့ရဲ့စွမ်းရည်အစစ်အမှန်ကို သေချာနားလည်ပြီမှ တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မယ့်နည်းကို စဉ်းစားလို့ရမှာ”
“မဟုတ်ရင် ကျွန်မတို့ ဒီတိုက်ခိုက်မှုတွေကိုပဲ ဘာမှမတတ်နိုင်ဘဲရင်ဆိုင်နေရဦးမယ် မဟုတ်ဘူးလား”
ကျိယောင်ယွဲ့၏ ခေါင်းမာမှုအောက်တွင် စစ်နတ်ဘုရားလင်းထျန်သည် ဘာမှမပြောနိုင်တော့ပေ။ ထို့ကြောင့် သူသည် သူတော်စင်ဘုံအဆင့်တစ်ဝက်အဆင့် သားရဲများကို ဆက်လက်တိုက်ခိုက်နေရသည်။
တစ်ဖက်တွင် ကျိယောင်ယွဲ့သည် သူမ၏ကိုယ်ပေါ်ရှိဆက်သွယ်ရေးကိရိယာကိုသာ အာရုံစိုက်နေခဲ့သည်။
ကျိုးဟောင် အောင်မြင်ပြီဟူသော သတင်းကို ထိုကိရိယာမှ ရသည်နှင့် သူမသည် လူတိုင်းကို ဤနေရာမှ ချက်ချင်းပြန်ခေါ်သွားမည်ဖြစ်သည်။
တစ်ချိန်တည်းတွင် အခြားတစ်ဖက်၌ ကျိုးဟောင်သည် ရုတ်တရက် အစွမ်းထက်လာသောကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့၏ ဖိနှိပ်မှုကို အပြင်းအထန်ခံနေရပေသည်။
သူသည် ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့အားလက်သီးဖြင့်ထိုးလိုက်သော်လည်း အသုံးမဝင်ဘဲ ပြန်ကန်ထွက်လာသည့်အားကြောင့်ခြေလှမ်းပေါင်းများစွာနောက်ပြန်ဆုတ်သွားရသည်။
ကျိုးဟောင်မှာ ဤမြင်ကွင်းအားမြင်သောအခါ တစ်ခုခုမှားနေသည်ဟု ချက်ချင်းတွေးမိပြီး စိတ်ပျက်သွားခဲ့သည်။
ဤမျှ အစွမ်းထက်သော သန္ဓေပြောင်းသားရဲများသည် အမှန်တကယ်ပင် မိစ္ဆာမျိုးနွယ်မှလာသည်လော ။ မဖြစ်နိုင်ပေ။
၎င်းတို့သည် အခြားဇာစ်မြစ်များရှိပုံရသည်။
ဤအရာကို တွေးလိုက်သည်နှင့် ကျိုးဟောင်၏မျက်နှာသည် ချက်ချင်းလေးနက်သွားသည်။
ယခု သူ့အနေဖြင့် သတ်ဖြတ်ရေးသိုင်းကိုသုံးရန် အချိန်ရောက်ပြီဖြစ်သည်။ မဟုတ်ပါက၊ ထိုသားရဲနှစ်ကောင်သည် တိုက်ခိုက်လေ ပို၍ အားကောင်းလေဖြစ်လာသောကြောင့် သူ၏အဆုံးသတ်မှာ မကောင်းနိုင်လောက်ပေ။
ကျိုးဟောင်သည် သူ၏ငှက်မွေးတစ်ထောင်ချပ်ဝတ်အားဝတ်ဆင်ကာ ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ ကြီးမားသောအတောင်ပံကြီးများမှ အမွှေးအတောင်များစွာ ပျံထွက်လာခဲ့သည်။ ထိုအမွှေးအတောင်များသည် ပျံသန်းနေသည့်ဓားများအဖြစ်သို့ ပြောင်းလဲပြီး ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့ရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
ဝုန်း.... ဝုန်း.... ဝုန်း....
ပျံသန်းနေသည့်ဓားများ၏ အရှိန်သည် အလွန်မြန်ဆန်လှသောကြောင့် ၎င်းတို့ ပျံထွက်သွားသည့်အခိုက်အတန့်တွင် ကျယ်လောင်သောအသံများထွက်ပေါ်လာခဲ့သည်။
ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည် သေခြင်းတရားရောက်ရှိလာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ သေမင်း၏အငွေ့အသက်သည် ၎င်းတို့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာနေသည်ကို သူတို့ ခံစားမိသည်။
ကျောက်မုန့်ရွှယ်သည် ချက်ချင်းပင် အေးစက်စွာ အသက်ရှူလိုက်ပြီး တစ်ဖက်သို့ ချက်ချင်းနောက်ဆုတ်ကာရှောင်လိုက်သည်။
သူမရှေ့တွင် ရေတွက်မရနိုင်သော ဓားများ မြေပြင်ထဲသို့ ထိုးစိုက်သွားသည်ကို မြင်သောအခါ ကျောက်မုန့်ရွှယ်သည် ချက်ချင်းပင် ဦးခေါင်းများထုံကျဥ်လာသည်အထိ ထိတ်လန့်သွားခဲ့သည်။
အကယ်၍ အစောပိုင်းကသူမသာနောက်ကျပြီး ရှောင်လိုက်ပါက သူမ၏ခန္ဓာကိုယ်အားဤဓားများမှထိုးဖောက်သွားမည်ဖြစ်သည်။
“ဒီကောင်စုတ်ကတော့…”
ကျောက်မုန့်ရွှယ်သည် မကျေမနပ်အော်ဟစ်လိုက်ပြီး သူမ၏မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်မှောင်မိုက်သွားခဲ့သည်။
သူတို့သည် မျက်နှာပေါ်မှ ဒေါသများကို ထိန်းချုပ်ပြီး လေထဲတွင်ခုန်ရှောင်ကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ပြန်ကျလာခဲ့သည်။ ထို့နောက် ၎င်းတို့သည် မျက်လုံးများတွင် လေးနက်မှုများအပြည့်ဖြင့် ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့သည် ပြဿနာတစ်ခုကို ချက်ချင်းသဘောပေါက်လိုက်သည်။ ၎င်းမှာ သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပင် ကျိုးဟောင်နှင့် ဆင်တူနေခြင်းပင်ဖြစ်သည်။
ယခုလိုပုံအတိုင်းဆက်သွားပါက အနိုင်ရသူကို ဆုံးဖြတ်နိုင်မည် မဟုတ်တော့ပေ။
သို့သော်ဘာကြောင့်မှန်းမသိ ကျိုးဟောက်၏ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသည့်အငွေ့အသက်သည် ထိုနှစ်ဦးအားချက်ချင်းတောင့်တင်းသွားစေခဲ့သည်။
၎င်းတို့သည် ကျိုးဟောင်သည် ပေါ့ပေါ့တန်တန်သဘောထားရမည့် လူမဟုတ်ကြောင်း သဘောပေါက်လိုက်ကြသည်။ ဤအတိုင်းဆက်သွားပါက သူတို့အတွက် အဆုံးသတ်ကောင်းမည် မဟုတ်တော့ပေ။
ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည် သူတို့၏နီရဲနေသောသွေးရောင်မျက်လုံးများဖြင့် သူ့ကို ကြမ်းတမ်းစွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျိုးဟောင်၏ မျက်နှာသည် ချက်ချင်းလေးနက်သွားခဲ့သည်။
သူသည် ထိုသန္ဓေပြောင်းသားရဲနှစ်ကောင်၏ ဇာစ်မြစ်ကို လုံးဝမသိပေ။
သူတို့သည် အဘယ်ကြောင့် လူနှင့်သားရဲပုံစံသို့ အလွယ်တကူ ပြောင်းလဲနိုင်သည်ကိုလည်း သူမသိသလို ဤအရာအားလုံး၏ အဓိပ္ပာယ်ကိုလည်း သူမသိပေ။
သို့သော် လက်ရှိအချိန်တွင် ကျိုးဟောင်သိသည့်တစ်ခုတည်းသောအရာမှာ သူသည် ဤသန္ဓေပြောင်းသားရဲနှစ်ကောင်ကို အာရုံစိုက်မှုအပြည့်ဖြင့် ရင်ဆိုင်ရမည်ဆိုသောအချက်သာဖြစ်သည်။
သူတို့၏လှုပ်ရှားမှုများသည် ခန့်မှန်းရခက်ပြီး အမျိုးမျိုးပြောင်းလဲနေပြီး ၎င်းတို့သည် သူသတိလွတ်သည့်အချိန်တွင် အလစ်တိုက်ခိုက်တတ်ပေသည်။
ဤတိုက်ပွဲအား ဆက်လက်အချိန်ဆွဲနေပါက အဆုံးသတ်ကောင်းမည် မဟုတ်ပေ။ ၎င်းတို့သည် သူ့အား ရုတ်တရက် အဆုံးသတ်သွားနိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ ကျိုးဟောင်သည် သူတို့နှင့်ပတ်သက်၍ ဘာမျှမသိပေ။ ထို့ကြောင့် သူသည် ဆက်လက်တိုက်ခိုက်ရန် မရဲတော့ပေ။
ဤအချက်ကိုသဘောပေါက်သွားချိန်တွင် ကျိုးဟောင်သည် သူ၏မူလကျောက်စာစွမ်းအားကို စုစည်းရန်ပြင်လိုက်သည်။ သူသည် ၎င်းတို့ကို ဦးစွာ ထိန်းချုပ်မည်ဖြစ်ပြီး ထို့နောက် ဖမ်းဆီး၍ သူသိလိုသောအရာများကို အတင်းအကျပ်ပြောခိုင်းမည်ဖြစ်သည်။
သူတို့၏သရုပ်မှန်ကို သိပြီးမှ သူတို့၏ ရည်ရွယ်ချက်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ထိုသို့တွေးမိလိုက်သည်နှင့် ကျိုးဟောင်သည် ချက်ချင်းပင် လက်ကိုဆန့်ထုတ်ကာ တိတ်တဆိတ်ရွတ်ဆိုလိုက်ရာ ကျောက်မုန့်ရွှယ်နှင့်ကျိုးရိထုံတို့ကို ချက်ချင်းပင် အံ့အားသင့်သွားစေခဲ့သည်။
သူတို့သည် မျက်မှောင်ကြုတ်ပြီး ကျိုးဟောင်ကို ကြည့်နေကာ ဤကိစ္စသည် သူတို့ထင်ထားသည်ထက် ပို၍ မရိုးရှင်းပုံမပေါ်ကြောင်း အကြမ်းဖျင်း သဘောပေါက်လာခဲ့သည်။
၎င်းတို့၏မသိစိတ်၏အလိုအရ ဤကိစ္စကို အမြန်ဆုံးမရပ်တန့်နိုင်ပါက ပြဿနာများစွာ ဖြစ်လာနိုင်ကြောင်းကိုခံစားမိနေပေသည်။
“အစ်ကိုကြီး.... ဒီကောင်စုတ်လေးကို မြန်မြန်တား...."
ကျောက်မုန့်ရွှယ်သည် အော်ဟစ်ကာကျိုးဟောင်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။
သို့သော်လည်း ကျိုးဟောင်၏ မျက်နှာအမူအရာသည် လုံးဝမပြောင်းလဲသွားပေ။ ချက်ချင်းပင်ကျောက်မုန့်ရွှယ်၏ မျက်နှာအမူအရာသည် ရုတ်တရက် တုန်ယင်သွားခဲ့သည်။
ကျိုးဟောင်သည် လေထဲတွင် ဖြည်းညှင်းစွာ မျောနေကာ မျက်မှောင်ကို တင်းတင်းကြုတ်ထားပြီး သူ၏မျက်နှာပေါ်တွင် အေးစက်သောအမူအရာတစ်ခု ပေါ်လာခဲ့သည်။ လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် သူ၏လက်ညှိုးပေါ်တွင် အလင်းတန်းတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
ဤအလင်းသည် အလွန်တောက်ပကာ ဆက်တိုက်တလက်လက်တောက်ပသည်အထိ ကြီးထွားလာခဲ့သည်။
ကျိုးဟောင်ဆီသို့ လျင်မြန်စွာ ပြေးလာနေသည့် ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည် ထိုအလင်းကြောင့် ချက်ချင်းပင်ဘာကိုမှမမြင်ရဖြစ်သွားခဲ့သည်။
“အား....."
ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည် အလွန်နာကျင်နေဟန်ဖြင့် ချက်ချင်းအော်ဟစ်လိုက်ကြသည်။
၎င်းတို့သည် အလွန်တောက်ပသည့် ဤကြီးမားသော အလင်းရောင်မှ လွတ်မြောက်ရန် အားကုန်သုံးကာရုန်းကန်နေကြသော်လည်း ၎င်းတို့နှစ်ဦး မျှော်လင့်မထားသည့်အရာမှာ အလင်းရောင် ရုတ်တရက်ပေါက်ကွဲသွားသည်နှင့် သူတို့၏ ကိုယ်ခန္ဓာများသည် ချက်ချင်းတင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံလိုက်ရပြီး လုံးဝလှုပ်ရှား၍မရတော့ခြင်းပင်ဖြစ်သည်။
ဤအရာကို သဘောပေါက်လိုက်သည့်အချိန်တွင် သူတို့၏ မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
၎င်းတို့ မတုံ့ပြန်နိုင်ခင်တွင် သူတို့၏ကိုယ်ခန္ဓာများကို ချက်ချင်း တင်းကျပ်စွာ ချည်နှောင်ခံလိုက်ရသည်။ ထို့နောက် သူတို့သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
သူတို့သည် ကြိုးတုပ်ခံထားရသည့် ဂဏန်းများကဲ့သို့ဖြစ်နေကာ ရုန်းကန်ရန်ပင် အားမရှိတော့ဘဲ အသက်ပြင်းပြင်းရှူကာ မုန်းတီးမှုအပြည့်ဖြင့် ကျိုးဟောင်ကို ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
....................................................................................