← Chapters

အပိုင်း ၃၂၂-၃၂၄

Vol. 22 Ch. 322-324

အပိုင်း ၃၂၂-၃၂၄

Vol. 22 Ch. 322-324

အခန်း (၃၂၂) - ကျောင်းသားကောင်စီလား

အတန်းဖော်များ၏အကြံပြုချက်အတိုင်း ရှန်ချင်းဟန်လည်း အတန်း၏နောက်ဆုံးနေ့အဖြစ် နေနေခဲ့သည်။ နာရီက မနက်ရှစ်နာရီထိုးသောအခါတွင် အတန်းပိုင်ဆရာရောက်လာပြီး အတန်းတွေ့ဆုံပွဲကို စတင်ပေးရန် ဖြစ်သည်။ ယခင်စာသင်နှစ်ဝက်မှ အဆင့်များကို အနှစ်ချုပ်သည်။ နောက်ထပ်စာသင်နှစ်ဝက်အတွက် ပန်းတိုင်များချမှတ်ပေးသည်။ အတန်းချိန်တစ်ဝက်လောက်တွင်မူ အတန်းပိုင်ဆရာက ပြောရန်လိုအပ်သည်အားလုံးကို ပြောပြီးဖြစ်သည်။ ကျန်ရှိနေသောအချိန်ကိုမူ ရှန်ချင်းဟန်အတွက် နှုတ်ဆက်ပွဲလုပ်ပေးသည်။ နှုတ်ဆက်ပွဲဟုခေါ်လျှင် ချဲ့ကားရာကျပေမည်။ အမှန်တွင် စကားစုပြောပြီး အဖွဲ့လိုက်ဓာတ်ပုံရိုက်ရုံမျှသာ ဖြစ်သည်။ အလောတကြီးဖြင့် ပြင်ဆင်လိုက်သော်လည်းအသေးစိတ်စီစဉ်ထားခြင်းမျိုးမဟုတ်ပေ။

နှုတ်ဆက်ပွဲပြီးနောက်တွင် အတန်းသည် နောက်ထပ်သင်ခန်းစာတစ်ခုအတွက် အားကစားခန်းမ၏လေ့ကျင့်ရေးခန်းဆီသို့ သွားကြသည်။ ထိပ်တန်းကျောင်းနှစ်ကျောင်းထဲမှတစ်ကျောင်းဖြစ်သော ရှန်ဟိုင်းတက္ကသိုလ်၏ပြင်းအားနှင့်ဖိအားသည် လွန်စွာမြင့်ပေသည်။ စာသင်နှစ်ဝက်အစကတည်းကပင် ကျောင်းသားများသည် အချိန်ဖြုန်းခြင်းမရှိဘဲ လေ့ကျင့်ရေးကို စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။

....

အားကစားခန်းမသို့ သွားရာလမ်းတွင် မာရှိဝေသည် ရှန်ချင်းဟန်ဘေးတွင် လျှောက်လာကာ စပ်စုစွာဖြင့် မေးလိုက်သည်။

"ချင်းဟန် သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်ရတာ ဘယ်လိုနေလဲ။ ခက်လား။"

ရှန်ချင်းဟန်၏အသံက နူးညံ့နေသည်။

"ခန္ဓာကိုယ်တွင်းက ချီသွေးကို အာရုံခံနိုင်ဖို့ပဲလိုတယ်။ ပြီးရင် သွေးသန့်စင်ခြင်းကျင့်စဉ်ကိုကျင့်ဖို့ ချီသွေးကို တိတိကျကျထိန်းချုပ်ရမယ်။"

"တိတိကျကျထိန်းချုပ်ရတာလား။"

မာရှိဝေက မိမိဘာသာ ညည်းတွားလိုက်သည်။ ချီသွေးကို အာရုံခံနိုင်လျှင် သူမသည်လည်း ထိုသို့လုပ်နိုင်ပြီဖြစ်သည်။ ချီသွေးကိုထိန်းချုပ်နိုင်ခြင်းသည် သူမ၏ခန္ဓာကိုယ်တွင်းတွင်သာ ရှိသည်။ သို့သော်လည်း ချီသွေးကို တိတိကျကျထိန်းချုပ်နိုင်ရန်အတွက်မူ ပင်ပန်းမည်မဟုတ်ပေ။ သို့သော်လည်း ခက်ခဲလိမ့်မည်မဟုတ်ဟု ထင်မိသည်။သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံဆဌမအဆင့်ရှိပြီဖြစ်သဖြင့် ချီသွေးကို ထိန်းချုပ်နိုင်ရန်က အားကောင်းနေပေသည်။ တိတိကျကျထိန်းချုပ်ရန်ကလည်း ပြဿနာမဟုတ်ပေ။

"ငါ့ရဲ့ခန္ဓာကိုယ်ပါရမီနဲ့ဆိုရင် ငါလည်း သွေးသန့်လူသားလမ်းစဉ်ပဲ လိုက်သင့်တယ်။"

မာရှိဝေက သူမဘာသာ တွေးမိနေခြင်းဖြစ်သည်။ သူမ၏စိတ်သည် သွေးမျိုးစပ်ခြင်းလမ်းစဉ်တွင် မရှိတော့ပေ။

....

မိနစ်အနည်းငယ်မျှ ကြာပြီးနောက်တွင် ရှန်ဟိုင်းတက္ကသိုလ် ပါရမီရှင်အတန်းမှလူသစ်များသည် အားကစားခန်းမသို့ ရောက်လာကြကာ ဒုတိယထပ်ရှိ လေ့ကျင့်ရေးအခန်းဆီသို့ သွားကြလေသည်။ ဆရာမရှိဘဲ ရောက်လာခြင်းသာဖြစ်၏။ ကျောင်းသားများဘာသာ ရောက်လာခြင်းပင်။ ရှန်ဟိုင်းတက္ကသိုလ်တွင် ဆရာများသင်ကြားပေးသည်မှာ ပထမဆုံးသင်ခန်းစာအချို့သာဖြစ်ကာ အတန်းချိန်အများစုသည် ကျောင်းသားများဘာသာ လေ့ကျင့်ကြခြင်းသာ ဖြစ်၏။

ရှန်ဟိုင်းတက္ကသိုလ်မှဆရာများ၊ အထူးသဖြင့် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်နှင့် စက်မှုအကယ်ဒမီမှဆရာများသည် အဆင့်မြင့်ကျွမ်းကျင်သူများဖြစ်ကြကာ စာသင်ကြားခြင်းသည် ၎င်းတို့၏အလုပ်၏အစိတ်အပိုင်းလေးတစ်ခုသာသာ သာဖြစ်သည်။ အချိန်အများစုတွင် အင်အားကြီးသောဆရာများက လုံခြုံရေးတာဝန်ကို အားဖြည့်ကူညီနေကြပြီး ကျောင်းပတ်ချာလည်လုံခြုံရေးအတွက် ဆန်းကြယ်သားရဲများကို ကူညီဖြေရှင်းပေးနေကြသည်။

"မင်းတို့အကြီးတန်းတွေပဲ လေ့ကျင့်ရေးအခန်းထဲနေရာယူထားပြီး ဘာလို့ ငါတို့ကို ပေးမဝင်ရတာလဲ။"

"ဘာလို့လဲဆိုတော့ ငါတို့က မင်းထက် အင်အားကြီးလို့လေ။"

"မင်းတို့အကြီးတန်းတွေက အရမ်းအနိုင်ကျင့်လွန်းတယ်။ ကျောင်းသားရေးရာကိုသွားပြီး တိုင်မယ်။"

"မြန်မြန်သွားတိုင်လိုက်စမ်းပါ။ တံခါးမှာရပ်မနေနေနဲ့။စိတ်ပျက်ဖို့ကောင်းတယ်။"

"...."

ရှန်ချင်းဟန်သည် ဒုတိယထပ်အားကစားခန်းမထဲသို့ ရောက်ခါစဖြစ်သော်လည်း လေ့ကျင့်ရေးအခန်းဝင်ပေါက်မှ ငြင်းခုံနေကြသည့်အသံများကို ကြားလိုက်ရသည်။ ဆူညံသံလာရာသို့ ကြည့်ကြည့်သောအခါတွင် လေ့ကျင့်ရေးအခန်းတံခါးဝ၌ ရန်ဖြစ်နေကြသောကျောင်းသားအုပ်စုကို တွေ့လိုက်ရသည်။ နားထောင်ကြည့်သောအခါ၌ လူသစ်များသည် လေ့ကျင့်ရေးအခန်းထဲသို့ ဝင်ချင်သော်လည်း အကြီးတန်များက နေရာယူထားဖြင့် ဖယ်မပေးချင်ကြောင်း ငြင်းခုံနေခြင်းဖြစ်၏။

"သေစမ်း။ အဲ့အကြီးတန်းတွေက လွန်လွန်းနေပြီ။"

ရှေ့မှလျှောက်လာသော လော်ရုံကျန်းက ငြင်းခုံသံကို ကြားသည့်အခါတွင် ချက်ချင်းပင် လူသစ်များအတွက် ခုခံပေးလိုက်သည်။ မိမိသည် ဖြောင့်မတ်မှန်ကန်သောဓားသမားဖြစ်သည်ဟု စဉ်းစားမိကာ ဓားထုတ်၍ တရားမျှတမှုရှာ‌ပေးရသည်ကို နှစ်သက်လေသည်။ နှစ်နည်းနည်းပို၍လေ့ကျင့်ထားသောအကြီးတန်းများညသည် သေချာပေါက် သင်ခန်းစာပေးရန် လိုပြီဖြစ်သည်။ ထိုမြင်ကွင်းကိုမြင်သောကြောင့် လူသစ်ပါရမီရှင်တန်းမှ အခြားကျောင်းသားများလည်း သူ၏ဦးဆောင်မှုနောက်သို့ လိုက်လာကြသည်။

၎င်းတို့သည် လူသစ်တန်းမှ ခေါင်းဆောင်များဖြစ်ပြီး အခြားသူများအတွက် ရပ်တည်ပေးရမည့်တာဝန်ရှိသည်။

"သွားကြမယ်။ ငါတို့သွားပူးပေါင်းသင့်တယ်။"

မာရှိဝေက ထိုသို့ပြောကာ အခြားသူများနောက်သို့ ခပ်သွက်သွက်လေးလိုက်သွားသည်။ ရှန်ချင်းဟန်ကမူ ဘာမှမပြောဘဲ တိတ်တဆိတ်ဖြင့်သာ လိုက်ပါလာသည်။

"ပါရမီရှင်တန်းက ဒီမှာဟေ့။"

"အစ်ကိုယွီ အစ်ကိုကျန်း ဒီအတန်းကြီးတွေက လွန်လွန်းတယ်။ ကျောင်းသားသစ်တွေကို လေ့ကျင့်ရေးခန်းထဲ ပေးမဝင်ဘူး။"

"မင်းတို့အတန်းကြီးတွေက တရားလွန်လာပြီ။ ပါရမီရှင်တန်းကသူတွေဝင်တာကိုလည်း တားနိုင်မလား ကြည့်ကြတာပေါ့။"

လူသစ်ပါရမီရှင်တန်း ရောက်လာသောအခါတွင် အခြားသောလူသစ်များသည် အင်အားရသွားသည်ဟု ခံစားလိုက်ရသည်။ တံခါးကိုပိတ်ထားသောအတန်းကြီးများသည်လည်း လီမော်ယွီနှင့် လော်ရုံကျန်းတို့ကို မြင်သောအခါတွင် လန့်သွားကြကာ မျက်နှာထက်မှ ဘဝင်ခိုက်နေမှုတို့က မှေးမှိတ်သွား၏။

"ဘာလို့ ကျောင်းသားသစ်တွေကို ‌ပေးမဝင်ရတာလဲ။"

လော်ရုန်ကျန်းက အကြောက်လန့်မရှိသောအတန်းကြီးတစ်ယောက်ကို မေးလိုက်သည်။ ထိုသူ၏လေသံက ပြေရာပြောကြောင်းအသံမျိုးပင် ဖြစ်သည်။

"ဂျူနီယာလေး အခု လေ့ကျင့်ရေးအခန်းက လူပြည့်နေတာ။ လူတွေထပ်ဝင်ခိုင်းရင် ဘယ်သူမှ သေချာလေ့ကျင့်လို့ရ‌တော့မှာမဟုတ်ဘူး။"

လော်ရုန်ကျန်းက အခန်းထဲသို့ကြည့်လိုက်သောအခါတွင် လူကျပ်နေသည်မဟုတ်ဘဲ ပြည့်နေရုံမျှသာဖြစ်သည်ကို တွေ့သောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘယ်လိုလုပ် အထဲမှာပြည့်ရမှာလဲ။ နေရာလွတ်တွေအများကြီးရှိသေးတယ်မဟုတ်လား။"

"အခုက မပြည့်ဘူလို့ထင်ရပေမဲ့ မင်းတို့အားလုံးဝင်လာရင် ကျပ်သပ်နေမှာပေါ့။"

ထိုသူက မလုံမလဲအပြုံးမျိုးဖြင့် ပြောလိုက်သည်။

မိမိသည် အကြီးတန်းဖြစ်ပါသော်လည်း လူသစ်များထက် နှစ်နှစ်တာပိုလေ့ကျင့်ထားသောကြောင့် အင်အားက သင့်တင်ရုံသာဖြစ်သည်။ သို့သော်လည်း သာမန်လူသစ်များထက်မူ သာပေသည်။ လီမော်ယွီနှင့် လော်ရုံကျန်းကဲ့သို့ အကြီးတန်းများထက် ပို၍အားကောင်းသော ပါရမီရှင်များရှေ့တွင်မူ မိမိ၏အင်အားက ဘာမှမဟုတ်ပေ။ ထိုသူသည် နှစ်နှစ်ပို၍လေ့ကျင့်ထားသောစီနီယာဖြစ်သော်လည်း သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံပဥ္ဇမအဆင့်သာရှိသည်။ မိမိသည် လော်ရုန်ကျန်း၊ လီမော်ယွီတို့ဖြင့် ရင်ဆိုင်ရန် ယုံကြည်ချက်မရှိသောကြောင့် ရှက်ပြုံးလေးသာ ပြုံးနေရသည်။ ထိုသူ၏ပြောရာပြေကြောင်းစကားက လော်ရုန်ကျန်းကို မစည်းရုံးနိုင်ပေ။ သူသည် နောက်မှလူသစ်များ ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"လာကြ။ ငါနဲ့အထဲဝင်ခဲ့ကြ။ တံခါးမှရပ်ပြီး ဟောင်ပဲဟောင်ပြီး မကိုက်တတ်တဲ့ အနိုင်ကျင့်တဲ့သူတွေကို စိတ်ထဲထားမနေနဲ့။"

အခန်း (၃၂၃) - ကျောင်းသားကောင်စီလား (၂)

ပြော၍ပြီးသောအခါတွင် လမ်းပိတ်ထားသောစီနီယာကျောင်းသားများကို တွန်းကာ မိမိနောက်မှလူသစ်များဝင်ရန် လမ်းဖယ်ပေးလိုက်သည်။ ထိုအချိန်တွင်ပင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုသည် လော်ရုန်ကျန်းရှေ့သို့ ရုတ်တရက်ထွက်ပေါ်လာပြီး ကော်လံမှမက တစ်ချက်တည်းဖြင့် အဝေးသို့ ကိုင်ပေါက်ပစ်လိုက်ပြီး အားပြင်းပြင်းဖြင့် လေ့ကျင့်ရေးခန်းအပြင်သို့ ပစ်ထည့်လိုက်၏။ လော်ရုန်ကျန်းတစ်ယောက် ဘာမျှမတုံ့ပြန်နိုင်ခင်တွင်ပင် အဝေးသို့ လွင့်ထွက်သွားကာ ဘုန်းခနဲအသံနှင့်အတူ လေ့ကျင့်ရေးခန်းအပြင်ဘက် လူသွားလမ်းပေါ်တွင် ပြုတ်ကျသွား၏။

"နေ့ခင်း (၁၂) မတိုင်ခင်အထိ လူသစ်တွေကို လေ့ကျင့်ရေးခန်းထဲဝင်ဖို့ တားမြစ်တယ်။"

အရပ်ရှည်ရှည်ပုံရိပ်တစ်ခုသည် လေ့ကျင့်ရေးအခန်းထဲမှ ထွက်လာပြီး အပြင်မှလူသစ်အုပ်စုကို ပြောလိုက်သည်။ အချို့သောလူသစ်များက ထိုသူကို မှတ်မိကြသည်။

"အဲ့ဒါ ကောဟိုင်သုံပဲ။ ကျောင်းသားရေးရာကောင်စီရဲ့ ပြင်ပရေးရာဆက်ဆံရေးဌာနကဒုဥက္ကဌ သွေးမျိုးဆက်စွမ်းအား အဌမအဆင့်ရှိပြီး ထိပ်တန်းအဆင့်မှာ (၁၅၆) ဆင့်ဝင်တယ်။"

ထိုစကားကိုကြားသောအခါတွင် လူသစ်များသည် ချက်ချင်းဆိုသလိုပင် သတ္တိများ ပျောက်ကွယ်သွားကြသည်။ ပထမနှစ်မှပါရမီရှင်များရောက်လာသောကြောင့် ယုံကြည်ချက်ပြင်းထန်နေသောလူသစ်များသည် ချက်ချင်းပင်အစအနမရှိ ယုံကြည်ချက်များ ပျောက်ကွယ်သွားသည်။ စိတ်ထဲတွင်မူ အခြေခံအဌမအဆင့်ဆိုလျှင် ပါရမီရှင်တန်းမှသူများ မဆိုထားနှင့် လူသစ်ဘုရင် လင်းဇီချန်သည်ပင် လန့်နေမည်ဖြစ်သည်။

သို့သော်လည်း လီမော်ယွီက ခေါင်းမာသူ ဖြစ်သည်။ ကောဟိုင်သုံဖြင့် ရင်ဆိုင်ရသော်လည်း စိတ်ထဲတွင် လုံးဝကြောက်မနေပေ။ စိတ်ထဲတွင် ဒေါသကပို၍ပင် တောက်လောင်လာသည်။ ကောဟိုင်သုံကို စေ့စေ့ကြည့်ကာ အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ကျောင်းသားကောင်စီဆိုတာက ကျောင်းစည်းကမ်းထိန်းသိမ်းပေးရမဲ့အဖွဲ့အစည်းကိုဆိုလိုတာ။ ကောင်စီအဖွဲ့ဝင်တစ်ယောက်အနေနဲ့ မင်းက လူသစ်တွေကို အနိုင်ကျင့်နေတယ်။ ဘာအဓိပ္ပာယ်လဲ။"

ကောဟိုင်သုံက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ငါက ဝါစဉ်ကို ထိန်းသိမ်းနေတာ။"

"ဒီလေ့ကျင့်ရေးခန်းက အခုလူပြည့်နေပြီလေ။ လူတွေကို ထပ်ထည့်ရင် ဖရိုဖရဲဖြစ်ကုန်တော့မှာပေါ့။ ကျောင်းသားကောင်စီအဖွဲ့ဝင်တစ်ယောက်အနေနဲ့ လေ့ကျင့်ရေးခန်းထဲက လူအရေအတွက်ကို ထိန်းချုပ်ပြီး မလိုအပ်တဲ့ကမောက်ကမဖြစ်တာတွေကို ကာကွယ်ပေးဖို့က ငါ့တာဝန်ပဲ။"

"...."

"အထဲမှာ လူက အဲ့လောက်များနေလို့လား။ ဘယ်နားမှာ လူများနေတာလဲ။ ဘယ်လိုလုပ် နေရာအလွတ်တွေအများကြီးမြင်နေရတာလဲ။"

လီမော်ယွီက မကျေမနပ်ဖြင့် ပြန်ပက်လိုက်သည်။

ကောဟိုင်သုံကမူ ဆက်ရှင်းပြလိုက်သည်။

"ငါက အထဲဝင်လို့မရဘူးလို့ပြောလို့ မကျေမနပ်ဖြစ်တယ်ဆိုရင် ကျောင်းသားကောင်စီကိုပဲဖြစ်ဖြစ် ကျောင်းသားရေးရာကိုပဲဖြစ်ဖြစ် ငါ့ကို သွားတိုင်လိုက်။"

ထိုသို့ပြောပြီးနောက်တွင် သူသည် လေ့ကျင့်ရေးခန်းထဲသို့ ပြန်ဝင်သွားကာ လေ့ကျင့်ရေးအခန်းတံခါးကို လူသစ်များဝင်မလာအောင် ပိတ်ပစ်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါတွင် လီမော်ယွီ၏ဒေါသက ငယ်ထိပ်သို့ ရောက်သွားသည်။ ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပိတ်ခါနီးသောတံခါးကို ဘုန်းခနဲမြည်‌အောင် ကန်ပစ်လိုက်သည်။ ထို့နောက်တွင် လူသစ်အုပ်စုဘက်သို့လှည့်၍ အော်ပြောလိုက်သည်။

"အားလုံး ငါနဲ့တူတူရှေ့တက်ခဲ့ကြ။"

ပြောပြီးနောက်တွင် လေ့ကျင့်ရေးအခန်းထဲသို့ ဦးစွာဝင်သွားသည်။ ကိုင်ပေါက်ခံလိုက်ရသော လော်ရုန်ကျန်းကမူ ခန္ဓာကိုယ်မှဖုံများကို ခါကာ လီမော်ယွီနောက်သို့လိုက်လာသည်။ နှစ်ဦးသားဦးဆောင်ချီတက်လိုက်ပြီး အပြင်ဘက်တွင် စောင့်နေသောလူသစ်များကလည်း အထဲဝင်လာကာ အခန်းထဲမှစီနီယာများကို သင်ခန်းစာပေးချင်နေသည်။ ယုန်သူငယ်ဆိုလျှင် ပြန်တိုက်ခိုက်တတ်ကြောင်း ပြသချင်နေကြသည်။

"ဘုန်း။"

ရုတ်တရက်ပင် ကျယ်လောင်သောရိုက်ခတ်သွားသံက ထွက်ပေါ်လာသည်။ အခန်းထဲသို့ ပထမဆုံးဝင်သွားသောလီမော်ယွီသည် ချက်ချင်းပင် လွှင့်ပစ်ခံလိုက်ရကာ လူသွားလမ်းမှနံရံဖြင့် ဝင်တိုက်မိပြီး ဒုတိယထပ်သို့ ပြုတ်ကျသွားကာ အစိမ်းရောင်လှေကားပင် ကြေမွသွား၏။

"ဘုန်း။"

နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ ဒုတိယမြောက်ဝင်သွားသောလော်ရုန်ကျန်းသည်လည်း အခန်းအပြင်သို့ လွှင့်ပစ်ခံလိုက်ရကာ နာကျင်လွန်းသဖြင့် မျက်နှာက ရှုံ့မဲ့နေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောလူသစ်များသည် သွားနေစဉ်တွင်ပင် ရပ်သွားကြကာ နောက်သို့ဆုတ်သွားကြကာ အခန်းတံခါးနားသို့ ထပ်၍ချည်းကပ်မလာရဲကြတော့ပေ။

ကောဟိုင်သုံက အခန်းအပြင်ဘက်သို့ ထွက်လာကာ မကျေမနပ်ဖြင့် သတိပေးလိုက်သည်။

"လေ့ကျင့်ရေးခန်းထဲကို ခြေတစ်လှမ်းချရဲတဲ့ဘယ်သူမဆို ကျောင်းသားကောင်စီရဲ့ညွှန်ကြားချက်ကို လက်မခံတဲ့ဘယ်သူမဆို ဒီနှစ်ယောက်ရဲ့ကံကြမ္မာနဲ့အတူတူဖြစ်သွားမယ်။"

ထိုစကားကို ကြားသောအခါတွင် လူသစ်များက ကျောချမ်းသွားကြသည်။ လေ့ကျင့်ရေးခန်း၏တံခါးကို ပိတ်၍ ရပ်မနေရဲကြတော့ပေ။ အောက်ထပ်သို့ လှည့်ထွက်သွားကြကာ (၁၂) နာရီထိုးပြီးခါမှ ပြန်လာရန်ဆုံးဖြတ်လိုက်ကြသည်။ စီနီယာများကိုစော်ကားရမည်ထက် မိမိတို့၏နေ့လည်စာနားချိန်ကိုသာ စွန့်လွှတ်လိုက်ကြ၏။

"သွားကြမယ်။ ကျောင်းသားရေးရာသွားပြီး သွားတိုင်မယ်။ ကောဟိုင်သုံက ဒီလိုမျိုး ငါတို့ကို လာလုပ်လို့မရဘူး။"

မာရှိဝေက ပြောပြောဆိုဆိုဖြင့် ရှန်ချင်းဟန်လက်ကိုဆွဲကာ ဖခင်ဖြစ်သူမာကျန်းဟယ်ရှိသောစီမံခန့်ခွဲရေးအဆောက်အအုံဆီသို့ အပြေးသွား‌တော့သည်။ အရူးတစ်ယောက်ကဲ့သို့ ဌာနမှူးဖြစ်သောဖခင်ကို အသုံးချမည်မဟုတ်ပေ။ ကောဟိုင်သုံသည် ဌာနမှူး၏သားဖြစ်သည်ကို အခွင့်ကောင်းယူ၍ အားနည်းသူများကို အနိုင်ကျင့်သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင်ပင် သူမသည် ဦးတည်ရာပြောင်းသွားသည်။

"ဒီနေ့ ငါ့အဖေက အလုပ်ကိစ္စနဲ့ခရီးသွားနေတာကို ခုမှအမှတ်ရတယ်။ ငါတို့ နင့်ရဲ့ဇီချန်ကို သွားရှာကြရအောင်။"

....

လေ့ကျင့်ရေးအခန်းအပြင်ဘက်တွင် မိန်းက‌လေးတစ်ဦးသည် ကောဟိုင်သုံဘေးသို့ လျှောက်လာပြီး စိတ်ပူနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

"အစ်ကိုသုံ အဲ့လီမော်ယွီက လီယိကျင်းရဲ့ညီလေးနော်။ စောနက အပြုအမူက သူ့ကိုဆန့်ကျင်လိုက်တာမျိုးဖြစ်မှာ...."

ကောဟိုင်သုံက မကျေမနပ်အကြည့်မျိုးဖြင့် စကားစကို ဖြတ်လိုက်သည်။

"ငါတို့ကျောင်းသားကောင်စီအင်အားက ဆောင်းတွင်းပိတ်ရက်တုန်းကမှ ပြန်တိုးတက်လာပြီ။ လီယိကျင်းလောက်ကို ကြောက်မနေဘူး။"

"တကယ်လား"

မိန်းကလေး၏မျက်နှာက ဝမ်းပန်းတသာဖြင့် အရောင်လက်သွားသည်။

"ကျွန်မတို့ဥက္ကဌက လီယိကျင်းကို ကျောင်းရဲ့ကိုယ်ခံပညာစင်မြင့်ထက်မှာ လက်စားချေတော့မှာကို မစောင့်နိုင်တော့ဘူး။"

ထိုအချိန်တွင် ကန်ခံလိုက်ရသောလီမော်ယွီသည် ခုန်၍ နံရံတစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။ ခန္ဓာကိုယ်နှင့်ခေါင်းထက်တွင် သစ်ရွက်များဖုံးနေပြီး ပုံစံက အတော်လေးဖရိုဖရဲဖြစ်နေသည်။ သို့သော်လည်း လေသံကမူမာနေဆဲသာဖြစ်၏။ ကောဟိုင်သုံကို ကြည့်၍ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"မျိုးမစစ်ကောင် မင်းတို့ကျောင်းသားကောင်စီဥက္ကဌနဲ့ ငါ့အစ်ကိုကို ယှဉ်ရဲတယ်ပေါ့လေ။"

"ဘုန်း"

နောက်ထပ်အသံတစ်သံ ကြားလိုက်ရပြန်သည်။ လီမော်ယွီသည် နောက်တစ်ကြိမ် အကန်ခံလိုက်ရပြန်သည်။ ထိုကန်ချက်က ပထမကန်ချက်ထက် ပိုပြင်းသည်။ လီမော်ယွီသည် နာကျင်လွန်းသဖြင့် အော်လိုက်မိသည်။

"အစ်ကိုယွီ ဒီကောင်က ကျွန်တော်တို့ကို သက်သက်အနိုင်ကျင့်နေတာ။ ဘာသိုင်းပညာကျင့်ဝတ်မှမရှိဘူး။ သွားကြရအောင်။ အစ်ကိုချန်ကို သွားရှာရ‌အောင်။"

ထိုသို့ပြောပြီးနောက်တွင် လော်ရုန်ကျန်းသည် သုတေသနတက္ကသိုလ်ရှိရာသို့ အပြေးသွားတော့သည်။ လီမော်ယွီလည်း အမြန်ပင်ထကာ ဗိုက်ကိုဖိ၍ လော်ရုန်ကျန်းနောက်သို့ လိုက်သွား၏။ စစ်မှန်သောယောက်ျားတစ်ယောက်သည် အရှုံးကို ခံစားနေမည်မဟုတ်ပေ။ မနိုင်လျှင် ပို၍အားကောင်းသောသူကို သွားရှာမည်။ ထိုနှစ်ဦးထွက်သွားသည်ကို ကြည့်ပြီး ကောဟိုင်သုံက ခေါင်းခါလိုက်မိသည်။

"ဒီနှစ်ပါရမီရှင်တန်းက လူသစ်တွေက တကယ်ကို ပျော့ညံ့လွန်းတယ်။ သူတို့ဘာသာ မနိုင်နိုင်ရင် အကူအညီသွားခေါ်တယ်။ ဟာသပဲ။"

ထိုမိန်းကလေးက ပြောလိုက်သည်။

"ဒါပေါ့။ လူသစ်တွေက ပျော့ညံ့လိုက်တာ။ ကျွန်မတို့လူသစ်ဖြစ်တုန်းကဆို စီနီယာတွေဖိနှိပ်တာ မခံခဲ့ရဘူးမလား။ ဒါပေမဲ့လို့ အဲ့တုန်းက နောက်ခံရှိပြီး အသက်ရှုချောင်လို့ ကိုယ့်ဘာသာကိုလည်း ရပ်တည်နိုင်ခဲ့ကြတယ်။ ရန်ဖြစ်ရင် သူတို့လို ဘယ်သူ့ကို အကူအညီသွားတောင်းရလို့လဲ။"

....

သွေးသန့်လူသားလမ်းစဉ် သုတေသနတက္ကသိုလ်တွင်မူ....။

လင်းဇီချန်သည် ဓာတ်ခွဲခန်းထဲတွင်ရှိပြီး လျို့ချွမ်ဝူနှင့်အတူ အတွင်းကြောမှတ်များဖွင့်နိုင်ရန် သုတေသနလုပ်နေကြသည်။ စုန့်ယွီယန်လည်း ထိုနေရာတွင်ရှိ၏။ သုတေသနလုပ်နေစဉ်တွင်ပင် စုန့်ယွီယန်၏ဖုန်းက ရုတ်တရက် မြည်လာသည်။ သူမသည် ဖုန်းကိုထုတ်ယူပြီး ကြည့်လိုက်သောအခါ၌ ဘဏ်မှအကြွေးပြန်ဆပ်ရန် အကြောင်းကြားစာဖြစ်နေသည်။ ထိုစာကို မြင်လိုက်သောအခါတွင် တစ်ကိုယ်လုံးထုံသွားသည်ဟု ခံစားလိုက်ရကာ စောဒကတက်လိုက်မိသည်။

"မွဲလိုက်တာ။ သွေးသန့်စင်ခြင်းကျင့်စဉ်ကျင့်ရတာက တကယ်ကို အရင်းအမြစ်အများကြီးကုန်တာပဲ။ လစာလေးနဲ့ကို မနိုင်တော့ဘူး။ အဲ့ဒါကြောင့် ချေးငွေယူလိုက်မိလို့ ဘဏ်ကပြန်ဆပ်ဖို့ အကြောင်းကြားနေပြီ။ စိတ်ပျက်လိုက်တာ။"

ထို့နောက်တွင် သူမသည် လင်းဇီချန်နှင့် လျို့ချွမ်ဝူကိုကြည့်ကာ ပြောလိုက်သည်။

"ရှင်တို့မှာ ငွေရှာရမဲ့နည်းလမ်းလေးဘာလေးများ မရှိဘူးလား။ တကယ်ကို လိုနေလို့ပါ။"

လျို့ချွမ်ဝူက ပြောလိုက်လေသည်။

"ဖန်ဆင်းရှင်က လူတိုင်းရဲ့ခြေထောက်နှစ်ဖက်ကြားမှာ အေတီအမ်စက်တပ်ပေးထားတယ် (ဒီတစ်ခုကတကယ်ကိုအရီရဆုံးပဲ)။ မင်းလည်း သုံးလို့ရတာပဲ။"

စုန့်ယွီယန်က စိတ်ပျက်ပျက်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

"တော်စမ်းပါ။ ကျွန်မကို ရှင့်လိုများ မှတ်နေလား။ ညတိုင်းအပြင်ထွက်ပြီး ခန္ဓာကိုယ်ကို ရောင်းစားနေတယ်။ ကျွန်မက သိက္ခာရှိပြီးမြင့်မြတ်တဲ့မိန်းကလေးနော်။"

လျို့ချွမ်ဝူက ဟက်ခနဲရယ်လိုက်မိကာ

"အဲ့လိုဆိုလည်း ကောင်လေးရှာလေ။ ယွမ်တစ်သန်းလောက်နဲ့ လက်ဆောင်တွေတောင်းလိုက်။ တစ်လလောက်နေရင် ငွေတွေယူပြီးလစ်တော့။ ပြီးရင် နောက်ထပ်တစ်ယောက်ပြောင်းပြီးလှုပ်ရှားပေါ့။"

စုန့်ယွီယန်မှာ ပြောစရာစကားပင် မရှိတော့ပေ။

"အဲ့ဒါက လိမ်လည်မှုမလား။"

"လိမ်တာလို့ ဘယ်သူပြောလို့လဲ။ ဒါက လက်ဆောင်ပဏ္ဍာပေးရုံလောက်ပါပဲ။ ငါ့ရဲ့အရင်တုန်းကတစ်ယောက်ဆိုရင် (ယွမ်သုန်ကျီကိုပြောတာမဟုတ်ဘူး။ သူတွဲနေတဲ့မိန်းမထဲတစ်ယောက်ကို ပြောတာပါ) အဲ့လိုမျိုးနဲ့ ချမ်းသာလာတာ။ ဘာမှမဖြစ်ဘူး။"

စုန့်ယွီယန်က ပြန်ဖြေလိုက်သည်။

"လိမ်တာက လိမ်တာပဲပေါ့။ ကျွန်မက ဥပဒေလိုက်နာတဲ့နိုင်ငံသား။ အဲ့လိုဟာမျိုးတွေကို လုပ်မှာမဟုတ်ဘူး။"

ပြောရင်းဖြင့် လင်းဇီချန်ဘက်သို့လှည့်လာကာ ပြောလိုက်သည်။

"ဇီချန်ရော ငွေရှာလို့ရမဲ့ကိစ္စလေးဘာလေးများ သိထားလား။"

လင်းဇီချန်က ခေါင်းခါပြလိုက်သည်။

"ကျွန်တော်လည်း မသိဘူး။"

ယခင်က ကျောင်းအမှတ်များအတွက် မစ်ရှင်လုပ်ကာ ငွေရှာခဲ့သည်။ သို့သော် ယခုတွင်မူ ဂမ္ဘီရသစ်ပင်ဂိုဏ်း၏တိုက်ခိုက်မှုကို ကြောက်သဖြင့် အပြင်သို့ပင် မထွက်ရဲတော့ပေ။

အခန်း (၃၂၄) _ ကျောင်းသားကောင်စီတစ်ခုလုံးကိုပြောင်းပြန်လှန်ခြင်း! သွေးသန့်လူသားလမ်းစဉ်အတွက်နာမည်ကောင်းခံခြင်း!

ရှန်ချင်းဟန်နှင့် အခြားသူများသည် မကြာခင်တွင်ပင် သုတေသနတက္ကသိုလ်အပြင်သို့ ရောက်သွားကြသည်။ ရှန်ချင်းဟန်တစ်ဦးတည်းသာ သုတေသနတက္ကသိုလ်ထဲသို့ ဝင်သွားပြီး အခြားသူများက အပြင်တွင် စောင့်နေသည်။ ရှန်ချင်းဟန်ဝင်သွားသောအခါ၌ လင်းဇီချန်ကိုရှာ၍ အကြောင်းအကျိုးရှင်းပြသည်။ ကျောင်းသားကောင်စီ၏ ပြင်ပရေးရာဌာန ဒုဥက္ကဌက စီနီယာကျောင်းသားများကို ဦးဆောင်၍ လေ့ကျင့်ရေးအခန်းကို မောင်ပိုင်စီးထားကြကာ လူသစ်များကို သုံးခွင့်မပေးကြောင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ကြောင်း ပြောပြသည်။ မည်သို့လုပ်သင့်သနည်းဆိုသည်ကိုပါ မေးသည်။

လင်းဇီချန် ပြန်မဖြေခင်တွင်ပင် ဘေးမှ စုန့်ယွီယန်က ဝင်ပြောလိုက်သည်။

"ဘယ်လိုလုပ် တတ်နိုင်မှာလဲ။ မင်းရဲ့ဇီချန်ကိုခေါ်ပြီး သူတို့ကို ရိုက်ခိုင်းလိုက်။" ဘေးအခန်းမှ လျို့ချွမ်ဝူကလည်း ပြောလိုက်သည်။

"ငါ မာကျန်းဟယ်ရဲ့သမီးအသံကို ကြားလိုက်သလားလို့။"

ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။

" ကျောင်းအုပ်မာရဲ့သမီး မာရှိဝေ၊ ပေကျင်းတက္ကသိုလ်က လီယိကျင်းရဲ့ညီ လီမော်ယွီနဲ့ အခြားအတန်းဖော်တစ်ယောက်က အပြင်မှာ စောင့်နေကြတာပါ။ သူတို့အခြေအနေနဲ့မလို့ အထဲကို ဝင်မလာကြတာ။"

"ငါသိပြီ။"

လျို့ချွမ်ဝူက ခေါင်းညိတ်ပြလိုက်သည်။ လင်းဇီချန်က အချိန်ဖြုန်းမနေတော့ဘဲ ပြောလိုက်၏။

"မင်းရဲ့အတန်းဖော်သုံးယောက်က အပြင်မှာစောင့်နေတယ်ဆိုမှတော့ သူတို့ အကြာကြီးစောင့်မနေရအောင် ခုပဲသွားရအောင်။"

ပြောပြီးနောက်တွင် သူနှင့်ရှန်ချင်းဟန်တို့သည် အောက်ထပ်သို့ဆင်းသွားကာ အခြားသူများစောင့်နေသောနေရာသို့ သွားကြသည်။ ၎င်းရောက်လာသည်ကို မြင်သောအခါတွင် လော်ရုန်ကျန်းက ပြုံး၍ ပြောလိုက်သည်။

"အစ်ကိုချန် ကျောင်းသားကောင်စီက ပြင်ပရေးရာဌာနကကောင်က တကယ့်ကို တိရစ္ဆာန်ကောင်ပဲ။ ကျောင်းသားအရာရှိလုပ်နေပြီး လူသစ်တွေကို သူက ဦးဆောင်ပြီး အနိုင်ကျင့်နေတယ်။"

"သူ့ကိုစာရင်းရှင်းပေးဦး။ သူ့အမေက သူ့ကို မမှတ်မိအောင်ထိကို ဆုံးမလိုက်စမ်းပါ။"

လော်ရုန်ကျန်းသည် လင်းဇီချန်ကိုမူ အပြည့်အဝယုံကြည်ထားကာ အခြေခံအဌမအဆင့်သည် လူသစ်ဘုရင်ကို မနိုင်နိုင်ဟု ထင်မိသည်။ ဘေးမှ လီမော်ယွီကလည်း ဒေါသတကြီးဖြင့် လင်းဇီချန်ကို ပြောလိုက်သည်။

"အဲ့ကောင်က ငါ့ကို နှစ်ခါတောင် ကန်ထုတ်လိုက်တယ်။ သူ့ကို သွေးအန်အောင်လုပ်ပေးစမ်းပါ။ ငါမင်းဝတ္ထုကို ဆယ်သန်းဆုကြေးပေးပါ့မယ်။"

လင်းဇီချန်၏မျက်လုံးများက အရောင်လက်သွားသည်။

"တကယ်လား"

"အခုချက်ချင်းကို ဆုပေးမယ်။"

လီမော်ယွီသည် ပြောပြောဆိုဆိုဖြင့် ဖုန်းကိုအိတ်ထဲမှထုတ်ကာ ချီတျန့်ဖတ်စရာဝဒ်ဆိုဘ်ကိုဖွင့်၍ လင်းဇီချန်၏ ဝတ္ထုဖြစ်သော ' ချင်မေ့ -နတ်ဘုရားမနောက်ကွယ်မှ မျက်နှာဖြူအပျော်လင်လေး' ကိုဆုပေးရန် ပြင်လိုက်သည်။ ထိုအချိန်တွင် လင်းဇီချန်က အမြန်ပင် ဝင်တားလိုက်သည်။

"ဝတ္ထုကို ဆုကြေးမပေးနဲ့။ ငွေကိုပဲ ငါ့ဆီတိုက်ရိုက်လွှဲလိုက်ပါ။"

သူသည် ဝဒ်ဆိုဘ်ဖြင့် ငါးဆယ်ရာခိုင်းနှုန်းဆီ ခွဲမယူချင်ပေ။ ဆယ်သန်းလုံးကို မိမိဘာသာ အပိုင်သိမ်းချင်သည်။ လီမော်ယွီလည်း များများစားစားမစဉ်းစားနေတော့ဘဲ ပြောလိုက်၏။

"ဘဏ်အကောင့်နံပါတ်ပြော။ အခုချက်ချင်းလွှဲပေးလိုက်မယ်။"

လင်းဇီချန်က လီမော်ယွီ၏ ဘဏ်အကောင့်နံပါတ်ပေးလိုက်သည်။ ထို့နောက်တွင် အမြန်ပင် လီမော်ယွီလွှဲပေးသောဆယ်သန်းကို ရသွား၏။ လော်ရုန်ကျန်းတစ်ယောက်ကမူ ခေါင်းပြူ၍ကြည့်နေမိသည်။ မိမိဘဝတွင် ထိုမျှများပြားသောငွေကို မမြင်ဖူးခဲ့ပေ။ ဘဏ်အကောင့်ထဲသို့ ‌‌ငွေရောက်လာသောအခါတွင် လင်းဇီချန်လည်း အချိန်ထပ်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် အခြားသူများနှင့်အတူ ‌လေ့ကျင့်ရေးအခန်းဆီသို့ ချီတက်သွား၏။

....

အားကစားခန်းမ ဒုတိယထပ် လေ့ကျင့်ရေးအခန်းတွင် စီနီယာများသည် အချင်းချင်း ရယ်ကြမောကြ၊ စကားပြောဆိုကြရင်းဖြင့် လေ့ကျင့်နေကြသည်။ ထိုထဲမှ ဗလကောင်းကောင်းဖြင့် လူငယ်တစ်ယောက်သည် ခေါင်းခါယမ်းကာ ပြောလိုက်၏။

"ဒီနှစ်လူသစ်တွေက ငြိမ်ကိုမငြိမ်ဘူး။ သူ့တို့ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်တဲ့ပုံမပေါ်ဘူး။ အမြဲတမ်း စီနီယာတွေနဲ့ ခေါင်းချင်းဆိုင်ချင်နေတယ်။"

"လူသစ်တွေက စီနီယာတွေထက် အားနည်းတာ ပုံမှန်ပဲမဟုတ်လား။ စီနီယာတွေကို မနိုင်မှန်းသိမှတော့ အမြီးကုတ်ပြီးနေသင့်တာပေါ့။ စီနီယာတွေက ဘွဲ့ရသွားပြီးရင်လည်း သူတို့တွေစီနီယာလုပ်ရမဲ့အလှည့်လေ။ အဲ့ကျမှ လူသစ်တန်းမှဆုံးရှုံးသွားခဲ့တာတွေကို ပြန်ယူပေါ့။ အဲ့လိုဆို အားလုံးဖြေရှင်းပြီးသားဖြစ်တယ်မဟုတ်လား။"

"တုံးကိုတုံးလွန်းပါတယ်။ ကြည့်ကိုမကြည့်နေနိုင်တော့ဘူး။"

"...."

၎င်းဘေးမှ ဆံပင်ရှည်ရှည်ဖြင့်လူငယ်တစ်ဦးက ပြောလိုက်သည်။

"ဒါပေါ့။ သူတို့ဘယ်လောက်တုံးလဲဆိုတာက ရီစရာကောင်းတယ်။"

ပြောနေစဉ်တွင်ပင် လေ့ကျင့်ရေးခန်းမှ တံခါးသည် ဘုန်းခနဲမြည်သံနှင့်အတူ ကန်ဖွင့်ခံလိုက်ရသည်။

"သေစမ်း။ ကောဟိုင်သုံ ထွက်လာခဲ့စမ်း။ မင်းအဖိုးလီပြန်လာပြီ။"

လီမော်ယွီက အထဲသို့ဝင်လာကာ အော်ပြောလိုက်သည်။ လော်ရုန်ကျန်းကလည်း ဘေးတွင်ရပ်လိုက်ပြီး ဘဝခိုက်စွာဖြင့် အော်ပြောလိုက်၏။

"ကောဟိုင်သုံ ငါ့အစ်ကိုကြီမော်ယွီပြောနေတာမကြားဖူးလား။ ထွက်လာခဲ့စမ်း။"

နှစ်ဦးသား ‌အော်ပြောပြီးသည်နှင့် ကျန်သည့်သူ လင်းဇီချန်၊ ရှန်ချင်းဟန်နှင့် မာရှိဝေတို့ကလည်း အပြင်မှ အထဲသို့ ဝင်လာကြသည်။ အားလုံးသည် ရည်ရွယ်ချက်ရှိရှိဖြင့် ဒရာမာဆန်ဆန်ဝင်လာခြင်းမဟုတ်သော်လည်း လီမော်ယွီနှင့်လော်ရုန်ကျန်းက ဦးစွာပြေးဝင်သွားခြင်းဖြစ်၏။ အားကစားခန်းမထဲသို့‌ရောက်သည်နှင့် လေ့ကျင့်ရေးအခန်းဆီသို့ ပြေးသွားကြကာ အားဖြင့် တံခါးကိုဖွင့်လိုက်ကြပြီး မိမိတို့သိက္ခာကိုပြန်အဖက်ဆယ်ရန် မစောင့်နိုင်ကြတော့သည့်ပုံပင် ဖြစ်၏။ ၎င်းတို့သည် တံခါးကန်ဖွင့်ခြင်း၊ အော်ပြီးစိန်ခေါ်ခြင်းကို ကျွမ်းကျင်ကြသောသူဌေးနောက်လိုက်များဖြင့်တူသည်။

"ကြည့်ရတာ မင်းတို့တွေ သေချာတဲ့နောက်ခံလူတွေ့လာပြီထင်တယ်။ လူသစ်ဘုရင်ကို ခေါ်လာတဲ့ပုံပဲ။"

ကောဟိုင်သုံကမူ အေးဆေးစွဦလျှောက်လာပြီး ဘေးနားတွင် ဆံပင်ရွှေရောင်ကောက်ကောက်ဖြင့် မိန်းကလေးတစ်ဦးလည်း ပါသည်။ ထိုမိန်းကလေးသည် စောနက လူသစ်များကိုနောက်ခံမရှိဟု ပျက်ရက်ပြုခဲ့သူပင် ဖြစ်၏။ ကောဟိုင်သုံပေါ်လာသည်နှင့် လင်းဇီချန်သည် သူ၏သွေးမျိုးဆက်စွမ်းအားကို အာရုံခံကြည့်သည်။ အတော်လေးအားကောင်းကာ အခြေခံအဌမအဆင့်ပင် ဖြစ်သည်။ ၎င်းကိုယ်ထဲမှ အားကောင်းသောဆန်းကြယ်သားရဲနှစ်မျိုးကိုလည်း အာရုံခံမိသည်။ တစ်ကောင်သည် ချီသွေးမိသားစုဝင် မိစ္ဆာမျက်လုံးလူဝံကြီးဖြစ်ပြီး ကျန်တစ်ကောင်မှာ ဝိညာဉ်စွမ်းအားဆိုင်ရာ အရိပ်လင်းနို့ပင် ဖြစ်လေ၏။ ချီသွေးနှင့်ဝိညာဉ်စွမ်းအားကို အချိုးကျစွာပေါင်းစပ်ထားသည်။ ကောဟိုင်သုံ၏စွမ်းအားများကို လေ့လာပြီးနောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်၏အဆင့်ဖြင့်ရင်ဆိုင်လျှင် အဆင်ပြေမည်ဟု ခံစားမိသည်။ ထို့ကြောင့် ဘေးနားမှ ရှန်ချင်းဟန်ကိုခေါ်၍ ပြောလိုက်သည်။

"မင်း ကျောင်းသားကောင်စီ ပြင်ပရေးရာဌာနက ဒုဥက္ကဌကို တာဝန်ယူပြီးဖြေရှင်းလိုက်။ သူ့ကို သွေးချောင်းအန်အောင် လုပ်လိုက်။"

"ကောင်းပြီ ငါသိပြီ။"

ရှန်ချင်းဟန်က ခေါင်းညိတ်ပြကာ ရှေ့ထွက်သွားပြီး ကောဟိုင်သုံနားသို့ ချည်းကပ်သွားသည်။ လီမော်ယွီ၊ မာရှိဝေနှင့် လော်ရုန်ကျန်းတို့သည် ခေတ္တမျှ ကြောင်ကြည့်နေကြသည်။ ကောဟိုင်သုံသည် ကြောက်စရာကောင်းသောသူဖြစ်ကာ သွေးမျိုးဆက်စွမ်းအား အခြေခံအဌမအဆင့်ရှိပြီး မိမိတို့ဘက်က ရှန်ချင်းဟန်ကမူ သွေးမျိုးဆက်စွမ်းအား အခြေခံဆဌမအဆင့်သာ ရှိသည်။

သူမဖြင့် ကောဟိုင်သုံကိုရင်ဆိုင်ခိုင်းခြင်းက ဟာသလုပ်နေခြင်းမဟုတ်သည်မှာ သေချာပါသည်လော

All Chapters