စွမ်းအင်ကျောက်တုံးအား ခွဲခြမ်းစိတ်ဖြာခြင်း
Vol. 44 Ch. 652
ထိုသူနှစ်ဦးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ကျိုးဟောင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဤနှစ်ယောက်သည် အမှန်တကယ်ပင် အစွမ်းထက်သည်ဟု စိတ်ထဲက တွေးမိလိုက်သည်။
မူလကျောက်စာ၏ စွမ်းအားမပါရှိပါက သူသည် ထိုနှစ်ဦးကိုဖြေရှင်းနိုင်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ကျိုးဟောင်သည် အလွန်အစွမ်းထက်သည့်အတွက် လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦးကို ချိပ်ပိတ်ထားနိုင်ခဲ့သည်။ ၎င်းကို ကြီးမားသည့်လုပ်ဆောင်မှုတစ်ခုဟု သတ်မှတ်နိုင်ပေသည်။
“စီနီယာကျိ အကြာကြီး စောင့်နေရမှာပဲ သူသေချာပေါက် စိတ်ပူနေလောက်ပြီ”
ကျိုးဟောင်သည် ပြောနေရင်း သူ၏ဆက်သွယ်ရေးကိရိယာကို ထုတ်ယူကာ စာတစ်စောင်ပို့လိုက်သည်။ ထို့နောက် သူသည် ထိုနှစ်ယောက်နှင့်အတူ ချက်ချင်းပင် နေရာရွှေ့ပြောင်းအစီအရင်ဖြင့်ထွက်ခွာသွားခဲ့သည်။ ပြန်ပေါ်လာသည့်အချိန်တွင် သူတို့သည် သူ၏လုံနတ်ဘုရားစစ်သင်္ဘောအပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကာ ထိုစစ်သင်္ဘောထဲသို့ ဝင်ရောက်လိုက်သည်။
ထိုနှစ်ဦးကို သင်္ဘောအတွင်းသို့ ပစ်ထည့်ပြီးနောက် ကျိုးဟောင်သည် အချိန်မဖြုန်းတော့ဘဲ ၎င်းတို့ကို ချက်ချင်းသတိမေ့သွားအောင်လုပ်လိုက်သည်။
“ရှောင်ယွီ သူတို့ကို စစ်ဆေးကြည့်လိုက် သူတို့ ဘာကြောင့် လူပုံစံနဲ့ သားရဲပုံစံကြားမှာ ပြောင်းလဲနိုင်လဲဆိုတာ ငါသိချင်တယ်”
ကျိုးဟောင်ပြောပြီးနောက် လုံနတ်ဘုရားစစ်သင်္ဘောထဲတွင် စက်ရုပ်များစွာ ပေါ်လာပြီး ထိုကျားသစ်ပုံစံနှစ်ဦးကို ခွဲခြမ်းစိတ်ဖြာရန် ဓာတ်ခွဲခန်းထဲသို့ ချက်ချင်းသယ်ဆောင်သွားခဲ့သည်။
တစ်ဖက်တွင် စီနီယာကျိသည် ဤသတင်းကိုရပြီးနောက် ခဏတာ အံ့အားသင့်သွားသည်။ သူမသည် ကျောက်စာတိုင်ကို မြင်နေရသေးသော်လည်း ကျိုးဟောင်ပို့လိုက်သည့်စာကိုရရှိပြီးနောက် သူ့ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ ထို့နောက်သူမသည် စစ်နတ်ဘုရားလင်းထျန်ကို ချက်ချင်းပြောလိုက်သည်။
“ပြန်ဆုတ်ကြမယ်။ ဒီကောင်ကို ကိုင်တွယ်ရတာ အရမ်းခက်တယ် ကျွန်မတို့ နောက်မှ တိုက်ပွဲအစီအစဉ်တစ်ခု ထပ်ဆွဲကြမယ်”
ဤစကားကို ကြားလိုက်သောအခါ စစ်နတ်ဘုရားလင်းထျန်သည် သက်ပြင်းချလိုက်မိသည်။ ဤသူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲသည် အလွန်အစွမ်းထက်ပြီး သူ၏ဥာဏ်ရည်သည်လည်း အလွန်မြင့်မား၍ ကြမ်းတမ်းသည်။ သူ၏ပေါ့ပါးသည့် လှုပ်ရှားမှုသိုင်းကြောင့်သာ အစောကြီးကတည်းကဒဏ်ရာအပြင်းအထန်ရသွားလောက်ပြီဖြစ်သည်။
သို့သော် ထိုသို့ဆိုလျှင်ပင် သူသည်ဒဏ်ရာအနည်းအကျဥ်းတော့ရထားသေးပေသည်။
“ကောင်းပြီ ပြန်ဆုတ်ကြမယ်”
ပြောရင်း စစ်နတ်ဘုရားလင်းထျန်သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် အဆုံးမရှိသော လျှပ်စီးစွမ်းအင်သည် သူ၏ခေါင်းပေါ်တွင် စုစည်းလာခဲ့သည်။ ကျိယောင်ယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မီးတောက်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သူမနှစ်ဦးပူးပေါင်း၍ တိုက်ခိုက်မှုတစ်ခုအားထုတ်လွှတ်ခဲ့သည်။ ဤသူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲအား နောက်သို့ ၁၀မီတာကျော်အကွာအဝေးဆုတ်သွားအောင်လုပ်လိုက်ပြီးနောက် ၎င်းတို့၏ကိုယ်ခန္ဓာများမှာလှုပ်ရှားသွားပြီး အဖွဲ့သားများနှင့်အတူထိုနေရာမှဆုတ်ခွာလာခဲ့ကြသည်။
အခြားတစ်ဖက်တွင်၊ ကျိုးဟောင်သည် ခွဲခြမ်းစိတ်ဖြာမှု စတင်နေပြီဖြစ်ပြီး မကြာမီတွင် နိဂုံးချုပ်ချက်တစ်ခု ရရှိခဲ့သည်။
"သခင် ဒီနှစ်ယောက်က အရမ်းထူးဆန်းတဲ့ သက်ရှိတွေပါ သူတို့ရဲ့ကိုယ်ထဲမှာသန္ဓေပြောင်းသားရဲမျိုးနွယ်ရဲ့သွေးမျိုးဆက်နဲ့ လူသားမျိုးနွယ်ရဲ့သွေးမျိုးဆက်တွေ ရှိနေတယ် သူတို့ကလူတွေကပြုစုပျိုးထောင်ထားတဲ့ သိုင်းပညာရှင်တွေ ဖြစ်မယ် သူတို့ရဲ့ သွေးမျိုးဆက်က ၇၀ ရာခိုင်နှုန်း လူသားဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကသန္ဓေပြောင်းသားရဲပါ သူတို့ရဲ့ကိုယ်ထဲမှာ သန္ဓေပြောင်းသားရဲရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်တဲ့ ထူးဆန်းတဲ့စွမ်းအားတစ်ခု ရှိပါတယ်”
လက်ရှိအချိန်တွင် သူတို့နှစ်ဦးသည် သတိမေ့နေသောကြောင့် လူသားပုံစံသို့ ဖြည်းဖြည်းချင်းပြန်ပြောင်းသွားခဲ့သည်။
ကျိုးဟောင်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း သံသယဝင်နေသော်လည်း အတည်မပြုနိုင်သေးပေ။
“ကောင်းပြီ ဒီခွဲခြမ်းစိတ်ဖြာချက်ကို အစီရင်ခံစာလုပ်ပြီး ငါ့ဆီပို့လိုက်ပါ”
ပြောပြီးသည်နှင့် ငှက်မွေးတစ်ထောင်ချပ်ဝတ်သည် အချက်အလက်များကို ကျိုးဟောင်၏ကိရိယာထဲသို့ ချက်ချင်းပို့လိုက်သည်။
အချက်အလက်များ လွှဲပြောင်းပြီးသည်နှင့် ကျိယောင်ယွဲ့သည် ကျိုးဟောင်အား ဖုန်းခေါ်လာခဲ့သည်။
ကျိုးဟောင်သည် ပြုံးလိုက်ပြီး စီနီယာကျိသည် ရလဒ်များကို သိလို၍ စိတ်ပူနေမှာပဲဟု တွေးလိုက်သည်။
“စီနီယာကျိ တာဝန်ပြီးဆုံးခဲ့ပါတယ်”
ကျိုးဟောင်သည် ဖုန်းကိုကိုင်လိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။
“တော်တယ် အခု မင်းဘယ်မှာလဲ ငါမင်းဆီ လာခဲ့မယ်”
ကျိယောင်ယွဲ့သည် အလွန်ပူပန်နေပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
“ဟုတ်ပါပြီ စီနီယာကျိ ကျွန်တော့်မှာ နောက်ထပ်အံ့ဩစရာတစ်ခု ရှိသေးတယ် စီနီယာကျိ လာကြည့်ကြည့်ပါဦး”
“ဪ ဒါဆို တည်နေရာကို အမြန်ပို့လိုက်ငါအခုပဲ လာခဲ့မယ်”
ကျိယောင်ယွဲ့သည် ချက်ချင်းပင် အံ့သြသွားပြီး သူမ၏မျက်နှာမှာအရောင်တောက်လာကာ အလျင်အမြန် ပြောလိုက်သည်။
ကျိုးဟောင်သည် ပြုံးလိုက်သည်။ စီနီယာကျိသည် သူ၏အံ့ဩစရာကို သေချာပေါက်မသိသေးပေ။ သူသည်တည်နေရာကိုကို ချက်ချင်းပို့လိုက်ပြီး လုံနတ်ဘုရားစစ်သင်္ဘောအား ကောင်းကင်ယံရှိ မီတာတစ်သောင်းအကွာအဝေးတွင် ဖျောက်ထားလိုက်သည်။
မကြာမီတွင် ကျိယောင်ယွဲ့သည် သူမြင်နိုင်သောအကွာအဝေးတွင် ပေါ်လာခဲ့ပြီး ကျိုးဟောင်သည် သူမအား စစ်သင်္ဘောအတွင်းသို့ ခေါ်ဆောင်ခဲ့သည်။
သင်္ဘောထဲသို့ ဝင်သည်နှင့် ကျိယောင်ယွဲ့သည် စိတ်ပူပန်စွာ မေးလိုက်သည်။
“မင်း ကျောက်စာတိုင်ကို ရခဲ့လား ဒါပေမဲ့ ကျောက်စာတိုင်က အဲ့ဒီနေရာမှာ ရှိနေတုန်းပဲထင်တယ်”
ကျိုးဟောင်သည် ပြုံးလိုက်ပြီး ဘာမှထပ်မပြောဘဲ ကျိယောင်ယွဲ့ကို သူ၏စွမ်းအင်ခန်းထဲသို့ ချက်ချင်းခေါ်သွားခဲ့သည်။
ပြန်ရောက်လာခဲ့ချိန်တွင် ကျိုးဟောင်သည် ထိုစွမ်းအင်ကျောက်တုံးအားစွမ်းအင်ခန်းထဲတွင် ထားလိုက်သည်။ ထိုစွမ်းအင်ကျောက်တုံးမှ အဆုံးမရှိသော စွမ်းအင်များထုတ်လွှတ်နေခဲ့သည်။
“စီနီယာကျိကြည့် အဲ့ဒါက ကျောက်စာတိုင်ထဲက စွမ်းအင်ရဲ့ အရင်းအမြစ်ပဲ တကယ့်စွမ်းအင်အရင်းအမြစ်က ကျောက်စာတိုင်ကမဟုတ်ဘူး ဒီကျောက်တုံးပဲ"
ကျိုးဟောင် ရိုးရှင်းစွာဖြေလိုက်သည်ကိုကြည့်ပြီး ကျိယောင်ယွဲ့မှာ ချက်ချင်း ပြုံးလိုက်သည်။
“မှန်တယ် အဲဒါဆို အခု ကျောက်စာတိုင်က အသုံးမဝင်တော့ဘူးလား”
“ဟုတ်တယ် စွမ်းအားပျံ့နှံ့မှုက လျော့သွားပြီ နောက်ကျ ဖြည်းဖြည်းချင်း ပျောက်သွားလိမ့်မယ် အဲဒီအခါကျရင် ကျွန်တော်တို့ ဒီကျွန်းကို စွန့်ပစ်လိုက်လို့ရပြီ ဒါမှမဟုတ် အစိတ်စိတ်အမြွှာမြွှာဖျက်ဆီးပြီး ပင်လယ်အောက်ခြေကို မြှုပ်လိုက်ရုံပဲ ”
ကျိုးဟောင်သည် ချက်ချင်းပြောလိုက်သည်။
“တော်တယ် တကယ်တော်တယ် ဒါနဲ့ ကျိုးဟောင် မင်းရဲ့အာကာသယာဉ်က အရမ်းအစွမ်းထက်တယ် ဒီပစ္စည်းရဲ့ အခြားအသုံးဝင်မှုတွေ ရှိသေးလားဆိုတာ မင်းခွဲခြမ်းစိတ်ဖြာပေးနိုင်မလား”
ကျိယောင်ယွဲ့သည် ဤအရာက လူသားများအတွက် အကျိုးရှိနိုင်မလားဟု တွေးတောနေခဲ့သည်။
“ရတယ်”
ကျိုးဟောင်က ပြုံးလိုက်သည်။
အစောပိုင်းကငှက်မွေးတစ်ထောင်ချပ်ဝတ်မှ စွမ်းအင်ကျောက်တုံးကို ခွဲခြမ်းစိတ်ဖြာနေချိန်တွင် ဤစွမ်းအင်ကျောက်တုံးသည် လုံနတ်ဘုရားစစ်သင်္ဘောအတွက် စွမ်းအင်ထုတ်လွှတ်နိုင်ရုံသာမက လုံနတ်ဘုရားစစ်သင်္ဘောသည်လည်း ၎င်း၏စွမ်းအင်ကို စုဆောင်းကာ စွမ်းအင်လှိုင်းတစ်ခုအဖြစ် ထုတ်လွှတ်နိုင်သည်ကို ကျိုးဟောင်သိရှိခဲ့ရသည်။
ဤစွမ်းအင်လှိုင်း၏ စွမ်းရည်သည် ကောင်းကင်ဘုံအထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်မှုနှင့်ညီမျှပေသည်။
“စီနီယာကျိ ကြည့်ပါဦး”
ကျိုးဟောင်သည် ထိုစွမ်းအင်ကျောက်တုံးအား အသုံးပြုပုံကို ငှက်မွေးတစ်ထောင်ချပ်ဝတ်စုံအား ချက်ချင်းပင်သရုပ်ပြစေခဲ့ပြီး သူတို့နှစ်ဦးသည် ပုံရိပ်ယောင်ခန်းထဲသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။
ထို့နောက် ငှက်မွေးတစ်ထောင်ချပ်ဝတ်သည် ပုံတူကူးယူထားသည့် စွမ်းအင်လှိုင်းကို ထုတ်လွှတ်လိုက်ရာ အစွမ်းထက်သည့် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် စွမ်းအားမြင့် တိုက်ခိုက်ရေးစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒီလောက်အစွမ်းထက်တာလား ဒီပစ္စည်းက ဒီလိုအစွမ်းထက်တဲ့ စွမ်းအားကို ထုတ်ပေးနိုင်တယ်ပေါ့”
ကျိယောင်ယွဲ့သည် ချက်ချင်းပင်အံ့သြသွားပြီး အလျင်အမြန် မေးလိုက်သည်။
“ဒီအာကာသယာဉ်အပြင် တခြားအာကာသယာဉ်တွေမှာလည်း ဒါကိုသုံးလို့ရလား”
ကျိယောင်ယွဲ့သည် အခြားအာကာသယာဉ်များတွင်လည်း ဤပစ္စည်းအား အသုံးပြုနိုင် မပြုနိုင်ကို အမှန်တကယ်မေးလိုခြင်းဖြစ်သည်။ အကယ်၍ ဖြစ်နိုင်ပါက၊ တိုက်လေယာဉ်များအား ဤပစ္စည်း တပ်ဆင်လိုက်ပါက ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းရည်သည် များစွာတိုးပွားလာမည်ဖြစ်သည်။
“ဒါ… အရမ်းခက်တယ် ဘာလို့လဲဆိုတော့ ဒီစွမ်းအင်က အရမ်းအစွမ်းထက်လို့ပဲ သာမန်အာကာသယာဉ်တွေက ဒါကို မခံနိုင်ဘူး ဒီစွမ်းအင်ကို မထုတ်လွှတ်ခင်မှာ အာကာသယာဉ်က ပေါက်ကွဲသွားလိမ့်မယ်။”
ကျိုးဟောင်သည် အမှန်အတိုင်းပြောလိုက်ရာ ကျိယောင်ယွဲ့သည် ချက်ချင်းစိတ်ပျက်သွားခဲ့သည်။
“ဒါဆို မင်းအတွက်ပဲ အသုံးဝင်ပြီး ကျန်တဲ့သူတွေက အသုံးမဝင်ဘူးပေါ့”
ကျိယောင်ယွဲ့သည် အားမလိုအားမရ ပြောလိုက်သည်။
“အာ… အဲဒီလို မဟုတ်ပါဘူး မာကျောမှုအဆင့် ၆၀အထက်ရှိတဲ့ ပစ္စည်းတွေမှာဆို တပ်ဆင်လို့ရတယ် ဒါပေမဲ့ လူတွေသိတဲ့ ကုန်ကြမ်းတွေနဲ့လုပ်ထားတဲ့ အမြင့်ဆုံးအဆင့် အာကာသယာဉ်တွေမှာတောင်မာကျောမှုအဆင့်က ၃၀ ပဲ ရှိတယ် ရှေးဟောင်းအပျက်အစီးတွေက ထွက်လာတဲ့ပစ္စည်းတွေမှပဲ ၆၀ ကို ရောက်နိုင်မှာ”
ကျိုးဟောင်သည် ငှက်မွေးတစ်ထောင်ချပ်ဝတ်အား အသေးစိတ်ခွဲခြမ်းစိတ်ဖြာခိုင်းခဲ့ပေသည်။ ထို့ကြောင့် အရာအားလုံးကို စာရင်းပြုစုထားနိုင်ခဲ့ခြင်းဖြစ်သည်။
“စိတ်ပျက်စရာပဲ… မေ့လိုက်ပါတော့ ရှေးဟောင်းအပျက်အစီးတွေက ပစ္စည်းတွေက အရမ်းတန်ဖိုးရှိတယ် လူသားမျိုးနွယ်တစ်ခုလုံးမှာလည်း အဲဒီပစ္စည်းတွေက နည်းနည်းလေးပဲရှိတယ် ရပြီ၊ မင်း သုံးလို့ရတယ်ဆိုတော့ မင်းပဲသုံးလိုက်ပေါ့ ဒါပေမဲ့ ဘယ်သူ့ကိုမှပြောပြလို့မရဘူးနော်”
ကျိယောင်ယွဲ့သည် ချက်ချင်းပင် ပြောလိုက်သည်။ သူမသည် မျိုးနွယ်ခြားများ သိသွားပါကအခြေအနေဆိုးသွားမည်ကို စိုးရိမ်နေသည်။
သို့သော်လည်း ကျိုးဟောက်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
“စီနီယာကျိ ဒီအကြောင်းကို သိထားတဲ့သူတွေ ရှိနေပြီးပြီလို့ ကျွန်တော်ထင်တယ်”
သူ့စကားဆုံးသည်နှင့် ကျိယောင်ယွဲ့၏ မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
“ဘာ သိနေတဲ့သူတွေ ရှိနေတယ်ဟုတ်လား ဘယ်လိုဖြစ်နိုင်မှာလဲ ဒီအကြောင်းကို မင်းနဲ့ငါပဲ သိတာလေ ငါ ဘယ်သူ့ကိုမှ မပြောဖူးဘူး ဘယ်လိုသိနိုင်မှာလဲ မင်းတစ်ယောက်ယောက်ကိုများ ပြောလိုက်မိသလား”
ကျိယောင်ယွဲ့သည် ဤသတင်း မည်သို့ပြန့်သွားနိုင်သည်ကို နားမလည်ဘဲ အလွန်အံ့သြနေခဲ့သည်။
“ကျွန်တော်လည်း မဟုတ်သလို စီနီယာလည်း မဟုတ်ဘူး တခြားတစ်ယောက်ပဲ"
ကျိုးဟောင်သည် ပြုံးကာပြောလိုက်သည်။
....................................................................................