← Chapters

အပိုင်း ၃၂၅-၃၂၇

Vol. 22 Ch. 325-327

အပိုင်း ၃၂၅-၃၂၇

Vol. 22 Ch. 325-327

အခန်း (၃၂၅) _ ကျောင်းသားကောင်စီတစ်ခုလုံးကိုပြောင်းပြန်လှန်ခြင်း! သွေးသန့်လူသားလမ်းစဉ်အတွက်နာမည်ကောင်းခံခြင်း! (၂)

သုံးဦးလုံးသည် ရှန်ချင်းဟန်မှာ အခြေခံအဌမအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားပြီဖြစ်ကြောင်းကို မသိကြပေ။ ဆောင်းရာသီပိတ်ရက်အစတွင်ပင် ရှန်ချင်းဟန်၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံဆဌမအဆင့်သာရှိသေးသည်။ အားလပ်ရက်တစ်ခါတည်းဖြင့် အဆင့်နှစ်ဆင့်ခုန်တက်သွားမည်ဟု မည်သူထင်မည်နည်း။

"ငါ့ကိုတိုက်ဖို့ သူ့ကို လွှတ်မှာလား။"

ကောဟိုင်သုံက ရယ်လိုက်ပြီး ရယ်သံက စိတ်ပျက်နေသောအသံရောနေသည်။ မိမိသည် အခြေခံအဌမအဆင့်ရှိသူဖြစ်သော်လည်း အားနည်းသောမိန်းကလေးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းခြင်းက မိမိကို အထင်သေးနေခြင်းမဟုတ်ပါလော။ ထိုသို့စဉ်းစားမိပြီး ‌ဘေးနားမှ ရွှေရောင်ဆံပင်ကောက်ကောက်ဖြင့် မိန်းကလေးကို ပြောလိုက်သည်။

"မင်းသူနဲ့သွားတိုက်လိုက်။"

"ကျွန်မတာဝန်ထားလိုက်။"

ထိုမိန်းကလေး ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ ထိုမိန်းက‌လေးသည် သွေးမျိုးဆက်စွမ်းအားသတ္တမအဆင့်ရှိသောကြောင့် လူသစ်မိန်းကလေးကိုနိုင်ရန် ယုံကြည်ချက်ရှိနေသည်။

"ဂျူနီယာရှန့် မင်းက အစားထိုးတိုက်ဖို့ ဝင်ပါလိုက်ပြီဆိုတော့ စီနီယာတွေကို တိုက်နိုင်ဖို့ ကြမ်းမှဖြစ်တော့မယ်။ စီနီယာတွေကို ဘယ်လိုလေးစားရမလဲဆိုတာ မသိဘူးလား။ ဒီနေ့တော့ ဒီကစီနီယာအစ်မက အကြီးတွေကို ဘယ်လိုရိုသေရမလဲဆိုတာ သေချာသင်ပေးမယ်။"

ထိုစကားကို ပြောပြီးသည်နှင့် ရွေရောင်ဆံပင်ဖြင့် မိန်းကလေးသည် ချက်ချင်းပင် ရွှေရောင်အလင်းတန်းနှင့်အတူ ပြေးထွက်လာကာ ရှန်ချင်းဟန်ဆီသို့ ဦးတည်လာသည်။ မြန်သော်လည်း ရှန်ချင်းဟန်ကမူ သူမ၏နှုန်းဖြင့် မနီးစပ်ဟုသာ ခံစားမိသည်။ ထို့ကြောင့် တစ်ဖက်သူ၏ချီသွေးစွမ်းအားသည် သူမထက်မသာနိုင်ဟု ခန့်မှန်းလိုက်ပေသည်။

ထို့ကြောင့်ပင်လျှင် မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်စွမ်းအားကို မသုံးဘဲဖြင့်ပင် သူမသည် ‌ရှေ့သို့ထွက်လာပြီး ထိုမိန်းကလေးအပြေးလာနေသည့်အရပ်တွင် ခြေထိုးခံလိုက်သည်။ အမြန်နှုန်းဖြင့်လာသောကြောင့် ထိုမိန်းကလေးသည် ပြန်တုံ့ပြန်ရန် အချိန်မရှိလိုက်ပေ။ လှပသောခြေထောက်လေးက မိမိရှေ့တွင် ပေါ်လာသည်ကိုသာ တွေ့လိုက်ရသည်။ နောက်တွင်မူ ဘုန်းခနဲအသံကို အားလုံးကြားလိုက်ရသည်။ ရှန်ချင်းဟန်၏သေးသွယ်သောခြေထောက်လေးသည် ထိုမိန်းကလေးရင်ဘတ်ပေါ်သို့ရောက်လာကာ သူမကို တစ်ချက်တည်းဖြင့် ကန်ထည့်လိုက်သည်။ နှစ်စက္ကန့်မျှကြာပြီးနောက်တွင်မူ ကန်ခံလိုက်ရသောပုံရိပ်သည် နာကျင်လွန်းဖြင့် အော်နေကာ မျက်နှာတစ်ခုလုံး ဒေါသဖြင့်ရှုံ့တွနေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော လေ့ကျင့်ရေးအခန်းထဲမှသူအားလုံးသည် အံ့ဩတုန်လှုပ်သွားကြသည်။ အားနည်းကာနူးညံ့သိမ်မွေ့သောရှန်ချင်းဟန်သည် ထိုမျှအားပြင်းသည့်ကန်ချက်ဖြင့် ကန်နိုင်မည်ဟု မည်သူမှထင်မထားပေ။ အမြင်သည်လှည့်စားနိုင်သည်ဆိုသည်မှာ အမှန်ပင် ဖြစ်၏။

"ချင်းဟန် မင်းခြေထောက်တွေက ဒီလောက်နူးညံ့တာ။ ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့အားကို ထုတ်နိုင်ရတာလဲ။"

လီမော်ယွီက သူမ၏ခြေထောက်များကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်ရင်း မေးလိုက်သည်။

ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။

"သွေးသန့်စင်ခြင်းကျင့်စဉ်ကျင့်လို့ တိုးတက်လာတာလေ။"

ထိုစကားကို ကြားသောအခါတွင် မာရှိဝေသည် ခံစားချက်များ ရောထွေးလာပြန်သည်။

သွေးသန့်လူသားလမ်းစဉ်.....

ငါသွေးသန့်လူသားလမ်းစဉ်ကို လိုက်ရမယ်...။

ငါ့ခန္ဓာကိုယ်ထဲက ဆန်းကြယ်သားရဲမျိုးစိတ်ကို ဖယ်ရှားပစ်ရမယ်။

ရှန်ချင်းဟန်တောင် သွေးသန့်စင်ခြင်းကျင့်စဉ်ကျင့်လို့ ဒီလောက်အားကောင်းနိုင်ရင် ငါလည်း သေချာပေါက်လုပ်နိုင်ရမယ်။

မာရှိဝေက အတွေးထဲတွင် နစ်မျောနေစဉ်တွင်ပင် လော်ရုန်ကျန်းက ရှန်ချင်းဟန်ကို ပြောလိုက်သည်။

"ညီမလေးဟန် စောနက မင်း သူ့မျက်နှာကို ကန်လိုက်သင့်တာ။ တစ်ချက်တည်းကန်လိုက်ရင်ကို ဝက်‌ခေါင်းဖြစ်နေလောက်ပြီ။ စီနီယာတွေကို ကြမ်းပြဖို့လိုတယ်။"

ရှန်ချင်းဟန်က ၎င်းကို လျစ်လျူရှုထားပြီး ကောဟိုင်သုံကိုကြည့်၍ ပြောလိုက်သည်။

"ရှင့်အလှည့်ပဲ။"

ရှေ့သို့တိုးလာကာ ကောဟိုင်သုံကလည်း ပြောလိုက်သည်။

"ငါမင်းကို လျော့တွက်လိုက်မိတယ်။ ဒါပေမဲ့ စောနကကန်ချက်လောက်နဲ့တော့ ငါ့ကို ခြစ်ရာတောင်ထင်အောင် မလုပ်နိုင်ဘူး။"

ထိုစကားကို ပြောပြီးသည်နှင့် သူသည် ခန္ဓာကိုယ်ထဲမှ ဆန်းကြယ်သားရဲမျိုးစိတ်နှစ်မျိုးကို အတွေးဖြင့် အသက်သွင်းလိုက်သည်။ ခန္ဓာကိုယ်အားက ခုနစ်ဆယ်ရာခိုင်နှုန်းမြင့်တက်လာပြီး မျက်နှာသည်လည်း အမွေးများဖြင့် ဖုံးသွားသည်။ တစ်ချိန်တည်းတွင်ပင် ရှန်ချင်းဟန်သည်လည်း သူမ၏မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်နှင့် ရေလိပ်ပြာကို အတွေးဖြင့် အသက်သွင်းလိုက်သည်။ အစက မည်းနက်နေသောသူမ၏ဆံကေသာသည် မိုးပြာရောင်တောက်ပလာကော ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပလွန်းသည်။ သူမ၏မက်မွန်းလေးကဲ့သို့မျက်လုံးလေးက ရေပြာရောင်ကဲ့သို့ ပြာ‌လာပြီး ထိုထဲတွင်ပင် လှိုင်းများထနေသည်ဟု ထင်ရသည်။

"ဝှစ်"

လေကို ဖြတ်သွားသောအသံကို ကြားလိုက်ရသည်။ အစပိုင်းကို အခွင့်ကောင်းယူကာ ရှန်ချင်းဟန်သည် ကြောက်စရာကောင်းသောနှုန်းဖြင့် ကောဟိုင်သုံဆီသို့ ပြေးဝင်သွားသည်။ သူမပြေးဝင်လာသည်နှင့် ခပ်လှမ်းလှမ်းမှပင် ကောဟိုင်သုံ၏ချီသွေးကို ထိန်းချုပ်လိုက်ပြီး ပုံမှန်လည်ပတ်နေသောအားကို မွှေနှောက်ပစ်သည်။ တစ်ချိန်တည်းတွင်ပင် မျက်လုံးများကလည်း မိုးပြာရောင်ဖျက်ခနဲလက်သွားပြီး ကောဟိုင်သုံကို ပုံရိပ်ယောင်ကျင့်စဉ်ဖြင့် အကွက်ချရန် ကြိုးပမ်းလိုက်သည်။ သူမသည် ရေလိပ်ပြာစွမ်းအားကို မကျွမ်းကျင်သေးသောကြောင့် တိုက်ခိုက်မှု အောင်မြင်သည်လားမှာ မသေချာပေ။

တစ်ဖက်တွင်မူ ကောဟိုင်သုံက မျက်မှောင်ကြုတ်လိုက်မိသည်။ မိမိ၏ခန္ဓာကိုယ်တွင်းမှ ချီသွေးသည် ဖရိုဖရဲဖြစ်လာကာ ခေါင်းမူးလာပြီး အမြင်က ချာချာလည်နေတော့သည်။ ရှန်ချင်းဟန်သည် မိမိ၏ချီသွေးကို ထိန်းချုပ်ကာ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုလုပ်နေသည်ကို သိလိုက်သည်။ ထိုအခြေအနေနှင့်ရင်ဆိုင်လိုက်ရသောကြောင့် ခန္ဓာကိုယ်တွင်းမှ ချီသွေးကိုသာ ပို၍အသက်သွင်းလိုက်ပြီး ချီသွေးနှင့်စိတ်ကို အားကောင်းအောင် လုပ်လိုက်သည်။ ထို့နောက်တွင် ရှန်ချင်းဟန်၏တိုက်ခိုက်မှုနှစ်ခုလုံးကို ဆန့်ကျင့်နေစဉ်တွင် ကောဟိုင်သုံသည် ဝှစ်ခနဲမြည်သံနှင့်အတူ သူမရှိရာသို့ ပြေးလာသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် နှစ်ဦးလုံး တိုက်ပွဲထဲသို့ ရောက်သွားကြသည်။ ရှန်ချင်းဟန်သည် သူမ၏ခြေထောက်ကို သုံးရသည်ကို နှစ်သက်သောကြောင့် ကောဟိုင်သုံ၏လည်ပင်းကို ခြေသလုံးဖြင့် အားထည့်ကာ ကန်လိုက်သည်။ ကောဟိုင်သုံက မရှောင်ဘဲ သူမ၏ခြေထောက်ကို အားပြင်းသောလက်သီးချက်ဖြင့် ထိုးချပစ်သည်။

"ဘုန်း"

ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။ ရှန်ချင်းဟန်၏ခြေထောက်သည် ကောဟိုင်သုံ၏ခြေထောက်ဖြင့်တွေ့သွားသဖြင့် နောက်သို့ပြန်မဆုတ်သွားဘဲ ထို့အစား ခြေသလုံးက ကြေမွသွားသည်။ လျှပ်တစ်ပြက်အတွင်းပင် နာကျင်မှုက တစ်ကိုယ်လုံးတွင် ပျံ့နှံ့သွားကာ မျက်မှောင်ကြုတ်မိပြီး ခြေထောက်က အနည်းငယ်မျှ တုန်ယင်နေသည်။ နာကျင်နေသော်လည်း နောက်ပြန်မဆုတ်ပေ။ ထို့အစား နာကျင်မှုကို သည်းခံ၍ ဖြစ်နိုင်သမျှမြန်မြန် ခြေထောက်ကို ပြန်ဆုတ်လိုက်ပြီး လှည့်ကာ ကောဟိုင်သုံ၏ကျောကို ကန်လိုက်သည်။

ထို့နောက်တွင် အနီးကပ်တိုက်ခိုက်မှုဖြင့် သူ၏ဦးနှောက်နှင့်စိတ်ကိုထိန်းချုပ်၍ တိုက်ခိုက်တော့သည်။ သူမတိုက်ခိုက်လိုက်သည်နှင့် ကောဟိုင်သုံသည် မည်သို့ဖြစ်သွားသည်ကိုပင် မသိလိုက်ပေ။ စိတ်သည်ချက်ချင်းပင် ဗလာကျင်းသွားကာ ချက်ချင်ပင် လည်ပင်း၌ချိုမြသောအရသာကိုရလိုက်ပြီး ပါးစပ်မှ သွေးများအန်ထွက်လာသည်။

နား၊ မျက်လုံး၊ နှာခေါင်းပေါက်နှင့် ပါးစပ်ထောင့်များမှ သွေးများ စီးကျလာပြီး တုန်လှုပ်ခြောက်ခြားဖွယ်မြင်ကွင်းမျိုး ဖြစ်နေ၏။ သူမသည် နှစ်ဆင့်တိုက်ခိုက်မှု ပြုလုပ်နေစဉ်တွင် ရှန်ချင်းဟန်က အခွင့်အ‌ရေးကို လက်လွှတ်မခံပေ။ ကောဟိုင်သုံက တွေဝေနေဆဲအခြေအနေတွင် ဖြစ်သောကြောင့် သူမသည် ညဘက်လက်ဖြင့် ခေါင်းနောက်ကို ရိုက်ချပစ်သည်။

"ဘုန်း"

ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။ ရှန်ချင်းဟန်၏လက်ဝါးသည် ကောဟိုင်သုံ၏ခေါင်းနောက်ဖြင့် မိတ်ဆက်သွားပြီး အားပြင်းသောရိုက်ချက်ကြောင့် သတိလစ်သွားကာ မြေကြီးပေါ်တွင် လဲကျသွားပြီး လှုပ်ပင်မလှုပ်နိုင်တော့ပေ။ သတိမေ့သွားခြင်းသာဖြစ်ကာ အသက်ရှုနေဆဲဖြစ်ပြီး နေရာတွင် မသေသေးပေ။

ကောဟိုင်သုံ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် ရှန်ချင်းဟန်ထက်မြင့်ကာ မိစ္ဆာမျက်လုံးလူဝံကြီးဖြင့်လည်း ပေါင်းစပ်ထားသည်။ ရှန်ချင်းဟန်သည် တစ်ချက်တည်းဖြင့်၎င်းကိုသတ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်ရှန်ချင်းဟန်က အားပြင်းပြင်းဖြင့်သာ ရိုက်ချလိုက်ခြင်းဖြစ်၏။

"ဘာဖြစ်သွားတာလဲ။"

"ကျောင်းသားကောင်စီကဒုက္ကဌက လူသစ်မိန်းကလေးဆီမှာ ရှုံးသွားတာလား။"

"ဒါက နေ့ခင်းကြောင်တောင်အိပ်မက်မက်နေသလိုပဲ။"

ကောဟိုင်သုံသည် မြေကြီးပေါ်သို့ လဲကျသွားကာ ပြန်မထလာသည်ကို မြင်ရသောအခါတွင် လေ့ကျင့်ရေးအခန်းသည် အံ့ဩနေ‌သောအသံများဖြင့် ပွက်လောရိုက်သွားသည်။ မိစ္ဆာမျက်လုံးလူဝံကြီးမျိုးစိတ်ကို အပြည့်အသက်သွင်းကာ သုံးမီတာနီးပါးရှည်သောကောဟိုင်သုံသည် သိမ်မွေ့သောပထမနှစ်မိန်းကလေးထံတွင် ရှုံးသွားမည်ဟု မထင်ထားပေ။

အံ့ဩဆန်းကြယ်လွန်းလှပေသည်။

....

လင်းဇီချန်ကမူ မလှုပ်နိုင်တော့သောကောဟိုင်သုံကိုကြည့်ကာ ကျောင်းမှကျောင်းသားများသည် ပုရွက်ဆိတ်သာသာ သာဖြစ်သည်ဟု ခံစားလိုက်ရသည်။ ဌာနမှူးများသည်ပင် ပုရွက်ဆိတ်သာသာ ဖြစ်ကြသည်။ မဖြစ်သေးပေ။ အားနည်းသူများကို ထိုသို့စိတ်ထားမျိုး ထား၍မဖြစ်ပေ။ ပြိုင်ဖက်တိုင်းကို အလေးအနက်ထားရမည်။ ကမ်းရိုးတန်းတောအုပ်တွင် မျက်နှာဖုံးစွပ်လူကို ဒဏ်ရာမရဘဲသတ်နိုင်ခြင်းမှာ ထိုသူသည် အားနည်းသည်ကို လျော့တွက်ခဲ့ခြင်းကြောင့်သာဖြစ်သည်။ ထိုစိတ်ဖြင့် လင်းဇီချန်က အားလုံးကို ပြောလိုက်သည်။

"အခုကစပြီး ငါနဲ့ ရှန်ချင်းဟန်က သွေးသန့်လူသားလမ်းစဉ်ကို ကိုယ်စားပြုပြီး အားကစားခန်းမ ပထမထပ်မှာ ကျောင်းသားကောင်စီတစ်ခုလုံးကို ပွင့်ပွင့်လင်းလင်း စိန်‌ခေါ်တယ်။"

ပြောပြီးနောက်တွင် ရှန်ချင်းဟန်နှင့် ‌အောက်ထပ်သို့ဆင်းသွားပြီး လူအုပ်ကြီးကမူ မယုံကြည်နိုင်မှုဖြင့် ကျန်နေခဲ့သည်။ အတွေးများပြန်စုစည်းရသောအခါတွင်မူ အားလုံးတုန်လှုပ်သွားကြသည်။

ထိုလူသစ်ဘုရင်သည် ရူးများသွားသည်လော။

အခြေခံအဌမအဆင့်ကို နိုင်သွားသည်နှင့် ထိုမျှမာနကြီးသွားရသည်လော။

ကျောင်းသားကောင်းစီတွင် အဆင့်မြင့်အဆင့်သက်ရှိသုံးယောက် ရှိသည်။ ဥက္ကဌသည်ပင် ဝံ့ကြွားတတ်ကာ အဆင့်မြင့်အဆင့်တတိယအဆင့်ထိပင် ရှိသူဖြစ်၏။

အခန်း (၃၂၆) - ကျောင်းသားကောင်စီ

အားကစားခန်းမ ပထမထပ်တွင်မူ။

လင်းဇီချန်သည် ရှန်ချင်းဟန်ကိုခေါ်၍ အလယ်ရှိ သိုင်းပညာစင်မြင့်ဆီသို့ သွားသည်။ သိုင်းပညာစင်မြင့်ဘေးတွင် ရပ်လိုက်ပြီး‌နောက်တွင် ရှန်ချင်းဟန်ကို စင်ပေါ်တွင် ရပ်ခိုင်းကာ မိမိကာ အစွန်းတွင်ရပ်နေသည်။ ရှန်ချင်းဟန်ကို ဦးစွာစမ်းခိုင်းရန် စဉ်းစားထားသည်။ ရှန်ချင်းဟန်က မနိုင်နိုင်မှသာ မိမိဝင်ပါမည်ဖြစ်သည်။

မကြာခင်တွင်ပင် ပွဲကိုလာကြည့်သောကျောင်းသားများသည် စင်မြင့်ပတ်ချာလည်တွင် စုလာကြသည်။ လူရာချီရှိပေသည်။ ထိုအချိန်တွင် အားကစားခန်းမထဲ၌လေ့ကျင့်နေကြသောကျောင်းသားအားလုံးပင် ဖြစ်သည်။ နှစ်ယောက်စု၊ သုံးယောက်စုဖြင့် လူစုနေကြကာ စင်ပေါ်မှရှန်ချင်းဟန်နှင့်ပက်သက်၍ ပြောဆိုနေကြသည်။

"သူ့ဆံပင်က လှလိုက်တာ။ မျက်လုံးလေးတွေကလည်း ရှင်းလင်းပြီးကြည်လင်နေတာပဲ။ တီဗီထဲက သရုပ်ဆောင်တွေထက်တောင်မှ လှသေးတယ်။"

"သူ့ကို ကျောင်းအစတုန်းက အစမ်းပွဲမှာ သတိထားမိခဲ့တာ။ အဲ့ကတည်းကလှတယ်။"

"နင်ယုံမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ စောနက လေ့ကျင့်ရေးခန်း အပေါ်ထပ်မှာ သူက ကျောင်းသားကောင်စီက ပြင်ပရေးရာဌာနဒုက္ကဌကို တစ်ခါတည်းနဲ့အနိုင်ယူပစ်တာ။"

"လာနောက်နေတာလား။ ကျောင်းအစကအစမ်းပွဲမှာတော့ သာမန်တန်းက ကောင်မလေးအချို့က သူ့နောက်ကိုလိုက်ပြီး လိုက်ရိုက်နေတာကိုတွေ့လိုက်ပါတယ်။ အခု သူက စာသင်နှစ်ဝက်တစ်ခုတည်းနဲ့ ဒုက္ကဌကို တစ်ချီတည်းနဲ့ အနိုင်ယူလိုက်တာပေါ့လေ။"

"နောက်တစ်ခု ထပ်ပြောရမယ်ဆိုရင် ဟာသလုပ်နေတယ်လို့တောင် ပိုပြီးထင်မိမှာ။ သူကလည်း လင်းဇီချန်လိုပဲ သွေးသန့်လူသားလမ်းစဉ်ကို လိုက်တာတဲ့လေ။"

" သူက ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းလိုက်လို့ ဆံပင်က မိုးပြာရောင်ပြောင်းသွားတာလေ။ အဲ့ဒါကို သွေးသန့်လူသားလမ်းစဉ်လိုက်တယ်လို့ ပြောနေတာလား။"

"တကယ် ငါနင့်ကို လိမ်နေတာမဟုတ်ဘူး။ အပေါ်ထပ် လေ့ကျင့်ရေးခန်းမှာတုန်းက သူကိုယ်တိုင်ပြောခဲ့တာ။ သူ့မှာ ဆန်းကြယ်သားရဲမျိုးစိတ်ကို ကျွန်ပြနိုင်တဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိတယ်တဲ့လေ။"

"...."

လူများစွာ သူမအကြောင်းကို ပြောနေကြလေသည်။

စင်ပေါ်တွင် တစ်ဦးတည်းရပ်နေသောရှန်ချင်းဟန်သည် မိမိနားလေးမှ အဆက်မပြတ်တိးတိုးပြောသံများကို ကြားသည့်အခါတွင် အနည်းငယ်မျှစိတ်ပူလာမိသည်။ အောက်တွင်လည်း လူကများနေသည်။ အားလုံးနီးပါက သူမအကြောင်းကိုပြောကာ အကြည့်များကလည်း သူမဆီသို့သာ ရောက်နေသဖြင့် အတော်လေးအဆင်မပြေလှပေ။ သို့သော်လည်း အစပိုင်းတွင်သာ စိတ်ပူကာ မသက်မသာဖြစ်ခဲ့သည်။ ခေတ္တမျှကြာသောအခါတွင်မူ လိုက်လျောညီထွေဖြစ်သွားသည်။ သူမသည် ရေပြင်ကဲ့သို့ တည်ငြိမ်လာသည်။ အောက်မှတီးတိုးပြောသံများကိုလည်း အလိုအလျောက်တားလိုက်နိုင်သည်။ စင်အောက်မှလင်းဇီချန်သည် စင်ပေါ်မှရှန်ချင်းဟန်ကို ကြည့်နေမိသည်။ သူမသည် စင်ပေါ်သို့တက်သွားစဉ်က အနည်းငယ်မျှစိတ်ပူနေမိသော်လည်း သူမသည် အမြန်ပင် လိုက်လျောညီထွေဖြစ်သွားသည်ကို တွေ့ရသောကြောင့် စိတ်သက်သာရာရသွားသည်။ ထိုကောင်မလေးသည် ပိုတော်လာကာ ယခင်ကကဲ့သို့ ကိစ္စသေးသေးလေးကိုလည်း တွေးမပူတတ်တော့ပေ။

....

စီမံခန့်ခွဲရေးအဆောက်အဦးရှိ အစည်းအဝေးခန်းမထဲတွင်မူ ကျိုးရွှယ်ဟုန်သည် ပရိုဂျက်တာကိုဖွင့်ပြီး လူတစ်ယောက်စာစင်မြင့်ထက်တွင်ရပ်ကာ အောက်မှလူများကို ပြောနေသည်။

"အရင်အောင်မြင်မှုနဲ့ အနာဂတ်ပန်းတိုင်တွေကိုတော့ ပြောပြီးသွားပြီ။"

"အခု ဒီနှစ်လူသစ်တွေရဲ့အရည်အချင်းနဲ့ပက်သက်ပြီး ပြောရအောင်။"

"အားလုံးပဲ လူသစ်တွေထဲမှာ ကျောင်းသားကောင်စီထဲဝင်ဖို့အရည်အချင်းရှိတဲ့သူကိုတွေ့ရင် သူတို့ကို အခုပြောပြပါ။ အတိုချုံးရှင်းပြပြီး ငါတို့ကျောင်းသားကောင်စီရဲ့ စံချိန်စံညွှန်းနဲ့ကိုက်မကိုက်ကို ကြည့်ကြည့်ရအောင်။"

"...."

"ငါတော့ ဆင့်ကဲပြောင်းလဲအတန်းနှစ်က လုရှောင်ပေက မဆိုးဘူးလို့ထင်တယ်။ သူ့ရဲ့သွေးမျိုးဆက်စွမ်းအားက အခြေခံပဥ္ဇအဆင့်ဖြစ်ပြီး အဆင့်မြင့်မျိုးစိတ်ဖြစ်တဲ့ မိစ္ဆာမျက်လုံးလူဝံမျိုးစိတ်နဲ့လည်း ပေါင်းစပ်ထားတယ်။"

"စက်နတ်ဘုရားအုပ်စုက လီကွမ်း။ ငါတော့ သူက ကျောင်းသားကောင်စီထဲဝင်ဖို့ သင့်တော်မယ်ထင်တယ်။"

"ဆင့်ကဲပြောင်းလဲအတန်းငါးက ကောင်းဖန်ကလည်း ကောင်စီထဲကိုဝင်နိုင်မယ်ထင်တယ်။"

"...."

ကျောင်းသားကောင်စီအဖွဲ့ဝင်များသည် သင့်တော်သောသူများကို တစ်ယောက်ပြီးတစ်ယောက် တင်ပြလာကြသည်။ အကြံပြုချက်အားလုံးသည် လူသစ်သာမန်တန်းမှသူများသာ ဖြစ်သည်။ ပါရမီရှင်တန်းမှသူများအားလုံးကမူ ထောက်ခံချက်မရှိဘဲဖြင့်ပင် ကျောင်းသားကောင်စီသို့ဝင်ရန် အရည်အချင်းပြည့်မီပေသည်။

....

နာရီဝက်ခန့်ကြာပြီးနောက်တွင် အကြံပေးခြင်းပြီးသွားကာ လူနှစ်ဆယ်ကျော်ခန့်ကို တင်သွင်းထားကြသည်။ အားလုံးသည် သာမန်အတန်းမှ ထိပ်တန်းကျောင်းသားများဖြစ်ပြီး ပါရမီရှင်တန်းမှလူသစ်များထက် မလျော့ကြပေ။ ကျိုးရွှယ်ဟုန်က အတွင်းရေးမှူးကို ထိုနာမည်များကို မှတ်တမ်းတင်ခိုင်းထားကာ အောက်မှကျောင်းသားကောင်စီများကိုကြည့်၍ ပြောလိုက်သည်။

"အဖွဲ့ဝင်အသစ်အကြံပြုတာတော့ ပြီးပြီ။"

"အခု ဥက္ကဌအသစ်အတွက် အကြံပြုရမဲ့အချိန်ပဲ။"

"ကျောင်းသားကောင်စီဥက္ကဌရာထူးအတွက် လူသစ်တွေထဲမှာ ထိုက်တန်တဲ့သူရှိတယ်ထင်လား။"

"...."

ရှန်ဟိုင်းတက္ကသိုလ်၏ ဥက္ကဌရာထူးနေရာအတွက် လူသစ်များထဲမှ လျာထားလေ့ရှိကြသည်။ ပျိုးထောင်ပေးရန်အတွက် လူသုံးဦးမှငါးဦးအထိ ရွေးထားကြသည်။ သုံးနှစ်အတွင်း အထူးချွန်ဆုံးသောသူသည် ကျောင်းသားကောင်စီ၏ဥက္ကဌဖြစ်လာသည်။

"လီမော်ယွီက အသင့်တော်ဆုံးလို့ထင်တယ်။ လီယိကျင်းရဲ့ညီလေးလေ။ သူ့ပါရမီက ထိပ်တန်းပဲ။ မိသားစုချမ်းသာတော့ အရင်းအမြစ်လည်းမပြတ်ဘူး။"

"မာရှိဝေကလည်းတော်တာပဲ။ သူက ဌာနမှူးရဲ့သမီး။ အစောပိုင်းအသက်အရွယ်အတွက် အကောင်းဆုံးစီမံခန့်ခွဲနိုင်စွမ်းရှိတယ် ပြောကြတယ်။"

"ဆံပင်ရှည်နဲ့လော်ရုန်ကျန်းဆိုတဲ့တစ်ယောက်ကိုလည်း စဉ်းစားလို့ရတယ်။"

"ရှန်ချင်းဟန်ကလည်း ထည့်စဉ်းစားလို့ရတယ်။ သူ့အကျင့်စရိုက်လည်း ပြောင်းသွားပြီဆိုတော့။"

"...."

ကျောင်းသားကောင်စီအဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုဆွေးနွေးနေကြသည်။ ထိုလေးဦးသည် လူသစ်ပြိုင်ပွဲတွင် ထိပ်တန်းငါးယောက်ဖြစ်သည်။ ပါရမီနှင့်အင်အားအရဆိုလျှင် လူသစ်များထဲတွင် အားအကောင်းဆုံးဖြစ်ကြကာ ကောင်စီဥက္ကဌနေရာအတွက် အလားအလာရှိကြသည်။ လင်းဇီချန်၏အင်အားကမူ လူသစ်များထဲတွင် အားအကောင်းဆုံးဖြစ်သည်။ သို့သော်လည်း သူသည် သွေးသန့်လူသားလမ်းစဉ်ကို လျှောက်သောကြောင့် အားလုံးက သူ၏အနာဂတ်နှင့်ပက်သက်၍ လျှော့တွက်ကြသည်။ ထို့အပြင် ကျောင်းသားကောင်စီနှင့်ပက်သက်၍ လင်းဇီချန်၏သဘောထားကလည်း မဖော်ရွေကာ အဖွဲ့ဝင်များကလည်း ၎င်းကို မျက်နှာသာမပေးလိုကြပေ။

"ဥက္ကဌ ကျွန်မတော့ ကျောင်းသားကောင်စီဥက္ကဌနေရာအတွက် လင်းဇီချန်က အသင့်တော်ဆုံးလို့ပဲထင်တယ်။"

‌ဝေးသောခုံတစ်ခုံမှ ဆံပင်တိုတိုဖြင့်မိန်းကလေးက ခေတ္တမျှတွန့်ဆုတ်နေပြီးနောက်မှ ပြောလာသည်။

သူမသည် ရှန်ဟိုင်းအထက်တန်းကျောင်းထွက်ဖြစ်ပြီး လင်းဇီချန်ထက် အတန်းနှစ်တန်းကြီးပေ၏။

အခန်း (၃၂၇) - ကျောင်းသားကောင်စီ (၂)

နဝမတန်းတွင် ထိုမိန်းကလေးသည် လင်းဇီချန်၏ အမာခံပရိတ်သတ်ဖြစ်ခဲ့သည်။ ယခုတွင် လင်းဇီချန်သည် ကျောင်းသားကောင်စီ၏ ပစ်မှတ်ထားခံရကာ ရန်သူဖြစ်နေပြီဖြစ်သော်လည်း သူမသည် သူ၏အမာခံပရိတ်သတ်ဖြစ်နေဆဲဖြစ်သည်။

"ကျားရှ မင်းဘာလို့ လင်းဇီချန်ကို ကျောင်းသားဥက္ကဌရာထူးအတွက် သင့်တော်တယ်ထင်လဲဆိုတာကို အကြောင်းအကျိုးပြောပြပါ။"

ကျိုးရွှယ်ဟုန်က ထိုမိန်းကလေးကို ကြည့်၍ ပြောလိုက်သည်။

မိန်းကလေးသည် ခုံမှထကာ ရှင်းလင်းသောအကြောင်းရင်းကို ပြောလိုက်လေသည်။

"ဥက္ကဌ လင်းဇီချန်ရဲ့အင်အားက ပြိုင်ဘက်ကင်းပြီး လူသစ်တွေထဲမှာလည်း ပထမပါ။ အဲ့ဒါအပြင် သူက ကိုယ့်ဘာသာကို ယုံကြည်ပြီး ရက်စက်တယ်။ အပိုစကားမပြောတတ်ဘူး။ အမိန့်ပေးနိုင်တဲ့အခြေအနေမျိုးရှိသူပါ။ အရေးကြီးဆုံးကတော့ သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်အားက ခြွင်းချက်ဖြစ်ပြီး ထင်ရှားတဲ့အရှိန်အဝါရှိတယ်။ အဲ့အချက်သုံးချက်ပေါ်မူတည်ပြီး သူက ကျောင်းသားကောင်စီဥက္ကဌဖြစ်ဖို့ အလားအလာရှိတယ်လို့ မြင်ပါတယ်။"

"...."

ထိုမိန်းကလေး၏စကားကို နားထောင်ပြီးနောက်တွင် ကျိုးရွှယ်ဟုန်က ခေတ္တခဏမျှ တိတ်ဆိတ်သွားသည်။

ထို့နောက်တွင် ဖြည်းညင်းစွာ ပြောလိုက်သည်။

"လင်းဇီချန်က ဥက္ကဌလေ့ကျင့်ရေးအတွက် မသင့်တော်ဘူး။"

"ဘာလို့လဲ ဥက္ကဌ"

ထိုမိန်းကလေး နားမလည်နိုင်သောအမူအရာမျိုးဖြင့် ထိုအချက်ကို လက်ခံနိုင်သည့်ပုံမပေါ်ပေ။ သူမသည် လင်းဇီချန်ဥက္ကဌဖြစ်ရန်ကိုသာ မျှော်လင့်နေမိကာ ထိုမှသာ ပြင်ပရေးရာဌာနမှဖြစ်သောသူမနှင့် နေ့တိုင်းပြောဆိုဆက်ဆံကာ ရင်းနှီးကျွမ်းဝင်လာနိုင်မည်ဖြစ်သည်။

ကျိုးရွှယ်ဟုန်က ရှင်းပြရင်းဖြင့် သူမကို ကြည့်လိုက်သည်။

"ပထမဆုံးအနေနဲ့ လင်းဇီချန်က သွေးသန့်လူသားလမ်းစဉ်ကို လျှောက်တဲ့သူ။ သူ့ရဲ့အနာဂတ်က မရှင်းလင်းဘူး။ သူကျင့်ကြံတာက အချည်းနှီးလည်းဖြစ်သွားနိုင်တယ်။ အရင်းအမြစ်တွေဆုံးရှုံးသွားတာလည်းဖြစ်နိုင်တယ်။ ဒုတိယအနေနဲ့ သူက စီနီယာကျောင်းသားတွေနဲ့ ပဋိပက္ခဖြစ်ထားတယ်။ စီနီယာကျောင်းသားတွေကိုဆန့်ကျင်ပြီး ကျောင်းသားကောင်စီကိုလည်း ဆန့်ကျင်တဲ့အတွက် သူ့ကို ထည့်မစဉ်းစားဘူး။ လူသားအဖွဲ့အစည်းနဲ့ ဘယ်လိုမျိုးဆက်ဆံရလဲဆိုတာကိုနားမလည်ဘဲ ဗျူဟာမကျဘူးဆိုတာကို ပြသနေတယ်။ သူက အခြားသူတွေကို စော်ကားဖို့ကလွယ်တယ်ဆိုတာကို ပြနေတယ်။"

"အဲ့အချက်နှစ်ချက်ကြောင့် သူက ဥက္ကဌဖြစ်ဖို့ မသင့်တော်ဘူးဆိုတာ ရှင်းလင်းနေတယ်။"

ထိုသို့ပြောပြီးနောက်တွင် ကျိုးရွှယ်ဟုန်က ဆက်ပြောလေသည်။

"အထက်ပါအကြောင်းအရာတွေကြောင့် ဒီတစ်ခေါက် ဥက္ကဌလေ့ကျင့်ရေးအတွက်ကို လီမော်ယွီ၊မာရှိဝေ၊ လော်ရုန်ကျန်း၊ ရှန်ချင်းဟန်တို့ကို ယာယီယာထားလိုက်တယ်။"

ထိုစကားများကို ပြောပြီးသည်နှင့် ရုတ်ချည်းပင် အရပ်ရှည်ရှည်မိန်းကလေးတစ်ဦးသည် တံခါးမှဝင်လာကာ မျက်နှာထက်တွင် အလျင်လိုမှုကို အထင်းသားတွေ့ရသည်။

"ဥက္ကဌ ကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်သွားတယ်။"

"လူသစ်ဘုရင်လင်းဇီချန်နဲ့ သူ့ကောင်မလေးရှန်ချင်းဟန်က အခု အားကစားခန်းမရဲ့ ပထမထပ်က သိုင်းပညာစင်မြင့်ပေါ်မှာ ရပ်ပြီး ကျောင်းသားကောင်စီတစ်ခုလုံးကို စိန်ခေါ်နေတယ်။ အဲ့ဒါမတိုင်ခင်ကလည်း ပြင်ပရေးရာဌာနက ဒုဥက္ကဌကောဟိုင်သုံကို ရှန်ချင်းဟန်က တစ်ချီတည်းနဲ့ အနိုင်ယူပစ်တယ်။ သူမြေကြီးပေါ်မှာလဲသွားပြီး ဒွဟခုနစ်ပေါက်ကသွေးထွက်လို့ ခုထိ သတိလစ်နေတုန်း။"

"...."

ထိုမိန်းကလေးပြောပြီးသည်နှင့် ခေတ္တမျှ ငြိမ်ကျသွားသည်။ အားလုံးသည် ပြောပြီးအောင်နားထောင်နေကာ ကျောင်းသားကောင်စီမှခေါင်းဆောင်များသည် မျက်လုံးအပြူးသားဖြစ်သွားကြသည်။

"ကောဟိုင်သုံက အခြေခံအဌမအဆင့်လောက်မြင့်တာကို ရှန်ချင်းဟန်ဆီမှာ တစ်ချီတည်းနဲ့ရှုံးသွားတယ်"

"ဘာတွေဖြစ်နေတာလဲ"

"‌ရှောင်လင် မင်းအမှတ်မမှားတာ သေချာလား။"

"လုပ်တဲ့သူက လင်းဇီချန်ဖြစ်နေတာကို ရှန်ချင်းဟန်များထင်နေတာလား။"

"...."

အားလုံးသည် ထိုမိန်းကလေး၏စကားကို ယုံကြည်ရန် ခက်ခဲနေကြသည်။ ရှန်ချင်းဟန်တွင် ထိုမျှအားမရှိဟု ခံစားရကာ နားလည်မှုလွဲနေသည်ဟုသာ ထင်မိသည်။ အားလုံး၏တုံ့ပြန်ပုံကို ကြားသည့်အခါတွင် မိန်းကလေးကလည်း သူမဘာသာပင် သံသယဝင်လာမိသည်။

"အသေးစိတ်တော့မသိဘူး။ ကျွန်မလည်း အဲ့တုန်းက လေ့ကျင့်ရေးအခန်းထဲမှာမရှိဘူး။"

"လုပ်တဲ့သူက လင်းဇီချန်ဖြစ်နိုင်တယ်။"

"ဒါပေမဲ့လို့ လင်းဇီချန်က ရှန်ချင်းဟန်နဲ့ သိုင်းပညာစင်မြင့်ပေါ်မှာရပ်ပြီး ကျောင်းသားကောင်စီကို စိန်ခေါ်နေတာ။ အဲ့ဒါကိုတော့ ကိုယ်တိုင်တွေ့ခဲ့တယ်။ သေချာတယ်။"

"...."

မိန်းကလေးပြောသည်ကို နားထောင်ပြီးနောက်တွင် အစည်းအဝေးခန်းထဲမှ လူငယ်တစ်ယောက်သည် စားပွဲကိုလက်ဝါးဖြင့်ရိုက်ချကာ ဒေါသတကြီးဖြင့် မတ်တတ်ရပ်၍ ပြောလိုက်သည်။

"ဒါတော့ စော်ကားလွန်းပြီ။ လူသစ်ဘုရင်က စည်းကမ်းမရှိတော့ဘူး။ လူသစ်အဆင့်နဲ့ကို ကျောင်းသားကောင်စီတစ်ခုလုံးကို စိန်ခေါ်ရဲတယ်။"

ထိပ်ဆုံးနားလောက်တွင် ထိုင်နေသောသူကလည်း ပြောလိုက်လေသည်။

"ဒီလင်းဇီချန်က ရှန်ဟိုင်းတက္ကသိုလ်ကို စရောက်ကတည်းက ကျောင်းသားကောင်စီရဲ့အာဏာကို ဆက်တိုက်စိန်ခေါ်နေတာ။ ငါတို့ သူ့ကို ရင်ဆိုင်မှဖြစ်မယ်။ မဟုတ်ရင် ကျောင်းသားကောင်စီက သူ့ကို ကြောက်နေတယ်လို့ အားလုံးက ထင်ကြတော့မှာ။"

ပြင်ပရေးရာဌာနမှခေါင်းဆောင်ဖြစ်သော ဆံပင်အနီဆိုးထားသည့်မိန်းကလေးကလည်း ပြောလိုက်သည်။

"အဲ့လင်းဇီချန်က မောက်မာလွန်းတယ်။ ဥက္ကဌ အခုချက်ချင်း ကျွန်မသူ့ကို သွားဖြေရှင်းမယ်။"

ထိုသို့ပြောကာ မိန်းကလေးသည် ပြတင်းပေါက်မှခုန်ချပြီး အမြန်ဆုံးနှုန်းဖြင့် အားကစားခန်းမဆီသို့ ထွက်သွားသည်။ လင်းဇီချန်သည် ပြင်ပရေးရာဌာနမှလူကို တိုက်ခိုက်ရဲသောကြောင့် လက်စားချေမည်ဟုတွေးထားကာ သူမလူများကိုလာရှုပ်ခြင်း၏နောက်ဆက်တွဲကို ပြသပေးမည်ဟု မှတ်လိုက်သည်။ သူမသည် အခြေခံနဝမအဆင့်ရှိပြီး ဆန်းကြယ်သားရဲမျိုးစိတ်သုံးမျိုးဖြင့်လည်း ပေါင်းစပ်ထားသည်။ အင်အားက ကောဟိုင်သုံထက်ဆယ်ဆသာသောကြောင့် လင်းဇီချန်ကို လုံးဝမကြောက်ပေ။

"သွားကြမယ်။ ကိုယ်တိုင်သွားကြည့်ကြတာပေါ့။"

ထိုသို့ပြောကာ အစည်းအဝေးခန်းထဲမှကျောင်းသားခေါင်းဆောင်များသည် ပြတင်းပေါက်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းသွားပြီး အားကစားခန်းမဆီသို့ အမြန်ဆုံးနှုန်းဖြင့် ထွက်သွားကြသည်။

ဥက္ကဌဖြစ်သော ကျိုးရွှယ်ဟုန်သည် မိန်းကလေးအတွင်းရေးမှူးဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ငါ့ကိုခေါ်သွားပေး။"

"ဟုတ်ကဲ့။"

သူမက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင် အတွေးတစ်ခုဖြင့် သူမ၏ ဒူး၊ ခါးနှင့်ရင်ဘတ်မှ မြေဆွဲအားဆန့်ကျင်ကိရိယာများကိုသုံး၍ လေထဲတွင် ဝဲပျံလိုက်သည်။ ကျိုးရွှယ်ဟုန်က အတွင်းရေးမှူးသည် ကိုယ်နေဟန်ထားညှိလိုက်သည်ကို တွေ့ရသောကြောင့် ထိုမိန်းကလေး၏သတ္ထုဘောင်ပေါ်သို့ အသာခုန်တက်ကာ စကိတ်ဘုတ်ပေါ်တွင် ရပ်နေသကဲ့သို့ဖြစ်သည်။ သူမသည် လေထဲတွင်ပျံသည့်ကိရိယာများကို ဖွင့်၍ ချက်ချင်းပင် ဝှစ်ခနဲမြည်သံနှင့်အတူ ပြတင်းပေါက်မှဖြတ်၍ အားကစားခန်းမရှိရာသို့ ပျံသန်းသွားတော့သည်။

.....

အားကစားခန်းမ ပထမထပ်တွင်မူ....

ရှန်ချင်းဟန်သည် စင်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး လင်းဇီချန်က စင်အောက်တွင်ရှိသည်။ နှစ်ဦးလုံးသည် တစ်ဖက်တည်းတွင် ရပ်နေကာ အားကစားခန်းမ၏ဝင်ပေါက်ဖြင့် မျက်နှာချင်းဆိုင်ထားကြပြီး ကျောင်းသားကောင်စီမှလူများရောက်လာမည်ကို စောင့်နေကြသည်။

"လင်းဇီချန် မင်းက ကျောင်းသမိုင်းမှာ အားအကောင်းဆုံးလူသစ်ဘုရင်ဖြစ်တာကြောင့်မလို့ အဲ့လောက်ဘဝလွတ်နေလို့ရမယ်လို့ မထင်နဲ့။ ကျောင်းသားကောင်စီကို စော်ကားတာအတွက် အနှေးနဲ့အမြန် နောင်တရလိမ့်မယ်။"

လင်းဇီချန်က ထိုသူကိုကြည့်လိုက်ပြီး စင်ပေါ်မှ ရှန်ချင်းဟန်ကို ပြောလိုက်သည်။

"သူ့ကို ပါးစပ်ပိတ်အောင်လုပ်လိုက်။"

စင်အောက်မှလူငယ်က လင်းဇီချန်ကို မကျေမနပ်လေသံဖြင့် အော်ပြောနေသည်။ သူသည် သာမန်ဆင့်ကဲပြောင်းလဲခြင်းအတန်းမှ အကြီးတန်းဖြစ်ပြီး ယခုနှစ်မှသာ ကျောင်းသားကောင်စီထဲဝင်ခွင့်ရကာ လင်းဇီချန်၏အပြုအမူကို သည်းမခံနိုင်ဖြစ်နေသည်။

ရှန်ချင်းဟန်က လင်းဇီချန်ပြောသည်ကို ကြားသောအခါတွင် သူမ၏မိုးပြာဂျယ်လီငါးဘုရင်ကို အသက်သွင်းလိုက်ပြီး လူငယ်လေး၏ချီသွေးကို ထိန်းချုပ်ကာ ဖရိုဖရဲဖြစ်အောင် လုပ်လိုက်သည်။ လူငယ်လေး၏သွေးမျိုးဆက်စွမ်းအားအဆင့်က မမြင့်ပေ။ အခြေခံဆဌမအဆင့်သာရှိသည်။ ရှန်ချင်းဟန်၏ထိန်းချုပ်မှုအောက်တွင် မြေကြီးပေါ်သို့ လဲကျ၍ သွေးများ ထွက်လာကာ သတိလစ်သွားတော့သည်။ အားလုံးသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။ ရှန်ချင်းဟန်သည် လူသစ်သာဖြစ်သည်။ သူမ၏နည်းလမ်းများက အဘယ့်ကြောင့် ထိုမျှအားကြီးနေရသနည်း။

ထိုအချိန်တွင်ပင် လူအုပ်ထဲမှတစ်ယောက်ယောက်က အော်ပြောလိုက်သည်။

"ကြည့် ကျောင်းသားကောင်စီကလူတွေ ရောက်လာပြီ။"

"ဥက္ကဌ ဒုက္ကဌနဲ့ ဌာနတွေကအကြီးအကဲတွေ အကုန်လုံးရောက်လာပြီ။"

"သေစမ်း။ ပွဲကြည့်ပွဲကောင်းတော့ကြည့်ရတော့မယ်။"

"...."

ကျောင်းသားကောင်စီရောက်လာသည်နှင့် အားကစားခန်းမတစ်ခုလုံးက ချက်ချင်းပင် အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။

တစ်ချိန်တည်းတွင်ပ်င လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည်လည်း အားကစားခန်းမဝင်ပေါက်သို့ ကြည့်လိုက်ကြကာ ကျောင်းသားကောင်စီမှသူများက သိုင်းပညာစင်မြင့်ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူများကြောင့် ရှန်ချင်းဟန် အနည်းငယ်စိတ်ပူမိသွားကာ စင်အောက်သို့ဆင်း၍ လင်းဇီချန်နားတွင် ကပ်လိုက်သည်။ သူမစိတ်ပူနေသည်ကို သတိထားမိသောကြောင့် လင်းဇီချန်က ညင်သာစွာပြောလိုက်လေသည်။

"စိတ်မပူနဲ့။"

"အင်းပါ။"

ရှန်ချင်းဟန်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

သူမ၏အသံပျောက်ကွယ်သွားသည်နှင့် ပြေးလာသောအနီရောင်အရိပ်တစ်ခုက လူအုပ်ထဲမှ ခုန်ထွက်လာသည်။ မီတာခပ်လှမ်းလှမ်းမှနေ၍ ထိုအရိပ်ကိုကြည့်ကာ လင်းဇီချန်က ခန့်မှန်းပြီးဖြစ်သည်။ ဆန်းကြယ်သားရဲက မီးဖြင့်ဆိုင်သောအကောင်ဖြစ်ပြီး အခြေခံနဝမအဆင့်ရှိသည်။

"ဟန်ဟန် အပေါ်တက်တော့။"

ရှန်ချင်းဟန်သည် ပြင်ပရေးရာဌနမှခေါင်းဆောင်ဖြစ်သူကို တွေ့လိုက်ရသည့်အတွက် သတိရှိနေသည်။ လက်ထောက်ကောဟိုင်သုံကိုမူ အနိုင်ယူပြီးဖြစ်သည်။ စင်ပေါ်တွင် ရှန်ချင်းဟန်က အနည်းငယ်မျှ တိုက်ခိုက်လိုက်သည်နှင့် သူမနိုင်သွားသည်။

အံ့ဩစရာကောင်းလှပေသည်။

"ရှန်ချင်းဟန်က ဘယ်လိုလုပ် အဲ့‌လောက်အားကောင်းသွားရတာလဲ။"

"သွေးသန့်လူသားလမ်းစဉ်ကြောင့်လား။"

"ရှန်ချင်းဟန်မှာ ထူးခြားတဲ့ခန္ဓာကိုယ်ရှိလို့ အားကောင်းတာလို့ ပြောကြတယ်။ လင်းဇီချန်ကရော။ သူ့မှာလည်း ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိတာလား။"

"သိသာနေတယ်မလား။ သူ့မှာလည်းရှိမှာပေါ့။ မဟုတ်ရင် ဘယ်လိုလုပ် လူသစ်ဘုရင်ဖြစ်နိုင်မှာလဲ။"

"သူ့မှာ ဘယ်လိုခန္ဓာကိုယ်မျိုး ရှိနေတာပါလိမ့်။ ကြည့်ရတာ အားကိုပဲပြပြီး အခြားထူးခြားတာဘာမှထုတ်မပြသေးဘူး။"

"ခန္ဓာကိုယ်အားကောင်းရုံနဲ့ကို လုံလောက်နေပြီ။ ထူးခြားတာလိုသေးလို့လား။"

"အခုဆို လင်းဇီချန်နဲ့ရှန်ချင်းဟန်က လူသစ်တွေထဲမှာ အားအကောင်းဆုံးဖြစ်နေပြီ။ နှစ်ယောက်လုံးက သွေးသန့်လူသားလမ်းစဉ်ကိုလိုက်တာ မယုံနိုင်စရာပဲ။"

"ဒါနဲ့ သွေးသန့်လူသားလမ်းစဉ်က အနာဂတ်မရှိဘူးလို့ ပြောကြတယ်မလား။ သူတို့နှစ်ယောက်ကကျရော"

All Chapters