← Chapters

အပိုင်း ၃၂၈-၃၃၀

Vol. 22 Ch. 328-330

အပိုင်း ၃၂၈-၃၃၀

Vol. 22 Ch. 328-330

အခန်း (၃၂၈) - ကျောင်းသားကောင်စီဆိုတာ ပုရွက်ဆိတ်သာသာ

အဲ့ဒါဇန်းရှင်းယန်ပဲ။ ပြင်ပရေးရာဌာနရဲ့ဥက္ကဌ။"

"ထိပ်တန်းအဆင့်မှာ (၃၈) "

"သူ့သွေးမျိုးဆက်စွမ်းအားက အခြေခံနဝမအဆင့်ရောက်နေပြီ။ မျိုးစိတ်သုံးခုသွေးမျိုးဆက်ထားတဲ့သူပဲ။"

"ရှန်ချင်းဟန်နိုင်ပါ့မလား သိချင်မိတယ်..."

"သူနိုင်လောက်တယ်။ ကောဟိုင်သုံ ဘယ်လိုမျိုး ဆိုးဆိုးဝါးဝါးရှုံးသွားလဲဆိုတာကို မတွေ့ဘူးလား။ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ။ ဆိုးဆိုးဝါးဝါးကို သွေးတွေထွက်လာတာ။"

"...."

အနီ‌ရောင်ဆံပင်ဖြင့်မိန်းကလေးက စင်ပေါ်သို့ ခုန်တက်လာသည့်အခါတွင် လူအုပ်ကြား၌ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။ အောက်မှအသံများကို နားထောင်ရင်းဖြင့် ဇန်းရှင်းယန်က အသာမျက်မှောင်ကြုတ်ကာ မကျေမနပ်အမူအရာမျိုးဖြင့် ဖြစ်သည်။ စောနက အစည်းအ‌ဝေးခန်းမထဲတွင် ရှန်ချင်းဟန်က ကောဟိုင်သုံကို တစ်ချီတည်းဖြင့် အနိုင်ယူလိုက်သည်ကို ကြားခဲ့စဉ်က မယုံပေ။ ထိုမိန်းကလေးအမှတ်မှားနေသည်ဟုသာ ဇန်းရှင်းယန် ထင်မိသည်။ သူမက ရှန်ချင်းဟန်ကို သိသည်။ လူသစ်ပါရမီရှင်တန်းမှ အလှပဂေးလေးဖြစ်ပြီး ကျောင်းဖိုရမ်တွင် ကျောင်း၏အချောအလှအဖြစ် ဖော်ပြခံရသည်။ နူးညံ့သိမ်မွေ့သည့်လူသစ်မိန်းကလေးက ကောဟိုင်သုံကို နိုင်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။ တစ်ချက်တည်းဖြင့်နိုင်သွားသည်ဆိုလျှင် ပိုဆိုးသည်။

ကောဟိုင်သုံက လင်းဇီချန်ကို ရှုံးသွားပြီး မိန်းကလေးများက ရှန်ချင်းဟန်ဖြင့်ရောသွားသည်ဟု ထင်မိသည်။ သို့သော် ယခုတွင်မူ အောက်မှအသံများကို နားထောင်ကြည့်သောအခါ၌ သူမမှားသွားသည်ကို သိလိုက်ရသည်။

ကောဟိုင်သုံကို အနိုင်ယူခဲ့သူမှာ အမှန်ပင် သူမရှေ့မှ မိန်းကလေးဖြစ်နေသည်။

"ဘာဖြစ်သွားတာလဲ။"

"အားနည်းတဲ့ညီမက ငါတို့အားသုံကို တစ်ချက်တည်းနဲ့ ဘယ်လိုအနိုင်ယူလိုက်တာလဲ။"

ဇန်းရှင်းယန်က မျက်မှောင်ကြုတ်၍ ရှန်ချင်းဟန်ကိုကြည့်ကာ တွေဝေနေမိသည်။ သူမသည်သာ တွေဝေနေခြင်းမဟုတ်ပေ။ ရှန်ချင်းဟန်က ကောဟိုင်သုံကို နိုင်လိုက်သည်ကိုမြင်သောသူအများစုကလည်း တွေဝေနေကြလေသည်။

"ဂျူနီယာရှန် မင်းက ငါတို့ပြင်ပရေးရာဌာနက ဒုက္ကဌကို တစ်ချီတည်းနဲ့ နိုင်လိုက်တယ်ကြားတယ်"

ဇန်းရှင်းယန်သည် ရှန်ချင်းဟန်ကို မျက်နှာသေဖြင့်ကြည့်ကာ မေးလိုက်သည်။

ရှန်ချင်းဟန်ကမူ ပြန်ဖြေလိုက်၏။

"အင်း"

ဇန်းရှင်းယန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် စိတ်ဖြင့် ခန္ဓာကိုယ်ထဲမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းကာ ဆံပင်များက ရှည်လာပြီး မီးကဲ့သို့ အနီရောင်ပြောင်းသွားကာ အသားအရေကလည်း နီမြန်းလာကာ အပူလှိုင်းကို ထုတ်လွှတ်နေသည်။ စင်မြင့်နားမှလူများသည်ပင် သူမ၏ချီသွေးမြင့်တက်လာသည်ကို အာရုံခံမိကာ အံ့ဩသွားကြသည်။ အားကောင်းလွန်းသောချီသွေးစွမ်းအားပင် ဖြစ်၏။ ပြင်ပရေးရာဌာနမှဥက္ကဌသည် အဆင့်မြင့်သက်ရှိဖြစ်ရန် နီးကပ်နေပြီဟု ခန့်မှန်းမိသည်။

"ဂျူနီယာရှန် မင်းအင်အားကို ကြည့်ရအောင်။"

သူမက ပြောပြီးသည်နှင့် ဇန်းရှင်းယန်သည် ချက်ချင်းပင် ရှန်ချင်းဟန်ရှိရာသို့ ခုန်ဝင်လာသည်။ ရှန်ချင်းဟန်က အသာပင် တုံ့ပြန်လိုက်ပြီး ဝင်လာသည့်ကန်ချက်ကို ရှောင်ရှားလိုက်သည်။ သို့သော်လည်း သူမ၏ခြေလှမ်းက နှေးလွန်းနေသည်။ ဘေးသို့ပြောင်းသွားရုံသာရှိသေးသော်လည်း ပြိုင်ဘက်၏ခြေထောက်က မိမိနားသို့ ရောက်နေပြီဖြစ်သဖြင့် လေကို ဖြတ်သွားသောအသံထွက်ပေါ်လာကာ လည်ချောင်းကို ချိန်ထားခြင်းဖြစ်သည်။ အချိန်မီမရှောင်နိုင်တော့သည်ကို သိသောကြောင့် ရှန်ချင်းဟန်က ချက်ချင်းပင် လက်မြှောက်ကာ အားကောင်းသောကန်ချက်ကို တားလိုက်သည်။

"ဘုန်း...."

ဇန်ရှင်းယန်၏ကန်ချက်သည် ရှန်ချင်းဟန်၏လက်ဖျံဖြင့် တွေ့သွားသည်။ ဂျွတ်ခနဲမြည်သံနှင့်အတူ ရှန်ချင်းဟန်၏လက်မောင်းရိုးအက်သွားသည်။ ချက်ချင်းပင် ပြင်းထန်သောနာကျင်မှုက ဦးနှောက်ထဲထိ မြင့်တက်လာကာ မျက်နှာက ဖျော့တော့သွားရှာသည်။

"ဝှစ်"

နောက်ထပ်လေကိုဖြတ်သွားသောအသံကို ကြားလိုက်ရသည်။ ဇန်းရှင်းယန်သည် ခြေထောက်ကိုသိမ်း၍ ရှန်ချင်းဟန်၏မျက်နှာကို လက်သီးဖြင့်ချိန်လိုက်ပြန်ကာ နူးညံ့သောနှာခေါင်းလေးကို ချိန်ထားပေသည်။ သူမသည် လက်သီးချက်ဖြင့် နှာရိုးကိုချိုးချင်နေကာ မျက်နှာကိုသွေးထွက်သွားစေလိုခြင်းပင် ဖြစ်၏။

"ဟမ်"

လက်သီးရောက်လာခါနီးတွင်ပင် ဇန်းရှင်းယန်သည် ခန္ဓာကိုယ်တွင်းမှ ချီသွေးများ ဖရိုဖရဲဖြစ်လာသည်ကို ခံစားရကာ ဦးနှောက်က မူးဝေလာသည်။ လက်သီးချက်ကလည်း သိသိသာသာအားနည်းလာကာ ရှန်ချင်းဟန်က အလွယ်ပင်တားလိုက်သည်။ ရှန်ချင်းဟန်က ပြန်တိုက်ခိုက်ရမည့်အခွင့်အရေးကို လက်လွှတ်မခံပေ။ ဇန်းရှင်းယန်၏လက်သီးချက်ကို တားပြီးသည်နှင့် ချက်ချင်းပင် ပြိုင်ဘက်၏ဘယ်ဘက်ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။ ထို့နောက်တွင် ဝိညာဉ်စွမ်းအားကိုမြှင့်ကာ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ပိုအသက်သွင်း၍ ဇန်ရှင်းယန်၏ခန္ဓာကိုယ်မှချီသွေးများကို နှလုံးနားသို့ပို့ကာလက်ဖြင့် ဖိရိုက်ပစ်သည်။ ဇန်းရှင်းယန်၏နှလုံးသည် ချီသွေးစုပြုံရောက်လာခြင်းကြောင့် တုန်သွားကာ ပက်ကြားအက်များစွာဖြင့် ဆွဲဖြဲခံလိုက်ရပြီး ချက်ချင်းပင် နှလုံးခုန်ရပ်သွားတော့သည်။ သို့သော်လည်း သူမ မသေပေ။ အသိဝေဝါးသွားကာ ခြေလက်များ မထိန်းချုပ်နိုင်တော့ဘဲ မြေကြီးပေါ်သို့ လဲကျသွားပြီး အသက်ရှင်ရုံမျှသာ ကျန်သည်။

အခြေခံနဝမအဆင့်အနေဖြင့် ချီသွေးကမောက်ကမဖြစ်မှုကြောင့် ရူးသွားမည်မဟုတ်ကာ ခေါင်းပေါက်ထွက်ပြီး ချက်ချင်းလည်းသေမည်မဟုတ်ပေ။

"ပြီးသွားပြီလား။"

"ပြင်ပရေးရာဌာနက ဥက္ကဌက တကယ်ရှုံးသွားပြီ။"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

"...."

ပရိတ်သတ်များက အံ့ဩတုန်လှုပ်မှုအပြည့်ဖြင့် ဖြစ်သည်။ ရှန်ချင်းဟန်သည် အခြေခံနဝမအဆင့်သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူကို နှစ်ချီတည်းဖြင့် အနိုင်ပိုင်းလိုက်နိုင်ကာ ရှင်းလင်းစွာ အနိုင်ယူလိုက်သည်။ အားလုံးက မယုံကြည်နိုင်ဖြစ်သွားကြသည်။

"ဘယ်လိုဖြစ်သွားတာလဲ။ ညီမဟန်က ဘယ်လိုလုပ် ရုတ်တရက်ကြီးအားကောင်းလာရတာလဲ။"

စင်အောက်မှ လော်ရုန်ကျန်းက စင်ပေါ်တွင်လဲနေသောသူကိုကြည့်ပြီး ရှန်ချင်းဟန်ကိုကြည့်လိုက်ကာ မယုံကြည်နိုင်ဟန်ဖြင့် ဖြစ်နေမိသည်။ လွန်ခဲ့သောနှစ်ဝက်က ကျောင်းအစမ်းပွဲတွင်ပင် ရှန်ချင်းဟန်ကို သာမန်တန်းမှမိန်းကလေးများ လိုက်ရိုက်သည်ကို ခံရသည်ကို မှတ်မိပေသည်။ နှစ်ဝက်အတွင်းတွင် ရှန်ချင်းဟန်သည် ထိပ်တန်းအဆင့် (၃၈)ကိုအနိုင်ယူနိုင်သည်အထိ အားကောင်းလာသည်မှာ ယုံနိုင်ဖွယ်မရှိပေ။

"သူက သွေးသန့်လူသားလမ်းစဉ်လိုက်လို့ပဲ ဖြစ်ရမယ်။ အဲ့ဒါကြောင့် ချင်းဟန်က ဒီလောက်မြန်မြန် တိုးတက်လာတာဖြစ်မယ်။"

အခန်း (၃၂၉) - ကျောင်းသားကောင်စီဆိုတာ ပုရွက်ဆိတ်သာသာ (၂)

မာရှိဝေသည် စင်ပေါ်မှ ရှန်ချင်းဟန်ကိုကြည့်ကာ ကြည့်ကာ အသက်ရှုမြန်လာပြီး သူမဘာသာ ပြောလိုက်မိသည်။

"ငါတို့တွေ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ချက်ချင်းမလိုက်ကြဘဲ သွေးသန့်လူသားလမ်းစဉ်ကိုအရင်စမ်းကြည့်သင့်တယ်။"

သူမသည် စောနက ရှန်ချင်းဟန်၏စင်ပေါ်မှ သရုပ်ပြမှုကို လွန်စွာအထင်ကြီးမိသွားကာ စိတ်ထဲတွင်လည်း သွေးသန့်လူသားလမ်းစဉ်ဟုသောအတွေးများဖြင့် ပြည့်နှက်သွားသည်။ ယခုတွင် သူမသည် စိတ်ထဲ၌ သွေးသန့်လူသားလမ်းစဉ်ကိုပြောင်းရန် စိတ်စောနေလေပြီ။ လီမော်ယွီကမူ တည်ငြိမ်စွာဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်ကာ

"ငါထင်တာ‌တော့ ချင်းဟန်ရဲ့အားက သွေးသန့်လူသားလမ်းစဉ်နဲ့ မဆိုင်လောက်ဘူး။ စင်ပေါ်မှလူကိုပဲကြည့်လေ။ သူ့ရင်ဘတ်က ဖောက်ဝင်သွားတာမျိုးမဟုတ်ဘူး။ ချိုင့်ရာလေး‌တောင်မမြင်ရဘူး။ ဆိုလိုတာက ချင်းဟန်ရဲ့လက်သီးချက်က အင်အားက သာမန်ပဲလို့ဆိုလိုတာပဲ။အဲ့တစ်ယောက်က ချင်းဟန်ရဲ့လက်သီးချက်ကြောင့် လဲသွားရတဲ့အကြောင်းရင်းက ချင်းဟန်က မိုးပြားဂျယ်လီငါးရဲ့စွမ်းအားကိုသုံးပြီး သွေးကြောတွေ ဒါမှမဟုတ် နှလုံးကို ထိန်းချုပ်လိုက်တာကြောင့် အများဆုံးဖြစ်နိုင်တယ်။"

"...."

လော်ရုန်ကျန်းကလည်း ထိုစကားကို ကြားသည့်အခါတွင် ခေါင်းညိတ်ပြလိုက်သည်။

"ညီနောင်ယွီပြောတာ မှန်လောက်တယ်။ ညီမလေးဟန် အဲ့လောက်အားကောင်းနေရတာက ဆန်းကြယ်သားရဲတွေကို ကျွန်ပြုနိုင်တဲ့ သူ့ရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ကြောင့်ပဲဖြစ်လောက်တယ်။"

ပြောပြီးနောက်တွင် တွေဝေစွာဖြင့် ရပ်သွားကာ

"ဒါပေမဲ့လို့ ညီမလေးဟန်က ခန္ဓာကိုယ်ကြောင့် ထူးခြားနေတာဆိုရင် အစ်ကိုချန်ကကျရော သူ့မှာလည်း ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံများ ပိုင်ဆိုင်ထားတာလား"

"ဒါပေမဲ့လို့ ငါတို့ထက်ခန္ဓာကိုယ်အားကောင်းတာကိုပဲ ခံစားမိတယ်။ အစ်ကိုချန်မှာ ဘာမှထူးခြားတဲ့အငွေ့အသက်မှမရှိဘူး။"

"ထူးဆန်းလိုက်တာ။ ငါလည်းနားမလည်နိုင်တော့ဘူး။"

"...."

လီမော်ယွီက ပြောလိုက်သည်။

"ခန္ဓာကိုယ်အားကောင်းရုံတင်ကို လုံလောက်ပါပြီ။ ဘာလို့ အခြားထူးခြားတာရှိရဦးမှာလဲ။ ဒဏ္ဍာရီခန္ဓာကိုယ်သန့်စင်ခြင်းဆိုတာ ကြားဖူးလား။"

"ဒဏ္ဍာရီခန္ဓာကိုယ်သန့်စင်ခြင်း"

လော်ရုန်းကျန်းက ပြောလိုက်ကာ အတွေးထဲတွင်နစ်မြုပ်သွားသည်။ သွေးသန့်လူသားလမ်းစဉ်တွင် အနာဂတ်မရှိဟု ပြောကြသည်။ သို့တိုင်အောင် လက်တွေ့တွင် ယခုနှစ်တွင် ရှန်ဟိုင်းတက္ကသိုလ်မှ ကျောင်းသားများ အအံ့အားသင့်ရဆုံးမှာ သွေးသန့်လူသားလမ်းစဉ်လိုက်သော လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ အတွဲပင် ဖြစ်၏။

သွေးသန့်လူသားလမ်းစဉ်သည် ကျင့်ကြံခြင်း၏ကန့်သတ်ချက်အမြင့်ဆုံးဖြစ်နိုင်သည်လော။

လော်ရုန်ကျန်းတစ်ယောက် အတွေးထဲတွင် နစ်မြောသွားသည်။

ကျောင်းသားကောင်စီမှလူများသည် ဇန်းရှင်းယန်ကို ဒဏ်ရာများကုသပေးရန် စင်ပေါ်မှချပေးလိုက်ကြသည်။ ကုသသည့်နည်းလမ်းက ရိုးရှင်းပေသည်။ ပြန်လည်ရှင်သန်ခြင်းကိုးဖြာဆေးလုံးကိုမျိုချခိုင်းကာ ဒဏ်ရာများကိုဆေးကြောပေးလိုက်လျှင် သက်သာသွားပြီဖြစ်သည်။

"ဥက္ကဌ အစ်မဇန်းက ဘယ်လိုဖြစ်သွားရတာလဲ။"

ကျောင်းသားကောင်စီအဖွဲ့ဝင်တစ်ယောက်သည် ဇန်းရှင်းယန်တစ်ယောက် ရှန်ချင်းဟန်၏လက်သီးတစ်ချက်ကြောင့် လဲသွားရသည်ကို နားမလည်နိုင်တော့သောကြောင့် မေးလိုက်မိသည်။

ကျိုးရွှယ်ဟုန်က မှင်သေသေမျက်နှာထားဖြင့် ရှင်းပြလိုက်သည်။

"သူ့ရဲ့ချီသွေးကို ထိန်းချုပ်ခံလိုက်ရတာ။ ပြီးတော့ ချီသွေးကို နှလုံးကို ပို့ခံလိုက်ရပြီး နှလုံးပွင့်ထွက်သွားမတတ်ဖြစ်သွားပြီး အဲ့လိုဖြစ်သွားရတာ။"

ထိုအဖြေကိုကြားသော်လည်း ကောင်စီအဖွဲ့ဝင်က ယုံကြည်ရန် ခက်ခဲနေသည်။

"အစ်မဇန်းရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံနဝမအဆင့်ပါ။ ချီသွေးစွမ်းအားကလည်းမြင့်တယ်။ အဲ့ဒါကို ရှန်ချင်းဟန်က ချီသွေးကို ထိန်းချုပ်လိုက်နိုင်တယ်လား။"

ကျိုးရွှယ်ဟုန်က ဘာမှထပ်မပြောပေ။ စင်ပေါ်မှ ရှန်ချင်းဟန်ကိုသာ တိတ်တဆိတ်ကြည့်နေကာ အတွေးဂယက်ထဲတွင် နစ်မျောနေသည်။

သူသည် အားကစားခန်းမထဲသို့ ဝင်လာစဉ်ကတည်းကပင် လူအုပ်များကြား၌ ရှန်ချင်းဟန်အကြောင်းပြောနေကြသည်ကို ကြားမိသည်။ ရှန်ချင်းဟန်သည် ဆန်းကြယ်သားရဲမျိုးစိတ်များကို ပေါင်းစပ်စရာမလိုဘဲ ကျွန်ပြုနိုင်သည့် သွေးသန့်လူသားဖြစ်ကြောင်း ပြောနေကြသည်။

မျိုးရိုးဗီဇကျွန်ပြုခြင်းလော

ဆန်းကြယ်သားရဲမျိုးစိတ်များကို ရယူနိုင်စွမ်းရှိကာ သွေးသန့်လူသားလမ်းစဉ်ကိုလျှောက်သည်လော။

အမှန်ပင် ထိုမျှထူးခြားသည့်ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံလော။

ကျိုးရွှယ်ဟုန်တစ်ယောက် မယုံကြည်နိုင်ဖြစ်နေသည်။

....

စင်အောက်တွင်မူ လင်းဇီချန်သည် စင်ရှိရာသို့လာပြီး ရှန်ချင်းဟန်ကို စိတ်ပူသောအကြည့်မျိုးကြည့်ကာ မေးလိုက်သည်။

"လက်ဘယ်လိုနေလဲ။ ဆင်းပြီးကုသမှုခံမလား။"

ရှန်ချင်းဟန်၏လက်သည် ထိခိုက်သွားကာ ဖူးယောင်နေသည်။

"ဘာမှမဖြစ်ဘူး။ မကြာခင် သူ့ဘာသာ ပြန်ကောင်းသွားလိမ့်မယ်။"

ရှန်ချင်းဟန်သည် လင်းဇီချန်ဘက်သို့ခေါင်းလှည့်ကာ အပြုံးခပ်ရေးရေးလေးဖြင့် ပြောလိုက်သည်။ လင်းဇီချန်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး

"အဲ့လိုဆိုလည်းကောင်းပြီလေ။"

ထိုသို့ပြောကာ ရှန်ချင်းဟန်သည် စောနက ဇန်းရှင်းယန်ကို အနိုင်ယူလိုက်သည့်မြင်ကွင်းကို ပြန်မြင်ယောင်လာမိသည်။ ရှန်ချင်းဟန်တစ်ယောက် ပြင်းထန်သောတိုက်ပွဲထဲ၌ ပိတ်မိသွားမည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ရလဒ်မှာ ဇန်းရှင်းယန်သည် ကောဟိုင်သုံထက် တစ်ချီသာ ပိုသာသည်။ ရှန်ချင်းဟန်သည် မိမိစိတ်ကူးထားသည်ထက် ပိုအားကောင်းနေသည်ဟု ဆိုရပေမည်။

"ဂျူနီယာရှန် မင်းနဲ့ တိုက်ကြည့်ပါရစေ။"

ရုတ်တရက်ပင် အက်ကွဲသောအသံသည် ကျောင်းသားကောင်စီအဖွဲ့ဝင်များထဲမှ ထွက်ပေါ်လာသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် မြင်လိုက်ရသည်မှာ တစ်ကိုယ်လုံးအမွေးများဖြင့် ဖုံးလွှမ်းနေသည့် ငှက်လူသားပင် ဖြစ်၏။ အားလုံး၏အကြည့်အောက်တွင် ငှက်လူသားသည် အမြန်ပင် သိုင်းစင်မြင့်ထက်သို့ တက်လာကာ ရှန်ချင်းဟန်ရှေ့တွင် ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

"အဲ့ဒါက ဒုဥက္ကဌထန်ဝမ်ယိပဲ။"

"ဝိုး ဒုက္ကဌကတောင် လှုပ်ရှားနေပြီ။ သူက ကျောင်းမှာ နည်းနည်းပဲရှိတဲ့ အဆင့်မြင့်သက်ရှိတွေထဲကတစ်ယောက်လေ။ ထိပ်တန်းအဆင့်မှာ အဆင့်သုံးရထားတာ။ ကျောင်းသားကောင်စီက အလှ‌လေးရှန်ကို ရင်ဆိုင်ဖို့ အဲ့လောက်ထိ အမြင့်မှန်းထားတယ်လား။"

"ဒါက သာမန်ပါပဲ။ ကျောင်းသားကောင်စီရဲ့ ပြင်ပရေးရာဌာနတစ်ခုလုံးတောင် လွင့်ထွက်သွားတာလေ။ ရှန်ချင်းဟန်နဲ့ရင်ဆိုင်ဖို့ အားကောင်းတဲ့သူကို ပို့ရမှာပေါ့။ မဟုတ်ရင် ကျောင်းသားကောင်စီမျက်နှာပျက်ရတော့မှာ။"

"...."

လူအုပ်၏တီးတိုးပြောသံများကြားတွင် ရှန်ချင်းဟန်သည် ယခုတစ်ခေါက်တက်လာသည်မှာ အဆင့်မြင့်သက်ရှိဖြစ်ကာ ထိပ်တန်းစာရင်းတွင် အဆင့်သုံးဖြစ်သည်ကို ကြားလိုက်ရသောကြောင့် ချက်ချင်းပင် သူမ၏ယခင်ပြဿနာဟောင်းများ ပြန်ပေါ်ကာ အနည်းငယ်မျှစိတ်ပူသွားမိသည်။ သို့သော်လည်း မကြာခင်တွင်ပင် အသက်ပြင်းပြင်းရှုကာ သူမဘာသာ ထိန်းထားလိုက်သည်။ သူမဘာသာ အားပေးလိုက်၏။

ငါလုပ်နိုင်တယ်....

အဆင့်မြင့်သက်ရှိက ဘာများကြောက်စရာရှိမည်နည်း။ ရှောင်ချန်သည်ပင် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ အဆင့်မြင့်ဆဌမအဆင့်သစ္စာဖောက်ကို တစ်ယောက်တည်း သတ်နိုင်ခဲ့သည်မဟုတ်ပါလော။

ရှောင်ချန်၏ အမြွှာဂုဏ်၏တစ်ခြမ်းအနေဖြင့် ထိုစီနီယာကို နိုင်မည်မှာ သေချာနေသည်။

"ဂျူနီယာရှန် အဆင်သင့်ဖြစ်ပြီလား။"

ရှန်ချင်းဟန်သည် တိုက်ခိုက်ရန် အနေအထားပြင်လိုက်ပြီး တည်ငြိမ်သောအမူရာမျိုးဖြင့် ပြောလိုက်သည်။

"အဆင်သင့်ဖြစ်ပြီ။"

ထန်ဝမ်ယိက ဟက်ခနဲရယ်လိုက်ကာ

"မင်းအဆင်သင့်ဖြစ်ပြီဆိုမှတော့ မင်းအရင်ဆုံးလှုပ်ရှားလိုက်ပါ ဂျူနီယာရှန်။"

သူမပြောပြီးသည်နှင့် ရှန်ချင်းဟန်လည်း တွန့်ဆုတ်မနေဘြ ချက်ချင်းပင် ပြေးဝင်သွားသည်။ တစ်ချိန်တည်းတွင်ပင် မိုးပြာဂျယ်လီငါးဘုရင်နှင့် ရေလိပ်ပြာအစွမ်းနှစ်မျိုးလုံးကို အသက်သွင်းကာ ချီသွေးနှင့်ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုနှစ်မျိုးလုပ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ရှန်ချင်းဟန်ခြေလှမ်းနှစ်လှမ်းပင် မလှမ်းရသေးခင်တွင် ထန်ဝမ်ယိက သူမ၏တောင်ပံများကို ရုတ်ချည်းပင် ဖြန့်ကျက်လိုက်သည်။ နောက်တွင်မူ ဝှစ်ခနဲအသံ ထွက်ပေါ်လာသည်။နှင်းကဲ့သို့ ဖြူဖွေးနေသည့်တောင်ပံများစွာက ထန်ဝမ်ယိ၏တောင်ပံများဆီမှထွက်လာကာ ရှန်ချင်းဟန်ထံသို့ မြှားတစ်စင်းကဲ့သို့နှယ် ပစ်ခွင်းလိုက်သည်။ ရှန်ချင်းဟန်က အချိန်မီရှောင်ချိန်မရလိုက်ဘဲ အတောင်ပံများကသာ ခန္ဓာကိုယ်ကို ထိုးစိုက်သွားသည်။ အားပြင်းသောတောင်ပံများကြောင့် သူမသည် စင်မြင့်တိုင်တစ်တိုင်ဖြင့် ရိုက်မိသွားကာ ထို‌ပေါ်တွင် ငှက်တောင်များဖြင့် စိုက်မိလျက်သားဖြစ်နေပြီး မလှုပ်နိုင်တော့ပေ။ လျှပ်တစ်ပြက်အတွင်းပင် သူမခန္ဓာကိုယ်မှ သွေးများစိမ့်ထွက်လာကာ ကြောက်စရာကောင်းသောမြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။

"မင်းအဆင်ပြေရဲ့လား။"

လင်းဇီချန်က စင်နားသို့ကပ်လာပြီး ရှန်ချင်းဟန်၏ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ပြောနေရင်းဖြင့်ပင် သူမ၏ခန္ဓာကိုယ်မှငှက်တောင်များကို နှုတ်ပေးလိုက်သည်။လှုပ်ရှားမှုက တိကျကာ ရှန်ချင်းဟန်ကို ထိခိုက်မှုအနည်းငယ်သာဖြစ်စေသည်။ ငှက်တောင်များကို ဖယ်ပြီးမှ သူမကိုယ်ထဲက မသေမျိုးပက်ကျိမျိုးစိတ်က အသက်ဝင်လာပြီး ဒဏ်ရာများကိုပြန်လည်ကုစား‌ပေးလိုက်သည်။

ရှန်ချင်းဟန်က နာကျင်မှုကို သည်းခံရင်းဖြင့် မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဆိုးလိုက်တာ။ ပထမတစ်ချက်နဲ့တင် ရှုံးသွားတယ်။"

"ရှုံးတော့လည်း ရှုံးတယ်ပေါ့။ ဘာဖြစ်လဲ။ ဒီနေ့အတွက်တော့ မင်းကောင်းကောင်းလုပ်နိုင်ခဲ့ပြီ။"

လင်းဇီချန်သည် ပြောနေရင်းဖြင့် ငှက်တောင်အားလုံးကို နှုတ်ပေးပြီးဖြစ်ကာ ဆေးတစ်လုံးကိုထုတ်ယူ၍ သူမပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး အပေါ်ကုတ်အင်္ကျီကိုချွတ်ကာ သူမပေါ်တွင် ခြုံထားပေးလိုက်လေ၏။

အခန်း (၃၃၀) - ဒုဥက္ကဌလား? ချက်ချင်းသတ်လိုက်နိုင်တယ်! ပရိတ်သတ်ထုကြီးကြောင်သွားပြီ!

စီမံခန့်ခွဲရေးအဆောက်အအုံတွင်မူ....။

ပထမဆုံးထပ် အကြီးဆုံးအစည်းအဝေးခန်းထဲတွင် ကျောင်းအုပ်ယွမ်သုန်ကျီသည် ကျောင်းမှဝန်ထမ်းများဖြင့် အစည်းအဝေးကျင်းပနေသည်။သူမသည် ယခင်စာသင်နှစ်ဝက်မှ သင်ကြားရေးဆိုင်ရာအောင်မြင်မှုများနှင့် နောက်စာသင်နှစ်ဝက်အတွက် ပန်းတိုင်များကို ချမှတ်နေသည်။ ရုတ်တရက်ပင် ယွမ်သုန်ကျီသည် မျက်မှောင်ကြုတ်ကာ အားကစားခန်းမရှိရာဘက်သို့ ခေါင်းငဲ့ကြည့်လိုက်သည်။ သူမသည် ထိုနေရာတွင် လွန်စွာတက်ကြွနေသောဆန်းကြယ်သားရဲအငွေ့အသက်ကို အာရုံခံမိနေသည်။ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများ လေ့ကျင့်ရင်းတိုက်နေကြခြင်းဖြစ်မည်။ ထိုသူများကြားထဲတွင် မိုးပြာဂျယ်လီငါးဘုရင်နှင့် ရေလိပ်ပြာမျိုးစိတ်တို့က အားကောင်းလှကာ သူမ၏အာရုံကို ဖမ်းစားလိုက်နိုင်သည်။

ချင်းဟန်ကများ အားကစားခန်းထဲတွင် တစ်ယောက်ယောက်ဖြင့် ယှဉ်ပြိုင်နေသည်လော။

ထိုသို့စဉ်းစားမိကာ ယွမ်သုန်ကျီသည် အစည်းအဝေးကို ရပ်လိုက်ပြီး အားကစားခန်းထဲမှ စီစီတီဗီကိုဖွင့်ကာ အောက်မှလူများကို ပြောလိုက်သည်။

"အစည်းအဝေးခဏလောက်ရပ်ပြီး အားကစားခန်းမထဲက စီစီတီဗီကို ကြည့်ကြည့်ရအောင်။"

ပြောပြီးနောက်တွင် အားကစားခန်းမပထမထပ်ရှိ စီစီတီဗီကိုဖွင့်ကာ ပရောဂျက်တာပေါ်တွင် ပြလိုက်သည်။ ပေါ်လာသောမြင်ကွင်းမှာ ရှန်ချင်းဟန်သည် ဇန်းရှင်းယန်ဖြင့် တိုက်ခိုက်နေသောမြင်ကွင်းပင် ဖြစ်၏။

"ဇန်းရှင်းယန်က ဘာလို့ လူသစ်နဲ့သွားတိုက်နေရတာလဲ။"

ဝန်ထမ်းတစ်ယောက်က လျို့ချွမ်ဝူဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ကျောင်းအုပ်လျို့ ရှန်ချင်းဟန်နဲ့ လင်းဇီချန်ကို သွေးသန့်လူသားလမ်းစဉ်နာမည်နဲ့ ကျောင်းသားကောင်စီကိုသွားစိန်ခေါ်ခိုင်းတာ ခင်ဗျားအကြံမလား။"

လျို့ချွမ်ဝူက အနည်းငယ်မျှ တွေဝေသွားကာ

"အဲ့ကိစ္စနဲ့ပက်သက်ပြီးတော့တော့ ငါ့အကြံမဟုတ်ဘူး။ အဲ့ဒါက လင်းဇီချန်အကြံပဲဖြစ်မှာ။"

စက်မှုအကယ်ဒမီ၏ဌာနမှူးကလည်း တွေဝေစွာဖြင့် ပြောလိုက်သည်။

"ရှန်ချင်းဟန်က သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူမလား။ ဘယ်လိုလုပ် သွေးသန့်လူသားလမ်းစဉ်ကို ကိုယ်စားပြုပြီး ကျောင်းသားကောင်စီကို စိန်ခေါ်နေရတာလဲ။"

ထိုစကားကို ကြားသောအခါမှ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း အခြားသူများ သဘောပေါက်သွားသည်။

ရှန်ချင်းဟန်သည် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှ လူသစ်ဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူတစ်ဦးသာဖြစ်သည်။ မည်သို့ဖြင့် သွေးသန့်လူသားလမ်းစဉ်ကို ကိုယ်စားပြုနိုင်မည်နည်း။ကောင်လေးကိုယ်စားဝင်တိုက်သည်လော။ အားလုံးသည် တွေဝေသွားရသည်။ ထိုအချိန်တွင် စင်ပေါ်မှ ယွမ်သုန်ကျီက တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။

"ရှန်ချင်းဟန်က သွေးသန့်လူသားတစ်ယောက်ပဲ။ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူမဟုတ်ဘူး။"

လူအုပ်ကြီးသည် ထိုစကားကို ကြားသည်နှင့် တီးတိုးသံများ ထွက်ပေါ်လာတော့သည်။ ရှန်ချင်းဟန်သည် ဆံပင်အပြာဖြင့် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူ၏ဗီဇကို ပြနေသည်မဟုတ်ပါလော။ ထိုသူက သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူမဟုတ်လျှင် သူမက ဘာဖြစ်မည်နည်း။ စမတ်လော (စမတ်ကာတွန်းကားထဲကစမတ်ကောင်မလေးကဆံပြာအပြာနဲ့မလို့ပါ)

အားလုံး၏အံ့ဩသွားသောအမူအရာကိုကြည့်ကာ ကျောင်းအုပ်လျို့က ဟက်ခနဲရယ်လိုက်ပြီး ရှင်းပြလိုက်သည်။

"ရှန်ချင်းဟန်မှာ ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိတယ်။ သူ့မျိုးရိုးဗီဇက ဆန်းကြယ်သားရဲမျိုးစိတ်ကို ကျွန်ပြုပြီး ထိန်းချုပ်လို့ အဲ့သားရဲရဲ့အစွမ်းကို ရနိုင်တယ်။ ငါတို့နဲ့မတူတာက သူက ဆန်းကြယ်သားရဲမျိုးစိတ်နဲ့ပေါင်းစပ်စရာမလိုဘူး။ သန္ဓေပြောင်းတဲ့အန္တရာယ်မျိုးကို ရှောင်ရှားနိုင်တယ်။"

"အဲ့ဒါကြောင့် သူက သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူမဟုတ်ဘဲ သွေးသန့်လူသားပဲဖြစ်နေတုန်းပဲ။ အခု သူက ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကထွက်ပြီး ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်သွားပြီ။။ သွေးသန့်လူသားလမ်းစဉ်ကိုလျှောက်ပြီး ကျောင်းသားကောင်စီကို စိန်ခေါ်လိုက်တာ။"

‘ဆန်းကြယ်သားရဲမျိုးစိတ်ကို ကျွန်ပြုနိုင်တာလား…တကယ်ပဲလား’

ထိုအကြောင်းကို ကြားလိုက်ရသည့်အခါတွင် အားလုံးအံ့အားသင့်သွားကြကာ ကျောင်းအုပ်လျို့က ဟာသလုပ်နေသည်ဟုသာ ထင်မိကြသည်။ သို့သော်လည်း မာကျန်းဟယ်မျက်နှာသည် ပြာနှမ်းကာ ဒေါသတကြီးဖြင့် ထုံးစံအတိုင်း ကျောင်းအုပ်လျို့ကို မငြင်းသည်ကိုတွေ့ရသောကြောင့် အမှန်ဖြစ်သည်ကို သဘောပေါက်သွားကြသည်။

ထိုအချိန်တွင်ပင် ဇန်းရှင်းယန်သည် လှုပ်ရှားလိုက်သည်။ တစ်ချက်တည်းဖြင့်သာဖြစ်သည်။ မျက်စိဖြင့်မြင်ရန်ခက်ခဲသောနှုန်းဖြင့် ရှန်ချင်းဟန်ဆီသို့ ပြေးသွားသည်။ အပြည့်အဝတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ထိုမြင်ကွင်းကို မြင်သောအခါတွင် အားလုံးသည် ရှန်ချင်းဟန်ရှုံးတော့မည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း နှစ်ချက်မျှလှုပ်ရှားပြီးနောက်တွင် ဇန်းရှင်းယန်သည် ရှန်ချင်းဟန်၏သာမန်လက်သီးချက်ကြောင့်ပင် လဲကျသွားတော့သည်။ အပေါက်ခုနစ်ပေါက်မှ သွေးများစီးကျလာကာ အပြင်းအထန်ဒဏ်ရာရသွားသည့်ပုံပေါ်သည်။

"ဘာဖြစ်တာလဲ။"

အစည်းအဝေးခန်းထဲမှသူအားလုံး တုန်လှုပ်သွားကြသည်။ ကျောင်းအုပ်လျို့နှင့် ယွမ်သုန်ကျီအပါအဝင် ဖြစ်၏။

အထူးသဖြင့် ယွမ်သုန်ကျီပင် ဖြစ်သည်။ သူမသည် တပည့်ဖြစ်သူ ရှန်ချင်းဟန်ဖြင့် ရင်းနှီးသည်ဟု ထင်ထားမိသည်။ သို့သော်လည်း ယခုတွင်မူ ချင်းဟန်သည် လျှပ်တစ်ပြက်အတွင်းပင် ပြင်ပရေးရာဌာန၏ဥက္ကဌကို အနိုင်ပိုင်းလိုက်နိုင်သည်ကို မြင်ရသောကြောင့် အံ့ဩတုန်လှုပ်သွားကာ မယုံကြည်နိုင်‌အောင် ဖြစ်နေသည်။

ထပ်ပြီးမစဉ်းစားနေတော့ဘဲ ချက်ချင်းပင် အစည်းအဝေးခန်း ပြတင်းပေါက်မှ ခုန်၍ အားကစားခန်းမဆီသို့ ထွက်သွားသည်။ တိုက်ပွဲကို အနီးကပ်ကြည့်နိုင်ရန် ဖြစ်၏။ ရှန်ချင်းဟန် မည်သို့ကိုင်တွယ်နေသ်ညကို သေချာကြည့်ရမည်။ ပြိုင်ဘက်ကို လက်သီးတစ်ချက်တည်းဖြင့် ဒဏ်ရာရအောင်လုပ်နိုင်လိုက်သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောကျောင်းဝန်ထမ်းများသည်လည်း ချက်ချင်းပင် အားကစားခန်းမဆီသို့ လိုက်သွားကြသည်။

မကြာလိုက်ပေ။ ကျောင်းမှဆရာများ အားကစားခန်းမဆီသို့ရောက်သွားအခါတွင်ကျောင်းသားကောင်စီ၏ ဒုဥက္ကဌက ရှန်ချင်းဟန်ကို အနိုင်ယူလိုက်သည်ကို တွေ့နေရသည်။ သူမ၏ခန္ဓာကိုယ်သည် ငှက်တောင်များဖြင့် စိုက်ဝင်နေပြီး စင်‌ပေါ်တွင်ဖိခံထားရကာ အဝတ်များကလည်း သွေးများဖြင့် စိုရွှဲနေသည်။ ထို့နောက်တွင် လင်းဇီချန်သည် စင်ပေါ်သို့ ခုန်တက်လာ၍ ရှန်ချင်းဟန်၏ငှက်မွှေးများကို ကူ၍ဖယ်ပေးနေသည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း ရှန်ချင်းဟန်က အန္တရာယ်မဖြစ်ပေ။

"သွေးသန့်လူသားလမ်းစဉ််ရဲ့ အင်အားဆိုတာ ဒါလား"

စက်မှုအကယ်ဒမီဥက္ကဌက တီးတိုးပြောလိုက်သည်။

"ခန္ဓာကိုယ်အင်အားက အဲ့လောက်ဆိုရင်ကို ချဲ့ကားလွန်းရာကျနေပြီ။"

ပြောပြီးနောက်တွင် ကျောင်းအုပ်လျို့ကိုကြည့်ကာ ပြောလိုက်သည်။

"ကျောင်းအုပ်လျို့ ခုတော့ ခင်ဗျားဘာလို့များ သွေးသန့်လူသားလမ်းစဉ်ကို သုတေသနလုပ်နေရလဲဆိုတာကို နားလည်စပြုလာပြီ။"

"သွေးသန့်လူသားလမ်းစဉ်က ပြသွားတဲ့ဒီအင်အားနဲ့သာဆိုရင် သွေးမျိုးဆက်စွမ်းအားအဆင့်ချင်းတူရင်တောင် သွေးသန့်လူသားလမ်းစဉ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ စက်ပြုပြင်ခြင်းလမ်းစဉ်ထက် ပိုသာသွားပြီ။"

"တစ်ယောက်ယောက်ကသာ သွေးသန့်လူသားခန္ဓာကိုယ်နဲ့ အဆင့်မြင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မယ်ဆိုရင် သွေးသန့်လူသားလမ်းစဉ်က ကမ္ဘာတစ်ဝှမ်းပျံ့နှံ့သွားပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုရွေးတဲ့ပါရမီရှင်တွေကလည်း ရွေးချယ်ကြလိမ့်မယ်။"

"...."

"ဒါပေါ့။"

ကျောင်းအုပ်လျို့သည် ရင်ကော့၍ ဂုဏ်ယူနေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။

အနီးအနားတွင်ရပ်နေ‌သော မာကျန်းဟယ်က မကျေမနပ်ဖြင့် သရော်လိုက်သည်။

"အဆင့်တူပြီး အရှုံးမ‌ပေးတာက ဘာများအသုံးဝင်လို့လဲ။ တကယ်တော့ သွေးသန့်လူသားလမ်းစဉ်က ခုထိ အဆင့်မြင့်သက်ရှိတစ်ယောက်ကိုတောင် မွေးထုတ်မပေးနိုင်သေးဘူး။ ကျော်ဖြတ်လို့မရတဲ့ လမ်းဆုံးနေတဲ့လမ်းသာသာပဲ။

All Chapters