← Chapters

အပိုင်း ၃၃၁-၃၃၃

Vol. 23 Ch. 331-333

အပိုင်း ၃၃၁-၃၃၃

Vol. 23 Ch. 331-333

အခန်း (၃၃၁) ဒုဥက္ကဌလား ချက်ချင်းသတ်လိုက်နိုင်တယ် ပရိတ်သတ်ထုကြီးကြောင်သွားပြီ (၂)

လျို့ချွမ်ဝူက ပြန်ပက်လိုက်သည်။

"အမြင်ကျဉ်းပြီး တုံးလိုက်တာ"

မာကျန်းဟယ်ကလည်း မခံပေ။

"မင်းအကြောင်းမင်း ပြောနေတာလား။"

"...."

ယွမ်သုန်ကျီက ထိုနှစ်ယောက်ကို မျက်စောင်းထိုးကာ ခေါင်းခါလိုက်မိသည်။

တစ်ယောက်သည် အသက်တစ်ရာနီးပါးရှိပြီးဖြစ်ကာ ကျန်တစ်ယောက် ဆယ်စုနှစ်ပေါင်းများစွာရှိပြီဖြစ်သ်ောလည်း နှစ်ဦးလုံးသည် ကလေးများကဲ့သို့ ကိုက်နေကြသည်။ ထိုနှစ်များအားလုံးကို အလဟဿဖြစ်အောင် နေထိုင်လာခြင်းသာ ဖြစ်သည်။

....

ထိုအချိန်တွင် သိုင်းပညာစင်မြင့်ထက်၌ ထန်ဝမ်ယိသည် လင်းဇီချန်ကို လှောင်ပြုံးဖြင့်ကြည့်ကာ အကြည့်တို့က မောက်မာဟန်ပေါက်နေသည်။

"လူသစ်ဘုရင် နင့်ကောင်မလေးလို အဆုံးမသတ်စေချင်လို့ ပထမဆုံးလှုပ်ရှားဖို့ အခွင့်အရေးပေးမယ်။ မဟုတ်ရင် စိတ်ပျက်ဖို့ကောင်းမှာ။"

"ကောင်းပြီ။"

လင်းဇီချန်က အသံတွင် စိတ်ခံစားချက်အလျင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

ထိုစကားများကို ပြောပြီးသည်နှင့် ခန္ဓာကိုယ်သည် ရုတ်တရက်ပင် ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ မျက်စိဖြင့် မမြင်နိုင်သောအလျင်တစ်ခုဖြင့် ထန်ဝမ်ယိဆီသို့ ပြေးဝင်လာသည်။ တစ်ချိန်တည်းတွင်ပင် တည်ငြိမ်နေဟန်ပေါ်သော ထန်ဝမ်ယိသည် ရုတ်တရက်ပင် မျက်နှာအမူအရာပြောင်းသွားသည်။ ချက်ချင်းပင် ခြေထောက်အောက်၌ အတွင်းအားကို ထုတ်လိုက်သည်။လူတစ်ကိုယ်လုံးသည် လေထဲသို့ မီတာများစွာ မြင့်တက်သွားသည်။

'ဘာဖြစ်တာလဲ။'

"စောနကပြင်းတဲ့ဖိအားက ဘာလို့ အသက်ရှုဖို့တောင်ခက်ခဲနေရတာလဲ'

'ပြီးတော့ ဘာလို့များက ငါက သေခြင်းတရားကနေ လွတ်လာတယ်လို့ ခံစားရတာလဲ။'

ထန်ဝမ်ယိသည် အတောင်ပံများခတ်ရင်းဖြင့် စင်မြင့်ထက်တွင် ဝဲပျံနေကာ မျက်နှာသည် တုန်လှုပ်နေဟန်ပေါက်ပြီး လင်းဇီချန်ကို ငုံ့ကြည့်မိသည်။ လင်းဇီချန်ပြေးဝင်လာသောအခိုက်အတန့်တွင် သူမ၏အန္တရာယ်ကိုသိမြင်နိုင်စွမ်းက မြင့်တက်လာကာ ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ပျံတက်ရန် ရွေးချယ်လိုက်သည်။ မကြာခင်ပင် စင်မြင့်ထက်၌ မိမိ၏သေခြင်းတရားက နီးစပ်လာတော့မည်ဟု အမြဲခံစားနေမိသည်။

"ဒုဥက္ကဌက ဘယ်လိုလုပ် သူ့စကားကို မတည်ရတာလဲ။ သူပဲ လင်းဇီချန်ကို အရင်စလှုပ်ရှားခိုင်းမယ်လို့ ပြောထားတယ်မလား။ အဲ့ဒါကို ဘာလို့ ဟိုကလှုပ်ရှားတာနဲ့ သူက ထွက်ပြေးရတာလဲ။"

"ဆော့နေသလိုမျိုးပဲ။"

"မဟုတ်သေးပါဘူး။ ဒီလိုမျိုး ကစားလို့ရလို့လား။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။"

စင်အောက်တွင် တီးတိုးဝေဖန်သံများ ထွက်ပေါ်လာသည်။ ထိုအသံများကို နားထောင်ကြည့်ရင်းဖြင့် ထန်ဝမ်ယိသည် မျက်နှာကိုမထိန်းနိုင်တော့ဘဲ အသာမျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် စင်ပေါ်သို့ ပြန်မဆင်းရသေးပေ။ ထို့အစား လေထဲတွင်သာ ဝဲနေပြီး အောက်မှ လင်းဇီချန်ကို ငုံ့ကြည့်နေသည်။

"လူသစ်ဘုရင် စောနက နင့်ကို အထင်သေးမိသွားတယ်။"

"အခု ငါဆုံးဖြတ်ချက်ပြောင်းသွားပြီ။ အကြီးမားဆုံးစွမ်းအားနဲ့ မင်းကို အကုန်ပေးမယ်။"

ထိုစကားများကိုပြောသည်မှာ နောက်ထပ်လှုပ်ရှားရန်အတွက် ဆင်ခြေသက်သက်သာဖြစ်သည်။ ထန်ဝမ်ယိကလည်း တွန့်ဆုတ်မနေဘဲ သူမ၏ပျံသန်းနိုင်သည့်စွမ်းအားကို မှီခို၍ လေကိုထိန်းနိုင်သည်ကို အခွင့်ကောင်းယူကာ တောင်ပံများကို ဖြန့်ကျက်လိုက်ပြီး များပြားလှစွာသောငှက်‌တောင်များကို လင်းဇီချန်ရှိရာသို့ ပစ်လွှတ်လိုက်သည်။ ပစ်မှတ်က သူ၏နှလုံးရှိရာသို့ပင် ဖြစ်သည်။

"ဝှစ် ဝှစ် ဝှစ်...."

လေကိုခွင်းသွားသောအသံများနှင့်အတူ မြားကဲ့သို့ ချွန်ထက်လှသောငှက်တောင်များစွာသည် ကောင်းကင်ပေါ်မှ ပျံဝဲလာသည်။ လင်းဇီချန်ကမူ မရှောင်ပေ။ သူသည် ရှန်ချင်းဟန်ကဲ့သို့ပင် ငှက်တောင်များစွာထိုးစိုက်တော့မည်ဟု အားလုံးထင်လိုက်မိသည်။

ရုတ်တရက်ပင် ထူးဆန်းသောအရာတစ်ခု ဖြစ်သွားသည်။

ပစ်လွှတ်လိုက်သောငှက်‌တောင်များသည် သူ၏ရင်ဘတ်မှ လက်သီးတစ်ဆုပ်အကွာတွင် ရပ်သွားကြကာ ရုတ်တရက်ပင် လှုပ်ရှားမှုမရှိ တိတ်ဆိတ်နေသည်။ ထို့နောက်တွင် ပို၍ထူးဆန်းသောမြင်ကွင်းကို မြင်လိုက်ရသည်။ ရပ်နေသောငှက်တောင်များသည် ရုတ်တရက်ပင် လှည့်သွားကာ စင်မြင့်ထက်မှ ထန်ဝမ်ယိဆီသို့ ဦးတည်သွားကြသည်။ ထို့နောက်တွင် အားလုံး၏အကြည့်အောက်၌ -

"ဝှစ် ဝှစ် ဝှစ်...."

ငှက်တောင်များသည် အဖြူရောင်အလင်းတန်းနှုန်းဖြင့ ကောင်းကင်ပေါ်မှ ထန်ဝမ်ယိဆီသို့ ဦးတည်သွားကြသည်။ ထန်ဝမ်ယိတစ်ယောက် သိသိသာသာ မျက်နှာပျက်သွားကာ ဖြစ်နေသည်များကို သိလိုက်သည်နှင့် ချက်ချင်းပင် တောင်ပံခတ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော်လည်း ငှက်တောင်များ၏အမြန်နှုန်းက မြန်လွန်းသည်။ ထန်ဝမ်ယိတောင်ပံခတ်နေစဉ်တွင်ပင် အောက်မှငှက်တောင်များသည် သူမကို ထိုးစိုက်သွားသည်။ ငှက်တောင်များ၏ပြင်းလှသောအားအောက်တွ၍် ထန်ဝမ်ယိတစ်ယောက် အလယ်မှနံရံဖြင့် ရိုက်မိကာ ရပ်သွားပြီး သူမသည် ထိုနရံကြီးပေါ်တွင် ငှက်တောင်များဖြင့် ဖိကာချိတ်ခံထားရသည်။

ထိုအချိန်တွင် အားကစားခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အပ်ကျသံကြားနိုင်သည်အထိ တိတ်ဆိတ်နေသည်။ ကမ္ဘာကြီး လည်ပတ်နေသည်မှာ ရပ်တံ့သွားဟန်တူသည်။ နှစ်စက္ကန့်ခန့်ကြာပြီးမှ ပရိတ်သတ်သည် မယုံကြည်နိုင်သောအုတ်အော်သောင်းနင်းသံ ထွက်ပေါ်လာသည်။

"ဘာဖြစ်သွားတာလဲ။ စောနက ဘာဖြစ်သွားတာလဲ။ ငှက်‌တောင်တွေက ဘယ်လိုလုပ် ရုတ်တရက်ရပ်သွားပြီး ဒုဥက္ကဌရှိတဲ့နေရာဆီ ပြန်လှည့်လာရတာလဲ။"

"မဖြစ်နိုင်ဘူး။ လင်းဇီချန်က အဲ့လိုမျိုး သဘာဝလွန်အစွမ်းတွေကို ပိုင်ဆိုင်ထားတာလား။"

"ဝိညာဉ်စွမ်းအားပဲ။ စောနက လင်းဇီချန်က ထွက်လာတဲ့ ဝိညာဉ်စွမ်းအားကို အာရုံခံမိတယ်။ သူက ဝိညာဉ်စွမ်းအားသုံးပြီး ငှက်‌တောင်တွေကို ရပ်အောင်လုပ်လိုက်တာ။"

"ဝိညာဉ်စွမ်းအားလား? သူက နှစ်ဝက်ပဲ တက်ရသေးတဲ့လူသစ်ပဲရှိသေးတာ။ ဘယ်လိုလုပ် ဝိညာဉ်စွမ်းအားက အဲ့လောက်အားကောင်းနေရတာလဲ။ ဘာလို့ အဲ့လောက်ကျွမ်းကျင်နေရတာလဲ။"

"သွေးသန့်လူသားလမ်းစဉ်က အားကို တိုးစေရုံတင်မကဘဲ ခန္ဓာကိုယ်နဲ့ ဝိညာဉ်စွမ်းအားကိုပါတိုးတက်စေတာလား။"

"...."

စိတ်အားထက်သန်နေသောပရိတ်သတ်၏ဝေဖန်မှုကြားတွင် ကျောင်းမှအကြီးအကဲများသည်လည်း ကြောင်နေကြကာ လင်းဇီချန်ပြသလိုက်သောအင်အားကြောင့် တုန်လှုပ်နေကြသည်။ လင်းဇီချန်နှင့် ကျောင်းသားကောင်စီဒုက္ကဌကြားမှတိုက်ပွဲသည် ပြင်းထန်တိုက်ပွဲဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုမျှလျင်မြန်စွာအဆုံးသတ်လိမ့်မည်ဟု မထင်မထားပေ။ တစ်ချီတည်းဖြင့် ပြီးသွားကာ ချက်ချင်းပင် သွေးမျိုးဆက်စွမ်းအား အဆင့်မြင့်ပထမအဆင့်ရှိသောဒုက္ကဌကရှုံးသွားသည်။

"ကျောင်းအုပ်လျို့ သွေးသန့်လူသားတွေကျင့်တဲ့ သွေးသန့်စင်ခြင်းကျင့်စဉ်က ခန္ဓာကိုယ်ကိုတင်မဟုတ်ဘဲ ဝိညာဉ်စွမ်းအားကိုပါ တိုးတက်စေတာလား။"

စက်မှုအကယ်ဒမီခေါင်းဆောင်က မေးလိုက်သည်။

လျို့ချွမ်ဝူက ခေါင်းခါပြကာ ရိုးသားစွာဖြင့် ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး။ လင်းဇီချန်ရဲ့ဝိညာဉ်စွမ်းအားက သူ့ရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ကြောင့် မြင့်နေတာ။"

'ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နောက်ထပ်ပါရမီရှင်လား?'

.....

ထိုအချိန်တွင် ကျောင်းသားကောင်စီမှသူများကမူ မျက်လုံးပြူးကျယ်သွားကာ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများစွာဖြင့် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုသာ ထင်မိသည်။ ဒုဥက္ကဌသည် ဥက္ကဌပြီးလျှင် ကျောင်းသားကောင်စီထဲ၌ ဒုတိယအားအကောင်းဆုံးဖြစ်သော်လည်း လူသစ်က တစ်ချီတည်းဖြင့် နိုင်လိုက်သည်။ လူသစ်သည် ကျောင်းသမိုင်း၌ အားအကောင်းဆုံးလူသစ်ဘုရင်ဟု သိထားသော်လည်း ထိုမျှထိဖြစ်မည်ဟု ထင်မထားကြပေ။ လူသစ်သည် တစ်ကျောင်းလုံး၏တတိယကို အနိုင်ယူလိုက်နိုင်ပါလျှင် စီနီယာဖြစ်လာလျှင် မည်သို့ဖြစ်လာမည်နည်း။ ဥက္ကဌကိုပင် တိုက်နိုင်တော့မည်။

"ဥက္ကဌ လင်းဇီချန်က ဘာဖြစ်သွားတာလဲ။"

စစ်ဆေးရေးအရာရှိက ကျိုးရွှယ်ဟုန်ကိုကြည့်၍ မေးလိုက်သည်။

ကျိုးရွှယ်ဟုန်သည် နံရံကြီးထက်၌ ချိတ်ခံထားရသောထန်ဝမ်ယိကိုကြည့်ကာ စင်မြင့်ထက်တွင် မလှုပ်သောလင်းဇီချန်ကိုကြည့်လိုက်ပြီး ပို၍ပင် မျက်မှောင်ကြုတ်လိုက်မိသည်။ လင်းဇီချန်၏လက်ရှိအင်အားသည် အများဆုံး အခြေခံနဝမအဆင့်ဟုသာ ခန့်မှန်းထားခဲ့သည်။ သွေးမျိုးဆက်လမ်းစဉ်သို့မပြောင်းလျှင် ကျောင်းလေးနှစ်လုံး အခြေခံနဝမအဆင့်တွင် ရပ်နေမည်ဖြစ်ကာ ထို့ထက်မတိုးတက်နိုင်‌တော့ဟု ထင်ခဲ့မိသည်။ အကောင်းဆုံးအနေဖြင့် ကျောင်းပြီးလျှင် ခန္ဓာကိုယ်သန့်စင်ခြင်းကို ဆက်လုပ်ပါလျှင် လျို့ချွမ်ဝူအားအထိရောက်၍ အဆင့်မြင့်ပထမအဆင့်လောက်အထိ နိုင်နိုင်မည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း စောနက လင်းဇီချန်ပြလိုက်သောအားသည် မိမိနားလည်ထားသည်ထက် သာလွန်နေသည်။ တစ်လက်မလေးပင် မရွေ့ဘဲ ထန်ဝမ်ယိကို ဝိညာဉ်စွမ်းအားဖြင့် အနိုင်ယူလိုက်သည်။

'ဝိညာဉ်စွမ်းအားအားကောင်းရင် ချီသွေးစွမ်းအားက ပိုအားကောင်းမှာမဟုတ်ဘူးလား'

'အဲ့လိုဆို လင်းဇီချန်ရဲ့ ချီသွေးစွမ်းအားက ဘယ်လောက်လဲ'

'အဆင့်မြင့်ပထမအဆင့်လား'

'မဟုတ်ရင် အဆင့်မြင့်ဒုတိယအဆင့်လား'

ကျိုးရွှယ်ဟုန်တစ်ယောက် ပို၍စဉ်းစားလေလေ ပို၍ပင် မျက်နှာက သံသယများဖြင့် ပြည့်နှက်လာလေဖြစ်ကာ အင်အားကင်းမဲ့သောခံစားချက်က ရင်ဘတ်ထဲတွင် ထွေးပွေ့မိလာသည်။ ယနေ့မတိုင်ခင်က မိမိ၏တစ်ဦးတည်းသောပြိုင်ဘက်သည် မြို့တော်တက္ကသိုလ်မှ လီယိကျင်းဟုသာ သတ်မှတ်ထားခဲ့သည်။ သို့သော် ယခုတွင်မူ အကြီးမားဆုံးသောပြိုင်ဘက်သည် လီယိကျင်းမဟုတ်ဘဲ စင်မြင့်ထက်တွင်ရပ်နေသော လင်းဇီချန်ဖြစ်နေသည်ကို သိလိုက်သည်။ ပထမနှစ်ဝက်သာ တက်ရသေးသောလင်းဇီချန်သည် ကောင်းကင်ကိုအာခံနိုင်သည့်အင်အားမျိုးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ နောက်ထပ်စာသင်နှစ်ဝက်ပြီးပါလျှင် ရှန်ဟိုင်းတက္ကသိုလ်၏ထိပ်တန်းကျောင်းသားဖြစ်လာနိုင်သည်။

အခန်း (၃၃၂) - ကျောင်းသားကောင်စီဥက္ကဌလား တစ်ချက်ကန်လိုက်တာနဲ့တင်လုံလောက်ပြီ

"ကျောင်းသားကောင်စီဥက္ကဌ စင်ပေါ်တက်သွားပြီ။"

"ကျောင်းသားကောင်စီဥက္ကဌရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အဆင့်မြင့်တတိယအဆင့်လို့ ငါ့အစ်ကိုပြောတာ ကြားဖူးတယ်။"

"အသက် (၂၂) နှစ်နဲ့ အဆင့်မြင့်တတိယအဆင့်ပေါ့။ ရူးချင်စရာပဲ။"

"လင်းဇီချန်နိုင်ပါ့မလား သိချင်လိုက်တာ။"

"အဆင့်မြင့်တတိယအဆင့်နဲ့ဆိုရင် သူ့အသက်ကို လောင်းကြေးထပ်ထားရမှာမလား။"

"ပြောဖို့တော့ ခက်တယ်။ လင်းဇီချန်က အဆင့်မြင့်ပထမအဆင့်ကိုတောင် တစ်ချီတည်းနဲ့အနိုင်ယူလိုက်တာ။ အဆင့်မြင့်တတိယအဆင့်ကို နိုင်ဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး။"

"...."

ကျိုးရွှယ်ဟုန်တစ်ယောက် စင်ပေါ်သို့ တက်သွားသည်နှင့် လူအုပ်ကြီး၏ဆွေးနွေးသံများက ထွက်ပေါ်လာပြန်သည်။ ထိုအသံများကို နားထောင်နေရင်းဖြင့် ကျောင်းသားကောင်စီဥက္ကဌသည် ဖိအားများလာရသည်။ ယခုတွင် လင်းဇီချန်ကို စိန်ခေါ်ရခြင်းက စီနီယာက ဂျူနီယာကို အနိုင်ကျင့်သကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် အားအကောင်းဆုံးသောစီနီယာက လူသစ်လေးကို ရွေးထားခြင်းမျိုး ဖြစ်နေသည်။ ယခုတွင် လင်းဇီချန်ကို မနိုင်လျှင် မိမိ၏ဂုဏ်သတင်းလည်း ပျက်စီးမည်ဖြစ်ကာ ကျောင်းသားကောင်စီ၏အာဏာသည်လည်း အောက်ဆုံးသို့ ထိုးကျပေလိမ့်မည်။ လူသစ်ကို နိုင်ရန်ခက်ခဲနေပါလျှင် မိမိကို မည်သို့သောကျောင်းသားကောင်စီဥက္ကဌဖြစ်သွားမည်နည်း။ အိမ်ပြန်၍ ဝက်မွေးသည်ကမှ ပို၍ကောင်းပေဦးမည်။ ကျိုးရွှယ်ဟုန်တစ်ယောက်သည် စိတ်ထဲတွင် ထိုသို့ကိစ္စများကို စိတ်ပူနေမိသည်။

မျက်နှာချင်းဆိုင်မှ လင်းဇီချန်ကမူ ရေပြင်ကဲ့သို့ တည်ငြိမ်နေကာ ခံစားချက်လှိုင်းမျိုး အလျင်းမရှိပေ။ ကျိုးရွှယ်ဟုန်ကို သာမန်ကာလျှံကာသာ ကြည့်နေသည်။ သူ၏ အန္တရာယ်ကြိုသိမြင်ခြင်းစွမ်းအားကို ဖွင့်ကာ ကျောင်းသားကောင်စီဥက္ကဌ၏သွေးမျိုးဆက်အချက်အလက်များကို ချောင်းကြည့်လိုက်သည်။ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံတတိယအဆင့်ဖြစ်ပြီး အားကောင်းသောဆန်းကြယ်သားရဲမျိုးစိတ်နှစ်မျိုးဖြင့် ပေါင်းစပ်ထားသည်။ တစ်ခုသည် ပုံရိပ်ယောင်အဆိပ်ကင်းမြီးကောက်ဖြစ်ပြီး သခင်အဆင့်ဆန်းကြယ်သားရဲဖြစ်ကာ ကြောက်စရာကောင်းသ့်ဝိညာဉ်အဆိပ်နှင့် မြေနဂါးကဲ့သို့ မာကျောသောအခွံမျိုးကို ပိုင်ဆိုင်ထားသည်။ အခြားတစ်ခုသည် သွေးအဆိပ်မြွေဖြစ်ကာ သခင်အဆင့်ပင်ဖြစ်ပြီး ကြောက်စရာကောင်းသောချီသွေးအဆိပ်နှင့် အမြင့်ဆုံးတိုက်ခိုက်မှုကို ပိုင်ဆိုင်ထားသည်။ အဆင့်တူလျှင်ပင် ထိုအကောင်၏တိုက်ခိုက်မှုအောက်မှ မည်သည့်သက်ရှိမှ မလွတ်မြောက်နိုင်ပေ။

ရှန်ဟိုင်းတက္ကသိုလ်၏ထိပ်တန်းကျောင်းသားသည် ခန္ဓာကိုယ်ထဲတွင် အဆိပ်စွမ်းအားဆန်းကြယ်သားရဲမျိုးစိတ်နှစ်မျိုးကို ပေါင်းစပ်ထားသည်။ အခြားသောသွေးမျိုးဆက်ပါရမီရှင်များနှင့် နှိုင်းစာလျှင် ပေါင်းစပ်ထားသောအရေအတွက်က မများလှပေ။ သို့သ်ောလည်း သခင်အဆင့်ကိုသာ ပေါင်းစပ်ထားခြင်းဖြစ်သည်။ အရည်အသွေးက မြင့်မားလွန်းလှသည်။

'ဆန်းကြယ်သားရဲနှစ်မျိုးလုံးက အဆိပ်ကို အခြေခံထားတာ။ ငါ့ရဲ့ အနန္တအဆိပ်မြွေပါရဲ့ အဆိပ်တစ်ရာခံနိုင်စွမ်းအားကို စမ်းသပ်ဖို့အတွက် အခွင့်ကောင်းပဲ။ သူက ထိုက်တန်တဲ့ပြိုင်ဘက်မျိုးပဲ။"

လင်းဇီချန်က တိတ်တဆိတ်တွေးနေလေသည်။

ထိုအချိန်တွင် ပြိုင်ဘက်ဖြစ်သောကျိုးရွှယ်ဟုန်၏စိတ်ဖြင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ကျိုးရွှယ်ဟုန်ကမူ စိတ်ပူနေသည်။ ၎င်းကမူ တည်ငြိမ်နေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း လေးကြိမ်ပြီးမြောက်ထားပြီး ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားက အဆင့်မြင့်တတိယအဆင့်သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူနှင့် ယှဉ်နိုင်သည်။

ထို့အပြင် အသန်မာဆုံးအောင်မြင်မှု၊ လူမှုရေးသတ္တဝါ၊ အဆိပ်တစ်ရာခံနိုင်စွမ်းတို့ကဲ့သို့သော သွေးမျိုးဆက်စွမ်းအားများ အကူအညီဖြင့်ဆိုလျှင် ကျိုးရွှယ်ဟုန်ကို အလွယ်လေးခြေမွပစ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ရန်မှာ မခက်ခဲလှပေ။

ထိုအချိန်တွင် ကျိုးရွှယ်ဟုန်က ပြောလိုက်သည်။

"လင်းဇီချန် မင်းက ငါထင်ထားတာထက် ပိုပြီးပါရမီရှိတာပဲ။"

"မင်းရဲ့ဆင့်ကဲပြောင်းလဲတဲ့ပါရမီက ငါ့ထက်သာတယ်။ မင်းစီနီယာဖြစ်ရင် မင်းရဲ့အောင်မြင်မှုတွေက လက်ရှိငါ့ထက်သာမှာသေချာတယ်။ ဒါပေမဲ့လို့ အခုကစလို့ သုံးနှစ်လိုသေးတယ်။ အခုတော့ မင်းက ငါ့ပြိုင်ဘက်မဟုတ်သေးဘူး။ ဒီနေ့‌တော့ မင်းရဲ့စီနီယာအဖြစ် မင်းကို ဘဝနဲ့ပက်သက်တဲ့သင်ခန်းစာမျိုး သင်ပေးမယ်။ မင်းမှာ ဘယ်ပြိုင်ဘက်ကိုမဆို နိုင်ဖို့ အားရှိသည့်တိုင်အောင် ထက်မြက်ပြီးထောင်လွှားတဲ့ပုံမပြလိုက်နဲ့။ မဟုတ်ရင် မင်းပြိုင်ဘက်က မင်းအဖူးထဲမှာရှိတဲ့အချိန်မှာ ကောင်းကောင်းကြီးဒုက္ခပေးလိမ့်မယ်။"

"...."

"မင်းပြောတာဟုတ်တယ်။"

လင်းဇီချန်က သ‌ဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါကြောင့်ပဲ အရင်ကတည်းက ငါအစစ်အမှန်ကို ထုတ်မပြခဲ့တာ။ ခုတော့ အားကောင်းတဲ့နောက်ခံကို ရှာတွေ့သွားပြီဆိုတော့ ငါ့လုံခြုံရေးကလည်း စိတ်ချရသွားပြီ။ ငါ့ရဲ့အင်အားအစစ်အမှန်ကို စထုတ်ပြနေတာ။"

လင်းဇီချန်ပြောသည့်စကားသည် ကျိုးရွှယ်ဟုန်တစ်ယောက်တည်းအတွက်မဟုတ်ဘဲ ထိုနေရာတွင်ရှိ‌သောလူအားလုံးကို ပြောခြင်းဖြစ်သည်။ မိမိကို ပစ်မှတ်ထားသောသစ္စာဖောက်များကို နောက်ခံရှိနေပြီဖြစ်ကြောင်း ပြောချင်သည်။ ယခင်ကကဲ့သို့ စိတ်တိုင်းကျ ပြုမူ၍မရတော့ကြောင်း သတိပေးချင်သည်။ သို့သော်လည်း ကောင်းကျိုးနှင့်ဆိုးကျိုးက ဒွန်တွဲနေသည်။

တိုက်ခိုက်ခံရမည့်အန္တရာယ်ကို လျော့ချနိုင်သော်လည်း အခြားသောအခြေအနေတစ်ရပ်ဆီသို့ ဦးတည်သွားနိုင်သည်။ အစတွင် သခင်အဆင့်တိုက်ခိုက်သူကို ပို့ရန်စီစဉ်ထားလျှင် နောက်ခံရှိသည်ကို ကြားသောကြောင့် မြင့်မြတ်သူအဆင့်တိုက်ခိုက်သူမျိုးကို ပို့လာနိုင်သည်။ နောက်ခံရှိသည်ကို ထုတ်ပြလိုက်ခြင်းက ပို၍အကျိုးအမြတ်ရှိသည်ဟု ထင်သောကြောင့် အများသိအောင်ပြောလိုက်ခြင်းဖြစ်သည်။

"မင်းနောက်ခံက ဘယ်သူလဲ။"

ကျိုးရွှယ်ဟုန်က စပ်စုစွာဖြင့် မေးလိုက်သည်။ သူသည် လင်းဇီချန်၏ဖိုင်ကို မြင်ဖူးသောကြောင့် လင်းဇီချန်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်ပက်သက်၍ အတော်လေးရင်းနှီးသည်။ သူသည် သာမန်မိသားစုမှ ကလေးတစ်ယောက်သာဖြစ်သည်။ မြင့်မြတ်သောနောက်ခံမျိုးမရှိပေ။ မည်သို့အားကောင်းသောနောက်ခံမျိုးရသွားသည်ကို စဉ်းစား၍မရပေ။ စင်အောက်မှအခြားသူများသည်လည်း လင်းဇီချန်ပြောသောနောက်ခံကို စပ်စုချင်ကြကာ လင်းဇီချန်၏အဖြေကို စောင့်နေကြလေသည်။ ကျိုးရွှယ်ဟုန်မေးလိုက်သောအခါတွင် လင်းဇီချန်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

"ဖြေ‌ပေးဖို့က အဆင်မပြေဘူး။"

လင်းဇီချန်၏အဖြေကို ကြားသောအခါတွင် ကျိုးရွှယ်ဟုန်သည်လည်း စိတ်ဝင်စားမှုလျော့နည်းသွားသည်။ ထို့နောက်တွင် အတွေးဖြင့် ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်များကို အသက်သွင်းလိုက်လေသည်။

ထို့နောက်တွင် မျက်စိဖြင့်မြင်ရသောခန္ဓာကိုယ်ပြောင်းလဲခြင်းက စတင်ဖြစ်ပေါ်လာသည်။ ခြေထောက်နှစ်ဖက်ကြားတွင် များပြားလှစွာသောအနီရောင်အသားစိုင်တစ်ရှူးများက ကြီးထွားလာပြီး ခြေထောက်ဖြင့်ချိတ်ဆက်သွားည်။ လက်ကလည်း အမြန်ပင် ဖောင်းကားလာကာ လက်ဖဝါးများက လက်မနှစ်ဖက်အဖြစ်ပြောင်းသွားသည်။ အသားအရေက ပို၍မာကျောလာပြီး အပေါ်ပိုင်းခန္ဓာကိုယ်က အခွံအဖြစ်ပြောင်းသွားကာ ခန္ဓာကိုယ်အောက်ပိုင်းကလည်း အနက်ရောင်အကြွေးခွံများထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ချောမောလှပသောလူငယ်လေးမှ အောက်ပိုင်းက မြွေမြီးနှင့် အပေါ်ပိုင်းခန္ဓာကိုယ်က ကင်းမြီးကောက်ဖြစ်နေသည့် ကြောက်စရာကောင်းသောမကောင်းဆိုးဝါးအသွင်ပြောင်းသွားကာ ထိပ်တွင်လူခေါင်းသာ ပါသည်။

"ဥက္ကဌ သန္ဓေပြောင်းသွားတဲ့ပုံက အတော်လေးလေးနက်တာပဲ။"

"သေချာပေါက် လေးနက်ရမှာပေါ့။ လင်းဇီချန်က ဒုက္ကဌကိုတောင် တစ်ချက်တည်းနဲ့ အနိုင်ပိုင်းလိုက်နိုင်တာ။ အစကတည်းကသာ အကုန်ထုတ်မသုံးလို့ ဥက္ကဌက ရှုံးသွားရင်‌ရော?"

"ဥက္ကဌရဲ့သန္ဓေပြောင်းပုံစံက ပြင်းထန်လွန်းတယ်။ မနှစ်က တက္ကသိုလ်အဖွဲ့ချုပ်ပွဲမှာ ပေကျင်းတက္ကသိုလ်က လီယိကျင်းတောင် သူ့အဆိပ်မိတော့မလို့ ဖြစ်သွားသေးတယ်။"

အခန်း (၃၃၃) - ကျောင်းသားကောင်စီဥက္ကဌလား တစ်ချက်ကန်လိုက်တာနဲ့တင်လုံလောက်ပြီ (၂)

"ဒီလောက်အားကောင်းတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရတာကို လင်းဇီချန်ဘယ်လိုများ ရင်ဆိုင်မလဲသိချင်မိတယ်။"

"ဥက္ကဌက လွန်လွန်းနေပြီမဟုတ်လား။ အဲ့အတိုင်းအတာအထိ ပုံပြောင်းထားတာက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေမှာမဟုတ်လား။"

"အဲ့ဒီမှာ မင်းမှားသွားတာပဲ။ ဥက္ကဌက ရှန်ဟိုင်းတက္ကသိုလ်က ထိပ်တန်းကျောင်းသားဆိုတော့ သူ့မှာ ထူးခြားတဲ့ခန္ဓာကိုယ်ရှိတယ်။ ဆန်းကြယ်သားရဲမျိုးစိတ်ကို အဆုံးစွန်ထိအသက်သါင်းပြီး ပုံစံပြောင်းလိုက်မယ်ဆိုရင်တောင်မှ အချိန်မရွေး နဂိုပုံစံကို ပြန်ပြောင်းနိုင်တယ်။"

"...."

ပရိတ်သတ်၏ဝေဖန်သံများကြားတွင် လင်းဇီချန်က ခေတ္တမျှနားထောင်နေသော်လည်း အနှောင့်အယှက်မဖြစ်ပေ။ ကျိုးရွှယ်ဟုန်၏ ထူးခြားသောခန္ဓာကိုယ်ကို အံ့ဩသွားသော်လည်း ရှန်ချင်းဟန်၏ခန္ဓာကိုယ်ဖြင့်စာလျှင် သာမန်မျှသာဖြစ်သည်။

"ဥက္ကဌ အလောင်းအစားလုပ်ရအောင်။"

လင်းဇီချန်က ပုံစံပြောင်းထားသောကျိုးရွှယ်ဟုန်ကိုကြည့်၍ ပြောလိုက်သည်။

"ဘာအလောင်းအစားလဲ။"

"ကျွန်တော်နိုင်ရင် ကျောင်းသားကောင်စီဥက္ကဌရာထူးယူမယ်။ ခင်ဗျားနိုင်ရင် ကျောင်းသားကောင်စီက တစ်ယောက်ယောက်ကိုတွေ့တိုင် ကျွန်တော်က လမ်း‌ဖယ်ပြီးသွားပေးမယ်။"

"ကောင်းပြီ။"

ကျိုးရွှယ်ဟုန်က တွန့်ဆုတ်ခြင်းမရှိ သ‌ဘောတူလိုက်သည်။ လူသစ်တစ်ယောက်က အလောင်းအစားလုပ်ရဲလျှင် ကျောင်းသားကောင်စီဥက္ကဌဖြစ်သောမိမိက ငြင်းဆန်ရန် အကြောင်းမရှိပေ။ ငြင်းလည်းမငြင်းဆန်နိုင်ပေ။ ငြင်းလိုက်လျှင် သတ္တိကြောင်သည်ကို ဝန်ခံရာကျပေမည်။ ကျောင်းသားကောင်စီဥက္ကဌတစ်ယောက်အနေဖြင့် မျက်နှာပျက်ခံ၍ မဖြစ်ပေ။

"အဲ့လိုဆို စလိုက်ကြရအောင်။"

လင်းဇီချန်က ပြောလိုက်သည်။ အသံကြားသည်နှင့် ‌‌ရှေ့သို့တက်ကာ ကျိုးရွှယ်ဟုန်ရှိရာသို့ ပြေးသွားသည်။ မြန်လွန်းလှ၏။ ကျိုးရွှယ်ဟုန်သည် လင်းဇီချန်၏အံ့ဩစရာအမြန်နှုန်းကြောင့် လန့်သွားကာ မယုံကြည်နိုင်ပေ။ သို့သော်လည်း လန့်ရုံမျှသာဖြစ်ကာ ဒေါသမထွက်ပေ။ လင်းဇီချန်က မြန်သော်လည်း ကျိုးရွှယ်ဟုန်က ပြန်တုံ့ပြန်နိုင်သည်။

"ဝှစ်"

လေကိုခွင်းသောအသံတစ်သံ ထွက်‌ပေါ်လာသည်။ လင်းဇီချန်က ကျိုးရွှယ်ဟုန်နားသို့ ရောက်သွားသည်နှင့် အမြန်ပင် တိမ်းရှောင်လိုက်ပြီး တိုက်ခိုက်မှုကို ရှောင်ရှားရန် ဘေးတွင်ထွက်ရပ်ကာ တစ်ချိန်တည်းတွင်ပင် မြွေအမြီးကိုထုတ်၍ လင်းဇီချန်၏ပေါင်ကို ထိပ်ကဆူးဖြင့် ထိုးလိုက်သည်။ လင်းဇီချန်က ‌ရှောင်နိုင်သော်လည်း ထိုသို့မလုပ်ပေ။ အဆိပ်တစ်ရာခံနိုင်စွမ်းအားကို စမ်းသပ်လိုသောကြောင့်ဖြစ်သည်။

"ဒုတ်"

အသားကို ဖြဲစုတ်သွားသောအသံကို ကြားလိုက်ရသည်။ ချွန်မြသောဆူးက လင်းဇီချန်၏ပေါင်ထဲသို့ စိုက်ဝင်သွားကာ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်စနစ်ထဲသို့ ချီသွေးအဆိပ်များကို ထိုးသွင်းလိုက်သည်။အဆိပ်က ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့် လင်းဇီချန်၏ခန္ဓာကိုယ်ကို အညှာအတာကင်းမဲ့စွာ ဖျက်ဆီးတော့သည်။ ကျိုးရွှယ်ဟုန်ကမူ အံ့ဩနေသည်။ အမြီးမှဆူးများက လင်းဇီချန်ကို သွားထိုးမိမည်ဟု ထင်မထားမိပေ။များသောအားဖြင့် အမြီးကဆူးသည် ပြိုင်ဘက်ကို ရှောင်ရှားရန်အတွက်သာသုံးသည်။ ထိုးမိရန်က ခဲယဉ်းလှသည်။

"ငါမင်းကို အထင်ကြီးမိသွားတာပဲ။"

ကျိုးရွှယ်ဟုန်က ဟက်ခနဲရယ်ကာ နောက်သို့ဆုတ်သွားသည်။ သူသည် အဆိပ်မိသွားသောလင်းဇီချန်ကို မတိုက်ခိုက်ပေ။ လင်းဇီချန်၏အဆိပ်ကိုတုံ့ပြန်ပုံကိုသာ စောင့်ကြည့်နေသည်။ လင်းဇီချန်အဆိပ်မိမည့်မြင်ကွင်းကို အရသာခံကြည့်ရန်သာ ဖြစ်၏။ စင်အောက်တွင်မူ လင်းဇီချန်သည် မြွေမြီးဆူးဖြင့်ထိုးခံလိုက်ရသည်ကို မြင်သောအခါတွင် ခေါင်းတခါခါဖြင့် မှတ်ချက်ပေးကြသည်။

"ဒီလောက်နဲ့ပြီးသွားတာလား။"

"လင်းဇီချန်က နမော်နမဲ့နိုင်တာပဲ။ အမြီးက အဲ့လောက်မမြန်ပါဘူး။ ငါတောင်ရှောင်နိုင်တယ်။ ဘယ်လိုလုပ် သူကထိုးမိသွားတာလဲ။"

"ငယ်လွန်းသေးတော့ တိုက်ပွဲအတွေ့အကြုံမရှိဘူး။"

"လူသစ်ကတော့လူသစ်ပဲ။ တိုးတက်ဖို့အများကြီးလိုသေးတယ်ဆိုရမယ်။"

"ပျင်းဖို့ကောင်းလိုက်တာ။ မစခင်ကတည်းက ပြီးနေပြီ။ ငါတို့တော့ ပွဲကြီးပွဲကောင်းကြည့်ရမယ်ထင်ထားတာ။"

"...."

ထိုအချိန်တွင် အားလုံးသည် လင်းဇီချန်ရှုံးသွားသည်ဟု ထင်နေကြသည်။ ပေကျင်းတက္ကသိုလ်မှ ကမ္ဘာ့ထိပ်တန်းအဆင့်လီယိကျင်းသည်ပင် ကျိုးရွှယ်ဟုန်၏ချီသွေးအဆိပ်ကို ခံနိုင်ရည်မရှိပေ။ သူသည် ကျိုးရွှယ်ဟုန်၏အဆိပ်ဖြင့် အဆုံးသတ်ရန် ကံကြမ္မာပါသည်ဟု ဆိုရပေမည်။ သို့သော်လည်း အားလုံးတွေးထားသည့်ဆန့်ကျင်ဘက်အနေဖြင့် စင်ပေါ်မှ ကျိုးရွှယ်ဟုန်ကမူ အနည်းငယ်မျှသာ ထုံ၍ ခေါင်းမူးရုံလောက်သာဖြစ်သည်။ မည်သည့်ခံစားမှုမျှ မဖြစ်ပေ။ အဆိပ်တစ်ရာခံနိုင်စွမ်းအားအကူအညီဖြင့် ထိုချီသွေးအဆိပ်များသည် အမြန်ပင် ပျက်စီးသွားကာ စုပ်ယူခံလိုက်ရပြီး လင်းဇီချန်၏ချီသွေးစွမ်းအားအစာအာဟာရအဖြစ် ပြောင်းသွားသည်။

(ချီသွေးစွမ်းအား ၁+)

(ဝိညာဉ်စွမ်းအား ၁+)

အဆိပ်တစ်ရာခံနိုင်စွမ်းအားသည် အစွမ်းထက်လှသည်။ လင်းဇီချန်တစ်ယောက် စိတ်ထဲတွင် စိတ်လှုပ်ရှားမှုကြီးကို ခံစားနေမိသည်။ ထို့နောက်တွင် စိတ်ခံစားချက်များကို ငြိမ်အောင်လုပ်ကာ မျက်နှာချင်းဆိုင်မှ ကျိုးရွှယ်ဟုန်ကိုကြည့်၍ မေးလိုက်သည်။

"စောနကအချက်က မင်းရဲ့အပြင်းဆုံးအဆိပ်လား။"

လင်းဇီချန်သည် မတ်တတ်ရပ်နိုင်ရုံသာမက အေးဆေးစကားပြောနိုင်သည်ကိုတွေ့လိုက်ရသောကြောင့် ကျိုးရွှယ်ဟုန်တစ်ယောက်မျက်လုံးပြူးကျယ်သွားကာ သံသယများဝင်လာမိသည်။

'မဖြစ်နိုင်ဘူး'

ထိုအဆိပ်သည် လီယိကျင်းသည်ပင် ခံနိုင်ရန်ခက်သောအဆိပ်မျိုးဖြစ်သည်။ လင်းဇီချန်ကဲ့သို့လူသစ်က မည်သို့ခံနိုင်ရည်ရှိနေသနည်း။

ဘာဖြစ်သွားတာလဲ?

"ဝှစ်"

လေကိုခွင်းသောအသံ ထွက်ပေါ်လာပြန်သည်။ ကျိုးရွှယ်ဟုန်သည် မြားတစ်စင်းကဲ့သို့ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လင်းဇီချန်ကို တိုက်ခိုက်တော့သည်။ လင်းဇီချန်အဆိပ်မမိသည်ကို မယုံနိုင်ပေ။လင်းဇီချန်သည် ကျရှုံးမည်ကို ဖိနှိပ်ကာ ထင်ယောင်ထင်မှားပြောနေခြင်းဟုသာ ထင်မိသည်။ ပြေးဝင်ကာ တိုက်ခိုက်သည်နှင့် လင်းဇီချန်သည် အားနည်းချက်ကို ပြရမည်ဖြစ်ကာ လဲကျ၍ အဆိပ်မိပေလိမ့်မည်။ လင်းဇီချန်ကလည်း ကျိုးရွှယ်ဟုန်တစ်ယောက် အမြန်ဆုံးနှုန်းဖြင့် မိမိဆီသို့ ပြေးဝင်လာသည်ကို လိုချင်ခြင်းဖြစ်သည်။ ပြိုင်ဘက်၏မျက်နှာတွင် သံသယများကိုပါ မြင်နေရသဖြင့် လင်းဇီချန်တွင် အဖြေရှိနှင့်နေပြီးဖြစ်သည်။ စောနကထိုးချက်သည် ကျိုးရွှယ်ဟုန်၏အပြင်းဆုံးအဆိပ်ပင် ဖြစ်နိုင်သည်။

"အဆုံးသတ်ဖို့အချိန်ကျပြီ..."

ထိုသို့တွေးကာ လင်းဇီချန်က ညာဘက်လက်ကိုမြှောက်၍ ပြေးဝင်လာသောကျိုးရွှယ်ဟုန်ကို အားဖြင့် ထိုးချပစ်သည်။ လက်သီးချက်သည် အတော်လေးအားကောင်းလှသည်။ သို့သော် လက်သီးတွင် ချီသွေးစွမ်းအားများပါ ပါဝင်သည်။ အားပြင်းသောလက်သီးချက်ဖြင့် ကျိုးရွှယ်ဟုန်တို့တွေ့သွားသည်။ အမြန်ဆုံးနှုန်းဖြင့် ပြေးလာသောပြိုင်ဘက်သည် ချီသွေးစွမ်းအားကို ခံစားမိသောအခါတွင် ခြေထောက်များ အားနည်းလာသည်ဟု ခံစားရကာ မျက်လုံးထဲတွင်လည်း သေခြင်းတရားကို မြင်လိုက်ရသည်။

နောက်တွင်မူ....

ဘုန်းဟုသောလက်သီးချက်၏ပေါက်ကွဲထွက်သံ ထွက်ပေါ်လာသည်။ မြို့တစ်မြို့ကိုပင် ဖြိုနိုင်သည့် အမြောက်ကဲ့သို့ ပြင်းထန်လှသော လင်းဇီချန်၏လက်သီးချက်သည် ကြောက်စရာကောင်းစွာဖြင့် လေကိုဖြတ်ကျော်သွားသည်။ ကျိုးရွှယ်ဟုန်ကလည်း အမြန်ဆုံးနှုန်းဖြင့် ပြေးဝင်လာပြီး လွင့်စင်ထွက်သွားသည်။

ထို့နောက်တွင်....

ပရိတ်သတ်ကြီး၏တအံ့တဩအကြည့်များအောက်တွင် ကျိုးရွှယ်ဟုန်သည် စင်မြင့်ထက်မှ တိုင်ဖြင့် ဘုန်းခနဲဝင်တိုက်မိကာ တိုင်သည်ပင် ၎င်းနှင့်အတူ လွင့်စင်ထွက်သွားပြီး ဆယ်မီတာအကွာမှ နံရံဖြင့်ဝင်တိုက်မိကာ နံရံပင် ကြေမွသွားသည်။ ခန္ဓာကိုယ်တစ်ဝက်က နံရံထဲတွင် နစ်ဝင်နေပြီး မလှုပ်နိုင်တော့ပေ။ ချက်ချင်းပင် နေရာတစ်ခုလုံး ငြိမ်ကျသွားသည်။ အားလုံးသည် ကြောင်နေကြကာ စောနကဖြစ်သွားသည်ကို သဘောပေါက်ဟန်မတူပေ။ ကျိုးရွှယ်ဟုန်ကို အဝေးသို့ လွင့်ပျံအောင်လုပ်လိုက်သော လင်းဇီချန်၏ စိတ်ထဲတွင်မူ လန့်သွားသည်။

ဆိုးလွန်းလှသည်။

သူသည် အားများစွာသုံးခဲ့သည်။

ကျိုးရွှယ်ဟုန် အဆင်ပြေရန်သာ မျှော်လင့်မိသည်။

ကျိုးရွှယ်ဟုန်၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်တတိယအဆင့်ဖြစ်ကာ သခင်အဆင့်သားရဲများဖြင့်လည်း ပေါင်းစပ်ထားသောကြောင့် ခံနိုင်ရည်ရှိမည်ဟု ထင်မိသည်။ လက်စသတ်ရန် အားအပြည့်သုံးသင့်သည်ဟု ထင်လိုက်မိသည်။

ယခုတွင်မူ ချက်ချင်းပင် လက်စသတ်လိုက်သော်လည်း လက်စသတ်သည့်အားက များလွန်းသွားခဲ့သည်။

All Chapters