← Chapters

အပိုင်း ၃၃၄-၃၃၆

Vol. 23 Ch. 334-336

အပိုင်း ၃၃၄-၃၃၆

Vol. 23 Ch. 334-336

အခန်း (၃၃၄) - ဝိညာဉ်စွမ်းအားဖြင့်အတွင်းကြောမှတ်များဖွင့်ခြင်း

"ဥက္ကဌ..."

စက်ပြုပြင်လူသားဖြစ်သောအတွင်းရေးမှူးက ကျိုးရွှယ်ဟုန်ထံသို့ အပြေးရောက်လာသည်။ အချို့သော ကျောင်းသားကောင်စီအဖွဲ့ဝင်များသည်လည်း လာပြီးကြည့်ကြသည်။ အခြေအနေက မဟန်လှပေ။ ကျိုးရွှယ်ဟုန်၏ခန္ဓာကိုယ်တစ်ဝက်က နံရံထဲတွင် မြုပ်နေပြီး အခြားတစ်ဝက်က အပြင်တွင်ရောက်နေကာ ကြောက်စရာကောင်းအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၏။ အသားများက ပွင့်ထွက်နေပြီး အရိုးများက ကြေမွနေသည်။ ဒဏ်ရာက ပြင်းလွန်းသည်။ ထို့အပြင် ဒဏ်ရာက ဆိုးဝါးနေဆဲသာဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော လင်းဇီချန်ထုတ်လိုက်သော ချီသွေးစွမ်းအားသည် ကျိုးရွှယ်ဟုန်ခန္ဓာကိုယ်ထဲတွင် အကြီးအကျယ်ပျက်စီးသွားစေကာ အတွင်းအင်္ဂါများကိုပါ ထုနှက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ကျိုးရွှယ်ဟုန်၏ဒဏ်ရာများကိုမြင်လိုက်ရသောကြောင့် အတွင်းရေးမှူးက ပို၍တုန်လှုပ်သွားရသည်။ စောကနက လူသစ်ဘုရင်၏လက်သီးသည် ဥက္ကဌကို သေချာမထိလိုက်သော်လည်း ထုတ်လိုက်သောချီသွေးစွမ်းအားကြောင့် သေလုဆဲဆဲအခြေအနေဖြစ်သွားရသည်။

'လူသစ်ဘုရင်ရဲ့အစွမ်းက ဘာပါလိမ့်'

'အဆင့်မြင့်စတုတ္ထအဆင့်လား?'

'အနည်းဆုံး‌တော့ အဆင့်မြင့်ပဥ္ဇအဆင့်လောက်ရှိလောက်တယ်'

အတွင်းရေးမှူးက ပို၍တွေးမိလေလေ ပို၍တုန်လှုပ်လာလေလေပင် ဖြစ်သည်။ စင်မြင့်ထက်မှ လင်းဇီချန်ကို နောက်ပြန်လှည့်ကြည့်ကာ မကောင်းဆိုးဝါးတစ်ကောင်ဟုသာ ထင်နေမိသည်။

....

ကျောင်းအကြီးအကဲများဘက်တွင်မူ ခြွင်းချက်မရှိ အားလုံး ကြောင်နေကြကာ မျက်စိရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်‌အောင် ဖြစ်နေသည်။ လင်းဇီချန်၏အင်အားကို နားလည်ထားသော ယွမ်သုန်ကျီ၊ လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့အပါအဝင်ပင် ဖြစ်သည်။ သုံးဦးလုံးက လင်းဇီချန်သည် ကျောင်းသားကောင်စီဥက္ကဌထက် အားကောင်းသည်ကို သိကြသည်။ သို့သော်လည်း ထိုမျှထိ အလွန်အကျွံအားကောင်းနေလိမ့်မည်ဟု မထင်မိကြပေ။ လူသစ်တစ်ယောက်သည် လက်သီးတစ်ချက်တည်းဖြင့် ရှန်ဟိုင်းတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားကို သေမင်းတံခါးဝသို့ ရောက်သွားစေသည်အထိ အားကောင်းလိမ့်မည်ဟု မထင်မိကြပေ။ မယုံကြည်နိုင်ဖွယ်ပင်။

"ကျောင်းအုပ်လျို့ ကောင်းကင်လူသားအဖွဲ့အစည်းထဲမှာ လင်းဇီချန်က ဘာလဲ။ သူက ဘယ်လိုလုပ် ချီသွေး ကြောက်စရာကောင်းအောင်မြင့်နေရတာလဲ။"

ကျောင်း၏ ပညာရေးဆိုင်ရာဒါရိုက်တာ ခေါင်းတုံးပြောင်ပြောင်ဖြင့် သက်လတ်ပိုင်းလူကြီးဖြစ်သည့် ကျိူးရှောင်ဟွေ့က လျို့ချွမ်ဝူကို မယုံကြည်နိုင်သောမျက်နှာဖြင့်ကြည့်ကာ မေးလိုက်သည်။ လင်းဇီချန်က အဘယ့်ကြောင့် ထိုမျှအားကောင်းနေရသည်ကို ကျောင်းအုပ်လျို့ကိုယ်တိုင်မသိသော်လည်း ခေတ္တမျှစဉ်းစားပြီးနောက်တွင် ပြောလိုက်သည်။

"ဒါက သွေးသန့်လူသားလမ်းစဉ်ရဲ့တန်ဖိုးပဲ။ ပြိုင်ဘက်ကင်းတယ်။"

စုန့်ယွီယန်သည် လျို့ချွမ်ဝူကိုကြည့်ကာ တိတ်တဆိတ်ဖြင့် စိတ်ထဲမှ လက်မထောင်ပြနေမိသည်။ မိမိတို့၏ဥက္ကဌက ယခုအချိန်တွင်ပင် သွေးသန့်လူသားလမ်းစဉ်ကို ပရိုမိုးရှင်းဆင်းရန် မမေ့သည့် ဥက္ကဌသာဖြစ်သည်။

သို့သော်လည်း ဘေးမှ ယွမ်သုန်ကျီကမူ အတွေးများနေသည်။ လင်းဇီချန်၏အင်အားသည် သွေးသန့်လူသားလမ်းစဉ်ဖြင့် မဆိုင်ဟု ခံစားနေရသည်။ လင်းဇီချန်၏အင်အားသည် ပြိုင်ဘက်ကင်းကာ ခန္ဓာကိုယ်ကလည်း ကမ္ဘာတုန်မတတ် ကြောက်စရာကောင်းလှသည်။ စကားဖြင့် ဖော်ပြရလျှင် ခန္ဓာကိုယ်သန့်ရှင်စင်ကြယ်ခြင်းပင် ဖြစ်သည်။ လင်းဇီချန်၏အင်အားဖြင့်ဆိုလျှင် သွေးသန့်လူသားလမ်းစဉ်၊ သွေးသန့်စင်ခြင်းကျင့်စဉ်သည် အပေါ်ယံသကာလောင်းခြင်းမျှသာဖြစ်ကာ အသက်ကယ်ကောက်ရိုးမျှင်မဟုတ်ပေ။ အနီးအနားတွင်ရှိသောမာကျန်းဟယ်က ကြောင်၍ရပ်နေမိက မျက်နှာက သံသယအပြည့်ဖြင့် ဖြစ်သည်။ စောနက လင်းဇီချန်ပြသလိုက်သောအင်အားသည် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ဌာနမှူးဖြစ်သည့်မိမိထက်ပင် မနည်းပေ။ လင်းဇီချန်သည် နှစ်ဝက်လောက်သာ သွေးသန့်လူသားလမ်းစဉ်ကိုလျှောက်ကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ ပြန်ပြောင်းလာမည်ဟု ထင်ခဲ့သောမိမိကို ပြန်စဉ်းစားမိပြီး မျက်နှာက ရှက်လွန်းသဖြင့် ပူလာမိသည်။

'သွေးသန့်လူသားလမ်းစဉ်က တကယ်ပဲ လူသားမျိုးနွယ်ရဲ့အနာဂတ်ဖြစ်နေမလားပဲ။'

မားကျန်ဟယ်သည် ၎င်းဘာသာ ညဉ်းတွားမိကာ ပထမဆုံးအကြိမ်အဖြစ် မိမိ၏အမြင်ကို မေးခွန်းထုတ်မိပေသည်။

....

တစ်ချိန်တည်းတွင်ပင် ရှန်ချင်းဟန်၏လှပသောမျက်နှာလေးသည် စိတ်လှုပ်ရှားလွန်းသဖြင့် နီရဲနေကာ တီဗီတွင် မကောင်းဆိုးဝါးကို အနိုင်ယူလိုက်သောစူပါဟီးရိုးကိုတွေ့လိုက်ရသကဲ့သို့ပင် ဖြစ်သည်။ လင်းဇီချန်က ရှန်ဟိုင်းတက္ကသိုလ်၏ထိပ်တန်းကျောင်းသားဖြစ်လာမည့်အချိန်ကို စိတ်ကူးထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရှန်ဟိုင်းတက္ကသိုလ်တွင် စာရင်းစပေးသည့်အချိန်ကတည်းကပင် ဖြစ်၏။ နောက်ဆုံးတွင်မူ သူမသည် အားလုံးအံ့ဩသင့်အောင် လင်းဇီချန်က ထိပ်တန်းနေရာသို့တက်သွားသည်ကို မြင်ခဲ့ရသည်။

သူမဘေးမှ မာရှိဝေက နံရံထဲတွင် တစ်ဝက်မြုပ်နေသော ကျိုးရွှယ်ဟုန်ကိုကြည့်ကာ သွေးသန့်လူသားလမ်းစဉ်လိုက်မည့်အတွေးများက ပို၍ကြီးထွားလာသည်။ မာကျန်းဟယ် သဘောတူတူမတူတူ သူမသည် ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲကို ဖယ်ရှားကာ သွေးသန့်လူသားလမ်းစဉ်သို့ လိုက်တော့မည်ဖြစ်သည်။

ဘေးတွင်မူ လော်ရုန်ကျန်းသည် ကြောင်နေရာမှ အသိပြန်ဝင်လာပြီး အံ့ဩနေသောအသံဖြင့် ပြောလိုက်သည်။

"အစ်ကိုယွီ တွေ့လိုက်လား။ အစ်ကိုချန်က ကျောင်းသားကောင်စီဥက္ကဌကို တစ်ချက်တည်းနဲ့ ကန်ထုတ်သွားတယ်။"

လီမော်ယွီက ပို၍ပြောလိုက်မိသည်။

"ငါ့ကို မမေးနဲ့။ ငါလည်းမသိဘူး။"

ပေကျင်းလီမီသားစုမှ ဒုတိယသခင်လေးဖြစ်သော လီမော်ယွီသည် ခရီးအနှံ့သွားကာ ပါရမီရှင်မျိုးစုံကို တွေ့ခဲ့ဖူးသည်။ သို့သော်လည်း လင်းဇီချန်ကဲ့သို့ သူမျိုးကိုမူ လုံးဝမတွေ့ဖူးပေ။ အားကောင်းလွန်းသည်ထက်ပင် ပိုနေသည်။ ရူးချင်စရာကောင်းအောင် အားကောင်းလွန်းလှသည်။

ကမ္ဘာမြေ၏ကယ်တင်ရှင်ဟု လူသိများသော အစ်ကိုဖြစ်သူ လီယိကျင်းသည်ပင် လင်းဇီချန်ဖြင့် နှိုင်းစာလျှင် ဆင်ကို ပုရွက်ဆိတ်ဖြင့် နှိုင်းယှဉ်နေသကဲ့သို့ပင် ဖြစ်မည်။

ကွာခြားချက်က ကြီးလွန်းသောကြောင့် စိတ်အားငယ်ချင်စရာ‌ကောင်းလှ၏။

....

စင်ပေါ်တွင်မူ လင်းဇီချန်က နံရံမှ ကျိုးရွှယ်ဟုန်ကိုကြည့်ကာ အသက်ရှင်နေပြီး ချက်ချင်းမသေသွားသည်ကို တွေ့လိုက်သောကြောင့် စိတ်သက်သာရာရသွားသည်။ မိမိ၏လက်သီးချက်က ကျိုးရွှယ်ဟုန်ကိုနေရာတွင်ပင် သတ်မိမလိုဖြစ်သွားမည်ကို စိတ်ပူနေမိသည်။ ကျောင်းသားကောင်စီကို စိန်ခေါ်ခြင်းမှ အင်အားကို ပြသကာ ဂြိုလ်သားပါရမီရှင်စာရင်းတွင် ပါဝင်နိုင်ရန်သာ ဖြစ်သည်။ ကျောင်းသားကောင်စီဥက္ကဌရာထူးကိုယူကာ ထိပ်တန်းစာရင်းဝင်ရန်ကလည်းကျောင်းအမှတ်များနှင့် ဆုများရရန်သာ ဖြစ်သည်။ ကျောင်းသားကောင်စီမှ ကျောင်းသားကြီးများကို ထိခိုက်စေရန် လုံးဝမရည်ရွယ်ခဲ့ပေ။ အများဆုံး ၎င်းတို့ကို သင်ခန်းစာပေးချင်ရုံသာဖြစ်ပြီး ထိုမှသာ လူသားများကို အနိုင်ကျင့်ခြင်းက ရပ်သွားမည်။

"ဟန်ဟန် သွားကြစို့။"

လင်းဇီချန်က စင်ပေါ်မှဆင်းလာပြီး ရှန်ချင်းဟန်ကို ထွက်လာရန် အချက်ပြလိုက်သည်။ ရှန်ချင်းဟန်သည် ချက်ချင်းပင် အဝတ်များပတ်ကာ လှည့်ထွက်လာခဲ့၏။ နှစ်ဦးသား အားကစားခန်းမထဲတွင် ကြာကြာမနေတော့ဘဲ ဝင်ပေါက်မှ ထွက်လာခဲ့ကြတော့သည်။ နောက်တွင်မူ မြင်ခဲ့ရသည်များက အိပ်မက်မက်နေသည်ဟုသာ ထင်မိသော လူအုပ်ကြီးက ကျန်ခဲ့လေ၏။

အခန်း (၃၃၅) - ဝိညာဉ်စွမ်းအားဖြင့်အတွင်းကြောမှတ်များဖွင့်ခြင်း (၂)

"ဇီချန် ခဏစောင့်ပါဦး။ ဘာလို့ အဲ့လောက် အလျင်လိုနေရတာလဲ။"

စုန့်ယွီယန်သည် နောက်မှပြေးလိုက်ကာ အော်ခေါ်လိုက်သည်။

သူမ နားမလည်နိုင်ပေ။ လင်းဇီချန်သည် ကျိုးရွှယ်ဟုန်ကို အမှောက်သိပ်ကာ ယခုတွင် လူလုံးထွက်ပြရန် သင့်တော်သောအချိန်အခါဖြစ်သော်လည်း အဘယ့်ကြောင့် ထိုသို့ထွက်သွားရသနည်း။

လင်းဇီချန်က ခေါင်းပင်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"ဟန်ဟန်က သွေးအများကြီးထွက်ထားတယ်။ သန့်ရှင်းရေးလုပ်ပေးဖို့ သူ့ကို အဆောင်ကို ပြန်ခေါ်သွားရမယ်။"

"...."

အားကစားခန်းမထဲတွင်မူ ယွမ်သုန်ကျီသည် ကျိုးရွှယ်ဟုန်၏ဒဏ်ရာများကို စစ်ဆေးပေးပြီး အဆင်ပြေသည်ကိုမြင်ရသောအခါတွင် အားကစားခန်းမထဲမှ ထွက်သွားသည်။ သူမသည် အားကစားခန်းမထဲက စီစီတီဗီကို ပြန်ကြည့်ရန်လိုသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ စင်မြင့်ထက်မှလုပ်ဆောင်ပုံကို ထပ်ကြည့်ရမည်ဖြစ်သည်။ ထို့နောက်တွင် စီစီတီဗီမှတ်တမ်းကို ဒုသမ္မတယဲ့ယုံရှန်းကို ပြ၍ ထိုနှစ်ဦးကို ဂြိုလ်သားအဆင့်အတန်းတွင်ဝင်အောင် လုပ်ပေးရပေမည်။

.....

ကျုံးယွမ်အဆောက်အဦး နံပါတ် (၈) ၊ အခန်းနံပါတ် (၆၀၃) တွင်ဖြစ်သည်။

လင်းဇီချန်သည် ရှန်ချင်းဟန်ကို ရေချိုးခန်းထဲသို့ ခေါ်ကာ အဝတ်များချွတ်ခိုင်းပြီး ဒဏ်ရာမှန်သမျှကို စစ်ဆေးပေးသည်။ ရှန်ချင်းဟန်သည် အဝတ်များကို အမြန်ပင်ချွတ်ကာ သူမ၏အတွင်းခံအပါအဝင်ပင်ဖြစ်ပြီး ခန္ဓာကိုယ်က ဗလာကျင်းနေသည်။ လင်းဇီချန်က ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်ပြီး ဒဏ်ရာများ ပျောက်သွားသည်ကို တွေ့ရသည်။ သူမဝင်လာကတည်းပင် ငှက်တောင်များကြောင့် အပေါက်ဖြစ်နေသည်များလည်း ပျောက်သွားပြီဖြစ်ကာ ခန္ဓာကိုယ်ကလည်း နဂိုအတိုင်းကြည့်ကောင်းနေပြီး ဒဏ်ရာရထားသည့် အရိပ်အယောင်မျိုး လုံးဝမရှိတော့ပေ။

"ဒီမသေမျိုးပက်ကျိက မဆိုးဘူးပဲ။ နာရီဝက်တောင်မရှိသေးဘူး။ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအားလုံးကျက်သွားပြီ။ ဘာမှမကျန်တော့ဘူး။"

လင်းဇီချန်က သိမ်မွေ့သောလေသံဖြင့် ပြောကာ ရှန်ချင်းဟန်၏နူးညံ့သောအသားအရေကို ထိလိုက်သည်။ ရှန်ချင်းဟန်ကမူ ထိခွင့်ပေးထားကာ သူမ၏ခြေထောက်လေးများ ကျုံ့သွားမိသည်။

ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက်တွင် လင်းဇီချန်သည် နောက်မှ ရေပန်းကို ဖွင့်လိုက်ပြီး ရှန်ချင်းဟန်ဖြင့်အတူရပ်ကာ သူမခန္ဓာကိုယ်မှသွေးများကို ကူ၍ဆေးကြောပေးသည်။ ရေပူများက ရေချိုးဇလုံထဲတွင် ပြည့်သွားသောအခါ၌ ရေအတူတူစိမ်ကာ အနားယူနေကြသည်။

"နင်က စင်ပေါ်မှာ တကယ်ထိုးလိုက်တာပဲ။ ကျောင်းသားကောင်စီဥက္ကဌဆို တစ်ချက်တည်းနဲ့ လွင့်စင်သွားတာ။ လူအုပ်ကြီးကလည်း လန့်သွားတာ။ အားလုံးလည်း ကြောင်သွားကြတာ။"

ရှန်ချင်းဟန်က ချိုသာစွာပြုံး၍ ပြောလိုက်သည်။

လင်းဇီချန်ကလည်း ပြုံးလိုက်ကာ

"နင်လည်း မိုက်ပါတယ်။ ကျောင်းသားကောင်စီပြင်ပရေးရာဌာနဥက္ကဌကို ချက်ချင်းကို အနိုင်ယူပစ်တာ။"

"ရှောင်ချန် အခု ငါတို့က ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ပြိုင်စံရှားစံတွဲဖြစ်ပြီမဟုတ်လား။"

"ဒါပေါ့။ ဖြစ်ပြီပေါ့။"

"လက်တွေ့မဟုတ်ဘူးလို့ ခံစားရတယ်။ နှစ်ဝက်ဆိတုဲ့အချိန်တိုလေးအတွင်းမှာငါက ဒီလောက်အားကောင်းလာတာ။ တိုးတက်လာတာက ဒုံးပျံလွှတ်လိုက်သလိုမျိုးပဲ။"

ရှန်ချင်းဟန်က ပြောလိုက်သည်။

ကျောင်းစဖွင့်သည့် လွန်ခဲ့သောခြောက်လက သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံဒုတိယအဆင့်သာဖြစ်ပြီး ပါရမီရှင်အတန်းတွင် အနိမ့်ဆုံးဖြစ်သည်။ ယခုတွင်မူ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံအဌမအဆင့်သို့ ရောက်နေပြဖြစ်ပြီး ပါရမီရှင်တန်းမှသူအားလုံးထက် ပိုမြင့်ကာ နောက်ဆုံးမှ ထိပ်ဆုံးသို့ ရောက်သွားပြီး အိပ်မက်မက်နေသည့်သဖွယ်ပင် ဖြစ်၏။

လင်းဇီချန်က ပြောလိုက်သည်။

"အဲ့ဒါကြောင့် ငါနင့်ကို အမြဲပြောနေတာ။ နင်ကလည်း ငါ့လိုမျိုးပဲ ထူးခြားတဲ့ဖြစ်တည်မှုမျိုးပဲလို့။ စူပါအစွမ်းတွေ တိုးတက်လာတာနဲ့အမျှ ခွန်အားကလည်း ချက်ချင်းကို ခုန်တက်သွားမှာပဲ။"

"ဒီလိုပြောကာမှ ငါ့ရဲ့စူပါပါဝါက ဘာလဲဆိုတာ ခုထိ သေချာနားမလည်သေးဘူး။ ရေနဲ့ပက်သက်ပြီး‌တော့ စွမ်းအားမြင့်တာကိုတော့သိတယ်။ ငါ့မျိုးစိတ်က ဆန်းကြယ်သားရဲမျိုးစိတ်ကို ကျွန်ပြုနိုင်တယ်။ အဲ့လောက်ပဲ။"

ရှန်ချင်းဟန်က ပြောပြီးနောက်တွင် မေးလိုက်သည်။

"ရှောင်ချန် ပင်လယ်ကလာတဲ့အသံတွေနဲ့ပက်သက်ပြီး ဘယ်လိုထင်လဲ။ ဘာကြီးတွေပါလိမ့်။"

လင်းဇီချန်က ခေတ္တမျှစဉ်းစားပြီးနောက်တွင် ပြောလိုက်သည်။

"ငါလည်းမသိဘူး။ ဒါပေမဲ့လို့ အဲ့အသံတွေကကြည့်ရတာ အန္တရာယ်မရှိသလိုပဲ။ အရင်တစ်ခေါက် ကမ်းရိုးတန်းသစ်တောထဲမှာတုန်းက ငါတို့နှစ်ယောက်လုံးကို ကယ်ပေးခဲ့တာပဲ။"

"ရှောင်ချန် ငါ့ထဲမှာရှိတဲ့ မျိုးရိုးဆက်ခံတာများဖြစ်နေမလား။ ပင်လယ်နတ်ဘုရားတို့၊ ရေဒြပ်စင်ဖန်တီးသူတို့ ၊ ရေဝိညာဉ်တို့ဆီကနေ အမွေဆက်ခံတာများလားမသိဘူး။"

"ဖြစ်နိုင်တယ်။"

ပြောပြီးနောက်တွင် လင်းဇီချန်က ထပ်ပြောလိုက်ပြန်သည်။

"ဘာပဲဖြစ်ဖြစ် မင်းခန္ဓာကိုယ်က အဲ့လောက်မရိုးရှင်းဘူး။ သေချာပေါက် ဖုံးကွယ်ထားတဲ့လျို့ဝှက်ချက်မျိုးတွေရှိမှာပဲ။ နောင်ကျရင် ငါတို့သေချာလေ့လာကြည့်ဖို့လိုပြီ။"

"နောင်ကို စောင့်နေစရာမလိုဘူး။ အခုချက်ချင်း အနီးကပ်လေ့လာလို့ရတယ်။"

ရှန်ချင်းဟန်က လင်းဇီချန်၏လက်ကိုယူ၍ သူမခန္ဓာကိုယ်ပေါ်တွင် တင်ကာ ပြောလိုက်သည်။

"နာမည်ပြောင်က ညစ်ပတ်တဲ့ကောင်မလေးဖြစ်နေတာလည်း မမှားပါဘူးလေ။"

လင်းဇီချန်က ကျီစယ်လိုက်ကာ ရှန်ချင်းဟန်ဆန္ဒရှိသည့်အတိုင်းပင် သူမ၏ခန္ဓာကိုယ်ကို လက်ဖြင့်စမ်းကာ ကိုယ်တွင်းမှလျှို့ဝှက်ချက်များကို စတင်ထုတ်ဖော်တော့သည်။ ရှန်ချင်းဟန်ကမူ ရေချိုးဇလုံကိုမှီ၍ မျက်လုံးများ အသာမှိတ်ထားကာ အရသာခံနေလေသည်။

....

နာရီဝက်ခန့်ကြာပြီးနောက်တွင် နှစ်ဦးသား ရေချိုးပြီးသွားကြကာ ရေချိုးခန်းထဲမှ ထွက်လာကြပြီးနောက် နေ့လည်စာလုပ်ရန် မီးဖိုချောင်ဆီသို့ ရောက်လာကြသည်။ ဆန်းကြယ်သားရဲသားနှစ်ပိုင်းကိ ကြော်ကာ ဝိညာဉ်သစ်သီးဖျော်ရည်လုပ်သည်။ ဆယ်မိနစ်ထက်ပိုမကြာပေ။ နေ့လည်စာစားပြီးနောက်တွင် အခန်းထဲသို့ပြန်ကာ တစ်ရေးအိပ်ကြသည်။ နေ့ခင်း နှစ်နာရီတွင် ထလာကြကာ သုတေသနတက္ကသိုလ်သို့ သွားကြလေသည်။

အစက ရှန်ချင်းဟန်သည် တစ်နေကုန် ပါရမီရှင်အတန်းတွင်နေရန် စဉ်းစားထားသော်လည်း မနက်ခင်းက အုပ်စုလိုက်ပုံရိုက်ပြီးကတည်းကပင် အတန်းဆက်တက်ရန် ပျင်းနေပြီဖြစ်သည်။ သူမသည် ပါရမီရှင်တန်းမှ သုတေသနတက္ကသိုလ်သို့ ပြောင်းကာစသာ ရှိသေးသည်။ အားလုံးက တစ်ကျောင်းထဲတွင်ရှိပြီး အဆောင်များကလည်း အဆောက်အဦးဝန်းတစ်ခုတည်းတွင်ဖြစ်သောကြောင့် နေ့တိုင်းတွေ့ရန်မှာ ဖြစ်နိုင်သည်။

....

သွေးသန့်လူသားသုတေသနတက္ကသိုလ်သို့ ရောက်သောအခါတွင် လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည် ချက်ချင်းပင် လုပ်လက်စများကိုချထားကာ ကလေးအတွဲဆီသို့ လျှောက်လာကြသည်။ နှစ်ဦးလုံးသည် မနက်က ကိစ္စကြောင့် အံ့ဩသင့်နေကြကာ စိတ်ထဲတွင်လည်း မေးစရာများ စုပုံနေသည်။ စပ်စုလိုသောကိစ္စအများစုသည် လင်းဇီချန်အကြောင်းပင် ဖြစ်၏။ လင်းဇီချန်က လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည့်မြင်ကွင်းသည် အံ့ဩသင့်စရာကောင်းလှသည်။ မစပ်စုမိရန်၊ မအံ့ဩမိရန်မှာ ခက်ခဲလှသည်။ အထူးသဖြင့် စုန့်ယွီယန်ပင် ဖြစ်လေသည်။ သူမသည် လင်းဇီချန်ကို တစ်ကိုယ်လုံးချွတ်ခိုင်းက ခန္ဓာကိုယ်ကို အနီးကပ်လေ့လာချင်မိသည်။ ရှန်ချင်းဟန်ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် သူမက ထိုသို့လုပ်မိမည်ဖြစ်သည်။

အခန်း (၃၃၆) - ဝိညာဉ်စွမ်းအားဖြင့်အတွင်းကြောမှတ်များဖွင့်ခြင်း (၃)

မနက်က အားကစားခန်းမထဲတွင် ဖြစ်ခဲ့သည်များနှင့်ပက်သက်၍ လေးဦးသား ကြာကြာမပြောလိုက်ရပေ။ စကားဝိုင်းမပြီးဆုံးခင်တွင် နာရီဝက်ခန့် ပြောဆိုဆွေးနွေးလိုက်ရသည်။ ခေါင်းစဉ်သည် အတွင်းကြောအမှတ်များအသက်သွင်းသည့်အကြောင်းဆီသို့ ရောက်သွားသည်။ လတ်တလောတွင် ကောင်းကင်လူသားအဖွဲ့အစည်းမှ လေးဦးထဲတွင် ရှန်ချင်းဟန်မှလွဲ၍ ကျန်သုံးဦးသည် အခြေခံနဝအဆင့်တွင် ရပ်နေကြသည်။ အခြေခံသက်ရှိအချုပ်အနှောင်များကို ချိုးဖျက်ရန် အတွင်းကြောအမှတ်များကို အသက်သွင်းရန်လိုအပ်ကာ ထိုမှသာ အဆင့်မြင့်သက်ရှိဖြစ်နိုင်မည်ဖြစ်သည်။

သုံးဦးသား လတ်တလောသုတေသနလုပ်ထားသည်များကို ခွဲခြမ်းစိတ်ဖြာနေကြကာ အတွင်းကြောမှတ်များကို မည်သို့အသက်သွင်းရမည်ကို ဆွေးနွေးနေကြသည်။ ကောင်းကင်လူသားအဖွဲ့အစည်းသို့ ဝင်ကာစဖြစ်သော ရှန်ချင်းဟန်သည် သုတေသနကိစ္စများနှင့်ပက်သက်၍ ဘာမှသိမထားပေ။ တစ်ဖက်တွင်သာ တိတ်တဆိတ်ထိုင်နေပြီး သုံးဦးသား ဆွေးနွေးနေသည်ကို နားထောင်ပြီး မနှောင့်ယှက်မိအောင်သာ တိတ်တဆိတ်နေနေသည်။ သိချင်သောမေးခွန်းရှိသောအခါမှသာ မေးလေ့ရှိသည်။

နှစ်နာရီခန့် ခွဲခြားစိတ်ဖြာပြီးနောက်တွင် သုံးဦးသား ခန့်မှန်းချက်သုံးခုဖြင့် အနှစ်ချုပ်လိုက်ကြသည်။

တစ် - ခန္ဓာကိုယ်သန့်စင်ခြင်းငါးကြိမ်ပြီးမြောက်မှသာ ချီသွေးကိုထိန်းချုပ်ကာ ခန္ဓာကိုယ်၏အတွင်းကြောအမှတ်များကို အသက်သွင်း၍ရမည်။

နှစ် - ခန္ဓာကိုယ်အတွင်းကြောမှတ်များကို အသက်သွင်းခြင်းက ခန္ဓာကိုယ်သန့်စင်ခြင်း မည်မျှလုပ်ခဲ့သည်နှင့် မဆိုင်ပေ။သို့သော်လည်း ဝိညာဉ်စွမ်းအားအသုံးပြုရန် လိုအပ်သည်။

သုံး - ခန္ဓာကိုယ်အတွင်းကြောမှတ်များအသက်သွင်းရန် ခန္ဓာကိုယ်သန့်စင်ပြီးမြောက်ခြင်းငါးချက်နှင့် ဝိညာဉ်စွမ်းအား နှစ်မျိုးလုံး လိုအပ်သည်။

"ဇီချန် မင်းရဲ့အစ်မယန်နဲ့ ငါက မင်းလောက် ဝိညာဉ်စွမ်းအားမကောင်းဘူး။ ဝိညာဉ်စွမ်းအားသုံးပြီး မင်းရှာပြီး အတည်ပြုဖို့လိုတယ်။"

လျို့ချွမ်ဝူက ပြောလိုက်သည်။

ပြောပြီးနောက်တွင် လျို့ချွမ်ဝူသည် တိတ်ဆိတ်နေသော ရှန်ချင်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။

"ချင်းဟန် မင်းရဲ့ဝိညာဉ်စွမ်းအားကလည်း အားမနည်းဘူး။ မင်းလည်း ဇီချန်နဲ့အတူ ရှာဖွေလို့ရတယ်။"

"ဟုတ်ကဲ့ နားလည်ပါပြီ ကျောင်းအုပ်။"

ရှန်ချင်းဟန်က နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် လင်းဇီချန်က စပ်စုစွာဖြင့် မေးလိုက်သည်။

"ဒါနဲ့ ကျောင်းအုပ် ကျွန်တော် ရှန်ဟိုင်းတက္ကသိုလ်မှာရောက်တာ နှစ်ဝက်ရှိပြီ။ ကျောင်းအုပ်ယွမ်ကလွဲလို့ အခြားစီမံခန့်ခွဲရေးဌာနက ခေါင်းဆောင်တွေကို တစ်ခါမှ မမြင်ဖူးရတာလဲ။ ဒုကျောင်းအုပ်တွေကရော။"

လျို့ချွမ်ဝူက ပြန်ဖြေလိုက်သည်။

"အဲ့လူတွေက ကျူးကျော်မှုကို ကာကွယ်ပေးဖို့ လတ်တလောမူလမြေမှာ ရောက်နေတယ်။ မဟုတ်ရင်လည်း မူလမြေထဲမှာ ပိုပြီးမြင့်တဲ့ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွေကို ရှာနေတာနေမှာပေါ့။"

"သိပြီ။"

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။

တွေးကြည့်လိုက်သောအခါတွင် ကမ္ဘာ၏အားကောင်းသောသူများသည် မူလမြေတွင်သာ ရှိကြသည်။ ကမ္ဘာတွင်ကျန်ခဲ့သောအားကောင်းသည့်အရေအတွက်က လက်ချိုးရေ၍ပင်ရသည်။ လျို့ချွမ်ဝူက ထပ်ပြောလိုက်သည်။

"အဲ့ဒါအပြင် မူလမြေမှာ အားကြီးတဲ့လူသားအားလုံးရှိတယ်။ ဘယ်သူမှ ကမ္ဘာပေါ်က စီမံခန့်ခွဲရေးအလုပ်တွေကလုပ်ဖို့ နေခဲ့မှာမဟုတ်ဘူး။ မင်းလည်း မူလမြေကို ရောက်သွားတဲ့အခါကျရင် နားလည်သွားလိမ့်မယ်။"

ပြောပြီးသောအချိန်တွင်ပင် ကျက်သရေရှိလှသောပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ယွမ်သုန်ကျီပင် ဖြစ်လေ၏။

သူမဝင်လာစဉ်တွင် လျို့ချွမ်ဝူပြောလိုက်သည့်နောက်ဆုံးစကားကို ကြားလိုက်သည်။ ထို့ကြောင့် မျက်နှာက အတော်လေးမသာမယာဖြစ်သွားသည်။

လျို့ချွမ်ဝူက ဘယ်သူမှ စီမံခန့်ခွဲရေးကိစ္စတွေလုပ်ဖို့ နေခဲ့မှာမဟုတ်ဘူးလို့ ပြောလိုက်တာလား? လောင်လျို့က ဘယ်သူ့ကို စော်ကားလိုက်တာလဲ?

ယွမ်သုန်ကျီ၏မကျေမနပ်အမူအရာကို ကြည့်ကာ လျို့ချွမ်ဝူသည် စကားမှားသွားပြီဖြစ်ကြောင်း သိလိုက်သည်။ မိမိ၏ဝေဖန်‌သည့်စကားက ဇနီးဟောင်းကို မတော်မဆပစ်မှတ်ထားမိသလိုဖြစ်သွားသည်။ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်လိုက်ကာ အားလုံးမသက်မသာဖြစ်မည်ကို ရှောင်ရှားရန်သာ ဖြစ်၏။

ထူးဆန်း‌သောအခြေအနေကို သတိထားမိသော လင်းဇီချန်က တိတ်ဆိတ်မှုကို ဦးစွာဖြိုခွဲလိုက်သည်။

"ကျောင်းအုပ်ယွမ် ဘာကိစ္စရှိလို့ပါလိမ့်။"

ယွမ်သုန်ကျီက ပြန်ဖြေလိုက်သည်။

"ရှန်ချင်းဟန်ရဲ့ ရေလိပ်ပြာမျိုးစိတ် ကျွန်ပြုတာက နဲ့ရေလိပ်ပြာရဲ့ပုံရိပ်ယောင်ကျင့်စဉ်ကို ဘယ်လိုအသက်သွင်းလဲဆိုတာကို လာကြည့်တာ။"

ထိုနေ့ခင်းတွင်မူ ယွမ်သုန်ကျီသည် ရုံးခန်းထဲတွင် နေနေကာ ရှန်ချင်းဟန် သိုင်းပညာစင်မြင့်ထက်မှ စီစီတီဗီမှတ်တမ်းကို ပြန်ကြည့်ပြီး ရှန်ချင်းဟန်သည် ရေလိပ်ပြာ၏ပုံရိပ်ယောင်စွမ်းအားကို သုံးလိုက်သည်ကို သတိထားမိသည်။ထို့ကြောင့် သုတေသနတက္ကသိုလ်သို့ လာမေးခြင်းဖြစ်၏။ လင်းဇီချန်က ခေါင်းညိတ်ပြပြီး ထပ်မေးလိုက်သည်။

"ဒါနဲ့ ကျောင်းအုပ်ယွမ် ဒီမနက် ကျိုးရွှယ်ဟုန်နဲ့ အလောင်းအစားလုပ်ထားတာ။ နိုင်ရင် ကျွန်တော်က ကျောင်းသားကောင်စီဥက္ကဌလုပ်မယ်လို့ ပြောခဲ့တာ။ အဲ့ဒါကို ထည့်တွက်လို့ရတယ်မလား။"

"ဒါပေါ့။"

ယွမ်သုန်ကျီက အတည်ပြုလိုက်သည်။

လင်းဇီချန်က ဆက်ပြောလိုက်၏။

"ဒီလိုဆို အခု ကျွန်တော်က ကျောင်းသားကောင်စီဥက္ကဌကော၊ ထိပ်တန်းစာရင်းမှာ ထိပ်တန်းကျောင်းသားကောဖြစ်ပြီပေါ့။ တစ်လကို ကျောင်းအမှတ် ဘယ်လောက်လောက်ရနိုင်မလဲ။"

ယွမ်သုန်ကျီက ဖြေပေးလိုက်သည်။

"ကျောင်းသားကောင်စီဥက္ကဌက လတိုင်း ကျောင်းအမှတ်ငါးရာရတယ်။ ထိပ်တန်းစာရင်းမှာ ထိပ်ဆုံးဖြစ်တာကလည်း လတိုင်း ကျောင်းအမှတ်ငါးရာရတယ်။ စုစုပေါင်းဆိုရင်တော့ လတိုင်း ကျောင်းအမှတ်တစ်ထောင်ရမယ်။"

'ကျောင်းအမှတ်တစ်ထောင်လား?'

ထိုအရေအတွက်ကို ကြားသည့်အခါတွင် လင်းဇီချန်က မျက်ခုံးပင့်လိုက်မိသည်။

လစဉ်ကျောင်းအမှတ်တစ်ထောင်ရခြင်းက ငွေသားဖြင့် တွက်လျှင် တစ်လလျှင် ယွမ်ဆယ်သန်းရမည်ဟု ဆိုလိုသည်မဟုတ်ပါလား။

လင်းဇီချန်တစ်ယောက် ချမ်းသာတော့မည်ဖြစ်၏။

All Chapters