← Chapters

အပိုင်း ၃၄၀-၃၄၂

Vol. 23 Ch. 340-342

အပိုင်း ၃၄၀-၃၄၂

Vol. 23 Ch. 340-342

အခန်း (၃၄၀) - ကောင်းကင်လူသားအဖွဲ့အစည်းတွင်နောက်ထပ်အဖွဲ့ဝင်အသစ်တိုးလာခြင်း (၂)

ကျောင်းအမှတ်များကိုသာ ကြည့်သည်က တာဝန်မယူရာကျသော်လည်း နှစ်ဦးနှစ်ဖက်အဆင်ပြေသည့် အခြေအနေမျိုးဖြစ်သည်။ ကျောင်းသားကောင်စီမှ ကျောင်းသားကြီးများကလည်း မိမိကဲ့သို့ လူသစ်က စီမံမည်ကို လိုလားကြမည်မဟုတ်ပေ။ စီနီယာများသည် လင်းဇီချန်၏အင်အားကိုသာ အသိအမှတ်ပြုကာ သူ၏စီမံခန့်ခွဲပေးမှုကို မလိုလားပေ။ မိမိဘာသာအုပ်ချုပ်ခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။

.....

နောက်ရက်များတွင် လင်းဇီချန်သည ခန္ဓာကိုယ်သန့်စင်ခြင်းဖြင့်သာ အချိန်ကုန်နေကာ ညဘက်များတွင်ပင် အတွင်းကြောမှတ်များဖွင့်ရန် ကြိုးစားနေသည်။ နေ့တိုင်း အတူတူပင်ဖြစ်ကာ ပြည့်ကာနီးပြီဖြစ်သည်။ အားလပ်ချိန်များတွင် မိဘများဆီသို့ သွားလည်ကာ လိုအပ်သည်များ ဝယ်ပေးသည်။ ကျောင်းမှပေးသောတာဝန်များကိုမူ မလုပ်တော့ပေ။ ကျောင်းက မိမိကို ကမ္ဘီရသစ်ပင်ဂိုဏ်းတိုက်ခိုက်သည်ကို ‌ဖော်ထုတ်လိုက်မည်စိုးသောကြောင့် ဖြစ်သည်။ ဒုသမ္မတက အကာအကွယ်အပြည့်အဝပေးမည်ဟု ပြောထားသော်လည်းစိုးရိမ်နေဆဲဖြစ်သည်။

....

အချိန်က ထိုသို့ဖြင့် ကုန်ဆုံးနေကာ တစ်လခန့်ကြာပြီးနောက်တွင် လင်းဇီချန်သည် အရေပြားသန့်စင်ခြင်းငါးကြိမ်နှင့် အသားသန့်စင်ခြင်းတစ်ဝက်ပြီးမြောက်ပြီဖြစ်ကာ အတွင်းကြောမှတ်များကို ဖွင့်ရာတွင်လည်း ပို၍အဆင်ပြေလာသည်ဟု ခံစားလာရသည်။ ရှန်ချင်းဟန်ကလည်း မြန်လှသည်။ အရိုးသန့်စင်ခြင်းသုံးကြိမ် ပြီးမြောက်သွားပြီဖြစ်သည်။ အတွင်းကြောမှတ်များကလည်း ပို၍ပျော့ပျောင်းလာကာ မကြာခင်ပင် ပွင့်တော့မည်ဟု ခံစားလာရသည်။ ထိုနှုန်းဖြင့်သာဆိုလျှင် စာသင်နှစ်ဝက်မပြီးခင် အတွင်းကြောမှတ်များကိုဖွင့်ရန်မှာ ပြဿနာမဟုတ်ပေ။

....

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေကာ မသိလိုက်ခင်တွင်ပင် လဝက်ခန့်ကုန်ဆုံးသွားသည်။ ထိုနေ့မနက်တွင် သုတေသနတက္ကသိုလ်သည် စိတ်သက်သာရာရစေသော ရယ်သံမောသံများဖြင့် ပြည့်နှက်နေ၏။

"ဟားဟား ပြီးပြီ။ နောက်ဆုံးတော့ပြီးသွားပြီ။"

လျို့ချွမ်ဝူက ဝမ်းပန်းတသာဖြင့် ရယ်လိုက်ခြင်းဖြစ်သည်။ ပေါများလှသောအရင်းအမြစ်များနှင့်အတူ တစ်လနှင့်တစ်ဝက်ခန့် လေ့ကျင့်ပြီးနောက်တွင် ဝိညာဉ်စွမ်းအားသည် အတွင်းကြောမှတ်များဖွင့်ရန်အထိ အားကောင်းလာခဲ့သည်။

"ဥက္ကဌ ဘယ်လိုလုပ် အဲ့လောက်မြန်ရတာလဲ။"

စုန့်ယွီယန်က မေးလိုက်သည်။

"ကျွန်မတော့ တစ်ခုကို မခံစားမိဘူး။ တက္ကသိုလ်မှာ အတွင်းကြောမှတ်ကို မလုပ်နိုင်တာ ကျွန်မတစ်ယောက်တည်းပဲရှိတော့တယ်။ သေစမ်း။"

လျို့ချွမ်ဝူက ပြုံးကာ သူမကိုနှစ်သိမ့်ပေးလိုက်သည်။

"မင်းစိတ်ပူနေတာကို သိပါတယ်။ ဒါပေမဲ့လည်း သည်းခံလိုက်မိန်းကလေး။ သည်းခံမှုက အရေးကြီးဆုံးပဲ။ အခု မင်းအတွက် အရင်းအမြစ်တွေ ထပ်ထည့်ပေးမယ်။ မကြာခင် လုပ်နိုင်မှာပါ စိတ်ချ။"

ရှန်ချင်းဟန်သည် အတွင်းကြောမှတ်များကို မည်သို့ဖွင့်ရမည်ကို သဘောပေါက်သွားသောကြောင့် သုတေသနတက္ကသိုလ်၏ဘက်ဂျက်သည် မိုးထိမြင့်တက်သွားသည်။ သွေးသန့်လူသားလမ်းစဉ်ကို ယခင်က မယုံကြည်ခဲ့ကြသော အကြီးအကဲတော်တော်များများသည် ယခုတွင် ကောင်းကင်လူသားအဖွဲ့အစည်း၌ ရင်းနှီးမြုပ်နှံလာကြသည်။ ရှားပါးဆန်းကြယ်သစ်သီးများ၊ ထူးဆန်းသောဆေးများနှင့် ရှားပါးဆန်းကြယ်သားရဲများကို ပို့ပေးကြကာ ကောင်းကင်လူသားအဖွဲ့အစည်းမှလူများ အတွင်းကြောမှတ်များကိုဖွင့်ကာ အဆင့်မြင့်သက်ရှိအဖြစ် ရောက်နိုင်အောင် ဖြစ်၏။

ဝိညာဉ်စွမ်းအားအရာတွင် မည်သည့်အခါမှ မကောင်းတော့ဟု ထင်ထားမိသော လျို့ချွမ်ဝူသည်ပင် အခြေခံပဥ္ဇမအဆင့်မှ အခြေခံနဝမအဆင့်အထိ တိုးမြင့်သွားသည်။ ဝိညာဉ်စွမ်းအားမြှင့်တင်ခြင်းက ခက်ခဲသည်ဟု ဆိုရပေမည်။ သို့သော်လည်း အရင်းအမြစ်လုံလောက်လျှင် အချိန်တိုအတွင်း ဖြစ်နိုင်ပေသည်။ ရင်းနှီးမြုပ်နှံမှု၏တန်ဖိုးပင် ဖြစ်၏။ ရှန်ချင်းဟန်၏ဖြတ်ကျော်ခြင်းနည်းလမ်းကြောင့်သာ မဟုတ်လျှင် မည်သူမှ သွေးသန့်လူသားလမ်းစဉ်ကို ရင်းနှီးမြုပ်နှံလိုကြမည်မဟုတ်ပေ။

လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့ စကားပြောနေကြစဉ်တွင် အတွင်းပြောမှတ်များဖြင့် အလုပ်လုပ်ပြီး၍ နားနေကြသော ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေကြသည်။ လင်းဇီချန်သည် ဖုန်းဖြင့် သတင်းရှာဖတ်နေသည်။ ရှန်ချင်းဟန်သည် လင်းဇီချန်၏ပေါင်ပေါ်တွင် သူမခြေထောက်ကို တင်ကာ ရှေးခေတ်နန်းတွင်းဇာတ်ကားကို ကြည့်နေသည်။

"လင်းဇီ ခြေထောက်နွေးအောင် လုပ်ပေးးပါဦး။"

ရှန်ချင်းဟန်သည် လင်းဇီချန်ကို မော့ကြည့်ကာ ခြေထောက်‌လေးခါပြပြီး ဇာတ်ကားထဲမှ မိဘုရားခေါင်ကြီးလေသံဖြင့် ပြောလိုက်သည်။ လင်းဇီချန်က ဘာမှပြန်မပြောဘဲ သူမ၏ခြေထောက်ပေါ်တွင် လက်တင်ကာ ချီသွေးစွမ်းအားထုတ်လွှင့်၍ နွေးသွားအောင် လုပ်ပေးသည်။ ထိုအရာသည် တစ်ဖက်သက် နှစ်သက်သဘောကျခြင်းမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာကို ပြသနေခြင်းသာ ဖြစ်၏။ အ‌ဆောင်တွင် ရှန်ချင်းဟန်က လင်းဇီချန်ကို သက်တောင့်သက်သာရှိအောင် မနက်၊နေ့လည်နှင့်ညပါ ပြုစုပေးသည်။ ဒယ်ဒီဟုခေါ်လိုက်လျှင် စိတ်ရောကိုယ်ပါ ကျေနပ်သွားစေသည်။

"အခြားတစ်ဖက်ပြောင်းဦး။"

ညာဘက်ခြေထောက်နွေးသွားသောအခါတွင် ရှန်ချင်းဟန်က ဘယ်ဘက်ခြေ‌ထောက်တင်ပေးကာ လင်းဇီချန်ကို နွေးအောင်လုပ်ပေးရန် အချက်ပြလိုက်သည်။ လင်းဇီချန်က ဘာမှမပြောဘဲ ရှန်ချင်းဟန်၏ဘယ်ဘက်ခြေထောက်ပေါ်တွင် လက်တင်ကာ ချီသွေးစွမ်းအားကိုထုတ်၍ ပူနွေးအောင် လုပ်ပေးနေသည်။ ထိုသို့ လုပ်ပေးနေစဉ်တွင် ရှန်ချင်းဟန်က ဇာတ်ကားကြည့်နေကာ လင်းဇီချန်က သတင်းဖတ်နေသည်။

ခြောက်လကြာသည့်တိုင် သွေးသန့်လူသားများနှင့် ပက်သက်သည့်လက်ရှိသတင်းများသည် သတင်းကောင်းများသာ ဖြစ်သည်။ သွေးသန့်လူသားလမ်းစဉ်သည် ရင်းနှီးမြုပ်နှံရန်၊ ယုံကြည်စိတ်ချ၍ရကြောင်းနှင့် ပါရမီရှင်များ စမ်းသင့်ကြောင်း တိုက်တွန်းထားသည်။ ထိုသို့သိသိသာသာပြောင်းလဲသွားရသည့်အကြောင်းရင်းသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ ကျောင်းသားကောင်စီကို စိန်ခေါ်ခဲ့သည့် ဗီဒီယိုကြောင့်သာ ဖြစ်သည်။ သွေးသန့်လူသားလမ်းစဉ်၏အင်အားကို မြင်သွားကြသောအခါတွင် အားလုံးက အတွေးပြောင်းသွားကြကာ ကောင်းမွန်သောဦးတည်ရာသို့ ပြောင်းလဲစေနိုင်မည့် ကောင်းသောသတင်းများကိုသာ ရေးသားလာကြသည်။

"အခု သွေးသန့်လူသားလမ်းစဉ်က မျက်နှာသာပေးခံရပြီဆိုတော့ ဇူလိုင်လလူရွေးပွဲကျရင် ကောင်းကင်လူသားအဖွဲ့အစည်းကတော့ ပါရမီရှင်အများကြီးကို ဆွဲဆောင်နိုင်တော့မှာပဲ။"

"လူတစ်ယောက်လောက်ရဖို့ဆိုတာ ပြဿနာမဟုတ်ပါဘူး။"

"အဲ့လိုဆို ဟန်ဟန်နဲ့ ကျွန်တော်က မူလမြေကို ဦးတည်သွားသင့်နေပြီ။"

လင်းဇီချန်က မိမိဘာသာ စဉ်းစားနေခြင်းဖြစ်သည်။

....

ဆယ်ရက်ခန့်ကြာပြီးနောက်တွင် သုတေသနတက္ကသိုလ်ထဲ၌ စုန့်ယွီယန်သည် ယောဂဖျာပေါ်တွင် တိတ်ဆိတ်စွာထိုင်နေကာ ဝိညာဉ်စွမ်းအားဖြင့် အတွင်းကြောမှတ်များကို ထိုးနှက်ကြည့်နေသည်။ ရုတ်တရက်ပင် သူမ၏မျက်လုံးပြာပြာလေးပွင့်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"လုပ်နိုင်ပြီ လုပ်နိုင်ပြီ...."

"ဌာနမှူး ကျွန်မလည်း လုပ်နိုင်ခဲ့ပြီ။"

"နှစ်လလောက်ကုန်သွားတာနဲ့ ဝိညာဉ်စွမ်းအားနဲ့ အတွင်းကြောမှတ်တွေကို ထိုးနှက်နိုင်ခဲ့ပြီ။"

"...."

"ငါသိပါပြီ သိပါပြီ။ ဘာလို့ အဲ့လောက်အော်နေရတာလဲ။ တက္ကသိုလ်ကြီးတောင် ပြိုတော့မယ်။"

လျို့ချွမ်ဝူက ပြောလိုက်သည်။

စုန့်ယွီယန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ပြိုချင်ပြိုပါစေ။ ဘာပဲဖြစ်ဖြစ် ရန်ပုံငွေမရှိတော့တာမှမဟုတ်ပဲ။ ပြိုသွားရင် အသစ်ဆောက်ဖို့ အခွင့်အရေးရှိတာပဲ။"

လျို့ချွမ်ဝူက ပြန်ပြောလိုက်သည်။

"အရင်က မင်းက အရမ်းကပ်စေးကုတ်တာပါ။ အခုတာ့ ငွေရှိနေပြီဆိုတော့ လက်ဖွာနေပြီပေါ့လေ။"

စုန့်ယွီယန်က ထိုစကားကြောင့် အနှောင့်အယှက်မဖြစ်ပေ။

"အခုက မတူတော့ဘူးလေ။ အရင်တုန်းကကျ ဆင်းရဲလို့ ကတ်‌စေးကုတ်တာ။ အခုတော့ မဆင်းရဲတော့ဘူး။ ဘာလို့ ကိုယ့်ဘာသာ ခြိုးခြံနေရဦးမှာလဲ။"

လျို့ချွမ်ဝူက ခေါင်းခါပြလိုက်ပြီး

"အခုခေတ် လူငယ်တွေ သုံးဖြုန်းတဲ့စိတ်ထားက မဟုတ်သေးဘူး။"

စုန့်ယွီယန်က မကြားချင်းယောင်ဆောင်နေလိုက်သည်။

‌ရှန်ချင်းဟန်သည်မူ ထိုနှစ်ဦးကို ကြည့်၍ ပြုံးမိပြီး ဘေးမှ လင်းဇီချန်ကို ပြောလိုက်သည်။

"ဥက္ကဌနဲ့ အစ်မယန်ကိုလည်း ကြည့်ပါဦး။ အဖေနဲ့ သမီးလိုပဲ။"

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်၏။

"တော်တော်လေးတူတယ်။"

ရှန်ချင်းဟန်က သူ့နားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။

"ဒယ်ဒီ ကျွန်မတို့ကရော? အဖေနဲ့သမီးနဲ့တူလား။"

လင်းဇီချန်သည် ရင်ခုန်သံမြန်လာပြီး စိတ်ကိုတည်ငြိမ်အောင်ပြန်လုပ်၍ ပြန်ပက်လိုက်သည်။

"ငါမင်းကို ညစ်ပတ်မလေးလို့ မခေါ်တော့ဘူး။ အဲ့အစား ငနောက်မလေးလို့ပဲ ခေါ်တော့မယ်။"

"ငါက ငနောက်မဟုတ်ဘူး။ ချစ်စရာကောင်းတယ်လို့ ခေါ်တယ်။"

ရှန်ချင်းဟန်က နှုတ်ခမ်းလေးဆူပုတ်ပြီး ပြန်ပြောလိုက်သည်။

လင်းဇီချန်တစ်ခုခုပြန်ပြောရန် ပြင်လိုက်စဉ်တွင်ပင် ရင်းနှီးကာ ထူးဆန်းနေသောအငွေ့အသက်တစ်ခုက တက္ကသိုလ်သို့ ချည်းကပ်လာသည်ကို သတိထားမိလိုက်သည်။ ရင်းနှီးနေသည်မှာ ထိုသူက မာရှိဝေဖြစ်နေသောကြောင့်ပင်။ ထူးဆန်းနေသည်မှာ မာရှိဝေ၏အငွေ့အသက်သည် ယခင်ကနှင့်မတူတော့ဘဲ ညအရိပ်ကြောင်အငွေ့အသက်မရှိတော့ဘဲ လူသားအငွေ့အသက်သာ ရှိနေသည်။

မိနစ်ဝက်ခန့်ကြာပြီးနောက်တွင် မာရှိဝေက တက္ကသိုလ်ထဲသို့ ဝင်လာသည်။ လင်းဇီချန်က သူမကို ချက်ချင်းကြည့်လိုက်ပြီး အားနည်းနေသည့်ပုံပေါ်သည်ကို သတိထားမိသည်။ မျက်နှာက ဖျော့တော့နေကာ အရောင်အဆင်းမရှိဖြစ်နေပြီး ပြင်းထန်သောဝေဒနာကို ဖုံးကွယ်ထားသကဲ့သို့ပင် ဖြစ်၏။ မကြာခင်တွင်ပင် အခြားသူများလည်း မာရှိဝေကို သတိထားမိသွားသည်။

လျို့ချွမ်ဝူက အတော်လေးပဟေဠိဖြစ်နေကာ ပြောလိုက်မိသည်။

"ဝေဝေ ဘာလာလုပ်တာလဲ။"

သူသည် မေတ္တာသက်ဝင်သောလေသံဖြင့် ပြောလိုက်ခြင်းဖြစ်၏။ လျို့ချွမ်ဝူသည် ရှန်ဟိုင်းတက္ကသိုလ်တွင် ဆယ်စုနှစ်များစွာ နေခဲ့ကာ မာရှိဝေအရွယ်ရောက်လာသည်ကို ကြည့်ခဲ့ပြီး မိမိ၏တူမအဖြစ် သဘောထားခဲ့သည်။ မာကျန်းဟယ်ဖြင့် ဆက်ဆံရေးမကောင်းခြင်းသည် လူကြီးများ၏ကိစ္စဖြစ်ကာ ကလေးနှင့် ဘာမှမဆိုင်ပေ။ လျို့ချွမ်ဝူ၏လေသံကြောင့် မာရှိဝေက တည့်တိုးပင် ပြောလိုက်လေသည်။

"ဦးလေးလျို့ သမီးကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ပြီး သွေးသန့်လူသားလမ်းစဉ်ကို လျှောက်ချင်တယ်။"

"အမ်..."

အစတွင် လျို့ချွမ်ဝူကြောင်နေမိကာ နောက်ပြီးမှ မေးလိုက်မိသည်။

"မင်းအဖေကို ဒီအကြောင်းကို သိရဲ့လား။"

"အဖေသိပါတယ်။ ခန္ဓာကိုယ်ထဲက ဆန်းကြယ်သားရဲမျိုးစိတ်ကို သူပဲ ကူပြီးဖယ်ပေးခဲ့တာ။"

ထိုအဖြေကို ကြားသောအခါတွင် လျို့ချွမ်ဝူသည် စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာနေမိသည်။

'မာကျန်းဟယ်...မာကျန်းဟယ်.... မင်းက နေ့တိုင်း ငါ့ကိုဆန့်ကျင်နေတာ။ အခုတော့ မင်းသမီးက ကောင်းကင်လူသားအဖွဲ့အစည်းထဲ ဝင်‌တော့မယ်။ အခု မင်းလုံးဝရှုံးပြီ။'

ထို့နောက်တွင် မာရှိဝေကို ပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီ။ မင်းအဖေက သဘောတူတယ်ဆိုမှတော့ ဒီနေ့ကစပြီး မင်း ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပြီ....."

အခန်း (၃၄၁) - အတွင်းကြောမှတ်ပွင့်ပြီဂမ္ဘီရသစ်ပင်ဂိုဏ်းကလည်းရှန်ဟိုင်းကိုသိမ်းပြီ

ဆင့်ကဲပြောင်းလဲခြင်းကောလိပ် ဌာနမှူး၏သမီးဖြစ်သူသည် ကောင်းကင်လူသားအဖွဲ့အစည်းသို့ ဝင်လာခဲ့သည်။ လျို့ချွမ်ဝူက သူမကို စုန့်ယွီယန်၏လမ်းညွှန်မှုအောက်တွင် စီစဉ်ပေးကာ စိတ်ပြောင်းသွားကာ သုတေသနတက္ကသိုလ်မှ ထွက်မသွားခင်တွင် စုန့်ယွီယန်ကို စည်းရုံးစေသည်။ သူသည် စိတ်သဘောထားကြီးမားသည့်သူမဟုတ်သောကြောင့် ယခုတွင် မားကျန်းဟယ်ကို မခံချင်အောင် သွားခနဲ့‌တော့မည်ဖြစ်သည်။

စုန့်ယွီယန်က သူ၏အတွေးကို သတိထားမိသောကြောင့် ထွက်သွားသောပုံရိပ်ကိုကြည့်ကာ အတော်လေးပြောစရာစကားမဲ့နေသည်။

"ဌာနမှူးလည်း ဘယ်လောက်ပဲ အသက်ကြီးလာလာ ကလေးဆန်နေတုန်းပဲ။"

ထိုသို့ပြောပြီးနောက်တွင် ပြုံးရွှင်နေသောမျက်နှာလေးဖြင့် မာရှိဝေကို ကြည့်ကာ ပြောလိုက်သည်။

"ဝေဝေ မင်းရဲ့နာမည်အပြည့်အစုက ဘာလဲ။"

"မာရှိဝေ မနက်ခင်းအလင်းရဲ့ ရှိ လေပြေရဲ့ဝေ။ မာရှိဝေ"

မာရှိဝေက အတော်လေးအေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"လှသားပဲ။ ဌာနမှူးမာက နာမည်ရွေးတော်တာပဲ။"

ပြောရင်းဖြင့် စုန့်ယွီယန်သည် မာရှိဝေ၏လက်ကိုကိုင်ကာ ဘေးခန်းသို့ခေါ်သွားပြီး ပြောလိုက်သည်။

"အခုကစပြီး မင်းငါ့ကို ဇီချန်နဲ့ ဟန်ဟန်တို့လိုမျိုး ယန်ကျဲ( အစ်မယန်) လို့ ခေါ်လို့ရတယ်။"

"လာ ငါမင်းကို ဒီကပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားအောင် လိုက်ပြမယ်။ သွေးသန့်လူသားလမ်းစဉ်နဲ့ပက်သက်ပြီး သုတေသနလုပ်ထားတာတွေကိုလည်း ပြမယ်။ အဲ့လိုဆို မင်းလည်းနားလည်သွားလိမ့်မယ်။ ရက်ပိုင်းအတွင်းဆိုရင် သွေးသန့်စင်ခြင်းကျင့်စဉ်ကို သင်ပေးမယ်။"

"ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ် ယန်ကျဲ။"

"...."

ခေတ္တမျှစကားပြောပြီးနောက်တင် နှစ်ဦးသား သုတေသနတက္ကသိုလ်ကို ပတ်ကြည့်ကြသည်။ ၎င်းတို့ထွက်သွားသည်နှင့် ရှန်ချင်းဟန်က လင်းဇီချန်နားနာလေးသို့ကပ်၍ ပြောလိုက်သည်။

"နင်တွေ့လား။ စောနက ယန်ကျဲက ဝေဝေ့လက်ကို ကိုင်သွားတာလေ။ ယန်ကျဲရဲ့လိင်တိမ်းညွှတ်မှုက တစ်ခုခုတော့ တစ်ခုခုပဲလို့ ခံစားမိတယ်။

လင်းဇီချန်က ကိစ္စကြီးမဟုတ်ဟု ထင်သောကြောင့်

"သူက လှတဲ့ကောင်မလေးတွေနားကပ်ရတာ ကြိုက်တာ။ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုက မမှန်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ဇာတ်လမ်းတွဲထကမင်းသားတွေကို လိုက်ကြည့်နေသေးတယ်။"

"ယန်ကျဲက လိင်နှစ်မျိုးလုံးကို ကြိုက်တဲ့သူလို့ ထင်လား။"

ရှန်ချင်းဟန်က မေးလိုက်၏။

"အဲ့ဒါတော့ ငါလည်း သေချာမသိဘူး။"

....

မျက်စိတစ်မှိတ်အတွင်းတွင်ပင် လဝက်ခန့် ကုန်သွားသည်။ မနက်ပိုင်းတွင် မနက်စာစားပြီးနောက်၌ လင်းဇီချန်သည် လသာဆောင်၌ ရှန်ချင်းဟန်ဖြင့်အတူ ခန္ဓာကိုယ်သန့်စင်နေလေသည်။ မနက် (၁၁) နာရီထိုးခါနီးတွင် ဖြတ်ကျော်ခြင်း လုပ်နိုင်ခဲ့သည်။ လင်းဇီချန်၏ခန္ဓာကိုယ်သန့်စင်ခြင်းသည် လေးကြိမ်မှ ငါးကြိမ်အထိ ပြီးမြောက်သွားကာ အောင်မြင်စွာဖြင့် ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ တိတိကျကျဆိုရလျှင် သွေးသန့်စင်ခြင်းကျင့်စဉ်မှ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားခြင်းဖြစ်သည်။ သွေးသန့်စင်ခြင်း၏ပြီးပြည့်စုံခြင်းသည် ခန္ဓာကိုယ်၏ပြီးပြည့်စုံခြင်းဖြင့် မတူပေ။

"ဝူး..."

လင်းဇီချန်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ သက်ပြင်းချလိုက်သည်။ မျက်နှာထက်တွင်လည်း ကျေနပ်နေသောအရိပ်အယောင်က ထင်ရှားနေကာ ပြောလိုက်လေ၏။

"နောက်ဆုံးတော့ ခန္ဓာကိုယ်သန့်စင်ခြင်းငါးကြိမ်ပြီးမြောက်သွားပြီ။"

ထိုအချိန်တွင် ခန္ဓာကိုယ်တွင်းမှ ချီသွေးသည် အဆုံးမရှိအားကောင်းလာသည်ကို ခံစားမိကာ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူ အဆင့်မြင့်စတုတ္ထအဆင့်နှင့် ညီမျှသည်။ ယခင်က ကျိုးရွှယ်ဟုန်ကို သတ်နိုင်ရန် ခပ်လှမ်းလှမ်းမှ လက်သီးတစ်ချက်ဖြင့် ထိုးရန် လိုသေးသည်။ ယခုတွင်မူ လက်ပင် လှုပ်စရာမလိုတော့ပေ။ အတွေးဖြင့်ပင် ခန္ဓာကိုယ်တွင်းမှ ချီသွေးစွမ်းအားထုတ်လွှင့်၍ မြေကြီးပေါ်တွင် ဖိထားနိုင်မည်ဖြစ်သည်။

"မြန်လိုက်တာ။ သွေးသန့်စင်ခြင်းကျင့်စဉ် ပြီးပြည့်စုံဖို့ တစ်နှစ်တောင်မကြာလိုက်ဘူး။"

ရှန်ချင်းဟန်က မျက်လုံးဖွင့်ကာ လှပသောမျက်နှာလေးက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေပြီး ဆက်ပြောလိုက်သည်။

"ဌာနမှူးနဲ့ ယန်ကျဲသာသိရင် သူတို့တည်ရှိမှုကို သံသယဝင်တဲ့အထိ သေချာပေါက် အံ့ဩနေကြမှာ။"

လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။

"အဲ့နှစ်ယောက်က ငါ့ကြောင့် လန့်နေကြတာ ကြာပြီ။ ငါခန္ဓာကိုယ်သန့်စင်ခြင်းငါးကြိမ်ပြီးမြောက်သွားတာသိရင် အဲ့လောက် အံ့ဩနေတော့မယ်မထင်ဘူး။"

ရှန်ချင်းဟန်ကမူ အတော်လေးစိတ်လှုပ်ရှားနေသောအမူအရာဖြင့် ပြောလိုက်သည်။

"နင်ဆင့်ကဲပြောင်းလဲတာက မြန်လွန်းပါတယ်။ ငါတော့ ဒီတစ်သက် နင့်ကို မမှီတော့မဲ့အတိုင်းပဲ။"

လင်းဇီချန်က ပြန်တုံ့ပြန်လိုက်သည်။

"မင်းပြောတဲ့ပုံက မင်းက‌တော့ အရမ်းနှေးနေသလိုမျိုးပဲ။ မင်းက သွေးသန့်စင်ခြင်းကျင့်စဉ်ကို စကျင့်တာ မကြာသေးတာကိုတောင် ခန္ဓာကိုယ်သန့်စင်ခြင်းသုံးကြိမ် ပြီးနေပြီမလား။ မင်းကရော?"

ရှန်ချင်းဟန်သည် လွန်ခဲ့သောအပတ်ကပင် ခန္ဓာကိုယ်သန့်စင်ခြင်း သုံးကြိမ်ပြီးမြောက်ထားကာ အခြေခံနဝမအဆင့်သို့ တက်လှမ်းသွားပြီး ကောင်းကင်လူသားအဖွဲ့အစည်းမှ ကျန်သုံးယောက်ဖြင့် အဆင့်အတူတူပင် ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်းနှုန်းက ဒုံးပျံစီးနေသကဲ့သို့ မြန်လှသည်။ အားလုံးက မနာလိုဖြစ်နေကြပေသည်။

"ပြောတာတော့ လွယ်တာပေါ့။"

ရှန်ချင်းဟန်က ဆူပုတ်၍ ပြောလိုက်သည်။

"ခန္ဓာကိုယ်သန့်စင်ခြင်းဖြစ်စဉ်က အချိန်တိုအတွင်းကို ချဲ့ကားလွန်းနေပြီ။ အခြားသူတွေဆို ခန္ဓာကိုယ်တစ်ကြိမ်သန့်စင်ပြီးတာနဲ့ အခြေခံနဝမအဆင့်ရောက်တာ။ ငါကကျ သုံးခါလုပ်ပြီးမှ အဲ့အဆင့်ရောက်တာာလေ။ မယှဉ်နိုင်ပါဘူး။"

လင်းဇီချန်က သူမကို ပြောလိုက်၏။

"ဒါက မှားနေတဲ့စိတ်ထားပဲ။ အမြဲတမ်းအမြင့်မှန်းပြီး လက်တွေ့ကို အထင်မသေးသင့်ဘူး။ တစ်လှမ်းချင်းသွားဖို့လိုတယ်။ ဖြည်းဖြည်းနဲ့မှန်မှန်ပဲပေါ့။"

"ငါက အမြင့်မှန်းရတာ မကြိုက်ပါဘူး။"

ရှန်ချင်းဟန်သည် ပြောရင်းဖြင့်မတ်တတ်ရပ်ကာ လင်းဇီချန်ပေါင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး သိုင်းဖက်လိုက်ကာ မျက်လုံးလေးက ရွှန်းစိုသောအကြည့်မျိုးဖြင့် ကြည့်၍ ပြောလိုက်သည်။

"ငါ့ကိုယ်ငါ အခြားတစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်နေတာမဟုတ်ဘူးလေ။ နင်နဲ့နှိုင်းယှဉ်နေတာ။ ငါက နင့်ခြေလှမ်းကို အမြဲတမ်းစောင့်ကြည့်ချင်တာ။ ဘယ်တော့မှ နောက်ကျမကျန်ခဲ့ချင်ဘူး။"

ရှန်ချင်းဟန်၏စကားများကို ကြားသောအခါတွင် လင်းဇီချန်၏စိတ်ထဲ၌ သိမ်မွေ့မှုကို ခံစားလိုက်မိသည်။ သူမ၏နှုတ်ခမ်းလေးကို ညင်သာစွာနမ်းရှိုက်ကာ ပြောလိုက်လေ၏။

"ငါတို့က အမြဲအတူတူ ရှေ့ကို ချီတက်နေကြတာပဲ။ တစ်ယောက်က အခြားတစ်ယောက်ထက် နောက်ကျနေတယ်ဆိုတာမျိုးက မရှိဘူး။"

"အင်းပါ။ ငါတို့သေချာပေါက် လုပ်နိုင်မှာပါ။"

ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။

ပြောပြီးနောက်တွင် ရှန်ချင်းဟန်က လင်းဇီချန်ကို ငုံ့၍ နမ်းလိုက်ပြီး ဖက်ထားလိုက်သည်။ လင်းဇီချန်ကလည်း ပြန်နမ်းလို်ကကာ သူ၏လက်များက ရှန်ချင်းဟန်၏ခန္ဓာကိုယ်အနှံ့တွင် လျှောက်သွားနေပြီး သူမကို သိမ်မွေ့စွာ ညည်းနေစေလေသည်။

"တော်တော့ မဟုတ်ရင် ငါရှူးပေါက်ချမိဦးမယ်။"

"ဘာကို ကြောက်နေမှာလဲ။ ပေါက်ချလဲ ဘောင်းဘီလဲလို့ရတာပဲ။"

"အင်းး"

ညည်းသံက ပို၍ကျယ်လာပြီး နှစ်ဦးသား တင်းကျပ်စွာဖက်ထားကြကာ တစ်ခါတစ်ရံ ခေါင်းပေါ်ဖြတ်ပျံသွားကြသည့် စက်ပြုပြင်လူသားများနှင့် လူအချို့ကို ကြောက်သောကြောင့်ပင်ဖြစ်၏။

....

ညနေခင်းတွင်မူ နေ့လည်စာစားပြီးနောက်တွင် လင်းဇီချန်သည် ဖုန်းထဲမှ သတင်းများကို ကြည့်နေသည်။ မကြာခင်တွင်ပင် ကျောင်းအက်ပ်ကိုဖွင့်၍ ကျောင်းအမှတ်ဆိုင်ထဲကိုဝင်ကာ ဆန်းကြယ်သားရဲအသစ်များ ရမရကို စပ်စုနေလေ၏။ ကြည့်ပြီးနောက်တွင်မူ မည်သည့်အသားအသစ်ကိုမှ မတွေ့ပေ။ မှာနေကျဖြစ်သော ကြမ်းတမ်းလင်းယုန်ကြီးသား၊ မသေမျိုးပက်ကျိနှင့် အခြားသောအသားများသာ ရှိသည်။ အံ့ဩစရာမရှိပေ။

လင်းဇီချန်က အက်ပ်ထဲမှ ထွက်ရန် ပြင်လိုက်စဉ်တွင်ပင် စူးရှသောမျက်လုံးက ဆိုင်၏ရောင်းအားအကောင်းဆုံးပစ္စည်းများစာရင်းတွင်ပါသည့် ရှုထောင့်ကြွက်အသားကို ရောက်သွားသည်။ လွန်ခဲ့သောတစ်မိနစ်ကမှ စာရင်းထဲသို့ ရောက်လာခြင်းဖြစ်သည်။ ပေါင်တစ်ရာကျော်မျှ ရှိသေးလေ၏။

အခန်း (၃၄၂) - အတွင်းကြောမှတ်ပွင့်ပြီဂမ္ဘီရသစ်ပင်ဂိုဏ်းကလည်းရှန်ဟိုင်းကိုသိမ်းပြီ (၂)

သူသည် များများစားစားစဉ်းစားမနေဘဲ ချက်ချင်းပင် ရှုထောင့်ကြွက်သားကို မှာလိုက်ကာ တစ်ပေါင်ပင် ချန်မထားပေ။ အော်ဒါတင်ပြီးနောက်တွင် လင်းဇီချန်က ညည်းတွားလိုက်သည်။

"အရင်နှစ်ခေါက်တုန်းက လျှော့ဈေးမလို့ ဆယ်‌ပေါင်ပဲ မှာလိုက်ရတာ။ ဒါပေမဲ့ ခုတစ်ခေါက်တော့ များတယ်။ သူတို့တွေ ရှုထောင့်ကြွက်အသိုက်ကိုများ တွေ့လာကြလားပဲ။"

"ဘာကိုတွေ့တာလဲ။"

ဇာတ်ကားကြည့်နေသော ရှန်ချင်းဟန်က ၎င်း၏အသံကို ကြားသောအခါတွင် စပ်စုစွာဖြင့် မေးလိုက်သည်။ လင်းဇီချန်က ရှင်းပြလိုက်၏။

"မဟုတ်ပါဘူး။ စောနက ရုတ်တရက် ရှုထောင့်ကြွက်သားအများကြီးကို စာရင်းတင်ထားတာတွေ့လို့။ သူတို့များ ရှုထောင့်ကြွက်အသိုက်ကို တွေ့လာကြလားလို့ သိချင်မိတယ်။"

"‌ဪ သိပြီ။"

ထိုသို့ပြောပြီးနောက်တွင် ရှန်ချင်းဟန်သည် ခေါင်းငုံ့ကာ ဇာတ်ကားသာ ဆက်ကြည့်နေ၏။

.....

ညနေ လေးနာရီခွဲတွင်မူ....။

လွန်ခဲ့သောနာရီပိုင်းက အော်ဒါတင်ခဲ့သော ရှုထောင့်ကြွက်သားကို အခန်းသို့ လာပို့ပေးသည်။ စုစုပေါင်း (၁၀၄) ပေါင်ရှိသည်။ လင်းဇီချန်က အထုပ်ကို ဖွင့်ကြည့်ကာ (၁၅) ပေါင်ကို ရေခဲသေတ္တာထဲသို့ ထည့်ပြီး ကျန်သော (၈၉) ‌ပေါင်ကို တစ်ချက်တည်းဖြင့် မျိုချလိုက်သည်။

(သင်သည် ရှုထောင့်ကြွက်၏အသက်ဓာတ်ပမာဏများစွာကို ဝါးမျိုလိုက်ပါသည်။)

(ရှုထောင့်ကြွက်စွမ်းအား - ၁၀၀%)

ထိုစာသားပေါ်လာသောအခါတွင် ပုံရိပ်တစ်ခုကလည်း ဖြည်းဖြည်းချင်းပေါ်လာသည်။ ရှဉ့်နှင့်အတော်လေးတူသည့် သားရဲတစ်ကောင်ဖြစ်ကာ လက်တစ်ဖဝါးစာအရွယ်အစားသာ ရှိသည်။ ထိုအကောင်ကိုကြည့်သည်နှင့် ရှုထောင့်ကြွက်ဆိုသည်ကို သိလိုက်သည်။ ရှုထောင့်ကြွက်သည် အနီရောင်သစ်ပင်ပေါ်တွင် ထိုင်နေပြီး ပန်းသီးအရွယ်အစားရှိသည့်အသီးများကို တစ်လုံးပြီးတစ်လုံး ကောက်ယူနေသည်။

တစ် နှစ် သုံး ....

တစ်ဆယ် နှစ်ဆယ် သုံးဆယ် ....

တစ်ရာကျော် ...

ရှုထောင့်ကြွက်သည် ဆန်းကြယ်သစ်သီးများကို ပါးစပ်ထဲသို့ ထိုးထည့်ကာ မိနစ်ပိုင်းအတွင်းပင် တစ်ရာကျော် ထည့်လိုက်သည်။ ပါးစပ်သည် ဆန်းကြယ်သစ်သီးတစ်လုံးသာ ဆန့်သည်ဟု ထင်ရသော်လည်း အချိန်တိုအတွင်းတွင် များစွာဆန့်သည်။ အံ့ဩစရာကောင်းလွန်လှ၏။ ပါးစပ်ထဲတွင် အရာအားလုံးကို ဝါးမျိုနိုင်သည့် လေဟာနယ်တွင်းရှိနေသည့်ပုံပေါ်သည်။ မကြာခင်တွင်ပင် လေဟာနယ်ထဲမှ ပုံရိပ်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ ထိုနေရာတွင်ပင် စာတန်းနှစ်ခု ပေါ်လာသည်။

(သင်သည် ရှုထောင့်ကြွက်စွမ်းအားကို ဖွင့်နိုင်ခဲ့ကာ သိုလှောင်ခန်းလေဟာနယ်သွေးမျိုးဆက်စွမ်းအားကို ရရှိပါသည်။)

(သိုလှောင်ခန်းလေဟာနယ်စွမ်းအား - သင်၏အသိစိတ်ပင်လယ်အတွင်းတွင် သိုလှောင်ခန်းလေဟာနယ်တစ်ခုကို ဖုံးကွယ်ထားသည်။ အတွေးတစ်ချက်ဖြင့် အထဲတွင် ပစ္စည်းများ သိုလှောင်နိုင်သကဲ့သို့ ပြန်လည်းထုတ်ယူနိုင်သည်။)

'မဆိုးဘူးပဲ။ ရှုထောင့်ကြွက်စွမ်းအားနဲ့ဆိုရင် သိုလှောင်နိုင်တဲ့စွမ်းအားမျိုး ရသွားပြီ။ ပစ္စည်းတွေကို သိုလှောင်နိုင်ရင် စုပြုံပြီးယူသွားစရာလည်းမလိုတော့ဘူး။ အတွေးတစ်ခုထဲနဲ့ အသိစိတ်ပင်လယ်ထဲမှာ ပစ္စည်းတွေကို ဖွက်ထားလို့ရပြီ။'

လင်းဇီချန်သည် ထိုသို့စဉ်းစားမိသဖြင့် အတွေးဖြင့် အသိစိတ်ပင်လယ်ထဲမှ သိုလှောင်ခန်းလေဟာနယ်ထဲသို့ ဝင်သွားကြည့်သည်။ နေရာက ကျယ်သည်။ အရွယ်အစားအားဖြင့် တစ်ဆယ်စတုရန်းမီတာခန့်ရှိသည်။ အထဲတွင် ပရိ‌ဘောဂအချို့ပင် ဆံ့လေသည်။ လင်းဇီချန်က ဘေးဘီသို့ကြည့်ကာ သိုလှောင်နိုင်စွမ်းနှင့် ပြန်ထုတ်နိုင်စွမ်းကို စမ်းကြည့်သည်။ အတွေးတစ်ချက်ဖြင့် ဖုန်းကို ထိုထဲတွင် သိမ်းလိုက်ပြီးနောက်တစ်ခါ တွေးလိုက်လျှင်ပြန်ထုတ်ယူနိုင်သည်။လုပ်ငန်းစဉ်သည် လွန်စွာချောမွေ့ကာ ရပ်နေခြင်း၊ မသက်မသာဖြစ်ခြင်းမျိုး မဖြစ်ပေ။ ‌

နောက်နာရီဝက်ကြာသောအခါတွင် လင်းဇီချန်သည် အခန်းထဲမှ မြင်သမျှပစ္စည်းကို ယူပြီး တစ်ခါတည်းဖြင့် သိမ်းကာ ပြန်ထုတ်ကြည့်သည်။ ဖြစ်စဉ်တစ်ခုလုံးသည် ချောမွေ့နေကာ အဆင်ပြေလှသည်။ တစ်ခုတည်းသောအားနည်းချက်က မရွေ့လျားနိုင်သောပစ္စည်းများကိုသာ စုဆောင်း၍ရကာ သက်ရှိများကို သိမ်း၍မရပေ။ ခြင်များကို ထည့်ကြည့်သော်လည်း နေရာတွင်ပင် တန်းသေသွားကြကာ အကြာကြီးအသက်မရှင်လိုက်ပေ။ ခြင်များကို ထည့်လိုက်သည်နှင့် ဝိညာဉ်စွမ်းအားသုံးခြင်းက များသောကြောင့် အနည်းငယ်မျှပင် ခေါင်းမူးသွားသည်။

'ဒီဆိုရင် ရန်သူကိုလည်း ခေါ်ပြီး ဒီထဲကို ထည့်ထားလို့ရတာပဲ။ အဲ့ဒါဆိုရင် တန်းသေသွားမှာမဟုတ်လား။'

လင်းဇီချန်သည် ထိုအကြံကို ရုတ်တရက်တွေးမိလိုက်သည်။ သို့သော်လည်း စိတ်ကူးယဉ်ဆန်လှသောအကြံကို အမြန်ပင် ဖျက်ပစ်လိုက်ရသည်။ ခြင်တစ်ကောင်လောက်ထည့်သည်ကိုပင် ဝိညာဉ်စွမ်းအား များစွာကုန်ကျနေကာ ခေါင်းမူးစေလှသည်။ ရန်သူကိုသာ ဖမ်း၍ ထည့်လိုက်ပါလျှင် ရန်သူမသေခင်တွင်ပင် မိမိသည် ဝိညာဉ်စွမ်းအားကုန်ခမ်း၍ အရင်သေသွားပေလိမ့်မည်။

"လင်းဇီ ညစာဘာစားမလဲ။ ချက်ပေးမယ်လေ။"

ရှန်ချင်းဟန်က လသာဆောင်မှရောက်လာပြီး ပြောလိုက်သည်။ သူမသည် လသာဆောင်တွင် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံနေကာ စတုတ္ထအကြိမ်ပြီးမြောက်ရန် ကြိုးပမ်းနေ၏။ သူမသည် ဘောင်းဘီလေးဝတ်ထားကာ လင်းဇီချန်က ရုတ်တရက်စချင်သွားပြီး သူ့ဘေးကခုံကို ပုတ်ပြ၍ ပြောလိုက်သည်။

"ဒီကိုလာခဲ့။ ငါ့ဘေးမှာလာထိုင်။ ငါမင်းကို မျက်လှည့်ပြမယ်။"

"ဘာမျက်လှည့်လဲ။"

ရှန်ချင်းဟန်က ဘေးတွင် ဝင်ထိုင်လိုက်ပြီး မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

"ပစ္စည်းတစ်ခုခုကို လေထဲတင် ပျောက်သွားအောင် လုပ်ပြမယ်။"

"တကယ်လား။ အဲ့လိုအံ့ဩဖို့ကောင်းတဲ့ဟာမျိုး လုပ်တတ်လို့လား။"

"ဒါပေါ့။ အခုချက်ချင်းမင်းကို ပြမယ်။"

"မြန်မြန် မျက်လှည့်ပြတော့။"

သူမသည် လင်းဇီချန်ကို စူးစိုက်ကြည့်နေကာ တစ်ချက်ကလေးမှ အလွတ်မခံပေ။ လင်းဇီချန်က လေထဲတွင်ပျောက်အောင်လုပ်နိုင်သည်ကို မယုံပေ။ အာရုံစိုက်ကြည့်ကာ ဟာကွက်ကို လိုက်ရှာရမည်။

"အခုစတော့မယ်နော်။"

"လုပ်ပါ။"

"မျက်တောင်မခတ်မိစေနဲ့နော်။"

လင်းဇီချန်သည် ပြောရင်းဖြင့် ရှန်ချင်းဟန်၏ပေါင်ပေါ်တွင် လက်တင်လိုက်ပြီး ဖြည်းဖြည်းချင်း အထက်သို့တက်သွားကာ စကတ်အောက်သို့ လျှိုလိုက်သည်။ လင်းဇီချန်က စကတ်အောက်မှလက်ကို အာရုံမစိုက်ပေ။ မျက်လုံးအကြည့်တို့က လင်းဇီချန်၏အခြားလက်တွင်သာ ရှိသည်။ သူမ၏ပုံက အတော်လေးနုံအပုံပေါ်သော်လည်း တုံးလွန်းပေသည်။ လင်းဇီချန်က သူမစကတ်အောက်သို့လက်ထည့်ကာ အာရုံပြောင်းအောင်လုပ်နေသည်ဟု ထင်လိုက်မိသည်။ ထိုသို့လှည့်ကွက်မျိုးဖြင့် အရူးလုပ်မခံနိုင်ပေ။

စက္ကန့်ပိုင်းမျှ ကြာပြီးနောက်တွင် လင်းဇီချန်သည် လက်ကို စကတ်အောက်မှ ပြန်ထုတ်လိုက်ပြီး ပြုံး၍ ပြောလိုက်လေသည်။

"ဒါ...ဒါ... မျက်လှည့်ပြီးပြီ။"

"ဘာကိုပြီးတာလဲ။"

ရှန်ချင်းဟန်သည် အတော်လေးတွေဝေနေကာ မေးလိုက်မိသည်။

"ဘာပြောင်းသွားလို့လဲ။ ငါတော့ ဘာမှမတွေ့ဘူး။"

လင်းဇီချန်က ပြန်ပြောလိုက်၏။

"တစ်နေရာရာကနေ အေးနေတာကို မခံစားမိဘူးလား။"

"အေးနေတာ?"

သူမသည် မျက်မှောင်လေးအသာကြုတ်ကာ မိမိ၏ခန္ဓာကိုယ်ကို အာရုံစိုက်ကြည့်သည်။ ရုတ်တရက်ပင် အောက်မှအေးနေသည်ကို ခံစားမိကာ မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

"အမ် ငါ့အတွင်းခံ ဘယ်ရောက်သွားတာလဲ။"

ပြောပြီးသည်နှင့် နေရာအနှံ့လိုက်ရှာကြည့်သော်လည်း မတွေ့ပေ။ ဆိုဖာ။ စားပွဲအောက်နှင့် လင်းဇီချန်၏ခန္ဓာကိုယ်ပေါ်တွင်ပင် ရှာကြည့်သော်လည်း အတွင်းခံ၏အရိပ်အယောင်ကိုမှ မမြင်ရပေ။ တုန်လှုပ်စွာဖြင့် လင်းဇီချန်ကို ကြည့်၍ မေးလိုက်သည်။

"နင်ဘယ်လိုလုပ် ငါ့အတွင်းခံကို အစအနမရှိ ပျောက်အောင် လုပ်လိုက်တာလဲ။ ဘယ်လိုလုပ်လိုက်တာလဲ။"

"နင်ခန့်မှန်းကြည့်လေ။"

"ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ။ အဖြကိုသာ ပြောစမ်းပါ။"

ရှန်ချင်းဟန်သည် လင်းဇီချန်၏လက်မောင်းကိုဖက်ကာ ပူဆာနေသည်။ သူမ၏ ချွဲနွဲ့သောအသံကို ခံနိုင်ရည်မရှိသောကြောင့် မျက်လှည့်၏လျို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်။ မျက်လှည့်'၏နည်းလမ်းက ရိုးရှင်းသည်။ အတွင်းခံကိုထိကာ သိုလှောင်ခန်းလေဟာနယ်ထဲသို့ ထည့်လိုက်ခြင်းပင် ဖြစ်၏။

လင်းဇီချန်တွင် တစ်ဆယ်စတုရန်းမီတာရှိသည့် သိုလှောင်ခန်းရှိသည်ကို သိသည်နှင့် သူမသည် လုံးဝအံ့ဩသွားရသည်။ ထို့နောက်တွင် မနာလိုစွာဖြင့် ပြောလိုက်၏။

"ငါလည်း အဲ့လောက်ကြီးတဲ့ သိုလှောင်ခန်းလေဟာနယ်မျိုး လိုချင်လိုက်တာ။ အဲ့လိုဆို အပြင်သွားရင် အိတ်တွေသယ်စရာမလိုတော့ဘူး။ ပစ္စည်းတွေအကုန်လုံးထည့်သွားလို့ရပြီ။"

လင်းဇီချန်က ယူထားသောအတွင်းခံကို ပြန်ထုတ်ပေးပြီး ပြောလိုက်သည်။

"ဘာကို အားကျနေတာလဲ။ငါ့ဟာက နင့်ဟာပဲလေ။ နင့်ဟာကလဲ ငါ့ဟာပဲ။ နင်သုံးချင်တဲ့အခါတိုင်း သုံးလို့ရတာပဲ။"

"ပြောတာတော့ လွယ်တာပေါ့။ ဒါပေမဲ့ နင်နဲ့ငါ အတူတူမရှိတဲ့အချိန်ဆိုရင် နင့်ရဲ့ သိုလှောင်ခန်းလေဟာနယ်ကို သုံးလို့မရဘူးလေ။"

သူမက ပြန်ပြောလိုက်သည်။

လင်းဇီချန်က သူမ၏ပါးလေးကို ဖျစ်ညှစ်ကာ သိမ်မွေ့စွာပြုံး၍ ပြောလိုက်သည်။

"စိတ်ပူစရာမရှိဘူး။ အခုကစပြီး ငါဘယ်သွားသွား နင့်ကိုပါ ခေါ်သွားမယ်။ အဲ့လိုဆိုရင် မင်းက အမြဲတမ်း ငါ့ရဲ့သိုလှောင်ခန်းလေဟာနယ်ကို သုံးလို့ရပြီ။"

"အဲ့လိုဆို ရှင်းပြီနော်။ အခုကစပြီး ငါ့ကို တစ်ယောက်တည်းထားခွင့်မပြုတော့ဘူး။ နင်သွားမဲ့နေရာကို ငါသွားမယ်။"

သူမက ပြောလိုက်လေသည်။

"ငါမွေးလာတဲ့နေ့ကစပြီး နင့်နားကို အမြဲလိုက်ကပ်နေခဲ့တာ။ နောင်ကျရင်လည်း အဲ့ကိစ္စက ပြောင်လဲသွားမှာမဟုတ်ဘူး။"

"...."

ထိုသို့ဖြင့် နှစ်ဦးသား ခုံပေါ်တွင်ထိုင်ကာ ခေတ္တမျှစကားပြောဆိုနေကြသည်။ မကြာခင်တွင်ပင် ရှန်ချင်းဟန်သည် တိုလီမုတ်စများထွက်ဝယ်ကာ လင်းဇီချန်အတွက် ညစာပြင်ပေးသည်။ လင်းဇီချန်က သူမနှင့်လိုက်မသွားပေ။ ထို့အစား အိမ်တွင်သာနေကာ အတွင်းကြောအမှတ်များကို ဖွင့်နေသည်။ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်တွင် ဖွင့်ရန် ပိုခက်လာသည်ကို တွေ့လာရသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းငါးကြိမ်ပြီးမြောက်ထားသောကြောင့်ပင် ဖြစ်၏။ ခန္ဓာကိုယ်က တစ်ကြိမ်သန့်စင်ပြီးသည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်အားကလည်း ပိုသန်မာလာပြီး အတွင်းကြောမှတ်များက ပိုတည်ငြိမ်လာသဖြင့် ဖွင့်ရန် ပိုခက်လာသည်။ သို့သော်လည်း လင်းဇီချန်က စိတ်မပူပေ။ အတွင်းကြောအမှတ်က လျော့ရဲလာပြီဖြစ်သည်။ ယခုတွင် အနည်းငယ်တည်ငြိမ်နေသော်လည်း မကြာခင်တွင် ချိုးဖျက်ခြင်းကို တားဆီး၍မရနိုင်ပေ။ နောက်ရက်ပိုင်းအတွင်းပင် လုပ်နိုင်လိမ့်မည်ဟု တွက်ဆထားပေ၏။

....

ထိုအချိန် မူလမြေ၏ ဧရာမတောအုပ်ရှေးဟောင်းရဲတိုက်ကြီးတစ်ခုထဲတွင်မူ....။

ငါးမီတာခန့်ရှသည့် မျက်လုံးသုံးလုံးဘီလူးက ပြောလိုက်သည်။

"ဂိုဏ်းခေါင်းဆောင် လင်းဇီချန်က ဟိုတလောက အရှိန်ကောင်းကောင်းရထားတယ်ကြားတယ်။ လူတော်တော်များများကလည်း ခုဆို သွေးသန့်လူသားလမ်းစဉ်ကို လေ့လာနေကြပြီတဲ့...ဘလာ..ဘလာ...ဘလာ...."

ကလိုဗာရွက်ငါးရွက်ပုံပါသည့် မျက်နှာဖုံးတပ်ထားသောသူက ပြန်ပြောလိုက်သည်။

"အရေးမကြီးဘူး။ သွေးသန့်လူသားလမ်းစဉ်က ခန္ဓာကိုယ်ပါရမီအတွက်ပဲ တောင်းဆိုချက်မြင့်တာ။ လင်းဇီချန်ဖြစ်ဖြစ် စုန့်ယွီယန်ဖြစ်ဖြစ် လျို့ချွမ်ဝူဖြစ်ဖြစ် သူတို့ပါရမီက ခြွင်းချက်ရှိတယ်။ ကြီးကြီးမားမားတိုးတက်အောင်လုပ်ဖို့ဆိုတာ မလွယ်ဘူး။ အဲ့ဒါကြောင့် ငါတို့အစီအစဉ်ကို သက်ရောက်မှုရှိမှာမဟုတ်ဘူး။ ငါတို့က သွေးမျိုးဆက်လမ်းစဉ်ကိုပဲ ဆက်ပြီးသုတေသနလုပ်ဖို့လိုတာ။ ဆင့်ကဲပြောင်းလဲခြင်းအဆင့်က နိမ့်လေ လူတွေကို သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူဖြစ်အောင် ပိုပြီးလုပ်ရလေပဲ။"

မျက်လုံးသုံးလုံးဘီလူးက ပြောလိုက်သည်။

"ကမ္ဘာပေါ်မှာတော့ အကြီးအကဲက ပြင်ဆင်ထားလို့ ရှန်ဟိုင်းမြို့ကို အချိန်မရွေးဝင်တိုက်ခိုက်လို့ရပြီ။"

ကျန်လူက အမိန့်ပေးလိုက်သည်။

မူလမြေမှာ တပ်စွဲထားတဲ့ကျိုကျုံးကို ပြန်တိုက်ခိုက်ဖို့ ချက်ချင်းပြင်ထားလိုက်။ အကြီးအကဲနဲ့အတူ ရှန်ဟိုင်းမြို့ကို သိမ်းကြမယ်။"

All Chapters