← Chapters

အဖြေ

Vol. 44 Ch. 656

အဖြေ

Vol. 44 Ch. 656

ကျောက်မုန့်ရွှယ်သည်ဘာမှဖုံးကွယ်မနေတော့ပဲ ကျိုးဟောင်အား အသုံးပြုပုံကိုပြောပြလိုက်သည်။ ထို့နောက်ကျိုးဟောင်လည်း ဖွင့်ကြည့်လိုက်လေသည်။

သူသည်ယာဉ်ပျံပေါ်တွင် စွမ်းအင်ကျောက်တုံးကို သိမ်းထားသောကြောင့်တခုခုမှားယွင်းသွားမည်ကိုစိုးရိမ်နေလေသည်။ သို့သော် ထိုစက်ပစ္စည်းက လုံနတ်ဘုရားစစ်ယာဉ်ပျံပေါ်ရှိ စွမ်းအင်ကျောက်တုံးကိုအာရုံမခံနိုင်သောကြောင့် ကျိုးဟောင်သက်ပြင်းချလိုက်မိသည်။ တကယ်လို့အာရုံခံနိုင်ပါက စွမ်းအင်ကျောက်တုံးသူ့ဆီတွင်ရှိနေသည်ကို အမှောင်နတ်ဘုရားအဖွဲ့ကသိရှိသွားနိုင်လေသည်။

"ငှက်မွှေးတစ်ထောင်ချပ်၀တ် ဒီပစ္စည်းကိုတချက်‌ ခွဲခြမ်းစိတ်ဖြာကြည့်ပြီး ထောက်လှမ်းနိုင်စွမ်းကိုဘယ်လိုတားဆီးရမလဲ စစ်ပေးပါ"

ကျိုးဟောင်က ထိုပစ္စည်းအား ငှက်မွှေးတစ်ထောင်ချပ်၀တ်ထံပေးပြီး ချက်ချင်းစစ်ဆေးခိုင်းလိုက်လေသည်။

"သခင့်ထံသတင်းပေးပို့ပါရစေ ကျွန်တော်တို့အာကာသယာဉ်ပျံမှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သတ္တုတွေက အထဲမှာရှိနေတဲ့ အရှိန်အဝါတွေအားလုံးကိုဖုံးကွယ်နိုင်စွမ်းရှိပါတယ်။ ဒီစက်ပစ္စည်းရဲ့လုပ်နိုင်စွမ်းကအရမ်းမမြင့်တာကြောင့် ကျွန်တော်တို့ယာဉ်ပျံကထွက်နေတဲ့ အရှိန်အဝါအနည်းငယ်ကိုတောင် ဖမ်းယူနိုင်မှာမဟုတ်ပါဘူး"

ထိုစကားကိုကြားမှသာ ကျိုးဟောင်တယောက်စိတ်အေးသွားရလေသည်။

"မင်းရဲ့အာကာသယာဉ်က အရာရာကိုစေခိုင်းလို့ရတာ တကယ်အထင်ကြီးစရာပဲ။"

ကျိယောင်ယွဲ့ကအံ့ဩတကြီးပြောလိုက်လေသည်။

ကျိုးဟောင်ကပြုံးပြသည်။ ဒီစစ်ယာဉ်ပျံသည်လုံနတ်ဘုရားမျိုးနွယ်၏အဖိုးတန်သောရတနာတခုဖြစ်ပေသည်။ ၎င်းတွင် လုံနတ်ဘုရားမျိုးနွယ်၏တုနှိုင်းမရသောအမွေအနှစ်များပါ၀င်နေပြီး အရမ်းစွမ်းအားကြီးပေသည်။

ကျောက်မုန့်ရွှယ်အားတခြားနေရာသို့ပို့လိုက်ပြီး ကျိုးဟောင်နှင့် ကျိယောင်ယွဲ့မှာ ကျိုးရိထုံအား စတင်မေးမြန်းလေသည်။ ကျိုးရိထုံမှာဘာမှမဖုံးကွယ်ထားရဲပဲ ကျောက်မုန့်ရွှယ်ပြောသည့်အတိုင်း ထပ်တူပြောပြလေသည်။

သူတို့နှစ်ယောက်လုံး၏စကားများမှာ တူညီနေသောကြောင့် ကျိုးဟောင်တို့လည်း ထိုစကားများကိုအမှန်ဖြစ်နိုင်ကြောင်းကောက်ချက်ချလိုက်ကြသည်။

"စီနီယာကျိ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ"

ကျိုးဟောင်လည်း မေးလိုက်မိသည်။

"ဟူးး ငါ့အတွက်တော့ခေါင်းကိုက်စရာပဲ။ အခုသူတို့နှစ်ယောက်ကို ထောင်ထဲထည့်ထားလို့မရသေးဘူး။ မဟုတ်ရင် ငါတို့လုပ်ထားတဲ့အကြောင်းအရာတွေအကုန်ဖော်ထုတ်ပြီးသားဖြစ်သွားလိမ့်မယ်။ မင်းရဲ့ အာကာသယာဉ်ထဲမှာပဲ သူတို့ကိုထားမယ်ဆိုရင်ကောဘယ်လိုလဲ။ ပြီးတော့ မင်းမှာလည်း နေရာကျယ်ကျယ်၀န်း၀န်းရှိတယ်လေ"

ကျိယောင်ယွဲ့တယောက်ခေါင်းကိုက်နေရလေသည်။ သူမပေးထားသောကတိအရ ထို၂ယောက်အားသတ်လို့လည်းမရပေ။ ဒါ့အပြင် ကျိယောင်ယွဲ့မှာ စွမ်းအင်ကျောက်တုံးအကြောင်းဘယ်သူ့ကိုမှမသိစေချင်ပေ။ ထို့ကြောင့် ဒီကိစ္စအား ကျိုးဟောင်ထံသို့လွှဲထားဖို့သာဆုံးဖြတ်လိုက်လေသည်။

"သေချာတာပေါ့"

ကျိုးဟောင်လည်းခေါင်းညိတ်‌ပြလိုက်လေသည်။ သူတို့နှစ်ယောက်မှာ ရွေးချယ်စရာများများစားစားမရှိပေ။

ထို့နောက်ကျိုးဟောင်မှာ ထို၂ယောက်အား ချိပ်ပိတ်ထားသည့်နေရာသို့ခေါ်သွားပြီး သူတို့၏ကျင့်ကြံရေးများကိုပိတ်ထားလိုက်လေသည်။

"ဒုတိယမြောက် ကျောက်တိုင်ကိုရောငါတို့ဘယ်လိုလုပ်ကြမလဲ။ အခုသုံးခဲ့တဲ့နည်းလမ်းအတိုင်းပဲထပ်လုပ်ကြမလား"

ကျိယောင်ယွဲ့ကမေးလာလေသည်။ သူမသည်ထိုကျောက်တိုင်များတတ်နိုင်သလောက်မြန်မြန်ဖြေရှင်းချင်နေလေသည်။

ဒါ့အပြင် မျိုးနွယ်ခြားများနှင့် အမှောင်နတ်ဘုရားအဖွဲ့ကပါထိုအရာများကိုပစ်မှတ်ထားနေသောကြောင့် သူမအနေဖြင့်ကိစ္စများကိုမြန်မြန်ရှင်းချင်နေလေသည်။

"ပထမကျောက်တိုင်သုံးမရတော့တာကို ကျွန်တော်တို့လူသားတွေထက် မျိုးနွယ်ခြားတွေနဲ့ အမှောင်နတ်ဘုရားအဖွဲ့ကအရင်သိသွားမှာပဲ။ အဲ့အချိန်ကြရင် သတို့အနေနဲ့ ဒုတိယနဲ့တတိယကျောက်တိုင်တွေကိုရယူနိုင်ဖို့အပြင်းအထန်ကြိုးစားလာမှာကိုစိုးရိမ်မိတယ်"

"ဒါ့ကြောင့်ကျောက်တိုင်တွေကိုမြန်မြန်ဖြေရှင်းနိုင်ဖို့ကပထမဆုံးဦးစားပေးဆိုပေမဲ့ အရင်သုံးခဲ့တဲ့နည်းလမ်းကိုပဲပြန်သုံးရင် မလိုလားအပ်တဲ့သံသယတွေမြင့်တက်လာနိုင်တယ်"

ကျိုးဟောင်ကမျက်မှောင်ကြုတ်ပြီးပြောလာလေသည်။ကျိယောင်ယွဲ့လည်းကျိုးဟောင်၏အတွေးကိုထောက်ခံ‌လေသည်။

"ဒါဆို အရင်နည်းလမ်းမဟုတ်ဘဲ တခြားသုံးလို့ရမယ့်နည်းလမ်းရော ငါတို့မှာရှိလား"

ကျိယောင်ယွဲ့ကချက်ချင်းမေးလာလေသည်။

ကျိုးဟောင်ကခဏလောက်စဉ်းစားလိုက်ပြီးနောက်အ‌ကြံတခုရလာလေသည်။

"အကြံရပြီ"

ထိုစကားကိုကြားသောအခါ ကျိယောင်ယွဲ့လည်းစိတ်လှုပ်ရှားသွားပြီးချက်ချင်းမေးလိုက်လေသည်။

"ဘာလဲ ဘာလဲ"

"ဒီနည်းလမ်းကစီနီယာကျိအနေနဲ့ သဘောတူပူးပေါင်းပေးဖို့လိုတယ်"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

"ဒါပေါ့ငါပူးပေါင်းပေးမှာပါ။ ကဲနည်းလမ်းကဘာလဲ"

ကျိယောင်ယွဲ့ကအလျင်အမြန်သိချင်နေလေသည်။

"အဲ့တာကအရမ်းရိုးရှင်းပါတယ်။ စီနီယာကျိအနေနဲ့ ကျောက်တိုင်တွေကိုစောင့်ကြပ်နေတဲ့ ပညာရှင်တွေကိုကျွန်းပေါ်ကခဏလောက်ဖယ်ထုတ်ပေးပါ။ ကောင်းကင်ဘုံအဆင့်ပညာရှင်တချိုလောက်သာထားခဲ့ရမယ်။ အဲ့အချိန်ကျရင် ကျောက်တုံးကိုလုယူမယ့် သန္ဓေပြောင်းသားရဲတွေကို ကျွန်တော်လွှတ်လိုက်မယ်။ သူတို့နဲ့ကောင်းကင်ဘုံအဆင့်ပညာရှင်တွေတွေ့ပြီး တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တိတ်တဆိတ်၀င်ပြီးခိုးယူလိုက်မယ်"

ကျိုးဟောင်၏စကားကိုကြားသောအခါ ကျိယောင်ယွဲ့တယောက်မျက်မှောင်ကြုတ်လိုက်မိသည်။

"အဲ့တာကအလုပ်ဖြစ်ပါ့မလား တကယ်လို့သားရဲတွေက ကျောက်တိုင်ဆီရောက်သွားခဲ့ကောဘယ်လိုလုပ်မလဲ"

ကျိယောင်ယွဲ့ကနားမလည်နိုင်ဖြစ်နေလေသည်။

"စီနီယာကျိသဘောမပေါက်ဘူးပဲ။ ကျွန်တော့်အမိန့်ကိုနာခံမယ့် သန္ဓေပြောင်းသားရဲတွေကိုပဲ လွှတ်မှာပါ"

ကျိုးဟောင်ထပ်ပြောလိုက်သောစကားကြောင့် ကျိယောင်ယွဲ့တယောက်မှင်တက်သွားလေသည်။

"မင်းအမိန့်ကိုနာခံမယ့်သားရဲတွေဟုတ်လား...... မင်းသူတို့နာခံလာအောင်ဘယ်လိုလုပ်မှာလဲ ။ အဲ့လိုလုပ်နိုင်ရင်တောင်မှ မင်းစကားကိုနားထောင်မယ့်မျိုးနွယ်ခြားတွေကရှိပါ့မလား"

ကျိယောင်ယွဲ့ကအနည်းငယ်စိတ်ပူနေလေသည်။

"ရှိပါတယ် ကျွန်တော့်မှာသန္ဓေပြောင်းသားရဲတွေကိုထိန်းချုပ်နိုင်တဲ့ နတ်ဘုရားရတနာပစ္စည်းတမျိုးရှိတယ်။ ၁၂ခုမြောက်အက်ကွဲကြောင်းက ပေတရာတီကောင်နဲ့ သံမဏိအရိုး၀က်ဝံတို့ကကျွန်တော့်အမိန့်ကိုနာခံကြတယ်။ သူတို့ကိုခေါ်ပြီးခဏလောက်ပညာရှင်တွေကိုအချိန်ဆွဲထားလို့ရတယ်။ ဒါပေမဲ့ သူတို့ကလူသားပညာရှင်တွေကိုမသတ်ပါဘူး။"

ထိုစကားကိုကြားသောအခါ ကျိယောင်ယွဲ့မှာတုန်လှုပ်သွားလေသည်။

"ဒါဆို ပေတရာတီကောင်နဲ့ သံမဏိအရိုး၀က်ဝံ‌တို့ကမင်းအမိန့်ကိုနာခံကြရတာပေါ့။ ဒါ့ကြောင့် ၁၂ခုမြောက်အက်ကွဲကြောင်းကတချိန်လုံးငြိမ်သက်နေတာကိုး။ "

ကျိယောင်ယွဲ့ကပြုံးပြီးပြောလိုက်သည်။

"ကောင်းပြီလေ ဒီလိုဆိုလွယ်ကူသွားတာပေါ့။ လူအနည်းငယ်လောက်ကျွန်းကထွက်သွားအောင်ငါလုပ်ပေးမယ်။ အဲ့အချိန်ကျမင်းက၀င်‌တိုက်ပေါ့"

ကျိယောင်ယွဲ့ကပြောပြီး ထိုကိစ္စကိုသဘောတူခဲ့လေသည်။

ကျိုးဟောင်လည်း အချိန်ဆွဲမနေဘဲ ၁၂ခုမြောက်အက်ကွဲကြောင်းဆီသွားပြီး သံမဏိအရိုး၀က်ဝံနှင့် ပေတရာတီကောင်တို့ကိုခေါ်လိုက်လေသည်။

ပေတရာတီကောင်မှာ သားရဲထိန်းချုပ်ကွင်းစွပ်ပြီးကတည်းကကျိုးဟောင်၏စကားကိုတသွေမတိမ်းလိုက်နာသော်လည်း သံမဏိအရိုး၀က်ဝံမှာ သစ္စာခံတတ်သူမဟုတ်ပေ။ သို့သော်၎င်းမှာ ကျိုးဟောင်အားအမြဲကူညီလိုစိတ်တော့ရှိပေသည်။

ကျိုးဟောင်မှာ အချိန်ဆွဲမနေဘဲသူ့အစီအစဉ်ကိုပြောပြလိုက်လေသည်။ ပေတရာတီကောင်မှာ ခြွင်းချက်မရှိသူ့စကားအားနာခံသော်လည်း သံမဏိအရိုး၀က်ဝံကတော့အနည်းငယ်တုံ့ဆိုင်းနေလေသည်။

"အမ်....အစ်ကိုကြီး ဒါကအန္တရာယ်မများဘူးလား။ တကယ်လို့လူသားတွေကမတော်တဆကျွန်တော့်ကိုသတ်နိုင်ခဲ့ရင်ဘယ်လိုလုပ်မလဲ။ ဒါဆိုကျွန်တော်ကြီးကြီးမားမားဆုံးရှုံးသွားမှာလေ"

သံမဏိအရိုး၀က်ဝံမှာတကယ့်ကိုသတ္တိကြောင်ပြီး တကိုယ်ကောင်းဆန်သူဖြစ်လေသည်။၎င်းထိုကဲ့သို့ပြောလာမည်ကိုလည်းကျိုးဟောင်ကကြိုတွေးထားသောကြောင့်သိပ်တော့မအံ့ဩတော့ပေ။

"စိတ်မပူပါနဲ့ လူသားပညာရှင်အတော်များများက အဲ့နေရာကနေဆုတ်ခွာသွားမယ့်အချိန်ကြမှ မင်းတို့ကိုတိုက်ခိုင်းမှာပါ။ ပြီးတော့ မင်းကိုငါကသတ်ချင်တယ်ထင်နေတာလား။ တကယ်လို့ငါသာသတ်ချင်ရင် လူသားပညာရှင်တွေနဲ့အချိန်ကုန်ခံမနေဘဲ ပေတရာတီကောင်ကို စေခိုင်းပြီး မင်းကိုသတ်ခိုင်းမှာပေါ့"

ကျိုးဟောင်ကရှင်းပြလိုက်သည်။ သံမဏိအရိုး၀က်ဝံမှာ ဉာဏ်ပြေးပြီး ကျိုးဟောင်ဆိုလိုသည်ကိုသဘောပေါက်သော်လည်း အနည်းငယ်တုံ့ဆိုင်းနေသေးလေသည်။

"မင်းမှာ စွမ်းအင်ဘားတွေပြတ်လပ်နေပြီမှတ်လား။ ကဲဒီတိုက်ပွဲပြီးရင် မင်းကိုငါ စွမ်းအင်ဘား၁ထောင်ပေးမယ်။ ဘယ်လိုသဘောရလဲ"

ကျိုးဟောင်စကားဆုံးသွားသောအခါ သံမဏိအရိုး၀က်ဝံမှာ အသက်ရှူသံများမြန်လာပြီးမျက်လုံးပြူးသွားလေသည်။

"ဘာ.... မင်း... မင်းတကယ်ပြောနေတာလား"

သံမဏိအရိုးဝက်ဝံမှာအကျိုးအမြတ်ရမှလုပ်တတ်သူဖြစ်လေသည်။ တကယ်လို့အကျိုးအမြတ်သာရမည်ဆိုပါက နှစ်ခါတောင်‌မတွေးဘဲလုပ်မည့်သူမျိုးဖြစ်လေသည်။

"အင်.... ဒါကနည်းနည်းတော့အန္တရာယ်များပေမဲ့လည်း အဟမ်း....အဟမ်း... မင်းကိုယုံပြီးမင်းပြောသလိုလုပ်ကြည့်တာပေါ့"

သံမဏိအရိုး၀က်ဝံမှာ ချက်ချင်းပင်သဘောတူလိုက်လေသည်။

"ကဲသွားပြီး ပြင်ဆင်ထားကြ။ အချိန်ကျလာရင် ငါမင်းတို့ကိုမက်ဆေ့ပို့လိုက်မယ်။ အဲ့အချိန်ကျချက်ချင်းတန်းလာကြ ပြီးတော့ လူသားပညာရှင်တွေကိုမထိခိုက်စေပဲ ကိုယ့်ကိုယ်ကိုလုံခြုံမှုရှိအောင်နေပြီး တိုက်ခိုက်ကြ သဘောပေါက်လား"

"စိတ်မပူပါနဲ့ ၅ဆင့်မြောက်ကောင်းကင်ဘုံပညာရှင်အဆင့်အောက်ဆိုရင် ငါ့ကိုထိခိုက်အောင်မလုပ်နိုင်ပါဘူး"

သံမဏိအရိုး၀က်ဝံကရင်ဘတ်ကိုပုတ်ပြပြီးပြန်ပြောလေသည်။

ပေတရာတီကောင်ကတော့ ၆ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်၏တိုက်ခိုက်ရေးမျိုးပိုင်ဆိုင်ထားသူဖြစ်သောကြောင့် တော်ရုံပညာရှင်ကသူ့အားထိခိုက်အောင်မလုပ်နိုင်ပေ။

ကျိုးဟောင်လည်းမှာကြားပြီးနောက် သူ့ယာဉ်ပေါ်သို့ပြန်လာကာ ကျိယောင်ယွဲ့၏မက်ဆေ့ကိုတိတ်တဆိတ်စောင့်စားနေလေသည်။

....................................................................................

All Chapters