← Chapters

ဟန်ပြပွဲစတင်ခြင်း

Vol. 44 Ch. 657

ဟန်ပြပွဲစတင်ခြင်း

Vol. 44 Ch. 657

ညရောက်သောအခါ ကျိုးဟောင်မှာ အိမ်သို့ပြန်လာပြီးသူ့မိဘများနှင့်ညစာစားလေသည်။ ပြီးနောက်အခန်းထဲသို့၀င်ပြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားဖွင့်လိုက်လေသည်။

နတ်မိမယ်ယွဲ့လင်မှာ တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်နေစဲဖြစ်လေသည်။ ကျိုးဟောင်လည်း အရင်တခါကကဲ့သို့ပင် ခန္ဓာကိုယ်ပုံသွင်းရည်၁သောင်းအားပေးပြီးချက်ချင်းထွက်လာလေသည်။

ထိုလုပ်ရပ်ကအသုံးပြုသူများအားပိုပြီးအားကျစေလေသည်။ နတ်မိမယ်ယွဲ့လင်မှာလည်း ခန္ဓာကိုယ်ပုံသွင်းအရည်၁သောင်းအားအလွယ်တကူရရှိသွားလေသည်။

ကျိုးဟောင်ကတော့ဘာကိုမှဂရုစိုက်မနေပေ။ ထို့နောက်သူသည် ဈေးဆိုင်ကဏ္ဍသို့သွားလိုက်လေသည်။

ကျိုးဟောင်၏လက်ရှိတိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်မြင့်မားလှသည်။သူ့တွင် ရှေးဟောင်းခန္ဓာသိုင်း၊ ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်သိုင်းနှင့် နတ်ဘုရားသတ်သိုင်းတို့ရှိလေသည်။ ဒါ့အပြင် စိတ်ဝိညာ‌ဉ်ကျောက်တုံးအားပိုင်ဆိုင်ထားသောကြောင့်သူ၏စိတ်စွမ်အားမှာသာမန်ထက်များစွာထူးကဲလှပေသည်။

သူ့ကိုယ်ပေါ်ရှိချပ်၀တ်မှာလည်း ဖောက်ထွင်းမနိုင်အောင်မာကြောပြီး အသုံး၀င်လှပေသည်။ကျိုးဟောင်၏လက်ရှိအခြေအနေမှာကျေနပ်စရာကောင်းလှပေသည်။

သို့သော်ကျိုးဟောင်မှာ သူ့အတွက်တခုခုလိုအပ်နေသေးသည်ဟုတွေးထားပြီး အလွန်စွမ်းအားကြီးသောကျင့်စဉ်တခုခုကိုကျင့်ကြံချင်နေသေးလေသည်။

ကျိုးဟောင်မှာ ကျင့်ကြံရေးနည်းစနစ်များရှိသည့်အပိုင်းကိုဖွင့်လိုက်ပြီး နတ်ဘုရားတမျှအစွမ်းထက်သောကျင့်စဉ်များကိုလှန်လှောရှာဖွေနေလေသည်။ထိုအပိုင်းတွင် ကျင့်စဉ်ပေါင်းများစွာရှိပြီး တိုက်ခိုက်ရေးကျင့်စဉ် ၊ ဂါထာမန္တန်ကျင့်စဉ် ၊ အဝေးမှတိုက်ခိုက်ရေးကျင့်စဉ် ၊ အနီးကပ်တိုက်ခိုက်ရေးကျင့်စဉ် အစရှိသည်ဖြင့် ကျင့်စဉ်ပေါင်းမျိုးစုံရှိလေသည်။

ကျိုးဟောင်မှာ အချိန်တခုကြာအောင်ကြည့်ရှုနေခဲ့ပြီးနောက် "စိတ်ခွန်အားကျင့်စဉ်" ဟူသောအရာတခုကိုတွေ့လိုက်လေသည်။

ထိုကျင့်စဉ်ကကျိုးဟောင်၏စိတ်ကိုချက်ချင်းပြောင်းလဲသွားစေခဲ့သည်။ သူတော်စင်ဘုံအဆင့်ပညာရှင်များသာ စိတ်စွမ်းအားကိုကျင့်ကြံကြခြင်းဖြစ်လေသည်။ ဒီကျင့်စဉ်သည်ထိုအဆင့်ပညာရှင်များကျင့်ကြံသည့်အရာများလား။

ကျိုးဟောင်မှာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထိုကျင့်စဉ်အားထောက်ကြည့်လိုက်လေသည်။ထို့နောက်သူ‌ ဈေးနှုန်းကိုကြည့်ပြီးပါးစပ်အဟောင်းဖြစ်သွားခဲ့ရသည်။

"၅၀ဘီလီယံ"

ဈေးနှုန်းကြောင့်ကျိုးဟောင်မှာ တံတွေးပင်သီးသွားလေသည်။ ထိုပမာဏသည် နည်းနည်းနောနောမဟုတ်ပေ။

သို့သော်ကျိုးဟောင်မှာဂရုစိုက်မနေဘဲ သူ့တွင်ရှိသောအသုံးမ၀င်သည့်ပစ္စည်းကောင်းတချို့ကို ရွှေဒင်္ဂါးပြားများနှင့်လဲလှယ်လိုက်ပြီး စိတ်ခွန်အားကျင့်စဉ်ကိုချက်ချင်း၀ယ်ယူလိုက်လေသည်။

ထို့နောက် ထိုကျင့်စဉ်နှင့်လိုက်လျောညီထွေမှုကို စစ်ကြည့်လိုက်လေသည်။ ကျိုးဟောင်၏ကျင့်စဉ်များအပေါ်လိုက်လျောညီထွေမှုမှာ အမြဲမြင့်မားသော်လည်း ဒီကျင့်စဉ်အပေါ်လိုက်လျောညီထွေမှုကတော့ ၃၀%သာရှိလေသည်။ထိုအခြင်းအရာကြောင့်ကျိုးဟောင်စိတ်ညစ်သွားလေသည်။

ထိုကျင့်စဉ်၏စွမ်းအားကြီးမားသည့်အချက်မှာ ကျင့်ကြံသူအနေဖြင့်စိတ်စွမ်းအားကိုဖွဲ့စည်းပြီး တိုက်ခိုက်နိုင်ခြင်းဖြစ်လေသည်။ ထိုသူသည်စိတ်ဖြင့်အရာရာကိုထိန်းချုပ်နိုင်စွမ်းရမည်ဖြစ်လေသည်။ ဥပမာဆိုရလျှင် ဓားပျံများ ၊ လက်နက်ပစ္စည်းပျံများဖြစ်လေသည်။

ထိုကျင့်စဉ်သည် ငှက်မွှေးတထောင်ချပ်၀တ်နှင့်လည်းလိုက်ဖက်ညီလေသည်။ အဘယ့်ကြောင့်ဆိုသော် ငှက်မွှေးတစ်ထောင်ချပ်၀တ်၏အတောင်ပျံတွင် ငှက်မွှေးချောင်းများ ၉၉၈၄၁ခုရှိလေသည်။ ထိုငှက်မွှေးများမှာ ဖျက်စီးမရအောင်မာကြောပြီး အဖျက်စွမ်းအားလည်းကြီးမားလေသည်။

လက်ရှိတွင်ကျိုးဟောင်မှာ ထိုငှက်မွှေးများကိုသူ့စိတ်စွမ်းအားဖြင့် ဆွဲယူပြီးပစ်ခတ်တိုက်ခိုက်တတ်ပေသည်။ သို့သော်အရမ်းတော့အဆင်မချောပေ။ သူ့ပစ်ခတ်နှုန်းမှာအလွန်နှေးပြီး ထိရောက်မှုလည်း မပြင်းထန်လှပေ။

သို့သော် ဒီစိတ်ခွန်အားကျင့်စဉ်နှင့်ဆိုပါက ကိစ္စများပိုမိုချောမွေ့သွားမည်ဖြစ်ပေသည်။ ကျင့်စဉ်အပေါ်ဟူ၏လိုက်ဖက်ညီမှုမှာ ၃၀%ပဲရှိလျှင်တောင်မှ သူ့အနေဖြင့် ငှက်မွှေး၆ချောင်းကိုထိန်းချုပ်နိုင်မည်ဖြစ်လေသည်။ ဒါ့အပြင်ကျိုးဟောင်၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် အဖျက်စွမ်းအားမှာ၂ဆအထိတိုးသွားမညမဖြစ်လေသည်။

" ဒီကျင့်စဉ်ကငါနဲ့အံကိုက်ပဲ။ ဒီလိုကျင့်စဉ်နဲ့သာဆိုရင် ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က ၂ဆအထိဖြစ်သွားမှာပဲ"

ကျိုးဟောင်မှာရယ်မောလိုက်ပြီး လေ့ကျင့်ရေးအခန်းထဲ၀င်ကာ စတင်ကျင့်ကြံလေသည်။

"ဘာကျင့်စဉ်မှမသုံးဘဲ ငါ့ရဲ့ကိုယ်ပိုင်အမြန်နှုန်းက တစက္ကန့်ကိုမီတာ၃၀၀ရောက်တယ်။ ကျင့်စဉ်တွေကိုသုံးလိုက်‌ရင်တော့ ငါ့ရဲ့အမြန်နှုန်းက ပိုမိုမြန်လာလိမ့်မယ်။ ဒါပေမဲ့ တိုက်ပွဲတိုင်းမှာတော့ ထုတ်သုံးဖို့မလွယ်ဘူး။ စွမ်းအင်အနှစ်သာရတွေအရမ်းကုန်ခမ်းစေတယ်"

" ဒါ့ကြောင့် တိုက်ပွဲတိုင်းမှာ ထုတ်သုံးမနေဘဲ ငါ့ရဲ့ကိုယ်ပိုင်အမြန်နှုန်းကိုပဲအားကိုးရတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကအရမ်းသန်မာပြီး အရမ်းလျင်မြန်ပေမဲ့ ဒီစိတ်ခွန်အားကျင့်စဉ်ကိုသုံးပြီး ပစ်လွှတ်တဲ့ငှက်မွှေးပျံတွေကိုတော့ မယှဉ်နိုင်ဘူး။ အဲ့တာတွေကတစက္ကန့်မှာ မီတာ ၈၀၀အထိရောက်တယ်။ အဲ့အမြန်နှုန်းကသာမန်လူတွေခုခံဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါ့အပြင် ငါသူတို့ကို အကာအကွယ်မဲ့အောင်ပြုလုပ်ပြီး ငှက်မွှေးပျံတွေနဲ့တိုက်ခိုက်မယ်ဆိုရင် တိုက်ပွဲအနိုင်ရနိုင်ချေက ၈၀%အထိရှိတယ်"

ထိုအချက်အလက်များကိုတွေးပြီး ကျိုးဟောင်တယောက်ကျေနပ်သွားလေသည်။ ဒီစိတ်ခွန်အားကျင့်စဉ်၏တိုးမြှင့်ပေးမှုမှာ အလွန်ကောင်းမွန်ပြီး သူ၏ငှက်မွှေးပျံများ၏အဖျက်စွမ်းအားမှာလည်း ပိုမိုမြင့်တက်လာလေသည်။

"ငါ့ရဲ့ ခန္ဓာကိုယ်သန်မာမှု ၊ စိတ်စွမ်းအား နဲ့ ငှက်မွှေးတထောင်ချပ်၀တ်တို့ရဲ့အစွမ်းတွေနဲ့သာဆိုရင် ၉ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ကို ချက်ချင်းသတ်ပစ်နိုင်တာပဲ"

ကျိုးဟောင်ကတွေးရင်းပြုံးလိုက်သည်။

အချိန်နှစ်ရက်မှာကုန်ဆုံးသွားခဲ့လေသည်။ ကျိုးဟောင်စောင့်စားနေစဉ်မှာပင် စီနီယာကျိဆီမှမက်ဆေ့၀င်လာခဲ့လေသည်။

ထိုမက်ဆေ့ကိုဖတ်ပြီးနောက်ကျိုးဟောင်မှာချက်ချင်း ပေတရာတီကောင်နှင့် သံမဏိအရိုး၀က်ဝံတို့အားအကြောင်းကြားလိုက်လေသည်။ ပြီးနောက် ကျောက်တိုင်ရှိသော ကျွန်းပေါ်သို့သွားကာ အစောင့်များကြားရောနှော၀င်ရောက်နေလိုက်လေသည်။

အချိန်၆နာရီခန့်ကြာပြီးနောက် ဒေါသတကြီးဟိန်းသံတခုကိုကျိုးဟောင်ကြားလိုက်ရလေသည်။ မကြာမီတွင် ပေတရာတီကောင်၏ကြီးမားရှည်လျားသောခန္ဓာကိုယ်ကြီးက ကျွန်းပေါ်တွင်ပေါ်လာခဲ့လေသည်။ သံမဏိအရိုး၀က်ဝံသည်လည်းပင်လယ်ထဲမှခုန်ထွက်လာခဲ့ပြီး အဆက်မပြတ်ဟိန်းဟောက်နေလေသည်။

" ဟားဟားဟားး ကျောက်တိုင်ကိုလက်လွှဲပေးစမ်း ဒါဆိုရင်မင်းတို့အသက်တွေကိုချမ်းသာပေးမယ်"

သံမဏိအရိုး၀က်ဝံက ပြောလိုက်လေသည်။ သူတို့နှစ်ကောင်မှာ ကျွန်း၏အောက်တွင်ပုန်းနေခဲ့ပြီး အခြေအနေကိုလေ့လာနေခဲ့လေသည်။ ကျွန်းပေါ်တွင်ကောင်းကင်ဘုံအဆင့်ပညာရှင် ၃ယောက်သာရှိတော့မှ သူတို့ထွက်ပေါ်လာခြင်းဖြစ်လေသည်။

၎င်းတို့ရုတ်တရက်ကျူးကျော်လာခြင်းကြောင့် လူသားပညာရှင်များမှာထိတ်လန့်သွားကြလေသည်။

" တိုက်ပွဲအတွက်ပြင်ဆင်ကြ...."

" သန္ဓေပြောင်းသားရဲတွေလာတိုက်နေပြီ အမြန်ခုခံကြ......"

"ဒါပေတရာတီကောင်နဲ့ သံမဿိအရိုး၀က်ဝံပဲ။ သူတို့ကကောင်းကင်ဘုံအဆင့်သားရဲ ငါတို့လက်ရှိအင်အားနဲ့မရဘူး။ အမြန်စစ်ကူတောင်းကြ...."

ကျွန်းပေါ်ရှိကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ ထိုအချင်းအရာကြောင့် ထိတ်လန့်သွားကြပြီး သူတို့၏ လက်အောက်ငယ်သားများစစ်ကူတောင်းရန်ညွှန်ကြားနေကြလေသည်။

ထို့နောက် ကောင်းကင်ဘုံအဆင့်ပညာရှင်၃ဦးမှာ အမြန်ထွက်ပြီး ပေတရာတီကောင်နှင့် သံမဏိအရိုး၀က်ဝံတို့ကိုရင်ဆိုင်လေသည်။

သူတို့၃ယောက်မှာအလွန်တုန်လှုပ်နေကြလေသည်။ ပေတရာတီကောင်နှင့် သံမဏိအရိုး၀က်ဝံတို့မှာ ၎င်းတို့၏သန်မာသောတိုက်ခိုက်ရေးစွမ်းရည်ကြောင့်နာမည်ကြီးသည့်သားရဲများဖြစ်လေသည်။ သူတို့၃ယောက်အနေဖြင့် ဒီသားရဲ၂ကောင်ကိုဖြေရှင်းဖို့ဆိုတာမဖြစ်နိုင်ပေ။ ဒါ့ကြောင့် သူတို့၃ယောက်မှာသူတို့ကိုယ်သူတို့စတေးပြီး အချိန်ဆွဲထားဖို့ ဆုံးဖြတ်ထားကြလေသည်။

သို့သော်တကယ်တမ်းတိုက်ခိုက်သည့်အခါတွင် ပေတရာတီကောင်နှင့် သံမဏိအရိုး၀က်ဝံတို့မှာ သူတို့အားအတည်မတိုက်ဘဲ ခွန်အားစမ်းသပ်ရုံလောက်သာတိုက်ခိုက်နေသည်ကို သိရှိလာကြလေသည်။

"ဒီသားရဲ၂ကောင်က ကျောက်တိုင်ကိုလာလုတာမဟုတ်ဘူး။ ဒီနေရာရဲ့အခြေအနေကို ထောက်လှမ်းဖို့လာတာပဲ။ သူတို့နဲ့သတိထားရင်ဆိုင်ပြီးစစ်ကူကိုစောင့်နေကြ"

ကောင်းကင်ဘုံအဆင့်ပညာရှင်၃ယောက်မှာ တက်ညီလက်ညီပြောလိုက်ကြလေသည်။

တိုက်ပွဲမှာ အဝေးကကြည့်ရင်အနည်းငယ်ရယ်ချင်စရာကောင်းနေလေသည်။ နှစ်ဖက်လုံးမှာ အပြင်းအထန်အတည်မတိုက်ခိုက်ပဲ တ‌ဖက်နှင့်တဖက်စမ်းသပ်နေကြလေသည်။

ကျိုးဟောင်မှာ တချက်ပြုံးကာ တိုက်ပွဲကိုဂရုမစိုက်တော့ဘဲ ကျောက်တိုင်ရှိရာနေရာသို့ထွက်လာခဲ့လေသည်။

ဒီတကြိမ်တော့ ကျိုးဟောင်မှာရှေ့တခေါက်လုပ်ဖူးသည့်အတွေ့အကြုံရှိသောကြောင့် စွမ်းအင်ကျောက်တုံးကိုထုတ်ယူရန်အချိန်သိပ်မကြာတော့ပေ။ထို့နောက်ကျိုးဟောင်မှာစွမ်းအင်ကျောက်တုံးကိုယူပြီးထိုနေရာမှအမြန်ထွက်လာခဲ့လေသည်။

ကျိုးဟောင်မှာအပြင်သို့ရောက်သောအခါ ပေတရာတီကောင်နှင့်သံမဏိအရိုး၀က်ဝံတို့အားပြန်ဆုတ်ရန်အချက်ပြလိုက်လေသည်။

ထိုအချိန်ကျမှ ပေတရာတီကောင်မှာပျော်ရွှင်သွားလေသည်။ ဒီနေရာသည်လူသားတို့၏ပိုင်နက်ထဲတွင်ဖြစ်သောကြောင့် အနည်းနှင့်အများတော့စိတ်ပူနေရလေသည်။ ၎င်းမှာ ကျိုးဟောင်အပေါ်ယုံကြည်သော်လည်း အခြားလူသားများကိုတော့မယုံကြည်နိုင်ပေ။

သို့သော် ၎င်းတို့ဆုတ်ခွာရန်ပြင်ဆင်နေချိန်တွင် အလွန်အားကောင်းသောမုန်တိုင်းတခုမှာရုတ်တရက်ပေါ်ပေါက်လာခဲ့လေသည်။

ထိုအချိန်တွင်ကျိုးဟောင်၏အမူအရာမှာချက်ချင်းပြောင်းလဲသွားလေသည်။

....................................................................................

All Chapters