အပိုင်း ၃၄၆-၃၄၈
Vol. 24 Ch. 346-348
အခန်း (၃၄၆) ရှေးဟောင်းခေါင်းတလားထဲမှအမျိုးသမီးကိုချိတ်စည်းဖြည်ပေးခြင်း (၂)
"အား တကယ်ပဲ ကိုယ့်ဘာသာကို အခြားသူတွေနဲ့ နှိုင်းယှဉ်တာက စိတ်ထဲမှာ သေသွားသလိုမျိုး ခံစားရတယ်။"
စုန့်ယွီယန်သည် မနာလိုစွာဖြင့် သက်ပြင်းချလိုက်မိသည်။
ရှန်ချင်းဟန်က စကားဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။
"အဲ့လိုမျိုးမဟုတ်ဘူး အစ်မယွိယန်။ အစ်မလည် ပါရမီရှိတာပဲ။ တော်လည်းတော်ပြီး လှလည်းလှတယ်။ မိန်းကလေးအများကြီးက အစ်မကို အားကျကြတယ်။ ယောက်ျားလေးတွေကလည်း အစ်မကို အထင်ကြီးကြတာပဲ။"
"ဟားဟား ဟန်ဟန်က အပြောချိုလိုက်တာ။ လာ အစ်မယွီယန်က အရသာရှိလားလို့ မြည်းကြည့်မယ်။"
စုန့်ယွီယန်က ပြောရင်းဖြင့် ရှန်ချင်းဟန်၏နှုတ်ခမ်းလေးကို နမ်းရန် တိုးလာသည်။
ရှန်ချင်းဟန်က ခေတ္တမျှကြောင်သွားပြီး နောက်သို့ အမြန်ပင်ဆုတ်သွားသည်။ ထို့နောက်တွင် အားတင်း၍ပြုံးကာ ပြောလိုက်သည်။
"အစ်မယွီယန် ကျွန်မကို ဒီလိုမျိုးမစပါနဲ့။ ကျွန်မက ရှက်တတ်တယ်။"
စုန့်ယွီယန်လည်း ရပ်သွားကာ မျက်လုံးပြာလေးများကွေးသည်အထိ ရယ်လိုက်ပြီး
"ငါက စတာပါ။ မင်းနှုတ်ခမ်းလေးက ဇီချန်နမ်းဖို့အတွက်ပဲကိုး။ အစ်မနားလည်ပါတယ်။"
သူမစနေခြင်းမဟုတ်ပေ။ ရှန်ချင်းဟန်သာ နောက်မဆုတ်သွားလျှင် အမှန်ပင် နမ်းပေမည်။ ရှန်ချင်းဟန်၏ချယ်ရီနှုတ်ခမ်းလေးသည် လွန်စွာနူးညံ့သည့်ပုံပေါ်ကာ စမ်းကြည့်ချင်မိသည်။
လျို့ချွမ်ဝူကမူ စုန့်ယွီယန်ကို စိတ်ပျက်ပျက်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
"မင်းကဘာလဲ။ ဒီအသက်အရွယ်နဲ့ စနောက်နေသေးတယ်။"`
"မင်းဒီလောက်နမ်းချင်နေရင် ယောက်ျားတစ်ယောက်လောက်ရှိပြီး ချစ်လိုက်စမ်းပါ။ အဲ့လိုဆို ဘယ်လိုနမ်းနမ်း မင်းနမ်းချင်တဲ့အချိန်တိုင်း နမ်းလို့ရပြီ။"
"...."
စုန့်ယွီယန်က ပြန်ပြောလိုက်သည်။
"ကောင်လေးထားတာ ဘာပျော်စရာကောင်းလို့လဲ။ တစ်ယောက်တည်းနေတာကမှ ပိုကောင်းသေးတယ်။ တစ်ခြားတစ်ယောက်ခံစားချက်ကို ထည့်စဉ်းစားပေးနေစရာမလိုဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ရတယ်။"
လျို့ချွမ်ဝူက ပြန်ပက်လိုက်သည်။
"မင်းရဲ့စံချိန်စံညွှန်းတွေက မြင့်လွန်းနေတာပါ။ မင်းသာ သာမန်လောက်ကိုမဟုတ်ဘဲ ခေါင်းထဲမှာ ပြီးပြည့်စုံတဲ့မင်းသားလေးကို စိတ်ကူးနေတာကိုး။ နေ့တိုင်း တီဗီရှိုးတွေက မင်းသားတွေကိုကြည့်ပြီး နေ့တိုင်း ရီပဲရီနေတယ်။"
စုန့်ယွီယန်က ပြန်ပြောလိုက်သည်။
"ကျောင်းအုပ်ရဲ့စကားတွေက တကယ်ပဲ ရင်နာစေတယ်။"
လျို့ချွမ်ဝူက ပြန်ပြောလိုက်သည်။
"အလိမ်အညာစကားဆိုရင်တော့ ရင်နာမှာမဟုတ်ဘူး။ ဒါပေမဲ့ အမှန်တရားကတော့ ဓားလိုပဲထက်တယ်။"
စုန့်ယွီယန်က လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
"ထားတော့။ မပြောတော့ဘူး။ ရှင်နဲ့စကားနည်းနည်းလောက်ပြောလိုက်တာက အသက်ဆယ်နှစ်လောက်တိုသွားသလိုပဲ။"
လျို့ချွမ်ဝူပြောလိုက်သောစကားတိုင်းက သူမကို ထိနေသောကြောင့် ဖြစ်၏။ ထပ်ပြီးနားမထောင်နိုင်တော့သောကြောင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားပေသည်။ နောက်ဆုတ်ခြင်းက ရှက်စရာကောင်းသော်လည်း အလုပ်ဖြစ်သေး၏။
လျို့ချွမ်ဝူသည် စုန့်ယွီယန်ကို အာရုံမစိုက်တော့ပေ။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဘက်လှည့်သွားကာ မုတ်ဆိတ်မွေးကိုသပ်၍ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်လုံးက အဆင့်မြင့်အဆင့်ထိ ဆင့်ကဲပြောင်းလဲသွားပြီဆိုတော့ ညကျရင် ရှေးဟောင်းကြေးခေါင်းတလားကို ကြည့်ဖို့ ခေါ်သွားပေးမယ်။"
"လတ်တလော ရှေးဟောင်းကြေးခေါင်းတလားက အစိမ်းရောင်ပြောင်းနေပြီး အသက်ဝင်နေပြီ။ အဲ့ဒါကြောင့် အထဲ ကောင်းကင်လူသားအရှင်နဲ့ ဆက်သွယ်လို့ရလောက်ပြီး သူ့ကို ချိတ်ဖြေလို့ရမလား ကြည့်ကြည့်တာပေါ့။"
"လိုက်စောင့်ပေးမဲ့သူတွေရှာဖို့ လူအချို့ကို ဆက်သွယ်လိုက်ဦးမယ်။ အဲ့ဒါကြောင့် မင်းစိတ်ပူစရာမလိုဘူး။"
ထိုသို့ပြောကာ လျို့ချွမ်ဝူသည် ဖုန်းကို ထုတ်ယူပြီး ၎င်းသိသည့်နာမည်ကြီးသူများဆီသို့ ဖုန်းစတင်ဆက်တော့သည်။ လင်းဇီချန်က ကောင်းကင်လူသားအရှင်ကို ချိတ်စည်းဖြည်ပေးစဉ်တွင် စောင့်ကြပ်ပေးရန် ဖြစ်၏။ သူသည် လွန်ခဲ့သောလများကပင် ထိုသူများဖြင့် ပြောဆိုပြီးဖြစ်သည်။ ယခုတွင် လုပ်ရန်လိုအပ်သည်မှာ အကြောင်းကြားက မေးရန်သာ ဖြစ်၏။
"မိတ်ဆွေခေါ်ဆိုနေသာဖုန်းမှာ ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်...."
"မိတ်ဆွေခေါ်ဆိုနေသာဖုန်းမှာ စက်ပိတ်ထားပါသည်..."
"မိတ်ဆွေခေါ်ဆိုနေသာဖုန်းမှ...တီ...တီ...တီ..."
လျို့ချွမ်ဝူသည် ဆယ်ခါဆက်တိုက်ခေါ်သော်လည်း တစ်ယောက်ကိုမှ ဆက်၍မရပေ။ အားလုံးသည် ကမ္ဘာမြေမှ အစအနမရှိ ပျောက်သွားသည့်ပုံပေါ်ကာ ဆက်သွယ်၍ မရနိုင်တော့ပေ။
"ထူးဆန်းလိုက်တာ။ ဘယ်သူ့ကိုမှ ဆက်မရဘူး။"
"တစ်ယောက် နှစ်ယောက်ဆို တော်သေးတယ်။ ခုက ဆယ်ယောက်လုံး။ တော်တော်ထူးဆန်းတယ်။"
မိမိဘာညာ ညည်းတွားနေရင်းဖြင့် သူသည် ယွမ်သုန်ကျီဖုန်းပြောခဲ့သည်ကို အမှတ်ရသွားသည်။
"သူတို့အားလုံး ကျူးကျော်မှုကို ကာကွယ်ဖို့ မူလမြေကို သွားကြတာလား။"
"အဲ့လိုပဲဖြစ်လောက်မယ်။"
"သူတို့အားလုံးက မူလမြေကို သွားတာပဲဖြစ်ရမယ်။"
လျို့ချွမ်ဝူသည် လင်းဇီချန်ကို မျက်မှောင်ကြုတ်၍ကြည့်ကာ ပြောလိုက်သည်။
"ဇီချန် ဒီညတော့ လိုက်စောင့်ပေးမဲ့သူ ရှာမရဘူး။ အဲ့ဒါကြောင့် နောက်တစ်နေ့မှ သွားကြရအောင်။"
"နှစ်ကုန်လောက်ကျရင် ခေါင်းတလားက ထပ်စိမ်းလာလောက်တယ်။ အဲ့ကျ ခေါ်သွားပေးမယ်"
"...."
ယခုသည် ဇွန်လပင် မကုန်သေးပေ။နှစ်ကုန်ထိဆိုလျှင် နောက်ထပ်နှစ်ဝက် စောင့်ရပေဦးမည်။ ထိုသို့စဉ်းစားမိသဖြင့် လင်းဇီချန်က ပြောလိုက်သည်။
"ကျောင်းအုပ် ဒီည ဘာလို့မသွားရတာလဲ။ နှစ်ကုန်ထိစောင့်ဖို့ကကျ ကြာလွန်းတယ်။ စောင့်ပေးမဲ့သူမရှိလည်း ကိစ္စမရှိပါဘူး။"
မိမိ၏ အန္တရာယ်ကြိုတင်သိမြင်ခြင်းဖြင့်ဆိုလျှင် အန္တရာယ်ဖြင့် ရင်ဆိုင်ရလျှင် ချက်ချင်းထွက်ပြေးနိုင်မည် ဖြစ်သောကြောင့် စိုးရိမ်စရာမလိုပေ။ လျို့ချွမ်ဝူက လင်းဇီချန်ပြေသည်ကို နားထောင်ကာ မုတ်ဆိတ်မွှေးကိုသပ်၍ ခေါင်းညိတ်ပြလိုက်သည်။
"အဲ့လိုဆို ဒီညသွားကြတာပေါ့။ မူလမြေကတိုက်ပွဲကလည်း အနည်းဆုံးတစ်နှစ်နှစ်နှစ်လောက် ကြာမှာ။ နှစ်ကုန်ထိစောင့်နေလည်း ဘယ်သူမှရောက်လာမှာမဟုတ်ဘူး။"
ထိုသို့ဖြင့် နှစ်ဦးလုံးသည် အမြန်ပင် သဘောတူကာ ရှေးဟောင်းခေါင်းတလားရှိသော လီမိသားစုစံအိမ်သို့ သွားရန် ပြင်ကြသည်။ ရှန်ချင်းဟန်နှင့် စုန့်ယွီယန်တို့လည်း လိုက်ပါလာသည်။ မာရှိဝေကမူ ထိုနေရာတွင် မရှိပေ။ သူမသည် လူသစ်လည်းဖြစ်သောကြောင့် လေးဦးလုံးက သူမကို အပြည့်အဝလက်မခံနိုင်ကြသေးပေ။ ထို့ကြောင့် သူမကိုလိုက်ရန် မည်သူကမှ မခေါ်တော့ပေ။
.....
မူလမြေ နံပါတ် (၃၆) တွင်မူ...။
မြို့ခံတပ် အစွန်အဖျားတွင်....
နံပါတ် (၃၆) မြို့အရှင်ကို ခစားနေကြသောအဆင့်မြင့်သက်ရှိများသည် အားကြီးသောတိုက်ခိုက်သူများကို ဦးဆောင်ကာ ရောက်လာကြသည့် ဆန်းကြယ်သားရဲရန်သူများကို နှိမ်နင်းကြသည်။ မူလမြေနံပါတ် (၃၆) ကိုတိုက်ခိုက်သောဆန်းကြယ်သားရဲများသည် ဖိနှိပ်ရန်ခက်ခဲသည့် မှော်ကျောက်တုံးဘီလူးအုပ်လိုက်ကြီး ဖြစ်ကြသည်။
မှော်ကျောက်တုံးဘီလူးတစ်ကောင်ချင်းစီသည် တောင်ကုန်းငယ်တစ်ခုစာ ကြီးမားကာ ပျမ်းမျှအားဖြင့် အမြင့်သုံးဆယ်မီတာရှိသည်။ ၎င်းတို့ကို ဦးဆောင်လာသော ဆင်ဘုရင်သည် မီတာတစ်ရာထက်ပင် ရှည်သေးသည်။ ခြေလှမ်းလှမ်းလိုက်တိုင်း တုန်သွားကာ မြေကြီးနှင့်တောင်တန်းများပင် လှုပ်ခါသွားစေသည်။
"ဘုန်း...."
ကြောက်စရာကောင်းသောအသံ ထွက်ပေါ်လာသည်။
ဆင်ဘုရင်သည် မီတာများစွာ ရှည်လျားသည့် အစွယ်များကို ယမ်းခါလိုက်ပြီး အောက်မှလူအုပ်ဆီသို့ အားပြင်းပြင်းဖြင့် ဦးတည်သွားကာ အောက်မှကမ္ဘာမြေသားများကို အမှုန့်မှုန့်ကြေညက်သွားစေသည်။ အစွယ်များက လူများကို ထိုးခါနီးတွင်ပင် နံပါတ်(၃၆) ၏မြို့အရှင်က အချိန်မီရောက်လာပြီး သဲနှင့်ကျောက်တုံးများဖြင့်လုပ်ထားသည့် လက်ကြီးကို ဖန်တီးလိုက်ပြီး ဆင်ဘုရင်ကို ရိုက်ချပစ်လိုက်သည်။
မြန်မြန်...
ဘုန်းခနဲမြည်သံကြီး ထပ်မံထွက်ပေါ်လာပြီး လက်ကြီးက ဆင်ဘုရင်အစွယ်ကို ခြေမွပစ်ကာ ချက်ချင်းပင် အက်စ်အဆင့်သတ္ထုစပ်အစွယ်သည် နှစ်ပိုင်းပြတ်သွားသည်။ အားပြင်းသောရိုက်ချက်ကြောင့် ဆင်ဘုရင်သည်လည်း မီတာရာချီထိ လွင့်စင်သွားသည်။ မြေကြီးပေါ်သို့ ဘုန်းခနဲပြုတ်ကျသွားကာ မြေကြီးတွင် ပင့်ကူအိမ်နှင့်တူသောအက်ရာကြီးပင် ပေါ်လာသည်။
"သရဲမျက်လုံးမှော်လင်းယုန်အုပ်စုကြီးက အနောက်ကောင်းကင်ကနေပြီး မြို့ဆီကို ဦးတည်လာပြီ။ ပျံပြီးတိုက်ခိုက်နိုင်တဲ့သူတွေ မြန်မြန်ဝင်တားကြ..."
မြို့အရှင်နံပါတ် (၃၆)က အော်ပြောလိုက်ပြီး ချက်ချင်းပင် ဆင်ဘုရင်ကို လက်စသတ်ရန် ပြေးဝင်သွားသည်။ ထိုအသံကို ကြားသည့်အခါတွင် တိုက်ပွဲဝင်နေသည့်အားကြီးသောတိုက်ခိုက်သူများသည် ချက်ချင်းပင် အလင်းသဖွယ်ပြောင်းသွားကာ ကောင်းကင်ဆီသို့ ပျံတက်သွားကြပြီး သရဲမျက်လုံးမှော်လင်းယုန်များကို တားရန်ပြင်လိုက်ကြသည်။
မနေ့ကမှ မူလမြေကို ဝင်လာသောယွမ်သုန်ကျီကလည်း ထိုအားကြီးသောတိုက်ခိုက်သူများထဲမှတစ်ဦးဖြစ်သည်။
"နောက်လိုက်တွေကို ဖမ်းဖို့ ခေါင်းဆောင်းကိုဖမ်းပါ။ ကျောင်းအုပ်ယွမ်က ငါ့နောက်လိုက်ပြီး လင်းယုန်ဘုရင်ကို အရင်တိုက်ကြမယ်။"
မြို့နံပါတ် (၃၆) ၏ခေါင်းဆောင်တစ်ဦးက ယွမ်သုန်ကျီကို အမိန့်ပေးလိုက်သည်။
ယွမ်သုန်ကျီသည် သာမန်ကာလျှံကာစကားပြောကို စိတ်ထဲမထားဘဲ ချက်ချင်းပင် အောက်မှ မြေအောက်ရေများကို ထိန်းချုပ်ကာ မီတာနှစ်ဆယ်ရှည်သည့်လင်းယုန်ဘုရင်ကို တိုက်ခိုက်ရန် ထိုသူဖြင့် လိုက်ပါသွားသည်။
....
နာရီဝက်ခန့်ကြာပြီးနောက်တွင် မြင့်မြတ်သူအဆင့်ဆင်ဘုရင်သည် ပြိုင်ဘက်မြို့အရှင်ကြောင့် ဒဏ်ရာအပြင်းအထန်ရကာ ထွက်ပြေးသွားရပြီး တိုက်ခိုက်နေမှုကို စွန့်ခွာသွားပေသည်။
သခင်အဆင့်လင်းယုန်ဘုရင်ကိုမူ ယွမ်သုန်ကျီနှင့် ခေါင်းဆောင်တစ်ယောက်က ဆက်လက်တိုက်ခိုက်နေသည်။
"အားလုံးပဲ။ ငါ့နောက်လိုက်ပြီး အဲ့ဆန်းကြယ်သားရဲတွေကို ရှင်းပစ်ကြမယ်။"
သွေးဆူနေသောလက်ထောက်မြို့အရှင်က အော်ပြောလိုက်သည်။
ထိုအော်သံကို ကြားသောအခါတွင် မြို့အရှင်က ချက်ချင်းပင် တားလိုက်သည်။
"သူတို့နောက်ကို မလိုက်နဲ့။ တိုက်ပွဲကိုပဲ မြန်မြန်ရှင်း။ ပြီးရင် မြို့ကို ပြန်ကြမယ်။"
တစ်ခုတည်းသောမစ်ရှင်သည် မူလမြေ နံပါတ် (၃၆)သို့ ဖြတ်လာသောသက်ရှိများကို ခုခံရန်ဖြစ်ကာ မူလမြေမှသက်ရှိများကို ပြန်ထိန်းချုပ်ရန် ခွင့်မပြုထားပေ။ အခြားသောကိစ္စများကိုဝင်စွက်ဖက်ရန် မလိုပေ။ မြို့အရှင်၏အော်သံကို ကြားသောကြောင့် အားလုံးက လိုက်နေသည်မှ ရပ်သွားသည်။ အားလုံးသည် တိုက်ပွဲမြေပြင်ကို ဆက်လက်ရှင်းလင်းကြပြီးနောက်တွင် နား၍အားဖြည့်ရန် မြို့သို့ပြန်လာခဲ့ကြသည်။ ထို့နောက်တွင် နောက်ထပ်လာမည့်ဆန်းကြယ်သားရဲစစ်တပ်၏တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြလေ၏။
အခန်း (၃၄၇) ကောင်းကင်လူသားအရှင်နိုးထလာခြင်း
လွန်းတင်လမ်းကြား....။
တစ်ချက်ကြည့်လိုက်လျှင် နေရာတိုင်း၌ ထူးဆန်းစွာဖြင့် လိမ်ပတ်ကာလွန်းတင်နေသည့်အပင်များစွာ ရှိသည်။ သစ်ပင်ကြီးများ၏ပင်စည်တွင်လည်း သွေးကြောများအပြည့်ရှိသည်။ နွယ်ပင်များကလည်း မြွေကဲ့သို့ ရစ်ပတ်နေသည်။ တောရိုင်းပန်းများကလည်း များပြားလှစွာသောအင်းဆက်အလောင်းများဖြင့် ကပ်တွယ်နေသည်။ လမ်းကြားတစ်ခုလုံးသည် ထူးဆန်းလှသည့် အငွေ့အသက်မျိုးကို ထုတ်လွှတ်နေ၏။
"မင်းတို့အားလုံး လေးဖက်လေးလံမှာ နေကြ။ အထဲကနေ ထွက်ပြေးဖို့ကြိုးစားတဲ့မိစ္ဆာဒိဌိမှန်သမျှကိုရိုက်ချပစ်ဖို့ တာဝန်ယူထား။ နားလည်လား။"
လမ်းကြားအစွန်းတွင်တောင်ပံခြောက်ဘက်ပါသည့်လူတစ်ယောက်သည် ၎င်း၏ရှေ့မှ လူငယ်အုပ်စုကို ကျယ်လောင်စွာဖြင့် အမိန့်ပေးနေသည်။ ထိုအမိန့်ပေးသံကို ကြားသည်နှင့် ကောင်လေးများနှင့် ကောင်မလေးများက ချက်ချင်းပင် တုံ့ပြန်ကြသည်။
"နားလည်ပါပြီ။"
"နားလည်ပါပြီ။"
"နားလည်ပါပြီ..."
အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာကာ အားလုံးက စစ်တပ်စည်းမျဉ်းနှင့်အညီ ပြန်ဖြေလိုက်ကြသည်။ ဆံပင်ဖြူမိန်းကလေးတစ်ယောက်မှလွဲ၍ ဖြစ်သည်။ သူမသည် အဖြူရောင်သိုင်းဝတ်စုံယူနီဖောင်းကို ဝတ်ဆင်ထားပြီး အနီရောငပန်းဖွားတပ်ထားသည့် သူမထက်ရှည်သည့်လှံကို ကိုင်ထားသည်။ သစ်ပင်အောက်တွင် တိတ်ဆိတ်စွာရပ်နေပြီး တစ်ခွန်းမှ ပြန်မပြောပေ။ ခပ်လှမ်းလှမ်းမှကြည့်လျှင် သူမသည် လှပစွာထွင်းထုထားသည့် သစ်သားရုပ်တုဖြင့် တူပေသည်။
အတောင်ပံခြောက်ဘက်လူသားက သူမကို ကြည့်ကာ မည်သည့်တုံ့ပြန်မှုကိုမှ မမြင်ရသဖြင့် ခေါင်းသာ ခါလိုက်မိ၏။ လူသားခံတပ်တွင်နေသည်မှာ (၁၁) နှစ်ရှိပြီဖြစ်သော်လည်း သူမသည် အမြဲပင် အသံတိတ်နေခဲ့သည်။ ထိုသို့ အချိန်ကြာရှည်စွာ အသံတိတ်နေမှုက လက်မခ့ခြင်းကို ပြနေပြီး သူမသည် တစ်နေ့တွင် ၎င်းတို့ကို သစ္စာဖောက်လိမ့်မည်ဟု အကြံပြုနေသကဲ့သို့ပင် ဖြစ်၏။ မတူညီသောစိတ်ကမတူညီကွဲပြားစွာ စဉ်းစားတတ်သည်။ ကိစ္စမရှိပေ။ ထိုကိစ္စက မိမိအရေးမဟုတ်ပေ။ အကြီးအကဲများတွင် အစီအစဉ်များရှိပေသည်။ လက်ထောက်မြို့အရှင်ရာထူးလေးဖြင့် များစွာစိုးရိမ်မနေသင့်ပေ။
ထိုသို့စဉ်းစားမိပြီး ထိုလူက အခြားသူများကို အော်ပြောလိုက်သည်။
"အားလုံးပဲ။ လမ်းကြားထဲကိုလိုက်ခဲ့ကြ။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက မိစ္ဆာတွေကို သုတ်သင်ကြမယ်။"
ပြောပြီးပြီးချင်းတွင်ပင် သူ၏ခြောက်မီတာခန့်ကျယ်သည့် တောင်ပံများကို ဖြန့်ကျက်လိုက်ကာ ချက်ချင်းပင် လေထဲသို့ မီတာရာချီတိုင်အောင် ပျံသန်းသွားပြီး မြေပြင်နှင့် လေထဲမှ သခင်အဆင့်တိုက်ခိုက်သူများကို ဦးဆောင်သွားသည်။ နံပါတ် (၃၆) လက်ထောက်မြို့အရှင်အနေဖြင့် ယခုတစ်ခေါက်တွင် မိမိ၏မစ်ရှင်သည် လွန်းတင်လမ်းကြားထဲမှ ဂမ္ဘီရသစ်ပင်ဂိုဏ်းခွဲကို ဖျက်စီးပစ်ရန် ဖြစ်၏။ ထို့အပြင် ဂြိုလ်သားပါရမီရှင်စာရင်းမှ (၂၈) ယောက်ကို လေ့ကျင့်ပေးကာ တိုးတက်လာစေရန် ဖြစ်သည်။ ထိုလူ (၂၈)ယောက်သည် လက်နက်အပြည့်အစုံတပ်ဆင်ကာ လမ်းကြောင်းဝင်ပေါက်တွင် တင်းကျပ်စွာ စောင့်နေကြသည်။
အချိန်သည် ကုန်ဆုံးနေပြီး ရပ်နေရသည်ကပင် ပျင်းစရာကောင်းလာသဖြင့် အချင်းချင်းစကားစပြောကြလေသည်။
"ဒီတစ်ခေါက် ခံတပ်တွေအားလုံးကို ဆန်းကြယ်သားရဲစစ်တပ်တွေရဲ့ တိုက်ခိုက်တာ ခံရတယ်လို့ကြားတယ်။ ကမ္ဘာပေါ်က အားကောင်းတဲ့သူတွေအားလုံးလည်း် ခုခံတာကို ကူညီပေးဖို့ မူလမြေထဲ ဝင်လာရတယ်တဲ့လေ။"
"သေချာပေါက် ဂမ္ဘီရသစ်ပင်ဂိုဏ်းက လုပ်တာပဲ။ လောင်းရဲတယ်။"
"ဂမ္ဘီရသစ်ပင်ဂိုဏ်းက အတန်ငယ်ကို ဒုက္ခပေးတာပဲ။ ဘယ်လောက်ပဲသတ်သတ် ကုန်တယ်လို့ကို မရှိဘူး။"
"ဟုတ်တယ် ဒုက္ခကို ပေးလွန်းတယ်။ အဆင့်မြင့်အရာရှိ ဘယ်လောက်များများလည်း ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့မိစ္ဆာဒိဌိတွေဖြစ်နေသလဲဆိုတာ ဘုရားပဲသိလိမ့်မယ်။ မြို့အရှင်တောင် တစ်နေ့ကျရင် သစ္စာဖောက်ဖြစ်နေမလားမသိဘူး။"
"အားစုန်း မပြောခင် သေချာစဉ်းစားပြီးမှပြော။ အကုန်လုံးကို ရမ်းမပြောနဲ့။"
"...."
"..."
လော့ချန်းရွှယ်ကမူ သစ်ပင်လေးကို မှီကာ တိတ်ဆိတ်စွာဖြင့် လမ်းကြားလေးဝင်ပေါက်ကို ငေးကြည့်နေသည်။ သူမသည် စကားပြောသည်ကို ဝင်မပြောဘဲ အခြားသူများပြောသည်ကိုသာ နားထောင်နေမိသည်။ ကမ္ဘာမြေမှ အင်အားကြီးများ မူလမြေသို့ ဝင်လာပြီဖြစ်ကြောင်း ကြားသောအခါတွင် အမူအရာကင်းမဲ့နေသောမျက်နှာလေးက လန်းဆန်းသွား၏။ သူမသည် ယွမ်သုန်ကျီကို သတိရနေခဲ့သည်။ လွန်ခဲ့သောနှစ်များက နှင်းတောင်ထဲမှ သူမကို ကယ်ပေးခဲ့သောဆရာကို မြင်ချင်လှ၏။
"လှုပ်ရှားမှုရှိတယ်။ အားလုံး တိုက်ဖို့အသင့်ပြင်ကြ။"
ရုတ်တရက်ပင် သာမန်လူများထက် နားရွက်အတော်ကြီးသည့်လူငယ်လေးသည် လက်နက်ကိုကိုင်၍ ကျယ်လောင်စွာ အော်လိုက်သည်။ သူသည် မီတာထောင်ချီမှ အသံများကိုပင် ကြားနိုင်ကာ စွမ်းအားမြင့်သူများ ဝင်ပေါက်သို့ လျင်မြန်စွာ ချည်းကပ်လာသည်ကို ထောက်လှမ်းသိရှိသွားသည်။ အားလုံးသည် စကားပြောနေခြင်းရပ်သွားကာ ချက်ချင်းပင် တိုက်ပွဲပုံစံ ပြောင်းလိုက်ကြသည်။
ချီသွေးစွမ်းအားထုတ်၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ ရန်သူကိုပင် သတ်နိုင်သောအားအပြင်းဆုံးတိုက်ကွက်ကို ပြင်ထားကြသည်။
"ခြေထောက်ကို သတိထား။"
နားရွက်ကြီးသည့်လူငယ်လေးက အားလုံးကို သတိပေးလိုက်သည်။
နောက်တွင်မူ များပြားလှစွာသောနွယ်ပင်များက မြေကြီးမှ ထွက်လာပြီး ပါရမီရှင်များကို တိုက်ခိုက်ကြတော့သည်။ တစ်ချိန်တည်းတွင်ပင် လမ်းကြားထဲမှ ပုံရိပ်များစွာ ပြေးထွက်လာကာ နွယ်ပင်များဖြင့် တိုက်ခိုက်နေသောပါရမီရှင်များကို အခွင့်ကောင်းယူ၍ အမြန်ပင် ထွက်ပြေးသွားကြလေသည်။
"ဂမ္ဘီရသစ်ပင်ဂိုဏ်းသစ္စာဖောက်တွေ ပြေးသွားကြပြီ။ သူတို့ကို လွတ်မသွားစေနဲ့။"
တစ်ယောက်ယောက်က လမ်းကြားထဲမှပြေးသွားသူများကို အာရုံခံမိသောကြောင့် ချက်ချင်းပင် အော်ကာ သတိပေးလိုက်သည်။ သို့သော်လည်း သတိပေးသည်က အသုံးမဝင်ပေ။
ထိုအချိန်တွင် အားလုံးသည် နွယ်ပင်များဖြင့် ရစ်ပတ်ခံထားရကာ အမြန်မလှုပ်ရှားနိုင်ကြပေ။ မိစ္ဆာဒိဌိများ ထွက်ပြေးလွတ်မြောက်သွားသည်ကိုသာ ကြည့်နေရသည်။ အားလုံးသည် မိစ္ဆာဒိဌိများ လွတ်သွားပြီဟု တွေးနေမိစဉ်တွင် ရုတ်ချည်းပင် ရေခဲပွင့်များစွာ လော့ချန်းရွှယ်ခြေထောက်အောက်မှ ထွက်လာပြီး ထွက်ပြေးသွားသောမိစ္ဆာဒိဌိများနောက်သို့ လိုက်ပါသွားသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ထိုသူများသည် ရေခဲရုပ်ထုအဖြစ် အေးခဲသွားကာ မလှုပ်နိုင်ကြတော့ပေ။ ထိုမြင်ကွင်းကို မြင်သောအခါတွင် အားလုံးအံ့ဩသွားကြကာ မိမိတို့သည် အင်အားမဲ့သည်ဟု ခံစားလိုက်ရသည်။
အားကောင်းလွန်းလှသည်။
သူမသည် (၁၉) နှစ်သာရှိသေးသော်လည်း အဆင့်မြင့်ပဥ္ဇမအဆင့်ဖြစ်ပြီး ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့်လည်း ပေါင်းစပ်ထားခြင်းမရှိပေ။ သို့သော်လည်း သူမပြသလိုက်သောအားက သူမအသက်၊ သွေးမျိုးဆက်စွမ်းအားထက် သာလွန်နေပြီး အဆင့်တူသွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူထက်လည်း သာသည်။ လော့ချန်းရွှယ်သည် လူအရေခြုံထားသော မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်မည်။ သူမသည် အတွေးတစ်ခုဖြင့် မိုင်အတော်ရောက်အောင် အေးခဲနိုင်ကာ ကောင်းကင်ထက်ပင် သာလွန်သောအလားအလာမျိုး ရှိနေ၏။
.…
လီမိသားစုစံအိမ် ဂိုဒေါင်ဝင်ပေါက်တွင်ဖြစ်၏။
ယွမ်သန်းချီတန်သောကားတစ်စီးက ခပ်လှမ်းလှမ်းမှ ဆိုက်ရောက်လာသည်။ ဂိုဒေါင်ဝင်ပေါက်သို့ ရောက်သည်နှင့် အရှိန်လျော့ကာ ဂိုဒေါင်တံခါးဆီသို့ ဝင်သွားသည်။
မကြာခင်တွင်ပင် လူလေးဦး ကားပေါ်မှဆင်းလာသည်။
လင်းဇီချန်၊ ရှန်ချင်းဟန်၊ လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့ပင် ဖြစ်လေသည်။
အခန်း (၃၄၈) ကောင်းကင်လူသားအရှင်နိုးထလာခြင်း(၂)
စုန့်ယွီယန်သည် ကားပေါ်မှ ဆင်းလျှင်ဆင်းချင်းပင် မျက်နှာရှုံ့မဲ့၍ ပြောလိုက်သည်။
"ကျောင်းအုပ် နောက်ဘဝကူးတော့မှာမလို့ အဲ့လောက် အမြန်ကြီး မောင်းနေရတာလား။ ကိုင်ပေါက်တော့မလိုပဲ။"
လျို့ချွမ်ဝူကလည်း ပြန်ပြောလိုက်သည်။
"ဘာကို ကိုင်ပေါက်တာလဲ။ မနက်ခင်းထအောင် နှိုးရုံလောက်တင်ပါပဲ။ ဘာပဲဖြစ်ဖြစ် မင်းက အမေလုပ်ရမဲ့အရွယ်တောင် ဖြစ်နေပြီ။"
စုန့်ယွီယန်ကလည်း မခံဘဲ ပြန်ပက်လိုက်သည်။
"ကျောင်းအုပ် ဘာလို့ အမြဲတမ်း စကားဆယ်ခွန်းမှာ ကိုးခွန်းလောက်က ကျွန်မကို ကောင်လေးရှာခိုင်းတာတို့ ကလေးအမေလုပ်ခိုင်းတာတို့ပဲ ပြောနေရတာလဲ။ ကျွန်မက သမီးမဟုတ်ဘူးနော်။ ကျောင်းအုပ်က စည်းကျော်နေပြီ။"
"စိတ်ပျက်စရာကောင်းတယ်လို့ ထင်တယ်မလား။"
စုန့်ယွီယန်သည် မကျေမနပ်ဖြစ်လွန်းသောကြောင့် လျို့ချွမ်ဝူကိုပင် ထိုးပစ်ချင်မိသည်။ လျို့ချွမ်ဝူကမူ သူမ ကျေနပ်သည် မကျေနပ်သည်ကို ဂရုစိုက်မနေပေ။
"အသက်နှစ်ကျော်မိန်းကလေးက ငါ့သမီးဖြစ်ဖို့လိုသေးတယ်။ အများဆုံးမှ ငါ့မြေးလောက်ရှိဦးမယ်။"
"မဟုတ်ဘူး မြစ်လောက်ဆို ပိုပြီးတိကျမယ်။"
လျို့ချွမ်ဝူက မုတ်ဆိတ်မွေးကိုသပ်ကာ မိမိအသက်ကို ဝေဖန်ပိုင်းခြားနေသည်။
နှစ်တစ်ရာကျော်ရှိပြီဖြစ်သော်လည်း တစ်ညတွင်ပင် အကြိမ်ပေါင်းများစွာ စွမ်းဆောင်နိုင်သည်။ နောက်တစ်နေ့မနက်အထိ တစ်ညလုံး တိုက်ပွဲဝင်နိုင်ပေသည်။
ငါလျို့ချွမ်ဝူက အထင်ကြီးစရာမကောင်းဘူးလား
စုန့်ယွီယန်ကမူ အထင်ကြီးစရာကောင်းသည်ဟု မထင်ပေ။ အသက်အရွယ်ကြီးကြီးဖြင့် မလေးစားစရာကောင်းသည်ဟုသာ ထင်မိပေသည်။
"အဘိုးလား။ ညစ်ပတ်တဲ့အဘိုးကြီးနဲ့ပိုတူတာ။"
နှစ်ဦးသား အပြန်အလှန်ပြောနေကြစဉ်တွင် လင်းဇီချန်က ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်၍ လီမိသားစုစံအိမ်တစ်ခုလုံးကို ထောင့်ပင်မကျန် လိုက်ကြည့်လိုက်သည်။ စံအိမ်ဟောင်းကြီးသည် ရာစုနှစ်သက်တမ်းရှိပြီဖြစ်ကာ ကြမ်းပြင်သည်ပင် စတုရန်းမီတာတစ်သောင်းကျော်ရှိသည်။ အထဲတွင် ဥယျာဉ်တစ်ခု၊ ရေကူးကန်တစ်ကန်၊ ရုပ်ရှင်ရုံတစ်ရုံ၊ လေ့ကျင့်ရေးခန်းမနှင့် အခြားနေရာများစွာ ရှိသည်။ အများစုက ယိုယွင်းပျက်စီးနေပြီဖြစ်ကာ ဖုန်များက နေရာအနှံ့တွင်ပင် ဖြစ်၏။
နံရံအားလုံးကလည်း နွယ်ပင်များစွာဖြင့် ဖုံးအုပ်နေသည်။ လင်းဇီချန်၏ဝိညာဉ်စွမ်းအားသည် စံအိမ်အောက်ရှိ မြေအောက်ခန်းဆီသို့ ရောက်သွားသည်။ မြေအောက်ခန်းထဲတွင် ရှေးဟောင်းစာအုပ်များစွာနှင့် အကြွင်းအကျန်များကို တွေ့လိုက်ရသည်။ အရေအတွက် သုတေသနတက္ကသိုလ်က အရေအတွက်ထက်ပင် ပိုများသေးသည်။ အာရုံဆက်ခံကြည့်သောအခါတွင် မကြာခင်တွင်ပင် လင်းဇီချန်သည် ရှေးဟောင်းခေါင်းတလားတစ်လုံးကို တွေ့လိုက်ရသည်။ ထိပ်သည် ဘဲဥပုံစံဖြစ်ပြီး အောက်ခြေက ပြားကာ တစ်ခုလုံးက အစိမ်းရောင်တောက်ပနေသည်။ မျက်နှာပြင်တွင် ထူးဆန်းသည့် အမျိုးအမည်မသိသောကျောက်စာများရှိသည်။ အစိမ်းရောင်တောက်နေပြီး အမိုးခုံးတံခါးက ပုံစံကွက်မျိုးစုံဖြင့် ထွင်းထုထားပြီး ရှေးဟောင်းခြံဝန်းများတွင် တွေ့ရသောပုံမျိုး ဖြစ်၏။ လျို့ချွမ်ဝူပြောခဲ့သော ရှေးဟောင်းကြေးခေါင်းတလားပင် ဖြစ်လေသည်။လင်းဇီချန်သည် ထိုခေါင်းတလားကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။
သူသည် ခေါင်းတလားထဲတွင်ရှိသော ကောင်းကင်လူသားအရှင်နှင့်ပက်သက်၍ သိချင်မိသောကြောင့် ခေါင်းတလားထဲသို့ ဝိညာဉ်စွမ်းအားပို့လိုက်သည်။ အထဲမှသူက မည်သို့ပုံရှိမည်ကို သိချင်သောကြောင့်ပင် ဖြစ်၏။ ကံမကောင်းစွာဖြင့် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ ဝိညာဉ်စွမ်းအားက ခေါင်းတလားကို မထိုးဖောက်နိုင်ပေ။ ကြေးခေါင်းတလားကို ထိလိုက်ကြည့်အခါတိုင်း ဝိညာဉ်စွမ်းအားက ချက်ချင်းပြယ်သွားသည်။ ဖြန့်ကျက်ရန် မဆိုထားနှင့်၊ ထိပင် မထိနိုင်ပေ။
"အသက်က နှစ်ဆယ်တောင်မရှိသေးဘူး။ အဆင့်မြင့်စတုတ္ထအဆင့်ရောက်နေပြီ။ ဝိညာဉ်စွမ်းအားနဲ့ချီသွေးစွမ်းအားကလည်း မြင့်တယ်။ အရင်းအမြစ်ရှားပါးတဲ့ဒီလောကကြီးမှာ ဒီလိုမျိုးအောင်မြင်ဖို့ဆိုတာ ခဲယဉ်းလွန်းတယ်။ မင်းက တကယ့်ကို ရှားပါးတဲ့ပါရမီရှင်ပဲ...."
ရုတ်တရက်ပင် လင်းဇီချန်သည် စိတ်ထဲမှ တည်ငြိမ်သောအမျိုးသမီးအသံကို ကြားလိုက်သည်။ အသံသည် အတန်ငယ်အားနည်းပုံပေါက်သည်။ လင်းဇီချန်သည် ထိုရုတ်တရက်ဆန်သောအသံကြောင့် ခေတ္တမျှအေးခဲသွားသည်။ ထို့နောက်တွင် ကြေးခေါင်းတလားထဲမှ ကောင်းကင်လူသားအရှင်ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ပို၍တိတိကျကျဆိုရလျှင် စိတ်ဖြင့် ဆက်သွယ်ခြင်းပင် ဖြစ်၏။
လင်းဇီချန်က လျို့ချွမ်ဝူဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ကျောင်းအုပ် ကောင်းကင်လူသားအရှင်က ကျွန်တော့်ကို စိတ်နဲ့ဆက်သွယ်လာတယ်။"
"စိတ်နဲ့ဆက်သွယ်တယ်"
လျို့ချွမ်ဝူက အံ့အားသင့်သွားကာ မေးလိုက်သည်။
"ကောင်းကင်လူသားအရှင်က မင်းကို စကားပြောလာတာာလား။"
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
"အရင်းအမြစ်ရှားလွန်းတဲ့ကမ္ဘာမြေပေါ်မှာ ကျွန်တော့်လိုလူမျိုးကို တွေ့ရတာက အရမ်းရှားတယ်။ ကျွန်တော်က ရှားပါတဲ့ပါရမီရှင်ပဲလို့ သူကပြောတယ်။"
လျို့ချွမ်ဝူက ပို၍ပင် အံ့ဩသွားရသည်။
"သူက အဲ့လောက် အများကြီးပြောတာလား"
"ဟုတ်တယ်။"
လျို့ချွမ်ဝူက မယုံကြည်နိုင်သောကြောင့် ပြောလိုက်မိသည်။
"ငါမှတ်မိသလောက်ဆို ကောင်းကင်လူသားအရှင်ရဲ့ အခြေအနေက မကောင်းလှဘူး။ သူက ငါနဲ့စကားပြောရင် အင်းလောက်ပြောပြီး အားပြန်ဖြည့်ရတာ။"
စုန့်ယွီယန်က ပြောလိုက်လေသည်။
"ကောင်းကင်လူသားအရှင်က လှုပ်ရှားလာတာက ဇီချန်ရဲ့ချီသွေးစွမ်းအားပြင်းအားကို အာရုံခံမိလို့ သူပြန်အသက်ဝင်လာတာဖြစ်မှာပေါ့။"
"သူ ကျောင်းအုပ်ကို အင်းလောက်ပဲပြောတယ်ဆိုတာက ကျောင်းအုပ်ကို ပြောရတာက ပင်ပန်းလွန်းပြီး စကားမပြောချင်လို့ ဖြစ်မှာပေါ့။"
"...."
လျို့ချွမ်ဝူသည် ပါးစပ်ကို ရှုံ့မဲ့ကာ နားထောင်နေမိသည်။ ယွိယန်ပြောသည်က အထိနာလှသည်။
သူ့ကိုယောက်ျားရှာခိုင်းလိုက်လို့ အဲ့လို ပြန်ပြောနေတာလား
ငါ့လိုမျိုး သဘောထားကြီးဖို့ မသင်ယူတတ်ဘူးလား
လျို့ချွမ်ဝူက လင်းဇီချန်ကို ပြောလိုက်သည်။
"လာခဲ့ ဇီချန်။ ကောင်းကင်အရှင် ပြန်ငြိမ်ကျမသွားခင် သူ့ကို သွားကြည့်ရအောင်။"
ထိုသို့ပြောကာ မြေအောက်ထပ်သို့ အမြန်ပင် ဆင်းသွားကြသည်။ လင်းဇီချန်ကလည်း နောက်မှလိုက်ပါလာသည်။ စုန့်ယွီယန်နှင့် ရှန်ချင်းဟန်တို့လည်း နောက်မှလိုက်လာကြ၏။ ခဏအတွင်းပင် ထိုအုပ်စုသည် မြေအောက်ထပ် အခန်းသို့ ရောက်သွားကြသည်။ အခန်းသည် အလင်းရောင်ဖျဖျသာရှိကာ တိတ်ဆိတ်နေသည်။ သို့သော်လည်း အဆုံးအစမဲ့သက်ဝင်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေ၏။ အရာအားလုံးကို ပြန်လည်မွေးဖွားတော့မည်ကဲ့သို့ ဖြစ်နေသည်။ လျို့ချွမ်ဝူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ခေါင်းတလားကို ရိုသေစွာဖြင့် ပြောလိုက်သည်။
"ကောင်းကင်လူသားသခင် ကျွန်တော့်အသံကို ကြားရလား။"
"အင်း။"
ခေါင်းတလားထဲမှ အားနည်းသောအသံတစ်သံ ထွက်ပေါ်လာသည်။ လင်းဇီချန်က ထိုအသံကို နားထောင်ပြီး မိမိစိတ်ထဲ၌ ကြားခဲ့ရသောအသံဖြင့် နှိုင်းယှဉ်ကြည့်သောအခါတွင် ခြားနားမှုရှိမနေပေ။ မိမိကို စိတ်ဖြင့်ဆက်သွယ်ခဲ့သူမှာ ကောင်းကင်လူသားအဖွဲ့အစည်းအရှင်ပင် ဖြစ်ပေသည်။
'စိတ်နဲ့ဆက်သွယ်တာ....ဘယ်လိုမျိုးနည်းလမ်းပါလိမ့်။'
'ဝိညာဉ်စွမ်းအားနဲ့ဆိုင်တဲ့နည်းလမ်းများလား။'
'ကောင်းကင်လူသားအရှင်ပြန်အသက်ဝင်လာမှ သူ့ကို လမ်းညွှန်ခိုင်းလို့ရတာပဲ...'
လင်းဇီချန်ဘာသာ တွေးနေမိသည်။
ထိုကိစ္စများကို စဉ်းစားနေစဉ်တွင် ရှေ့တွင်ရပ်နေသော လျို့ချွမ်ဝူက တရိုတသေဖြင့် ပြောလိုက်ပြန်သည်။
"ကောင်းကင်လူသားသခင် အရင်က ကျွန်တော်ပြောခဲ့တဲ့ လူငယ်သုံးယောက်ကို ခေါ်လာပါတယ်။"
"ဒီတစ်ယောက်က စုန့်ယွီယန်ပါ။ အသက်(၂၉) နှစ်ရှိပါပြီ။ခန္ဓာကိုယ်သန့်စင်ခြင်းနှစ်ကြိမ်ပြီးမြောက်ထားပြီး သွေးမျိုးဆက်စွမ်းအားအခြေခံနဝမအဆင့်ရှိပါတယ်။"
"ဒီတစ်ယောက်ကတော့ ရှန်ချင်းဟန်ပါ။ အသက်က (၁၉) နှစ်ပါ။ ခန္ဓာကိုယ်သန့်စင်ခြင်းသုံးကြိမ်ပြီးမြောက်ထားပြီး သွေးမျိုးဆက်စွမ်းအားက အဆင့်မြင့်ပထမအဆင့်ရှိပါတယ်။"
"သူကတော့ လင်းဇီချန် အသက်က (၁၉) နှစ်ပါ။ ခန္ဓာကိုယ်သန့်စင်ခြင်း ငါးကြိမ်ပြီးမြောက်ထားပြီး သွေးမျိုးဆက်စွမ်းအားကတော့ အဆင့်မြင့်စတုတ္ထအဆင့်ရှိပါတယ်။"
"...."
ကြေးခေါင်းတလားက တိတ်ဆိတ်နေသည်။ ပြန်လည်ဖြေကြားခြင်းမရှိပေ။ ခေတ္တမျှစောင့်ပြီးနောက်တွင် ကြေးခေါင်းတလားက လုံးတတိတ်ဆိတ်နေသေောကြာင့် လျို့ချွမ်ဝူလည်း အမူအရာနည်းနည်းပြောင်းသွားရသည်။
မကောင်းတော့ဘူး....
ကောင်းကင်လူသားသခင် ပြန်ငြိမ်ကျသွားတာများလား
ထိုအချိန်တွင်ပင် ကောင်းကင်လူသားသခင်က ပြောလာသည်။
" လင်းဇီချန် ခုချိန်မှာတော့ ငါ့ခန္ဓာကိုယ်က အားနည်းနေတယ်။ မင်းက ချီသွေးကို ငါ့ဆီနည်နည်းလွှဲပေးပြီး ပြန်ကောင်းအောင်ကူညီပေးပါ။ အပြန်အလှန်အနေနဲ့ မင်းတောင်းဆိုတာမှန်သမျှကို ငါအကောင်းဆုံးဖြည့်ဆည်းပေးမယ်။ မင်းချီသွေးကို ငါ့ဆီလွှဲပြောင်းပေးဖို့ ဆန္ဒရှိရဲ့လား။"
"...."
ကောင်းကင်လူသားသခင်က ထိုသိ့ပြောလိုက်သည်ကို ကြားသောအခါတွင် လင်းဇီချန်သည် အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းပေါ်ကို ပုံအပ်ထားလိုက်ပြီး သွေးမျိုးဆက်စွမ်းအားအခြေအနေကို အာရုံခံကြည့်နေသည်။ သို့သော်လည်း အစမှအဆုံးအထိ အန္တရာယ်ကို မမြင်ရသေးပေ။ ဆိုလိုသည်မှာ ကောင်းကင်လူသားသခင်၌ မကောင်းသည့်ရည်ရွယ်ချက်မျိုး မရှိပေ။
ထိုသို့စဉ်းစားမိသဖြင့် လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလိုက်သည်။
"ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ချီသွေးကို ကောင်းကင်လူသားသခင်ဆီ လွှဲပြောင်းပေးဖို့ အကြွင်းမဲ့ ဆန္ဒရှိပါတယ်။"
အကြွင်းမဲ့
မျက်နှာသာရရန် သုံးလိုက်သောစကားမျှသာ ဖြစ်၏။
"ကောင်းပြီ ကောင်းပြီ။ ငါပြန်ကောင်းသွားတာနဲ့ ငါ့ကတိအတိုင်း မင်းတောင်းဆိုတာကို ကျေနပ်စေရမယ်။ဂ
"အခု ခေါင်းတလားရှေ့ကို တိုးလာခဲ့။ ချီသွေးဘယ်လိုလွှဲပေးရမလဲဆိုတာကို သင်ပေးမယ်။"
"ဟုတ်ကဲ့။"
လင်းဇီချန်က သဘောတူလိုက်ပြီး ကြေးခေါင်းတလားရှိရာသို့ သာမန်ကာလျှံကာမျှ လျှောက်သွားသည်။ လျှောက်သွားနေစဉ်တွင်ပင် အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းပေါ်တွင်လည်း အာရုံစိုက်ထားသည်။ တစ်ခုခုလွဲချော်သွားလျှင် ထိုနေရာမှ ချက်ချင်းထွက်သွားမည်ဖြစ်သည်။
"ကောင်းကင်လူသားသခင် ရှန်ချင်းဟန်ကလည်း အဆင့်မြင့်သက်ရှိပါ။ သူလည်း ချီသွေးကို လွှဲပြောင်းပေးနိုင်ပါတယ်။"
လျို့ချွမ်ဝူက သတိပေးလိုက်သည်။
ထိုအသံက ပြန်ဖြေလိုက်သည်။
"သူ့ရဲ့ချီသွေးကိုတော့ မလိုဘူး။"
ထိုအဖြေကို ကြားသည့်အခါတွင် သူမသည်မျက်တောင်လေးခတ်လိုက်မိသည်။ ငြင်းခံလိုက်ရသည်မဟုတ်ပါလော။
အဆင်မပြေလှပေ....
ရှန်ချင်းဟန်တစ်ယောက် စိတ်ထဲတွင် အဆင်မပြေသော်လည်း လင်းဇီချန်က ကြေးခေါင်းတလားရှေ့တွင်ရပ်လိုက်သည်။ အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းက တုံ့ပြန်ခြင်းမရှိပေ။ လွန်စွာစိတ်ချရသည့်အနေအထားမျိုးပင် ဖြစ်၏။
"မင်းလက်ကို အဖုံးရဲ့ အလယ်မှာတင်လိုက်။ ပြီးရင် ချီသွေးကို ထုတ်လိုက်။"
ကောင်းကင်လူသားသခင်က တည်ငြိမ်စွာဖြင့် ညွှန်ကြားလိုက်သည်။
လင်းဇီချန်က ဘာမှမပြောဘဲ လက်ကိုသာ အဖုံးအလယ်တွင် တင်လိုက်သည်။ ထို့နောက်တွင် ကောင်းကင်လူသားသခင် ညွှန်ကြားသည့်အတိုင်း ချီသွေးကို စတင်ထုတ်လိုက်လေ၏။