← Chapters

ပင်လယ်သားရဲများရောက်ရှိလာခြင်း

Vol. 44 Ch. 658

ပင်လယ်သားရဲများရောက်ရှိလာခြင်း

Vol. 44 Ch. 658

ပင်လယ်ထဲမှလေပြေညင်းများမှာ အရှိန်ဟုန်ပြင်းပြင်းဖြင့်ကမ်းစပ်သို့တိုက်ခတ်လာခဲ့လေသည်။ ထိုလေတိုက်ခတ်မှုကြောင့် ကမ်းစပ်ရှိလူများမှာ ယိမ်းထိုးသွားရလေသည်။

ဒါ့အပြင်ဘေးပတ်လည်ရှိ ပင်လယ်ရေမျက်နှာပြင်မှာ လေပြင်းတိုက်ခတ်မှုကြောင့်လှိုင်းများထလာပြီး ကမ်းစပ်ဆီသို့အဆက်မပြတ်ရိုက်ခတ်လာလေသည်။

ထိုရေလှိုင်းများမှာ တဖြေးဖြေးပြင်းထန်အားကောင်းလာပြီး ဆူနာမီရေလှိုင်းအဖြစ်ပြောင်းလဲသွားလေသည်။ ထိုဆူနာမီရေလှိုင်းကြီးမှာ ၅ထပ်တိုက်အမြင့်ရှိပြီး ကမ်းစပ်သို့အရှိန်ဟုန်ပြင်းပြင်းဖြင့်ရိုက်ခတ်လာလေသည်။

ထိုမြင်ကွင်းကြောင့်ကျွန်းပေါ်ရှိလူတစုမှာ ထိန်လန့်သွားကြပြီး အကြောက်တရားကြောင့် အချိန်တခုကြာသည်အထိ သတိနှင့်လူမကပ်ဖြစ်နေကြလေသည်။

"ဒါ...ဒါ ပင်လယ်သားရဲတွေပဲ။ ပင်လယ်အောက်ခြေကသန္ဓေပြောင်းသားရဲတွေရောက်လာကြတာပဲ"

ကျိုးဟောင်လည်းထိုအခြင်းအရာကြောင့် အသက်ရှူသံများမြန်ဆန်လာလေသည်။

ပင်လယ်သားရဲများမှာ ပင်လယ်အောက်ခြေတွင် နှစ်ပေါင်းများစွာပုန်းအောင်းနေခဲ့ကြပြီး လူသားတွေအနေဖြင့် ၎င်းတို့၏စွမ်းအားကိုထောက်လှမ်းသိရှိနိုင်ဖို့ခက်ခဲခဲ့လေသည်။ဒါ့အပြင် ရေအောက်မှသားရဲများမှာ ကုန်းပေါ်ရှိသားရဲများထက် ပိုမိုသန်မာလေသည်။

ကျိုးဟောင်တွင် အတွေ့အကြုံနှင့် အသိပညာကြွယ်၀သော်လည်း သူ့အနေဖြင့်မမျှော်လင့်သောအကြောက်တရားကြောင့် ကျောထဲမှစိမ့်ခနဲဖြစ်သွားရလေသည်။

ကျိုးဟောင်မှာ စိုးရိမ်တကြီးနောက်သို့ဆုတ်နေပြီးထိုပင်လယ်အောက်ခြေမှသားရဲများကိုအတတ်နိုင်ဆုံးရှောင်ရှားဖို့ကြိုးစားမိလေသည်။

ဒီပင်လယ်သားရဲပေါ်ပေါက်လာခြင်းမှာနတ်ဆိုးကျောက်တိုင်၏ စွမ်းအင်‌ကျောက်တုံးအားလုချင်၍ဖြစ်ကြောင်းသေချာလေသည်။

ကျိုးဟောင်မှာ ခဏလောက်စဉ်းစားပြီးနောက်ဆက်သွယ်ရေးကိရိယာကိုထုတ်ကာ စီနီယာကျိအားဒီနေရာမှတတ်နိုင်သမျှအမြန်ထွက်သွားရန်အကြောင်းကြားလိုက်လေသည်။

တခြားတဖက်တွင်ရှိနေသောစီနီယာကျိတို့မှာလည်း ရုတ်တရက်ပေါ်လာသောပင်လယ်သားရဲများကိုမြင်တွေ့လိုက်ပေသည်။

တကယ်လို့ ကျောက်တိုင်ကိုစောင့်ရှောက်နေသောရှေးဟောင်းသားရဲများနှင့် ပင်လယ်သားရဲများတိုက်ကြပါက ထိုတိုက်ပွဲထဲတွင်ရှိနေသောလူသားများအတွက်အန္တရာယ်အလွန်များလှပေသည်။

တိုက်ပွဲထဲ၀င်ပါမည့်အစား လူသားပညာရှင်များအနေဖြင့် အဝေးတနေရာမှ တိုက်ပွဲကိုစောင့်ကြည့်နေခြင်းကပို၍အန္တရာယ်ကင်းလေသည်။

ရှေးဟောင်းသားရဲများနှင့် ပင်လယ်သားရဲများတိုက်ခိုက်ကြပါက သူတို့စီစဉ်ထားသလို ဟန်ပြမဟုတ်ဘဲ တကယ်ပြင်းထန်သောတိုက်ပွဲဖြစ်မည်ဖြစ်လေသည်။

ကျိယောင်ယွဲ့ကထိုအချက်ကိုကျိုးဟောင်အားသတင်းပို့ပေးလိုက်လေသည်။ထို့နောက်သူမက ပေတရာတီကောင်နှင့် သံမဏိအရိုး၀က်ဝံတို့အားကြည့်လိုက်သောအခါ ၎င်းတို့၂ယောက်မှာ ကြောက်လန့်ပြီးတုန်ရီနေကြလေသည်။

"လခွမ်း ဘာတွေလဲဟ"

ပေတရာတီကောင်မှာကြောက်လန့်တကြားပြောလိုက်ပြီး သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာလည်းတုန်ရီနေလေသည်။

ကြီးမားသောဆူနာမီရေလှိုင်းကြီးနှင့်လေပြင်းများကြားတွင် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သောပင်လယ်သားရဲများပေါ်ပေါက်လာခြင်းက တကယ်လည်းထိတ်လန့်ဖွယ်ကောင်းလှပေသည်။

သံမဏိအရိုး၀က်ဝံမှာလည်း မျက်လုံးထဲတွင်ထိတ်လန့်မှုများပြည့်နှက်နေပြီး သူ၏အမွှေးများထောင်သည်အထိထိတ်လန့်နေလေသည်။

"ပြေး..... ပင်လယ်သားရဲကောင်တွေရောက်လာပြီ အသက်ရှင်ဖို့အတွက်ပြေးတော့"

သံမဏိအရိုး၀က်ဝံမှာ ပေတရာတီကောင်၏ ခန္ဓာကိုယ်အပေါ်ခုန်တက်ပြီး အော်ဟစ်ပြောလိုက်လေသည်။

ကျိယောင်ယွဲ့မှာထိုမြင်ကွင်းကိုမြင်သောပါ စိတ်မထိန်းနိုင်တော့ဘဲ ပြုံးမိလိုက်လေသည်။ ထိုသားရဲ‌ကြီးနှစ်ကောင်မှာ သူတို့ကိုယ်သူတို့သန္ဓေပြောင်းသားရဲတွေဖြစ်သည့်အချက်ကိုမေ့သွားပုံရလေသည်။

ကံကောင်းစွာဖြင့်စီနီယာကျိခေါ်လာသောလူတချို့မှာ သူမတို့၏ဟန်ပြတိုက်ပွဲကိုမရိပ်မိခဲ့ပေ။

"စီနီယာကျိ အရင်ပုန်းပြီးအခြေအနေကြည့်ရအောင်"

ထိုလူများကတည်ငြိမ်စွာဖြင့်ပြောလာခဲ့လေသည်။

"ကောင်းပြီလေ"

ကျိယောင်ယွဲ့ကလည်းခေါင်းညိတ်ပြလိုက်ပြီးဘေးလွတ်ရာ‌ကမ်းခြေတနေရာသို့အဖွဲ့လိုက်ထွက်သွားကြလေသည်။

ထိုအချိန်တွင် ကျိုးဟောင်သည်လည်း အမှောင်တခုထဲ၀င်ရောက်ပုန်းခိုကာ ရန်သူတို့၏အခြေအနေအား အကဲခပ်နေလေသည်။

ကျိုးဟောင်နှင့်ကျိယောင်ယွဲ့တို့အဖွဲ့မှာ အလျင်စလိုမလှုပ်ရှားဝံ့ပေ။ သူတို့အနေဖြင့် အခြေအနေကိုအကဲခပ်ပြီး တိတ်တဆိတ်နေခြင်းကသာ အန္တရာယ်မှရှောင်ရှားနိုင်မည်ဖြစ်ပေသည်။

ထိုအချိန်တွင် ပင်လယ်ထဲရှိ‌ဆူနာမီရေလှိုင်းများမှာ ပိုမိုမြန်ဆန်ပြီး ပိုမိုပြင်းထန်လာလေသည်။ ရုတ်တရက် အလွန်မြင့်မားသောရေလှိုင်းကြီးတခုက ပင်လယ်မျက်နှာပြင်ထက်တွင်ပေါ်ပေါက်လာလေသည်။

ထိုရေလှိုင်းထဲတွင်လက်တံများစွာပါရှိပြီး အလွန်ကြီးမားသောဂဏန်းတကောင်ပေါ်လာလေသည်။ထိုဂဏန်းကြီးမှာ သာမန်ဂဏန်းများနှင့်မတူဘဲ မီတာတရာကျော်ကြီးမားပြီး မီတာတရာကျော်ရှည်လျားသည့်အမြှီးကြီးတခုလည်းပါလေသည်။

ထိုဂဏန်းကြီးက ရုတ်တရက်သူ့အမြှီးအားမြှောက်ပြီး ပင်လယ်ရေမျက်နှာပြင်အားရိုက်ချလိုက်သောအခါ ကြီးမားသောပေါက်ကွဲသံကြီးတခုပေါ်ထွက်လာ‌ခဲ့ပြီး လေထုမှာလည်း တုန်ခါသွားရလေသည်။

"ဟာာ ဒီပင်လယ်သားရဲကြီးကတကယ့်စွမ်းအားကြီးတာပဲ"

ပုန်းအောင်းကိုအခြေအနေကိုအကဲခတ်နေသောကျိုးဟောင်မှာ သူ့ရှေ့ကမြင်ကွင်းကြောင့် တုန်လှုပ်သွားရလေသည်။

"ဒါ...ဒါက ဒဏ္ဍာရီလာအရိုးဆွေးမြေ့ဂဏန်းကြီးများလား"

ကျိုးဟောင်မှာထိုဂဏန်းကြီးအကြောင်းကိုရှေးဟောင်းစာအုပ်များထဲတွင်ဖတ်ခဲ့ဖူးလေသည်။ထိုသတ္တဝါကြီးမှာရှေးဟောင်းသားရဲကြီးတကောင်ဖြစ်ပြီး ၎င်းမှာကြီးမားယုံသာမက သူ့၏အကြေးခွံမှာလည်းဖောက်ထွင်းမရအောင်မာကျောလှပေသည်။ဒါ့အပြင်၎င်း၏လက်မကြီးနှစ်ခုမှာလည်း သံမဏိတောင်ထောပတ်လှီးသလိုညှပ်ဖြတ်နိုင်စွမ်းရှိလေသည်။

ထိုဂဏန်းကြီးကဟိန်းဟောက်လိုက်သောအခါ အလွန်ပြင်းထန်သောအသံလှိုင်းတိုများပျံ့နှံ့သွားပြီး ကီလိုမီတာ ၅၀အတွင်းရှိအရာတိုင်းကိုတုန်ခါသွားစေလေသည်။

ကျိုးဟောင်စိုးရိမ်တကြီးကြည့်နေစဉ်မှာပင် ထိုအရိုးဆွေးမြေ့ပင်လယ်ဂဏန်းကြီးမှာ ကမ်းစပ်ဆီသို့ရေလှိုင်းများနှင့်အတူ ချီတက်နေလေသည်။

ဘုန်း.....ဝုန်းးး......

ဂဏန်းကြီး၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားသောကြောင့် ကမ်းစပ်သို့၎င်းခြေချလိုက်သောအခါ ကျွန်းတခုလုံးတုန်ခါသွားလေသည်။

ထိုအချိန်မှာပင် ဘယ်ဘက်အခြမ်းဆီမှာအလွန်ပြင်းထန်သောဟိန်းသံကြီးတခုပေါ်ထွက်လာခဲ့ပြီး ထိုဟိန်းသံကြီးကလည်း မြေပြင်တခုလုံးကိုတုန်ခါသွားစေခဲ့သည်။

ပုန်းခိုပြီးအကဲခတ်နေကြသောလူသားပညာရှင်များမှာလည်း ထိုမြင်ကွင်းကြောင့်မှင်တက်သွားကြလေသည်။

မရေမတွက်ကျောက်တုံးငယ်လေးများမှာ ကျောက်တိုင်ကြီးအနားတွင် တဖြေးဖြေးစုစည်းသွားပြီး အရိုးခြောက်ဒိုင်နိုဆောကြီးတကောင်အဖြစ်အသွင်ပြောင်းသွားလေသည်။

....................................................................................

All Chapters