အလွန်ကြီးမားသောတိုက်ပွဲ
Vol. 44 Ch. 659
ထိုမြင်ကွင်းကြောင့်ကျိုးဟောင်မှာ တုန်လှုပ်သွားပြီး ခေါင်းပါကျိန်းသွားရလေသည်။ ကျောက်တိုင်နားရှိကျောက်တုံးငယ်လေးများစုပေါင်းပြီး အလွန်ကြီးမားသောအရိုးခြောက်ဒိုင်နိုဆောကြီးအဖြစ်ပြောင်းလဲသွားလိမ့်မည်လို့ သူမမျှော်လင့်ထားခဲ့ပေ။
မကြာမီတွင် အရိုးခြောက်ဒိုင်နိုဆောကြီးမှာလျှပ်စီးကဲ့သို့လျင်မြန်သောအဟုန်ဖြင့်အရိုးဆွေးမြေ့ဂဏန်းကြီးဆီသို့ပြေး၀င်သွားလေသည်။
၎င်းမှာ ဒေါသတကြီးဟိန်းဟောက်ကာ ချွန်ထက်သောလက်သည်းကြီးများ အရိုးဆွေးမြေ့ဂဏန်းကြီးအားလျင်မြန်စွာတိုက်ခိုက်လိုက်လေသည်။
ဘုန်းး.....
အလွန်ကျယ်လောင်သောပေါက်ကွဲသံကြီးတခုထွက်ပေါ်လာခဲ့လေသည်။ ထိုတိုက်ခိုက်ချက်မှာအလွန်ပြင်းထန်ပြီးစွမ်းအားကြီးလှပေသည်။
"ဟားဟားဟားး...... မင်းကငါ့ကိုရင်ဆိုင်ရဲတယ်ပေါ့။ ကိုယ်သေတွင်းကိုယ်တူးနေတာပဲ"
ထိုတိုက်ခိုက်ချက်ကိုကြည့်ပြီး အရိုးဆွေးမြေ့ဂဏန်းကြီးက လှောင်ပြောင်အပြုံးဖြင့်ပြောလာလေသည်။
ထို့နောက် ဂဏန်းကြီးမှာသူ၏ကြီးမားသောလက်မကြီးများကိုချက်ချင်းဝှေ့ယမ်းပြီး အရိုးခြောက်ဒိုင်နိုဆောကြီး၏ခေါင်းကိုချိန်ပြီးတိုက်ခိုက်လိုက်လေသည်။
ထိုလက်မကြီးများအား ဝှေ့ယမ်းနှုန်းမှာအလွန်ပြင်းထန်အားပါပြီး လေထုကိုဖြိုခွင်းကာ ကျယ်လောင်သောပေါက်ကွဲသံကြီးထွက်လာစေလေသည်။
သံမဏိနှစ်ခုရိုက်ခတ်သည့်အသံမှာကျယ်လောင်စွာထွက်ပေါ်လာပြီး လူတိုင်း၏အမူအရာများမှာ တုန်လှုပ်သွားကြလေသည်။
"အား.... ငါတော့နားကန်းတော့မှာပဲ"
ပုန်းနေသောလူတို့မှာ သွေးပျက်သွားကာထိတ်လန့်တကြားပြောလာကြလေသည်။
နောက်စက္ကန့်အနည်းငယ်အကြာတွင် အားလုံးမှာမှင်တက်သွားကြလေသည်။
အဘယ့်ကြောင့်ဆိုသော် အရိုးခြောက်ဒိုင်နိုဆောကြီးအဖြူရောင်ခန္ဓာကိုယ်ကြီးမှာလေထဲမြောက်တက်သွားပြီး မြေပြင်ပေါ်သို့အရှိန်ပြင်းပြင်းနဲ့ပြန်ပြုတ်ကျလာလေသည်။
အုံး.......
မြေပြင်တခုလုံးမှာ အစိတ်စိတ်အမြွှာမြွာဖြစ်သွားပြီး တုန်ခါမှုကြီးနှင့်အတူ ဖုန်မှုန့်များတလိပ်လိပ်ထလာလေသည်။
အရိုးဆွေးမြေ့ဂဏန်းကြီးသော ဂုဏ်ယူနေသောအကြည့်ဖြင့် မားမားမတ်မတ်ရပ်နေလေသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ ဒီအရိုးခြောက်ဒိုင်နိုဆောကြီးမှာ ဂဏန်းကြီး၏ပြိုင်ဘက်မဟုတ်ကြောင်းတွေးလိုက်ကြလေသည်။
"လခွမ်း မင်းတို့မြင်ကြလား ဒီအရိုးဆွေးမြေ့ဂဏန်းကြီးက အတော်စွမ်းအားကြီးတာပဲ"
"ဟုတ်တယ် အရိုးခြောက်ဒိုင်နိုဆောကျောက်ရုပ်ကြီးကိုမြေကြီးထဲနှစ်၀င်သွားအောင် တချက်ထဲနဲ့ရိုက်နိုင်တဲ့အင်အားက တကယ်ကြောက်မက်ဖွယ်ကောင်းတယ်"
"ဒီဂဏန်းကြီး၏စွမ်းရည်ကတကယ်ကြီးမားတာပဲ။ ဒီကောင်ကြီးကငါတို့ယှဉ်တိုက်နိုင်မယ့်အရာမျိုးမဟုတ်ဘူး"
ပုန်းနေသောလူများမှာတယောက်တပေါက်ပြောလာကြလေသည်။
မကြာမီတွင် မြေပြင်တခုလုံးတုန်ခါလာလေသည်။ထို့နောက် ကျောက်ဒိုင်နိုဆောကြီးမှာမြေကြီးထဲဒေါသတကြီးဟိန်းဟောက်ကာ ခုန်ထွက်လာလေသည်။
သို့သော် အရိုးခြောက်ဒိုင်နိုဆောကြီးမှာ ယခင်ကဲ့သို့အရှိန်အဝါခန့်ထည်မှုမျိုးမရှိတော့ဘဲ အရိုက်ခံလိုက်ရသောကြောင့် စုတ်ပြတ်နေလေသည်။
ဒိုင်နိုဆောကြီး၏ခန္ဓာကိုယ်ပေါ်တွင်လည်း အလွန်နက်ရှိုင်းသော ဒဏ်ရာကြီးတခုရှိနေပြီး ထိုဒဏ်ရာမှသွေးများယိုစီးကြနေလေသည်။
ထိုအချိန်တွင် မလှမ်းမကမ်းတွင်ရပ်နေသောအရိုးဆွေးမြေ့ဂဏန်းကြီးက အရိုးခြောက်ဒိုင်နိုဆောကြီးအား စိုက်ကြည့်နေလေသည်။ ထိုအကြည့်ထဲတွင် ဒေါသများနှင့် ခက်ထန်မှုများပြည့်နှက်နေလေသည်။
ဂါး...ဂါးး...
အရိုးဆွေးမြေ့ဂဏန်းကြီးမှာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏သတ်ဖြတ်လိုစိတ်မှ ကျွန်းတခုလုံးသို့ပျံ့နှံ့သွားလေသည်။
ဂဏန်းကြီးမှာ ကျောက်ဒိုင်နိုဆောကြီးအားသတ်ဖြတ်နိုင်မည့်အခွင့်အရေးကို အမိအရအသုံးချဖို့ဆုံးဖြတ်လိုက်ပြီး ဒိုင်နိုဆောကြီးထံ တဟုန်ထိုးပြေးလာလေသည်။
အရိုးဆွေးမြေ့ဂဏန်းကြီးမှာ၎င်း၏သွေးကဲ့သို့နီရဲနေသောပါးစပ်ကြီးကိုဖြဲပြီး အရိုးခြောက်ဒိုင်နိုဆောကြီးထံခုန်၀င်လာလေသည်။
ဒိုင်နိုဆောကြီးမှာ အစကဘာဆက်လုပ်မလဲကိုတွေးနေသော်လည်းရုတ်တရက် ဂဏန်းကြီးကတိုက်ခိုက်လာပြီး တခဏအတွင်းသူ့အရှေ့ရောက်လာသောအခါ အရာရာမှနောက်ကျသွားခဲ့လေပြီ။
"ဂါးး...ဂါးး..."
ဂဏန်းကြီးမှာအော်ဟစ်ရင်း ဒိုင်နိုဆောကြီး၏ ခန္ဓာကိုယ်အားကိုက်လိုက်လေသည်။
ဒိုင်နိုဆောကြီး၏မျက်လုံးများတွင်မယုံကြည်နိုင်မှုများနှင့်ပြည့်နှက်နေပြီး ဂဏန်းကြီး၏ကိုက်ချေမှုကြောင့် ဟိန်းသံတောင်မထုတ်နိုင်တော့ပေ။
ကိုက်ချက်တချက်စီတိုင်းတွင် ၎င်း၏အင်အားမှာတဖြေးဖြေးယုတ်လျော့လာပြီး အရိုးဆွေးမြေ့ဂဏန်းကြီးအား မနှစ်မြို့စွာဖြင့်ကြည့်နေလေသည်။
ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ အခုအခြေအနေအရ ၎င်းမှာ အရှုံးပေးရတော့မည်ဖြစ်လေသည်။
အရိုးခြောက်ဒိုင်နိုဆောကြီး၏ကျောက်သားခန္ဓာကိုယ်မှာတစစီကွဲကြေသွားရလေသည်။ ဂဏန်းကြီးကတော့ မြေပြင်ပေါ်တွင်တစစီပြန့်ကျဲနေသောဒိုင်နိုဆောကြီး၏ခန္ဓကိုယ်ကိုကြည့်ပြီး ဂုဏ်ယူစွာဟိန်းဟောက်လိုက်လေသည်။
ထို့နောက်ဂဏန်းကြီးမှာကျောက်တိုင်အားမြေကြီးထဲမှဆွဲနှုတ်ယူလိုက်လေသည်။ ဒီသားရဲကြီးများ၏ အတွေးမှာရိုးရှင်းလှပေသည်။ ကျောက်တိုင်ထဲ၎င်းတို့လိုချင်သောအရာရှိမရှိမစစ်ဆေးဘဲ ဒီအတိုင်းဖြုတ်ယူသွားခဲ့လေသည်။
ဂဏန်းကြီးမှာကျောက်တိုင်အားစိတ်ချလက်ချဖြင့်နှုတ်ယူကာ ပင်လယ်ရေအောက်သို့ပြန်ငုပ်လျှိုးသွားလေသည်။ ကျိုးဟောင်မှာထိုမြင်ကွင်းကိုကြည့်ပြီး ရယ်မိလိုက်လေသည်။ တကယ်လို့ကျောက်တိုင်ထဲမှာ စွမ်းအင်ကျောက်တုံးမရှိတော့သည်ကိုသိရှိသွားချိန်၎င်းတို့အမူအရာဘယ်လိုဖြစ်ပျက်သွားမည်နည်း။
....................................................................................