သွေးလင်းနို့ဘုရင်
Vol. 44 Ch. 660
ကျိုးဟောင်မှာအနည်းငယ်တောင်ရှက်သွားလေသည်။ အရိုးဆွေးမြေ့ဂဏန်းကြီးအနေဖြင့် ထိုကျောက်တိုင်အားရယူနိုင်ရန်အလွန်အားစိုက်ထုတ်ခဲ့ရလေသည်။ ၎င်းအနေဖြင့်ခြေထောက်တချောင်းတောင်ဆုံးရှုံးခဲ့သေးလေသည်။
တကယ်လို့ဂဏန်းကြီးသာ ဒီလိုအရှုံးခံပြီးယူလာသောကျောက်တိုင်ကြီးက အသုံးမ၀င်သည်ကိုသာသိရှိသွားပါကအလွန်ဒေါသထွက်မည်မှာအသေအချာပင်။
ကျိုးဟောင်လည်းအလျင်အမြန်ပင်စွမ်းအင်ကျောက်တုံးအားသူ့အာကာသယာဉ်ထဲသို့သယ်ယူသွားပြီး စွမ်းအားပေးသည့်အခန်းထဲသို့ထည့်လိုက်လေသည်။ယခုဆို သူသည် ဒုတိယမြောက်ကျောက်တိုင်မှစွမ်းအင်ကျောက်တုံးကိုရယူနိုင်ခဲ့လေပြီ။
ကျိုးဟောင်လည်းအခုမှစိတ်အေးသွားရလေသည်။ထိုအချိန်တွင် ကျိယောင်ယွဲ့ဆီမှမက်ဆေ့၀င်လာလေသည်။ ကျိုးဟောင်လည်းသူမအားတည်နေရာကိုပေးပို့လိုက်လေသည်။
မကြာမီကျိယောင်ယွဲ့တယောက်ရောက်လာပြီး စွမ်းအင်ပေးတဲ့အခန်းထဲရှိ စွမ်းအင်ကျောက်တုံးကိုမြင်သောအခါစိတ်အေးသွားရလေသည်။
"ကဲငါတို့အတွက်နောက်ဆုံးကျောက်တိုင်တခုပဲကျန်တော့တယ်။ အဲ့တာပြီးရင်တော့ ငါစိတ်အေးရပါပြီ"
ကျိယောင်ယွဲ့ကပြုံးပြီးပြောလာလေသည်။
ကျိုးဟောင်လည်းသူမနှင့်အတွေးတူပေသည်။ နောက်ဆုံးကျောက်တိုင်ရှိစွမ်းအင်ကျောက်တုံးကိုရယူပြီးမှသာ ဒီပြဿနာကြီးကိုအလုံးစုံဖြေရှင်းနိုင်မည်ဖြစ်သည်။
"ဒါနဲ့ကျိုးဟောင် မင်း အရိုးဆွေးမြေ့ဂဏန်းကြီးကိုမြင်လိုက်တယ်မှတ်လား။ အဲ့ကောင်ကြီးပေါ်လာမယ်လို့ငါလည်းမထင်ထားခဲ့ဘူး။ ပင်လယ်အောက်မှာဖြေရှင်းဖို့ခက်ခဲတဲ့ရန်သူတွေအတော်များတယ်။ အဲ့အကြောင်းကိုတွေးမိချိန်ဆို ငါခေါင်းတောင်ကိုက်တယ်"
ကျိယောင်ယွဲ့ကစိတ်ပျက်စွာပြောလာလေသည်။
"စီနီယာကျိ သားရဲတွေကအချင်းချင်းသင့်မြတ်နေတယ်လို့မခံစားရဘူး။ တကယ်လို့ ကုန်းမြေပေါ်ကသားရဲတွေနဲ့ ပင်လယ်အောက်ကသားရဲတွေတိုက်ခိုက်ကြရင်တော့ ကျွန်တော်တို့အပေါ်မှာကျနေတဲ့ဖိအားတွေလျော့သွားနိုင်လောက်တယ်"
ထိုစကားကိုကြားသောအခါကျိယောင်ယွဲ့၏ အမူအရာမှာချက်ချင်းပြောင်းလဲသွားလေသည်။
"မင်းမှာအကြံတခုခုရှိလား"
ကျိုးဟောင်မှာ ဒီစကားကိုစပြောရခြင်းမှာ သူ့ထံတွင်အကြံတခုခုရှိ၍ဖြစ်လေသည်။ ကျိုးဟောင်မှာသူ့ခေါင်းကိုကုတ်ရင်း မဝံ့မရဲပြောလာလေသည်။
"ကျွန်တော့်အကြံကနည်းနည်းတော့စိတ်မချရဘူး။ ဒီကျောက်တိုင်ကိုသုံးပြီး ကုန်းပေါ်ကသားရဲတွေနဲ့ပင်လယ်ထဲကသားရဲတွေကိုဆွဲဆောင်ပြီး တိုက်ခိုက်အောင်လုပ်လို့ရမယ်လို့တွေးမိတယ်"
ကျိယောင်ယွဲ့လည်း ထိုစကားကြောင့်အနည်းငယ်မှင်တက်သွားလေသည်။
"အဲ့တာက အရမ်းအန္တရာယ်မများဘူးလား"
ကျိယောင်ယွဲ့ကစိုးရိမ်နေလေသည်။ ကျိုးဟောင်လည်းထိုသို့တွေးမိလေသည်။
" တကယ်လို့ကျောက်တိုင်ကိုအတုလုပ်နိုင်မယ်ဆိုရင်ဒီကိစ္စကိုလုပ်လို့ရတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကတခါပဲသုံးလို့ရမယ်။ ဒုတိယတခါထပ်သုံးရင်တော့ ဘယ်သူမှအညာမိမှာမဟုတ်တော့ဘူး"
ကျိုးဟောင်၏စကားကိုကျိယောင်ယွဲ့ကခေါင်းညိတ်ပြလိုက်လေသည်။
" ကဲနောက်မှဆက်ပြောကြတာပေါ့။ တခြားသူတွေအမြင်မှာ စွမ်းအင်ကျောက်တုံးတခုကပျောက်နေပြီး နောက်ကျောက်တိုင်တခုကိုလည်းပင်လယ်သားရဲတွေကယူသွားတာကြောင့် လူသားမျိုးနွယ်အကြီးအကဲတွေပေါက်ကွဲနေကြပြီ။ အဲ့တာကြောင့် ငါအစည်းအဝေးတခုသွားရမယ်"
ကျိယောင်ယွဲ့ကပြောပြီးနောက်ထွက်သွားလေသည်။
သူမထွက်သွားပြီးနောက် ကျိုးဟောင်မှာလေလွင့်မနေဘဲ အချက်အလက်များကိုစတင်ခွဲခြမ်းစိတ်ဖြာနေလေသည်။
"ရှောင်ယွီ ဒီစွမ်းအင်ကျောက်တုံးတွေကို လုံနတ်ဘုရားယာဉ်ပျံရဲ့လောင်စာအဖြစ်သုံးတာအပြင်တခြားဘယ်နေရာမှာသုံးလို့ရသေးလဲ"
ကျိုးဟောင်စကားဆုံးသောအခါ ငှက်မွှေးတစ်ထောင်ချပ်၀တ်ကစတင်လေ့လာလေသည်။
"သခင့်ကိုတင်ပြပါရစေ ဒီစွမ်းအင်ကျောက်တုံးကစွမ်းအင်ကအရမ်းသန့်စင်တယ်။ ၎င်းကစိတ်ဝိညာဉ်တွေကိုထိန်းချုပ်နိုင်ရုံသာမက စိတ်စွမ်းအင်ကိုလည်းမြှင့်တင်ပေးတယ်။ လက်ရှိဆရာ့ရဲ့စိတ်စွမ်းအင်က ဝိညာဉ်ကျောက်တုံးအကူအညီနဲ့အဆင့်မြှင့်တင်ထားပေမဲ့ ဒီဝိညာဉ်ထိန်းချုပ်ကျောက်တုံးကစွမ်းအင်ကိုယှဉ်နိုင်ဖို့တော့လိုအပ်ချက်တွေရှိနေသေးတယ်"
ရှောင်ယွီ၏စကားကြောင့် ကျိုးဟောင်စိတ်ပျက်သွားရလေသည်။
"ဒါကဝိညာဉ်ထိန်းချုပ်ကျောက်တုံးဆိုရင် ဒါကိုအသုံး၀င်လာအောင်မင်းလုပ်နိုင်မလား"
ကျိုးဟောင်ကဆက်မေးလိုက်လေသည်။
"သခင် ဒီဝိညာဉ်ထိန်းချုပ်ကျောက်တုံးမှာ သူမတူတဲ့ ထိန်းချုပ်စနစ်ရှိတယ်။ အဲ့စနစ်ကအရမ်းထူးခြားတာကြောင့် ကျွန်တော့်အနေနဲ့ဘာမှလုပ်လို့မရဘူး"
ငှက်မွှေးတထောင်ချပ်၀တ်ကဘာမှမတတ်နိုင်သည့်အချိန်တွင် ဖားကတော့တခုခုသိနိုင်ပေသည်။ထို့ကြောင့်ကျိုးဟောင်ကဖားနှင့်ဂျယ်လီဖြူအားခေါ်ထုတ်လိုက်လေသည်။
" ဒါကိုဘယ်လိုသုံးလို့ရလဲ"
တကယ်လို့ဒီကျောက်တုံးကိုသုံးပြီး သားရဲများကိုထိန်းချုပ်နိုင်ပါက လူသားမျိုးနွယ်အတွက် အလွန်ထူးခြားသွားမည်ဖြစ်ပေသည်။
"ဟဲဟဲ မင်းဒါကိုသုံးပြီး သားရဲတွေကိုထိန်းချုပ်ချင်နေတာမှတ်လား။ လက်ရှိမင်းရဲ့စိတ်စွမ်းအင်ကအဆင့်မမှီသေးဘူး။ မင်းဒီကျောက်တုံးကိုသုံးချင်တယ်ဆိုရင်တော့နောက်ထပ်၂နှစ်လောက်စောင့်ပြီးမှထပ်ပြောကြတာပေ့ါ"
ဖားကခပ်ထေ့ထေ့ပြောလိုက်လေသည်။
"ငါဒီအရာကိုအသုံးချဖို့မဖြစ်နိုင်ဘူးဆိုတာကိုငါမယုံဘူး"
ကျိုးဟောင်ကမျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
"စိတ်မကောင်းစွာနဲ့ပဲ အခုတော့ ဒါကိုမင်းယာဉ်ပျံအတွက်ပဲသုံးရမှာ။ တခြားဘယ်နေရာမှသုံးလို့ရဦးမှာမဟုတ်ဘူး"
ဖား၏စကားကြောင့်ကျိုးဟောင်လည်းစိတ်ပျက်သွားလေသည်။
"ကောင်းပြီလေ"
ကျိုးဟောင်လည်းပုခုံးတွန့်ပြီးပြောလိုက်လေသည်။သူ့အနေဖြင့်တခြားရွေးချယ်စရာလည်းမရှိပေ။
ပထမကျောက်တိုင်နှင့် ဒုတိယကျောက်တိုင်နှစ်ခုလုံးကိုဖြေရှင်းနိုင်ခဲ့လေပြီ။သို့သော် တတိယတခုကျန်နေသေးသောကြောင့် ကျိုးဟောင်နှင့်ကျိယောင်ယွဲ့မှာ စိတ်မအေးနိုင်သေးပေ။
"ပင်လယ်သားရဲတွေကသူတို့အသက်စွန့်ပြီးယူလာတဲ့ကျောက်တိုင်ကသုံးမရတာသိသွားရင် အလွန်ဒေါသထွက်ပြီး တတိယတခုကိုရယူနိုင်ဖို့အပြင်းအထန်ကြိုးစားလာလိမ့်မယ်။ ဒါ့ကြောင့် ငါတို့အနေနဲ့တတ်နိုင်သလောက်မြန်မြန်လုပ်ရမယ်။ မင်းမှာနောက်ထပ်အစီအစဉ်ရှိသေးလား"
ကျိယောင်ယွဲ့ကမေးလိုက်လေသည်။ ကျိုးဟောင်၏ အကြံနှစ်ခုလုံးမှာအောင်မြင်ခဲ့သောကြောင့်ဒီတကြိမ်တွင်လည်း ကျိုးဟောင်မှာ အစီအစဉ်ရှိလိမ့်မည်လို့ကျိယောင်ယွဲ့ကမျှော်လင့်နေလေသည်။
"ကျွန်တော်တို့ပထမအစီအစဉ်ကပြန်သုံးလို့မရပေမဲ့ဒုတိယအစီအစဉ်ကနောက်တခါထပ်သုံးလို့ရပါသေးတယ်။ ပြောရရင် ဒုတိယကျောက်တိုင်ကိုပင်လယ်သားရဲတွေယူသွားတာကြောင့် ဒီတခါကုန်းပေါ်ကသားရဲကအပြင်းအထန်ရယူဖို့ကြိုးပမ်းလာတဲ့ပုံစံအနေနဲ့ ဟန်ဆောင်လို့ရသေးတယ်"
ကျိုးဟောင်ကပြောလိုက်သည်။ သူ့အကြံအစည်မှာတကယ်လည်းအဆင်ပြေပေသည်။သို့သော် ထိုအချိန်တွင် ပေတရာတီကောင်ကကျိုးဟောင်ထံမက်ဆေ့ပို့လာလေသည်။
"သခင် အခြေအနေမကောင်းတော့ဘူး။ သွေးလင်းနို့ဘုရင်ကကျောက်တုံးကိုသူကိုယ်တိုင်လုယူဖို့ပြင်နေပြီ"
ထိုမက်ဆေ့ကိုကြည့်ပြီး ကျိုးဟောင်နှင့်ကျိယောင်ယွဲ့တို့၂ယောက်လုံးမှင်တက်သွားလေသည်။
"ဘာ သွေးလင်းနို့ဘုရင်ဟုတ်လား။ အဲ့သားရဲက သူတော်စင်ဘုံအဆင့်ရောက်ဖို့အရမ်းနီးကပ်နေတဲ့အကောင်ပဲ။ သူကဒီကိုဘာလာလုပ်တာလဲ"
ကျိယောင်ယွဲ့မှာထိတ်လန့်သွားလေသည်။
"သခင် သွေးလင်းနို့ဘုရင်ကကျောက်တိုင်ကိုကိုယ်တိုင်လုယူဖို့ထွက်သွားပြီ။ အဲ့နေရာကို နောက်၃န ရီအတွင်းရောက်လာလိမ့်မယ်"
ပေတရာတီကောင်၏နောက်ထပ်မက်ဆေ့တစောင်ကြောင့် ကျိုးဟောင်တို့နှစ်ယောက်လုံးအမူအရာပျက်ယွင်းသွားလေသည်။
"အဲ့သွေးလင်းနို့ဘုရင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကအလွန်ထူးချွန်ပြောင်မြောက်တယ်။ တကယ်လို့သူသာ တိုက်ခိုက်လာရင် ငါတို့ဘက်သူတော်စင်ဘုံအဆင့်ပညာရှင်တွေထုတ်ပြီးဖြေရှင်းမှရမယ် မဟုတ်ရင် ငါတို့သူ့ကိုဖြေရှင်းနိုင်မှာမဟုတ်ဘူး"
ကျိယောင်ယွဲ့မှာအလွန်စိုးရိမ်သွားလေသည်။သူမသည်ချက်ချင်းပင်စစ်နတ်ဘုရားလင်းထျန်နှင့်မိသားစုအသီးသီးမှပညာရှင်များကိုဆက်သွယ်လိုက်လေသည်။
နောက်ဆုံးတွင် သူတော်စင်ဘုံအဆင့်တ၀က်ပညာရှင် ၅ယောက်မှာ တတိယကျောက်တိုင်ရှိရာဆီသို့ထွက်ခွာလာကြလေသည်။
ထိုပညာရှင်၅ယောက်မှာ အထူးအဖွဲ့အစည်းမှပညာရှင်တယောက်၊ နိုင်ငံတကာလေလံအိမ်တော်မှတယောက် ၊ မြို့ပြကြီးမှတယောက်နှင့် ကျန်နှစ်ယောက်မှာလင်းထျန်နှင့် ကျိယောင်ယွဲ့ဖြစ်လေသည်။
ထိုပညာရှင်ငါးယောက်မှာ ထူးကဲသောအရှိန်အဝါကိုယ်စီနှင့် တတိယကျောက်တိုင်ရှိရာကျွန်းသို့ရောက်လာလေသည်။ ကျိုးဟောင်လည်းလိုက်ပါလာခဲ့လေသည်။
ထိုအချိန်တွင်အဝေးတနေရာရှိကောင်းကင်၌ ပြောင်းလဲမှုတခုဖြစ်ပေါ်နေသည်ကိုကျိုးဟောင်မြင်လိုက်လေသည်။ကြီးမားသောအရိပ်ကြီးတခုပေါ်လာပြီး အတောင်ကြီးနှစ်ဖက်က နေနှင့်ကောင်းကင်ကိုဖုံးလွှမ်းထားလေသည်။ ဒါ့အပြင်ကြီးမားသောမျက်နှာကြီးနှစ်လုံးဆီမှအေးစက်သောအငွေ့အသက်များကိုလည်းခံစားရလေသည်။
ဒီသားရဲကြီးမှာသေချာပေါက် သွေးလင်းနို့ဘုရင်ဖြစ်ပေသည်။ ထိုမြင်ကွင်းကြောင့်ကျိုးဟောင်နှင့်အခြားသူများမှာ အမူအရာများပြောင်းလဲသွားရလေသည်။
....................................................................................