အပိုင်း ၃၅၂-၃၅၄
Vol. 24 Ch. 352-354
အခန်း (၃၅၂) လော့ချန်းရွှယ်ကပိုင်ရွှယ်ပဲ! ဂမ္ဘီရသစ်ပင်ဂိုဏ်းကစလှုပ်ရှားပြီ! (၂)
ချက်ချင်းဆိုသလိုပင် သူမ၏စကတ်အောက်မှ ရင်းနှီးနေသောအနွေးဓာတ်ကို ခံစားလိုက်မိသည်။ သူမ ကျင်ငယ်စွန့်မိခြင်းပင် ဖြစ်သည်။ နေဝင်ဆည်းဆာယင်းယန်သီး၏ လှုံ့ဆော်မှုကြောင့် ထိန်းချုပ်မှုကင်းမဲ့သွားကာ ပေါက်ချမိသွားပြီး ဆိုဖာသည်ပင် အကွက်ရာကြီးထင်သွား၏။
"သွားပြီ စိုသွားပြီ။"
ရှန်ချင်းဟန်သည် စိုနေသောခန္ဓာကိုယ်အောက်ပိုင်းကိုကြည့်ကာ မျက်နှာထက်တွင် စိတ်ပျက်မှုကို တွေ့လိုက်ရသည်။ လင်းဇီချန်ဖြင့် နီးနီးကပ်ကပ်နေသည့်အချိန်ကလွဲ၍ ဂျယ်လီငါးဘုရင်နှင့် ပူးပေါင်းပြီးစဉ်ကတည်းကပင် သူမသည် ထပ်၍ ရှုးပေါက်မချတော့ပေ။ သို့သော် ယခုတွင်မူ ရုတ်တရက်ထွက်သွားပြီး သတိလွတ်သွားခြင်းသာ ဖြစ်၏။
အသိပြန်ဝင်လာသောအခါတွင် တစ်ရှုးများကိုယူကာ ဆိုဖာနှင့်ကြမ်းပြင်ပေါ်မှ ကျင်ငယ်များကို သန့်ရှင်းလိုက်သည်။ ထိုသို့လုပ်နေသည်ကို မြင်သောအခါတွင် လင်းဇီချန်က ပြောလိုက်လေ၏။
"ငါလုပ်လိုက်မယ်။ မင်းစကတ်သွားလဲချေ။"
"အဲ့လိုဆို နင့်ကို ဒုက္ခပေးလိုက်ပြီနော်။"
ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်က ရေချိုးခန်းရှိရာသို့ ထွက်သွားသည်။ သို့သော်လည်း လှည့်လိုက်သောအချိန်တွင်ပင် လင်းဇီချန်က သူမလက်ကို ဆွဲထားလိုက်သည်။
"စကတ်ချွတ်လိုက်။ အဲ့ဒါနဲ့သုတ်လိုက်မယ်။ အဲ့လိုဆို ပိုအဆင်ပြေတယ်။"
"အွန်း"
ရှန်ချင်းဟန်က ပြန်ဖြေလိုက်ပြီး အမြန်ပင် စကတ်ကိုချွတ်ကာ ကြမ်းပြင်ပေါ်သို့ ပုံထားလိုက်သည်။ ထို့နောက်တွင် သူမသည် သွယ်လျသောခြေထောက်လေးဖြင့် ရေချိုးခန်းရှိရာသို့ ထွက်သွား၏။ လင်းဇီချန်က ကြမ်းပြင်ပေါ်မှ စကတ်ကို ကောက်ယူပြီး ဆိုဖာပေါ်မှကျင်ငယ်ရည်များကို သုတ်လိုက်ပြီး စကတ်ကိုလျှော်ရန် အဝတ်လျှော်စက်ဆီသို့ သွားလေ၏။
ညစ်ပတ်သောကောင်မလေးတွင် ထူးခြားသောခန္ဓာကိုယ်မျိုး ရှိသည်။ သူမစွန့်ထုတ်လိုက်သောအရည်သည် အရောင်မရှိ၊ အနံ့မရှိရုံသာမက အနည်းငယ်ပင် မွှေးလေသည်။ အနည်းငယ်ရှင်းရုံဖြင့်ပင် ရလေသည်။ အထူးတလည်ရှင်းနေစရာမလိုပေ။
ဧည့်ခန်းထဲသို့ ပြန်လာသောအခါတွင် လင်းဇီချန်သည် အာရုံစိုက်၍ မိမိ၏ချီသွေးနှင့် ဝိညာဉ်စွမ်းအားကို အာရုံခံကြည့်သည်။ နေဝင်ဆည်းဆာယင်းယန်သီးကို စားလိုက်သောအခါတွင် ချီသွေးသည် ပင်လယ်ကြီးကဲ့သို့ ပြောင်းဆန်သွားကာ အသိစိတ်ပင်လယ်ကလည်း အမြန်ပင်ကျယ်ပြန်သွားသောကြောင့် ချီသွေးနှင့်ဝိညာဉ်စွမ်းအားက သိသိသာသာမြင့်သွားရပေမည်။ ယခုတွင်မူ မည်မျှမြင့်တက်နေကြောင်း သိနိုင်ပေသည်။
"ဖာခ့်!"
ရုတ်တရက်ပင် ထိုစကားကို လင်းဇီချန်က လွှတ်ခနဲထွက်သွားမိသည်။ အသက် (၁၉)နှစ်အတွင်းတွင် ဖာခ့်ဟုသောစကားကို ပထမဆုံးအကြိမ် ထွက်မိခြင်းဖြစ်သည်။ ထိုအချိန်တွင် လုံးဝကို အံ့အားသင့်နေလေသည်။ ချီသွေးနှင့်ဝိညာဉ်စွမ်းအားနှစ်ခုလုံးသည် အဆင့်မြင့်ပဥ္ဇအဆင့်သို့ ရောက်သွားသောကြောင့် အံ့ဩသွားရခြင်းဖြစ်သည်။ သစ်သီးတစ်လုံးတည်းစားလိုက်ရုံသာ ဖြစ်ည်။ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်စတုတ္ထအဆင့်မှ အဆင့်မြင့်တတိယအဆင့်အထိ ခုန်တက်သွားသည်။ မယုံနိုင်စရာပင်။ အံ့ဩနေသည်ကို မဖုံးနိုင်ခင်တွင်ပင် ရေချိုးခန်းထဲမှ အော်သံတစ်သံကို ကြားလိုက်ရသည်။
"အိုးမိုင်ဂေါ့!"
"ဇီချန် ငါ့ရဲ့ချီသွေးစွမ်းအားနဲ့ဝိညာဉ်စွမ်းအားက အဆင့်မြင့်တတိယအဆင့်ထိ ရောက်သွားပြီ။"
"ငါစိတ်ကူးနေမိတာလားဆိုတာ မြန်မြန်လာစစ်ပေးဦး။"
အော်သံနှင့်အတူ ရှန်ချင်းဟန်သည် တဘတ်ပင် မပတ်နိုင်ဘဲ ခန္ဓာကိုယ်ဗလာဖြင့် ပြေးထွက်လာမိသည်။
'အဆင့်မြင့်တတိယအဆင့်အထိရောက်သွားတာလား'
ရှန်ချင်းဟန်၏အော်သံကို ကြားသောကြောင့် လင်းဇီချန်တစ်ယောက် နားကြားမှားသည်ဟု ထင်မိကာ မျက်လုံးပင် ပြူးကျယ်သွားသည်။ ခေတ္တမျှကြာသောအခါမှ အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းအားကိုဖွင့်၍ ရှန်ချင်းဟန်၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို စစ်ဆေးကြည့်သည်။ ထိုမျှမမျှော်လင့်ထားသော်လည်း အမှန်ပင်ဖြစ်လေသည်။ သူမသည် အဆင့်မြင့်တတိယအဆင့်သို့ ရောက်သွားလေပြီ။
ညစ်ပတ်သောကောင်မလေး၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်ပထမအဆင့်မှ အဆင့်မြင့်တတိယအဆင့်ထိ ခုန်တက်သွားခြင်းဖြစ်၏။ သူမသည် တစ်ခါတည်းဖြင့် နှစ်ဆင့်ခုန်တက်သွားခြင်းဖြစ်၏။
"ဇီချန် ဇီချန် မြန်မြန် ငါ့ကို စစ်ပေးဦး။ တကယ်ပဲ အဆင့်မြင့်တတိယအဆင့်ထိ ဆင့်ကဲပြောင်းလဲသွားတာလားလို့။"
ရှန်ချင်းဟန်က လင်းဇီချန်ရှေ့တွင်ရပ်ကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် တိုက်တွန်းလိုက်၏။
လင်းဇီချန်က စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်၍ ပြောလိုက်သည်။
"အဆင့်မြင့်တတိယအဆင့် မမှားဘူး။"
"တကယ်ကြီး အဆင့်မြင့်တတိယအဆင့်ပေါ့လေ။"
သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့်နေရာတွင်ပင် ထခုန်မိကာ လက်ခုပ်ပင် တီးလိုက်မိသည်။ ခန္ဓာကိုယ်ကလည်း အနည်းငယ်မျှ တုန်ယင်နေသည်။
"ဇီချန် နင်ရော ဘယ်နှစ်ဆင့်တိုးသွားလဲ။"
ရှန်ချင်းဟန်သည် မျက်နှာပေါ်မှ အပြုံးကိုထိန်းကာ စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
အဆင့်နှစ်ဆင့်တက်သွားခြင်းမှာ သူမစားလိုက်သောသစ်သီးတစ်ခြမ်းကြောင့်ဖြစ်သည်ကို ကောင်းကောင်းသိသည်။ လင်းဇီချန်ကလည်း တစ်ခြမ်းစားလိုက်သောကြောင့် သွေးမျိုးဆက်စွမ်းအားအဆင့်တက်သွားပေမည်။ လင်းဇီချန်က ရေချိုးခန်းရှိရာကို ညွှန်ပြလိုက်ပြီး တဘတ်ကိုယူကာ ရှန်ချင်းဟန်ကို ပက်ပေး၍ တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
"နင့်လောက်မများဘူး။ တစ်ဆင့်ပဲတက်တယ်။"
"အမ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
သူမသည် အတန်ငယ်အံ့ဩနေကာ မယုံနိုင်ဖြစ်နေသည်။ စိတ်ထဲတွင်မူ လင်းဇီချန်၏ ဆင့်ကဲပြောင်းလဲခြင်းပါရမီသည် သူမထက်သာသည်ကို သိသည်။ နှစ်ယောက်လုံး နေဝင်ဆည်းဆာယင်းယန်သီးကို တစ်ခြမ်းစီစားလိုက်ခြင်းသာဖြစ်ပြီး လင်းဇီချန်က သူမထက်ပင် ပိုများသင့်သည်။ ယခုတွင်မူ သူမက နှစ်ဆင့်တက်၍ လင်းဇီချန်က တစ်ဆင့်သာ တက်သည်။ တစ်ခုခုမူမှန်သည့်ပုံမပေါ်ပေ။
သို့သော်လည်း အမြန်ပင် အကြောင်းရင်းကို သဘောပေါက်သွားသည်။ အဆင့်မြင့်စတုတ္ထအဆင့်မှ ပဥ္ဇမအဆင့်သို့ ဆင့်ကဲပြောင်းလဲရန်အတွက်လိုအပ်သောအရင်းအမြစ်က အဆင့်မြင့်ပထမအဆင့်မှ တတိယအဆင့်သို့ ပြောင်းလဲသောအရင်းအမြစ်ထက် ပို၍လိုအပ်သည်။ ထိုအချက်ကို သဘောပေါက်သွားသောကြောင့် သူမက ပြောလိုက်သည်။
"ဇီချန် နင်ဘာလို့ တစ်ဆင့်ပဲတက်သွားလဲဆိုတာကို သိပြီ။"
"အဆင့်မြင့်စတုတ္ထအဆင့်ကနေပဥ္ဇအဆင့်ထိတက်သွားဖို့က အဆင့်မြင့်ပထမဆင့်ကနေတတိယအဆင့်ထိ ပြောင်းသွားဖို့ထက်ပိုခက်ခဲလို့ဖြစ်မယ်။"
"နင်က ငါ့ထက်နည်းနေတာမဟုတ်ဘူး။"
"...."
ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်အနည်းငယ်မျှ အံ့ဩသွားသည်။ ကလေးဘဝကတည်းက အမြဲပင် အားကောင်းလာခဲ့သောလင်းဇီချန်သည် ရှန်ချင်းဟန်၏နှစ်သိမ့်ပေးမှုကို ရုတ်ခြည်းခံလိုက်ရသည်။ ထိုသို့ဖြစ်လာမည်ကို မမြင်မိခဲ့ပေ။ စဉ်းစားကြည့်လိုက်ပြီး လင်းဇီချန်က ရှန်ချင်းဟန်နှုတ်ခမ်းလေးကို ဖျစ်ညှစ်၍ ကျီစယ်သောအပြုံးလေးပြုံးကာ စလိုက်သည်။
"ပါးစပ်နဲ့ နှစ်သိမ့်နေရုံနဲ့မရဘူး။ လက်တွေ့နှစ်သိမ့်ပေးမှရမယ်။"
လင်းဇီချန်က စနောက်နေသည်ကို မြင်သောကြောင့် ရှန်ချင်းဟန်က အတွေးလွန်သွားပြီဖြစ်ကြောင်းကို သိလိုက်သည်။ ငယ်ဘဝသူငယ်ချင်းသည် ဒေါသထွက်နေခြင်းမဟုတ်ပေ။ သို့သော် ၎င်းလိုအပ်သည့် နှစ်သိမ့်မှုကို ပေးရန်ကူ လိုအပ်ပေ၏။
အခန်း (၃၅၃) လော့ချန်းရွှယ်ကပိုင်ရွှယ်ပဲ! ဂမ္ဘီရသစ်ပင်ဂိုဏ်းကစလှုပ်ရှားပြီ!(၃)
ထိုအတွေးဖြင့် ရှန်ချင်းဟန်သည် လင်းဇီချန်ကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းပြီး နဖူးစမှဆံစများကို နားနောက်သို့သပ်ကာ သိမ်မွေ့စွာ ပြောလိုက်သည်။
"ကောင်းပြီ။ စောနက နှလုံးကဒဏ်ရာလေးကို နှစ်သိမ့်ပေးဖို့ ပါးစပ်နဲ့ နှစ်သိမ့်ပေးပါ့မယ်။ စိတ်အေးအေးထားပါ။"
"...."
ရှန်ချင်းဟန်မည်မျှစဉ်းစားပေးတတ်သည်ကို မြင်ကာ လင်းဇီချန်သည် အတန်ငယ်ကျေနပ်နေမိသည်။ ထိုမိန်းကလေး နှစ်သိမ့်ပေးရာတွင် တော်သည်ထက်တော်လာသည်။
'ငါ့မှာဒီလိုမျိုး ငယ်ချစ်ဦးမျိုးရှိတာ အရင်ဘဝတုန်းက စကြာဝဠာကြီးကို ကယ်တင်ခဲ့လို့များလား။'
'သုံးဘဝစာကောင်းချီးပဲ။'
ထိုအတွေးများကို စဉ်းစားနေပြီးနောက်တွင် လင်းဇီချန်၏စိတ်သည် စောနကစားခဲ့သော နေဝင်ဆည်းဆာယင်းယန်သစ်သီးဆီသို့ ရောက်သွားပြန်သည်။ တစ်ခြမ်းစားလိုက်ရုံဖြင့်ပင် အဆင့်မြင့်သက်ရှိဖြစ်သည်အထိ ဆင့်ကဲပြောင်းလဲနိုင်သောအသီးမျိုးက ကမ္ဘာပေါ်တွင် တကယ်ရှိသည်လား။
ထိုအသီး ဆန်းကြယ်သားရဲသီးထက်ပင်ပိုသေးသည်။ မသေမျိုးသစ်သီးဟု ခေါ်လျှင် ပိုသင့်တော်မည်။ ထိုသို့ မသေမျိုးသစ်သီးများကို သာမန်ကာလျှံကာ ပေးလိုက်နိုင်သော ကောင်းကင်လူသားအရှင်သည် မည်မျှအားကောင်းကြောင်းကို ပြသနေသည်။
ဒဏ္ဍာရီအဆင့်လား
မဟုတ်လျှင် ရှေးဘိုးဘေးအဆင့်လား
ထို့ထက်မြင့်တဲ့အဆင်များ ဖြစ်နေမလား
ဒီလိုမျိုးအားကောင်းတဲ့သူက ဘာလို့ ငါ့သွေးကို စုပ်ဖို့လိုတာလဲ
ထူးခြားဆန်းကြယ်သည့်ကိစ္စများစွာရှိနေသဖြင့် အခွင့်အရေးရကာမှ ကောင်းကင်လူသားသခင်ကို မေးကြည့်ရပေမည်။
လင်းဇီချန်ဘာသာ စဉ်းစားနေမိသည်။
....
တဖြည်းဖြည်းဖြင့် ညနက်လာလေ၏။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အခန်းထဲတွင် အတွင်းကြောမှတ်များထိုးနှက်ရင်းဖြင့် အချိန်ကုန်ဆုံးနေသည်။ ခန္ဓာကိုယ်က လဲပြိုသွားမတတ် အားနည်းလာသောအခါမှ အခန်းထဲသို့ ပြန်သွားကြသည်။ ရေချိုးခန်းထဲတွင် ရေအတူတူချိုးကြပြီးနောက်တွင် အိပ်ရာဝင်ရန် အခန်းဆီသို့ ပြန်လာခဲ့သည်။
"လင်းဇီ တကယ်မဟုတ်ဘူးလို့ ခံစားနေရတယ်။ပထမနှစ်မပြီးခင်မှာပဲ အဆင့်မြင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီတဲ့လေ။"
"တကယ်ပဲနော်...."
"အဆင့်မြင့်အဖြစ် ဆင့်ကဲပြောင်းလဲသွားပြီးဆိုတော့ မူလမြေကိုဝင်ဖို့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီသွားပြီ။ စစ်တပ်လေ့ကျင့်ရေးတုန်းက မိတ်ဆက်ပေးခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့လောကကြီးက ဘယ်လိုမျိုးလဲဆိုတာ သိချင်လိုက်တာ။"
ရှန်ချင်းဟန်သည် လင်းဇီချန်၏ရင်ဘတ်ကို မှီ၍ လက်မောင်းကိုဖက်ကာ စပ်စုလိုသောအသံဖြင့် ထိုသို့ပြောလိုက်၏။
လင်းဇီချန်ကမူ သူမ၏ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာနှိပ်ပေးနေရာမှ ပြောလိုက်သည်။
"နောက်စာသင်နှစ်ဝက်ကျရင် ကျောင်းစာရင်းသွင်းတာစတာနဲ့ ကောင်းကင်လူသားအဖွဲ့အစည်းလည်း လူများသွားလောက်ပြီ။ အဲ့လိုဆို ငါတို့လည်း မူလမြေကို ဝင်ကြတာပေါ့။ အထဲမှာ ဘယ်လိုမျိုး အတွေ့အကြုံတွေတွေ့ရမလဲဆိုတာကို ကိုယ်တိုင်ရှာကြည့်ကြတာပေါ့။"
"ဂြိုလ်သားပါရမီရှင်စာရင်းမှာပါတဲ့ ငါ့ရဲ့ဆရာတူအစ်မကို အမြဲတမ်း ပိုင်ရွှယ်လို့ပဲ ထင်နေမိတာ။ မူလမြေကို ဝင်တဲ့အခါမှ ကိုယ်တိုင်အတည်ပြုကြည့်ရမယ်"
ရှန်ချင်းဟန်က ပြောလိုက်၏။
သူသည် ထိုကိစ္စကို ဂရုစိုက်ကာ လော့ချန်းရွှယ်ဟုသောစီနီယာအစ်မဖြင့် အမြဲဆုံချင်မိပြီး သူမသည် ကျောင်းပြောင်းသွားသောသူ ဟုတ်မဟုတ်ကို သိချင်နေမိသည်။ တိုက်ဆိုင်ခြင်းမျိုးကို သူမ မယုံပေ။
ထိုနှစ်ယောက်၏ပုံစံ ဆင်တူလွန်းကာ အချိန်ကိုက်လည်းဖြစ်နေသည်။ လူနှစ်ယောက်ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဆံဖြူစီနီယာအစ်မသည် ထိုစဉ်က ပိုင်ရွှယ်ဖြစ်မည်ဟု အမြဲထင်ခဲ့လေသည်။
"မင်းတို့ပြောတဲ့မူလမြေဆိုတာက ဘာကြီးလဲ။"
ရုတ်ခြည်းပင် ပြတင်းပေါက်နားမှ အမျိုးသမီးသံကို ကြားလိုက်ရသည်။
ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် ရှန်ချင်းဟန် အော်လိုက်မိကာ စောင်ထဲမှ ခုန်လိုက်မိပြီး နှလုံးတုန်သွားရသည်။
လင်းဇီချန်သည်လည်း ကြောင်၍ ကြည့်နေမိသည်။
သို့သော်လည်း စိတ်အေးအောင်လုပ်၍ အခန်းထဲမှမီးကိုဖွင့်လိုက်သောအခါတွင် ပြတင်းပေါက်ဘောင်တွင်ထိုင်ကာလေညှင်းခံနေသောချီချင်းမော့ကို တွေ့လိုက်ရသည်။
"ကောင်းကင်လူသားသခင် ညဉ့်နက်ကြီးကို ဘယ်လိုလုပ် ရုတ်တရက်ပေါ်လာရတာလဲ။"
စိတ်ထဲတွင်မူ ကျိန်ဆဲနေမိ၏။
'ကောင်းကင်လူသားသခင်က တစ်ခုခုတော့ တစ်ခုခုပဲမလား'
'ညဉ့်နက်ကြီးကို သူများအခန်းကပြတင်းပေါက်ပေါ်မှာ သရဲလိုမျိုးလာထိုင်ပြီး ချောင်းနားထောင်နေတယ်။'
'အချစ်နတ်ဘုရားဘွဲ့ရထားတဲ့သူက ဘာလုပ်မလို့လဲ။'
ဒါက နှာဘူးထတာမျိုးမဟုတ်ဘူးလား
လင်းဇီချန်သည် ချီချင်းမော့၏စရိုက်နှင့်ပက်သက်၍ အနည်းငယ်မျှ သံသယဝင်နေမိသည်။ ထိုအချိန်တွင် လာလည်သူမှာ ကောင်းကင်လူသားသခင်ဖြစ်သည်ကို သိသောကြောင့် စောင်အောက်မှ ချောင်းကြည့်လိုက်သည်။ သူမသည် ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်နေသည့်ချီချင်းမော့ကို တွေဝေစွာဖြင့် ကြည့်နေမိသည်။ ချီချင်းမော့ကဲ့သို့ အားကောင်းသူသည် အဘယ့်ကြောင့် ညဘက်ကြီးတွင် အငယ်တစ်ယောက်၏အခန်းထဲသို့ ရောက်လာရသည်ကို နားမလည်နိုင်ပေ။
နှစ်ဦးသား သူမရုတ်တရက်ရောက်လာမှုကို တွေဝေနေကြသည်ကိုသိသောကြောင့် ချီချင်းမော့က သိပေသည်။ သို့သော်လည်း သူမက ဂရုမစိုက်ပေ။ ထို့အစား ထပ်မေးလိုက်၏။
"မူလမြေနဲ့ပက်သက်ပြီးအတိုချုံးရှင်းပြလို့ရမလား။"
သူမအဘယ့်ကြောင့်ရောက်လာရသည်ကို ပြန်မဖြေသောကြောင့် လင်းဇီချန်တစ်ယောက် အတန်ငယ်မကျေမနပ်ဖြစ်သွားမိသည်။ သို့သော်လည်း သူမ၏အင်အားကို စဉ်းစားမိသောကြောင့် ထုတ်မပြောခဲ့ပေ။ မကြာခင်တွင်ပင် မူလမြေနှင့်ပက်သက်ပြီး အတိုချုံးရှင်းပြလေသည်။ အခြားတိုးတက်သောကမ္ဘာတစ်ခုဖြစ်ကြောင်း၊ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များ ပေါကြွယ်ဝကြောင်း၊ အဆင့်မြင့်သက်ရှိမျိုးစုံ၏အိမ်ဖြစ်ကြောင်း ပြောပြသည်။
ထို့နောက်တွင် ကမ္ဘာနှင့် မူလမြေကြားမှ လက်ရှိအခြေအနေကို ပြောပြသည်။ လူသားမျိုးနွယ်သည် မူလမြေမှသက်ရှိများ ဖိနှိပ်ခြင်းကိုခံနေရကြောင်းပြောပြသည်။ လင်းဇီချန်ရှင်းပြသည်ကို နားထောင်ပြီးနောက်တွင် ချီချင်းမော့သည် အံ့ဩသွားကာ ဝမ်းသာသွားလေသည်။ အံ့ဩသွားသည်က သူမသည် နှစ်မရေမတွက်နိုင်အောင် ရှင်သန်ခဲ့ပြီဖြစ်သော်လည်း မူလမြေဟုသောနေရာမျိုးကိုမ ကြားခဲ့ဖူးပေ။ ဝမ်းသာသွားသည်မှာ မူလမြေက ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ် ပေါကြွယ်ဝသောကြောင့် ထိုသို့သွားလျှင် မိမိ၏ထိပ်ဆုံးအခြေအနေသို့ ပြန်ရောက်သွားနိုင်ပေသည်။
စိတ်ခံစားချက်ကို တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် ချီချင်းမော့က ပြောလိုက်လေသည်။
"မူလမြေထဲကို ဘယ်လိုဝင်ရတာလဲ။"
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
"ကျိုကျုံးမှာ ပြည်နယ်အဆင့်အထက် စစ်တပ်ဌာနချုပ်တွေမှာ မူလမြေကို ကိုသွားတဲ့ သွေးမျိုးဆက်လမ်းကြောင်းတွေရှိတယ်။ အဲ့သွေးမျိုးဆက်လမ်းကြောင်းတွေက ဖြတ်သွားရင် မူလမြေကို ရောက်ပြီ။"
....
တစ်ချိန်တည်းတွင်ပင် ရှန်ဟိုင်းမြို့၏ ဇိမ်ခံဗီလာကြီးတစ်ခုတွင် ဖြစ်၏။
မျက်နှာဖုံးတပ်ထားသောလူတစ်စုရှီကာ လင်းဇီချန်ကို တိုက်ခိုက်မည့်ကိစ္စနှင့်ပက်သက်၍ ဆွေးနွေးနေကြသည်။
"အကြီးအကဲရှစ် အကြီးအကဲချုပ်က လင်းဇီချန်နဲ့ပက်သက်ပြီး မလှုပ်ရှားခင် စတိုက်ဖို့ စောင့်သင့်တယ်လို့ ပြောခဲ့တယ်မလား။"
ကလိုဗာရွက်ပုံနှစ်ပုံပါသောမျက်နှာဖုံးကိုစွပ်ထားသောအမျိုးသမီးက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
သူမရှေ့တွင် ကလိုဗာရွက်သုံးရွက်ပုံပါသည့်အမျိုးသားတစ်ဦးက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
"အကြီးအကဲကြီးက စလှုပ်ရှားမဲ့အခါကျရင် နောက်ကျသွားလိမ့်မယ်။"
"အခုပဲ နန်ကျန်းက အားကြီးတဲ့သူတွေက မူလမြေထဲကိုဝင်သွားတာ။ အကြီးအကဲစတိုက်မဲ့အချိန်ကိုစောင့်ရင် မကြာခင်ပင် ရှန်ဟိုင်းကိုအားဖြည့်ဖို့ စစ်ကူတွေရောက်လာကြလိမ့်မယ်။"
"အမှန်ကန်ဆုံးလှုပ်ရှားမှုကတော့ အခုရှန်ဟိုင်းတက္ကသိုလ်က အားအနည်းဆုံးဖြစ်နေတာ။ လင်းဇီချန်ကို တိုက်ခိုက်ပြီး ခေါ်ရမယ်။"
"ဟုတ်ပြီ။ ရှန်ချင်းဟန်ကိုလည်း ခေါ်ရမယ်။"
"သဘောတူကြလား မတူဘူလား။"
အခန်း (၃၅၄) ရှန်ချင်းဟန်ဘေးမှထူးဆန်းသောစာများ
"သွေးမျိုးဆက်လမ်းကြောင်းလား ဟမ်"
လင်းဇီချန်က မူလမြေအကြောင်း မိတ်ဆက်ပေးသည်ကို နားထောင်ပြီးနောက်တွင် ချီချင်းမော့သည် အတွေးထဲတွင် နစ်မျောနေလေသည်။ သူမ၏မှတ်ဉာဏ်ထဲတွင် မူလမြေနှင့်ပက်သက်သည်ကို ရှာကြည့်သည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်သည်။
'မူလမြေလို့ခေါ်တဲ့နေရာက ငါတစ်ခါမှ ခြေမချဖူးတဲ့နေရာပဲ။"
သူမဘာသာ တွေးနေမိသည်။
"မူလမြေထဲဝင်ဖို့ အခွင့်အရေးရှာပြီး စူးစမ်းကြည့်ရမယ်။"
ချီချင်းမော့သည် စိတ်ထဲတွင် တွက်ဆနေမိသည်။
တစ်ဖက်တွင်မူ ချီချင်းမော့တိတ်ဆိတ်နေသည်ကို တွေ့သောကြောင့် လင်းဇီချန်သည် ခေတ္တမျှတွန့်ဆုတ်နေမိသည်။
"ကောင်းကင်လူသားအရှင် ကျွန်တော်တို့ကို ညဘက်ကြီး ဘာအရေးကြီးကိစ္စများ ရှိလို့ လာရှာတာလဲ။"
"ဘာမှမဟုတ်ဘူး။ မင်းရဲ့သွေးကို စုပ်ချင်လို့။"
ချီချင်းမော့သည် တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်၏အမူအရာက ရုတ်တရက်ပြောင်းသွားကာ တစ်ခုခုမှားနေသည်ကို အာရုံခံမိလေသည်။
'နေ့အချိန်သွေးစုပ်ပြီးတာကို အခု ထပ်လုပ်ချင်ပြန်ပြီလား'
'ကောင်းကင်လူသားသခင်က လူကောင်းရောဟုတ်ရဲ့လား'
ထိုသို့စဉ်းစားမိကာ စိတ်ထဲတွင် အနည်းငယ်မျှပျာယာခတ်သွားလေသည်။ ချီချင်းမော့သည် သွေးစုပ်သည်ကို စွဲလမ်း၍ မိမိကို သွေးခမ်းစေသည်အထိ အိပ်ရာပေါ်တွင် သေသွားအောင်လုပ်မိမည်ကို စိတ်ပူမိလေသည်။
တစ်ဖက်တွင်မူ ရှန်ချင်းဟန်သည်လည်း အတူတူပင် စိတ်ပူနေမိလေသည်။ လင်းဇီချန်၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိကာ နှလုံးခုန်မြန်လာလေသည်။
၎င်းတို့၏ထူးဆန်းနေသောအကြည့်ကို အာရုံခံမိသောကြောင့် ချီချင်းမော့က ထိုနှစ်ဦးအထင်လွဲနေသည်ကို နားလည်သည်။ ထို့ကြောင့် သူမက ရှင်းပြလိုက်သည်။
"ဒီည ငါရောက်လာရတာက တစ်နေကုန် ခရီးရှည်ကြီးထွက်ပြီးတော့ ချီသွေးကလည်း ကုန်လုနီးပါးဖြစ်နေပြီ။ ငါ့ရဲ့အခြေခံအသက်ကို ထိန်းထားဖို့ ချီသွေးလွှဲပြောင်းဖို့လိုတယ်။ အဲ့ဒါကြောင့် မင်းကို လာရှာတာ။"
"အစကတော့ ပြတင်းပေါက်ကို ခေါက်ဦးမလို့ပဲ။ ဒါပေမဲ့ မင်းတို့ မူလမြေအကြောင်းပြောနေကြတာကြားတော့ ခဏလောက်ထိုင်ပြီး နားထောင်ဖို့ ဆုံးဖြတ်လိုက်တာ။ စောနက နှစ်ယောက်လုံးကို လန့်သွားစေမိရင် တောင်းပန်ပါတယ်။"
ယဉ်ကျေးသောအမူအရာဖြင့်ပြောလိုက်ခြင်းဖြစ်၏။ သို့သော်လည်း သူမသည် အမှန်ပင် စဉ်းစားပေးတတ်လျှင် ညဉ့်နက်ကြီးတွင် အခြားသူအခန်းထဲသို့ ခိုးဝင်မည်မဟုတ်ပေ။ လင်းဇီချန်သည် စိတ်ထဲတွင် ဝေဖန်နေပြီးနောက်တွင် မေးလိုက်လေ၏။
"ကောင်းကင်လူသားသခင် ချီသွေးကို ကိုယ်တိုင်ထုတ်လို့မရဘူးလား။"
ချီချင်းမောကဲ့သို့ အနန္တအစွမ်းကို ပိုင်ဆိုင်ထားသူသည် အသက်ရှင်ရန်အတွက် တစ်ယောက်ယောက်၏သွေးကို စုပ်ရာတွင် မှီခိုနေရသည်ကို နားမလည်နိုင်ပေ။
'သူ့ခန္ဓာကိုယ်က တစ်ခုခုများ ဖြစ်နေလို့လား'
'မဟုတ်ရင်ဒီခေတ်ရဲ့ရှင်သန်နေထိုင်တဲ့အခြေအနေဲ့ လိုက်လျောညီထွေမရှိလို့များလား'
"ငါမလုပ်နိုင်ဘူး။"
ချီချင်းမော့က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
"ငါ့ရဲ့ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သဘာဝတရားရဲ့ဝိညာဉ်စွမ်းအားကို သန့်စင်တာ။ ဒီလောကကြီးရဲ့ဝိညာဉ်စွမ်းအားက ကုန်သလောက်ဖြစ်နေပြီ။ ဝိညာဉ်စွမ်းအားမရှိရင် ခန္ဓာကိုယ်လုပ်ဆောင်နှုန်းကလည်း ရပ်သွားတယ်။"
"ချီသွေးကို မထုတ်နိုင်ဘူး၊ နတ်အာရုံကိုလည်း မထုတ်နိုင်ဘူး။ နည်းနည်းလေးသုံးတာနဲ့ နည်းနည်းလေးဆုံးရှုံးသွားတယ်။ ငါ့လမ်းစဉ်လည်းပဲ ပျက်စီးရလိမ့်မယ်။"
"...."
"သဘာဝရဲ့ဝိညာဉ်စွမ်းအားလား"
လင်းဇီချန်က မျက်ခုံးပင့်လိုက်မိသည်။ မိမိကြားဖူးသောထူးဆန်းသည့်စွမ်းအား ဒုတိယအမျိုးအစားပင် ဖြစ်သည်။ ပထမတစ်ခုမှာ မူလအားပင် ဖြစ်သည်။ ဂြိုလ်သားများနှင့် ဆန်းကြယ်သားရဲများဖြင့် သက်ဆိုင်သည့သည့် မူလအားပင်ဖြစ်သည်။ ချီချင်းမော့က ဆက်ပြောလိုက်သည်။
"ငါ့ခန္ဓာကိုယ်က ချီသွေးကို မထုတ်လုပ်နိုင်ခင်မှာ ချီသွေးလွှဲပြောင်းပေးဖို့ လိုအပ်တယ်။ မဟုတ်ရင် ငါဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ နောက်ကျမှ မင်းကို အကြွေးပြန်ဆပ်ပါ့မယ်။"
အကြေးပြန်ဆပ်မှာတဲ့လား
လင်းဇီချန်က ပြောနေသည်ကို နားထောင်နေရင်းဖြင့် ချီချင်းမော့၏နေ့စဉ် အပျော်လင်လေးဟု ခံစားလာရသည်။ ဝန်ဆောင်မှုအတွက် အကြေးပြန်ဆပ်ပေးသည်။ ဘေးမှ ရှန်ချင်းဟန်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
"ကောင်းကင်လူသားသခင် ကျွန်မကလည်း အဆင့်မြင့်သက်ရှိပါ။ ဘာလို့ ကျွန်မဆီကဟာကို မယူရတာလဲ။"
နေ့ခင်းက ချီချင်းမော့က လင်းဇီချန်ဆီမှ နာရီဝက်ခန့်စုပ်ယူပြီးနောက်တွင် တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။ ယခုတွင်လည်း ထိုသို့ထပ်လုပ်ဦးမည်။ ထို့ကြောင့် အရဲစွန့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း သူမက ကမ်းလှမ်းလိုက်သောအခါတွင် ချီချင်းမော့က သူမကို တစ်ချက်ပင် မကြည့်ဘဲ ပြောလိုက်သည်။
"မင်းရဲ့ချီသွေးအရည်အသွေးက နိမ့်လွန်းတယ်။ ငါယူဖို့ မသင့်တော်ဘူး။"
"...."
ရှန်ချင်းဟန်က ခေတ္တမျှတိတ်ဆိတ်သွားပြီး နှုတ်ခမ်းလေးဆူကာ ခေါင်းငုံ့သွားလေသည်။ သူမသည် ထပ်ငြင်းခံလိုက်ရပြန်လေပြီ။
သူမသည် အဆင့်မြင့်တတိယအဆင့်ဖြစ်သော်လည်း ကောင်းကင်လူသားသခင်ကမူ အမှိုက်သာသာ သာသတ်မှတ်ထားသည်။ အမှန်ပင် နာကျင်စရာကောင်းလှ၏။ ချီချင်းမော့က လင်းဇီချန်ကို ပြောလိုက်သည်။
"ပါးစပ်ဟ။"
'ပါးစပ်ဟရမှာလား'
လင်းဇီချန်က စိတ်ထဲတွင် စဉ်းစားနေလေသည်။ သို့သော်လည်း အတွေးမလွန်တော့ဘဲ ချီချင်းမော့ပြောသည့်အတိုင်း နာခံစွာဖြင့် ပါးစပ်ဟလိုက်သည်။ လင်းဇီချန်ပါးစပ်ဟသည်ကို မြင်သောအခါတွင် ချီချင်းမော့က လက်ကိုမြှောက်၍ လက်ချောင်းလေးကို အသာအယာပုတ်ကာ ပါးစပ်ထဲသို့ အနီရောင်ဆေးပြားကို ပစ်ထည့်ပေးလိုက်သည်။
အနီရောင်ဆေးပြားသည် လျှာဖြင့်ထိတွေ့တွေ့ချင်းတွင်ပင် အရည်ပျော်သွားကာ လင်းဇီချန်၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းဆီသို့ စီးဝင်သွားပြီး ချီသွေးထုတ်လုပ်နှုန်းက မြန်လာသည်။ အနီရောင်ဆေးပြား၏အာနိသင်သည် ပြန်လည်သက်ဝင်ဆေးလုံးနှင့် ဆင်တူကာ နှစ်မျိုးလုံးက ချီသွေးထုတ်လုပ်ခြင်းကိုသာ ရည်ရွယ်ထားသည်။ တစ်ခုတည်းသောခြားနားချက်က အာနိသင်ပင်ဖြစ်ကာ ထိုဆေးသည် အဆင့်မြင့်ပြန်လည်သက်ဝင်ဆေးလုံး အဆပေါင်းထောင်ချီ ပိုအားကောင်းသည်။
"လာ မင်းချီသွေးကို ငါ့ဆီပြောင်းပေး။ မဟုတ်ရင် ချီသွေးထုတ်တာများပြီး ပေါက်ထွက်လိမ့်မယ်။"
ချီချင်းမော့သည် ထိုသို့ပြောလိုက်ပြီး အိပ်ရာထက်တွင် လှဲလျောင်းကာ လက်နှစ်ဖက်ကို ဗိုက်အောက်ပိုင်းတွင်တင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
လင်းဇီချန်က စိတ်ခံစားချက်ကို တည်ငြိမ်အောင်လုပ်၍ မေးလိုက်သည်။
"ဘယ်လိုမျိုး လွှဲပေးရမှာလဲ။"
မြေအောက်ခန်းတွင်မူ ရှေးဟောင်းခေါင်းတလားပေါ်သို့ လက်တင်ကာ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ ရှေးဟောင်းခေါင်းတလားလည်း မရှိတော့ပေ။ တည်ငြိမ်နေသောချီချင်းမော့သည်သာ အိပ်ရာထက်တွင် လှဲလျောင်းပေးထားသဖြင့် မည်သို့လုပ်ရမည်ကို မသိပေ။ ချီချင်းမော့က ညွှန်ကြားလိုက်၏။
"မင်းလက်ကို ငါ့နှလုံးပေါ်တင်ထားလိုက်။ ပြီးရင် ချီသွေးကို စီးဆင်းခိုင်းလိုက်။"
နှလုံးရှိသောနေရာမှာ....
သူမ၏ညာဘက်ရင်အုံ မဟုတ်ပါလား
လင်းဇီချန်သည် ချီချင်းမော့၏ လုံးဝန်းနေသောရင်ဘတ်ကိုကြည့်ကာ လက်တင်ရမည်မတင်ရမည်ကို မသေချာဖြစ်နေမိသည်။ သို့သော်လည်း ခေတ္တမျှတွန့်ဆုတ်ပြီးနောက်တွင် လက်ကို ထိုနေရာတွင်ထားကာ ချီသွေးကို စတင်ထုတ်လွှတ်ပေးလိုက်လေ၏။