အပိုင်း ၃၅၅-၃၅၇
Vol. 24 Ch. 355-357
အခန်း (၃၅၅) ရှန်ချင်းဟန်ဘေးမှထူးဆန်းသောစာများ (၂)
ခန္ဓာကိုယ်တွင်းမှ ချီသွေးသည် ချက်ချင်းပင် ပြည့်လျှံသွားကာ ချီသွေးကို အမြန်ပင် မထုတ်လိုက်လျှင် ပေါက်ထွက်သွားမည်ကိုပင် စိတ်ပူလာမိသည်။ ချီသွေးလွှဲပြောင်းပေးနေစဉ်အတွင်းတွင် လက်များက ချီချင်းမော့၏ရင်ဘတ်ကို ဖိထားကာ ထိုနေရာမှ နူးညံ့မှုကို ခံစားမိပြီး စိတ်ထဲတွင် အနှောင့်အယှက်ဖြစ်နေမိသည်။ စိတ်အနှောင့်အယှက်ဖြစ်ရာမှ မသင့်တော်သောခန္ဓာကိုယ်တုံ့ပြန်မှု မဖြစ်ရန်အတွက် အာရုံလွှဲရန်သာ စကားစပြောရန် ရွေးချယ်လိုက်သည်။
"ကောင်းကင်လူသားအရှင် စောနက သဘာဝရဲ့ဝိညာဉ်စွမ်းအားနဲ့ သန့်စင်တဲ့လမ်းစဉ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ သွေးသန့်စင်ခြင်းကျင့်စဉ်ကိုလည်း ဖန်တီးခဲ့တယ်မလား။ လမ်းစဉ်နှစ်ခုလျှောက်တာလို့ ဆိုလိုနေတာလား။"
"ဟုတ်တယ်။ မသေမျိုးသိုင်းပညာနှစ်သွယ်လမ်းစဉ်။"
ချီချင်းမော့ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
လင်းဇီချန်ဖြင့် မတူသည်မှာ သူမသည် ယောက်ျားတစ်ယောက်၏လက်က မိမိရင်ဘတ်ပေါ်ရောက်နေခြင်းအတွက် မသက်မသာမခံစားရပေ။ နှစ်မရေမတွက်နိုင်အောင် နေပြီးနောက်တွင် လူ့လောက၏ဆန္ဒများကို မြင်ခဲ့ပြီးဖြစ်ပြီး လောကကြီး၏ခံစားချက်များဖြင့် ထိန်းချုပ်မခံထားရတော့ပေ။ ခန္ဓာကိုယ်သက်သက်သာဖြစ်ကာ တစ်ယောက်ယောကက်က အပြည့်ဖော်ထုတ်ထားသောခန္ဓာကိုယ်ကို ကြည့်နေလျှင်ပင် စိတ်အတါင်း၌ မည်သို့မှမခံစားရပေ။ ယခုတွင်မူ သူမစိတ်ကို မွှေနှောက်နေသည့်တစ်ခုတည်းသောအရာသည် သူမ၏ကိုယ်ပိုင်လမ်းစဉ် တိုးတက်ခြင်းသာ ဖြစ်၏။
"မသေမျိုးသိုင်းပညာနှစ်သွယ်လမ်းစဉ်လား"
လင်းဇီချန်သည် ထိုစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ယခင်က ဝတ္ထုများတွင်သာ မြင်ဖူးသည်။ ချီချင်းမော့က အတိုချုံးရှင်းပြလိုက်သည်။
"ဟုတ်တယ်။ မသေမျိုးသိုင်းပညာနှစ်သွယ်လမ်းစဉ်။"
"မသေမျိုးဆိုတာက သဘာဝရဲ့ဝိညာဉ်စွမ်းအားနဲ့ သန့်စင်တာကို ဆိုလိုတာ။"
"သိုင်းပညာဆိုတာက ခန္ဓာကိုယ်ကျင့်ကြံတာကို ဆိုလိုတာ။"
"သွေးသန့်စင်ခြင်းကျင့်စဉ်က ခန္ဓာကိုယ်ကျင့်ကြံဖို့အတွက်ပဲ။"
"...."
ချီချင်းမော့၏ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် လင်းဇီချန်က မျက်မှောင်ကြုတ်လိုက်မိကာ ရုတ်တရက် စိတ်ပျက်သွားမိသည်။ မသေမျိုးသိုင်းပညာတွင် မသေမျိုးက သိုင်းပညာထက် သာလွန်နေသည်။ စဉ်းစားကြည့်လျှင် မိမိလေ့ကျင့်ခဲ့သော သွေးသန့်စင်ခြင်းကျမ်းသည် မသေမျိုးနှင့်နှိုင်းစာလျှင် အဆင့်နိမ့်သိုင်းပညာတစ်ရပ်သာဖြစ်ကာ ရုတ်တရက်ပင် လင်းဇီချန်တစ်ယောက် သွေးသန့်လူသားလမ်းစဉ်နှင့်ပက်သက်၍ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားသည်။
မျက်မှောင်ကြုတ်နေသည်ကို မြင်သောကြောင့် ချီချင်းမော့ကာ ၎င်းစဉ်းစားနေသည်ကို ခန့်မှန်းမိသဖြင့် ပြောလိုက်လေသည်။
"မသေမျိုးသိုင်းပညာလမ်းစဉ်နှစ်မျိုးလုံးမှာ ဘာအဆင့်မှာမရှိဘူး။ ဦးတည်ရာမတူရုံတင်ပဲ။"
"မသေမျိုးလမ်းစဉ်က ဥပဒေသကို အာရုံစိုက်တယ်။"
"သိုင်းပညာလမ်းစဉ်က ခန္ဓာကိုယ်ကို အာရုံစိုက်ထားတယ်။"
"ဦးတည်ရာ မတူပေမဲ့လို့ ကျင့်ကြံခြင်းလမ်းကြောင်းရဲ့အဆုံးသတ်ကတော့ အတူတူပဲ။"
"တစ်ခုတည်းသောခြားနားချက်က ကျင့်ကြံနေစဉ်အတောအတွင်းမှာ ကိုယ်ပိုင်အားနည်းချက်နဲ့အားသာချက်ပဲ။"
"ဘယ်လမ်းကြောင်းကို လျှောက်ရမလဲဆိုတာက လူတစ်ယောက်ရဲ့ကိုက်ညီမှုပေါ် မူတည်တယ်။"
"ဒါပေမဲ့လို့ သက်ရှိအများစုအတွက်ကတော့ ဝိညာဉ်စွမ်းအားကို သန့်စင်တာက ခန္ဓာကိုယ်ကျင့်ကြံတာထက် ပိုလွယ်တယ်။"
"အဲ့ဒါကြောင့်မလို့ ငါလာတဲ့ခေတ်က အားကြီးတဲ့သူအများစုက ဝိညာဉ်စွမ်းအားသန့်စင်တဲ့လမ်းစဉ်ကိုပဲ လိုက်ကြတယ်။"
"...."
ချီချင်းမော့ဆီမှ စကားကို ကြားပြီးနောက်တွင် လင်းဇီချန်က တွေးလိုက်မိသည်။
"ကောင်းကင်လူသားသခင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုရဲ့ အဆုံးသတ်က အတူတူပဲဆိုရင် တစ်ယောက်က လမ်းစဉ်တစ်ခုကိုပဲ အာရုံစိုက်သင့်တယ်မဟုတ်လား။ ဘာလို့ လမ်းစဉ်နှစ်သွယ်ကျင့်ပြီး စွမ်းအားတွေ ခွဲနေရမှာလဲ။"
ချီချင်းမော့က ဖြေလိုက်သည်။
"မင်းပြောတာမှန်တယ်။ လမ်းစဉ်နှစ်သွယ်ကျင့်တာက အင်အားကို ခွဲရတာမလို့ မထိုက်တန်ဘူး”
"အဲ့ဒါဆို ဘာလို့များ...."
"ဘာလို့ဆို အဲ့တုန်းကကျ ဝိညာဉ်စွမ်းအားကို ပိုပြီးအရေးပေးကြတာကိုး။"
"သဘာဝရဲ့ဝိညာဉ်စွမ်းအားသန့်စင်တဲ့လမ်းစဉ်ကိုလိုက်တဲ့ ဆင့်ကဲပြောင်းလဲသူတွေက နောက်ပိုင်းကျ ခန္ဓာကိုယ်ကျင့်စဉ်ဘက်ပြောင်းကြပြီး မသေမျိုးသိုင်းပညာနှစ်သွယ်ကျင့်ကြံခြင်း ဖြစ်သွားကြတယ်။ မဟုတ်ရင် ခုလောက်ဆို ဖုံမှုန့်အန္တရာယ်ခေတ်ကတည်းက ပျောက်သွားလောက်ပြီ။"
ပြောပြီးနောက်တွင် ချီချင်းမော့က သက်ပြင်းချလိုက်သည်။
"ပြီးတော့ ငါက မသေမျိုးသိုင်းပညာနှစ်သွယ်လမ်းစဉ်ကနေ ဆင့်ကဲပြောင်းလဲသွားသူထဲကတစ်ယောက်ပဲ။"
လင်းဇီချန်သည် ထူးခြားသောလျှို့ဝှက်ချက်ကို သိလိုက်ရသည်ဟု ခံစားမိသည်။ တစ်ချိန်တည်းတွင်ပင် စိတ်ထဲ၌ မေးခွန်းများစွာက ရှင်းလင်းသွားသည်။
အစတွင် ချီချင်းမော့သည် သွေးသန့်စင်ခြင်းကျင့်စဉ်ကို ဖန်တီးခဲ့ပြီး သာမန်လူသားများကို အားကြီးသောသူများက ဖိနှိပ်မည်ကို မစိုးရိမ်စေလိုသောကြောင့်ဖြစ်သော်လည်း သူမ၏လွတ်မြောက်ရာဟုလည်း ဆိုလိုသည်။ မှတ်တမ်းများက မှားနေ၏။
ဒုတိယအနေဖြင့် နတ်ဘုရားခေတ်ဆိုသည်မှာ ချီချင်းမော့နေသောနေရာကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုခေတ်မှနတ်ဘုရားများ ပျောက်ကွယ်သွားရသည်မှာ ကမ္ဘာမြေသည် ဖုံမှုန့်အန္တရာယ်ခေတ်သို့ရောက်သွားကာ ဝိညာဉ်စွမ်းအားများလည်း လျော့ကျသွားပြီး တည်ရှိမှုကလည်း မသေချာတော့ပေ။ ၎င်းတို့သည်လည်း ချီချင်းမော့ကဲ့သို့ပင် မိမိဘာသာချိတ်ပိတ်ရန် ရွေးချယ်နိုင်သကဲ့သို့မဟုတ်လျှင် ပျောက်ကွယ်သွားနိုင်သည်။
ဝိညာဉ်စွမ်းအားလျော့ကျရခြင်းက ဝိညာဉ်စွမ်းအားသန့်စင်သည့်လမ်းစဉ်ကို သက်ရောက်မှုရှိသော်လည်း ခန္ဓာကိုယ်ကျင့်ကြံခြင်းအတွက်မူ အန္တရာယ်မရှိပေ။
'အဲ့လိုဆို မူလမြေကသက်ရှိတွေက ကမ္ဘာကို ဒီလောက်အကြိမ်ရေအများကြီးတိုက်နေတာကို ဘာလို့များ ခန္ဓာကိုယ်ကျင့်ကြံသူတွေက ထွက်မကာကွယ်ရတာလဲ။'
လင်းဇီချန်ကသည် ချီချင်းမော့ကိုသာ မေးလိုက်ရတော့သည်။
"ကောင်းကင်လူသားသခင် ပြောသလိုဆို ကမ္ဘာပေါ်မှာက ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေရှိသင့်တာကို လက်တွေ့ကျ တစ်ယောက်မှမရှိဘူးပေါ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
ချီချင်းမော့က ရှင်းပြလိုက်၏။
"ဝိညာဉ်စွမ်းအား လျော့ကျသွားတာက ဝိညာဉ်စွမ်းအားသန့်စင်တဲ့လမ်းစဉ်ကို လျှောက်တဲ့သူတွေကိုသာမက ချီဝိညာဉ်စွမ်းအားခေတ်မှာ နေထိုင်တဲ့သက်ရှိတိုင်းပေါ်ကို သက်ရောက်မှုရှိတယ်။ အဲ့ဒါကြောင့် ငါကြေးခေါင်းတလားထဲကနေ ထွက်လာပြီးတော့တောင် မင်းရဲ့ချီသွေးကို လွှဲပြောင်းပေးဖို့လိုအပ်နေတာ။ ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းစဉ်လျောက်တဲ့သူတွေက ဝိညာဉ်စွမ်းအားမရှိလို့ အသက်မရှင်နိုင်တော့ဘူး။"
"...."
ခေတ္တမျှစဉ်းစားပြီးနောက်တွင် လင်းဇီချန်က အနှစ်ချုပ်လိုက်သည်။
"အဲ့လိုဆို ဖုံမှုန့်အန္တရာယ်ခေတ်ရောက်တော့ ကိုယ့်ဘာသာကို ချိတ်ပိတ်နိုင်ရင်တောင်မှ အားလုံးပျက်သုဥ်းရမယ်လို့ ဆိုလိုတာလား။"
"ငါ့လိုမျိုးချိတ်မပိတ်နိုင်ရင် အဲ့လိုဖြစ်မှာပဲ။"
"အဲ့လိုဆို ကမ္ဘာပေါ်မှာ ကိုယ့်ဘာသာ ချိတ်ပိတ်ထားတဲ့စွမ်းအားကြီးတဲ့သူတွေ ရှိနေသေးတာလား။"
"အဲ့လိုတော့မဟုတ်ဘူး။ ကိုယ့်ဘာသာနှစ်ချီအောင် မပျက်မစီးဘဲချိတ်ပိတ်ထားနိုင်တဲ့သူက အရမ်းကို ရှားလွန်းတယ်"
အခန်း(၃၅၆) ရှန်ချင်းဟန်ဘေးမှထူးဆန်းသောစာများ ၃
ဤစကားဖြင့် သူမက ဆက်ပြောသည်။
“ငါပြောတဲ့ ဂုဏ်ကျေးဇူးက ကိုယ့်ကိုယ်ကို မြှောက်ပင့်တာမဟုတ်ဘူး”
"ဝိညာဉ်စွမ်းအားတွေပြည့်နှက်နေတဲ့ အင်မော်တယ်နတ်ဘုရားတွေခေတ်မှာ ငါက အစွမ်းထက်ဆုံး သတ္တဝါတွေထဲမှာ ပါဝင်ခဲ့တယ်"
"..."
လင်းဇီချန်းက ချီချင်းမော့၏ ပြောစကားကို ယုံသည်။
ချီချင်းမော့ ကဲ့သို့သော ဝိညာဉ်စွမ်းအင်ခေတ်မှ အားကြီးသော သတ္တဝါများစွာ ရှိခဲ့ပါက၊ ယခု နိုးထလာခဲ့သည့် ချီချင်းမော့တစ်ယောက်သာ ရှိလိမ့်မည် မဟုတ်ပေ။
လင်းဇီချန်က ဝိညာဉ်စွမ်းအင်ခေတ်အကြောင်း မေးခွန်းများဖြင့် သူမအား နှောက်ယှက်နေစဉ် ချီချင်းမော့ကို သူ့သွေးများလွှဲပေးနေသည်။
သူမေးသမျှကို ချီချင်းမော့က အဖြေတစ်ခုစီကို စိတ်ရှည်စွာ ပေးခဲ့သည်။
လတ်တလောတွင် သူမသည် လင်းဇီချန်၏သွေးကို မှီခိုနေရကာ သူ့အကူအညီကို လက်ခံလိုက်သောကြောင့် စိတ်မရှည်ဘဲနေ၍မရတော့ပေ။
၎င်းတို့၏ အမေးအဖြေကဏ္ဍအတွင်း ကုတင်ပေါ်တွင် ထိုင်နေသော ရှန်ချင်းဟန်က တစ်ချိန်လုံး နှုတ်ဆိတ်နေ၍ နားထောင်ကာ အထူးပင် အပြုအမူကောင်းစွာဖြင့်ရှိနေသည်။
မသိလိုက်ဘဲ ခြောက်နာရီကျော်သွားသည်။
ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်က တဖြည်းဖြည်း မည်းမှောင်လာကာ လက်ကိုမမြင်နိုင်ရလောက်တော့သည့်အတိုင်းအတာအထိ အလင်းရောင်က မှိန်ဖျော့သွားသည်။
အခန်းထဲက လူသုံးယောက်က အိပ်မပျော်နိုင်ကြပေ။
လွန်ခဲ့သည့် ခြောက်နာရီက ဖြစ်ခဲ့သည့်အတိုင်းပင်
လင်းဇီချန်က ချီချင်းမော့ဆီသို့ သွေးများ သွင်းပေးနေဆဲဖြစ်က မေးခွန်းများကို အဆက်မပြတ်မေးနေသည်။
ချီချင်းမော့က လင်းဇီချန်၏မေးမြန်းချက်များကို စိတ်ရှည်စွာဖြေကြားရင်းဖြင့် သွေးစဥ်နေဆဲဖြစ်သည်။
နဂိုက ဘေးမှာထိုင်နေခဲ့သော ရှန်ချင်းဟန်ကသာ ယခုအခါတွင် ကုတင်ပေါ်၌ ပျင်းရိစွာ လဲလျောင်းနေသည်။
" ဒီလောက်ဆို ရပ်လိုက်ပါ။ မင်းရဲ့ သွေးစွမ်းအင်အများစု ကုန်ဆုံးသွားပြီ၊ တစ်ရက်လောက် အနားယူပြီး ညနေမှာ ဆက်ကြမယ်" ချီချင်းမော့က လင်းဇီချန်၏ လက်ကိုဖယ်၍ ကုတင်ပေါ်တက်ထိုင်ကာ ပြောလိုက်သည်။
သူမသည် လင်းဇီချန်အား လာမည့်ရက်များအတွင်း ဤနေရာတွင် ခဏမျှ နေမည်ဟု ရှင်းရှင်းလင်းလင်းပြောထားသည်။
ထိုအချိန်တွင် သူမသည် တစ်နေ့လျှင် နှစ်ကြိမ်၊ ခြောက်နာရီတစ်ကြိမ် သွေးစုပ်ယူရန် လိုအပ်သည်။
မူလမြေသို့ ခရီးအတွက် ပြင်ဆင်ရန် သူမသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် သွေးစွမ်းအင်များကို တတ်နိုင်သမျှ စုဆောင်းထားရန် လိုအပ်သည်။
"လာမယ့်အပါတ်ထဲ ငါ့ဆီ နေ့တိုင်း သွေးသွင်းပေးတဲ့ မင်းအတွကိ လျော်ကြေးပဲ။ ဒါကို ယူသွား" ဆေးပြားတစ်ဒါဇင်ကျော်ပါရှိသည့် ပုလင်းကို လင်းဇီချန်အား ပေါ့ပေါ့ပါးပါးပေး၍ ပြောလိုက်သည်။
လင်းဇီချန်က ပစ်ပေးလိုက်သော ပုလင်းကို ဖမ်းကိုင်လိုက်ကာ အတွင်းမှ အနီရောင်ဆေးပြားများကို တစ်ချက်ကြည့်၍ ၎င်းတို့သည် မနေ့ညက သူသောက်ခဲ့သည့် ဆေးအမျိုးအစားနှင့် တူညီကြောင်း အသိအမှတ်ပြုခဲ့သည်။
"ဒါတွေက သွေးရေကန်ဆေးတွေပါ။ သွေးစွမ်းအင်ကို အမြန်ပြန်ဖြည့်ဖို့ ဒါတွေသောက်လို့ရတယ်။ နှလုံးသားတံခါးပေါက် သို့မဟုတ် ခန္ဓာကိုယ်တံခါးပေါက်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းနေချိန် ဒါမှမဟုတ် ရန်သူနဲ့ သေလုမျောပါးတိုက်ခိုက်ရင်း ရုန်းကန်နေရချိန်မျိုးမှာ အသုံးဝင်လိမ့်မယ်"
"ကျေးဇူးပါပဲ နန်းဆောင်သခင်"
"အဲ့လိုပြောမနေနပါနဲ့ ဒါက ကျေနပ်စရာ မဟုတ်ဘူး။ ဒါ မင်းပေးနေတဲ့သွေးတွေအတွက် လျော်ကြေးပဲ" သူမက ပြန်ပြောသည်။
ထိုသို့ပြောပြီးနောက် ချီချင်းမော့သည် ကြေးရုပ်ခေါင်းတလားအား လေဟာနယ်ထဲမှ ဆင့်ခေါ်၍ အိပ်စက်ရန် ပြင်ဆင်ကာ အိပ်ရာဘေးတွင် ချထားလိုက်သည်။
နောက်နေ့များတွင်
လင်းဇီချန်ဆီမှ သွေးထုတ်ယူသည့်အချိန် နံနက်နှင့်ညအချိန်နှစ်ပိုင်းအပြင် ကျန်အချိန်များကို ကြေးရုပ်ခေါင်းတလားတွင် လှဲလျောင်းရင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ သွေးစွမ်းအင်ဆုံးရှုံးမှုအတွက် အနားယူရန် အိပ်စက်ကာ မူလမြေသို့ဝင်ရန် အပြည့်အဝပြင်ဆင်နေသည်။
"စကားမစပ် နန်းဆောင်သခင် ကျွန်တော် မေးချင်တဲ့မေးခွန်းတစ်ခုရှိသေးတယ်" ခေါင်းတလား၏အဖုံးကိုဖွင့်ခါနီးတွင် လင်းဇီထျန်က ရုတ်တရက် အဖြေမပေါ်သေးသော အရေးကြီးမေးခွန်းတစ်ခုကို သတိရမိသွားသည်။
ချီချင်းမော့က ခေတ္တရပ်၍ ကုတင်ပေါ်တွင် လဲလျောင်းနေသော လင်းဇီချန် ဆီသို့ ခေါင်းပြန်လှည့်ကာမေးလိုက်သည်။
"ဘာမေးခွန်းလဲ"
လင်းဇီချန်သည် ယခင်က သူမှတ်တမ်းတင်ထားသည့် ကမ်းခြေသစ်တောရှိ ရှန်ချင်းဟန်အနီးတစ်ဝိုက်တွင် လှည့်ပတ်သွားလာနေသည့် စာလုံးများကိုပြသနေသည့် မြင်ကွင်းအား ချီချင်းမော့အား ပြသကာမေးလိုက်သည်။
"နန်းဆောင်သခင် ဒီစာလုံးတွေကို သိလား”
တစ်ချက်ကြည့်လိုက်ပြီးနောက် ချီချင်းမော့က ခေါင်းခါလိုက်သည်။
"ငါမသိဘူး"
ဟမ်
သူ သူတို့ကို မသိဘူးလား၊
လင်းဇီချန်က အနည်းငယ် အံ့သြသွားသည်။
ဤမျှကြာရှည်စွာနေထိုင်ခဲ့သော ချီချင်းမော့ ကဲ့သို့သောသူတစ်ဦးသည် အသိဥာဏ်ကောင်းကာ ဤစာလုံးများကိုသိလိမ့်မည်ဟု သူထင်ခဲ့သည်။
သို့သော် သူမမသိခဲ့ပေ။
ထို့နေ့က ရှန်ချင်းဟန်ကို ဖုံးအုပ်သွားသည့် လျှို့ဝှက်ဆန်းကြယ် စာလုံးများ၏ မူလအစက အဘယ်နည်း။
“ဒီ မှော်စာလုံးတွေကို ဘယ်မှာတွေ့တာလဲ”
"သူတို့ကို အပျက်အစီးတစ်ခုထဲမှာ တွေ့ခဲ့တာ" လင်းဇီချန်က အကြောင်းပြချက်တစ်ခုကို တိတ်တဆိတ် လုပ်ကြံဖန်တီးလိုက်သည်။
ဤသည်ကိုကြားပြီးနောက် ချီချင်းမော့က အတန်ကြာ တွေးထဲနစ်မြောသွားသည်။
"ဒီ မှော်စာလုံးတွေကို ငါတကယ်မမှတ်မိဘူး၊ ဒါပေမယ့် ငါ့ရဲ့ဝိဉာဉ်ရေးရာချီခေတ်က အပျက်အစီးတွေထဲမှာ ဒါတွေနဲ့ နည်းနည်းဆင်တူတဲ့ ကမ္ပည်းပြားတချို့ကို တွေ့ခဲ့ရတာ မှတ်မိသေးတယ်"
ဝိညာဉ်ရေးရာချီ ခေတ်မှ အပျက်အစီးများ။
လင်းဇီချန်က ဤသည်ကိုကြားသောအခါ အံ့ဩသွားရသည်။ ချီချင်းမော့ပြောသော ဝိဉာဉ်ရေးရာချီခေတ်သည်ကား အလွန်ကြာခဲ့ပြီဖြစ်၏။
ဤအပျက်အစီးများသည် ဝိညာဉ်ရေးရာချီခေတ်မှဖြစ်လျှင် မည်မျှရှေးကျနေမည်နည်း။
ဤသည်ကိုတွေး၍ လင်းဇီချန်က ဆက်မေးသည်။
"နန်းဆောင်သခင် အဲ့ ရှေးဟောင်းအပျက်အစီးတွေမှာရှိတဲ့ ကမ္ပည်းစာတွေအကြောင်း နောက်ထပ်ပြောပြနိုင်မလား။"
ခဏမျှပြန်စဉ်းစားပြီးနောက် ချီချင်းမော့က ပြန်ဖြေ၏။
"အသေးစိတ်အချက်အလက်တွေကို ငါ သိပ်ရှင်းရှင်းလင်းလင်းမသိထားပါဘူး။ ပင်လယ်အပျက်အစီးတစ်ခုရဲ နံရံမှာ
အဲ့ကမ္ပည်းစာတွေကို တွေ့ခဲ့တာ။ အဲ့တာရဲ့ အဓိပ္ပါယ်တွေကိုတော့ ငါနားမလည်ဘူး"
ပင်လယ် အပျက်အဆီးနျား
နံရံဆေးရေးပန်းချီများ
ဤအချက်အလက်နှစ်ခုကို စိတ်ထဲတွင် ထား၍ လင်းဇီချနိသည် အစောပိုင်းက လျို့ချွမ်ဝူ ပြသခဲ့သည့် ပင်လယ်အပျက်အစီး ဗီဒီယိုဖိုင်နှင့် ပင်လယ်ပြင်မှ ထုတ်ယူခဲ့သော ပုလဲလက်ကောက်ကို သတိရမိသွားသည်။
"နန်းဆောင်သခင် အခု မအိပ်နဲ့ဦး။ ကျွန်တော် ခင်ဗျားကို တစ်ခုပြစရာရှိလို့ သုတေသနဌာနကို သွားရမယ်၊ ပင်လယ် အပျက်အဆီးတွေ နဲ့ပတ်သက်တဲ့ ဗီဒီယိုတချို့ပြမယ်"
ထိုသို့ဖြင့် လင်းဇီချန်က ချက်ချင်း ကုတင်ပေါ်က ဆင်း၍ သူ့ဖိနပ်ကို ဝတ်ကာ ပြတင်းပေါက်ကို ဖြတ်ကျော်၍ သုတေသနဌာနဦးတည်ရာသို့ ခုန်ထွက်သွားသည်။
ဤသည်ကိုမြင်သောအခါ ရှန်ချင်းဟန်က ကုတင်ပေါ်က အမြန်ထ၍ ဖိနပ်ကိုစီးကာ ပြတင်းပေါက်မှ ထွက်လိုက်လာ၏။
"ဇီချန်ခဏစောင့်၊ ငါ့ကို စောင့်ဦး ငါ နင်နဲအတူလိုက်ခဲ့မယ်”
ချီချင်းမော့က ပြတင်းပေါက်ဆီမှတစ်ဆင့် အဝေးသို့ထွက်သွားသည့် ၎င်းတို့ကိုကြည့်ကာ စူးစမ်းချင်စိတ် ပြင်းပြလာသည်။
ပင်လယ်အပျက်အဆီးတွေအကြောင်း ဗီဒီယိုဖိုင်လား။
ယခင်က သူမရောက်ခဲ့သည့် ပင်လယ်ပျက်နှင့် ဆင်တူသလား။
အခန်း(၃၅၇) ဆန်းကြယ် ရေအောက် အပျက်အစီးများ (၁)
"ဇီချန် ငါ့ကိုစောင့်” ရှန်းချင်းဟန်က ဆင်းသက်လာသည်နှင့် တပြိုင်နက် လင်းဇီချန်ဆီသို့ ပြေးသွားလိုက်သည်။
သူမ၏အော်သံကိုကြားလိုက်သည်နှင့် လင်းဇီချန်သည် ချက်ချင်းလှည့်ပြန်ကာ ရှန်ချင်းဟန်ကို လက်နှစ်ဖက်ဖြင့် ပွေ့ချီလျက် သုတေသနဌာနဆီသို့ သွားလိုက်သည်။
၎င်းတို့၏ အရှိန်က အလွန်မြန်ဆန်လွန်းလှသောကြောင့် သူတို့ဖြတ်သန်းသွားရာ နေရာတိုင်းကို လေထုက ရိုက်ခတ်သွားသည်။
ထို့ကြောင့် ဘေးလူများ၏ စကတ်များ လွင့်ပျံကာ ဆံပင်က မျက်နှာများကို ရိုက်မိစေသည်။
ဆယ်စက္ကန့်ကျော်လေးအတွင်းတွင်
လင်းဇီချန်က ရှန်ချင်းဟန်နှင့်အတူ သူတေသနဌာန ဝင်ပေါက်ဆီသို့ အမြန်ပြေးသွားခဲ့သည်။
ရှန်ချင်းဟန်ကို အောက်သို့ခဏချပြီးနောက် သူသည် လေဟာနယ်ထဲမှ ကတ်ပြားတစ်ကတ်ကို ထုလုပ်ကာ သုတေသနဌာန၏ ပင်မတံခါးကို ဖွင့်လိုက်သည်။
ထိုအချိန်တွင် အရုဏ်မတက်သေးပေ။
ဤအချိန်တွင် လျို့ချွမ်ဝူက အများအားဖြင့် အိမ်တွင်ရှိနေသော်လည်း မရောက်သေးပေ။
စုန်ယွီယန်က ယေဘူယျအားဖြင့် သုတေသနဌာနအတွင်းမှ သူမ၏ကိုယ်ပိုင်အခန်းတွင် အိပ်နေဆဲဖြစ်သည်။
ရလဒ်အနေဖြင့် တက္ကသိုလ်အတွင်းပိုင်းသည် မှောင်ပိန်းနေ၏။
လင်းဇီချန် ဝင်ရောက်လာသောအခါ မီးခလုတ်ကို မဖွင့်နေတော့ပဲ ရှန်ချင်းဟန်ကို လျို့ချွမ်ဝူ၏ရုံးခန်းဆီသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။
၎င်းတို့ လမ်းတစ်ဝက်သို့ ရောက်သောအခါတွင်
စုန်ယွိယန်သည် သန့်စင်ခန်းမှ ရုတ်တရက် ကိုယ်လုံးတီးဖြင့် ထွက်လာသည်။
သူမသည် ချည်ဖြူဖိနပ်မှလွဲ၍ ဘာမှမ၀တ်ထားပေ။
လင်းဇီချန် အေးခဲသွားသည်။
ရှန်ချင်းဟန်လည်း အေးခဲသွားသည်။
စုန်ယွီယန်က အံဩသွား၏။
သူမသည် ယမန်နေ့က အဝတ်ဗလာဖြင့် အိပ်ခဲ့ရာမှ ဆီးသွားချင်စိတ်ကြောင့် နိုးလာခဲ့ကာ ယခုအချိန်တွင် ဌာန၌ မည်သူမျှမရှိသောကြောင့် သန့်စင်ခန်းသို့ ရဲရဲဝံ့ဝံ့ လျှောက်သွားခဲ့သည်။
သို့သော် သန့်စင်ခန်းက ထွက်လာပြီးနောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှင့် တည့်တည့်တိုးလိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ အိပ်မက်မမက်ခဲ့ပေ။
ခဏအကြာတွင် အသိပြန်ဝင်လာသောအခါ
စုန်ယွီယန်က ချက်ချင်းပင် သူမ၏ အောက်ပိုင်းနှင့် အပေါ်ပိုင်းကို လက်ဖြင့် အုပ်ကာ သန့်စင်ခန်းထဲသို့ ခြေတစ်လှမ်း ပြန်ဆုတ်၍ တံခါးကို ပိတ်လိုက်သည်။
မနက်အစောကြီးရှိသေးတာ ကောင်းကင်တောင် လုံးလုံးမလင်းသေးဘူးကို သူတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေကြတာလဲ။
ငါ အသက်ရှင်လာတာကြာပြီ ယောက်ျားလက်ကိုတောင် မကိုင်ဖူးဘူး။ အခု ငါ့ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းမြင်သွားကြပြီ။ ငါ ဂရုတစိုက်စောင့်ကြပ်ထားတဲ့ အနှစ်သုံးဆယ်နီးပါး သီလက အခုတစ်ခါတည်းနဲ့ ကွယ်ပျောက်သွားတယ်။
ဒီနှစ်ယောက်ကို အခုကစပြီး ဘယ်လိုရင်ဆိုင်ရမလဲ။
စုန်ယွီယန်၏စိတ်များ ပေါက်ကွဲလျက်ရှိရာ ရေများ စိုစွတ်နေသည့် သူမရဲ့ မျက်နှာကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားရင်းဖြင့် ရှက်ရွံ့စိတ်အပြည့် ခံစားရလျက် တခြားကမ္ဘာသို့ ပြောင်းရွှေ့သွားနိုင်ရန် ဆန္ဒရှိနေသည်။
အပြင်တွင်
လင်းဇီချန် နှင့် ရှန်ချင်းဟန်တို့က စုန်ယွီယန်အတွက် အလွန် ရှက်နေကြမိသည်။ ၎င်းတို့က အလျင်စလိုရောက်လာခဲ့ကာကာ မီးရောင်မရှိ
အုံ့မှိုင်းနေသဖြင့် စုန်ယွီယန်ကို လုံးဝသတိမထားမိခဲ့ပေ။
ဤသတိမထားမိမှုသည် ဤမယုံကြည်နိုင်လောက်အောင် အဆင်မပြေသောအခြေအနေကို ဖန်တီးပေးခဲ့သည်။
ရှက်ကိုးရှက်ကန်းဖြစ်လင့်ကစား လင်းဇီချန်က ရေအောက်အပျက်အစီးများကို မှတ်တမ်းတင်ရန် အလျင်စလိုဖြစ်နေသဖြင့် ထိုနေရာတွင်ရပ်မနေဘဲ ရှန်ချင်းဟန်ကို လျို့ချွမ်ဝူ၏ရုံးခန်းသို့ အလျင်အမြန် ဆက်လက်ဦးဆောင်ခဲ့သည်။
မကြာသေးမီက စိတ်ဆင်းရဲ၍ သန့်စင်ခန်းထဲတွင် ပုန်းနေသည့် စုန်ယွီယန်က ယခုအချိန်တွင် သိုင်းပညာ ယူနီဖောင်းကို ဝတ်ဆင်ထား၍ ဧည့်ခန်းရှိ ဆိုဖာပေါ်မှာထိုင်ကာ ဖုန်းကိုကြည့်နေသည်။
၎င်းတို့ ပြန်ထွက်လာသည်ကိုမြင်သောအခါ
စုန်ယွီယန်က ဘာမှမဖြစ်ခဲ့သည့်အလား ဟန်ဆောင်ရန် ကြိုးစားသော်လည်း သူမ၏ လေသံက ခပ်မာမာတင်းတင်းဖြစ်နေ၏။
“နင်တို့နှစ်ယောက် ဘာလို့ ဒီကို အစောကြီးရောက်လာကြတာလဲ”
"နန်းဆောင်သခင်ကို ပြပြီး နံရံပန်းချီတွေကို သူမှတ်မိလားဆိုတာ ကြည့်ခိုင်းမလို့ ဥက္ကဌလျို့ရဲ့ကွန်ပြူတာမှာ သိမ်းဆည်းထားတဲ့ ရေအောက်အပျက်အစီးတွေကို လာကူးတာပါ"
"နန်းဆောင်သခင် မင်းကိုလိုက်ရှာနေတာလား"
"ဟုတ်တယ် သူပြောတာက ကျွန်တော်နဲ့ ဟန်ဟန်ရဲ့ အိပ်ဆောင်မှာ ခဏလောက်နေချင်တဲ့။ သွေးတွေ ပိုစုပ်ယူပြီး မူလမြေထဲကို ဝင်ဖို့စွမ်းအင် လုံလောက်အောင် စုမလို့တဲ့ရယ်"
"ဟုတ်လား"
"ယွီယန် ကျွန်တော် ဆက်မပြောတော့ဘူးနော်။ နန်းဆောင်သခင် ဆောင်းခိုဖို့ သူ့အခေါင်းထဲမှာ မအိပ်ခင် အိပ်ဆောင်ကို ပြန်သွားရမယ်”
ထို့သို့ဖြင့် လင်းဇီချန်က နောက်ပြန်လှည့်မကြည့်ဘဲ ရှန်ချင်းဟန်ကို ခေါ်ကာ သုတေသနဌာနမှ ထွက်ခွါလာခဲ့သည်။
...
အိပ်ဆောင်သို့ ပြန်သွားကြသည်။
ရှန်ချင်းဟန်က ခဏတုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင်မေးလိုက်သည်။
"ဇီချနိ ခုနက အစ်မယွီယန်ရဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်လား”
"ငါမြင်လိုက်တယိ" လင်းဇီချန်က ရိုးရိုးသားသား ဖြေသည်။
ထိုမြင်ကွင်းသည် အလွန်ပြောင်ပြောင်တင်းတင်းဖြစ်ခဲ့သည်ဖြစ်ရာ ဘာမှ မမြင်ဘူး ဟု ပြန်ဖြေပါက ကလေးကို လိမ်သကဲ့သို့သာဖြစ်လိမ့်မည်။
"အစ်မယွီယန်က အရမ်းသန့်တယ်၊ သူ့တစ်ကိုယ်လုံးက ဖြူပြီး နူးညံ့တာ တကယ်ကို မနာလိုစရာကြီးနော်"
ဟမ်။
"မင်းကလွဲပြီး ဘယ်သူမဆို အစ်မယွီယန်ကို မနာလိုလို့ရတယ် ဒါပေမယ့် မင်းကတော့ သူ့ထက် အဆပေါင်းမရေမတွက်နိုင်အောင် ပိုနူးညံ့ပြီးလှတယ်"
ရှန်ချင်းဟန်သည် သူ့စကားကြောင့် ရင်ထဲတွင် ကြည်နူးသွားသည်။ လင်းဇီချန်က စကားမဆက်ဘဲ အရှိန်အဟုန်ဖြင့် အိပ်ဆောင်သို့ ပြန်သွားခဲ့သည်။
သိပ်မကြာခင်၌
ကူးလာသည့် ဗီဒီယိုဖိုင်ကို ၎င်းတို့အဆောင်သို့ သယ်သွားကြကာ လင်းဇီချန်သည် တစ်စက္ကန့်မျှ မဖြုန်းတီးဘဲ သူ့တက်ဘလက်ကို ရယူရန် သူ့အခန်းထဲသို့ အမြန်သွားကာ ကူးယူထားသော ဗီဒီယိုကို ၎င်းပေါ်သို့ တင်လိုက်သည်။
ထို့နောက် ချီချင်းမော့ ကြည့်ရှုရန်အတွက် ရှေ့တွင်ဖွင့်ပြလိုက်သည်။
ချီချင်းမော့သည် အဆိုပါ တက်ဘလက်၊ ဤနည်းပညာဆိုင်ရာ ထုတ်ကုန်အကြောင်းကို အနည်းငယ် သိချင်သော်လည်း ၎င်းကို မစူးစမ်းဘဲ ရိုက်ကူးထားသည့် ရေအောက်အပျက်အစီးများကို ကြည့်ရှုရန် အာရုံစိုက်ခဲ့သည်။
အမျိုးသမီးတစ်ဦးကို ကိုးကွယ်နေသည့် ရေနေသတ္တဝါများပုံ ပန်းချီကားကြီးကို သူမမြင်လိုက်ရသောအခါတွင် သူမ၏ နူးညံ့သိမ်မွေ့၍ လက်ရာမြောက်သော မျက်ခုံးမွှေးများ အနည်းငယ် တွန့်သွားသည်။
‘အတူတူပဲ’
ရိုက်ကူးထားသည့် ရေအောက်အပျက်အစီးများသည် လွန်ခဲ့သည့်နှစ်များအတွင်းက သူမဝင်ရောက်ခဲ့သည့်ပုံနှင့် တူညီသည်၊ နံရံပန်းချီအကြောင်းအရာသည်ပင် အတူတူပင်ဖြစ်သည်။
အခွံထဲတွင်လှဲလျောင်းနေသော လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးတစ်ဦး ရှေ့မှောက်တွင် ရိုသေစွာ ဒူးထောက်နေသည့် ရေနေသတ္တဝါများကို ပုံဖော်ထားသည့် ပန်းချီကားပင်ဖြစ်သည်။
ထို့အပြင် ထိုမိန်းမသည်လည်း အတူတူပင်ဖြစ်သည်။
"ဒီရေအောက်အပျက်အစီးက ဘယ်မှာလဲ"
ချီချင်းမော့၏ စိတ်ဝင်စားမှုက တုန်လှုပ်သွားခဲ့သည်။ ဗီဒီယိုထဲက အပျက်အစီးများကို သူကိုယ်တိုင် စူးစမ်းကြည့်ချင်သည်။
"သွားပြီ"လင်းဇီချန်ကပြောသည်။
"သွားပြီဟုတ်လား”
ချီချင်းမော့ အံ့ဩသွားသည်။
"ဗီဒီယိုထဲက ရေအောက်အပျက်အစီးတွေကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ဥက္ကဌလျို့က ရှာဖွေပြီး မှတ်တမ်းတင်ခဲ့တာပါ"
“အပျက်အစီးတွေကနေ ထွက်လာပြီး နောက်တစ်ကြိမ် ထပ်သွားချင်ပေမယ့် ဝင်ပေါက်က ပျောက်သွားတာကို ဥက္ကဌလျို့ တွေ့လိုက်ရတယ်"
"သူက ဒေသခံငါးဖမ်းသမားတွေကို မေးတော့ သူတို့အားလုံးက အဲ့မှာ အပျက်အစီးတွေ မရှိနိုင်ဘူးလို့ ပြောပြီး ဥက္ကဌ လျို့ အမှတ်မှားနေတာဖြစ်မယ်လို့ အကြံပြုထားကြပါတယ်"