အပိုင်း ၃၅၈-၃၆၀
Vol. 24 Ch. 358-360
အခန်း(၃၅၈) ဆန်းကြယ် ရေအောက် အပျက်အစီးများ (၂)
“…”
“အကာအကွယ်တွေရှိတာများ ဖြစ်နိုင်လား”
ချီချင်းမော့က ထိုသို့တွေးပြီးနောက် လင်းဇီချန်ဘက်သို့လှည့်ကာမေးလိုက်သည်။
“ဗီဒီယိုထဲက ရေအောက်ရုပ်ကြွင်းပဲ အဲ့တာ ဘယ်နားမှာလဲ”
“ဒီနေရာနဲ့သိပ်မဝေးဘူး။ ရွှမ်ရီ ပင်လယ်အော်မှာ”
“ရွှမ်ရီပင်လယ်အော်”
ချီချင်းမော့က နာမည်ကို မှတ်မိသွားပြီးနောက် လင်းဇီချန်ဘက်သို့လှည့်ကာပြောလိုက်သည်။
“ငါ မူလမြေကိုသွားရင် ရွှမ်ရီပင်လယ်အော်ကို မင်းအတွက်သွားကြည့်ပေးမယ်”
ဗီဒီယိုထဲက ရေအောက်ရုပ်ကြွင်းအကြောင်း သူမ သိချင်သော်လည်း သိချင်ရုံမျှသာဖြစ်သည်။ လက်ရှိတွင် သူမ တန်ဖိုးအထားဆုံးအရာမှာ မူလမြေ၌ လွတ်မြောက်ရန် နည်းလမ်းရှာဖွေခြင်းပင်ဖြစ်သည်။ တခြားကိစ္စများ အားလုံးက ဤအရာအတွက် လမ်းကြောင်းဖောက်ရမည်ဖြစ်သည်။
"စကားမစပ်၊ နန်းဆောင်သခင်၊ ဥက္ကဠလျို့က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရေအောက်အကြွင်းအကျန်တွေထဲက ပုလဲခွံလက်ကောက်ကို ပြန်ယူလာခဲ့တယ်။ အဲ့တာ မင်းကို ငါပြမယ်" လင်းဇီချန်က ပြောသည်။
ပြီးသွားသောအခါ လင်းဇီချန်က ရှန်ချင်းဟန်ကိုကြည့်၍ ပြောလိုက်သည်။
"ဟန်ဟန် နန်းဆောင်သခင်
အတွက် ဥက္ကဌပေးလိုက်တဲ့ ပုလဲလက်ကောက်ကို ထုတ်ပေးလိုက်ပါ”
"ကောင်းပြီ ငါ အခုယူလိုက်မယ်"
ရှန်ချင်းဟန်က ပြော၍ အခန်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း၌ပင် ပုလဲခွံလက်ကောက်ကို လက်ထဲတွင်ကိုင်ကာ ပြန်လာခဲ့သည်။ လက်ကောက်ကိုမြင်လိုက်သည်နှင့် ချီချင်းမော့၏မျက်လုံးများက ချက်ချင်းတောက်ပလာသည်။
ရှန်ချင်းဟန်ရောက်လာသည်ကို မစောင့်ဘဲ ချီချင်းမော့က လက်ကောက်ကို လှမ်းယူကာ ဂရုတစိုက် ခံစားကြည့်ရန် လက်ထဲတွင် ကိုင်ထားလိုက်သည်။
“ဒီလက်ကောက်မှာ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတာလား”
၎င်းကို ကြည့်ရှုခံစားပြီးနောက် ချီချင်းမော့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ အနည်းငယ် ပေါ်လာကာ သူမ မယုံမကြည်နိုင်ဖြစ်ခဲ့သည်။
ပုလဲခွံလက်ကောက်တွင် သူမလိုအပ်သော သဘာဝ၏ ဝိညာဉ်စွမ်းအင် အများအပြားပါရှိသည်။ ပမာဏသည် အလွန်များပြားသောကြောင့် သူမအား အင်အားအပြည့်ဖြင့် သုံးရက်ကြာ တိုက်ခိုက်နိုင်ခဲ့သည်။
"နန်းဆောင်သခင် ဒီလက်ကောက်မှာ သဘာဝ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတာလား"
လင်းဇီချန်က အံ့အားသင့်သွားသည်။
သူသည် လက်ကောက်ကို အကြိမ်များစွာ လေ့လာခဲ့ကာ မည်သည့်ထူးခြားမှုကိုမျှ မခံစားရဘဲ ချီချင်းမော့၏ လက်ထဲရောက်မှ သဘာဝ၏ ဝိညာဉ်စွမ်းအင်များ အမှန်တကယ်ပါ၀င်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ဤသည်က ယုံကြည်နိုင်သောအတိုင်းအတာကို ကျော်လွန်သွားခဲ့သည်။
"ဒီလက်ကောက်ကို ပေးလို့ရမလား၊ အခု အရမ်းလိုအပ်လို့ပါ" ချီချင်းမော့က ရှန်ချင်းဟန်ကို မေးလိုက်သည်။
ရှန်ချင်းဟန်က သူမကို ပေးနိုင်သော်လည်း ချက်ချင်း သဘောမတူဘဲ လင်းဇီချန်ကို မပြတ်မသား ကြည့်လိုက်သည်။ မည်သို့ပင် ဆုံးဖြတ်ခဲ့စေကာမူ သူမသည် လင်းဇီချန်၏ ထင်မြင်ချက်ကို ဦးစွာ တောင်းဆိုရန် လိုအပ်သည်ဟု သူမ ခံစားခဲ့ရသည်။
လင်းဇီချန်က သူမကို ဤသို့လုပ်ခိုင်းခြင်းမဟုတ်ပေ။ ရိုးရှင်းစွာပင် သူမက အရာများကို ကိုင်တွယ်ရန် သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ငယ်ရွယ်စဉ်ကတည်းက သူမအတွက် လင်းဇီချန်က ဆုံးဖြတ်ချက်များချလေ့ရှိသောကြောင့် ဤသို့သော စိတ်ဓာတ်မျိုး ပြတ်ပြတ်သားသား ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အလားတူပင် လင်းဇီချန်သည်လည်း ဤအရာနှင့် အသားကျနေပြီဖြစ်သည်။
သူ့ကို ကြည့်လိုက်သည်နှင့် သူကသူမအတွက် ဆုံးဖြတ်ချက်ပေးလိုက်သည်။
"နန်းဆောင်သခင် မင်း ဒီပုလဲခွံလက်ကောက်ကြီးကို လိုအပ်နေတာကြောင့် မင်းအတွက် လက်ဆောင်ပေးလိုက်ပါမယ်”
“နောက်ဆုံးတော့လည်း ကျွန်တော်တို့ အဲ့တာယူထားရင်လည်း သူ့ရဲ့ တန်ဖိုးကို အပြည့်ထုတ်သုံးနိုင်တာမှမဟုတ်တာ။အလယ်အလတ်ရှိတဲ့ လက်ဝတ်ရတနာ တစ်ခုအနေနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်"
“မြို့တော်သခင်ရဲ့လက်ထဲမှာပဲ သူ့ရဲ့ အကြီးမားဆုံးတန်ဖိုးကို ထုတ်ပြနိုင်မှာပါ"
လင်းဇီချန်က ချီချင်းမော့ကို ကောင်းကင်သို့ မြှင့်တင်လိုသည့်အတိုင်း မြှောက်ပင့်ပေးနေသည်။
ထိုသို့ မြှောက်ပင့်ခြင်းက သူ့ကိုယ်သူ ဘေးကင်းစေသည်။
သို့ဆိုလျှင် သူသည် ကမ္ဘာမြေပြင်ကို အလျားလိုက် လျှောက်သွားနိုင်သည်။
"မင်းတို့နှစ်ယောက်က တကယ်တော်တဲ့ ကလေးတွေပဲ”
ချီချင်းမော့က သူမရှေ့မှ နှစ်ယောက်သားအပေါ် ကျေနပ်အားရမှုအပြည့်နှင့်ပြောလိုက်သည်။
"ခဏနေကျရင် ထွက်လမ်းရှာဖို့ မူလမြေထဲကို ငါဝင်လိုက်တာနဲ့ မင်းတို့အတွက် ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်တွေကို ငါစုဆောင်းမယ်"
"ကျေးဇူးတင်ပါတယ် နန်းဆောင်သခင်"
လင်းဇီချန် နှင့် ရှန်ချင်းဟန်က သူမကို
တစ်ယောက်တစ်လှည့် ကျေးဇူးတင်စကားဆိုကြသည်။
ချီချင်းမော့က ပြုံး၍ပြောလိုက်သည်။
"ငါ့ကို ချီစွမ်းအင် ပေးရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေနဲ့ ပြည့်နေတဲ့ ဒီလက်ကောက်ကို ယူလာပေးတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်"
ဤပုလဲခွံလက်ကောက်ဖြင့် သူမသည် မည်သည့်ရန်သူကိုမှ မကြောက်ဘဲ မူလမြေ၏ အမည်မသိပြည်သို့ စွန့်စားရန် ယုံကြည်မှုအပြည့်ရှိသည်။
မူလမြေသည် မည်မျှပင်လျို့ဝှက်စေကာမူ မူလစွမ်းအားကို အဓိကအသုံးပြုသည့် သတ္တဝါများသည် သူမရရှိလာသော ဝိညာဉ်စွမ်းအင်ခေတ်မှ သတ္တဝါများထက် ပိုမိုအားကောင်းလိမ့်မည်မဟုတ်ကြောင်း သူမယုံကြည်ထားသည်။
သူမ၏ ဝိညာဉ်ရေးစွမ်းအားကို အထွတ်အထိပ်အထိ လည်ပတ်နိုင်သရွေ့မူ မူလမြေကို သူမ စိုးမိုးနိုင်မည်မှာ သေချာသည်။
အနည်းဆုံးအနေဖြင့် သူမသည် ထိုနေရာ၌ တွယ်ကပ်နေမည်ကို မစိုးရိမ်ဘဲ ဒဏ်ရာကင်းစွာ ဆုတ်ခွာနိုင်မည်ဖြစ်သည်။
"နန်းဆောင်သခင် ဒီလက်ကောက်နဲ့ဆို ဇီချန်ရဲ့သွေးကို စားသုံးဖို့ လိုသေးလား"
ရှန်ချင်းဟန်က မေးပြီးနောက် ခေတ္တခဏတုံ့ဆိုင်းသွားသည်။
“မဟုတ်ပါဘူး၊ အဲ့တာမျိုးတော့ မဟုတ်ပါဘူး၊ ဆွဲရမယ့်ဟာက ဆွဲရမှာပဲလေ။"
"အသုံးပြုမှုတိုင်းမှာ ဝိညာဉ်စွမ်းအင်နည်းနည်းသွားတာမို့ မလိုအပ်ရင် ငါ အဲ့တာကို မသုံးပါဘူး"
"ချီစွမ်းအင်နဲ့ ငါ့ရဲ့ ရှင်သန်မှုကို ထိန်းထားနိုင်ရင် ချီသွေးနဲ့ အသက်ဆက်ဖို့က အကောင်းဆုံးပါပဲ၊ သဘာဝကရလာတဲ့ ခက်ခဲတဲ့ စိတ်စွမ်းအားတွေကို ဖြုန်းတီးနေစရာမလိုပါဘူး။"
"..."
"အို၊ ကျွန်မသိပြီ" ရှန်ချင်းဟန်က ခေါင်းညိတ်သည်။
ခဏအကြာတွင် သူမက ထပ်မေးလိုက်သည်။
“နန်းဆောင်သခင် ဘယ်လောက်စွမ်းအားကြီးလဲ မေးလို့ရမလား”
ချီချင်းမော့၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကို သူမ သိချင်နေခဲ့သည်။
ရှန်ချင်းဟန်၏မေးခွန်းကို ကြားသောအခါ ချီချင်းမော့က အလေးအနက်ထား၍ ပြန်ဖြေသည်။
"လူတစ်ယောက်ရဲ့ အဆင့်ကို ပေါ့ပေါ့တန်တန် မမေးပါနဲ့၊ စော်ကားတာ သိလား"
ရှန်ချင်းဟန်က မိုးကြိုးအရှိန်ဖြင့် သူမ၏အမှားကို ရှက်ရွံ့စွာ ဝန်ခံခဲ့သည်။
"တောင်းပန်ပါတယ် ကျွန်မထပ်မလုပ်တော့ပါဘူး..."
ချီချင်းမော့က ထိုအကြောင်းအရာပေါ်တွင် မနေခဲ့ပေ။
အတွေးတစ်ခုဖြင့် သူမ စောစောကထုတ်ခဲ့သော ကြေးဝါခေါင်းတလားကို ပြန်ယူသွားခဲ့သည်။
"ငါ အခုမအိပ်တော့ဘူး ဒီရေအောက် အမွေအနှစ်ကို ရှာဖို့ ရွှမ်ရီပင်လယ်အော်ကိုသွားရမယ"
သူမပြောပြီးသည်နှင့် တပြိုင်နက် သူမ၏ပုံရိပ်က တဖျပ်ဖျပ်လတ်ကာ ၎င်းတို့မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ဇီချန် နန်းဆောင်သခင်က ဒီရေအောက်ရုပ်ကြွင်းကို ရှာတွေ့နိုင်မယ်လို့ ထင်လား"
ရှန်ချင်းဟန်က စိတ်ဝင်တစား မေးသည်။
လင်းဇီချန်က ခေါင်းခါလိုက်၏။
"မသေချာဘူး၊ နန်းဆောင်သခင် ပြန်လာတာကို သိတဲ့အထိ ငါတို့ စောင့်ရလိမ့်မယ်"
"ဇီချန် ငါ မနေ့က တစ်ညလုံး အိပ်မပျော်ဘူး အရမ်းပင်ပန်းနေပြီ"
"မပင်ပန်းဘူးလား၊ နင် ငါနဲ့ ခဏလောက် အိပ်မလား"
"ကိုလည်း နည်းနည်း ပင်ပန်းနေပြီ၊ အတူတူ အိပ်ကြရအောင်၊ နိုးပြီးရင် တက္ကသိုလ်ကို သွားလို့ရပြီ"
ထို့နောက် နှစ်ယောက်သား မျက်နှာဆေးရန် သန့်စင်ခန်းသို့ သွားကြ၍ ကုတင်ပေါ်တွင် လှဲလျောင်းကာ အိပ်ရန် အခန်းသို့ ပြန်ခဲ့ကြသည်။
တစ်ညလုံး မအိပ်ထားသဖြင့် နှစ်ယောက်သား ကုတင်ပေါ်သို့ လှဲလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်လုနီးပါး ဖြစ်သွားကြသည်။
...
နေ့လည် ၁ နာရီတွင် နေမင်းကြီးသည် တောက်ပနေ၏။
လင်းဇီချန် နှင့် ရှန်ချင်းဟန်တို့က အိပ်ယာမှ နိုးလာကာ ဆန်းကြယ်သားရဲအသားများကို အလျင်အမြန်ကြော်ကာ အသီးအနှံအချို့ကို လှီးဖြတ်၍ အနည်းငယ် စားပြီးနောက် သုတေသနဌာနသို့ ထွက်လာခဲ့သည်။
နှစ်ယောက်သား ဌာနသို့ရောက်သောအခါ လျို့ချွမ်ဝူ နှင့် စုန်ယွီယန်တို့ နှစ်ယောက်စလုံးသည် ယောဂဖျာပေါ်တွင်ထိုင်လျက် ၎င်းတို့၏ သွေးကြောမှတ်များကို တိုက်ခိုက်ရန် ပြင်းပြင်းထန်ထန် အာရုံစိုက်ကာ သွေးသန့်လူသားများ၏ ခန္ဓာကိုယ်များနှင့်အတူ တတ်နိုင်သမျှ အဆင့်မြင့်အဆင့်သို့ တိုးတက်ပြောင်းလဲလာစေရန် ကြိုးစားနေကြသည်။
မာရှိဝေကမူ သွေးစွမ်းအင် ထိန်းချုပ်နည်းကို သင်ယူရင်းဖြင့် အခြားတစ်ဖက်တွင် တိတ်တဆိတ်ထိုင်နေသည်။
ထိုနေ့မနက်က ဖြစ်ပျက်ခဲ့သော ရှက်စရာကောင်းသော အဖြစ်အပျက်ကို တွေးရင်း လင်းဇီချန်က စုန်ယွီယန်ကို ကြည့်လိုက်ရာ မရည်ရွယ်ဘဲ ကောက်ကြောင်းများပေါ်သို့ ရောက်သွားသည်။
ဤသွေးရောနှောနေသော အလှတရားဖြစ်သော စုန်ယွီယန်သည် အမှန်တကယ်ပင် ကျော့ရှင်းသော ရုပ်သွင်ရှိသည်။
ရှန်ချင်းဟန်၏ရုပ်သွင်က ဖြူစင်ပါက စုန်ယွီယန်၏ ခန္ဓာကိုယ်သည် ယောက်ျားတိုင်း၏ အကြည့်ကိုစွဲဆောင်နိုင်သည်ဟု ဆိုရပေမည်။
"မနက်တိုင်း ယောဂကျင့်တာက ဒီလို လုံးကြီးပေါက်လှ ပုံစံမျိုး တကယ်ရနိုင်လား"
လင်းဇီချန်က စုန်ယွီယန်၏ ခန္ဓာကိုယ်ကိုကြည့်ကာ စိတ်ထဲမှတွေးလိုက်သည်။ ထိုအချိန်တွင် သူက ရှန်ချင်းဟန် ပိုလှပသော ခန္ဓာကိုယ်မျိုးရစေရန် နံနက်တိုင်း စုန်ယွီယန်နှင့် ယောဂကျင့်ရာတွင် လိုက်ပါစေလိုခဲ့သည်။
သူက ဤအချည်းနှီးသောအရာအားလုံးကို တွေးတောနေချိန်ဖြစ်သည်။
စုန်ယွီယန်က ယောဂဖျာပေါ်တွင် ထိုင်ကာ သူမ၏ သွေးကြောမှတ်များကို တိုက်ခိုက်ရင်းဖြင့် ရုတ်တရက် မျက်လုံးပွင့်လာသည်။
မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏ရုပ်သွင်ကို ပွင့်ပွင့်လင်းလင်း အကဲဖြတ်ကြည့်မိသည်။ သူမ၏ လှပသော မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားကာ စိတ်မသက်မသာ ခံစားလိုက်ရသည်။
ယခင်က သူမ၏ စိတ်ထဲတွက် သွေးကြောမှတ်များကို တိုက်ခိုက်ရန် အတွေးများ ပြည့်နှက်နေခဲ့သည်။
သို့သော် ယခုလင်းဇီချန်နှင့် သူ့အကြည့်များဖြင့် ပြည့်နှက်နေသည်။
သူမ၏ နှလုံးသားက လုံးဝ တုန်လှုပ်သွားခဲ့သည်။
မက်မွန်သီးကဲ့သို့ နီမြန်းနေသော သူမ၏မျက်နှာကို မြင်လိုက်ရသောအခါ လင်းဇီချန်က သူ့အကြည့်များက မသင့်လျော်ကြောင်း သဘောပေါက်သွားကာ သူ့အကြည့်ကို သူမနှင့် ဝေးရာသို့ အလျင်အမြန်ပြောင်းလိုက်သည်။
"ပန်းခြံသေးသေးလေးမှာ ပေါင်းပင်တွေ..."
"ပန်းခြံသေးသေးလေးမှာ မောင်းပါ..."
" ပန်းခြံသေးသေးလေးမှာ နှင်းတွေ ကောက်နေတယ်... "
ရုတ်တရက်ပင် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာသည်။
လျို့ချွမ်ဝူ၏ ဖုန်းမြည်လာခြင်းဖြစ်သည်။
မြည်သံကြားသောအခါ ယောဂဖျာပေါ်တွင်ထိုင်နေသော လျို့ချွမ်ဝူက ချက်ချင်းပင် ဖုန်းကိုင်လိုက်သည်။
"ဘယ်သူလဲ"
"ဒလီဗာရီလား"
"ကျွန်တော် မှာထားတာ မဟုတ်ဘူး"
"..."
အခြားသူနှင့် ခေတ္တစကားပြောပြီးနောက် လျို့ချွမ်ဝူက ဖုန်းချလိုက်သည်။
"ထူးဆန်းတယ်၊ ဘာလို့ ငါ့အတွက် ရုတ်တရက် လက်ဆောင်တွေလာပို့တာလဲ အရင်မိန်းမဆီကများ ဖြစ်နိုင်လား"
စကားပြောပြီးနောက် သူက သူ့ဘေးက မာရှိဝေကို လှည့်ကြည့်၍ပြောလိုက်သည်။
"ဝေဝေ၊ ဒလီလာပို့တာလေး သွားယူပေးနိုင်မလား”
ယခု တက္ကသိုလ်တွင် အဖွဲ့ဝင်များ ပိုများလာသောကြောင့် ဒါရိုက်တာအနေဖြင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် အရာရာကို သူကိုယ်တိုင် လုပ်ချင်စိတ်မရှိတော့ပေ။
"ဟုတ် ဆရာ အခုသွားယူလိုက်မယ်"
မာရှိဝေကပြော၍ ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
အခန်း(၃၅၉) အင်မော်တယ်သခင်ကို ချစ်တာလား
နှစ်မိနစ်ကျော် ကြာသွားသည်။
ပါဆယ်ယူရန်ထွက်သွားသော မာရှိဝေက ကြီးမားသော ကတ်ထူသေတ္တာတစ်လုံးကို မ၍ ပြန်ရောက်လာသည်။ လင်းဇီချန်က ကတ်တူသေတ္တာကိုကြည့်ကာ ၎င်းအပေါ်ရှိ စလစ်ကို အာရုံရောက်သွားသည်။
ပို့ဆောင်သူကို မသိနိုင်ပေ။
မည်သည့်အရာကိုပို့လိုက်ခြင်းဖြစ်ကြောင်းလည်း ပြောရခက်သည်။
လျို့ချွမ်ဝူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မာရှိဝေလက်ထဲမှ ပါဆယ်ကိုယူ၍ ပြောလိုက်၏။
“ဘယ်သူက ဒီလောက်လျို့ဝှက်ထားပြီး ဒီလိုပို့လိုက်တာလဲ”
ဤမေးခွန်းကို စိတ်ထဲတွင်တွေး၍ လျို့ချွမ်ဝူက ပါဆယ်ကို ခုံပေါ်သို့ယူကာ ပိတ်ထားသော တိတ်ကို ဖြဲ၍ ဖွင့်တော့မည့်အခိုက်တွင်၊
လင်းဇီချန်၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားကာ သူ့ကို ချက်ချင်းပြောလိုက်သည်။
“မဖွင့်နဲ့ အန္တရာယ်ရှိတယ်”
[အန္တရာယ်ကြိုတင်သိမြင်ခြင်း]က ပြင်းထန်စွာ တုံ့ပြန်နေပါတယ်။
ထို သေတ္တာကိုဖွင့်လိုက်ခြင်းက အလွန်ကြီးမားသော အန္တရာယ်ကို ကြုံတွေ့ရစေနိုင်မည်ဖြစ်သည်။
ဤသည်ကိုကြားသောအခါ လျို့ချွမ်ဝူက ချက်ချင်းပင် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
အခြားသူများက ဤသည်ကိုမြင်သောအခါ ဆုတ်ခွာလိုက်ကြသည်။
“ဇီချန် သေတ္တာက ဘာဖြစ်လို့လဲ”
စုန်ယွီယန်က လင်းဇီချန်ကိုကြည့်ကာ မေးလိုက်သည်။
လင်းဇီချန်၏ အမူအရာက တည်ငြိမ်ကာ လေးနက်နေသည်။
“ကျွန်တော်လည်းမသိဘူး အန္တရာယ်တစ်ခုကို ခံစားလိုက်မိလို့”
ထိုသို့ပြော၍ သူ၏ စိတ်အာရုံကို ထိန်းချုပ်ကာ သေတ္တာကို ဌာနအပြင်ဘက်သို့ ပစ်ထုတ်လိုက်ရန် တွေးလိုက်သည်။ သို့သော် ထိုအခိုက်အတံ့တွင် သေတ္တာက လေထုအလယ်သို့ မြောက်တက်သွားပြီးနောက် တစ်စုံတစ်ခုဖြစ်ပျက်ခဲ့သည်။
သေတ္တာ၏ မျက်နာပြင်ကို ရုတ်တရက် သွေးနီရောင်ပန်းဖူးများ လျင်မြန်စွာ ဖုံးလွှမ်းနေကြောင်း သာမန်မျက်စိဖြင့်ပင်မြင်နိုင်သည်။ ဤပန်းဖူးများပေါ်လာပြီးမကြာမီ၌ပင် ချက်ချင်းသက်တမ်းစေ့ကာ ပေါက်ဖွား၍ အနီရောင်ပန်းဝတ်မှုံများကို ထုတ်လွှတ်လိုက်ကြသည်။
[သင်က ဆန်းကြယ်ပန်းပင်မှီ ပန်းအဆိပ် အဆင့်မြင့်အဆင့်ကို ခံစားနေရပါပြီ။ အနီရောင် အောင်သွယ် အဆိပ်ခုခံနိုင်စွမ်း +၁+၁+၁+၁…]
ဤအဆိုနှင့်အတူ လင်းဇီချန်က ခန္ဓာကိုယ်ထဲမှ အထိအတွေအာရုံများ တဖြည်းဖြည်း လွတ်လာသည်ကိုခံစားလိုက်ရသည်။
သူ အဆိပ်မိသွားပေပြီ။
သို့သော် [အဆိပ်တစ်ရာကို ခုခံနိုင်စွမ်း]၏ အစွမ်းကြောင့် သူ၏ အထိအတွေ့အာရုံက နောက်ထပ်တစ်စက္ကန့်၌ လျင်မြန်စွာ ပြန်လည် သက်သာလာသည်။
“အသက်ရှုအောင့်ထားကြ ပန်းနံ့ကို မရှုမိစေနဲ့”
ပန်းဝတ်မှုန်က အဆိပ်ရှိနေခြင်းဖြစ်ကြောင်း လင်းဇီချန်သတိပြုလိုက်မိသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်မှလူများကို သတိပေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် [စုဆောင်းခြင်းနယ်ပယ်]စွမ်းအင်ကို သုံး၍ သူ၏ အတွေးများကို စုစည်းကာ အချိန်နှင့်အမျှ သေတ္တာထဲမှအရာက မည်မျှ ပြင်းထန်ကြောင်း တွက်ဆနေသည်။
တစ်ဖက်တွင်မူ အနားရှိလူများက တစ်ချက်မှ ပန်းနံ့ကိုမရှုမိစေရန် အသက်ကိုအောင့်ထားကြသည်။
သို့သော် အနီရောင်ပန်းဝတ်မှုန်က အသက်ရှုရန်မပင်မလိုဘဲ သားကောင်ကို အရေပြားမှတစ်ဆင့် အဆိပ်ကူးစက်စေနိုင်သည်ဖြစ်ရာ နှစ်စက္ကန့်မကြာခင်အချိန်အတွင်းတွင် လင်းဇီချန်မှလွဲ၍ အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ မြေပြင်ပေါ်သို့ လဲကျကာ မတ်တပ်ပြန်မရပ်နိုင်ကြတော့ပေ။
၎င်းတို့၏ ခြေလက်များ အားနည်းနေသည့်တိုင် အသိစိတ်ရှိနေကြသေးသည်။
“ဘာတွေဖြစ်နေတာလဲ။ ငါတို့ကို ဘယ်သူတိုက်ခိုက်နေတာလဲ” စုန်ယွီယန်က မေးသည်။
လျို့ချွမ်ဝူက တည်ငြိမ်မြဲတည်ငြိမ်နေ၏။
“နည်းပညာကနေ ကြည့်မယ်ဆိုရင် အဲ့တာ ဂမ္ဘီရသစ်ပင်ဂိုဏ်းကလုပ်နေတာဖြစ်နိုင်တယ်”
“လင်းဇီ ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ပစ်မှတ်က နင်ပဲ ငါတို့ကို စိတ်မပူနဲ့”
ရှန်ချင်းဟန်က ချက်ချင်းပြောလိုက်သည်။
သူမဘေးတွင်လဲကျနေသော မာရှိဝေကလည်း တစ်စုံတစ်ခုကိုပြောချင်နေသည်ဖြစ်ရာ သို့သော် သူမ၏ အသံကြိုးများ ပျက်ဆီးသွားသဖြင့် စကားမပြောနိုင်တော့ပေ။
လင်းဇီချန်က နေရာတွင်ရပ်နေကာ အဖွဲ့သားများကို ထားခဲ့လိုခြင်းမရှိပေ။
သူ မလွတ်မြောက်နိုင်ကြောင်း သူသိသည်။ သူ့မိဘများသာ ရှိနေလျှင်၊ ရှန်ချင်းဟန်သည်လည်း ဤနေရာတွင်ရှိနေသာကြောင့် သူသာ ဂမ္ဘီရသစ်ပင်ဂိုဏ်းမှဖြစ်မည်ဆိုပါက ပစ်မှတ်ကိုမရနိုင်လျှင် ပစ်မှတ်၏ မိဘများကို ဖမ်းမည်မှာသေချာသည်။
[အဆင့်မြင့်စိတ်ဝိဉာဥ်] ၏ အစွမ်းအစဖြင့် လင်းဇီချန်က သူ၏ စိတ်ဝိဉာဥ်စွမ်းအင်များကိုသုံးကာ ရှန်ဟိုင်းတက္ကသိုလ်တစ်ခုလုံးကို ဖုံးလွှမ်း၍ ထောင့်တိုင်းကို ကြည့်လိုက်သည်။
သူက ပထမဆုံးအနေဖြင့် မိဘများနှင့် ရှန်ချင်းဟန်ကို ကြည့်သည်။
ကံကောင်းထောက်မစွာဖြင့် မိဘနှစ်ပါးလုံး လုံလုံခြုံခြုံရှိကြသည်။ လင်းယန်ရှန်နှင့် ကျန်းဝမ်ရှင်းတို့က ဧည့်ခန်းထဲတွင် တီဗီကြည့်နေကြသည်။ ရှန်ကျန်းယဲ့နှင့် ရွှီမုန့်တို့က ၎င်းတို့အခန်းထဲတွင် တစ်ရေးအိပ်နေမကြသည်။ မိဘများ အဆင်ပြေသောကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း အထိုအခိုက်အတန့်တွင် လင်းဇီချန်၏ မျက်ခုံးများ ကျုံ့သွားသည်။
သူက ရှန်ဟိုင်းတက္ကသိုလ်ကို ကြည့်လိုက်သောအခါ မည်သည့် ပုံမှန်မဟုတ်သောအရာကိုမှ မတွေ့ရကာ မည်သည့် ဆန်းကြယ်သစ်ပင်ကိုမျှ မခံစားမိပေ။
“ဂမ္ဘီရသစ်ပင်ဂိုဏ်းမဟုတ်ဘဲ အခြားတစ်ယောက်ယောက်များ ဖြစ်နိုင်မလား”
လင်းဇီချန်က အနည်းငယ် သံသယဝင်နေမိသည်။ သို့သော် သူက သတိကြီးကြီးထား၍ သူ၏ စိတ်ဝိဉာဥ်စွမ်းအားများကို ဖြန့်ကျက်ကာ သူ့နယ်မြေရှိ နေရာတိုင်းကို ကကြည့်လိုက်သည်။
စက္ကန့်များစွာကြာသောအခါ မိမိတို့ဌာနသို့ ဦးစည်းမှုအဆောက်အဦမှလာသော စွမ်းအားကြီး ခန္ဓာကိုယ်ခုနှစ်ခုကို ခံစားမိလိုက်သည်။ တဖြည်းဖြည်း နည်းကပ်လာသည်နှင့် ယင်းမှာ ကျောင်း၏ ဌာနအဖွဲ့ဝင်များဖြစ်သည်ကို သိလိုက်ရသည်။ ၎င်းတို့ကို ဦးဆောင်လာသူမှာ ကျောင်းသားရေးရာ ကိစ္စများဒါရိုက်တာဖြစ်ကာ ကျန်သောခြောက်ယောက်မှာ ဆင့်ကဲပြောင်းလဲခြင်းတက္ကသိုလ်မှ နည်းပြများဖြစ်ကြသည်။
စစ်ဆေးခန်းထဲ၌ အဖြစ်အပျက်ဖြစ်ပြီးနောက်၊ သို့မဟုတ် ကတ်ထူသေတ္တာကိုရရှိပြီးနောက် ဤကျောင်းသားရေးရာကိစ္စများရုံးခန်းက ချက်ချင်း သုတေသနဌာနသို့ပြေးလာကြသည်။ ရှင်းလင်းစွာပင် ဤသည်မှာ ဤလူခုနှစ်ယောက်နှင့် တစ်စုံတစ်ခု လွဲမှားနေခြင်းဖြစ်ကြောင်းသိနိုင်သည်။
ထိုသို့တွေး၍ လင်းဇီချန်က သုတေသနဌာထဲ၌ မနေတော့ဘဲ ချက်ချင်းပင် လူများသော သင်ကြားရေးအဆောက်အဦသို့ ပြေးသွားသညည်။
သူ့တွင် ထူးခြားသော ပင်ကိုယ်စွမ်းရည်တစ်မျိုးဖြစ်သည့် [လူမှုရေးတိရိစ္ဆာန်] ရှိသည်။ အတိုင်းအတာတစ်ခုအတွက် ကမ္ဘာ့သတ္တဝါများများလေလေ သူ ပိုမိုသန်မာလာလေလေဖြစ်သည်။
“ကျောင်းသားလင်း ကျောင်းထဲမှာ ဘာလို့ ဒီလောက်မြန်မြန်ပြေးနေရတာလဲ။ အရေးကြီးကိစ္စများရှိလို့လား”
ကျောင်းသားရေးရာကိစ္စများဒါရိုက်တာ ကျိုးရှောင်ဟွေ့က ကျောင်းခေါင်းဆောင်တစ်ဦး၏ လေသံဖြင့်မေးလိုက်သည်။ လင်းဇီချန်က မတုံ့ပြန်ဘဲရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုသူကို လက်သီးတစ်ချက် ပစ်ကြွေးလိုက်သည်။ ကျိုးရှောင်ဟွေ့က သူ့ထံမှရုတ်တရက် အထိုးခံရလိမ့်မည်ဟု မထင်ထားသော်လည်း ဘေးသို့ အနည်းငယ်ရွှေ့လိုက်ရုံဖြင့် လက်သီးချက်ကို ရှောင်တိမ်းနိုင်ခဲ့သ်ည။
“အရမ်းသန်မာတယ်။ သူက သခင်အဆင့်တိုက်ခိုက်သူပဲ”
လင်းဇီချန်က စိတ်ထဲမှတုန်လှုပ်လျက် သူ့နှလုံးသားက ချက်ချင်းပင် အောက်ခြေသို့ နစ်မြုပ်သွားသည်။
ကျောင်းတွင်းမှ ကျောင်းသားရေးရာကိစ္စများ ဒါရိုက်တာအနေဖြင့် မည်ကဲ့သို့ ရှားပါးသော သခင်အဆင့် သွေးမျိုးဆက်စွမ်းအားအဆင့်ရှိနေမည်ကို သူနားမလည်နိုင်ပေ။
“ဝှစ်”
“ဝှစ်”
အခန်း(၃၆၀) အင်မော်တယ်သခင်ကို ချစ်တာလား
ဝှစ်
ရုတ်တရက် လေထုကို ဖြိုခွင်းသောအသံထွက်ပေါ်လာသည်။
ကြီးမားများပြားလှသော စပျစ်နွယ်ပင်များက ပတ်ဝန်းကျင်တစ်ဝိုက်သို့ ထွက်ပေါ်လာကာ လင်းဇီချန်ကို မြှားများကဲ့သို့ ပစ်ခတ်လိုက်သည်။
လင်းဇီချန်က ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
နောက်ထပ်တစ်စက္ကန့်တါင် ဒါဇင်ပေါင်းများစွာသော စပျစ်နွယ်ပင်များက သူ့ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်လိုက်သဖြင့် လှုပ်ရှား၍မရနိုင်ဖြစ်သွားသည်။
“တော်တော်လေး သံသယဖြစ်စရာပဲ။ မင်း ငါ့ကို မြင်တဲ့အချိန်မှာတင် မတုံ့ဆိုင်းဘဲ တိုက်ခိုက်နေတာဆိုတော့”
ကျိုးရှောင်ဟွေ့သည် စပျစ်နွယ်ပင်များကြားတွင် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရသည့် လင်းဇီချန်ကို သတိပြုမိကာ အသိအမှတ်ပြု၍ ပြုံးပြလိုက်သည်။
လင်းဇိချန်က မျက်မှောင်ကြုတ်လိုက်၏။
“ဆရာကျိုးက တကယ်ပဲ ဂမ္ဘီရသစ်ပင်ဂိုဏ်းက သစ္စဖောက်ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး”
ကျိုးရှောင်ဟွေ့က ရယ်မောလိုက်သည်။
“ဒါကို သစ္စာဖောက်လို့ မခေါ်ပါဘူး။ ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်းမြင်တယ်လို့ ငါခေါ်တယ်။ နောက်ပြီး တစ်ဖက်မှာလည်း မင်းက ပဒေသရာဇ် အတွေးအခေါ် အကြွင်းအကျန်တွေပဲ၊ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို နားမလည်ဘူး”
စကားပြောပြီးနောက် သူ့နော်ကမှ လိုက်လာသော လူခြောက်ယောက်ကို ညွှန်ကြားလိုက်သည်။
“မင်းတို့ခြောက်ယောက် ကောင်းကင်လူသားအဖွဲ့ဝင်အားလုံးကို ဖမ်းလိုက်”
“အထူးသဖြင့် ဒါရိုက်တာစုန်ပဲ။ သူ့ကို ငါ့အိပ်ရာထဲသေချာပေါက်ထည့်လိုက်။ ငါသူ့ကို မြည်းကြည့်ချင်နေတာကြာပြီ”
“...”
“ဟုတ်ကဲ့”
လူခြောက်ယောက်က တူညီစွာတုံ့ပြန်လိုက်ကြသည်။
လူခြောက်ယောက်၏ နောက်ကျောများကိုကြည့်၍ ကျိုးရှောင်ဟွေ့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများပြည့်လာသည်။
ပညာရေးရေးရာရုံး၏ ဒါရိုက်တာအနေဖြင့် နှစ်များတစ်လျှောက်တွင် လှပသော အမျိုးသမီးဆရာမများကို ပစ်မှတ်ထားလေ့ရှိသည်။ အရိုးရှင်းဆုံး ခြိမ်းခြောက်ခြင်းနှင့် သွေးဆောင်ခြင်းနည်းလမ်းများကို အသုံးပြု၍ ရှန်ဟိုင်းတက္ကသိုလ်မှ အစွမ်းမဲ့ကာ လှပသော အမျိုးသမီးသင်တန်းပို့ချသူ အားလုံးနီးပါးက သူ၏ ကစားစရာများဖြစ်လာခဲ့ကြသည်။
စုန်ယွီယန်မှလွဲ၍ သူမသည် ကောင်းကင်ကံကြမ္မာအဖွဲ့အစည်းတွင် ပါဝင်ခဲ့သည့် တစ်ဦးတည်းသော နည်းပြဖြစ်ကာ သူဖျားယောင်း၍ မရနိုင်ခဲ့ပေ။ စုန်ယွီယန်က သီးသန့်နေတတ်လွန်းလှကာ၊ ရာထူးတိုးခြင်းသို့မဟုတ် လစာတိုးခြင်းများကို ဘယ်သောအခါမှ မတွေးဘဲ ဌာနရှိ သူမ၏ အလုပ်ကိုသာ အာရုံစိုက်ထားသောကြောင့် နှစ်များကြာအောင် အရမယူနိုင်ခဲ့ပေ။
ယနေ့ သူပ အင်အားသုံးရန် ရွေးချယ်ခဲ့သည်။
သူသည် ကောင်းကင်ကံကြမ္မာအဖွဲ့အစည်းရှိ ဤလူအားလုံးကို မူလမြေတွင်ရှိသော ၎င်းတို့၏ ဌာနချုပ်သို့ပြန်ခေါ်ရန် စီစဥ်ခဲ့ရာ စုန်ယွီယန်နှင့်ပတ်သက်၍ သူလုပ်ချင်သမျှ လုပ်ရန် စီစဥ်ထားသည်။
စုန်ယွီယန်သာမက ယွမ်သုန်ကျီလည်း အတူပါသည်။
ချောင်ဆမ်ဝတ်၍ သူ့ရှေ့တွင် မကြာခဏ ကျော့မော့စွာသွားလာလေ့ရှိသော ဤအလှပဂေးလေးသည် နောက်ဆုံးတွင် သူနှင့်အတူ အိပ်ရတော့မည်ဖြစ်သည်။
လင်းဇီချန်ကျို မူလမြေသို့ ပြန်ခေါ်ဆောင်သွားသည်နှင့် ဤကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို ပြီးမြောက်စေကာ သူ၏ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန်အတွက် ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များ ကြွယ်ဝစွာရရှိပြီးသည်နှင့် သူ၏တပ်မက်မှုများကို ပြေပျောက်စေရန် ယွမ်သုန်ကျီကို သိမ်းပိုက်လိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် ကျိုးရှောင်ဟွေ့က စိတ်ကူးများဖြင့် အာရုံပြောင်းသွားသည်ကိုမြင်လိုက်ရပြီးနောက် လင်းဇီချန်သည် သူ့ခန္ဓာကိုယ်ရှိ စပျစ်နွယ်ပင်များ၏ ထိန်းချုပ်မှုကို ထိန်းချုပ်ရန် သစ်တောသခင် စွမ်းအင်ကို ချက်ချင်းအသုံးပြုကာ ဖမ်းချုပ်မှုကို ဖြေလျော့လိုက်သည်။
ရှန်ချင်းဟန်နှင့် ဌာနမှ အခြားသူများကို ဖမ်းသွားခြင်းကို တားဆီးရန်အတွက် အဆိုပါ ယောက်ျားခြောက်ယောက်ကို သုတ်သင်ပစ်ရမည်ဖြစ်သည်။ ထို့နောက် သူက
ရှန်ဟိုင်းတက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သော ဂမ္ဘီရသစ်ပင်ဂိုဏ်းကို အနိုင်ယူရန် ကျိုးရှောင်ဟွေ့ကို သေချာကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
‘ဝှစ်’
ရုတ်တရက် စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။ ကျိုးရှောင်ဟွေ့က စတင်လှုပ်ရှားခဲ့သည်။
သူ့ခန္ဓာကိုယ်သည် လင်းဇီချန်၏ရှေ့တွင် ချက်ချင်းပေါ်လာကာ ဆူးများပြည့်နေသော စပျစ်နွယ်ပင်ဖြင့် လင်းဇီချန်ကို ရိုက်ပစ်လိုက်သည်။ လင်းဇီချန်က အလွန်လျင်မြန်စွာရှောင်တိမ်း၍ တည့်တည့်ခုန်လိုက်သည်။
ထို့နောက် သူ့ရှေ့မှ လူခြောက်ယောက်ဆီသို့ လက်ဆန့်တန်းကာ ချီသွေးများကိုထုတ်၍ ကျည်ဆန်များသဖွယ်ပစ်လွှတ်လိုက်သည်။
"ဖောင်း"
"ဖောင်း"
"ဖောင်း"
ပစ်ခတ်သံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။
ထွက်ပေါ်လာသော ချီသွေးစွမ်းအင်များက လူခြောက်ဦး၏နှလုံးသားများဆီသတို့ တည့်တည့်ထိမှန်ကာ
၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဖွဲ့စည်းပုံများအားလုံး လျင်မြန်စွာ ပျက်ဆီး၍ အသက်စွမ်းအင်များ လုံးဝ ငြိမ်းသက်သွားသည်။
သူ၏ လက်အောက်ငယ်သားခြောက်ယောက် ချက်ချင်းအသတ်ခံခဲ့ရသည်ကို မျက်မြင်တွေ့လိုက်ရသောအခါ ကျိုးရှောင်ဟွေ့၏ မျက်နှာက တုန်လှုပ်ခြောက်ခြားမှုအပြည့်နှင့် မျက်စိရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ သို့သော် အချိန်အကြာကြီး ထိတ်လန့်နေခြင်းမရှိဘဲ မကြာခင်၌ ပင် ပြန်လည်ကောင်းမွန်လာကာ လင်းဇီချန်ကို တိုက်ခိုက်ခဲ့သည်။
သူက အင်အားအပြည့်ဖြင့်တိုက်ခိုက်၍ သခင်အဆင့် သွေးမျိုးဆက်စွမ်းအင်များကို ဖိအားပေးတွန်းထုတ်ကာ လင်းဇီချန်ကို ကြမ်းပြင်ပေါ်၌ ချုပ်နှောင်ထားလိုက်သည်။
‘သွေးပန်းပွင့်ကရဲ့အဆိပ်ကို ခံနိုင်ပြီး စပျစ်နွယ်ပင်တွေကိုတောင် ထိန်းချုပ်နိုင်တာ… မင်းခန္ဓာကိုယ်မှာ မယုံနိုင်စရာ စွမ်းရည်တွေအများကြီးရှိနေတာပဲ။ ဌာနချုပ်က မင်းကို ဖမ်းဖို့ အထူးတလှယ်စီစဥ်ထားတာ အံ့သြစရာတော့မဟုတ်ဘူးပဲ” ကျိုးရှောင်ဟွေ့က အမြင့်မှ ငုံ့ကြည့်လျက် သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။
လင်းဇီချန်က ကျိုးရှောင်ဟွေ့၏ သွေးမျိုးဆက်စွမ်းအားမှ လွတ်မြောက်ရန် ရုန်းကန်ခဲ့ရသော်လည်း သူ့ကိုယ်သူ မည်မျှပင် အားထုတ်စေကာမူ တစ်လက်မမျှ လှုပ်ရှားနိုင်ခြင်းမရှိပေ။
သွေးမျိုးဆက်စွမ်းအား သခင်အဆင့်ဖိအားက အလွန်ပြင်းထန်လွန်းလှသည်။ မြင့်မြတ်သူအဆင့်၏ ဖိနှိပ်ခြင်းခံရသောအခါ မျောက်ဘုရင်ကို ဗုဒ္ဓကိုယ်တိုင်ဖိထားသော တောင်ကဲ့သို့ လုံးဝ ဖိနှိပ်မှုတစ်ခုဖြစ်သည်။
"မဟုတ်ဘူး”
"ဒီမှာထိုင်ပြီး သေမှာကို စောင့်နေလို့မရဘူး"
“ခွန်အားနဲ့မလုံလောက်ရင် ငါ့ဦးနှောက်ကိုသုံးလို့ရသေးတယ်။ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုခုတော့ရှိရမယ်”
နှစ်စက္ကန့်အတွင်းတွင် သူက လွတ်မြောက်ရန် နည်းလမ်းကို ေ တွးတောနိုင်ခဲ့သည်။
အထက်မှ အောက်သို့ ဖိနှိပ်ထားခြင်းက သူ့ကို လုံးလုံး လှုပ်မရအောင်ဖြစ်စေသည်။ ထို့ကြောင့် အထက်သို့ ဖြိုဖျက်၍ မရနိုင်သောကြောင့် အောက်ကို ဖောက်ထွင်းရရန် စဥ်းစားလိုက်သည်။
ဟုတ်တယ်
အောက်ကို ဖောက်ထွက်ရမယ်
‘ငါ့မှာ သစ်တောသခင်စွမ်းအားရှိတယ်။ ငါလွတ်မြောက်ဖို့အတွက် မြေအောက်အပင်အမြစ်စနစ်ကို သုံးလို့ရတယ်”
ဤသို့တွေး၍ လင်းဇီချန်က အပင်အမြစ်စနစ်ကို တိတ်တဆိတ် ထိန်းချုပ်လိုက်သည်။ သူ့အောက်ရှိ မြေဆီလွှာကို ဖောက်ထုတ်ရန် ဤမြစ်စနစ်များကို အသုံးပြု၍ လွတ်မြောက်နိုင်မည့်အခွင့်အလမ်းကို ဖန်တီးမည်ဖြစ်သည်။
ဤအချိန်တွင် အာရုံပြောင်၍ အချိန်ဆွဲရမည်ဖြစ်သည်။
လင်းဇီချန်က သူ၏ ခွန်အားအလုံးစုံကို အသုံးပြုကာ စကားပြောရန် ပြင်လိုက်သည်။
“အဲ့လိုခွန်အားရှိနေတာ မင်းတကယ်ပဲ ဘယ်သူလဲ”
“ငါက ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ အဌမမြောက် အကြီးအကဲပဲ”
ယနေ့ကိစ္စပြီးပါက မူလမြေရှိ ဂမ္ဘီရသစ်ပင်ဂိုဏ်း ဌာနချုပ်သို့ ပြန်သွားရမည့်သူဖြစ်သောကြောင့် ဖုံးကွယ်ထားခြင်းမရှိဘဲ မည်သူမည်ဝါဖြစ်ကြောင်း ပြောပြလိုက်သည်။
‘ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ အဌမမြောက် အကြီးအကဲ”
လင်းဇီချန် အလွန် အံ့သြသွားရသည်။
ကမ်းရိုးတန်းသစ်တောတွင် ပေါ်ထွန်းခဲ့သော ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ နဝမမြောက်အကြီးအကဲက သခင်တတိယအဆင့်ရှိ ယွမ်သုန်ကျီကို အနိုင်ယူခဲ့သည်။
ထို့အပြင် သူ့ရှေ့ရှိ ပညာရေးဆိုင်ရာဒါရိုက်တာဖြစ်သူသည် တကယ်တမ်းတွင် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ အဌမမြောက်အကြီးအကဲဖြစ်နေသလော။