← Chapters

အပိုင်း ၃၆၁-၃၆၃

Vol. 25 Ch. 361-363

အပိုင်း ၃၆၁-၃၆၃

Vol. 25 Ch. 361-363

အခန်း(၃၆၁) ဒါ အချစ်အင်မော်တယ်သခင်လား ၃

ဤအရာက အံ့သြဖွယ်ကောင်းလွန်းသည်။

“မင်းက မွေးရာပါ အရမ်းသန်မာပြီး ရှန်ဟိုင်းတက္ကသိုလ်ကိုဝင်တာလား ဒါမှမဟုတ် အစတည်းက ရှန်ဟိုင်းတက္ကသိုလ်မှာတက်နေရာကမှ နောက်ပိုင်းကျမှ ဂမ္ဘီရသစ်ပင်ဂိုဏ်းက ခေါ်ခံရတာလား။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက ထောက်ပံ့တဲ့ အရင်းအမြစ်တွေကြောင့် အားကောင်းလာတာလား"

လင်းဇီချန်က ရုန်းရင်းကန်ရင်းဖြင့်စကားပြောလိုက်သည်။

ကျိုးရှောင်ဟွေ့က ပြုံးလိုက်သည်။

"ဟုတ်ပါတယ်၊ ငါက ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ ပါပြီးမှ ဒီလိုသန်မာလာခဲ့တာ"

ထို့နောက် သူကဆက်၍ပြောသည်။

"ဂမ္ဘီရသစ်ပင်ဂိုဏ်းက မင်းတွေးနိုင်တာထက် ကျော်ပြီး ဆင့်ကဲပြောင်းလဲမှုနဲ့ဆိုင်တဲ့ အရင်းအမြစ်တွေ ထောက်ပံ့ပေးနိုင်တယ်။ မင်းတစ်ခါပူးပေါင်းလိုက်တာနဲ့ အရင်က အတင်းငြင်းနေတာ ဘယ်လောက်မိုက်မဲလဲဆိုတာကို မင်း သဘောပေါက်လာလိမ့်မယ်”

အပင်၏ အမြစ်များကို မြေဆီလွှာဦအောက်ခြေမှ ဆွဲထုတ်ရန် ကြိုးစားနေစဉ် လင်းဇီချန်ကပြောလိုက်သည်။

"အထူးသဖြင့် ဆင့်ကဲဖြစ်စဉ် အရင်းအမြစ်တွေက ဘယ်လိုမျိုးလဲ"

ဤတစ်ကြိမ်တွင် ကျိုးရှောင်ဟွေ့က ပြန်မဖြေပေ။

"လင်းဇီချန် မင်း အချိန်ဆွဲနေတယ်ဆိုတာ ငါသိတယ်"

"လက်လျှော့လိုက်ပါ၊ အဲဒါ အသုံးမဝင်ဘူဍ"

"ပြည်နယ်က အထက်တန်းအဆင့်နဲ့ အထက်ရှိတဲ့ တိုက်ခိုက်ရေးသမားအားလုံးက သားရဲအသိုက်အဝန်းကို တွန်းလှန်ဖို့ မူလမြေထဲသို့ ရောက်သွားကြတယ်။ မင်းဘယ်လောက်ပဲ အချိန်ကုန်ခံပြီး ကြိုးစားနေပါစေ၊ မင်းကို ကယ်တင်ဖို့ဘယ်သူမှလာမှာမဟုတ်ဘူး"

"..."

"ငါ ကိုယ့်ကိုယ်ကိုယ် ကယ်တင်မယ်" လင်းဇီချန်က ဘာသိဘာသာ ပြောလိုက်သည်။

သူ့ပါးစပ်မှ စကားများထွက်လာသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်အောက်ရှိ မြေဆီလွှာသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအဖြစ် "ဒုံး" ဟူသောအသံဖြင့် ရုတ်တရက် ပြိုကျသွားသည်။

မြေကြီးပေါ်မှ လင်းဇီချန်က ပြုတ်ကျကာ ကျိုးရှောင်ဟွေ့၏ ဖိနှပ်ထားသည့် သွေးမျိုးဆက်စွမ်းအား သံလိုက်စက်ကွင်းမှ အောင်မြင်စွာ လွတ်မြောက်ကာ ကျိုးရှောင်ဟွေ့၏မြင်ကွင်းမှ ကွယ်ပျောက်သွားသည်။

"သေစမ်း"

ကျိုးရှောင်ဟွေ့သည် လူမိုက်တစ်ယောက်ကဲ့သို့ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

ချက်ချင်းပင် သူက တွင်းထဲသို့ ခုန်ဆင်းကာ ထွက်ပြေးသွားသော လင်းဇီချန်ကို လိုက်ရှာသည်။

မိနစ်ဝက်ခန့်ကြာသွားသည်။ အနက်ရောင်တွင်းမှ မီတာနှစ်ရာကျော်ဝေးသော နေရာတွင်

အနက်ရောင်တွင်းမှ မီတာနှစ်ရာကျော်ဝေးသောနေရာတွင်

ရုတ်တရက် ‘ဘွန်း’ ဟူသောအသံနှင့်အတူ လူတစ်ယောက် မြေကြီးထဲမှ ပြင်းထန်စွာထွက်လာသည်။

၎င်းက ကျိုးရှောင်ဟွေ့ပင်ဖြစ်သည်။

“ငါလိုးတဲ့မှ သူက ဧရာမမျိုးပြောင်း ကြွက်နဲ့ သွေးမျိုးစပ်ထားတာလား။ ဘယ်လိုလုပ် ဒီလောက်ထိကြီး တူးနိုင်ရတာလ”

ကျိုးရှောင်ဟွေ့က ထပ်မံကျိန်ဆဲလိုက်ပြန်သည်။ သူရပ်နေသည့် မြေပြင်သည် အပြန်အလှန်စပ်ဆက်နေသော တွင်းများနှင့် ရောထွေးနေသဖြင့် လင်းဇီချန်က မည်သည့်လမ်းကြောင်းမှ ပြေးသွားသည်ကိုမသိနိုင်တော့ပေ။

နည်းနည်း ငြိမ်သက်သွားပြီးနောက်

ကျိုးရှောင်ဟွေ့သည် ရှေ့ရှိ မြေကြီးတွင်းကို ကြည့်ကာ အော်လိုက်သည်။

“လင်း အမန်ထွက်လာပီး လက်နက်ချဖို့ ငါအကြံပေးလိုက်မယ်။ မိသားစုရပ်ကွက်မှာနေတဲ့ မင်းမိဘတွေ ဘာမှမဖြစ်စေချင်ဘူးမလား”

"..."

မြေအောက်တွင်

ကျိုးရှောင်ဟွေ့၏ အော်သံကိုကြားသောအခါ လင်းဇီချန်၏ အမူအရာပြောင်းလဲသွားသည်။ သူကြောက်နေသည့်အရာကနောက်ဆုံးတွင် ဖြစ်လာခဲ့ပေပြီ။ သူ့မိသားစုက ဓားစာခံအဖြစ်သို့ရောက်ရှိသွားသည်။ ဒုအုပ်ချုပ်ရေးမူး ယဲ့ရုန်ရှန်၏ စကားများကို လုံးဝ ယုံကြည်၍ မရနိုင်ပေ။ ကျီကျိုးပြည်နယ်အတွင်း လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ဆွေးနွေးပြောဆိုသမျှ

‘အားလုံးက လုံးဝအလကားပဲ’

ငါဘယ်တုန်းကမှ ဒီလောက်ယုံကြည်မှု မရှိခဲ့သင့်ဘူး

ဤအရာများအားလုံးကိုတွေး၍ လင်းဇီချန်က မြေပြင်မှ ပေါက်ကွဲထွက်ကာ မီတာများစွာအကွာမှ ကျိုးရှောင်ဟွေ့ရှေ့သို့ဆင်းသက်လာသည်။

လင်းဇီချန်က နာခံမှုရှိရှိထွက်လာသည်ကိုမြင်လိုက်ရသောအခါ ကျိုးရှောင်ဟွေ့က အောင်ပွဲခံ၍ပြုံးလိုက်သည်။

"ကောင်းတယ်၊ အရမ်းဉာဏ်ကောင်းတယ်။ မင်းမိဘတွေ ဘေးကင်းလိမ့်မယ်"

“ငါ့ကောင်မလေးကို သွားနှုတ်ဆက်လို့ရမလား”

“ဒါပေါ့ မရဘူးလေ”

ထိုသို့ဖြင့် ကျိုးရှောင်ဟွေ့က လက်ထဲမှ ဆူးနွယ်ပင်ကို လင်းဇီချန်အား တင်းတင်းရစ်ပတ်စေလိုက်သည်။

လွတ်မြောက်ရန် အခွင့်အလမ်းကို တားဆီးရန်အတွက် ကျိုးရှောင်ဟွေ့သည် စပျစ်နွယ်ပင်ပေါ်ရှိ ချွန်ထက်သော အချွန်အတက်များကို လင်းဇီချန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ သူ၏ Qi-Blood ကို သော့ခတ်ကာ သူ့ကို အမှန်တကယ် မလှုပ်မရှားဖြစ်စေသည်။

ထိုအချိန်တွင် ကောင်းကင်ယံ၌ တည်ငြိမ်အေးချမ်းသော အမျိုးသမီးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“အထင်ကြီးစရာပဲ။ သခင်အဆင့်ဆီကနေ လွတ်အောင်ထွက်ပြေးနိုင်တာ”

ထိုအသံကိုကြားလိုက်ရသောအခါ ၎င်းတို့နှစ်ယောက်လုံး အသံထွက်လာသည့်နေရာသို့တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

ထို့နောက် တာအိုဝတ်လုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက အလွန်တောက်ပသောရောင်ဝါများဖြာထွက်လျက် ထွက်ပေါ်လာသည်။

“နန်းဆောင်သခင်”

လင်းဇီချန် အံ့သြသွားသည်။

‘နန်းဆောင်သခင်က ရွှမ်ရီပင်လယ်အော်သို့သွားတာမဟုတ်ဘူးလား။ ဘာလို့ ပြန်ပေါ်လာတာလဲ”

‘သူ အဲ့ကနေပြန်ရောက်လာတာလား’

‘ဒါမှမဟုတ် ရွှမ်ရီပင်လယ်အော်ကနေ ဒီမှာဖြစ်နေတာတွေကိုအာရုံခံမိပြီး ပြန်လာခဲ့တာလား’

‘နောက်ဆုံးတော့လည်း နန်းဆောင်သခင်ရဲ့ခွန်အားကို နားလည်လို့မှမရနိုင်တာ။ အဲ့လိုမျိုးအခြေအနေကလည်းဖြစ်နိုင်တာပဲ’

မည်သို့ပင်ဆိုစေကာမူ ယခု နန်းဆောင်သခင်ပေါ်လာခြင်းသည် သူကယ်တင်ခံရမည်ဟုဆိုလိုခြင်းဖြစ်နိုင်သည်။

ဒုအုပ်ချုပ်ရေးမှူးယဲ့ရုန်ရှန်လား။

ငရဲကိုသွားစမ်းပါ။

နန်းဆောင်သခင် ချီချင်းမော့ကမှ ငါ့ရဲ့ စစ်မှန်တဲ့ ကျောထောက်နောက်ခံပဲ။

လင်းဇိချန်၏ အတွေးများ အရှိန်မြင့်လာကာ သူက စိတ်လျှော့လိုက်သည်။

တစ်ဖက်တွင်မူ ကျိုးရှောင်ဟွေ့က ကောင်းကင်ယံထက်တွင် ကျွမ်းကျင်စွာပျံနေသော ချီချင်းမော့ကိုလှမ်းကြည့်နေပြီးနောက် အနည်းငယ် လန့်ထိတ်ကာ မေးလိုက်သည်။

“မင်းကဘယ်သူလဲ”

သူသည် နန်ကျန်းပြည်နယ်တွင်ရှိသော သခင်အဆင့်တိုက်ခိုက်ရေးသမားတိုင်းကိုသိသည်ဖြစ်ရာ ၎င်းတို့၏ မျက်နှာများကို မှတ်မိသည်။ သို့သော် သူက ယခု ကောင်းကင်တွင်ပျံနေသော ချီချင်းမော့ကိုမူ မတွေ့ခဲ့ဖူးပေ။

ထိုသို့ သေချာမသိမှုက အကြောက်တရားကို သယ်ဆောင်လာနိုင်သည်။

“ငါ့နာမည်က ကြုံရပုရွက်ဆိတ်ကောင်တွေ သိသင့်သိထိုက်တဲ့အရာမဟုတ်ဘူး” ချီချင်းမော့က အေးစက်စွာကြည့်၍ ဘာသိဘာသာပြောလိုက်သည်။

နောက်ထပ်တစ်စက္ကန့်တွင် သူမက သူမ၏ ကျောက်စိမ်းကဲ့သို့ ကျော့ရှင်းနေသော လက်ကို ဆန့်ထုတ်၍ သစ်ပင်အမြစ်များနှင့်အတူ ရုန်းကန်နေရသော လင်းဇီချန်ကို အနီးကပ်ကြည့်နေသည်။

သူမက လင်းဇီချန် ရုန်းကန်နေသည်ကိုသာ ကြည့်နေ၏။

ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲ။

ထို့နောက် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ ကျန်သူများကို သတ်ပစ်ခဲ့သည်။ ဤလူများကို သွေးအနှစ်သာရများအဖြစ်ပြောင်းလဲကာ အနီရောင်ဆေးများထုတ်လုပ်သည်။

‘ဒါ အချစ်အင်မော်တယ်သခင်လား’

‘သူက အလွတ်တန်းကျင့်ကြံသူနဲ့ပိုတူသလား’

အခန်း(၃၆၂) မူလမြေသို့ဝင်ရောက်ခြင်း

ချီချင်းမော့သည် လတ်လတ်ဆက်ဆက်သန့်စင်ထားသည့် သွေးရေကန်ဆေးကို သူ့လက်အိတ်ထဲသို့ထည့်လိုက်ပြီးနောက် အလောင်းခြောက်လောင်းချထားသော မြေပြင်ပေါ်သို့ လက်ကိုတင်ကာ ခပ်လှမ်းလှမ်းမှ လက်ဟန်တစ်ခုလုပ်လိုက်သည်။

နောက်ထပ်တစ်စက္ကန့်အကြာတွင် အလောင်းခြောက်လောင်းသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားပြီး အနီရောင်တောက်တောက် ဆေးပြားအများအပြားအဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ်ကာ သွေးများက မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းဇီချန်သည် ဤသွေးထွက်သံယို မြင်ကွင်းကို ကြည့်၍ ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်။

ဆေးလုပ်ဖို့ လူတွေကိုသတ်ပစ်တာလား။ … ဒါက တကယ့် အချစ်အင်မော်တယ်သခင်လား

နန်းဆောင်သခင်၏ လက်ရှိ လုပ်ရပ်များသည် ‘ကြီးမြတ်သောအချစ်’ဟူသည့် မည်သည့်စကားနှင့်မျှ ကိုက်ညီမှုမရှိပေ။

လေထုအလယ်မှ ချီချင်းမော့က အသက်ကိုရှုသွင်းကာ လေထဲတွင် လွင့်နေသော သွေးရေကန်ဆေးခြောက်လုံးကို သူမ၏ အင်္ကျီလက်ထဲသို့ထည့်လိုက်သည်။ ထို့နောက် သူက လင်းဇီချန်ရှေ့သို့ ညင်သာစွာခုန်ဆင်းကာ ဘာသိဘာသာပြောလိုက်သည်။

“ဒီသွေးရေကန်ဆေးခုနှစ်လုံးကို အခုတင်သန့်စင်ထားတာ။ သူတိုကို သုံးဖို့ဆို နောက်ထပ်ပြင်ဆင်မှုတွေလိုသေးတယ်။ ငါ မင်းကိုနောက်မှပေးမယ်”

“ကျေးဇူးပါ နန်းဆောင်သခင်”

လင်းဇီချန်က ယဥ်ကျေးစွာဖြင့် သူမကို ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ရိုးသားစွာပြောရလျှင် သွေးရေကန်ဆေးများကို မည်သို့ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသဖြင့် ၎င်းတို့ကို လက်ခံရန် အနည်းငယ်ဝန်လေးနေခြင်းဖြစ်သည်။

ဆန်းကြယ်သားရဲများ၏ အသွေးအသားများဖြင့်ပြုလုပ်ထားခြင်းဖြစ်လျှင် တော်သေးသည်။

ဤဆေးများရရန်အတွက် လူသေအလောင်းများကို တိုက်ရိုက်အသုံးပြုခြင်းက သူ့ကို အတန်ငယ်စိတ်မချမ်းမြေ့ဖြစ်စေသည်။ ချီချင်းမော့က သူမရှေ့ရှိ အုပ်ချုပ်ရေးအဆောက်အဦကို မော့ကြည့်ကာ အသံက ခံစားချက်ကင်းမဲ့နေသည်။

“ ခုဏက သူတို့ခုနှစ်ယောက်နဲ့ တူတဲ့ရောင်ဝါမျိုးရှိတဲ့လူတချို့ ဒီပတ်ဝန်းကျင်မှာရှိနေသေးတယ်။ ငါ မင်းအတွက် သူတို့ကို ကိုင်တွယ်ပေးမယ်”

သူမပြောပြီးသည်နှင့်မကြာမီတွင် သူမ၏ ရုပ်သွင်က လေဟာနယ်ထဲ၌ ချက်ချင်းပျောက်ကွယ်သွားသည်။ လင်းဇီချန်က သူမပျောက်ကွယ်သွားပုံကိုကြည့်ရင်းဖြင့် ဒူးထောက်ကျလုနီးပါးဖြစ်နေသည်။

လင်းဇီချန်သည် သူ့ဘဝတစ်လျှောက်တွင် လွင့်မျောနေခဲ့ရာ စစ်မှန်‌သော ခေါင်းဆောင်တစ်ဦးနှင့်မျှ မတွေ့ခဲ့ရပေ။ သူ့အမေကသာ မငြင်းဆိုပါက လင်းဇီချန်သည် သူမကို ခေါင်းကိုင်မိခင်အဖြစ်ပင် အသိအမှတ်ပြုချင်ခဲ့သည်။

‘ခေါင်းကိုင်မေမေ… မေမေ့သားက မေမေ့ကို ဦးညွတ်ပါတယ်’

သူမက အချစ်အင်မော်တယ်သခင်ဖြစ်စေ၊ ဖြောင့်မတ်သော အလွတ်တန်း ကျင့်ကြံသူဖြစ်စေ

ဤအခိုက်အတန့်တွင် လင်းဇီချန်က ချီချင်းမော့ကို သူ၏ ခိုင်မာသော ကျောထောက်နောက်ခံအဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်သည်။

နောင်တွင် သူသည် သူမ၏ အင်အားကြီးသော ပေါင်ကိုဖြစ်ဖြစ် တင်းတင်းကြပ်ကြပ်ဖက်တွယ်ကာ ကောင်းကင်ကြီးကို ချီတက်ရပေမည်။

…

သူ့စိတ်ကို တည်ငြိမ်စေပြီးနောက် လင်းဇီချန်က အချိန်ဆွဲတုံ့ဆိုင်းမနေတော့ဘဲ ရှန်ချင်းဟန်နှင့်

အခြားသူများကို စစ်ဆေးရန် သုတေသနဌာနဆီသို့ လှည့်သွားလိုက်သည်။

ကြည့်လိုက်ပြီးနောက် မည်သူတစ်ဦးတစ်ယောက်ကမျှ ပြင်းပြင်းထန်ဒဏ်ရာရသည့်ပုံမပေါ်ပေ။

၎င်းတို့က အတန်ငယ် အင်အားနည်းသွားရုံမျှသာဖြစ်၍ အချိန်အတိုင်းအတာတစ်ခုမျှ မတ်တပ်မရပ်နိုင်တော့ရုံသာဖြစ်သည်။

"ဇီချန် နင်ဘာလို့ ရွံ့တွေပေနေတာလဲ”

လင်းဇီချန်က ဖုန်မှုန့်များနှင့် ပေတေနေသည်ကိုမြင်လိုက်ရသဖြင့် ရှန်ချင်းဟန်သည် သူမ၏ စိတ်ပူပန်မှုကို ဖုံးမထားနိုင်တော့ပေ။ လင်းဇီချန်က ပြန်မဖြေခင်တွင် သူ့ဘေးမှ လျို့ချွမ်ဝူက မေးလိုက်သည်။

“ဇီချန် ငါတို့ကိုလာတိုက်တာ ဂမ္ဘီရသစ်ပင်ဂိုဏ်းကလား”

“ဟုတ်တယ် အဲ့တာ ဂမ္ဘီရသစ်ပင်ဂိုဏ်းက သစ္စာဖောက်တွေပဲ။"

“အုပ်ချုပ်ရေးမှူးရုံးက ဒါရိုက်တာကျိုးက တကယ်တော့ ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ အဌမမြောက်အကြီးအကဲပဲ။ သူက ဒီတိုက်ခိုက်မှုကို စီစဥ်ခဲ့တာ”

“အဲ့ပြောင်ပြောင်တင်းတင်း ထိပ်ပြောင်ကောင်က တကယ်တော့ ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ သစ္စာဖောက်ဖြစ်နေတာလား” လျို့ချွမ်ဝူက အံ့သြသွားသည်။

ဘေးနားမှ စုန်ယွီယန်က ပြောသည်။

“အဲ့ထိပ်ပြောင်ကောင်က ဘယ်တုန်းကမှ လူကောင်းမဟုတ်ဘူး။ အမြဲ မိန်းကလေး ကျောင်းဆရာမတွေနဲ့ ပတ်သက်ဖို့ အတင်းအကြပ် သွေးဆောင်ဖြားယောင်းခဲ့တယ်၊ သူက သစ္စာဖောက်ဆိုတာ လုံးဝ အံ့သြစရာတော့မဟုတ်ဘူးပဲ”

ဤလူလတ်ပိုင်းအရွယ် ထိပ်ပြောင်အမျိုးသားက သူမကို လိင်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန်နှောက်ယှက်ခဲ့ဖူးကာ ရာထူးမှ နှုတ်ထွက်သည်အထိဖြစ်စေခဲ့ဖူးသောကြောင့် ကျိုးရွှယ်ဟွေ့အပေါ် အလွန် စိတ်အနှောက်အယှက်ဖြစ်လျက်ရှိသည်။

“ဇီချန် ဘာဖြစ်တာလဲ” လျို့ချွမ်ဝူက မေးသည်။

လင်းဇီချန်သည် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ အဌမမြောက်အကြီးအကဲလက်မှ မည်သို့လွတ်မြောက်ကာ လုံလုံခြုံခြုံပြန်လာခဲ့သည်ကို သူ တွေးပင်မတွေးနိုင်ပေ။

“ဒီလိုဖြစ်သွားတာ…”

လင်းဇီချန်က ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များကို လူတိုင်းကိုရှင်းပြလိုက်သည်။

သူဂမ္ဘီရသစ်ပင်ဂိုဏ်းအဌမမြောက်အကြီးအကဲ၏လက်ထဲမှ မည်ကဲ့သို့ လွတ်မြောက်ခဲ့သည်ကိုဖော်ပြပြီးနောက် မည်သို့ လက်နက်ချရန် ခြိမ်းခြောက်ခံရသည်ကို ပြောပြခဲ့သည်။

နောက်ဆုံးတွင် နန်းဆောင်သခင် ချီချင်းမော့ပေါ်လာကာ ထိုသူများအားလုံး မညှာမတာ သတ်ဖြတ်ခံခဲ့ရကြောင်းကို ပြော၏။

“နန်းဆောင်သခင်က အရမ်းကြောက်ဖို့ကောင်းလောက်အောင် စွမ်းအားကြီးတယ်…”

ရှန်ချင်းဟန်က ချီးကျူးစကားဆိုသည်။ ယင်းမတိုင်ခင်က သူမ၏ အိုင်ဒေါသည် သူမ၏ ဆရာဖြစ်သူယွမ်သုန်ကျီဖြစ်သည်။ သို့သော် ထိုအချိန်မှစ၍ သူမ၏ သဘောကျမှုက ချီချင်းမော့ဆီသို့ပြောင်းသွားသည်။

ဤသည်က သူမ စိတ်ပြောင်းလွယ်ခြင်းမဟုတ်ဘဲ ဤချီချင်းမော့က အလွန် လွှမ်းမိုးနိုင်လွန်းသေသာကြောင့်သာဖြစ်သည်။

ယွမ်သုန်ကျီက ဂမ္ဘီရသစ်ပင်ဂိုဏ်း နဝမမြောက်အကြီးအကဲကို တိုက်ခိုက်ရာတွင် တစ်ချိန်လုံး ဖိနှိပ်ခံခဲ့ရသည်။ ချီချင်းမော့သည်မူ ယင်းထက်ပို၍သန်မာသော အဌမမြောက်အကြီးအကဲကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်။ ၎င်းတို့၏ ခွန်အားကွာဟချက်က ထင်ရှားလွန်းလှ၏။

ဤအခြေအနေကို အကျဥ်းချုံးရှင်းပြပြီးနောက် လင်းဇီချန်က သုတေသနဌာနတွင် ခပ်ကြာကြာမနေခဲ့ပေ။ သူက အလျင်အမြန်ပင် ရှန်ချင်းဟန်ကို အနောက်နားနေဆောင်သို့ခေါ်သွားကာ အနားယူခဲ့သည်။

...

နှစ်ယောက်သားအိပ်ဆောင်ပြန်ရောက်သောအခါ ချီချင်းမော့က သူမ၏ လက်ထဲမှ ပုလဲခွံလက်ကောက်ကို တိတ်တဆိတ်လေ့လာရင်းဖြင့် ကြေးရှေးဟောင်းခေါင်းတလားပေါ်တွင်ထိုင်နေသည်။

လင်းဇီချန်ပြန်လာသည်ကိုမြင်သောအခါ သူမက အေးဆေးစွာပြောလိုက်၏။

“မင်းအတွက် ဒီမှာရှိနေတဲ့ ရန်သူတွေကို ငါကိုင်တွယ်ပြီးပြီ။ အခြားနေရာမှာ အဲ့လိုရောင်ဝါရှိတဲ့လူတွေတွေ့ရင်လည်း ငါ ကိုင်တွယ်ပေးမယ်”

ဤသည်ကိုကြားသောအခါ လင်းဇီချန်က အမှန်တကယ်ပင် ဒူးထောက်ကျသွားတော့မည့်အလား ခံစားလိုက်ရပနြ်သည်။

အင်အားကြီးမားသော ကျောထောက်နောက်ခံရှိခြင်းဟူသည် အဘယ်နည်း။

‘ဒါပဲလေ’

‘ယဲ့ရုန်ရှန်းဟုတ်လား။ အသုံးမကျဘူး’

ချီချင်းမော့က သူ့အတွေးများကို သတိမထားမိဘဲ ပြောလိုက်၏။

“ခဏလောက်အနားယူလိုက်ပါ။ ပြီးရင် ငါ့ကို သွေးစွမ်းအင်နည်းနည်းလောက်လွှဲပေး”

“ဒါပေါ့” လင်းဇီချန်က တစ်စက္ကန့်မျှ မတွေးဘဲ သဘောတူလိုက်သည်။

ယခုမူ ချီချင်းမော့ကို သူပေးနိုင်သောအရာ ခပ်များများမရှိပေ။ သူပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ သွေးစွမ်းအင်ဖြစ်သည်။

မှန်သည်။ နောက်ပိုင်းတွင် တတ်နိုင်သမျှ များများ လွှဲပြောင်းပေးကာ ဤပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကို ကောင်းကောင်းမွန်မွန် ‌ခစားရန် ဆုံးဖြတ်ထားသည်။ ဤသည်ကိုတွေး၍ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့က အမြန်ရေချိုးပြီးနောက် ကောင်းစွာအိပ်စက်ရန် အခန်းထဲသို့ဝင်သွားကြသည်။

“ဇီချန် ညအိပ်ဝတ်စုံဝတ်တာထက် ပိုသက်တောင့်သက်သာရှိမရှိ သိချင်လို့ ကိုယ်လုံးတီးနဲ့ အိပ်ကြည့်ချင်တယ်”

ရှန်ချင်းဟန်က အနားယူနေစဥ် ရုတ်တရက် မျက်လုံးဖွင့်လာ၍ သူ့ဘက်သို့လှည့်ကာပြောလိုက်သည်။

သူမက ယနေ့နံနက်တွင် ရေချိုးခန်းထဲမှ အဝတ်ဗလာဖြင့် ထွက်လာသည့် စုန်ယွီယန်ကိုတွေ့လိုက်ရသောအခါတွင် ကိုယ်လုံးတီးအိပ်စက်ရသည်မှာ အလွန်သက်တောင့်သက်သာရှိသည်ဟု ယခင်က စုန်ယွီယန်ပြောခဲ့သည်ကို ပြန်သတိရမိသည်။ ထို့ကြောင့် ရုတ်တရက် ဤတစ်ရေးတစ်မောအိပ်ချိန်တွင် စမ်းကြည့်ချင်လာခြင်းဖြစ်သည်။

အခန်း(၃၆၃) မူလမြေသို့ဝင်ရောက်ခြင်း ၂

"စမ်းချင်ရင် စမ်းကြည့်လေ"

လင်းဇီချန်က ကျေကျေနပ်နပ်တုံ့ပြန်ခဲ့သည်။

ဤအခိုက်အတန့်တွင် သူက သူ၏ သိမ်းဆည်းခြင်းနယ်ပယ်ထဲတွင်သိမ်းထားသော ကတ်ထူပုံးကို စစ်ဆေးလျက် အထဲမှ မျိုးစေ့များကို စူးစမ်းလေ့လာနေသည်။

ယခင်က သုတေသနဌနတွင် ရှန်ချင်းဟန်နှင့် အခြားသူများ အဆိပ်သင့်ရခြင်းအကြောင်းအရင်းမှာ ဤအစေ့များမှ ထုတ်လွှတ်သည့် သွေးနီပန်းပွင့်များပေါက်လာသောကြောင့်ပင်ဖြစ်သည်။

“ငါ သေချာပေါက် ချွတ်မှာ ဒါပေမယ့် နင့်ကိုလည်း တူတူစမ်းကြည့်စေချင်တယ်လေ” ရှန်ချင်းဟန်က ကုတင်ပေါ်မှ မတ်တပ်ထရပ်၍ ညအိတ်ဂါဝန်ကိုချွတ်ကာပြောလိုက်သည်။

ခဏအကြာတွင် သူမ၏ ညဝတ်ဂါဝန်ကို ချွတ်ချပြီးနောက် လင်းဇီချန်နားတွင် ကိုယ်လုံးတီးဖြင့်ထိုင်ကာ နားနားကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

“ဇီချန် နင်ရော အဝတ်ဗလာနဲ့အိပ်ကြည့်မလား”

“ကောင်းပြီလေ”

လင်းဇီချန်က သိမ်းဆည်းခြင်းနယ်ပယ်တွင်ရှိနေသော သူ၏ အတွေးများကို ပြန်ရုတ်သိမ်းကာ ရှန်ချင်းဟန်၏ သေးငယ်သော တောင်းဆိုမှုကို ဖြည့်ဆည်းပေးရန် သူ၏ ညအိပ်ဝတ်စုံကို ချွတ်၍ သူမနှင့်အတူ အဝတ်ဗလာဖြင့်အိပ်စက်ရန်ပြင်လိုက်သည်။

ဤသည်ကိုမြင်သောအခါ ရှန်ချင်းဟန်က ချက်ချင်းရယ်မောကာ သူ့ကို ပွေ့ဖက်လိုက်သည်။

“အရင်က ငါတို့ ညအိပ်ဝတ်စုံဝတ်ပြီး ဖက်အိပ်ကြတာ အခု အဝတ်ဗလာနဲ့ ရိုးရိုးသားသားဖက်အိပ်ကြမယ်ဆို ဘယ်လိုမျိုးခံစားချက်ကွဲပြားသွားမလဲကြည့်ရအောင်”

“ဘာကွဲပြားရမှာလဲ။ အများဆုံး ခန္ဓာကိုယ်တွေက အရမ်းနီးကပ်နေပြီး နှိုးဆွမှုအရမ်းကြီးလာရုံပေါ့။ ခဏကြာတွင် မင်း မထိန်းနိုင်တော့ဘဲ အိပ်ရာကြီးတစ်ခုလုံးစိုအောင်လုပ်မိလိမ့်မယ်”

“ဘယ်လိုမှမဖြစ်နိုင်ဘူး”

“ညစ်ပတ်တဲ့ကောင်မလေး မင်းလက်တွေက ဘယ်သွားနေတာလဲ။ အိပ်ဖို့လုပ်နေတာမဟုတ်ဘူးလား”

“ငါတစ်ခါမှ မကိုင်ဖူးတာမှမဟုတ်တာ ဘာလို့ အလွန်အကြူးတွေပြောနေတာလဲ”

“မင်းအခု မလွှတ်ဘူးဆိုရင် မင်းရဲ့ကိုယ်ပိုင်ဆေးကို မြည်းကြည့်ခိုင်းလို့ ကို့အဆိုးမဆိုနဲ့”

“လာစမ်းပါ ငါဘာမှမကြောက်ဘူး”

“ကောင်းပြီ ကောင်းပြီ။ ‘ဒယ်ဒီ ဘေဘီမှားပါပြီ’လို့တော့ နောက်မှ အော်ပြီး မတောင်းပန်နဲ့နော်”

“အာ… ဒယ်ဒီ ငါမှားသွားပါပြီ ရပ်ပါတော့”

သုံးစက္ကန့်ပင်မကြာလိုက်ဘဲ လင်းဇီချန်၏ ပညာပေးမှုအောက်တွင် ရှန်ချင်းဟန်ဆီမှ တိုးလျလျ ပလုတ်ပလောင်းအသံလေး ထွက်ပေါ်လာသည်။

...

မျက်စိတစ်မှိတ်အတွင်း နာရီဝက်ကျော်သွားသည်။

ရှန်ချင်းဟန်က အိပ်ရာပေါ်တွင် အိပ်ပျော်နေသည်။ ထိုအချိန်တွင် လင်းဇီချန်က အင်အားအပြည့်ဖြင့် အဝတ်အစားလဲ၍ ခြေဖျားထောက်က အခန်းထဲမှ ထွက်လာခဲ့သည်။

"မင်း ကောင်းကောင်း အနားယူပြီးပြီလား"

လက်ကောက်ကိုကြည့်နေဆဲဖြစ်သော ကြေးရှေးဟောင်းခေါင်းတလားပေါ်တွင် ထိုင်နေသည့် ချီချင်းမော့က လင်းဇီချန်ကို မော့ကြည့်ကာမေးလိုက်သည်။

လင်းဇီချန်က ခေါင်းညိတ်လိုက်သည်.

“ဟုတ်ကဲ့ ကျွန်တော် ကောင်းကောင်း အနားယူပြီးပါပြီ”

“ဒါဆိုလာပါဦး သွေးသွင်းဖို့”

ဤသို့ပြောလျက် ချီချင်းမော့က ကြေးခေါင်းတလားအဖုံးပေါ်၌ ညင်သာစွာလှဲချလျက် လင်းဇီချန်က သူမကို သွေးစွမ်းအင်များ လာရောက်လွှဲပြောင်းပေးမည်ကိုစောင့်ဆိုင်းနေသည်။

လင်းဇီချန်သည် အချိန်မဖြုန်းဘဲ ကြေးရှေးခေါင်းတလား၏ဘေးဘက်သို့ လျင်မြန်စွာ လျှောက်သွားကာ ချီချင်းမော့၏ ရင်ဘတ်ပေါ်သို့လက်တင်၍ သွေးစွမ်းအင်လွှဲပြောင်းခြင်းကို စတင်ခဲ့သည်။

နာရီဝက်အကြာ…

တစ်နာရီအကြာ…

နှစ်နာရီအကြာ…

...

သွေးစွမ်းအင်များ လွှဲပြောင်းမှုပြီးမြောက်ရန် ခြောက်နာရီပြည့်ကြာခဲ့သည်။

အပြင်ဘက်တွင် လုံးလုံးလျားလျားမှောင်မိုက်သွားသည်။

လင်းဇီချန်၏ သွေးစွမ်းအင်အများစုက ညှစ်ထုတ်ခံခဲ့ရကာ ၎င်း၏ ကနဦးတက်ကြွမှုကုန်ဆုံး၍ အမျိုးသမီးတစ်ဦးထံတွင် အရာအားလုံး စုပ်ယူခြင်းခံလိုက်ရသည့် အမျိုးသားတစ်ဦးကဲ့သို့ပင် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ချီချင်းမော့က ရုတ်တရက် တက်ကြွမှုအပြည့်ဖြင့်တောက်ပလာသည်။

“ငါအခု အိပ်တော့မယ်။ မနက်ဖြန်မနက်ကျမှ ဆက်ကြတာပေါ့”

ချီချင်းမော့က ပြောပြီးသည်နှင့် သူမ၏ ခေါင်းတလားထဲတွင် လှဲလျောင်းကာ အတွေးတစ်ခုတည်းဖြင့် အဖုံးကို တင်းတင်းကျပ်ကျပ်ပြန်ပိတ်လျက် ပြောလိုက်သည်။

လင်းဇီချန်က တစ်ခွန်းမျှမပြောဘဲ အဆင့်မြင့်သွေးရေကန်ဆေးပြားကို ထုတ်ယူကာ သူ၏ ချီစွမ်းအင် ပြန်လည်ကောင်းမွန်လာမှုကို အရှိန်မြှင့်လိုက်သည်။ ပို၍ ထိရောက်သော သွေးရေကန်ဆေးနှင့်ပတ်သက်၍မူ… နေ့ခင်းဘက်က ချီချင်းမော့က လူသတ်၍ ဆေးဖော်စပ်သည့်မြင်ကွင်းကို မြင်လိုက်ရပြီဂကတည်းက ယင်းကို အချိန်တစ်ခုလောက်အထိ သောက်သုံးနိုင်မည်မဟုတ်တော့ပေ။

…

တစ်ချိန်တည်း၌ပင်

ရှန်ဟိုင်းမြို့၌ မြေအောက် မီတာနှစ်သောင်းအကွာတွင်

အရွက်သုံးရွက်ပါသော ကလိုဗာမျက်နှာဖုံးကို စွပ်ထားသည့် လူတစ်ယောက်က အရွက်လေးရွက်ပါသော ကလိုဗာမျက်နှာဖုံးစွပ်ထားသူကို သတင်းပို့နေသည်။

“အကြီးအကဲကြီး အဌမအကြီးအကဲရဲ့လူတွေနဲ့ လုံးဝ အဆက်အသွယ်ပြတ်သွားပြီ”

“အားလုံးနဲ့အဆက်အသွယ်ပြတ်သွားတယ်ဟုတ်လား”

အရွက်လေးရွက်ပါသော ကလိုဗာမျက်နှာဖုံးကို စွပ်ထားသည့်လူတစ်ဖြစ်လဲ ဂမ္ဘီရသစ်ပင်ဂိုဏ်းအကြီးအကဲကြီးက တအံ့တသြဖြစ်သွားသည်။

“ဟုတ်ပါတယ်။ အားလုံးနီးပါး တစ်ချိန်တည်းမှာပဲ အဆက်အသွယ်ပြတ်သွားတာမို့ အဆိပ်သစ်ပင်မှာ သူတို့ ဖြစ်တည်မှုကို အာရုံခံလို့မရတော့တဲ့အပြင် ဘာဖြစ်တာလဲဆိုတာလည်း အတိအကျမသိရတော့ဘူး”

ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ အကြီးအကဲကြီးက မျက်မှောင်အနည်းငယ်ကြုတ်၍ ခဏတာတွေးလိုက်သည်။

“စုံစမ်းဖို့ လူတစ်ယောက်ယောက် လွှတ်သင့်လား”

ဂမ္ဘီရသစ်ပင်ဂိုဏ်းအကြီးအကဲက ချက်ချင်းပြန်မဖြေသေးပေ။ ဆယ်စက္ကန့်ကျော်ကြာပြီးနောက်မှ သူ့အသံထွက်ပေါ်လာ၏။

"ဒီကိစ္စက ထူးဆန်းလွန်းတယ်၊ ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်။ ငါတို့ စောင့်ကြည့်ပြီးစောင့်သင့်တယ်။ စပြီး မစုံစမ်းသင့်သေးဘူး”

“တစ်လခွဲအတွင်းမှာ ရှန်ဟိုင်းမြို့ကို စတိုက်မယ်”

```

မထင်မှတ်ထားတဲ့အရာတွေသာဖြစ်မလာခဲ့ရင် လင်းဇီချန်ကို တိုက်ခိုက်တဲ့ အဌမအကြီးအကဲက လင်းဇီချန်ကို ကာကွယ်ပေးမယ်ဆိုတဲ့ ယဲ့ရုန်ရှန်းဆီမှာ အသတ်ခံလိုက်ရတာထင်တယ်

ဤသို့တွေး၍ အကြီးအကဲကြီးက ရေရွတ်လိုက်သည်။

“ဒီလူမိုက်သေသွားတာကောင်းတယ်။ နောက်ရှန်ဟိုင်းမြို့ကို သိမ်းပိုက်ရမယ့် အစီအစဥ်ကို သူဖျက်ဆီးလိုက်လောက်တယ်”

…

နောက်နေ့ မနက်စောစောတွင်

လင်းဇီချန်က စောစောထ၍ ချီချင်းမော့၏ ရင်ဘက်ပေါ်သို့ သူ့လက်ကိုတင်ကာ သွေးစွမ်းအင်များ လွှဲပြောင်းပေးသည်။

သူ၏ သွေးစွမ်းအင်ကို စုပ်ယူရင်းဖြင့် ချီချင်းမော့က ပြောလိုက်သည်။

“ဘယ်မူလမြေဝင်ပေါက်က ဒီနေရာနဲ့အနီးဆုံးလဲ”

“အနီးဆုံးမူလမြေဝင်ပေါက်က ဝင်ပေါက် ၃၆ပဲ။ နန်ကျန်းပြည်နယ် စစ်ဘက်ခရိုင်ဌာနချုပ်နားမှာပါ” လင်းဇီချန်က ပြန်ဖြေသည်။

ချီချင်းမော့က ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို ဆယ်ရက်ကြာရင် အဲ့ကနေ မူလမြေကို ငါဝင်မယ်”

လင်းဇီချန်က ဗီဒီယိုတွင်ပါသော ရေအောက်အကြွင်းအကျန်များကို ပြန်သတိရကာ မေးလိုက်သည်။

“စကားမစပ် နန်းဆောင်သခင် မနေ့က ရွှမ်ရီပင်လယ်အော်ကို သွားတုန်းက အဲ့ရေအောက်အကြွင်းအကျန်တွေကို ရှာတွေ့ခဲ့လား”

“ဟင့်အင်း ငါ မတွေ့ခဲ့ဘူး”

ဤသို့ပြောပြီးနောက် ချီချင်းမော့က ဆက်ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် အဲ့မှာ သယ်ယူပို့ဆောင်ရေးအကာအကွယ်ရဲ့ ခြေရာလက်ရာတွေတွေ့ခဲ့တယ်။ ဆိုရရင် ရေအောက် အကြွင်းအကျန်တွေ အဲ့မှာ တကယ်ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ”

“ကံမကောင်းစွာနဲ့ပဲ အဲ့ ပို့ဆောင်ရေးစနစ်က ချန်ခဲ့တဲ့ခြေရာကအရမ်းဝေဝါးနေတော့ အဲ့သယ်ယူပို့ဆောင်ရေးစနစ်ရဲ့ ဦးတည်ရာကိုမရှာနိုင်ဘူး”

“...”

“ဒါ နှမျောစရာပဲ” လင်းဇိချန်က နောင်တရစွာပြောလိုက်သည်။

ဘေးနားတွင်နားထောင်နေသော ရှန်ချင်းဟန်ကလည်း နှမျောဖွယ်ကောင်းသည်ဟုခံစားလာရသည်။

သူမသည် ထိုရေအောက်အပျက်အစီးများကို နားလည်ရန် အလွန်စိတ်အားထက်သန်လျက်ရှိကာ ၎င်းတို့က သူမနှင့် အမြဲဆက်စပ်နေသည်ဟု ခံစားရသည်။

ယခုအခိုက်အတန့်တွင် ချီချင်းမော့က ပြောလိုက်သည်။

“ဒီတာအိုကျင့်ကြံသူဝတ်လုံကနေ သွေးစွမ်းအင်ပြောင်းပေးတာက မလိုအပ်တဲ့ ဆုံးရှုံးမှုကို ဖြစ်စေတယ်။ မင်းလက်နဲ့တိုက်ရိုက်ထိလိုက်”

ဤသည်ကိုကြားသောအခါ လင်းဇီချန်၏ မျက်လုံးများပြူးကျယ်လာ၍ သူနားကြားမှားသည်ဟုပင်တွေးလိုက်မိသည်။

သူ့လက်ကို သူဝတ်ထားတဲ့ တာအိုဝတ်လုံထဲ တိုက်ရိုက်ထည့်ရမှာလား

ဒီမိန်းမက ဘာဖြစ်နေတာလဲ အရမ်းပွင့်လင်းလိုက်တာ

ရှေးခေတ်ကလူတွေက ပိုပြီး ရှေးရိုးဆန်သင့်တယ်မဟုတ်ဘူးလား

လင်းဇီချန်က ဤကိစ္စနှင့်ပတ်သက်၍ အံ့သြသွားသည်။

သူ့လက်ကို အထဲသို့မထည့်သေးသည်ကိုမြင်လိုက်ရသောအခါ ချီချင်းမော့က မျက်မှောင်ကြုတ်လိုက်သည်။

“မင်းဘာလို့ အဲ့တိုင်းရပ်နေသေးတာလဲ။ မြန်မြန်မလုပ်သေးဘူးလား”

“နန်းဆောင်သခင် ‘ပစ္စည်းတွေပေးကမ်းတဲ့နေရာမှာ ယောက်ျားနဲ့မိန်းမချင်း လက်မထိရဘူး’ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ။ ဒါ နည်းနည်းတော့ မသင့်တော်ဘူးမလား” လင်းဇီချန်က သူ၏ စိုးရိမ်မှုများကို ထုတ်ဖော်ပြောပြလိုက်သည်။

“အသားဆိုတာ အခွံတစ်ခုကလွဲလို့ ဘာမှမဟုတ်ဘူး ဝိဉာဥ်ကပဲ ထာဝရအသက်ရှင်တာ။ အရေးမပါတဲ့အခွံကို ထိတာ ဘာမသင့်တော်စရာရှိလို့လဲ”

"ဒီ..."

“အထဲသာထည့်လိုက်စမ်းပါ။ မိန်းကလေးတစ်ယောက်လို ချီတုံချတုံဖြစ်မနေစမ်းနဲ့”

“ဒါဆို ကျွန်တော် အခု ထည့်လိုက်ပြီနော်”

ချီချင်းမော့က ဤသို့ ပြောနေသည်ကိုမြင်သောအခါ လင်းဇီချန်က တုံ့ဆိုင်းမနေတော့ဘဲ တာအိုဝတ်ရုံထဲသို့ သူ့လက်ကိုဆန့်ထည့်၍ သွေးစွမ်းအင်များကို အနီးကပ်လွှဲပြောင်းပေးလိုက်သည်။

ရှန်ရှင်းဟန်က ဤအရာကိုမြင်၍ တစ်ခုခုကိုပြောချင်နေသော်လည်း တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် စကားမပြောတော့ဘဲ လင်းဇီချန်က သူ့လက်ထည့်လိုက်သည်ကို ကြည့်ရုံသာကြည့်နေနိုင်တော့သည်။

...

အချိန်များကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ဆယ်ရက်ခန့်ကြာသွား၏။

သွေးစွမ်းအင်များကို နောက်ဆုံးအကြိမ် စုပ်ယူပြီးနောက် ချီချင်းမော့က သဘာဝစွမ်းအင်များပြည့်နှက်နေသည့် ပုလဲလက်ကောက်ကို ကိုင်လျက် နန်ကျန်းပြည်နယ် စစ်ခရိုင်ဌာနချုပ်ရှိရာ ဦးတည်ရာဆီသို့ ပျံသန်းသွားခဲ့သည်။

သူမသွားချင်ပါက ‌တွေးရုံဖြင့် လိုရာခရီးသို့ချက်ချင်းရောက်နိုင်သည်။ သို့သော် ၎င်းက သူမ သုံးစွဲရန် ဝန်လေးနေသည့် ဝိဉာဥ်စွမ်းအင်များကို အသုံးချရမည်ဖြစ်သည်။

စက္ကန့်များစွာကြာသောအခိုက်၌ ချီချင်းမော့က နန်ကျန်းပြည်နယ် စစ်ဘက်ခရိုင်ဌာနချုပ်၏ အထက်ကောင်းကင်၌ ပေါ်လာကာ အောက်ရှိ အရာအားလုံးကို ငုံ့ကြည့်နေသည်။

“အဲ့မှာဘယ်သူလဲ”

အောက်ခြေရှိ တပ်သားအချို့က သူမကို သတိထားမိကာ ပြောလိုက်ကြသည်။ မကြာမီတွင် များစွာသော စက်ပိုင်းဆိုင်ရာပြုပြင်ထားသည့် လူသားအများအပြားက အခြေစိုက်စခန်းမှထွက်လာကာ လေထုအလယ်တွင် ပျံဝဲနေသည့် ချီချင်းမော့အနီးတစ်ဝိုက်သို့ရောက်လာကြသည်။

ချီချင်းမော့သည် သူမပတ်ဝန်းကျင်ရှိ စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားများကို လျစ်လျူရှုလိုက်ကာ မူလမြေဝင်ပေါက်ကို အာရုံခံလိုက်ပြီးနောက် နောက်ထပ်တစ်စက္ကန့်တွင် သူမက လူတိုင်းရှေ့တွင် လေထုထဲမှ ပျောက်ကွယ်သွားကာ အခြေစိုက်စခန်းအောက်ရှိ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းပေါ်သို့တိုက်ရိုက်ရောက်သွားသည်။

“သူ ဘယ်သွားတာလဲ”

"သူရုတ်တရက်ပျောက်သွားတာလား"

"မြန်မြန်၊ စောင့်ကြည့်စစ်ဆေးပါ"

"..."

စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားများသည် လေထဲတွင် ပျံဝဲနေကြကာ လုံးဝ ထိတ်လန့်သွားကြသည်။

ချီချင်းမော့သည် သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကို ဖြတ်ကျော်ကာ လင်းဇီချန်ထံမှ သူမသင်ယူခဲ့သည့်အတိုင်း မူလမြေသို့ဝင်ရောက်ခဲ့သည်။

သူမဝင်လိုက်သည်နှင့် အလွန်ပြင်းထန်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ မူလစွမ်းအားကိုအာရုံခံရင်းဖြင့် ၎င်းက ဝိဉာဥ်စွမ်းအင်မဟုတ်ကြောင်း သူမတွေ့လိုက်ရ၏။

‘သဘာဝစွမ်းအင်မဟုတ်ဘူး…’

‘ဒီ စွမ်းအင်ခန္ဓာကိုယ်က အတိအကျဘာလဲ’

All Chapters