← Chapters

အပိုင်း ၃၆၄-၃၆၆

Vol. 25 Ch. 364-366

အပိုင်း ၃၆၄-၃၆၆

Vol. 25 Ch. 364-366

အခန်း(၃၆၄) မူလမြေ၌ အစုလိုက်အပြုံလိုက် သတ်ခြင်း ၁

ထိတ်လန့်သွားပြီးနောက် အံ့သြမှုများကပ်ပါလာသည်။

‌ဤနေရာရှိစွမ်းအင်ခန္ဓာကိုယ်များသည် ဝိဉာဥ်စွမ်းအင်ထက် အားမနည်းပေ။ ဆိုလိုသည်မှာ ဝိဉာဥ်စွမ်းအင်ကို အစားထိုးရန်ဖြစ်နိုင်ခြေရှိသည်။

တကယ်လို့ ငါသာ ဒီနေရာရဲ့ စွမ်းအင်ကိုယ်ထည်တွေကို ငါ့ထဲထည့်ပြီးသုံးနိုင်ရင် ငါ့စွမ်းအင်အပြည့် ပြန်ရနိုင်ပြီ”

ချီချင်းမော့၏ အတွေးများက ပို၍ပို၍ ပြင်းထန်လာ၍ ပိုမိုစိတ်လှုပ်ရှားလာကာ သူမမျက်နှာပေါ်ရှိ အမူအရာကလည်း တဖြည်းဖြည်း အသက်ဝင်လာသည်။

သို့သော် မကြာမီ၌ပင် သူမ သတိပြန်ကြီးလာသည်။

ဤကမ္ဘာ၏ စွမ်းအင်ခန္ဓာကိုယ်များက ဝိဉာဥ်စွမ်းအင်ထက် အားမနည်းပေ။ ဆိုလိုသည်မှာ ဤလောကရှိ သက်ရှိသတ္တဝါများသည် ဝိဉာဥ်ရေးဆိုင်ရာချီစွမ်းအင်ခေတ်ရှိ သက်ရှိများထက် အင်အားမနည်းပေ။

‘ဆိုတော့… ငါက ဒီမှာ ပြိုင်ဘက်ကင်းမဟုတ်ဘူးပေါ့’

“အင်း ငါသတိထားရမယ်”

ချီချင်းမော့က စိတ်ထဲမှ တိတ်တဆိတ်တွေးလိုက်သည်။

အထွတ်အထိပ်ကာလတွင်သာဖြစ်ခဲ့ပါက ယင်းက အခြားကိစ္စတစ်ခုဖြစ်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ ယင်းက အခြားကိစ္စတစ်ခုဖြစ်ပေသည်။

သူမက သူမ၏ စွမ်းအင်များကို အမြင့်ဆုံးသုံးနိုင်ရန် ပုလဲခွံလက်ကောက်အတွင်းမှ ဝိဉာဥ်များကို သုံးရက်သာ မှီခိုနိုင်မည်ဖြစ်၍ ခက်ခဲသော ရန်သူနှင့်ကြုံရပါက အလွန် အန္တရာယ်များလွန်းပေလိမ့်မည်။

“အဲ့က ဘယ်သူလဲ”

“မင်းဘယ်လိုဝင်လာတာလဲ”

"မလှုပ်နဲ့”

"..."

မူလမြေအဝင်ပေါက်မှ အစောင့်အများအပြားက ချီချင်းမော့ရှိနေသည်ကိုသတိပြုမိကြကာ ၎င်းတို့၏ လက်နက်များကို ချက်ချင်းဆုပ်ကိုင်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ချီချင်းမော့က အစောင့်များကို လျစ်လျူရှု့ထား၏။ ၎င်းတို့၏ အသံများထွက်ပေါ်လာချိန်တွင် သူမသည် ကောင်းကင်ကိုတက်ရန်တွေးလိုက်သဖြင့် ချက်ချင်း ထိုနေရာမှ ပျောက်ကွယ်သွားသည်။

“သူ လေထဲမှာ ပျောက်သွားတာလား”

“မြ်မြန် မြို့သခင်ကို သတင်းပို့ပါ”

“တစ်မြို့လုံး သတိပေးချက်။ အမျိုးအမည်မသိသော အမျိုးသမီးတစ်ဦးက မြို့ထဲကိုဝင်လာပြီး ပျံသန်းမှုထိန်းချုပ်နိုင်စွမ်းလည်းရှိတာကြောင့် အနိမ့်ဆုံး သခင်အဆင့်မှာရှိနေပါတယ်”

“...”

ချီချင်းမော့သည် မိုင်ပေါင်းများစွာပျံတက်သွားခဲ့ကာ မူလမြေ ၃၆မှ ထွက်ခွာလာခဲ့သည်။ နောက်ဆုံးတွင် သူမက ကြီးမားကျယ်ပြန့်သော တောအုပ်တစ်ခုတွင် ရပ်လျက် အောက်ဘက်ရှိ အရာအားလုံးကို စူးစိုက်ကြည့်လိုက်သည်။

“သွေးကြောပြည့်နေတယ် နှာမောင်းတွေ…”

“ကောက်ကွေးတဲ့ပင်စည်တွေနဲ့ အရွက်တွေ…”

“ပန်းတွေနဲ့ အသီးအနှံတွေ..”

“ထူးဆန်းတဲ့ တွားသွားသတ္တဝါအမျိုးမျိုး..”

"စိတ်ဝင်စားဖို့ကောင်းတာက ဒီကမ္ဘာကြီးရဲ့ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်တွေက တကယ့်ကို ထူးခြားတာပဲ။"

ချီချင်းမော့က အောက်ရှိသစ်တောကို စူးစမ်းလေ့လာကာ အံ့သြမှုကို မထိန်းထားနိုင်တော့ပေ။ ရုတ်တရက် သူမက မျက်ခုံးပင့်၍ အောက်သို့ငုံ့ကြည့်လိုက်သည်။ နောက်ထပ်တစ်စက္ကန့်တွင် ဆူးများဖုံးနေသည့် စပျစ်နွယ်ပင်အများအပြားက တောအုပ်ကြမ်းခင်းမှ ထွက်ပေါ်လာကာ သူမဆီသို့ တိုးလာသည်။

ဤရုတ်တရက်တိုက်ခိုက်မှုကိုရင်ဆိုင်ရသော်လည်း သူမ၏ စိတ်က အနည်းငယ်မှ အနှောက်အယှက်ဖြစ်ခြင်းမရှိဘဲ မသိသာသော ရောင်ဝါတစ်ခုဖြင့် ထို စပျစ်နွယ်ပင်များကို ဗလာနတ္ထိအဖြစ်ပျောက်ကွယ်သွားစေခဲ့သည်။

“ဘမ်း..”

စပျစ်နွယ်ပင်များ ကြေမွသွားသောအခါ တောအုပ်ထဲမှ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။

တောက လှုပ်ရှားသွား၏။

မရေမတွက်နိုင်အောင်များပြားလှသည့် ဧရာမသစ်ပင်ကြီးများသည် အမြစ်မှ ကိုယ်တိုင်နှုတ်ထွက်လျက် ကီလိုမီတာများစွာရှည်သော သစ်ပင်နဂါးအဖြစ်စုဝေးလိုက်ကြသည်။

သစ်ပင်နဂါးပုံသဏ္ဍာန်ဖြစ်လာသည်နှင့် တပြိုင်နက် ချီချင်းမော့၏ ဦးခေါင်းထက်တွင် ကွေ့ကောက်လျက် လျှောက်သွားနေသည်။ နေ၏စွမ်းအားဖြင့် ၎င်းက သူမကို အရိပ်ထဲတွင် လုံးလုံးလျားလျားဖုံးအုပ်လိုက်ရာ အဆုံးမဲ့အမှောင်ထဲသို့ ရောက်ရှိသွားရသည်။ သစ်ပင်နဂါး၏ ခေါင်းထက်တွင် အရွက်လေးရွက်ပါသော ကလိုဗာမျက်နှာဖုံးကိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က အာဏာစက်ကျိန်းသောအသံဖြင့်ပြောလိုက်သည်။

“ဘယ်သူလဲ”

“ဘယ်သူက ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့နယ်မြေကို ကိုယ်တိုင်ကျူးကျော်ဖို့ သတ္တိရှိတာလဲ”

“သေခြင်းဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို မင်းမသိဘူးလား”

သစ်ရွက်လေးရွက်ပါသော ကလိုဗာမျက်နှာဖုံးကို ဝတ်ထားသူက ဤသို့ပြောနေစဥ်

အောက်ခြေတောအုပ်မှ မျက်နှာဖုံးစွပ်ထားသူများ ကောင်းကင်သို့ ခုန်တက်သွားကာ အားလုံးသည် သစ်ပင်နဂါးတစ်ဝိုက်တွင် တွဲလျက် ချီချင်းမော့ဘက်ကို မျက်နှာမူလိုက်ကြသည်။ ပျံသန်းခြင်း၌ ကျွမ်းကျင်ပညာရှင်တစ်ဒါဇင်ကျော်နှင့် ရင်ဆိုင်ရချိန် ချီချင်းမော့၏ နှလုံးသားက ယိမ်းယိုင်ခြင်းမရှိဘဲ မကြာမီတွင် သူမသည် မျက်နှာဖုံးစွပ်ထားသော လူအားလုံးကို သူမ၏ ကျောက်စိမ်းလက်အား ထုတ်ပြလိုက်သည်။

အရွက်လေးရွက် ကလိုဗျာမျက်နှာဖုံးအုပ်ထားသည့် ထိပ်တန်းလူက ဤအခိုက်အတန့်တွင် မကြုံစဖူးအန္တရာယ်ကိုကြုံရသကဲ့သို့ ချက်ချင်းအမူအရာပြောင်းသွားသည်။

“ပြေး”

သူက အခြားသူများကို သတိပေးရန် အမြန်အော်လိုက်သည်။ ထို့နောက် ဆိုင်းတွခြင်းမရှိဘဲ သူ၏ ချီစွမ်းအင်များကိုအသုံးပြုကာ နောက်သို့ လျင်မြန်စွာပြေးသွားခဲ့သည်။ ကံမကောင်းစွာဖြင့် သူလွတ်မြောက်ရန် လှုပ်ရှားနေချိန်တွင် ချီချင်းမော့က လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။

နောက်ထပ်တစ်စက္ကန့်တွင် အရွက်လေးရွက်ပါသော ကလိုဗာမျက်နှာဖုံးစွပ်ထားသူက တိမ်တိုက်ထဲသို့ပြေးဝင်ရန် ကြိုးစားလိုက်သည်။ သူဆင့်ခေါ်ခဲ့သည့် ကီလိုမီတာများစွာရှည်သော သစ်ပင်နဂါးလည်းပြိုကျကာ စိမ်းလန်းစိုပြေသော တောအုပ်ထဲသို့ ပြုတ်ကျသွားသည်။

သူသေဆုံး‌တော့မည့်အခိုက်အတန့်၌ပင် မြင့်မြတ်သူအဆင့်ဖြစ်သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေဆုံးရသည့်အကြောင်းအရင်းကို သူနားမလည်နိုင်‌သေးပေ။

“တတိယအကြီးအကဲသေပြီလား”

မျက်နှာဖုံးစွပ်ထားသည့် လူလေးယောက်က ရုတ်တရက်ပျက်ဆီးသွားသည်ကိုမြင်လိုက်ရသောအခါ ပတ်ဝန်းကျင်မျ မျက်နှာဖုံးစွပ်ထားသူများက ချက်ချင်း အံ့အားသင့်လျက် မယုံကြည်နိုင်သောမျက်နှာများဖြင့်ရှိနေကြသည်။

မကြာခင်၌ပင် မျက်နှာဖုံးစွပ်ထားသည့် ဤလူများက ကြောက်ရွံ့သောအမူအရာများဖြင့် ထိတ်လန့်တကြားထွက်ပြေးခဲ့ကြသည်။ ဆယ်မီတာအကွာအဝေးသို့မရောက်မီတွင် မမြင်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုဖြင့် ၎င်းတို့ကို သွေးရေကန်ဆေးထဲသို့ပေါင်းထည့်ကာ ချေမှုန်းပစ်ခဲ့သည်။

ချီချင်းမော့က သူမ၏ ကျောက်စိမ်းလက်ကို ဝှေ့ယမ်းကာ သွေးရေကန်ဆေးလုံးအားလုံးကို သူမ၏ အင်္ကျီလက်ထဲထည့်သိမ်းလိုက်သည်။

ထို့နောက် အတွေးတစ်ခုဖြင့် သူမသည် သစ်တောတစ်ခုလုံးကို လွှမ်းခြုံကာ ဝိညာဉ်စွမ်းအားလှိုင်းလုံးကြီးကို ထုတ်လွှတ်လျက် မျက်နှာဖုံးစွပ်ထားသူတိုင်းကို လေထုထဲသို့မြှောက်လိုက်သည်။

“ကျုပ်ကိုမသတ်ပါနဲ့။ ကျုပ်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းထဲ အတင်းဝင်ခိုင်းလို့ပါ။ ကျုပ်က တန်ဖိုးရှိပါတယ်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းအကြောင်း လျို့ဝှက်ချက်တွေအများကြီးပြောပြနိုင်ပါတယ်”

မျက်နှာဖုံးစွပ်ထားသည့် လူများထဲမှ တစ်ယောက်က သက်ညှာမပေးမချင်းအော်ဟစ်လျက်ရှိသည်။

ချီချင်းမော့က ထိုတောင်းဆိုမှုများကိုလျစ်လျူရှု့၍ သူမ၏ ကျောက်စိမ်းလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မျက်နှာဖုံးစွပ်ထားသော လူများအားလုံး သွေးမြူခိုးများအဖြစ်ပြောင်းလဲ၍ နောက်ဆုံးတွင် ဆေးလုံးများဖြစ်သွားကြသည်။

ရန်သူကို သနားခြင်းသည် မိမိကိုယ်ကို ရက်စက်ခြင်း ဖြစ်၏။

ချီချင်းမော့က ဤအရာကို ကောင်းစွာသိသောကြောင့် သူမသည် ရန်သူများကို ဘယ်သောအခါကမှ ဂရုဏာမပြခဲ့ပေ။ ယင်းက ယခုအချိန်ထိ သူမ ရှင်သန်နေရသော အကြောင်းပြချက်ဖြစ်သည်။

“ဘာလို့ မျက်နှာဖုံဂစွပ်ထားတဲ့သူတွေမှာ ထူးခြားတဲ့စွမ်းအင်ခန္ဓာကိုယ်မရှိရတာလဲ”

“သူတို့က မူလမြေက သက်ရှိတွေမဟုတ်ကြဘူးလား”

“သူတို့က ငါ့လိုမျိုး ကမ္ဘာကလာပြီး သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကို ဖြတ်လာကြတာလား”

“အင်း ဒီလိုပဲဖြစ်ရမယ်”

ထိုအတွေးဖြင့် ချီချင်းမော့၏ ခန္ဓာကိုယ်က ချက်ချင်းပင် ကောင်းကင်မှ ပျောက်ကွယ်သွားကာ နောက်ထပ်အခိုက်အတန့်တွင် မိုင်ထောင်ချီဝေးသော သားရဲအုပ်၏ အထက်၌ ပြန်ပေါ်လာသည်။

အခန်း(၃၆၅) မူလမြေ၌ အစုလိုက်အပြုံလိုက်သတ်ခြင်း ၂

၎င်းတို့သည် အမည်ခေါ်၍ မရနိုင်သော ဆန်းကြယ်သားရဲများဖြစ်ကြသည်။ ၎င်းတို့တွင် ဦးခေါင်းသုံးလုံး၊ ခြေခြောက်ချောင်းနှင့် အသားတောင်ပံများရှိကာ ၎င်းတို့၏ ခန္ဓာကိုယ်အမြင့်သည်လည်း မီတာဒါဇင်များစွာရှည်လှသည်။

၎င်းတို့က အနီးဆုံးလူသားဆီဿို့ ရွေ့လျားနေကြသည်။

“ကောင်းကင်မှ ကမ္ဘာကလူတစ်ယောက်ရှိတယ်”

“သူ့ကိုသတ်”

“အပိုင်းပိုင်းစုတ်ဖြဲပစ်”

သားရဲအစုအဝေးအလယ်တွင် အမိန့်ပေးနေသော မျက်လုံးသုံးလုံးသားရဲကြီးက ကျယ်လောင်စွာ အော်လိုက်သည်။

အသံထွက်ပေါ်လာသည့်အခိုက်အတန့်တွ၍် ခေါင်းသုံးလုံးနှင့် ခြေလက်ခြောက်ချောင်းပါသော ဆန်းကြယ်သားရဲအများအပြားက ၎င်းတို့၏ အသားတောင်ပံများကို ခတ်၍ ချီချင်းမော့ကို စတင်တိုက်ခိုက်ကြသည်။ ချီချင်းမော့က ယင်းကို မရှောင်တိမ်းဘဲ သူမ၏ ကျောက်စိမ်းလက်ကို တိတ်တဆိတ် ဝှေ့ယမ်းလျက် အောက်ဘက်ရှိ သားရဲအုပ်ကြီးကို ချိန်ရွယ်လိုက်သည်။

နောက်ထပ်တစ်စက္ကန့်တွင် ဧရာမသားရဲကောင်ကြီးသည် ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲလျက် ကောင်းကင်တစ်ခုလုံး အနီရောင်စွန်းထင်းနေသော သွေးအခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။

သွေးအမှုန်အမွှားဖြင့် ဝိုင်းရံခံထားရသည့် ချီချင်းမော့က အလွန်ကျေနပ်စွာဖြင့် ပြုံးလိုက်၏။

‘ဒီခံစားချက်..’

လတ်ဆက်သောသွေးဖြင့် ရေချိုးလိုက်ရခြင်းက သူမကို ပြန်လည်မွေးဖွားလာစေသည့်အလားပင်ဖြစ်သည်။ မကြာခင်၌ပင် ကောင်းကင်၌ သွေးမှုန်သွေးမွှားများ လျင်မြန်စွာ ပြည့်နှက်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် အနီရောင်သွေးရေကန်ဆေးလုံးများအဖြစ် ပေါင်းစပ်သွား၏။

“နှမျောဖို့ကောင်းတာက သွေးသန့်လူသားတွေရဲ့သွေးမဟုတ်နေတာပဲ။ မဟုတ်ရင် ငါ့ကိုယ်တိုင်သုံးဖို့ အကုန်လုံးကို စုပ်ယူလို့ရတယ်”

ချီချင်းမော့က အနည်းငယ်နောင်တရနေမိသည်။

ပြီးသည်နှင့် သူမသည် သူမ၏ ကျောက်စိမ်းလက်ကို ဝှေ့ယမ်းကာ သွေးရေကန်ဆေးလုံးများကို သူမ၏ အင်္ကျီလက်ထဲသို့ထည့်လိုက်၏။

သွေးရေကန်ဆေးလုံးများကို သိမ်းယူပြီးနောက် ချီချင်းမော့က တဖြည်းဖြည်းဆင်းသက်လာရာ မြေပြင်ပေါ်ရှိ သလင်းကျောက်များဆီသို့ သူ့အကြည့်ကို ရွှေ့လိုက်သည်။ မြေပြင်ပေါ်ရှိ အပြာရောင်သလင်းကျောက်များက ပေါက်ကွဲသွားသည့် ဆန်းကြယ်သားရဲများထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့သည် သားရဲအူတိုင်များကဲ့သို့သော အရာများဖြစ်ပုံရသည်။

ချီချင်းမော့က အရွယ်အစားတူညီသော်လည်း အရောင်အသွေးကွဲပြားသည့် အပြာရောင် သလင်းကျောက် အများအပြားကို ကောက်ယူကာ လေထုထဲမှ သူမ၏ လက်ထဲသို့ စုပ်ယူကာ အနီးကပ် စစ်ဆေးခဲ့သည်။

ဤအပြာရောင်သလင်းကျောက်များ အားလုံးသည် ထူထဲသော အထူးစွမ်းအင်ပါရှိသည်။ ၎င်းတို့၏အရောင်က ပိုမိုနက်ရှိုင်းလေလေ စွမ်းအင်ပိုများလေလေဖြစ်သည်။

“ဒါတွေက.. ဝိဉာဥ်ကျောက်တုံးတွေနဲ့တူတယ်”

“မဟုတ်ဘူး…”

“ပို အဆင့်မြင့်သန့်ရှင်းတဲ့ဝိဉာဥ်ကျောက်တွေဖြစ်ရမယ်”

“ဒီဝိဉာဥ်သလင်းကျောက်တွေကို သန့်စင်ပြီး ခန္ဓာကိုယ်ထဲစုပ်ယူလို့ရလောက်လား..”

ဤသည်ကိုတွေး၍ ချီချင်းမော့က သူမ၏ လက်ထဲမှ အပြာရောင်သလင်းကျောက်များကို သန့်စင်ရန်အတွက် သူမ၏ သွေးစွမ်းအင်များကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

သွေးစွမ်းအင်၏ ပြင်းပြင်းထန်ထန်သန့်စင်မှုအောက်တွင် အလွန်မာကြောသောအပြာရောင်သလင်းကျောက်များက အပြာရောင်အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲကာ ချီချင်းမော့၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားသည်။

အပြာရောင်အခိုးအငွေ့များက သူမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ချီချင်းမော့ညသ် ချက်ချင်းပင် သန့်စင်မှု၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းကာ သူမ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ရေးဆိုင်ရာ အပေါက်များအားလုံးထဲသို့ စုပ်ယူထားသော အပြာရောင်အမှုန်အမွှားများကို အပြည့်အ၀ ပေါင်းစပ်ရန် ကြိုးပမ်းခဲ့သည်။

စက္ကန့်များစွာအကြာတွင် ချီချင်းမော့က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းအနည်းငယ်ချလျက် မျက်မှောင်ကြုတ်လိုက်သည်။

“အာ.. အဲ့တာက အဲ့လောက်မလွယ်လောက်မှန်း ငါသိသားပဲ”

သူမ၏ ပေါင်းစပ်မှုက မအောင်မြင်ခဲ့ပေ။

အပြာရောင် အခိုးအငွေ့၏ စွမ်းအင်သည် သဘာဝ ဝိညာဉ်ရေး စွမ်းအင်ထက် မနိမ့်လှသောကြောင့် သူမ၏ ဝိညာဉ်ရေး ချွေးပေါက်များ အတွင်းသို့ မပေါင်းစည်းနိုင်ပေ။

“နည်းလမ်းတစ်ခုခုတော့ရှိရမယ်။ အဲ့တာကိုရှာဖို့ အချိန်တစ်ခုပဲလိုမှာ”

ယခုလုပ်ဆောင်ရမည့်အရာမှာ အနာဂတ်စမ်းသပ်မှုအတွက် ဖြစ်နိုင်သမျှ ဤအပြာရောင်သလင်းကျောက်များကို စုဆောင်းရန်ဖြစ်သည်။

“လုံလုံလောက်လောက်စမ်းသပ်ပြီးရင် နည်းလမ်းကို သေချာပေါက်တွေ့လိမ့်မယ်”

ချီချင်းမော့က တစ်ယောက်တည်းတွေးနေသည်။

ထို့နောက် အတွေးတစ်ခုဖြင့် သူမသည် မြေပြင်ပေါ်ရှိ အပြာရောင်သလင်းကျောက်များအားလုံးကို သူမ၏ အင်္ကျီလက်ထဲသို့ ကောက်ယူလိုက်သည်။ ထို့နောက် သူမ၏ရုပ်သွင်ပြင်သည် တဖျပ်ဖျပ် ပျောက်ကွယ်သွားကာ နောက်ထပ် သားရဲအလုံးအရင်းကို သုတ်သင်ပစ်ရန် ဆက်လက်လုပ်ဆောင်နေသည်။

…

မြို့တော် အမှတ် ၁ ၏ အတောင်ခြောက်ခုပါသော မျိုးရိုးဗီဇပေါင်းစပ်သူ ဒုတိယမြို့တော်သခင်သည် တောထူထပ်သော တောအုပ်တစ်ခုမှ ကောင်းကင်သို့ ရုတ်တရက် ပေါက်ထွက်ကာ ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားသော ဧရာမငှက်ကြီးအဖြစ်သို့ ပြောင်းလဲ၍ တုန်လှုပ်ချောက်ချားစွာ ပြေးလွှားသွားခဲ့သည်။

သူ့နောက်တွင် ကီလိုမီတာများစွာ ရှည်သော သစ်ပင်နဂါးများစွာက အရှိန်ပြင်းပြင်းဖြင့် လိုက်လာကြသည်။

သူက ခြုံထဲသို့ လမ်းလျှောက်သွားသည်။

မြို့တော် အမှတ် ၁ ဒုတိယမြို့တော်သခင်အနေဖြင့် သူ၏ မူလရည်ရွယ်ချက်မှာ ချိုင့်ဝှမ်းရှိ ဂမ္ဘီရသစ်ပင်ဂိုဏ်းကို ဖျက်သိမ်းရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရန်ဖြစ်၍ အဆိုပါ ဂြိုလ်သားလူသားပါရမီရှင် ၂၈ယောက်ကို ကွင်းဆင်းလေ့ကျင့်ပေးလျက်ရှိသည်။

မမျှော်လင့်ဘဲ အဖွဲ့ထဲတွင် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ သစ္စာဖောက်တစ်ဦးရှိနေကာ အရေးကြီးသောအခိုက်အတန့်တွင် ၎င်းတို့ကို နောက်ကျောမှ ဓားထိုးခဲ့သည်။ ယင်းကြောင့် အသင်းတစ်သင်းလုံးသုတ်သင်ရှင်းလင်းခြင်းခံရကာ ပြင်းထန်စွာ ဒဏ်ရာရရှိလျက် လွတ်မြောက်ရန် ရုန်းကန်ခဲ့ရသည်။

ထို့နောက်တွင် အရူးအမူးလိုက်ဖမ်းခြင်းခံရသည့် ဤရှက်စရာကောင်းသောအခြေအနေသို့ရောက်ခဲ့ရသည်။

“မြို့သခင်ချင်း မင်း မလွတ်နိုင်ဘူး”

"ဒီနေ့ မင်းတင်မကဘဲ မင်းခေါ်လာတဲ့ ဂြိုလ်သားလူသားအဆင့် ပါရမီရှင် ၂၈ ယောက်လည်း သေရမှာပဲ"

“မင်းဂမ္ဘီရသစ်ပင်ဂိုဏ်းမှာ မပါချင်ဘူးဆိုရင် အဆိပ်မျိုးစေ့ကို စားလိုက်။ ဒါမှပဲ မင်းရဲ့အသက်ကို ကယ်နိုင်လိမ့်မယ်”

နောက်မှလိုက်လာသော ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ နောက်လိုက်များက ရှေ့က ထွက်ပြေးနေသည့် ဒုတိယမြို့တော်သခင်ကို ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

မြို့တော် အမှတ် ၁ ဒုတိယမြို့တော်သခင် ချင်းချွမ်က သူ့နောက်မှ ဆူညံသံကို ဂရုမစိုက်ခဲ့ပေ။

အစမှအဆုံးတွင်၊ သူသည် သူ၏သွေးစွမ်းအင်များကို ဖောက်ထုတ်ရန်သာ အာရုံစိုက်ခဲ့ကာ ချိုင့်ဝှမ်းအပြင်ဘက်သို့ အဆက်မပြတ်ထွက်ပြေး၍ ထို ဂြိုလ်သားလူသားအဆင့် ပါရမီရှင် ၂၈ယောက်ကို ဤနေရာမှ ဘေးကင်းစွာပို့ဆောင်ရန် ကြိုးပမ်းခဲ့သည်။

ဆယ်စက္ကန့်ကျော်ကြာသွားသည်။

ချင်းချွမ်တစ်ဖြစ်လဲ ငှက်ကြီးက ချိုင့်ဝှမ်းမှ ပေါက်ထွက်လာကာ ၎င်း၏ အပြင်ဘက် ပတ်၀န်းကျင်သို့ ရောက်ရှိသွားသည်။

ထိုနေရာ၌ ဂြိုလ်သားလူသားအဆင့် ပါရမီရှင် ၂၈ယောက်လုံးရှိနေကြောင်း မြင်လိုက်ရသောအခါ သူ အသက်ပင်မရှုတော့ဘဲ အတောင်ဖြန့်ကာ ထိုလူအားလုံးကို ဤနေရာမှ အမြန်ခေါ်ဆောင်သွားခဲ့သည်။

ဤဂြိုလ်သားလူသားအဆင့်ပါရမီရှင် ၂၈ယောက်သည် လူသားမျိုးနွယ်၏ အနာဂတ် ကျောရိုးဖြစ်သည်။

၎င်းတို့သည် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏လက်ထဲသို့ ဘယ်သောအခါမှ မကျရောက်သင့်ပေ။ ၎င်းတို့အားလုံးကို ဘေးကင်းလုံခြုံသောနေရာသို့ရွှေ့ပြောင်းပေးရပေမည်။

‘ငါ့ကိုယ်ငါစွန့်လွှတ်ရရင်တောင် တုံ့ဆိုင်းမနေဘူး’

ထို့နောက်လေသံများထွက်ပေါ်လာသည်။

အရှိန်ပြင်းပြင်း လိုက်ရှာနေသည့်သစ်ပင်နဂါးများသည် ရုတ်တရက် အရှိန်ပြင်းလာကာ မျက်စိတစ်မှိတ်အတွင်း၌ပင် ချင်းချွမ်၏ ရှေ့သို့ရွေ့လျား၍ သူ့ကို အရပ်ရပ်မှ ဝိုင်းရံလိုက်ကြသည်။

“မြို့တော်သခင်ချင်း အဆိပ်မျိုးစေ့ကို စားမလား ဂမ္ဘီရသစ်ပင်ဂိုဏ်းမှာပါမလား မင်းဘာသာမင်း ဆုံးဖြတ်ပါ” အရွက်လေးရွက်ပါသော ကလိုဗာမျက်နှာဖုံးဝတ်ထားသည့်ယောက်ျားက ချင်းချွမ်ကို ဘာသိဘာသာပြောလိုက်သည်။

ဤအကျပ်အတည်းကိုရင်ဆိုင်ရသော်လည်း ချင်းချွမ်က လုံးဝ တုံ့ဆိုင်းခြင်းမရှိပေ။

သူက ချက်ချင်းပင် အတောင်ပံများကို ဖြန့်ကျက်လျက် အနားရှိ ပါရမီရှင် ၂၈ ဦးကို လူစုခွဲလိုက်ကာ အော်လိုက်သည်။

“ပြေးကြတော့”

“လွတ်တာအကောင်းဆုံးပဲ”

“မလွတ်ရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြတော့။ ဂမ္ဘီရသစ်ပင်ဂိုဏ်းမှာ အညံ့မခံကြနဲ့”

ဤစကားများကို အချိန်တိုအတွင်း‌ အော်ပြောပြီးနောက် ချင်းချွမ်က ပို၍ များပြားသော စွမ်းအားများရနိုင်ရန် သွေးအနှစ်သာရကို စုစည်းကာ သူ့ကိုယ်ပိုင် သွေးမျိုးစပ်ပြောင်းလဲမှုကို နက်ရှိုင်းစေ၍ ပတ်ဝန်းကျင်ရှိ သစ်ပင်နဂါးများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကာ ဂြိုလ်သားလူသားအဆင့် ပါရမီရှင် ၂၈ယောက် လွတ်မြောက်ရန် အချိန်ပေးခဲ့သည်။

အောက်ဘက်တွင်မူ ဂြိုလ်သားလူသားအဆင့် ပါရမီရှင် ၂၈ ဦးက မြေပြင်ပေါ်ရောက်သည်နှင့် အဘက်ဘက်သို့ ဖြန့်၍ ထွက်ပြေးရန်ကြိုးစားကြသည်။

သို့သော် စပျစ်နွယ်ပင်အမြောက်အမြား ပစ်ထွက်ကာ တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သောအခါတွင် ၎င်းတို့ အဝေးသို့မပြေးနိုင်ကြတော့ပေ။ ဂြိုလ်သားလူသားအဆင့် ပါရမီရှင် ၂၈ဦးလုံး ခြွင်းချက်မရှိ ဖမ်းခံခဲ့ရသည်။

သစ်ပင်နဂါးများစွာကို အပြင်းအထန်တိုက်ခိုက်ပြီး သွေးများအဆက်မပြတ်ထွက်နေသော ချင်းချွမ်သည် အောက်ရှိ ဂြိုလ်သားလူသားအဆင့် ပါရမီရှင်များကို ဖမ်းမိသွားသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းအော်လိုက်သည်။

"မင်းတို့ရဲ့ သွေးစွမ်းအင်ကို ဖောက်ခွဲလိုက်၊ တုံ့ဆိုင်းမနေနဲ့၊ အသက်ကို မတွယ်ကပ်နဲ့”

ပါရမီရှင်များက ၎င်းတို့ကိုယ်၎င်းတို့ စတေးလိုက်မည်ဆိုလျှင် ယင်းမှာ လူသားမျိုးနွယ်၏ ပါရမီရှင်များ ဆုံးရှုံးခြင်းပင်ဖြစ်သည်။ သို့သော် ပါရမီရှင်များကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက ချုပ်ကိုင်ထားမည်ဆိုလျှင်၊ ၎င်းသည် လူသားများအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။

"ဟင့်အင်း မသေချင်ဘူး”

“ငါ ဂမ္ဘီရသစ်ပင်ဂိုဏ်းမှာပါဖို့ ရွေးချယ်တယ်”

"ငါလည်းလိုက်မယ်"

ထိုအချိန်တွင် ဂြိုလ်သားလူသားအဆင့် ပါရမီရှင်အားလုံးနီးပါးသည် အမှောင်ဘက်သို့ လှည့်ရန် ရွေးချယ်ကာ ကျယ်လောင်စွာ အော်ပြောကြသည်။

သို့တည်းမဟုတ်၊ ၎င်းတို့က အလင်းဘက်သို့ လှည့်နေသည်ဟု ယုံကြည်ကြသည်။

အသက်ရှင်ခြင်းသည် အကြီးမြတ်ဆုံးသော အလင်းရောင်ဖြစ်သည်ဟု ယုံကြည်ကာ အသက်ရှင်လိုကြသည်။

၎င်းတို့အားလုံးက အသက်သုံးဆယ်အောက်များဖြစ်ကြသဖြင့် ဘဝ၏သာယာမှုကို မခံစားရသေးဘဲ ငယ်ငယ်ရွယ်ရွယ်နှင့်မသေချင်ကြပေ။

ထိုစကားကိုကြားသောအခါ ချင်ချွမ်းသည် ချက်ချင်းပင် ဒေါသအမျက်ထွက်လာသည်။

“ဒီငကြောက်တစ်သိုက်ကတော့”

"မင်းလိုလူတွေကြောင့် ဂမ္ဘီရသစ်ပင်ဂိုဏ်းက ဆက်ပြီးအားကောင်းလာပြီး ကမ္ဘာမြေကြီးဆီ အဆုံးမဲ့ဘေးဒုက္ခတွေ ယူဆောင်လာလိမ့်မယ်ပ"

“မင်းတို့ကိုယ်မင်းတို့ အဆုံးမသတ်နိုင်တဲ့အတွက် ငါကူညီပေးမယ်”

ထိုစကားများ ကျဆုံးချိန်တွင် ချင်ချွမ်းးသည် သူ၏ စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်ကာ သစ်ပင်နဂါး အနည်းငယ်၏ ဝိုင်းရံမှုကို ဖြတ်ကျော်၍ အောက်ရှိ စပျစ်နွယ်ပင်များကြား ပိတ်မိနေသော ပါရမီရှင် ၂၈ ဦးဆီသို့ ပြင်းထန်စွာ ဦးတည်သွားခဲ့သည်။

ပါရမီရှင်များအားလုံး စိတ်ဓာတ်ကျနေကာ ..

လော့ချန်ရွှယ်က ကိုယ်ကိုယ်ကိုယ် သတ်သေတော့မည့်အခိုက်တွင်

...

…

...

မြို့မအမှတ် ၃၆ ကျော်။

ကမ္ဘာမြေဖွားများက အံ့သြတုန်လှုပ်သွားကာ တစ်ခါမှ မမြင်ဖူးသည့် ဤလူကမည်သူဖြစ်နိုင်သည်ကိုတွေးတောနေကြသည်။

မူလမြေရှိ အဘက်ဘက်မှ တပ်ဖွဲ့များအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

ကမ္ဘာမြေကြီးသည်လည်း တုန်လှုပ်သွားခဲ့သည်။

...

ဂမ္ဘီရသစ်ပင်ဂိုဏ်းမှလူများ

အလွတ်တန်းဂိုဏ်း ပထမအကြီးအကဲနှင့် တတိယအကြီးအကဲများအားလုံး သေဆုံးသွားကြပြီဖြစ်သည်။

သူတို့ရဲ့ ခံတပ်ဟာ လုံးဝပျက်ဆီးသွားပြီ။

ခံတပ်အကြောင်း ဘယ်လိုသိခဲ့ကြတာလဲ

သစ္စာဖောက်

ငါတို့ထဲမှာ သစ္စာဖောက်တစ်ယောက်ယောက်ရှိရမယ်။

"ကျုပ်တို့ မစောင့်နိုင်တော့ဘူး၊ ဒီနေ့ရှန်ဟိုင်းမြို့ကို တိုက်ခိုက်ဖို့ အကြီးအကဲကို အကြောင်းကြားပါ”

အခန်း(၃၆၆) ချီချင်းမော့နှင့် ဂမ္ဘီရသစ်ပင်ဂိုဏ်း

‘အဲ့မိန်းမကဘယ်သူလဲ’

ချီချင်းမော့ကို တွေ့လိုက်သည်နှင့် ရောက်ရှိလာသူအားလုံး၏ နှလုံးသားထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။

အထူးသဖြင့် အမှတ်(၁)၏ ဒုတိယမြို့တော်သခင် ချင်ချွမ်းအတွက်၊ ၎င်းသံသယများသည် အခင်းဖြစ်ပွားရာနေရာရှိ အခြားသူများထက် သာ၍လေးနက်သည်။ သူသည် မူလမြေမှ လူသားတို့၏ စွမ်းအားများအားလုံးကို မှတ်သားထား၍ တစ်ဦးစီ၏ မျက်နှာများကိုအလွတ်ရနေသည်။

သို့သော်၊ ဂမ္ဘီရသစ်ပင်ဂိုဏ်းသားများ၏ ဦးခေါင်းထက်တွင် ရုတ်တရက်ပေါ်လာသော ချီချင်းမော့သည် အလွန်အကျွမ်းတဝင်မရှိသကဲ့သို ခံစားရသည်။

"အတူတူတိုက်ခိုက်ကြရအောင်"

ဂမ္ဘီရသစ်ပင်ဂိုဏ်းသား တစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။ နောက်ထပ်အခိုက်အတန့်တွင် မြင့်မြတ်သူအဆင့်ရှိ ဂမ္ဘီရသစ်ပင်ဂိုဏ်းသားအများအပြားသည် လေထုအလယ်မှ ချီချင်းမော့ကို ဦးတည်ရာအမျိုးမျိုးမှ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြသည်။

ချီချင်းမော့သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နားမလည်နိုင်သောကြောင့် တိုက်ခိုက်စဉ်အတွင်း သူမအား လျှော့မတွက်ဝံ့ကြပေ။

၎င်းတို့က အစကတည်းက အစွမ်းရှိသမျှ ထုတ်သုံးတိုက်ခိုက်ခဲ့ကြသည်။

မမျှော်လင့်ထားသည့်အဖြစ်အပျက်များကို ရှောင်တိမ်းရန် ချီချင်းမော့ကို ချေမှုန်းရန် မြင့်မြတ်သူအဆင့် ဂမ္ဘီရသစ်ပင်ဂိုဏ်းသားအများအပြား၏ တစ်ပြိုင်နက်တိုက်ခိုက်မှုများကို ရင်ဆိုင်ရသော်လည်း ချီချင်းမော့၏ မျက်နှာထက်တွင် မည်သည့်တုန်လှုပ်မှုခံစားချက်မျှမရှိသည့်အပြင် ရှေးဟောင်းရေတွင်းကဲ့သို့ ငြိမ်သက်နေဆဲဖြစ်သည်။

သူမသည် သူမ၏ ကျောက်စိမ်းလက်ကို အမြဲလိုလို မြှောက်ကာ သူမအား တိုက်ခိုက်နေသည့် ဂမ္ဘီရသစ်ပင်ဂိုဏ်းသားများကို ပေါ့ပါးစွာချေမှုန်းပစ်သည်။

တစ်ခဏအတွင်းတွင် ကျယ်လောင်သောအသံများစွာထွက်ပေါ်လာကာ မြင့်မြတ်သူအဆင့်မြင့်အဆင့်တွင်ရှိသော ကျွမ်းကျင်သူလေးဦးခန့်က ချက်ချင်းပင်ပေါက်ကွဲ၍ လေထုအလယ်သို့ သွေးမြူခိုးများအဖြစ် ပြောင်းလဲ ပျံ့နှံ့ကာ လုံးလုံးလျားလျားပျက်ဆီးသွားသည်။

အတွေးတစ်ခုဖြင့် ချီချင်းမော့သည် လေထဲတွင် ဝဲနေသော သွေးစွမ်းအင်များကို သွေးရေကန်ဆေးလုံးများအဖြစ် သန့်စင်လိုက်သည်။

ထို့နောက် သူမ၏ ကျောက်စိမ်းလက်ကို ဝှေ့ယမ်းကာ သူမ၏အင်္ကျီအိတ်ထဲသို့ ဆေးများအားလုံးကို စုဆောင်းခဲ့သည်။ ထို့နောက် ချက်ချင်းပင် တောက်ပလာကာ တောင်ကြား၏အလယ်ဗဟိုဆီသို့ ပြေးသွာသည်။

ထိုနေရာ၌ ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ မျက်နှာဖုံးစွပ်ထားသော လူများရှိနေသေးကြောင်း သူမ ပြင်းပြင်းထန်ထန် ခံစားသိရှိခဲ့သဖြင့် ၎င်းတို့ကို လုံးလုံးလျားလျား ချေမှုန်းပစ်ရန် ရည်ရွယ်ခဲ့သည်။

ထိုအချိန်တွင် ဒုတိယမြို့တော်သခင် နံပါတ် ၁ မှ ချင်ချွမ်းသည် ထိုဂြိုလ်လူသားအဆင့် ပါရမီရှင် ၂၈ ဦးတို့နှင့်အတူ အနည်းငယ်ကြောင်အနေဆဲဖြစ်ကာ ဖြစ်ပျက်ခဲ့သည်များကို အပြည့်အ၀ နားမလည်သေးပေ။

အားလုံး ကမောက်ကမ ဖြစ်ခဲ့ရသည်။

ထို့နောက် ဘေးဆိုးကြီးမှ လွတ်မြောက်လာသည့်အရိပ်အယောင်။

လူတိုင်းသည် ၎င်းတို့သည် အဆုံးစီရင်ခြင်းခံရပြီဟု ထင်ခဲ့ကြသော်လည်း ထို့နောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦးက ရုတ်တရက် လမ်းခုလတ်တွင် ပေါ်လာကာ ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ မြင့်မြတ်သူအဆင့် သစ္စာဖောက်လေးဦးကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်ခဲ့သည်။

“လက်ထောက်မြို့တော်သခင်ချင် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီး စွမ်းအားရှင်က ဘယ်သူလဲ"

အသိပြန်ဝင်လာသော ဂြိုလ်လူသားအဆင့် ပါရမီရှင်တစ်ဦးကမေးသည်။

ချင်ချွမ်းက ခေါင်းခါလိုက်သည်။

“ငါလည်း မသိဘူး”

ဤဂြိုလ်လူသားအဆင့် ပါရမီရှင်က အလွန်အံ့သြသွားသည်၊

“လက်ထောက်မြို့သခင်ချင်က မသိဘူးလား”

“ဒီလျို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက အမည်မသိ လက်ထောက်အုပ်ချုပ်သူဖြစ်နိုင်လား”

ဆံပင်တိုတိုနှင့် အရည်အချင်းရှိသည်ထင်သော ဂြိုလ်လူသားအဆင့်မိန်းကလေးတစ်ဦးက မေးလိုက်ပြန်သည်။

ကျီကျိုးတွင် အုပ်ချုပ်သူ သုံးဦးရှိသည်။

ကမ္ဘာမြေကြီးကို အုပ်ချုပ်သည့် တာဝန်ခံမှာ ‘ရှောင်ယွဲ့’အမည်ရှိ အမျိုးသမီးဖြစ်သည်။

မူလမြေ၏ ဤဘက်ခြမ်းရှိ ရေးရာများကို စီမံခန့်ခွဲသူမှာ "ယဲ့ရုန်ရှန်း" ဟုခေါ်သော အမျိုးသားဖြစ်သည်။

ကျန်ရှိသော လက်ထောက်အုပ်ချုပ်သူသည် အလွန် လျို့ဝှက်ဆန်းကြယ်သဖြင့် အခြားမည်သည့်အချက်အလက်များမှမသိကြဘဲ ‘နန့်ကုန်းချန်ဟိုက်’ဟူသောအမည်ဖြင့်သာ လူသိများသည်။

ယောက်ျားလား မိန်းမလားဆိုသည်ကိုမူ ၎င်းတို့မသိကြပေ။

မည်သို့ အသွင်အပြင်မျိုးရှိသည်ကိုလည်းမသိကြ၊ မည်သည့်တာဝန်များထမ်းဆောင်နေသည်ကိုလည်းမသိကြပေ။ နာမည်ကိုသာသိ၍ အခြား မည်သည့်အရာကိုမျှ မသိပေ။ ဤအချက်များကို အခြေခံ၍ ဂြိုလ်လူသားအဆင့် အမျိုးသမီးပါရမီရှင်က ရုတ်တရက်ထွက်ပေါ်လာသည့် ချီချင်းမော့သည် လျို့ဝှက်ဆန်းကြယ်သော လက်ထောက်အုပ်ချုပ်ရးမှုးဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။

သူမ၏ သီအိုရီကို ကြားသောအခါ၊ အခြားလူတိုင်းသည်လည်း ၎င်းတို့၏ နားလည်သဘောပေါက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

"မင်းသိလား ဒါအရမ်းဖြစ်နိုင်တာပဲ"

"ဒါက သူပဲဖြစ်မယ်ထင်တယ်၊ မဟုတ်ရင် ဒီအမျိုးသမီးက ဘယ်သူဖြစ်နိုင်မလဲဆိုတာ တွေးလို့ မရဘူး။"

"မသိသေးတဲ့ ဒုအုပ်ချုပ်ရေးမှူးရဲ့ နာမည်က ဘယ်လိုလဲ”

“နန့်ကုန်းချန်ဟိုက်”

“ဒီနာမည်က လိင်ခွဲလို့မရတဲ့နာမည်မျိုးကြီး ယောက်ျားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်နိုင်တယ်၊ ဒါကြောင့် ဒီနည်းနဲ့ကြည့်ရင် အဲဒီအမျိုးသမီးက ဒုတိယအုပ်ချုပ်သူဖြစ်နိုင်ချေပိုများတယ်”

လူတိုင်းက အမြင်ချင်းဖလှယ်ကြပြီးနောက် ဂြိုလ်လူသားအဆင့်ရှိ ပါရမီရှင်အမျိုးသမီး၏ မှန်းဆချက်က အလွန်မှန်ကန်သည်ဟု ယူဆကြသည်။

ချင်ချွမ်း အပါအဝင်၊ မှန်းဆချက်က အလွန်ဖြစ်နိုင်သည်ဟု ခံစားမိသည်။

ချီချင်းမော့သည် ဤလျှို့ဝှက်ဆန်းကြယ်သော ဒုအုပ်ချုပ်ရေးမှူးဖြစ်သည်ကို လူတိုင်းယုံကြည်လာကြသည်။

မကြာသေးမီကမှ ထွက်ခွာသွားခဲ့သော ချီချင်းမော့သည် လူတိုင်း၏မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာပြန်သည်။ သူမသည် လေထဲတွင် ပျံဝဲနေကာ သူမ၏မျက်လုံးများသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်ပုံဖြင့် အောက်ရှိ လော့ချန်ရွှယ်ကို ကြည့်နေသည်။

လေ့ာ့ချန်ရွှယ်က အထူးဖြစ်တည်မှုတစ်ခုဖြစ်ကြောင်းသတိပြုမိပြီးနောက် ချီချင်းမော့သည် ချက်ချင်းပင် အတွေးတစ်ခုဝင်လာကာ လော့ချန်ရွှယ်ကို သူမရှေ့သို့ တွန်းတင်လိုက်သည်။

“မင်းရဲ့သွေးမျိုးဆက်စွမ်းအားက အဆင့်မြင့်အဆင့်မှာပဲရှိသေးတယ်ဆိုပေမယ့် မင်းမှာရှိတဲ့အထူးစွမ်းအင်က ငါအရင်က ဖျက်ဆီးပစ်ခဲ့တဲ့ မြင့်မြတ်သူအဆင့် သက်ရှိသတ္တဝါတွေထက် အားနည်းတာတော့ မဟုတ်ဘူး"

"ဒါ့အပြင်၊ မင်းဟာ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဂြိုလ်လူသားသွေးမပါတဲ့ သွေးသန့်လူသားတစ်ယောက်ပဲ”

“မင်းရဲ့သွေးက ငါ့အတွက် အသုံးဝင်နိုင်တယ်၊ ငါ မင်းကို သတိရနေမှာပါ” သူမက ပြောသည်။

ထို့နောက် ချီချင်းမော့က သူမ၏ လက်ကို လော့ချန်ရွှယ်၏ ရင်ဘက်ပေါ်တွင်တင်ကာ အတွင်းဘက်တွင် အမှတ်အသားတစ်ခု ရိုက်နှိပ်သည်။

ထို့နောက် သူမက ဘာသိဘာသာပြောလိုက်၏။

"ငါ မင်းကို လိုအပ်ရင် ရှာဖို့လာခဲ့မယ်"

ထိုအချိန်တွင် ချင်ချွမ်းက ရုတ်တရက် ပြေးလာသည်။

"ခွင့်လွှတ်ပါ၊ အရှင်က လက်ထောက်အုပ်ချုပ်သူ နန့်ကုန်းလား"

"မဟုတ်ဘူး"=

ချီချင်းမော့က သူ့ကို မကြည့်ဘဲ ခံစားချက်မဲ့စွာပြန်ဖြေသည်။

သူမ၏စကားများဆုံးသည်နှင့်တစ်ပြိုင်နက် လော့ချန်ရွှယ်ကို မြေပေါ်သို့ ပြန်ချပေးလိုက်သည်။

ထို့နောက် သူမ၏ခန္ဓာကိုယ်က တောက်ပလာ၍ တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

ချင်ချွမ်းက လုံးဝကို အံ့သြသွားခဲ့ရသည်။

‘နန့်ကုန်းမဟုတ်ဘူးလား’

‘ဒါဆို သူက ဘယ်သူလဲ’

‘ဘာတွေဖြစ်နေတာလဲ’

ချင်ချွမ်းက ဤအကြောင်းကိုပိုတွေးလေလေ အခြေအနေကို လုံးလုံးနားမလည်နိုင်ဖြစ်လေလေဖြစ်နေသည်။

မြေပေါ်တွင် လုချင်းရွှမ်က အံ့သြသွားသော်လည်း အားလုံးဆုံးရှုံးသွားသည့်အလားခံစားလိုက်ရသည်။

သူမသည် ချီချင်းမော့က သူမ၏ ရင်ဘတ်ပေါ်သို့ တစ်စုံတစ်ရာကိုတင်လိုက်ကြောင်း ထင်ရှားစွာ ခံစားခဲ့ရသော်လည်း ယခု ထိုအရာကို လုံးဝ အာရုံမခံစားနိုင်တော့ပေ။

ထို့အပြင်၊ သူမ၏သွေးသည် ထိုတာအိုဝတ်လုံဝတ်ထားသော အမျိုးသမီးအတွက် အသုံးဝင်နိုင်သည်ဟူသည်ကား အဘယ်နည်း။

‘ဒီအမျိုးသမီးက ဘာလုပ်ဖို့စီစဥ်နေတာလဲ’

ဤမသိသောအချက်များအားလုံးသည် သူမအား အနည်းငယ်စိတ်မသိုးမသန့်ဖြစ်စေမိသည်။

All Chapters