← Chapters

အပိုင်း ၃၆၇-၃၆၉

Vol. 25 Ch. 367-369

အပိုင်း ၃၆၇-၃၆၉

Vol. 25 Ch. 367-369

အခန်း(၃၆၇) ချီချင်းမော့နှင့် ဂမ္ဘီရသစ်ပင်ဂိုဏ်း ၂

သူမသည် ထူးထူးခြားခြား ဖြစ်တည်မှုမျိုး မဖြစ်ချင်ခဲ့ပေ။ ငယ်စဉ်ကလေးဘဝကတည်းက သူမ၏ထူးခြားမှုက သူမကို တစ်ခါမျှ မတောက်ပြောင်စေခဲ့ပေ။ ၎င်းသည် သူမအား သူမ၏ ရွယ်တူချင်းများက ဝိုင်းရံထားသော ဘက်လိုက်သော အမြငအမြင်ဖြင့်သာ ကြည့်ရှုစေခဲ့သည်။

သူမသည်ဤ "အထူး" ဆက်ဆံမှုများစွာကို ခံခဲ့ရသည်။

...

မြို့ အမှတ် ၃၆။

မြို့တော်သခင်၊ ဒုတိယမြို့တော်သခင်နှင့် ခွန်အားကြီးသော တပ်သားအပေါင်းတို့သည် လေးနက်သောအမူအရာဖြင့် အဝေးသို့ မျှော်ကြည့်နေကြသည်။

မြို့နှင့်မိုင်ပေါင်းများစွာကွာဝေးသော အထက်ကောင်းကင်ယံတွင် ငှက်အုပ်တစ်အုပ်သည် လျှပ်စစ်အတောင်ပံများဖြင့် တောက်ပစွာဖြင့် မြို့တော်ဆီသို့ ပျံသန်းလာနေကြသည်။

၎င်းတို့သည် မိုးကြိုးငှက်သားရဲများဖြစ်ကြ၏။

လျှပ်စီးကြောင်းစားသုံးသော ဆန်းကြယ်သားရဲတစ်မျိုးဖြစ်ရာ အရွယ်အစားအလွန်ကြီးမားလှသဖြင့် အသေးဆုံးမှာ ဆယ်မီတာခန့်အနည်းဆုံးရှည်သည်။ အုပ်စုဖွဲ့နေထိုင်ခြင်းကို နှစ်သက်ကာ ၎င်းတို့သည် ကြမ်းတမ်းသောသဘောရှိ၍ ၎င်းတို့၏ လမ်းကြောင်းတွင် ကြုံတွေ့ရမည့် သက်ရှိအားလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။

၎င်းတို့ ဖြတ်သွားသည့်အခါတိုင်း လျှပ်စီးနှင့် မိုးကြိုးများဝင်းလက်ကာ မြေကြီးကို လင်းထိန်သွားစေပြီးနောက် တစ်ဖန်ပြန်လည်မှောင်မိုက်သွားစေသည်။

“အားလုံးပဲ ငါနဲ့အတူ ချီတက်ကြ”

“ဒီသားရဲငှက်တွေ မြို့ထဲဝင်မလာစေနဲ့”

“အကုန်လုံးကို သတ်ပစ်ကြ။ ဒါမှ ငါတို့ လူသားမြို့ကို တိုက်ခိုက်တဲ့အတွက် တန်ကြေးကို သိမှာ”

မြို့တော် အမှတ် ၃၆မှ မြို့တော်သခင်က ကြွေးကြော်ပြီးနောက် မိုးကြိုးငှက်သားရဲအုပ်စုဆီသို့ဦးတည်ကာ ကောင်းကင်ယံထက်သို့ ချက်ချင်းတက်လာခဲ့သည်။

ကမ္ဘာမြေမှ လာခဲ့ကြသူများဖြစ်သည့် ဒုတိယမြို့တော်သခင်၊ အဖွဲ့ခေါင်းဆောင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ပံ့ပိုးကူညီမှုပေးရန် နောက်သို့လိုက်ကြသည်။ ၎င်းတို့အနက်မှ ယွမ်သုန်ကျီက

မြို့တော်သခင်နောက်သို့ အနီးကပ်လိုက်ကာ များပြားလှသော ရေဓါးသွားများကို ကိုင်ဆောင်ကာ မိုးကြိုးငှက်သားရဲများထံ မကြောက်မရွံ့ လွှင့်ပစ်ခဲ့သည်။

သူမ၏ သား၊ သမီးနှင့် အကုန်လုံးကို ဤမူလမြေတွင် မြှုပ်နှံထားကာ ဤဆန်းကြယ်သားရဲများကို ဤမူလမြေမှ သုတ်သင်ပစ်ရန်ကား သူမ၏ အဓိက ပန်းတိုင်ဖြစ်သည်။

သူမကား.. အစုလိုက်အပြုံလိုက် သတ်ဖြတ်ချင်နေခြင်းပင်ဖြစ်သည်။

၎င်းတို့ကို ဖုန်မှုန့်ဖြစ်သည်အထိ ချေမှုန်းပစ်ချင်သည်။

ကောင်းကင်ဘုံရှိ သူမ၏ သားသမီးများ၏ ဝိညာဉ်များအတွက် ပူဇော်ရန်…

‘ကျစ်…’

‘ကျစ်…ကျစ်…ကျစ်’

‘ကျစ်..’

သူမသည် မိုးကြိုးငှက်အုပ်စုနှင့် နီးကပ်လာသည်နှင့်အမျှ ယွမ်သုန်ကျီသည် ၎င်း၏ ခန္ဓာကိုယ် အတွင်းမှထွက်လာသော လျှပ်စစ်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေသော မိုးကြိုးငှက်သားရဲတစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စစ်လှိုင်းများသည် ပိုမိုများပြားလာကာ ပိုမိုတောက်ပလာသည်ကို သူမလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

မကြာခင်၌ ကျယ်လော်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည် ။

မိုးကြိုးငှက် အစုအဝေးအတွင်းမှ မျက်စိကွယ်လုသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ

အလင်းတန်းသည် အလွန်လျင်မြန်လွန်းလှသဖြင့် လူအများစုမှာ ရှောင်ရန်အချိန်မရှိလိုက်ဘဲ မိုးကြိုး ပစ်ခံလိုက်ရသည့် အလောင်းများအဖြစ်ပြောင်းလဲသွားသည်။

ယွမ်သုန်ကျီက ခက်ခက်ခဲခဲရှောင်တိမ်းပြီးနောက် မိုးကြိုးငှက်သားရဲအုပ်ကြားမှ မြို့တော်သခင်နှင့် အခြားလူများနောက်သို့လိုက်ကာ သားရဲများကို အရူးအမူးသုတ်သင်ပစ်တော့သည်။ ယွမ်သုန်ကျီက တိုက်ပွဲပြီးဆုံးတော့မည်ဟုတွေး၍ အောင်ပွဲခံရန် ပြန်တော့မည့်အခိုက်တွင်…

ရုတ်တရက်

မိုးကြိုးငှက်သားရဲအုပ်၏အထက်မှ နက်မှောင်သော တိမ်တိုက်များဆီမှ မိုးကြိုးနဂါးဟိန်းသံကြီးထွက်ပေါ်လာကာ နောက်အခိုက်အတန့်တွင် လျှပ်စစ်စွမ်းအင်များရောထွေးနေသည့် ကီလိုမီတာများစွာ ရှည်လျားသော မိုးကြိုးနဂါးကြီးသည် တိမ်များကြားမှ ပေါက်ကြားကာ လူတိုင်း၏အထက်တွင် လှည့်ပတ်နေသည်။

“ဒါ… မိုးကြိုးနဂါးသားရဲပဲ”

“ပြေးကြ”

“အားလုံး အမြန်လူစုခွဲကြ”

“မိုးကြိုးနဂါးသားရဲ တိုက်ခိုက်ရင် အရမ်းပြင်းတယ်။ ဒါပေမယ့် တိုက်ဖို့ စွမ်းအင်တွေအရင်စုဖို့လိုတယ်။ သူ့ရဲ့တိုက်ခိုက်မှုက နှေးတာကြောင့် လူစုလူဝေးမလုပ်မိစေနဲ့။ အားလုံးတစ်ခါတည်းသေသွားလိမ့်မယ်”

"လှည့်ပတ်တိုက်ခိုက်ရေးဗျူဟာကို ချမှတ်ပါ။"

ကီလိုမီတာများစွာ ရှည်လျားသော မိုးကြိုးနဂါးကြီးကို ကောင်းကင်ယံဤ မြင်လိုက်ရသည်နှင့် အခြားသူများကို ချက်ချင်း အော်ငေါက်ကာ တိုက်ခိုက်ရန် ညွှန်ကြားလိုက်သည်။ ထိုစကားကိုကြားလိုက်ရသောအခါ လူတိုင်းက ကောင်းကင်ယံမှ မိုးကြိုးနဂါးကို ဝိုင်းရံကာ အလျင်အမြန်လူစုခွဲလိုက်ကြသည်။

ထို့နောက် ၎င်းတို့က သွေးစွမ်းအင်များစုစည်း၍ အပျက်အစီးအများဆုံးသော တိုက်ခိုက်မှုများဖြင့် လမ်းကြောင်းအမျိုးမျိုးမှ မိုးကြိုးနဂါးကို တိုက်ခိုက်ခဲ့သည်။

တခဏအတွင်း။

မြင့်မားသော ကောင်းကင်ယံ၌ ကြီးမားသော အသံများ ထွက်ပေါ်လာသည်။

မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူများစွာနှင့် သခင်အဆင့်တိုက်ခိုက်ရေးသမားဒါဇင်ပေါင်းများစွာ၏

ပေါင်းစပ်စွမ်းအားသည် မိုးကြိုးနဂါးကြီးကို တစ်ပြိုင်နက် တိုက်မိ၍ မီးပွားများဖန်တီးကာ ကောင်းကင်တစ်ခုလုံး မီးရှူးမီးပန်းများကဲ့သို့ လင်းလက်တောက်ပလျက်ရှိသည်။

သို့ရာတွင် မြင်ကွင်းက အသွင်အပြင်တွင်သာ ကြီးကျယ်ကာ အမှန်တကယ် အကျိုးသက်ရောက်မှုက ထိရောက်မှုမရှိလှပေ။ တိုက်ခိုက်မှုများစွာကို ရုတ်တရက် ခံခဲ့ရသည့် မိုးကြိုးနဂါးသည် ယခုအခါတွင် အပြင်ဘက်ရှိ အကြေးခွံအချို့သာ ကွဲအက်သွားကာ ၎င်း၏အူတိုင်ကို ထိခိုက်ပျက်စီးမှု မရှိပေ။

‘ကျစ်"

‘ကျစ်…ကျစ်…ကျစ်’

‘ကျစ်..’

လျှပ်စီးများ တောက်လောင်သံနှင့်အတူ

နောက်တစက္ကန့်တွင် မိုးကြိုးနဂါး၏ ခန္ဓာကိုယ်သည် အလင်းတန်းများ ဖြာထွက်ကာ ပင့်ကူအိမ်ကဲ့သို့ အဖက်ဖက်သို့ပျံ့နှံ့လျက် ကြောက်မက်ဖွယ်လျှပ်စီးကြောင်းကို ထုတ်လွှတ်လိုက်ကာ အနီးနားရှိလူတိုင်းကို အဖျက်စွမ်းအားဖြင့် ချက်ခြင်း လွှမ်းခြုံသွားသည်။

စက္ကန့်များစွာအကြာတွင် ဒါဇင်နှင့်ချီသော မီးလောင်ကျွမ်းနေသည့် အလောင်းများက ကောင်းကင်မှ လျင်မြန်စွာပြုတ်ကျလာ၏။ မြို့သခင်နှင့် မြင့်မြတ်သူအဆင့် ကျွမ်းကျင်သူ အနည်းငယ်မှလွဲ၍ ကျန်လူသား တိုက်ခိုက်ရေးသမားများသည် မိုးကြိုးနဂါး၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းများဆုံးရှုံးသွားခဲ့ရသည်ဖြစ်ရာ ယွမ်သုန်ကျီလည်း အပါအဝင်ပင်ဖြစ်သည်။

သူမသည် သွေးမျိုးဆက်စွမ်းအား သခင်အဆင့်(၃)တွင်ရှိနေသဖြင့် ဤလူများကြားတွင် အဆင့်နိမ့်သည်။

မိုးကြိုးနဂါး၏ တိုက်ခိုက်မှုကြောင့် သတိလစ်သွားကာ မြေပြင်သို့ အရှိန်ပြင်းပြင်းဖြင့် ထိုးကျသွားခဲ့သည်။

“အရေးကြီးတဲ့နေရာကိုတိုက်ကြ”

“ဒီမိုးကြိုးနဂါးက မိုးကြိုးမြွေကနေ ဆင့်ကဲပြောင်းလဲလာတာ သူ့ရဲ့အရေးကြီးတဲ့နေရာကို တိုက်တာက ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကို ဖြစ်စေလိမ့်မယ်”

“ချူးရှန်၊ လူကြီးမင်းဝူ ခင်ဗျားတို့နှစ်ယောက် ဒီမိုးကြိုးနဂါးကို ထိန်းဖို့ တာဝန်ရှိတယ်။ အားခွန်၊ ဟဲ့ရှီကျီ၊ မင်းတို့နှစ်ယောက်က သူ့ရဲ့အရေးကြီးတဲ့နေရာကိုတိုက်ဖို့ ငါ့နောက်လိုက်ခဲ့ကြ”

မြို့တော်သခင်က လျင်မြန်စွာ အမိန့်ပေးလိုက်သည်။ ထို့နောက် တစ်စက္ကန့်မျှ တုံ့ဆိုင်းမနေဘဲ သူ၏ မိုးကြိုးနဂါး၏ အရေးပါသော အချက်အချာကျသည့် နေရာသို့ လျင်မြန်စွာ တိုက်ခိုက်ခဲ့သည်။

ကျန်ရှိသော လက်ထောက် မြို့တော်သခင်က အသက်ရာနှင့်ချီသော အဘိုးအိုတစ်ဦးနှင့်အတူ မိုးကြိုးသားရဲ၏ ဦးခေါင်းဆီသို့ အတူတကွချီတက်ကာ အခြားသုံးဦးကို မိုးကြိုးနဂါးသားရဲ၏ဒဏ်မခံနိုင်သောနေရာကို တိုက်ခိုက်ရန် အခွင့်အရေးဖန်တီးပေးခဲ့သည်။

ဘမ်း

ဘမ်း..ဘမ်း..ဘမ်း..

ဘမ်း

မြင့်မြတ်သူအဆင့်၏ ပြင်းထန်သော တိုက်ခိုက်မှုများက မိုးကြိုးနဂါးသားရဲ၏ အဓိကနေရာသို့ ထိုးဖောက်သွားသည်။

ခဏတာအတွင်းတွင် မိုးကြိုးနဂါးသားရဲ၏အဓိကနေရာမှ အကြေးခွံများအက်ကွဲကာ ကွာကျလာသည်။ ထို့နောက် စိုစွတ်၍ နုနယ်သော အသားများကိုမြင်နေကြရပြီဖြစ်သည်။

မိုးကြိုးနဂါးသားရဲက နာကျင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။

ပြင်းထန်သောနာကျင်မှုအောက်တွင် မိုးကြိုးနဂါးသားရဲသည် ကြောက်မက်ဖွယ်လျှပ်စစ်ဓာတ်အားများကို ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။ အလင်းရောင်က ခဏတာအတွင်း တောက်ပလာသည်။ ကောင်းကင်တစ်ခုလုံဂက လင်းထိန်နေ၏။ ဤပြန့်ပွားနေသော ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းကို ရင်ဆိုင်နေရသော လေးယောက်က အနည်းငယ်မျှ ထိတ်လန့်သည့်အရိပ်အယောင်မပြကြပေ။

အရမ်းနှေးတယ်။

မိုးကြိုးနဂါး၏ တိုက်ခိုက်မှုများသည် ပြင်းထန်၍ကြီးမားလှသော်လည်း ၎င်း၏ တိုက်ခိုက်မှုအရှိန်မှာ နှေးကွေးလွန်းသည်။ မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူများအနေနှင့် လေးယောက်စလုံးအလွယ်တကူ ရှောင်တိမ်းနိုင်မည်ဟု ယုံကြည်ကြသည်။

သို့သော် လျှပ်စီးကြောင်းက ၎င်းတို့ရှေ့သို့ ပျံ့နှံ့သွားကာ အမြန်ရှောင်တိမ်းတော့မည့်အခိုက်တွင်…

‘အားခွန်’ဟုအမည်ရသည့် ဒုတိယမြို့တော်သခင်က ရုတ်တရက် သွေးစွန်းနေသော စပျစ်နွယ်ပင်များစွာကိုဆင့်ခေါ်ကာ လျှပ်စီးတိုက်ခိုက်မှုကို ရှောင်တိမ်းရန်ကြိုးစားနေသုံးဦးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။

သုံးယောက်စလုံးက ဤသစ္စာဖောက်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်၍ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်က အဘယ်ကြောင့် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ သစ္စဖောက်ဖြစ်လာသည်ကို နားမလည်နိုင်ကြပေ။

“အားခွန်…မင်း…”

မြို့တော်သခင်သည် စကားပင်မဆုံးလိုက်ဘဲ ကျန်သူနှစ်ယောက်နှင့်အတူ လျှပ်စီးများ၏ ဖုံးလွှမ်းခြင်းခံရကာ ၎င်းတို့၏ ခန္ဓာကိုယ်များ လျင်မြန်စွာလောင်ကျွမ်းသွားသည်။

စက္ကန့်များစွာအကြာတွင် ပြင်းထန်စွာဒဏ်ရာရရှိနေသော သုံးဦးစလုံးက ပြုတ်ကျကာ ပြန်လည်တိုက်ခိုက်ရန်

စွမ်းအားများကုန်ဆုံးသွားကြ၏။

ထို့နောက် အချိန်ဖြုန်းမနေတော့ဘဲ လက်ထောက်မြို့တော်သခင်’အားခွန်’က ၎င်းတို့ကို အဆုံးသတ်ပေးရန် ၎င်းတို့၏ ဘေးသို့ အမြန်ရောက်လာသည်။

“ပြီးသွားပြီ…”

“ငါ သေရတော့မယ်…”

“ရှန်ဟိုင်းမြို့ ကျရှုံးတော့မယ်…”

နောက်ဆုံးအကြိမ် ထိုးနှက်ရန် ၎င်းတို့ဘေးသို့ရောက်လာသည့် သစ္စာဖောက်ကို မြင်လိုက်ရသောအခါ သုံးယောက်စလုံး ရှုံးနိမ့်မှဒကြောင့် ဖြူဖျော့ကုန်ကြသည်။

သုံးယောက်သားက ထိုနေရာတွင် သေရတော့မည်ဟုတွေးထားကြချိန်၌

ရုတ်တရက်

၎င်းတို့ရှေ့မှ သစ္စာဖောက်သည် ပေါက်ကွဲသံကြီးဖြင့် သွေးအခိုးအငွေ့များအဖြစ်ပြောင်းလဲကာ တိမ်တိုက်ထဲသို့ ရောထွေးသွားသည်။

သုံးယောက်လုံး အံ့အားသင့်သွားကာ မျက်လုံးများပြူးကျယ်လျက် ဖြစ်ပျက်ခဲ့သမျှကို နားမလည်နိုင်ဖြစ်နေကြသည်။

ဘမ်း

ဘမ်း

ဘမ်း

မကြာခင်၌ပင် ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာသည်။

ကောင်းကင်ယံတွင် မိုးကြိုးနဂါးသားရဲတစ်ကောင် ပျံသန်းနေကာ များစွာသော မိုးကြိုးငှက်သားရဲများလည်းရှိသည်။

၎င်းတို့အားလုံးက တစ်ချိန်တည်း၌ပင် ၎င်းတို့သည် ကြက်သွေးရောင်အခိုးအငွေ့များအဖြစ် ပေါက်ကွဲသွားကြသည်။ ထို့နောက် ၎၍်းတို့က လျင်မြန်စွာပြန့်ကျဲသွားကာ အနီရောင်တောက်တောက် ဆေးလုံးများအဖြစ် ပေါင်းစပ်လျက် ၎င်းတို့အားလုံး နေရာတစ်ခုသို့ တူညီစွာ ပျံသန်းသွားကြသည်။

ထိုသုံးယောက်လုံးက အနီရောင်ဆေးပြားများ ပျံသွားသည့် လမ်းကြောင်းအတိုင်း လိုက်သွားကြသည်။

ချက်ချင်းဆိုသကဲ့သို့ပင် ၎င်းတို့မျက်လုံးထဲတွင် မြင်လိုက်ရသည်မှာ ရင်သပ်ရှု့မောဖွယ် တာအိုဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။

‘အဲ့တာဘယ်သူလဲ’

‘အခြေအနေက ဘယ်လိုဖြစ်နေပြီလဲ’

‘ဘာဖြစ်သွားတာလဲ’

သုံးယောက်စလုံး လုံးဝအံ့သြသွားကာ ၎င်းတို့၏ စိတ်ထဲတွင် မရေမတွက်နိုင်သောမေးခွန်းများဖြင့် ပြည့်လျှံနေလေ၏။

...

တခြားနေရာရှိ

နောက်ထပ် တောအုပ်ကြီးထဲတွင် ကြီးမားလှသော မျက်လုံးသုံးလုံးသားရဲကြီးက ကလိုဗာပန်းပုံမျက်နှာဖုံးကို ဝတ်ဆင်ထားသူအား သတင်းပို့နေသည်။

"ဂိုဏ်းချုပ်၊ ပြဿနာရှိနေတယ်"

"စွမ်းအားကြီး တာအိုဝတ်လုံဝတ်ထားတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ မိန်းမတစ်ယောက် မူလမြေမှာ ရုတ်တရက်ပေါ်လာတယ်”

"ယဇ်ပုရောဟိတ်မင်း၊ လက်ဝဲကာကွယ်သူ၊ လက်ယာကာကွယ်သူ၊ ဒုတိယအကြီးအကဲ၊ တတိယအကြီးအကဲ၊ စတုတ္ထအကြီးအကဲ၊ သူတို့အားလုံးကို တာအိုဝတ်လုံနဲ့အဲ့မိန်းမက သတ်ပစ်လိုက်ပြီ”

"..."

"မင်းဘာပြောလိုက်တာလဲ”

မျက်စိသုံးလုံးသားရဲကြီး၏ အစီရင်ခံစာကိုကြားသောအခါ ဂမ္ဘီရသစ်ပင်ဂိုဏ်းကိုအုပ်စိုးသည့် ကလိုဗာပန်းပုံမျက်နှာဖုံးဝတ်ထားသော ပုဂ္ဂိုလ်၏ မျက်လုံးများ ရုတ်တရက်ပွင့်သွားကာ အံ့သြသွားသည်။

“သူလျှိုရှိနေပြီ”

“ဂမ္ဘီရသစ်ပင်ဂိုဏ်းမှာ သူလျှိုရှိနေပြီ”

“ငါတို့ စောင့်နေလို့မရတော့ဘူး ရှန်ဟိုင်းမြို့ကို တိုက်ခိုက်ဖို့ အကြီးအကဲကို ချက်ချင်း အကြောင်းကြားပါ”

ပြီးသည်နှင့် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ အထက်တန်းအရာရှိသည် ချက်ချင်းပင် ဆက်သွယ်ရေးစက်ကို ထုတ်ကာ ကမ္ဘာမြေပေါ်ရှိ အကြီးအကဲထံ ဆက်သွယ်လိုက်သည်။

“ကဲ တုံ့ဆိုင်းမနေပဲ ရှန်ဟိုင်းကို တိုက်ကြတော့”

အခန်း(၃၆၈) ဂမ္ဘီရသစ်ပင်ဂိုဏ်းဆင်းသက်ခြင်း

ရှန်ဟိုင်းမြို့အောက် မီတာနှစ်သောင်း အနက်တွင်ဖြစ်သည်။

မြေအောက်နန်းတော်အတွင်း။

ကလိုဗာမျက်နှာဖုံးတပ်ထားသော အကြီးအကဲက လက်ထဲတွင် မန္တန်များရေးထိုးထားသည့် ခရုခွံကိုကိုင်ထားသည်။

ထိုခရုခွံမှ အသံတစ်ခု ထွက်ပေါ်လာ၏။

“ကုဟဲ… အခုချက်ချင်း ရှန်ဟိုင်းမြို့ကိုသိမ်း”

အသံက အရေးကြီးမှုများနှင့်ပြည့်နှက်နေသည်။

ကလိုဗာပုံမျက်နှာဖုံးဝတ်ထားသော ယောက်ျားသည် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ အကြီးအကဲဖြစ်ရာ ယင်းကိုနားထောင်လျက် မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။

“ဂိုဏ်းချုပ် မူလမြေမှာ တစ်ခုခုဖြစ်နေပြီလား”

“မိန်းမတစ်ယောက်က မူလမြေမှာ ရုတ်တရက်ပေါ်လာပြီး ဂိုဏ်းကအရေးပါတဲ့လူတွေအားလုံးကို သတ်ပစတ်လိုက်ပြီ” ခရုခွံထဲမှ အသံထွက်လာသည်။

“ဘာ”

အကြီးအကဲကြီး၏ မျက်နှာက အလွန်လေးနက်သွားသည်။

“ငါတို့ ဂိုဏ်းထဲမှာ သစ္စဖောက်တစ်ယောက်ယောက်ရှိနေတယ်လို့ သံသယဝင်မိတယ်။ အဲ့မိန်းမကို ငါတို့ဂိုဏ်းထဲကတစ်ယောက်ယောက်က ကူညီနေတာပဲ” ဂိုဏ်းခွဲချုပ်က ပြောသည်။

“အခု ခင်ဗျားတုံ့ဆိုင်းမနေဘဲ ရှန်ဟိုင်းမြို့ကို တိုက်ရမယ်။ ဘာအလွဲအချော်မှ မဖြစ်စေနဲ့”

"..."

“ကျုပ်နားလည်ပါပြီ ဂိုဏ်းချုပ်”

"လုံလောက်ပြီ၊ ရှန်ဟိုင်းမြို့ကို တိုက်ခိုက်ဖို့ သားရဲအုပ်ကို အမြန်စုစည်းနှင့်။ ကျုပ် တခြားလူသားတွေရဲ့ အခြေစိုက်စခန်းတွေကို ချေမှုန်းပစ်ဖို့ လုပ်လိုက်ဦးမယ်”

ဤနောက်ဆုံးစကားပြောပြီးနောက် နှစ်ဦးကြားမှစကားဝိုင်းက အဆုံးသတ်သွားသည်။ အကြီးအကဲကြီးက အသံလွှင့်ခရုခွံကိုပြန်သိမ်းလိုက်သည်။ ထို့နောက် မြေအောက်နန်းတော်ဗဟိုမှ ထွက်ခွာလာခဲ့၏။

သူက နီမြန်းသော မျိုးစေ့တစ်ခုကို ထုတ်၍ မြေအောက်နန်းတော်အလယ်ရှိ ယဇ်ပလ္လင်တစ်ခုသို့ လျှောက်သွားကာ ယဇ်ပလ္လင်၏အလယ်ဗဟိုတွင် မျိုးစေ့ကို မြေမြှုပ်လိုက်သည်။ ထို့နောက် သူ၏ သွေးစွမ်းအင်ကိုထုတ်လွှတ်လိုက်ရာ အစေ့ပေါ်သို့ ထူထဲသော အနှစ်သာရသွေးစွမ်းအင်တစ်စက်ကျသွားသည်။

အစေ့က အနှစ်သာရသွေးကိုထိလိုက်သည်နှင့် ပကတိမျက်စိဖြင့်မြင်နိုင်သောအရှိန်အဟုန်ဖြင့် အမြစ်အညှောက်ပေါက်လာသည်။ ၎င်းသည် အမြစ်များစွာပွား၍ ယဇ်ပုလ္လင်ထဲသို့ တိုးဝင်ကာကွန်ရက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ အပင်ပေါက်များပေါ်လာကာ တဖြည်းဖြည်းနှင့် မြင့်မားကြီးထွားလာသည်။

မိနစ်ဝက်အတွင်းတွင် အလွတ်ဖြစ်နေသော ယဇ်ပုလ္လင်ကြီးနေရာ၌ ယခုအခါ မီတာဆယ်ဂဏန်းမြင့်သော ဧရာမသစ်ပင်ကြီးထွက်ပေါ်လာ၏။

“သွေး၊ သွေးလိုတယ်…”

"ဒီကိုယ်ပွားအခွံက အားနည်းလွန်းတယ်..."

"ဒီကိုယ်ပွားကို ကီလိုမီတာမြင့်တဲ့ သစ်ပင်တစ်ပင်အဖြစ် ကြီးထွားဖွံ့ဖြိုးဖို့ ငါသွေးစိမ်းတွေအများကြီးစုပ်ယူရမယ်..."

"ဒီမြေမှာ ထာဝရအမြစ်စွဲဖို့..."

“ဆယ်မိုင်အကွာအဝေးအတွင်းက မြေကိုထိန်းချုပ်ဖို့..”

ဧရာမသစ်ပင်ကြီး၏ပင်စည်ပေါ်တွင် လူမျက်နှာတစ်ခုထွက်ပေါ်လာပြီးနောက် အက်ရှမာကြောသော အသံဖြင့်ပြောလိုက်သည်။

“ခဏစောင့်ပါဦး” ထိုမျက်နှာကိုကြည့်နေသော အကြီးအကဲကြီးကပြောလိုက်သည်။

ဤသို့ပြော၍ သူ၏ တောင်ဝှေးဖြင့် မြေကြီးသို့ သုံးချက် ရိုက်လိုက်သည်။

စက္ကန့်များစွာအကြာတွင် ဆယ်မီတာကျော်ရှည်သော ဧရာမ မျိုးကွဲကြွက်တစ်ကောင်က မြေကြီးထဲမှ တိုးထွက်လာသည်။

“အကြီးအကဲ ဘာအမိန့်များရှိလို့ပါလဲခင်ဗျာ”

မြေပြင်ပေါ်တွင်ဝပ်တွားနေသော ကြွက်ဘုရင်က လေးစားစွာပြောသည်။ ၎င်း၏ ရောင်ဝါက ပို၍ ကြီးထွားလာသည်။ လွန်ခဲ့သော နှစစ်များစွာက အကြီးအကဲကြီးထံမှ ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာအရင်းအမြစ်အချို့ရရှိခဲ့သည်။ ၎င်း၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အမြင့်ဆုံးစတုတ္ထအဆင့်သို့ပြောင်းလဲသွားခဲ့သည်။

“ငါ အနည်းဆုံး အခြေခံပဥ္စမအဆင့် ကြွက်ကြီး တစ်ထောင်လောက်လိုတယ်”

ထိုစကားကိုကြားသောအခါ ကြွက်ဘုရင်က ခဏမျှတုံ့ဆိုင်းနေခြင်းမရှိဘဲ ဘေးဘက်ရှိ အပေါက်တန်းဆီသို့ လှည့်ကာ စူးရှစွာ အော်လိုက်သည်။

“ကျွီးးး…”

အော်သံထွက်လာသည့်အခိုက်တွင် ဘေးဘက်ရှိ အပေါက်တန်းများမှ ငလျင်ကဲ့သို့လှုပ်ခတ်မှုတ်စခု ရုတ်တရက်ပေါ်ထွက်လာသည်။

ခဏအကြာတွင် အပေါက်များမှ ဧရာမ မျိုးပြောင်းကြွက်ကြီးများ ထွက်ပေါ်လာ၏။ တစ်ခဏချင်း၌ပင် မြေအောက်နန်းတော်တစ်စခုလုံးကို ကြွက်များပြည့်သွားသည်။

ဝှစ်

လေကိုခွင်း၍ ဖြတ်တောက်လိုက်သောအသံတစ်ခုထွက်ပေါ်လာရာ မျက်စိတစ်မှိတ်အတွင်း၌ပင် ကြွက်ဘုရင်မှတပါး ကျန်သော ဧရာမမျိုးပြောင်းကြွက်များကို ချိန်ရွယ်ထားသည့် ဆူးချွန်များထွက်ပေါ်လာသည်။

‘ဗျစ်’

‘ဗျစ်’

‘ဗျစ်’

အသားများကို ဖောက်ထွင်းသွားသည့် ဆူးသံများစွာထွက်ပေါ်လာပြီးနောက် ကြီးမားလှသော မျိုးပြောင်းကြွက်ကြီးများအားလုံး၏ အသွေးအသားများသည် စပျစ်နွယ်ပင်များ ယှက်နွယ်ကာ စုပ်ယူခြင်းခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ဤဧရာမမျိုးပြောင်း ကြွက်များအားလုံးသည် စပါးခွံများထဲသို့ နစ်မြုပ်သွားကာ ၎င်းတို့၏ အရေခွံများသည် ပုစဉ်းရင်ကွဲတောင်ပံများကဲ့သို့ ပါးလွှလျက် မြေကြီးပေါ်တွင် စုပုံနေလေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏အသားများကို ပွဲတော်တည်နေသည့် နီရဲတောက်နေသောအပင်ကြီးက အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။

မီတာဆယ်ချီ

မီတာတစ်ရာ။

မီတာရာပေါင်းများစွာ။

တစ်ကီလိုမီတာ။

နီမြန်းသော ဧရာမသစ်ပင်ကြီးသည် အမြင့်တစ်ကီလိုမီတာကျော်အထိ ကြီးထွားလာကာ ရှန်ဟိုင်းမြို့လယ်ခေါင်မှ ပေါက်ထွက်လျက် မြို့မလယ်မှ အရင်းတည်၍ တစ်မြို့လုံးကို လွှမ်းခြုံထားသော ဧရာမ ထီးတစ်လတ်သဖွယ်ဖြစ်လာသည်။

...

အိပ်ဆောင်ထဲတွင်

လင်းဇီချန်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ ဒုတိယမြောက်သွေးကြောမှတ်ကို ဖြတ်ကျော်ရန် အာရုံစိုက်နေသည်။

သူပစ်မှတ်ထားသော သွေးကြောမှတ်မှာ ဦးနှောက်အလင်းဝင်ေပါက်ပင်ဖြစ်သည်။

သူဖွင့်လိုက်သည့် ပထမဆုံး သွေးကြောမှတ်မှာ သူ၏ သွေဂစွမ်းအင်များကို မြှင့်တင်ပေးသော နှလုံးအလင်းဝင်ပေါက်ဖြစ်သည်။

စိတ်ထဲ၌ ဟန်ချက်ညီစေရန်စိတ်ကူးဖြင့် ဤဒုတိယသွေးကြောမှတ်သည် မတူညီသော အမျိုးအစားဖြစ်ရန် လိုအပ်သည်။ သူ၏ စိတ်ဓာတ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်သော ဦးနှောက်အလင်းဝင်ပေါက်သည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။

“ဟူး…”

အချိန်အတော်ကြာသွားသည့်အခါမှ လင်းဇီချန်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ စိတ်သက်သာရာရစွာပြုံး၍ အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။

ဦးနှောက်အလင်းဝင်ပေါက်ကို အောင်မြင်စွာဖွင့်နိုင်ခဲ့သည်။

သူ့ရဲ့ စိတ်ဓာတ်ခွန်အားက ဆယ်ရာခိုင်နှုန်း တိုးလာပြီဖြစ်၏။

‘အခု ခန္ဓာကိုယ်အလင်းဝင်ပေါက်ဖွင့်ဖို့ အချိန်ရောက်ပြီ’

“အပျော်လွန်ပြီးပြုံးနေတာ နင့်ဦးနှောက်အလင်းဝင်ပေါက်ကို ဖွင့်တာအောင်မြင်သွားတာလား”

အနီးနားတွင် တင်ပျဥ်ခွေထိုင်နေသော ရှန်ချင်းဟန်က လင်းဇီချန်ကိုပြုံး၍ ကြည့်ကာ လက်တစ်ဖက်ဖြင့် သူမ၏ပါးပြင်ကိုထောက်လျက်မေးလိုက်သည်။

သူမ၏ပြုံးနေသော မျက်နှာကိုမြင်သောအခါ လင်းဇီချန်က မည်သို့ဖြစ်ပျက်သွားကြောင်း မှန်းဆ၍ မေးလိုက်သည်။

“မင်းလည်း ဖွင့်နိုင်လိုက်ပြီလား”

“မှန်းကြည့်လေ”

ရှန်ချင်းဟန်က လက်ဖျောက်တစ်ချက်တီးကာမေးလိုက်သည်။ ထို့နောက် သူမက လင်းဇီချန်၏ ခြေထောက်များပေါ်သို့ ခေါင်းအုံးလျက် ပြန်လှဲလိုက်သည်။

“ဇီချန် နင် မဖွင့်နိုင်ခင် ဆယ်မိနစ်အလိုလောက်ကတည်းက ငါဖွင့်နိုင်လိုက်တာ။ ငါအံ့သြဖို့ကောင်းတယ်မလား”

"ဒါက မယုံနိုင်လောက်အောင် အံ့သြစရာကောင်းတယ်"

လင်းဇီချန်သည် ရှန်ချင်းဟန်၏ လှပသော မျက်နှာလေးကိုကိုင်လျက် ပြုံး၍ကြည့်ကာ ချီးကျူးလိုက်သည်။

ချီးမွမ်းခံရသော ရှန်ချင်းဟန်သည် ပန်းတစ်ပွင့်ကဲ့သို့ တောက်ပနေသည်။

သူမသည် ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ လင်းဇီချန်ထက် မည်သည့်အခါကမှ ပိုမိုသာလွန်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ယခု လင်းဇီချန်မဖွင့်နိုင်ခင်တွင် သူမ၏ ဦးနှောက်အလင်းဝင်ပေါက်ကို ပထမဆုံးဖွင့်နိုင်ခဲ့ခြင်းကြောင့် ဂိမ်းတစ်ခုတွင် နောက်ဆုံးပြိုင်ဘက်ကို အနိုင်ယူနိုင်လိုက်သည့်အလား အလွန် ဂုဏ်ယူနေမိသည်။

အခန်း(၃၆၉) ဂမ္ဘီရသစ်ပင်ဂိုဏ်းဆင်းသက်ခြင်း

"အိုး နင့်ကို မေးစရာရှိတယ်"

ရှန်ချင်းဟန်သည် သူမ၏ ချစ်စဖွယ် မျက်နှာပေါ်မှ အပြုံးကို ရုတ်သိမ်းလိုက်ပြီး အခြားအကြောင်းအရာတစ်ခုဆီသို့ ရုတ်တရက် ပြောင်းလိုက်သည်။

"ဘာကြီးလဲ”

"အဲ့တာ... နင်သွေးစွမ်းအင်ကို နန်းဆောင်သခင်ဆီ လွှဲတုန်းက ဘယ်လိုခံစားရလဲ”

ရှန်ချင်းဟန်က လင်းဇီချန်၏ မျက်လုံးများကို စူးစမ်းချင်စိတ် အရိပ်အမြွက်ဖြင့် ကြည့်လိုက်သည်။

လင်းဇီချန်က မဆိုင်းမတွပြန်ဖြေသည်။

"အဲ့တာကို ကိုတကယ် ဂရုမစိုက်ဘူး၊ သွေးစွမ်းအင်ကို နန်းဆောင်သခင်ဆီကို လွှဲပေးတုန်းက သိပ်ပြီးမစဉ်းစားခဲ့ဘူး"

သင့်လက်များက ယင်းနေရာသို့ တင်းတင်းကြပ်ကြပ်ဖိထားရလျှင် မည်သို့ မစဉ်းစားဘဲ နေနိုင်ကြလိမ့်မည်နည်း။

ရက်အတော်ကြာကိုင်ခဲ့ရသည်ဖြစ်ရာ

တစ်နေ့နှစ်ကြိမ်။

တစ်ကြိမ်မှာ ခြောက်နာရီ။

‘ပြတ်ပြတ်သားသားပြောရမယ်ဆိုရင် မင်းကိုယ့်ကို အခုချက်ချင်း ချည်တစ်လုံး ယူလာတယ်ဆိုရင်တောင် ချီချင်းမော့အတွက် ပြီးပြည့်စုံတဲ့ အတွင်းခံဘော်လီကို ကိုချုပ်ပေးလို့ရတယ်’

ဤသည်က အမှန်တရားဖြစ်သော်လည်း ရှန်ချင်းဟန်၏ ခံစားချက်ကို တွေးတောရင်းဖြင့် လင်းဇီချန်သည် သူမည်သို့ ခံစားရသည်ကို မသိကြောင်း လိမ်ညာပြောဆိုခဲ့သည်။

ကံမကောင်းဖြင့် ရှန်ချင်းဟန်က နုံအ၍ ချစ်စဖွယ်ကောင်းသည်ဟုထင်ရခြင်းသာဖြစ်ကာ တကယ်တမ်းတွင် မရိုးသားမနုံအပေ။

လင်းဇီချန်၏ တုံ့ပြန်မှုကို ကြားပြီးနောက် သူမသည် အနည်းငယ် မကျေမနပ်ဖြစ်ကာ အော်ပြောလိုက်သည်။

“လူလိမ်၊ ဒီလောက်ရက်တွေအများကြီး ကိုင်ပြီးတာကို နင် အတိုင်းအတာကိုတောင် သိနိုင်လောက်တဲ့ဟာ ဘယ်လိုခံစားရလဲ မသိဘူးလို့ပြောနေတာလား”

လင်းဇီချန်က အကြောင်းပြချက်ခိုင်လုံစွာ ငြင်းဆိုသည်။

“သွေးစွမ်းအင်တွေ ထွက်ရင် ကို့လက်တွေပူလာတယ်လေ အဲ့တာကို ထိလိုက်တာနဲ့ မီးဖိုကိုထိသလို ခံစားရတယ်၊ ဘယ်လိုလုပ် တကယ့်အထိအတွေ့မျိုးဖြစ်မှာလဲ"

"တကယ်လား”

"တကယ်လား”

"ဒါဆို ငါ့ကိုလုပ်ခိုင်းကြည့်"

ရှန်ချင်းဟန်က ဤသို့ပြောကာ လင်းဇီချန်၏ အဝတ်အတွင်းသို့ သူမ၏လက်ကိုထည့်၍ အတွေးတစ်ခုနှင့်အတူ သူမ၏ သွေးစွမ်းအင်များကို ထုတ်လွှတ်ပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင် ရှန်ချင်းဟန်သည် သူမ၏လက်က အလွန်နွေးထွေးသွားသည်ကို သိလိုက်ရသည်။

သူမ၏ စိတ်ထဲတွင် နွေးထွေးသောခံစားမှုများဖြင့် ပြည့်နှက်နေသည်၊

အမှန်ပင် ခံစားချက်အစစ်အမှန်ကို မပြောနိုင်ပေ။

လင်းဇီချန်က လိမ်ညာခြင်းမရှိကြောင်း အတည်ပြုပြီးနောက် ရှန်ချင်းဟန်၏ လှပသောမျက်လုံးများ ကွေးညွတ်သွားသည်။

"တကယ်ကို နွေးထွေးနေသလို ခံစားရတယ်၊ ငါနင့်ကို မှားပြီး စွပ်စွဲမိတာပါ"

"မင်းကို့ကို မတရားစွပ်စွဲတဲ့အတွက် လျော်ကြေးမပေးသင့်ဘူးလား"

"ဒါဆို ဘာလျော်ကြေးလိုချင်လဲ"

"မင်းအပေါ်ပဲမူတည်ပါတယ်"

လင်းဇီချန်သည် ရှန်ချင်းဟန်၏သေးငယ်သောခြေဖဝါးလေးများကို ကစား၍ လျော်ကြေးရွေးချယ်ခွင့်ကို သူမကို ရွေးချယ်စေခဲ့သည်။

ရှန်ချင်းဟန် ခေတ္တခဏ တွေးပြီးနောက် ရယ်မောလိုက်ကာ အကြည့်များက စွဲမက်ဖွယ်ကောင်းလာသည်။

"ဒါဆို ငါ နင့်ရဲ့ ခွေးကလေးတစ်ကောင်လုပ်မယ် သခင်ဖြစ်ရတာကို ခံစားကြည့်ပါလား"

ထိုသို့ပြောပြီးနောက် သူမသည် လင်းဇီချန်၏ပေါင်ပေါ်မှထကာ လင်းဇီချန်ကို ကုတင်ပေါ်သို့ ညင်သာစွာ တွန်းလှဲလျက် သူမ၏ စေ့စပ်ထားသူအား ကျွမ်းကျင်စွာ ပြုစုပေးခဲ့သည်။

လင်းဇီချန်သည် သူ့မျက်လုံးများကိုမှိတ်ထား၍ သူ့ မိန်းကလေး၏ လျော်ကြေးကို တိတ်တဆိတ်ခံစားနေမိသည်။

ထိုအချိန်မှာပင်

မြေပြင်သည် သိသိသာသာ တုန်ခါမှုနှင့်အတူ ရုတ်တရက် တုန်ခါသွားသည်။

"ဘမ်း ဘမ်း ဘမ်း" ဟူသော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

စားပွဲပေါ်တင်ထားသော အရာဝတ္ထုများ တုန်ခါသွားကာ ကြည်လင်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"ငလျင်လား"

ရှန်ချင်းဟန် ရုတ်တရက်ထထိုင်လိုက်ကာ သူမ၏ လှပသောမျက်နှာထက်၌ ထိတ်လန့်မှုများပေါ်လာသည်။

လင်းဇီချန်သည် သူမထက် ပို၍ တည်ငြိမ်လျက် ကုတင်ပေါ်မှ အမြန်ထထိုင်လိုက်သည်။ သူမလက်ကို ချက်ချင်းဆွဲခေါ်ကာ အိပ်ဆောင်မှလွတ်မြောက်ရန် ခုန်ထွက်ရန် ကြံရွယ်၍ ပြတင်းပေါက်ဆီသို့ ပြေးသွားခဲ့သည်။

သို့သော် ၎င်းတို့ ပြတင်းပေါက်သို့ ရောက်သောအခါ ခုန်ထွက်မည့်အစား အံ့ဩသွားကြသည်။

အဘယ်ကြောင့်ဆိုသော် မြေငလျင်သည် ခြေဖဝါးအောက်ရှိ လှုပ်ခါမှုကြောင့်မဟုတ်ကြောင်း သိလိုက်ကြရသောကြောင့်ပင်ဖြစ်သည်။ သွေးနီရောင် ဧရာမသစ်ပင်ကြီးသည် မြို့လယ်ရှိ မြေဆီလွှာကို ဖြတ်၍ ကောင်းကင်သို့ ထိုးထွက်လာကာ မြေပြင်ကို လှုပ်ခါသွားစေသည်။

"ဘာဖြစ်နေတာလဲ၊ ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့ ဧရာမသစ်ပင်ကြီး ရုတ်တရက် ထွက်လာတာလဲ"

ရှန်ချင်းဟန်သည် သာမန်မျက်စိဖြင့် မြင်နိုင်သည့် မြင့်မားသော သစ်ပင်ကြီးကို စိုက်ကြည့်နေကာ မြို့လယ်တစ်ခုလုံးနီးပါး အရိပ်အောက် ဖုံးလွှမ်းနေသဖြင့် သူမမျက်နှာမှာ အံ့သြမှုနှင့် မယုံကြည်မှုများ ပြည့်နှက်နေသည်။ လင်းဇီချန်က သူမ၏မေးခွန်းကို မဖြေဘဲ မျက်မှောင်ကြုတ်၍ အလွန်စိတ်မသက်မသာဖြစ်နေသည်။

လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ယံမှ ဧရာမသစ်ပင်ကြီးကို မြင်လိုက်ရသည်။

"ဂမ္ဘီရသစ်ပင်ဂိုဏ်း" ဟူသော စကားစုသည် ချက်ချင်းပင် သူ့စိတ်ထဲတွင် ပေါ်လာသည်။

ဂမ္ဘီရသစ်ပင်ဂိုဏ်းက ရှန်ဟိုင်းမြို့ကို တိုက်ခိုက်နေတာလား။

ရည်ရွယ်ချက်ကဘာလဲ။

ဖျက်ဆီးဖို့သက်သက်ပဲလား။

ဒါမှမဟုတ်...ငါ့ကိုပစ်မှတ်ထားနေတာလား။

ဤသည်ကိုတွေးပြီးသည်နှင့် လင်းဇီချန်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

သို့သော် မကြာမီ သူ့အမူအရာ ပြေလျော့သွားသည်။

ဂမ္ဘီရသစ်ပင်ဂိုဏ်းက ဒီလောက်ကြီးတဲ့ လှုပ်ရှားမှုကို လုပ်တာဆို ငါ့ကိုဖမ်းဖို့မဟုတ်တာသေချာတယ်။

အခြား လှုံ့ဆော်မှုတွေရှိရမယ်။

ထိတ်လန့်စရာ မလိုပါဘူး…

သူ့ကိုယ်သူ နှစ်သိမ့်၍ စိတ်ခံစားချက်များကို တည်ငြိမ်စေရန် ကြိုးစားနေချိန် ရှန်ချင်းဟန်သည် ဂမ္ဘီရသစ်ပင်ဂိုဏ်းကြောင့် ဖြစ်နိုင်သည်ဟု သဘောပေါက်သောအခါ ရုတ်တရက် စိတ်ရှုပ်သွားသည်။ သူမက လင်းဇီချန်ကို လှည့်ကြည့်ကာ သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် စိုးရိမ်တကြီးပြောလိုက်သည်။

“သွားပြီ ဇီချန် ဧရာမသစ်ပင်ကြီးက သေချာပေါက် ဂမ္ဘီရသစ်ပင်ဂိုဏ်းကလုပ်တာပဲ”

“ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ အစွန်းရောက်တွေက နင့်ကို အကြိမ်ကြိမ်တိုက်ခိုက်ပြီး ဒီလောက်တန်ဖိုးထားနေတာ ဒီတစ်ခါတော့ နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး”

“နန်းဆောင်သခင်က မူလမြေကိုဝင်သွားပြီး ငါ့ဆရာလည်း မူလမြေရောက်နေတာ။ အရေးပါတဲ့လူတွေ အားလုံး မူလမြေရောက်နေကြပြီ။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက အစွန်းရောက်တွေ ရောက်လာရင် နင့်ကို ဘယ်သူမှကယ်နိုင်တော့မှာမဟုတ်ဘူး”

“ငါတို့ဘာလုပ်ကြမလဲ”

သူမက လင်းဇီချန်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ ဖမ်းဆီးသွားမည်ကို စိုးရိမ်ကြောက်ရွံ့လျက်ရှိရာ သူမဘေးတွင် လင်းဇီချန်မရှိ‌တော့မည့်ဘဝကို စိတ်ပင်မကူးနိုင်ဖြစ်နေသည်။ လင်းဇီချန်သာ အနားတွင်မရှိတော့ပါက သူမ အသက်ဆက်မရှင်နိုင်ဟု ခံစားမိသည်။ သူ့စကားကိုကြားသောအခါ လင်းဇီချန်က သူမကို နှစ်သိမ့်ပေးမည့်ပုံမပေါ်ဘဲ သူ၏အမူအရာကအလွန်ဆိုးရွားလာကာ နှလုံးသားတစ်ခုလုံးနစ်မြုပ်သွားခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ အစွမ်းထက်သော လူအားလုံးက သားရဲများကို သုတ်သင်ရန် မူလမြေသို့ဝင်ရောက်လာကြသည်။

ကမ္ဘာမြေသည် လွန်စွာ အားနည်းလာသည်။

ယခု ကမ္ဘာမြေကို ပစ်မှတ်ထားနေသည့် ဂမ္ဘီရသစ်ပင်ဂိုဏ်းအတွက်မူ ၎င်းကို ကြိုတင်ပြင်ဆင်ထားသော တိုက်ခိုက်မှုတစ်ခုမဟုတ်ဟု မသတ်မှတ်ရန် ခက်ခဲသည်။ တွေးမိသောအခါ ပို၍ပင် ကြောက်စရာကောင်းသည်မှာ၊ မူလမြေ၌ သားရဲများ ရုတ်တရက် ထွက်ပေါ်လာခြင်းသည်ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ လုပ်ရပ်ဖြစ်ကိုဖြစ်ရမည်ဖြစ်၏။

အခန်း(၃၇၀) ဂမ္ဘီရသစ်ပင်ဂိုဏ်း ဆင်းသက်ခြင်း ၃

ရည်ရွယ်ချက်မှာ ကမ္ဘာမြေသို့တိုက်ခိုက်မှုကို လွယ်ကူချောမွေ့စေရန် ကမ္ဘာမြေပေါ်ရှိ သန်မာသော သက်ရှိအားလုံးကို မြှားခေါ်ရန်ဖြစ်သည်။

ထိုအချိန်တွင် ဖုန်းမြည်သံက တစ်ပြိုင်နက် ပဲ့တင်ထပ်လာသည်။

လင်းဇီချန်၏ဖုန်းမြည်လာသည်။

သူ့ဖုန်းကိုထုတ်လိုက်သောအခါ ကျန်းဝမ်ရှင်းထံမှ ဖုန်းဝင်လာသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် များများစားစားစဥ်းစားခြင်းမရှိဘဲ တန်းဖြေလိုက်၏။

ထိုအခါ ကျန်းဝမ်ရှင်း၏ စိုးရိမ်မှုဖြင့် ပြည့်နှက်နေသော အသံထွက်ပေါ်လာသည်။

“ရှောင်ချန် အခု ငလျင်လှုပ်သွားတာ သားနဲ့ ဟန်ဟန်အဆင်ပြေရဲ့လား”

“မေမေ ဟန်ဟန်နဲ့ သားအဆင်ပြေပါတယ်။ ဖေဖေနဲ့ မေမေရောအဆင်ပြေလား”

“သားအဖေနဲ့ မေမေက အဆင်ပြေပါတယ်။ ဦးလေးရှန်နဲ့ အန်တီမုန့်တို့လည်း ဒီမှာပဲ။ အားလုံးအဆင်ပြေပါတယ်”

“အဲ့တာဆို တော်သေးတယ်” လင်းဇီချန်က သက်ပြင်းချလိုက်သည်။

“မေမေ သားနဲ့ဟန်ဟန် အိမ်ပြန်လာနေပြီ။ မကြာခင်ရောက်ကြမယ်” သူကဆက်ပြောသည်။

“လမ်းမှာ သတိထားနော်”

"ဟုတ်ကဲ့ပါ မေမေ၊ အခု ဖုန်းချလိုက်တော့မယ်"

"..."

ကျန်းဝမ်ရှင်း နှင့် ဖုန်းပြောပြီးနောက်

လင်းဇီချန်သည် အိပ်ဆောင်ထဲတွင် ကြာကြာမနေဘဲ ရှန်ချင်းဟန်ကို အမြန်ဆွဲခေါ်ကာ ပြတင်းပေါက်မှ ခုန်ချလျက် အရှိန်ပြင်းပြင်းဖြင့် သူ၏လူနေရပ်ကွက်ဆီသို့ ဦးတည်သွားခဲ့သည်။

ကြီးစွာသော ဘေးဒုက္ခကို ရင်ဆိုင်ရသောအခါတွင် သူသည် ၎င်းတို့ကို ကာကွယ်ရန် သူ့မိသားစုနှင့်အတူ နေချင်ခဲ့သည်။

...

မြို့လယ်။

ကောင်းကင်ယံထိ ထိုးထွက်နေသည့် နီမြန်းနေသော ဧရာမသစ်ပင်ကြီးများပေါ်တွင်

ရှန်းဟိုင်းတက္ကသိုလ်၏ ဦးတည်ရာဘက်သို့ ငေးကြည့်ရင်းဖြင့် ထိပ်နားတွင် ရပ်နေသော မိန်းကလေးက ပရောပရီအပြုံးမျိုးပြုံးလိုက်သည်။

“လင်းဇီချန် ရှင် ဒီတစ်ခါ ကျွန်မရဲ့ပုံရိပ်ယောင်နည်းပညာကို ခံနိုင်မလား”

ကမ်းရိုးတန်းသစ်တောတွင် သူမ နောက်ဆုံးပေါ်လာသောတစ်ခေါက်နှင့် နှိုင်းယှဉ်ပါက သူမ၏ရောင်ဝါက ယခုအခါ ပိုမိုအားကောင်းလာသည်။ သူမသည် အခြေခံအဆင့်ကိုဖြတ်ကျော်ကာ သခင်အဆင့်သို့ရောက်လာခဲ့သည်။ ထို့အပြင် အဆင့်မြင့်အဆင့်များတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ကြီးမြတ်သော ပြီးပြည့်ဆုံခြင်း နဝမအဆင့်တွင်ရောက်နေပြီဖြစ်သည်။

သူမ၏ သွေးစွမ်းအင်နှင့် ဝိဉာဥ်နှစ်ခုလုံးသည် ကြီးမြတ်သော ပြီးပြည့်စုံခြင်း နဝမအဆင့်တွင်ရှိနေသည်။ သူမက မိမိ၏ခွန်အားတွင် ယုံကြည်ချက်အပြည့်ဖြင့် လင်းဇီချန်ကို မူလမြေသို့ပြန်ခေါ်ဆောင်သွားရန် ယုံကြည်မှုပြည့်နေသည်။

သူ့ကိုမခေါ်ခင်၌ သူမက လင်းဇီချန်နှင့်အတူ ကြောင်နှင့်ကြွက်ကစားပွဲကို ကစားကာ စွမ်းအားမဲ့ခြင်း၏အဓိပ္ပါယ်ကို ခံစားခွင့်ပေးရန် စီစဥ်ထားသည်။

"မေမေ၊ မေမေ၊ အဟင့်…အင့်… အီး…"

နီမြန်းသော ကောင်းကင်ယံ၌ ကြီးမားသော သစ်ပင်ကြီးအောက်တွင် ကလေးမလေးတစ်ဦးသည် အပျက်အစီးများရှေ့တွင် ရပ်ကာ ငိုယိုကာ သူ့အမေကို လှမ်းခေါ်နေသည်။ မကြာသေးမီက ငလျင်လှုပ်ခတ်မှုအတွင်း သူမ၏မိခင်သည် အပျက်အစီးများအောက်၌ နစ်မြုပ်ခဲ့ကာ ယခုအခါ၌ တုံ့ပြန်မှုမရှိတော့ပေ။

နီမြန်းသော သစ်ပင်ကြီး၏ထိပ်တွင်ရှိနေသည့် ကြောင်နားရွက်များ်နှင့် ကလေးမလေးက အောက်ခြေရှိ ကလေးမ၏ ငိုသံကိုကြားလိုက်ရသည်။

ထို့နောက် သူမက အသံလာရာအောက်သို့ ငုံ့ကြည့်လိုက်သည်။

သူမမြင်လိုက်ရသည်မှာ လုံးလုံးလျားလျား အပျက်သဘောဆောင်နေသည့် မြင်ကွင်းပင်ဖြစ်သည်။ အော်ဟစ်ငိုယိုသံများက နေရာတိုင်းတွင်ရှိနေသည်။ ကောင်းကင်ယံထိ တိုးနေသော ဧရာမသစ်ပင်ကြီးပေါ်လာမှုသည် ရှန်ဟိုင်းမြို့လယ်ခေါင်ကို ဖျက်ဆီးလုနီးပါးဖြစ်စေကာ အသေအပျောက် များပြားခဲ့သည်။

"ဘယ်လောက်သနားစရာကောင်းလဲ..."

ခရမ်းရောင်နားရွက်ရှိသူ မိန်းကလေးက ခေါင်းယမ်းပြီးနောက် အတွေးတစ်ခုဖြင့် သူမ၏ခြေရင်းအောက်တွင် ခရမ်းရောင်အခင်းတစ်ခုပေါ်လာကာ ကလေးမလေးဘေးနားရှိ ဧရာမသစ်ပင်ခြေရင်းသို့ ချက်ချင်းသွားလိုက်သည်။ ကလေးမလေးငိုနေသည်ကိုမြင်သောအခါ ခရမ်းရောင်နားရွက်နှင့် ကောင်မလေးက သူ့အမေ ရုန်းထွက်နိုင်စေရန် ကူညီပေးခဲ့သည်။

သို့သော် ကလေးမလေး၏မိခင်က သေဆုံးနေပြီဖြစ်သည်။

ကလေးမလေးက ရှုကိ်ကြီးတငင်အော်ငိုနေ၏။ သို့သော် ကြောင်နားရွက်ရှိသူ မိန်းကလေး၏မျက်လုံးထဲတွင် ကလေးမလေး၏အမေက မသေသေးပေ။

နတ်အာရုံက မပျောက်ဆုံးသေးသရွေ့ သူမ သေပြီဟု ပြော၍မရနိုင်ပေ။

သူမက ကျောက်စိမ်းလက်ကို ဆန့်ထုတ်ကာ ကလေးမလေးမိခင်၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ပစ်ထည့်ပေးလိုက်သည်။ ဤသို့ဖြင့် ချက်ချင်းပင် သေခြင်းတရားမှ လွတ်မြောက်သွား၏။

“မြန်မြန်လုပ်..သွားတော့”

“ကျေးဇူးတင်ပါတယ် မမ.. ကျေးဇူးတင်ပါတယ် မမ”

ကြောင်နားရွက်ကောင်မလေးက ကမ္ဘာမြေမှလူသားများ ငိုယိုအော်ဟစ်နေကြသည်ကို ကြည့်နေ၏။ အတွေးတစ်ခုတည်းဖြင့် ဧရာမအခင်းကြီးက မြေပြင်မှ ကြွလာကာ နောက်အခိုက်အတန့်တွင် တစ်ကီလိုမီတာအတွင်း သက်ရှိသတ္တဝါအားလုံး ပျောက်ကွယ်သွားကာ အဝေးသို့သယ်သွားပေးလိုက်သည်။

ကောင်းကင်ယံသို့ထိုးထွက်နေသည့် နီမြန်းသော ဧရာမသစ်ပင်ကြီးက ပြောလိုက်၏။

“ဘာလို… မြေသားတွေကို ကယ်တာလဲ”

“ကျွန်မက ဘာလို့ မြေသားတွေကိုကယ်ရမှာလဲ”

“မင်း ကမ္ဘာမြေကို ကျူးကျော်တယ်ဆိုတာ… မြေသားတွေကို သတ်ပစ်ဖို့ပဲလေ”

"နားလည်မှုမလွဲပါနဲ့၊ ကျွန်မ ကမ္ဘာမြေကို ကျူးကျော်ဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ပါဘူး၊ ကျွန်မရဲ့ ရာဇပလ္လင်ကျွန်ကို ရှာဖို့ ရှင့် နေ-လအထွတ်အမြတ်မြေနဲ့အတူ ကမ္ဘာပေါ်လမ်းကြုံလိုက်လာတာ။ ဒီလောက်ပါပဲ”

“ငါတို့ နေ-လ အထွတ်အမြတ်မြေ ဒါမှမဟုတ် မင်းရဲ့ ရှေးစိမ်းလန်းတောင်ကုန်းဖြစ်ဖြစ် နှစ်ခုလုံးက မူလမြေကို ကိုယ်စားပြုတယ်”

“ကျွန်မတို့ ရှေးစိမ်းလန်းတောင်ကုန်းက ကြားနေပါပဲ။ ကျွန်မတို့မှာ ရည်မှန်းချက်မရှတာမို့ ကျွန်မတို့ရဲ့ရပ်တည်ချက်ကို တလွဲမပြောပါနဲ့”

All Chapters