အပိုင်း ၃၇၀-၃၇၂
Vol. 25 Ch. 370-372
အခန်း(၃၇၀) ဂမ္ဘီရသစ်ပင်ဂိုဏ်း ဆင်းသက်ခြင်း ၃
ရည်ရွယ်ချက်မှာ ကမ္ဘာမြေသို့တိုက်ခိုက်မှုကို လွယ်ကူချောမွေ့စေရန် ကမ္ဘာမြေပေါ်ရှိ သန်မာသော သက်ရှိအားလုံးကို မြှားခေါ်ရန်ဖြစ်သည်။
ထိုအချိန်တွင် ဖုန်းမြည်သံက တစ်ပြိုင်နက် ပဲ့တင်ထပ်လာသည်။
လင်းဇီချန်၏ဖုန်းမြည်လာသည်။
သူ့ဖုန်းကိုထုတ်လိုက်သောအခါ ကျန်းဝမ်ရှင်းထံမှ ဖုန်းဝင်လာသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် များများစားစားစဥ်းစားခြင်းမရှိဘဲ တန်းဖြေလိုက်၏။
ထိုအခါ ကျန်းဝမ်ရှင်း၏ စိုးရိမ်မှုဖြင့် ပြည့်နှက်နေသော အသံထွက်ပေါ်လာသည်။
“ရှောင်ချန် အခု ငလျင်လှုပ်သွားတာ သားနဲ့ ဟန်ဟန်အဆင်ပြေရဲ့လား”
“မေမေ ဟန်ဟန်နဲ့ သားအဆင်ပြေပါတယ်။ ဖေဖေနဲ့ မေမေရောအဆင်ပြေလား”
“သားအဖေနဲ့ မေမေက အဆင်ပြေပါတယ်။ ဦးလေးရှန်နဲ့ အန်တီမုန့်တို့လည်း ဒီမှာပဲ။ အားလုံးအဆင်ပြေပါတယ်”
“အဲ့တာဆို တော်သေးတယ်” လင်းဇီချန်က သက်ပြင်းချလိုက်သည်။
“မေမေ သားနဲ့ဟန်ဟန် အိမ်ပြန်လာနေပြီ။ မကြာခင်ရောက်ကြမယ်” သူကဆက်ပြောသည်။
“လမ်းမှာ သတိထားနော်”
"ဟုတ်ကဲ့ပါ မေမေ၊ အခု ဖုန်းချလိုက်တော့မယ်"
"..."
ကျန်းဝမ်ရှင်း နှင့် ဖုန်းပြောပြီးနောက်
လင်းဇီချန်သည် အိပ်ဆောင်ထဲတွင် ကြာကြာမနေဘဲ ရှန်ချင်းဟန်ကို အမြန်ဆွဲခေါ်ကာ ပြတင်းပေါက်မှ ခုန်ချလျက် အရှိန်ပြင်းပြင်းဖြင့် သူ၏လူနေရပ်ကွက်ဆီသို့ ဦးတည်သွားခဲ့သည်။
ကြီးစွာသော ဘေးဒုက္ခကို ရင်ဆိုင်ရသောအခါတွင် သူသည် ၎င်းတို့ကို ကာကွယ်ရန် သူ့မိသားစုနှင့်အတူ နေချင်ခဲ့သည်။
...
မြို့လယ်။
ကောင်းကင်ယံထိ ထိုးထွက်နေသည့် နီမြန်းနေသော ဧရာမသစ်ပင်ကြီးများပေါ်တွင်
ရှန်းဟိုင်းတက္ကသိုလ်၏ ဦးတည်ရာဘက်သို့ ငေးကြည့်ရင်းဖြင့် ထိပ်နားတွင် ရပ်နေသော မိန်းကလေးက ပရောပရီအပြုံးမျိုးပြုံးလိုက်သည်။
“လင်းဇီချန် ရှင် ဒီတစ်ခါ ကျွန်မရဲ့ပုံရိပ်ယောင်နည်းပညာကို ခံနိုင်မလား”
ကမ်းရိုးတန်းသစ်တောတွင် သူမ နောက်ဆုံးပေါ်လာသောတစ်ခေါက်နှင့် နှိုင်းယှဉ်ပါက သူမ၏ရောင်ဝါက ယခုအခါ ပိုမိုအားကောင်းလာသည်။ သူမသည် အခြေခံအဆင့်ကိုဖြတ်ကျော်ကာ သခင်အဆင့်သို့ရောက်လာခဲ့သည်။ ထို့အပြင် အဆင့်မြင့်အဆင့်များတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ကြီးမြတ်သော ပြီးပြည့်ဆုံခြင်း နဝမအဆင့်တွင်ရောက်နေပြီဖြစ်သည်။
သူမ၏ သွေးစွမ်းအင်နှင့် ဝိဉာဥ်နှစ်ခုလုံးသည် ကြီးမြတ်သော ပြီးပြည့်စုံခြင်း နဝမအဆင့်တွင်ရှိနေသည်။ သူမက မိမိ၏ခွန်အားတွင် ယုံကြည်ချက်အပြည့်ဖြင့် လင်းဇီချန်ကို မူလမြေသို့ပြန်ခေါ်ဆောင်သွားရန် ယုံကြည်မှုပြည့်နေသည်။
သူ့ကိုမခေါ်ခင်၌ သူမက လင်းဇီချန်နှင့်အတူ ကြောင်နှင့်ကြွက်ကစားပွဲကို ကစားကာ စွမ်းအားမဲ့ခြင်း၏အဓိပ္ပါယ်ကို ခံစားခွင့်ပေးရန် စီစဥ်ထားသည်။
"မေမေ၊ မေမေ၊ အဟင့်…အင့်… အီး…"
နီမြန်းသော ကောင်းကင်ယံ၌ ကြီးမားသော သစ်ပင်ကြီးအောက်တွင် ကလေးမလေးတစ်ဦးသည် အပျက်အစီးများရှေ့တွင် ရပ်ကာ ငိုယိုကာ သူ့အမေကို လှမ်းခေါ်နေသည်။ မကြာသေးမီက ငလျင်လှုပ်ခတ်မှုအတွင်း သူမ၏မိခင်သည် အပျက်အစီးများအောက်၌ နစ်မြုပ်ခဲ့ကာ ယခုအခါ၌ တုံ့ပြန်မှုမရှိတော့ပေ။
နီမြန်းသော သစ်ပင်ကြီး၏ထိပ်တွင်ရှိနေသည့် ကြောင်နားရွက်များ်နှင့် ကလေးမလေးက အောက်ခြေရှိ ကလေးမ၏ ငိုသံကိုကြားလိုက်ရသည်။
ထို့နောက် သူမက အသံလာရာအောက်သို့ ငုံ့ကြည့်လိုက်သည်။
သူမမြင်လိုက်ရသည်မှာ လုံးလုံးလျားလျား အပျက်သဘောဆောင်နေသည့် မြင်ကွင်းပင်ဖြစ်သည်။ အော်ဟစ်ငိုယိုသံများက နေရာတိုင်းတွင်ရှိနေသည်။ ကောင်းကင်ယံထိ တိုးနေသော ဧရာမသစ်ပင်ကြီးပေါ်လာမှုသည် ရှန်ဟိုင်းမြို့လယ်ခေါင်ကို ဖျက်ဆီးလုနီးပါးဖြစ်စေကာ အသေအပျောက် များပြားခဲ့သည်။
"ဘယ်လောက်သနားစရာကောင်းလဲ..."
ခရမ်းရောင်နားရွက်ရှိသူ မိန်းကလေးက ခေါင်းယမ်းပြီးနောက် အတွေးတစ်ခုဖြင့် သူမ၏ခြေရင်းအောက်တွင် ခရမ်းရောင်အခင်းတစ်ခုပေါ်လာကာ ကလေးမလေးဘေးနားရှိ ဧရာမသစ်ပင်ခြေရင်းသို့ ချက်ချင်းသွားလိုက်သည်။ ကလေးမလေးငိုနေသည်ကိုမြင်သောအခါ ခရမ်းရောင်နားရွက်နှင့် ကောင်မလေးက သူ့အမေ ရုန်းထွက်နိုင်စေရန် ကူညီပေးခဲ့သည်။
သို့သော် ကလေးမလေး၏မိခင်က သေဆုံးနေပြီဖြစ်သည်။
ကလေးမလေးက ရှုကိ်ကြီးတငင်အော်ငိုနေ၏။ သို့သော် ကြောင်နားရွက်ရှိသူ မိန်းကလေး၏မျက်လုံးထဲတွင် ကလေးမလေး၏အမေက မသေသေးပေ။
နတ်အာရုံက မပျောက်ဆုံးသေးသရွေ့ သူမ သေပြီဟု ပြော၍မရနိုင်ပေ။
သူမက ကျောက်စိမ်းလက်ကို ဆန့်ထုတ်ကာ ကလေးမလေးမိခင်၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ပစ်ထည့်ပေးလိုက်သည်။ ဤသို့ဖြင့် ချက်ချင်းပင် သေခြင်းတရားမှ လွတ်မြောက်သွား၏။
“မြန်မြန်လုပ်..သွားတော့”
“ကျေးဇူးတင်ပါတယ် မမ.. ကျေးဇူးတင်ပါတယ် မမ”
ကြောင်နားရွက်ကောင်မလေးက ကမ္ဘာမြေမှလူသားများ ငိုယိုအော်ဟစ်နေကြသည်ကို ကြည့်နေ၏။ အတွေးတစ်ခုတည်းဖြင့် ဧရာမအခင်းကြီးက မြေပြင်မှ ကြွလာကာ နောက်အခိုက်အတန့်တွင် တစ်ကီလိုမီတာအတွင်း သက်ရှိသတ္တဝါအားလုံး ပျောက်ကွယ်သွားကာ အဝေးသို့သယ်သွားပေးလိုက်သည်။
ကောင်းကင်ယံသို့ထိုးထွက်နေသည့် နီမြန်းသော ဧရာမသစ်ပင်ကြီးက ပြောလိုက်၏။
“ဘာလို… မြေသားတွေကို ကယ်တာလဲ”
“ကျွန်မက ဘာလို့ မြေသားတွေကိုကယ်ရမှာလဲ”
“မင်း ကမ္ဘာမြေကို ကျူးကျော်တယ်ဆိုတာ… မြေသားတွေကို သတ်ပစ်ဖို့ပဲလေ”
"နားလည်မှုမလွဲပါနဲ့၊ ကျွန်မ ကမ္ဘာမြေကို ကျူးကျော်ဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ပါဘူး၊ ကျွန်မရဲ့ ရာဇပလ္လင်ကျွန်ကို ရှာဖို့ ရှင့် နေ-လအထွတ်အမြတ်မြေနဲ့အတူ ကမ္ဘာပေါ်လမ်းကြုံလိုက်လာတာ။ ဒီလောက်ပါပဲ”
“ငါတို့ နေ-လ အထွတ်အမြတ်မြေ ဒါမှမဟုတ် မင်းရဲ့ ရှေးစိမ်းလန်းတောင်ကုန်းဖြစ်ဖြစ် နှစ်ခုလုံးက မူလမြေကို ကိုယ်စားပြုတယ်”
“ကျွန်မတို့ ရှေးစိမ်းလန်းတောင်ကုန်းက ကြားနေပါပဲ။ ကျွန်မတို့မှာ ရည်မှန်းချက်မရှတာမို့ ကျွန်မတို့ရဲ့ရပ်တည်ချက်ကို တလွဲမပြောပါနဲ့”
အခန်း(၃၇၁) ကျောင်းတစ်ခုလုံး စုဝေးပွဲ
"မေမေ၊ မေမေ၊ အဟင့်…အဟင့်..."
ကလေးမလေးက ငိုယိုနေဆဲဖြစ်ကာ မြေခွေးနားရွက်မိန်းကလေး၏ တည်ရှိမှုကို လုံးလုံးလျားလျား သတိထားခြင်းမရှိပေ။ မြေခွေးနားရွက် မိန်းကလေးက သူမကိုကြည့်၍ သူမ၏ ခန္ဓာကိုယ်သေးသေးလေးတွင် သွေးစိမ်းများဖြင့် ဖုံးလွှမ်းနေကာ ဒဏ်ရာများမှ သွေးများထွက်နေသည်ကို သတိပြုမိသည်။
ဒဏ်ရာများက မပြင်းထန်သော်လည်း အပေါ်ယံမှကြည့်လျှင် ကုသပြီးသည်နှင့် အမာရွတ်များ ချန်ရစ်ခဲ့နိုင်ဖွယ်ရှိသည်။
“မငိုနဲ့တော့.. ပါးစပ်ဟ”
မြေခွေးနားရွက်မိန်းကလေးက ကလေးမလေးကို ခပ်တိုးတိုးပြောလိုက်သည်။ ကလေးမလေးက သူမကို လျစ်လျူရှု့ကာ အထိန်းအကွပ်မဲ့ငိုကြွေးလျက် အမေဖြစ်သူကိုသာ ခေါ်နေသည်။
မြေခွေးနားရွက်မိန်းကလေးက စိတ်ရှည်သည်းခံနိုင်စွမ်းအနည်းငယ်သာရှိ၍ ကလေးမလေး၏ ဝိဉာဥ်ကို ချက်ချင်းထိန်းချုပ်ကာ သူမ၏မျက်လုံးများမှ ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာသည်။
ထို့နောက်
“မငိုနဲ့တော့ ပါးစပ်ဟစမ်း” ဟု ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်သည်။
သူမ၏ စကားသံများထွက်ပေါ်လာသောအခါ ငိုသံက ရပ်တန့်သွားသည်။ ကလေးမလေးက အမိန့်ကိုနာခံကာ ပါးစပ်ကို ကြောင်အစွာဖြင့်ဖွင့်လိုက်သည်။
မြေခွေးနားရွက်မိန်းကလေးက ကျောက်စိမ်းလက်ကိုမြှောက်လိုက်ကာ ကလေးမလေး၏ ပါးစပ်ထဲသို့ ဆေးကို ပစ်ထည့်လိုက်သည်။ ဆေးသည် မထိတွေ့ခင်၌ပင် ပျော်ဝင်သွားကာ ကလေးမလေး၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို ချက်ချင်း သက်သာပျောက်ကင်းစေ၍ ပျက်စီးနေသော အသားအရေကို ၎င်း၏ အပြစ်ကင်းစင်သော အခြေအနေသို့ ပြန်လည်ရောက်ရှိစေသည်။
ထို့နောက်တွင်၊ မြေခွေးနားရွက်ရှိသော မိန်းကလေးက သူမ၏ဝိညာဉ်ရေးစွမ်းအားကို ရှေ့ရှိအပျက်အစီးများထဲသို့ ဖြန့်ကျက်ကာ ကလေးမလေး၏မိခင်ကို ရှာဖွေခဲ့သည်။
နှစ်စက္ကန့်မပြည့်မီတွင် အပျက်အစီးများအတွင်းမှ လူတစ်ယောက်ကို သူမတွေ့ရှိခဲ့သည်။
ယင်းသည်ကား အမျိုးသမီးငယ်တစ်ဦးဖြစ်ခဲ့သည်။
အမျိုးသမီး၏ ရင်ဘတ်ကို သံမဏိချောင်းက ထိုးဖောက်နေကာ သွေးအလွန်အကျွံထွက်နေခြင်းကြောင့် သတိလစ်သွားခဲ့သည်။
သူမဘဝအဆုံးသတ်သွားသည်မှာ မကြာသေးပေ။
ပြီးပြည့်စုံသောသေခြင်း။
အတွေးတစ်ခုဖြင့် မြေခွေးနားရွက်မိန်းကလေးသည် အမျိုးသမီး၏အောက်တွင် ပို့ဆောင်ရေးအစီအရင်တစ်ခုကို ဖန်တီးကာ အပျက်အစီးများထဲမှ သူမကို ထုတ်၍ ပို့ဆောင်လိုက်သည်။
ထို့နောက် အမျိုးသမီး၏ ပါးစပ်ထဲသို့ ဆေးတစ်လုံး ပစ်ထည့်လိုက်၏။ ဆေးကို မြိုချလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ဒဏ်ရာများက သိသိသာသာလျင်မြန်စွာ သက်သာလာခဲ့သည်။
သူမ၏ ဖြူဖျော့နေသော မျက်နှာက တဖြည်းဖြည်း နီမြန်းလာသည်။
ဤသို့ဖြင့် သူမသည် သေခြင်း၏အစွန်းသတ်မှ အောင်မြင်စွာလွတ်မြောက်ခဲ့သည်။ ထိုအမျိုးသမီး အန္တရာယ်မှ ကင်းလွတ်သွားသည်ကို မြင်လိုက်ရသဖြင့် မြေခွေးနားရွက်ရှိသော မိန်းကလေးသည် အနီးနားရှိ အခြားလူများကို အာရုံစိုက်လာခဲ့သည်။
တစ်ချက်ကြည့်လိုက်ပြီးနောက် ကြေကွဲဖွယ်မြင်ကွင်းကို သူမမြင်လိုက်ရ၏။
နေရာတိုင်းတွင် အပျက်အစီးများ ပြည့်နေသည်။
မြေသားများက သေလျှင်သေ မသေလျှင် ဒဏ်ရာရထားကြသည်။
ငိုကြွေးသံများ၊ ညည်းညူသံများ၊ အော်ဟစ်သံများ…နှင့် အခြားသော အသံမျိုးစုံတို့က သူမ၏နားထဲသို့
အဆက်မပြတ်ဝင်ရောက်လာသည်။ မြေခွေးနားရွက်ရှိသော မိန်းကလေးက ခဏတာတိတ်ဆိတ်စွာရပ်နေကာ သူမ၏နှလုံးသားထဲတွင် ကြင်နာသနားစိတ်များ လွှမ်းခြုံထားသည်။
ထို့နောက် သူမ၏ ဝိညာဉ်ရေးစွမ်းအားများ မြင့်တက်လာကာ မီတာရာဂဏန်းအတွင်း ကြီးမားသော ပို့ဆောင်ရေးအစီအရင်တစ်ခုကို ဖန်တီး၍ ၎င်းပေါ်ရှိ မြေသားများအားလုံးကို ဘေးကင်းသောနေရာသို့ ပို့ဆောင်ပေးခဲ့သည်။
ဤအရာများအားလုံးပြီးသောအခါ မြေခွေးနားရွက်မိန်းကလေးက ရုတ်တရက် မူးဝေမှဒကို ခံစားလိုက်ရ၍
သူမ၏ ခန္ဓာကိုယ် အားနည်းသွားကာ ခြေလှမ်းအနည်းငယ် နောက်သို့ ပြန်ဆုတ်သွားသည်။
စွမ်းအင်အသုံးပြုမှုက ကြီးမားလွန်းလှသဖြင့် သူမ၏ ခန္ဓာကိုယ်က ယင်းကို မထောက်ပံ့နိုင်သေးပေ။
ထို့အပြင် ယင်းကို လွယ်ကူစေနိုင်သည့် ဆေးများရှိသည်။
မြေခွေးနားရွက်ရှိသူ မိန်းကလေးက သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် အပြာရောင်ဆေးပြားကို ထုတ်ကာ ချက်ချင်း မျိုချလိုက်သည်။ အပြာရောင်ဆေးပြားသည် နွေးထွေးသော အပြာရောင်စွမ်းအင်စီးကြောင်းအဖြစ်ပြောင်းလဲလျက်
သူမ၏ ဦးနှောက်၏ နက်နဲရာဆီသို့ ချောမွေ့စွာ စီးဆင်းသွားကာ သူမ၏ဝိဉာဥ်စွမ်းအင်များကို တိုးမြှင့်ပေးလိုက်သည်။
စက္ကန့်ပိုင်းမျှအကြာတွင် ယခင်က မူးဝေနေသည့် မြေခွေးနားရွက်ရှိသူ မိန်းကလေးက အင်အားနည်းသည့် လက္ခဏာများ ပျောက်ကွယ်သွားကာ ချက်ချင်းပင် စိတ်စွမ်းအင်များ မြင့်တက်လာသည်။
“ဘာလို့ မြေသားတွေကို ကယ်ချင်တာလဲ…”
အနောက်မှ နီမြန်းသော သစ်ပင်ကြီးဆီမှ ရက်စက်ကြမ်းကြုတ်သော လူသားမျက်နှာက ဖြည်းညှင်းစွာ ပေါ်လွင်လာကာ ၎င်း၏ မျက်လုံးများသည် မြေခွေးနားရွက်မိန်းကလေးကို ကြည့်လျက် စိတ်ရှုပ်ထွေးနေသော အသံဖြင့်မေးလိုက်သည်။
ထို့နောက် မြေခွေးနားရွက်ရှိသူမိန်းကလေးက မေးခွန်းကို မဖြေဘဲ ‘ဘာလို့ မြေသားတွေကိုသတ်ရမှာလဲ”ဟု တုံ့ပြန်လိုက်သည်။
“မင်း ဒီကမ္ဘာမြေကိုကျူးကျော်လာပြီဆိုတော့ သဘာဝအတိုင်း… မင်း မြေသားတွေကို သတ်ပစ်ရမယ်..”
“ကျွန်မကို အထင်မလွဲနဲ့။ ကျွန်မက နေ-လ အထွတ်အမြတ်မြေက ရှင်တို့နဲ့မတူဘူး။
ကမ္ဘာကို ကျူးကျော်ဖို့ ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ကျွန်မရဲ့ အိပ်ဖော်ကိုရှာဖို့ ကမ္ဘာမြေကို လမ်းကြုံလိုက်လာတာ။ ဒီ့ထက် ဘာမှမပိုဘူး”
“ငါတို့ နေ-လအထွတ်အမြတ်မြေပဲဖြစ်ဖြစ် မင်းရဲ့ ရှေးစိမ်းလန်းတောင်တန်းပဲဖြစ်ဖြစ်
ငါတို့အားလုံးဟာ မူလမြေကို ကိုယ်စားပြုတယ်..."
"ကျွန်မတို့ ရှေးစိမ်းလန်းတောင်တန်းက ရည်မှန်းချက်မရှိတဲ့ ကြားနေတွေပဲမို့လို့ ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို
တလွဲမပြောပါနဲ့"
...
ရှန်ဟိုင်းတက္ကသိုလ်။
မိသားစုနယ်မြေ။
လင်းဇီချန်အိမ်ပြန်ရောက်လာသည်နှင့် သူ့မိဘများက အမြန်ထ၍ နှုတ်ဆက်ကာ ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့ ဒဏ်ရာရခဲ့သည်မရခဲ့သည်ကိုမေးသည်။
"ဖေဖေ၊ မေမေ၊ ဟန်ဟန်နဲ့ သား နှစ်ယောက်စလုံး သွေးမျိုးဆက်စွမ်းအားအဆင့်ထိ တိုးတက်လာပြီ။
အိမ်ပြိုကျရင်တောင် သားတို့ရဲ့ ခန္ဓာကိုယ်က ဓားနဲ့လှံတွေကို ခုခံနိုင်စွမ်းမရှိဘူးမို့ ထိခိုက်ဒဏ်ရာရမှာမဟုတ်ပါဘူး” လင်းဇီချန်က ပြုံး၍ပြောလိုက်သည်။
ကျန်းဝမ်ရှင်းက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“တကယ်လို့ အိမ်ပြိုကျရင်တောင် သားတို့ကို မထိခိုက်စေဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ သားက ဘာလို့ ဒီလို မကောင်းပြောရတာလဲ”
"သားက အမှန်အတိုင်းပြောတာ" လင်းယန်ရှန်က ကြားဖြတ်ပြောလိုက်သည်။
ကျန်းဝမ်ရှင်းက သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်၏။
“ကျွန်မတို့သားကို စိတ်ပူလို့ပြောနေတာ ရှင်က ဘာတွေလာငြင်းနေတာလဲ”
ကျန်းဝမ်ရှင်းက လင်းယန်ရှန်ကို စိုက်ကြည့်နေစဥ် လင်းဇီချန်က ကျန်းဝမ်ရှင်း၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်လိုက်သည်။
နှစ်တစ်ဝက်ခန့်ကုန်သွားပြီဖြစ်ကာ ကိုယ်ဝန်ရှိနေပြီဖြစ်သော ကျန်းဝမ်ရှင်း၏ ဝမ်းဗိုက်က သိသိသာသာ ဖောင်းလာသဖြင့် မွေးရန် လေးလမျှသာ လိုနိုင်တော့သည်။
ရိုးရှင်းသော သုံးယောက်ရှိသည့် မိသားစုသည် ၎င်းတို့၏ မိသားစုဝင်အသစ်ကို ကြိုဆိုကြရတော့မည်ဖြစ်သည်။
ယင်းက ညီလေးဖြစ်မည်လား ညီမလေးဖြစ်မည်လားကို သူမသိပေ။
ညီမလေးဖြစ်ဖို့ မျှော်လင့်ပါတယ်…
လင်းဇီချန်က တွေး၏။
...
ထို့နောက် မိသားစုနှစ်စုသည် ဧည့်ခန်းထဲတွင် အတူတကွထိုင်ကာ မြို့လယ်တွင် ရုတ်တရက်ပေါ်လာသော သွေးနီရောင် သစ်ပင်အကြောင်း စိုးရိမ်သောကမျက်နှာများဖြင့် စတင် ဆွေးနွေးကြသည်။
လင်းဇီချန်သည် အချိန်ကြာကြာ မဆွေးနွေးဘဲ အိမ်မှ အမြန်ထွက်ခွာကာ မိသားစု အဆောက်အဦး၏ ခေါင်မိုးထိပ်သို့တက်လိုက်သည်။
မြင့်မားသောနေရာမှနေ၍ ကောင်းကင်မျက်လုံးကိုအသုံးပြု၍ကြည့်လိုက်သဖြင့် မြို့လယ်ရှိ သွေးနီရောင်ဧရာမသစ်ပင်ကြီးကိုမြင်နိုင်သဖြင့် လက်ရှိအခြေအနေကို မြင်နိုင်သည်။
ရှန်ချင်းဟန်သည် သူ ခေါင်မိုးပေါ်တက်သွားသည်ကို မြင်လိုက်ရသဖြင့် မဆိုင်းမတွ နောက်ကလိုက်သွားသည်။
ခေါင်မိုးပေါ်ရောက်သည်နှင့်
လင်းဇီချန်သည် မိသားစုအဆောက်အအုံ၏ အမြင့်ဆုံးနေရာရှိ ရေမျှော်စင်ပေါ်သို့ ခုန်တက်ကာ
မိုင်ပေါင်းများစွာဝေးသော မြို့လယ်ခေါင်ကို တိတ်တဆိတ် ငေးကြည့်နေသည်။
ကောင်းကင်မျက်လုံး၏ အကျိုးသက်ရောက်မှုက သူ့အမြင်အာရုံကို အားကောင်းစေသောကြောင့် ထိုနေရာမှ အရာအားလုံးကို အသေးစိတ် ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။
သွေးနီရောင်ဧရာမသစ်ပင်ကြီဂက တိမ်များပေါ်ထိ ထူထဲစွာ မြင့်တက်နေသည်ဖြစ်ရာ
များစွာသော အပျက်အစီးများသည် သစ်ပင်အောက်တွင် တည်ရှိနေသည်။
စက်ရုပ်လူသားများသည် အနီးတစ်ဝိုက်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ အလုပ်များနေကြ၏။
အခန်း( ၃၇၂) ကျောင်းတစ်ခုလုံး စုဝေးပွဲ ၂
ငါ့မျက်စိရှေ့က မြင်ကွင်းတွေကတော့ ပုံမှန်အတိုင်းပါပဲ
သို့သော် မကြာလှခင်၌ လင်းဇီချန်က တစ်စုံတစ်ခု လွဲမှားနေသည်ကိုသတိထားမိလိုက်သည်။
‘မြို့တော်မှာ ဒီလောက်ကြီးမားတဲ့မတော်တဆမှုဖြစ်လာတာတောင် ဘာလို့ ဒီလောက်တောင် အသေအပျောက်နည်းနည်းပဲရှိတာလဲ’
ဘာတွေဖြစ်နေတာလဲ
လင်းဇီချန်က ဤအရာကို အလွန် အံ့သြလျက်ရှိသည်။
...
ထိုအချိန်၌ မြို့လယ်ခေါင်တွင်
ကယ်ဆယ်ရေး လုပ်ငန်းအတွက် တာဝန်ရှိသော စက်ရုပ် လူသားများမှာလည်း စိတ်ရှုပ်ထွေးနေကြသည်။
အဆိုးရွားဆုံး ပျက်စီးနေသည့် နေရာဖြစ်သည့် အနီရောင်ဧရာမသစ်ပင်ကြီး အောက်ရှိဧရိယာတွင် အဘယ်ကြောင့် ထိခိုက်သေဆုံးမှု များများစားစားမရှိသနည်း။
ဤသည်က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော် ထူးခြားသည်မှာ စက်ရုပ်လူသားများက ဤပြဿနာကို အလွန်အကျူးမတွေးနေကြဘဲ နီမြန်းသော သစ်ပင်ကြီးက နောက်ထပ် လှုပ်ရှားမှုကို ပြုလုပ်ပါက ထပ်မံဖြစ်လာမည့် အသေအပျောက်များကို လျှော့ချနိုင်ရန် နိုင်ငံသားများကို ရွှေ့ပြောင်းရာ၌ အလုပ်များနေကြသည်။
“ဆန်းကြယ်ရုက္ခဗေဒပညာရှင် ပရော်ဖက်ဆာဟွမ်ရောက်လာဖို့ အချိန်ဘယ်လောက်ကြာမလဲ”
ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်နေသည့် စက်ရုပ်လူသားအမျိုးသားတစ်ဦးက ဘေးနားရှိ အမျိုးသမီးတစ်ဦးကိုမေးလိုက်သည်။
“သူဒီကို ဆယ်မိနစ်လောက်ကြာရင်ရောက်လိမ့်မယ်”
“စစ်တပ်အထောက်အပံ့တွေကရော”
“အဲ့တာတွေကတော့ ငါးမိနစ်မကြာခင်ရောက်ပါလိမ့်မယ်”
“စစ်တပ်က ဘယ်လောက်တပ်ဖြန့်ထားလဲ”
"ချန်ကျန့်၊ ချန်ကျိုး၊ နန့်ကွမ်း၊ သောင်ရှန်း၊ ဟိုက်ယွမ်နဲ့ ကျန်းဟိုက် စုစုပေါင်း တပ်ခြောက်ခု တပ်ဖြန့်ထားပြီး
စစ်ခရိုင်ဌာနချုပ်က မြို့လယ်ကို အလျင်အမြန် ချဥ်းကပ်နေပါပြီ”
စက်ရုပ်လူသားအမျိုးသမီးက တိကျစွာတုံ့ပြန်ခဲ့သည်။ စက်ရုပ်လူသားအမျိုးသားက ခေါင်းညိတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ရန် စက်ရုပ်လူသားများအဖွဲ့ကို ဦးဆောင်ခဲ့သည်။
...
မြို့လယ်ရှိ မြင်ကွင်းများအားလုံးနှင့် အသံများအားလုံးကို လင်းဇီချန်က ကြားနေရသည်။ သို့သော် သူက ၎င်းကို လုံးလုံဂလျားလျား အာရုံမစိုက်ထားခဲ့ပေ။ ယခုအချိန်တွင် သူ၏ အာရုံစူးစိုက်မှုက ဧရာမအနီရောင်သစ်ပင်ကြီးပေါ်တွင် ရှိနေကြသည်။
ဧရာမသစ်ပင်ကြီး၏ အမြင့်သည် ခန့်မှန်းချက်အားဖြင့် တစ်ကီလိုမီတာကျော် ကြီးမားသည်။
၎င်းသည် ချန်ကျိုးမြို့ရှိ “ရှောင်မန်ယောင်း”ထက် နှစ်ဆမြင့်သည်။
အချင်းမီတာတစ်ရာရှိကာ မီတာလေးရာ ညီမျှလုနီးပါး ဧရိယာကို လွှမ်းခြုံထားသောကြောင့် လုံးဝ အံ့သြဖွယ်ကောင်းနေလှသည်။
အပေါ်ရှိ ဖြာထွက်နေသော အရွက်များက စတုရန်းမီတာ ဆယ်သန်းကျော်ကျယ်ဝန်းလှကာ အပင်ခြေရင်းထက် အဆတစ်ထောင်ကျော်ထိ ဆန့်ထွက်လျက်ရှိသဖြင့် မြို့လယ်တစ်ခုလုံးက ထူးဆန်းနီမြန်းသော အရိပ်အောက်တွင် လွှမ်းခြုံနေသည်။
၎င်းက ကောင်းကင်ယံကို ဖုံးကွယ်ထားသဖြင့် ကြောက်မက်ဖွယ်အမှောင်ထုကို ကျန်ခဲ့စေသည်။ ဤသည်က လူတစ်ယောက်ကို အလွန်အမင်း စိတ်မသက်မသာဖြစ်စေနိုင်၏။ လင်းဇီချန်သည် မြို့လယ်ရှိ ဧရာမသစ်ပင်ကိုကြည့်လျက် မျက်နှာထက်တွင် လေးနက်သောအမူအရာပေါ်လာသည်။
သစ်ပင်တစ်ပင်က မြို့လယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။
လူသားတစ်ဦးအဖြစ် ဆယ့်ကိုးနှစ်တာကာလအတွင်း ဤမျှ ကြီးမားသည့်အရာများကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ ကောင်းကင်နှင့်နေကို ဖုံးလွှမ်းထားနိုင်သည်အထိ ဤမျှကြီးသည်မှာ ဒဏ္ဍာရီထဲရှိ ခွန်ဖန်းသစ်ပင်သာရှိနိုင်သည်။
“ဇီချန် မြို့လယ်က သစ်ပင် အရမ်းကြီးတယ်။ အဲ့တာ သွေးမျိုးဆက်စွမ်းအားဘယ်အဆင့်လောက်ရှိနိုင်လဲ”
ရှန်ချင်းဟန်က မျက်မှောင်အနည်းငယ် ကြုတ်၍ လွယ်ကူလိမ့်မည်မဟုတ်ဟု ခံစားနေမိသည်။
စကားပြောပြီးနောက် သူမက တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
“ငါတို့ ရှန်ဟိုင်းမှာ ဆက်နေလို့မရတော့ဘူးထင်တယ်။ ဖေဖေနဲ့မေမေကို ခေါ်သွားပြီး ထွက်သွားကြမလား”
လင်းဇီချန်က ခေါင်းခါလိုက်သည်။
“ကိုတို့ ခဏပဲပြေးလို့ရမယ် ထာဝရတော့မဖြစ်နိုင်ဘူး”
“ရှန်ဟိုင်းမြို့ တိုက်ခိုက်ခံရရင် အခြားနေရာတွေလည်း မကြာခင် အတိုက်ခံရမှာပဲ”
“အဲ့အချိန်ပိုလေးကို တွယ်ကပ်နေမှာထက် ရှန်ဟိုင်းမြို့ကိုခုခံကာကွယ်ပြီး ဒီအဓိကဘေးဒုက္ခကို ရင်ဆိုင်တာ ပိုကောင်းတယ်”
သူသည် ရှန်ဟိုင်းမြို့မှ ထွက်ခွာရန် ရည်ရွယ်ချက်မရှိဘဲ ဤနေရာတွင်နေကာ ရှေ့သို့တိုး၍ တိုက်ခိုက်ချင်သည်။ သို့မဟုတ် ပို၍ တိကျစွာပြောရမည်ဆိုပါက ၎င်း၏ ကိုယ်ပိုင်ဆင့်ကဲဖြစ်စဥ်ကို အရှိန်မြင့်ရန်အတွက် လာမည့်ဘေးဒုက္ခကာလအတွင်း ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ အရင်းအမြစ်များကို ရယူလိုခြင်းဖြစ်သည်။
ရှန်ချင်းဟန်က သူမ၏ နှုတ်ခမ်းများကို ခပ်ဖွဖွကိုက်ကာ ပြောလိုက်သည်။
"ဒါပေမယ့်... ငါ အသက်ကို နည်းနည်းကြာကြာ တွယ်ကပ်နေရတာက အခု စစ်မြေပြင်ကိုသွားပြီးတော့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတာထက် ပိုကောင်းတယ်လို့ ခံစားရတယ်"
“ဘေးဒုက္ခဆိုတာ အန္တရာယ်လည်းဖြစ်နိုင်သလို အခက်အခဲလည်းဖြစ်တယ်”
“ကမ္ဘာပေါ်က ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေက ကိုတို့နှစ်ယောက်ရဲ့ ဆင့်ကဲဖြစ်စဥ်နဲ့ဆိုင်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လောက်တဲ့အထိ မစွမ်းဘူးလေ”
“တကယ်လို့ ကိုတို့ ဒါကို အရှိန်မြှင့်ချင်တယ်ဆိုရင်တော့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စွန့်စားမှုတွေကို လက်ခံပြီး ဆင့်ကဲပြောင်းလဲခြင်း အရင်းအမြစ်တွေကို ရယူဖို့အတွက် ဆန်းကြယ်သားရဲနဲ့ ဆန်းကြယ်သစ်ပင်တွေကို သတ်ပစ်ရမယ်”
အနီရောင်ဧရာမသစ်ပင်ကြီး ပေါ်ထွက်လာမှုသည် ရှန်ဟိုင်းမြို့ရှိ ဆန်းကြယ်သစ်ပင်များနှင့်
ဆန်းကြယ်သားရဲ မြောက်မြားစွာ ယခင်က ရုတ်တရက် ထွက်ပေါ်လာမှုနှင့် ဆက်စပ်နေကာ ဖြစ်ရပ်သုံးခုလုံးကိုဂမ္ဘီရသစ်ပင်ဂိုဏ်းမှ ကြိုးကိုင်ထားခြင်းဖြစ်ကြောင်း သံသယဝင်ရန်ပင်မလိုအပ်ပေ။
သူသည် ဆန်းကြယ်သားရဲများနှင့် ဆန်းကြယ်သစ်ပင် အမြောက်အမြားကို စေလွှတ်ကာ မကြာမီတွင်
ရှန်ဟိုင်းမြို့ကို တိုက်ခိုက်တော့မည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။ ဤသားရဲများနှင့် အပင်များက သူ၏ဆင့်ကဲဖြစ်စဥ်အတွက် အာဟာရများဖြစ်လာမည်ဖြစ်သည်။
"ဒါပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့က ပိုကောင်းမယ်ထင်တယ်။ ဆင့်ကဲဖြစ်စဥ်ရဲ့အ ရှိန်ကို စုံလုံးကန်းပြီး လိုက်ဖို့ မလိုဘူး…”
ရှန်းချင်းဟန်က လင်းဇီချန်၏ စကားများကိုတွေးခဲ့သော်လည်း ယုံကြည်ခြင်းမရှိဘဲ အင်အားနည်းစွာဖြင့်သာ တုံ့ပြန်ခဲ့သည်။
သူမသည် စွန့်စားလိုစိတ်မရှိသဖြင့် သူမအတွက် အရေးပါသောသူများနှင့်သာ ရိုးရိုးရှင်းရှင်းနေချင်ခဲ့သည်။ လင်းဇီချန်က သူမကို စိတ်ရှည်ရှည်ဖြင့် ရှင်းပြခဲ့၏။
“အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူးဆိုတာ မင်းနားလည်ရမယ်”
"ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေက သိသိသာသာကို ဆိုးရွားနေပါတယ်။"
"ကန့်သတ်ထားတဲ့ အချိန်အတွင်း ကိုတို့ အဆင့်မြင့်အဆင့်ကိုမရောက်နိုင်ရင် ကမ္ဘာမြေကြီး လုံးလုံးပြိုလဲတဲ့နေ့မှာ ကိုတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းမရှိဘဲ သေဖို့ပဲစောင့်နေရလိမ့်မယ်”
“အဲ့နေ့ရောက်လာရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ခွန်အားရှိဖို့အတွက် ကိုတို့ ဆင့်ကဲပြောင်းလဲတာကို စက္ကန့်တိုင်း အရှိန်မြှင့်နိုင်အောင် နည်းနည်းပိုစွန့်စားပြီး ပိုပြင်းပြင်းထန်ထန်လုပ်ဖို့ လိုတယ်”
သူပြောပြီး မကြာမီ၌ပင် သူ့အိတ်ကပ်ထဲမှ ဖုန်းက ပြင်းထန်စွာတုန်ခါသွားသည်။ လင်းဇီချန်က သူ့ဖုန်းကိုထုတ်လိုက်ပြီးနောက် ကျောင်းအက်ပ်မှ အကြောင်းကြားစာကို တွေ့လိုက်ရသည်။
[အရေးပေါ်သတိပေးချက်။]
[သွေးမျိုးဆက်စွမ်းအားအခြေခံအဆင့်(၅)မှာရှိတဲ့ ကျောင်းသားများအားလုံး၊
ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့လယ်သို့ သွားရန် ညွှန်ကြားချက်များအတွက် ကျေးဇူးပြု၍ အားကစားရုံတွင် ချက်ချင်းစုရုံးပါ]
[ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပျက်ကွက်ခြင်းကို ပြင်းထန်စွာ အရေးယူပါမည်။]
[အသေးအဖွဲအမှုများတွင် စည်းကမ်းတင်းကြပ်မည်ဖြစ်ရာ ပြင်းထန်သော အမှုများအတွက် ပြစ်ဒဏ်အဖြစ် ကျောင်းမှ ထုတ်ပယ်မည်ဖြစ်၍ အပြင်းထန်ဆုံးသောအမှုများတွင် ထောင်ချမည်ဖြစ်သည်။]
ဤသတိပေးချက်လေးချက်ကို ဖတ်ပြီးနောက် လင်းဇီချန်သည် အံ့သြစွာ မျက်ခုံးပင့်လိုက်သည်။
မြို့လယ်ခေါင်သို့ ထောက်ပံ့ရန် ၎င်းတို့ မသွားမဖြစ် သွားရလိမ့်မည်ဟု သူမထင်ခဲ့ပေ။ ၎င်းသည် စစ်ပွဲအတွင်း အရပ်ဝတ်ယောက်ျားများကို စစ်မြေပြင်သို့ စစ်မှုထမ်းစေခြင်းနှင့် ဆင်တူသည်။
ဧရာမသစ်ပပင်ကြီး၏ ရုတ်ချည်းပေါ်ထွက်လာမှုက ထင်ထားသည်ထက် ပို၍ ပြင်းထန်သော
သက်ရောက်မှု ရှိပုံရသည်။
အဆင့်မြင့် လူသားအရာရှိများက တစ်စုံတစ်ခုကို သိထားကြရပေလိမ့်မည်။
“ဇီချန် ဒါက ငါတို့ ထင်ထားတာထက် ပိုပြီး လေးနက်နေတယ်ထင်တယ်”
ရှန်ချင်းဟန်သည်လည်း ကျောင်းအက်ပ်တွင် အကြောင်းကြားချက်ကို တွေ့လိုက်ရသဖြင့် အလွန်စိတ်မသက်မသာဖြစ်ရသည်။
လင်းဇီချန်က စကားအများကြီးမပြောဘဲ ပေါ့ပါးစွာပြောလိုက်၏။
"သွားကြစို့၊ ငါတို့စုဝေးဖို့အတွက် အားကစားရုံကိုသွားကြမယ်"
"ကောင်းပြီ။"
ရှန်ချင်းဟန်က ခေါင်းညိတ်လိုက်သည်။ ခဏအကြာတွင် ၎င်းတို့နှစ်ယောက် ခေါင်မိုးပေါ်မှ ဆင်းကာ အားကစားရုံသို့ သွားကြသည်။ မထွက်ခင်၌ မိဘများကို နှုတ်ဆက်၍ အိမ်ပြန်ကာ မည်သို့ဆောင်ရွက်စရာများရှိကြောင်း အသိပေးခဲ့သည်။
သားသမီးနှစ်ယောက်လုံးမြို့လယ်တွင် ကူပေးရမည်ဖြစ်ကြောင်းကြားလိုက်သောအခါ မိဘနှစ်ပါးလုံးက စိတ်ပူလျက် မသွား၍မဖြစ်သလားဟု မေးလိုက်ကြသည်။
၎င်းတို့ ရခဲ့သော အဖြေမှာ ရွေးချယ်ခွင့်မရှိသလို လွတ်မြောက်ခြင်းလည်း မရှိ ဟူ၍သာဖြစ်သည်။
ရွှီမုန့်က စိုးရိမ်တကြီးဖြစ်နေသော မျက်နှာဖြင့် လင်းဇီချန်ဆီသို့ လျှောက်သွားကာ သူ့ရှေ့တွင် ရပ်လျက် တောင်းဆိုသည့်လေသံဖြင့်ပြောလိုက်သည်။
“ရှောင်ချန်၊ ဟန်ဟန်က အန်တီမုန့်နဲ့ ဦးလေးရှန်တို့ရဲ့ တစ်ဦးတည်းသော သမီးပါ။
သား သူ့ကို အန်တီတို့အစား ကာကွယ်ပေးပါနော်"
"စိတ်ချပါ အန်တီမုန့် သား ဟန်ဟန့်ကို သေချာကာကွယ်ပေးပါ့မယ်”
လင်းဇီချန်က ခိုင်မာစွာပြောသည်။ ထိုသို့ပြောပြီးနောက် သူနှင့် ရှန်ချင်းဟန်သည် အချိန်မဖြုန်းတော့ဘဲ အားကစားရုံသို့သွားရန် အမြန်ထွက်ခွာခဲ့သည်။
လမ်းခုလတ်တွင်
ရှန်ချင်းဟန်က စိတ်အားထက်သန်စွာပြောသည်။
“ဇီချန် ဂမ္ဘီရသစ်ပင်ဂိုဏ်းက သစ္စာဖောက်တွေက နင့်ကို ဖမ်းရင် ငါလိုက်ခဲ့မယ်၊ ငါ့ကိုလည်း ခေါ်သွားခိုင်းမယ်"
"ကောင်းပြီ"
လင်းဇီချန်သည် နှစ်သိမ့်မှုမပေးဘဲ ထိုစကားတစ်ခွန်းတည်းဖြင့် တုံ့ပြန်ခဲ့သည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက သူ့ကို အမှန်တကယ် ဖမ်းမိခဲ့ပါက ရှန်ချင်းဟန်ကိုပါ ဖမ်းခဲ့ခြင်းက ကောင်းမည်ဟု သူထင်သည်။
ရိုးသားစွာပြောရလျှင် ရှန်ချင်းဟန်ကို တစ်ယောက်တည်းထားခဲ့ခြင်းက အလွန် စိတ်မသက်မသာဖြစ်စေလိမ့်မည်။ သူမကို တစ်ယောက်တည်း အထီးကျန်စွာနေထိုင်စေခြင်းထက် ဂမ္ဘီရသစ်ပင်ဂိုဏ်းတွင် အတူတကွ ရှင်သန်နေထိုင်ရန် ကြိုးစားခြင်းက ၎င်းတို့ နှစ်ဦးလုံးအတွက် ပိုကောင်းပေလိမ့်မည်ဖြစ်သည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်းအတွင်း၌ပင် သူရှိနေသရွေ့ ရှန်ချင်းဟန် အန္တရာယ်ကင်းလိမ့်မည်ဟု သူအာမခံနိုင်သည်။
...
စက္ကန့်နှစ်ဆယ်အကြာ၊
နှစ်ယောက်သား အားကစားရုံသို့ရောက်သွားကြသည်။ ဝင်သွားသောအခါတွင် လူအနည်းငယ်သာရှိသော နေရာကိုမြင်လိုက်ကြရ၏။ ထိုနေရာ၌ ကျောင်းကောင်စီဝင်များသာ ရှိနေသည်။ ထို့ကြောင့် ရှင်းလင်းစွာပင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က အစောဆုံးရောက်ကြသူများဖြစ်ကြသည်။
"ဟိုမှာ သွားစောင့်ရအောင်"
လင်းဇီချန်က အားကစားရုံကို ကြည့်၍ ပြတင်းပေါက်နားရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြကာပြောလိုက်သည်။
ရှန်ချင်းဟန်ကို ထိုနေရာသို့ ခေါ်သွားတော့မည့်အခိုက်၌
ရုတ်တရက်…
မြေပြင်က ပြင်းထန်စွာ တုန်ခါလာသည်။