အပိုင်း ၃၇၆-၃၇၈
Vol. 26 Ch. 376-378
အခန်း (၃၇၆) မျက်လုံးသုံးလုံးမိစ္ဆာမျိုးနွယ် (၂)
လင်းဇီချန်က သတိအပြည့်အဝကပ်နေကာ အချိန်မရွေးထွက်တိုက်နိုင်သည်ကို မြင်ရသောအခါတွင် နံရံကို မှီနေသောလုချင်းယွီက အမြန်ပင် ပြောလိုက်သည်။
"မြတ်စွာဘုရား ရန်သူမဟုတ်ဘူး။ ငါ့ဆရာက ငါ့ကို လာရှာတာ။"
"ဆရာလား။"
"အင်း ငါ့ဆရာ။"
ရှင်းပြပြီးနောက်တွင် လုချင်းယွီက ဆက်ပြောလိုက်သည်။
"စောနက ကောင်းကင်ပေါ်က ပစ်ချခံရတုန်းက ချက်ချင်း ဆရာ့ဆီကို အချက်ပြလိုက်တာ။ ငါ့ဆရာကလည်း မြို့အလယ်ကို ကယ်ပေးတဲ့အထဲမှာ ပါတယ်။ ငါတို့နဲ့ သိပ်မဝေးဘူး။ ဂျီပီအက်စ်နေရာအရဆိုရင် ငါ့ကိုရှာဖို့ ကြာမှာမဟုတ်တော့ဘူး။"
ထိုသို့ပြောပြီးနောက်တွင် သူမသည် ကောင်းကင်ပေါ်ကို မော့ကြည့်ကာ အသံဖြင့် အားကုန်အော်ခေါ်လိုက်သည်။
"ဆရာ ဒီမှာ။"
သူမအော်လိုက်သည်နှင့် နောက်တွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသော စက်ပြုပြင်လူသားသည် မိမိတို့သုံးဦးအပေါ်တွင် ထွက်ပေါ်လာသည်။ လင်းဇီချန်လည်း မော့ကြည့်လိုက်သည်။ စက်ပြုပြင်လူသား၏မျက်နှာကို မြင်လိုက်ရသောအခါတွင် အမူအရာက အေးခဲသွားရှာသည်။ သူမပင် ဖြစ်လေသည်။ လင်းဇီချန်သည် လုချင်းယွီ၏ဆရာကို မှတ်မိသည်။ သူမနှင့် ဂျူနီယာအထက်တန်းကျောင်းက တစ်ခါဆုံခဲ့ဖူးသည်။
မည်းမှောင်ကာ လေထန်နေသောညတစ်ညတွင် ဖြစ်၏။ ထိုအချိန်က သူသည် စက်ဘီးစီးကာ ရှန်ချင်းဟန်နနှင့်အတူ ရှဉ့်တစ္ဆေအသားကို သွားဝယ်ခဲ့ကြသည်။ အသားဝယ်ပြီး အိမ်အပြန်လမ်းတွင် ဓားစာခံတစ်ယောက်ကို ဖမ်းထားသော ကြွက်နတ်ဘုရားဂိုဏ်းမှ သစ္စာဖောက်ဖြင့် ရင်ဆိုင်နေသည့် ကင်းလှည့်ကို တွေ့လိုက်ရသည်။
ဓားစာခံက သူ၏မူကြိုဆရာများထဲမှတစ်ယောက်ဖြစ်သည့် မစ္စချောင်မေပင် ဖြစ်သည်။ သူသည် သစ္စာဖောက်ကို ကျောက်ခဲဖြင့် ပေါက်ပြီး မစ္စချောင်မေကို ကယ်တင်ပေးနေရှာသည်။ ထို့နောက်တွင် သစ္စာဖောက်သည် ကြွက်အသွင်ပြောင်းသွားကာ စိတ်လွတ်သွားပြီး သတ်ဖြတ်တော့သည်။ အားလုံးက အတွေးထဲတွင် နစ်မျောနေချိန်တွင် စက်ပြုပြင်လူသားမိန်းကလေးတစ်ယောက်က အချိန်မီရောက်လာပြီး သူမရင်ဘတ်မှလေဆာဖြင့် ကြွက်လူသားကို ပစ်လိုက်ကာ အမှုန့်ဖြစ်သွားရသည်။ ထို့နောက်တွင် သူမကအေးဆေးပင် ထွက်သွား၏။ ယခုတွင်မူ လုချင်းယွီ၏ဆရာသည် ထိုစဉ်ကရောက်လာခဲ့သော စက်ပြုပြင်လူသားပင် ဖြစ်သည်။
လင်းဇီချန်က လုချင်းယွီ၏ဆရာကို မှတ်မိသည်။ သူမ၏လက်နက်များသည် အဆင့်မြင့်အဆင့်ပင် ဖြစ်သည်။ ထိုစဉ်ကပင် သူမသည် အတော်အားကောင်းပုံပေါ်သည်။ သူမသည် အဆင့်မြင့်ပဥ္ဇမအဆင့်သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူနှင့်ပင် ယှဉ်နိုင်သည်။ စက်ပြုပြင်လူသား၏အင်အားသည် သိသာစွာ တိုးတက်လာသည်။ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ၎င်းတို့၏အင်အားသည်လည်း အပြင်းအထန်လေ့ကျင့်စရာမလိုဘဲ ချက်ချင်းတိုးတက်လာကြသည်။
"ဝှစ်"
ရုတ်တရက်ပင် လေကိုခွင်းသောအသံတစ်သံကို ကြားလိုက်ရသည်။ နောက်တွင် လုချင်းယွီ၏ဆရာဖြစ်သူသည် ရောင်ခြည်တန်းမှန်သွားကာ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်လုနီးပါးဖြစ်ပြီး ကောင်းကင်မှ ပြုတ်ကျလာတော့သည်။ ရုတ်တရက်ဆန်သောကြောင့် လင်းဇီချန်ပင် ကြောင်ကြည့်နေမိသည်။ အသိဝင်လာသောအခါတွင် ချက်ချင်းပင် ဝိညာဉ်စွမ်းအားဖြန့်ကျက်ကာ အာရုံခံကြည့်ပြီး လုချင်းယွီ၏ဆရာဖြစ်သူကို ဖမ်းလိုက်ကာ ညင်သာစွာဖြင့် လုချင်းယွီဘေးတွင်ချထားလိုက်သည်။ လုချင်းယွီက ပြောလိုက်လေသည်။
"ဆရာ အဆင်ပြေရဲ့လား။"
စက်ပြုပြင်လူသားက ထူးဆန်းစွာ ကြည့်နေသည်။ လုချင်းယွီ၏ငိုသံကို ကြားသောအခါမှ အသိပြန်ဝင်လာပြီး တုံ့ပြန်လိုက်သည်။
"ငါအဆင်ပြေပါတယ်။"
စက်ပြုပြင်လူသား၏ခွန်အားသည် လုချင်းယွီထက် အဆပေါင်းရာချီကြီးမားသည်။ သူမကိုယ်တိုင်ပင် မည်သူက တိုက်ခိုက်သွားသည်၊ မည်သို့တိုက်ခိုက်ခံရသည်ကို နားမလည်နိုင်တော့ပေ။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် သူမ၏အချက်ပြအာရုံတစ်ခုမှ လှုပ်ရှားမှုမရှိသောကြောင့်ပင် ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့်မူ လင်းဇီချန်၏ အန္တရာယ်ကြိုတင်သိမြင်နိုင်ခြင်းကမူ အလုပ်ဖြစ်ပေသည်။ ရောင်ခြည်တန်းသုံးခုဖြင့် တိုက်ခိုက်ခံရစဉ်က ချက်ချင်းပင် အန္တရာယ်နှင့်အရင်းအမြစ်ကို သိသည်။ အန္တရာယ်အရင်းအမြစ်သည် ဈေးဝယ်စင်တာမျက်နှာချင်းဆိုင်တွင်ရှိသည့် အထပ်မြင့်အဆောက်အဦးခေါင်မိုးပေါ်တွင် ရှိနေသည်။
"ဟန်ဟန် ဒီမှာပဲနေပြီး လျှောက်မသွားနဲ့။ ငါကူပြီးရင် ပြန်လာခဲ့မယ်။"
သူက ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက်တွင် လင်းဇီချန်သည် အားဖြင့် မြေကြီးကို ကန်ကာ မြေကြီးပေါ်တွင်ပင် ပင့်ကူအိမ်အရာထင်သွားပြီး အရိပ်သဖွယ်ခုန်ကာ ထွက်သွားသည်။ ရှန်ချင်းဟန် မတုံ့ပြန်နိုင်ခင်တွင်ပင် ဈေးဝယ်စင်တာမျက်နှာချင်းဆိုင်ရှိ အထပ်မြင့်အဆောက်အဦးဆီသို့ ထွက်သွားပြီဖြစ်သည်။ ချီသွေးဖြင့်သာ ခုန်၍ ထိုအဆောက်အဦး၏အမိုးပေါ်သို့ တက်သွားရန် ရွေးချယ်နိုင်သည်။ သို့သော်လည်း ထိုသို့မလုပ်ပေ။ ထို့အစား မြေကြီးပေါ်မှသာ ခုန်သွားသည်။
ရန်သူသည် အကွာအဝေးတစ်ခုမှ တိုက်ခိုက်နိုင်ရန် ခေါင်မိုးပေါ်တွင် ပုန်းနေသည်။ လေထဲတွင်ရှိနေခြင်းက အန္တရာယ်များကာ အလွယ်ပင် ပစ်မှတ်ဖြစ်နိုင်သည်။ မြေသို့အမြန်ပြောင်းသည်က ပိုလုံခြုံမည်။
"ဝှစ်"
ဝှစ်ခနဲအသံနှင့်အတူ လင်းဇီချန်သည် အထပ်မြင့်အဆောက်အဦးခေါင်မိုးပေါ်သို့ ရောက်လာသည်။ ထောင့်တစ်ထောင့်တွင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ မျက်လုံးသုံးလုံးပါသော လူသားသဏ္ဍာန်သက်ရှိမျိုးပင် ဖြစ်၏။ လေးမီတာခန့်ရှည်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် တောင့်တင်းသောကြွက်သားများအပြည့်ဖြင့်ဖြစ်ကာ ပေါက်ကွဲထွက်မတတ်အားကောင်းသည်။ သွေးမျိုးဆက်စွမ်းအားသည် အဆင့်မြင့်သတ္တမအဆင့်ဖြင့် လွန်စွာနီးစပ်လှသည်။ အဆင့်မြင့်ဆဌမအဆင့်ပြီးပြည့်စုံခြင်းအဆင့်ပင် ဖြစ်၏။
....
"လင်းဇီချန် ငါက မင်းကို လာရှာတာ။ မင်းက ကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး။ ငါ့ကို သက်သာအောင် လုပ်ပေးလိုက်တာပဲ။"
မျက်လုံးသုံးလုံးဘီလူးကြီးက လင်းဇီချန်ကို ပြုံး၍ကြည့်နေသည်။
'လူစကားပြောတတ်တာလား။'
'သန္ဓေပြောင်းကမ္ဘာသားလား။'
မဖြစ်နိုင်ဘူး....
ကမ္ဘာသားမဖြစ်နိုင်ဘူး....
'မူလမြေက သက်ရှိပဲဖြစ်ရမယ်။'
ထိုသူ၏ခန္ဓာကိုယ်ထဲတွင် ပြိုင်ဘက်ကင်းသည့်စွမ်းအားဖြစ်သော မူလအားတစ်ခု ရှိနေသည်။
"မင်းရဲ့ခန္ဓာကိုယ်က အရမ်းအားကောင်းတယ်လို့ ကြားဖူးတယ်။"
"ပြီးပြည့်စုံတာပဲ။ ငါ့မျိုးရိုး မျက်လုံးသုံးလုံးမိစ္ဆာမျိုးနွယ်က ခန္ဓာကိုယ်အားကောင်းတာနဲ့ နာမည်ကြီးတာ။ အခု ဘယ်သူ့ခန္ဓာကိုယ်က အားကောင်းလဲဆိုတာကို ကြည့်ကြည့်ရအောင်။"
ထိုစကားကို ပြောပြီးသည်နှင့် မျက်လုံးသုံးလုံးမိစ္ဆာဘီလူသားသည် ခုန်၍ထွက်လာကာ ချက်ချင်းပင် လင်းဇီချန်ဆီသို့ ပြေးဝင်လာသည်။ ထို့နောက်တွင် ရေပုံးတစ်ပုံးစာတုတ်ခိုင်သည့်လက်ကြီးဖြင့် လင်းဇီချန်၏ရင်ဘတ်ကို အားဖြင့် လွှဲရမ်းကာ လက်သီးဖြင့်ထိုးလိုက်သည်။ လင်းဇီချန်ကမူ ကြောက်ရွှံ့ကြောင်း မပြသပေ။ ထို့အစား အားကို အားဖြင့်ရင်ဆိုင်ကာ မိမိ၏လက်သီးဖြင့် ဝင်လာသောလက်သီးကို တွေ့ပေးလိုက်သည်။
နောက်တွင်မူ....
ဘုန်းခနဲအသံအကျယ်ကြီး ထွက်ပေါ်လာ၏။
ရေပုံးတစ်ပုံးစာတုတ်ခိုင်သောမျက်လုံးသုံးလုံးဘီလူကြီးဖြင့် ထိပ်တိုက်တွေ့ကာ ပုခုံးနှင့် ခေါင်းလည်း ပေါက်ကွဲထွက်သွား၏။ သွေးစများအဖြစ် ပြောင်းလဲသွားသည်။ နေရာတွင်ပင် သေသွားရှာသည်။
"ဘုန်း"
မျက်လုံးသုံးလုံးဘီလူကြီး၏အလောင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။ သေသွားသည့်တိုင်အောင် မျက်လုံးသုံးလုံးဘီလူကြီးသည် အဘယ့်ကြောင့်ရှုံးသွားရသည်ကို နားမလည်နိုင်ပေ။ လက်သီးဖြင့်ထိုးလိုက်သောအခါတွင် လင်းဇီချန်၏ခေါင်းကို ရှောင်၍ထိုးခဲ့သည်။ ဦးခေါင်းခွံက လက်သီးတစ်ချက်ကြောင့် ကြေမွသွားကာ ချက်ချင်းသေသွားမည်ကို စိုးသောကြောင့်ပင် ဖြစ်၏။ ထိုမှသာ တာဝန်အရ ခေါ်သွားနိုင်မည်ဖြစ်သည်။ သို့သော်လည်း အပြန်အလှန်ထိုးကြသောအခါတွင် မိမိသည်သာ လက်သီးတစ်ချက်တည်းဖြင့် သတ်ခံလိုက်ရကာ အားအကောင်းဆုံးဖြစ်သော နဖူးပေါ်မှ တတိယမျက်လုံးကိုပင် မသုံးလိုက်ရရှာပေ။ မျက်လုံးအပြူးသားဖြင့်သာ သေသွားရသည်။ ယခုတွင်မူ မျက်လုံးသုံးလုံးဘီလူကြီးကို သံသယဖြင့် ငုံ့ကြည့်နေမိကာ လင်းဇီချန်က ပြောလိုက်လေသည်။
"သူတို့အင်အားကြောင့် နာမည်ကြီးတဲ့မျိုးစိတ်ပဲ။ ငါလက်တောင် နည်းနည်းနာသွားတယ်။"
အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် ထိုဘီလူကြီး၏အလောင်းကို ထိလိုက်သည်။ လက်သည် နှလုံးရှိသည့်နေရာတွင်ထားကာ နက်ပြာရောင်ကျောက်ကို ဆွဲထုတ်လိုက်၏။ ထိုနက်ပြာရောင်ကျောက်သည် စားပွဲတင်တင်းနစ်ဘောလုံးအရွယ်အစား ရှိသည်။ သို့တိုင် ထူးခြားသောစွမ်းအားပမာဏများစွာဖြင့် ပြည့်နေသည်။
"ဒါက သားရဲအမြုတေများလား။"
"ဘာနဲ့လဲလို့ရမလား သိချင်သား။"
လင်းဇီချန်သည် လက်ထဲမှ ကျောက်ကို ကြည့်နေပြီး မိမိဘာသာ ပြောလိုက်မိသည်။ သားရဲအမြုတေများနှင့်ပက်သက်၍ သိသည်မှာ အကန့်အသတ်ရှိသောကြောင့် ထိုထဲတွင်မူလအားများသာ ပြည့်နေပြီး မူလမြေမြို့များ၌ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်ဖြင့် လဲလှယ်၍ ရသည်ကို သိထားသည်။ ထိုမှလွဲ၍ အခြားသိမထားပေ။
ခေတ္တမျှလေ့လာကြည့်ပြီးနောက်တွင် လင်းဇီချန်က ထိုသားရဲအမြုတေကို သိုလှောင်လေဟာနယ်ထဲတွင် ထည့်သိမ်းလိုက်သည်။ သားရဲအမြုတေကို ရှာကြည့်ပြီးနောက်တွင် လင်းဇီချန်က မျက်လုံးသုံးလုံးဘီလူးအလောင်းပေါ်တွင် လက်တင်ကာ အတွေးမျိုး ဝါးမျိုလိုက်သည်။
(သင်သည် မျက်လုံးသုံးလုံးမိစ္ဆာမျိုးနွယ်ဆီမှ အသက်ဓာတ်ပမာဏများစွာကို ရရှိပါသည်။)
(မျက်လုံးသုံးလုံးဘီလူးမျိုးနွယ်စွမ်းအား - ၁၀၀%)
ထိုစာတန်းပေါ်လာသည်နှင့် မျက်လုံးသုံးလုံးဘီလူးသည် လေဟာနယ်ထဲတွင် ပေါ်လာပြီး သူ၏နဖူးပေါ်မှ တတိယမျက်လုံးဖြင့် အရောင်များထွက်ကာ တိုက်ခိုက်မှုများကို ပြုလုပ်တော့သည်။ တစ်ခဏချင်းအတွင်းတွင်ပင် ဆန်းကြယ်သားရဲများဖြစ်သော ကြမ်းတမ်းလင်းယုန်၊ တစ္ဆေရှဉ့်နှင့် အခြားအကောင်များ မှန်သွားပြီး တောင့်တင်းနေသောအလောင်းများဖြစ်သွားကြသည်။ ထို့နောက်တွင် လေဟာနယ်ထဲမှ ထိုပုံရိပ်များ ပျောက်ကွယ်သွားကြပြီး အခြားသောစာတန်းနှစ်ကြောင်း ပေါ်လာပြန်သည်။
(သင်သည် မျက်လုံးသုံးလုံးမိစ္ဆာဘီလူးစွမ်းအားနှင့် သွေးမျိုးဆက်စွမ်းအား ပါဝါကို ရရှိပါသည်။)
(ပါဝါ - သင်၏စွမ်းအားသည် သိသိသာသာ တိုးမြင့်သွားပါပြီ။)
"ပါဝါတဲ့လား။"
ထိုစာသားများကို မြင်ပြီးနောက်တွင် လင်းဇီချန်သည် အတော်လေးအံ့ဩသွားသည်။ မျက်လုံးသုံးလုံးမိစ္ဆာမျိုးနွယ်စွမ်းအားကို ဖွင့်ပြီးနောက်တွင် အမြင်အာရုံနှင့်ပက်သက်သည့် စွမ်းအားမျိုး ရလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထို့အစား သာမန်အစွမ်းမျိုးသာ ရလိုက်သည်။ လင်းဇီချန်အံ့ဩနေစဉ်တွင်ပင် နောက်မှထွက်ပေါ်လာသောအသံတစ်သံကြောင့် ပို၍ပင် အံ့အားသင့်သွားရလေသည်။
"တကယ်ကို စုဆောင်းနိုင်တာပဲ။ မင်းက မူလအသက်ဓာတ်ကို စုပ်ယူနိုင်တာလား။ ဘယ်လိုလူမျိုးပါလိမ့်"
အခန်း (၃၇၇) ညှို့ဓာတ်ကျင့်စဉ် ရှန်ဟိုင်းမြို့ကျပြီ ဆန်းကြယ်သားရဲတွေကနေရာတိုင်းမှာ
ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် လင်းဇီချန်တစ်ယောက် လန့်သွားရှာသည်။ ထိုအသံကို ရင်းနှီးနေသည်။ မြေခွေးမိန်းကလေး၏အသံပင် ဖြစ်၏။ စစ်တပ်လေ့ကျင့်ရေးလုပ်ခဲ့စဉ်က ကမ်းရိုးတန်းတောအုပ်တွင်ပေါ်လာသော မြေခွေးမိန်းကလေးပင်ဖြစ်၏။ လင်းဇီချန်က အမြန်ပင် ခေါင်းလှည့်ကြည့်လိုက်၏။ သို့သော်လည်း နောက်တွင် မည်သူမှရှိမနေဘဲ ထိုမိန်းကလေးအရိပ်အယောင်ကိုမှ မတွေ့ရပေ။ အသံဖြင့်ထင်ယောင်ထင်မှားဖြစ်ခြင်းသာဖြစ်မည်။
မဟုတ်သေးဘူး....
လင်းဇီချန်သည် ရင်းနှီးသောအနံ့တစ်ခုကို ရလိုက်သည်။ ပန်းနံ့ခပ်ရေးရေး ရနေသည်။ မြေခွေးမိန်းကလေး၏အနံ့ပင် ဖြစ်၏။ မြေခွေးမိန်းကလေးက ခေါင်မိုးပေါ်တွင်ရှိရပေမည်။ လင်းဇီချန်လည်း သတိဝင်လာသည်။ ဝိညာဉ်စွမ်းအားဖြန့်ကျက်ကာ ဘေးပတ်ဝန်းကျင်ကို ရှာကြည့်သည်။ သို့တိုင် မြေခွေးမိန်းကလေးတည်ရှိမှုကို အာရုံခံမရပေ။
"အိပ်ရာကျေးကျွန်လေး ငါ့ကို ရှာနေတာလား။"
လင်းဇီချန်သည် ပတ်ဝန်းကျင်ကို အာရုံခံနေစဉ်တွင်ပင် တောထဲမှဒေါင်းတွန်ကြူးသံကဲ့သို့ သာယာသောအသံက နောက်မှ ထွက်ပေါ်လာသည်။ ထိုအသံကို ကြားသည်နှင့် လင်းဇီချန်က အမြန်ပင် လှည့်ကြည့်လိုက်သည်။ မျက်လုံးထဲတွင် မြင်လိုက်ရသည်မှာ ခရမ်းရောင်အဝတ်အစား ဝတ်ပြီး ခေါင်းမိုးပေါ်တွင် ဆွဲဆောင်မှုရှိစွာထိုင်နေသောမြေခွေးမိန်းကလေးကိုပင် ဖြစ်၏။ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည့် သွယ်လျသောခြေတံကို လှစ်ဟပြထားသည်။ သူမသည် အတော်လေးဆွဲဆောင်နိုင်လွန်းကာ စိတ်ရိုင်းများကိုပင် ဖြစ်စေနိုင်သည်။
"ခင်ဗျား အသက်ရှင်နေသေးတယ်ပေါ့။"
လင်းဇီချန်က အသာမျက်မှောင်ကြုတ်လိုက်ပြီး မြေခွေးမိန်းကလေးကို ကြည့်လိုက်သည်။ ကမ်းရိုးတန်းတောအုပ်ထဲတွင် တွေ့ခဲ့စဉ်က သူသည် မြေခွေးမိန်းကလေးကို လက်သီးဖြင့်ထိုးခဲ့ကာ အမြီးတစ်ချောင်းသာ ကျန်ခဲ့သည်။ ထိုအချိန်ကပင် ထူးဆန်းနေခဲ့ကာ မြေခွေးမိန်းကလေးက သေသွားသည်လား လွတ်သွားသည်လားကို မသေချာခဲ့ပေ။ ယခုတွင်မူ ရှင်းလင်းနေပြီဖြစ်သည်။ မြေခွေးမိန်းကလေးက မသေသေးပေ။ သူမသည် အမြီးပြတ်၍ လွတ်သွာခြင်းမျှသာဖြစ်သည်။ မဟုတ်လျှင် အစကတည်းကပင် သူမ၏ခန္ဓာကိုယ်အစစ် မဖြစ်နိုင်ပေ။
"အိပ်ရာကျေးကျွန်လေး မင်းဒီနေ့ တော်တော်လွန်နေပြီ။ဂ
မြေခွေးမိန်းကလေးက လင်းဇီချန်ကို အငြှိုးတကြီးအကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
"တို့က မင်းကို တို့ရဲ့ အိပ်ရာကျေးကျွန်ဖြစ်စေချင်ရုံတင်ပါ။ မင်းကတော့ ငါ့ကို သေအောင်ကြိုးစားခဲ့တာ။ ယောက်ျားတွေက တကယ်အသဲနှလုံးမရှိတာပဲ။"
လင်းဇီချန်က သူမကို ဘာမှ ပြန်မပြောပေ။ သို့သော တိတ်ဆိတ်စွာဖြင့် အဆင့်မြင့်ဝိညာဉ်အားကို အမြင့်ဆုံးထိတိုးမြှင့်နေပြီး မြေခွေးမိန်းကလေးကို မျက်တောင်မခတ်ကြည့်ကာ လေ့လာသုံးသပ်နေသည်။ မိမိရှေ့မှ မြေခွေးမိန်းကလေးသည် ပုံရိပ်ယောင်ကျင့်စဉ်ကို လွန်စွာကျွမ်းကျင်သည့်သူဖြစ်သည်ကို သိထားသည်။ မလှုပ်ရှားခင်တွင် တိကျသောသုံးသပ်ချက်လုပ်ကာ မိမိရှေ့၌ ပေါ်လာသော မြေခွေးမိန်းကလေးသည် ကိုယ်ပွားလား၊ ပုံရိပ်ယောင်လား၊ ခန္ဓာကိုယ်အစစ်လားဆိုသည်ကို သေချာအောင် လုပ်ရပေမည်။ သို့တိုင် ခေတ္တမျှလေ့လာပြီးနောက်တွင် မည်သည့်အရာကိုမှ မမြင်နိုင်ပေ။ သူမဆီထွက်လာသော သွေးမျိုးဆက်စွမ်းအားဖိအားကိုသာ ခံစားမိသည်။ ဖိအားက လွန်စွာမြင့်သည်။ ကမ်းရိုးတန်းတောအုပ်ထဲတွင် တွေ့စဉ်ကထက် ပို၍မြင့်သည်။ ထိုစဉ်က အခြေခံနဝမအဆင့်မှ ယခုတွင် အဆင့်မြင့်နဝမအဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။
ထို့ကြောင့် လင်းဇီချန်တစ်ယောက် ပို၍ပင် မျက်မှောင်ကြုတ်လိုက်မိသည်။ အခြေခံနဝမအဆင့်ဖြင့် ရင်ဆိုင်ရစဉ်ကပင် မိမိသည် ရှိသမျှစွမ်းအားကိုထုတ်သုံးကာ သူမကို အနိုင်ရရုံမျှသာ ရခဲ့သည်။ ယခုတွင် အဆင့်မြင့်နဝမအဆင့်ဖြစ်နေသဖြင့် မျှော်လင့်ချက်ပင် မရှိတော့ပေ။
"ဘာလို့ ဘာမှမပြောတာလဲ လှုပ်ရှားတာလဲမလုပ်ရတာလဲ။"
မြေခွေးမိန်းကလေးသည် တစ်ယောက်ယောက်၏စိတ်ကို မြင်နိုင်သည့်ပုံပင် ပေါ်သည်။
"တို့ကိုယ်က ထွက်တဲ့အားကို ခံစားမိပြီး ကြောက်သွားတာလား။"
လင်းဇီချန်က တွေဝေနေလေသည်။
"မူလမြေမှာ ဒီလောက် ပြိုင်စံရှားပါရမီရှင်တွေများတာ။ ဘာလို့ ငါ့ကို လာခေါ်နေရတာလဲ။ ငါ့လို ကမ္ဘာသားက မင်းရဲ့အိပ်ရာကျေးကျွန်ဖြစ်ဖို့ ဘာကောင်းကွက်မှလည်း မရှိဘူး။"
မြေခွေးမိန်းကလေးက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး
"ဘာလို့လဲဆိုတော့ တို့မှာ ကမ္ဘာကယောက်ျားသားတွေအတွက် ပစ္စည်းတစ်ခု ရှိနေလို့ပဲ။"
ပြောပြီးနောက်တွင် သူမ၏ရှေ့ဆံမြိတ်လေးကိုသပ်ကာ လင်းဇီချန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အိပ်ရာကျေးကျွန်လေး မင်း ငါ့ရဲ့အရင်မေးခွန်းကို ခုထိမဖြေရသေးဘူးနော်။ မင်းက ဘာလို့ အသက်ဓာတ်ကို စုပ်ယူနိုင်ရတာလဲ။"
အသက်ဓာတ်....
ဤလောကတွင် နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ထိုစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ မြေခွေးမိန်းကလေး၏မေးခွန်းကို ပြန်မဖြေဘဲ ထို့အစား ပြန်မေးလိုက်သည်။
"အသက်ဓာတ်ဆိုတာဘာလဲ။"
မြေခွေးမိန်းကလေးက ထိုစကားကို ကြားသောအခါတွင် တုန်လှုပ်သွားကာ ဟက်ခနဲရယ်လိုက်မိသည်။
"အသက်ဓာတ်ဆိုတာ အသက်ဓာတ်ပေါ့။ ဘယ်လိုမေးခွန်းမျိုးလဲ။"
သူမအတွက်မူ လင်းဇီချန်၏မေးခွန်းက အဓိပ္ပာယ်ရှိမနေသဖြင့် မေးလိုက်ပြန်သည်။
"အိပ်ရာကျေးကျွန်လေး သုံးခေါက်ဆို တော်လောက်ပြီ။"
"ငါမင်းကို နှစ်ခါမေးပြီးပြီ။ မင်းမှာဘာလို့ သိုလှောင်တဲ့ဟာရှိပြီး အသက်ဓာတ်ကို ဘာလို့စုပ်ယူနိုင်ရတာလဲ။"
"ဒါက တတိယအကြိမ်ပြ။ အခု မင်း တို့မေးခွန်းကို ဖြေသင့်နေပြီ။"
မြေခွေးမိန်းကလေးက အလေးအနက်ဖြင့် ပြောနေခြင်းပင် ဖြစ်၏။
လင်းဇီချန်က တည်ငြိမ်စွာဖြင့် ဖြေလိုက်သ်ည။
"ဘာအကြောင်းပြချက်မရှိဘူး။ အဲ့လိုလုပ်နိုင်တာက မွေးရာပါပါရမီပဲ။"
"မွေးရာပါ"
မြေခွေးမိန်းကလေးက မယုံနိုင်သဖြင့် ရယ်လိုက်မိသည်။
"မင်းက တကယ် ကမ္ဘာသားရောဟုတ်ရဲ့လား။"
"ငါက ကမ္ဘာသားပဲ။"
ယခုတွင် သူသည် စိတ်အေးနေသည်။ ယခင်တစ်ခေါက် ကမ်းရိုးတန်းတောအုပ်တွင် တွေ့ခဲ့စဉ်ကလောက် မတင်းမာနေပေ။ မြေခွေးမိန်းကလေးသည် မိမိကို သတ်ရန်စိတ်ကူးမရှိသည်ကို သိထားသောကြောင့်ပင် ဖြစ်၏။ သူမသည် မိမိကို အိပ်ရာကျေးကျွန်လုပ်ရန်အတွက်သာ မူလမြေကို ခေါ်သွားချင်ရုံသာ ဖြစ်သည်။ အသက်သာ အန္တရာယ်မရှိလျှင် အရာအားလုံးက ညှိနှိုင်း၍ရနိုင်သည်။ ထို့အပြင်သူမသည် ကမ္ဘီရသစ်ပင်ဂိုဏ်းဆီတွင်လည်း ရောက်သွားမည်မဟုတ်ပေ။
လင်းဇီချန်၏အဖြေကို ကြားပြီးနောက်တွင် မြေခွေးမိန်းကလေးက မျက်မှောင်ကြုတ်လိုက်မိသည်။သူမက တစ်ဝက်ပြုံးလိုက်ပြီး
"အိပ်ရာကျေးကျွန်လေး မင်း တို့ကိုလိမ်နေတယ်လို့ပဲထင်တယ်။ ဒါပေမဲ့လို့ တို့မှာ သက်သေမရှိဘူး။"
"အဲ့ဒါကြောင့် တစ်ခါတော့ အရူးလုပ်ခံပြီး မင်းကိုယုံဖို့ ရွေးချယ်လိုက်မယ်။ နောင်ကျရင် မင်းရဲ့အနာဂတ်သခင်ကို သစ္စာမဖောက်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ပြန်ပေးဆပ်ရလိမ့်မယ်။"
သူမသည် ထိုသို့ပြောကာ မြေခွေးမိန်းကလေး၏မျက်လုံးများက အရောင်တောက်လာပြီး သိမ်မွေ့သောအသံဖြင့် ပြောလိုက်သည်။
"အိပ်ရာကျေးကျွန်လေး မင်းက အရင်တစ်ခေါက်ကထက် အများကြီးအားကောင်းလာတာကို အာရုံခံမိတယ်။ တို့သိချင်သား.....တို့ရဲ့ နာမည်ကြီး သဘာဝလွန်အစွမ်း ညှို့ဓာတ်ကျင့်စဉ်ကို ခံနိုင်ရည်ရှိပါ့မလားလို့ပေါ့"
အခန်း (၃၇၈) ညှို့ဓာတ်ကျင့်စဉ် ရှန်ဟိုင်းမြို့ကျပြီ ဆန်းကြယ်သားရဲတွေကနေရာတိုင်းမှာ(၂)
ထိုစကားကို ပြောပြီးသည်နှင့် မြေခွေးမိန်းကလေးသည် သူမ၏သေးသွယ်သောကျောက်စိမ်းလက်လေးကို နှုတ်ခမ်းနားသို့ မ၍ နှုတ်ခမ်းလေးကိုအသာပေးဆူကာ မွဟု၍ အနမ်းပေးရန်လုပ်ပြလိုက်ပြီး လင်းဇီချန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ နောက်တွင် ချယ်ရီသီးအရွယ်အစားရှိသည့် အငွေ့တို့သည် မြေခွေးမိန်းကလေးနှုတ်ခမ်းကြားမှ ထွက်လာသည်။ ထိုအငွေ့သည် ခရမ်းရောင်အသည်းပုံပြောင်းသွားပြီး လင်းဇီချန်ဆီသို့ လွင့်မျောလာသည်။ လင်းဇီချန်သည ထိုအသည်းပုံကို ရှောင်ချင်သော်လည်း ခန္ဓာကိုယ်က လှုပ်မရတော့ပေ။ စိတ်ပိုင်းဆိုင်ရာဖြင့် ဖိနှိပ်ခံထားရပြီဖြစ်သည်။ မြေခွေးမိန်းကလေးက သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထိုအသည်းပုံက မိမိနားသို့ တိုးလာသည်ကိုသာ ကြည့်နေမိပြီး နောက်တွင် မိမိ၏နှုတ်ခမ်းဖြင့် ကပ်သွားသည်။ ထိုအခါတွင် နှုတ်ခမ်း၌ နွေးထွေးစိုစွတ်သောအပူဓာတ်တစ်မျိုးကို ခံစားလိုက်ရသည်။ ထိုမျှသာဖြစ်၏။ ထိုအရာမှလွဲ၍ ဘာမှမခံစားလိုက်ရပေ။
"အခု မင်းက တို့ရဲ့ ညှို့ဓာတ်ကျင့်စဉ်မှာ ပိတ်မိနေပြီဆိုတော့ ခုချိန်ကစပြီး မင်းက တဖြည်းဖြည်းနဲ့ တို့ကိုပဲ ဂရုစိုက်လာလိမ့်မယ်၊ တို့ကိုပဲမြတ်နိုးလာလိမ့်မယ်၊ တို့ကိုပဲ စွဲလမ်းလာလိမ့်မယ်။ မင်းမျက်လုံးထဲမှာ တို့တစ်ယောက်တည်းပဲ မြင်လာပြီး အခြားမိန်းမတွေကို မြင်မှာမဟုတ်တော့ဘူး။"
မြေခွေးမိန်းကလေးသည် လင်းဇီချန် ရှိရာသို့ လျှောက်လာပြီး သူ၏နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးတင်လိုက်ကာ လှပသောမျက်နှာလေးဖြင့် ကျီစယ်သောအပြုံးမျိုး ပြုံးပြသွားသည်။ နားနားသို့ ကပ်လာပြီး လင်းဇီချန်၏နားနားတွင် ကပ်၍ တိုးတိုးလေးပြောလိုက်သည်။
"မကြာခင် ရှန်ဟိုင်းမြို့ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက သိမ်းတော့မှာ။ ဆန်းကြယ်သားရဲတွေကလည်း ဗြောင်းဆန်အောင်လုပ်တော့မှာ။"
"အဲ့အခါကျရင် တို့က မင်းရဲ့ပရိတ်သတ်အဖြစ် မင်း သားရဲတွေကြားမှာ ဘယ်လိုများ စွမ်းဆောင်မလဲဆိုတာကို စောင့်ကြည့်နေမယ်။"
"အိပ်ရာကျေးကျွန်လေး မင်းရဲ့စွမ်းဆောင်မှုက အသက်ရှုမှားလောက်စရာဖြစ်ပါစေလို့ပဲ မျှော်လင့်မိတယ်။"
ထိုသို့ပြောကာ ပုံရိပ်သည် ဝေဝါးသွားပြီး မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားတော့သည်။ သူမ၏မျက်နှာလေး ပျောက်ကွယ်သွားခါနီးတွင် နှုတ်ခမ်းဟ၍ စကားတစ်ခွန်းပြောခဲ့သေးသည်။
"ဪ.... မင်းရဲ့အနာဂတ်သခင် မျိုးရိုးနာမည်က စု နာမည်က ကျိုကျဲ။ ဒါကိုတော့ မှတ်ထားလိုက်။"
အသံလည်းပျောက်ကွယ်သွားပြီး ပုံရိပ်ကလည်း လုံးဝပျောက်ကွယ်သွားတော့သည်။ သူမပျောက်ကွယ်သွားသည့်နေရာတွင် စုကျိုကျဲဟုသောစကားကသာ ပဲ့တင်သံထပ်၍ ကျန်နေခဲ့သည်။
တစ်ချိန်တည်းတွင်ပင် လင်းဇီချန်သည် ပြန်၍ လှုပ်ရသည်ကို တွေ့သွားသည်။ မြေခွေးမိန်းကလေးက မိမိကို ပြောသွားသည်ကို အာရုံမထားနိုင်သေးသ်ေလည်း မိမိသည် ညှို့ဓာတ်ကျင့်စဉ်တွင် ပိတ်မိပြီးနောက် မည်သည့်ပြောင်းလဲမှုဖြစ်သွားသည်ကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ အတွင်းအပြင်၊ အစိတ်အပိုင်းတစ်ခုမကျန် စစ်ဆေးကြည့်သည်။ ခန္ဓာကိုယ်တွင် မည်သည့်ထူးဆန်းမှုကိုမှ မတွေ့ရပေ။ လင်းဇီချန်က မျက်မှောင်ကြုတ်လိုက်မိ၏။ မိမိ၏ခန္ဓာကိုယ်တွ၍် မည်သည့်ထူးဆန်းမှုမှ မတွေ့ရသောကြောင့် မြေခွေးမိန်းကလေးပြောခဲ့သော စုကျိုကျဲဟုသောနာမည်ကိုအမှတ်ရသွားပြီး မသက်မသာ ခံစားနေမိသည်။
မိမိသည် နောင်တွင် သူမကိုသာ ဂရုစိုက်ပြီး အခြားမိန်းမများကို စိတ်ထဲတွင် မထည့်နိုင်သည်ဟုလည်း ပြောသွားခဲ့သေးသည်။
"ကောင်းကင်လူသားသခင် ပြန်လာတဲ့အခါကျမှပဲ သူ့ကို စစ်ကြည့်ခိုင်းရမယ်။"
လင်းဇီချန်က မိမိဘာသာ ညဉ်းတွားလိုက်ပြီး စိတ်သက်သာရာရသွားသည်။ သို့သော်လည်း မျက်မှောင်ကြုတ်လိုက်မိပြန်သည်။ စုကျိုကျဲသည် မပျောက်သွားခင်တွင် ရှန်ဟိုင်းမြို့ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက သိမ်းတော့မည်ဖြစ်ပြီး ဆန်းကြယ်သားရဲများကလည်း မြို့ထဲသို့ ရောက်လာတော့မည်ဟု ပြောသွားခဲ့သည်။ ထိုသည်သာ အမှန်ပါဆိုလျှင် ကြောက်စရာကောင်းလှပေသည်။
(သင်သည် ကြွက်ကပ်ဘေးတွင် အသက်ရှင်နိုင်ပြီး ကပ်ဘေးကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပါပြီ။)
(အောင်မြင်မှု - အန္တရာယ်များလွန်းသောပတ်ဝန်းကျင်များ မဟုတ်လျှင် ကပ်ဘေး၌ အကြိမ်ပေါင်းတစ်ရာအသက်ရှင်ခြင်း)
(ဆု - လိုက်လျောညီထွေရှင်သန်နိုင်မှုဟုသော သွေးမျိုးဆက်စွမ်းအားကို ရရှိပါမည်။)
(စုစုပေါင်းအသက်ရှင်သန်ခြင်း - ၃/၁၀၀)
ရုတ်တရက်ပင် စာသာလေးကြောင်းက လေဟာနယ်ထဲတွင် ပေါ်လာသည်။ လင်းဇီချန်သည် ခေတ္တမျှ ကြောင်သွားသော်လည်း ဖြစ်နေသည်များကို သဘောမပေါက်နိုင်ပေ။ ယခင်က အောင်မြင်မှုတာဝန်သာဖြစ်သည်။ ယခင်အထက်တန်းကျောင်းနှင့် ကမ်းရိုးတန်းတောအုပ်တွင်လည်း ပေါ်လာခဲ့ဖူးသည်။
ယခုတွင် သုံးရာခိုင်းနှုန်းသာ ပြီးသေးသည်။ ပြီးမြောက်ခြင်းက ထာဝရကြာရှည်နေသည်ဟု ထင်ရသည်။ လိုက်လျောညီထွေရှင်သန်ခြင်းသွေးမျိုးဆက်စွမ်းအားတွင်လည်း မည်သို့သောထူးခြားသည့်သက်ရောက်မှုမျိုး ရှိနေသည်ကို မသိပေ။ စနစ်ထဲမှစွမ်းအားများတွင် အားနည်းသောအရာမျိုး မပါပေ။ ဥပမာ -သုံးမလား ရှုံးမလား၊ ကောင်းကင်ဘုံဉာဏ်ပညာအရင်းအမြစ်၊ အသန်မာဆုံးရှင်သန်မှု....စသဖြင့်ပင် ဖြစ်သည်။ အားလုံးသည် ပြိုင်ဘက်ကင်းသည်။ ထိုအစွမ်းများသည် မိမိရထားသောသွေးမျိုးဆက်စွမ်းအားများထက် ပို၍သာသည်။ ထိုသို့စဉ်းစားနေစဉ်တွင်ပင် လင်းဇီချန်၏အာရုံသည် ပထမစာသားဆီသို့ ရောက်သွားသည်။
'ကြွက်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တာလား'
ထိုသို့ဆိုလျှင် လက်ရှိ မြို့ထဲတွင်ဖြစ်နေသော ကြွက်ကပ်ဘေးသည် သဘာဝအတိုင်းဖြစ်ခြင်းမဟုတ်ဘဲ လူလုပ်ခြင်းသာ ဖြစ်ပေမည်။
သို့တိုင် လိုက်လျောညီထွေရှင်သန်နိုင်မှုကို အမြန်ဖြည့်နိုင်မည်ဖြစ်သည်။ လူလုပ်သည့်ကြွက်ကပ်ဘေးကိုပါ ထည့်တွက်နိုင်လျှင် အခြားအခြားသော သဘာဝအလျောက်မဟုတ်သည့်ကပ်ဘေးများကိုပါ ထည့်တွက်နိုင်မည်ဖြစ်သည်။ ထိုသို့သာဆိုလျှင် လိုက်လျောညီထွေရှင်သန်နိုင်မှုသည်သည် ပြည့်ရန် ခက်ခဲသည့်ပုံမပေါ်တော့ပေ။ မူလမြေသို့ ဝင်သောအခါ၌ သားရဲကြီးများကို ခွေးများကဲ့သို့ပင် တွေ့နေရသည်မှာ ပုံမှန်ပင်ဖြစ်ကာ မိမိ၏ပန်းတိုင်မှာ ပြည့်ပြီး လိုက်လျောညီထွေရှင်သန်နိုင်မှုဟုသောသွေးမျိုးဆက်စွမ်းအားကို ရရန်မှာ ကြာမည်မဟုတ်ပေ။
ထိုသို့စဉ်းစားလိုက်ရင်းဖြင့် အတွေးများကို အရှိန်သတ်ကာ အောက်မှတိုက်ပွဲမြေပြင်ကို ပြန်အာရုံစိုက်ကြည့်သည်။ ဈေးဝယ်စင်တာခေါင်မိုးတွင် ရပ်ပြီး ကောင်းကင်မျက်လုံးအကူအညီဖြင့် တစ်ချက်တည်းဖြင့် မြို့လယ်မှအခြေအနေကို မြင်နိုင်မည်ဖြစ်သည်။ မြို့အလယ်တွင် သန္ဓေပြောင်းကြွက်ကြီးများစွာ ရှိနေဆဲဖြစ်သည်။ သို့သော်လည်းအစနှင့်ယှဉ်လျှင် အရေအတွက်က သိသိသာသာ နည်းသွားပြီဖြစ်သည်။ အနီရောင်သစ်ပင်ကြီးအောက်မှ အပေါက်များထဲမှ ထွက်လာသော ကြွက်ကြီးများလည်း မရှိတော့ပေ။ ဘက်ပေါင်းစုံမှ အဆက်မပြတ်တိုးတက်မှုများနှင့်အတူ ထိုကြွက်များအားလုံးပျောက်သွားရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။ ကျိုကျုံးတိုင်းပြည်၏အင်အားသည် ဆာကူရာပင်လယ်တိုင်းပြည်နှင့် ယှဉ်၍ရသည်ဟု ဆိုနိုင်ပေမည်။ ဆာကူရာပင်လယ်တိုင်းပြည်ကို ပြောင်းပြန်လှန်ခဲ့သောကြွက်သည် ကျိုကျုံးတွင်ဆိုလျှင်ဘာမျှတတ်နိုင်လိမ့်မည်မဟုတ်ပေ။
ဆက်၍မတွေးတော့ဘဲ လင်းဇီချန်သည် အမိုးပေါ်မှ မီတာတစ်ရာမက ခုန်လိုက်ပြီး အောက်သို့ ခုန်ချလိုက်၏။ မြေကြီးဖြင့် မထိခင်တွင် ချီစွမ်းအားကိုထုတ်ကာ ဖုံတစ်မြူပင်မထဘဲ ဘေးကင်းစွာဖြင့် ဆင်းသက်လာသည်။ လင်းဇီချန်သည် ဈေးဝယ်စင်တာဆီသို့ ပြန်ကာ ခါးမှထက်ပိုင်းကျိုးထားသောလုချင်းယွီနှင့် ခေါင်းမှနေ၍ ခန္ဓာကိုယ်တစ်ခုလုံး ပြတ်ထားသော သူမ၏ဆရာဖြစ်သူသည် မိမိတို့ဘာသာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်နေကြသည်။ နှစ်ဦးလုံးသည် ပြန်ပြင်သည့်သေတ္တာများကို ရွှေ့လာကြပြီး သတ္ထုစပ်အပိုင်းအစများဖြင့်မိမိတို့၏ ပျက်စီးသွားသောအစိတ်အပိုင်းများကို ပြန်ပြင်နေကြသည်။ ဆရာနှင့်တပည့်တို့ အဆင်ပြေသည်ကို မြင်သောအခါမှ လင်းဇီချန်သည် ဘေးတွင်မနေတော့ဘဲ ရှန်ချင်းဟန်ကိုခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
"ခဏ...."
လုချင်းယွီက ထွက်သွားတော့မည့်သူနှစ်ဦး ခေါ်လိုက်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ယောက်လုံး နေရာတွင်ပင် ရပ်သွားသည်။ လင်းဇီချန်က မေးလိုက်သည်။
"တစ်ခုခု လိုလို့လား။"
လုချင်းယွီက ဖြေလိုက်၏။
"ဟိုဟာ....ဟန်ဟန်ရဲ့ဝီချက်အကောင့်ကို အပ်ချင်လို့ပါ။"
"အဲ့လိုဆိုလည်း အပ်လေ။"
ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်က ရှန်ချင်းဟန်ကို ထားခဲ့ပြီး မြို့အလယ်သို့ ဦးတည်သွားသည်။ လုချင်းယွီက အဘယ့်ကြောင့် ရှန်ချင်းဟန်၏ဝီချက်အကောင့်တောင်းရသည်ကို နှောင့်ယှက်၍မေးမနေတော့ပေ။ ယခုတွင် ရှန်ချင်းဟန်ကိုခေါ်၍ သန္ဓေပြောင်းကြွက်ကြီးများကို သတ်ကာ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များ စုဆောင်းချင်ယုံသာ ဖြစ်သည်။
"ကျွိ ကျွိ..."
စူးရှသောဆူညံသံတစ်ခုနှင့်အတူ မီတာတစ်ထောင်ပင်မသွားရသေးသော လင်းဇီချန်သည် သန္ဓေပြောင်းကြွက်ကြီးတစ်ကောင်ဖြင့် ပန်းခြံတစ်ခုအနီးတွင် တွေ့လိုက်သည်။ ထိုအချိန်တွင် သန္ဓေပြောင်းကြွက်ကြီးသည် ရှန်ဟိုင်းတက္ကသိုလ်မှ ကျောင်းသားဆယ်ယောက်ဖြင့် တိုက်ခိုက်နေသည်။ ထိုကျောင်းသားများထဲတွင် လင်းဇီချန်ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူသည် အထက်တန်းကျောင်းမှ မိမိ၏အတန်းဖော် ဟယ်ယွီပင် ဖြစ်သည်။ ထိုအချိန်တွင် ဟယ်ယွီသည် သန္ဓေပြောင်းကြွက်ကို တိုက်ခိုက်ရာတွင် ပါဝင်နေသော်လည်း ဖျော့တော့သောမျက်နှာဖြင့် သစ်ပင်ကို မှီထားကာ အတော်လေးအထိနာနေပုံပေါ်သည်။ ညာဘက်လက်မောင်းလည်း မရှိတော့ပေ။ လတ်တလောတိုက်ပွဲတွင်မှ အကိုက်ခံလိုက်ရပြီး လက်ပြတ်သွားပုံပေါ်သည်။ ယခုတွင် စိတ်ပျက်ပျက်ဖြင့် တိုက်ပွဲမြေပြင်ဆေးအကူများဆီမှ ကုသမှုခံယူနေသည်။ ထို့ထက်ကံဆိုးသောသူမှာ မြေကြီးပေါ်တွင် လဲလျောင်းနေသောခန္ဓာကိုယ်ဖြစ်ပြီး ခေါင်းက အကိုက်ခံထားရသည်။ ဤသာမှာ အစစ်အမှန်တိုက်ပွဲမြေပြင်သာ ဖြစ်၏။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့လိုလူများက လွန်စွာရှားပါးသည်။ အများစုသည် သန္ဓေပြောင်းကြွက်ကြီးများဆီမှ အသတ်ခံရမည့်အန္တရာယ်ဖြင့် ရင်ဆိုင်ကြရသည်။
"ဟယ်ယွီ ဘယ်လိုလုပ် အဲ့လောက်ဒဏ်ရာအပြင်းအထန် ရသွားတာလဲ။"
ရှန်ချင်းဟန်သည် ဒဏ်ရာရထားသော ဟယ်ယွီကို တွေ့လိုက်သဖြင့် ချက်ချင်းပင် စိတ်ပူတကြီးဖြင့် အပြေးရောက်လာသည်။ ထိုအချိန်တွင် လင်းဇီချန်က လက်မြှောက်ကာ ရှေ့မှ သန္ဓေပြောင်းကြွက်ကြီးကို ချိန်၍ လက်ဖြင့်သွေးမြှားတစ်ချောင်းကို ချိန်၍ ပစ်လွှတ်လိုက်ပြီး ချီသွေးဖြင့် ဖွဲ့စည်းထားသည့်မြှားတစ်စင်းပေါ်လာသည်။ မကြားခင်တွင် ဖောင်းဟုသောအသံကို ကြားလိုက်ရသည်။ ကြွက်ကြီးကို သတ်ပစ်လိုက်ခြင်းဖြစ်ပြီး သွေးများ စင်သွားစေသည်။ ကြွက်ကြီးကို သတ်ပြီးနောက်တွင် လင်းဇီချန်က ချည်းကပ်၍ ဝါးမျိုခြင်းမပြုပေ။ ကြွက်ကြီးကို မိမိက သတ်လိုက်ခြင်းဖြစ်သော်လည်း အမှန်တွင် ရှန်ဟိုင်းတက္ကသိုလ်မှ ကျောင်းသားများ၏ သားကောင်သာ ဖြစ်သည်။ မိမိကသွား၍ ဝါးမျိုလိုက်လျှင် လွန်လွန်းအားကြီးပေမည်။ မိမိ၏အင်အားဖြင့်ဆိုလျှင် အခြားသူများသတ်သည်ကို လုယူစရာမလိုပေ။ ကြွက်ဘုရင်က တစ်ကိုယ်လုံးမျိုချသွား၍ သေသွားပြီဖြစ်သော ဒါရိုက်တာဝူကို လေ့လာကြည့်သည်။ ထိုသို့သာဆိုလျှင် လူတော်တော်များများသည် ကြွက်များလက်ချက်ဖြင့်သေသွားရမည်ဖြစ်ကာ အပျက်အစီးလည်း တော်တော်များပေမည်။
ထိုအချိန်တွင် မြေကြီးက တုန်လာသည်။ မရေမတွက်နိုင်သောနွယ်ပင်များစွာက ကောင်းကင်ပေါ်သို့ ထောင်တက်လာကြပြီး ကြီးမားလှသည့် သစ်ပင်လှောင်ချိုင့်ကြီးဖြစ်သွားကာ မြို့လယ်ခေါင်ကို ပိတ်လှောင်ပစ်သည်။ အနီရောင်သစ်ပင်ကြီဂအောက်မှ အမျိုးအမည်သိ ၊ အမည်မသိသော ကြောက်စရာကောင်းသည့်ဆန်းကြယ်သားရဲများစွာက ထွက်ပေါ်လာတော့၏။
အားလုံးသည် အသက်ရှင်ရန်အတွက် ထွက်ပြေးကြရတော့သည်။
ယခုမပြေးလျှင် သေရမည်သာ ဖြစ်ပေ၏။