အခန်း ၃၇၉-၃၈၁
Vol. 26 Ch. 379-381
အခန်း (၃၇၉) ဆန်းကြယ်သားရဲတွေကအသိုက်ထဲကထွက်လာပြီအားလုံးက လှောင်ချိုင့်ထဲငှက်လေးတွေလိုပဲ
"မင်းတို့တွေ ဒီသန္ဓေပြောင်းကြွက်ကိုမျှယူလို့ရပါတယ်။ငါမယူတော့ပါဘူး"
"အမ် ဒါက မင်းသတ်လိုက်တဲ့ သားကောင်လေ။ မင်းက ငါတို့ကိုပေးလိုက်မလို့လား။"
"ငါသတ်လိုက်တာ မှန်ပေမဲ့လို့ ငါ့သားကောင်တော့မဟုတ်ဘူး။"
ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်သည်ရှန်ချင်းဟန်ရှိရာသို့ လှည့်ထွက်လာပြီး ဟယ်ယွီဒဏ်ရာများမည်သို့နေသည်ကို ကြည့်ရန်ပင်ဖြစ်သည်။ ဒဏ်ရာများက တည်ငြိမ်သွားပြီဖြစ်သည်။ လက်မောင်းသည်မူအတော်လေးပါသွားကာ ဘာမှမရှိသလောက်နီးပါးပင်ဖြစ်ပြီး ယခုမှစ၍ တစ်သက်လုံးလက်တစ်ဖက်ဖြင့်သာနေရတော့မည် ဖြစ်သည်။ စက်ပြုပြင်လူသားဖြစ်လာရန်အတွက်လည်း စွန့်စားမှုက များလွန်းသည်။ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်ဆိုင်ရာဖွဲ့စည်းပုံသည် ရှုပ်ထွေးလွန်းသောကြောင့် စက်ပြုပြင်ခြင်းတွင်ပါဝင်သောစွန့်စားမှုများက မြင့်ပြီး ဆုံးရှုံးမှုက ထိုက်တန်မည်မဟုတ်ပေ။
"ဇီချန် နင့်ရဲ့ခွန်အားကို တကယ်အားကျတယ်။ ငါသာ နင့်လောက် ခွန်အားကြီးမယ်ဆိုရင် အခြေခံအဆင့်သန္ဓေပြောင်းကြွက်က ငါ့ကို ကောက်မှာကို ကြောက်မနေရဘူး။"
ဟယ်ယွီသည် မိမိရှေ့တွင် ရပ်နေသောလင်းဇီချန်ကို ကြည့်ကာ အားကျနေမိပြီး ခါးသက်စွာ ပြုံးလိုက်မိသည်။
အထက်တန်းကျောင်းကတည်းကပင် မိမိသည် လင်းဇီချန်ရှေ့တွင် မကြာခဏကိုယ်ဟန်ပြတတ်ခဲ့သည်။ မျှော်လင့်မထားစွာဖြင့်လေးနှစ်အတွင်းတွင် နှစ်ဦးကြားက ကွာခြားချက်က ကောင်းကင်နှင့်မြေကြီးပမာ ကြီးမားသွား၏။ တစ်ဦးသည် ရှန်ဟိုင်းတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်သည်။ ကျန်တစ်ဦးသည် အခြေခံပဥ္ဇမအဆင့်တွင်သာ ရှိသည်။ အမှန်ပင် နှိုင်းယှဉ်၍မရတော့ပေ။
လင်းဇီချန်သည် မိမိဘာသာ စိတ်ဓာတ်ကျနေသည်ကို သိသောကြောင့် စိတ်ပူစွာဖြင့် ပြောလိုက်ရသည်။
"အနားယူတော့။ အကုန်လုံးပြီးသွားရင် ငါတို့လေးယောက် ထမင်းအတူတူစားကြတာပေါ့။"
မကြာခင်တွင်ပင် ဟယ်ယွီ၏ဒဏ်ရာများကို အရေးပေါ် ကုသပေးရန် ခေါ်သွားကြသည်။ လင်းဇီချန်သည်လည်း ရှန်ချင်းဟန်ကိုခေါ်၍ ကြွက်ကြီးများကို ရှင်းလင်းရန် ထွက်သွားတော့၏။ နှစ်ဦးသား ကြက်သွေးနီရောင်သစ်ပင်ကြီးရှိရာသို့ ဦးတည်လာကြပြီး မြင်ရသောမြင်ကွင်းများကလည်း ပို၍သွေးထွက်သံယိုဆန်လာသည်။ မြေကြီးပေါ်တွင် အလောင်းများစွာကို မြင်နေရသည်။ အားလုံးသည် တစ်ပိုင်းတစ်စအလောင်းများ ဖြစ်ကြသည်။ ထိုထဲတွင် ရင်းနှီးသောမျက်နှာများလည်း ပါနေသည်။
တစ်ဦးသည် ကောင်းဖေးဖြစ်ကာ အလယ်တန်းကျောင်းပထမနှစ်တွင် တွေ့ခဲ့သောပြိုင်ဘက်တစ်ီဥးပင် ဖြစ်သည်။ ကောင်းဖေးသည် ရှန်ဟိုင်းနံပါတ်တစ်အထက်တန်းကျောင်း၏ ပါရမီရှင်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကိုးစက္ကန့်တွင် မီတာတစ်ရာ ခုန်နိုင်သည်။ ရှန်ဟိုင်းတက္ကသိုလ်တွင် တက်ရောက်နေပြီး ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ ဂျူနီယာတစ်ယောက် ဖြစ်သည်။ ယခုတွင်မူ ခန္ဓာကိုယ်တစ်ဝက်က ကြွက်စားခံထားရသည်။ အသက်သည် တိုက်ပွဲမြေပြင်တွင်ပင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ရည်စားကောင်လေးအား ဖောက်ပြန်ပြီး လူသစ်များကို အနိုင်ကျင့်ခဲ့သော ဟွမ်ကျားမင်ကိုလည်း တွေ့ခဲ့ရသည်။ ယခုတွင် မြေကြီးပေါ်၌ ခေါင်းတစ်ခုတည်းသာ ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်စားခံလိုက်ရပြီဖြစ်သည်။ သူမ၏ခေါင်းဘေးတွင် သူမ၏အစ်ကို ဟွမ်ကျားရွှေက ခါးသီးစွာဖြင့် ဒူးထောက်နေပြီး ရှိနေပြီး သူမ၏ရည်းစားဟောင်းယန်လျောင်လည်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကာ ခံစားချက်တို့ ကင်းမဲ့နေ၏။
ထိုနှစ်ယောက်၏ဘေးတွင် ပထမနှစ် ပါရမီရှင်တန်းမှ လုချီကျီရှိကာ ယွမ်ထျန်းပြည်နယ်သမိုင်းတွင် အားအကောင်းဆုံးသူဖြစ်ပြီး ကြွက်ကြီးများ၏ပါးစပ်ထဲတွင် သေဆုံးခဲ့ရလေသည်။ ထို့နောက်တွင် စက်နတ်ဘုရားအုပ်စုမှ အမျိုးသမီးစက်ပြုပြင်လူသားဖြစ်ပြီး လင်းဇီချန်နှင့်အတူ စစ်တပ်လေ့ကျင့်ရေးစခန်းသို့ တက်ရောက်ခဲ့သောကျူရှီရှီလည်းရှိကာ တိုက်ပွဲတွင်ကျရှုံးခဲ့ရသည်။
ရှန်ဟိုင်းတက္ကသိုလ် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ ဆရာဖြစ်သူ ဝူထျန်းချုံးလည်းရှိပြီး သူသည် ရှန်ဟိုင်းအထက်တန်းကျောင်းသမိုင်းတွင် အားအကောင်းဆုံးသူဖြစ်ခဲ့သည်။ သူသည်လည်း ကြွက်များ၏သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ခန္ဓာကိုယ်ကို ကြွက်ဗိုက်ထဲမှ ထုတ်ယူရကာ မှတ်ပင် မမှတ်မိတောာ့ပေ။ သူ၏သေဆုံးမှုက ဆိုးဝါးလွန်းလှပေသည်။ ဝူထျန်းချုံး၏အလောင်းကို မြင်သောအခါတွင် လင်းဇီချန်တစ်ယောက် အတော်လေး အံ့ဩသွားမိသည်။ ဆရာဝူသည် အဆင့်မြင့်သက်ရှိဖြစ်သော်လည်း ကြွက်ကြီး၏ဗိုက်ထဲတွင် အဆုံးသတ်သွားရသည်။ အတော်လေး မယုံကြည်နိုင်စရာကောင်း၏။
တစ်ဖက်တွင်မူ ရှန်ချင်းဟန်သည်လည်း လူများစွာ သေဆုံးရသည်ကို မြင်ကာ အတော်လေးလန့်နေမိသည်။ သူမသည်လည်း ကပ်ဘေးတွင် ပါဝင်ခဲ့သည်။ မျက်လုံးဖြင့် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသောအခါတွင် မြင်ကွင်းက ဆိုးဝါးလွန်းနေ၏။ စိတ်ထဲတွင် လက်ခံရန် ခဲယဉ်းလွန်းလှသည်။
"လင်းဇီ လူတွေအများကြီး သေသွားပြီ...."
ရှန်ချင်းဟန်သည် ဝမ်းနည်းနေသောလေသံဖြင့် စိတ်ပျက်ပျက်ဖြင့် ပြောလိုက်မိသည်။ လင်းဇီချန်သည် စိတ်ထဲတွင် စိတ်မကောင်းဖြစ်မိသော်လည်း တည်ငြိမ်သောဟန်ကိုထိန်းကာ ပြန်ပြောလိုက်၏။
"ဒါက ရှောင်လွှဲလို့မရတဲ့ ဖြစ်စဉ်ပဲ။ မင်း အသားကျသွားမှာပါ။"
ပြော၍မဆုံးခင်တွင်ပင် ရင်းနှီးသောပုံရိပ်တစ်ခုက ချည်းကပ်လာသည်။ ကျောင်းသားကောင်စီဥက္ကဌဟောင်း ကျိုးရွှယ်ဟုန်ပင် ဖြစ်၏။ ထိုအချိန်တွင် ဒဏ်ရာများ ရထားကာ သက်သာနေပြီဖြစ်သော်လည်း သွေးများထွက်နေဆဲဖြစ်သည်။ သူသည် မကြာသေးခင်ကမှ ပြင်းထန်သောတိုက်ပွဲကို အဆုံးသတ်ထားသည်မှာ သိသာသည်။
"လင်းဇီချန် မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့အလောင်းတွေကို ကြည့်လိုက်။ အခုက ငါကဘာလို့ အသန်မာဆုံးအောင်မြင်မှုပတ်ဝန်းကျင်မျိုးကို တိုက်တွန်းရတာလဲဆိုတာ မင်းနားလည်ပြီးလား။"
ကျိုးရွှယ်ဟုန်သည် အသက်ရှုလိုက်ပြီး လင်းဇီချန်ကို ကြည့်ကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ လင်းဇီချန်၏အဖြေကို မစောင့်ဘဲ ဆက်ပြောလိုက်သည်။
"ကပ်ဘေးဆိုတာက ရက်စက်တယ်။ ပတ်ဝန်းကျင်လည်း အရမ်းအန္တရာယ်များလွန်းတယ်။"
"ကျောင်းတက်တဲ့လေးနှစ်အတွင်းမှာ အားကောင်းအောင် မကျင့်ထားဘူးဆိုရင် ဘွဲ့ရလို့ တိုက်ပွဲမြေပြင်တဲ့ရောက်တဲ့အခါကျ ကွပ်မျက်မဲ့နေရာကို ပို့ပေးလိုက်သလိုဖြစ်နေလိမ့်မယ်။ သေချာပေါက်သေရလိမ့်မယ်။"
ကျိုးရွှယ်ဟုန်က ဆက်ပြောသည်။
"ဒီနေ့ကြွက်ကပ်ဘေး လူအများကြီးသေဖို့မလိုဘူး။"
"သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာက အားနည်းလို့သာ ဖြစ်ကြရတာ။ မြင်ကွင်းမှာ ဧရာမကြွက်ကြီးတွေက ပြေးလာတော့ ခြေထောက်တွေကလည်း အားနည်းပြီး ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူး။ သေခြင်းတရားကို ဦးတည်သွားရတော့တယ်။"
"ကမ္ဘာပေါ်ကကပ်ဘေးဆိုတာက အသေးအဖွဲကပ်ဘေးလောက်ပဲ။ မူလမြေမှာသာဆိုရင် သားရဲလှိုင်းသာရောက်လာရင် ဒီထက် အဆတစ်ရာ အဆတစ်ထောင်မက ပိုပြီးရက်စက်သေးတယ်။"
"ပြီးတော့ မင်းက မူလမြေကိုရောက်ပြီး သားရဲလှိုင်းကို မကြုံဖူးသေးတော့ ဘာမှနားလည်မှာမဟုတ်ဘူး။ မင်းက ငယ်ပြီးအောက်ခြေလွတ်ဖို့ပဲသိတယ်။ မင်းပြိုင်ဘက်တွေရှေ့မှာ ကိုယ့်ဘာသာ ကျေနပ်အောင် သရုပ်ပြဖို့လောက်ပဲသိတယ်။"
မိမိ၏အင်အားက လင်းဇီချန်၏ပြိုင်ဘက်မဟုတ်သည်ကို ကျိုးရွှယ်ဟုန် သိထားသည်။ သို့သော်လည်း မိမိ၏စည်းမျဉ်းစည်းကမ်းများဖြင့် ရပ်တည်နေဆဲပင် ဖြစ်၏။ လက်ရှိအခြေအနေတွင် လင်းဇီချန်ကို ဘာမှသွားပြောစရာအကြောင်းမရှိသောကြောင့် ထားခဲ့ချင်သော်လည်း မိမိ၏လုပ်ရပ်များက မှန်ကြောင်းကို သက်သေပြချင်သေး၏။
အခန်း (၃၈၀) ဆန်းကြယ်သားရဲတွေကအသိုက်ထဲကထွက်လာပြီအားလုံးက လှောင်ချိုင့်ထဲငှက်လေးတွေလိုပဲ(၂)
အခြေအမြစ်မရှိသောစကားလုံးများဖြင့် ရင်ဆိုင်ရသည့်အခါင်တွင် လင်းဇီချန်က မထုံတတ်သေးဖြင့် ပြောလိုက်သည်။
"စိတ်ဆန္ဒဆိုတာက မင်းလုပ်သလိုမျိုး ဓားသွေးရတာမဟုတ်ဘူး။ မင်းရဲ့နည်းလမ်းတွေက လူတွေကို မိစ္ဆာဒိဌိဂိုဏ်းဘက်ရောက်သွားအောင် လုပ်ပေးလိုက်သလိုမျိုးပဲ။"
"ဟေး မင်းက ခေါင်းမာလွန်းနေတာမဟုတ်လား။"
ကျိုးရွှယ်ဟုန်က အေးစက်စွာဖြင့် လှောင်ပြောင်လိုက်သည်။
အသံဆုံးသည်နှင့် ဘုန်းခနဲမြည်သံကြီးကို ကြားလိုက်ရသည်။
စောနကပင် ရပ်နေသောကျိုးရွှယ်ဟုန်သည် ယခုတွင် မြေကြီးပေါ်သို့ အားပြင်းပြင်းဖြင့် ဖိခံထားရသဖြင့် အသက်ပင် မရှုနိုင်ဘဲ မျက်နှာက နီရဲလာသည်။
"မင်းရဲ့အားလောက်နဲ့များ ငါ့ရှေ့လာပြီး ဘယ်ကယုံကြည်ချက်တွေ ရှိပြနေတာလဲ။"
လင်းဇီချန်က မြေကြီးပေါ်မှ ကျိုးရွှယ်ဟုန်ကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ မလှမ်းမကမ်းတွင် ဒုဥက္ကဌထန်ဝမ်ယိလည်းရှိသည်။
နှစ်ဦးသား ရုတ်တရက် တိုက်ခိုက်သည်ကို မြင်သောအခါတွင် သူမသည် အမြန်ဝင်တားလိုက်သည်။
"နှစ်ယောက်လုံး တော်ကြပါတော့။ အခုအခြေအနေက အရေးပေါ်ဖြစ်နေတာ။ ကိစ္စအားလုံးပြီးမှ မကျေနပ်တာကို ရှင်းကြပါ။"
လင်းဇီချန်ကမူ ထန်ဝမ်ယိကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ကျိုးရွှယ်ဟုန်ကိုသာ ပြောလိုက်သည်။
"နောက်တစ်ခေါက်ဆိုရင် ဆေးရုံမှာ နှစ်ဝက်လောက် လှဲနေဖရဖို့ ပြင်ထားလိုက်။"
ထိုစကားကို ပြောပြီးနောက်တွင် လင်းဇီချန်သည် ထုတ်လွှတ်ထားသော သွေးမျိုးဆက်စွမ်းအားကို ပြန်သိမ်း၍ ရှန်ချင်းဟန်ဖြင့်အတူ ရှေ့ဆက်လျှောက်သွားသည်။
ကျိုးရွှယ်ဟုန်၏အပြုအမူသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မသိချင်ပေ။ မိမိသိသောတစ်ခုတည်းသောအရာမှာ ထိုလူစွဲကိုင်ထားသောစည်းမျဉ်းစည်းကမ်းများကို လက်မခံနိုင်ခြင်းပင် ဖြစ်သည်။
…
အချိန်သည် စက္ကန့်နှင့် အမျှ ကုန်ဆုံးနေသည်။ တစ်နာရီမကကြာသွားလေသည်။ သန္ဓေပြောင်းကြွက်ကြီးများသည်လည်း လျော့သွားကာ အပျက်အစီးပတ်ဝန်းကျင်တွင် အနည်းငယ်မျှသာကျန်ပြီး ထွက်မလာရဲကြတော့ပေ။ အောင်နိုင်သူလူသားများက တိုက်ပွဲမြေပြင်ကို စတင်ရှင်းလင်းနေကြသည်။ လူအုပ်စုလေးသည်သာ ကြက်သွေးနီရောင်သစ်ပင်ကြီးကို စုံစမ်းရန် ဆန်းကြယ်အပင်ရုက္ခဗေဒပညာရှင်များဖြင့် ထွက်လာကြသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့လည်း ထိုအဖွဲ့ထဲတွင် ပါသည်။ ထိုအတွဲအပြင် သွေးမျိုးဆက်စွမ်းအား အဆင့်မြင့်အဆင့်ရှိသော လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည်လည်းပါကာ သွေးမျိုးဆက်စွမ်းအား အနည်းငယ်မျှနိမ့်သောအခြားသူများလည်း ပါသည်။
"အစ်မယွိယန် လက်မောင်းအဆင်ပြေရဲ့လား။"
ရှန်ချင်းဟန်သည် စုန့်ယွီယန်၏လက်မောင်းဒဏ်ရာကို ကြည့်ကာ စိုးရိမ်နေသောလေသံဖြင့် ပြောလိုက်သည်။
စုန့်ယွီယန်က ပြုံး၍ ပြောလိုက်သည်။
"အသေးအမွှားဒဏ်ရာပါ။ ဘာမှမပြင်းဘူး။ နောက်ရက်ပိုင်းလောက်နေရင် သက်သာသွားလိမ့်မယ်။"
ထိုသို့ပြောပြီးနောက်တွင် သူမ၏စိုးရိမ်မှုများကို အမြန်ပင် ဖော်ပြလိုက်သည်။
"ဝေဝေကတော့ ဒဏ်ရာပြင်းတယ်။ သူက ခါးနဲ့ဗိုက်မှာ ကြွက်ကိုက်ခံထားရပြီး ဒဏ်ရာက ပိုးဝင်နေတဲ့ပုံပဲ။ သူအဆင်ပြေဖို့မျှော်လင့်ပါတယ်။"
နှစ်ဦးက ပြောနေကြသော်လည်း လင်းဇီချန်ကမူ တိတ်ဆိတ်နေသည်။ သူသည် စောနက တွေ့ခဲ့ရသည့် မျက်လုံးသုံးလုံးဘီလူးဖြင့် ကြုံခဲ့ရသည်ကို ပြန်စဉ်းစားနေခြင်း ဖြစ်သည်။ နာရီပေါင်းများစွာ ကုန်ဆုံးပြီးနောက်တွင် ကြက်သွေးနီရောင်သစ်ပင်ကြီးဆီသို့ ရောက်သွားသည်။ သန္ဓေပြောင်းကြွက်ကြီးမှလွဲ၍ မျက်လုံးသုံးလုံးမိစ္ဆာတစ်ကောင်သာ ပေါ်လာသည်။
မူလမြေမှ လူသားနှင့်တူသည့်သက်ရှိများကို ပထမဆုံးအကြိမ် ဒုတိယအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ပထမအကြိမ်သည် မြေခွေးမိန်းကလေး စုကျိုကျဲပင် ဖြစ်သည်။ လူစကားပြောနိုင်သည့် မူလမြေမှ သက်ရှိများနှင့် ပက်သက်ပြီး လွန်စွာစိတ်ဝင်စားသွားကာ စပ်စုချင်မိလာသည်။ စုကျိုကျဲနှင့် မျက်လုံးသုံးလုံးဘီလူးသည် မူလမြေမှ လူသားမဟုတ်သည့်သက်ရှိများထက် ပို၍အင်အားကောင်းကာ ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
မကြာခင်တွင် ထိုအုပ်စုသည် သစ်ပင်ကြီးနားသို့ ရောက်သွားကြသည်။ တစ်ကီလိုမီတာအမြင့်ကျော်ရှိသည့် မိုးထိုးနေသည့်သစ်ပင်ကြီးကို မော့ကြည့်ကာ အားလုံးက အံ့ဩတုန်လှုပ်သွားကြသည်။ ထိုမျှရှည်သောသစ်ပင်သည် အားလုံးနားလည်ထားသည်ထက် ကျော်လွန်နေသည်။
"လူနည်းန်ညးက ပရော်ဖက်ဆာတွေနဲ့အတူ ဆန်းကြယ်အပင်ကို လေ့လာကြ။ ကျန်တဲ့သူက ငါ့နောက်က လိုက်ပြီး ဂူကို လေ့လာကြမယ်။"
သတ္တုများဖြင့် လုပ်ထားသော စက်ပြုပြင်လူသားကက ဆွဲဆောင်မှုရှိသောအသံဖြင့် ပြောလိုက်သည်။
သူသည် စစ်တပ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သည်။ သူ၏အင်အားသည် သခင်အဆင့်ရောက်လုနီးပါးပင် ဖြစ်၏။
လက်ရှိတွင် အားအကောင်းဆုံးလူဟု စဉ်းစားနိုင်သည်။ သူ၏အမိန့်ပေးမှုအောက်တွင် လူအချို့က သစ်ပင်ကြီးကို စူစမ်းသုတေသနပြုကြပြီး အချို့က ၎င်းနောက်သို့လိုက်ကာ ဂူကို စစ်ဆေးကြသည်။ လေ့လာသည်ဟုပြောလျှင် လွန်ရာကျပေမည်။ ဂူနားတွင် ရပ်ကာ စက်ပြုပြင်လူသားများက ရှာဖွေ့သည့်စက်များကိ ဂူထဲသို့ပို့၍ လှည့်ပတ်ကြည့်ရှုခြင်းသာ ဖြစ်သည်။ အားလုံးသည် မလှုပ်မယှက်ဖြင့် ထိုနေရာတွင် ရပ်ကာ ကွန်ပျူတာမျက်နှာပြင်ကိုသာ ကြည့်နေကြသည်။
"နတ်ဘုရားကောင်လေး ငါပြောတာ စစ်ဆေးကြည့်လိုက်။"
လုချင်းယွီသည် ပြောပြောဆိုဆိုဖြင့် လင်းဇီချန်ဘေးသို့ လျှောက်လာပြီး စိတ်အားထက်သန်စွာဖြင့် သူမထိန်းချုပ်ထားသည့်စက်ရုပ်မှ ပြသထားသောအရာကို လင်းဇီချန်ကို ပြလိုက်သည်။
နတ်ဘုရားကောင်လေးဟုသောအသုံးအနှုန်းကို ကြားလိုက်သဖြင့် ဘေးနားတွင်ရှိသော လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့ အံ့ဩသွားကြသည်။ အပြင်ပန်းတွင် အေးတိအေးစက်နိုင်သောထိုမိန်းကလေးသည် အားလုံး၏ရှေ့၌ လင်းဇီချန်ကို နတ်ဘုရားကောင်လေးဟု ခေါ်လိုက်ခြင်းဖြစ်သည်။
လင်းဇီချန်တွင် ကြီးမားသောဆွဲဆောင်မှုမျိုး ရှိသည်။ လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း စဉ်းစားမိခြင်းပင် ဖြစ်သည်။ ထိုအချိန်တွင် လုချင်းယွီပြထားသောမျက်နှာပြင်မှပေါ်လာသောအရာများကို စိတ်ဝင်တစားကြည့်နေမိပြီး တစ်ခုခုလွတ်သွားမည်ကို စိုးနေသည်။ ဂူသည် လွန်စွာကြီးမားပြီး အကျယ်က အချင်းဝက်က တစ်ဆယ်မီတာခန့်ရှိသည်။ လွန်စွာနက်လှသည်။ စူးစမ်းရေးစက်ရုပ်သည် တစ်ကီလိုမီတာအနက်ထိ ဆင်းသွားပြီးဖြစ်သော်လည်း အောက်ခြေကို မရောက်သေးပေ။
"နက်လွန်းတယ်။"
ဘေးနားတွင်ရှိသော ရှန်ချင်းဟန်က ပြောလိုက်သည်။
လုချင်းယွီကလည်း ဆိုလိုက်သည်။
"ထူးဆန်းလိုက်တာ။ တစ်ကီလိုမီတာအနက်ထိရောက်တာကိုး အပူချိန်က မျက်နှာပြင်ပေါ်က သာမန်အပူချိန်နှင့် အတူတူပင် ဖြစ်သည်။
လင်းဇီချန်သည် တိတ်ဆိတ်နေပြီး မျက်နှာပြင်ကို ဆက်၍ကြည့်ရှုနေမိကာ ပုံထဲမှ ဂူကိုသာ လေ့လာနေသည်။ မိမိ၏အာရုံသည် ဂူနံရံများပေါ်တွင်သာ ရှိသည်။
ဂူနံရံများသည် သဘာဝမဆန်ဘဲ အပင်မြစ်များဖြင့်ဖုံးနေပြီး ဂူ၏ဖွဲ့စည်းတည်ဆောက်ပုံကို အားဖြည့်နေဟန်တူသည်။ အမြစ်များသည် သာမန်ပုံစံပင်ဖြစ်ပြီး တစ်ခုနှင့်တစ်ခုထပ်ကာ ကွန်ရက်ပုံစံဖြစ်နေသည်။ ထို့အပြင် နံရံသည် ကြီးမားသောအပြာရောင်သလင်းကျောက်များထဲတွင် မြုပ်နေသည်။ ထိုအပြာရောင်သလင်းကျောက်များက အပင်များများအောက်တွင် ပုန်းကွယ်နေပြီး အလင်းရောင်ခပ်ပါးပါးသာထွက်ပြီး ခပ်ရေးရေးသာ မြင်ရသည်။ ကိစ္စများက ခန့်မှန်းသည့်အတိုင်းသာဆိုလျှင် ထိုသလင်းကျောက်များက အပူချိန်ကို ထိန်းပေးထားဟန်တူသည်။ အံ့ဩစရာကောင်းသောကျောက်များက လေလည်ပတ်ခြင်းအတွက် အသုံးဝင်နိုင်သည်။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များ ဖြစ်မလားဟု သိချင်မိသည်။
လင်းဇီချန်က မိမိဘာသာ ညဉ်းတွားနေမိကာ ဂူထဲမှသလင်းကျောက်များနှင့်ပက်သက်၍ မိမိဘာသာ စဉ်းစားဆင်ခြင်နေမိသည်။
"မဖြစ်ဘူး အရမ်းနက်လွန်းတယ်။ ဂူရဲ့အနက်က စက်ရုပ်စူးစမ်းနိုင်တာထက် ကျော်တယ်။ ဆက်ပြီး ရှာနေလို့မဖြစ်ဘူး။"
လုချင်းယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဘေးနားတွင်ရှိသော အခြားသောစက်ပြုပြင်လူသားများကလည်း ထိုသို့ပင် စဉ်းစားမိသည်။ ထိုဂူများသည် မြေကြီးအနက်ထဲတွင် ဖြစ်ပေါ်နေကာ စူးစမ်းရှာဖွေရန်မှာ မဖြစ်နိုင်ပေ။
"ပရော်ဖက်ဆာကောင်း အဲ့မှာ လေ့လာတာကရော ဘယ်လိုလဲ။"
ဂူကို လေ့လာနေသော စစ်ဌာနချုပ်မှ အဆင့်မြင့်စစ်အရာရှိတစ်ဦးက သစ်ပင်ကြီးကို လေ့လာနေသောလူကြီးဘက်သို့ လှည့်၍ မေးလိုက်သည်။
ပရော်ဖက်ဆာကောင်းက ခေါင်းခါပြလိုက်ပြီး သက်ပြင်းချလိုက်မိ၏။
"အခြေအနေမကောင်းဘူး။ ဒီဆန်းကြယ်အပင်က ထူးဆန်းလွန်းတယ်။ တစ်ကီလိုမီတာထိရှည်တဲ့ ဆန်းကြယ်အပင်များကို တစ်ခါမှ မမြင်ဖူးဘူး။ တူတဲ့ဟာကို မမြင်ဖူးဘူး။"
ထိုတုံ့ပြန်ချက်ကို ကြားသည့်အခါတွင် အားလုံးသည် အတော်လေး စိတ်ဓာတ်ကျသွားကြသည်။ ဂူကိုလေ့လာခြင်းက လက်တွေ့မဆန်လွန်းလှပေ။
သစ်ပင်ကြီးသည်လည်း ဘာမှထူးဆန်းသည်ကို ရှာမတွေ့ပေ။ ကြွက်ကပ်ဘေးကလည်း ရင်ဆိုင်ပြီးသွားသည်။ ရုတ်တရက်ဆိုလျှင် ဘာမှလုပ်စရာမရှိသည်နှင့်တူသည်။ ထိုအချိန်တွင်လူတစ်ယောက်က အကြံပေးလိုက်သည်။
"နေထိုင်တဲ့သူအားလုံးကို ဘေးကင်းတဲ့နေရာရွှေ့ပြီးပြီဆိုတော့ အခု ငါတို့ဘာလို့ အန္တရာယ်ကင်းတဲ့နေရာကို မရွှေ့ကြရမှာလဲ။"
နောက်ထပ်သူတစ်ယောက်လည်း သဘောတူလိုက်သည်။
"အခု ငါတို့ အန္တရာယ်ကင်းတဲ့နေရာကို ပြောင်းတာပိုကောင်းတယ်လို့ ထင်တယ်။ ဒီနေရာကို ယာယီချိတ်ပိတ်ပြီး ပိုအားကောင်းတဲ့သူတွေပြန်လာမှ ကိုင်တွယ်ခိုင်းသင့်တယ်။"
အဆင့်မြင့်အရာရှိက ပြန်ပြောလိုက်သည်။
"ငါတို့တတ်နိုင်တာ ဒါအကုန်ပဲ။"
ခေတ္တမျှဆွေးနွေးကြပြီးနောက်တွင် အားလုံးသည် ဘေးကင်ရာသို့ ပြောင်းသည်က အကောင်းဆုံးဟုခံစားမိကာ ထိုနေရာတွင်နေပြီး စွန့်စာရန်လည်း မလိုပေ။ မည်သူမှအားမကောင်းကြကာ သခင်အဆင့်တိုက်ခိုက်သူတစ်ယောက်ပင် မပါပေ။ စောစောစီးစီးထွက်ခွာကာ အားကောင်းသူများ ရောက်လာမည်ကို စောင့်သည်ကသာ ပိုကောင်းသည်။
သို့သော်လည်း.....
အားလုံး ထွက်သွားရန် ပြင်ဆင်နေကြစဉ်တွင် တည်ငြိမ်နေသောမြေပြင်သည် ရုတ်တရက်ပင် အကြီးအကျယ်ဆူညံသံကြီး ထွက်ပေါ်လာသည်။ နောက်တွင်မူ ကောင်းကင်ထိမိုးထိုးနေသည့်သစ်ပင်ကြီးအနီးတွင် မရေမတွက်နိုင်သော တုတ်ခိုင်သည့် နွယ်ပင်များစွာသည် မြေကြီးမှ ထွက်လာပြီး အမြန်ဆုံးနှုန်းဖြင့် ကောင်းကင်ပေါ်သို့ ထောင်တက်သွားကြသည်။ ထိုနွယ်ပင်များက အချင်းချင်းယှက်နေပြီး ရှုပ်ထွေးလှသည့် အဝိုင်းပုံနံရံဖြစ်ပေါ်လာကာ ကြက်သွေးနီရောင်သစ်ပင်ကြီးကို ဗဟိုပြု၍ အချင်းဆယ်မိုင်ခန့်ရှိသည့်အတိုင်းအတာဖြင့် ပတ်လည်ကာရံလိုက်သည်။
လူများ မတုံ့ပြန်နိုင်ခင်တွင်ပင် ရုတ်တရက်ဆိုသလိုပင် မိမိတို့နားမှ ဂူများထဲမှ ပြင်းထန်သောတုန်ခါမှုများ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ထူးဆန်းသောပုံသဏ္ဍာရှိသည့်သားရဲများ ပြေးထွက်လာတော့သည်။ ကြက်သွေးနီရောင်သစ်ပင်ကြီးအောက်တွင် အမျိုးအမည်မသိရသောဆန်းကြယ်သားရဲများစွာ ထွက်ပေါ်လာ၏။ အားလုံး ထွက်ပြေးကုန်ကြသည်။ ထွက်မပြေးလျှင်သေရမည်သာ ဖြစ်သည်။ အဆင့်မြင့်သူများက အခြေခံအဆင့်ကျောင်းသားများကို ပြန်ဆုတ်ခိုင်းသည်။ ယခုတွင်မူ လင်းဇီချန်၏အရည်အချင်းကို ဖော်ပြရမည်ဆိုလျှင် သူသည် ဆန်းကြယ်သားရဲအမျိုးမျိုးကို သုတ်သင်နေပြီ ဖြစ်လေသည်။

အခန်း (၃၈၁) သွေးသန့်လူသားလမ်းစဉ်က ဘက်ပေါင်းစုံက ရှုံးနေပြီ
ဟိုက်ဒရာ၊ ကြက်သွေးနီမီးတောက်ပုရွက်ဆိတ်များ၊ မိစ္ဆာမျက်လုံး လူဝံကြီး၊ သံချပ်ကာ မြေနဂါး၊ အရိပ်ညကြောင်၊ ကြမ်းတမ်းလင်းယုန်ကြီးများ.....
ချက်ချင်းဆိုသလိုပင် အဆင့်မြင့်သတ္တဝါများစွာသည် ဂူနက်ကြီးထဲမှ အုပ်စုလိုက် ထွက်လာကာ အကောင်များ၏မျက်လုံးတို့ကလည်း ရန်လိုမှုဖြင့် ဝင်းဝင်းတောက်နေပြီး အမြန်ဆုံးနှုန်းဖြင့် ဂူထဲမှ ပြေးထွက်လာကြသည်။ ဆန်းကြယ်သားရဲအုပ်စုသည် မြန်လွန်းလှကာ မျက်စိတစ်မှိတ်အတွင်းတွင်ပင် လူများကို မိသွားသည်။ နှေးကွေးသောလူများသည် ကံမကောင်းစွာဖြင့် သားရဲအုပ်က ဝါးမျိုသွားကာ လဲမကျခင်တွင် ဆိုးဆိုးဝါးဝါးအော်သံများဖြင့် ဆူညံနေပြီး ဆန်းကြယ်သားရဲများဗိုက်ထဲ၌ အစာဖြစ်သွားရသည်။
ရှေ့ကပြေးနေသောလင်းဇီချန်သည် နောက်တွင်ကျန်ခဲ့သောသူများကို ဆန်းကြယ်သားရဲများက သတ်နေသည်ကို အာရုံခံမိသောကြောင့် ခိုင်မာသောနှလုံးသားဖြင့် ပြန်ဆုတ်ကာ ထိုလူများကို ကယ်ရန် ဆုံးဖြတ်လိုက်သည်။
"ဟန်ဟန် အစ်မယွီယန် မင်းတို့တွေ ပြေးကြ။ ငါလူပြန်ကယ်လိုက်ဦးမယ်။ မကြာခင် လိုက်လာခဲ့မယ်။"
ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့် စုန့်ယွီယန်ကို လွှတ်ပေးလိုက်သည်။ ထို့နောက်တွင် အားဖြင့် အနောက်သို့ ပြန်ပြေးသွားကာ အရိပ်ကလေးပင် မြင်လိုက်ရသည်။
…
နောက်တွင်ကျန်ခဲ့သောအုပ်စုတွင် သွေးမျိုးဆက်အဆင့်နိမ့်ပြီး ပို၍နှေးသောရှန်ဟိုင်းတက္ကသိုလ်ကျောင်းသားများသည် ယခုတွင် ဆန်းကြယ်သားရဲအုပ်စုလိုက်ခြင်းခံရသဖြင့် လဲကျသွားပြီးနောက်တွင်အပိုင်းပိုင်းပြတ်သွားရကာ သွေးများကလည်း နေရာအနှံ့တွင် ပြန့်ကျဲသွားပြီး ချက်ချင်းပင် အသက်မဲ့နေသောအလောင်းများအဖြစ် ပြောင်းသွားကြသည်။
"ငါမသေချင်ဘူး ငါမသေချင်သေးဘူး...."
"ကယ်ကြပါဦး ကယ်ကြပါဦး ငါ့ကို မထားခဲ့ပါနဲ့။"
"အဲ့သားရဲကောင်တွေ။ အကုန်လုံးကို သတ်ပစ်မယ်။ "
"...."
ထိုအုပ်စုသည် ငိုယိုအော်ဟစ်ကာ အကူအညီတောင်းခံနေကြပြီး မျှော်လင့်ချက်မရှိတော့သည်ကို သိသောကြောင့် နောက်ပြန်လှည့်၍ သားရဲအုပ်စုဖြင့် ပြန်တိုက်ခိုက်ကြသည်။ ခါး၌ အပြင်းအထန် ဒဏ်ရာရထားသောမာရှိဝေသည် သူမ မလွတ်နိုင်သည်ကို သိသဖြင့် စိတ်ပိုင်းဖြတ်ကာ နောက်ပြန်လှည့်လာပြီး ချည်းကပ်လာသောသားရဲအုပ်စုဆီသို့ ပြေးတက်သွားကာ သိက္ခာရှိရှိဖြင့် သေချင်နေသည်။
"ရှိဝေ ဘာလုပ်တာလဲ"
"ရှိဝေ ပြန်လာခဲ့။"
မာရှိဝေသည် ရုတ်တရက် နောက်ပြန်လှည့်သွားပြီး သားရဲအုပ်စုဆီသို့ ပြေးဝင်သွားသည်ကို တွေ့သောအခါတွင် လော်ရုံကျန်းက စိတ်ပူစွာဖြင့် အော်ပြောလိုက်သည်။ မာရှိဝေက ရပ်မည့်အရိပ်အယောင် မမြင်သောကြောင့် ပြောလိုက်သည်။
"ငါက ခါးမှာ အပြင်းအထန်ဒဏ်ရာရထားတယ်။ ကြာကြာခံမှာမဟုတ်တော့ဘူး။ ငါနင်တို့ကို ကာပေးမယ်။"
"ဘာကိုကာမှာလဲကွ"
လီမော်ယွီသည် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ပြီး ချက်ချင်းလှည့်လာကာ အမြန်ဆုံးနှုန်းဖြင့် မာရှိဝေထံပြေးဝင်ပြီး သေပွဲဝင်ရန်ပြင်နေသည်ကို ဝင်တားလိုက်သည်။
လော်ရုန်ကျန်းက တွန့်ဆုတ်နေမိသော်လည်း အံကြိတ်ကာ နောက်မှလိုက်သွားရှာသည်။ မိမိတို့သည် သေအတူရှင်မကွာဖြစ်သော်လည်း သတ္တိကြောင်ကြသူများ မဟုတ်ပေ။
ဝှစ်....
လေကိုခွင်းသောအသံ ထွက်ပေါ်လာသည်။
အဆင့်မြင့်အရိပ်ညကြောင်သည် မျက်စိဖြင့်မြင်နိုင်ရန်ခက်ခဲသောနှုန်းဖြင့် မာရှိဝေထံ ပြေးဝင်သွားကာ လက်သည်းကို သူမလည်ချောင်းထံသို့ မြှောက်လိုက်သည်။ မာရှိဝေ၏အမြန်နှုန်းက အရိပ်ညကြောင်နီးပါး ရှိသည်။ သို့သော်လည်း သူမသည် ထိုဆန်းကြယ်သားရဲကို နားလည်ထားသောကြောင့် လှုပ်ရှားမှုကို ခန့်မှန်းနိုင်သည်။
အရိပ်ညကြောင်က တိုက်ခိုက်မှု မလုပ်ခင်တွင် သူမသည် မိမိဘာသာ ကိုယ်နေဟန်ထားပြင်သာ အသာရှောင်လိုက်နိုင်သည်။ ကြောင်၏လည်သည်းက ကုပ်မိပြီးနောက်တွင် အသာပြန်ဆုတ်သွားကာ သေစေနိုင်သည့်ကုတ်ချက်ကို အောင်မြင်စွာရှောင်ရှားလိုက်နိုင်သည်။ တစ်ချိန်တည်းတွင်ပင် သူမ၏ဓားနှစ်ချောင်းဖြင့် အရိပ်ညကြောင်၏နှလုံးကို အားပြင်းပြင်းဖြင့် ထိုးချလိုက်သည်။ အမြန်နှုန်းတွင်သာ နာမည်ကြီးပြီး တိုက်ခိုက်မှုက သာမန်ဖြစ်ကာ ခုခံမှုနည်းသောသတ္တဝါမျိုး ဖြစ်သည်။ ထို့ကြောင့် အရိပ်ညကြောင်သည် အဆင့်မြင့်သက်ရှိဖြစ်သော်လည်း ချက်ကောင်းကို ထိသွားလျှင် ဆိုးဝါးစွာဒဏ်ရာရသွားစေနိုင်သည် မဟုတ်လျှင် သေစေနိုင်သည်။
ထို့နောက်တွင် ဓားထိုးဖောက်သွားသံနှစ်ချက် ထွက်ပေါ်လာသည်။ မာရှိဝေ၏ဓားနှစ်ချောင်းသည် အရိပ်ညကြောင်၏နှလုံးကို အတိအကျပင်ထိုးဖောက်သွားသည်။ ရုတ်တရက်ပင် သွေးများက ပန်းထွက်လာပြီး မာရှိဝေ၏မျက်နှာကို စင်သွားသည်။ သူမသည် ဓားကို ပြန်ဆွဲနှုတ်လိုက်ပြီး ထပ်ထိုးလိုက်ကာ အရိပ်ညကြောင်ကို အသက်ရှုခွင့်ပင် မပေးပေ။ သို့သော်လည်း အချက်ရေအနည်းငယ်ထိုးပြီးနောက်တွင် သူမ၏လက်မောင်းသည် ထိုကြောင်၏လက်သည်းဖြင့် အကုပ်ခံလိုက်ရကာ အသားများက ချက်ချင်းပြဲသွားပြီး အရိုးဖြူများပင် ပေါ်လာသည်။ နာကျင်လွန်းသဖြင့် လက်ထဲမှဓားနှစ်ချောင်းပင် လွတ်ကျသွားသည်။
အဆင့်မြင့်သက်ရှိကို အဆင့်မြင့်ဟု သတ်မှတ်ထားရသည့်အကြောင်းရင်းရှိသည်။ မျိုးစိတ်သည် ခုခံနိုင်စွမ်းနည်းပါးလျှင်ပင် မာရှိဝေကဲ့သို့ သာမန်သက်ရှိများ အလွယ်တကူအနိုင်ယူ၍ရသောမျိုးစိတ်မျိုး မဟုတ်ပေ။
ဝှစ်....
အရိပ်ညကြောင်သည် သေစေနိုင်လောက်သောလက်သည်းကို ထပ်မံလွှဲယမ်းလိုက်ပြီး မာရှိဝေ၏လည်ပင်းကို ချိန်ကာ တစ်ချက်တည်းဖြင့် အပြီးသတ်ရန် ကြံရွယ်ထားပုံရသည်။ မာရှိဝေက ရှောင်ချင်သော်လည်း ခါးမှဒဏ်ရာကပြင်းသောကြောင့် မရှောင်နိုင်တော့ပေ။ သူမသည် သေရန်သာ ရှိတော့သည်။
ထိုအချိန်တွင် နောက်မှ ဓားတစ်ချောင်းရောက်လာပြီး သူမ၏ပခုံးကိုဖြတ်၍ ဒုတ်ခနဲအသံနှင့်အတူ အရိပ်ညကြောင်၏ခေါင်းကို မှန်သွားပြီး သွေးများပန်းထွက်လာတော့သည်။ မာရှိဝေက ထိုဓားကို မှတ်မိသည်။ လော်ရုန်ကျန်း၏ကျော်တွင် သယ်သွားတတ်သောဓားပင်ဖြစ်၏။
ဝှစ်....
နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
လီမော်ယွီသည်လည်း မာရှိဝေဘေးသို့ ပြေးဝင်လာပြီး လက်ထဲမှ ဆူးသံတင်းပုတ်ကို အားဖြင့် လွှဲရမ်းကာ အပြင်းအထန်ဒဏ်ရာသွားစေသည်။
ဘုန်း
ဘုန်း....ဘုန်း....ဘုန်း...
ကြောက်စရာကောင်းသောရိုက်သံများနှင့်အတူ အဆင့်မြင့်အရိပ်ညကြောင်၏ခေါင်းသည်လည်း ကြေမွသွားကာ အသက်မဲ့သွားရရှာသည်။
"ငါတို့အဆင့်မြင့်သက်ရှိကို သတ်လိုက်နိုင်ပြီ။"
လီမော်ယွီသည် အဆင့်မြင့်အရိပ်ညကြောင်၏အလောင်းကို ကြည့်ကာ မျက်နှာက အံ့ဩနေရှာသည်။
လော်ရုန်ကျန်းကမူ ဘာမှမပြောဘဲ ဓားကို ပြန်ဆွဲထုတ်ကာ လှည့်၍ ပြေးထွက်သွားသည်။
ထိုသည်ကို မြင်သောအခါတွင် လီမော်ယွီလည်း ဆက်၍ငေးမနေတော့ပေ။ အမြန်ပင် အဆင့်မြင့်အရိပ်ညကြောင်ကိုယ်ထဲမှ သားရဲအမြုတေကို ထုတ်ယူကာ လော်ရုန်ကျန်းနောက်မှ ပြေးလိုက်သွားသည်။
ဆန်းကြယ်သားရဲများစွာတို့က နောက်မှလိုက်လာကြသည်။ ယခုမပြေးလျှင် သားရဲအုပ်က လွှမ်းမိုးသွားပြီး တစ်စစီဖြစ်သွားမည်ဖြစ်သည်။
"ရှိဝေ မြန်မြန် ပြေးတော့...."
မာရှိဝေက နေရာတွင် ရပ်နေသည်ကို မြင်သောကြောင့် လော်ရုန်ကျန်းက အော်၍သတိပေးလိုက်သည်။
မာရှိဝေကမူ ခေါင်းခါပြလိုက်ပြီး ပြောလိုက်လေသည်။
"နင်တို့တွေ အရင်သွားနှင့်ကြ။ ငါ့ကို စိတ်မပူနဲ့။ ငါသွေးအများကြီးလွန်နေပြီ။ မပြေးနိုင်တော့ဘူး။"