အပိုင်း ၃၈၂-၃၈၄
Vol. 26 Ch. 382-384
အခန်း (၃၈၂) သွေးသန့်လူသားလမ်းစဉ်က ဘက်ပေါင်းစုံက ရှုံးနေပြီ (၂)
"ငါတို့ အတူတူပြေးကြမယ်...."
လီမော်ယွီက ပြန်ပြေးလာပြီး မာရှိဝေကို ပွေ့ချီကာ သူမနှင့်အတူထွက်ပြေးရန် ချိန်လိုက်သည်။ သို့သော်လည်း မာရှိဝေထံသို့ မရောက်နိုင်ခင်တွင်ပင် သွေးဆာနေသော တောင်ပံက ဆယ်မီတာခန့်ရှိသော မိစ္ဆာလင်းယုန်ကြီးသည် ၎င်းတို့ကို မြင်သွားပြီး ကောင်းကင်မှနေ၍ အတောင်ပံများဖြင့် ပစ်လိုက်သည်။
"ဖက်..."
"ဖက် ဖက် ဖက်..."
"ဖက်...ဖက်..."
ဖက်ခနဲအသံများက ဆက်တိုင်ထွက်ပေါ်လာသည်။
မာရှိဝေ၊ လီမော်ယွီနှင့် လော်ရုန်ကျန်းတို့သုံးဦးသည် ငှက်မွေးများ ထိမှန်သွားကြပြီး ခန္ဓာကိုယ်က မြေကြီးပေါ်တွင် ငှက်မွေးဖြင့် ထောက်ခံထားရသဖြင့် မလှုပ်နိုင်ကြတော့ပေ။
ခန္ဓာကိုယ်မှ သွေးများအံကျလာပြီး အဝတ်များပင် ရွှဲနစ်သွားကာ ဒဏ်ရာများကလည်း ပြင်းလှသည်။
အထူးသဖြင့် မာရှိဝေပင်ဖြစ်သည်။ သူမသည် နှလုံးကို မှန်သွားကာ သွေးများက အထိန်းအကွပ်မဲ့ထွက်နေပြီး မျက်နှာကလည်းသေအံ့ဆဲဆဲ ဖျော့တော့နေကာ ကြာကြာမခံတော့သည့်ပုံပေါ်သည်။
"ဝှစ်...."
သွေးဆာနေသောမိစ္ဆာလင်းယုန်သည် လေကို ခွင်းကာ မြေကြီးပေါ်မှ မာရှိဝေထံသို့ အမြန်ဆုံးနှုန်းဖြင့် ရောက်လာပြီး နူးညံ့သိမ်မွေ့သောမိန်းကလေးကို သုတ်ရန် ချိန်ကာ အသွေးနှင့်အသားကို ဝါးမျိုတော့မည်ဖြစ်သည်။ သွေးဆာနေသောလင်းယုန်ကြီးကချည်းကပ်လာသည်နှင့် မာရှိဝေလည်း မျက်လုံးကို မှိတ်ထားလိုက်ပြီး တိတ်တဆိတ်ဖြင့် သေမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
"ဘုန်း..."
"ဘုန်း...."
"ဘုန်း..."
မာရှိဝေမျက်လုံးမှိတ်ထားသောအခိုက်အတန့်တွင် မြေကြီးထဲမှ တစ်ခုခုထွက်ပေါ်လာသံကို ကြားလိုက်ရသည်။ ထို့နောက်တွင် စူးစူးဝါးဝါးအော်သံများကို ကြားလိုက်ရပြန်သည်။ လူအော်သံမဟုတ်ဘဲ လင်းယုန်ကြီး၏အော်သံပင် ဖြစ်သည်။ မာရှိဝေလည်းတွေဝေသွားကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ မိမိမြင်လိုက်ရသည်မှာ ဆယ်မီတာခန့်ရှည်သည့်လင်းယုန်ကြီးသည် နွယ်ပင်များစွာဖြင့် ထိန်းချုပ်ခံထားရကာ မလှုပ်နိုင်ဖြစ်နေသည်။ လင်းယုန်ကြီး၏ပါးစပ်သည် ဖွင့်နိုင်ယုံသာဖြစ်ပြီး အော်သာနေနိုင်သည်။ ထို့နောက်တွင် နွယ်ပင်များက ရုတ်တရက်တင်းကြပ်သွားကာ ကြီးမားသောလင်းယုန်ကြီးကို ဖျစ်ညှစ်လိုက်ပြီး ကောင်းကင်မှ သွေးမိုးများ ရွာကျလာတော့သည်။
သူမရှေ့မှမြင်ကွင်းကို ငေးကြည့်နမိပြီး မာရှိဝေက အံ့ဩသွားရှာသည်။ နွယ်ပင်များသည် သွေးဆာနေသောလင်းယုန်ကြီးကို ရစ်ပတ်ထားသည်။
'သူတို့က တစ်ဖက်တည်းက မဟုတ်ဘူးလား။'
'ဘာတွေဖြစ်နေတာလဲ။'
မာရှိဝေ၏အကြည့်တို့က တွေဝေမှုဖြင့် ပြည့်နှက်သွားကာ ဖြစ်နေသည်များကို အဓိပ္ပာယ်မရှိဟု ထင်မိသည်။ အမြင်အာရုံက ပို၍ဝေဝေါးလာသည်။ သွေးလွန်နေကာ ကြာကြာမခံတော့သည်ကို သိလိုက်သည်။ မျက်တောင်များက လေးလံနေပြီး မှိတ်ခါနီးချိန်တွင် အနီရောင်ဆေးလုံးတစ်လုံးက ဘေးမှ ခုန်ထွက်လာပြီး ပါးစပ်ထဲသို့ အတိအကျပင် ဝင်သွားသည်။ ဆေးလုံးသည် လျှာပေါ်တွင် အရည်ပျော်သွားသည်နှင့် နွေထွေးသောစီးကြောင်းအဖြစ်ပြောင်းကာ သူမ၏ကိုယ်အင်္ဂါများထဲသို့ စီးဝင်သွားပြီး ချီသွေးအားပြည့်လာကာ ဒဏ်ရာများက သက်သာလာသည်။ ခဏအတွင်းတွင်ပင် သတိလစ်နေသောမာရှိဝေသည် ရုတ်တရက် ပြန်နိုးလာသည်။
သူမခန္ဓာကိုယ်တွင် စိုက်နေသောငှက်မွေးများကိုဖယ်ကာ မတ်တတ်ထလိုက်သည်။ ထို့နောက်တွင် အံ့ဩတုန်လှုပ်စွာဖြင့် နွယ်ပင်များက ထောင်တက်နေသည်ကိုတွေ့လိုက်ရသည်။ ဆန်းကြယ်သားရဲများက ထိုနွယ်ပင်များဖြင့် ရောယှက်နေပြီး လေထဲတွင် အော်သံများကို ကြားနေရသည်။
"ဟမ် ဘာလို့ ဒီမှာရှိနေရတာလဲ။"
နွယ်ပင်များ၏အလယ်တွင် လင်းဇီချန်၏ပုံရိပ်ကိုတွေ့လိုက်ရသည်။ ဆန်းကြယ်သားရဲများကို တိုက်ခိုက်နေသောနွယ်ပင်များက အလယ်ရှိလင်းဇီချန်ကိုမူ မတိုက်ခိုက်သဖြင့် ပို၍အံ့ဩသွားမိသည်။ လီမော်ယွီနှင့်လော်ရုန်ကျန်းတို့သည်လည်း မလှမ်းမကမ်းတွင် အံ့ဩနေကြလေသည်။
လင်းဇီချန်က နွယ်ပင်များကို ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု သုံးဦးလုံး ထင်မိသည်။ လင်းဇီချန်သည် သွေးသန့်လူသားဖြစ်ကာ ဂမ္ဘီရသစ်ပင်ဂိုဏ်း၏သစ္စာဖောက်လည်းမဖြစ်နိုင်ပေ။ နွယ်ပင်များကို မည်သို့ထိန်းချုပ်သွားနိုင်သနည်း။ နားလည်သော်လည်း မဖြစ်နိုင်သောအရာက ရှင်းလင်းနေ၏။ သုံးဦးသား ကြောင်၍ ရပ်နေသည်ကို မြင်သောအခါတွင် လင်းဇီချန်က အော်၍ သတိပေးလိုက်သည်။
"ဘာလို့ ငေးနေကြတာလဲ။ ဒီကနေ မြန်မြန်ထွက်သွားတော့။ ငါ့ကို မနှောင့်ယှက်ကြနဲ့။"
ထိုစကာပြောပြီးသည်နှင့် အာရုံကို စုစည်းကာ သားရဲများကို ပတ်ထားသောနွယ်ပင်များကို တင်းကြပ်သွားအောင် လိမ်ပစ်သည်။ နောက်တွင် နွယ်ပင်များကြောင့် သားရဲများအားလုံး ပေါက်ကွဲထွက်သွားပြီး ကောင်းကင်မှသွေးမိုးရွာကျလာကာ မြေကြီးတစ်ခုလုံး နီရဲသွားတော့သည်။
"အဲ့နွယ်ပင်တွေကို လင်းဇီချန်က ထိန်းချုပ်ထားတာပဲ..."
ထိုအချိန်တွင် လီမော်ယွီ၊ မာရှိဝေနှင့် လော်ရုန်ကျန်းတို့သည် အားလုံးကြောင်နေကြပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။ လင်းဇီချန်ကဲ့သို့ သွေးသန့်လူသားတစ်ယောက်က ဂမ္ဘီရသစ်ပင်ဂိုဏ်း၏သစ္စာဖောက်တစ်ယောက်ကဲ့သို့ နွယ်ပင်များကို ထိန်းချုပ်နိုင်သည်လား။
အိပ်မက်မက်နေတာများလား
မဟုတ်ရင်လည်း ထင်ယောင်ထင်မှားဖြစ်နေတာလား
သုံးဦးလုံး တွေဝေနေမိကာ အနှစ်နှစ်ဆယ်စာ အသိတရားတို့သည် ကြေမွသွားပြီး ဖြစ်နေသည်များကို နားမလည်နိုင်တော့ပေ။ ထိုသုံးဦး မလှုပ်သည်ကို မြင်သောကြောင့် လင်းဇီချန်လည်း ဆက်၍မစည်းရုံးတော့ပေ။ အတွေးဖြင့် နွယ်ပင်သုံးပင်ဖြင့် ခါးမှရစ်ပတ်ကာ ထိုသုံးဦးကို အားဖြင့် အဝေးသို့ ပို့လိုက်တော့သည်။ ထို့နောက်တွင် ဝါးမျိုဟုသောအတွေးကို ပြန်၍အာရုံစိုက်လိုက်၏။
ချက်ချင်းဆိုသလိုပင် လေဟာနယ်ထဲ၌ စာသာများစွာ ထွက်ပေါ်လာသည်။
(သင်သည် ကြမ်းတမ်းမိစ္ဆာလင်းယုန်၏အသက်ဓာတ်ပမာဏများစွာကို ရရှိပါသည်။)
(သင်သည် ကြမ်းတမ်းမိစ္ဆာလင်းယုန်စွမ်းအားကို အောင်မြင်စွာဖွင့်ပြီးဖြစ်ပြီး ကောင်းကင်အပြည့်ငှက်တောင်စွမ်းအားကို ရရှိပါသည်။)
(ကောင်းကင်အပြည့်ငှက်တောင်စွမ်းအား - သင်၏ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များကို လက်နက်အဖြစ် သုံးနိုင်ပါသည်။)
(သင်သည် သံချပ်ကာမြေနဂါးအသက်ဓာတ်ပမာဏများစွာကို စုပ်ယူပြီးပါပြီ။)
(သံချပ်ကာမြေနဂါးအစွမ်းများစွာကို အောင်မြင်စွာဖွင့်နိုင်ပြီး တောင်ကဲ့သို့ မယိမ်းမယိုင်ဟုသောစွမ်းအားကို ရရှိပါသည်။)
(တောင်ကဲ့သို့မယိမ်းမယိုင်စွမ်းအား - ခုခံနိုင်သည့်စွမ်းအားက သိသိသာသာ တိုးတက်လာပါသည်။)
(သင်သည် အရိပ်ညကြောင်အသက်ဓာတ်ပမာဏများစွာကို စုပ်ယူပြီးပါပြီ။)
(သင်သည် အရိပ်ညကြောင်စွမ်းအားကို အောင်မြင်စွာဖွင့်နိုင်ပြီး အဆင့်မြင့်လျင်မြန်မှုဟုသောစွမ်းအားကို ရရှိသွားပါပြီ။)
(အဆင့်မြင့်လျင်မြန်မှု - အမြန်နှုန်းစွမ်းအားသည် သိသိသာသာ တိုးတက်လာပါသည်။)
"သတ်တယ်ဆိုတာက ဒီလိုမျိုးလား။"
လင်းဇီချန်သည် ဆန်းကြယ်သားရဲများ၏သွေးမိုးများကို ရေချိုးရင်း လေဟာနယ်ထဲမှ စာသားများကို မော့ကြည့်ကာ ထူးဆန်းသောပျော်ရွှင်မှုကို ခံစားမိသည်။
ထိုအချိန်တွင် ချီချင်းမော့သည် အဘယ့်ကြောင့် အနည်းငယ်မျှပင် မစဉ်းစားဘဲ သက်ရှိများကို သန့်စင်ပေးရသည်ကို နားလည်သွားတော့သည်။ မိမိရှေ့၌ ဆန်းကြယ်သားရဲများ ပြုတ်ကျလာသည်ကို မြင်မိသောအခါတွင် လောကကို သိမ်းပိုက်လွှမ်းမိုးရသည့်ခံစားချက်အစစ်အမှန်ကို ခံစားလိုက်မိသည်။ နတ်ဘုရားများက အဟန့်အတားဖြစ်နေလျှင် နတ်ဘုရားများကို ဖျက်ဆီးနိုင်သည်။ လမ်းတွင် ဗုဒ္ဓက ပိတ်ရပ်နေလျှင် ဗုဒ္ဓကိုပါ ဖယ်ရှားပစ်နိုင်၏။
လင်းဇီချန်သည် ထူးဆန်းသောခံစားချက်ထဲတွင် နစ်မြုပ်မနေပေ။ မကြာခင်ပင် လက်တွေ့သို့ပြန်ရောက်လာပြီး အတွေးများကို အာရုံစိုက်ကာ အလောင်းများမှ သားရဲအမြုတေများကို ထုတ်ယူလိုက်ပြီး မိမိ၏ သိုလှောင်ခန်းလေဟာနယ်ထဲတွင် ထည့်သိမ်းထားလိုက်လေသည်။
အခန်း (၃၈၃) သွေးသန့်လူသားလမ်းစဉ်က ဘက်ပေါင်းစုံက ရှုံးနေပြီ (၃)
ပြန်ဆုတ်သွားကြပြီးသောအခါတွင် သူသည် သားရဲအုပ်စုကို နွယ်ပင်များဖြင့် ဆက်လက်တိုက်ခိုက်နေသည်။ လင်းဇီချန်သည် မိမိ၏လုံခြုံမှုကို သေချာစေပြီးနောက်မှ လွတ်မြောက်ရန် နှေးကွေးနေသူများကို ကယ်ပေးသည်။ သို့သော်လည်း ဆန်းကြယ်သားရဲများက များလွန်းလှသည်။ ထိုအကောင်များကြားတွင် သွေးမျိုးဆက်စွမ်းအားအဆင့်မြင့်နဝမအဆင့်ရှိသောအကောင်များလည်း ပါသည်။ လင်းဇီချန်က ကြိုးစားကြည့်သော်လည်း မိမိတစ်ယောက်တည်းဖြင့် မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် မိမိ၏အကန့်အသတ်ကို တွန်းအားမပေးတော့ဘဲ ပြန်ဆုတ်၍ ထွက်ပြေးရန်သာ ရွေးချယ်လိုက်သည်။ အကောင်းဆုံးကြိုးစား၍ ထိန်းကြည့်ပြီးဖြစ်ကာ ပို၍မြန်လာသည်ကိုသာ တားနိုင်ပြီး မခုခံနိုင်ပေ။ အရှိန်ကနှေးလာပြီး တိုက်ခိုက်မှုက မြန်လာသဖြင့် မိမိဘာသာ တောင့်မခံထားနိုင်တော့ပေ။ အများဆုံး ခေတ္တမျှသာ တောင့်ခံထားနိုင်မည်။ မိမိအသက်ကိုပင် အန္တရာယ်ရှိလာနိုင်သည်။
"မင်းတို့တွေက နှေးလွန်းတယ်။ မင်းတို့ကိုပါသယ်ပြီး ပြေးမယ်။"
ပြန်ပြေးလာပြီးနောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်၊ စုန့်ယွီယန်နှင့် မာရှိဝေတို့ကို ပွေ့ချီပြီး အတူထွက်ပြေးတော့သည်။
လင်းဇီချန်သည် ထိုသုံးဦးဖြင့် ရင်းနှီးသောကြောင့် ထိုသုံးဦးကိုသာ ဦးစားပေးကယ်သည်။ အတိအကျဆိုရမည်ဆိုလျှင် မာရှိဝေဖြင့်မူ လွန်စွာမရင်းနှီးပေ။ မာရှိဝေကို သယ်လာရသည့်အကြောင်းရင်းမှာ သူမသည် ယခုတွင် သွေးသန့်လူသားအဖြစ်သို့ ပြောင်းထားသဖြင့် မိမိနှင့်တူနေသောကြောင့်သာ ဖြစ်၏။
လျို့ချွမ်ဝူကမူ အစတွင် လင်းဇီချန်က ၎င်းကိုပါ သယ်သွားမည်ဟု တွေးနေမိသည်။ သို့သော်လည်း အားကောင်းသောလျှို့ချွမ်ဝူသည် အားကောင်းသောစက်ပြုပြင်လူသားတစ်ပေါ်သို့တက်ကာ သယ်သွားခြင်းခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ ထိုစက်ပြုပြင်လူသားသည် ပါရမီရှင်မိန်းကလေးလုချင်းယွီ၏ဆရာမှလွဲ၍ အခြားသူ မဟုတ်ပေ။ လင်းဇီချန်က ထိုမြင်ကွင်းကို မြင်၍ အံ့ဩနေသောကြောင့် စုန့်ယွီယန်ကို မေးလိုက်သည်။
"ဘာလို့ ဌာမှူးက စက်ပြုပြင်လူသားကို စီးနေရတာလဲ။"
စုန့်ယွီယန်က ပြန်ဖြေလိုက်သည်။
"အဲ့စက်ပြုပြင်လူသားမိန်းကလေးက ဌာနမှူးရဲ့အဆက်ဟောင်းထဲကတစ်ယောက်ပဲ။"
ဌာနမှူးရဲ့အဆက်ဟောင်း
လုချင်းယွီ၏ဆရာကိုကြည့်ရသည်မှာ တစ်ကိုယ်လုံးသတ္တုစပ်များဖြင့် လုပ်ထားဟန်ပေါ်ကာ မည်သို့ဖြင့် ချစ်တတ်သောခံစားချက်ရှိနေရသေးသနည်း။ လင်းဇီချန် အတော်လေး အံ့အားသင့်သွားသည်။
"ဘုန်း__"
ရုတ်တရက်ဆိုသလိုပင် ကြောက်စရာကောင်းသောအနက်ရောင်အရိပ်တစ်ခုသည် ထွက်ပြေးနေကြသောလူအုပ်ကို မီတာရာချီကျော်၍ မြေကြီးထဲမှ ထွက်လာပြီး ဖုံလုံးကြီးထသွားကာ လမ်းကြောင်းကိုရှေ့မှ ပိတ်လိုက်သည်။ ဖုံများရှင်းသွားသည့်အခါတွင် မီတာရာချီရှည်သည့် ကြီးမားသောကင်းခြေများတစ်ကောင်က အားလုံးရှေ့တွင် ပေါ်လာသည်။ သွေးမျိုးဆက်စွမ်းအားအဆင့်က သခင်အဆင့်နီးပါး ကပ်သည်။ အဆင့်မြင့်နဝမအဆင့်ပြီးမြောက်ထားသည်။
"ဒီလမ်းကပြေးကြ။"
လင်းဇီချန်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ ခြေထောက်ဖြင့်တွန်း၍ ညာဘက်တွင် ပြေးရန် လမ်းကြောင်းဖွင့်ပေးလိုက်သည်။ သို့သော် ဝေးဝေးသို့ မပြေးနိုင်ခင်တွင်ပင် ဘုန်ခနဲအသံများကို ဆက်တိုက်ကြားနေရသည်။ ကြီးမားလှသည့် ကင်းခြေများတို့သည် အရပ်မျက်နှာတိုင်းမှ ထွက်ပေါ်လာပြီး ပြေးလမ်းအားလုံးကို ပိတ်ထားလိုက်သည်။ အားလုံး ပိတ်မိသွားကြကာ သုတ်သင်ခံရပေတော့မည်။
"သွားပြီ။ ငါတို့အားလုံးသေတော့မယ်။ အားလုံး ဒီမှာပဲ သေရတော့မယ်။"
"အစကတည်းကသာသိရင် ကယ်ဖို့ လိုက်မလာပါဘူး။"
"ငါမသေချင်သေးဘူး။"
လူများစွာသည် စိတ်ခံစားချက်များ လဲပြိုပြီး ကြောက်လန့်တကြားဖြင့် အော်ဟစ်ငိုယိုနေကြလေသည်။
ရှေ့နှင့်နောက်၌ ပိတ်မိနေသည်။
သုတ်သင်ခံရတော့မည်။
ထိုအချိန်တွင် မြေခွေးမိန်းကလေး ပေါ်လာသည်။ သူမက လင်းဇီချန်ကို ပြောလိုက်သည်။
"ဒီမှာအသေခံမလား။ မဟုတ်ရင် တို့နောက်လိုက်ပြီး မူလမြေမှာ အသက်ရှင်မလား။"
ရှန်ချင်းဟန်ကို အရေးမစိုက်သောအကြည့်ဖြင့်ကြည့်ကာ လင်းဇီချန်ကို ပြောလိုက်ပြန်သည်။
"မင်းမှာ အခြားမိန်းမတွေရှိတာကို စိတ်ထဲမထားဘူး။ မြေခွေးမျိုးနွယ်စုက အခြားမိန်းမရဲ့ယောက်ျားတွေကို လုယူရတာကို ကြိုက်တယ်။ သူ့ကို တို့ရဲ့အစေခံလုပ်ခိုင်းပြီး နေ့တိုင်း အိပ်ရာထဲမှာ တို့နှစ်ယောက်ပျော်မြူးနေတာကို ထိုင်ကြည့်ခိုင်းရမယ်။"
လင်းဇီချန်မတုံ့ပြန်နိုင်ခင်တွင်ပင် ချီချင်းမော့ ပေါ်လာလေသည်။
အခန်း (၃၈၄) မူလမြေဖရိုဖရဲဖြစ်ခြင်း
စုကျိုကျဲ၏အသံ ထွက်ပေါ်လာသည်နှင့် လင်းဇီချန်သည် ချက်ချင်းပင် မီးပွင့်ကို ကြည့်လိုက်ပြီး အနီရောင်မီးထိပ်တွင် ရပ်နေသောစုကျိုကျဲကို တွေ့လိုက်ရသဖြင့် အသာမျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီသားရဲအုပ်ကို ခင်ဗျား ထိန်းချုပ်ထားတာလား။"
"ငါနဲ့ ဘာမှမဆိုင်ဘူး။ သားရဲအုပ်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့အကြီးအကဲ ထိန်းချုပ်ထားတာ။"
စုကျိုကျဲက ပြုံး၍ ပြောလိုက်သည်။
"ဒါပေမဲ့လို့ ငါက ဒီသားရဲအုပ်ကို အလွယ်လေးထိန်းချုပ်နိုင်တယ်။ သူတို့ကို အခုချက်ချင်း နေရာမှာတင် ခဲအောင်လုပ်ပြီး မလှုပ်နိုင်အောင် လုပ်လို့ရတယ်။"
ပြောရင်းဖြင့် ဆွဲဆောင်မှုရှိသောမျက်ဝန်းက ခရမ်းရောင်ဖျက်ခနဲအရောင်လက်သွားသည်။
နောက်တွင်ချက်ချင်းဆိုလိသုပင် ဘေးနားမှ ကြီးမားလှသည့် ကင်းခြေများကြီးများနှင့် အခြားသောဆန်းကြယ်သားရဲတို့သည် နေရာတွင်ပင်ခဲသွားကာ ကျောက်ရုပ်များကဲ့သို့ ဖြစ်သွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအားလုံးသည် အံ့ဩသွားကြကာ မယုံနိုင်ဖြစ်နေကြသည်။
အားကောင်းလွန်းလှသည်။
အမြီးကိုးချောင်းမြေခွေးမိန်းကလေးက အားကောင်းလွန်းသည်။
ထိုအရာများက မူလမြေမှ သက်ရှိများသာဖြစ်ကာ ကမ္ဘာမြေသားများနှင့် နှိုင်းစာလျှင် စိတ်ကူးယဉ်ခြင်းသက်သက်မျှသာ ဖြစ်နေ၏။
ထိုသို့တွေးမိကြကာ အားလုံးသည် အကူအညီမဲ့သည်ဟု ခံစားလာရပြီး စိတ်နှလုံးကလည်း လေးလံသည်ထက် လေးလံလာသည်။ ကမ္ဘာသားများနှင့် မူလမြေမှသက်ရှိများသည် အဆင့်မတူကြပေ။ နောင်တွင်မည်သို့ခုခံနိုင်ပါတော့မည်နည်း။
၎င်းတို့နှင့်မတူစွာ လင်းဇီချန်ကမူ စိတ်ပျက်အားငယ်မှုမျိုးကို မခံစားမိပေ။ ထို့အစား တည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်ကို အာရုံခံပြီး ထိုအခြေအနေကို ဖြတ်ကျော်နိုင်မည့်ဖြစ်နိုင်ချေကို ရှာနေသည်။ သို့သော်လည်းမည်မျှပင် ရှာသော်လည်း မျှော်လင့်ချက်အရိပ်အယောင်အပိုင်းအစကိုမှ ရှာမတွေ့ပေ။ အင်အားကွာခြားချက်က ကြီးမားလွန်းလှသည်။ဖြေရှင်းနည်းတစ်ခုရှာရန်ကိုမူ ကွာခြားချက်က ကြီးမားလွန်းနေသည်။ ဆင့်ကဲပြောင်းလဲနိုင်သည့်အချိန်က တိုတောင်းလှကာ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်ကလည်း ရှားပါးလွန်းသည်။ လင်းဇီချန်ဘာသာ တွေးမိနေခြင်းဖြစ်သည်။
မူလမြေနှင့်သာ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ် တူပါလျှင် မဟုတ်လျှင်လည်း ဆင့်ကဲပြောင်းလဲရန် နှစ်အနည်းငယ်မျှ ထပ်ပေးပါလျှင် ထိုသို့ပုံစံဖြင့် အဆုံးသတ်မည်မဟုတ်ပေ။ အမြီးကိုးချောင်းမြေခွေးများ၊ ကင်းခြေများကြီးများကို လက်သီးတစ်ချက်တည်းဖြင့် အပိုင်းပိုင်းဖြစ်အောင် လုပ်နိုင်မည်။
"အိပ်ရာကျေးကျွန်လေး။"
"ငါနဲ့လိုက်ခဲ့ပြီး အသက်ရှင်ပါ။"
"ငါနဲ့မလိုက်ဘူးဆိုရင် တစ်ပိုင်းသေအောင်လုပ်ပြီး ခေါ်သွားခံရလိမ့်မယ်။"
"မင်း ဘာရွေးချယ်မလဲ။"
ခရမ်းရောင်တောက်ပနေသောမျက်လုံးများနှင့်အတူ စုကျိုကျဲသည် အောက်မှလင်းဇီချန်ကို ငုံ့ကြည့်ကာ အကြည့်တို့က သူ၏ခန္ဓာကိုယ်ကို တောင့်တနေသည့်အရိပ်အယောင်မျိုးကို မြင်နေရသည်။ ထိုအကြည့်ကို မြင်သောအခါတွင် ရှန်ချင်းဟန်က ချက်ချင်းပင် လင်းဇီချန်၏လက်ကို တင်းတင်းဆုပ်ကိုင်ပြီး လှပသောမျက်နှာလေးက မသက်မသာရှိလှသည်။ သူမသည် လင်းဇီချန်ကို ထွက်မသွားစေလိုပေ။ သို့သော်လည်း စုကျိုကျဲနှင့်ထွက်သွားသည်က ပို၍ကောင်းသောရွေးချယ်မှု ဖြစ်သည်။ စုကျိုကျဲသည် သူ၏ဆုံးဖြတ်ချက်ကို စောင့်နေရန်အထိ စိတ်မရှည်ပေ။ အဖြေချက်ချင်းမရသည့်အခါတွင် ခေတ္တမျှစဉ်းစားကာ ရှန်ချင်းဟန်၏ခြေထောက်အောက်တွင် သယ်ယူပို့ဆောင်ရေးအခင်းအကျင်းတစ်ခုပြင်ကာ မိမိရှေ့သို့ ပို့လိုက်ပြီး ဝိညာဉ်စွမ်းအားသုံးကာ လှုပ်ရှားလို့မရအောင် ဖိနှိပ်ထားလိုက်သည်။
"အိပ်ရာကျေးကျွန်လေး မင်းလိုက်မလာဘူးဆိုရင် တို့က သူ့ကို အလွတ်ပေးမယ်ထင်လား။"
ရှန်ချင်းဟန်ကို သေချာကြည့်ကာ စုကျိုကျဲက မေးလိုက်သည်။ အတိတ်တွင် သူမသည် ရှန်ချင်းဟန်ကို သေချာအာရုံမထားမိပေ။ ယခုတွင် သေချာကြည့်လိုက်သည့်အခါမှ မိမိနှင့်အချစ်ပြိုင်ဘက်က လွန်စွာလှနေသည်ကို သတိထားမိကာ အမြီးကိုးချောင်းမြေခွေးထက်ပင် အနည်းငယ်မျှ သာနေသည်။
"သူ့ကို မထိခိုက်မိစေနဲ့။ ခင်ဗျားပြောသမျှ လက်ခံပါ့မယ်။"
ရှန်ချင်းဟန်က စုကျိုကျဲ၏ထိန်းချုပ်မှုအောက် ရောက်သွားသည်ကို မြင်သောအခါတွင် လင်းဇီချန်က ချက်ချင်းပင် အော်ပြောလိုက်သည်။
ရှန်ချင်းဟန်၏မျက်နှာလေးကို ထိလိုက်ပြီး ပြောလိုက်သည်။
"တို့က သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး။ တို့ရဲ့အိပ်ရာကျေးကျွန်လေးကို ခေါ်သွားရုံတင်ပါ။ ရန်သူတွေဖြစ်အောင် မလုပ်ပါဘူး။"
"သူ့ကိုလည်း တို့နဲ့အတူခေါ်လာရင် အချင်းချင်းမတွေ့ရလို့ သတိရတာမျိုးတွေ မခံစားနေရတော့ဘူးပေါ့။ အချိန်တစ်ခုရောက်လာတဲ့အခါကျရင် မင်းက တို့ရဲ့အိပ်ရာကျေးကျွန်ဖြစ်လာပြီး သူကတော့ တို့ရဲ့အစေခံဖြစ်လာမယ်။ နှစ်ယောက်လုံးက တို့ကို အိပ်ရာထဲမှာ ခစားကြပေါ့။"
စုကျိုကျဲသည် အလေးအနက်ဖြင့် ပြောနေခြင်းဖြစ်သည်။ လင်းဇီချန်နှင့်မိမိတို့ စောင်အောက်တွင် အလုပ်များနေချိန်တွင် ရှန်ချင်းဟန်က သူမကို ကူညီပေးနေသည်ကို စိတ်ကူးကြည့်ပြီးဖြစ်သည်။ အမြီးကိုးချောင်းမြေခွေးသည် အခြားမိန်းမများ၏ယောက်ျားများကို ခိုးယူရခြင်းကို နှစ်သက်ကာ ဇနီး၏ရှေ့တွင် ရက်စက်မှုကို ပြပြီး နှလုံးသားနာကျင်ဖွယ်သစ္စာဖောက်မှုကို ပြသတတ်ကြသည်။
စုကျိုကျုဲသည် ရှန်ချင်းဟန်ကို ထိခိုက်အောင်မလုပ်ဘဲ မူလမြေသို့ပါ ခေါ်သွားမည်ဟု ပြောသဖြင့် လင်းဇီချန်တစ်ယောက် သက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင် စုကျိုကျဲကို ပြောလိုက်သည်။
"သူနဲ့ငါက မူလမြေကို ခင်ဗျားနဲ့အတူ လိုက်လာမှာဆိုတော့ ခင်ဗျားက ကျုပ်တို့နဲ့ပူးပေါင်းပေးတာကို စဉ်းစားပြီး တောင်းဆိုမှုလေးတစ်ခုလောက် တောင်းဆိုလို့ရမလား။"
"နားထောင်ကြည့်ရအောင်။"
စုကျိုကျဲ၏အသံက ချိုသာနေသည်။
"ဒီလူတွေအားလုံးကို သစ်ပင်လှောင်ချိုင့်အပြင်ကို ပို့ပေးလို့ရမလား။"
မိမိနှင့် ရှန်ချင်းဟန်က စုကျိုကျဲဖြင့်အတူ မူလမြေသို့ လိုက်သွားလျှင် အခြားသူများက မကြာခင်တွင်ပင် သားရဲလှိုင်းကဖြတ်ကျော်တက်နင်းသွားပြီး သေပွဲဝင်ရပေလိမ့်မည်။ စုကျိုကျဲက သဘောတူရန် ပြင်လိုက်စဉ်တွင် .....
သူမ မပြောနိုင်ခင်တွင်ပင် အသံတစ်သံက အပေါ်မှ ထွက်ပေါ်လာသည်။
"မရဘူး။"
လူအုပ်က အသံလာရာသို့ ကြည့်လိုက်သောအခါတွင် မျက်နှာဖုံးတပ်ထားသောလူတစ်ယောက်သည် မိမိတို့ကို အပေါ်မှ တိတ်တဆိတ်ကြည့်နေသည်။ လင်းဇီချန်က ချက်ချင်းပင် ထိုသူ၏မျက်နှာဖုံးကို ကြည့်လိုက်ပြီး ကလိုဗာလေးရွက်ပါသည့်မျက်နှာဖုံးကို တပ်ထားသည်ကို မြင်လိုက်ရသဖြင့် အမူအရာက တောင့်တင်းသွားသည်။
ကလိုဗာရွက်လေးရွက်မျက်နှာဖုံး....
ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ မြင့်မြတ်သူအဆင့်တိုက်ခိုက်သူပင် ဖြစ်သည်။
"အကြီးအကဲ ဒီလောက်မျက်နှာသာပေးတာလေးကိုတောင် လုပ်လို့မရဘူးလား။"
ကောင်းကင်ထက်မှ ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲကို မော့ကြည့်ကာ စုကျိုကျဲက စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲက ရယ်၍ ပြောလိုက်သည်။
"အဲ့အစား ကျုပ်တို့ ဂမ္ဘီရသစ်ပင်ဂိုဏ်းကိုပဲ မျက်နှာသာမပေးရတာလဲ။"
ထိုစကားကို ကြားသည့်အခါတွင် စုကျိုကျဲက မျက်မှောင်အသာကြုတ်လိုက်မိသည်။
ယခင်ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲသည် သူမကို လေးစားကာ သူမ၏ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးပြီး နတ်သမီးလေးအဖြစ် သဘောထားကာ သူမလျစ်လျူရှုလိုက်မည်ကို ကြောက်ခဲ့သည်။ သို့သော် ယခုတွင်မူ အကြီးအကဲ၏အသံက အေးစက်နေကာ လေးစားမှုလည်းမရှိပေ။ ယခင်နှင့်ယခု၏ကွာခြားချက်သည် ကြီးမားလွန်းလှသည်။
တစ်ခုခုလွဲနေသည်ကို သဘောပေါက်သွားသဖြင့် စုကျိုကျဲ၏အကြည့်တို့က အေးစက်သွားကာ မေးလိုက်သည်။
"အကြီးအကဲ ဘာကိုလိုတာလဲ။"
"ကျုပ်ဆိုလိုတာက...."
အကြီးအကဲကအေးစက်စွာဖြင့် ပြောလိုက်သည်။
"ကျုပ်ကို မျက်နှာသာပေးပြီးလင်းဇီချန်နှင့်ရှန်ချင်းဟန်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းကို လွှဲပေးပါ့လား။"