အပိုင်း ၃၈၅-၃၈၇
Vol. 26 Ch. 385-387
အခန်း (၃၈၅) မူလမြေဖရိုဖရဲဖြစ်ခြင်း (၂)
ဂမ္ဘီရသစ်ပင်ဂိုဏ်းသည် ယခုတွင် လင်းဇီချန်ကိုသာမက ရှန်ချင်းဟန်ကိုပါ စိတ်ဝင်စားနေကြသည်။ လက်ရှိစုံစမ်းလေ့လာပြီးနောက်တွင် ရှန်ချင်းဟန်၏ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံသည် လွန်စွာထူးခြားပြီး အလားအလာကလည်း လင်းဇီချန်နီးပါးကောင်းသည်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက သိသွားသည်။ သူမသည် အဖိုးမဖြတ်နိုင်သောတန်ဖိုးရှိသည်။
"အကြီးအကဲ ရှင်က သူငယ်ပြန်သွားတဲ့ပုံပဲ။ ကျွန်မကြိုက်တဲ့သူကိုတောင်မှ လာတောင်းနေရဲတယ်။"
စုကျိုကျဲ၏အမူအရာက ရန်လိုသည့်ပုံပေါက်ကာ စကားများက ခြိမ်းခြောက်သောလေသံပေါက်လာသည်။
"ဂမ္ဘီရသစ်ပင်ဂိုဏ်းက ရှေးစိမ်းလန်းတောင်တန်းနဲ့ တိုက်ချင်နေတာလား။"
ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲက ရယ်လိုက်ပြီး
"မဟုတ်ရပါဘူး အထင်လွဲနေပါပြီ။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက ရှေးစိမ်းလန်းတောင်တန်းကို မလှန်ရဲပါဘူး။ ဂမ္ဘီရသစ်ပင်ဂိုဏ်းနောက်က နေလအထွတ်အမြတ်နယ်မြေကသာ ရှေးစိမ်းလန်းတောင်တန်းကို လှန်ဖို့ဆန္ဒရှိတာပါ။"
စုကျိုကျဲက ထိုစကားကို ကြားသောအခါတွင် မျက်မှောင်ကြုတ်လိုက်မိသည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲက ဆက်ပြောလိုက်သည်။
"တိတိကျကျဆိုရမယ်ဆိုရင် ရှေးစိမ်းလန်းတောင်တန်းကို လှန်တာမဟုတ်ဘဲ စစ်ပွဲကို ကြေညာတာပါ။"
အကျိုးမရှိလှသောစိတ်ပိုင်းဆိုင်ရာထိုးစစ်ဆင်မှုနှင့် ကိုယ်ခန္ဓာအင်အားအရာ၌ ကြီးမားလှသောကွာဟချက်ကြောင့် မိနစ်ဝက်အတွင်းတွင်ပင် စုကျိုကျဲသည် နွယ်ပင်များစွာဖြင့် ရစ်ပတ်သွားကာ တစ်ကိုယ်လုံးကို လေထဲတွင် တွဲလောင်းခိုထားပြီး သားသတ်ခံရမည့်သိုးငယ်လေးပမာပင် ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သောအခါတွင် လင်းဇီချန်က ချက်ချင်းပင် အဆင့်မြင့်ဝိညာဉ်ကိုသုံး၍ မိမိ၏ဝိညာဉ်စွမ်းအားကို မြှင့်တင်လိုက်ပြီး တောအရှင်စွမ်းအားဖြင့် နွယ်ပင်များကို ထိန်းချုပ်ကာ စုကျိုကျဲကို လွှတ်ပေးရန် ကြိုးစားကြည့်သည်။
သို့သော်လည်း ဝိညာဉ်စွမ်းအားကွာခြားချက်က ကြီးမားလှသောကြောင့် မည်မျှပင်ကြိုးစားကြည့်သော်လည်း စုကျိုကျဲကို ရစ်ပတ်ထားသည့် အနီရောင်နွယ်ပင်များသည် အနည်းငယ်လေးပင် ပြေလျော့မသွားပေ။
"အသုံးမဝင်ဘူး။ ကွာခြားချက်က ကြီးလွန်းတယ်။"
"အခြားနည်းလမ်း စဉ်းစားရမယ်။"
လင်းဇီချန်၏ဦးနှောက်သည် စုကျိုကျဲကို ကူညီပေးရန် အမြန်ပင် အလုပ်လုပ်ရသည်။ ယခုအခြေအနေတွင် စုကျိုကျဲကို လွတ်အောင် ကူညီပေးခြင်းကသာ ရှန်ချင်းဟန်နှင့်မိမိအတွက် အကောင်းဆုံးလွတ်မြောက်ရာလမ်းပင် ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ အကြီးအကဲများသည် လင်းဇီချန်ကို စဉ်းစားချိန်ပင်မပေးကြပေ။ အက်ကွဲသောအသံက ထွက်ပေါ်လာသည်။
"မြေခွေးနတ်သမီးလေး နှုတ်ဆက်ပါတယ်။"
နောက်တွင် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲသည် နွယ်ပင်များကို တင်းကြပ်လိုက်ပြီး နူးညံ့သောစုကျိုကျဲ၏ခန္ဓာကိုယ်ကို ဖျစ်ညှစ်ပစ်လိုက်သည်။ လေထဲတွင် အဖြူရောင်မြေခွေးမွေးများ လွင့်စင်သွားပြီး အသက်မဲ့နေသောမြေခွေးမြီးသာကျန်ခဲ့ကာ မီးပွိုင့်ပေါ်တွင် မလှုပ်မယှက်ဖြင့် ရှိလေသည်။
...
မူလမြေရှိ ရှေးစိမ်းလမ်းတောင်တန်းတွင် ဖြစ်သည်။
ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသောအခန်းတစ်ခန်းထဲ၌ စုကျိုကျဲ၏ပါးစပ်သည် သွေးစများ ပေနေပြီး အသားအရေက အတော်လေးဖျော့တော့နေရှာကာ မျက်မှောင်ကြုတ်ထားပြီး အတော်လေးအထိနာနေဟန်ပေါ်သည်။
အဆင့်မြင့်နဝမအဆင့်ကိုယ်ပွားကို ဆုံးရှုံးလိုက်ရခြင်းကြောင့် တန်ပြန်ခံရမှုက ကြီးမားသည်။ ကုသရေးဆေးလုံးကို မျိုချလိုက်ပြီး ပြန်သက်သာရန် ခေတ္တမျှ အချိန်ယူလိုက်ရသည်။
အတွေးတစ်ခုဖြင့် စုကျိုကျဲသည် သူမခြေထောက်အောက်၌ အခင်းအကျင်းတစ်ခုကို ဖန်တီးကာ သူမကိုယ်သူမ ရွှေရောင်နန်းတော်ထဲသို့ ပို့ပေးလိုက်သည်။
"ကျိုကျဲ အလျင်စလိုရောက်လာတာ။ အရေးကြီးကိစ္စများ ရှိလို့လား။"
နန်းတော်၏ခုံကြီးပေါ်တွင် ထိုင်နေသော အမြီးကိုးချောင်းဖြင့် ကျက်သရေရှိစွာဝတ်ဆင်ထားသောအမျိုးသမီးသည် ညင်သာစွာကြည့်၍ မေးလိုက်သည်။
သူမသည် ရှေးစိမ်းလန်းတောင်တန်း၏တောင်သခင်ဖြစ်ကာ စုကျိုကျဲမိခင်၏အစ်မဖြစ်သူလည်း ဖြစ်သည်။
"ကူးကူး (တရုတ်လိုဆိုဒေါ်လေးပါ) နေလအထွတ်အမြတ်နယ်မြေက ကျွန်မတို့ ရှေးစိမ်းလန်းတောင်တန်းကို တိုက်ပွဲခေါ်လိုက်ပြီ။"
ထို့နောက်တွင် စုကျိုကျဲသည် ထိုအမျိုးသမီးကို အချက်အလက်များကို ပြောပြသည်။ ကျက်သရေရှိစွာ ဝတ်စားထားသောအမျိုးသမီးသည် တောင်အရှင် စုချင်းကောဖြစ်ပြီး စုကျိုကျဲ၏စကားကြောင့် အလေးအနက်ဖြင့် မေးလိုက်မိသည်။
"ဘယ်ကကြားလာတာလဲ။"
စုကျိုကျဲသည် သူမအတွေးများကို ပြန်စုစည်းလိုက်ပြီး စုချင်းကောကို ကမ္ဘာမြေပေါ်၌ ဖြစ်ခဲ့သည်များကို အတိုချုံးရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါတွင် စုချင်းကောက မျက်မှောင်ကြုတ်လိုက်မိသည်။
"ကူးကူး နေလေအထွတ်အမြတ်နယ်မြေက ကျွန်မတို့ ရှေးစိမ်းလန်းတောင်တန်းကို ဘယ်လိုလုပ် စိန်ခေါ်ရဲရတာလဲ။ သူတို့ ဘယ်ကများ ယုံကြည်ချက်ရှိလာကြတာလဲ။"
စုကျိုကျဲက မေးလိုက်မိသည်။
ရှေးစိမ်းလန်းတောင်တန်းသည် အားအကောင်းဆုံးမဟုတ်သော်လည်း အချိတ်အဆက်များစွာရှိကာ မူလမြေမှစွမ်းအားကြီးများဖြင့် ရင်းနှီးသည်။ စွမ်းအားကြီးများမှ အဆင့်မြင့်တော်တော်များများသည် ရှေးစိမ်းလန်းတောင်တန်းမှ မြေခွေးမိန်းကလေးများ၏ ချစ်သူများဖြစ်ကြပြီး နှစ်ယောက်တည်းကျင့်ကြံရန်အတွက် ပုံမှန်လာရောက်လည်ပတ်တတ်ကြသည်။
ရှေးဟောင်းစိမ်းလန်းတောင်တန်းသည် မူလမြေမှ မိန်းမတိုင်းပြည်ဟုပင် ဆိုနိုင်သည်။ ပို၍တိကျစွာပြောရလျှင် မူလေမြေ၌ အဆင့်မြင့်ဆုံးဇိမ်ခံကလပ်သဖွယ်ဖြစ်ကာ မူလမြေမှ ယောက်ျားအားလုံးအတွက် စည်းစိမ်ယစ်သည့်နေရာပင်ဖြစ်သည်။
မည်သူကမှ ထိုသို့နေရာမျိုးကို မတိုက်ရဲကြပေ။ အခြားသောစွမ်းအားကြီးများကို ရန်စသည်နှင့်လည်း အတူတူပင်ဖြစ်သည်။ ထိုအကြောင်းကို စုကျိုကျဲက ကောင်းကောင်းနားလည်သည်။
ဤသို့ဖြင့် နှစ်ပေါင်းထောင်ချီရှည်ကြာစွာ အသက်ရှင်လာခဲ့ပြီး များစွာသောအဖြစ်အပျက်တို့ကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ဖူးသူ စုချင်းကောသည် အလေးအနက်ဖြင့် စဉ်းစားနေမိလေတော့သည်။ သူမသည် စဉ်းစားရင်းဖြင့် ဆိုးဝါးလှသောဖြစ်နိုင်ချေတစ်ခုကို စဉ်းစားလိုက်မိသည် နေလအထွတ်အမြတ်နယ်မြေ၏ ရှေးဦးဘိုးဘေးပြန်လည်ရှင်သန်လာခြင်းသာ ဖြစ်နိုင်ပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် ရှေးစိမ်းလန်းတောင်တန်းကို ဂရင်းဟေးလ်း ရှေးဟောင်းတောင်ကိုဗြောင်ကျကျဖြင့် ထိုးစစ်ဆင်ဝံ့ကြမည် မဟုတ်ပေ။ တိုက်ခိုက်သည့်ရည်ရွယ်ချက်မှာ မြေခွေးမျိုးနွယ်စုတစ်ခုလုံးကို လက်ဦးမှုရယူကာ မြေခွေးမိန်းကလေးအားလုံးကို အိပ်ရာကျေးကျွန်များ အဖြစ် လေ့ကျင့်ပြီး နေလအထွတ်အမြတ်နယ်မြေမှလူများက နှစ်ဦးတွဲကျင့်ကြံခြင်းကိုလုပ်ဆောင်ရန်အသုံးချချင်ဟန်တူသည်။ မူလမြေမှ အာဏာကြီးများသည်လည်း ယခင်က ထိုသို့လုပ်ရန် ကြံစည်ခဲ့ဖူးသည်။ သို့သော်လည်း ၎င်းတို့တွင် အခြားသူများကို အင်အားဖြင့်ဖိနှိပ်နိုင်စွမ်းမရှိသဖြင့် လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ကြပေ။
နေလအထွတ်အမြတ်နယ်မြေ၏ရှေးဦးဘိုးဘေးသာ အသက်ပြင်ရှင်လာပါလျှင် နေလအထွတ်အမြတ်နယ်မြေသည် အခြားသူများကို လွှမ်းမိုးနိုင်မည့်အင်အားရသွားမည်ဖြစ်ပြီး ရှေးစိမ်းလန်းတောင်တန်းကိုလည်း အခက်အခဲမရှိ အနိုင်ယူနိုင်ပေလိမ့်မည်။ စုချင်းကောသည် ပို၍စဉ်းစားမိလေလေ ပို၍ စိုးရိမ်လာလေလေဖြစ်ကာ အမြန်ပင် တောင်မှ လှပသောမြေခွေးမများကိုဆင့်ခေါ်ဖြင့် သူမတို့၏ချစ်သူများဖြင့် ဆက်သွယ်ကာ နေလအထွတ်အမြတ်နယ်မြေက တောင်တန်းကိုတိုက်တော့မည့်အကြောင်းကို သတင်းဖြန့်ခိုင်းလိုက်သည်။
"တောင်အရှင် ကိစ္စကြီးဖြစ်သွားတယ်။"
ရုတ်တရက်ပင် နန်းတော်ထဲသို့ အစေခံတစ်ယောက်က ပြေးဝင်လာပြီး စုချင်းကောကို အော်ပြောလိုက်သည်။
စုချင်းကောက မျက်မှောင်ကြုတ်ကာ
"ဘာအလျင်လိုနေတာလဲ။"
မသက်မသာခံစားနေသဖြင့် နေလအထွတ်အမြတ်နယ်မြေက လာတိုက်မည်ကို စိုးရိမ်နေသည်။ အစေခံက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ရှေးဟောင်းဝတ်စုံဝတ်ထားတဲ့ ထူးဆန်းတဲ့မိန်းမတစ်ယောက်က တောင်ပိုင်းနယ်မြေမှာ ကမ္ဘာမြေကိုပို့ပြီး တိုက်ခိုက်နေတဲ့သားရဲအုပ်စုကို သန့်စင်နေပါတယ်။"
"သန့်စင်တယ်"
စုချင်းကောသည် မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်မိသည်။ ထိုသို့ပြုမူနိုင်သည်မှာ သာမန်ကိစ္စမျိုးမဟုတ်ပေ။ သူမတွင် ထိရောက်သောလက်နက်တစ်ခုခု ပိုင်ဆိုင်ထား၍သာ ဖြစ်ပေမည်။ မဟုတ်လျှင် ဝိုင်းဖမ်းမည်ကို ခံရမည်ဖြစ်သည်။ ထိုသို့တွေးလိုက်မိရင်းဖြင့် ထိုမိန်းမသည် မိမိတို့ ရှေးစိမ်းလန်းတောင်တန်းအတွက် ရန်သူလားမိတ်ဆွေလား ဆိုသည်ကို စဉ်းစားနေမိသည်။
အစေခံက ပို၍တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
"အဲ့မိန်းမက ဘယ်သူလဲဆိုတာ မသိရပါဘူး။ အားလည်းအတော်ကောင်းပြီး မြင့်မြတ်သူအဆင့်သားရဲအများကြီးကို ချက်ချင်းသုတ်သင်ပြီး အလောင်းတွေကို သက်ရှည်ဆေးအဖြစ် သန့်စင်ပစ်တာပါ။"
ထိုစကားကို ကြားသောအခါတွင်စုချင်းကော တွေဝေသွားရသည်။ မြင့်မြတ်သူအဆင့်သားရဲအုပ်စုကို ချက်ချင်းသုတ်သင်နိုင်သည်လား။ မူလမြေတွင် ထိုသို့သူမျိုးရှိသည်လား။ အလောင်းများကိုလည်း သက်ရှည်ဆေးဖြစ်အောင် သန့်စင်နိုင်တယ်လား။
အစေခံက ဆက်ပြောလိုက်သည်။
"အခု တောင်ပိုင်းနယ်မြေက စွမ်းအားကြီးတွေကဒဏ္ဍာရီအဆင့်တိုက်ခိုက်သူတွေကို လွှတ်ပြီး အဲ့အမျိုးသမီးကို ဖမ်းဖို့လုပ်နေပါတယ်။"
"ဘယ်လိုဖြစ်သွားလဲ။"
စုချင်းကောက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ဝိုင်းထားတာကရော။"
အစေခံက ပြန်ဖြေလိုက်သည်။
"တောင်အရှင်ယုံကြည်မှာမဟုတ်ဘူး။ အဲ့မိန်းမက မြင့်မြတ်သူအဆင့်တိုက်ခိုက်သူဒါဇင်နဲ့ချီအောင် ဝိုင်းထားပေမဲ့လို့ လွတ်သွားတယ်။"
"ဘယ်လိုလုပ် အလွယ်လေးလွတ်သွားရတာလဲ။"
ထိုအစေခံက ဆက်ပြောလိုက်သည်။
"လွတ်သွားတာကလည်းထူးဆန်းတယ်။ နောက်ကလိုက်တဲ့သူတွေကို ပြန်မတိုက်ဘဲ ပြေးပဲပြေးပြီး လွတ်သွားတာပါ။"
စုချင်းကောတစ်ယောက် ပို၍ပင် တွေဝေသွားရသည်။ ပုံမှန်ဆိုလျှင် အများစုသည် နောက်မှလိုက်သူများကို ပြန်တိုက်ခိုက်တတ်သော်လည်း ထိုမိန်းမကမူ လုံးဝမတိုက်ခိုက်ဘဲ ပြေးသာပြေးသည်မှာ ယုတ္တိမကျလှပေ။
…
ကမ္ဘာ...ရှန်ဟိုင်းမြို့ သစ်ပင်လှောင်ချိုင့်ထဲတွင် ဖြစ်သည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်းမှအကြီးအကဲက မြေခွေးမိန်းကလေးစုကျိုကျဲကို သုတ်သင်ပြီးနောက်တွင် ခြေကုန်လက်ပန်းကျသောအသံဖြင့် လင်းဇီချန်နှင့်ရှန်ချင်းဟန်ကို ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့ရမယ်။"
စကားဆုံးသည်နှင့် အနီရောင်နွယ်နှစ်ပင်သည် ရှန်ချင်းဟန်နှင့် လင်းဇီချန်ရှိရာသို့ ရောက်လာပြီး တင်းကျပ်စွာ ချည်နှောင်ထားလိုက်သည်။ အကြီးအကဲက ထိုနှစ်ဦးကို မူလမြေသို့ခေါ်သွားပြီး နေလအထွတ်အမြတ်နယ်မြေတွင် အပ်နှံမည်ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကမူ မခုခံကြပေ။ ခုခံလျှင်လည်း အချည်းနှီးသာဖြစ်ကာ သည်းခံ၍ အခွင့်အရေးစောင့်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
…
လင်းဇီချန်သည် ဖြစ်သမျှကို တောင့်ခရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင်ပင် ချီချင်းမော့ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် သတ်ပစ်လိုက်သည်။ ထို့နောက်တွင် သူမသည် ကြက်သွေးနီရောင်သစ်ပင်ဖြင့် တိုက်ခိုက်ပြီး ဆန်းကြယ်သားရဲများအားလုံးကို သန့်စင်ပစ်လိုက်ကာ ကောင်းကင်၌ သွေးရောင်အလင်းတန်းဖြင့် ပြည့်နှက်သွားသည်။
အားလုံးလည်း ကြောင်နေကြပေသည်။
အခန်း (၃၈၆) ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲသည် ချက်ချင်းပင် သုတ်သင်ခံလိုက်ရသည် (၁)
ချီချင်းမော့ပင် ဖြစ်လေသည်။ မူလမြေ၌ရှိသင့်သောချီချင်းမော့သည် ထူးဆန်းစွာဖြင့် သစ်ပင်လှောင်ချိုင့်ထဲ၌ ရုတ်တရက်ထွက်ပေါ်လာသည်။ သူမသည် ရှေးဟောင်းတာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုပေါ်တွင် လတ်ဆတ်သောသားရဲသွေးများ စိုရွှဲနေကာ ပြင်းထန်သောသတ်ဖြတ်လိုသည့်အငွေ့အသက်ကိုထုတ်လွှတ်၍ အားလုံးကို အရိုးထဲထိစိမ့်မတတ် ကျောချမ်းသွားစေသည်။
လင်းဇီချန်က ချီချင်းမော့ကို မြင်သည့်အခါတွင် ထိတ်လန့်တုန်လှုပ်သွားသည်။ ထိုထိတ်လန့်ခြင်းသည် စိတ်သက်သာရာရသောထိတ်လန့်မှုမျိုးပင် ဖြစ်သည်။
"ကောင်းကင်လူသားသခင် ရောက်လာပြီ။"
လူတိုင်းကယ်တင်ခံရတော့မည်ဖြစ်ကာ မိမိနှင့်ချင်းဟန်ကိုလည်း ဂမ္ဘီရသစ်ပင်ဂိုဏ်းက ခေါ်သွားနိုင်မည်မဟုတ်တော့ပေ။ အားလုံးသည် အကောင်းဘက်သို့ ဦးတည်လာလေသည်။
ဆန့်ကျင်ဘက်အနေဖြင့်မူတစ်ဖက်ရန်သူ၏မျက်နှာက အံ့ဩတုန်လှုပ်သွားကာ ပြောလိုက်သည်။
"ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။"
ထိုသူသည် မူလမြေမှ ဂမ္ဘီရသစ်ပင်ဂိုဏ်းခေါင်းဆောင်ဖြင့် ဆက်သွယ်ထားပြီးဖြစ်ကာ ထူးဆန်းသောမိန်းမတစ်ယောက်သည် သားရဲအုပ်ကြီးကို အဂ္ဂရိတ်နည်းဖြင့် သက်ရှည်ဆေးလုပ်ပစ်သည်ဟု ကြားထားသည်။
နတ်ဘုရားများက လမ်းကြောင်းကို ပိတ်လျှင် နတ်ဘုရာများကိုသုတ်သင်ပစ်မည်ဖြစ်ကာ ဗုဒ္ဓကပိတ်ပင်လျှင်လည်း ထိုသို့ပင် လုပ်မည်ဖြစ်သည်။ သူမလမ်းကြောင်းကို ပိတ်ဆို့သူမှန်သမျှသည် ဆေးလုံးအဖြစ် ပြောင်းခံရမည်သာ ဖြစ်သည်။ ထိုအကြောင်းကို သိလိုက်သောအခါတွင်ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲက တွေးလိုက်မိသည်။
ဒီမိန်းမက ဘယ်သူလဲ။ ဘာလို့ မူလမြေမှာ ပေါ်လာရတာလဲ မူလမြေက ရှေးဦးသက်ရှိများလား
ယခုတွင်မူ ကြောက်စရာကောင်းလှသောသတ်ဖြတ်သည့်စွမ်းအားဖြင့် ကမ္ဘာပေါ်သို့ ရောက်လာပြီး သစ်ပင်လှောင်ချိုင့်ထဲ၌ ပေါ်လာသည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲသည် အတော်လေးတုန်လှုပ်ခြောက်ခြားသွားတော့သည်။ အကြောင်းရင်းမှာ သူမသည် ဆန်းကြယ်သားရဲများကို သက်ရှည်ဆေးလုံးအဖြစ် ပြောင်းပစ်နိုင်လျှင် ဆန်းကြယ်သားရဲများစွာရှိသည့် သစ်ပင်လှောင်ချိုင့်ထဲ၌ပေါ်လာရသည့်အကြောင်းရင်းက ရှင်းနေလေပြီ။
ချီချင်းမော့က လှပသောမျက်လုံးလေးများဖြင့် အကြီးအကဲကို အေးစက်စွာကြည့်ကာ မေးလိုက်သည်။
"မူလမြေက သက်ရှိတွေက ဘာလို့ ကမ္ဘာပေါ်မှာ အများကြီးရောက်နေရတာလဲ။"
ပြောနေရင်းဖြင့် ရှန်ချင်းဟန်ကို ချည်နှောင်ထားသောနွယ်ပင်ကို ဖုန်မှုန့်များအဖြစ် ပြောင်းလိုက်သည်။ ရှန်ချင်းဟန်သည် ချည်နှောင်ခံထားရခြင်းမှ လွတ်သွားလေသည်။
ရှန်ချင်းဟန်သည် မြေပြင်သို့ အသာကျလာသည်။ ထိုပုံစံကို မြင်သောအခါတွင် လင်းဇီချန်သည် မိမိဘာသာ လွတ်အောင်လုပ်၍ လင်းဇီချန်ဖြင့်အတူ မြေကြီးပေါ်သို့ ဆင်းသက်လာသည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲက အံ့ဩသွားရသည်။
ဘာဖြစ်နေတာလဲ
ဘာလို့ အဲ့မိန်းမက ရှန်ချင်းဟန်ကို ကယ်ရတာလဲ
သူတို့ကြားမှာ ဘယ်လိုဆက်နွယ်မှုရှိလဲ
ချီချင်းမော့က ဒုတိယအကြိမ်မြောက် ထပ်မေးလိုက်သည်။
"နားကန်နေတာလား။"
"ငါနောက်တစ်ခေါက် ထပ်မေးမယ်။ ကမ္ဘာမြေပေါ်မှာ ဘာလို့ မူလမြေက သက်ရှိအများကြီး ရောက်နေရတာလဲ။"
အကြီးအကဲက တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ငါတို့နတ်ဆေးဂိုဏ်းက မူလမြေနဲ့ ကမ္ဘာကြားမှ သွေးမျိုးဆက်လမ်းကြောင်းအသစ်တစ်ခုကို ဖွင့်ပြီး အဲ့လမ်းကြောင်းကိုသုံးပြီး ကြိုတင်လုပ်ထားတဲ့လှိုဏ်ခေါင်းတွေကနေတစ်ဆင့် ဆန်းကြယ်သားရဲတွေကို ပြောင်းရွှေ့ခဲ့တယ်။ အချိန်တစ်ခု ရောက်လာတဲ့အခါကျရင် ရှန်ဟိုင်းမြို့ကို သိမ်းပိုက်ဖို့ စီစဉ်ထားတာ။"
"ငါပြောတဲ့ သွေးမျိုးဆက်လမ်းကြောင်းနဲ့ ပြင်ဆင်ထားတဲ့မြေအောက်လှိုဏ်ခေါင်းဆိုတာက ဟိုဘက်က ကြက်သွေးနီရောင်သစ်ပင်ကြီးပဲ။"
အကြီးအကဲသည် အသက်မသေလိုသဖြင့် အားကြီးသောချီချင်းမော့ကို သိသမျှအကုန် ပြောပြလိုက်လေသည်။ သစ္စာရှိခြင်းထက် အသက်ရှင်ရန်က ပိုအရေးကြီးသည်။ ဂိုဏ်းတွင် ဓားစာခံလုပ်ထားရသောမိသားစုထက် မိမိအသက်က ပို၍အရေးကြီးသည်။
"လီရွှယ်ဟွာ မြင့်မြတ်နယ်မြေကို မင်းက သစ္စာဖောက်လိုက်ပြီ။ မြင့်မြတ်နယ်မြေကို မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။"
ထိုအချိန်တွင် ကြက်သွေးနီရောင်သစ်ပင်ကြီးပေါ်၌ ဧရာမမျက်နှာကြီးပေါ်လာပြီး ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ ချီချင်းမော့သည် သစ်ပင်ကြီးကိုလှည့်ကြည့်လိုက်သည်။ ချီချင်းမော့ဖြင့်အကြည့်ချင်းဆုံသည်နှင့် သစ်ပင်ကြီးသည် ကြောက်လန့်တကြားဖြင့် မျက်နှာကိုဖျောက်လိုက်ပြီး သေချင်ဟန်ဆောင်လိုက်သည်။ သစ်ပင်ကြီးသည် ချီချင်းမော့၏စွမ်းအားကို အာရုံခံမိသည်။ ချီချင်းမော့ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် သေမင်းကို မြင်လိုက်ရသကဲ့သို့ မလှုပ်ရှားဝံ့တော့ပေ။
"ချီချင်းမော့က ပြောလိုက်သည်။
"မြင့်မြတ်နယ်မြေဆိုတာ ဘာလဲ။"
သူမသည် အကြီးအကဲဘက်သို့လှည့်ကာ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ အကြီးအကဲက မဖြေခင်တွင် သစ်ပင်ပေါ်မှ မျက်နှာကြီးက ပေါ်လာပြန်ပြီး ခြိမ်းခြောက်လိုက်သည်။
"လီရွှယ်ဟွာ..."
"နောက်ထပ် အဓိပ္ပာယ်မရှိတာတွေထပ်ပြောရဲရင် မြင့်မြတ်နယ်မြေမှာနေတဲ့သူတွေကို သတိထားနေ....ဘုန်း..."
ကြက်သွေးနီရောင်သစ်ပင်ကြီး ပြော၍မဆုံးခင်တွင်ပင် ကီလိုမီတာများစွာမြင့်သည့် သစ်ပင်ကိုယ်ထည်ကြီးသည် ရုတ်တရက်ပင် ပျောက်ကွဲပျက်စီးသွားသည်။ ဧရာမဖရဲသီးကြီးပေါက်ကွဲသွားကာ လတ်ဆတ်သောအနီရောင်အရည်များက ကောင်းကင်တစ်ခွင်ဖြာကျသွားပြီး မိုးသဖွယ် ရွာချလာတော့သည်။ မြို့လယ်ကို ဝိုင်းရံထားသော သစ်ပင်လှောင်ချိုင့်သည်လည်း ဘုန်းခနဲအသံနှင့်အတူ ပေါက်ကွဲသွားပြီး ကောင်းကင်မှ အနီရောင်မိုးများအဖြစ် ရွာကျလာသည်။ ထိုအချိန်တွင် တစ်မြို့လုံးသည် သွေးနံ့ဖြင့်သာ လွှမ်းခြုံသွားတော့၏။
ထိုနေရာတွင် ရပ်နေသူအားလုံးသည်လည်း ငရဲဘုံကို ရောက်သွားသကဲ့သို့ မြင်မြင်သမျှက အနီရောင်သာဖြစ်ပြီး နှလုံးထဲထိစိမ့်ဝင်သွားအောင်အထိ ကြောက်စရာကောင်းလှသည်။ သို့သော်လည် းမကြာခင်တွင်ပင် ထိုအနီရောင်အရည်များက ချီချင်းမော့၏ခေါင်းထက်သို့ ပျံဝဲသွားကြပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပင် ပေါင်းသွားကာ အနီရောင်ဆေးလုံးအဖြစ် ပြောင်းလဲသွားသည်။
ထိုဆေးလုံးသည် ချီချင်းမော့၏ကျောက်စိမ်းလက်လေးပေါ်သို့ ရောက်လာကာ သူမက အင်္ကျီလက်ထဲသို့ ထည့်သိမ်းလိုက်သည်။ ထိုမြင်ကွင်းကို မြင်ရသောအားလုံးသည် အံ့ဩစွာဖြင့် ငေးကြည့်နေကြသည်။
မျက်စိရှေ့တွင် ဖြစ်ပျက်သမျှကိုကြည့်ကာ အံ့ဩတုန်လှုပ်နေကြပြီး ပါးစပ်အဟောင်းသားဖြင့် ရပ်နေမိကြသည်။ အကြီးအကဲသည် ကြောက်လွန်းဖြင့် ခြေထောက်များကပင် အားနည်းလာကာ ချွေးစေးများပြန်လာပြီး မြင့်မြတ်သူအဆင့်ရှိသည့်သစ်ပင်ကြီးသည် မျက်စိတစ်မှိတ်အတွင်းတွင် ပျောက်ကွယ်သွားသည်ကို မယုံနိုင်ဖြစ်နေသည်။
အသိဝင်လာပြီးနောက်မှ ကိုယ်နေဟန်ထားကိုထိန်းကာ မေးလိုက်သည်။
"နတ်ဘုရားကို ဖြေကြားပါတယ်။ မြင့်မြတ်နယ်မြေဆိုတာ နေလအထွတ်အမြတ်နယ်မြေကို ပြောတာပါ။ မူလမြေမှာအားကြီးတဲ့နေရာတစ်ခုဖြစ်ပြီး ဆန်းကြယ်အပင်တွေက အဓိက အဖွဲ့ဝင်တွေပါ။ ပြီးတော့ ဂမ္ဘီရသစ်ပင်ဂိုဏ်းကလည်း နေလအထွတ်အမြတ်နယ်မြေလောက်အောက်ခံဖြစ်ပြီး ကမ္ဘာမြေနဲ့မူလမြေကို ဆယ်သွယ်ပေးဖို့ တာဝန်ယူရပါတယ်။"
အခန်း (၃၈၇) ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲသည် ချက်ချင်းပင် သုတ်သင်ခံလိုက်ရသည် (၂)
ပြော၍ပြီးသည်နှင့်
"နတ်ဘုရား တစ်ခုခုသိချင်တာများရှိပါသလား။"
ချီချင်းမော့သည် ဘာမှမသိချင်သောကြောင့် ထူးခြားစွာဖြင့် ပြောလိုက်သည်။
"အခု တတ်နိုင်သလောဆန်းကြယ်သားရဲအားလုံးကို ဆင့်ခေါ်လိုက်။"
"နတ်ဘုရား ဆန်းကြယ်သားရဲအားလုံးကို ဆင့်ခေါ်ပေးရင် ကျုပ်ကိုလွှတ်ပေးမှာလား။"
အကြီးအကဲက မေးလိုက်သည်။ သူသည် ယခုထိ စိတ်မသက်မသာဖြစ်နေမိသည်။ ချီချင်းမော့ မိမိပြောပြီးသည်နှင့် သတ်ပစ်ကာ ဆေးလုံးအဖြစ် သန့်စင်ပစ်မည်ကိုစိုးသောကြောင့်ပင်။
"ကောင်းပြီ။ သားရဲတွေအားလုံးကို ဆင့်ခေါ်ပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်။"
ချီချင်းမော့က ဆိုလိုက်၏။
ထိုစကားကို ကြားသောအခါတွင် အကြီးအကဲလည်း စိတ်သက်သာရာရသွားသည်။ အားကြီးသူက အမြဲပင် ကတိတည်တတ်သည်။ ချီချင်းမော့က ထိုသို့ပြောပြီးသည်နှင့် အကြီးအကဲက အသက်ချမ်းသာခံရတော့မည်ဟု တွေးလိုက်သည်။
"နတ်ဘုရား အခု မူလမြေ မြေအောက်က သားရဲအားလုံးကို ဆင့်ခေါ်လိုက်ပါ့မယ်။"
ပြောပြီးနောက်တွင် ထိုသူသည် အမြန်ပင် သူ၏ရင်အုံထဲမှ အနက်ရောင်ပန်းတစ်ပွင့်ကို ထုတ်ယူလိုက်ပြီး လေထဲတွင်ထားကာ အနံ့ခပ်ရေးရေးရနေသည်။ ထိုအနံ့ကလွင့်ပျံသွားသည်နှင့် အနက်ရောင်ဂူများစွာထဲသို့ လျင်မြန်စွာ ထိုးဖောက်သွားသည်။ ထို့နောက်တွင် ထိုလှိုဏ်ဂူများထဲမှ အုတ်အော်သောင်းနင်းအသံကြီးကို ကြားနေရသည်။
နောက်တွင်မူ....
မရေမတွက်နိုင်သောဆန်းကြယ်သားရဲများစွာသည် သွေးနံ့ကို အာရုံခံမိသောငါးမန်းကဲ့သို့ လှိုဏ်ဂူထဲမှ ထွက်လာကြပြီး အနက်ရောင်ပန်းပွင့်ဆီသို့ ပြေးလာကြသည်။ ကြောက်စရာကောင်းသောသားရဲလှိုင်းကြီးကို မြင်လိုက်ရသောအခါတွင် ချီချင်းမော့နှင့် အကြီးအကဲမှလွဲ၍ ကျန်သောသူအားလုံးသည် လန့်ဖျပ်သွားကြသည်။
နှစ်ပေါင်းများစွာငြိမ်းချမ်းနေခဲ့သောရှန်ဟိုင်းတက္ကသိုလ်သည် ယခုတွင် ဆန်းကြယ်သားရဲများကြောင့် ကမောက်ကမဖြစ်နေရသည်။ မိုးထိုးမတတ်စွမ်းအားမြင့်သောအမျိုးသမီးတစ်ယောက်သာ ပေါ်မလာလျှင် ယခုတွင် ရှန်ဟိုင်းမြို့ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက သေချာပေါက်သိမ်းသွားပြီးဖြစ်သည်။ အားလုံးသည်လည်း သားရဲများကြောင့် အဆုံးသတ်ရမည်သာ ဖြစ်သည်။
"အားလုံးကို ဆင့်ခေါ်ပြီးပြီလား။"
ချီချင်းမော့ကာ မေးကာ အောက်မှသားရဲများကို ကြည့်လိုက်သည်။
"နတ်ဘုရား အားလုံးကိုဆင့်ခေါ်ပြီးပါပြီ။"
"ကောင်းတယ်။"
"နတ်ဘုရား အခု ကျုပ်သွားလို့ရပြီလား။"
"အင်း အခု မင်းဒီလောကကြီးကနေ ထွက်သွားလို့ရပြီ။"
ချီချင်းမော့သည် ပြောပြောဆိုဆိုဖြင့် သူမ၏ကျောက်စိမ်းလက်လေးကိုမြှောက်လိုက်သည်။ ထိုပုံစံကို မြင်သောအခါတွင် အကြီးအကဲ၏အမူအရာက သိသိသာသာ ပြောင်းသွားပြီး ချက်ချင်းပင် ချီစွမ်းအားထုတ်၍ ပြေးရန် ပြင်လိုက်သည်။ သို့သော်လည်း လှည့်လိုက်စဉ်တွင်ပင် မြင့်မြတ်သူအဆင့်ရှိသောခန္ဓာကိုယ်သည် သွေးများအဖြစ် ဘုန်းခနဲပေါက်ကွဲသွားကာ ချက်ချင်းပင် ဝိညာဉ်အဖြစ်ပြောင်းလဲသွားတော့သည်။ ချီချင်းမော့က စကားတည်လိမ့်မည်ဟုသာ ထင်ခဲ့မိသည်။ မျက်လုံးအပြူးသားဖြင့် သေသွားရသည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲဖြင့် ရင်ဆိုင်ပြီးနောက်တွင် ချီချင်းမော့သည် အချိန်ဖြုန်းမနေတော့ဘဲ အောက်မှသားရဲအုပ်ကို ပစ်မှတ်ထားကာ လက်ကို ညင်သာစွာဆုပ်လိုက်ပြီး....
"ဘုန်း ဘုန်း"
"ဘုန်း"
"ဘုန်း ဘုန်း "
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ အောက်မှသားရဲအုပ်သည် မီးရှုးမီးပန်းပေါက်ကွဲသကဲ့သို့ သွေးများအဖြစ်ပြောင်းသွားသည်။ မြေကြီးက ရဲရဲတောက်သွားသည်။ မြင်ကွင်းက အံ့ဩတုန်လှုပ်ဖွယ်ကောင်းလွန်းလှသည်။ အားလုံးသည် ကြောင်နေမိကြပြီး မျက်လုံးအပြူးသားဖြင့် သွေးပွဲတော်ကြီးကို သက်သေခံကာ တစ်ချက်ကလေးပင် မလွတ်လိုကြပေ။
အားနည်းသောသူများက စိတ်မသက်မသာရာရပြီး ခန္ဓာကိုယ်အားနည်းသူများက ပျို့အန်ချင်စိတ်ပင် ပေါ်လာသည်။ ရှန်ချင်းဟန်သည်လည်း ထိုထဲမှတစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူမသည် ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားသည့်အတွက် မသက်မသာဖြစ်ရခြင်းကို အသားကျနေပြီဖြစ်သည်။
စက္ကန့်ပိုင်းမျှကြာပြီးနောက်တွင် ဆန်းကြယ်သားရဲများသည် သွေးများအဖြစ် ပေါက်ကွဲထွက်သွားသည်။ ထူးဆန်းသောအားတစ်ခုအောက်တွင် ထိုသွေးများက ချီချင်းမော့ဆီသို့ ပျံဝဲသွားပြီး အနီရောင်ဆေးလုံးအဖြစ်ပြောင်းသွားသည်။ လင်းဇီချန်သည် ချီချင်းမော့တစ်ယောက် လေထဲတွင် တိတ်ဆိတ်စွာ ဝဲပျံနေသည်ကို ကြည့်နေမိပြီး အချစ်နတ်ဘုရားကို နားလည်သွားတော့သည်။ အကြင်နာမဲ့ရုံမက ယုံကြည်စိတ်ချရခြင်းမျိုးလည်းမရှိသကဲ့သို့ သူမသည် ဗီလိန်များ၏စံနမူနာပင်ဖြစ်သည်။ သို့သော်လည်း ထိုအမျိုးသမီးဗီလိန်သည် မှတ်တမ်းများထဲတွင် မေတ္တာကြီးမားသောအမျိုးသမီးဟု မှတ်တမ်းတင်ခံထားရသည်။ အတော်လေးဖြစ်နိုင်ခြေမရှိလှပေ။ ထိုမှတ်တမ်းရေးသူများက ချီချင်းမော့က လည်ပင်းတွင်ဓားထောက်ပြီးအတင်းရေးခိုင်းထားခြင်းသာ ဖြစ်ပေမည်။
"သွားကြစို့။ ငါ့ကို သွေးလွှဲပြောင်းပေး။"
ချီချင်းမော့က လင်းဇီချန်ကို ကြည့်၍ ပြောလိုက်သည်။ ပြောပြီးနောက်တွင် လင်းဇီချန်၏ခြေထောက်အောက်၌ အခင်းအကျင်းတစ်ခု ပေါ်လာသည်။ စုကျိုကျဲက အခင်းအကျင်းမည်သို့ဖန်တီးရမည်ကိုသိလျှင် သူမလည်း သိပေသည်။ ထို့အပြင် သူမသည် စုကျိုကျဲထက် သာသည်။
"ကောင်းကင်လူသားသခင် ဟန်ဟန်ကိုပါ ခေါ်သွားပေးပါ။"
ရှန်ချင်းဟန်၏ခြေထောက်အောက်တွင် အခင်းအကျင်းကိုမတွေ့ရသောကြောင့် လင်းဇီချန်က အမြန်ပြောလိုက်ရသည်။ ထိုစကားကို ကြားသည်နှင့် ချီချင်းမော့သည် ရှန်ချင်းဟန်၏ခြေထောက်အောက်တွင်လည်း အခင်းအကျင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအခင်းအကျင်းကို အသက်သွင်းလိုက်သည်နှင့် လင်းဇီချန်သည် မြေခွေးအမြီးကို လက်ထဲသို့ဆွဲခေါ်လိုက်သည်။ ထို့နောက်တွင် ဝါးမျိုဟုတွေးလိုက်သည်။
(သင်သည် အမြီးကိုးချောင်းမြေခွေးမိစ္ဆာ၏ အသက်ဓာတ်တစ်မျှင်ကို ရရှိပါသည်။)
(အမြီးကိုးချောင်းမြေခွေးမိစ္ဆာစွမ်းအား - ၂၀%)
…
ကျုံးယွမ်အဆောက်အဦး နံပါတ်ရှစ် အခန်း (၆၀၃)တွင် ဖြစ်သည်။ လင်းဇီချန်နှင့်ရှန်ချင်းဟန်သည် အခန်းထဲတွင် ပြန်ပေါ်လာပြီး ချီချင်းမော့ရှီသည့် ရှေးဟောင်းကြေးခေါင်းတလားဘေးတွင်ရပ်နေကြသည်။
"မင်းတို့နှစ်ယောက် ဒီသွေးဆေးလုံးတွေကိုခွဲယူလိုက်ကြ။"
ချီချင်းမော့က ယနေ့သန့်စင်ရထားသောဆေးလုံးများကို ထုတ်ယူ၍ လင်းဇီချန်ကို ပေးလိုက်သည်။ လင်းဇီချန်သည် ဆေးပုလင်းကို ယူလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကောင်းကင်လူသားသခင်။"
ရှန်ချင်းဟန်ကလည်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
လင်းဇီချန်သည် ပုလင်းကိုယူကာ အနည်းငယ်မျှ ရွှင်ပျသွားသည်။ ထိုဗီလိန်ကောင်းကင်လူသားသခင်သည် ရန်သူများအပေါ်တွင် လွန်စွာရက်စက်သော်လည်း သူမ၏လူများအပေါ်တွင်မူ လွန်စွာကောင်းသည် တန်ဖိုးကြီးများ ထောက်ပံ့ပေးတတ်သည်။ ဒုသမ္မတယဲ့ထက် အဆပေါင်းထောင်သောင်းမကသည်။ နောင်တွင် မိမိစွမ်းအားရလာသည့်အခါမှ ထိုယဲ့ဆိုသူနှင့် သေချာပေါက်စာရင်းရှင်းရမည်။ လင်းဇီချန်က မိမိဘာသာ တွေးနေခြင်းဖြစ်သည်။
ထိုအတွေးများကို ဘေးချကာ ချီချင်းမော့သည်မူ ခေါင်းတလားထဲတွင် လှဲနေပြီးဖြစ်သဖြင့် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ငါ့ကို သွေးလွှဲပေး။"
"ကောင်းပါပြီ ကောင်းကင်လူသားသခင်။"
လင်းဇီချန်သည် လက်ထဲမှ ဆေးပုလင်းကိုဖွင့်ပြီး ဆေးလုံးများကို မျိုချလိုက်သည်။ ထို့နောက်တွင် အတွင်းပိုင်းချီသွေးက ရူးလောက်စရာကောင်းအောင် တိုးတက်လာပြီး တစ်ကိုယ်လုံးပြည့်သွားကာ အန်ထွက်လုနီးပါးပင်ဖြစ်၏။ မိမိ၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မည်ဟု လင်းဇီချန်ခံစားမိသဖြင့် ချီချင်းမော့၏ဝတ်ရုံပေါ်တွင် ညာဘက်လက်ကိုတင်ကာ ချီသွေးကိုစတင်လွှဲပြောင်းပေးတော့သည်။ ဆေးပုလင်းထဲမှဆေးလုံးများက လွန်စွာအဖိုးတန်လှသည်။ ယခင်ကဆေးလုံးများထက် အဆရာချီအားပြင်းသည်။ ဆန်းကြယ်သားရဲများဆီမှသန့်စင်ထားသောအရည်အသွေးက လွန်စွာမြင့်သည်ဟု ဆိုနိုင်သည်။
ထိုသို့ဖြင့် အချိန်က ကုန်ဆုံးသွားကာ ဆယ်နာရီခန့်ကြာသွားသည်။ ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်သည်ပင် မှောင်နေပြီဖြစ်သည်။ လင်းဇီချန်သည် လက်ကို ပြန်သိမ်းလိုက်ပြီး သွေးလွှဲပြောင်းပေးခြင်း ပြီးဆုံးသွားသည်။
"နည်းနည်းနားလိုက်ဦး။ နောက်ကျ သွေးသောက်ဖို့လိုသေးတယ်။"
ချီချင်းမော့က ခေါင်းတလားထဲမှထလာပြီး ပြောလိုက်သည်။
လင်းဇီချန်ကလည်း ခေါင်းညိတ်ပြကာ စပ်စုစွာဖြင့် မေးကြည့်လိုက်သည်။
"ဒါနဲ့ ကောင်းကင်လူသားသခင် ရက်ပိုင်းကမှ မူလမြေထဲဝင်သွားတာမဟုတ်လား။ အခု ဘာလို့ ပြန်ထွက်လာရတာလဲ။"
သူမက ရှင်းပြလိုက်သည်။
"ငါမူလမြေမှာ လှုပ်ရှားတာများသွားတော့ ချီသွေးက ကုန်လုနီးပါးဖြစ်နေပြီ။ အဲ့ဒါကြောင့် ပြန်လာပြီး မင်းဆီက သွေးလာပြောင်းတာ။"
"ပုလဲလုံးလက်ပတ်ထဲကဝိညာဉ်စွမ်းအားကိုရော သုံးလိုက်လား။"
"မသုံးဘူး။ လုံးဝမလိုအပ်တာမှမဟုတ်ရင် ထုတ်သုံးမှာမဟုတ်ဘူး။ အဲ့ဒါက ငါ့ရဲ့ဝှက်ဖဲပဲ။"
ရှင်းပြပြီးနောက်တွင် ချီချင်းမော့လည်း အချိန်ဖြုန်းမနေတော့ဘဲ ခေါင်းငုံ့၍သာ လက်ထဲမှ သားရဲအမြုတေကို လေ့လာနေလေတော့သည်။