← Chapters

အခန်း (၁၄၈၆-၁၄၈၈)

Vol. 100 Ch. 1486-1488

အခန်း (၁၄၈၆-၁၄၈၈)

Vol. 100 Ch. 1486-1488

အဆတစ်ရာစနစ် စာစဥ်(၁၀၀)

အခန်း(၁၄၈၆)

သွေးကျတ်တီးနယ်မြေရှိ တိတ်ဆိတ်သော ခန်းမဆောင်တစ်ခုထဲတွင် ကျန်းချန်သည် ခန်းမဆောင်အလယ်၌ ခြေချိတ်၍ ထိုင်နေခဲ့သည်။

သူ၏ရှေ့တွင် ရွှေရောင်စာလိပ်တစ်ခု ရှိနေခဲ့၏။

သူ၏အကြည့်က ထိုရွှေရောင်စာလိပ်ပေါ်သို့ ကျရောက်နေခဲ့ပြီး စိတ်ထဲတွင်လည်း စနစ်၏ သတိပေးချက်များက ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့သည်။

"ဒင်.. သင်က နတ်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်းကျင့်စဥ်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်းကျင့်စဥ်အပေါ် သင်၏ နားလည်မှုက ၁၀၀၀၀၀ပုံ ၁ပုံ တိုးတက်သွားခဲ့ပါပြီ"

"ဒင်.. သင်က နတ်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်းကျင့်စဥ်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်..ဥပဒေသများကို လက်နက်အဖြစ်ပေါင်းစည်းခြင်း ကျင့်စဥ် အပေါ် သင်၏ နားလည်မှုက ၁၀၀၀၀၀ပုံ ၁ပုံ တိုးတက်သွားခဲ့ပါပြီ"

".........."

ကျန်းချန်က သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့‌တော်ကို သိမ်းပိုက်ပြီးနောက်တွင် အရာအားလုံးကို ယွင်ယွဲ့၊စန်းယွမ်လုံနှင့်တခြားသူများအား တာဝန်လွှဲထားခဲ့ပြီး သူကမူ တိတ်တဆိတ် ဆက်လက် လေ့ကျင့်နေခဲ့သည်။

မူလက ကျန်းချန်၏ နောက်ထပ် အစီအစဥ်မှာ လူသားဧကရာဇ် စည်းတံဆိပ်၏ တတိယစည်းတံဆိပ် ဖြစ်သည့် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ကျင့်ကြံရန် ဖြစ်သည်။

သို့သော်လည်း ပိုင်ချိုးဟန်၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ရေတွက်စဥ် ကျန်းချန်သည် ရွှေရောင်စာလိပ် တစ်ခုကို အမှတ်မထင် တွေ့လိုက်ရသည်။

ယင်းမှာ နတ်အဆင့် လျှို့ဝှက်နည်းစနစ်သည် ဥပဒေသများကို လက်နက်အဖြစ်ပေါင်းစည်းခြင်း နည်းစနစ်ပင် ဖြစ်သည်။

ထိုနည်းစနစ်က ဥပဒေသများ၏ စွမ်းအားများကို အသုံးပြုပြီး မှော်လက်နက် တစ်ခုအဖြစ် ပြောင်းလဲကာ အားကောင်းသော တိုက်ခိုက်မှုကို ဖန်တီးပေးနိုင်သည်။

လုကွမ်ယွီနှင့် ပိုင်ချိုးဟန်တို့နှင့် တိုက်ခိုက်စဥ်က ကျန်းချန်သည် ထိုလျှို့ဝှက်နည်းစနစ်၏ စွမ်းအားကို တွေ့ကြုံခဲ့ရသည်။

ယခု သူက ပိုင်ချိုးဟန်၏ သိုလှောင်လက်စွပ်ထဲကနေ ဤလျှို့ဝှက်နည်းစနစ်ကို ရရှိခဲ့သောကြောင့် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။

ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်း နည်းစနစ်သည် သိပ်မခက်ခဲပေ။

ထိုနည်းစနစ်ကို ကျင့်ကြံမည့် အခက်အခဲသည် စိတ်ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ကို ကျင့်ကြံခြင်းနှင့် အတူတူလောက်ပင်။

ပုံမှန်အမြန်နှုန်းအရ ဆိုလျှင် ကျန်းချန်သည် ထိုလျှို့ဝှက်နည်းစနစ်ကို အပြည့်အဝ နားလည်ရန် အတွက် အနည်းဆုံး လဝက်ခန့် ကြာမြင့်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် မူလက ဟွမ်ထျန်းလင် နေထိုင်ခဲ့သည့် ခန်းမဆောင်တွင် ရှိနေခဲ့၏။

ထိုခန်းမဆောင်ကို တည်ဆောက်ရန် အတွက် အသုံးပြုခဲ့သောပစ္စည်းများသည် အလွန်ပင် ထူးဆန်း၏။

ခန်းမတစ်ခုလုံးကို အချိန်ဥပဒေသနှင့် နေရာလွတ်ဥပဒေသများအပေါ် အခြေခံပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။

ခန်းမကို နှစ်ခန်းခွဲထားပြီး ဟွမ်ထျန်းလင်သည် အသက်ဆက်လက် ရှင်သန်ရန်အတွက် ပြင်ပမှ အချိန်ထက် သုံးဆပိုမိုနှေးကွေးသည့် အခန်းတွင် နေထိုင်ခဲ့သည်။

ထိုခန်းမ၏ တစ်ဖက်ခန်းကမူ ပြင်ပကမ္ဘာ၏ အချိန်ထက် သုံးဆပိုမို မြန်ဆန်၏။

ကျန်းချန်က အချိန်စီးဆင်းမှု ပိုမိုမြန်ဆန်သည့် အခန်းထဲတွင် ရှိနေခဲ့သည်။

ထိုနေရာတွင် တစ်ရက် နေထိုင်ခြင်းသည် ပြင်ပတွင် သုံးရက်နေထိုင်ခြင်းနှင့် ညီမျှ၏။

မူလက ကျန်းချန်သည် ဥပဒေသများအား လက်နက်အဖြစ် ပေါင်းစည်းခြင်းနည်းစနစ်ကို နားလည်ရန်အတွက် လဝက်ခန့်အချိန်လိုအပ်သော်လည်း ယခုအခါတွင် ငါးရက်သို့မဟုတ်ခြောက်ရက်ခန့်သာ လိုအပ်တော့မည်ဖြစ်သည်။

"ဒင်..သင်က နတ်အဆင့်လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ဥပဒေသများကို လက်နက်အဖြစ်ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်အား ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်းလျှို့ဝှက်နည်းစနစ်အပေါ် သင့်ရဲ့ နားလည်မှုက ၁၀၀၀၀၀ပုံ ၁ပုံ တိုးတက်သွားခဲ့ပါပြီ"

"ဒင်.. သင်က နတ်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်အား ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်းလျှို့ဝှက်နည်းစနစ်အပေါ် သင့်ရဲ့နားလည်မှုက ၁၀၀၀၀၀ပုံ ၁ပုံ တိုးတက်သွားခဲ့ပါပြီ"

".........."

"ဒင်.. သင်က နတ်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်အား အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"

အချိန်သုံးဆ စီးဆင်းမှု၏ ကောင်းချီးနှင့်အတူ ကျန်းချန်သည် ခြောက်ရက်မြောက်နေ့တွင် ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်း နည်းစနစ်အား အောင်မြင်စွာ ကျွမ်းကျင်သွားခဲ့သည်။

"သိပ်ကောင်းတယ်.. ဒီလျှို့ဝှက်နည်းစနစ်နဲ့ ဆိုရင် ငါ့ရဲ့တိုက်ခိုက်ရေး စွမ်းအားက အများကြီး တိုးတက်လာခဲ့ပြီ"

ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်း နည်းစနစ်အား ကျွမ်းကျင်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာထက်၌ ကျေနပ်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။

ယခုအခါတွင် သူသည် ဥပဒေသခုနစ်မျိုး၏ စွမ်းအားကို နားလည်နေခဲ့ပြီ ဖြစ်၏။

ထို့အပြင် ဥပဒေခုနစ်မျိုး၏ စွမ်းအားကို ပေါင်းစပ်လိုက်လျှင် အင်ပါယာနယ်ပယ် အထွတ်အထိပ် ဖြစ်သည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူထက်ပင် မနိမ့်ကျပေ။

ယခု သူတတ်မြောက်ခဲ့သည့် ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်း နည်းစနစ်သည် သူ၏ ဥပဒေသစွမ်းအားကို အနည်းဆုံး ၃၀%ခန့် ထပ်မံ တိုးတက်စေရန် လုံလောက်၏။

မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ပင် သူ့ကိုအလွယ်တကူ ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

"ကျန်းချန်.. ဟွမ်ဝူကျီက သွေးကျတ်တီးနယ်မြေကို ပြန်လာနေပြီ.. သိပ်မကြာခင်မှာ သွေးကျတ်တီးနယ်မြေကို ရောက်လာတော့မယ်လို့ စန်းယွမ်လုံက သတင်းပို့ထားတယ်"

ကျန်းချန်က ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစပ်ခြင်းနည်းစနစ်အား နားလည်ပြီး သိပ်မကြာခင်မှာပင် မုန့်ချင်းရွှယ်သည် ခန်းမဆောင်အပြင်ကနေ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

"နောက်ဆုံးတော့ ရောက်လာပြီပေါ့"

ကျန်းချန်၏ မျက်လုံးများက တလက်လက် တောက်ပသွားခဲ့သည်။

"ဟွမ်ဝူကျီနဲ့ အတူ အစွမ်းထက် ကျင့်ကြံသူတွေ ဘယ်နှစ်ယောက် ပါလာခဲ့လဲ"

"အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူသုံးယောက် ပါလာခဲ့တယ်.. သူတို့အားလုံးက သွေးကျတ်တီးနယ်မြေရဲ့ အင်အားအကောင်းဆုံး ကျင့်ကြံသူတွေပဲ"

မုန့်ချင်းရွှယ်၏ မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဟွမ်ဝူကျီသည် သွေးဝိညာဥ်မျိုးနွယ်စု၏ တခြားသော သွေးနယ်မြေများမှ စစ်ကူများကို မခေါ်လာခဲ့ဘဲ သူ၏ သွေးကျတ်တီးနယ်မြေမှ အင်ပါယာများကိုသာ ခေါ်လာခဲ့သည်။

သို့သော်လည်း ဟွမ်ဝူကျီ အပြင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူသုံးယောက် ဟူသော အင်အားသည်ပင် အတော်လေး အားကောင်းနေခဲ့ချေပြီ။

လူသားဧကရာဇ်နန်းတော်နှင့် ယွင်ကျိုးနယ်မြေတွင် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ခုနစ်ဦး ရှိသည်။

ကျန်းချန် အပြင် ယွင်ယွဲ့ တစ်ယောက်သာလျှင် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ရှိနေပြီး ကျန်ငါးယောက်မှာ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်သာလျှင် ရှိနေသေး၏။

ကျန်းချန်ကို ဟွမ်ဝူကျီကသာ ခဏမျှ အချိန်ဆွဲထားနိုင်မည် ဆိုလျှင် သူတို့လူစုသည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အလယ်အလတ် အဆင့် ကျင့်ကြံသူ သုံးယောက်ကို အသေအလဲ ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။

ကျန်းချန်က ဟွမ်ဝူကျီကို အလျင်အမြန် အနိုင်မယူနိုင်ခဲ့လျှင် သူတို့ထဲရှိ မည်သူကမှ အင်ပါယာ နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

"လူသားဧကရာဇ်နန်းတော်ရဲ့ နန်းတော်သခင်.. မင်းက ငါ့သားကို သတ်ပစ်ပြီး ငါ့ရဲ့ သွေးကျတ်တီးနယ်မြေကို သိမ်းပိုက်လိုက်တယ်.. ဒီသွေးဘုရင်ရှေ့မှာ အသေခံဖို့ ထွက်လာခဲ့စမ်း"

ထိုအချိန်မှာပင် ဒေါသတကြီး ကြုံးဝါးလိုက်သည့် ကျယ်လောင်သော အသံတစ်သံသည် သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့တော် ကောင်းကင်ယံထက်တွင် ပေါက်ကွဲထွက်လာခဲ့သည်။

"မင်းက ဒီတောင် ရောက်လာပြီကိုး"

ကျန်းချန်က ကောင်းကင်ကို မော့ကြည့်လိုက်၏။

ထို့နောက်တွင် သူ၏ ပုံရိပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး ချက်ချင်းဆိုသလို အင်ပါယာမြို့တော်၏ အထက်ကောင်းကင်ယံတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အဝေးရှိ ကောင်းကင်ယံမှ သွေးပုံရိပ်အနည်းငယ်သည် မကောင်းဆိုးဝါး သွေးအရှိန်အဝါများကို ထုတ်လွှတ်ကာ သွေးကျတ်တီးနယ်မြေ၏ တော်ဝင်မြို့တော်အထက်ရှိ ကောင်းကင်ယံဆီသို့ လှမ်းလာခဲ့ကြသည်။

ထိုလူစုကို ဦး‌ဆောင်လာသည့် ခန္ဓာကိုယ် ထွားကျိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ကျန်းချန်နှင့် ပေတစ်ထောင် အကွာအဝေးတွင် ပေါ်လာခဲ့ပြီး တောက်ပသော သွေးရောင်မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

"ကောင်လေး မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ နန်းတော်သခင်လား"

"ဟုတ်တယ်.. ငါက လူသားဧကရာဇ်နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်တဲ့အပြင် ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုရဲ့ လူသားဧကရာဇ် ကျန်းချန်ပဲ"

ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဟန်ပါပါရပ်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟွမ်ဝူကျီ.. နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့.. ငါမင်းကို ဒီမှာ စောင့်နေတာ အချိန်အတော်ကြာနေပြီ"

"လူသားဧကရာဇ်ကျန်းချန် ဟုတ်လား.. ဒါဆို မင်းက လူသားဧကရာဇ်အသစ်ပေါ့"

ဟွမ်ဝူကျီက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏အကြည့်က ပို၍ပင် အေးစက်လာခဲ့၏။

"လူသားဧကရာဇ် နန်းတော်က မင်းတို့ လူသားမျိုးနွယ်စုကနေ တည်ထောင်ထားတာ တကယ်ပဲပေါ့"

လူသားဧကရာဇ်နန်းတော်က သူတို့ သွေးကျတ်တီးနယ်မြေကို အဘယ်ကြောင့် ဤမျှလောက်အထိ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သလဲ ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ဤကိစ္စအားလုံးကို လူသားမျိုးနွယ်စုသည် အစီအစဥ်တကျ စီစဥ်ထားခဲ့ပြီး အကောင်အထည်ဖော်ရန် အတွက် လူသားမျိုးနွယ်စု၏ လူသားဧကရာဇ်အသစ် တစ်ပါးကိုပင် စေလွှတ်ခဲ့သည်။

"ဟမ့် မင်းတို့လူသားမျိုးနွယ်စုက တကယ်ပဲ ဗျူဟာကောင်းကောင်းတစ်ခုကို ချမှတ်ပြီး ကစားနိုင်ခဲ့တာပဲ.. အပြင်ပန်းမှာတော့ ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုကို ငွေရောင်သွေးနယ်မြေဆီ အာရုံပြောင်းအောင် လုပ်ဆောင်ခဲ့တယ်.. တကယ်တမ်းကျတော့ လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်အသစ်ဖြစ်တဲ့ မင်းကို ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အဓိကနယ်မြေတွေကို တိုက်ခိုက်စေခဲ့တယ်.. လူသားမျိုးနွယ်စုက မင်းလို လူသားဧကရာဇ် တစ်ပါးကိုတောင် ငါတို့ သွေးကျတ်တီးနယ်မြေဆီ စေလွှတ်ရဲတယ် ဆိုမှတော့ ဒီသွေးဘုရင်က လူသားမျိုးနွယ်စုရဲ့ နောက်ထပ် လူသားဧကရာဇ် တစ်ပါး ဆုံးရှုံးစေမှာကို အပြစ်မတင်နဲ့တော့"

ဒေါသတကြီး ကြုံးဝါးသံ အဆုံးသတ်သည်နှင့် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် မဟာအင်ပါယာ တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါသည် ဆယ်မိုင်ပတ်လည်ရှိ လေထုတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။

"ဟားဟား လူသားဧကရာဇ်ကို သတ်ဖြတ်ချင်မှတော့ မင်းမှာ ဒီလိုမျိုး အစွမ်းအစရှိမရှိ ကြည့်ရသေးတာပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ့ထံမှ ဓားအလင်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့၏။

ခမ်းနားသော ဓားအလင်းသည် ဘုံကိုးပါးအထက်ရှိ အချိန်နှင့်နေရာလွတ်ကို ထိုးဖောက်ကာ ကောင်းကင်တံခါး တစ်ချပ်ကို ဖွင့်လှစ်လိုက်သကဲ့သို့ပင် ဆယ်မိုင်အကွာရှိ ကမ္ဘာကြီးကို လင်းထိန်သွားစေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ဓားနတ်ဘုရား တစ်ပါးကဲ့သို့ ဥက္ကာခဲဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

အခန်း(၁၄၈၆)ပြီး၏။

အခန်း(၁၄၈၇)

"ဝုန်း.."

ကျန်းချန်၏ ဓားချက်က ပေရာချီရှည်လျားသည့် နက်မှောင်သော အက်ကွဲကြောင်းများကို လေထုထဲတွင် ပေါ်လာစေခဲ့သည်။

ကောင်းကင်ပေါ်ရှိ အလင်းပင် ထိုဓားချက်ကြောင့် မှောင်မိုက်သွားခဲ့၏။

ဤအချိန်တွင် ဆယ်မိုင်ပတ်လည်ရှိ ကောင်းကင်တစ်ခုလုံးသည် မှောင်မိုက်ကာ ရှုပ်ထွေးနေခဲ့ပြီး နေနှင့်လကို ထိုးဖောက်ကာ ကောင်းကင်ကို ဖြတ်သန်းသွားသည့် ဓားအလင်းတစ်ခုသာလျှင် ကျန်ရှိနေခဲ့သည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားချက်လဲ.. အရှင်မင်းကြီးရဲ့ အစွမ်းအစက တကယ်ကို ပိုမိုအားကောင်းလာခဲ့ပြီပဲ"

ယွင်ယွဲ့နှင့် တခြားသူများက ကျန်းချန်၏ ဓားချက်ကိုကြည့်ကာ တအံ့တသြ ရေရွတ်လိုက်ကြသည်။

သူတို့က အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည့် မဟာအင်ပါယာတစ်ပါး၏ ဓားချက်ကို မမြင်ဖူးသော်လည်း ဤကဲ့သို့ ဓားချက်မျိုးသည် မဟာအင်ပါယာအဆင့်ကျင့်ကြံသူ၏ ဓားချက်ထက် လုံးဝမနိမ့်မှန်း တွက်ဆနိုင်ခဲ့သည်။

ကျန်းချန်၏ အစွမ်းထက်သောဓားချက်ကို ကြည့်ရင်း ဟွမ်ဝူကျီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့၏။

သို့သော်လည်း သူက နေရာမှာပင် မလှုပ်မယှက် တည်ငြိမ်စွာရပ်နေခဲ့သည်။

ဓားအလင်းက သူ၏ ခန္ဓာကိုယ်နှင့် သိပ်မဝေးတော့သောအကွာအဝေးသို့ ရောက်မှသာ သွေးအလင်း ကန့်လန့်ကာတစ်ခုကို သူ၏ ခန္ဓာကိုယ်ကနေ ထုတ်ဖော်လိုက်၏။

"ဝုန်း.."

ဓားအလင်းက သွေးအလင်း ကန့်လန့်ကာကို ထိမှန်သွားခဲ့ပြီး ကျယ်‌လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သွေးအလင်း ကန့်လန့်ကာသည် ရိုက်ခွဲခံရသောမှန်တစ်ချပ် ကဲ့သို့ ရုတ်တရက် ကွဲကြေသွားသည်ကို မြင်လိုက်ရ၏။

ထိုသွေးအလင်း ကန့်လန့်ကာ ကွဲကြေသွားသောအခါ ဖြစ်ပေါ်လာသော သွေးအပိုင်းအစ များစွာသည် ချက်ချင်းဆိုသလိုပင် ရုန့်ရင်းသော သွေးဓား အလင်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဟွမ်ဝူကျီက ထိုသွေးဓားအလင်းအား ဆယ်မိုင်ပတ်လည်ရှိ လေထုကို လွှမ်းခြုံထားသည့် သွေးဓားမုန်တိုင်း အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲလိုက်၏။

ကျန်းချန်၏ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားသောဓားချက်သည် ထိုသွေးဓားမုန်တိုင်းကြောင့် ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။

သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ယွင်ယွဲ့နှင့် တခြားသူများသည် အသက်ကိုပင် ဝအောင် မရှူနိုင်တော့ပေ။

ကျန်းချန်၏ အလွန်တရာ အစွမ်းထက်သော ဓားချက်သည် ဟွမ်ဝူကျီ အနားသို့ မ‌ရောက်ခင်မှာပင် ဟွမ်ဝူကျီကြောင့် လုံးဝ ဖျက်ဆီးခံလိုက်ရမည်ဟု သူတို့ တစ်ခါမှ မတွေးထားခဲ့ပေ။

"ဒါက အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေတဲ့ မဟာအင်ပါယာ တစ်ပါးရဲ့ အစွမ်းလား တကယ်ကိုကြောက်စရာ ကောင်းတာပဲ"

"မင်းက လူသားမျိုးနွယ်စုရဲ့ လူသားဧကရာဇ်အသစ်ဖြစ်ဖို့ ထိုက်တန်ပါပေတယ် တကယ်ကိုအစွမ်းထက်တာပဲ.. ဒါ့အပြင် ဓားဥပဒေသရဲ့ ဒုတိယအဆင့်ကိုလည်း နားလည်ထားတယ် သာမန် မဟာအင်ပါယာတစ်ပါး ဆိုရင် မင်းကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ သွေးကျတ်တီး နယ်မြေရဲ့ သွေးဘုရင်တစ်ပါး ဖြစ်တဲ့ ငါနဲ့တော့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ"

ဟွမ်ဝူကျီက တည်ငြိမ်စွာပင် ပြောလိုက်သည်။

သူ၏ မျက်ဝန်းများက ငရဲကိုးပါးအောက်တွင် ရှိသည့် အအေးဆုံး ရေခဲမြစ် ကဲ့သို့ အေးစက်နေခဲ့ပြီး ကျန်းချန်ကို ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။

ဤကောင်လေးသည် အသက် သုံးဆယ်အောက်သာလျှင် ရှိသေး၏။

သို့သော်လည်း ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသည့် အပြင် ဓားဥပဒေသအပေါ် နားလည်မှုတွင်လည်း ယခင် လူသားဧကရာဇ် ဖြစ်သည့် ကျန်းဝူရထက် လုံးဝမနိမ့်ကျ‌ပေ။

သွေးကျတ်တီးနယ်မြေ၏ သွေးဘုရင် ဖြစ်သည့် ဟွမ်ဝူကျီသည် ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နေသည့် ပါရမီရှင်တစ်ပါး လူသားမျိုးနွယ်စုတွင် ရှိနေသည်ကို တစ်ခါမှ မကြားဖူးပေ။

ဤကောင်လေးကိုသာ ဆက်လက် ကြီးပြင်းခွင့် ပြုလိုက်လျှင် ဤကောင်လေး၏ သူတို့ သွေးဝိညာဥ်မျိုးနွယ်စု အပေါ် ပေးမည့် ခြိမ်းခြောက်မှုသည် ကျန်းဝူရအောက်တွင် ရှိတော့မည်မဟုတ်ပေ။

"ဟွမ်ဝူကျီ မင်းလည်းမဆိုးပါဘူး.. မဟာအင်ပါယာ တစ်ပါးဖြစ်တဲ့အပြင် ဓားဥပဒေသနဲ့ သွေးဥပဒေသကိုပါ ကျွမ်းကျင်ထားတယ်.. ဒါ့အပြင် သွေးဥပဒေသက ဒုတိယအဆင့်ကိုတောင် ရောက်နေပြီ.. ဒီလိုစွမ်းအားမျိုးက သာမန် မဟာအင်ပါယာတစ်ပါး ယှဥ်လို့မရတဲ့ စွမ်းအားမျိုးပဲ"

ကျန်းချန်က သူ၏ရှေ့တွင် ရှိနေသည့် ဟွမ်ဝူကျီကို ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။

"မင်းက ဒီသွေးဘုရင်ရဲ့ အစွမ်းအစကို သိနေပြီဆိုမှတော့ အညံ့ခံဖို့ ဆုံးဖြတ်လိုက်ပြီလား"

ဟွမ်ဝူကျီက အေးစက်စက် ရေရွတ်လိုက်သည်။

"ငါမင်းရဲ့ အစွမ်းအစကို သိပါတယ်.. ဒါပေမဲ့ မင်းကတော့ ငါဧကရာဇ်ရဲ့ အစွမ်းအစကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

ကျန်းချန်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

"ဟွမ်ဝူကျီ.. မင်းက မင်းရဲ့ အစွမ်းအစလေးနဲ့ ငါ့ကို ယှဥ်နိုင်မယ်လို့ ထင်နေတာလား.. တကယ်ကို ရယ်စရာပဲ"

ထိုစကားကိုကြားလျှင် ဟွမ်ဝူကျီ၏ နှုတ်ခမ်းထောင့်တွင် မထီတရီ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဟုတ်လား.. ဒါဆိုလည်း စမ်းကြည့်လိုက်လေ.. လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်အသစ်မှာ နောက်ထပ် ဘယ်လိုနည်းလမ်းတွေ ရှိမလဲဆိုတာ ဒီသွေးဘုရင် ကြည့်ချင်သေးတယ်"

ဟွမ်ဝူကျီ၏ အမြင်တွင် ကျန်းချန် ထုတ်သုံးနိုင်သည့် တစ်ခုတည်းသော အားအကောင်းဆုံး နည်းလမ်းမှာ လူသားဧကရာဇ် စည်းတံဆိပ်ပင် ဖြစ်၏။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေလျှင် သူက အနည်းငယ် ကြောက်ရွံ့ကောင်း ကြောက်ရွံ့ရပေလိမ့်မည်။

သို့သော် ကျန်းချန်က ယခုအခါ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ရာ လူသားဧကရာဇ်စည်းတံဆိပ်ကို ထုတ်ဖော်လျှင်ပင် သူ့ကို သိပ်မခြိမ်းခြောက်နိုင်ပေ။

"ကောင်းပြီလေ ဒါဆိုလည်း မင်အမြင်ကျယ်အောင် ပြရသေးတာပေါ့"

ကျန်းချန်က ဟွမ်ဝူကျီကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို သူ၏ မျက်လုံးကို ညင်သာစွာ မှိတ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ရွှေရောင်တောက်ပသော အလင်းတန်းတစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ကောင်းကင်ထိတိုင် မြင့်တက်လာခဲ့ပြီး ကျန်းချန်၏ ပုံရိပ်သည်လည်း တစ်ခဏအတွင်းမှာပင် ပေတစ်ထောင်ခန့် မြင့်တက်သွားခဲ့ကာ တောက်ပသော ရွှေရောင်အလင်းနှင့်အတူ ကောင်းကင်နှင့်မြေကြီး ကြားတွင် ရပ်နေသည့် ဧရာမ လူကြီးတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အင်ပါယာ ခန္ဓာကိုယ်ကို ဖော်ထုတ်ပြီးနောက်တွင် ကျန်းချန်သည် လက်ငါးချောင်းတောင်ကဲ့သို့ ဖြစ်နေသည့် သူ၏ ဧရာမလက်ဝါးကို ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ဥပဒေသစွမ်းအားများက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ဓားဥပဒေသ၊ လေဥပဒေသ၊ မီးဥပဒေသ၊မိုးကြိုးဥပဒေသ၊ အချိန်ဥပ‌ဒေသ၊ နေရာလွတ်ဥပဒေသနှင့်အသက်ဥပဒေသ စသည့် ဥပဒေခုနစ်မျိုး၏ စွမ်းအားသည် တစ်ခဏအတွင်းမှာပင် ပေါင်းစပ်သွားခဲ့ကာ အဆုံးသတ်တွင် ကမ္ဘာကိုပင် ဖောက်ထွင်းနိုင်သည့် တောက်ပသော ခုနစ်ရောင်ခြယ် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဓားအလင်းသည် ကျန်းချန် အစောပိုင်းက ထုတ်သုံးခဲ့သည့် ဓားအလင်းထက်ပင် အဆပေါင်းများစွာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။

ခုနစ်ရောင်ခြယ် ဓားအလင်းက စကြာဝဠာကို ဖြတ်သန်းပြီး ဆန့်ထွက်သွားခဲ့သည်မှာ နေနှင့်လကို ဖြတ်ကျော်ကာ ၎င်း၏ ပတ်ပတ်လည်တွင် ရှိသည့် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် အလားပင်။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယခင်ကထက် အဆများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို ကြည့်ပြီး ဟွမ်ဝူကျီ၏ မျက်နှာထက်တွင် အဆုံးသတ်၌ ထိတ်လန့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဥပဒေခုနစ်မျိုး၏ စွမ်းအား"

သူ၏ရှေ့မှ လူသားဧကရာဇ်သည် အမှန်တကယ်ပင် ဥပဒေသခုနစ်မျိုးကို ကျွမ်းကျင်ထားခဲ့ပြီး ဓားဥပဒေသဆိုလျှင် ဒုတိယအဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင် သူကဲ့သို့ မဟာအင်ပါယာတစ်ပါးသည်ပင် ဥပဒေသများဖြင့် ပေါင်းစပ်ထားသော ဓားအလင်းထံကနေ အန္တရာယ်ရှိသည့်အငွေ့အသက်ကို ခံစားခဲ့ရသည်။

ထို့နောက်တွင် ဟွမ်ဝူကျီသည် လုံးဝ မတုံ့ဆိုင်းရဲတော့ပေ။

သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သွေးရောင်တောက်ပနေသော အင်ပါယာခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။

ထို့နောက်တွင် ဟွမ်ဝူကျီထံမှ ကြောက်မက်ဖွယ်ကောင်းသော သွေးဓားအလင်း တစ်ခုသည် အရာအားလုံးကို ကျော်လွန်နိုင်သည့် စွမ်းအားကို သယ်ဆောင်ကာ ကောင်းကင်ကိုဖြတ်သန်း၍ ခုနစ်ရောင်ခြယ်ဓားအလင်း ဆီသို့ ရောက်ရှိလာခဲ့သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ခုသည် လေထုအထဲတွင် ထိပ်တိုက် ဆုံတွေ့မိသွားကြသည်။

ထိုအချိန်တွင် သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့နယ်အထက်မှ နေရာလွတ် တစ်ခုလုံးသည် ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး အရာအားလုံး ရှုပ်ထွေးကာ နက်မှောင်သောကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာကြီးထဲတွင် တောက်ပသော ခုနစ်ရောင်ခြယ် ဓားအလင်းနှင့် မကောင်းဆိုးဝါး အရှိန်အဝါများ ထွက်ပေါ်နေသော သွေးဓားအလင်း တို့သည် ထိပ်တိုက်ရင်ဆိုင်နေဆဲ အခြေအနေတွင် ရှိနေခဲ့သည်။

သို့သော်လည်း လေထုကမူ အဆက်မပြတ် ပေါက်ကွဲထွက်နေခဲ့ပြီး ကေင်းကင်ထက်တွင် အတော်လေး ရှုပ်ထွေးနေခဲ့သည်။

အစပိုင်းတွင် သွေးဓားအလင်းသည် ခုနစ်ရောင်ခြယ်ဓားအလင်းကို ထိန်းထားနိုင်သော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ သွေးဓားအလင်းပေါ်မှ အလင်းရောင်သည် ပိုမို အားနည်းလာခဲ့ပြီး အဆုံးသတ်တွင် ခုနစ်ရောင်ခြယ် ဓားအလင်းကြောင့် လုံးဝကို ပျက်စီးသွားခဲ့သည်။

အဆုံးသတ်တွင် ခုနစ်ရောင်ခြယ် ဓားအလင်းသည် သွေးဓားအလင်းကို ပျက်စီးသွားစေရုံသာမက ခုနစ်‌ရောင်ခြယ်ဓားအလင်းမှ ကျန်ရှိသော စွမ်းအားသည်လည်း ချက်ချင်းဆိုသလိုပင် ကျယ်ပြန့်သော လေထုကို ထိုးဖောက်ကာ ဟွမ်ဝူကျီ၏ အင်ပါယာခန္ဓာကိုယ် ပေါ်သို့ ကျရောက်သွားခဲ့သည်။

"အား..."

ဟွမ်ဝူကျီက နာကျင်စွာ အော်ဟစ်လိုက်ပြီး လေထုထဲတွင် ပေရာချီ အကွာအဝေးထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။

သူ၏ အင်ပါယာခန္ဓာကိုယ်ပေါ်တွင် ပေတစ်ရာ ရှည်လျားသည့် ဓားခုတ်ရာ တစ်ခုသည် သူ၏ ပုခုံးကနေ ရင်ဘတ်အောက်နား အထိ တစ်ဆက်တည်း ရှိနေခဲ့သည်။

ထိုဒဏ်ရာကနေ အင်ပါယာ သွေးစက်များသည် မိုးရေများကဲ့သို့ပင် လေထုထဲကနေ ယိုဖိတ်၍ ကျလာခဲ့၏။

ဟွမ်ဝူကျီက ထိတ်လန့်သော အမူအရာဖြင့် ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ဤကောင်လေးသည် ဥပဒေသခုနစ်မျိုး၏ စွမ်းအားကို ပေါင်းစပ်အသုံးပြုပြီး အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် မဟာအင်ပါယာ တစ်ပါးကိုပင် ဖိနှိပ်နိုင်ခဲ့သည်။

သူ့ရှေ့မှ လူသားဧကရာဇ် အသစ်သည် ဤမျှလောက်အထိပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

အခန်း(၁၄၈၇)ပြီး၏။

အခန်း(၁၄၈၈)

"အရှင်မင်းကြီးက နတ်ဘုရားတစ်ပါး ပြန်လည်ဝင်စားသလိုပဲ"

ယွင်ယွဲ့နှင့်တခြားသူများသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့ကြပြီး ပြန်လည်သက်သာလာရန် အချိန်အတော်ကြာယူခဲ့ရသည်။

သူတို့၏ မျက်နှာထက်တွင် အံ့သြသော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့၏။

အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ဖြစ်သည့် သူတို့၏ လူသားဧကရာဇ်သည် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိသည့် မဟာအင်ပါယာတစ်ပါးကို ဓားတစ်ကွက်တည်းဖြင့်ပင် အနိုင်ယူနိုင်ခဲ့သည်။

ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ဧကရာဇ်ကဲ့သို့ သူမျိုးသည် ယခင်က မရှိခဲ့ဟု မပြောနိုင်သည့်တိုင် သူတို့၏ လူသားဧကရာဇ်သည် တကယ်ကိုပင် ထူးခြားလှ၏။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ငါတို့ရဲ့ သွေးဘုရင်က ဒီလိုပဲရှုံးနိမ့်သွားခဲ့ပြီလား"

သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာများသည် မြင်ကွင်းကိုကြည့်ကာ သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

သူတို့၏ သွေးကျတ်တီးနယ်မြေမှ သွေးဘုရင်သည် သွေးဝိညာဥ် မျိုးနွယ်စု၏ မဟာအင်ပါယာ အနည်းငယ်ထဲမှ တစ်ပါးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းကပင် မဟာအင်ပါယာအဆင့်ကို ရောက်ရှိနေသူ ဖြစ်သည်။

ရွှယ်လင်ကုန်းမြေတိုက် တစ်ခုလုံးကို ကြည့်လျှင်ပင် သူတို့သွေးဘုရင်ကို အနိုင်ယူနိုင်သည့်သူ ဆယ်ယောက်ထက် မပိုပေ။

သို့သော်လည်း သူတို့ရှေ့မှ လူသားဧကရာဇ် အသစ်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်ပင် သူတို့ သွေးဘုရင်ကို ဓားကွက် တစ်ကွက်တည်းဖြင့် အနိုင်ယူပြလိုက်သည်။

"အားလုံးပဲ.. လူသားမျိုးနွယ်စုရဲ့ အစွမ်းထက် ကျင့်ကြံသူတွေကို သတ်ဖြတ်ပြီး ငါတို့ သွေးဘုရင် အတွက် ဖိအားတွေကို မျှဝေယူလိုက်ကြရအောင်"

ထိုအချိန်တွင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် သွေးဝိညာဥ် မျိုးနွယ်စုမှ ကျင့်ကြံသူ၏ မျက်ဝန်းထက်တွင် သွေးရောင်အလင်း တစ်ခု တောက်ပလာခဲ့သည်။

ထို့‌နောက်တွင် သူကိုယ်တိုင် ဦးဆောင်၍ ယွင်ယွဲ့နှင့် တခြားသူများကို စတင် တိုက်ခိုက်လိုက်သည်။

လူသားမျိုးနွယ်စုမှ ဧကရာဇ်အသစ်၏ စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး ဥပဒေသ ခုနစ်မျိုး ပေါင်းစပ်စွမ်းအားသည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူကိုပင် ရှုံးနိမ့်စေခဲ့သည်။

ယခုအခါ သူတို့အနေဖြင့် လူသားမျိုးနွယ်စုမှ အင်အားကောင်းမွန်သော ကျင့်ကြံသူများကို သတ်ဖြတ်နိုင်မှသာ လူသားဧကရာဇ်ကို အာရုံပျံ့လွင့်စေပြီး သူတို့၏သွေးကျတ်တီးနယ်မြေမှ သွေးဘုရင်အတွက် ဖိအားကို မျှယူနိုင်လိမ့်မည်မဟုတ်ပါလော။

"အားလုံးတိုက်ခိုက်ဖို့အသင့်ပြင်ကြ.. ငါက အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူကို ထိန်းထားမယ်.. မင်းတို့တွေက ကျန်သုံးယောက်ကို ကိုင်တွယ်လိုက်.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အနေနဲ့ ဟွမ်ဝူကျီကို အရှင်မင်းကြီး ရှင်းပစ်နိုင်တဲ့အထိ ဒီလူတွေကို ထိန်းထားရမယ်"

ယွင်ယွဲ့က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ပုံရိပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

"လူသားဧကရာဇ် ကျန်းချန်.. မင်းတို့ လူသားမျိုးနွယ်စုက မင်းလို ကောင်းကင်ကိုဆန့်ကျင်နေတဲ့ပါရမီရှင်တစ်ပါးကို ဒီလောက်ထိ သိုသိုသိပ်သိပ်ဝှက်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

လေထုထဲမှ ဟွမ်ဝူကျီက ကျန်းချန်ကို စူးစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏အမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။

ဤကောင်လေးသည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအဆင့်သာ ရောက်ရှိနေသော်လည်း မဟာအင်ပါယာတစ်ပါးကိုပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိ၏။

အကယ်၍ မဟာအင်ပါယာအဆင့်ကို ရောက်ရှိသွားခဲ့လျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစကို ပိုင်ဆိုင်သွားမည်မှာ တွေးကြည့်၍ပင် မရပေ။

ထိုအချိန်သို့ရောက်လျှင် နတ်တစ်ပိုင်းအဆင့်အောက်တွင် ထိုကောင်လေးသည် လုံးဝကို ပြိုင်ဘက်ကင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပါ‌လား။

ကျန်းချန်က အေးအေးဆေး‌ဆေးပင် ပြန်ဖြေလိုက်သည်။

"အပိုစကားတွေပြောတာ လျှော့ပြီး ငါ့ကို အညံ့ခံလိုက်ပါ.. ဒီဧကရာဇ်က မင်းအသက်ကို ချမ်းသာပေးမယ်"

"ဟားဟား သွေးကျတ်တီးနယ်မြေရဲ့ သွေးဘုရင်တစ်ပါး အနေနဲ့ ငါက မင်းတို့ လူသားမျိုးနွယ်စုဆီမှာ ဘယ်လိုလုပ်ပြီး လက်နက်ချနိုင်မှာလဲ.. လူသားဧကရာဇ်ကျန်းချန် ဒီသွေးဘုရင်က မင်း အရမ်းသန်မာတယ်ဆိုတာ ဝန်ခံပေမဲ့လည်း မင်းငါ့ကို အချိန်တိုအတွင်း သတ်ဖြတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး.. ဒီနေ့ ဒီသွေးဘုရင် ဒီနေရာမှာ သေရမယ်ဆိုရင်တောင် ဒီနေရာမှာရှိနေတဲ့ လူအားလုံးကို ငါနဲ့အတူ သေရွာဆီ အပါခေါ်သွားမယ်"

ဟွမ်ဝူကျီက ကောက်ကျစ်သော အပြုံးဖြင့် ပြုံးလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာအဆင့် ကျင့်ကြံသူလေးယောက်နှင့် တိုက်ခိုက်နေသည့် ယွင်ယွဲ့နှင့် တခြားသူများ ဆီသို့ အကြည့်ရောက်သွားခဲ့သည်။

သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာလေးယောက်၏ စွမ်းရည်သည် အားမနည်းပေ။

သူတို့ထဲတွင် သုံးယောက်သည် အင်ပါယာနယ်ပယ် အလယ်အလတ် အဆင့်တွင် ရှိ၏။

မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာတို့၏ အထူးခန္ဓာကိုယ် ဖွဲ့စည်းပုံဖြင့် ဆိုလျှင် တခြား သုံးယောက်ကို ကိုင်တွယ်ရန် သိပ်ပြဿနာ မရှိပေ။

ယွင်ယွဲ့ တစ်ယောက်တည်းသာလျှင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နေရ၍ အခြေအနေက အလွန်ပင် အန္တရာယ်များနေခဲ့၏။

အကယ်၍ တစ်စုံတစ်ယောက် အကူအညီ မပေးနိုင်ခဲ့လျှင် ယွင်ယွဲ့သည် ဆယ်ကွက် မပြည့်မီမှာပင် လုံးဝ အရှုံးပေးရလိမ့်မည် ဖြစ်သည်။

"ဟွမ်ဝူကျီ.. မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်းနေပြီ.. မင်းရဲ့လူတွေက ငါ့ရဲ့လူတွေကို သတ်ပစ်နိုင်ဖို့ အတွက် မင်းက ငါ့ကို အချိန်ဆွဲထားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား.. မင်းကို သတ်ဖြတ်ဖို့က ငါ့အတွက် လက်လေးတစ်ချက် လှုပ်ရုံပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

ထို့နောက်တွင် ဥပဒေသ ခုနစ်မျိုး၏ စွမ်းအားသည် လေထုထဲတွင် တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့၏။

၎င်းတို့က ကျန်းချန်ကို ဗဟိုပြု၍ လေထဲတွင် ရူးသွပ်စွာ လှည့်ပတ်ခဲ့ပြီးနောက်တွင် အဆုံးသတ်၌ အရောင်အသွေးစုံလင်သော ရောင်ခြည်များအား ထုတ်လွှတ်နေသည့် မြင့်မြတ်သော ရွှေရောင်ဓားတစ်လက် အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့သည်။

"ဟွမ်ဝူကျီ ငါမင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး.. ဒီတော့ မင်းနဲ့ထိုက်တန်တာ သေခြင်းတရားပဲ ရှိတော့တယ်"

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးပြီးသည်နှင့် သူ၏လက်ထဲမှ ရွှေရောင်ဓားဖြင့် ဟွမ်ဝူကျီကို ခုတ်ချလိုက်သည်။

"ဝုန်း.."

ကျန်းချန်၏ လက်ထဲရှိ ရွှေရောင်ဓား ထံကနေ ငါးပေခန့်ရှည်လျားသည့် ခုနစ်ရောင်ခြယ် ဓားအလင်း တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။

ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီးက အရောင်မှေးမှိန်သွားခဲ့ပြီး နေနှင့်လပင် မှောင်မိုက်သွားခဲ့၏။

ဟွမ်ဝူကျီ ကဲ့သို့ အစွမ်းထက်သော မဟာအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ယောက်ပင် ကျန်းချန်၏ ဓားချက်ကနေ သေခြင်းတရား၏ အရိပ်အငွေ့များကို ခံစားခဲ့ရသည်။

ဆိုရလျှင် ဤဓားချက်သည် မဟာအင်ပါယာ တစ်ပါးကို အပြည့်အဝ သတ်ဖြတ်နိုင်စွမ်း ရှိ၏။

"ငါထွက်ပြေးမှဖြစ်မယ်"

ကျန်းချန်က ထိုဓားချက်ကို ထုတ်ဖော်လိုက်သည့် အချိန်ကတည်းကပင် ဟွမ်ဝူကျီသည် သူ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်ကို ရရှိခဲ့သည်။

သူက လုံးဝပင် တုံ့ဆိုင်း မနေရဲတော့ဘဲ သူ၏ အင်ပါယာခန္ဓာကိုယ်ကို သွေးရောင် လေပွေတစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲကာ ထွက်ပြေးလိုက်သည်။

သို့ရာတွင် ဟွမ်ဝူကျီ၏ အမြန်နှုန်းက အလွန်ပင်မြန်ဆန်သော်လည်း ခုနစ်ရောင်ခြယ်ဓားအလင်းက ပိုမိုမြန်ဆန်နေခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနစ်ရောင်ခြယ်ဓားအလင်းသည် လေထုကို ကျော်ဖြတ်သွားခဲ့ပြီး ဟွမ်ဝူကျီ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အတွင်းရှိ စိတ်ဝိညာဥ်ကိုပင် အပိုင်းပိုင်း ကွဲထွက်သွားစေခဲ့သည်။

သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးကျတ်တီးနယ်မြေမှ သွေးဘုရင် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းကပင် ရွှယ်လင်ကုန်းမြေတိုက်၏ မဟာအင်ပါယာ တစ်ပါးအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့သော ဟွမ်ဝူကျီသည် လုံးဝ ကျဆုံးသွားခဲ့ချေပြီ။

ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ယွင်ယွဲ့နှင့် တခြားသူများဖြစ်စေ၊ သွေးဝိညာဥ် မျိုးနွယ်စုမှ အင်ပါယာများ ဖြစ်စေ၊ မယုံကြည်နိုင် ဖြစ်နေခဲ့ကြ၏။

အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သည့် မဟာအင်ပါယာသည် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်သာ ရှိသည့် ရွှယ်လင်ကုန်းမြေတိုက်တွင် အထွတ်အထိပ်နေရာတွင် ရပ်တည်နေသော အဆင့်မျိုး ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ မဟာအင်ပါယာ တစ်ပါးကို လူသားဧကရာဇ်သည် ဓားကွက် တစ်ကွက်တည်းဖြင့်ပင် သတ်ဖြတ်ပစ်လိုက်၏။

ဓားတစ်ကွက်တည်းဖြင့်ပင် မဟာအင်ပါယာ တစ်ပါးကို ကျဆုံးစေသည်မှာ မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။

ရွှယ်လင်ကုန်းမြေတိုက် တစ်ခုလုံးကို ကြည့်လျှင်ပင် ထိုကဲ့သို့သော အဆင့်ကို ရောက်ရှိနေသူ အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်၏။

"လူသားဧကရာဇ် အသစ်က အရမ်း အစွမ်းထက်တယ်.. အားလုံးလူခွဲပြီး ထွက်ပြေးကြတော့.. ငါတို့တွေ ဒီက သတင်းကို သွေးအင်ပါယာဆီ သတင်းရောက်အောင် ပို့မှဖြစ်မယ်"

ယွင်ယွဲ့နှင့် တိုက်ခိုက်နေသည့် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သွေးအလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။

သူ၏ အရှေ့မှ လူသားဧကရာဇ်သည် တကယ်ကိုပင် အလွန်တရာ အစွမ်းထက်လွန်းနေ၏။

သူတို့၏ သွေးဘုရင်ပင် ဓားတစ်ကွက်တည်းဖြင့် ခေါင်းဖြတ်ခံလိုက်ရသည်။

ဆိုရလျှင် လူသားဧကရာဇ်၏ စွမ်းရည်သည် နတ်တစ်ပိုင်းအဆင့်နှင့် မယှဥ်နိုင်သေးလျှင်ပင် မဟာအင်ပါယာကြားတွင် ပြိုင်ဘက်ကင်း အဆင့်ကို ရောက်ရှိနေခဲ့ချေပြီ။

လူသားမျိုးနွယ်စုသည် ဤကဲ့သို့အစွမ်းထက်သော လူသားဧကရာဇ်တစ်ပါးကို မွေးထုတ်နိုင်ခဲ့ခြင်းမှာ သူတို့သွေးဝိညာဥ်မျိုးနွယ်စုများအတွက် သတင်းကောင်း မဟုတ်ပေ။

သူတို့က ဤကိစ္စကို သွေးဝိညာဥ်မျိုးနွယ်စု၏ အကြီးအကဲများအား အကြောင်းကြားရမည် ဖြစ်၏။

သို့မဟုတ်လျှင် သွေးဝိညာဥ် မျိုးနွယ်စုသည် ဤတစ်ကြိမ်တွင် အမှန်တကယ် ဖျက်ဆီးခံရနိုင်ပေသည်။

"ဒီဧကရာဇ်ရှေ့မှာ မင်းထွက်ပြေးနိုင်မယ်များ ထင်နေလား"

လူခွဲပြီး ထွက်ပြေးနေကြသည့် သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ လေးယောက်ကို ကြည့်၍ ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

ထို့နောက် သူက လက်ထဲတွင်ရှိသည့် ခုနစ်ရောင်ခြယ်ရှေးဟောင်းဓားကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ခုနစ်ရောင်ခြယ် ဓားအလင်းလေးခုသည် မတူညီသော အရပ်မျက်နှာလေးခု ဆီသို့ ပျံ့နှံ့သွားခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ကျန်းချန်၏ ဓားချက်သည် မဟာအင်ပါယာ တစ်ပါးကိုပင် သတ်ဖြတ်နိုင်သော ဓားချက် ဖြစ်ရာ သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးယောက်သည် မည်သို့မျှ ခံနိုင်ရည်မရှိခဲ့ပေ။

သူတို့၏ခန္ဓာကိုယ်များသည် ခုနစ်ရောင်ခြယ်ဓားအလင်းထိမှန်ပြီးနောက်တွင် လေထုထဲ၌ ဝုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့ပြီး အဆုံးသတ်တွင် သွေးမြူများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျံ့နှံ့သွားခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် သွေးဘုရင်ဟွမ်ဝူကျီ ဦးဆောင်သည့် သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာအဆင့် ကျင့်ကြံသူ ငါးယောက်ကို ရှင်းလင်းပစ်လိုက်သည်။

အခန်း(၁၄၈၈)ပြီး၏။

All Chapters