← Chapters

အခန်း (၁၄၉၂-၁၄၉၄)

Vol. 100 Ch. 1492-1494

အခန်း (၁၄၉၂-၁၄၉၄)

Vol. 100 Ch. 1492-1494

အခန်း(၁၄၉၂)

ဟန်ကျင့်ရွှယ်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်သွေးစွမ်းအားထွက်ပေါ်လာခဲ့သည်။

ထိုသွေးစွမ်းအားသည် လေထုထဲတွင် သွေးပင်လယ်တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးခဲစေမည့် ထိတ်လန့်စရာကောင်းသော အအေးဓာတ်ကို ထုတ်လွှတ်နေခဲ့၏။

"သတ်စမ်း"

ဟန်ကျင့်ရွှယ်က ‌ဒေါသတကြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သွေးပင်လယ်ထဲမှ အေးစက်သော သွေးစွမ်းအင်သည် လေထုကို ဖြတ်ကျော်သွားခဲ့ပြီး သွေးမိုးများသဖွယ် ကျန်းချန်ဆီ သက်ရောက်သွားခဲ့သည်။

ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ကျင့်ရွှယ်ဆီသို့ တည်ငြိမ်စွာပင် ဆက်လက် လျှောက်လာခဲ့သည်။

သူ၏ ပတ်ပတ်လည်တွင် ဓားဥပဒေသများသည် ပေါက်ကွဲထွက်နေခဲ့သည်။

ထိုကြောင့် လေထုထဲမှ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်ဓားမိုးများသည် ကျန်းချန်၏ ခန္ဓာကိုယ်အနီးသို့ မရောက်နိုင်ဘဲ လုံးဝကို ပျက်စီးသွားခဲ့၏။

"ဟန်ကျင့်ရွှယ် မင်းက ဟွမ်ဝူကျီနှင့် ယှဥ်ရင် အများကြီးလိုပါသေးတယ်.. မင်းရဲ့အစွမ်းအစက ဒီလောက်ပဲဆိုရင်တော့ သွားသေလိုက်လို့ရပြီ"

ကျန်းချန်က ဟန်ကျင့်ရွှယ်ကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုအခါ ခုနစ်ရောင်ခြယ် ဓားအလင်းသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဟန်ကျင့်ရွှယ်ကို ခုတ်ပိုင်းလိုက်၏။

"ဝုန်း.."

ကျယ်လောင်သောအသံနှင့်အတူ ဟန်ကျင့်ရွှယ်၏ ခန္ဓာကိုယ်သည် ခုနစ်ရောင်ခြယ် ဓားအလင်း ထိမှန်ခံလိုက်ရပြီး ပေရာချီအကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး သူ၏ ပါးစပ်ကနေလည်း သွေးများကို အဆက်မပြတ် အန်ထုတ်ခဲ့ရ၏။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်၌ ထိတ်လန့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"လူသားဧကရာဇ်အသစ်က သိပ်ကို အားကောင်းလွန်းတာပဲ"

လူသားဧကရာဇ်အသစ်၏ တိုက်ခိုက်ရေးစွမ်းရည်က ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု ဟန်ကျင့်ရွှယ် တစ်ခါမှ မထင်ခဲ့ပေ။

မဟာအင်ပါယာတစ်ပါး ဖြစ်သည့် သူ၏ စွမ်းရည်ဖြင့်ပင် လူသားဧကရာဇ်၏ တိုက်ကွက်ကို မတားဆီးနိုင်ခဲ့ချေ။

ဤအချိန်တွင် ဟန်ကျင့်ရွှယ်သည် ဟွမ်ဝူကျီ အဘယ်ကြောင့် ကျဆုံးသွားသလဲ ဆိုသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

သူ၏ရှေ့မှ လူသားဧကရာဇ်အသစ်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်သာ ရှိသော်လည်း အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည့် မဟာအင်ပါယာကိုပင် အနိုင်ယူနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။

ထို့နောက်တွင် ဟန်ကျင့်ရွှယ်သည် သူ၏စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို အတင်းအကျပ်ပင် ထိန်းချုပ်လိုက်သည်။

သူ၏ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို အေးစက်သောသွေးစွမ်းအားက ထွက်ပေါ်လာခဲ့၏။

အစောပိုင်းက လူသားဧကရာဇ်ကျန်းချန် ထုတ်ဖော်လိုက်သည့် စွမ်းရည်သည် ဟန်ကျင့်ရွှယ် စိတ်ကူးထားသည်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

ထို့ကြောင့် ယခုအချိန်တွင် ဟန်ကျင့်ရွှယ်သည် သူ၏ခွန်အားအလုံးစုံကို ထုတ်ဖော်ကာ ကျန်းချန်ကို သူသေကိုယ်သေတိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။

သို့မဟုတ်လျှင် သူသည် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ဟန်ကျင့်ရွှယ်သည် သွေးစွမ်းအားကို လှုံ့ဆော်ပေးနိုင်သည့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုရန် တုံ့ဆိုင်းမနေခဲ့ပေ။

သူက သူ၏ စွမ်းအားကို အထွတ်အထိပ် အခြေအနေအထိ လုံးဝမြှင့်တင်လိုက်၏။

"လူသားဧကရာဇ်ကျန်းချန်.. ဒီနေ့ ငါဘုရင် သေရမယ်ဆိုရင်တောင် မင်းကို ကြီးလေးတဲ့ အဖိုးအခ သေချာပေါက်ပေးဆပ်စေမယ်"

ဟန်ကျင့်ရွှယ်၏ တစ်ကိုယ်လုံးက ပေထောင်ချီ မြင့်မားသည့် ဧရာမ သွေးဘီလူး အဖြစ်သို့ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။

သူ၏ အသွင်အပြင်က အလွန်ပင် ကြည့်ရဆိုးနေခဲ့ပြီး မျက်နှာထက်တွင် ဒေါသရိပ်များဖြင့် ခက်ထန်နေခဲ့၏။

ထိုသွေးဘီလူးကြီးက ငရဲမှလာသော သွေးနတ်ဆိုးတစ်ကောင်ကဲ့သို့ ကျန်းချန်ဆီ အလျင်အမြန် ပြေးသွားခဲ့သည်။

"ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစပ်ခြင်းလျှို့ဝှက်နည်းစနစ်"

ကျန်းချန်က ညင်သာစွာ ရေရွတ်လိုက်ပြီးနောက်တွင် ဥပဒေသခုနစ်မျိုး၏ စွမ်းအားသည် သူ၏ဦးခေါင်းထက်၌ လှည့်ပတ်ကာ ပေါင်းစပ်သွားခဲ့ပြီး ခုနစ်ရောင်ခြယ် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ သူ၏ လက်ထဲကို ‌ရောက်ရှိလာခဲ့၏။

ကျန်းချန်က ထိုခုနစ်ရောင်ခြယ်ဓားကို ကိုင်စွဲရင်း ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်၏။

"ဝုန်း.."

တောက်ပသော ခုနစ်ရောင်ခြယ် ဓားအလင်းသည် ခုနစ်ရောင်ခြယ်ဓားထံကနေ ထွက်ပေါ်လာခဲ့ပြီး လေထုကိုပင် ကွဲအက်သွားစေခဲ့သည်။

ထိုဓားအလင်းက အရာအားလုံးကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့်အတူ ဟန်ကျင့်ရွှယ်၏ အင်ပါယာခန္ဓာကိုယ်ပေါ်သို့ မျက်စိတစ်မှိတ် အတွင်းမှာပင် ကျရောက်သွားခဲ့၏။

"ဝုန်း.."

ဟန်ကျင့်ရွှယ်၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေရာနှင့်ချီ အကွာအဝေးအထိ ပုံပျက်ပန်းပျက် နောက်ပြန် လွင့်စင်သွားခဲ့သည်။

သူ၏ အဝတ်အစားများက စုတ်ပြတ်သတ်သွားခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

ထိုအက်ကြောင်းကနေ အင်ပါယာသွေးများသည် မိုးစက်များကဲ့သို့ လေထုထဲတွင် ကျဆင်းလာခဲ့၏။

"ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ"

ဟန်ကျင့်ရွှယ်၏ မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့သည်။

သူ၏မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင် တစ်ခုသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

သူက မဟာအင်ပါယာအဆင့်ကို ချိုးဖျက်သည်မှာ သိပ်မကြာသေးသော်လည်း မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာသည့် အထွတ်အထိပ် လျှို့ဝှက်နည်းစနစ်ဖြင့်ဆိုလျှင် သူသည် လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀၀)က သွေးကျတ်တီးနယ်မြေ၏ သွေးဘုရင်ကို ရင်ဆိုင်ရန်ပင် အရည်အချင်း ပြည့်မီနေခဲ့သည်။

သို့သော်လည်း သူ့ရှေ့မှ လူသားဧကရာဇ်အသစ်၏ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် စွမ်းအားနှင့် ဥပဒေသ ခုနစ်မျိုးတို့ ပေါင်းစပ်ထားသော ဓားချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

ဆိုရလျှင် လူသားဧကရာဇ် ကျန်းချန်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်သာ ရှိနေသေးသော်လည်း မဟာအင်ပါယာတစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားခဲ့ချေပြီ။

နတ်တစ်ပိုင်း အဆင့်အောက်ရှိ မည်သူကမှ လူသားဧကရာဇ် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်လောက်ပေ။

"မင်းကိုငါ အထင်သေးခဲ့မိတယ်.. မင်းက ငါ့ရဲ့ဓားချက်ကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး"

ယခုထိ အသက်ရှင်နေသေးသည့် ဟန်ကျင့်ရွှယ်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက ဟွမ်ဝူကျီနှင့် တိုက်ခိုက်ရာတွင် ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်း နည်းစနစ်အား အသုံးပြုခဲ့သောအခါ ဟွမ်ဝူကျီသည် သူ၏ ဓားအောက်တွင် အသတ်ခံခဲ့ရသည်။

ဟန်ကျင့်ရွှယ်ကမူ ဟွမ်ဝူကျီ ကဲ့သို့ မဟုတ်ဘဲ အသက်ဆက်လက် ရှင်သန်နေဆဲပင်။

သို့သော်လည်း ကျန်းချန်သည် ဟန်ကျင့်ရွှယ်ကို မည်သည့်အခွင့်အရေးမှ ထပ်မံပေးရန် မရည်ရွယ်ခဲ့ပေ။၊

သူ၏ လက်ထဲတွင်ရှိသည့် ခုနစ်ရောင်ခြယ် ဓားထိပ်တွင် နောက်ထပ် ခုနစ်ရောင်ခြယ် ဓားအလင်းသည် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ဓားထံမှ ခုနစ်ရောင်ခြယ်ဓားအလင်းကို ကြည့်ရင်း ဟန်ကျင့်ရွှယ်၏ အမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့၏။

သူက ချက်ချင်းဆိုသလိုပင် ဆန်းကြယ်‌သော ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်ကာ သူ၏ သွေးစက်ကို ထိုကျောက်စိမ်း တံဆိပ်ပြားထဲသို့ ထည့်သွင်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် ဆန်းကြယ်သော သွေးအလင်း ကန့်လန့်ကာတစ်ခုသည် ကျောက်စိမ်းတံဆိပ်ပြား ထံကနေ ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး ဟန်ကျင့်ရွှယ် တစ်ကိုယ်လုံးကို ချက်ချင်းပင် ဖုံးအုပ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် လေထုထဲရှိ ခုနစ်ရောင်ခြယ် ဓားအလင်းသည် ဟန်ကျင့်ရွှယ်ထံသို့ ရုတ်တရက် ကျ‌ရောက်လာခဲ့ပြီး ဟန်ကျင့်ရွှယ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကို ဖုံးအုပ်ထားသော သွေးအလင်း ကန့်လန့်ကာကို ခုတ်မိသွားခဲ့သည်။

"ဝုန်း.."

ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခုသည် ရုတ်တရက် ဖြစ်ပေါ်ခဲ့၏။

ကမ္ဘာကြီးကိုပင် တစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိင်သော ခုနစ်ရောင်ခြယ် ဓားအလင်းသည် ဟန်ကျင့်ရွှယ်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော သွေးအလင်း ကန့်လန့်ကာကြောင့် အမှန်တကယ်ပင် ပိတ်ဆို့ခံခဲ့ရ၏။

"ဒါက နတ်တစ်ပိုင်းအဆင့်ရဲ့ စွမ်းအားလား"

ဟန်ကျင့်ရွှယ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် သွေးအလင်း ကန့်လန့်ကာကို ကြည့်ရင်း ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

ဟန်ကျင့်ရွှယ်၏ သွေးအလင်းကန့်လန့်ကာ ထဲတွင် မဟာအင်ပါယာအဆင့် အထက်တွင် ရှိသည့် စွမ်းအားတစ်ခု ပါဝင်နေခဲ့၏။

ထိုကဲ့သို့သော စွမ်းအားမျိုးသည် သံသယဝင်စရာ မရှိလောက်အောင်ပင် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်သည့် အထွတ်အထိပ် နတ်စွမ်းအားမျိုး ဖြစ်သည်။

ကိုယ်ခံပညာလမ်းစဥ်တွင် အင်ပါယာ နယ်ပယ်အဆင့်ကို သေမျိုးဧကရာဇ် နယ်ပယ်ဟု ခေါ်ကြသည်။

ယင်းမှာ သေမျိုးများကြားတွင် အမြင့်ဆုံး နယ်ပယ်အဆင့်ဟု ဆိုလိုရင်း ဖြစ်၏။

နတ်တစ်ပိုင်းအဆင့်ကမူ သေမျိုး နယ်ပယ်အဆင့်ကနေ နတ်ဘုရားအဆင့်ကို ကူးပြောင်းသည့် နယ်ပယ်အဆင့် တစ်ခု ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် မဟာအင်ပါယာတစ်ပါးသည် သူ၏ မူလစွမ်းအားကို နတ်စွမ်းအားအဖြစ် သန့်စင်နိုင်၏။

နတ်စွမ်းအားကို အပြည့်အဝ မသန့်စင်ရသေးသည့် ကျင့်ကြံသူကို နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူဟု ခေါ်ဆိုကြသည်။

အပြည့်အဝ သန့်စင်ပြီးလျှင်မူ ပကတိနတ်ဘုရား အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်၏။

ဆိုရလျှင် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းလုပ်ငန်းစဥ်သည် အမှန်တကယ်တွင် မူလစွမ်းအားကို နတ်စွမ်းအားအဖြစ် ပြောင်းလဲခြင်းသာ ဖြစ်သည်။

ကျန်းချန်က ဟန်ကျင့်ရွှယ် ထံတွင် နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ၏ စွမ်းအားပါဝင်နေသည့် အကာအကွယ်တစ်ခု ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုအကာအကွယ်က သူ၏ ဥပဒေသများကို လက်နက်အဖြစ်ပေါင်းစည်းခြင်း စွမ်းရည်ကိုပင် ပိတ်ဆို့ထားနိုင်ခဲ့၏။

"လူသားဧကရာဇ်ကျန်းချန်.. ဒီနေ့ ဒီဘုရင်ကို မင်းဘယ်လိုမှ သတ်လို့ရမှာ မဟုတ်ဘူး.. ဒီနေ့ မင်းငါ့ရဲ့ အေးစက်‌သောသွေးနယ်မြေကို ကျူးကျော်ခဲ့တယ်.. သိပ်မကြာခင်မှာ ဒီဘုရင်က ဒီကိစ္စအတွက် မင်းကို ဆယ်ဆပြန်လည် ပေးဆပ်စေမယ်"

ဟန်ကျင့်ရွှယ်က ကျန်းချန်ကို အေးစက်စက် ကြည့်လိုက်ပြီးနောက်တွင် ချာခနဲလှည့်ကာ ထွက်သွားခဲ့သည်။

ယနေ့တွင် အေးစက်သော သွေးနယ်မြေ၏ အင်ပါယာမြို့တော်ကို ကာကွယ်ထားသော အစီအရင်သည် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

ထို့အပြင် လူသားဧကရာဇ် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းပြီး သူ လုံးဝမကိုင်တွယ်နိုင်ပေ။

ယခုအခါတွင် သူ့အနေဖြင့် အေးစက်သော သွေးနယ်မြေကနေ အရင်ဆုံးထွက်ပြေးကာ ဤကိစ္စကို သွေးအင်ပါယာထံ သတင်းပို့ရမည် မဟုတ်ပါလော။

အခန်း(၁၄၉၂)ပြီး၏။

အခန်း(၁၄၉၃)

ကျန်းချန်က ထီမထင်သော အမူအရာဖြင့် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ နေရာလွတ် ဥပဒေသ တစ်ခုသည် ဟန်ကျင့်ရွှယ်၏ တစ်ကိုယ်လုံးကို ချက်ချင်းပင် လေထုထဲတွင် ပိတ်ဆို့ထားခဲ့သည်။

ဟန်ကျင့်ရွှယ်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို လှည့်ကြည့်ကာ လှောင်ပြောင်၍ ပြောလိုက်သည်။

"ဘာလဲ မင်းက ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ရွှယ်ကျင့်ဟန်.. နတ်တစ်ပိုင်းအဆင့် စွမ်းအား ပါဝင်နေတဲ့ အကာအကွယ်လေး ရှိနေတာနဲ့ပဲ မင်းကိုငါ ဘာမှလုပ်လို့မရဘူးလို့ တကယ်ပဲ ထင်နေတာလား"

"လူသားဧကရာဇ်ကျန်းချန်.. မင်းက အရမ်းသန်မာပြီး မဟာအင်ပါယာတွေကြားမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ နတ်တစ်ပိုင်းအဆင့် စွမ်းအင်ပါဝင်နေတဲ့ ဒီအကာအကွယ်ကို မင်း ဘယ်လိုမှ ချိုးဖျက်နိုင်မှာတော့ မဟုတ်ဘူး"

ဟန်ကျင့်ရွှယ်က အေးစက်စက် ပြုံးလိုက်သည်။

နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲတွင် မွေးဖွားလာသည့် နတ်စွမ်းအားသည် အင်ပါယာအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲရှိ အင်ပါယာစွမ်းအား(ဝါ) မူလစွမ်းအားကို လုံးဝကျော်လွန်နေသည့် စွမ်းအား ဖြစ်သည်။

လူသားဧကရာဇ်ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက မဟာအင်ပါယာအဆင့်ကို ယှဥ်နိုင်လျှင်ပင် နတ်တစ်ပိုင်းအဆင့် စွမ်းအားကို မည်သို့မှ ယှဥ်နိုင်မည် မဟုတ်ပေ။

"မင်းထုတ်ဖော်လိုက်တဲ့ အကာအကွယ်ကို ငါမချိုးဖျက်နိုင်ရင်တောင် ငါ့ရဲ့တိုက်ခိုက်မှုကို မင်းဘယ်လိုမှ ပိတ်ဆို့နိုင်မှာမဟုတ်ဘူး.. ဘာလို့လဲဆိုတော့ ငါက အချိန်ဥပဒေသနဲ့ အသက်ဥပဒေသကို ထိန်းချုပ်နိုင်လို့ပဲ"

စကားသံဆုံးသည်နှင့် ကျန်းချန်သည် နတ်အဆင့်စွမ်းအင် ပါဝင်နေသည့် အကာအကွယ်အောက်ရှိ ဟန်ကျင့်ရွှယ်၏ ပတ်ဝန်းကျင်ကို အချိန်ဥပဒေသနှင့် အသက်စွမ်းအင်တို့ဖြင့် တိုက်ရိုက်ပင် လွှမ်းခြုံပစ်လိုက်သည်။

ဟန်ကျင့်ရွှယ်က နတ်တစ်ပိုင်းအဆင့် စွမ်းအင် ပါဝင်နေသည့် အကာအကွယ်အောက်တွင် မည်မျှ အားကောင်းသည့် တိုက်ခိုက်မှုကိုမဆို ပိတ်ဆို့နိုင်သော်လည်း အချိန်ဥပဒေသနှင့်အသက်ဥပဒေသ၏ စိတ်ကူးယဥ်ဆန်လွန်းသော စွမ်းအားကိုမူ မရပ်တန့်နိုင်ခဲ့ပေ။

ထို့ကြောင့် ဤတစ်ချိန်တွင် ကျန်းချန်သည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနှင့် တခြားသော စွမ်းအားများကို အသုံးမပြုခဲ့ဘဲ အချိန်ဥပဒေသနှင့် အသက်ဥပဒေသများကို ပေါင်းစပ်ကာ တိုက်ခိုက်ခဲ့သည်။

အချိန်ဥပဒေသက အချိန်ကို ထိန်းချုပ်နိုင်ပြီး အသက်ဥပဒေသသည် သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်၏။

ဤဥပဒေသ နှစ်မျိုးကို တစ်ပြိုင်နက် အသုံးပြုလိုက်သောအခါ ဟန်ကျင့်ရွှယ်၏ ခန္ဓာကိုယ်ကို သက်ရောက်သွားခဲ့ပြီး ဟန်ကျင့်ရွှယ်၏ အသက်သည် အလွန်ကြောက်မက်ဖွယ်ရာကောင်းသော အမြန်နှုန်းဖြင့် တစ်စက္ကန့်ချင်းစီ ပျောက်ကွယ်သွားခဲ့သည်။

အချိန်ဥပဒေသနှင့် အသက်ဥပဒေသသည် အားမကောင်းလျှင်ပင် အချိန်အလုံအလောက် ရှိနေသရွေ့ မဟာအင်ပါယာ၏ အသက်ကိုပင် နှုတ်ယူနိုင်စွမ်း ရှိ၏။

မဟာအင်ပါယာအဆင့် ကျင့်ကြံသူက လျင်မြန်စွာ လှုပ်ရှား၍ သူ၏ ဥပဒေသကို မချိုးဖျက်နိုင်သရွေ့ သက်ရောက်မှုရှိသည်။

သို့သော်လည်း ဤအချိန်တွင် ကျန်းချန်သည် ဟန်ကျင့်ရွှယ်၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ လုံးဝ စိတ်မပူခဲ့ပေ။

ဟန်ကျင့်ရွှယ်က သူ၏ ဥပဒေသကို ချိုးဖျက်ရန်အတွက် အကာအကွယ်ထဲကနေ ထွက်၍ မရပေ။

အကယ်၍ အကာအကွယ်ထဲကနေ ဟန်ကျင့်ရွှယ်က ထွက်ခွာလာလျှင် သူက ဤအခွင့်အရေးကို အရယူကာ တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်မည် ဖြစ်၏။

"လခွမ်း.. ဒါက အချိန်ဥပဒေသနဲ့ အသက်ဥပဒေသရဲ့ စွမ်းအားပဲ"

ကျန်းချန်၏ ဥပဒေသ စွမ်းအားအောက်တွင် သူ၏ သက်တမ်းက လျင်မြန်စွာ ကုန်ဆုံးလာသည်ကို ခံစားမိလျှင် ဟန်ကျင့်ရွှယ်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

သူက မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်သည့်တိုင် ကျန်းချန်၏ ဥပဒေသ လွှမ်းမိုးမှုအောက်ကနေ မလွတ်ကင်းနိုင်ခဲ့ပေ။

ဤအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် သူသည် ကျန်းချန်၏ ဥပဒေသစွမ်းအားကြောင့် အမှန်တကယ် သေဆုံးသွားနိုင်ခြေ ရှိသည်။

ဟန်ကျင့်ရွှယ်သည် သဘာဝကျစွာပင် သေဖို့ ထိုင်မစောင့်ချင်ခဲ့ပေ။

သူက နတ်စွမ်းအား ပါဝင်နေသည့် အကာအကွယ်ကို ဖယ်ရှားလိုက်ပြီး ချက်ချင်းဆိုသလိုပင် အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် သွေးပင်လယ်တစ်ခုကို ဖော်ထုတ်လိုက်သည်။

ထိုသွေးပင်လယ်ထဲတွင် ဆူနာမီကဲ့သို့ ပေရာချီ မြင့်သည့် လှိုင်းများ ဖြစ်ပေါ်လာခဲ့၏။

ထို့နောက်တွင် အဆုံးမဲ့ အေးခဲနေသော သွေးဓားများသည် သွေးပင်လယ်ထဲကနေ ပျံသန်းကာ ထွက်လာခဲ့ကြပြီး ပတ်ဝန်းကျင်ရှိ ဥပဒေသကို မျက်စိတစ်မှိတ် အတွင်းမှာပင် ဘာမှမကျန်ရှိတော့သည်အထိ ချေမှုန်းပစ်လိုက်သည်။

သို့သော် ဟန်ကျင့်ရွှယ်က ဥပဒေသစွမ်းအားကို တိုက်ခိုက်ပြီးပြီးချင်းမှာပင် လေထုထဲရှိ ရုန့်ရင်းသော စွမ်းအားတစ်ခုသည် ထိုက်စန်းတောင် ကဲ့သို့ ဟန်ကျင့်ရွှယ်ကို ဖိချလိုက်၏။

ထို့ကြောင့် ဟန်ကျင့်ရွှယ်သည် အကြောင်းပြချက်မရှိဘဲ စိတ်နှလုံး ရုတ်တရက် အေးစက်သွားခဲ့သည်။

သူက ခေါင်းကိုမော့၍ ကြည့်လိုက်ရာ ကျူးရှန်း ဟူသော စာလုံးကို ရေးထွင်းထားသည့် ဧရာမ ရွှေရောင်စည်းတံဆိပ် တစ်ခုသည် သူ့ထံသို့ လျင်မြန်စွာ ကျဆင်းလာသည်ကို မြင်လိုက်ရ၏။

"လူသားဧကရာဇ် စည်းတံဆိပ်ပါလား"

ဟန်ကျင့်ရွှယ်က စိတ်ပျက်အားငယ်စွာဖြင့် ထိတ်လန့်တကြား ကြည့်နေခဲ့သည်။

သူက သူ့လက်ထဲတွင်ရှိသည့် ကျောက်စိမ်း တံဆိပ်ပြားကို အလျင်အမြန် လှုံ့ဆော်ကာ အကာအကွယ်ကို ထပ်မံ ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ဟန်ကျင့်ရွှယ်၏ လှုပ်ရှားမှုက နောက်ကျသွားခဲ့ချေပြီ။

သူက ကျောက်စိမ်း တံဆိပ်ပြားကို လှုံ့ဆော်၍ ပြီးပြီးချင်းမှာပင် ဧရာမ ရွှေရောင်စည်းတံဆိပ်သည် သူ့ကို ဖိချသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ဆယ်မိုင်ပတ်လည်ရှိ လေထုသည် တုန်ယင်သွားခဲ့၏။

အင်ပါယာမြို့တော်၏ မြို့ရိုးများပင် ရွှေရောင်စည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် တစ်ဝက်မျှ ပြိုကျသွားခဲ့သည်။

အဆုံးသတ်တွင် ပတ်ပတ်လည် ပေတစ်ထောင် ရှည်လျားသည့် ဧရာမမြို့ရိုးသည် ရွှေရောင် စည်းတံဆိပ်ကြောင့် မြေပြင်နှင့်တစ်ပြေးညီ ဖြစ်သည်အထိ ဖျက်ဆီးခံလိုက်ရပြီး မြေပြင်အထက်တွင် ဆယ်ပေအနက် ရှိသည့် ဧရာမတွင်းနက်ကြီးပင် ထွက်ပေါ်လာခဲ့သည်။

ထိုတွင်းနက်ကြီးထဲတွင် ဟန်ကျင့်ရွှယ်က သွေးမြူများ အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ စိတ်ဝိညာဥ်ပင် ပျက်စီးသွားခဲ့သည်။

ထိုတွင်းထဲတွင် အလင်းရောင်မှိန်ပျပျ ထုတ်လွှတ်နေသည့် သိုလှောင် လက်စွပ်တစ်ကွင်းနှင့် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုသာ ကျန်ရှိခဲ့၏။

ကျန်းချန်က လျင်မြန်စွာပင် သိုလှောင်လက်စွပ်နှင့် ကျောက်စိမ်းတံဆိပ်ပြားကို ယူကာ သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

"ဟန်ကျင့်ရွှယ် သေပြီ.. အားလုံးပဲ ငါ့ရဲ့နောက်ကို လိုက်ပြီး အေးစက်သော သွေးနယ်မြေကို သိမ်းပိုက်ကြစို့"

ကျန်းချန်က ဟန်ကျင့်ရွှယ်ကို ရှင်းပစ်လိုက်သည်ကိုမြင်သည်နှင့် စန်းယွမ်လုံသည် သူ၏ လက်ထဲမှဓားရှည်ဖြင့် အေးစက်သောသွေးနယ်မြေ ဆီသို့ ညွှန်ပြလိုက်သည်။

ထို့နောက်တွင် သူ၏နောက်မှ လူသားစစ်တပ်နှင့် အတူ လျင်မြန်စွာ ချီတက်သွားခဲ့သည်။

အေးစက်သော သွေးနယ်မြေမှ သွေးဝိညာဥ်မျိုးနွယ်စုဝင်များသည် သူတို့၏ သွေးဘုရင်အား ကျန်းချန်က သတ်ဖြတ်လိုက်သည်ကိုမြင်လျှင် ဆောက်တည်ရာမရ ဖြစ်ကုန်ကြ၏။

"ငါတို့သွေးဘုရင် သေသွားပြီ.. အေးစက်သော သွေးနယ်မြေက ကျဆုံးသွားခဲ့ပြီ.. အားလုံးပဲ ထွက်ပြေးကြတော့"

ဤအချိန်တွင် မြို့စောင့်တပ်မှ စစ်သည်တော်များသည် မြို့ကို ကာကွယ်ရန် စိတ်မရှိတော့ဘဲ ထိတ်လန့်တကြားဖြင့် လျင်မြန်စွာ ထွက်ပြေးခဲ့ကြသည်။

သူတို့ ကျူးကျော်လာသည်ကို လက်မခံဘဲ ခုခံတိုက်ခိုက်နေသည့် ဟန်ကျင့်ရွှယ်၏ တော်ဝင်မိသားစုမှ လူများကိုမူ ကျန်းချန်သည် အလျင်အမြန်ပင် သတ်ဖြတ်ပစ်လိုက်သည်။

သိပ်မကြာခင်မှာပင် သွေးဝိညာဥ် မျိုးနွယ်စု၏ နယ်မြေကိုးခုအနက် တတိယမြောက်နယ်မြေ ဖြစ်သည့် အေးစက်သော သွေးနယ်မြေသည် ကျန်းချန်၏ ခြေရင်းအောက်တွင် အညံ့ခံသွားခဲ့သည်။

ကျန်းချန်က ရွှယ်လင်ကုန်းမြေတိုက်ကို ရောက်ရှိလာပြီး နှစ်ဝက်ပင် မကြာသေးသော အချိန်မှာပင် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေသုံးခုကို သိမ်းပိုက်နိုင်ခဲ့၏။

ထိုစံချိန်မျိုးက အလွန်ပင် အထင်ကြီးစရာကောင်းသည်ဟု ဆို၍ရ၏။

ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ နှစ်ပေါင်းရာချီသည့် သမိုင်းကြောင်းဖြင့် ကြည့်လျှင်ပင် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ် မျိုးနွယ်စုကြားမှ တိုက်ပွဲတွင် ဤမျှအထိ ကြီးမားသော အားသာချက်ကို တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးပေ။

အေးစက်သော သွေးနယ်မြေကို သိမ်းပိုက်ပြီးနောက်တွင် ကျန်းချန်သည် ကိစ္စအားလုံးကို စန်းယွမ်လုံအား ကိုင်တွယ်စေရန် လွှဲပေးခဲ့သည်။

သူကမူ တိုက်ပွဲမှ ရိတ်သိမ်းလာသည့် ပစ္စည်းများအား ‌ရေတွက်ရန် စတင်ခဲ့၏။

ဤတစ်ကြိမ် ဟန်ကျင့်ရွှယ်ကို သတ်ပစ်လိုက်ခြင်းကနေ ကျန်းချန်သည် အလွန်အဖိုးထိုက်တန်သော အရာမျိုးကို ရရှိခဲ့သည်။

သူက နတ်တစ်ပိုင်းအဆင့် စွမ်းအား ပါဝင်နေသည့် အကာအကွယ်ကို ရရှိခဲ့ရုံသာမက ဟန်ကျင့်ရွှယ်၏ သိုလှောင်လက်စွပ်ထဲတွင် နတ်စွမ်းအား ပါဝင်နေသည့် သွေးတစ်စက်ကို တွေ့ရှိခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ဤသည်မှာ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ၏ သွေးပင် ဖြစ်ရပေမည်။

"နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူရဲ့အဆီအနှစ် သွေးတစ်စက်ကို အသုံးပြုလိုက်ရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမလဲ မသိဘူး"

သူ၏ လက်ထဲမှ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ အဆီအနှစ်သွေးစက် ပါဝင်သော ကျောက်စိမ်းပုလင်းကိုကြည့်ရင်း ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ယခင်က အင်ပါယာတစ်ပိုင်းအဆင့်၏ သွေးစက်ကို မျိုချပြီး သူ၏ သွေးစွမ်းအားသည် တိုးတက်လာခဲ့ဖူးသည်။

သို့သော် ယခုအခါတွင် ကျန်းချန်သည် အင်ပါယာနယ်ပယ်အဆင့်ကို ချိုးဖျက်ခဲ့ပြီး သူ၏ သွေးစွမ်းအားသည်လည်း သေမျိုးတစ်ယောက်၏ အကန့်အသတ်ကို ‌ရောက်ရှိနေခဲ့ပြီဖြစ်၏။

ထို့ကြောင့် အဆင့်မချိုးဖျက်ဘဲ မူလစွမ်းအားကို နတ်စွမ်းအားအဖြစ် မပြောင်းလဲနိုင်သရွေ့ သွေးစွမ်းအားတွင် မည်သည့်အပြောင်းအလဲမှ ရှိနိုင်မည် မဟုတ်လောက်ပေ။

သို့သော်လည်း မျှော်လင့်ချက် အနည်းငယ်ဖြင့် ကျန်းချန်သည် ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်ကာ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ၏ အဆီအနှစ် သွေးတစ်စက်ကို တုံ့ဆိုင်းမနေဘဲ မျိုချလိုက်သည်။

"ဒင်.. သင်က နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူရဲ့ အဆီအနှစ်သွေးတစ်စက်ကို မျိုချလိုက်ပြီး နတ်စွမ်းအားကို ရရှိခဲ့ပါတယ်"

"ဘာ.. အဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်တာက နတ်စွမ်းအားကို မွေးဖွားနိုင်ခဲ့တယ်လား"

သူ၏စိတ်ထဲမှ စနစ်၏ သတိပေးချက်ကိုကြားလျှင် ကျန်းချန်သည်ပင် မှင်တက်သွားခဲ့သည်။

နတ်တစ်ပိုင်းအဆင့် စွမ်းအားသည် နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူမှသာ မွေးဖွားနိုင်သည့် စွမ်းအားမျိုး ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် သူ၏ ခန္ဓာကိုယ်ထဲတွင် နတ်တစ်ပိုင်းအဆင့် စွမ်းအားကို မွေးဖွားလာခဲ့၏။

ယင်းက ကျန်းချန်သည် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဟု ဆိုလိုရာ ‌ရောက်နေသည် မဟုတ်ပါလော။

အခန်း(၁၄၉၃)ပြီး၏။

အခန်း(၁၄၉၄)

ယေဘုယျအားဖြင့် ပြောရလျှင် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သည့် မဟာအင်ပါယာအဆင့်ကို ရောက်ရှိပြီးမှသာလျှင် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူသည် ၎င်း၏ခန္ဓာကိုယ်ထဲတွင် နတ်စွမ်းအားကို မွေးဖွားနိုင်ပြီး နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ပေသည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိသေးပြီး ခန္ဓာကိုယ်တွင် နတ်စွမ်းအားကို မွေးဖွားလာခဲ့ပြီ ဖြစ်၏။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်က အင်ပါယာနယ်ပယ်အဆင့်လား၊ နတ်တစ်ပိုင်းအဆင့်လား ဆိုသည်ကို ကျန်းချန် သေချာမသိတော့ပေ။

တကယ်တမ်းတွင် ကျန်းချန် မသိခဲ့သည့်အရာမှာ ကိုယ်ခံပညာ၏ ကျင့်ကြံခြင်းအဆင့်တွင် နတ်တစ်ပိုင်းအဆင့်သည် မရှိခဲ့ပေ။

အင်ပါယာအဆင့် ပြီးလျှင် နောက်ထပ် ကျင့်ကြံခြင်းနယ်ပယ်အဆင့်သည် ပကတိ နတ်ဘုရားအဆင့်သာ ဖြစ်၏။

သို့သော်လည်း အင်ပါယာ နယ်ပယ်အဆင့်ကနေ ပကတိ နတ်ဘုရားအဆင့် အထိသည် အလွန်ရှည်လျားသော လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။

နောက်ပိုင်းတွင် တချို့သော လူများသည် ခန္ဓာကိုယ်ထဲတွင် နတ်စွမ်းအား မွေးဖွားနိုင်သူများကို နတ်တစ်ပိုင်းအဆင့်ဟူသည့် ဂုဏ်ပုဒ်အား ပေးအပ်ခဲ့ကြ၏။

ဤသို့ဖြင့် အင်ပါယာအဆင့်နှင့် ပကတိ နတ်ဘုရားအဆင့်ကြားတွင် နတ်တစ်ပိုင်းအဆင့်သည် သီးခြား နယ်ပယ်အဆင့်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့၏။

နတ်တစ်ပိုင်းအဆင့်ကို နယ်ပယ်အဆင့် တစ်ခုအဖြစ် ခွဲခြားထားသော်လည်း တကယ်တမ်းတွင် ဤသည်မှာ အင်ပါယာအဆင့်သာလျှင် ဖြစ်၏။

သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် နတ်စွမ်းအား မွေးဖွားလာပြီဖြစ်၍ ပကတိနတ်ဘုရား၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားခဲ့သည်။

ကိုယ်ခံပညာ ဖွံ့ဖြိုးသောခေတ်တွင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ပြိုင်ဘက်ကင်း ပါရမီရှင်များ အများအပြား ထွက်ပေါ်ခဲ့ကြသည်။

၎င်းတို့က အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သည့် မဟာအင်ပါယာအဆင့်ကို ‌ရောက်ရှိပြီးမှသာ ခန္ဓာကိုယ်ကနေ နတ်စွမ်းအားကို မွေးဖွားနိုင်ကြ၏။

နတ်စွမ်းအားကို အပြည့်အဝ မွေးဖွားပြီးလျှင် ကျင့်ကြံသူသည် ကပ်ဘေးကို တစ်ချက်တည်း ဖြစ်ပေါ်စေ၍ ကပ်ဘေးကို ‌ကျော်လွန်ကာ ပကတိနတ်ဘုရား ဖြစ်လာနိုင်ပေသည်။

တကယ်တမ်းတွင် နတ်တစ်ပိုင်းအဆင့်သည် မရှိသော နယ်ပယ်အဆင့် တစ်ခုသာ ဖြစ်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူရဲ့ အဆီအနှစ်သွေးတစ်စက်ကို ရရှိခဲ့ပြီး ခန္ဓာကိုယ်ထဲမှာ နတ်စွမ်းအားကို မွေးဖွားနိုင်ခဲ့ပြီ"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်၏။

ထို့နောက် သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် အင်ပါယာ နယ်ပယ်အဆင့်ကြားရှိ တစ်ခုတည်းသော ကွာခြားချက်သည် နတ်စွမ်းအားကို ခန္ဓာကိုယ်ထဲတွင် မွေးဖွားလာနိုင်ခြင်းသာ ဖြစ်သည်။

အင်ပါယာနယ်ပယ်အဆင့် အထွတ်အထိပ်ဖြစ်သည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူအတွက် နတ်စွမ်းအားကို မွေးဖွားရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။

မရေမတွက်နိုင်သော မဟာအင်ပါယာများသည် ဤအဆင့်တွင်သာ ပိတ်မိနေခဲ့ကြ၏။

၎င်းတို့ထဲတွင် မည်သူကမှ ခန္ဓာကိုယ်ထဲတွင် နတ်စွမ်းအားကို မွေးမြူကာ နတ်တစ်ပိုင်းအဆင့်ကို ခြေမချနိုင်ခဲ့ပေ။

ဥပမာ ပြရလျှင် ခွင်းရှဂိုဏ်း၏ ခေါင်းဆောင်ကို ပြရပေမည်။

ခွင်းရှဂိုဏ်း၏ ခေါင်း‌ဆောင်က မည်မျှပင် ပါရမီရှိနေပါစေ၊ သူက အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်တွင် နှစ်ပေါင်းထောင်နှင့်ချီ သောင်တင်နေခဲ့သည်။

သူက နတ်စွမ်းအားကို ဘယ်သောအခါမှ မမွေးဖွားနိုင်ခဲ့ပေ။

အဆုံးသတ်တွင် သူသည် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အထွတ်အမြတ် ရတနာတစ်ပါး ဖြစ်သော ဒယ်စောက်အိုးကို ခိုးယူခဲ့သည်။

ဤဖြစ်ရပ်ကိုကြည့်လျှင် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူအတွက် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လာရန်မှာ အလွန်ပင် ခက်ခဲမှန်း သိသာစေ၏။

ကျန်းချန်က သူ့ကိုယ်သူ နတ်တစ်ပိုင်းအဆင့်အဖြစ် မသတ်မှတ်ခဲ့သည့်တိုင် ယခုအခါတွင် သူ၏ခန္ဓာကိုယ်ထဲ၌ နတ်စွမ်းအား ရှိနေခဲ့သည်။

ထို့ကြောင့် တကယ့် နတ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရလျှင်ပင် သူက ကြောက်ရွံ့တော့မည် မဟုတ်ချေ။

ကျန်းချန်က ဟန်ကျင့်ရွှယ်ကို သတ်ဖြတ်လိုက်ပြီး အေးစက်သောသွေးနယ်မြေကို သိမ်းပိုက်လိုက်သည် ဟူသောသတင်းသည် သွေးဝိညာဥ်မျိုးနွယ်စု ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းကိုကြားလျှင် ငွေရောင်သွေး နယ်မြေတွင် ရှိနေသည့် သွေးအင်ပါယာ ရွှယ်ဟောင်ကန်း အပါအဝင် သွေးဝိညာဥ် မျိုးနွယ်စု၏ သန်မာသော ကျင့်ကြံသူအားလုံးသည် တုန်လှုပ်သွားခဲ့ကြသည်။

ရွှယ်ဟောင်ကန်းက အထိတ်တလန့် ဖြစ်ကာ အလျင်အမြန်ပင် သွေးဝိညာဥ် မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူအများအပြားကို အစည်းအဝေး ခေါ်ယူခဲ့သည်။

ငွေရောင်သွေးနယ်မြေ၏ တော်ဝင်မြို့တော်ရှိ ခန်းမတစ်ခုထဲတွင် သွေးဝိညာဥ်မျိုးနွယ်စုမှ လူများသည် ရွှယ်ဟောင်ကန်း၏ ဆင့်ခေါ်မှုအောက်တွင် လျင်မြန်စွာပင် စုဝေးခဲ့ကြသည်။

ဤအချိန်တွင် ခန်းမ၏လေထုသည် အလွန်တရာပင် လေးနက်နေခဲ့၏။

"အားလုံးပဲ.. လူသားဧကရာဇ် ကျန်းချန်က လူသားမျိုးနွယ်စုကိုဦးဆောင်ပြီး ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုကို တိုက်ခိုက်ခဲ့တယ်.. အခုအချိန်မှာတော့ သွေးကျတ်တီးနယ်မြေနဲ့ အေးစက်သောသွေးနယ်မြေကို လူသားမျိုးနွယ်စုက သိမ်းပိုက်သွားခဲ့ပြီ.. ဒါ့အပြင် သွေးဝိညာဥ် ဘုရင်နှစ်ပါးလည်း ကျဆုံးသွားခဲ့ရပြီ.. ငါ့စိတ်ထင် တန်ပြန်တိုက်ခိုက်မှု တစ်ခုခု လုပ်သင့်ပြီထင်တယ်"

ခန်းမထဲရှိ ရွှယ်ဟောင်ကန်းက အဆုံးသတ်တွင် ခန်းမ၏ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

"အရှင်မင်းကြီး.. လူသားမျိုးနွယ်စုက ကျွန်တော်တို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အတွင်းပိုင်းမှာရှိတဲ့ အေးစက်သောသွေးနယ်မြေကိုတောင် သိမ်းပိုက်နိုင်ခဲ့တယ်.. ဒီကိစ္စကို အမြန်ဆုံးရပ်တန့်မှ ဖြစ်လိမ့်မယ်.. မဟုတ်ရင်တော့ အကျိုးဆက်တွေက စိုးရိမ်စရာပဲ"

သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာ တစ်ပါးက အလျင်အမြန်ပင် ပြောလိုက်သည်။

"ခက်နေတာက လက်ရှိအချိန်မှာ ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုက ကျန်းချန်ကို နှိမ်နင်းဖို့ ကျင့်ကြံသူတွေ မစေလွှတ်နိုင်တာပဲ.. မင်းတို့ဆီမှာ ကျန်းချန်ကို ယာယီ ထိန်းထားဖို့ အတွက် နည်းလမ်းတစ်ခုခု ရှိနေမလားဆိုတာ ငါသိချင်တယ်"

ရွှယ်ဟောင်ကန်းက ခန်းမထဲကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် သုန်မှုန်သော အမူအရာဖြင့် မေးလိုက်သည်။

လူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ် ကျန်းချန်သည် အလွန်ပင် အစွမ်းထက်ပြီး မဟာအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် ကျန်းချန်ကို ဖိနှိပ်ချင်သည်ဆိုလျှင် အေးစက်သော သွေးနယ်မြေသို့ မဟာအင်ပါယာ အဆင့်ကျင့်ကြံသူ အနည်းဆုံး နှစ်ယောက်ခန့်ကို စေလွှတ်ရလိမ့်မည်မဟုတ်ပါလော။

ယခုအခါတွင် သူတို့သည် သွေးဝိညာဥ်ဘုရင် နှစ်ပါးကို ဆုံးရှုံးခဲ့ရပြီ ဖြစ်၍ လူသားမျိုးနွယ်စုနှင့် အင်အားချင်း သိပ်မကွာတော့ပေ။

ဤအချိန်တွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ နှစ်ယောက် သို့မဟုတ် သုံးယောက်ကို စေလွှတ်လိုက်လျှင် နန်ဝူနယ်မြေတွင် စစ်ပြင်နေသည့် လူသားမျိုးနွယ်စုက ထိုးစစ်ဆင်လာသည်နှင့် သူတို့အနေဖြင့် ရပ်တန့်ဖို့ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလော။

ရွှယ်ဟောင်ကန်း၏ စကားကိုကြားလျှင် သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကို မစေလွှတ်ဘဲ လူသားဧကရာဇ် ကျန်းချန်ကို ရပ်တန့်ဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

ခန်းမထဲမှ မဟာအင်ပါယာများ နှုတ်ဆိတ်နေသည်ကို မြင်လျှင် ရွှယ်ဟောင်ကန်း၏ မျက်နှာသည် ပို၍ပင် ခက်ထန်လာခဲ့သည်။

သူ၏ မူလအစီအစဥ်မှာ ကျန်းချန်ကို တစ်လခန့် အချိန်ဆွဲထားရန် ဖြစ်သည်။

သူ့အတွက် အချိန်အလုံအလောက် ရရှိသရွေ့ သွေးဝိညာဥ်မျိုးနွယ်စုသည် ဤအခက်အခဲကနေ တစ်ချက်တည်းဖြင့် လွတ်မြောက်နိုင်ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည် ဖြစ်၏။

သို့သော်လည်း နတ်အဆင့်အစီအရင်၏ အကူအညီဖြင့် အေးစက်သော သွေးနယ်မြေကို ကာကွယ်နေသော ဟန်ကျင့်ရွှယ်သည် အဆုံးသတ်တွင် လူသားဧကရာဇ် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံခဲ့ရ၏။

ယခုအခါတွင် သွေးဝိညာဥ်မျိုးနွယ်စုသည် နယ်မြေသုံးခုကို ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။

ထို့အပြင် မဟာအင်ပါယာ နှစ်ပါးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ရာ ‌ရှေ့တန်းစစ်မြေပြင်တွင် အားနည်းချက် ရှိလာခဲ့ပြီး အခြေအနေ မတည်မငြိမ် ဖြစ်နေခဲ့သည်။

ဆိုရလျှင် သွေးဝိညာဥ် မျိုးနွယ်စုသည် လူသားမျိုးနွယ်စုနှင့် စစ်ပွဲ၌ ဤမျှ ခက်ခဲသော အခြေအနေမျိုး တစ်ခါမှ မကျရောက်ခဲ့ဖူးပေ။

"အရှင်မင်းကြီး.. လူသားမျိုးနွယ်စုက ကျွန်တော်တို့ သွေးဝိညာဥ်မျိုးနွယ်စုကို ဖျက်ဆီးခွင့် ထပ်ပေးလို့ မဖြစ်ဘူး"

"ဘာလို့ ငါတို့က လူသားမျိုးနွယ်စုလို လှည့်ကွက်တွေ အသုံးမပြုရမှာလဲ.. ငါကိုယ်တိုင် အေးစက်သောသွေးနယ်မြေကို လျှို့ဝှက်သွားလာပြီး လူသားဧကရာဇ်အသစ်ကို ရှင်းလင်းပစ်မယ်.. လူသားဧကရာဇ်အသစ်ကို သတ်လိုက်သရွေ့ အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်"

ထိုအချိန်တွင် ရွှယ်ဟောင်ကန်း၏ နံဘေးတွင် ထိုင်နေသည့် ရွှယ်ယွိရှန့်သည် ရုတ်တရက် ခန်းမထဲရှိ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

ရွှယ်ယွိရှန့်၏ စကားကိုကြားလျှင် ရွှယ်ဟောင်ကန်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ခေါင်းခါရမ်းကာ ကန့်ကွက်လိုက်သည်။

"မဖြစ်ဘူး ဒါက အန္တရာယ်အရမ်းများလွန်းတယ်"

ယနေ့ခေတ်တွင် ရွှယ်ယွိရှန့်သည် သွေးဝိညာဥ်မျိုးနွယ်စု၏ တစ်ဦးတည်းသော နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သို့ဖြစ်ရာ လူသားမျိုးနွယ်စု၏ မျက်စိဒေါက်ထောက် ကြည့်ရှုနေမှုကနေ လျှို့ဝှက်စွာ သွားလာရန် ခက်ခဲ၏။

ထို့ကြောင့် ရွှယ်ယွိရှန့် အနေဖြင့် အေးစက်သော သွေးနယ်မြေကို လျှို့ဝှက်စွာ သွားလာရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။

ထိုကိစ္စကို လူသားမျိုးနွယ်စုက သိသွားသည်နှင့် အကျိုးဆက်များသည် စိတ်ကူး၍ပင် မရချေ။

"အရှင်မင်းကြီး သတင်းကောင်း ရောက်လာပါပြီ.. ဘိုးဘွားအမွေအနှစ် သွေး‌ရေကန်ထဲမှာရှိတဲ့ လူဆယ်ယောက်က သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး အပြင်ကို ထွက်လာပြီဆိုတဲ့ သတင်းကို အခုလေးတင် ရရှိခဲ့ပါတယ်"

ထိုအချိန်မှာပင် ထောက်လှမ်းရေး တာဝန်ကို ယူထားသော သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာတစ်ပါးသည် စိတ်လှုပ်ရှားစွာဖြင့် ထရပ်ကာ ပြောလိုက်သည်။

ရွှယ်ဟောင်ကန်းကလည်း စိတ်လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ထိုင်နေရာမှ ထရပ်လိုက်သည်။

သူ၏မျက်နှာထက်တွင် ဝမ်းသာသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သူက လက်ရှိ အခြေအနေကို ထိန်းချုပ်ရန် စိုးရိမ်နေခဲ့ရသည်။

သို့သော်လည်း ဘိုးဘွားအမွေအနှစ် သွေးရေကန်ထဲမှ လူဆယ်ယောက်သည် သတ်မှတ်ထားသော အချိန်ထက်စောပြီး ထွက်လာလိမ့်မည်ဟု မည်သူက ကြိုတင်သိနိုင်ပါအံ့နည်း။

"ဟားဟား ဘုရားသခင်က ငါ့ကို ကူညီခဲ့တာပဲ.. အခုဆိုရင် ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုမှာ မဟာအင်ပါယာဆယ်ပါး တိုးလာခဲ့ပြီ.. လူသားမျိုးနွယ်စုကို ဘာမှ ကြောက်နေစရာ မလိုအပ်တော့ဘူး"

ရွှယ်ဟောင်ကန်းက အားပါးတရ ရယ်မောကာ ပြောလိုက်သည်။

ထို့‌နောက်တွင် သူက ချက်ချင်းပင် အမိန့်ပေးလိုက်၏။

"သူတို့ကို အမြန်ဆုံးလာဖို့ ချက်ချင်း ဆင့်ခေါ်လိုက်.. ဒီဧကရာဇ်က လူသားမျိုးနွယ်စုနဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲတော့မယ်"

အခန်း(၁၄၉၄)ပြီး၏။

All Chapters