← Chapters

အခန်း (၁၄၉၈-၁၅၀၀)

Vol. 100 Ch. 1498-1500

အခန်း (၁၄၉၈-၁၅၀၀)

Vol. 100 Ch. 1498-1500

အခန်း(၁၄၉၈)

ကျန်းချန်က မဟာအင်ပါယာအဆင့် ကျင့်ကြံသူ သုံးဦးကို အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်သည်။

သူ၏ စွမ်းအားသည် မိုင်၁၀၀ ပတ်လည်အထိ ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေခဲ့သည်။

နန်ဝူမြို့ထဲရှိ လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများဖြစ်စေ၊ နန်းဝူမြို့ကို ဝိုင်းရံထားသော သွေးဝိညာဥ် မျိုးနွယ်စုမှ ကျင့်ကြံသူများဖြစ်စေ အားလုံးသည် ချက်ချင်း ဆိုသလိုပင် ထိတ်လန့်သွားခဲ့ကြသည်။

ကျီဝူရွှမ်သည် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူအုပ်စုကိုဦးဆောင်ကာ မျက်စိတစ်မှိတ် အတွင်းမှာပင် နန်ဝူမြို့တော်၏ အနောက်ဘက်ဂိတ်တံခါး မြို့ရိုးပေါ်တွင် ပေါ်လာခဲ့သည်။

အောက်ဘက်ရှိ အခြေအနေကိုမြင်လျှင် သူမတို့ လူစုသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြ၏။

ယခင်က အနောက်ဘက် ဂိတ်တံခါး၏ မိုင်၂၀ သို့မဟုတ်မိုင်၃၀အကွာတွင် သွေးဝိညာဥ် မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူ ရာနှင့်ချီ၍ စောင့်ကြပ်နေခဲ့ကြသော်လည်း ယခုအခါတွင် ၂၀ကျော်သာ ကျန်ရှိတော့၏။

ထို့အပြင် ထိုလူစုကို ဦးဆောင်သော မဟာအင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးသည်လည်း ပျောက်ကွယ်နေခဲ့၏။

သို့သော် အင်ပါယာ သွေးစက်များသည် မြေပြင်ပေါ်တွင် အထူးတလည် တောက်ပနေခဲ့၏။

ထိုအထောက်အထားအရ ယင်ထျန်းထို့နှင့် တခြားသော အင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးသည် ကျဆုံးသွားနိုင်ခြေရှိသည်မှာ သိသာထင်ရှားနေသည် မဟုတ်ပါလား။

ကျန်ရှိနေသော သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူ ၂၀ကျော်သည်လည်း ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်ကို ဖြူဖျော့သော မျက်နှာထားဖြင့် ကြည့်နေခဲ့ကြသည်။

"ဒါအရှင်မင်းကြီးပဲ.. အရှင်မင်းကြီး ကိုယ်တိုင် ရောက်လာခဲ့ပြီ"

လူသားမျိုးနွယ်စုမှ ကျင့်ကြံသူ အများအပြားသည် လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် စိတ်လှုပ်ရှားလာခဲ့ကြ၏။

ယခုအခါတွင် သူတို့ လူသားမျိုးနွယ်စုသည် သွေးဝိညာဥ်မျိုးနွယ်စုကြောင့် အပြင်းအထန် ရှုံးနိမ့်ကာ နန်ဝူမြို့တော်တွင် ပိတ်မိနေခဲ့သည်။

သို့သော်လည်း သူတို့၏ လူသားဧကရာဇ်သည် နန်ဝူမြို့တော်သို့ ရောက်ရှိလာခဲ့ပြီး သွေးဝိညာဥ် မျိုးနွယ်စုမှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးကို သတ်ပစ်လိုက်၏။

ယင်းမှာ သံသယဝင်စရာ မရှိလောက်အောင်ပင် အလွန်တရာ စိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စရပ် တစ်ခုပင် ဖြစ်သည် မဟုတ်ပါ‌လော။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်ရင်း ကျီဝူရွှမ်၏ လှပသောမျက်လုံးလေးတွင် ရှားပါးသော အပြုံးရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သွေးဝိညာဥ် မျိုးနွယ်စုသည် တစ်ချိန်တည်းတွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူဆယ်ဦးကို ဖန်တီးရန်အတွက် လျှို့ဝှက်စွာစီစဥ်ခဲ့ပြီး သူတို့ လူသားမျိုးနွယ်စုကို ဖိနှိပ်နိုင်ခဲ့သည်။

ယခု ကျန်းချန်က သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာအဆင့်ကျင့်ကြံသူ သုံးဦးကို သတ်ဖြတ်လိုက်သည်ဖြစ်ရာ သံသယဝင်စရာ မရှိလောက်အောင်ပင် သွေးဝိညာဥ်မျိုးနွယ်စု၏ ခွန်အားကို အားနည်းစေလိမ့်မည် ဖြစ်၏။

ပို၍ အရေးကြီးသောအချက်မှာ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ သုံးဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ပုံထောက်လျှင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်သည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်းနေသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

ရှင်းလင်းစွာဆိုရလျှင် ကျန်းချန်သည် မဟာအင်ပါယာ အဆင့် ကျင့်ကြံသူ သုံးယောက်ကို တစ်ယောက်တည်းဖြင့် တိုက်ခိုက်နိုင်သည့် စွမ်းရည်မျိုးအား ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်၏။

ဤအခြေအနေကြောင့် သူတို့နှင့် သွေးဝိညာဥ်မျိုးနွယ်စုတို့ကြားရှိ ခွန်အား ကွာခြားချက်သည် ချက်ချင်းဆိုသလိုပင် ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်။

"ဝုန်း.."

ကျီဝူရွှမ်က အတွေးရေယာဥ်ကြောတွင် နစ်မြောနေသည့် အချိန်မှာပင် နန်ဝူမြို့တော်၏ အရှေ့ဘက်ကနေ ကြောက်မက်ဖွယ်ကောင်းသော သွေးပုံရိပ်များသည် မြို့‌တော်၏အနောက်ဘက်သို့ ဦးတည်လာခဲ့သည်။

"အားလုံးပဲ ငါနဲ့အတူ လိုက်ခဲ့ကြ"

ကျီဝူရွှမ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများစွာနှင့်အတူ နန်ဝူမြို့တော်၏ အနောက်ဘက် ဂိတ်တံခါးကနေ လျင်မြန်စွာ ထွက်လာခဲ့ပြီး ကျန်းချန် ရှိရာသို့ ဦးတည်လိုက်သည်။

"လူသားမျိုးနွယ်စုတွေ မြို့ပြင်ကို ထွက်လာခဲ့ပြီ.. အရှင်မင်းကြီးကို အမြန်ဆုံး အကြောင်းကြားမှဖြစ်မယ်"

သွေးဝိညာဥ်မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်သည် ကျီဝူရွှမ်တို့ လူစု ထွက်လာသည်ကိုမြင်လျှင် ထိတ်လန့်တကြား ရေရွတ်လိုက်ပြီး နန်ဝူမြို့တော်၏ အရှေ့ဘက် ဂိတ်တံခါးသို့ ချက်ချင်းဆိုသလိုပင် ထွက်ပြေးခဲ့ကြသည်။

သို့သော် သူတို့က မိုင်အနည်းငယ်သာ ပြေးလွှားရသေးသောအချိန်မှာပင် ကြောက်မက်ဖွယ် သွေးအရှိန်အဝါများကို ထုတ်လွှတ်နေသော သွေးပုံရိပ်များသည် အရှေ့ဘက်အရပ်ကနေ သူတို့ရှေ့သို့ ရောက်ရှိလာခဲ့သည်။

သွေးဝိညာဥ်မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူနှစ်ဆယ်သည် သူတို့ဆီသို့ ရောက်ရှိလာသော သွေးအင်ပါယာအသစ် ဖြစ်သည့် ရွှယ်ဟောင်ကန်းနှင့် အခြားသူများကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး အစီအရင်ခံရန်အတွက် ရှေ့သို့ တိုးလာခဲ့သည်။

"အရှင်မင်းကြီး.. အနောက်ဘက် ဂိတ်တံခါးမှာ ပြဿနာတက်ပြီ.. လူသားဧကရာဇ် ကျန်းချန်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ငွေရောင် သွေးဘုရင် ယင်ထျန်းထို့ နဲ့ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ သုံးဦးကို သတ်ဖြတ်လိုက်တယ်"

"ဘာ.. ငွေရောင်သွေးဘုရင် ယင်ထျန်းထို့ သေပြီဟုတ်လား.. လူသားဧကရာဇ် ကျန်းချန်က မဟာအင်ပါယာအဆင့် ကျင့်ကြံသူ သုံးယောက်ကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်လိုက်တယ်လား"

ရွှယ်ဟောင်ကန်းသည် လူသားဧကရာဇ် ကျန်းချန်က မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားရှိမှန်း သိပ်မကြာခင်က သိနှင့်ခဲ့သည်။

သို့သော်လည်း မဟာအင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးကို သတ်ဖြတ်လိုက်သည်ဟု ကြားလျှင် အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့၏။

အကြောင်းအရင်းမှာ မဟာအင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးထဲမှ တစ်ဦးသည် သွေးဝိညာဥ်မျိုးနွယ်စု၏ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကြားတွင် ထိပ်တန်း ငါးဦးစာရင်း၌ ပါဝင်ရန် လုံလောက်သော ငွေရောင်သွေးဘုရင် ဖြစ်နေသောကြောင့်ပင်။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထိုကဲ့သို့သော စွမ်းရည်မျိုးကို အင်ပါယာနယ်ပယ်နှောင်းပိုင်းအဆင့် မပြောနှင့်၊ မဟာအင်ပါယာ အဆင့် ကျင့်ကြံသူပင် အလွယ်တကူ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

"ဟောင်ကန်း.. လူသားဧကရာဇ်ကျန်းချန်က အတော်လေးပါရမီထူးချွန်တဲ့ပုံပဲ.. သူသာ ဒီအတိုင်း ဆက်လက် တိုးတက်နေမယ်ဆိုရင် ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုအတွက် အန္တရာယ်ရှိတယ်.. ငါတို့အနေနဲ့ ဘယ်လောက်ပဲ ပေးဆပ်ရပေးဆပ်ရ လူသားဧကရာဇ်အသစ်ကို ကျိန်းသေသတ်ပစ်မှ ဖြစ်လိမ့်မယ်"

ရွှယ်ယွိရှန့်၏ မျက်လုံးများသည် စူးရှနေခဲ့သည်။

လူသားဧကရာဇ်အသစ်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်ပင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ဤကဲ့သို့ နတ်ဆိုးဆန်သည့် ပါရမီမျိုးဖြင့်သာ ဆိုလျှင် ရွှယ်ယွိရှန့်ပင်လျှင် မထိတ်လန့်ဘဲ မနေနိုင်တော့ပေ။

အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်ပင် ကောင်းကင်ကိုဆန့်ကျင်နေသော လုပ်ရပ်များကို ပြုလုပ်နိုင်နေပြီ ဖြစ်ရာ အင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိပြီး မဟာအင်ပါယာအဆင့် ဖြစ်လာသည်နှင့် လူသားဧကရာဇ် အသစ်သည် နတ်တစ်ပိုင်းအဆင့်ကိုပင် တိုက်ခိုက်နိုင်သော ကြောက်မက်ဖွယ် စွမ်းရည်မျိုး ရှိလာနိုင်သည် မဟုတ်ပါလော။

ထိုအချိန်သို့ ရောက်လျှင် သူတို့ သွေးဝိညာဥ် မျိုးနွယ်စုသည် အမှန်တကယ်ပင် အန္တရာယ်ရှိလာလိမ့်မည် ဖြစ်၏။

"ဦးရီးတော်ပြောတာ ကျွန်တော် နားလည်ပါတယ်"

ရွှယ်ဟောင်ကန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးဝိညာဥ် မျိုးနွယ်စုမှ ကျင့်ကြံသူများကို ဦး‌ဆောင်ကာ ကျန်းချန်တို့ ဆီသို့ ဦးတည်လိုက်သည်။

"လူသားဧကရာဇ် ကျန်းချန်.. နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီကိုး.. ငါမင်းကို အချိန်အကြာကြီး စောင့်နေခဲ့ရတယ်"

ရွှယ်ဟောင်ကန်းက ဆယ်မိုင်အကွာရှိ လေထုထဲတွင် ရပ်တန့်နေခဲ့သည်။

သူ၏ စူးရှသောအကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေခဲ့၏။

"သွေးအင်ပါယာ.. မင်းက အပိုစကားတွေ သိပ်ပြောတာပဲ.. အရင်ကတော့ မင်းတို့ သွေးဝိညာဥ်မျိုးနွယ်စုကို ရွှယ်လင်ကုန်းမြေတိုက်မှာ ခဏလောက် အသက်ရှင်ခွင့်ပေးဖို့ ငါစီစဥ်ထားခဲ့တယ် ဒါပေမဲ့ မင်းက သွေးဝိညာဥ် မျိုးနွယ်စုက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ငါတို့ လူသားမျိုးနွယ်စုရဲ့နယ်မြေကို တိုက်ခိုက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး.. ဒီလိုဆိုမှတော့ ရွှယ်လင်ကုန်းမြေတိုက်က နှစ်ပေါင်းရာချီကြာနေပြီ ဖြစ်တဲ့ ငါတို့မျိုးနွယ်စုနှစ်စုကြားက တိုက်ပွဲကို ဒီကနေ့ အဆုံးသတ်လိုက်ကြရအောင်.. ဒီနေ့ ဒီဧကရာဇ်က မင်းတို့ သွေးဝိညာဥ် မျိုးနွယ်စုကို နင်းချေပြီး လူသားမျိုးနွယ်စုရဲ့ ခြေရင်းအောက်မှာ အညံ့ခံစေမယ်"

ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ပြောလိုက်သည်။

သူ၏ မောက်မာသော လေသံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။

"ဟားဟား လူသားဧကရာဇ်ကျန်းချန် မင်းပြောတာအမှန်ပဲ.. ငါတို့မျိုးနွယ်စု နှစ်ခုကြားက တိုက်ပွဲက ရလဒ်ထွက်ဖို့ အချိန်ကျပြီ.. ဒါပေမဲ့ ဒီကနေ့ရဲ့ နောက်ပိုင်းမှာ မင်းတို့ လူသားမျိုးနွယ်စုက ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ ကျေးကျွန်တွေပဲ ဖြစ်လာလိမ့်မယ်"

ရွှယ်ဟောင်ကန်းက ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

"အားလုံးပဲ လူသားမျိုးနွယ်စုကို ဖျက်ဆီးပစ်"

ရွှယ်ဟောင်ကန်း၏ စကားဆုံးသည်နှင့် သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာ ဒါဇင်ပေါင်းများစွာသည် အတူတကွ ပြေးတက်လာခဲ့ကြသည်။

တစ်ခဏ အတွင်းမှာပင် လေထုထဲရှိ မိုင်‌ပေါင်းရာချီသော ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ် အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားခဲ့၏။

"ချန်အာ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ ရွှယ်ယွိရှန့်က ငါ့ထက် မနိမ့်ဘူး.. ငါသူ့ကို အချိန်တိုအတွင်း အနိုင်ယူနိုင်မှာမဟုတ်ဘူး.. မင်းအနေနဲ့ မဟာအင်ပါယာအဆင့် ကျင့်ကြံသူဘယ်နှစ်ယောက်ကို ကိုင်တွယ်နိုင်မလဲ"

သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ ကျီဝူရွှမ်၏ လှပသောမျက်လုံးများက လေးနက်သွားခဲ့သည်။

မူလက သူတို့ လူသားမျိုးနွယ်စုတွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ သုံးဆယ် ရှိခဲ့သည်။

သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲတွင် လူသားမျိုးနွယ်စုဘက်မှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူနှစ်ဦး ကျဆုံးသွားခဲ့ပြီး ယခုအခါတွင် နှစ်ဆယ့်ရှစ်ဦးသာ ကျန်ရှိတော့၏။

သွေးဝိညာဥ်မျိုးနွယ်စုတွင်မူ မူလက မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၃၁ဦး ရှိခဲ့သော်လည်း သွေးဘုရင်နှစ်ပါးကို ကျန်းချန်က သတ်ဖြတ်လိုက်၍ ၂၉ဦးသာ ကျန်ရှိတော့သည်။

သို့သော် ဘိုးဘွားပိုင် အမွေအနှစ်သွေးရေကန်ကို အားကိုးပြီး မဟာအင်ပါယာအဆင့် ကျင့်ကြံသူဆယ်ယောက်ကို သွေးဝိညာဥ်မျိုးနွယ်စုက ဖန်တီးခဲ့ရာ သွေးဝိညာဥ်မျိုးနွယ်စု၏ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ အရေအတွက်သည် ၃၉ယောက်အထိ ရှိလာခဲ့၏။

ကျန်းချန်က ယနေ့တွင် ၃ယောက်ကို သတ်ဖြတ်ခဲ့သည့်တိုင် သွေးဝိညာဥ် မျိုးနွယ်စု၏ မဟာအင်ပါယာအဆင့် ကျင့်ကြံသူအရေအတွက်သည် လူသားမျိုးနွယ်စုထက် ၈ယောက်ပိုမိုများပြားနေဆဲပင်။

ဆိုရလျှင် ဤတိုက်ပွဲတွင် သူတို့ လူသားမျိုးနွယ်စုသည် လုံးဝကို အားနည်းချက်ရှိနေဆဲ ဖြစ်၏။

"အမေ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူကို စိတ်အေးအေးသာ ရင်ဆိုင်ပါ.. ကျန်တဲ့ မဟာအင်ပါယာအဆင့် ကျင့်ကြံသူတွေကို ကျွန်တော်နဲ့သာ လွှဲထားလိုက်"

ကျန်းချန်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။

"မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၁၀ယောက်လောက် တိုးလာလည်း ဘာမှမဖြစ်သွားဘူး.. သွေးဝိညာဥ်မျိုးနွယ်စုမှာ ရှိတဲ့ မဟာအင်ပါယာအဆင့် ကျင့်ကြံသူတွေ ဘယ်လောက်ပဲလာပါစေ.. ကျွန်တော်အားလုံးကို သတ်ဖြတ်နိုင်တယ်"

အခန်း(၁၄၉၈)ပြီး၏။

အခန်း(၁၄၉၉)

ကျန်းချန်၏ မောက်မာသောစကားကို ကြားလျှင် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများသည် အသက်ရှုမဝသလိုပင် ဖြစ်သွားခဲ့ကြသည်။

ကျီဝူရွှမ်၏ လှပသော မျက်လုံးလေးတွင် အံ့အားသင့်သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

လာသမျှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သည်ဟု ဆိုခြင်းမှာ မည်မျှပင် မာနကြီးလိုက်ပါသနည်း။

ကျန်းချန်သာ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကို သူ၏ စကားအတိုင်း အမှန်တကယ် အနိုင်ယူနိုင်ခဲ့မည် ဆိုလျှင် သူတို့ လူသားမျိုးနွယ်စုသည် သွေးဝိညာဥ် မျိုးနွယ်စုကို အနိုင်ရလိမ့်မည် ဖြစ်သည်။

"သားရဲ့စကားကြောင့် အမေ စိတ်သက်သာရာ ရသွားပြီ"

ကျန်းချန်က အဘယ်ကြောင့် ဤမျှလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားကောင်းနေမှန်း မသိသော်လည်း သူမ၏ သားသည် လေလုံးထွားတတ်သူ မဟုတ်မှန်း ကျီဝူရွှမ် ယုံကြည်ခဲ့၏။

ထို့ကြောင့် သူမက တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းဆိုသလို သူမ၏ ပုံရိပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး လေထုထဲရှိ ရွှယ်ယွိရှန့်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

"ကျီဝူရွှမ်.. ငါသာ မင်းနေရာမှာဆိုရင် နန်ဝူမြို့တော်ရဲ့ အပြင်ဘက်ကို ထွက်လာမှ မဟုတ်ဘူး.. အခုတော့ မင်းက လူသားမျိုးနွယ်စုက ကျင့်ကြံသူတွေကို အလဟဿ အသေခံခိုင်းနေတာပဲ"

ရွှယ်ယွိရှန့်က ကျီဝူရွှမ်ကို အေးစက်စက် ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

သူက ကျီဝူရွှမ်နှင့် တိုက်ခိုက်ရန် အလျင်မလိုခဲ့ပေ။

ကျီဝူရွှမ်၏ စွမ်းရည်သည် သူ့ထက် အနည်းငယ်ပို၍ အားကောင်းသည်။

သို့သော် သူသာ အစွမ်းကုန် ရင်ဆိုင်မည်ဆိုလျှင် ကျီဝူရွှမ်သည် သူ့ကို ချက်ချင်း အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ယခု သွေးဝိညာဥ် မျိုးနွယ်စု၏ အလုံးစုံအင်အားက လူသားမျိုးနွယ်စုထက် အသာစီးရနေရခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ကျီဝူရွှမ်ကို ထိန်းထားရန်သာ လိုအပ်၏။

ကျီဝူရွှမ်ကို ထိန်းထားနိုင်သည်နှင့် လူသား မျိုးနွယ်စုသည် ဤတိုက်ပွဲကို သေချာပေါက် ရှုံးနိမ့်လိမ့်မည် မဟုတ်ပါလော။

"ရွှယ်ယွိရှန့်.. နင့်ရဲ့ သွေးဝိညာဥ်မျိုးနွယ်စုကမှ ကိုယ့်သေလမ်း ကိုယ်ရှာနေတယ်လို့ ငါထင်တယ်"

ကျီဝူရွှမ်က ရွှယ်ယွိရှန့်ကို အရေးမစိုက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူမက စတင် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သူမ၏ စွမ်းရည်က ရွှယ်ယွိရှန့်ထက် အနည်းငယ် အားကောင်းသော်လည်း တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် တစ်နေ့လုံး တစ်ညလုံး တိုက်ခိုက်သည့်တိုင် အနိုင်ရသူကို အဖြေထုတ်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် အလောတကြီး မတိုက်ခိုက်ဘဲ အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်သည်က ပိုကောင်းသည်မဟုတ်ပါလော။

ကျီဝူရွှမ်နှင့်ရွှယ်ယွိရှန့်တို့ ကောင်းကင်ယံထက်တွင် တစ်ဦးကို တစ်ဦး ရင်ဆိုင်နေချိန်တွင် အောက်ဘက်တွင်လည်း တိုက်ပွဲက အလွန်တရာ ပြင်းထန်နေခဲ့သည်။

သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၃၆ဦးအနက် ၂၆ဦးသည် လူသားမျိုးနွယ်စုမှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၂၈ဦးနှင့် ရင်ဆိုင်နေခဲ့ကြ၏။

ကျန်ရှိနေသော မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၈ဦးကိုမူ ရွှယ်ဟောင်ကန်း ကိုယ်တိုင် ဦးဆောင်၍ ကျန်းချန် ဆီသို့ ဦးတည်လာခဲ့ကြသည်။

ရွှယ်ဟောင်ကန်း၏ ရည်ရွယ်ချက်မှာ လူသားဧကရာဇ် အသစ် ကျန်းချန်ကို သတ်ဖြတ်ရန် ဆိုသည်မှာ သိသာထင်ရှားနေ၏။

"ကျန်းချန်.. မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၈ဦးထဲက ၁ဦးကို ငါနဲ့ ညီမလေးဖုန်းအာ တာဝန်ယူလိုက်မယ်"

သူတို့ကို ဝိုင်းရံထားသော မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၈ဦးကို ကြည့်ရင်း မုန့်ချင်းရွှယ်၏ လှပသောမျက်နှာလေးသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာ တို့တွင် အထူးခန္ဓာကိုယ်များရှိပြီး သူတို့၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည်လည်း အလွန်ပင်လျင်မြန်၏။

သူမတို့ နှစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားက သာမန်ထက် ကျော်လွန်နေသော်လည်း အင်ပါယာနယ်ပယ် အလယ်အလတ် အဆင့်သို့သာ ရောက်ရှိနေသေးသည်။

နှစ်ယောက်သား ပူးပေါင်းလိုက်လျှင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ယှဥ်နိုင်မည် ဖြစ်သော်လည်း အန္တရာယ် အလွန်များပြား၏။

ယနေ့ အချိန်အခါတွင် ကျန်းချန်အတွက် မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် ပိုလာရုံဖြင့် သိပ်မထူးခြားတော့ပေ။

ဆိုရလျှင် သူမတို့ နှစ်ယောက်သည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ယောက် အတွက်မျှဖြင့် စွန့်စားရန် မလိုအပ်ချေ။

"မလိုဘူး.. မင်းတို့နှစ်ယောက် ငါသူတို့ကို သတ်ဖြတ်တာ ဘေးကပဲ စောင့်ကြည့်နေ.. ငါ့အတွက် မဟာအင်ပါယာကို သတ်ဖြတ်တာ ကြက်သတ်သလောက်ပဲ"

ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သူ၏ လေသံသည် ယုံကြည်မှုအပြည့် ရှိနေခဲ့၏။

"ဟားဟား လူသားဧကရာဇ်ကျန်းချန်.. မင်းက အတော်လေးလေလုံးထွားတဲ့ကောင်ပဲ.. မင်းရဲ့အစွမ်းအစနဲ့ ငါတို့ကို ဘယ်လိုသတ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ရွှယ်ဟောင်ကန်းက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

ထို့‌နောက်တွင် ကြောက်မက်ဖွယ် မကောင်းဆိုးဝါး အရှိန်အဝါများ ထွက်ပေါ်နေသော လက်စွဲတော်ဓားဖြင့် ဓားကွက်ကို ထုတ်ဖော်လိုက်ရာ ဆန်းကြယ်သောသွေးဓားအလင်းသည် ပေထောင်ချီ ကွာဝေးသော လေထုကို တိုက်ရိုက်ပင် ဖြတ်သန်းသွားခဲ့သည်။

ရွှယ်ဟောင်ကန်းသည် သွေးဝိညာဥ်မျိုးနွယ်စု၏ မျိုးဆက်သစ် သွေးအင်ပါယာ ဖြစ်၍ သာမန် လူတစ်ဦးမဟုတ်ပေ။

သူက အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး သွေးဥပဒေသကို နားလည်မှုတွင် ဒုတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ယခင် သွေးအင်ပါယာ၏သွေးဓားကို အမွေဆက်ခံခြင်းနှင့်အတူ သူ၏တိုက်ခိုက်ရေးစွမ်းအင်သည် သာမန် မဟာအင်ပါယာအဆင့် ကျင့်ကြံသူထက်ပင် ပို၍ အားကောင်း၏။

သို့သော်လည်း ဤမျှလောက် တိုက်ခိုက်ရေးစွမ်းရည်သည် ကျန်းချန် သတ်ဖြတ်ခဲ့သော သွေးဘုရင်များထက်ပင် များစွာ အဆင့်နိမ့်နေခဲ့သည် ဖြစ်ရာ ကျန်းချန်ကို မည်ကဲ့သို့ ထိခိုက်စေနိုင်ပါမည်နည်း။

ကျန်းချန်က သူ၏လက်ကို အသာအယာ ဆန့်ထုတ်ကာ သူ့ရှေ့ရှိ လေထုကို ညင်သာစွာ ထိတွေ့လိုက်သည်။

တစ်ခဏအတွင်းမှာပင် ဧရာမ လက်ချောင်းတစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သွေးအလင်းကို ချက်ချင်းဆိုသလို ဖျက်ဆီးပစ်လိုက်ကာ ရွှယ်ဟောင်ကန်း၏ သွေးဓားကို ဖိနှိပ်လိုက်သည်။

ထိုအခါ ရွှယ်ဟောင်ကန်း၏ သုံးပေခန့်ရှည်လျားသော သွေးဓားသည် ကွေးကောက်သွားခဲ့သည်။

ထို့အပြင် ရွှယ်ဟောင်ကန်း၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်နေခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

သူ၏ ပုံပန်းသဏ္ဌာန်က ရှေးဟောင်း အထွတ်အထိပ်တောင် တစ်လုံးဖြင့် ဖိနှိပ်ခံရနေသကဲ့သို့ပင်။

သူက အားကုန်သုံး၍ ရုန်းကန်သည့်တိုင် ထိုလက်ချောင်းကို ရင်ဆိုင်ရန် ခက်ခဲနေခဲ့၏။

ထိုအချိန်တွင် ရွှယ်ယွိရှန့်သည် ကျန်းချန် ထုတ်ဖော်ထားသည့် ဧရာမလက်ချောင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒါက နတ်တစ်ပိုင်းအဆင့်ရဲ့ စွမ်းအားပဲ.. ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

ရွှယ်ယွိရှန့်သည် ဧရာမလက်ချောင်းကို ကြည့်ရင်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

သူ၏ အမူအရာက အလွန်တရာ တုန်လှုပ်နေခဲ့ပြီး ပါးစပ်ကနေလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ရွှယ်ယွိရှန့်သည် နတ်စွမ်းအားကို ကောင်းစွာရင်းနှီးသည်။

ကျန်းချန် ယခုထုတ်ဖော်ထားသော ဧရာမလက်ချောင်းသည် မူလစွမ်းအားဖြင့် စုဖွဲ့ထားခြင်း မဟုတ်ဘဲ နတ်စွမ်းအားဖြင့် စုဖွဲ့ထားမှန်း သူက ကောင်းစွာ ခံစားနိုင်ခဲ့သည်။

ဤသည်က နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူမှသာလျှင် ထုတ်သုံးနိုင်သည့် နတ်စွမ်းအား ဖြစ်၏။

အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူသာလျှင် မွေးဖွားနိုင်သည့် နတ်စွမ်းအားသည် လူသားဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် မည်ကဲ့သို့ မွေးဖွားလာရပါသနည်း။

"ဟားဟား ရွှယ်ယွိရှန့်.. နင်တို့ သွေးဝိညာဥ် မျိုးနွယ်စုက ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီ"

ကျန်းချန်၏ ထူးခြားသော တိုက်ခိုက်မှုကို ကြည့်ရင်း ကျီဝူရွှမ်က ခဏမျှ မှင်တက်နေခဲ့သော်လည်း သိပ်မကြာခင်မှာပင် သူမ၏ လှပသောမျက်နှာထက်တွင် အပြုံးတစ်ခု ရှားရှားပါးပါး ဖြစ်ပေါ်လာခဲ့သည်။

သူမ၏ သားသည် သူမကို အမှန်တကယ်ပင် အံ့အားသင့်စေခဲ့သည်။

ကျန်းချန်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့် နတ်စွမ်းအားကို မည်ကဲ့သို့ အသုံးပြုနိုင်မှန်း သူမ မသိသော်လည်း နတ်စွမ်းအား ဆိုသည်မှာ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူသာလျှင် ပိုင်ဆိုင်နိုင်သော စွမ်းအား ဖြစ်သည်။

သို့ဖြစ်ရာ ယခု ကျန်းချန်၏ ခန္ဓာကိုယ်ထဲတွင် နတ်တစ်ပိုင်းအဆင့် စွမ်းအားရှိနေခြင်းသည် နတ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။

သူမသာ ရွှယ်ယွိရှန့်ကို ထိန်းထားနိုင်သရွေ့ သွေးဝိညာဥ်မျိုးနွယ်စုတွင် ကျန်းချန်ကို မည်သူမှ ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။

"ဟမ့် ကျီဝူရွှမ်.. မင်းပျော်တာ အရမ်းစောနေတယ်လို့ မထင်ဘူးလား"

ရွှယ်ယွိရှန့်က သုန်မှုန်သော အမူအရာဖြင့် အေးစက်စက်‌ ရေရွတ်လိုက်သည်။

သူ့အမြင်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်သာ ဖြစ်၍ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ မည်သို့မှ မဖြစ်နိုင်ပေ။

ကျန်းချန်က ကံကောင်းစွာဖြင့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စွမ်းအားကို ထုတ်ဖော်နိုင်သော ပစ္စည်းတစ်ခုခုအား ရရှိခဲ့ခြင်းသာ ဖြစ်ရပေမည်။

ထိုပစ္စည်းထံမှ နတ်စွမ်းအား ကုန်ဆုံးသွားသည်နှင့်အမျှ ကျန်းချန်တွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်သည့် ပြိုင်ဘက်ကင်း စွမ်းရည်မျိုး ရှိနေလျှင်ပင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၈ယောက် သို့မဟုတ် ၉ယောက်၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် မည်သို့မျှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ လာပြီ"

သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာ၈ပါးက ရွှယ်ဟောင်ကန်း အန္တရာယ်ရှိနေသည်ကိုမြင်လျှင် ကျယ်လောင်စွာကြုံးဝါးလိုက်ကြပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ထုတ်ဖော်ထားသည့် ဧရာမလက်ချောင်းကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာ ၈ပါး၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကမ္ဘာကြီးပင် တုန်ခါစေခဲ့သည်။

ကျန်းချန်၏ ဧရာမ လက်ချောင်းသည် အဆုံးသတ်တွင် ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ လေထုထဲတွင် တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့၏။

"လူသားဧကရာဇ်ကျန်းချန်.. ငါအနေနဲ့ မင်းရဲ့ပါရမီကို မယှဥ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ်.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ ပါရမီရှိနေပါစေ.. ဒီနေ့ ဒီနေရာမှာ မင်းသေချာပေါက် ကျဆုံးရလိမ့်မယ်.. အားလုံးပဲ ငါနဲ့အတူပူးပေါင်းပြီး လူသားဧကရာဇ်ကို သတ်ပစ်ကြရအောင်"

ရွှယ်ဟောင်ကန်းက အေးစက်စက်ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ၈ဦးနှင့်ပူးပေါင်းကာ ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့သည်။

အခန်း(၁၄၉၉)ပြီး၏။

အခန်း(၁၅၀၀)

ရွှယ်ဟောင်ကန်းသည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၈ဦးနှင့်အတူ ကျန်းချန်ကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ဥပဒေသ စွမ်းအားမျိုးစုံသည် ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့၏။

ဆယ်မိုင် ပတ်လည်ရှိ နေရာလွတ်သည် အရာအားလုံးကို ဖျက်ဆီးနိုင်သော သွေးပင်လယ် အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က ထိုသွေးပင်လယ်ထဲတွင် အချိန်မရွေးဖျက်ဆီးခံရနိုင်မည့် လှေတစ်စင်း ပမာ ဖြစ်နေခဲ့၏။

"ဟားဟား မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၉ဦးရဲ့ ပူးပေါင်းစွမ်းအားက ဘယ်ဆိုးလို့လဲ.. ဒါပေမဲ့ မင်းတို့၉ယောက်လောက်နဲ့တော့ ငါ့ကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး"

ကျန်းချန်က ခပ်ထေ့ထေ့ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ထိုရွှေရောင်အလင်းသည် အလင်းတိုင်တစ်တိုင်ကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီးနောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် အင်ပါယာခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် ဥပဒေသခုနစ်မျိုး၏ စွမ်းအားကို ပေါင်းစည်းလိုက်ရာ ခုနစ်ရောင်ခြယ် နတ်အလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်၏ ပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ်ကောင်းသော သွေးပင်လယ်ကြီးသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ဖျက်ဆီးခံလိုက်ရသည်။

အဆုံးသတ်တွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၉ယောက်ပင် ထိုကြောက်မက်ဖွယ်ကောင်းသော ခုနစ်ရောင်ခြယ် နတ်အလင်းရောင်ကြောင့် ပေရာချီ အကွာအဝေးသို့ နောက်ဆုတ်လိုက်ရ၏။

"အားလုံးပဲ အစွမ်းကုန် ထုတ်သုံးပြီး လူသားဧကရာဇ်ကို သတ်ပစ်ရအောင်"

သူတို့၉ယောက်၏ ပူးပေါင်းစွမ်းအားကို ကျန်းချန်က အလွယ်တကူ တားဆီးလိုက်သည်အား မြင်လျှင် ရွှယ်ဟောင်ကန်းသည် အံ့အားသင့်သွားခဲ့ပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

သူ၏ အရှေ့မှ လူသားဧကရာဇ်အသစ်၏ တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။

လူသားဧကရာဇ်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်ပင် သူတို့ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ၉ယောက် ပူးပေါင်းတိုက်ခိုက်မှုကို အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့သည် မဟုတ်ပါလော။

လူသားဧကရာဇ်ကို ယနေ့ မသတ်ဖြတ်နိုင်ဘဲ ကြီးထွားဖို့အခွင့်အရေး ပေးမိခဲ့လျှင် အနာဂတ်တွင် သူတို့ သွေးဝိညာဥ်မျိုးနွယ်စုသည် လူသားဧကရာဇ်ကို မည်သို့မှ ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ချေ။

ထိုအချိန်သို့ရောက်လျှင် လူသားဧကရာဇ်သည် သွေးဝိညာဥ်မျိုးနွယ်စုအတွက် ကပ်ဘေးများကို သယ်ဆောင်လာမည်မှာ သေချာသလောက် ဖြစ်၏။

"သတ်ကြ"

ရွှယ်ဟောင်ကန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး အင်ပါယာခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို ထုတ်‌ဖော်လိုက်သည်။

သူ၏ပုံသဏ္ဌာန်က ရှေးခေတ် သွေးနတ်ဆိုးတစ်ပါး ကဲ့သို့ သွေးအလင်းများဖြင့် တောက်ပနေခဲ့၏။

ထို့နောက်တွင် ရွှယ်ဟောင်ကန်းသည် လက်စွဲတော် သွေးဓားဖြင့် ကျန်းချန်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

ရွှယ်ဟောင်ကန်း၏ ပတ်ပတ်လည်ရှိ မဟာအင်ပါယာအဆင့်ကျင့်ကြံသူ ၈ဦးသည်လည်း အင်ပါယာ ခန္ဓာကိုယ်ကို အသီးသီး ထုတ်ဖော်လိုက်ကြကာ ကျန်းချန်ကို အပြင်းထန်ဆုံး တိုက်ကွက်များဖြင့် တိုက်ခိုက်လိုက်ကြသည်။

"ဟမ့် ပုရွက်ဆိတ်လေးတွေကများ ငါနဲ့ ရင်ဆိုင်ချင်နေသေးတယ်.. ဒီဧကရာဇ်က မင်းတို့နဲ့အချိန်ဖြုန်းဖို့ စိတ်မပါတော့ဘူး"

"ဥပဒေသများကို လက်နက်အဖြစ်ပေါင်းစည်းခြင်း.. ဟန်ယွမ်ဓား စုဖွဲ့စေ"

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လက်ဟန်များကို ထုတ်ဖော်ကာ ဥပဒေသများကို လက်နက်အဖြစ်ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်အား ထုတ်ဖော်လိုက်သည်။

"ဝုန်း.."

ဥပဒေခုနစ်ခု၏ စွမ်းအားသည် သူ၏ ဦးခေါင်းအထက်တွင် လှည့်လည်နေခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ခုနစ်ရောင်ခြယ် ရှေးဟောင်းဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က ဥပဒေသခုနစ်မျိုး၏ စွမ်းအားဖြင့် ပေါင်းစပ်ဖန်တီးထားသော ရှေးဟောင်းဓားကို ဟန်ယွမ်ဓားဟု အမည်ပေးထားခဲ့၏။

ကျန်းချန်က သူ့ဆီသို့ ဦးစွာပြေးဝင်လာသော မဟာအင်ပါယာတစ်ပါးကို တိုက်ခိုက်လိုက်သည်။

တစ်ခဏအတွင်းမှာပင် မိုးမြေတစ်ခွင်ကို လွှမ်းမိုးထားသော ခုနစ်ရောင်ခြယ် ဓားအလင်းသည် အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်၍ အတားအဆီးအားလုံးကို ထိုးဖောက်၍ မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးဝိညာဥ် မျိုးနွယ်စုမှ မဟာအင်ပါယာ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းသွားခဲ့သည်။

"ပျက်စီးစမ်း"

ကျယ်လောင်သော အော်ဟစ်သံ တစ်သံကို ကြားလိုက်ရပြီးနောက်တွင် သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ၏ အင်ပါယာခန္ဓာကိုယ်သည် ခုနစ်ရောင်ခြယ် ဓားအလင်းအောက်တွင် ကြေမွသွားခဲ့သည်။

အင်ပါယာခန္ဓာကိုယ် ပြိုပျက်သွားပြီးနောက်တွင် မဟာအင်ပါယာ၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။

"မသတ်ပါနဲ့"

သူ့ထံသို့ ကျရောက်လာသော ခုနစ်ရောင်ခြယ် ဓားအလင်းကိုကြည့်ကာ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

သို့သော် ထိုအင်ပါယာ၏ စကားမဆုံးခင်မှာပင် ခုနစ်ရောင်ခြယ် ဓားအလင်းသည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို တစ်ပြိုင်နက်တည်းပင် အမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ကျန်းချန်သည် ယခင်ကလည်း ဥပဒေသစွမ်းအားများကို ပေါင်းစည်းကာ မဟာအင်ပါယာကို သတ်ဖြတ်နိုင်ခဲ့သည်။

ယခုအခါတွင် သူ၏မူလစွမ်းအားသည် နတ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ရာ သူ၏ ဥပဒေသ ခုနစ်မျိုးကို အသုံးပြုသော စွမ်းအားသည်လည်း ယခင်ထက်ပို၍ များစွာ အားကောင်းလာခဲ့ပြီ ဖြစ်၏။

မဟာအင်ပါယာအဆင့် ကျင့်ကြံသူပင် သူ၏ ဓားကွက်တစ်ကွက်ကို ခုခံရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။

"မဟာအင်ပါယာကို ဓားကွက်တစ်ကွက်တည်းနဲ့ သတ်ပစ်လိုက်တယ်လား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မဟာအင်ပါယာအဆင့် ကျင့်ကြံသူကို ကျန်းချန်က ဓားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကိုမြင်လျှင် ကျန်းချန်ကို ဝိုင်းရံထားသည့် ရွှယ်ဟောင်ကန်း အပါအဝင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ၇ယောက်၏ စိတ်နှလုံးသည် အေးစက်သွားခဲ့သည်။

သို့သော်လည်း ကိစ္စက ဤအခြေအနေကို ရောက်ရှိလာပြီ ဖြစ်ရာ သူတို့အနေဖြင့် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။

သူတို့က ထိတ်လန့်ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ဟန်ယွမ်ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ အလွန်တရာ တောက်ပသော ခုနစ်ရောင်ခြယ်ဓားအလင်း ၈ခုသည် ရွှယ်ဟောင်ကန်းနှင့် မဟာအင်ပါယာ ၇ယောက် ဆီသို့ ပျံသန်းသွားခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ရုတ်တရက် လေထုထဲတွင် တုန်လှုပ်ပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့၏။

ရွှယ်ဟောင်ကန်းတို့ မဟာအင်ပါယာ ၈ယောက်သည် ခုနစ်ရောင်ခြယ် ဓားအလင်းအောက်တွင် ဖိနှိပ်ခံခဲ့ရ၏။

ထို့နောက်တွင် သူတို့၏ ခန္ဓာကိုယ်များသည် ခုနစ်ရောင်ခြယ်ဓားအလင်း၏ လက်ချက်ဖြင့် ချေမှုန်းခံလိုက်ရသည်။

ရွှယ်ဟောင်ကန်း တစ်ယောက်သာလျှင် နောက်ဆုံးအချိန်တွင် ခုနစ်ရောင်ခြယ် ဓားအလင်းကို ပိတ်ဆို့ရန်အတွက် နတ်အဆင့် အကာအကွယ်ကို အသုံးပြုလိုက်မှသာ လွတ်မြောက်ခဲ့သည်။

တခြားသော မဟာအင်ပါယာအဆင့် ကျင့်ကြံသူအားလုံးကမူ လုံးဝပင် သတ်ဖြတ်ခံလိုက်ရ၏။

ဆိုရလျှင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၇ပါးသည် တစ်ချိန်တည်းမှာပင် ကျဆုံးသွားခဲ့ကြသည်။

လေထုထဲတွင် အင်ပါယာ သွေးစက်များသည် မိုးရေစက်များကဲ့သို့ ကျဆင်းလာခဲ့ပြီး ဆယ်မိုင်ပတ်လည်ရှိ ပတ်ဝန်းကျင်ကို သွေးရောင်အဖြစ်သို့ ဆေးဆိုးပစ်လိုက်၏။

ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ်တိတ်ဆိတ်သွားခဲ့သည်။

အစောပိုင်းက တိုက်ခိုက်နေကြသော မျိုးနွယ်စု နှစ်ခုလုံးမှ ကျင့်ကြံသူများသည် ရုတ်တရက် ရပ်တန့်သွားခဲ့ကြသည်။

သူတို့က လေထုထဲကနေ ကျဆင်းလာသည့် အင်ပါယာသွေးစက်များကို ကြည့်ကာ မှင်တက်နေခဲ့ကြပြီး ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။

"ဒါက ငါတို့ အရှင်မင်းကြီးရဲ့စွမ်းအားလား.. အရမ်းကို ကြောက်ဖို့ကောင်းတာပဲ"

"ဟားဟား အရှင်မင်းကြီးရှိနေသရွေ့ ဒီနေ့ တိုက်ပွဲမှာ ငါတို့လူသားမျိုးနွယ်စုက အနိုင်ရလိမ့်မယ်"

"............"

လူသားမျိုးနွယ်စုမှ ကျင့်ကြံသူ အများအပြားသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် မျက်နှာထက်၌ ဝမ်းသာသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့၏ လူသားဧကရာဇ်ကို မဟာအင်ပါယာ ၉ပါးက ဝိုင်းရံတိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် သူတို့၏ လူသားဧကရာဇ်သည် မဟာအင်ပါယာ ၈ဦးကို တစ်ခဏအတွင်းသတ်ဖြတ်ပစ်လိုက်သည်။

သွေးအင်ပါယာသည်ပင် နတ်အဆင့် အကာအကွယ် မရှိခဲ့လျှင် သူတို့ လူသားမျိုးနွယ်စုမှ အရှင်မင်းကြီး၏ ဓားအောက်တွင် ကျဆုံးသွားခဲ့လိမ့်မည် ဖြစ်၏။

သူတို့ လူသားမျိုးစုတွင် ထိုကဲ့သို့ ဧကရာဇ်အသစ် တစ်ပါးရှိနေခဲ့ပြီ ဖြစ်ရာ အဘယ်ကြောင့် သွေးဝိညာဥ်မျိုးနွယ်စုကို စိုးရိမ်စရာ လိုအပ်ပါတော့မည်နည်း။

စိတ်လှုပ်ရှားနေသော လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများနှင့်ယှဥ်လျှင် သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများ၏ မျက်နှာသည် အလွန်တရာပင် ဖြူဖျော့နေခဲ့ကြသည်။

ဤတစ်ကြိမ် အဆုံးဖြတ်တိုက်ပွဲတွင် သူတို့ သွေးဝိညာဥ်မျိုးနွယ်စု၏ အကြီးမားဆုံး အားသာချက်မှာ ဘိုးဘွားပိုင်သွေးရေကန်ကနေ ဖန်တီးထားသော မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၁၀ယောက် ဖြစ်သည်။

သို့သော် ထိုမဟာအင်ပါယာအဆင့် ကျင့်ကြံသူများသည် သူတို့ရှေ့တွင် ရှိနေသည့် လူသားဧကရာဇ်အသစ်၏ လက်ချက်ဖြင့် ဟင်းသီးဟင်းရွက်များ ပမာ အလွယ်တကူ ခုတ်ပိုင်းခံရလိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ကြပေ။

ဆိုရလျှင် လူသားဧကရာဇ် အသစ်သည် သူတို့ သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကို ကြက်သတ်သကဲ့သို့ပင် အလွယ်တကူ သတ်ဖြတ်ခဲ့၏။

ယခုအခါတွင် သူတို့သည် ဤလူသားမျိုးနွယ်စုမှ ဧကရာဇ်အသစ်ကို မတားဆီးနိုင်မည်အား စိုးရိမ်နေခဲ့ကြသည်။

လေထုထဲရှိ ကျီဝူရွှမ်သည် သူမရှေ့မှမြင်ကွင်းကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

"ရွှယ်ယွိရှန့် ဒီတစ်ကြိမ် အဆုံးဖြတ်တိုက်ပွဲမှာ ရှင်တို့ သွေးဝိညာဥ်မျိုးနွယ်စုက ရှုံးနိမ့်သွားခဲ့ပြီ"

ထိုစကားကိုကြားလျှင် ရွှယ်ယွိရှန့်၏ မျက်နှာသည် အလွန်တရာပင် သုန်မှုန်နေခဲ့၏။

မူလက သူသည် လူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ်က ကံကောင်းထောက်မစွာဖြင့် နတ်အဆင့် စွမ်းအားများ ပါဝင်နေသည့် ပစ္စည်းတစ်စုံတစ်ရာကို ရရှိခဲ့ပြီး ထိုနတ်အဆင့်စွမ်းအား ကုန်ဆုံးသွားသည်နှင့် စိုးရိမ်စရာ မလိုလောက်တော့ဟု ထင်မြင်ခဲ့သည်။

ယခုမှသာ သူသည် ကျန်းချန်၏ ခန္ဓာကိုယ်တွင် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်သော နတ်စွမ်းအားကို အမှန်တကယ် မွေးဖွားနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ထို့အပြင် လူသားဧကရာဇ်ကျန်းချန် နတ်စွမ်းအားဖြင့် အသုံးပြုခဲ့သော ဥပဒေသများကို လက်နက်အဖြစ်ပေါင်းစည်းခြင်းနည်းစနစ်သည် အောက်နယ်မြေမှ နည်းစနစ်မဟုတ်ပေ။

ဆိုရလျှင် ဤ လူသားဧကရာဇ်အသစ်သည် နတ်ဘုရားနယ်မြေမှ အမွေအနှစ် တချို့ကို သေချာပေါက် ရရှိခဲ့ပုံရ၏။

အခန်း(၁၅၀၀)ပြီး၏။

All Chapters