← Chapters

အပိုင်း ၃၉၁-၃၉၃

Vol. 27 Ch. 391-393

အပိုင်း ၃၉၁-၃၉၃

Vol. 27 Ch. 391-393

အခန်း (၃၉၁) မင်္ဂလာဦးခန်းဝင်ခြင်း

"ဆရာ ရှန်ချင်းဟန်ဆိုတဲ့နာမည်ကို ရင်းနှီးနေသလိုပဲ။ သူ့ကို သိနေတယ်လို့ ခံစားရတယ်..."

လော့ချန်းရွှယ်သည် သူမ၏မှတ်ဉာဏ်များမှတစ်ဆင့် အသိပြန်ဝင်လာပြီး အတော်လေးထူးဆန်းစွာဖြင့် ပြောလိုက်မိသည်။ ထိုစကားကို ကြားသည့်အခါတွင် ယွမ်သုန်ကျီ၏အမူအရာက ပြောင်းသွားကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။

"ဘာဖြစ်လို့လဲ။ မင်းရဲ့ ဆရာတူညီမပြောတာမှန်သမျှက အမှန်တွေများ ဖြစ်နေမလား။"

"ကျွန်မလည်းမသိဘူး။"

လော့ချန်းရွှယ်က ခေါင်းခါပြလိုက်သည်။ သူမသည် ယွမ်သုန်ကျီဖြင့် မတွေ့ခင်အချိန်က မှတ်ဉာဏ်များကို ပျောက်ဆုံးနေရှာသည်။ မှတ်ဉာဏ်အားလုံးနီးပါးက ဝိုးတဝါးပုံရိပ်များသာ ဖြစ်သည်။ သို့တိုင် ရှန်ချင်းဟန်ဟုသောနာမည်ကိုမူ အမှန်တကယ် ရင်းနှီးနေပေသည်။

ခေတ္တမျှတွေးပြီးနောက်တွင် ယွမ်သုန်ကျီက မေးလိုက်သည်။

"လင်းဇီချန်ဆိုတဲ့နာမည်ကရော။ အဲ့နာမည်ကိုရော ရင်းနှီးလား။"

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကလေးဘဝကတည်းက အချစ်ဦးများဖြစ်သည့်အတွက် ငယ်ငယ်လေးကတည်းကပင် မခွဲအတူရှိနေကြကာ လော့ချန်းရွှယ်က ရှန်ချင်းဟန်ကို သိလျှင် လင်းဇီချန်ကိုပါ သိနိုင်ပေသည်။

"လင်းဇီချန်...."

လော့ချန်းရွှယ်က ထိုနာမည်ကို ရေရွတ်လိုက်ပြီး စိတ်ထဲတွင် ဝိုးတဝါးပုံရိပ်က စတင်ပေါ်လာသည်။ ရှန်ချင်းဟန်ဟုသောနာမည်ကို ပြောခဲ့စဉ်က ကဲ့သို့ပင် ယခုတွင်လည်း ထိုမျက်နှာသည် မရှင်းမလင်းဖြင့် ကောက်ကြောင်းလောက်ကိုသာ ပြန်မှတ်မိနိုင်သည်။ သို့သော်လည်း ထိုနာမည်ကိုမူ ရှန်ချင်းဟန်၏နာမည်ထက်ပင် ပို၍ရင်းနှီးနေသည်။

လော့ချန်းရွှယ်က ယွမ်သုန်ကျီကို ကြည့်၍ ပြောလိုက်သည်။

"ဆရာ လင်းဇီချန်ဆိုတဲ့နာမည်ကိုလည်း အတော်လေးရင်းနှီးနေတယ်။ ရှန်ချင်းဟန်နာမည်ထက်တောင်မှ ပိုပြီးရင်းနှီးနေသေးတယ်။"

ထိုစကားကြောင့် ယွမ်သုန်ကျီ အံ့ဩသွားမိသည်။ ဆရာတူညီမနာမည်ထက်ပင် လင်းဇီချန်နာမည်ကို ပို၍ရင်းနှီးနေသည်။

လင်းဇီချန်နဲ့ ဘယ်လိုများ ပက်သက်မှုရှိတာလဲ

လော့ချန်းရွှယ်က ကလေးဘဝက လင်းဇီချန်ကို ကြိုက်ခဲ့ဖူးတာများလား

ဖြစ်နိုင်ပေသည်။

လင်းဇီချန်သည် ငယ်စဉ်ကတည်းကပင် အထင်ကြီးစရာကောင်းလှသည်။ သူမ ကလေးဘဝကတည်းကပင် ပညာရေးနှင့်ကိုယ်ခံပညာနှစ်ခုလုံးတွင် ထူးချွန်ခဲ့ကာ ရုပ်ရည်ကလည်း ကြည့်ကောင်းပြီး ကျောင်းတွင်လည်း သေချာပေါက် နာမည်ကျော်ကြားသူဖြစ်ပေမည်။ မိန်းကလေးများကိုဆွဲဆောင်နိုင်သည်မှာ သဘာဝကျပေသည်။

လင်းဇီချန်၏ကိုယ်ရေးအကျဉ်းကို မြင်ပြီးနောက်တွင် ငယ်စဉ်ကတည်းကပင် မည်မျှထူးချွန်ပြီး မိန်းကလေးတိုင်း၏မျက်လုံးထဲတွင် မင်းသားလေးဖြစ်နေသည်ကို သိလိုက်သည်။ သူမနှင့်လင်းဇီချန်သာ သက်တူရွယ်တူဖြစ်ပါလျှင် သူမသည်လည်း ဆွဲ‌ဆောင်ခံရမည်ဖြစ်ကာ ပရိတ်သတ်တစ်ဦးဖြစ်လာနိုင်သည်ဟု မိမိဘာသာ ဝန်ခံပေသည်။ အနှစ်ရှစ်ဆယ်လောက်ကွာသော အသက်အရွယ်ကွာဟချက်ကြောင့် ထိုသို့မဖြစ်နိုင်ကာ မိမိသည် လင်းဇီချန်၏အဘွားအရွယ်ဖြစ်နေသည့်အတွက် ခံစားချက်မရှိခြင်းဖြစ်သည်။ အသက်ကွာခြားချက်က ဆယ်စုနှစ်တစ်ခုစာလောက်သာဆိုလျှင် လူငယ်လေးတစ်ဦးကို နှစ်သက်နေသည့်အမျိုးသမီးတစ်ဦး အခြေအနေသို့ ဖြစ်နိုင်ပေသည်။ စိတ်ဆန္ဒများက မကျေနပ်နိုင်သော အသက်သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက်သည် အားအင်ပြည့်ဝနေသောအသက် (၁၈) နှစ်ကောင်လေးထံတွင် သေချာပေါက်အဆွဲဆောင်ခံနိုင်ရပေမည်။ သူမသည် မသင့်တော်သောအကြောင်းအရာကို ခေတ္တမျှ တွေးလိုက်မိသည်။

လော့ချန်းရွှယ်၏အရွယ်ရောက်ပြီးသားခန္ဓာကိုယ်ကို ထိကြည့်ရင်းဖြင့်ယွမ်သုန်ကျီက ပြောလိုက်သည်။

"မင်းက မူလမြေက ဒေသခံပဲ။ ဘယ်လိုလုပ် ကမ္ဘာပေါ်မှာ မူလတန်းကျောင်းတက်ဖူးရမှာလဲ။"

"ကျွန်မ ဘာမှထပ်မမှတ်မိတော့ဘူး။"

လော့ချန်းရွှယ်၏အကြည့်တို့က ပို၍ရှုပ်ထွေးသွားရဟန်တူသည်။ ယွမ်သုန်ကျီကမူ ဘာမှထပ်မပြောတော့ပေ။ လော့ချန်းရွှယ်၏ဆံပင်ဖြူတို့ကို သပ်၍ သိမ်မွေ့သောအသံဖြင့် ပြောလိုက်သည်။

"ခဏလောက်ကြာရင် အဲ့နှစ်ယောက် ဂြိုလ်သားလူသားပါရမီရှင်အဖွဲ့ထဲမှာပါဖို့ မူလမြေကို ဝင်လာတော့မှာ။ အဲ့ကျမှ မင်းသူတို့နဲ့ ဆက်သွယ်ကြည့်ပြီး အရင်နေ့ရက်တွေအကြောင်းကို ပြန်ပြောကြည့်ပေါ့။အရင်မှတ်ဉာဏ်တွေ ပြန်ရလာနိုင်ပါတယ်။"

"အင်း။"

လော့ချန်းရွှယ်က အသာအယာပင် ပြန်ဖြေလိုက်သည်။

သူမ၏တုံ့ပြန်မှုက သာမန်ကာလျှံကာမျှသာ ဖြစ်သည်။ ယွမ်သုန်ကျီမှလွဲ၍ သူမသည် အခြားသူများနှင့် အဆက်အဆံမလုပ်ချင်ပေ။ မိမိတစ်ဦးတည်းသာ နေလိုပေသည်။

…

ကမ္ဘာမြေပေါ်တွင်မူ လင်းဇီချန်သည် ဖုန်းကို စစ်ဆေးပြီးသည်နှင့် မျက်လုံးမှိတ်ကာ တစ်ရေးအိပ်လိုက်သည်။ ဆယ်မိနစ်ခန့်အိပ်ပြီးနောက်တွင် ပြန်ထလာသည်။ အတော်လေးလန်းဆန်းသွားသည်ဟု ခံစားလိုက်ရသဖြင့် အိပ်ရာမှထကာ ဧည့်ခန်းထဲသို့ လျှောက်လာပြီး ချီချင်းမော့ကို ချီသွေးလွှဲပြောင်းပေးရန်အတွက်ပင် ဖြစ်သည်။

ယခင်က ချီချင်းမော့က အသိပေးသောအခါမှသာ လင်းဇီချန်က လုပ်ပေးသည်။ ယခုတွင်မူ မတူတော့ပေ။ လင်းဇီချန်ကိုယ်တိုင်ပင် ချီချင်းမော့၏ထိပ်ဆုံးစွမ်းအားသို့ ရောက်သွားစေလိုကာ ပိုင်နက်သတ်မှတ်ရန်အတွက်ခုခံရေးအခင်းအကျင်းပြင်ဆင်ပေးစေလိုသည်။ ထို့ကြောင့် သူက ပို၍တက်ကြွနေ၏။ မသက်မသာမခံစားရသည့်တိုင်အောင် ချီချင်းမော့ဘေးတွင် အချိန်ပြည့်နေချင်ကာ ကောင်းကင်လူသားသခင်ကို ချီသွေးများ လွှဲပြောင်းပေးချင်နေသည်။

"ကောင်းကင်လူသားသခင် ကျွန်တော် နားလို့ပြီးပါပြီ။"

လင်းဇီချန်က ကြေးခေါင်းတလားနားသို့ ရောက်လာပြီး သားရဲအမြုတေကိုလေ့လာနေသော ချီချင်းမော့ကို ပြောလိုက်သည်။ ထိုစကားကြောင့် ချီချင်းမော့သည် သားရဲအမြုတေကို ပြန်သိမ်းလိုက်ပြီး ခြေတံရှည်လေးကိုမ၍ ခေါင်းတလားထဲတွင် ပြန်လဲလျောင်းလိုက်သည်။

"လာခဲ့။"

ချီချင်းမော့သည် လှပသောမျက်လုံးလေးများကို ဖြည်းဖြည်းချင်းပိတ်လိုက်ပြီး အသံသည် သာယာနာပျော်ဖွယ်ကောင်းလှသည်။ လင်းဇီချန်လည်း အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် သွေးဆေးလုံးကို မျိုချလိုက်သည်။ ထို့နောက်တွင် ရှေ့သို့ တစ်လှမ်းတိုးသွားပြီး ကြေးခေါင်းတလားအစွန်းတွင် ထိုင်ကာ ချီသွေးကို သူမ၏တာအိုဝတ်ရုံမှတစ်ဆင့် ချီချင်းမော့၏ရင်ဘတ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

"လက်တစ်ဖက်တည်းသုံးတာက မလုံလောက်ဘူး။ နှစ်ဖက်လုံးသုံး။"

ချီချင်းမော့က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သူမသည် သေမျိုးလောကသို့ ဆင်းသက်လာပြီးဖြစ်သဖြင့် ဝိညာဉ်သည် သက်ရှိတို့၏အဆီအနှစ်ဖြစ်ကာ အသားသည် ဝိညာဉ်ကို ထိန်းသိမ်းရန်အတွက် ဆက်စပ်ပေးသောခန္ဓာကိုယ်ဟု မှတ်ယူထားသည်။ လင်းဇီချန်၏လုပ်ရပ်အတွက် မည်သို့မျှ မနေပေ။ သူမကလည်း ဂရုမစိုက်သောကြောင့် လင်းဇီချန်သည်လည်း တွန့်ဆုတ်မနေတော့ဘဲ ချီချင်းမော့၏ဝတ်ရုံပေါ်သို့ နောက်လက်တစ်ဖက်ကို တင်ပြီး ချီသွေးများကို လွှဲပြောင်းပေးလိုက်သည်။ လက်နှစ်ဖက်က ပို၍အလုပ်ဖြစ်သည်။ ချီသွေးစွမ်းအားများက သူမ၏ခန္ဓာကိုယ်ထဲသို့ မနားမနေစီးဝင်နေသည်ကို ခံစားမိသဖြင့် ချီချင်းမော့သည် ပျော်ရွှင်သည့်အရိပ်အယောင်မျိုးကိုထုတ်ပြလိုက်မိသည်။

မိုးခေါင်ပြီးမှ မိုးရွာချလာသကဲ့သို့ သူမသည် အတော်လေးသဘောတွေ့နေသည်။ လင်းဇီချန်သည် ချီချင်းမော့၏သာယာနေသောမျက်နှာကို ကြည့်ကာ မအံ့ဩမိဘဲ မနေနိုင်ပေ။ ချီချင်းမော့သည် လောကကြီးသို့ဆင်းသက်လာပြီး စိတ်ခံစားချက်များ၊ စိတ်ဆန္ဒများကို ခံနိုင်ရည်ရှိသည်ဟု ထင်ခဲ့မိသည်။ ပစ္စည်းများအပေါ်တွင်တွယ်တာခြင်း၊ ဝမ်းနည်းပူဆွေးခြင်းနှင့် ကိုယ်ရေးကိုယ်တာအငြှိုးများ မရှိဟု ထင်ခဲ့မိသည်။ သူမ၏တစ်ခုတည်းသောဆန္ဒသည် ဆင့်ကဲပြောင်းလဲရန်သာ ဖြစ်သည်ဟုထင်ခဲ့သည်။ သို့သော်လည်း ထိုသို့လုံးဝမှန်နေသည့်ပုံမပေါ်ပေ။ ချီချင်းမော့တွင် အခြားသောစိတ်ဆန္ဒများ ရှိနေသေးသည်။ သူမ၏ခန္ဓာကိုယ်က သာယာမှုကို ခံစားနိုင်သည်။ ဝိညာဉ်စွမ်းအားဆိုင်ရာကျေနပ်နေခြင်းမျိး မဟုတ်ပေ။

'စွမ်းအားအများကြီးပိုင်ဆိုင်ထားတဲ့ ကောင်းကင်လူသားသခင်လို စွမ်းအားကြီးတဲ့မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ သွေးသားဆန္ဒ မွေ့လျော်ဖူးသလားဆိုတာကို သိချင်မိသား။"

အခန်း (၃၉၂) မင်္ဂလာဦးခန်းဝင်ခြင်း (၂)

"အဲ့လိုမျိုး ယောက်ျားသာရှိရင် အဲ့ယောက်ျားက သူနဲ့လိုက်ဖက်ညီဖို့အတွက် ဘယ်လောက်တောင် အားကောင်းလိုက်မလဲ။"

"အဲ့လိုမဟုတ်ရင်လည်း အထင်ကြီးစရာ‌ကောင်းသား။ နှစ်ဒီလောက်အကြာကြီးကို ဖြူဖြူစင်စင်နဲ့နေလာာတာ။ အထီးကျန်တာကို အတော်ခံနိုင်ရည်ရှိတာပဲ။"

လင်းဇီချန်သည် ချီချင်းမော့ကို ချီသွေးလွှဲပြောင်းပေးရင်းဖြင့် ထိုသို့တွေးနေမိ၏။

....

အချိန်ကတရွေ့ရွေ့ကုန်ဆုံးနေသည်။ မကြာခင်တွင်ပင် အခန်းထဲတွင် အိပ်နေသောရှန်ချင်းဟန် နိုးလာပြီး အပြင်ထွက်လာသည်။ သူမသည် အိပ်မှုံစဝါးဖြင့် မျက်လုံးကိုပွတ်ကာ ညအိပ်ဝတ်စုံပါးပါး‌လေးဖြင့် ဧည့်ခန်းထဲသို့ ထွက်လာသည်။ သို့သော်လည်း အမြန်ပင် သူမအသိဝင်ကာ မျက်လုံးပြူးသွားရသည်။ လင်းဇီချန်၏လက်နှစ်ဖက်လုံးသည် ချီချင်းမော့၏ဝတ်ရုံထဲတွင် ဝင်နေသည်။ မျက်လုံးပြူးကျယ်သွားကာ စိတ်ထဲ၌လည်း စူးရှသောခံစားချက်က မြင့်တက်လာသည်။ စူးရှခြင်းမဟုတ်ဘဲ အနည်းငယ်မျှသဝန်တိုခြင်းသာ ဖြစ်၏။

"နိုးလာပြီလား"

ရှန်ချင်းဟန်တစ်ယောက် အခန်းပြင်ထွက်လာသည်ကို မြင်သောအခါတွင် လင်းဇီချန်က အသာပြုံး၍ ပြောလိုက်သည်။ ရှန်ချင်းဟန်သည် ကြေးခေါင်းတလားအနီးမှ ဆိုဖာနားသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ ပျင်းရိသောလေသံဖြင့် ပြောလိုက်သည်။

"အင်း နိုးပြီ။"

ပြောပြီးနောက်တွင် သူမသည် ခြေထောက်မြှောက်ကာ လင်းဇီချန်၏ပေါင်ပေါ်တွင် တင်လိုက်ပြီး ခြေထောက်လှုပ်ရင်းဖြင့် ချိုသာစွာ ပြုံးလိုက်သည်။

"ဇီချန် ဒီည ဘာစားချင်လဲ။ ငါနင့်အတွက်ချက်ပေးမယ်။"

လင်းဇီချန်က ခေတ္တမျှစဉ်းစားပြီးနာက်တွင် ပြောလိုက်သည်။

"ကြမ်းတမ်းလင်းယုန်သားကြော်နဲ့ ဝိညာဉ်သစ်သီးသုပ်။"

ဆန်းကြယ်သားရဲအသားထဲတွင် ကြမ်းတမ်းလင်းယုန်သားသည် သာမန်အသားများထဲမှ ကြက်သားနှင့်ဆင်တူပြီး နေ့ရက်တိုင်းနီးပါး စားပေး၍ရသည်။

"စားချင်တာရှိသေးလား။"

"မရှိတော့ဘူး။"

"ဆန်းကြယ်သားရဲနို့ရော။"

"အဲ့လိုဆို ဆန်းကြယ်သားရဲနို့နည်းနည်းသောက်ကြတာပေါ့။"

စကားအနည်းငယ်မျှပြောပြီးနောက်တွင် နှစ်ဦးသား ညနေစာစားမည်ကို ဆုံးဖြတ်လိုက်ကြသည်။ ချီချင်းမော့ကိုမူ မမေးဖူးကြပေ။ ချီချင်းမော့သည် စားသောက်စရာမလိုသောသူမျိုး ဖြစ်သည်။ သူမသည် အားပြန်ဖြည့်ရန် စားသောက်စရာမလိုပေ။ သွေးကိုစုပ်ယူပြီး ခေါင်းတလားထဲတွင် လဲနေရန်သာ လိုသည်။ သူမစားချင်သည်ကို ‌မေးခြင်းက အဓိပ္ပာယ်မရှိလှပေ။

....

နာရီဝက်ခန့်ကြာပြီးနောက်တွင် ရှန်ချင်းဟန်သည် ကြမ်းတမ်းလင်းယုန်အသားကြော်တစ်ပန်းကန်၊ ဝိညာဉ်သစ်သီးသုပ်တစ်ပန်းကန်နှင့် အခြားအရာများကိုယူလာပြီး လင်းဇီချန်ဘေးတွင်ထိုင်ပြီး ကျွေးနေကာ သူမကိုယ်တိုင်လည်း စားနေပြီး ချစ်စဖွယ်အမူအရာ ပြုမူနေသည်။ ချီချင်းမော့ရှေ့တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ချစ်ပြနေခြင်းမဟုတ်ပေ။ လင်းဇီချန်လက်များ မအားသောကြောင့် သူမက လင်းဇီချန်ကို ကိုယ်တိုင်ခွံ့ကျွေးနေခြင်း ဖြစ်သည်။ နှစ်ဦးသား ရိုးရှင်းသောညစာကို ပျော်ရွှင်စွာ စားသောက်နေကြသည်။ ရှန်ချင်းဟန်သည် ပန်းကန်များကိုပြန်သိမ်းကာ မီးဖိုချောင်ထဲတွင် ဆေးကြောပြီးနောက် ဆိုဖာပေါ်တွင် လာထိုင်ကာ အတွင်းကြောမှတ်များကို ထိုးနှက်နေရင်းဖြင့် သူမ၏အင်အားကိုတိုးတက်အောင်လုပ်နေသည်။

သုံးနာရီခန့် အတွင်းကြောမှတ်များ ထိုးနှက်ပြီးနောက်တွင် ရှန်ချင်းဟန်လည်း ပင်ပန်းသွားသဖြင့် နားလိုက်ရသည်။ သူမသည် ဘေးနားမှလင်းဇီချန်ကို တစ်ချက်ကြည့်လိုက်သည်။ လက်များက ချီချင်းမော့ရင်ဘတ်ပေါ်တွင် တင်ထားဆဲပင်ဖြစ်ပြီး ချီသွေးစွမ်းအားကို အဆက်မပြတ်လွှဲပြောင်းပေးနေဆဲပင်ဖြစ်၏။ ထိုသို့လွှဲပြောင်းပေးရခြင်းသည် အစပိုင်းတွင် အနည်းဆုံးဆယ်နာရီခန့်ကြာတတ်သည်။ အမှန်ပင် နှိပ်စက်ရာကျပေသည်။ လင်းဇီချန် မည်သို့ခံစားနေရသည်ကိုမူ ရှန်ချင်းဟန်မသိပေ။ သူမသည် နှိပ်စက်နေသည်ဟု ခံစားနေရသည်ကိုသာ သိသည်။

ယခင်တစ်ခေါက်ကလည်း လင်းဇီချန်သည် အခန်းထဲ၌ သူမနှင့်နီးစပ်နေပြီးဖြစ်သည်။ သို့သော်လည်း လင်းဇီချန်သည် လွှဲပြောင်းခြင်းလုပ်ငန်းစဉ်တွင်သာ အာရုံစိုက်နေသောကြောင့် သူမဘာသာ တိုးတက်အောင်သာ ကြိုးစားနေလေသည်။

"ကောင်းကင်လူသားသခင် ကျွန်မရဲ့ချီသွေးကိုရော လွှဲပြောင်းပေးလို့ရမလား။"

လင်းဇီချန်ကိုကြည့်ကာ ရုတ်တရက်ပင် သူမက ချီချင်းမော့ကို ပြောလိုက်သည်။ လင်းဇီချန်တစ်ဦးတည်းအတွက်သာ ဝန်ထုပ်ဝန်ပိုးမဖြစ်လိုပေ။

ချီချင်းမော့သည် ရှန်ချင်းဟန်၏ခန္ဓာကိုယ်ထဲမှ ချီသွေးစွမ်းအားကို တန်ဖိုးမထား၍မဟုတ်ပေ။ သူမသည် စမ်းကြည့်ချင်သောကြောင့် ပြောလိုက်သည်။

"မင်းက စမ်းကြည့်ချင်တယ်ဆိုမှတော့ လာပြီးစမ်းကြည့်ပါ။"

ရှန်ချင်းဟန်သည် ငြင်းခံလိုက်ရမည်ဟုထင်သဖြင့် သူမဘာသာ ပြင်ဆင်ထားသည်။ ချီချင်းမော့က သဘောတူလိုက်သည်ကို ကြားသောအခါတွင် လှပသောမျက်နှာလေးက အံ့ဩသွားရှာသည်။

အသိပြန်ဝင်လာပြီးနောက်တွင် ချက်ချင်းပင် ကြေးခေါင်းတလားရှိရာသို့ ရောက်လာပြီး လင်းဇီချန်ဖြင့် မျက်နှာချင်းဆိုင်အစွန်းတွင်ထိုင်ပြီး ညာဘက်လက်ကိုမြှောက်လိုက်သည်။ လင်းဇီချန်က ဘယ်ဘက်လက်တင်ထားသည်ကို မြင်သောကြောင့် သူမသည်လည်း ကောင်းကင်လူသားသခင်၏ခန္ဓာကိုယ်ထိတွေ့ချင်နေသည်။

'မလွယ်ဘူးပဲ...အာ...'

'နောက်ဆုံးတော့ ငါလည်း ကောင်းကင်လူသားသခင်ရဲ့ခန္ဓာကိုယ်ကို ထိရတော့မယ်။'

"ဘယ်လိုမျိုး ဖြစ်နေမလဲဆိုတာ မသေချာဘူး။"

မျှော်လင့်ချက်အချို့ဖြင့် ရှန်ချင်းဟန်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ကို တာအိုဝတ်ရုံထဲသို့ ထည့်လိုက်ပြီး လင်းဇီချန်လုပ်သည့်အတိုင်းပင် ချီချင်းမော့၏ရင်ဘတ်ပေါ်တွင် လက်ကို ထားလိုက်သည်။ ထို့နောက်တွင် လက်ဖဝါးထဲ၌ ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး ချီချင်းမော့၏ပစ္စည်းများက မည်မျှပြည့်ပြည့်တင်းတင်းရှိသည်ကို အံ့ဩနေမိသည်။ ထိုပစ္စည်းများက ယောက်ျားတိုင်းကို ရူးသွပ်အောင်လုပ်နိုင်သောအရာမျိုးပင် ဖြစ်သည်။

"မြန်မြန် ချီသွေးစွမ်းအားကို လွှတ်လေ။"

ရှန်ချင်းဟန်သည် လက်တင်ပြီး မည်သည့်တုံ့ပြန်မှုမှ မရှိသည်ကို မြင်သောကြောင့် ချီချင်းမော့က ပြောလိုက်ရသည်။ ထိုပြောသံကို ကြားသည့်အခါမှ ရှန်ချင်းဟန်သည် တွန့်ဆုတ်စွာဖြင့်ချီသွေးစွမ်းအားကို လွှဲပြောင်းပေးလိုက်သည်။ ချီသွေးစွမ်းအားထွက်လာသည်နှင့် ရှန်ချင်းဟန်သည် သူမခန္ဓာကိုယ်မှ ချီသွေးများက လျင်မြန်စွာ လျော့သွားကာ ခန္ဓာကိုယ်ထဲသို့ ပြွန်တစ်ခုထည့်၍ သွေးများ သွန်ထုတ်လိုက်သည်ဟုပင် ခံစားမိသည်။

စက္ကန့်ပိုင်းအတွင်းပင် သူမသည် တစ်ကိုယ်လုံးလွှမ်းမိုးခံလိုက်ရသည်ဟု ခံစားမိသည်။ ခန္ဓာကိုယ်သည် အပေါက်ဖြစ်သွားသည်ဟု ခံစားလိုက်ရပြီး ခြေထောက်များကပင် အင်အားနည်းလာပြီး အမြင်ကလည်း မှောင်မိုက်သွားသည်။ တစ်ကိုယ်လုံးက ယိမ်းနွဲ့နေပြီး ခေါင်းတလားပင် လဲကျတော့မည်ဆဲဆဲဖြစ်၏။

"မင်းမကိုင်တွယ်နိုင်ရင် မလုပ်နဲ့တော့။ လက်ကိုပြန်သိမ်းလိုက်တော့။"

ချီချင်းမော့က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

ရှန်ချင်းဟန်၏ချီသွေးသည် အားနည်းလွန်းသောကြောင့် စက္ကန့်ပိုင်းလောက်အတွင်းတွင်ပင် မေ့လဲမတတ်ဖြစ်သွားရသည်။ ဆက်လုပ်နေလျှင် ထိုမိန်းကလေးသည် နေရာတွင်ပင် သေသွားမည်ကို ချီချင်းမော့က စိတ်ပူသောကြောင့်ပင် ဖြစ်၏။ အဓိကပြဿနာမှာ ရှန်ချင်းဟန်၏ချီသွေးက အားနည်းလွန်းသောကြောင့်သာဖြစ်သည်။ ဆက်မလုပ်စေလိုတော့ပေ။

ယခုတွင်မူ လင်းဇီချန်ကိုသာ လက်နှစ်ဖက်လုံးဖြင့် ချီသွေးလွှဲပြောင်းပေးစေလိုသည်။

"တောင်းပန်ပါတယ် ကောင်းကင်လူသားသခင် ကျွန်မရဲ့ချီသွေးစွမ်းအားက အားနည်းလွန်းတာပါ။"

ရှန်ချင်းဟန်သည် သူမလက်ကို ပြန်သိမ်းလိုက်ပြီး ဖျော့တော့သောအသံဖြင့် ပြောလိုက်သည်။ သူမသည် အမှားလုပ်မိသောကလေးသည် ခေါင်းငုံ့ကာ မိဘများထံမှ ဆူခံရမည်ကို ကြောက်နေသည်နှင့်တူသည်။ ချီချင်းမော့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"မင်းရဲ့အားက ဝိညာဉ်စွမ်းအားမှာရှိတာ။ ချီသွေးအားနည်းတာကို စိတ်ပျက်နေစရာမလိုဘူး။"

လင်းဇီချန်ကလည်း နှစ်သိမ့်ပေးလိုက်သည်။

"ကောင်းကင်လူသားသခင်ပြောတာမှန်တယ်။ မင်းရဲ့အင်အားက မင်းရဲ့ဝိညာဉ်စွမ်းအားမှာရှိတာ။ ဝိညာဉ်စွမ်းအားတိုးတက်ဖို့ပဲ အာရုံစိုက်ပါ။ ချီသွေးစွမ်းအားနည်းတာကို စိတ်ပျက်နေစရာမလိုဘူး။"

ထိုသို့ပြောပြီးနောက်တွင် ချီချင်းမော့၏တာအိုဝတ်ရုံကို ထိကာ လက်နှစ်ဖက်ဖြင့် ချီသွေးကို ချီချင်းမော့ဆီသို့ လွှဲပြောင်းပေးလိုက်သည်။ ရှန်ချင်းဟန်သည်မူ စိတ်မချမ်းသာလှပေ။ သူမသည် ခေါင်းငုံ့ကာ ကောင်းကောင်းမလုပ်နိုင်ဟုခံစားရပြီး ချီချင်းမော့ဆူမည်ကို ကြောက်နေရှာသည်။ ကံကောင်းစွာဖြင့် ချီချင်းမော့၏စိတ်သဘောထားက သူမစိတ်ကူးထားသည်ထက် များစွာကောင်းမွန်သည်။ သူမသည် အနည်းငယ်မျှစိတ်တိုင်းမကျသည့်နှင့် လူသတ်တတ်သောသူမျိုးမဟုတ်ပေ။

…

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေသည်။ ထိုသို့ဖြင့် ည (၁၁) နာရီထိုးသွားလေပြီ။

လင်းဇီချန်သည် သွေးလွှဲပြောင်းပေးခြင်း ပြီးသည်နှင့် အတော်လေးပင်ပန်းနေပြီဖြစ်ကာ ရှန်ချင်းဟန်နှင့်အတူ အိပ်ရာထက်တွင်လဲလိုက်ပြီး နားလိုက်သည်။ ချီချင်းမော့ကမူ ကြေးခေါင်းတလားထဲတွင် လဲကာ အနားယူနေသည်။ မနက်ဖြန်မနက်တွင် လင်းဇီချန်၏သွေးလွှဲပြောင်းပေးမည်ကို တွက်ချက်ကာ မူလမြေ၌ အချိန်တစ်ခုတိုက်ခိုက်၍ရသည်ကို ပြင်ဆင်နေသည်။

....

အခန်းထဲတွင်မူ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အဝတ်များချွတ်၍ စောင်အောက်တွင် ခန္ဓာကိုယ်ဗလာဖြင့်နေကာ အတူတူအိပ်နေကြသည်။ မိမိတို့သည် အဝတ်ဗလာဖြင့်နေခြင်းကို ပထမဆုံးစမ်းကြည့်ပြီးကတည်းက ထိုသို့အိပ်ရသည်ကို အတော်လေးသဘောကျသွားကြသည်။ သက်တောင့်သက်သာရှိသကဲ့သို့ ကျန်းမာရေးနှင့်လည်း ညီညွတ်သည်။

"ဇီချန် လောကကြီးက ပိုပိုပြီး အန္တရာယ်များလာတယ်လို့ ခံစားရတယ်။ ငါတို့က‌လေးဘဝတုန်းကလိုမျိုး မလုံခြုံတော့ဘူး။"

ရှန်ချင်းဟန်က စိုးရိမ်တကြီးဖြင့် ပြောကာ လင်းဇီချန်၏ခန္ဓာကိုယ်ကို သူမ၏လက်လေးဖြင့်နှိပ်နှယ်ပေးနေသည်။ လင်းဇီချန်ကလည်း သူမကို ပြန်၍နှိပ်နှယ်ပေးလိုက်ပြီး ပြောလိုက်သည်။

"ကလေးဘဝတုန်းကလိုမျိုး မလုံခြုံတော့ဘူးဆိုတာ အမှန်ပဲမလား။"

"ဒါပေမဲ့လို့ ငါတို့သွေးမျိုးဆက်စွမ်းအားအဆင့်ကလည်း အတော်လေးတိုးတက်လာပြီလေ။ အဲ့ဒါကြောင့် အများကြီးစိတ်ပူနေစရာမလိုတော့ဘူး။"

"ပိုပြီးအရေးကြီးတာက ငါတို့တွေက ကောင်းကင်လူသားသခင်ကို အားကိုးလို့ရနေပြီ။ သူက ငါတို့ကို ကာကွယ်ပေးမှာလေ။"

လင်းဇီချန်က ချီချင်းမော့၏စွမ်းအားကို ယုံကြည်သည်။ သူမသာရှိနေလျှင် မိမိနှင့်ရှန်ချင်းဟန်တို့သည် လုံခြုံမည်ဟု ခံစားမိသည်။

ရှန်ချင်းဟန်ကမူ လင်းဇီချန်ကဲ့သို့ မဟုတ်ပေ။ နှုတ်ခမ်းလေးဆူကာ ပြောလိုက်သည်။

"အရမ်းအန္တရာယ်များတယ်လို့ ထင်မိတုန်းပဲ။ ရုတ်တရက် ဘယ်အချိန်သေနိုင်မလဲဆိုတာကို မသိနိုင်ဘူး။"

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

"ဖြစ်မလာသေးတဲ့ဟာတွေကို စိတ်ပူမနေနဲ့။ ငါတို့တွေက သတ်တာနဲ့ အသားကျနေပြီလေ။"

"ဒါပေမဲ့ အဲ့လိုဆိုရင်ရော။"

ရှန်ချင်းဟန်သည် ပြောရင်းဖြင့် စောင်အောက်မှ သူမလက်ကို ပြန်ရုတ်၍ လင်းဇီချန်၏မျက်နှာကို ညင်သာစွာပွတ်သပ်ကာ ပြောလိုက်သည်။

"ဇီချန် ငါက မသေခင်မှာ လုပ်သင့်တာမှန်သမျှကို လုပ်ချင်တာ။"

သူမသည် မသေခင်တွင်လုပ်သင့်သည့်ကိစ္စမှန်သမျှကို လုပ်သွားချင်သည်။ သူမ၏အဓိပ္ပာယ်ကို လင်းဇီချန်က နားလည်သည်_ ချစ်တင်းနှောချင်ခြင်းပင် ဖြစ်၏။ လင်းဇီချန်သည်လည်း စိတ်လှုပ်ရှားမိသည်။ ထိုမြင်ကွင်းမျိုးကို စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ကြည့်ဖူးသော်လည်း အမှန်တကယ်ဖြစ်လာသောအချိန်တွင်မူ စိတ်ခံစားချက်များက ပြင်းထန်နေသည်။ ထို့ကြောင့် လွန်စွာပါးလွှားသည့် XXကွန်ဒုံးတစ်ခုကို ထုတ်လိုက်သည်။

ရှန်ချင်းဟန်က ပြောလိုက်သည်။

"ဒါက ငါ့ရဲ့ပထမဆုံးအကြိမ်....အဲ့ဒါမသုံးချင်ဘူး..."

'ကိုယ်ဝန်ရသွားရင်ရော'

မလွယ်လှပေ။ သို့သော် ထိုသို့ဖြစ်လာရင်ရော

"ဖြစ်လာရင်လည်း ဆက်လုပ်ကြတာပေါ့။ ကောင်းပြီ။ ကွန်ဒုံးမသုံးတော့ဘူး။"

အခန်း (၃၉၃) ကိုယ်ဝန်ရှိရင်လည်းမွေးလိုက်ကြတာပေါ့

ခင်ပွန်းနှင့်ဇနီးသည်လုပ်မည့်အရာမျိုးကို လုပ်ကြမည်သာ ဖြစ်သည်....။

ထိုစကားကို ကြားသည့်အခါတွင် လင်းဇီချန်၏တည်ငြိမ်နေသောစိတ်သည် လှိုင်းထသွားသည်။ ခန္ဓာကိုယ်က နွေးထွေးလာသည်။ ခန္ဓာကိုယ်တွင်းမှ ချီသွေးက မြင့်တက်လာသည်။ ခင်ပွန်းနှင့်ဇနီးသည်တို့ အိပ်ရာထဲတွင် လုပ်ရမည့်အရာကို ရှန်ချင်းဟန်ဖြင့်လုပ်ရန် အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ကြည့်ဖူးသည်။ သို့‌သော်လည်း မည်သည့်အခါမှ စတင်မလှုပ်ရှားခဲ့ပေ။တရားဝင်လက်ထပ်ပြီးသောအခါမှသာ ထိုသို့လုပ်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။ ယခုတွင် ရှန်ချင်းဟန်က ဦးစွာ စပြောလာသဖြင့် မိမိ၏စိတ်အတွင်း၌ ဖိနှိပ်ထားရသောစိတ်ဆန္ဒသည် ကြာရှည်စွာတောင့်ခံမထားနိုင်တော့ပေ။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ မစောင့်နိုင်တော့ပေ။

"လုပ်မှာလား"

ရှန်ချင်းဟန်၏မက်မွန်းပန်းပွင့်မျက်လုံးလေးသည် တောက်ပသွားကာ မျက်ဝန်းတွင်းမှ စိတ်ဆန္ဒတို့က ပို၍နက်ရှိုင်းလာသည်။ သူမသည် ထိုနေ့ကို စောင့်ဆိုင်းနေရသည်မှာ အတော်ကြာနေပြီဖြစ်ပြီး လင်းဇီချန်ကစရန် အမြဲမျှော်လင့်ခဲ့သည်။ လင်းဇီချန်က စတင်မလှုပ်ရှားသောကြောင့် သူမကိုယ်တိုင်ကသာ ဦးစွာစရတော့သည်။ မိန်းကလေးအနေဖြင့် ထိုကိစ္စကိုစတင်ရန်မသင့်တော်သော်လည်း ရှန်ချင်းဟန်က ဆက်၍မစောင့်နိုင်တော့ပေ။ နေ့တိုင်း အဝတ်ဗလာဖြင့် တူတူအိပ်ကြသည်။ နေ့တိုင်း ရေတူတူချိုးကြသည်။ ထိုအခြေအနေမျိုးတွင် ရှန်ချင်းဟန်၏စိတ်ဆန္ဒက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပြီး လင်းဇီချန်နှင့်အတူ ကိစ္စများကို ပို၍လုပ်ရန် လိုအပ်လာသည်။

လင်းဇီချန်သည် မိမိရှေ့မှ ရှန်ချင်းဟန်ကို ငုံ့ကြည့်လိုက်ပြီး သူမ၏လှပသောခန္ဓာကိုယ်ကို ဂရုတစိုက်ဖြင့် ကြည့်လိုက်သည်။ အသားအရေက ဖြူဖွေးနူးညံ့၍ ချောမွေ့နေသည်။ အပေါ်ပိုင်းနှင့်အောက်ပိုင်း နှစ်ခုလုံးတွင် ရှိသင့်သည့်ခန္ဓာကိုယ်ကောက်ကြောင်းများရှိပြီး ကောင်းမွန်စွာဖွံ့ဖြိုးနေပြီဖြစ်ကာ ဆွဲဆောင်မှုရှိသည့်အဆင့်ဖြစ်သည်။

"ငါ့ဘေးမှာ ဒီလိုမျိုးငယ်ချစ်ဦးလေးရှိနေတာကို ဒီနှစ်တွေမှာ မင်းကို ဝါးမျိုပစ်ချင်တဲ့စိတ်ကို ဘယ်လိုတောင်ထိန်းချုပ်ထားရလဲဆိုတာ မင်းမသိဘူး...."

လင်းဇီချန်က မိမိဘာသာစဉ်းစားလိုက်မိသည်။ ပို၍စဉ်းစားမိလေလေ ပို၍စိတ်ဆန္ဒများက ပြင်းထန်လာလေလေဖြစ်သည်။ ဘာမှမပြောသည်ကို မြင်သောကြောင့် ရှန်ချင်းဟန်က မလုပ်ချင်ဟုသာ ထင်လိုက်ပြီး စိတ်ခံစားချက်ပြောင်းသွားကာ ပြောလိုက်သည်။

"ဇီချန် နင်မလုပ်ချင်..."

"ငါမလုပ်ချင်ဘူးလို့ ဘယ်သူပြောလဲ"

လင်းဇီချန်သည် ရှန်ချင်းဟန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမနှုတ်ခမ်းနားလေးသို့ ကပ်၍ ပြောလိုက်သည်။

"အစက ငါတို့လက်ထပ်ပြီး လက်ထပ်မှတ်ပုံတင်ရခါမှ နောက်ဆုံးအဆင့်ကို လုပ်ကြမယ်လို့ ဆုံးဖြတ်ထားတာ။"

"ဒါပေမဲ့ ဒီညတော့ မင်းက အရင်စတာဆိုတော့ ဒီညပဲ မင်းနဲ့အတူ နောက်ဆုံးအဆင့်ကို လုပ်ကြမယ်။"

"လက်ထပ်ပြီးတဲ့အထိ မစောင့်နိုင်တော့ဘူး။"

ထိုသို့ပြောကာ လင်းဇီချန်သည် ရှန်ချင်းဟန်၏ချယ်ရီနှုတ်ခမ်းလေးကို နမ်းလိုက်ပြီး နွေးထွေးမှုနှင့်ညင်သာမှုကို ခံစားလိုက်မိသည်။ ရှန်ချင်းဟန်၏ခန္ဓာကိုယ်က အနည်းငယ်မျှ တုန်ယင်သွားပြီး မျက်နှာက တင်းမာသွားသည်။ ခေတ္တမျှကြာပြီးနောက်တွင် သူမသည်လည်း လင်းဇီချန်၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး ပြန်နမ်းလိုက်သည်။ ဆယ်မိနစ်ကျော်ကြာအောင် တင်းကျပ်စွာဖြင့် အပြန်အလှန် နမ်းရှိုက်နေကြသည်။

နောက်ဆုံးတွင် နှုတ်ခမ်းကိုခွာလိုက်ကြသည်။ လင်းဇီချန်က လက်မြှောက်ကာ အဝေးရှိပစ္စည်းများကို ထိန်းချုပ်သည့်အစွမ်းဖြင့် အံဆွဲကိုဖွင့်ကာ ထိုအံဆွဲထဲတွင် တစ်နှစ်နီးပါး အတိုင်းသားနေနေရသည့် ကွန်ဒုံးများကို ဆွဲထုတ်လိုက်သည်။ ထိုကွန်ဒုံးများသည် ကောလိပ်စဝင်စက ကျန်းဝမ်ရှင်းပေးထားသောအရာများ ဖြစ်သည်။

ကံမကောင်းစွာဖြင့် မိမိတို့၏ဆက်ဆံရေးသည် နောက်ဆုံးအဆင့်ထိ မရောက်နိုင်ကြပေ။ ရလဒ်အနေဖြင့် ထိုကွန်ဒုံးများကို ယခုထိ မထိရသေးဘဲ တစ်ခုပင် မလျော့သေးပေ။

လင်းဇီချန်သည် တစ်ခုကိုဖောက်လိုက်ပြီး မစ်ခ်တီးအရည်နှင့်တူသည့် အရည်များရောနေသည့်ကွန်ဒုံးကို ထုတ်လိုက်သည်။ ထိုအရာကို သုံးရန် ပြင်လိုက်စဉ်တွင်ပင်ရှန်ချင်းဟန်က နှုတ်ခမ်းလေးထော်ကာ ပြောလိုက်သည်။

"ဒီညက ငါတို့ရဲ့ပထမဆုံးအကြိမ်ပဲ။ အဲ့ဒါကို မသုံးချင်ဘူး။"

ထိုစကားကို ကြားသည့်အခါတွင် လင်းဇီချန်သည် ရှန်ချင်းဟန်ကို ကြည့်၍ မေးလိုက်သည်။

"ကိုယ်ဝန်ရသွားရင်ရော"

"ကိုယ်ဝန်ရဖို့က အဲ့လောက်မလွယ်ပါဘူး။"

"အဲ့လိုဖြစ်သွားရင်ရော။"

"အဲ့လိုဖြစ်သွားရင်လည်း အဲ့လေးကို မွေးကြတာပေါ့။"

ရှန်ချင်းဟန်က ပြောလိုက်သည်။ သူမသည် လေးနက်သောဟန်ဖြင့်ပြောနေကာ စနောက်နေခြင်းမျိုး မဟုတ်ပေ။ လင်းဇီချန်သည် ထိုစကားကို ကြားသည့်အခါတွင် ခေတ္တမျှတိတ်ဆိတ်နေမိသည်။ စဉ်းစားကြည့်ပြီးနောက်တွင်မှ ကွန်ဒုံးကိုပြန်သိမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"မင်းပြောတာ နားထောင်မယ်။ ငါတို့ ပထမဆုံးအကြိမ်ဆိုတော့ မသုံးတော့ဘူး။"

"...."

လင်းဇီချန်က ကွန်ဒုံးကို ပြန်သိမ်းလိုက်သည်ကို မြင်သောအခါတွင် ရှန်ချင်းဟန်က နူးညံ့စွာဖြင့် ပြောလိုက်သည်။

"နင်လုပ်ပါ။ ငါက အဲ့ဒါနဲ့ပက်သက်ပြီး အများကြီးသိမထားဘူး။"

မရေမတွက်နိုင်သောဇာတ်ကားများကို ကြည့်ဖူးသောသူမသည် အမှန်တွင် ထိုကိစ္စကို အတော်လေးနားလည်သည်။ သို့သော်လည်း သူမက မစချင်ပေ။ လင်းဇီချန်ကိုသာ ဦးဆောင်စေချင်သည်။ သူမကစ၍ အကြံပေးပြီးဖြစ်သဖြင့် ယခုတွင်လင်းဇီချန် အလှည့်ပင် ဖြစ်သည်။ လင်းဇီချန်ကလည်း အင်းဟုဖြေကာ စတင်ဦးဆောင်လှုပ်ရှားတော့သည်။ သူသည် (၁၉)နှစ်ကြာ တူတူရှိလာသည့် ရှန်ချင်းဟန်ဖြင့် နောက်ဆုံးအဆင့်ကိုတက်လှမ်းရန် အဆင်သင့်ဖြစ်နေကာ အထမြောက်ချင်သည်။

…

နောက်တစ်နေ့မနက်တွင် ကောင်းကင်က အရုဏ်တက်ချိန်၌ အလင်းရောင်ခပ်ရေးရေးသာ လင်းသေးသည်။ လင်းဇီချန်သည် လေးနာရီခန့်အိပ်သော်လည်း ပြတင်းပေါက်အပြင်ဘက်မှအလင်းရောင်ကြောင့် အလိုလိုမျက်လုံးပွင့်လာပြီး နိုးလာသည်။ နိုးလာပြီးနောက်တွင် မျက်လုံးမှိတ်၍ ဆက်မအိပ်တော့ပေ။ ထို့အစား အိပ်ရာမှထပြီး အဝတ်ဝတ်ကာ ဧည့်ခန်းထဲသို့သွား၍ ချီချင်းမော့ကို သွေးလွှဲပြောင်းပေးရန် စီစဉ်လိုက်သည်။ သို့သော်လည်း ဧည့်ခန်းထဲသို့မသွားခင်ကွေးကွေး‌လေးအိပ်နေသောရှန်ချင်းဟန်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ မနေ့ညက သူသည် ရှန်ချင်းဟန်ကို လွန်စွာသ‌ဘောကျခဲ့မိသည်။ စိတ်ကူးထားသည်ထက်ပင် ပို၍သဘောကျမိသည်။

လက်တွဲဖော်ကို အပြည့်အဝပိုင်ဆိုင်ရခြင်းက နှစ်ဦးလုံးအတွက် ပို၍လေးနက်သောမေတ္တာကို ဦးဆောင်စေသည်ဟု မကြာခဏကြားဖူးသည်။ ယခင်က ထိုစကားကို နားမလည်သော်လည်း ယခုတွင်မူ အပြည့်အဝနားလည်သွားပေသည်။

"အရမ်းမစွဲလမ်းစေဖို့ပဲ မျှော်လင့်ပါတယ်။ ကလေးတစ်ယောက်အတွက်က အရမ်းစောလွန်းနေသေးတယ်..."

လင်းဇီချန်က မိမိဘာသာ ပြောလိုက်မိပြီး ရှန်ချင်းဟန်ကို စောင်သေချာခြုံပေးကာ အဲကွန်းကို အပူချိန်အနည်းငယ်ပြောင်းပေး၍ အခန်းထဲမှ တိတ်တဆိတ်ထွက်သွားသည်။

....

ဧည့်ခန်းထဲတွင်မူ ချီချင်းမော့သည် ကြေးခေါင်းတလားပေါ်တွင် ထိုင်ပြီး သားရဲအမြုတေကို လေ့လာနေသည်။ လင်းဇီချန်ထွက်လာသည်ကို မြင်သောအခါတွင် သူမ၏ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသောမျက်လုံးလေးဖြင့်ကြည့်၍ ညင်သာသောလေသံဖြင့် မေးလိုက်သည်။

"မနေ့က အရမ်းကို လူးလိုက်လှိမ့်လိုက်ဖြစ်ခဲ့တာဆိုတော့ ငါ့ကို ချီသွေးလွှဲပြောင်းပေးဖို့ အားကျန်သေးရဲ့လား။"

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် မနေ့ညက အခန်းထဲတွင် အတူတူဖြစ်ခဲ့ကြသည်ကို သူမက ရှင်းလင်းစွာ သိထားပေသည်။

All Chapters