← Chapters

အခန်း ၃၉၄-၃၉၆

Vol. 27 Ch. 394-396

အခန်း ၃၉၄-၃၉၆

Vol. 27 Ch. 394-396

အခန်း (၃၉၄) ကိုယ်ဝန်ရှိရင်လည်းမွေးလိုက်ကြတာပေါ့ (၂)

သူမသည် တိတ်တဆိတ်ချောင်းခဲ့ခြင်းမျိုး မဟုတ်ပေ။ မနေ့ညက ထိုနှစ်ယောက်၏ဆူညံသံများ အနည်းငယ်မျှ လွန်သောကြောင့် သိနေခြင်းသာ ဖြစ်၏။ လင်းဇီချန်သည် ကြေးခေါင်းတလားအစွန်းတွင် ထိုင်ပြီး ပြောလိုက်သည်။

"နည်းနည်းပဲ အိပ်ရသေးတာပါ။ ဒါပေမဲ့လို့ ချီသွေးလွှဲပြောင်းပေးတာအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။"

အဆင့်မြင့်ပဥ္ဇမအဆင့်သက်ရှိဖြစ်သည့်အားလျော်စွာ အိပ်ရန်မလိုအပ်ပေ။ မျက်လုံးမှိတ်၍ အနည်းငယ်မျှအိပ်လိုက်လျှင် တစ်နေ့တာအတွက် အားအင်လုံလောက်ပေသည်။

"သက်ရောက်မှုမရှိဘူးဆိုရင် အခုပဲ ချီသွေးလွှဲပြောင်းတာကို စလိုက်ကြတာပေါ့။"

ချီချင်းမော့သည် ထိုသို့ပြော၍ လက်ထဲမှ သားရဲအမြုတေကို သိမ်းလိုက်ပြီး ခေါင်းတလားပေါ်တွင် လဲလျောင်းလိုက်သည်။ ချီချင်းမော့အဆင်သင့်ဖြစ်သည်ကို မြင်သောအခါတွင် လင်းဇီချန်က ကျွမ်းကျင်စွာဖြင့် လက်နှစ်ဖက်ကို တာအိုဝတ်ရုံပေါ်တွင်တင်ပြီး ချီချင်းမော့၏ရင်ဘတ်ကို ဖိထားကာ ချီသွေးစွမ်းအားကို ထုတ်လွှတ်ပေးလေသည်။

ယခင်က စိတ်သည် ချီသွေးလွှဲပြောင်းပေးနေစဉ်အတောအတွင်းတွင် တည်ငြိမ်ကာ မသန့်ရှင်းသောမည်သည့်အတွေးမှ မဖြစ်ခဲ့ပေ။ သို့သော်လည်း မနေ့ညက အရသာခံပြီးနောက်တွင် စိတ်သည် ယခုတွင် မသင့်တာ်သောအာရုံအမျိုးမျိုးဖြင့်သာ ပြည့်နှက်နေသည်။ ချီချင်းမော့ဖြင့်ခန္ဓာကိုယ်ဖြင့် ထိတွေ့ရသောအခါတွင် အမျိုးသမီးဇာတ်လိုက်၏မသင့်တော်သောပုံရိပ်များက စိတ်ထဲတွင် ထိန်းချုပ်၍မရစွာဖြင့်ချီချင်းမော့အဖြစ် ပြောင်းသွားသည်။

'မဖြစ်သေးဘူး မဟုတ်သေးဘူး။ စိတ်က လေဆင်နှာမောင်းမွှေနေသလိုပဲ။ ကောင်းကင်လူသားသခင်ရဲ့ခန္ဓာကိုယ်ကိုပဲ စဉ်းစားနေမိတယ်။'

လင်းဇီချန်သည် ခက်ခက်ခဲခဲတွေးမိလိုက်ပြီး သွေးလွှဲပြောင်းပေးခြင်းအပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှုရှိသွားသည်။ ထူးခြားသောအပြုအမူကို သတိထားမိသဖြင့် ချီချင်းမော့က မေးလိုက်သည်။

"ငါ့ခန္ဓာကိုယ်ကို စိတ်ကူးနေတာလား။"

လင်းဇီချန်က ခေါင်းခါ၍ ငြင်းလိုက်သည်။

"မဟုတ်ပါဘူး။"

"ကောင်လေး ခေါင်းမာပြီး ငြင်းနေတာထက် စောစောစီးစီးဝန်ခံလိုက်တာ ပိုကောင်းမယ်။"

နှစ်ပေါင်းများစွာနေထိုင်လာသောကြောင့် ယောက်ျားများစွာက သူမ၏ခန္ဓာကိုယ်ကို စိတ်ကူးသည်ကို သိနေသည့်ပုံပေါ်သည်။ လင်းဇီချန်က သူမ၏ခန္ဓာကိုယ်ကို စိတ်ကူးသည်လား စိတ်မကူးသည်လားကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။ သို့သော်လည်း လင်းဇီချန်ကမူ ငြင်းနေဆဲဖြစ်သည်။

"ကောင်းကင်လူသားသခင် စောနကတော့ စိတ်ထဲမှာ ဒီခန္ဓာကိုယ်ကို တွေးလိုက်မိတာ အမှန်ပါ။ ဒါပေမဲ့လို့ ဒါက ခုခံလို့မရတဲ့ ဇီဝဆိုင်ရာဗီဇပါ။ ကောင်းကင်လူသားသခင်ကို အခြားမသင့်တော်တဲ့အတွေးမျိုးတွေ မတွေးဝံ့ပါဘူး။"

ချီချင်းမော့က ပြုံးလိုက်ပြီး

"ငါ့ခန္ဓာကိုယ်ကို စဉ်းစားမိပြီးပြီဆိုရင် စိတ်ကူးတာပဲမဟုတ်လား။"

"မတူပါဘူး။"

ခန္ဓာကိုယ်ဆိုတာ မထူးခြားတဲ့ခန္ဓာကိုယ်အလင်းပေါက်ပဲ။ ဘယ်လောက်ပဲခံစားလို့ကောင်းကောင်း အများကြီးတော့မဟုတ်ဘူး။"

"ဝိညာဥ်ရဲ့သာယာမှုကသာ တကယ်ကျေနပ်စရာကောင်းတာ။"

"မင်းရဲ့ဝိညာဉ်စွမ်းအား ကြီးထွားလာတာနဲ့ ငါပြောတာကို နားလည်လာလိမ့်မယ်။"

ဝိညာဉ်၏သာယာခြင်းကသာ အစစ်အမှန်သာယာခြင်းလား

လင်းဇီချန်က နားမလည်နိုင်သောကြောင့် မည်သို့ဖြစ်နိုင်မည်ကို စိတ်ကူးယဉ်ကြည့်နေမိသည်။ ရှန်ချင်းဟန်ဖြင့်အိပ်ရာထဲတွင် အပြန်အလှန်မေတ္တာမျှပြီးသည်က လုံလောက်စွာသာယာသည်ဟု ထင်မိကာ ထို့ထက်ပို၍မျှော်လင့်ချက်မထားဝံ့ပေ။

"ဒါနဲ့ ကောင်းကင်လူသားသခင် ကျွန်တော်မေးစရာတစ်ခုရှိတယ်။"

လင်းဇီချန်က ရုတ်တရက်ပင် တစ်ခုခုကို သတိရသွားပြီး ချိချင်းမော့ကို မေးချင်မိသည်။

"ဘာများလဲ။"

"ဂမ္ဘီရသစ်ပင်ဂိုဏ်းက မြို့လယ်ကို တိုက်ခိုက်တုန်းက အမြီးကိုးချောင်းမြေခွေးမိစ္ဆာက ကျွန်တော့်အပေါ်မှာ ညှို့ဓာတ်ကျင့်စဉ်တစ်ခု ထားသွားတယ်။ သူပြောတာတော့ အချိန်ကြာလာရင် သူ့ကိုပဲ မျက်စိကျနေပြီး အခြားမိန်းမတွေကို မမြင်နိုင်တော့ဘူလို့ ပြောတယ်။ အဲ့ဒါနဲ့ပက်သက်ပြီး စိတ်ပူမိလို့ပါ။"

"ငါကြည့်ကြည့်မယ်။"

ချီချင်းမော့သည် မျက်လုံးဖွင့်၍ လင်းဇီချန်၏ခန္ဓာကိုယ်ကို အနီးကပ်ကြည့်ရှုကြည့်ပြီး အထဲတွင် ပြဿနာရှိမရှိကို ကြည့်ကြည့်သည်။ ခေတ္တမျှစစ်ဆေးကြည့်ပြီးနောက်တွင် ချီချင်းမော့က ပြောလိုက်သည်။

"ပြဿနာသေးသေးလေးပါ။ မင်းရဲ့နတ်အာရုံပေါ်မှာ စိတ်ခံစားချက်အမှတ်အသား ရိုက်နှိပ်သွားတာ။ ဒါပေမဲ့ ငါမင်းအတွက် ပြန်လုပ်ပေးပြီးပြီ။ အခုကိစ္စမရှိတော့ဘူး။"

တစ်ခုခုမှားနေခြင်းဖြစ်သော်လည်း စုကျိုကျဲက မိမိကို မလန့်စေပေ။ လင်းဇီချန်တစ်ယောက် စိတ်သက်သာရာရသွားပြီး ချီချင်းမော့ကို ကျေးဇူးတင်နေမိသည်။ မဟုတ်လျှင် နောက်ဆက်တွဲက စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ နောက်တွင်မူ နှစ်ဦးသား အပြန်အလှန်စကားပြောနေကြသည်။ ထိုသို့ဖြင့် နှစ်နာရီခန့်အချိန်ကုန်ဆုံးသွားသည်။

အခန်းထဲတွင် အိပ်နေသောရှန်ချင်းဟန်က နိုးလာသည်။ အိပ်မှုံစဝါးမျက်လုံးဖြင့် အခန်းထဲမှ ထွက်လာပြီး ဂွတ်မောနင်းဟု၍ နှုတ်ဆက်လိုက်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ သူမသည် မည်သည့်မသက်မသာဖြစ်မှုကိုမှ မပြသပေ။ မနေ့ညက လင်းဇီချန်ဖြင့်အခန်းထဲတွင်ဖြစ်ခဲ့သ်များကို ပြန်ပြောရန်မှာ မဖြစ်နိုင်ပေ။ သူမသည်လည်း သာမန်လူသားမဟုတ်ဘဲ စွမ်းအားကြီးသောခန္ဓာကိုယ်ဖြင့် အဆင့်မြင့်သက်ရှိဖြစ်သည်။ အထူးသဖြင့် သူမကိုယ်ထဲမှ မသေမျိုးပက်ကျိမျိုးစိတ်ပင်ဖြစ်သည်။ ဒဏ်ရာအသေးအမွှားက ဘာမှမဖြစ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းပင် ပြန်သက်သာသွားသည်။

"ဇီချန် မနက်စာစားပြီးပြီလား။"

ရှန်ချင်းဟန်သည် ညာဘက်လက်ဖြင့်ဆိုဖာလက်ရန်းပေါ်တွင် ထောက်ကာ မေးစေ့တင်၍ လင်းဇီချန်ကို ကြည့်နေသည်။

"မစားရသေးဘူး။"

ရှန်ချင်းဟန်က မျက်လုံးပွတ်၍ အသံက ပျင်းရိနေဟန်ပေါက်သည်။

"ဘာစားချင်လဲ။ အခုတစ်ခုခုလုပ်ပေးမယ်လေ။"

"ဘာဖြစ်ဖြစ်ရတယ်။ မင်းလုပ်တာမှန်သမျှစားမယ်။"

ခေတ္တမျှစဉ်းစားပြီးနောက်တွင် ရှန်ချင်းဟန်က မေးလိုက်သည်။

"မသေမျိုးပက်ကျိဆန်ပြုတ်ဆိုရင်ကော ဘယ်လိုလဲ။"

"ကောင်းသားပဲ။"

မနက်စာဘာစားမည်ကို ဆုံးဖြတ်ပြီးနောက်တွင် ရှန်ချင်းဟန်သည် အမြန်ပင် ရေချိုးသန့်စင်ကာ ရေခဲသေတ္တာဆီသို့သွား၍ သေမျိုးပက်ကျိဆန်ပြုတ်ချက်ရန် ပါဝင်ပစ္စည်းများထုတ်ယူ၍ မီးဖိုချောင်ဆီသို့ လျှောက်သွားသည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင် ဆန်ပြုတ်က အဆင်သင့်ဖြစ်နေလေပြီ။ ရှန်ချင်းဟန်သည် ဆန်ပြုတ်ပန်းကန်လုံးကိုယူ၍ လင်းဇီချန်ကို တစ်ဇွန်းပြီးတစ်ဇွန်းတိုက်ကာ သူမဘာသာလည်း သောက်သည်။ ထိုအချိန်တွင် ကြေးခေါင်းတလားထဲတွင် လဲလျောင်းနေသောချီချင်းမော့သည် တည်ငြိမ်နေကာ စိတ်နှလုံးကလည်း ရေပြင်ကဲ့သို့ပင်ဖြစ်သည်။ သူမအတွက်မူ ခွေးတစ်ကောင်အစာကျွေးနေသည်နှင့်သာ တူသည်။

....

မျက်စိတစ်မှိတ်အတွင်းတွင်ပင် မွန်းလွဲပိုင်းသို့ ရောက်သွားသည်။ သွေးလွှဲပြောင်းခြင်းပြီးနောက်တွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် အခန်းထဲသို့ နားရန် ပြန်လာကြသည်။ အခန်းထဲသို့ပြန်ရောက်သည်နှင့် အိပ်ရာထက်တွင် လှဲလိုက်ကြပြီး လင်းဇီချန်၏ခြေထောက်ပေါ်တွင် သူမ၏ခြေဖဝါးလေးကိုတင်ကာ ချိုသာသေအသံဖြင့် မေးလိုက်သည်။

"ဇီချန် မနေ့ညကလိုမျိုး လုပ်ချင်သေးလား။"

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

"ငါတို့ မနေ့ညကလုပ်ခဲ့တာ။ မင်းဟိုနေရာက နာနေသေးလား။"

ရှန်ချင်းဟန်က ခေါင်းခါပြလိုက်ပြီး

"မနာပါဘူး။ နည်းနည်းလေးထုံနေတာ။ ဘာမှမဖြစ်ဘူး။"

လင်းဇီချန်သည် သည်းမခံနိုင်တော့ဘဲ သူမနှင့်ထိုကိစ္စနှင့်ပက်သက်၍ စကားပြောနေကြသည်။ စကားပြောသည်က သုံးနာရီခန့်ကြာသွားကာ ပြတင်းပေါက်အပြင်ဘက်တွင်ပင် မှောင်လာပြီဖြစ်၏။

ပြောပြီးနောက်တွင် လင်းဇီချန်သည် အိပ်ရာထက်တွင် တစ်ရေးတစ်မောအိပ်ကာ အင်အားပြန်ဖြည့်လိုက်သည်။ ပြန်နိုးလာသောအခါ၌ ဧည့်ခန်းထဲသို့သွား၍ ချီချင်းမော့ကို ချီသွေးလွှဲပြောင်းပေးရန် ပြင်လိုက်သည်။ သို့သော်လည်း ဧည့်ခန်းထဲသို့ရောက်သောအခါတွင် ချီချင်းမော့က မရှိတော့ပေ။ သူမသည် ကြေးခေါင်းတလားထဲတွင် လဲလျောင်းနေခြင်းမဟုတ်သကဲ့သို့ သားရဲအမြုတေကို လေ့လာနေခြင်းလည်းမဟုတ်ပေ။

"ကောင်းကင်လူသားသခင် ဘယ်ရောက်သွားတာလဲ။"

ချီချင်းမော့မရှိသည်ကို မြင်သောအခါတွင် လင်းဇီချန်က တွေဝေသွားသည်။ ရှန်ချင်းဟန်ကလည်း ပြောလိုက်သည်။

"ကောင်းကင်လူသားသခင်လည်း အဆောင်ထဲမှာ တစ်နေကုန်နေနေတော့ ‌အပြင်ထွက်ပြီး လေညင်းခံတာဖြစ်မှာပါ။"

လင်းဇီချန်ကမူ ထိုသို့မဟုတ်ဟု ထင်သော်လည်း ဆက်၍စဉ်းစားမနေတော့ပေ။ အားကောင်းသောချီချင်းမော့အတွက် အစအနမရှိရောက်လာတတ်ပြီး အစအနမရှိပျောက်သွားတတ်သည်က ပုံမှန်သာ ဖြစ်သည်။ ထိုသို့ဖြင့်အသားကျနေသည်က အကောင်းဆုံးသာဖြစ်ပေမည်။

....

တစ်ချိန်တည်းတွင်ပင် ရှန်ဟိုင်းမြို့၏ အထက်ကောင်းကင်ယံတွင် မီတာရာချီအမြင့်၌ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့သည် တိမ်များအပြည့်ရှိသောနေရာတွင် မျက်နှာချင်းဆိုင်ရှိနေကြသည်။ ယောက်ျားသည် ဒုသမ္မတယဲ့ရုန်ရှန်းပင် ဖြစ်သည်။ အမျိုးသမီးကမူ ကောင်းကင်လူသားသခင်ချီချင်းမော့ပင် ဖြစ်၏။ ယဲ့ရုန်ရှန်းက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

"မူလမြေက ဆန်းကြယ်သားရဲအုပ်နဲ့ ကမ္ဘာမြေကဆန်းကြယ်သားရဲအုပ်ကို မင်း ကိုင်တွယ်လိုက်တာလား။"

ချီချင်းမော့က ပြောလိုက်သည်။

"ငါလုပ်တာဆိုရင်ရော ငါလုပ်တာမဟုတ်ဘူးဆိုရင်ရော။"

"မေးပါရစေ။ တာအိုရောင်းရင်းက တကယ်ပဲ ဘယ်သူများပါလဲ။"

ချီချင်းမော့က တာအိုဝတ်ရုံဝတ်ထားသည်ကို မြင်သဖြင့် တာအိုရောင်းရင်းဟု ခေါ်လိုက်ခြင်းဖြစ်သည်။

ချီချင်းမော့က ပြန်ဖြေလိုက်သည်။

"ကောင်းကင်လူသားသခင်။"

"ကောင်းကင်လူသားသခင်"

ယဲ့ရုန်ရှန်းက မျက်ခုံးပင့်၍ မိမိရှေ့မှသူသည် သွေးသန့်စင်ခြင်းကျင့်စဉ်၏တည်ထောင်သူဖြစ်နေသဖြင့် အံ့ဩသွားမိသည်။ မဟုတ်ပေ။ တည်ထောင်သူမိခင်ကြီးသာ ဖြစ်၏။

မကြာခင်တွင်ပင် ယဲ့ရုန်ရှန်းက ချီချင်းမော့ကို ဖိတ်ခေါ်လိုက်သည်။

"ကောင်းကင်လူသားသခင်က ကျွန်တော့်ကို အဖော်ပြုပြီး မြို့တော်မှာ ဝိညာဉ်လက်ဖက်ရည်သောက်လို့ အပြန်အလှန်သံသယရှိနေတာလေးတွေကို ဆွေးနွေးကြမလား။"

၎င်းပြောသောသံသယမှာ ချီချင်း‌မော့အကြောင်းသာ ဖြစ်သည်။ သူမသည် မည်သို့သောသက်ရှိမျိုးဖြစ်၍ ထိုမျှအစွမ်းကြီးနေသည်ကို သိချင်မိသည်။ ချီချင်းမော့က တန်းမဖြေသေးဘဲ ပြန်မေးလိုက်သည်။

"မူလအားနဲ့ပက်သက်ပြီး ဘာသိထားလဲ။"

"သားရဲအမြုတေထဲက မူလအားကို ဆိုလိုတာလား။"

"ဟုတ်ပါတယ်။"

"ဒီလောကကြီးမှာ မူလအားနဲ့ပက်သက်ပြီး ကျွန်တော်သိတာထက်ကောင်းကောင်းပိုသိတဲ့သူ ဆယ်ယောက်ထက်မပိုဘူး။"

ယဲ့ရုန်ရှန်းက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

ချီချင်းမော့က ပြန်ဖြေလိုက်၏။

"အဲ့လိုဆို သွားကြတာပေါ့။ မြို့တော်ကို လက်ဖက်ရည်သောက်ဖို့အတွက်ပေါ့။"

....

အခန်း (၃၉၅) ပြိုင်ဘက်ကင်းပါရမီရှင်လင်းဇီယင်

"ကောင်းကင်လူသားသခင်က ဒီမှာရှိမနေတော့ဘူးဆိုတော့ အခန်းထဲပြန်ပြီးတော့ လုပ်ကြရအောင်။ လုပ်ရင်းနဲ့ ကောင်းကင်သခင်ပြန်အလာကို စောင့်ကြမယ်လေ။"

ဧည့်ခန်းထဲတွင် ရှန်ချင်းဟန်သည် ခေတ္တမျှတွန့်ဆုတ်နေမိပြီး လှပသောမျက်နှာလေးက အနည်းငယ်မျှ နီရဲသွားသည်။ ထိုအကြံပြုချက်ကို ကြားသည့်အခါတွင် လင်းဇီချန်က အတော်လေးတုန်လှုပ်သွား၏။ ညစ်ပတ်သောကောင်မလေးက နာမည်နှင့်လိုက်လှသည်။ သူမသည် ထိုအရာကို အရသာခံကြည့်ပြီးနောက် စွဲလမ်းနေပြီး စိတ်ထဲတွင်လည်း ထိုအကြောင်းအရာဖြင့်သာ ပြည့်နှက်နေသည်။

"အဆင်ပြေရဲ့လား။"

လင်းဇီချန်က ချက်ချင်းပြန်မဖြေသည်ကို မြင်သောကြောင့် ရှန်ချင်းဟန်က လက်မောင်းကို ကိုင်ကာ နူးညံ့စွာဖြင့်လှုပ်ရမ်း၍ ချွဲနေရှာသည်။

"ခဏခဏလုပ်တာက ခန္ဓာကိုယ်အတွက် မကောင်းဘူးမဟုတ်လား။"

ရှန်ချင်းဟန်ကမူ သဘောမတူပေ။

"ငါတို့က အခု အဆင့်မြင့်သက်ရှိတွေဖြစ်နေပြီလေ။ ငါတို့ခန္ဓာကိုယ်က ဓားတွေလှံတွေကိုတောင် ခံနိုင်ရည်ရှိတာ။ နည်းနည်းလောက်ပွန်းပဲ့တာနဲ့ပဲ ဘယ်လိုလုပ် ငါတို့အတွက် မကောင်းဖြစ်နိုင်ရမှာလဲ။"

ထိုစကားကို ကြားသောအခါတွင် အဓိပ္ပာယ်ရှိသည်ဟု လင်းဇီချန်ထင်မိသည်။ မှန်ပေသည်။ အဆင့်မြင့်သက်ရှိများသည့် လက်နက်များကြောင့် ဒဏ်ရာမရနိုင်ကာ ခန္ဓာကိုယ်တွင်းမှ မသေမျိုးပက်ကျိမျိုးစိတ်ကလည်း ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးနိုင်သည်။ သာမန်ပွန်းရာမျှဖြင့် အန္တရာယ်မဖြစ်နိုင်ပေ။ မကြာခဏလုပ်သည်ကိုပင် မဆိုထားနှင့်၊ ရက်ပေါင်းများစွာအထိ ဆက်တိုက်လုပ်နေလျှင်ပင် မည်သည့်အန္တရာယ်မှ ဖြစ်မည်မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲခြင်း၏အကျိုးကျေးဇူးများထဲမှ တစ်ခုပင် ဖြစ်သည်။ ထိုကိစ္စက ခန္ဓာကိုယ်ကို ထိခိုက်စေသည်ဟုသောအကြောင်းရင်းသည်မူ ဆင့်ကဲပြောင်းလဲသူများအတွက် မှားယွင်းသောအချက်သာဖြစ်သည်။

"သွားကြစို့။ အခန်းထဲပြန်ပြီး လုပ်ကြရအောင်။"

လင်းဇီချန်က လုပ်ချင်သည်လား မလုပ်ချင်သည်လားဆိုသည်က ကိစ္စမရှိပေ။ ရှန်ချင်းဟန်က အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။ ယခင်က အိပ်ရာထဲတွင် လင်းဇီချန်ကို အကြိမ်ပေါင်းများစွာပြုစုပေးခဲ့သည့်အတွက် ယခုတွင် လင်းဇီချန် ပြန်လည်ပေးဆပ်ရမည့်အချိန်ပင် ဖြစ်သည်။

....

အခန်းထဲသို့ ရောက်သောအခါတွင် အိပ်ရာပေါ်၌ မိမိတို့၏ကိစ္စပြီးသည့်နောက် နှစ်ယောက်သားက ပက်လက်လှန်လဲရင်းဖြင့် အသာအသက်ရှုနေကြသည်။ ရှန်ချင်းဟန်သည် ရုတ်တရက် တစ်ခုခုကိုတွေးမိသွားပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ဇီချန် နင်ပြောတော့ ကောင်းကင်လူသားသခင်က အရမ်းစွမ်းအားကြီးတော့ နောင်ကျရင် ငါတို့အခန်းထဲမှာ လုပ်နေတာမှန်သမျှကို မြင်နေရရင်ရော။"

ဝိညာဉ်စွမ်းအားလုံလောက်သောအဆင့်မြင့်သက်ရှိများသည် မိမိတို့၏အာရုံမည်သည့်အရာကိုမဆို ထိုးဖောက်မြင်နိုင်သည်။ ချီချင်းမော့၏အင်အားကို စဉ်းစားကြည့်မိပြီး ရှန်ချင်းဟန် စိုးရိမ်နေမိသည်။ လင်းဇီချန်နှင့်သူမသည် အခန်းထဲတွင် မည်သို့ပင် လုပ်နေကြပါစေ ချီချင်းမော့၏အာရုံမှ လွတ်နိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ယောက်စောင့်ကြည့်နေသည့်ဘဝမျိုးက သက်တောင့်သက်သာ မရှိလှပေ။

လင်းဇီချန်က အသာအယာပင် ပြန်ဖြေလိုက်သည်။

"ကောင်းကင်လူသားသခင်က သူလုပ်ချင်တယ်ဆိုရင် လုပ်နိုင်တာပဲ။ ဒါပေမဲ့ သူက အဲ့လောက်မှအားမနေပါဘူး။"

ချီချင်းမော့သည် ခံစားချက်များဖြင့် ဖြတ်တောက်ထားပြီး အခြားသူများ၏ဆက်ဆံရေးကို လိုက်ချောင်းကြည့်နေမည်မဟုတ်ဟု ထင်မိသည်။ ကောင်းကင်လူသားသခင်အတွက်မူ ကြေးခေါင်းတလားထဲတွင်လဲ၍ နားပြီး သားရဲအမြုတေထဲမှမူလအားကိုလေ့လာခြင်းဖြင့်သာ အချိန်ကုန်နေတတ်သည်။

ချီချင်းမော့အကြောင်းကို စဉ်းစားနေစဉ်တွင်ပင် ဧည့်ခန်းထဲမှ ချီချင်းမော့၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"တောင်းပန်ပါတယ်။ ငါက အားနေတာ။"

ထိုအသံကို ကြားသည်နှင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ယောက်လုံး ခေတ္တမျှကြောင်အမ်းသွားကြသည်။ သဘောပေါက်သွားပြီးနောက်တွင် လင်းဇီချန်၏မျက်နှာက ပြောစရာစကားမရှိ ပျောက်ဆုံးသွားပြီး ရှန်ချင်းဟန်၏မျက်နှာကလည်း နီရဲသွားသည်။

ကောင်းကင်လူသားသခင်က သူများတွေရဲ့ အခန်းထဲကဆက်ဆံရေးကို ချောင်းကြည့်ရတာ ကြိုက်တယ်လား

ရဲတင်းလွန်းနေတာမဟုတ်လား

ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် လင်းဇီချန်က အိပ်ရာထဲမှထ၍ ဧည့်ခန်းထဲသို့ ထွက်သွားသောအခါ၌ ချီချင်းမော့က ကြေးခေါင်းတလားပေါ်တွင် ထိုင်နေပြီး သားရဲအမြုတေကို လေ့လာနေသည်ကိုတွေ့လိုက်ရသည်။ ရှန်ချင်းဟန်ကလည်း နောက်မှလိုက်လာသည်။ ချီချင်းမော့၏စကားများက ရှန်ချင်းဟန်ကို အတော်လေးရှက်သွားစေကာ မျက်နှာချင်းပင် မဆိုင်ရဲလောက်အောင် ဖြစ်သွားရသည်။

"ကောင်းကင်လူသားသခင် ဘယ်အချိန်တုန်းက ပြန်လာတာလဲ။"

လင်းဇီချန်က မေးလိုက်သည်။

ချီချင်းမော့က ခေါင်းတစ်ချက်မမော့ဘဲ သားရဲအမြုတေကို ကြည့်နေရင်းဖြင့် ပြန်ဖြေလိုက်သည်။

"စောနကလေးက ပြန်လာတာ။ မင်းတို့နှစ်ယောက် အခန်းထဲမှာ အလုပ်များနေတာမြင်လို့ မနှောင့်ယှက်တာ။"

ထိုသို့ပြောပြီး လက်ထဲမှသားရဲအမြုတေကို ပြန်သိမ်းကာ လင်းဇီချန်ကို ကြည့်၍ ပြောလိုက်သည်။

"ငါ့ကို ချီသွေးလွှဲပြောင်းပေးပါ။"

"ကောင်းပြီ။"

လင်းဇီချန်က သဘောတူလိုက်၏။

မကြာခင်တွင်ပင် ချီချင်းမော့သည် ကြေးခေါင်းတလားထဲတွင် လဲ၍ လင်းဇီချန်က သူမ၏တာအိုဝတ်ရုံထဲ၌ လက်ထည့်ကာ ရင်ဖတ်ကိုဖိ၍ ချီသွေးလွှဲပြောင်းပေးနေသည်။

"ဒါနဲ့ ကောင်းကင်လူသားသခင် စောနက ဘယ်သွားတာလဲ။"

လင်းဇီချန်က စပ်စုစွာဖြင့် မေးလိုက်သည်။ ချီသွေးလွှဲပြောင်းပေးခြင်းအကြိမ်ရေများစွာလုပ်ပေးပြီးနောက်တွင် ချီချင်းမော့၌ ပို၍ရင်းနှီးလာသည်ဟု ခံစားမိသည်။ ယခင်ကလောက် အလှမ်းမဝေးတော့ပေ။ မေးချင်သည့်အရာမှန်သမျှကို အချိန်မရွေးမေးနိုင်သည်။ ချီချင်းမော့က ပြန်ဖြေလိုက်၏။

"ဒုသမ္မတယဲ့ရုန်ရှန်းဆိုတဲ့တစ်ယောက်က ငါနဲ့စကားပြောချင်တယ်ဆိုပြီး လာရှာတယ်။ ငါ့မှာလည်း ‌မေးစရာရှိနေတာနဲ့ သူနဲ့စကားသွားပြောတာ။"

ယဲ့ရုန်ရှန်း....

လင်းဇီချန်က ထိုနာမည်ကို ကြားသည့်အခါတွင် အနည်းငယ်မျှစိတ်တိုသွားသည်။ ယဲ့ရုန်ရှန်းသည် မိမိ၏မိသားစုလုံခြုံရေးကို အာမခံသည်ဟု ပြောခဲ့သော်လည်း စကားမတည်ဘဲ မည်သည့်စီစဉ်မှုမှ လုပ်မပေးခဲ့ပေ။ ထိုကိစ္စကို လင်းဇီချန်က အမှတ်ရနေဆဲဖြစ်ပြီး ယဲ့ရုန်ရှန်းဖြင့် ရှင်းရမည်ဖြစ်သည်။ မိမိသည် အခြေအနေမမြင့်သော၍ လက်စားမချေခြင်းမျိုးမဟုတ်ပေ။ သို့သော်လည်း ယဲ့ရုန်ရှန်း၏အပြုအမူများက မိမိ၏မိသားစုကို အန္တရာယ်ဖြစ်အောင် တွန်းပို့နေပါလျှင် ဆက်၍စောင့်ကြည့်နေတော့မည်မဟုတ်ပေ။ အပေါ်စီးမှဆက်ဆံသူမည်သူမဆို မိုးကြိုးမှန်သည်ထက်ပင် ဆိုးသွားစေရမည်။

လင်းဇီချန်က မေးလိုက်၏။

"ကောင်းကင်လူသားသခင် ဒုသမ္မတယဲ့နဲ့ ဘာတွေများ ပြောခဲ့ကြတာလဲ။"

"အများကြီး‌တော့မဟုတ်ပါဘူး။ ငါက ငါဘယ်သူလဲဆိုတာမေးပြီး ငါက သူ့ဆီကနေ မူလအားနဲ့မူလမြေအကြောင်းကို မေးတာတင်ပါပဲ။"

"ကျွန်တော်သိပြီ။"

လင်းဇီချန်က ခေါင်းညိတ်ပြ၍ ထပ်မမေးတော့ဘဲ ချီသွေးလွှဲပြောင်းပေးခြင်းတွင်သာ အာရုံစိုက်ထားလိုက်သည်။

….

နေ့ရက်များက ထိုသို့ဖြင့်ကုန်ဆုံးနေသည်။ လင်းဇီချန်သည် အခန်းတွင်သာနေပြီး ချီချင်းမော့ကို ချီသွေးလွှဲပြောင်းပေးသည်။ တစ်ရက်လျှင်နှစ်ကြိမ်ဖြင့် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဖြစ်၏။ ချီချင်းမော့သည် မူလမြေသို့ နောက်တစ်ခေါက်ဝင်ရန် ပြင်ဆင်နေခြင်းသာ ဖြစ်၏။ ထိုကာလအတွင်းတွင် ရှန်ချင်းဟန်သည်မူ လင်းဇီချန်ဖြင့်ဆက်ဆံရေးကို တိုးတက်အောင် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း ချီချင်းမော့က အခန်းထဲတွင် ရှိနေ‌သောကြောင့် ချီချင်း‌မော့ထံမှ စောင့်ကြည့်ခံရမည်ကို စိုးသဖြင့်သည်းခံထားလေ၏။

ထိုသို့ဖြင့်သာ နေ့ရက်များက ကုန်လွန်နေလေသည်။

အခန်း (၃၉၆) ပြိုင်ဘက်ကင်းပါရမီရှင်လင်းဇီယင် (၂)

လဝက်ခန့်ကြာပြီးနောက်တွင် ချီချင်းမော့သည် ချီသွေးသည်လိုချင်သောပမာဏအထိ တည်ဆောက်ပြီးသည်ကို ခံစားမိသောကြောင့် လင်းဇီချန်တို့နှစ်ဦးကို နှုတ်ဆက်ကာ အခန်းမှထွက်သွားပြီး မူလမြေသို့ ပြန်ဝင်သွားတော့သည်။

မူလမြေသို့ မဝင်ခင်တွင် ချီချင်းမော့သည် သွေးသန့်လူသားသုတေသနတက္ကသိုလ်သို့ သွားလည်၍ လျို့ချွမ်ဝူကို အဆင့်နိမ့်သွေးဆေးလုံးများ ပေးသွားသည်။ ကောင်းကင်လူသားအရင်းအမြစ်နှင့် လျို့ချွမ်ဝူအတွက်စဉ်းစား၍ ဆုချခြင်းသာ ဖြစ်ပေသည်။ လျို့ချွမ်ဝူနှင့် အခြားသူများသည် လင်းဇီချန်ကဲ့သို့ ချီချင်းမော့ကို အကူအညီမပေးနိုင်သော်လည်း ချီချင်းမော့သည် ထိုလူများကလည်း တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ခံစားမိသဖြင့် ထိုသူများကိုလည်း အရင်းအမြစ်ထောက်ပံ့ပေးရန်လိုအပ်သည်။

အဆောင်ခန်းတွင်မူ ချီချင်းမော့ထွက်သွားသည်နှင့် ရှန်ချင်းဟန်သည် ဝမ်းသာစွာဖြင့် လင်းဇီချန်ကိုဖက်၍ ပြောလိုက်သည်။

"ဇီချန် ကောင်းကင်လူသားသခင်က နောက်ဆုံးတော့ မူလမြေကို ဝင်သွားပြီ။ သူသွားရင် ရက်နည်းနည်းလောက် ကြာလောက်တယ်။"

"နောက်ရက်တွေကျ ငါတို့လုပ်ချင်တာမှန်သမျှလုပ်လို့ရပြီ။ သွားချင်တဲ့နေရာလည်းသွားလို့ရပြီ။ ဘယ်နကြိမ်လုပ်လုပ်လည်းရပဲီ။"

"ချောင်းကြည့်ခံရမှာ စိတ်ပူစရာမလိုတော့ဘူး။"

ထိုသို့ပြောပြီးနောက်တွင် ရှန်ချင်းဟန်သည် လင်းဇီချန်ကို အခန်းထဲသို့ ဆွဲခေါ်သွားပြီး စိတ်မရှည်စွာဖြင့် ကိစ္စကို စတင်တော့သည်။ လွန်ခဲ့သောလဝက်လုံးလုံး ချီချင်းမော့ချောင်းကြည့်ခံရမည်ကို စိုးသဖြင့် ရှန်ချင်းဟန်သည် လင်းဇီချန်ဖြင့် ကိုယ်လက်နှီးနှောခြင်းကို မလုပ်ခဲ့ရပေ။ သူမသည် ပေါက်ကွဲထွက်လုနီးပါးဖြစ်နေကာ ယခုတွင် ထိုဖိအားကိုလွှတ်ရန်လိုအပ်ပေသည်။ လင်းဇီချန်က ထူးဆန်းစွာပြုံး၍ ဖြေလိုက်သည်။

"ဘာလို့ အဲ့လောက်ကြီး အလျင်လိုနေရတာလဲ။"

"ဒါပေါ့။ ခံစားလို့ကောင်းတာကိုး။"

ရှန်ချင်းဟန်က ဖြေ၍ ချက်ချင်းပင် ပြောလိုက်သည်။

"နင်ရော မကောင်းလို့လား။"

လင်းဇီချန်က ရိုးသားစွာဖြင့် ပြန် ဖြေလိုက်သည်။

"ဒါပေါ့။ ကောင်းတာပေါ့။"

ရှန်ချင်းဟန်က ပြောလိုက်၏။

"ငါ့အတွက်လည်းကောင်းတယ်၊ နင့်အတွက်လညးကောင်းတယ်။ ငါတို့ခန္ဓာကိုယ်ကိုလည်း မထိခိုက်ဘူးဆိုတော့ ဒီလိုမျိုးစိတ်ဆန္ဒပြင်းတာက ပုံမှန်ပဲမဟုတ်လား။"

လင်းဇီချန်က ခေါင်းညိတ်ပြ၍ သဘောတူလိုက်သည်။

"အမှန်ပဲ။ ဘာမှထူးဆန်းမနေဘူး။"

"ကောင်းပြီ။ ပြောတာတော်လောက်ပြီ။ အဝတ်ချွတ်ပြီးအိပ်ရာပေါ်တက်ရအောင်။ လဝက်လောက်သည်းခံထားရတာ။ ပေါက်ထွက်တော့မလို့ပဲ။"

ရှန်ချင်းဟန်က တိုက်တွန်းလိုက်သည်။

လင်းဇီချန်သည် အဝတ်ချွတ်နေရင်းဖြင့် ရယ်မောကာ ပြောလိုက်သည်။

"တကယ်တော့ နင်သည်းခံထားစရာမလိုပါဘူး။ အချိန်မရွေးလုပ်လို့ရတာပဲ။ ကောင်းကင်လူသားသခင်ထွက်သွားမှာကို စောင့်နေစရာမလိုဘူး။"

"ဒါပေမဲ့ ငါတို့အဲ့လိုလုပ်လို့မရဘူး။ ကောင်းကင်လူသားသခင်က ငါတို့ကို စောင့်ကြည့်နေတာကိုး။"

"အဲ့လိုမဟုတ်ပါဘူး။ အဲ့နေ့က ကောင်းကင်လူသားသခင်က ငါတို့ကို စနောက်လိုက်ရုံပါ။"

"ဒါပေမဲ့ သူပြောတာအမှန်ဆိုရင်ရော။"

"အမှန်ဆိုရင်‌တောင်မှ ကောင်းကင်လူသားသခင်ချောင်းကြည့်တာက ဘာအန္တရာယ်မှမဖြစ်ပါဘူး။ ပြီးတော့ ငါတို့နှစ်ယောက်လုံးကို သူ့ကို ကိုင်ကြည့်ဖူးတာပဲ။"

"မဟုတ်ဘူး။ အဲ့ဒါလုပ်နေတုန်း ကြည့်ခံရတာက တကယ်အဆင်မပြေဘူး။"

အမှန်တွင် လင်းဇီချန်လည်းအဆင်မပြေပေ။ သို့သော်လည်း ချောင်းကြည့်သူက ချီချင်းမော့သာဖြစ်လျှင်ရပေသည်။ ထို့အတွက် အကြောင်းရင်းသုံးချက်ရှိသည်။

ပထမတစ်ချက်မှာ ချီချင်းမော့က အမျိုးသမီးဖြစ်နေသောကြောင့်ဖြစ်သည်။ ဒုတိယအနေဖြင့် ချီချင်းမော့တွင် လိင်ပိုင်းဆိုင်ရာခံစားချက်များမရှိသောကြောင့် သူမချောင်းကြည့်သည်က ခြင်တစ်ကောင်ဆီမှ ချောင်းကြည့်ခံရသည်နှင့် မကွာခြားလှပေ။ တတိယအချက်အနေဖြင့် နေ့တိုင်း ချီချင်းမော့၏ခန္ဓာကိုယ်ကို ထိတွေ့နေရကာ တစ်ခါလျှင်လေးနာရီကြာသည်။ သူသည် ထိုသို့လုပ်ပြီးဖြစ်သဖြင့် သူမကိုချောင်းကြည့်ခွင့်ပြုသည်ကလည်း ဆုံးရှုံးမှုမရှိပေ။

"ဇီချန် ကောင်းကင်လူသားသခင်အကြောင်းကို ထပ်မပြောဘဲ နေရအောင်။ တကယ့်ကိစ္စကိုပဲ သွားကြမယ်။"

ရှန်ချင်းဟန်က သာယာသောအသံလေးဖြင့် တိုက်တွန်းလိုက်သည်။

ထိုချွဲနွဲ့သောအသံကို ကြားသည်နှင့် လင်းဇီချန်လည်း မိမိဘာသာ မထိန်းနိုင်တော့ဘဲ အမြန်ပင် သူမနှင့်ကိစ္စ စတင်လေ‌တော့သည်။

....

မျက်စိတစ်မှိတ်အတွင်းတွင်ပင် ဆယ်ရက်ကုန်ဆုံးသွားသည်။ ချီချင်းမော့ပြန်လာတော့မည်ဖြစ်သည်။ သို့သော်လည်း မူလမြေတွင်ပင်ရှိနေဆဲဖြစ်ကာ သားရဲအမြုတေများကို ဆက်လက်စုဆောင်းနေ၏။ သူမ မရှိစဉ်ကာလတွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် မနက်မှ ညအထိ ထိုကိစ္စကို လုပ်နေတတ်ကြပြီး အသစ်အဆန်းကိစ္စအားလုံးကို အတွေ့အကြုံယူနေသည်။ တစ်မနက်တွင် လင်းဇီချန်သည်မနက်စာစားပြီးသည်နှင့် ရှန်ချင်းဟန်ဖြင့် ထမင်းစားစားပွဲဘေးတွင် ချစ်တင်းနှောသည်။ ထို့နောက်တွင် စားပွဲပေါ်မှဖုန်းက မြည်လာသည်။ ဖုန်းကို ကောက်ယူပြီး ကြည့်လိုက်သောအခါတွင် ဝီချက်မှစုန့်ယွီယန်ပို့ထားခြင်းပင် ဖြစ်၏။

(အစ်မယွီယန် - မောင်လေးဇီချန် ငါနောက်ဆုံးတော့ အတွင်းကြောမှတ်တွေကို အောင်အောင်မြင်မြင်နဲ့ဖွင့်နိုင်ခဲ့ပြီ။ အခုဆို အဆင့်မြင့်ပထမအဆင့်သက်ရှိဖြစ်သွားပြီ။)

(ဇီချန် - ဂုဏ်ပြုပါတယ် အစ်မယွီယန်)

(အစ်မယွီယန် - မင်းနဲ့ဟန်ဟန်တို့ သုတေသနတက္ကသိုလ်ကို မလာတာကြာ ရက်နည်းနည်းကြာပြီ။ ငါတို့ဆီဘယ်အချိန်လာပြီး လမ်းပြပေးမှာလဲ။ ငါရယ်၊ ဝေဝေရယ်၊ကျောင်းအုပ်ရယ်ကိုလေ)

(ဇီချန် - နေ့လည်စာစားပြီးရင် လာခဲ့မယ်။)

(အစ်မယွီယန် - အစ်မယွီယန်က မင်းတို့ပါရမီရှင်နှစ်ယောက်လာမှာကို စောင့်နေမယ်။)

(ဇီချန် - ကောင်းပြီ။)

စာပြန်ပြီးနောက်တွင် လင်းဇီချန်က ဖုန်းကို ပိတ်လိုက်သည်။

ရှန်ချင်းဟန်သည် မိမိဘာသာ သန့်ရှင်းပြီး တစ်ရှူးကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ကာ လင်းဇီချန်က ဝီချက်တွင်စာပို့သည်ကို မြင်သောကြောင့် စပ်စုစွာဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ ဇီချန်။"

လင်းဇီချန်က သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်သည်။

"အစ်မယွီယန်က အတွင်းကြောမှတ်တွေဖွင့်နိုင်ပြီလို့ပြောနေတာ။သူ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အဆင့်မြင့်ပထမအဆင့်ရောက်သွားပြီတဲ့လေ။ သူတို့ကို လမ်းပြပေးဖို့ ငါတို့ကိုခေါ်နေတာ။"

ရှန်ချင်းဟန်က ထိုစကားကို ကြားသောအခါတွင် နှုတ်ခမ်းလေးထော်လိုက်သည်။

"ယွီယန်ကျဲက ငါ့အစား နင့်ကိုလာပြောတာပေါ့လေ။ တကယ်မတရားဘူး။"

လင်းဇီချန်က ရယ်လိုက်ပြီး

"ငါတို့က တစ်ချိန်လုံးတူတူရှိနေတာလေ။ ဘယ်သူ့ကို ပြောပြောအတူတူပဲကိုး။ ယွီယန်ကျဲက မင်းလိုမျိုး အတွေးမလွန်ဘူး။"

နှစ်ဦးသား စကားခဏပြောပြီးနောက်တွင် ရပ်သွားကြသည်။ ထို့နောက်တွင် လသာဆောင်တွင်ထိုင်၍ တိတ်တဆိတ်ဖြင့် အတွင်းကြောမှတ်များဖွင့်ရန် အာရုံစိုက်နေကြလေသည်။

.....

သုံးနာရီခန့်ကြာပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်သည် မနက်စာစားပြီးနောက် သွေးသန့်လူသားသုတေသနတက္ကသိုလ်သို့ ဦးတည်ထွက်လာကြသည်။ သုတေသနတက္ကသိုလ်၏ ဂိတ်ပေါက်ဆီသို့ ရောက်သောအခါတွင် လျို့ချွမ်ဝူ၏စိတ်လှုပ်ရှားစွာအော်သံကို ကြားလိုက်ရသည်။

"ဟားဟား နောက်ဆုံးတော့ ဒီလူအိုကြီးလည်း အတွင်းကြောမှတ်တွေကို အောင်အောင်မြင်မြင်ဖွင့်နိုင်ပြီး အဆင့်မြင့်သက်ရှိဖြစ်သွားပြီကွ။"

အထဲသို့လျှောက်ပြီးနောက်တွင် ချွေးပြန်နေသောလျို့ချွမ်ဝူသည် ပြတင်းပေါက်နားတွင်ရပ်၍ အသက်ရှုကာ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

"သုန်ကျီလေး ငါအခြေခံနဝမအဆင့်ဖြစ်တုန်းက မင်းကိုခယခဲ့ရတယ်။ အခုတော့ ငါက အဆင့်မြင့်ဒုတိယအဆင့်ဖြစ်သွားပြီးတော့ မင်း ငါ့ကို အသနားခံတာကို ကြည့်ရတော့မှာပေါ့။"

လျို့ချွမ်ဝူသည် တင်ပါးပေါ်တွင်လက်ထောက်၍ ဂုဏ်ယူဝံ့ကြွားနေဟန်ပေါ်သည်။ အထဲသို့ဝင်လာသောရှန်ချင်းဟန်သည် ထိုစကားကို ကြားသောအခါတွင် အနည်းငယ်မျှမျက်နှာနီရဲသွားသည်။ အထဲတွင်ရှိသော မာရှိဝေ၏အမူအရာကမူ မပြောင်းလဲပေ။

အထဲသို့ရောက်သောအခါတွင် စုန့်ယွီယန်က လျို့ချွမ်ဝူကို ကြည့်၍ ပြောလိုက်သည်။

"ကျောင်းအုပ် စကားကို သတိထားပြီး ပြောပေးလို့မရဘူးလား။ ဒီမှာ မိန်းကလေးတွေရှိနေတယ်။"

လျို့ချွမ်ဝူက အံကြိတ်၍ ပြုံးလိုက်သည်။

"တောင်းပန်ပါတယ်။ ငါစိတ်လှုပ်ရှားသွားလို့ပါ။ နောင်ကျရင် သေချာပေါက် သတိထားပေးပါ့မယ်။"

ပြောပြီးပြီးချင်းတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ အထဲသို့ဝင်လာသည်ကိုတွေ့သောအခါ၌ တောက်ပစွာ ပြုံးပြလိုက်မိသည်။

"ပြိုင်ဘက်ကင်းစုံတွဲ ရောက်လာပြီ။ လာကြ လာကြ။ မင်းတို့သုံးယောက်နဲ့ ပျော်စရာလေးတွေ မျှဝေကြတာပေါ့။"

ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်ကလည်း အတွေ့အကြုံများကို မျှဝေပေးသည်။ အမှန်တွင် စုန့်ယွီယန်နှင့်လျို့ချွမ်ဝူတို့သည် နား‌ထောင်မနေကြပေ။ အဆင့်မြင့်သက်ရှိဖြစ်သွားသည့်အတွက် လွန်စွာဝမ်းသာနေကြပြီး အခြားအရာများကို အာရုံမစိုက်နိုင်ကြပေ။ ထိုအချိန်တွင် ယခုထိ အတွင်းကြောမှတ်များမဖွင့်နိုင်သေးသည့် မာရှိဝေတစ်ဦးတည်းကသာ စိတ်အားထက်သန်စွာ နားထောင်နေသည်။ လင်းဇီချန်သည် မာရှိဝေကို တစ်ချက်ကြည့်၍ အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းဖြင့် သူမ၏ခန္ဓာကိုယ်ကို ထောက်လှမ်းလိုက်သည်။ ကောင်းကင်လူသားလမ်းစဉ်ကို စဝင်ခါစနှင့်စာလျှင် သိသိသာသာ တိုးတက်လာလေသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းက အရေပြားသန့်စင်ခြင်းပထမအကြိမ်၊ အသားသန့်စင်ခြင်းပထမအကြိမ်ပြီးနောက်ကာ ယခုတွင် အရိုးသန့်စင်ခြင်းနောက်ဆုံးအဆင့်ဖြစ်ပြီး သွေးမျိုးဆက်စွမ်းအားက အခြေခံအဌမအဆင့်ဖြစ်သည်။

"ရှိဝေ မင်းလည်းကောင်းကောင်းလုပ်နိုင်ပြီး တိုးတက်လာပြီပဲ။"

လင်းဇီချန်က မာရှိဝေကို ပြုံး၍ ပြောလိုက်သည်။

မာရှိဝေသည် ထိုစကားကို ကြားသည့်အခါတွင် စိတ်ထဲ၌ ပျော်သွားသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။"

ထို့နောက်တွင် ထပ်ပြောလိုက်၏။

"ဒီလောက်မြန်မြန်တိုးတက်လာကာ ကောင်းကင်လူသားသခင်ရဲ့သွေးဆေးလုံးကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အရေပြားသန့်စင်ခြင်းပထမအဆင့်ပဲရှိဦးမှာ။"

လင်းဇီချန်က ပြောလိုက်သည်။

"ကောင်းကင်လူသားသခင်က ငါတို့အပေါ် တကယ်ကောင်းတယ်။"

....

တစ်နေခင်းလုံး သုတေသနတက္ကသိုလ်တွင် အချိန်ကုန်ဆုံးပြီးနောက်တွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည်လည်း မနက်ဖြန်မှ တွေ့ကြမည်ပြောကာ ပြန်လာကြလေသည်။ တက္ကသိုလ်မှ ထွက်လာပြီးနောက်တွင် အဆောင်သို့ တန်းမပြန်ဘဲ မိသားစုအဆောက်အဦးဆီသို့သွား၍ မိဘများထံ သွားလည်သည်။ ထိုသို့ရောက်သွားသောအခါတွင် ရှန်ကျန်းယဲ့နှင့် ရွှီမုန့်တို့သည် ညနေခင်းအတန်းသွားသင်နေကြပြီး အိမ်တွင်မရှိကြပေ။ ထို့ကြောင့် ရှန်ချင်းဟန်က လင်းဇီချန်အိမ်သို့ လိုက်သွားသည်။

"ဟန်ဟန် မင်းမျက်နှာလေးက ပိုပြီးလှလာတယ်။"

ကျန်းဝမ်ရှင်းက ရှန်ချင်းဟန်ဝင်လာသည်ကို မြင်သောအခါတွင် ချိုသာစွာ ပြုံးလိုက်သည်။ ပြောပြီးနောက်တွင် ကျန်းဝမ်ရှင်းက အားဟုခေါ်ကာ ဗိုက်ကို ဖိထားလိုက်သည်။ လင်းဇီချန်ကလည်း အမြန်ပင် ကျန်းဝမ်ရှင်းကို ကူညီပေး၍ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"အမေ ဘာဖြစ်တာလဲ။"

"ဘာမှမဟုတ်ဘူး။ မင်းညီမလေးက အရမ်းပြောင်တတ်တယ်။ အမေ့ကို တအားကန်တယ်။"

"ညီမလေး"

လင်းဇီချန်က တွေဝေသွားသည်။

ကျန်းဝမ်ရှင်းက ပြုံးလိုက်မိသည်။

"အင်း ညီမလေး..."

ထိုလောကကြီးတွင် မိန်းကလေးလား ယောက်ျားလေးလား သိရန်မှာ လျှို့ဝှက်ချက်မဟုတ်ဘဲ ဆရာဝန်များက မိခင်များကို အကြောင်းကြားတတ်သည်။ ကျန်းဝမ်ရှင်းက ပြောလိုက်၏။

"လာ အမေ့ဗိုက်ကို ထိကြည့်။ မင်းညီမလေးအသက်ရှင်နေတာကို ခံစားကြည့်။"

လင်းဇီချန်ကထိကြည့်သောအခါတွင် ခွန်အားကို ခံစားမိသည်။ အမြဲတမ်းကန်နေလေသည်။ ရှန်ချင်းဟန်ထိကြည့်သည့်အခါတွင်လည်း ကန်နေသည်။

"ညီမလေးက အံ့ဩစရာပဲ။"

ကျန်းဝမ်ရှင်းက ပြုံး၍ ပြောလိုက်သည်။

"ဒီကောင်မလေးကလည်း သူ့အစ်ကိုလို ပါရမီရှင်ဖြစ်မှာပဲ။"

"အန်တီရှင်း ညီမလေးအတွက် နာမည်တစ်ခုခုစဉ်းစားပြီးပြီလား။"

"အများကြီးစဉ်းစားမိပေမဲ့လို့ ခုထိ တစ်ခုမှ မရွေးရသေးဘူး။"

နောက်ဆုံးတွင်မူ ထိုကိစ္စကို ဆွေးနွေးကြရင်းဖြင့် 'လင်းဇီယင်' ဟု ဆုံးဖြတ်လိုက်ကြတော့သည်။

All Chapters