အပိုင်း ၃၉၇-၃၉၉
Vol. 27 Ch. 397-399
အခန်း (၃၉၇) မူလမြေသို့ဝင်လေပြီ
ညီမဖြစ်သူက ပြဿနာဖြစ်လာမည်ဟု သံသယဝင်မိသောကြောင့် လင်းဇီချန်သည် ထိုရက်ပိုင်းတွင် မိဘများဖြင့်သာ အိမ်တွင်နေပြီး ကျန်းဝမ်ရှင်းဗိုက်ထဲမှ ညီမဖြစ်သူကို လေ့လာချင်မိသည်။ ကျန်းဝမ်ရှင်းက နာ၍အော်သည့်အခါတိုင်း ချက်ချင်းပင် ဝိညာဉ်စွမ်းအားထုတ်လွှတ်၍ ညီမဖြစ်သူကို အာရုံခံကြည့်ကာ ခြေထောက်ဖြင့်ကန်မကန်ကို စစ်ဆေးကြည့်သည်။ ရက်ပေါင်းများစွာ လေ့လာခဲ့သည်။ ညီမဖြစ်သူကို အမြဲတမ်းကန်နေခြင်းမဟုတ်သည်ကို သိလိုက်ရသည်။
တစ်ခါတစ်ရံတွင် လက်ကိုဝှေ့ယမ်းသည်။ တစ်ခါတစ်ရံတွင် ခြေထောက်ကို ကိုင်နေသည်။ တစ်ခါတစ်ရံတွင် လက်ချောင်းကို စုပ်နေတတ်သည်။ အပြုအမူက တိကျသေချာသောပုံစံမျိုး မရှိပေ။ သူမသည် စနစ်၏ခြေထောက်ကန်ခြင်းအောင်မြင်မှုဖြင့် နိုးထလာခြင်းမျိုးမဟုတ်ပေ။ ထို့အစား သာမန်တက်ကြွနေသောသန္ဓေသားလောင်းမျိုးသာ ဖြစ်သည်။
"မင်းညီမလေးက ထပ်လှုပ်ပြန်ပြီ။ သူက တက်ကြွနေတာပဲ။"
ဆိုဖာပေါ်တွင် ကျန်းဝမ်ရှင်းက ဝမ်းဗိုက်ကို ညင်သာစွာပွတ်၍ နူးညံ့စွာပြုံးကာ ပြောလိုက်သည်။ ယခုတွင် အသက်လေးဆယ်ကျော်ပြီဖြစ်သော်လည်း ကလေးရရန်စိတ်အားထက်သန်နေကာ အထူးသဖြင့် သမီးလေးလိုချင်နေသည်။ ယခုတွင် သမီးလေးကို ကိုယ်ဝန်ဆောင်ထားရပြီး ခုနစ်လရှိပြီဖြစ်ပြီး ယခုနှစ်ပိုင်းထဲတွင် ရခဲ့သောအကောင်းဆုံးလက်ဆောင်ဖြစ်ပေ၏။
ညီမဖြစ်သူ ထပ်လှုပ်သည်ကို မြင်သောကြောင့် လင်းဇီချန်က ချက်ချင်းပင် ဝိညာဉ်စွမ်းအားထုတ်ကြည့်ကာ လေ့လာသည်။ ထို့နောက်တွင် ဗိုက်ထဲမှ ညီမဖြစ်သူသည် ခြေထောက်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အတော်လေးပျော်ရွှင်နေဟန်တူသည်။
'ညီမလေးက ကူးပြောင်းလာသူမျိုး မဟုတ်ရင် ပြန်လည်ဝင်စားလာသူမျိုးမဟုတ်ဘဲ အမေ့ဗိုက်ထဲက ဘဝသစ်တစ်ခုပဲဖြစ်ပါစေလို့ မျှော်လင့်မိတယ်။'
ညီမဖြစ်သူသည်သာ ပြန်လည်ဝင်စားလာသူ မဟုတ်လျှင် ကူးပြောင်းလာသူဖြစ်နေလျှင် လွန်စွာထူးဆန်းနေမည်ဖြစ်ပြီး မည်သို့ပြောဆိုဆက်ဆံရမည် မသိဖြစ်နေနိုင်သည်။
"ဇီချန် ဆရာ ပြန်လာပြီတဲ့။ အခု သုတေသနတက္ကသိုလ်မှာ။ ငါတို့ကို လာခဲ့ဖို့ပြောတယ်။"
ရှန်ချင်းဟန်က ဘေးခန်းသို့ပြေးလွှားသွား၍ သတိပေးလိုက်သည်။
ကျောင်းအုပ်ယွမ်ပြန်လာပြီလား
လင်းဇီချန်က ပြောလိုက်၏။
"ကောင်းပြီ။ အခုသွားကြစို့။"
ကျန်းဝမ်ရှင်းက ဖုန်းကို စစ်ဆေးကြည့်လိုက်ပြီး နှစ်ဦးသား သုတေသနတက္ကသိုလ်သို့ သွားမည်ကို ကြည့်ကာ
"အခု ညနေလေးနာရီထိုးနေပြီ။ ဒီည ညစာစားဖို့ ပြန်လာမှာလား။"
"ညစာစားချိန် ပြန်မလာဖြစ်လောက်ဘူး။ အမေ ကျွန်တော်တို့ကို မစောင့်ပါနဲ့။"
ထိုစကားကို ပြောပြီးနောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်ဖြင့်အတူ ထွက်သွားလေသည်။ ယွမ်သုန်ကျီသည် မူလမြေတွင် အချိန်ကြာစွာနေခဲ့သဖြင့် တွေ့ကြုံခဲ့ရသည်များစွာ ရှိမည်ဖြစ်သည်။ သူမ၏အတွေ့အကြုံများကို နားထောင်ကာ သင်ယူရန် စိတ်အားထက်သန်နေမိသည်။
....
သွေးသန့်လူသားသုတေသနတက္ကသိုလ်တွင် ဖြစ်၏။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ရောက်လာသောအခါတွင် စုန့်ယွီယန်နှင့် မာရှိဝေတို့သည် ဧည့်ခန်းနေရာတွင် ရှိနေကြပြီး လျို့ချွမ်ဝူနှင့် ယွမ်သုန်ကျီကမူ နေရာတွင် မရှိကြပေ။ ထိုနှစ်ယောက်ကို မမြင်သဖြင့် ရှန်ချင်းဟန်က မေးလိုက်သည်။
"ဆရာနဲ့ ကျောင်းအုပ်ရော ဘယ်ရောက်သွားတာလဲ။"
စုန့်ယွီယန်က ပြန်ဖြေလိုက်သည်။
"ကျောင်းအုပ်ယွမ်ပြန်ရောက်တာ သိပ်မကြာသေးဘူးကိုး။ အဘိုးကြီးက ချက်ချင်းပဲ အပေါ်ထပ်က အခန်းထဲကို ဆွဲခေါ်သွားပြီး ကျောင်းအုပ်ယွမ်အထင်ကြီးအောင် သူ့အားကောင်းတာကို ပြမယ်ဆိုပြီး ကြိမ်းဝါးသွားတာပဲ။"
"သိပြီ..."
ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်ရင်းဖြင့် ပါးလေးက အနည်းငယ်မျှနီသွားသည်။ မိမိသည် လင်းဇီချန်ဖြင့် ခန္ဓာကိုယ်ထိတွေ့ခြင်းမျိုးလုပ်ခဲ့ကြသော်လည်း ယောက်ျားနှင့် မိန်းမကြားမှ ထိုအကြောင်းကို ကြားသောအခါတွင် စိတ်ထဲတွင် ထိုအရာနှင့်ဆက်စပ်သောပုံရိပ်မျိုးကို မြင်လာတတ်သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် လျို့ချွမ်ဝူနှင့် ယွမ်သုန်ကျီတို့သည် အပေါ်ထပ်မှ ဆင်းလာကြသည်။ ယွမ်သုန်ကျီ၏မျက်နှာက ရွှင်ပြနေသည်။ လျို့ချွမ်ဝူကမူ ဒယီးဒယိုင်ဖြင့်ပင် ဖြစ်ပြီး အတော်လေးအင်အားယုတ်လျော့နေဟန်တူသည်။ သခင်အဆင့်တိုက်ခိုက်သူဖြစ်သောယွမ်သုန်ကျီက အရေးသာသွားဟန်တူသည်။ လျို့ချွမ်ဝူ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်ဒုတိယအဆင့်ဖြစ်သော်လည်း သခင်အဆင့်ယွမ်သုန်ကျီဖြင့် ပြိုင်ဘက်မဟုတ်ပေ။
"ဆရာ မတွေ့ရတာကြာပြီ။"
ရင်းနှီးနေသော ယွမ်သုန်ကျီကို မျက်နှာလေးကို မြင်လိုက်ရသောအခါတွင် ရှန်ချင်းဟန်က ချက်ချင်းပင် ချိုသာသောအပြုံးလေး ပြုံးလိုက်မိသည်။
ယွမ်သုန်ကျီကလည်း ပြန်ပြုံးပြလိုက်ပြီး ရှေ့မှခုံတန်းဆီသို့သွားကာ ထိုင်၍ နွေးထွေးသောအသံဖြင့် ပြောလိုက်သည်။
"လာ ဒီမှာ ဆရာနဲ့လာထိုင်။"
"ဟုတ်ကဲ့။"
ရှန်ချင်းဟန်သည် နာခံစွာဖြင့် ဘေးတွင် ဝင်ထိုင်လိုက်သည်။ ယွမ်သုန်ကျီက လင်းဇီချန်ဘက်သို့လှဉ့်၍ ပြောလိုက်သည်။
"ဇီချန်ရော ဒီမှာလာထိုင်။ မင်းနဲ့ချင်းဟန်ကို အရေးကြီးကိစ္စ ပြောစရာရှိတယ်။"
လင်းဇီချန်က ရှန်ချင်းဟန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။
"တစ်ခုခု အရေးကြီးတာ ရှိလို့လား။"
ယွမ်သုန်ကျီက ချက်ချင်းမဖြေသေးဘဲ ပန်းလက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ ခေတ္တမျှကြာပြီးနောက်တွင် စတင်၍ ဖြည်းဖြည်းချင်းပြောလေသည်။
"မူလမြေမှာ ငါရဲ့တပည့်ကြီး လော့ချင်းရွှယ်နဲ့တွေ့ခဲ့ပြီး စကားပြောကြည့်တော့ မင်းတို့နှစ်ယောက်အကြောင်းကို ပြောခဲ့သေးတယ်။"
"ခန့်မှန်းကြည့်ကြ။ မင်းတို့နှစ်ယောက်ရဲ့နာမည်ကို သူက အတော်လေးရင်းနှီးနေတယ်လို့ပြောတယ်။"
"အဲ့လိုဆို ဆရာတူအစ်မက အမှတ်မမှားဘူးဆိုရင် သူက မူလတန်းကျောင်းတုန်းက ကျောင်းသားသစ် ပိုင်ရွှယ်ပဲဖြစ်လောက်တယ်။"
လော့ချန်းရွှယ်က တကယ်ပဲ ပိုင်ရွှယ်ဖြစ်နိုင်တယ်လား
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦးလုံး အံ့ဩသွားသည်။ လော့ချန်းရွှယ်သည် ပိုင်ရွှယ်နှင့်အတော်လေးတူသည်ကို ခံစားမိကာ သူမ ဖြစ်မည်ဟုပင် ထင်မိသည်။ သို့သော်လည်း အတည်ပြုကြည့်သောအခါတွင် အံ့အားသင့်နေဆဲဖြစ်ကာ လောကကြီးက တိုက်ဆိုင်လွန်းသည်ဟု ထင်မိသည်။
"ဆရာ စီနီယာအစ်မက ကျွန်မနာမည်နဲ့ ဇီချန်ရဲ့နာမည်ကို အတော်လေးရင်းနှီးနေတယ်ပြောတယ်။ မဟုတ်ရင် သူက ကလေးဘဝကဟာတွေကို မမှတ်မိတော့ဘူးလား။"
ရှန်ချင်းဟန်က မေးလိုက်၏။
ယွမ်သုန်ကျီက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"သူ့ရဲ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတဲ့ပုံပဲ။ ပိုင်ရွှယ်ဆိုတာနဲ့ပက်သက်ပြီး အကုန်လုံးကို မေ့သွားတဲ့ပုံပဲ။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
ရှန်ချင်းဟန်က စိတ်ပျက်သွားမိသည်။ သုံးဦးသား အမြဲတူတူကစားခဲ့ကြသည်။
ကိစ္စအားလုံးကို မေ့သွားတာလား
ယွမ်သုန်ကျီက နောက်ထပ်လက်ဖက်ရည်တစ်ကျိုက်သောက်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်မူလမြေကို ရောက်ရင် သူနဲ့ လူကိုယ်တိုင်စကားပြောကြည့်ကြ။ အကုန်လုံးပြန်မှတ်မိတာလည်း ဖြစ်နိုင်တယ်။"
ပြောပြီးနောက်တွင် သူမသည် လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်ပြီး လော့ချန်းရွှယ်နှင့်ပက်သက်သည့်ကိစ္စကို မဆွေးနွေးတော့ပေ။ သူမသည် ချက်ချင်းပင် ခေါင်းစဉ်ပြောင်း၍ ပြောလိုက်သည်။
"မူလမြေက သားရဲအုပ်ကို ခုခံတုန်းက အခြေအနေတွေက အတော်လေးပြင်းထန်ခဲ့တယ်။ သေမလိုအခါခါဖြစ်ခဲ့တယ်။"
"ဒါပေမဲ့လို့ ထူးဆန်းတဲ့တာအိုဝတ်ရုံနဲ့အမျိုးသမီးတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး သူ့စွမ်းအားကိုသုံးလို့ သားရဲအုပ်ကို နှိမ်နင်းလိုက်တယ်။ မဟုတ်ရင် ငါပြန်လာနိုင်မှာတောင် မဟုတ်တော့ဘူး။"
အခန်း (၃၉၈) မူလမြေသို့ဝင်လေပြီ (၂)
"ထူးဆန်းတဲ့တာအိုဝတ်ရုံအမျိုးသမီးက ကောင်းကင်လူသားသခင်တဲ့လား။ အဲ့ဒါအမှန်ပဲလား။"
ယွမ်သုန်ကျီက နောက်ဆုံးစကားကို ပြောပြီးသောအခါတွင် အကြည့်တို့က လျို့ချွမ်ဝူဆီသို့ ရောက်သွားသည်။ လျို့ချွမ်ဝူက ခေါင်းညိတ်ပြလိုက်၏။
"အမှန်ပဲ။"
ယွမ်သုန်ကျီက တွေဝေသွားရသည်။
"ဒီမှာ ဘာဖြစ်နေတာလဲ။"
"ဒီလို...."
လျို့ချွမ်ဝူက စိတ်ရှည်စွာဖြင့် ယွမ်သုန်ကျီကို အားလုံးရှင်းပြလိုက်သည်။ အစတွင် ချီချင်းမော့၏ဇစ်မြစ်အကြောင်းကို ပြောပြသည်။ ထို့နောက်တွင် မည်သို့ပြန်လည်အသက်ဝင်လာပုံကို ရှင်းပြသည်။ နောက်ဆုံးတွင် သူမ၏အကျင့်စရိုက်၊ အင်အားနှင့်ရပ်တည်ချက်ကို ပြောပြ၏။ မိတ်ဆက်ပေးရသည်က မရှုပ်ထွေးသော်လည်း ချီချင်းမော့်နှင့်ပက်သက်၍ အကြမ်းဖျင်းနားလည်သွားစေနိုင်သည်။ သို့ရာတွင် အကူအညီမဖြစ်ပေ။ လျို့ချွမ်ဝူကိုယ်တိုင်ကပင် ချီချင်းမော့နှင့် လွန်စွာမရင်းနှီးပေ။ သူမသည်အားကောင်းကာ မိမိတို့ဘက်မှလူဆိုသည်ကိုသာ သိထားသည်။ များများစားစားမသိထားသဖြင့် ဘာကိုမှမသေချာပေ။
ချီချင်းမော့အကြောင်းကို အတိုချုံးရှင်းပြပြီးနောက်တွင် လျို့ချွမ်ဝူက ယွမ်သုန်ကျီကို ပြောလိုက်သည်။
"တကယ်တော့ ကောင်းကင်လူသားသခင်ကို နားလည်ချင်ရင် ဇီချန်နဲ့ချင်းဟန်က ငါ့ထက် ပိုပြီးသိတယ်။ ကောင်းကင်လူသားသခင်က ကမ္ဘာပေါ်ရောက်ရင် သူတို့နှစ်ယောက်နဲ့ အတူနေတာ။"
ထိုစကားကို ကြားသည့်အခါတွင် ယွမ်သုန်ကျီက ချက်ချင်းပင် ထိုနှစ်ယောက်ဘက်သို့လှည့်၍ မေးလိုက်သည်။
"မင်းတို့နှစ်ယောက် ကောင်းကင်လူသားသခင်နဲ့ပက်သက်ပြီး ဘယ်လောက်သိထားကြလဲ။ ငါ့ကို ပြောပြလို့အဆင်ပြေလား။"
လင်းဇီချန်သည် ပန်းလက်ဖက်ရည်တစ်ကျိုက်သောက်ကာ ပြောလိုက်သည်။
"ကောင်းကင်လူသားသခင်ကို နားလည်ထားတာက ကျောင်းအုပ်နားလည်ထားတာနဲ့အတူတူလောက်ပါပဲ။ ဘာမှထပ်မရှိပါဘူး။"
"အဲ့လိုဆို ကောင်းကင်လူသားသခင်က တကယ်ကို ထူးခြားဆန်းကြယ်တာပဲ။"
လျို့ချွမ်ဝူက မုတ်ဆိတ်မွေးသပ်ကာ မှတ်ချက်ပေးလိုက်သည်။
"ပုံမှန်ပါပဲ။ စွမ်းအားကြီးတဲ့သူတွေက လျို့ဝှက်ဆန်းကြယ်ကြတယ်။ သူတို့ရဲ့အရာအားလုံးကို ငါတို့ကိုပြောပြဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့အားကြီးတဲ့လူက ငါတို့ထဲကတစ်ယောက်ဖြစ်နေတာကို သိရတာနဲ့တင်လုံလောက်ပြီ။ ဒီထက်ပိုပြီးသိစရာမလိုဘူး။"
ယွမ်သုန်ကျီက လက်ခံသောအမူအရာဖြင့် ပြောလိုက်သည်။
"တကယ်အမှန်ပဲ။"
စကားပြောကြပြီးနောက်တွင် သူမသည် ရှန်ချင်းဟန်ဘက်သို့လှည့်၍ ပြောလိုက်သည်။
"ငါနဲ့ရုံးခန်းကို လိုက်ခဲ့။ မင်းအတွက် မူလမြေမှာ ဒုဓလီငါးမျိုးစိတ်ကို လဲလာတယ်။ မင်းရဲ့ဝိညာဉ်စွမ်းအားတိုးတက်ဖို့ပေါ့။"
"ကျေးဇူးတင်ပါတယ် ဆရာ။"
ရှန်ချင်းဟန်သည် မည်သို့ပြောရမည်ကို မသိသောကြောင့် ကျေးဇူးတင်ကြောင်းကိုသာ ပြေလိုက်သည်။ မကြာခင်တွင်နှစ်ဦးသား သုတေသနတက္ကသိုလ်မှ ထွက်သွားကြပြီး စီမံခန့်ခွဲရေးအဆောက်အဦးဆီသို့သွားသည်။ လင်းဇီချန်က လိုက်မသွားဘဲ သုတေသနတက္ကသိုလ်တွင်သာ နေခဲ့ပြီး မိမိ၏အတွင်းကြောမှတ်များကို ထိုးနှက်နေသည်။ နှလုံးနေရာနှင့် ဦးနှောက်နေရာတို့က ဖွင့်ပြီးဖြစ်သည်။ နောက်ထပ်ပန်းတိုင်မှာ ခန္ဓာကိုယ်ပင် ဖြစ်၏။
…
အချိန်ကလျင်မြန်စွာကုန်ဆုံးနေသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် လဝက်ကုန်ဆုံးသွားသည်။ စာသင်နှစ်ဝက်လည်း ကုန်ဆုံးသွား၏။ လင်းဇီချန်ကို ပထမဆုံးကောလိပ်နွေရာသီအားလပ်ရက်က ကြိုဆိုနေသည်။ ထိုအချိန်တွင် သူသည် အတွင်းကြောမှတ်စုစုပေါင်းလေးနေရာကို ဖွင့်ပြီးဖြစ်သည်။ နှလုံးနှစ်နေရာ၊ ဦးနှောက်တစ်နေရာနှင့် ခန္ဓာကိုယ်တစ်နေရာပင်ဖြစ်သည်။ ထိုအချိန်တွင် သွေးမျိုးဆက်စွမ်းအားအဆင့်ကလည်း အဆင့်မြင့်ဆဌမအဆင့်ဖြစ်ကာ ပို၍အမြင့်သောအဆင့်သို့ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။ ခွန်အားစမ်းသပ်ပြီးနောက်တွင် လင်းဇီချန်သည် သခင်အဆင့်ပထမအဆင့်ကိုပင် ယှဉ်နိုင်သည်ကို ခံစားမိသည်။ မိမိ၏အင်အားသည် အချိန်တိုအတွင်းတွင်ပင် ခုန်တက်သွား၏။
လင်းဇီချန်ဖြင့်ခွဲမရသောရှန်ချင်းဟန်ကလည်း အတွင်းကြောမှတ်လေးနေရာကို ဖွင့်ပြီးဖြစ်သည်။ နှလုံးအမှတ်တစ်နေရာ၊ ဦးနှောက်အမှတ်နှစ်နေရာ၊ ခန္ဓာကိုယ်အမှတ်တစ်နေရာပင် ဖြစ်သည်။ သွေးမျိုးဆက်စွမ်းအားအဆင့်ကလည်း အဆင့်မြင့်ပဥ္ဇအဆင့်ထိ တက်သွားသည်။ လင်းဇီချန်နောက်မှအမှီလိုက်နိုင်ကာ နောက်ကျမကျန်ခဲ့ပေ။
"ထူးဆန်းလိုက်တာ။ ကောင်းကင်လူသားသခင်က ဒီတစ်ခေါက် ဘာလို့ကြာနေတာလဲ။"
အိပ်ရာထက်တွင် လင်းဇီချန်သည် ခါးနှင့်ဗိုက်ကိုဆောင့်ရင်းဖြင့် မျက်မှောင်အသာကြုတ်ကာ ပြောလိုက်မိသည်။ ချီချင်းမော့တစ်ယောက်မူလမြေတွင် အန္တရာယ်ဖြင့်ရင်ဆိုင်ရပြီး မိမိတို့၏အင်အားလျော့နည်းသွားမည်ကို စိတ်ပူနေမိသည်။ မိမိအောက်မှ ရှန်ချင်းဟန်က နဖူးတွင်ချွေးစေးများပြန်နေပြီး အနည်းငယ်တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။
"ကောင်းကင်လူသားသခင်က ဒီလောက်အားကြီးတာ။ သူအဆင်ပြေမှာပါ။"
"ကောင်းကင်လူသားသခင်က မူလမြေမှာ တစ်ခုခုကို ရှာတွေ့သွားပြီး သူ့ရဲ့ထိပ်ဆုံးအဆင့်ကို ပြန်တက်နိုင်မဲ့နည်းလမ်းကို ရှာတွေ့သွားလို့ဖြစ်မှာပေါ့။ အဲ့ဒါကြောင့် အကြာကြီးနေတဲ့အထိ ပြန်မလာသေးတာဖြစ်မယ်။"
"ကောင်းကင်လူသားသခင်ကို ပြန်မြင်ရတဲ့အခါကျရင် သူက ထိပ်ဆုံးအဆင့်ကို ရောက်နေတာမျိုးတောင် ဖြစ်နိုင်တယ်။"
အမှန်တွင် သူမသည်လည်း ချီချင်းမော့တစ်ယောက် အန္တရာယ်ဖြင့်တွေ့မည်ကို စိုးရိမ်မိသော်လည်း လင်းဇီချန်စိုးရိမ်နေသည်ကိုမြင်သောကြောင့် မိမိ၏စိုးရိမ်မှုကို ချိုးနှိမ်ကာ အကောင်းဘက်မှတွေးနိုင်ရန် နှစ်သိမ့်ပေးလိုက်သည်။ သို့သော်လည်း မိမိသည် မည်မျှပင် စိတ်အေးအောင်ပြောပေးသော်လည်း လင်းဇီချန်က စိုးရိမ်နေဆဲဖြစ်၏။
အိပ်ရာထဲမှ ကိစ္စပြီးကြသည့်နောက်တွင် လင်းဇီချန်က မိမိဘေးမှဖုန်းကိုယူကာ ယွမ်သုန်ကျီ၏ဝီချက်ကိုလိုက်ရှာပြီး မူလမြေမှအခြေအနေကို သိနိုင်ရန် ဆက်သွယ်၍ရမရကို မေးကြည့်သည်။ နာရီဝက်ခန့်ဆက်သွယ်ကြည့်လိုက်သည်။ ယွမ်သုန်ကျီက အင်အားကြီးများပါသည့်အုပ်စုဖွဲ့စကားပြောခြင်းထဲတွင် မူလမြေ၌ ရက်ပိုင်းအတွင်းတွင် ချီချင်းမော့အကြောင်း ကြားမိသလားကို မေးပေး၏။ ထို့နောက်တွင်မှ သူသည်လည်း စိတ်သက်သာရာရသွားသည်။ သို့တိုင် ချီချင်းမော့အန္တရာယ်မဖြစ်ရန်စိတ်ထဲတွင် မျှော်လင့်နေမိ၏။
မကြာခင်တွင်ပင် တစ်ပတ်တာကုန်ဆုံးသွားသည်။ နွေရာသီအားလပ်ရက် ဇူလိုင်လရှစ်ရက်တွင် ရှန်ဟိုင်းတက္ကသိုလ်က ရုတ်တရက်ပင် လူရှုပ်ယှက်ခတ်နေသည်။ ကောင်းကင်လူသားအဖွဲ့အစည်းက အဖွဲ့ဝင်သစ်ခေါ်နေသောကြောင့်ပင် ဖြစ်၏။ ယခုနှစ် ရှန်ဟိုင်းတက္ကသိုလ်သို့ ဝင်လာသောကျောင်းသားများမှ ကိုယ်ခန္ဓာပါရမီထးချွန်သည့်ပါရမီရှင်များကို ခေါ်နေခြင်းဖြစ်သည်။ ယခင်က ကောင်းကင်လူသားအဖွဲ့အစည်း၏ လူသစ်ခေါ်ခြင်းသည် အမြဲပင် တိတ်ဆိတ်နေခဲ့ကာ လျို့ချွမ်ဝူကိုယ်တိုင် ကျောင်းသားအိမ်ထိသွားကာ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ရန် တောင်းပန်ရသည်။ သို့သော် ယခုတွင်မူ မတူတော့ပေ။
လင်းဇီချန်ဟုသော သက်ရှိထင်ရှားကြေညာဆိုင်းဘုတ်ကြီးရှိနေလျှင် ကိုယ်ခန္ဓာပါရမီထူးချွန်သည့်သူများက ရှန်ဟိုင်းတက္ကသိုလ်သို့ရောက်လာကြပြီး ကောင်းကင်လူသားအဖွဲ့အစည်းထဲသို့ဝင်ကာ သွေးသန့်လူသားလမ်းစဉ်လိုက်ချင်ကြောင်း ပြသနေကြသည်။
"လင်းရှန်က ဒီမှာမဟုတ်ဘူးလား။ လင်းရှန်မရှိဘူးလား။"
"လင်းရှန်ကိုတွေ့ဖို့ မိုင်ပေါင်းထောင်ချီကနေ လေယာဉ်ပျံစီးပြီးလာရတာ။ ဒါပေမဲ့လို့ သူက ဒီမှာမရှိတော့ စိတ်ပျက်သွားမိပြီ။ တကယ်စိတ်တိုတယ်။"
"ဘာတွေအလျင်လိုနေတာလဲ။ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်တာနဲ့ နောင်ကျရင် လင်းရှန်ကိုတွေ့ရဖို့ အခွင့်အရေးအပြည့်အဝရပြီလေ။"
"...."
သွေးသန့်လူသားတက္ကသိုလ်ရှေ့တွင် ခန္ဓာကိုယ်ပါရမီထူးချွန်သော ပါရမီရှင်ရာချီက စုရုံးနေကြပြီး လူများရှုပ်ယှက်ခတ်နေသည်။ ၎င်းတို့ပြောနေသော လင်းရှန်ဆိုသည်မှာ သွေးသန့်လူသားလမ်းစဉ်ကိုယ်စားပြု လင်းဇီချန်ကို ဆိုလိုခြင်းဖြစ်သည်။ လင်းဇီချန်ကို လေးစားသမှုဖြင့် ကိုးကွယ်လုနီးပါးပင် ဖြစ်သည်။
"အားလုံး တိတ်တိတ်နေကြပြီး တန်းစီပေးကြပါ။"
"တစ်တန်းကို လူသုံးဆယ်ထက်မပိုပါစေနဲ့။"
"အတန်းလိုက်စီပြီးရင် ခန္ဓာကိုယ်အားစမ်းသပ်ဖို့အတွက် အားကစားခန်းမဆီကို သွားပေးပါ။"
လျို့ချွမ်ဝူသည် လူအုပ်ရှေ့တွင်ရပ်ကာ အကျယ်ကြီးအော်ပြောနေသည်။ ထိုအော်သံကို ကြားသည်နှင့် ကလေးများက အတန်းလိုက်စီကျပြီး အစမ်းသပ်ခံရန် စောင့်နေကြသည်။ ပါရမီရှင်များ အတန်းလိုက်စီနေသည်ကို မြင်သောအခါတွင် လျို့ချွမ်ဝူသည် အားလုံး၏အချိန်ကို မနှောင့်နှေးစေလိုသဖြင့် အမြန်ပင် သိုင်းပညာကောလိပ်မှဆရာများကို ဦးဆောင်စေကာ စစ်ဆေးရန်အတွက် အားကစားခန်းမထဲသို့ ခေါ်သွားစေသည်။
.....
သုတေသနတက္ကသိုလ်ထဲတွင် စုန့်ယွီယန်သည် ပြတင်းပေါက်နားတွင်ရပ်ကာ အောက်မှလူရာချီလူအုပ်ကို ငုံ့ကြည့်၍ မိမိနောက်မှ ဆိုဖာပေါ်တွင် ထိုင်နေသော လင်းဇီချန်ကို မမေးဘဲ မနေနိုင်တော့ပေ။
"ဇီချန် အောက်သူတွေက မင်းရဲ့ပရိတ်သတ်တွေ။ ဘာလို့ သူတို့ကို မျက်နှာထွက်မပြရတာလဲ။"
"နောင်လည်း မျက်နှာပြရမှာပဲလို့ ထင်လို့ပါ။ သူတို့က ကောင်းကင်လူသားအဖွဲ့အစည်းထဲကို ဝင်လာနိုင်ရင် နောင်ကျရင် ကျွန်တော်နဲ့တွေ့ဖို့ အခွင့်အရေးအများကြီးရှိတယ်မလား။"
လင်းဇီချန်သည် မိမိ၏အတွင်းကြောမှတ်များကို ထိုးနှက်ရင်းဖြင့် ပြောလိုက်သည်။
စုန့်ယွီယန်ကမူ နောင်တရသွားဟန်တူသည်။
"အောက်မှာ လှတဲ့ကောင်မလေးတွေများတယ်။ ငါသာ မင်းဆိုရင် သေချာပေါက် အောက်ဆင်းပြီး မျက်နှာသွားပြမှာပဲ။"
ပြောပြီးပြီးချင်းတွင်ပင် ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ ဟန်ဟန်ကလည်း လှတာပဲဆိုတော့ အခြားမိန်းကလေးတွေက မင်းမျက်လုံးထဲမှာ တိုးတော့မှာမဟုတ်တော့ပါဘူး။"
လင်းဇီချန်က ပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။ ရှန်ချင်းဟန်က ဘေးတွင်ရှိနေသည်။ ထိုကိစ္စကို သူမရှေ့တွင် မဆွေးနွေးချင်ပေ။ လူများစွာက ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက်ဖြင့် လုံလောက်သွားလျှင် သူမအတွက်အချစ်သည် ငြီးငွေ့သောအခါတွင် ပျောက်ကွယ်သွားသည်ဟု ပြောကြသည်။ လင်းဇီချန်ကမူ ထိုသို့မခံစားမိပေ။ ရှန်ချင်းဟန်ဖြင့်သာဆိုလျှင် အချစ်က အတူတူအချိန်ကုန်ဆုံးနေကြရင်းဖြင့်ပင် ကြီးထွားလာလေသည်။
.....
အချိန်က ချက်ချင်းပင် လျင်မြန်စွာ ကုန်ဆုံးနေသည်။ မသိလိုက်ခင်တွင်ပင် ညနေခင်းသို့ရောက်သွားသည်။ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် ခန္ဓာကိုယ်ကို သန့်စင်နေကြဆဲဖြစ်ပြီး တစ်မိနစ်၊တစ်စက္ကန့်မျှ အချိန်မဖြုန်းချင်ကြပေ။
"တစ်ပတ်လုံးအလုပ်လုပ်ပြီးမှပဲ နောက်ဆုံးတော့ ဒီနှစ်အတွက် လူခေါ်တာပြီးသွားတော့တယ်။ ပင်ပန်းလိုက်တာ။"
လျို့ချွမ်ဝူက အားကစားခန်းမမှ ပြန်လာပြီး မိမိပင်ပန်းကြောင်းပြောကာ မျက်နှာကမူ ပြုံးရွှင်နေ၏။
စုန့်ယွီယန်က ချည်းကပ်သွားပြီး မေးလိုက်သည်။
"ကျောင်းအုပ် လူဘယ်နှစ်ယောက်လောက်ရလဲ။"
"ခန့်မှန်းကြည့်။"
လျို့ချွမ်ဝူက ရွှင်ပြစွာပြုံး၍ ပြောလိုက်သည်။
"ကျွန်မကခန့်မှန်းနေမယ်လို့ ထင်လို့လား။"
မိန်းကလေးက မခန့်မှန်းသည်ကို မြင်သောအခါတွင်လျို့ချွမ်ဝူက စပ်ဖြီးဖြီးလုပ်၍ ရယ်ကာ ပြောလိုက်သည်။
"မင်းယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ လူ (၁၆၆) ယောက် ခေါ်လိုက်တယ်။"
"အဲ့လောက်ကို များတာလား။"
စုန့်ယွီယန်က အတော်လေးတုန်လှုပ်သွားသည်။
လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် တုံ့ပြန်မှုကြီးကြီးမားမားမပြဘဲ တည်ငြိမ်နေသည်။ လျို့ချွမ်ဝူသည် နှစ်ဦးကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
"အရှင်ယဲ့က အစက လူတစ်ရာခေါ်ဖို့ ပန်းတိုင်ထားပေးခဲ့တာ။ ခုတော့ ငါက (၁၆၆) ယောက်ခေါ်လိုက်နိုင်ပြီဆိုတော့ တာဝန်အောင်မြင်သွားပြီ။ မင်းတို့နှစ်ယောက် မကြာခင်မူလမြေထဲကို ဝင်ရတော့မယ်။"
နောက်ဆုံးတွင်မူ မူလမြေထဲသို့ ဝင်နိုင်တော့မည်ဖြစ်သည်။
လင်းဇီချန်၏စိတ်ထဲ၌ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။ မူလမြေသို့ဝင်ရန် မျှော်လင့်ခဲ့ကာ အဆင့်မြင့်ကမ္ဘာကို ကိုယ်တိုင်ကိုယ်ကျခံစားကြည့်ချင်သည်။ တစ်ချိန်တည်းတွင်ပင် ထိုဂြိုလ်သားစာရင်းမှလူများက မည်မျှအားကောင်းသည်ကိုလည်း သိချင်မိသည်။
"မတွေ့ရတာကြာပြီဖြစ်တဲ့ ကောင်းကင်လူသားသခင်လည်း မူလမြေမှာ ဒုက္ခမရောက်ဘြ အလုပ်များနေပြီး ပြန်မလာနိုင်တာပဲဖြစ်ပါစေလို့ မျှော်လင့်မိတယ်။ အဲ့ဒါမှ သူက ငါ့ကို ဆက်ပြီးထောက်ပံ့ပေးနိုင်မှာ။"
လင်းဇီချန်တစ်ယောက် တိတ်တဆိတ်ဖြင့် မျှော်လင့်နေမိသည်။
အခန်း (၃၉၉) _ ဂြိုလ်သားလူသားပါရမီရှင်များ၏တိုက်ရည်ခိုက်ရည်
မူလမြေ မြို့နံပါတ်တစ်တွင် ဖြစ်သည်။
ဂြိုလ်သားလူသားစာရင်းတွင်ပါသော ပါရမီရှင် (၂၈) ယောက်အဖွဲ့သည် ကြီးမားလှသည့်လေ့ကျင့်ရေးအခန်းထဲတွင် စုဝေးနေကြသည်။ တစ်ဦးချင်းစီသည် မောဟိုက်နေပြီး ခန္ဓာကိုယ်က ချွေးများရွှဲနစ်နေပြီး မျက်နှာတို့ကမောပန်းနွမ်းနယ်မှုကို အထင်းသားမြင်နေရသည်။ ၎င်းတို့သည် ပြင်းထန်သောလေ့ကျင့်ခန်းကို စောနလေးတင်မှ ပြီးထားသည်က ထင်ရှားသည်။ ထိုအဖွဲ့၏ရှေ့တွင် ရပ်နေသူမှာ အကြည့်စူးရှသောကတုံးဖြင့် လူကြီးတစ်ယောက် ဖြစ်၏။ ထိုကတုံးလူကြီးသည် မြို့နံပါတ်တစ်၏ သခင်အဆင့်အဆင့်မြင့်အဆင့်ဖြစ်ပြီး ထိုအဖွဲ့ဝင် (၂၈) ယောက်အတွက် လေ့ကျင့်ရေးလုပ်ရန် တာဝန်ယူရသူဖြစ်ကာ ခွန်အားပိုတိုးလာအောင် လုပ်ပေးရသည်။
ထိုအချိန်တွင် ကတုံးလူကြီးသည် မိမိရှေ့မှ ဂြိုလ်သားပါရမီရှင်များကို ကြည့်ကာ ပေါက်ကွဲထွက်မတတ်လေသံဖြင့် ပြောလိုက်သည်။
"ဒီနေ့ စစ်ဆေးချက်ရလဒ်တွေအရ ငါတော့ အံ့လည်းအံ့ဩမိသလို စိတ်လည်းစိတ်ပျက်မိတယ်။"
"အံ့ဩမိတာဆိုတာက ချန်းရွှယ်က သိသိသာသာကို တိုးတက်လာလို့ပဲ။ အထူးလေ့ကျင့်ရေးထဲမပါခင်က သူ့ရဲ့စွမ်းအားအဆင့် လူ (၂၈) ယောက်အဖွဲ့မှာ (၁၃)ဆင့်ပဲ။ အလယ်အလတ်အဆင့်ပဲရှိတယ်။ ဒါပေမဲ့ တစ်လလောက် အထူးလေ့ကျင့်ရေးဆင်းပြီးတော့ အခုဆို အဆင့်ကိုးထိ တက်သွားပြီး ထိပ်တန်းဆယ်ယောက်ထဲဝင်သွားပြီ။ စိတ်ထဲမှာမှတ်ထားကြ။ သူက အခုမှ (၁၉) နှစ်ပဲရှိသေးတယ်။ မင်းတို့ထဲမှာ အကြီးဆုံးက (၂၉) ရှိနေပြီ။ ဂြိုလ်သားလူသားစာရင်းထဲမှာ အငယ်ဆုံးအဖွဲ့ခေါင်းဆောင်က (၂၅) နှစ်။ သူက အဲ့စံချိန်ကို ချိုးဖျက်နိုင်မယ်လို့ မျှော်လင့်မိတယ်။"
ကတုံးလူကြီးသည် လော့ချန်းရွှယ်ကို ချီးကျူးနေခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ သူမကို ကြီးကြီးမားမားမျှော်လင့်ထားပုံရသည်။ ကတုံးလူကြီး၏ပြောကြားချက်ကြောင့် လော့ချန်းရွှယ်မှလွဲ၍ အခြားသော (၂၇) ယောက်သည် အလျင်လို၍ ဖိအားတစ်ခုကို ခံစားလိုက်မိသည်။ အားလုံးသည် ပါရမီရှင်များထဲမှ ပါရမီရှင်များဖြစ်ကြသည်။ ကလေးဘဝမှ အသက်ကြီးသည်အထိ အားလုံးသည် ပြိုင်ဘက်ဖြစ်သူများက မော့ကြည့်ခဲ့ရသူများ ဖြစ်သည်။ သို့တိုင် ယခုတွင် လော့ချန်းရွှယ်သည် မိမိတို့သည် မှေးမှိန်သွားရသည်။ အမှန်တွင် နှိုင်းယှဉ်ခံရလျှင်နာကျင်ရသည်ကို မသိကြပေ။
"ဟက် သူက လူမှမဟုတ်တာ။ ဘာလို့ သူနဲ့လာယှဉ်နေရတာလဲ။ အဓိပ္ပာယ်မရှိတာ။"
အသက်နှစ်ဆယ်ကျော်မိန်းကလေးတစ်ယောက်က အသက်ရှုရင်းဖြင့် ငြီးတွားလိုက်သည်။ ကတုံးလူကြီးက ချက်ချင်းပင် မျက်မှောင်ကြုတ်၍ ထိုမိန်းကလေးဘက်သို့လှည့်ကာ ပို၍ကျယ်သောအသံဖြင့် ပြောလိုက်သည်။
"ကျောက်ကျစ်ရွှမ် ဘာပြောလိုက်တာလဲ။ မင်းကိုယ်မင်း ဂြိုလ်သားနဲ့မနှိုင်းယှဉ်ရဘူးဆိုတာ ဘာကိုပြောတာလဲ။ ကမ္ဘာရဲ့အကြီးမားဆုံးရန်သူက ဆန်းကြယ်သားရဲတွေ၊ ဆန်းကြယ်အပင်တွေမဟုတ်ဘဲ ဂြိုလ်သားတွေဆိုတာကိုရော သိရဲ့လား။"
"ငါတို့က ဂြိုလ်သားနဲ့မယှဉ်နိုင်ရင် ဘယ်လိုလုပ် သူတို့နဲ့ရင်ဆိုင်ရတော့မှာလဲ။ အဆင့်မြင့်တွေက မင်းတို့တွေကို ဒီလောက်ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အများကြီး ထောက်ပံ့ပေးထားတာက ဂြိုလ်သားတွေကို ကျော်နိုင်အောင်လို့ပဲ။"
"ကျောက်ကျစ်ရွှမ် နောက်တစ်ခါ အဲ့လိုမျိုးအရူးစကားတွေ ထပ်ပပြောရဲရ၍ မင်းကို ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်လျော့ပေးပြီး ပိုပြီးတန်တဲ့သူတွေကိုပဲ ပေးလိုက်မယ်။"
"...."
ထိုစကားကို ကြားသောအခါတွင် ကျောက်ကျစ်ရွှမ်က စိတ်ပူသွားဟန်ဖြင့် ပြောလိုက်သည်။
"ဆရာလန် ကျွန်မမှားသွားပါတယ်။ နောက်တစ်ခါ ဒီလိုမျိုး ထပ်မပြောတော့ပါဘူး။"
လန်ထျန်ပိုင်သည် ကျောက်ဇီရွမ်ကို ပြန်မဖြေဘဲ လော့ချန်းရွှယ်ဘက်သို့လှည့်၍ ပြောလိုက်သည်။
"ချန်းရွှယ် မင်းကိုယ်မင်း သမိုင်းမှာ အငယ်ဆုံးအဖွဲ့ခေါင်းဆောင်ဖြစ်အောင် ကြိုးစားပါ။"
"အင်း။"
လော့ချန်းရွှယ်က ပုံမှန်သာ ပြန်ဖြေလိုက်သည်။ သူသည် လန်ထျန်းပိုင်ကို သဘောမကျပေ။ လန်ထျန်ပိုင်သည် သူမ၏ဂြိုလ်သားအဆင့်အတန်းကိုသုံး၍ အခြားအဖွဲ့ဝင်များကို စိတ်ဓာတ်ခွန်အားပေးတတ်ကာ မိမိကို အခြားသူများသဘောမကျအောင် ပို၍လုပ်နေသကဲ့သို့ပင် ဖြစ်သည်။ ဆရာတစ်ယောက်အနေဖြင့် လန်ထျန်ပိုင်သည် မိမိကို လော့ချန်းရွှယ်က သဘောမကျသည်ကို ခံစားမိသည်။ သို့သော်လည်း ဂရုမစိုက်ပေ။ မိမိ၏တာဝန်သည် ဂြိုလ်သားလူသားစာရင်းမှ အဖွဲ့ဝင်များကို ပိုအားကောင်းအောင် လုပ်ရန်သာ ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်သူများက လော့ချန်းရွှယ်ကဲ့သို့ ဂြိုလ်သားကို လက်ခံပေးထားသည်မှာ ကမ္ဘာ၏လူငယ်မျိုးဆက်ကို တိုးတက်စေရန်ဖြစ်သည်။
"ကျောက်ကျစ်ရွှမ်၊ ယောင်ယီဝမ်၊ ဟယ့်ချူးထောင်၊ နန်ကုန်းလျိုယွင်၊ ဟွမ်ရှင်း၊ ချန်ယိဖေး၊ ပိုင်ကျဲ မင်းတို့ခုနစ်ယောက် အပိုလေ့ကျင့်ဖို့နေခဲ့ကြ။"
"ကျန်တဲ့သူတွေ သွားလို့ရပြီ။"
"မြို့ပြင်မှာလေ့ကျင့်ရေးလုပ်မဲ့သူတွေကို မြို့ပြင်ကိုသွားပြီး မြို့ထဲမှာ အချိန်ဖြုန်းမနေကြနဲ့။"
လန်ထျန်ပိုင်သည် မိမိရှေ့မှ ပါရမီရှင်များကို ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် နာမည်ခေါ်ခံရသောခုနစ်ယောက်မှလွဲ၍ အားလုံးက လေ့ကျင့်ရေးခန်းမထဲမှ ထွက်သွားကြသည်။ လော့ချန်းရွှယ်က အမြန်ဆုံးထွက်သွားသူပင် ဖြစ်သည်။ သူမသည် ထပ်မနေချင်ပေ။ တစ်ယောက်တည်းနေရသည်ကိုသာ နှစ်သက်သည်။ ထွက်သွားရင်းဖြင့် အဖွဲ့ထဲမှလူငယ်နှစ်ယောက် နောက်မှလိုက်လာပြီး စကားပြောနေကြသည်။
"လော့ချန်းရွှယ်ရဲ့ဆင့်ကဲပြောင်းလဲတာက မြန်လိုက်တာ။ ခဏလေးနဲ့ အဆင့်မြင့်ဆဌမအဆင့်ရောက်သွားပြီ။ အခုဆို တစ်လလောက် အထူးလေ့ကျင့်ရေးဆင်းလိုက်တာနြ့ အဆင့်မြင့်သတ္တမအဆင့်ထိ တိုးတက်သွားပြီ။ ကြောက်ဖို့ကောင်းလိုက်တာ။"
အရပ်ရှည်ရှည်ဖြင့် လူငယ်ကျောက်ချင်ရှန်းသည် မိမိတို့ရှေ့မှ လော့ချန်းရွှယ်ကိုကြည့်ကာ ရိုးသားစွာဖြင့်ချီးကျူးလိုက်သည်။ အရပ်ပို၍ပုသောကျန်းထောင်က တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
"ကြောက်စရာကောင်းတယ်။ ဒါပေမဲ့လို့ ငါတို့နှစ်ယောက်က သူ့ထက်နောက်ကျကျန်ခဲ့တာမှမဟုတ်တာ။ ငါတို့မှာလည်း သူ့မှာမရှိတဲ့အားသာတာမျိုးရှိတာပဲ။"
ကျောက်ချင်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ။ ကမ္ဘာသားတွေဖြစ်တဲ့ ငါတို့ခန္ဓာကိုယ်က ပိုပြီး ခံနိုင်အားကောင်းပြီး သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲတာလုပ်ထားကြတာ။ သူ့လိုဂြိုလ်သားက မလုပ်နိုင်ဘူး။"
ကျောက်ထောင်က ပြောလိုက်သည်။
"လက်ရှိအခြေအနေက ငါတို့က သူ့ထက်နောက်ကျနေတာကို မကြည့်နဲ့။ ငါတို့သွေးမျိုးဆက်စွမ်းအားက သခင်အဆင့်အထိ တိုးတက်သွားပြီဆိုတာနဲ့ပိုပြီးအဆင့်မြင့်တဲ့ ဆန်းကြယ်သားရဲတွေနဲ့ပေါင်းစပ်ပြီး အင်အားက မိုးထိထောင်တက်တော့မှာ။ သူက ငါတို့နောက်မှာ ကျန်ခဲ့မှာပဲ။"
ကျောက်ချင်ရှန်းက သဘောတူလိုက်၏။
"အမှန်ပဲ။"
အဖွဲ့၏တွဲဖက်အညီဆုံးနှစ်ယောက်သည် အပြန်အလှန်စကားပြောလာကြကာ မိမိတို့သည် အဆင့်မြင့်နဝမအဆင့်ထိရောက်ပြီးဖြစ်ကြပြီး လော့ချန်းရွှယ်ထက် ညံ့သည်ကို လက်မခံနိုင်ကြပေ။ မကြာခင်တွင်ပင် ကျန်ခဲ့သောခုနစ်ယောက်ကို လန်ထျန်ပိုင်က ပြောလိုက်သည်။
"မင်းတို့ခုနစ်ယောက်ရဲ့ လုပ်ဆောင်ချက်က ညံ့ဖျင်းလွန်းတယ်။ တစ်လလုံးလေ့ကျင့်တာကို သိသာတဲ့တိုးတက်ပြောင်းလဲမှုမျိုး မမြင်ရသေးဘူး။"