← Chapters

အပိုင်း ၄၀၀-၄၀၂

Vol. 27 Ch. 400-402

အပိုင်း ၄၀၀-၄၀၂

Vol. 27 Ch. 400-402

အခန်း (၄၀၀) _ ဂြိုလ်သားလူသားပါရမီရှင်များ၏တိုက်ရည်ခိုက်ရည် (၂)

"ဒီနေ့ကစပြီး မင်းတို့အားလုံး လေ့ကျင့်ရေးခန်းမမှာပဲ နေရမယ်။ စံချိန်စံညွှန်းမှီမှပဲ ထွက်သွားလို့ရမယ်။"

"နားလည်ကြလား။"

"...."

"နားလည်ပါတယ်။"

ခုနစ်ယောက်လုံးက တစ်ညီတစ်ညာတည်းဖြင့် ပြောလိုက်သည်။

လန်ထျန်ပိုင်က ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီ။ မင်းတို့ခုနစ်ယောက်လုံးက ဆင့်ကဲပြောင်းလဲတဲ့ပါရမီက မြင့်တယ်ဆိုပေမဲ့လို့ လက်ရှိအင်အားကတော့ တစ်ယောက်တည်းမြို့ပြင်ထွက်ဖို့ကိုတောင် အားနည်းလွန်းတယ်။"

"အပြင်ဘက်က ဆန်းကြယ်သားရဲတွေက မင်းတို့ဖြည်းဖြည်းချင်းတိုးတက်လာမှာကို စောင့်နေမှာမဟုတ်ဘူးဆိုတာ သဘောပေါက်ပါ။ မင်းတို့ အားမကောင်းရင် သူတို့က မင်းတို့ကို နေရာမှာတင် တစ်စစီဆွဲဖြဲပစ်လိမ့်မယ်။"

"မင်းတို့အင်အား တိုးတက်လာတဲ့အထိ လေ့ကျင့်ရေးခန်းမထဲမှာပဲ နေရမယ်။ တိုးတက်မလာတဲ့ပါရမီက ပါရမီမဟုတ်ဘူး။ နားလည်ကြလား။"

"...."

"နားလည်ပါတယ်။"

ထိုခုနစ်ယောက်က ပြန်ဖြေလိုက်သည်။

လန်ထျန်ပိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

"တစ်လအတွင်း မင်းတို့ကို ပြန်ပြီးစမ်းသပ်မယ်။ အားလုံးအောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"

.....

လဝက်ခန့်ကြာပြီးနောက် ကမ္ဘာမြေပေါ်ရှိ ရှန်ဟိုင်းတက္ကသိုလ် သွေးသန့်လူသားသုတေသနတက္ကသိုလ်တွင်ဖြစ်သည်။

လင်းဇီချန်သည် တက္ကသိုလ်၏ခေါင်မိုးပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး လေရှုရှိုက်ကာ အတွင်းကြောမှတ်များကို ဖွင့်သေည်။

ယခုတွင်မူ စုစုပေါင်းအတွင်းကြောမှတ်ခြောက်မှတ်ကို ဖွ့င်နိုင်ခဲ့ပြီဖြစ်သည်။ နှလုံးတွင်နှစ်ခု၊ ဦးနှောက်တွင်နှစ်ခုနှင့် ခန္ဓာကိုယ်တွင် နှစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် သွေးမျိုးဆက်စွမ်းအားအဆင့်သည်လည်း အဆင့်မြင့်ဆဌမအဆင့်သို့ရောက်သွားပြီဖြစ်ပြီး မကြာမီတွင်ပင် သတ္တမအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ နာရီဝက်ကျော်ခန့်ကြာပြီးသည့်နောက်တွင် လင်းဇီချန်သည် အတွင်းကြောမှတ်များကို ဖွင့်ပြီးသည်နှင့် ခဏနားရန် ဆုံးဖြတ်လိုက်သည်။ အိတ်ထဲမှဖုန်းကို ဆွဲထုတ်လိုက်ပြီး လက်တလောအဖြစ်အပျက်များကို သိရန် သတင်းများ လိုက်ဖတ်သည်။

သူသည် သတင်းအက်ပ်ကို ဖွင့်လိုက်သည်နှင့် ဝီချက်မှစာတစ်‌စောင်ရောက်လာသည်။ ဝီချက်ကို စစ်ဆေးကြည့်လိုက်သောအခါတွင် ယဲ့ရုန်ရှန်း၏အတွင်းရေးမှူးက ပို့ထားခြင်းပင်ဖြစ်သည်။ ယခုတွင် နှစ်ယောက်လုံးသည် လိုအပ်ချက်များနှင့် ကိုက်ညီဖြစ်သောကြောင့် မူလမြေသို့ ဝင်နိုင်မည်ဖြစ်သည်။ ယခုမှစ၍ တတိယမြောက်နေ့ မနက်ရှစ်နာရီတွင် ရှန်ဟိုင်းတက္ကသိုလ်သို့ လေယာဉ်တစ်ဆင်းဖြင့်လာခေါ်မည်ဖြစ်ကာ မြို့တော်သို့သွားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြို့နံပါတ်တစ်သို့ဆက်သွယ်ထားသည့် သွေးမျိုူးဆက်လမ်းကြောင်းဆီသို့ သွားရမည်ဖြစ်ကြောင်း ပြောထားသည်။

"ဇီချန် ဘာကြည့်နေတာလဲ။"

အတွင်းကြောမှတ်များ ဖွင့်ပြီးစဖြစ်သော ရှန်ချင်းဟန်က လင်းဇီချန်တစ်ယောက် ဖုန်းကြည့်နေသည်ကို သတိထားမိသောကြောင့် စပ်စုစွာဖြင့် မေးလိုက်သည်။ လင်းဇီချန် မဖြေနိုင်ခင်တွင်ပင် ဖုန်းမှအကြောင်းအရာကိုဖတ်၍ အံ့ဩသွားတော့သည်။

"အာ"

"ငါတို့တွေ နောက်သုံးရက်နေရင် မူလမြေကို ဝင်ရတော့မှာလား။"

"အဲ့လောက်ကြီးရုတ်တရက်ဆန်ရတာလဲ။"

မူလမြေသို့ ဝင်နိုင်ရန်အတွက် သူမသည် စိတ်လှုပ်ရှားမိသကဲ့သို့ စိတ်လည်းပူမိသည်။

"အရမ်းရုတ်တရက်ဆန်လွန်းတယ်။"

လင်းဇီချန်က ဖုန်းကိုချ၍ ပေါ့ပါးစွာဖြင့် ပြောလိုက်သည်။

"ဒီတစ်ခေါက် မူလမြေကို ဝင်ပြီးရင် ကမ္ဘာကို ဘယ်အချိန်မှပြန်လာနိုင်မလဲဆိုတာကို ဘယ်သူသိမှာလဲ။ နောက်သုံးရက်အတွင်း အိမ်ပြန်ပြီး မိဘတွေနဲ့ အချိန်ကုန်ကြတာပေါ့။"

"အင်း။ မိဘတွေနဲ့ အချိန်ကောင်းလေးတွေ ကုန်ဆုံးကြတာပေါ့။"

….

မျက်စိတစ်မှိတ်အတွင်းတွင်ပင် သုံးရက်တာ ကုန်ဆုံးသွားသည်။ မိဘများ၏တွန့်ဆုတ်နေမိသောအကြည့်အောက်တွင်ပင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အိတ်အကြီးကြီးများကို သယ်၍ အတွင်းကျောင်းဝန်းထဲမှ စီမံခန့်ခွဲရေးအဆောက်အဦးဆီသို့ သွားကြသည်။ နှစ်ယောက်လုံးသည် လေယာဉ်ဆင်းသက်မည့် စီမံခန့်ခွဲရေးအဆောက်အဦး၏ခေါင်မိုးပေါ်သို့ သွားကြသည်။

"မိဘတွေလည်း ငါတို့ကို မမြင်ရတော့ပါဘူး။ အိတ်တွေကိုချပြီး သိုလှောင်ခန်းနေရာလွတ်ထဲထည့်လိုက်မယ်။"

ထောင့်တစ်ထောင့်သို့ရောက်သည့်အခါတွင် လင်းဇီချန်က ရှန်ချင်းဟန်ကို ပြောလိုက်ခြင်းဖြစ်သည်။ ရှန်ချင်းဟန်က အိတ်များကိုမချဘဲ ခေါင်းခါ၍သာ ပြောလိုက်သည်။

"ထားလိုက်တော့။ ကိုယ့်ဘာသာ သယ်တာပိုကောင်းမယ်။ မဟုတ်ရင် အခြားသူတွေက ဘာလို့ ဘာမှသယ်မလာတာလဲမေးလို့ ရှင်းပြရတာ ဒုက္ခများနေလိမ်မ့ယ်။"

"အမှန်ပဲ။"

လင်းဇီချန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး မိမိအတွေးတိမ်သွားသည်ဟု ထင်မိသည်။ မကြာခင်တွင်ပင် အမိုးထိပ်သို့ ‌ရောက်သွားကြသည်။

ယွမ်သုန်ကျီ၊ လျို့ချွမ်ဝူနှင့်စုန့်ယွီယန်တို့အားလုံးလည်း မိမိတို့ကို လိုက်ပို့ရန် ထိုနေရာတွင် ရောက်နေကြသည်။

"ဇီချန် ဟန်ဟန် မင်းတို့နှစ်ယောက်လုံး မူလမြေထဲရောက်ရင် သတိထားကြ။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အတွက်နဲ့ ကိုယ့်ဘာသာ မစွန့်စားလိုက်နဲ့။ မတန်ဘူး။"

စုန့်ယွီယန်သည် အစ်မကြီးတစ်ဦးကဲ့သို့ပင် ထိုနှစ်ယောက်ကို စိတ်ပူတကြီးဖြင့် အကြံပေးနေသည်။ ပြောပြီးသည့်နောက်တွင် ယွမ်သုန်ကျီက ပြောလာသည်။

"လော့ချန်းရွှယ်က အခု အတော်လေးတစ်ယောက်တည်းဖြစ်နေတာဆိုတော့ သူက အခြားသူတွေနဲ့ အဆက်မသွယ်မလုပ်တတ်ဘူး။ မင်းတို့နှစ်ယောက် သူ့ကို တွေ့ရင် စိတ်အားထက်သန်တဲ့ပုံစံနဲ့ သွားမတွေ့လိုက်နဲ့။"

"ဟုတ်ကဲ့ ဆရာ သိပါပြီ။"

လျို့ချွမ်ဝူက လင်းဇီချန်ကို ကြည့်၍ သတိပေးလိုက်သည်။

"ဇီချန် မင်း မူလမြေထဲသို့ ‌‌ရောက်တာနဲ့ ကောင်းကင်လူသားသခင်ဘယ်မှာလဲဆိုတာနဲ့ပက်သက်ပြီးမေးဖို့နဲ့ အခြေအနေဘယ်လိုလဲဆိုတာကို ပြောဖို့ မမေ့နဲ့။ ဘာလို့ သူကအကြာကြီးအထိပြန်မလာသေးရတာလဲကိုလည်း ပြောပြဖို့ မမေ့နဲ့။"

"စိတ်ချပါ ကျောင်းအုပ် ကျွန်တော်မှတ်မိပါတယ်။"

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

ထိုလောကကြီးတွင် မိမိသည် အခြားသူအားလုံးထက် ချီချင်းမော့ကို ပို၍ဂရုစိုက်သည်။ မိမိအားကိုး၍ရသောချီချင်းမော့သည့် အရင်းအမြစ်များထောက်ပံ့ပေးတတ်သည့်မွေးစားအမေကဲ့သို့ပင် ဖြစ်နေလေသည်။ မူလမြေသို့ရောက်သည်နှင့် ချီချင်းမော့၏သတင်းများကိုသာ လိုက်ရှာမည်ဖြစ်သည်။

....

မကြာခင်တွင်ပင် ကောင်းကင်၌ ရဟတ်ယာဉ်အသံကို ကြားလိုက်ရသည်။ ထိုရဟတ်ယာဉ်သည် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကိုလာခေါ်သောရဟတ်ယာဉ်ပင်ဖြစ်သည်။ လူဆယ်ယောက်ဆံ့သည့်ရဟတ်ယာဉ်ဖြစ်၏။ ယွမ်သုန်ကျီနှင့်အခြားသူများကို နှုတ်ဆက်ပြီးနောက်တွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် ရဟတ်ယာဉ်ပေါ်သို့ တက်လိုက်ကြပြီး မိုင်ပေါင်းထောင်ချီဝေးသည့် မြို့တော်ဆီသို့ ဦးတည်သွားကြသည်။ လမ်းတွင် လင်းဇီချန်က ယဲ့ရုန်ရှန်း၏အတွင်းရေးမှူးဖြစ်သူကို မေးလိုက်သည်။

"အတွင်းရေးမှူးကျန်း အရင်ယဲ့ဒီမှာရှိလား။"

အတွင်းရေးမှူးကျန်းက ပြန်ဖြေလိုက်သည်။

"အရှင်ယဲ့က အမြဲအလုပ်များနေတာ။ အချိန်အများစုက‌တော့ သူက မအားတတ်ဘူး။ အရင်တစ်ခေါက် မင်းကိုလာတွေ့တုန်းက အားနေတယ်လို့ဆိုလိုတာပဲ။ အဲ့ဒါကလည်း ဆယ်နှစ်မှတစ်ခါလောက် ရှားရှားပါးပါးအားတာ။"

"ကျွန်တော်သိပြီ။"

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ပေ။

…

နာရီဝက်အတွင်းတွင်ပင် ရဟတ်ယာဉ်သည် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကို မြို့တော်ကို ပို့ဆောင်ပေးလိုက်သည်။ အမြန်နှုန်းက မယုံကြည်စရာကောင်းအောင် မြန်လွန်းသည်။ ရဟတ်ယာဉ်သည် သွေးမျိးဆက်လမ်းကြောင်းနံပါတ်တစ်တွင်ရှိသော စစ်တပ်နယ်မြေတွင် ဆင်းသက်ပြီး လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကလည်း ချက်ချင်းပင် ဝင်ပေါက်ထဲသို့ ဝင်သွားကြသည်။ ခရီးသည် မလိုအပ်သောနှောင့်နှေးမှုများမရှိအောင် သေချာစီစဉ်ထားသည်။

ဝင်ပေါက်တွင် လမ်းပြသောသူရောက်လာပြီး လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို အညွန်းတစ်ခုပေးကာ အထဲမှညွှန်ကြားချက်များကို ဂရုတစိုက်ဖတ်ရန် ပြောလိုက်သည်။ လင်းဇီချန်က အညွှန်းကိုယူကာ အမြန်ကြည့်လိုက်ပြီး ပါဝင်သောအကြောင်းအရာများကို စိတ်ထဲတွင် မှတ်လို်ကသည်။ မသိသောအကြောင်းအရာမျိုး မဟုတ်ပေ။ မူလမြေထဲမှ မူလအားငြင်းဆန်မှုက ပထမဆုံးအကြိမ်ရောက်သူများအတွက် ခေါင်းမူးအော့အန်စေပြီး ရက်ပိုင်းလောက်အတွင်းအထိ ဖြစ်တတ်သည်။ ထို့နောက်တွင် မူလမြေ၏မြို့၌ လိုက်နာရမည့်စည်းကမ်းအချို့ရှိကာ ထိုစည်းမျဉ်းများဖြင့်လည်း အသားကျရမည်ဖြစ်သည်။

မူလမြေ၏ပတ်ဝန်းကျင်သည် ကမ္ဘာမြေ၏ပတ်ဝန်းကျင်ဖြင့် သိသိသာသာ ကွာခြားသည်။ မူလမြေတွင် ဓာတုဓာတ်ပြမှုနှင့် ခန္ဓာကိုယ်တုံ့ပြန်ချက်များ မဖြစ်ပွားနိုင်ပေ။ ဆိုလိုသည်မှာ ခေတ်မီနည်းပညာသုံးပစ္စည်းများမရှိသည့်ရှေးကျသောနေရာမျိုး ဖြစ်သည်။ ကမ္ဘာပေါ်၌ ကြီးပြင်းလာခဲ့သော မိမိတို့နှစ်ယောက်သည် ထိုပတ်ဝန်းကျင်ဖြင့် အသားကျရန်မှာမလွယ်ကူပေ။

"ဂြိုလ်သားလူသားစာရင်းထဲကို အရွယ်ရောက်ပြီးမှဝင်တာဆိုလို့ မင်းတို့နှစ်ယောက်ကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ သွေးမျိုးဆက်လမ်းကြောင်းနံပါတ်တစ်ကို နှစ်ပေါင်းများစွာစောင့်ကြပ်လာတဲ့ ငါ့အတွက်တော့ ဒါပထမဆုံးပဲ။"

ဝင်ပေါက်ကိုစောင့်နေသည့်အစောင့်က ပြုံး၍ ပြောလိုက်သည်။ များသောအားဖြင့် ဂြိုလ်သားလူသားစားရင်းကိုဝင်သောသူများသည် ကလေးဘဝကတည်းမှ ပါရမီရှင်များဖြစ်တတ်ကြပြီး ငယ်စဉ်ကတည်းကပင် မူလမြေထဲသို့ ခေါ်သွားခံရသည်။ အရွယ်ရောက်ပြီးမှဝင်ခြင်းသည် အတော်လေးမသင့်တော်ကာ အံ့ဩစရာကောင်းလွန်းလှသည်။ ဆင့်ကဲပြောင်းလဲခြင်းပါရမီသည်ငယ်စဉ်ကပင်ဖြစ်တတ်ကြကာ ရုတ်တရက်ထူးချွန်သွားခြင်းမျိုးက ရှားပါးလွန်းသည်။

"အဲ့လိုကိုး..."

လင်းဇီချန်က သာမန်ကာလျှံကာပင် ပြန်ပြောလိုက်သည်။ စကားပြောပြီးနောက်တွင် အညွှန်းစာအုပ်ကို ပိတ်၍ မိမိရှေ့မှ အစောင့်ကို ပြောလိုက်သည်။

"ဟယ်လို ကျွန်တော်တို့ ဖတ်လို့ပြီးပြီ။ အခု မူလမြေထဲ ဝင်လို့ရပြီလား။"

"ဒါပေါ့။ မင်းတို့ဝင်လို့ရပြီ။"

အစောင့်က ပြုံးလိုက်ပြီး မိမိနောက်မှ သွေးမျိုးဆက်လမ်းကြောင်းကို ဖွင့်ပေးလိုက်သည်။

"ကမ္ဘာသားတွေရဲ့အနာဂတ်က မင်းတို့ပေါ်မူတည်နေတယ်။ ဒဏ္ဍာရီအဆင့်ထိ ဆင့်ကဲပြောင်းလဲပြီး ကမ္ဘာအတွက် ဒေါက်တိုင်တွေဖြစ်လာဖို့ မျှော်လင့်ပါတယ်။"

"သေချာပေါက်ဖြစ်မှာပါ။"

လင်းဇီချန်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် သူနှင့် ရှန်ချင်းဟန်တို့သည် ဝင်ပေါက်မှတစ်ဆင့် အထဲသို့ဝင်သွားကြကာ မူလမြေထဲသို့ဝင်နိုင်ရန်ပင် ဖြစ်သည်။ ထိုအချိန်တွင် ရှန်ချင်းဟန်သည် လင်းဇီချန်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှု၊ မသိသောအရာကို မိမိတို့ကိုစောင့်နေသည်ဟုသောအကြောက်တရားဖြင့် ပြည့်နေသည်။ လင်းဇီချန်ကလည်း သူမစိတ်သက်သာရာရစေရန် လက်ဖဝါးလေးကို အသာလေးနှိပ်နှယ်၍ စိတ်အေးအောင်လုပ်ပေးနေလေသည်။

အခန်း (၄၀၁) စစ်ဆေးခြင်း! အားလုံးအံ့ဩသွားကြပြီ!

သွေးမျိုးဆက်လမ်းကြောင်းထဲတွင် မည်းမှောင်နေသည်။ အလင်းရောင်မရှိပေ။ အသံမရှိပေ။ အထဲသို့လျှောက်လာလျှင် မည်းမှောင်ကာ အတိတိတ်ဆိတ်နေပြီး အေးစက်လှသည့်စကြာဝဠာတစ်ခုထဲသို့ လျှောက်လာရသကဲ့သို့ ကြောက်စရာကောင်းလှသည်။ အချိန်က ကုန်ဆုံးနေပြီး တိုင်းတာ၍မရနိုင်ပေ။ လင်းဇီချန်သည် ရှေ့၌ အလင်းရောင်လေးတစ်ခုကို မြင်လိုက်ရသည်။ ထွက်ပေါက်နီးနေပြီကို သိသောကြောင့် အမြန်ပင် ရှန်ချင်းဟန်လက်ကိုဆွဲကာ ခြေလှမ်းခပ်သွက်သွက်လျှောက်လိုက်သည်။ မိနစ်ဝက်ခန့်ကြာပြီးနောက်တွင် နှစ်ယောက်လုံးသည် သွေးမျိုးဆက်လမ်းကြောင်းမှ ဖြတ်သွားပြီးဖြစ်ကာ ဒဏ္ဍာရီမူလမြေထဲသို့ ဝင်သွားကြလေသည်။ လမ်းကြောင်းထဲမှထွက်လိုက်သည်နှင့် လင်းဇီချန်သည် ဘက်ပေါင်းစုံမှ မမြင်နိုင်သောအားတစ်ခုက ဖျစ်ညှစ်ထားသည်ကို ခံစားမိပြီး တစ်ကိုယ်လုံးသည် ရေမြုပ်တစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ အသက်ရှုရခက်ကာ မသက်မသာရှိလှသည်။

ဒါမူလအားငြင်းဆန်ချင်မလား

ထိုသို့စဉ်းစားရင်းဖြင့် လင်းဇီချန်သည် မမြင်နိုင်သောအားကို ဂရုစိုက်၍ခံစားကြည့်သည်။ ဘေးတွင်ရှိသောရှန်ချင်းဟန်သည် ပါးစပ်ကို လက်ဖြင့်အုပ်ထားကာ လှပသောမျက်နှာလေးက မသက်မသာဖြစ်ဟန်ပေါက်နေပြီး ဆွဲယူကာလွှတ်ပစ်ခံလိုက်ရသည့်ပုံနှင့်တူသည်။

"နင်အဆင်ပြေရဲ့လား။"

လင်းဇီချန်က ဘေးမှ ရှန်ချင်းဟန်ကိုကြည့်၍ ညင်သာသောအသံဖြင့် မေးလိုက်သည်။

ခေတ္တမျှ ရပ်ပြီးနောက်တွင် ရှန်ချင်းဟန်က အားအင်ဖျော့တော့စွာဖြင့် ပြောလိုက်သည်။

"နည်းနည်းလေး မသက်မသာဖြစ်လို့ပါ။ ကျင့်သားရဖို့ နည်းနည်းလိုသေးတယ်။"

ထိုသို့ပြောရင်းဖြင့် သူမက မေးလိုက်သည်။

"ဇီချန် နင်ကရော။ မသက်မသာခံစားမိလား။"

"ငါလည်းနည်းနည်း မသက်မသာဖြစ်တယ်။ ဒါပေမဲ့လို့ သည်းခံနိုင်ပါတယ်။"

ပြောပြီးမကြာခင်တွင်ပင် ဝင်ပေါက်ကို စောင့်ကြည့်ရသောအစောင့်တစ်ယောက်က ချဉ်းကပ်လာပြီး မေးလိုက်၏။

"မင်းတို့က လင်းဇီချန်နဲ့ရှန်ချင်းဟန်လားဆိုတာကို သိပါရစေ။"

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော်တို့ပါ။"

ထိုသို့ပြောကာ ထိုအစောင့်၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို ဝိညာဉ်စွမ်းအားဖြန့်ကျက်၍ ချောင်းကြည့်လိုက်သည်။ လွန်စွာအားကောင်းသော အဆင့်မြင့်ကျွမ်းကျင်အဆင့် ဖြစ်သည်။ ကမ္ဘာမြေ‌ပေါ်တွင်မူထိုအဆင့်ဆိုလျှင် ကျောင်းကြီးနှစ်ကျောင်း၌ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ဌာနမှူးများ လုပ်ရသည်။ သို့သော်လည်း အဆင့်မြင့်ကျွမ်းကျင်အဆင့်ရှိသောသူသည် အစောင့်တစ်ယောက်သာဖြစ်နေဆဲဖြစ်ကာ မူလမြေ၌အားကောင်းသောသူများက အားမကောင်းဟုသော ဆိုရိုးစကားက မှန်ပေသည်။ အစောင့်က တစ်ဖက်မှရုံးခန်းတစ်ခုကို ညွှန်ပြလိုက်သည်။

"အဲ့ကိုသွားပြီး အချက်အလက်တွေကို သွားပြီး စာရင်းသွင်းကြပါ။ ပြီးရင် မင်းတို့အတွက်အဆောင်ကို အဲ့ကတစ်ယောက်ယောက်က လိုက်ပြပါလိမ့်မယ်။"

"ကောင်းပြီ။"

လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ အစောင့်ပြသည့်နေရာသို့ ထွက်လာကြသည်။ ထို့နောက်တွင် နှစ်ဦးသား ရုံးခန်းထဲသို့ ဝင်သွားကြသည်။ ရုံးခန်းထဲတွင် အမျိုးသမီးအချို့ အလုပ်လုပ်နေကြသည်။ လင်းဇီချန်အထဲသို့ ဝင်ဝင်လာချင်းတွင်ပင် ဝိညာဉ်စွမ်းအားဖြန့်ကျက်၍ ထိုအမျိုးသမီးများ၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကို ကြည့်ကြည့်သည်။ အားလုံးသည် အဆင့်မြင့်အဆင့်နိမ့်အဆင့်ရှိသူများဖြစ်ကာ မိမိနှင့်ရှန်ချင်းဟန်ထက် နိမ့်ကြသည်။ ရုံခန်းတွင်အလုပ်လုပ်သောသူများက နိမ့်သောသွေးမျိုးဆက်စွမ်းအားအဆင့်ရှိသည်က ပုံမှန်ပင် ဖြစ်သည်။

"မင်းတို့က လင်းဇီချန်နဲ့ ရှန်ချင်းဟန်ဖြစ်ရမယ်။"

တံခါးနားမှ ဆံပင်တိုဖြင့်အမျိုးသမီးသည် ၎င်းတို့ဝင်လာသည်ကို တွေ့သောအခါတွင် ချက်ချင်းထ၍ နွေထွေးသောအပြုံးဖြင့် ကြိုဆိုလိုက်သည်။

"လာကြပါ။ ဒီမှာ မင်းတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို စာရင်းသွင်းရမယ်။"

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က စာရင်းသွင်းရန်ပြင်လိုက်သည်။ လိုအပ်သောအချက်အလက်က မများလှပေ။ အသက်၊ အရပ်၊ အလေးချိန်၊ သွေးမျိုးဆက်စွမ်းအားအဆင့်နှင့် အခြားသောအခြေခံအချက်အလက်များသာ ဖြစ်၏။ မိနစ်ပိုင်းအတွင်းပင် ပြီးသွားသည်။

လင်းဇီချန်နှင့်ရှန်ချင်းဟန်သည် ရုံးခန်းထဲတွင် နေရာတစ်နေရာရှာ၍ ထိုင်လိုက်ကြပြီး မိမိတို့ကို ဂြိုလ်သားလူသားအဆင့်အဖွဲ့ဆီသို့ ခေါ်သွားမည်ကို စောင့်နေကြသည်။ စောင့်နေစဉ်တွင် ရုံးခန်းထဲမှအမျိုးသမီးများက ၎င်းတို့ဖြင့် မကြာခဏစကားလာပြော၍ ရင်းနှီးရန် ကြိုးစားနေကြသည်။ နှစ်ဦးလုံးသည် ဂြိုလ်သားလူသားအဆင့်ပါရမီရှင်များဖြစ်ကြသဖြင့် အနာဂတ်အလားအလာက တိုင်းတာ၍မရပေ။ ယခုတွင် မျက်မှန်းတန်းမိထားလျှင် နောက်အရေးကြုံသောအချိန်၌ မှတ်မိနိုင်ပေသည်။

....

ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် တက်ကြွနေသောအမျိုးသမီးတစ်ဦး အထဲသို့ ဝင်လာသည်။ အထဲသို့ဝင်လာသည်နှင့် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ထိုင်နေရာသို့လျှောက်လာပြီး မေးလိုက်သည်။

"မင်းတို့က လင်းဇီချန်နဲ့ရှန်ချင်းဟန်လား။"

"ဟုတ်ပါတယ်။"

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

ထိုအမျိုးသမီး၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို ချောင်းကြည့်သောအခါတွင်လည်း သွေးမျိုးဆက်စွမ်းအားအဆင့်က အဆင့်မြင့်အလယ်အလတ်အဆင့်ဖြစ်သည်။ မူလမြေကို ဝင်သည့်အချိန်မှစ၍ ယခုထိတိုင် တွေ့ရသောသူအားလုံးသည် အဆင့်မြင့်အဆင့်များသာ ဖြစ်ကြသည်။ မူလမြေသည် အမှန်ပင် အားကောင်းသောသူတို့၏လောကကြီးပင် ဖြစ်လေသည်။

"မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့ကြပါ။"

ထိုအမျိုးသမီးက ပြောလိုက်သည်။ လင်းဇီချန်တို့နှစ်ဦးလည်း ထ၍ ထိုအမျိုးသမီးနောက်သို့ လိုက်သွားကြသည်။

လမ်းတွင် လင်းဇီချန်က ပတ်ဝန်းကျင်အနေအထားကို အဆက်မပြတ်လေ့လာနေသည်။ မိမိလက်ရှိရောက်နေသောမြို့သည် မြို့နံပါတ်တစ်ဖြစ်ပြီး မူလမြေမှ ကမ္ဘာသားများ တည်ထောင်ထားသည့် ပထမဆုံးခံတပ်ဖြစ်ကာ အကြီးဆုံးခံတပ်လည်းဖြစ်သည်။ အချက်အလက်များအရ မြို့နံပါတ်တစ်သည် စုစုပေါင်း စတုရန်းကီလိုမီတာတစ်ရာခန့်ရှိသည်။ စီရင်စုငယ်တစ်ခုနှင့် ညီမျှသည်။ မြို့ပတ်ဝန်းကျင်တွင် မီတာတစ်ရာခန့်မြင့်သည့် အမျိုးအမည်မသိသတ္ထုတစ်မျိုးဖြင့်လုပ်ထားသည့် နံရံကြီးရှိကာ အပြင်လောကနှင့်ပိုင်းခြားပေးထားသည်။ မြို့အထက်တွင် အပြာရောင်ဖျော့ဖျော့ရောင်ခြည်စက်ကွင်းက တောက်ပနေပြီး မြို့ကို ဝိုင်းထားသည်။

"ဇီချန် မူလအားငြင်းပယ်တာကြောင့် မသက်မသာဖြစ်သေးလား။"

ရှန်ချင်းဟန်က မေးလိုက်ခြင်းဖြစ်သည်။ ထိုအမေးကို ကြားသည့်အခါတွင် လင်းဇီချန်က ခန္ဓာကိုယ်အဆင်ပြေသွားသည်ကို တွေ့ကာ စောနကလောက် အသက်ရှုရမခက်ခဲတော့ပေ။ ထို့နောက်တွင် သူက ဖြေလိုက်၏။

"အခုအသားကျသွားပြီ။ အစတုန်းကလို မသက်မသာမဖြစ်တော့ဘူး။"

"ငါရောပဲ။"

ရှန်ချင်းဟန်က ပြောလိုက်သည်။

"အခုအတော်လေးကောင်းသွားပြီ။ ခေါင်းနည်းနည်းမူးပေမဲ့လို့ အော့အန်ချင်တာမျိုး မဖြစ်တော့ဘူး။"

ရှေ့မှအမျိုးသမီးက ၎င်းတို့နှစ်ဦး အပြန်အလှန်ပြောနေသည်ကို ကြားသောအခါတွင် ပြုံး၍ ပြောလိုက်မိသည်။

"မြို့ထဲက မူလအားက အားပျော့သွားတာ။ အဲ့ဒါကြောင့် အမြန်ပဲလိုက်လျောညီထွေဖြစ်ဖို့က သာမန်ပဲ။ မင်းတို့တွေ မြို့ပြင်ထွက်လိုက်တာနဲ့ တကယ့်မူလအားငြင်းပယ်မှုရဲ့ တကယ့်ပြင်းအားကို ခံစားမိလိမ့်မယ်။ နည်းနည်းလေးပိုပြီးလိုက်လျောညီထွေဖြစ်ဖို့ လိုလိမ့်မယ်။"

ပြောပြီးမကြာခင်တွင်ပင် ထိုအမျိုးသမီးက လင်းဇီချန်နှင့်ရှန်ချင်းဟန်ကို အဆောက်အဦးတစ်ခုစီသို့ခေါ်သွားပြီး ရပ်လိုက်သည်။ သစ်သားအဆောက်အဦးပင် ဖြစ်သည်။ အမျိုးမျိုးသောသစ်သားများဖြင့် ဆောက်လုပ်ထားသည်။ ရိုးရှင်းသော်လည်း အင်အားသည် ကမ္ဘာ‌ပေါ်မှ ကွန်ကရစ်အဆောက်အဦးများထက် အဆပေါင်းထောင်ချီခိုင်ခံ့သည်မှာ သိသာသည်။

"ဒီအဆောက်အဦးက မင်းတို့ ဂြိုလ်သားလူသားအဆင့်ပါရမီရှင်တွေနေတဲ့ အ‌ဆောင်ပဲ။ အထဲမှာတော့ အတော်လေးသာမန်ကျတဲ့အခန်းလေးတွေရှိတယ်။ အိပ်ဖြစ်ရုံလောက်ပဲ။"

အခန်း (၄၀၂) စစ်ဆေးခြင်း! အားလုံးအံ့ဩသွားကြပြီ! (၂)

အမျိုးသမီးသည် ပြောရင်းဖြင့် အိတ်ထဲမှ သော့နှစ်ချောင်းကို ထုတ်ယူလိုက်ပြီး လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို ပေးလိုက်ကာ ပြောလိုက်၏။

"မင်းတို့နှစ်ယောက်အခန်းက (၃၀၉) နဲ့ (၃၁၀) ပဲ။ တတိယထပ် အတွင်းအကျဆုံးအခန်း။ အပေါ်ထပ်တက်ပြီးရင် ပစ္စည်းတွေထားလို့ရပြီ။"

"အင်း သိပြီ။ ကျေးဇူးတင်ပါတယ်။"

လင်းဇီချန်က သော့များကို ယူ၍ ကျေးဇူးတင်လိုက်သည်။ ရှန်ချင်းဟန်ကလည်း နောက်မှလိုက်၍ ကျေးဇူးတင်ကြောင်းပြောကာ အသံက နူးညံ့လှသည်။

"ကျေးဇူးတင်ပါတယ် ကျဲကျဲ (မမ)"

ကျဲကျဲဟုသောအသုံးအနှုန်းက အသက်ငါးဆယ်နီးပါးရှိပြီဖြစ်သောအမျိုးသမီးကို ရင်ခုန်သွားစေကာ ချက်ချင်းပင် မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ မကြာခင်တွင်ပင် အမျိုးသမီးက အပြုံးကိုထိန်းချုပ်၍ အားကစားခန်းမနှင့်တူသည့် အဆောက်အဦးကို ညွှန်ပြကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် အခန်းကြည့်ပြီးပြီဆိုရင် အဲ့က အထူးလေ့ကျင့်ရေးအဆောက်အဦးကို သွားကြည့်ကြည့်ပါ။ မင်းတို့ကို ဂြိုလ်သားလူသားပါရမီရှင်အဖွဲ့ထဲဝင်ဖို့ တစ်ယောက်ယောက်က စီစဉ်ပေးလိမ့်မယ်။"

ထိုစကားကို ပြောပြီးနောက်တွင် အမျိုးသမီးက ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။

နွေးထွေးမှုအရဆိုလျှင် သူမသည် ရုံးခန်းထဲမှ အမျိုးသမီးများနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ရှန်ချင်းဟန်က ကျဲကျဲဟုခေါ်လိုက်သောအခါမှသာ ပြုံးလိုက်သည်။ သူမသည် လွန်စွာအေးစက်လှပြီး လင်းဇီချန်တို့ဖြင့် စကားပြောရန်လည်း ရည်ရွယ်ချက်မရှိပေ။

ထိုအမျိုးသမီးထွက်သွားပြီးနောက်တွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် အဆောင်အဆောက်အဦးဆီသို့ တူတူသွားကြသည်။ ထို့နောက်တွင် အခန်းအသီးသီးဝင်ကာ ကြည့်ကြည့်ကြသည်။ အခန်းများက စတုရန်းမီတာငါးဆယ်ခန့် ကျယ်ဝန်းသည်။ ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာနှင့် လသာဆောင်တို့ပါသည်။ သို့သော်လည်း အားလုံးက ကျဉ်း၍ ရိုးရှင်းလွန်းသည်။

ပရိဘောဂကမူ ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ထိုင်ခုံအချို့၊ အဝတ်ဗီရိုနှင့် ပစ္စည်းထည့်ရန်ဗီရိုကြီးတစ်လုံးသာရှိသည်။ အခြားမည်သည့်အရာမှ မရှိပေ။

"ဇီချန် အခန်းက တကယ်ရှင်းနေတာပဲ။"

ရှန်ချင်းဟန်က အခန်းထဲကို လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် ပြောလိုက်သည်။ လင်းဇီချန်ကလည်း ပြောလိုက်လေသည်။

"တကယ်ကိုရှင်းနေတာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါတို့က ဒီကို ငါတို့ဘာသာ ငါတို့ တိုးတက်ဖို့လာကြတာ။ ညအိပ်ရုံလောက်တင် လုံလောက်ပါပြီ။"

ရှန်ချင်းဟန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပဲ။"

ထိုသို့ပြောပြီးနောက်တွင် ဆက်ပြောလိုက်သည်။

"ဇီချန် ငါနင်နဲ့အတူ နေချင်တယ်။ ငါတို့တွေနှစ်ခန်းပေါင်းပြီး ပိုပြီးတဲ့အခန်းကို တောင်းလို့ရမယ်လို့ ထင်လား။"

လင်းဇီချန်က ပြောလိုက်သည်။

"ပြဿနာတော့မရှိပါဘူး။ ဒါပေမဲ့ အစကတည်းက တောင်းဆိုတာတော့မကောင်းဘူးလေ။ ငါတို့ အရင်ဆုံးအလားအလာရှိကြောင်း ပြလိုက်တာက အကောင်းဆုံးဖြစ်မယ်။ ပြီးမှ အာဏာပိုင်တွေကို တောင်းဆိုကြည့်ကြတာပေါ့။ အဲ့လိုဆို ငါတို့လည်း ပိုပြီးယုံကြည်ချက်ရှိလာပြီလေ။"

သူသည် ပါရမီရှင်ဖြစ်နေသည့်အတွက် ငယ်စဉ်ကတည်းကပင် အာဏာပိုင်များကို တောင်းဆိုရသည်ကို အသားကျနေလေသည်။

ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့သည် ဂျူနီယာအထက်တန်းကျောင်းနှင့်အထက်တန်းကျောင်းတွင် တစ်ခန်းတည်း၊ တစ်ကျောင်းတည်းဖြစ်နေရခြင်းအကြောင်းသည် ပါရမီရှင်ဟုသောအဆင့်အတန်းကို အသုံးချ၍ ကျောင်းအာဏာပိုင်များကို တောင်းဆိုထားသောကြောင့်ဖြစ်သည်။

"ဇီချန် ဒီတစ်ခေါက်တော့ အာဏာပိုင်တွေကို တောင်းဆိုတာကို ငါလုပ်လိုက်မယ်။"

ရှန်ချင်းဟန်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

"ငါလည်း အမြဲတမ်းအားနည်းတဲ့သူ မဟုတ်တော့ပါဘူး။ အခု ကိုယ့်ဘာသာကို ဂြိုလ်သားလူသားစာရင်းမှာ ရပ်တည်နိုင်တဲ့သူဖြစ်နေပြီ။ တစ်နေ့မှာမူလမြေကသူတွေ သေချာပေါက် အံ့ဩသွားစေရမယ်။"

လင်းဇီချန်က ပြုံးလိုက်ပြီး

"သေချာတာပေါ့။"

အားပေးနေခြင်းမဟုတ်ဘဲ အမှန်တရားတစ်ခုသာ ဖြစ်၏။ ရှန်ချင်းဟန်၏ပါရမီဖြင့်ဆိုလျှင် သူမသည် မူလမြေမှလူအားလုံးကိုအံ့ဩအောင်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။

ထိုအချိန်တွင် ရှန်ချင်းဟန်သည် အခန်းတံခါးနှင့်ပြတင်းပေါက်များကိုပိတ်လိုက်ပြီး လိုက်ကာကို ဆွဲလိုက်သည်။ ထိုသို့လုပ်ပြီးနောက်တွင် လင်းဇီချန်ဘက်သို့လှည့်ကာလက်လေးနောက်ပစ်၍ ပြောလိုက်သည်။

"ဇီချန် ငါပတ်ဝန်းကျင်ကို အာရုံခံကြည့်ပေမဲ့လို့ အခုဒီအဆောက်အဦးမှာ ဘယ်သူမှရှိမနေဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ဆက်ဆံရေးကို နက်ရှိုင်းအောင်လုပ်သင့်တယ်မဟုတ်လား။"

"...."

ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက်မရယ်ဘဲမနေနိုင်ပေ။ ထိုမိန်းကလေးက အကြံကြီးလှသည်။ မရင်းနှီးသောနေရာတစ်ခုတွင်ပင် ထိုကိစ္စကို လုပ်ချင်နေသေးသည်။ ယခင်က လွန်စွာရှက်တတ်ကာ အများရှေ့တွင်ပင် စကားပြောရမည်ကို ကြောက်နေသောဟန်ဟန် ဟုတ်ပါလေစ။ သူမသည်ရှန်ချင်းဟန်အဖြစ် ဆင့်ကဲပြောင်းလဲသွားလေပြီ။

"ဇီချန် လာ။"

ရှန်ချင်းဟန်သည် လင်းဇီချန်၏လက်မောင်းကို ဆွဲကာ လှုပ်ယမ်းလိုက်သည်။ သူမ၏ချိုသာသောအသံကို နားထောင်မိလျှင်မည်သို့ငြင်းဆန်နိုင်‌တော့မည်နည်း။

ချက်ချင်းဆိုသလိုပင် သူသည် အာရုံခြင်းကို အသက်သွင်းကာ တစ်ကီလိုမီတာအချင်းအထိ မည်သည့်လှုပ်ရှားမှုရှိသည်ကို ဂရုတစိုက်ကြည့်ကြည့်သည်။ ထိုသည်မှာ သူ၏အကျင့်ပင် ဖြစ်သည်။

ရှန်ချင်းဟန်၏ဆွဲဆောင်မှုအောက်တွင် ထိန်းချုပ်နိုင်ခြင်းတို့က ပျောက်ဆုံးသွားရသည်မှာ သာမန်သာဖြစ်၏။ အခြေအနေက ထူးခြားက စိတ်လှုပ်ရှားစရာကောင်းသောကြောင့် မိနစ်ပိုင်းအတွင်းတွင်ပင် နှစ်ဦးသား လျင်မြန်စွာ ပြီးဆုံးသွားလေသည်။ ကမ္ဘာမှအခန်းထဲတွင်မူ အနည်းဆုံး နှစ်နာရီ သုံးနာရီခန့်ကြာတတ်သည်။

"ဇီချန် စိတ်လှုပ်ရှားစရာကောင်းလိုက်တာ။ နောင်ကျရင် ဒီလိုမျိုး မကြာခဏစမ်းကြည့်ပြီး မတူညီတဲ့နေရာမှာ စိတ်လှုပ်ရှားစရာကောင်းတာမျိုးကို ခံစားသင့်တယ်။"

ရှန်ချင်းဟန်သည် အိပ်ရာထက်တွင် ထိုင်ပြီး ခြေထောက်လေးကို ရှေ့နောက်လွှဲကာ ရိုးသားသောမိန်းကလေးကဲ့သို့ ပြုမူနေသည်။ သို့သော်လည်း ပါးစပ်မှထွက်လာသောစကားလုံးများသည်မူ အတော်လေးညစ်ပတ်ကာ ဆန့်ကျင်ဘက်ဖြစ်နေသည်။

လင်းဇီချန်က လက်မြှောက်ကာ သူမ၏နှုတ်ခမ်းလေးကို ဖျစ်ညှစ်၍ ပြောလိုက်သည်။

"နည်းနည်းလောက်ညစ်ပတ်တာက ကိစ္စမရှိဘူး။ ဒါပေမဲ့လို့ မင်းက လွန်လွန်းနေပြီ။"

"ညစ်ပတ်တာမဟုတ်ဘူး စိတ်ကြွတာ။"

"အာ ဟုတ်ပါပြီ ဟုတ်ပါပြီ။ စိတ်ကြွတာပါ။ မင်းပြောတာမှန်သမျှမှန်ပါတယ်။"

ထိုသို့ဖြေသည်ကို မြင်သောအခါတွင် ရှန်ချင်းဟန်က မကျေမနပ်ဖြင့်နှုတ်ခမ်းလေးထော်လိုက်သည်။

"စောနက ငါနဲ့ခုန်နေတုန်းကကျတော့ နင်က အတော်လေးတက်ကြွနေတာပါ။ အခုကျ ကိစ္စပြီးသွားတော့ သူတော်စင်လိုမျိုးလုပ်နေတယ်။ တကယ်ကို ခွေးကောင်။"

"ဟားဟား ငါက ခွေးကောင်ဖြစ်သွားပြီပေါ့။"

လင်းဇီချန်က ဝန်ခံလိုက်ကာ ရှက်သည်ဟု မခံစားမိပေ။

ရှန်ချင်းဟန်က အငြှိုးတကြီးဖြင့်ကြည့်ကာ နောက်ရက်များတွင် အတူမအိပ်ဘဲ နှိပ်စက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် သန့်ရှင်းရေးလုပ်၍ အဝတ်အစားလဲကာ လေ့ကျင့်ရေးအဆောက်အဦးရှိရာသို့ သွားကြသည်။ စောနက တွေ့ခဲ့သောအမျိုးသမီးပြောသည့်အတိုင်း လေ့ကျင့်ရေးအဆောက်အဦးသို့သွား၍ မှတ်တမ်းတင်ကာ ဂြိုလ်သားလူသားပါရမီရှင်အဖွဲ့အတွက် စာရင်းပေးကြသည်။

.....

တစ်ချိန်တည်းတွင်ပင် လေ့ကျင့်ရေးအဆောက်အဦး၏ ပထမထပ်၌ ဂြိုလ်သားလူသားအဖွဲ့၏ဆရာဖြစ်သူ လန်ထျန်ယွင်သည် ယခင်တစ်ခေါက် အထူးလေ့ကျင့်ရေးလုပ်ခဲ့စဉ်က ကောင်းကောင်းမလုပ်နိုင်ခဲ့သောပါရမီရှင်ခုနစ်ယောက်ကို ယခင်လ၏လေ့ကျင့်ရေးအတွက် စစ်ဆေးမှုများ လုပ်ဆောင်ရန် စီစဉ်နေသည်။ ယခင်တစ်ခေါက် ကောင်းကောင်းမလုပ်နိုင်ခဲ့သောပါရမီရှင်ခုနစ်ယောက်သည် ကျောက်ကျစ်ရွှမ်၊ ယောင်ယီဝမ်၊ ဟယ်ချူထောင်း၊ နန်ကုန်းလျိုယွင်၊ ဟွမ်ရှင်း၊ ချန်ယိဖေး၊ ပိုင်ကျဲတို့ပင် ဖြစ်၏။

"ဒီနေ့ အရင်လက အထူးလေ့ကျင့်ရေးကို စစ်ဆေးဖို့အချိန်ကျပြီ။ မင်းတို့ခုနစ်ယောက်လုံး အောင်အောင်မြင်မြင်ဖြတ်ကျော်ပြီး ငါ့ကို ထပ်ပြီးစိတ်မပျက်စေရဖို့ မျှော်လင့်ပါတယ်။"

လန်ထျန်ယွင်က မိမိရှေ့မှ လူခုနစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ ခုနစ်ယောက်လုံးက တညီတညွတ်တည်းဖြင့် အော်ပြောလိုက်သည်။

"နားလည်ပါပြီ။ သေချာပေါက် ဆရာလန်ကို စိတ်မပျက်စေရပါဘူး။"

လန်ထျန်ယွင်က ခေါင်းညိတ်ကာ ရင်ဆိုင်ရမည့်စမ်းသပ်ချက်များကို အတိုချုံးရှင်းပြသည်။

"ဒီနေ့စစ်ဆေးချက်က အဆင့်သုံးဆင့်ပါမယ်။"

"ပထမအဆင့်က ဆန်းကြယ်အပင်အဆင့်၊ မင်းတို့တွေ ဆန်းကြယ်အပင်အများကြီးနဲ့ မျက်နှာချင်းဆိုင်ရမယ်။"

"ဒုတိယအဆင့်ကတော့ ဆန်းကြယ်သားရဲအဆင့်။ တတိယအဆင့်ကတော့ မပြောဘဲထားထားမယ်။"

"မင်းတို့စိတ်ထဲမှာ မှတ်ထားရမှာက နောက်ဆုံးအဆင့်မတိုင်ခင် မင်းတို့အားလုံး သီးခြားခွဲပြီး လုပ်ဆောင်ရမယ်။ အဖွဲ့လိုက်လှုပ်ရှားဖို့ ခွင့်မပြုထားဘူး။ အဲ့လိုလုပ်ခဲ့ရင် ကျရှုံးတယ်လို့ သတ်မှတ်မယ်။"

"အကုန်ပြောပြီးပြီ။ ကျန်တာကတော့ မင်းတို့ဘာသာ အောင်အောင်လုပ်ရင်းနဲ့ သိလာလိမ့်မယ်။ ထိုသို့ပြောကာ လန်ထျန်ယွင်သည် မိမိအောက်မှ ကျောက်တိုင်ကျောက်တိုင်ကိုလက်ဖြင့်ဖိ၍ ကျောက်စာများကို အသက်သွင်းလိုက်သည်။ ထိုတိုင်ပေါ်မှ ကျောက်စာများက အရောင်လက်လာသည်။ထို့နောက်တွင် နံရံထဲမှ တံခါးတစ်ချပ်ဖွင့်လာပြီးတောအုပ်ကြီးဆီသို့ သွားသည့်လမ်းဖြစ်သည်။ ဂြိုလ်သားလူသားပါရမီရှင်များက အထဲသို့ ချက်ချင်းပြေးဝင်သွားပြီး စိတ်အားထက်သန်နေကြ၏။

ခုနစ်ယောက်လုံး ပြေးဝင်သွားပြီးမကြာခင်တွင်ပင် နှစ်မီတာခန့်ရှည်သည့် ဗလာတောင့်တောင့်လူကြီးသည် ‌ဆွဲဆောင်မှုရှိသောကောင်လေးနှင့်ကောင်မလေးဖြင့် အထဲသို့ ဝင်လာသည်။

"ဆရာလု ဒါက အရှင်ယဲ့ကိုယ်တိုင် ညွှန်ကြားထားတဲ့ ပါရမီရှင်နှစ်ယောက်ပါ။ သူတို့က အခုခင်ဗျားလက်အောက်မှာပါ။ ကျုပ်မှာ အ‌ရေးကြီးလုပ်စရာရှိ‌သေးလို့ ထားခဲ့တော့မယ်။"

ထို့နောက်တွင် ထိုလူကြီးက လှည့်ထွက်သွားတော့သည်။

လန်ထျန်ယွင်က ကြည့်ကောင်းသောအတွဲကို ကြည့်ကာ အတိုချုံးရှင်းပြပြီး မေးလိုက်သည်။

"မင်းတို့က ရှန်ဟိုင်းတက္ကသိုလ်က ပါရမီရှင်တွေဖြစ်တဲ့ လင်းဇီချန်နဲ့ ရှန်ချင်းဟန်တို့မလား။"

"ဟုတ်ပါတယ်။"

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။ ရှန်ချင်းဟန်ကမူ မဖြေပေ။ လင်းဇီချန်ဖြေသည်က သူမ ဖြေသည်ပင် ဖြစ်၏။ မိမိတို့ဘာသာ အတည်ပြုပြီးသည့်နောက်တွင် လန်ထျန်ယွင်သည် စကားမပြောတော့ဘဲ ဝင်ပေါက်ထဲသို့သွားရန် အချက်ပြကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်လုံး အထဲဝင်ပြီး စမ်းကြည့်ကြ။"

All Chapters