← Chapters

အပိုင်း ၄၀၆-၄၀၈

Vol. 28 Ch. 406-408

အပိုင်း ၄၀၆-၄၀၈

Vol. 28 Ch. 406-408

အပိုင်း(၄၀၆) အမြန်ဆုံးဖြတ်ကျော်နိုင်ခြင်း (၂)

“ငါသိသလောက်တော့ လင်းဇီချန်က ဒီနှစ်မှာမှ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ ဂြိုလ်လူသားအဆင့် ပါရမီရှင်များအဖွဲ့မှာ ထည့်လိုက်ရင်တောင် အသက် ၁၉ နှစ်နဲ့ ဒီလို အဆင့်မြင့်အဆင့် ဆဌမအဆင့်ရှိလောက်ရှိတဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ အရမ်းထူးခြားနေတယ်။ ငါနားမလည်နိုင်ဘူး၊ ဆင့်ကဲဖြစ်စဉ် အရင်းအမြစ်အားနည်းတဲ့ ကမ္ဘာမှာ ဒီလို ပါရမီရှင်မျိုးကို ဘယ်လိုလုပ် ပျိုးထောင်နိုင်မှာလဲ။” ရှန်ကွမ်းယွဲ့ဟွာက ပြောသည်။

အဆောင်အနီးနားမှ အမျိုးသမီးခေါင်းဆောင်တစ်ဦးက ရယ်မောလျက်ပြောလိုက်၏။

“လောင်ချန်း… လောင်ပိုင်….မြို့သခင် ချင်ချွမ်း… ရှင်တို့က ဘယ်သူအနိုင်ရလောက်မလဲဆိုပြီး လောင်းကစားလုပ်နေပေမယ့် ကြည့်ရသလောက်တော့ အခုရှင်တို့အားလုံး ရှုံးသွားပုံရတယ်မလား၊ ဒီခေတ်ရေစီးကြောင်းအရ အဲ့ လင်းဇီချန်လို့ခေါ်တဲ့လူငယ်က ထိပ်တန်းဖြစ်နေမှာပဲ၊ ရှင့်တို့ မြေးတွေအားလုံး အနိုင်ယူခံလိုက်ရပြီ”

မြို့အရှင်သခင်တစ်ဦးအနေဖြင့် ချင်ချွမ်းက တိတ်ဆိတ်နေခဲ့သည်။ ထိုအချိန်တွင် သူ၏မျက်လုံးများသည် ဖန်သားပြင်ပေါ်ရှိ လင်းဇီချန်အား ဆက်တိုက်ကြည့်နေခဲ့ကာ အနည်းငယ်သာ ပြုံးလိုက်သည်။

လင်းဇီချန်သည် ဤ စမ်းသပ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူ ၉ ဦး၌ အင်အားအကြီးဆုံးဖြစ်နိုင်သည်ဟု သူတွေးမိသည်။ သို့သော်လည်း လင်းဇီချန်သည် ဤမျှနှင့် မတင်းတိမ်နိုင်သည်ကို မည်သည့်အခါကမျှ ချင်ချွမ်းကတွေးမိခဲ့လျက်ရှိကာ လင်းဇီချန်သည်လည်း သားရဲအမြုတေများကိုစုဆောင်းရန် အဆင့်များကို ဖြတ်ကျော်ခြင်းပင်မပြုဘဲ ဆန်းကြယ်သားရဲများနောက်သာ အမဲလိုက်နေခဲ့သည်။

‘ဒါက ဘာလဲ’

‘ကြီးကျယ်ခမ်းနားတဲ့ ဂြိုလ်လူသားအဆင့်ဆိုပေမယ့် အမြင်ကျဥ်းတဲ့ပါရမီရှင်တစ်ယောက်ဖြစ်နေတာလား’

‘ဟူး… ကမ္ဘာပေါ်မှာ သံယံဇာတတွေ အရမ်းရှားပါးနေပုံရတယ်’

‘ဒီလင်းဇီချန်က ဒီလောက်များတဲ့ ဆင့်ကဲဖြစ်စဥ်အရင်းအမြစ်တွေကို တစ်ခါမှ မမြင်ဖူးတာမျိုးလည်းဖြစ်နိုင်တယ်။ ဒါ့ကြောင့် သူ ခဏလောက် မထိန်းနိုင်ဖြစ်နေတာ သာမန်ပါပဲ’

‘ငါနားလည်နိုင်ပါတယ်…’

ဤသည်ကိုတွေးကာ ချင်းချွမ်က လျှို့ဝှက်ဆန်းကြယ်သောစာများဖြင့်ပြည့်နေသော ခရုတစ်ခုကို ထုတ်လျက် လက်တွင်ကိုင်ထားကာ အတွေးတစ်ခုဖြင့် ဝိညာဉ်စွမ်းအားကြိုးတစ်မျှင်ကို ခရုအတွင်းသို့ သွင်းလိုက်သည်။ ခရုပေါ်မှ စာများက လင်းလက်လာပြီးနောက် ချင်ချွမ်းက ပြောလိုက်သည်။

“ကောင်းပြီ၊ လုံလောက်ပြီ၊ ဆန်းကြယ်သားရဲတွေကို စွဲလမ်းနေတာ ရပ်လိုက်တော့၊ မြန်မြန်ကျော်ဖြတ်ဖို့ စွမ်းအားတွေရှိနေရင်လည်း မြန်မြန်လုပ်ပြီး တတိယအဆင့်ကို တက်တော့”

ချင်းချွမ်က စိတ်ဝင်စားမှုမရှိဟန်ဖြင့်‌ ပြောကာ သူ၏အသံကို ခရုခွံမှတစ်ဆင့် လင်းဇီချန်၏ ဦးနှောက်ထဲ ပို့ပေးလိုက်သည်။

တောအုပ်အတွင်းဝယ် လင်းဇီချန်သည် ဆန်းကြယ်သွေးမြူအစုလိုက်အား စုပ်ယူ၍ စက္ကန့်ပိုင်းအကြာတွင် ချင်ချွမ်း၏ အသံကသူ့စိတ်ထဲတွင် နက်ရှိုင်းစွာ ထွက်ပေါ်လာသည်။ ဤအရာက အလွန်အမင်း မှော်ဆန်လွန်းလှသည်ဟုလည်း သူတွေးမိသည်။

‘ဒီအသံက ငါ့စိတ်ထဲ ဘယ်လိုရောက်လာတာလဲ။’

‘ဒါက ဘယ်လို နည်းလမ်းမျိုးလဲ။’

‘ပုံပြင်တွေမှာ ပါတတ်တဲ့ မိုင်ထောင်ပေါင်းများစွာက ဒဏ္ဍာရီလာ ဆက်သွယ်ရေးမျိုးလား’

အစရှိသဖြင့် မေးခွန်းများသည် ချင်ချွမ်း၏ အသံနှင့်အတူ သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ ထွက်ပေါ်လာပြန်သည်။

“အဲဒီမှာ မှင်သေသေနဲ့ရပ်မနေနဲ့၊ ငါက မြို့ တော်အမှတ် (၁) က မြို့အရှင် ချင်ချွမ်းပါ၊ ဆန်းကြယ်သားရဲ အမြုတေတွေ စုနေတာမျိုး မလုပ်တော့ဘဲ နောက်ဆုံးအဆင့်ကို မြန်မြန် ဖြတ်ကျော်ဖို့ မင်းကို အမိန့်ပေးတယ်”

ယခုတစ်ကြိမ်တွင်မူ အသံကား အကြံပြုချက်မဟုတ်ဘဲ အမိန့်တစ်ခုဖြစ်သည်။

တစ်ဖက်မှပြောနေသူသည် မြို့သခင်ဖြစ်သည်ကို ကြားရပြီးနောက် လင်းဇီချန်က သားရဲအမြုတေများစုဆောင်းကာ ဆန်းကြယ်သားရဲအဆင့်တွင်ရပ်မနေတော့ဘဲ အလျင်အမြန်ပင် နောက်ဆုံးအဆင့်သို့ သွားလိုက်သည်။

မိနစ်ဝက်ခန့်အကြာတွင် လင်းဇီချန်သည် တတိယအဆင့်သို့ အောင်မြင်စွာဝင်ရောက်ခဲ့ကာ သစ်တော၏ဗဟိုချက်မသို့ ရောက်ရှိခဲ့သည်။ ဤနေရာသည် အချင်းချင်း ပွတ်တိုက်နေသည့် ဆန်းကြယ်သစ်ပင်များ၏ အသံများ၊ သို့မဟုတ် ဆန်းကြယ်သားရဲများ၏ ပြင်းထန်စွာ ဟိန်းဟောက်သံများ ကင်းစင်ကာ အလွန်တိတ်ဆိတ်သည်။ တည်ရှိနေသောအရာမှာ အလွန်ကြီးမားသော သစ်သားလှောင်အိမ်တစ်ခုဖြစ်၍ ထောက်တိုင်တစ်ခုချင်းစီပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော စာများ ရေးထိုးထားသည်။

လှောင်အိမ်အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ငရဲနတ်ဆိုးမျောက်ဝံတစ်ကောင်ကို ချုပ်နှောင်ထားသည်။ ၎င်း၏ ကြီးမားသောအရွယ်အစားမှာ ခန့်မှန်းခြေအားဖြင့် အမြင့်ခုနစ်မီတာရှိ၍ အနံသုံးမီတာရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် သူမတ်တပ်ရပ်နေသည်မှာ တောင်ကုန်းငယ် တစ်ခုကဲ့သို့ ကြီးမားကြောင်းသိနိုင်သည်။ ခေတ္တအကြာတွင် လင်းဇီချန်သည် ငရဲနတ်ဆိုးမျောက်ဝံထံမှ အကြည့်လွှဲလိုက်ကာ လှောင်အိမ်ရှေ့ရှိ သတိပေးစာကို လှမ်းကြည့်လိုက်သည်။ ယင်းတွင် ငရဲနတ်ဆိုးမျောက်ဝံနှင့် ပတ်သက်သည့် အချက်အလက်များပါရှိသည်။

[သူသည် အလွန် ကြမ်းတမ်းသော ငရဲနတ်ဆိုး မျောက်ဝံတစ်ကောင်ဖြစ်သည်။]

[သွေးမျိုးဆက်စွမ်းအားအဆင့်က အဆင့်မြင့်အဆင့် ဆဌမအဆင့် အထွတ်အထိပ်တွင်ရှိသည်]

[မြင့်မားသော တိုက်ခိုက်ရေး၊ မြင့်မားသော ကာကွယ်ရေး၊ မြင့်မားသော အလျင်]

[အသင်းအဖွဲ့နှင့် တိုက်ခိုက်ရန် အကြံပြုသည်။]

[လှောင်အိမ်၏ အလယ်တွင်ရှိသော ခလုတ်အား နှိပ်မိသည်နှင့်တစ်ပြိုင်နက် အချုပ်အနှောင်ခံ ငရဲနတ်ဆိုး မျောက်ဝံ လွတ်မြောက်သွားမည်ဖြစ်သည်။]

“ပြီးပြည့်စုံတဲ့ ဆဋ္ဌမအဆင့်၊ အဲဒီလိုဆို ဒီငရဲနတ်ဆိုးမျောက်ဝံက ဒီစမ်းသပ်မှုရဲ့ နောက်ဆုံး ဆရာကြီးပေါ့” ဟု တွေးလျက် လင်းဇီချန်သည် မျောက်ဝံကိုကြည့်ကာ အမူအရာမှာ တည်ငြိမ်နေသည်။

စင်စစ်အားဖြင့် ပြီးပြည့်စုံသည့် ဆဋ္ဌမအဆင့်စွမ်းအားသည် အလွန်ပြင်းထန်လှသည်ဖြစ်ရာ သွေးမျိုးဆက်စွမ်းအားအဆင့်ကလည်း သူ့ထက် သာလွန်သည်။ သို့သော်လည်း သူသည် ကြောက်လန့်မနေပေ။ သူ၏ ထိုးနှက်ချက်များအား ဤငရဲနတ်ဆိုး မျောက်ဝံသည် ခံနိုင်ရည်ရှိမည်ဆိုလျှင်ပင် ဤသည်ကို အောင်မြင်မှုအဖြစ် ယူဆနိုင်သည်။

“လျင်မြန်စွာ ဖြတ်ကျော်ခြင်း အပင်အဆင့်ဆိုတာ ဒါပေါ့။” လင်းဇီချန်က ရေရွတ်လိုက်သည်။ ထို့နောက် သူက လက်ကိုမြှောက်ကာ လှောင်အိမ်၏ အလယ်ဗဟိုရှိ ခလုတ်ကို တိကျစွာ ဆက်ခနဲ နှိပ်လိုက်သည်။ လှောင်အိမ်တံခါးပွင့်လာချိန်တွင် “ကလစ် ကလစ်” ဟူသော အသံသာကြားရပြီးနောက် သွေးနီရဲနေသောမျက်လုံးများနှင့် ငရဲနတ်ဆိုးမျောက်ဝံကြီးက ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။

အထူးလေ့ကျင့်ရေး အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင်ဖြစ်သည်။

လှောင်အိမ်အတွင်းမှ ငရဲနတ်ဆိုးမျောက်ဝံကို တစ်ယောက်တည်း ရင်ဆိုင်ဝံ့သော လင်းဇီချန်အား မြင်လိုက်ရချိန်တွင် ခေါင်းဆောင်အားလုံးသည် အံ့အားသင့်သွားကြသည်။

“အဲ့ငရဲနတ်ဆိုးမျောက်ဝံရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က ဆဋ္ဌမအဆင့်အထိ မြင့်တယ်။ လင်းဇီချန်လို ကလေးက တစ်ယောက်တည်း စိန်ခေါ် ရဲတာဆိုတော့ အဲ့လောက် ယုံကြည်မှုရှိတယ်ပေါ့”

“တကယ့်ကို ချီးကျူးစရာကောင်းတဲ့ ရဲရင့်မှုပဲ”

“အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ ပြောဖို့ခက်တယ်။”

ဤအခိုက်အတန့်တွင် ခေါင်းဆောင်များအားလုံးသည် ငရဲနတ်ဆိုးမျောက်ဝံအား လင်းဇီချန် အနိုင်ယူနိုင်မည်လောဟု စိတ်ဝင်တစားဖြင့် ဖန်သားပြင်ပေါ်ကို စေ့စေ့ကြည့်ရှုနေကြသည်။ လူအများစုကား သူမလုပ်နိုင်ဟု ထင်မြင်ကြသည်။ နောက်ဆုံးတွင်မူ ငရဲနတ်ဆိုးမျောက်ဝံ၏ မြင့်မားသောတိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် မြန်နှုန်းမြင့်မှုတို့ကိုမဆိုနှင့်၊ ၎င်း၏ သွေးမျိုးဆက်စွမ်းအားအဆင့်တစ်ခုတည်းသည်ပင်လျှင် အလွန်မြင့်မားလွန်းသည်။ အဆင့်မြင့် သတ္တမအဆင့် မရှိပါက ငရဲနတ်ဆိုးမျောက်ဝံအား တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ခေါင်းဆောင်များကလည်း ကမ္ဘာပေါ်တွင် ကြီးပျင်းလာသော အသက် ၁၉ နှစ်အရွယ် လင်းဇီချန်သည် အဆင့်မြင့် သတ္တမအဆင့်တွင်ရှိနေလိမ့်မည်ဟု မယုံကြည်ကြပေ။

တောအုပ်အလည်တွင် ဖြစ်သည်။

လှောင်အိမ်ပွင့်လာသည်နှင့်တစ်ပြိုင်နက် ငရဲနတ်ဆိုးမျောက်ဝံ နိုးထလာကာ လှောင်အိမ်အပြင်ဘက်တွင်ရှိသော လင်းဇီချန်အား သတိပြုမိသည်။ တစ်ခဏအတွင်းဝယ် သူ့မျက်နှာတွင် ငိုက်မျဥ်းခြင်းအငွေ့အသက်များပျောက်ကွယ်သွား၍ အဆုံးမဲ့ဒေါသနှင့်အတူ အမုန်းတရားများ အစားထိုးဝင်ရောက်လာသည်။ ဤနေရာတွင် နှစ်အတန်ကြာ အကျဉ်းချခံခဲ့ရပြီးနောက် သူသည် ကမ္ဘာမြေပေါ်ရှိလူသားများအပေါ် အငြှိုးအတေးများထားရှိခဲ့ကာ အားလုံးအပေါ် အပိုင်းပိုင်းဖြတ်ပစ်ရန် ဆန္ဒရှိခဲ့သည်။

“ဝေါင်း”

ငရဲနတ်ဆိုးမျောက်ဝံက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ နောက်တစ်စက္ကန့်အတွင်းတွင် အနီရောင်ပိတ်စထံ ပြေးလာသော နွားသိုးတစ်ကောင်ကဲ့သို့ လှောင်အိမ်အပြင်ဘက်ရှိ လင်းဇီချန်ဆီသို့ ဒေါသတကြီး ပြေးလာခဲ့သည်။ ခြေလှမ်းတိုင်းသည် မြေပြင်ကို ပြင်းထန်စွာ လှုပ်ခါသွားစေ၍ ဆူညံသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဤဧရာမသတ္တဝါကြီးကို ရင်ဆိုင်နေရသော လင်းဇီချန်သည် တစ်လက်မမျှပင် မတုန်မလှုပ်ပေ။ ဒေါသတကြီးဖြင့် ငရဲနတ်ဆိုးမျောက်ဝံသည် ဥက္ကာပျံကဲ့သို့ ကြီးမားသော လက်သီးကို မြှောက်လိုက်သောအခါတွင်ပင် လင်းဇီချန်သည် သူ့လက်သီးကို လျင်မြန်စွာ ထိုးနှက်လိုက်ကာ ခုခံလိုက်သည်။

“ဝုန်း”ခနဲ ကြားရသော ပေါက်ကွဲသံတစ်ခုနှင့်အတူ ငရဲနတ်ဆိုးမျောက်ဝံသည် ၎င်း၏ သွေးမျိုးဆက်စွမ်းအား ဆဋ္ဌမအဆင့် ကြီးမြတ်သော ပြီးပြည့်စုံမှုနှင့်အတူ မြင့်မားသောတိုက်ခိုက်မှု၊ ကာကွယ်ရေးနှင့် အရှိန်အဟုန်မြင့်စွာဖြင့် ထိုးနှက်လိုက်သော ၎င်း၏လက်သီးသည် ဖရဲသီးကဲ့သို့ ကွဲထွက်၍ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ၎င်း၏ လက်မောင်း၊ ပခုံး၊ ဦးခေါင်းစသည်ဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲကာ နေရာအနှံ့သို့ သွေးမိုးများရွာကျလာသည်။

လက်သီးတစ်ချက်တည်းနှင့် ငရဲနတ်ဆိုးမျောက်ဝံအား ဇီဝိန်ခြွေပြီးနောက် လင်းဇီချန်သည် ငရဲနတ်ဆိုးမျောက်ဝံ၏ သားရဲအမြုတေကို ချက်ချင်းစုပ်ယူကာ သူ၏ သိုလှောင်ခြင်းနေရာလွတ်တွင် သိမ်းဆည်းထားလိုက်သည်။ ထို့နောက် ချက်ချင်းပင် ဇီဝိန်ကြွေသွားသော ငရဲနတ်ဆိုးမျောက်ဝံ၏ သွေးလွှမ်းနေသော ခန္ဓာကိုယ်အား အတွေးတစ်ခုနှင့်ပင် ဖယ်ရှားလိုက်သည်။

[သင်သည် “ငရဲနတ်ဆိုးမျောက်ဝံ” ၏ မူလစွမ်းအင် အများအပြားကို စားသုံးခဲ့ပါပြ]

[သင်သည် “ငရဲနတ်ဆိုးမျောက်ဝံ” စမ်းသပ်ချက်ကို အောင်မြင်ခဲ့သောကြောင့် သွေးမျိုးဆက်စွမ်းအားအဆင့် အထွတ်အထိပ်ကိုရောက်ရှိပါပြီ]

[သင်၏ ကိုယ်ဟန်အနေအထား၊ တိုက်ခိုက်မှု၊ ကာကွယ်ရေးနှင့် အမြန်နှုန်းသည် သိသိသာသာ မြင့်တက်သွားပါပြီ။]

လင်းဇီချန်သည် အများအားဖြင့် မတုန်မလှုပ်ရှိသော်လည်း ယခုတွင် သွေးမျိုးဆက်စွမ်းအားအဆင့်၏ အကျိုးဆက်များကို ခံစားလျက် အဆင့်တက်သွားသောကြောင့် စိတ်လှုပ်ရှားနေမိသည်။ ဝေဝေတစ်ယောက် စိန်ခေါ်မှုများကို မည်သို့ရင်ဆိုင်မည်နည်းကိုလည်း သိချင်မိသည်။ တွေးတောလျက်ပင်၊ လင်းဇီချန်သည် ရှန်ချင်းဟန်အား တွေ့နိုင်မည်လောဟူသော မျှော်လင့်ချက်ဖြင့် သူ့ရဲ့ ဝိညာဉ်စွမ်းအားကို အတတ်နိုင်ဆုံး တိုးချဲ့လိုက်သည်။

အထူးလေ့ကျင့်ရေးအဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် လင်းဇီချန်သည် ငရဲနတ်ဆိုးမျောက်ဝံကို ထိုးနှက်ချက်တစ်ချက်တည်းဖြင့် ဖြိုခွဲခဲ့သည့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် ခေါင်းဆောင်များအားလုံး အံ့ဩသွားကြသည်။

“သွေးမျိုးဆက်စွမ်းအား ဆဌမအဆင့် ပြီးပြည့်စုံတဲ့ပုံစံနဲ့ ငရဲနတ်ဆိုးမျောက်ဝံတစ်ကောင်က လက်သီးတစ်ချက်တည်းနဲ့ ပေါက်ကွဲသွားတာလား”

“ဒီ လင်းဇီချန်က ဘယ်လိုနတ်ဆိုးမျိုးလဲ။”

“ဒီလင်းဇီချန်က ကြောက်စရာကောင်းတဲ့သားရဲကို ရင်ဆိုင်ပြီး လက်သီးတစ်ချက်နဲ့ ထိုးသတ်လိုက်တယ်။”

လင်းဇီချန်က အနိုင်ယူနိုင်ခဲ့သောကြောင့် အပြင်ဘက်ရှိ ခေါင်းဆောင်များအားလုံး အံသြဆွံ့အသွားကြသည်။ ဤမျှ အစွမ်းထက်သော ပါရမီရှင်က ကမ္ဘာမြေပေါ်တွင် မည်ကဲ့သို့ ပေါ်ထွန်းခဲ့သနည်း။

“မင်း နောက်ဆုံးအောင်နိုင်သူအဆင့်ရောက်လာခဲ့ပြီ။” ချင်ချွမ်းက ပြောလိုက်သည်။

အာရုံစူးစိုက်မှုသည် အခြားစိန်ခေါ်သူများထံ ကူးပြောင်းသွားသည်။ ကျန်းယိဖေးက အမြန်ဆုံးဖြတ်ကျော်မှုတွင် ပထမဆုံးဖြစ်သည်။ ပိုင်ကျဲ၊ နန်ကုန်းလျို့ယွင်တို့က သူ့နောက်မှ အနီးကပ်လိုက်နေကာ ရှန်ချင်းဟန်မှာ နောက်ကျကျန်နေခဲ့သည်။ အခြားသော ဂြိုလ်လူသားအဆင့် ပါရမီရှင် ခုနစ်ဦးသည် ၎င်းတို့သည် ပထမနေရာတွင် ရှိနေသည်ဟု တွေးထင်လျက် အမျိုးမျိုးသော ဆန်းကြယ်သားရဲများကို အသေအကြေ ချေမှုန်းနေကြသည်။

အပိုင်း (၄၀၇) ဂြိုလ်လူသားအဆင့်ပါရမီရှင်တဲ့လား မင်းတို့အားလုံး တစ်ပြိုင်နက်တည်း လာတိုက်ကြစမ်းပါ

“ကျွန်တော့်ကို နောက်ဆုံးဆရာကြီး ဖြစ်စေချင်လား”

ချင်ချွမ်း၏တောင်းဆိုမှုကို လင်းဇီချန် ကြားသောအခါတွင် အကြံပြုချက်ကြောင့် အံ့အားသင့်သွားကာ မျက်ခုံးမွှေးများပင် တွန့်သွားသည်။ စဥ်းစားတွေးတောပြီးနောက် သူသည် အကြံဉာဏ်အား စိတ်ဝင်စားသွားကာ သဘောတူလိုက်သည်။

ပထမအဆင့်အနေနှင့် လှောင်အိမ်ရှေ့တွင်ရှိသော ဆိုင်းဘုတ်ကို ရိုက်ချိုးလိုက်ပါ။

ဒုတိယအဆင့်အနေနှင့် ကိုယ့်ကိုကိုယ် လှောင်အိမ်ထဲတွင် သော့ခတ်ထားပါ။

ဤရိုးရှင်းသော အဆင့်နှစ်ဆင့်ဖြင့် မကြာသေးမီက ပြိုင်ပွဲဝင်တစ်ဦးဖြစ်သော လင်းဇီချန်သည် နောက်ဆုံးဆရာကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤသို့ပြုလုပ်ပြီးသည်နှင့် လင်းဇီချန်သည် သူ၏ဝိညာဉ်ရေးစွမ်းအားကို အားကောင်းစေရန် “အဆင့်မြင့် စိတ်ဝိဉာဥ်” ကို အသုံးပြု၍ လှောင်အိမ်ထဲတွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။

သူ၏ စိတ်ဝိဉာဥ်စွမ်းအားအထွဋ်အထိပ်သို့ရောက်ချိန်တွင် ရှန်ချင်းဟန်ကိုရှာဖွေရန်ဝိဉာဥ်စွမ်းအင်များကို တတ်နိုင်သမျှချဲ့ထွင်ကာ ချက်ချင်းဖြန့်ကျက်လိုက်သည်။ ၁၀၀၀ မီတာ၊ ၂၀၀၀ မီတာ၊ ၃၀၀၀ မီတာ၊ ၄၀၀၀ မီတာ၊ ၅၈၇၆ မီတာ စသည်ဖြင့် လင်းဇီချန်သည် သူ၏ ဝိညာဉ်စွမ်းအား လွှမ်းခြုံမှု အကွာအဝေးကို အဆက်မပြတ် ချဲ့ထွင်ခဲ့သည်။ အချင်းဝက် ၅၈၇၆ မီတာတွင် ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအားသည် နောက်ထပ် မပျံ့နှံ့နိုင်သောကြောင့် ဤအကွာအဝေးအတွင်းတွင် လင်းဇီချန်သည် ဂြိုလ်သားလူ့အဆင့် ပါရမီရှင် ၇ ယောက်၏ တည်ရှိမှုကို သတိပြုမိခဲ့သည်။ သို့သော် ရှန်ချင်းဟန် အား မည်သည့်နေရာတွင်မှ မတွေ့ရပေ။

“ဘာတွေဖြစ်နေတာလဲ”

‘မသန့်ရှင်းသော’ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်အဆင့် ပဥ္စမအဆင့်နီးပါးရှိသည်။ အစွမ်းသတ္တိချင်းယှဥ်ပါက သူမသည် ထိုပါရမီရှင်ခုနှစ်ဦးထက် မနိမ့်ကျပေ။ ယုတ္တိကျကျဆိုရမည်ဆိုပါက ရှန်ချင်းဟန်သည် ယခုအချိန်တွင် ထိုခုနစ်ယောက်ကဲ့သို့ အလားတူအဆင့်တွင် ရှိနေသင့်သည်။ သို့သော် အဘယ့်ကြောင့် သူမသည် ယခုထိ အရိပ်အယောင်မပြသေးသနည်း။

“ချင်းဟန် တစ်ခုခုဖြစ်သွားတာများလား”

ထိုအတွေးကြောင့် လင်းဇီချန်က ချက်ချင်းပင် စိုးရိမ်လာသည်။ သို့သော်လည်း တစ်ဖက်ကပြန်တွေးကြည့်သော် မြို့တော်အမှတ် ၁ မှ မြို့အရှင်သခင်ကိုယ်တိုင်သည် ဤစမ်းသပ်မှုကို စောင့်ကြည့်နေသောကြောင့် ပြိုင်ပွဲဝင်တစ်ဦးအနေဖြင့် ‘မသန့်ရှင်းသော’ သွေးမျိုးဆက်စွမ်းအားအဆင့်သည် မည်သည့်အန္တရာယ်မျှ မရှိသင့်ပေ။ ‘မသန့်ရှင်းသော’ သွေးမျိုးဆက်စွမ်းအားအဆင့်ကို မမြင်နိုင်ခြင်းသည် ရှန်ချင်းဟန်၏ တိုးတက်မှုနှေးကွေးနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

“ဟုတ်ပြီ၊ အဲ့လိုပဲတွေးကြတာပေါ့” လင်းဇီချန်က တွေးလိုက်သည်။

တောတောင်အစွန်တွင် ဖြစ်သည်။

ရှားပါးအပင် အဆင့်၊

ဤအခိုက်အတန့်တွင် ရှန်ချင်းဟန်သည် စမ်းချောင်းတစ်ခု၏ဘေးတွင် စူးစမ်းစွာဖြင့် မတ်တပ်ရပ်ကာ အဆက်မပြတ်စီးဆင်းနေသော ရေစက်များနှင့် ပုံသဏ္ဍာန်ပြောင်းလဲနေသော သူမပတ်ဝန်းကျင်မှ လျှို့ဝှက်ဆန်းကြယ် တီးတိုးသံများကို နားစွင့်နေသည်။

“နတ်ဘုရား…”

“ကြီးမြတ်တဲ့… နတ်ဘုရား... အသက်ပြန်ရှင်…”

“အလင်းကိုလက်ခံပါ”

“မင်းက ဘာလဲ၊ ဘာလို့ ငါ့နားနားမှာ တိုးတိုးလေးပြောနေတာလဲ၊ ငါ့ တစ်ခုခုထူးခြားနေလို့လား။ မင်း ငါ့ကို ပြောပြပေးနိုင်မလား” ရှန်ချင်းဟန်သည် စမ်းချောင်းကို မျက်နှာမူကာ ညင်သာစွာ မေးလိုက်သည်။ ယခင်အတွေ့အကြုံများအရ အသံ၏ရင်းမြစ်သည် သူမအပေါ် အငြိုးအတေးမရှိသည်ကို သိထားသောကြောင့် စမ်းချောင်းဘေးတွင် ပေါ့ပေါ့ပါးပါး မေးမြန်းရန် သတ္တိရှိလာခဲ့သည်။ သို့သော်လည်း အသံ၏ရင်းမြစ်ကား စက်ရုပ်နှင့် ဆင်တူကာ အကြောင်းအရာတစ်ခုကိုသာ ပရိုဂရမ်ဖြင့် အသံများ ထုတ်နိုင်သကဲ့သို့ သူမ၏ မေးခွန်းများကို မတုံ့ပြန်ခဲ့ပေ။

“မင်း ငါ့ကိုမဖြေရင် ငါထွက်သွားတော့မယ်။”

အချိန်အတန်ကြာသည်အထိ စောင့်သော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာမရှိဘဲ ရှန်ချင်းဟန်သည် ဤစကားကိုပြော၍ ဒုတိယစစ်ဆေးရေးဂိတ်၏ ဆန်းကြယ်သားရဲအဆင့်ဆီသို့ အမြန်လျှောက်သွားခဲ့သည်။ သူမ ထွက်ခွာသွားသည့်အခိုက်တွင် စမ်းချောင်းထဲတွင် လွင့်မျောနေသည့် အမှုန်အမွှားများသည် ထင်သာမြင်သာသောအရှိန်ဖြင့် ချက်ခြင်းစုပြုံသွားကာ ထူးထူးဆန်းဆန်း အသွင်အပြင်မျိုးစုံဖြင့် ထွက်ခွာသွားသော သူမထံသို့ ဒူးထောက်ဦးညွတ်လိုက်ကြသည်။

အဝေးမှကြည့်လျှင် ဤမြင်ကွင်းသည် ရေအောက်အပျက်အစီးများတွင် သူမ မြင်ဖူးခဲ့သော နံရံဆေးရေး ပန်းချီကားများနှင့် သိသိသာသာ ဆင်တူသည်။

တောနက်ထဲတွင်ဖြစ်သည်။

ဆာကူရာပင်လယ်နိုင်ငံရှိ မျက်နှာဖုံးတပ်ထားသော သူရဲကောင်းများကဲ့သို့ ကြမ်းတမ်းသောပုံပေါက်သည့် ချန်ယိဖေး သည် အကြေးခွံများဖုံးလွှမ်းကာ နယ်နိမိတ်မျဉ်းကို အရှိန်အပြည့်နှင့် ကျော်ဖြတ်လျက် ဆန်းကြယ်သားရဲအဆင့်သို့ ပြေးသွားခဲ့သည်။ ၂ စက္ကန့်အတွင်းတွင် နောက်ကျောတွင် အတောင်ရှစ်ခုပါသော နန်ကုန်းလျို့ယွင် နှင့် ခေါင်းပေါ်ရှိ ဦးချိုတစ်ခုရှိသော ပိုင်ကျဲ တို့နှစ်ယောက် တပြိုင်နက်နီးပါး ဆန်းကြယ်သားရဲအဆင့်သို့ ရောက်ရှိခဲ့သည်။

“တိမ်သူငယ်ချင်း နန်ကုန်း နဲ့ ဆရာမ ပိုင်ကျဲ၊ မင်းတို့နှစ်ယောက်က အရမ်းနှေးလွန်းတယ်” ချန်ယိဖေးက နောက်သို့ ပြန်လှည့်ကြည့်ကာ နောက်တွင် နှစ်စက္ကန့်မျှ နောက်ကျကျန်ခဲ့သော ၎င်းတို့နှစ်ယောက်ကို ကြည့်၍ လှောင်ရယ်လိုက်သည်။

“တကယ်ပြိုင်ပွဲက အခုမှစမှာ၊ မင်းက အချိန်မတန်ခင် ဂုဏ်ယူနေတာပဲ” နန်ကုန်းလျိုယွင်က တည်ငြိမ်စွာပြောသည်။

ပိုင်ကျဲက ယင်းကို အသာစီးယူကာ စကားလုံးဝမပြောဘဲ ရှေ့သို့အမြန်ပြေး၍ စက္ကန့်တိုင်းကို အသုံးချကာ ဒုတိယဂိတ်ကို ကျော်ဖြတ်၍ တတိယဂိတ်သို့ ပထမဆုံးရောက်ရန် ကြိုးစားနေသည်။

“ဒါလုံးဝမတရားဘူး” ချန်ယိဖေး က ကျိန်ဆဲ၍ သူ့အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်ကာ တဟုန်တိုး တောလယ်ခေါင်ဆီသို့ ပြေးသွားသည်။

နန်ကုန်းလျို့ယွင် သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ သုံးယောက်သား တိတ်တဆိတ် ရှေ့သို့ပြေးလာရာ များမကြာမီ၌ပင် သုံးယောက်သား ဒုတိယစစ်ဆေးရေးဂိတ်က တစ်စုံတစ်ခုလွဲမှားနေသည်ကို သတိထားမိကြသည်။ ဆန်းကြယ်သားရဲအဆင့်ဟုဆိုထားသော်လည်း ၎င်းတို့သွားရာလမ်းတွင် သားရဲများကို မြင်တွေ့ရန် ခဲယဉ်းသည်။

သို့သော်လည်း၊ လေထုသည် သွေးအနံ့နှင့် ပြည့်နေကာ၊ သေစေတတ်သော ရောင်ဝါသည် ထိုနေရာကို စိမ့်ဝင်နေသကဲ့သိုပင် ဖြစ်သည်။ ဤသံသယဖြင့် သုံးယောက်သားသည် တောလယ်ခေါင်ဆီသို့ ကတိုက်ကရိုက် ပြေးသွား၍ တတိယစစ်ဆေးရေးဂိတ်သို့ အလျင်အမြန်ဝင်ရောက်လာခဲ့ရာာ ကွာခြားချက်မှာ သုံးစက္ကန့်အောက်သာဖြစ်သည်။ လမ်းတွင် ဆန်းကြယ်သားရဲများမရှိ၊ အတားအဆီးမရှိသောကြောင့် ၎င်းတို့သုံးယောက်ကြားတွင် သိသာထင်ရှားသော ကွာခြားမှုကို မဖန်တီးနိုင်ပေ။

“ဒီနားက သွေးနံ့က ဒုတိယစစ်ဆေးရေးဂိတ်မှာတုန်းကထက်တောင် ပိုပြီး အနံ့ပြင်းသေးတယ်”

နန်ကုန်းလျို့ယွင်သည် လေထဲမှရသော ငရဲနတ်ဆိုးမျောက်ဝံသွေးနံ့ကို ရှူရှိုက်ကာ သူ့မျက်ခုံး အနည်းငယ်လှုပ်သွားပြီး စိတ်ထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသကဲ့သို့ပင် ဖြစ်သည်။ မလှမ်းမကမ်းတွင် ပိုင်ကျဲသည် လင်းဇီချန်တစ်ယောက် လှောင်အိမ်ထဲတွင် ရှိနေသည်ကိုမြင်ကာ အော်လိုက်၏။

“ထင်ထားတဲ့အတိုင်းပဲ၊ နောက်ဆုံးဆရာကြီးက အခြားကမ္ဘာကလူဖြစ်နေတယ်”

ချန်ယိဖေး သည် လင်းဇီချန် ကို အံ့အားသင့်စွာ စိုက်ကြည့်ပြီး မျက်ခုံးပင့်ကာ “ဒီကောင်က ငါ့လောက်နီးနီး ရုပ်ချောသားပဲ” ဟု ရေရွတ်လိုက်သည်။

နန်ကုန်းလျို့ယွင်က ရယ်မောလိုက်သည်။

“မင်းမျက်နှာက ငါနဲ့တောင် မယှဥ်နိုင်တာ၊ သူနဲ့များနှိုင်းနေသေးတယ်”

ချန်ယိဖေးသည် မှတ်ချက်ကို လျစ်လျူရှုလိုက်ပြီး လင်းဇီချန်ကို စိုက်ကြည့်လျက် ခေါင်းခါလိုက်၏။

“လှောင်အိမ်ထဲက ဒီကောင်လေးက အသက် ၁၈ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်၊ ဒီလောက်ငယ်တဲ့သူကို နောက်ဆုံး အောင်နိုင်သူဖြစ်အောင် စီစဉ်နေကြတယ်ဆိုတော့ သူတို့ ငါတို့ကို ဘယ်လောက်တောင် အထင်သေးလိုက်သလဲ”

ဂြိုလ်လူသားအဆင့် ပါရမီရှင်အနေဖြင့် အရွယ်ရောက်ပြီးစ နှစ်များအတွင်း ဂြိုလ်သားများနှင့် မကြာခဏ ရင်ဆိုင်ခဲ့ရသူပီပီ ပြောလိုက်ခြင်းဖြစ်သည်။

အပိုင်း (၄၀၈) ဂြိုလ်သားအဆင့် ပါရမီရှင်တဲ့လား၊ မင်းတို့ အားလုံးတစ်ပြိုင်နက် လာတိုက်ကြစမ်းပါ။ (၂)

သက်တူရွယ်တူအုပ်စုတွင် ဂြိုလ်လူသားဖြစ်တည်မှုကွာဟချက်ရှိ‌သော်လည်း ယင်းက အရေးမကြီးလှသောကြောင့် ယှဥ်ပြိုင်ကြည့်လျှင် အနိုင်ရနိုင်ချေ ရှိသေးသည်။

ပိုင်ကျဲက တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ သတိလက်လွတ်မနေသင့်ဘူး၊ အသက်ငယ်တာက စွမ်းအား အားနည်းတာမှ မဟုတ်တာ၊ ဥပမာ လော့ချန်းရွှယ် ကိုပဲကြည့်၊ သူဆိုလည်း ၁၉ နှစ်၊ ငါတို့ထက်တောင် ငယ်သေးတာပဲ၊ ဒါပေမယ့် သူ့စွမ်းအားတွေက ငါတို့ကို အံ့သြစေတာတော့ အမှန်ပဲ။”

နန်ကုန်းလျို့ယွင်သည်လည်း ဂရုမပြုဟန်ဖြင့် ပြောလိုက်သည်။

“လော့ချန်းရွှယ်ရဲ့ ဆင့်ကဲပြောင်းလဲမှုအရည်အချင်းက ဂြိုလ်လူသားတွေကြားမှာတောင် ကြောက်စရာကောင်းတယ်တဲ့။ အများစုကို ကိုယ်စားပြုနေတာမှမဟုတ်တာ။ သူ့ကို ဥပမာပေးပြီး ပြောမနေစမ်းပါနဲ့”

သို့သော် ချန်ယိဖေးက ရယ်မော၍ ပြောလိုက်သည်။

“အစ်မကျဲရယ်၊ ခင်ဗျားတော်တော် ရည်မှန်းချက်မရှိတာပဲ၊ ဂြိုလ်သတ္တဝါတွေကို ငါတို့အနိုင်မယူတာဘူးတာမှ မဟုတ်တာ၊ ငါတို့ အဲ့ လော့ချန်းရွှယ်လို မကောင်းဆိုးဝါးကို မနိုင်တာနဲ့ပဲ ဒီလှောင်အိမ်ထဲက ကောင်လေးကို မနိုင်တော့ဘူးတဲ့လား”

ထိုသို့ပြောရင်းဖြင့် သူက စိတ်ဝိဉာဥ်စွမ်းအားကိုသုံးကာ ကျောက်တုံးတစ်တုံးကို မြေပြင်မှမပြီး လှောင်အိမ်ဆီသို့ ပစ်ခွင်းလိုက်သည်။

“ဝုန်း”ခနဲ ဟူသော အသံကို ကြားလိုက်ရသည်။

ကျောက်တုံးကား လှောင်အိမ်ခလုတ်ပေါ်သို့ အတိအကျ ကျရောက်သွား၍ လှောင်အိမ်တံခါးမှာ ပွင့်သွားခဲ့သည်။ တံခါးအပွင့်တွင် လင်းဇီချန်သည် ဖြည်းညှင်းစွာထရပ်ကာ အရှေ့တွင်ရှိသော လူသုံးဦးကို အကဲခတ်ကြည့်၍ ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်များကို မှန်းဆကြည့်လိုက်သည်။

သုံးယောက်စလုံးသည် သွေးမျိုးဆက်စွမ်းအား ပဉ္စမအဆင့်ရှိကြကာ ကျောင်းတွင် ပထမနှစ်၊ ဒုတိယနှစ်အရွယ်ရှိလောက်မည့် အသက် ၂၀ ကျော် လူငယ်လူရွယ်များ ဖြစ်ကြသည်။ ဤအရွယ်နှင့် သွေးမျိုးဆက်စွမ်းအား ပဉ္စမအဆင့် ရောက်ရှိခြင်းသည် အလွန်ထူးခြားသော အရည်အချင်းရှိနေသောကြောင့်ပင်ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ယောက်ကို ကျပန်းရွေးကာ ကမ္ဘာမြေပေါ်တွင် ထားလိုက်ပါက သက်တူရွယ်တူများကြား၌ ကြီးမားသော ဖိနှိပ်မှုမျိုး ဖြစ်သွားစေနိုင်သည်။

ပေကျင်းတက္ကသိုလ်၏ ပါရမီရှင် လီရီကျင်း သို့မဟုတ် စက်ရုပ်လူသားပါရမီရှင်မိန်းကလေး လုချင်းယွီတို့ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ဤဂြိုလ်လူသားအဆင့် ပါရမီရှင်သုံးဦးရှေ့တွင် ထိုသူတို့သည် နှိမ်နင်းရလွယ်ကူသော ပုရွက်ဆိတ်များသဖွယ် ဖြစ်နေမည်။

“ဂြိုလ်လူသားအဆင့်ပါရမီရှင်တွေရဲ့ စွမ်းရေက ဒဏ္ဍာရီတွေကလို အရမ်းအားကောင်းတယ်ဆိုတာတော့ အမှန်ပဲ။ ငါ သူတို့ရဲ့ တကယ့် တိုက်ခိုက်ရေးစွမ်းအင်အဆင့်ကိုတော့ မသိဘူး”

လင်းဇီချန်က မတုန်မလှုပ်သော အသံဖြင့်မေးလိုက်၏။

“ခင်ဗျားတို့သုံးယောက်ပေါင်းပြီး ကျုပ်ကို တိုက်ကြပါလား။ ဂြိုလ်လူသားအဆင့်ပါရမီရှင်တွေရဲ့ ခွန်အားကို ပြစမ်းပါ”

ချန်ယိဖေးက လှောင်ရယ်လိုက်သည်။

“အကုန်ပေါင်းပြီး တိုက်ရမယ်တဲ့လား၊ ငါတစ်ယောက်နဲ့တောင် လုံလောက်နေပြီ”

ထိုသို့ပြောပြီးသည်နှင့် သူက အလင်းကဲ့သို့ လျင်မြန်စွာပြောင်းလဲသွားကာ လင်းဇီချန်အား အချိန်တိုအတွင်း တိုက်ခိုက်လိုက်သည်မှာ သာမန်မျက်စိဖြင့် မြင်ရန်ပင် ခဲယဥ်းလှသည်။ စင်စစ်အားဖြင့် တစ်ဖက်သူသည် မိမိထက် အသက်ကြီးသော ဂြိုလ်လူသား၏ တိုက်ခိုက်မှုဖြစ်ပါက သူတုန်လှုပ်သွားနိုင်သည်။ ဂြိုလ်သားများအကြား ခွန်အားကောင်းသော လော့ချန်းရွှယ်အား ရင်ဆိုင်ရခဲ့မည်လျှင်လည်း သူသည် တုန်လှုပ်နိုင်ချေရှိသေးသည်။ သို့ရာတွင် မိမိထက် ငယ်ရွယ်ကာ အထင်ကြီးစရာမကောင်းသည့် ဆင့်ကဲစွမ်းရည်ပိုင်ဆိုင်သူနှင့် ရင်ဆိုင်ရာတွင်မူ သူ၏ တစ်ခုတည်းသောတုံ့ပြန်မှုမှာ လက်သီးပြင်းပြင်းကို အမြောက်တစ်ခုအလား ပစ်ခွင်းခြင်းပင် ဖြစ်သည်။

“ဟ သူစလှုပ်ရှားနေပြီပဲ” နန်ကုန်းလျို့ယွင်သည် သူ့နေရာကို လုယူခံရသည့်အလား နောင်တရစွာဖြင့် ရေရွတ်မိသည်။

ပိုင်ကျဲက တည်ငြိမ်စွာပြောလိုက်၏။

“ဒီဂြိုလ်သားက စမ်းသပ်မှုမှာ နောက်ဆုံးအတားအဆီးပဲ။ သူ သေချာပေါက် လွယ်မှာမဟုတ်ဘူး။ ချန်ယိဖေးတစ်ယောက်တည်းတော့ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး”

နန်ကုန်းလျို့ယွင်၏ မျက်နှာပေါ်မှ နောင်တများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူသည် ပိုင်ကျဲပြောသမျှ အဓိပ္ပာယ်ရှိ၍ ချန်ယိဖေးတစ်ယောက်တည်း အောင်နိုင်မည်မဟုတ် ဟုလည်း တွေးထင်မိသည်။ နှစ်ဦးသား စကားစမြည်ပြောနေစဥ် ချန်ယိဖေးသည် လေပေါ်တွင်ဝဲကာ လင်းဇီချန်အား လက်သီးပြင်းပြင်းဖြင့် ထိုးနှက်နေသည်။ အကြေးခွံအမာများနှင့် ပြည့်နေသော သူ၏လက်သီးပတ်လည်တွင် သွေးစွမ်းအင်တို့ ဝိုင်းရံနေသည်။

ဤလက်သီးချက်က လင်းဇီချန်ကို ကမ္ဘာမြေအဆုံးအထိ ပို့ပေးမည်ကြံသည့်အလားပင် အားကောင်းသည်။ ဤပြင်းအားကို ခံစားရမိသည်နှင့် နန်ကုန်းလျို့ယွင်နှင့် ပိုင်ကျဲတို့၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြသည်။

“ဟ အားပြင်းလိုက်တာ”

စင်စစ်အားဖြင့် လက်သီး၏ ပြင်းအားမှာ သွေးမျိုးဆက်စွမ်းအား ပဥ္စမအဆင့်ကို ကျော်လွန်၍ ဆဌမမြောက် အဆင့်ကို ချဥ်းကပ်ဝင်ရောက်နေသယောင်ပင် ဖြစ်သည်။

“ဒီကလေး ချန်ယိဖေးတစ်ယောက် ဘယ်ကတည်းက ဒီလောက်အထိ အားကောင်းသွားတာလဲ”

“မယုံနိုင်စရာပဲ”

သူသည် အမှန်တကယ်ပင် ယုံကြည်မှုအားကောင်းသောကြောင့် တစ်ဦးတည်း ဖြေရှင်းနိုင်သည်ဟု ပြောခဲ့ခြင်းမှာ အံ့သြဖွယ်မရှိပေ။ တစ်ဖက်တွင်လည်း လင်းဇီချန်၏ ခန္ဓာကိုယ်သည် လက်သီးကြောင့် အနည်းငယ် နောက်ဆုတ်ဆုတ်သွားရသည်။ ဤစစ်ဆေးမှု၏ ပထမနေရာကို ချန်ယိဖေးအရယူနိုင်မည်ဟုလည်း ခံစားနေရသေးသည်။ နှစ်ဦးသားလုံးတွင် အတွေးကိုယ်စီဖြင့် အသံတိတ်တိုက်ခိုက်နေကြစဥ် ချန်ယိဖေးသည် “သေစမ်း” ဟု အော်ဟစ်လျက် လင်းဇီချန်၏ ဦးခေါင်းအား လက်သီးဖြင့် ဆက်တိုက်ထိုးသည်။

လင်းဇီချန်က ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးမည့်အလား အားကောင်းလှသော အရှိန်အဟုန်ဖြင့် ဤကြောက်မက်ဖွယ် လက်သီးကို မတုန်လှုပ်သည့်အပြင် သူ၏ သာမန်လက်သီးကိုလည်း ချန်ယိဖေး ထံ ပစ်သွင်းလိုက်သေးသည်။

နောက်ထပ်အခိုက်အတန့်တွင် ကျယ်လောင်သော အသံကြီးတစ်ခုထွက်ပေါ်လာပြီးနောက်…

အကြေးခွံများဖုံးလွှမ်းနေ‌သော အရိပ်တစ်ခုသည် အရှိန်ပြင်းပြင်းဖြင့် နန်ကုန်းလျို့ယွင် နှင့် ပိုင်ကျဲတို့ထံ ဥက္ကာပျံတစ်ခုကဲ့သို့ အရှိန်ပြင်းပြင်းနှင့် လွင့်လာသည်။

ချန်ယိဖေး တစ်ယောက် သာမန်လက်သီးတစ်ချက်ကြောင့်နှင့် သေဆုံးသွားသည်လော ဟုတွေးတောကာ နန်ကုန်းလျို့ယွင် နှင့် ပိုင်ကျဲတို့က ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်ခြောက်ခြားနေကြသည်။

လင်းဇီချန်က ၎င်းတို့ဘက်သို့လှည့်ကာ အေးစက်သောအသံဖြင့်မေးလိုက်သည်။

“ဟိတ် မင်းတို့နှစ်ယောက် ငါ့ကို နှစ်ယောက် ပေါင်းတိုက်ကြမလား။ သူ့လိုမျိုး တစ်ယောက်တည်း တိုက်မလား”

နန်ကုန်းလျို့ယွင် နှင့် ပိုင်ကျဲတို့သည် တစ်ဦးကို တစ်ဦးကြည့်ကာ တစ်ချိန်တည်းတွင် နှစ်ဦးပေါင်း သွေးစွမ်းအင်များကို ထုတ်လွှတ်လျက် တိုက်ခိုက်တော့သည်။

နှစ်ဦးလုံး၏ သွေးမျိုးဆက်စွမ်းအားကို လေ့လာဆန်းစစ်ပြီးနောက် လင်းဇီချန်က စိတ်ပျက်လက်ပျက်ဝေဖန်လိုက်၏။

“အားနည်းလွန်းတယ်။ သာမန်မိန်းကလေးတစ်ယောက်လောက်တောင် အားမကောင်းပါလား”

ဘမ်း

နောက်ထပ် ကျယ်လောင်သောအသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

နန်ကုန်းလျို့ယွင် နှင့် ပိုင်ကျဲတို့သည်လည်း တခဏအတွင်း အနောက်သို့ ပျံသွားကာချန်ယိဖေး ပြုတ်ကျခဲ့သော ချုံပုတ်အတွင်းဝယ် ထပ်မံပြုတ်ကျသွားကြသည်။ ဒဏ်ရာဒဏ်ချက်များဖြင့် ကြိုးစားထနေသော ချန်ယိဖေး အပေါ်တည့်တည့်သို့ ထပ်မံကျသည်ဖြစ်ရာ ချန်ယိဖေးက နာကျင်မှုဖြင့် ကျယ်လောင်စွာအော်လိုက်သည်။

တစ်ချိန်တည်းမှာပင် နောက်ဆုံးစမ်းသပ်မှုအဆင့်သို့ ရောက်ရှိလာကြသော ကျောက်ကျစ်ရွှမ်၊ ယောင်ယီဝမ်၊ ဟယ့်ချူထောင်း နှင့် ဟွမ်ရှင်းအစရှိသော ဂြိုလ်လူသားအဆင့် ပါရမီရှင်လေးဦးတို့သည် နာကျင်စူးရှလှသော အော်ဟစ်သံများနှင့် ချန်ယိဖေး၊ နန်ကုန်းလျို့ယွင် နှင့် ပိုင်ကျဲ တို့အားတွေ့လိုက်ရသောအခါ တုန်လှုပ်မိကြသည်။

“ဘယ်လိုတွေ ဖြစ်သွားတာလဲ”

“သူတို့ သုံးယောက်လုံး မြေကြီးပေါ် ဘာလို့ အတုံးအရုံး လဲနေကြတာလဲ” စသည်ဖြင့် မေးခွန်းများစွာ စိတ်ထဲတွင် ပေါ်ထွက်နေကာ ရှေ့တည့်တည့်တွင်ရှိသော လင်းဇီချန်ကိုလည်း အကဲခတ်ကြသည်။

လင်းဇီချန်ထံမှ ထွက်ပေါ်လာသော ရောင်ဝါကို ခံစားလိုက်ရသောအခါ သွေးမျိုးဆက်စွမ်းအား ပဉ္စမအဆင့်တွင်ရှိကြသော သူတို့လေးဦးစလုံးသည်ပင်လျှင် မချဉ်းကပ်ဝံ့ကြဘဲ အလိုလို နောက်ပြန်ဆုတ်သွားကြသည်။

“အစ်ကိုကျဲ၊ ဒါဘယ်လို အခြေအနေကြီးလဲ” ဟွမ်ရှင်းက မျက်မှောင်ကြုတ်လျက် အနီးရှိ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပိုင်ကျဲကို မေးလိုက်သည်။

“အဲ့ကောင်က အရမ်းကြောက်ဖို့ကောင်းလောက်အောင် စွမ်းအားကြီးတယ်။ သူက ဒီအဆင့်ကို စောင့်တဲ့ နောက်ဆုံးဆရာကြီးပဲ” ပိုင်ကျဲက နာကျင်စွာ ဖြေလိုက်သည်။

နောက်မှရောက်လာသော လေးယောက်လုံးလည်း ဆွံ့အသွားကြသည်။ အသက်ပင် ၂၀ မပြည့်သေးသော လူငယ်တစ်ယောက်သည် ထိုနေရာသို့ မည်သို့ အရောက်လှမ်းနိုင်မည်နည်း။ လော့ချန်းရွှယ်နီးပါး စွမ်းအားရှိသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေမည်လော။

ဤသို့ တွေးတောနေစဥ်မှာပင် လင်းဇီချန်က တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

“အခုလူစုံပြီလား၊ ခင်ဗျားတို့ ၇ယောက်လုံး ကျွန်တော့်ကို လာတိုက်ကြလေ”

“တော်တော် ဘဝင်မြင့်နေတာပါလား” ဟွမ်ရှင်းက မခံမရပ်နိုင်ဖြစ်လျက်ပြောလိုက်သည်။

“တိုက်ကြဟေ့၊ ဒီ‌ကောင့်ကို မြေကြီးတွေပါ ကျွေးကြကွာ”

“တိုက်ကြ”

“အနိုင်ပိုင်းပစ်”

စသည်ဖြင့် အပေါင်းအဖော်များကလည်း အော်ဟစ်ကြကာ သွေးစွမ်းအင်များ အပြည့်အ၀ပေါက်ကွဲ၍ ဆန်းကြယ်သားရဲများ၏ ဗီဇကို အသက်သွင်းလျက် လင်းဇီချန်ကို အုပ်စုလိုက် တိုက်ခိုက်ကြသည်။

ချန်ယိဖေး နှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အခြားသူများသည်လည်း ဝေဒနာကို တောင့်ခံ၍ တဖြည်းဖြည်း ထကြသည်။ ၎င်းတို့သည် ဂြိုလ်လူသားအဆင့်ပါရမီရှင်များအနေဖြင့် တစ်ခါမျှ ဤမျှ အရှက်မရခဲ့ကြဖူးပေ။ ထိုအချက်က ၎င်းတို့ကို ဒေါသမီးတဟုန်းဟုန်းတောက်စေ၍ လင်းဇီချန်ကို ကျိန်းသေ နောင်တရစေရန် ပြုလုပ်မည်ဟုလည်း ဆုံးဖြတ်ထားကြသည်။

…

…

သို့သော် ရှန်ချင်းဟန်က ယခုအချိန်ထိ ရှိမနေသးပေ။

“အသေတိုက်ပစ်”

“အကုန်လုံးကို မစောင့်တော့ဘူးလား”

လှောင်အိမ်ထဲတွင် လင်းဇီချန်ကို သွေးစများဖြင့် မြင်လိုက်ရသည်နှင့် အားလုံးတွေးထင်မိသည်မှာ လင်းဇီချန်သည် နောက်ဆုံးဆရာကြီးဖြစ်ရာ လေ့လာရန်အတွက် အကျဥ်းချခံထားရသော ဂြိုလ်သားတစ်ယောက် ဖြစ်သည်။

ပထမအဆင့်တွင် ရှားပါးအပင်များကို ဖြတ်ကျော်ရ၍ ဒုတိယအဆင့်တွင် ဆန်းကြယ်သားရဲများကို ဖြတ်ကျော်ရကာ ယခု တတိယအဆင့်တွင်မူ ဤဂြိုလ်သားအား ဖြတ်ကျော်ရခြင်း ဖြစ်နိုင်သည်။

ချန်ယိဖေးက ယုံကြည်မှုလွန်ကဲစွာဖြင့် ပြောလိုက်သည်။

“ကျန်တဲ့သူတွေ မဝင်ပါနဲ့၊ ငါအရင်သွားရှင်းမယ်”

ထို့နောက် လင်းဇီချန်သည် ချန်ယိဖေးအား ရင်ဆိုင်ရာတ္ငင် အလျင်မလိုဘဲ ပေါ့ပါးစွာပြောလိုက်၏။

“မစူးစမ်းမဆင်ခြင်တာမျိုး မလုပ်ပါနဲ့ဗျာ၊ ပထမတစ်ခေါက်ကတည်းက အပြီးရှင်းလိုက်ရမှာ၊ ကျွန်တော် ခင်ဗျားကို ဒုတိယအခွင့်အရေး မပေးလိုက်သင့်ဘူး”

“ဘဝင်လေဟပ်နေတဲ့ကောင်…”

စကားမဆုံးသေးခင်၌ပင် လင်းဇီချန်၏ ကန်ချက်ကို ထပ်မံခံစားလိုက်ရသည်။

“အတူတူပူးပေါင်း တိုက်ခိုက်ရအောင်” ကျန်သုံးယောက်က အတူတကွပြောလိုက်ကြသည်။

နောက်ဆုံးတွင် ခုနှစ်ယောက်လုံးက ပူးပေါင်းတိုက်ခိုက်ကြရာ လင်းဇီချန်က ပေါ့ပါးစွာဖြင့်ပြောလိုက်၏။

“မင်းတို့ အားလုံး တစ်ပြိုင်နက်တည်း လာတိုက်ကြလို့ ငါပြောသားပဲ”

“တူတူပေါင်းတိုက်ပြီး အရေခွံစုတ်ပစ်မယ်ဟေ့”

၎င်းတို့က ကြွေးကြော်ကြသော်လည်း ထပ်မံအရှုံးပေးလိုက်ရပြီးနောက် အားလုံးခြေကုန်လက်ပန်းကြနေစဥ် အပြင်မှ ခေါင်းဆောင်များအားလုံး ဝင်လာကြသည်။

၎င်းတို့အနက်မှ လျန်ယွင်ထင်းက ပြောလိုက်သည်။

“သူက ဂြိုလ်သားမဟုတ်ဘူး၊ ဂြိုလ်လူသားအဆင့် ပါရမီရှင်အသစ် တစ်ယောက်ပဲ။ ရှန်ဟိုင်းတက္ကသိုလ်ကလာတဲ့ လင်းဇီချန်တဲ့၊ ငါတို့အဖွဲ့နဲ့ ပူးပေါင်းမလို့လေ”

ထိုမိတ်ဆက်ပေးမှုကို ကြားလျှင်ကြားချင်း ခုနစ်ယောက်လုံးသည် မိမိနားကိုပင် မိမိမယုံနိုင်ကြပေ။

ထိုအချိန်တွင် ရှန်ချင်းဟန် ရောက်လာခဲ့သည်။

ရှန်ချင်းဟန်ကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လင်းဇီချန်က မေးလိုက်၏။

“ဘာလို့ နောက်ကျနေတာလဲ”

“ပထမအဆင့်က စမ်းချောင်းလေးဆီက အသံကြားမိလို့… ငါတို့ ပြန်ရင် အဲ့အကြောင်းပြောရအောင်”

“ကောင်းပြီလေ”

All Chapters