အပိုင်း ၄၀၉-၄၁၁
Vol. 28 Ch. 409-411
အပိုင်း(၄၀၉) တစ်ဦးတည်းအားဖြင့် နယ်တစ်ခုလုံးကို သိမ်းပိုက်ခြင်း
တခဏအတွင်းမှာပင် ဂြိုလ်လူသားအဆင့် ပါရမီရှင် ခုနစ်ယောက်သည် လင်းဇီချန်အား အရှိန်ပြင်းပြင်းဖြင့် တွန်းထုတ်လိုက်သည်။ နောက်ကျောတွင် အတောင်ရှစ်ခုရှိသော နန်ကုန်းလျို့ယွင်သည် ကောင်းကင်သို့ပျံတက်ကာ မီတာများစွာရှည်လျားသော သူ၏အတောင်ပံများကိုဖြန့်ကျက်လျက် သွေးစွမ်းအင်များပါသော ငှက်မွှေးပုံစံ မြှားများကို လင်းဇီချန်းထံ ပစ်ခွင်းလိုက်သည်။ ခန္ဓာကိုယ်တွင် အကြေးခွံများဖုံးနေသော ချန်ယိဖေး နှင့် ဦးခေါင်းတွင် ချိုတစ်ချောင်းတည်းရှိသော ပိုင်ကျဲ တို့သည် သံမဏိနွားရိုင်း နှင့် သံမဏိကြံ့ အဖြစ်သို့ ပြောင်းလဲသွားကြကာ လင်းဇီချန်အား အဆုံးမရှိသော သွေးစွမ်းအင်များဖြင့် ပစ်ခွင်းကြသေးသည်။
ရောက်လာသော ကျောက်ကျစ်ရွှမ်သည် အပြာရောင်အသားအရေပိုင်ရှင် ဟယ့်ချူထောင်း နှင့်အတူ ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုများကို လင်းဇီချန်အပေါ် တစ်ပြိုင်နက် ကျရောက်ရန် ကြိုးပမ်းကြသည်။ ဆံပင်များ လွင့်နေသော ယောင်ယီဝမ်သည်လည်း မြောက်မြားလှသည့် လျှစ်စစ်လမ်းကြောင်းများကြားမှ မီတာတစ်ရာအကွာအထိ သက်ရောက်နိုင်သော လျှပ်စစ်အားများဖြင့် လင်းဇီချန်အား တိုက်ခိုက်သည်။
ဟွမ်ရှင်းသည် သူ့ခြေဖဝါးအောက် မြေကြီးထဲသို့ နစ်မြုပ်သွားကာ လင်းဇီချန်ဆီသို့ လျင်မြန်စွာသွား၍ တိုက်ခိုက်သည်။
ကောင်းကင်၊ မြေပြင်နှင့် မြေအောက်စသည်ဖြင့် နေရာအသီးသီးမှ ဂြိုလ်လူသားအဆင့် ပါရမီရှင် ခုနစ်ဦးတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် လင်းဇီချန်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ ပြေးပေါက်များကိုလည်းပိတ်ထား၍ လင်းဇီချန်အား ခြေတစ်မမျှပင် မရွေ့စေရဘဲ ဝေဒနာကို ခံစားစေသည်။
နောက်စက္ကန့်အနည်းငယ်အတွင်းတွင် ပျော့ပျောင်းသည်ထင်ရသော သူ့ခန္ဓာကိုယ်သည် သွေးမျိုးဆက်စွမ်းအားဆိုင်ရာ ဖိအားတစ်ခုနှင့်အတူ ရုတ်တရက် တိုက်ခိုက်မှုအားလုံးကို ချက်ခြင်းပင် ချေမှုန်းပစ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် လျှပ်စစ်ဓာတ်စီးကြောင်းများကဲ့သို့ သွေးမျိုးဆက်စွမ်းအားက ရှေ့ရှိ ဂြိုလ်လူသားအဆင့် ပါရမီရှင် ခုနစ်ယောက်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“အုန်း”
“အုန်း၊ အုန်း၊ အုန်း”
“အုန်း၊ အုန်း”
အစရှိသဖြင့် ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသည်။
ဂြိုလ်လူသားအဆင့် ပါရမီရှင် ခုနစ်ယောက်လည်း မတတ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ချက်ချင်း ဆင်းသက်လာခဲ့ကြကာ မြေကြီးနှင့် ကပ်ထားသည့်အလား မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေကြသည်။
ပတ်ပတ်လည်တွင် ကြီးမားသော ပင့်ကူအိမ်အလားတူ အက်ကွဲကြောင်းများကို မြင်လိုက်ရပြီး ၎င်းတို့အားလုံး တုပ်တုပ်မျှပင် မလှုပ်နိုင်ကြတော့ပေ။
ဤအခိုက်အတန့်တွင် ခုနစ်ဦးသားလုံးသည် မိမိတို့၏ ဘဝရပ်တည်ချက်နှင့် စပ်လျဥ်း၍ သံသယများ ဝင်လာကြသည်။
“ဒါမဖြစ်နိုင်ဘူး”
“လုံးဝ မဖြစ်နိုင်ဘူး”
“အသက်တောင် ၂၀ ပြည့်ပုံ မပေါ်သေးဘူး”
“တစ်ယောက်တည်းနဲ့ ငါတို့ ခုနစ်ယောက်ကို ဘယ်လိုနိုင်သွားတာလဲ”
“ယုတ္တိမရှိဘူး”
တစ်ချိန်တည်းမှာပင် ရှန်ချင်းဟန်သည် လင်းဇီချန်က တစ်ဦးတည်း၏ခွန်အားဖြင့် ဂြိုလ်လူသားအဆင့် ပါရမီရှင် ခုနစ်ယောက်အား ရင်ဆိုင်ထားသည်ကို တွေ့ရသောအခါ လုံးဝ အံ့သြသွားသည်။
“ဘာတွေဖြစ်တာလဲ၊ ဘာ့ကြောင့် သူ ဒီလိုအားကောင်းနေတာလဲ။”
မေးခွန်းပေါင်းများစွာ ခေါင်းထဲဝင်လာသောကြောင့် လင်းဇီချန်ထံ ပြေးသွားကာ မေးလေတော့သည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီလိုပါပဲ၊ အဆင့်တွေကို မြန်မြန်ရှင်းလိုက်ပြီး နောက်ဆုံးအောင်နိုင်သူဆိုတဲ့သူကို အပြတ်ရှင်းလိုက်တာကို မြင်တာနဲ့ မြို့အရှင်သခင်က ကိုယ့်ကို နောက်ဆုံးအောင်နိုင်သူနေရာ ဆက်ခံခိုင်းနေတာ၊ အဲ့လောက်ပါပဲ” လင်းဇီချန်က ရှင်းပြသည်။
“ဪ အဲဒီလိုကိုး” ရှန်ချင်းဟန်က ခေါင်းညိတ်ကာ ပြောသည်။
“စကားမစပ် မင်းအစွမ်းနဲ့ဆို နောက်ဆုံးအဆင့်ကို ရောက်သင့်တာကြာပြီ။ ဘာကြောင့် ဒီလောက်ကြာနေတာလဲ”
“ငါရှားပါးအပင်အဆင့်မှာတုန်းက အဲ့အသံကို ထပ်ကြားလိုက်ရတယ်”
အဲ့အသံ၊
ပင်လယ်ထဲမှာ သူအရင်ကကြားခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တီးတိုးသံပဲလား။
ဤအကြောင်းကို စဉ်းစားလျက် လင်းဇီချန်သည် ခပ်တိုးတိုးပြောလိုက်သည်။
“ကိကိုတို့ပြန်မှ ဒီအကြောင်းကို ပြောကြရအောင်”
လက်ရှိကာလတွင် မြို့တော် အမှတ် (၁) ၏ မြို့အရှင်သခင်မှာ သစ်တောတစ်ခုလုံးကို စောင့်ကြည့်နေသောကြောင့် မလိုအပ်သော ပြဿနာများကိုရှောင်ရှားရန် အခြားသူများရှေ့တွင် ဤအကြောင်းအရာကို မဆွေးနွေးချင်ပေ။ ဤသည်ကို ရှန်ချင်းဟန်သည် သဘောပေါက်နားလည်သောကြောင့် စကားထပ်မံမပြောတော့ဘဲ တိတ်ဆိတ်နေလိုက်သည်။
ထို့နောက် သူတို့ရှေ့ မြေပြင်ပေါ်တွင် လဲနေသော လူခုနစ်ယောက်ကို သူမ အာရုံစိုက်ကြည့်မိသည်။ အခြေအနေ တဖြေးဖြေး ပိုဆိုးလာသဖြင့် ရှန်ချင်းဟန်က စိုးရိမ်တကြီး ပြောလိုက်သည်။
“လင်းဇီချန်၊ နင် သူတို့ကို ဒီအတိုင်း လွှတ်ထားလိုက်သင့်တာ၊ ကြာလာရင် ပြဿနာတက်လာနိုင်တယ်။”
“ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။ သူတို့ ခုနစ်ယောက်စလုံးက ဂြိုလ်လူသားအဆင့် ပါရမီရှင်တွေပါ။ သူတို့က ပေကျင်းတက္ကသိုလ်က ပါရမီရှင်တွေနဲ့ စက်ရုပ်လူသား မိန်းကလေးကိုတောင် အနိုင်ယူခဲ့နိုင်တာ၊ မင်းထင်ထားသလောက် သူတို့မပျော့ညံ့ပါဘူး”
လင်းဇီချန်က သူမအား ရှင်းပြလိုက်သည်။ မည်သို့ပင် ယုံကြည်မှုအပြည့်ဖြင့် ရှင်းပြနေပါသော်လည်း သူ၏ စိတ်အတွင်းဝယ် ရှန်ချင်းဟန်၏ ပူပန်မှု စကားသံများက ပဲ့တင်ထပ်နေသောကြောင့် နောက်ဆုံးတွင် အားလုံးကို လွှတ်ပေးလိုက်သည်။
ဂြိုလ်လူသားအဆင့် ပါရမီရှင် ခုနစ်ယောက်လည်း လွတ်မြောက်လျှင်မြောက်ချင်း မြေကြီးပေါ်တွင် တွားသွားကာ လေကို အငမ်းမရ ရှူရှိုက်ကြသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ချန်ယိဖေးသည် ပထမဦးစွာ ပြန်လည်သက်သာလာကာ လင်းဇီချန်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒီနှစ်မင်းအသက် ဘယ်လောက်ပြည့်မှာလဲ။”
လင်းဇီချန်သည် သူထင်ထားသလောက် ငယ်လိမ့်မည်မဟုတ်ဟုလည်း သံသယဖြစ်မိသည်။ သူ့အသက်ကား ၂၀ ထက် မြောက်မြားစွာ ကြီးနေနိုင်သည်။ ထိုသို့မှမဟုတ်လျှင် သူ၏ အစွမ်းသည် ဤမျှလောက် အားကောင်းရန် အကြောင်းမရှိပေ။
“၁၉ နှစ်ပဲရှိသေးတယ်”
လင်းဇီချန်က အတည်ငြိမ်ဆုံး ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါတွင် ၎င်းနေရာမှ ဂြိုလ်လူသားအဆင့် ပါရမီရှင် ခုနစ်ဦး၏ မျက်နှာများသည် သံသယများနှင့် ပြည့်နှက်နေပြန်သည်။
“အသက် ၁၉ နှစ်ပဲရှိသေးတာတဲ့လား”
စွမ်းအားများသည် အသက် ၁၉ နှစ်လူတစ်ယောက်အတွက် အဆမတန် အားကောင်းသောကြောင့် သူ၏ ဆင့်ကဲဖြစ်စဥ်အရည်အသွေးသည် လော့ချန်းရွှယ်နှင့် တန်းတူနီးပါးဖြစ်နိုင်သည်။
“တော်တော် ထူးဆန်းတာပဲ၊ ဘာလို့ သူ့အကြောင်း အရင်က မကြားဖူးတာလဲ။”
ယခုအချိန်အထိ ၎င်းတို့ ခုနစ်ဦးသည် လင်းဇီချန်က ၎င်းတို့နည်းတူ စမ်းသပ်မှုတွင် ပါဝင်ယှဥ်ပြိုင်သူဖြစ်ကြောင်း မသိရှိသေးပေ။
လင်းဇီချန်ထံမှ ထုတ်လွှတ်ခဲ့သော သွေးမျိုးဆက်စွမ်းအားများက ပြင်းထန်လှသောကြောင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ စကားပြောနေသံကိုလည်း သူတို့ မကြားခဲ့ကြပေ။
ပြင်ပအသံများကို မကြားနိုင်တော့သည်အထိ အာရုံခံစနစ်များ ဆုံးရှုံးသွားသည်အထိ ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ကျောက်ကျစ်ရွှမ် တစ်ယောက်သည် သက်ပြင်းချလိုက်သည်။
“ဂြိုလ်သားတွေကတော့ ကမ္ဘာပေါ်ကလူတွေအတွက် လုံးဝအားကြီးလွန်းတယ်၊ ဆင့်ကဲဖြစ်စဉ်အရည်အသွေးက ဘယ်တော့မှ ယှဥ်နိုင်မှာတောင် မဟုတ်ဘူး”
ထပ်တူပင် အခြားသူများကလည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် ဂြိုလ်သားအချို့သည် ရှားပါးအဆင့် တိုက်ခိုက်ရေးသမားများအဖြစ် မွေးဖွားလာကြောင်း၊ နတ် ခန္ဓာကိုယ် သို့မဟုတ် နတ်ဆိုး ခန္ဓာကိုယ် ကဲ့သို့သော အထူးကိုယ်ခန္ဓာအမျိုးမျိုးဖြင့် မွေးဖွားလာသည်ဟု ကြားသိကြောင်း ပြောကြသည်။
“ဟုတ်တယ်၊ အဲဒီလို ဆင့်ကဲဖြစ်စဥ် အရမ်းမြန်တဲ့ အဲ့ကောင်တွေကို အမှီလိုက်ဖို့ဆို ငါတို့လူတွေက စိတ်ကူးတောင်ယဥ်လို့ မရနိုင်ဘူး”
အပိုင်း (၄၁၀) တစ်ဦးတည်းခွန်အားဖြင့် နယ်ပယ်တစ်ခုလုံးကို သိမ်းပိုက်ခြင်း (၂)
နတ် ခန္ဓာကိုယ်။ နတ်ဆိုး ခန္ဓာကိုယ်။ ရှားပါးအဆင့် တိုက်ခိုက်ရေးသမားအဖြစ် မွေးဖွားလာခြင်း။
ဤသို့သော အရေးကြီးသည့် အချက်အလက်များကို ကြားလိုက်ရသည်နှင့် လင်းဇီချန်၏ စိတ်ထဲတွင် မေးခွန်းများစွာ ပြည့်နှက်နေခဲ့သည်။ အကယ်၍ ဂြိုလ်သားများသည် ပုံမှန်မဟုတ်ဟုဆိုပါက ကမ္ဘာပေါ်မှ လူများသည် မူလမြေတွင် မည်သို့မည်ပုံ အခြေချနေထိုင်နိုင်မည်နည်း။ ပုံမှန်အားဖြင့်၊ ကမ္ဘာပေါ်မှ လူများအားလုံး ဂြိုလ်သားများ၏ နှိပ်စက်ခြင်းကို ခံခဲ့ရနိုင်ပြီး ပင်မထိန်းချုပ်မှုအောက်တွင် ရုန်းကန်နေခဲ့ရသည် မဟုတ်ပါလော။
“ဘာတွေဖြစ်နေတာလဲ”
လင်းဇီချန်သည် အဖြေအား ရှာမတွေ့၊ ပြဿနာကို နားလည်နိုင်စွမ်းလည်း မရှိသောကြောင့် တစ်ဦးတည်း ပဟေဠိဖြစ်နေသည်။
“နေပါဦး၊ မိုးထိမြင့်တဲ့ အားကစားအဆောက်အအုံတွေ၊ ရှေးဟောင်းအရာတွေက ကမ္ဘာမြေကို တိတ်တဆိတ်ကာကွယ်ပေးထားတာမျိုးရော မဖြစ်နိုင်ဘူးလား။”
ဖြစ်နိုင်ချေတစ်ခုကို လင်းဇီချန် ရုတ်တရက်တွေးမိလိုက်သည်။
ဤသို့သာဆိုလျှင် အားနည်းသောဘက်သည် အပြီးတိုင် နှိမ်နင်းခံရခြင်းမျိုးမရှိဘဲ ယနေ့တိုင် အင်အားမမျှသော ရင်ဆိုင်မှုမျိုးကို ကြုံတွေ့နေရသည့် အကြောင်းရင်းအား သိနိုင်မည်ဖြစ်သည်။
ဟယ့်ချူထောင်းသည် ရှင်ချင်းဟန်ကို သတိပြုမိကာ ဘေးမှ ကျောက်ကျစ်ရွှမ်အားပြောလိုက်သည်။
“ဒီကောင်မလေးက အရမ်းလှတယ်၊ လော့ချန်းရွှယ်နဲ့တောင် ယှဉ်နိုင်တယ်။ သူက ဂြိုလ်သူတစ်ယောက်လား။” တိတ်တခိုး မေးမြန်းသည်။
ကျောက်ကျစ်ရွှမ်သည် ရှင်ချင်းဟန်ကို အလျင်အမြန် အကဲခတ်ကြည့်ရင်း သူမ၏လှပသောမျက်နှာက မနာလိုမှုများကို ဖိတ်ခေါ်နေကြောင်း သတိပြုမိလိုက်သည်။
“ဒီဂြိုလ်သူတွေက ဘာတွေလဲ။”
“ဘာကြောင့် သူတို့က လှကြတာလဲ။”
“စွဲမက်စရာမိန်းမတွေများ ပြန်ဝင်စားကြတာလား။”
“အော်ဂလီဆန်စရာပဲ”
စသည်ဖြင့် ကျောက်ကျစ်ရွှမ်သည် စိတ်အတွင်းမှ အသည်းယားလာကာ ချောမောလှပသော ဂြိုလ်သူများအပေါ် အမုန်းတရားများ၊ မနာလိုမှုများ တိုးပွားလာသည်။ တခြားသူများမှာ သူမကဲ့သို့ မနာလိုစိတ်မဖြစ်ကြဘဲ ပင်ပန်းနွမ်းနယ်နေကြ၍ စိတ်ဓာတ်ကိုပင် ပြန်လည်စုစည်းနိုင်ခြင်း မရှိကြပေ။
ယခုလေးတင် ပြသလိုက်သော လင်းဇီချန်၏ ခွန်အားသည် အလွန် ကြီးမားကာ ၎င်းတို့၏ ပြင်းထန်လှသည့် ပြိုင်ဆိုင်ချင်စိတ်၊ အနိုင်လိုချင်စိတ် အစရှိသည်တို့ကို ချေမှုန်းနိုင်စွမ်းရှိသည်။ သူတို့ မည်မျှပင် ကြိုးစားကာမူ မယှဥ်ပြိုင်ဝံ့သော အနေအထားတစ်ခုတွင်ရှိနေဆဲ ဖြစ်သည်။
“ဒါ ဘာလုပ်နေတာလဲ”
“ဘာလို့ သက်ပြင်းတစ်ချချနဲ့ ညည်းနေတာလဲ။”
“အားလုံး နိုးထကြတော့”
အမိန့်ပေးစကားတို့ကို စိတ်ဓာတ်ကျနေသော ပါရမီရှင်တို့ ကြားလိုက်ရသည်။
ရင်းနှီးကျွမ်းတင်နေသော အသံဖြစ်၍ သူတို့အားလုံး မော့ကြည့်လိုက်ကြရာ မြို့တော် အမှတ် (၁) ၏ မြို့အရှင်သခင် ရှန်ကွမ်းယွဲ့ဟွာနှင့် နည်းပြ လန်ထျန်ပိုင် တို့က ငုံ့ကြည့်နေကြသည်ကို မြင်လိုက်ကြရသည်။
ကောင်းကင်ယံမှလာသော မြို့တော် အမှတ် (၁) ၏ ခေါင်းဆောင်များသည် မြေပြင်ပေါ်သို့ အရှိန်အဝါ သြဇာတိက္ကမများဖြင့် ဖြည်းညင်းစွာ ဆင်းသက်လာကြသည်။
၎င်းတို့အနက် မြို့အရှင်သခင် ရှန်ကွမ်းယွဲ့ဟွာင စူးရှသောအကြည့်ဖြင့် အဖွဲ့တွင် ဆယ်စုနှစ်တစ်ခုကျော်ရှိခဲ့သည့် ဂြိုလ်လူသားအဆင့် ပါရမီရှင်ခုနစ်ယောက်ကို ကြည့်ကာ အလွန်မကျေနပ်သောလေသံဖြင့်ပြောလိုက်သည်။
“မင်းတို့က အခက်အခဲတွေ့တိုင်း သက်ပြင်းတချချနဲ့၊ ဒါကြောင့်လည်း နောက်ပိတ်ဆုံးအဖွဲ့ဖြစ်နေတာ ဆန်းတော့မဆန်းပါဘူး”
“မင်းတို့ကို ခုနလေးတုန်းက မြေကြီးထဲ ထည့်မြုပ်လုနီးပါး ပညာပြလိုက်တဲ့သူက ဘယ်သူလဲသိလား။”
“သူက မင်းတို့ထင်နေတဲ့ ဂြိုလ်သားမဟုတ်ဘူး၊ အရှင်သခင်ရီကိုယ်တိုင် မင်းတို့အဖွဲ့ထဲကို ထည့်ပေးချင်တဲ့ လင်းဇီချန်ဆိုသူပဲ”
ချန်ယိဖေးအပါအဝင် အားလုံး၏မျက်လုံးများပင် ပြူးထွက်သွားကာ အထိတ်တလန့်ဖြစ်လျက် ကြားရသည့်စကားများကို မယုံနိုင်ဖြစ်ကြသည်။
“ငါတို့အားလုံးကို အနိုင်ယူသွားတဲ့ကောင်လေးက ကမ္ဘာမြေပေါ်က ပါရမီရှင်တဲ့လား။”
“ဒါ ဘယ်လိုဖြစ်နိုင်မလဲ။”
“ကမ္ဘာမြေပေါ်မှာ ဆင့်ကဲဖြစ်စဥ်အရင်းအမြစ် အရမ်းရှားနေတာကို ဒီလိုလူမျိုး မပေါ်ထွန်းလာနိုင်ဘူး။”
“ဒီနေရာမှာ တစ်ခုခုလွဲနေပြီ ထင်တယ်”
အစရှိသဖြင့် တစ်ယောက်တစ်မျိုးပြောကြသည်။
ဤအခိုက်အတန့်တွင် ချန်ယိဖေးနှင့် အခြားသူများသည် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော်လည်း ကမ္ဘာပေါ်တွင် ကြီးပြင်းလာသောသူ၏ အရည်အချင်းကို မမှီနိုင်ကြောင်း လက်ခံလိုက်ပြီးနောက် စိတ်ဓာတ်များ ပြိုပျက်သွားကြသည်။ ခုနစ်ယောက်စလုံး ဆွံ့အသွားချိန်တွင် နန်းဆောင်သခင် ချင်ချွမ်းက ပြောလိုက်သည်။
“ ဂြိုလ်သားတွေပဲ အမြဲတမ်း ကမ္ဘာမြေသားတွေကို အနိုင်ကျင့်နိုင်တာမဟုတ်ဘဲ သူတို့လိုလူတွေလည်း အနိုင်ရတတ်တယ်ဆိုတာ မင်းတို့ ခုနစ်ယောက်လုံး လက်ခံကြပြီလား၊ လူတွေက ပိုနိမ့်ကျတာတွေ၊ ဘာတွေ နောက်ထပ် မကြားချင်တော့ဘူး၊ ထပ်ကြားနေရဦးမယ်ဆိုရင် ပြောနေတဲ့ ဘယ်သူ့ကိုမဆို ဆင့်ကဲဖြစ်စဥ်အရင်းအမြစ် ဖြတ်တောက်ပစ်ရလိမ့်မယ်။”
ပြောပြီးနောက် ချင်ချွမ်းသည် ဆက်လက်၍ လင်းဇီချန်နှင့် ရှန်ချင်းဟန်ဘက်သို့လှည့်ကာ ပြောလိုက်သည်
“မင်းတို့နှစ်ယောက် နောက်ကလိုက်ခဲ့ပါ၊ ပြစရာရှိတယ်”
“ကျေးဇူးတင်ပါတယ် နန်းဆောင်သခင်”
လင်းဇီချန်က ယဥ်ကျေးစွာ တုံ့ပြန်သည်။ သူသည် ချင်ချွမ်း၏ အသံကိုမှတ်မိသောကြောင့် သူ့တို့ကို ခေါ်ဆောင်နေသည့် ထွားကျိုင်းသည့် သက်လတ်ပိုင်း အမျိုးသားသည် မြို့တော်သခင်ဖြစ်ကြောင်းသိ၍ ပြောလိုက်ခြင်းဖြစ်သည်။
“သွားကြစို့၊ ငါ လိုက်ပြပေးမယ်။”
သူပြောပြီးသည်နှင့် ချင်းချွမ်သည် သူ့လက်ကို ဝှေ့ယမ်းကာ လင်းဇီချန်၊ ရှန်ချင်းဟန်တို့နှင့်အတူ တောထဲမှ ပျံသန်းပျောက်ကွယ်သွားသည်။ ထို့အပြင် ၎င်းတို့က ဂြိုလ်သားအဆင့် ပါရမီရှင် ခုနစ်ယောက်ကိုလည်း သူ့တို့၏ ဘဝရွေးချယ်မှုအပေါ် သံသယများနှင့်အတူ တောအုပ်ထဲတွင် ပစ်ထားခဲ့လိုက်ကြသည်။
အထက်ကောင်းကင်တွင် ဖြစ်သည်။
ချင်းချွမ်သည် အောက်တွင်ရှိသော အဆောက်အအုံများကို လက်ညှိုးထိုးပြကာ လင်းဇီချန် နှင့် ရှန်ချင်းဟန်တို့အား စိတ်ရှည်စွာ မိတ်ဆက်ပေးသည်။
“ဒီနေရာက အထူးလက်နက်တွေထားတဲ့ လက်နက်ရုံပဲ။”
“ဒီနေရာကို မူလရေကန်လို့ခေါ်တယ်၊ ကျင့်ကြံရေးအတွက်ပေါ့”
“ဒီနေရာကိုတော့ လဲလှယ်ရေးခန်းမ၊ ဒါမှမဟုတ် မြို့တော်ခန်းမလို့လည်း ခေါ်တယ်။ နောင်မှာ မင်းတို့ နှစ်ယောက် လက်တွေ့ လေ့ကျင့်ဖို့ မြို့ကနေ မထွက်ခွာခင် ရှိထားတဲ့ အကျိုးပြုအမှတ်တွေကို ဆင့်ကဲဖြစ်စဥ် စွမ်းအားအရင်းအမြစ်နဲ့ ဒီမှာလဲလို့ရတယ်။”
“...”
တစ်မြို့လုံးကို လည်ပတ်ရန် ဆယ်မိနစ်ခန့် အချိန်ပေးရသည်။
ချင်းချွမ်သည် လင်းဇီချန် နှင့် ရှန်ချင်းဟန် တို့ကို မီတာတစ်ရာမြင့်သော တံတိုင်းတစ်ခုပေါ်တွင် သက်ဆင်းစေကာ မြို့တစ်ဝိုက်ရှိ နယ်မြေများနှင့် စတင်မိတ်ဆက်ခဲ့သည်။
“မြို့တံခါးရဲ့ ရှေ့တည့်တည့်က သဲကန္တာရဟာ မူလမြေပေါ်က သက်ရှိသတ္တဝါတွေနဲ့ တိုက်ခိုက်ဖို့ အဓိက တိုက်ပွဲမြေပဲ”
“မြို့ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ တောအုပ်မှာတော့ အဆိပ်ပြင်းတဲ့ ရှားပါးအပင်တွေ ပေါတယ်၊ ဆန်းကြယ်သားရဲမျိုးစုံလည်း နေကြသေးတယ်။ မြို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက်ကတော့ သိပ်ကောင်းတဲ့ လေ့ကျင့်ရေးကွင်းကြီးပေါ့။”
“ဘယ်ဘက်ခြမ်းမှာတော့ ပင်လယ်သားရဲတွေနေထိုင်ကြတဲ့ ရေကန်ကြီးရှိတယ်၊ မြို့အတွက် အဓိက အစားအစာ အရင်းအမြစ်ဆိုလည်း မမှားပါဘူး။”
“မြို့ရဲ့အနောက်မှာတော့ တားမြစ်ထားတဲ့ ချောက်ကြီးရှိတယ်၊ မူလသက်ရှိသတ္တဝါတွေ အများကြီး အဲ့နားမှာနေကြတာပေါ့၊ သိပ်တော့ မစပ်စုမိစေနဲ့။”
“ချောက်ကြီးတဲ့လား”
ဤစကားလုံးကို ကြားလိုက်သည်နှင့် လင်းဇီချန်က စတင် အတွေးနယ်ဆန့်တော့သည်။
‘ချောက်လိပ်ပြာကြီး စွမ်းအားက ဒီမြို့နောက်ဘက်က ချောက်ကြီးနှင့် ဆက်စပ်နိုင်တာလား” လင်းဇီချန်က မေးသည်။
“မြို့တော်သခင်၊ ချောက်လိပ်ပြာကြီးလို့ ခေါ်တဲ့ သတ္တဝါတစ်ကောင်အကြောင်းကို ကြားဖူးလား”
“ချောက်လိပ်ပြာကြီး’
ချင်းချွမ်သည် ခေတ္တမျှ စဉ်းစား၍ ခေါင်းခါလိုက်သည်။
“ငါတစ်ခါမှ မကြားဖူးဘူး”
“ အာ သိပြီ…”
လင်းဇီချန်က ခေါင်းငြိမ့်ကာ ဖြေကြား၍ ဆက်မမေးတော့သော်လည်း ချင်းချွမ်က ဆက်ပြောသည်။
“မင်း အဲ့အကြောင်း ဘယ်ကကြားလာတာလဲ”
“ဪ ဒါက ဒီလိုပါ၊ မူလမြေပေါ်မှာ ချောက်လိပ်ပြာကြီးတစ်ကောင်ရှိတယ်ဆိုတာ အင်တာနက်မှာ ဖတ်လိုက်ရတယ်၊ ချောက်အကြောင်းလည်း ပြောနေရင်း သိချင်လာလို့ မေးကြည့်တာပါ။”
ချင်းချွမ်သည် ချောက်နှင့် ပတ်သက်၍ ဆက်မပြောတော့ပေ။
“မင်းမှာ မြို့ ဒါမှမဟုတ် ပါရမီရှင်အဖွဲ့နဲ့ ပတ်သက်တဲ့ မေးခွန်းတွေရှိလား။”
လင်းဇီချန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ သူ့တွင် မေးခွန်းများစွာ ကျန်နေသေးသည်ကို သိလိုက်သည်။
“မြို့တော်သခင်၊ ပါရမီရှင်အဖွဲ့ထဲမှာ အားအကောင်းဆုံး အဆင့်က ဘယ်လောက်လဲ။”
“နဝမအဆင့်အထွတ်အထိပ်ပဲ သခင်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းအလိုပေါ့။”
“ဟုတ်ကဲ့ ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်၊ မြို့တော်သခင်”
“ငါ တခြားလုပ်စရာတွေရှိသေးတယ်၊ မင်းတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာလို့ရတယ်နော်၊ ဝင်ခွင့်မရတဲ့ နေရာတွေကို ရှောင်ပြီး တခြားနေရာတွေကို လျှောက်ကြည့်ကြပေါ့”
ပြောပြီးသည်နှင့်တစ်ပြိုင်နက် ချင်ချွမ်း အမြန်ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် လင်းဇီချန်သည် တစ်ချိန်လုံး တိတ်ဆိတ်နေသော ရှန်ချင်းဟန် ဆီလှည့်ကာ ပြောလိုက်၏။
“လမ်းလျှောက်သွားရအောင်”
ရှန်ချင်းဟန်က ရယ်မောလိုက်သည်။
“သွားကြမယ် ဟီး ဒီအချိန်ကို စောင့်နေတာ ကြာပြီ”
မကြာမီတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် မြို့ရိုးမှဆင်းလာကြကာ ဦးတည်ရာမဲ့ လမ်းလျှောက်လျက် မြို့တံခါးအနီးတွင် ရပ်တန့်သွားသည်။ သူတို့တွေ့သည်မှာ အခြားသော ဂြိုလ်လူသားအဆင့် ပါရမီရှင်များဖြစ်သည်။
“အရမ်းကြီး အောက်ခြေလွတ်မနေနဲ့၊ ငါတို့အဖွဲ့က အပျော့ဆုံး၊ အားအနည်းဆုံးဆိုတော့ ငါတို့ကို နိုင်သွားတာက ဘာမှကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူး။”
မိမိကိုယ်ကို အရှက်ခွဲနေ၍ ခွဲမှန်းပင်မသိဘဲ လင်းဇီချန် အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောလိုက်သည်။
အပိုင်း (၄၁၁) လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း၊
လင်းဇီချန်သည် တစ်မီတာနှင့် ကိုးဆယ်ကျော်မြင့်သော သူ့ရှေ့ရှိ လူငယ်အား လေ့လာကြည့်မိသည်။ ယင်းမှာ ဆံပင် ဖရိုဖရဲနှင့် ကြွက်သားများရှိသောသူတစ်ယောက်ဖြစ်သည်။
ထို့အပြင် အစိမ်းရောင်နဂါးသဏ္ဍာန်ဓားသွားကိုလည်း ပုခုံးပေါ်တွင် လွယ်ထားသည်မှာ သူ့အရပ်ထက်ပင် ပိုရှည်ပုံရသည်။
“ဘယ်သူလဲ” ချူးယွင်ဖန်းက ပွင့်ပွင့်လင်းလင်းမေးလိုက်၏။
လူငယ်သည် ခေါင်းကို နောက်သို့ စောင်းလိုက်ကာ လက်နှစ်ဖက်လုံးရှိ လက်ဆစ်များကို ဖိချိုးလိုက်သည်။
“ငါလား ငါ့ မျိုးရိုးအမည်က ရှား ပထမနာမည်ကတော့ လျို့ ပါ၊ “အရှက်မရှိ” လို့အသံထွက်ချင်ရင်လည်းရတယ်၊ ငါက အရှက်မှမရှိပဲကိုး၊ ဂြိုလ်လူသားအဆင့် ပါရမီရှင်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပြီးတော့ အားကောင်းတာမို့ ထပ်ဆုံး ၃ ယောက်ထဲတော့ အမြဲပါပါတယ်၊ အကျင့်စရိုက်ကတော့ “သေခြင်းတရားနဲ့ ရင်ဆိုင်ပေမယ့် ဘယ်တော့မှ အသတ်မခံရဘူး” ဆိုသလိုမျိုးပါပဲ။” သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။
သူ၏ မိတ်ဆက်ပုံသည် အမှန်တကယ် ထူးခြားသောကြောင့် လင်းဇီချန် နှင့် ရှန်ချင်းဟန် နှစ်ဦးစလုံးက သတိပြုမိခဲ့ကာ စိတ်ဝင်စားစရာကောင်းသော လူပြက်တစ်ယောက်ဖြစ်ပုံရသည်ဟု တွေးထင်မိသည်။
“မင်းတို့နှစ်ယောက်ကရော မိတ်မဆက်တော့ဘူးလား”
လင်းဇီချန်က တည်ငြိမ်စွာဖြင့်ပြောသည်။
“လင်းဇီချန်၊ နန်ကျန်းပြည်နယ်၊ ရှန်ဟိုင်းမြို့တော်က လင်းဇီချန်ပါ၊ ငါ့ဘေးက ရှန်ချင်းဟန်ပါ သူက ငယ်ငယ်တည်းက တူတူကြီးပျင်းလာပြီး ငါနဲ့ စေ့စပ်ထားတာ”
ထို့နောက် ရှားလျို့၏ မျက်လုံးများ ပြူးထွက်ကာ ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားသည်။
“သေစမ်းဟ၊ မင်းက ခိုးကြောင်ခိုးဝှက်နဲ့ ခွေးကောင်၊ ခွေးစာတွေထဲ ငါ့မျက်နှာကို ထိုးထည့်တဲ့အကောင်” ရှားလျို့က ထိတ်လန့်တကြား ဆဲရေးလိုက်သည်။
လင်းဇီချန်က ပြုံးရုံပြုံး၍ ဤလူငယ်သည် စိတ်အနည်းငယ် မူမမှန်ဟု ခံစားရနေရသည်။ ထင်ရာမြင်ရာကို စိတ်ကြိုက်ပြောပြီးနောက် ရှားလျို့သည် အကြိမ်အနည်းငယ် ချောင်းဆိုးကာ စွဲမက်ဖွယ်ကောင်းသော အမူအရာဖြင့်ပြောလိုက်သည်
“အဖွဲ့က ဆင့်ကဲဖြစ်စဥ် အရင်းအမြစ်တိုက်ပွဲမှာ ကျန်းမာသန်စွမ်းရေးကို အလေးအနက်ထားတယ်၊ မင်းတို့နှစ်ယောက်က အသစ်စက်စက် ရောက်လာတာဆိုတော့ လူအများနဲ့ ပေါင်းဖို့ ခက်မှာ သေချာတယ်၊ ဆိုတော့ မင်းတို့ နှစ်ယောက်လုံး ငါ့ကို အစ်ကိုကြီးလို့ အသိအမှတ်ပြုကြ၊ နောင်မှာ မင်းကို ငါ ပြုစုစောင့်ရှောက်ပေးမယ်။”
ဤကမ္ဘာတွင် ပါရမီရှင်နှစ်ဦးသည် တောက်ပသော အနာဂတ်ကို ပေးစွမ်းနိုင်ရန် အဖိုးတန် ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်များရှိကြသည်။ သူ၏ရာထူးကို ကြိုတင်ကာကွယ်ရန်အတွက် လူသစ်နှစ်ယောက်ကို အုပ်ထိန်းမှုအောက်တွင် ထားရန် အချိန်တန်ပြီ ဖြစ်သည်။ ဤသို့ စိတ်ကူးထဲတွင် ပြီးပြည့်စုံသော အစီအစဥ်ကို ရေးဆွဲလျက် ပျော်ရွှင်စွာ တွေးနေမိသည်။
အထက်ပါ အဆိုပြုချက်ကို လင်းဇီချန်က ငြင်းလိုက်၏။
“ကျေးဇူးပါ၊ ဒါပေမယ့် ငါတို့နှစ်ယောက်က စိန်ခေါ်မှုတွေကို ကြိုက်တယ်၊ ဒါ့ကြောင့် အခုထိ ဘယ်သူ့ရဲ့အကာအကွယ်မှ မယူချင်ပါဘူး”
ရှားလျို့ က ရယ်မောလိုက်၏။
“အထင်ကြီးချင်စရာပဲ၊ ဒါပေမယ့် အစောကြီးတော့ မငြင်းပါနဲ့၊ မင်း အကူအညီလိုတဲ့အချိန်ရောက်ရင် မင်းငါ့ကို မင်းအစ်ကိုကြီးအဖြစ် အချိန်မရွေး အသိအမှတ်ပြုနိုင်တယ်”
ထိုစကားများကိုပြောပြီးနောက် နောက်ပြန်လှည့်မကြည့်ဘဲ အလွန်လွတ်လပ်သော ပုံစံမျိုးဖြင့် ထွက်ခွာသွားခဲ့သည်။
သူ့ပုံရိပ် လုံးဝပျောက်ကွယ်သွားပြီးနောက်တွင် ရှန်ချင်းဟန်သည် မျက်မှောင်ကြုတ်လျက် လင်းဇီချန်ဘက်လှည့်လိုက်သည်
“ဒီအဖွဲ့က ခွန်အားနဲ့ ပတ်သက်ရင် အရမ်းပြင်းထန်နေသလားလို့၊ အဖွဲ့တစ်ဖွဲ့တည်းဖြစ်ရမှာကို မစည်းလုံးသလိုပဲ။
“အမှန်ပဲ” လင်းဇီချန်က ခေါင်းညိမ့်ကာ ထောက်ခံပြောလိုက်သည်။
“စကားမစပ် ခုနက စမ်းချောင်းနားမှာ အသံကြားရတယ်ဆို၊ ဘယ်လိုမျိုးလဲ။”
ရှန်ချင်းဟန်က ခဏစဉ်းစား၍ ပျော့ပြောင်းသော အသံဖြင့်ပြောလိုက်သည်။
“ရေနတ်ဘုရားနဲ့ ပတ်သက်မယ်ထင်တယ်၊ အလင်းကို ကြိုဆိုပြီး အရာခပ်သိမ်းရဲ့ ရှင်သန်ထမြောက်မှုလိုမျိုး”
“ရေနတ်ဘုရား၊ ဟုတ်လား။”
“ဟုတ်တယ်၊ ရေအရင်းအမြစ်လိုပဲ 'ယွမ်' လိုမျိုး ရေနတ်ဘုရား။"
“ရေအရင်းအမြစ်လိုမျိုး 'ယွမ်'ဟုတ်လား”
စင်စစ်အားဖြင့် ရေအရင်းအမြစ်၊ မူလမြေနှင့် မူလသတ္တဝါတို့တွင် ပါဝင်သော “ယွမ်” ဟူသည့် စကားလုံးသည် အတူတူပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ရေနတ်ဘုရားသည် မူလမြေ၏ နတ်ဘုရား၊ မူလသတ္တဝါတို့၏ နတ်ဘုရား ဖြစ်နေမည်လော။
…..
မြို့၏ ညာဘက်တွင်ရှိသော တောအုပ်ထဲတွင် ဖြစ်သည်။
အရပ်ရှည်ကာ သွယ်လျကျော့ရှင်းသော အမျိုးသမီးတစ်ဦးနှင့် ကြံ့ခိုင်သန်မာသော အမျိုးသားတစ်ဦးတို့သည် ကိုယ်စီ၌ အဝတ်များက တစ်ဝက်သာရှိတော့ပြီး ဧရာမသစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင် တစ်ဦးကိုတစ်ဦး မြဲမြဲဆုပ်ကိုင်ထားကာ အချစ်နယ်ကျွံနေကြသည်။
သူတို့သည် ချစ်သူများ မဟုတ်ခဲ့ကြသော်လည်း အခုချိန်တွင် သူတို့၏ ပေါင်းစည်းမှုကား ရပ်တန့်မရပေ။
မူလမြေသည် ပျင်းစရာ အလွန် ကောင်းလွန်းသည်။ ဖုန်းမရှိ၊ ကွန်ပျူတာ မရှိ၊ ခေတ်သစ်လူ့အဖွဲ့အစည်းမှ ဖျော်ဖြေရေးများ မရှိပေ။ ဤကမ္ဘာတွင် ရုပ်ပိုင်းဆိုင်ရာ နှီးနှောသာယာပျော်ရွှင်မှုသည်သာ အကောင်းဆုံး ဖျော်ဖြေမှုပုံစံဖြစ်သည်။
အထူးသဖြင့် ဤတောကြီးမျက်မဲထဲတွင် စိတ်ထွက်ပေါက်အဖြစ် ဖျော်ဖြေရေးတစ်စုံတစ်ရာမရှိပါက ရူးပင်သွားနိုင်သည်။ နာရီဝက်ခန့် အကြာတွင် သူတို့နှစ်ဦးသားလုံး ပြီးမြောက်သွားသည်။
လျို့ရှင်းယီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ထူးဆန်းလိုက်တာကွာ၊ အစ်ကိုလျို့ မလာသေးတာ ဘယ်လိုဖြစ်တာလဲ၊ တွင်းထဲကို ပြုတ်ကျနေတာလား” “သူ တစ်ခုခုဖြစ်လို့ ကြာနေတာဖြစ်မယ်” အမျိုးသမီးကောင်းကျန်းယင်က ခန့်မှန်းသည်။
လျို့ရှင်းယီက သူမ၏ ခါးကိုဖက်လိုက်၏။
“အစ်ကိုလျို့ မလာသေးလို့ စောင့်နေရင်းနဲ့ နောက်တစ်ချီထပ်သွားကြမလား”
“အခုတင် ငါးချီ၊ ခြောက်ချီလောက်ရှိနေပြီ မလုံလောက်သေးဘူးလား၊ မလုပ်နိုင်လောက်တော့ဘူး” ကောင်းကျန်းယင်က ငြင်းဆန်၍ ခေါင်းခါလိုက်သည်။
“နောက်ဆုံးတစ်ခေါက်ပါပဲ”
“တော်ပြီ”
“လုပ်ပါ”
“လုပ်ဘူး”
နှစ်ယောက်သား ရွှတ်နောက်နောက် ငြင်းခုံနေကြစဥ် ရှုပ်ပွပေတေနေသော ရှားလျို့က အစိမ်းရောင် နဂါးလခြမ်းဓားနှင့်အတူ ရုတ်တရက် ပေါ်လာသည်။
“အစ်ကို လျို့”
“အစ်ကို လျို့”
ရှားလျို့ ကိုတွေ့သည်နှင့် နှစ်ယောက်စလုံး သစ်ပင်နောက်မှ ချက်ချင်းအော်ခေါ်လိုက်ကြသည်။ ၎င်းတို့နှစ်ဦးမှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက အဖွဲ့တွင် ပေါင်းသင်းလာသော ရှားလျို့၏ အပေါင်းအဖော်များဖြစ်သည်။
“မင်းတို့နှစ်ယောက် အခုတလော ကမြင်းနေကြတုန်းပဲလား” ရှားလျို့ က ထင်းရှူးပင်ကို အနံ့ခံလိုက်ကာ မနစ်မြို့ဖွယ် အခြေအနေကို ရိပ်မိကြောင်း ချက်ချင်းပြသလိုက်သည်။
ယောက်ျားနှင့်မိန်းမကြား ကိစ္စရပ်များသည် ဆင့်ကဲဖြစ်စဥ်လမ်းကြောင်းအတွက် အတားအဆီးတစ်ခုဟု ခံယူထားသောကြောင့် ယခုအဖြစ်အပျက်ကို မနှစ်မြို့ပေ။ အခြားသောသူများ မမြင်ကွယ်ရာတွင် ပြုကျင့်ကြပါက သူနှင့်မဆိုင်လှသော်လည်း ယခုမူ သူ၏ရှေ့တွင် ဖြစ်နေသောကြောင့် ဤစုံတွဲကို ငရဲရောက်သည်အထိ ရိုက်ထုတ်ပြီး ပို့ပေးချင်မိသည်။
“အစ်ကိုလျို့ ရာ၊ ငါတို့ကို နားလည်ပေးပါ။ ဖုန်းတွေ ကွန်ပျူတာတွေ မရှိတဲ့ တောရိုင်းတောင်တန်းမှာ ပျင်းစရာကောင်းလိုက်တာ၊ ငါတို့ အချိန်ကို ကုန်လွန်စေဖို့အတွက် လုပ်စရာတစ်ခုလိုတယ်လေ” လျို့ရှင်းယီက နောက်ပြောင်ရန် ကြိုးစားခဲ့ကာ ကောင်းကျန်းယင်ကမူ တိတ်ဆိတ်စွာဖြင့် သူမ၏ ဆံပင်ရှည်များကို ရိုးရိုးရှင်းရှင်း ဖြီးလိုက်သည်။
ရှားလျို့သည် ဤကိစ္စကို ထပ်မပြောလိုသောကြောင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်အကြောင်းသို့ အာရုံပြောင်းလိုက်သည်။