← Chapters

အပိုင်း ၄၁၂-၄၁၄

Vol. 28 Ch. 412-414

အပိုင်း ၄၁၂-၄၁၄

Vol. 28 Ch. 412-414

အပိုင်း (၄၁၂) အကွက်ကျကျ ကြံစည်ခြင်း၊ လူသစ်ကို အနိုင်ကျင့်ခြင်း

“ငါနောက်ကျနေရတဲ့ အကြောင်းရင်းက အသစ်ဝင်လာတဲ့ လူသစ်နှစ်ယောက်ကြောင့်ပဲ၊ ဝင်ဝင်ချင်းပဲ ချန်ယိဖေးတို့နဲ့အတူတူ စမ်းသပ်မှုမှာ ပါသေးတယ်တဲ့၊ သိချင်တာနဲ့ သွားကြည့်နေလို့ ကြာနေတာ။”

“နည်းပြလန်ပြောဖူးတဲ့ ကမ္ဘာပေါ်က ပါရမီရှင်နှစ်ယောက်လား” ကောင်းကျန်းယင်က စိတ်ဝင်တစား မေးသည်။

နည်းပြတစ်ဦးအနေဖြင့် လန်ထျန်ပိုင်သည် ကမ္ဘာပေါ်က ပါရမီရှင်နှစ်ယောက်ကို အဖွဲ့ဝင်ပါဝင်ပူးပေါင်းရန် သခင်ယဲ့က အကြံပြုကြောင်းကို အဖွဲ့၀င်များထံ မကြာသေးမီက ပြောကြားခဲ့သေးသည်။ ထို့ကြောင့် ဤအရာက သူတို့အားလုံး သိထားသော အကြောင်းအရာပင်ဖြစ်သည်။

ရှားလျို့က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ အဲ့ နှစ်ယောက်ပဲ”

လျို့ရှင်းယီက ဘောင်းဘီဇစ်ကိုပြန်တပ်ကာ သူ၏ သေနတ်ကို အောက်ပြန်လျော့၍ မေးလိုက်သည်။

“သူတို့နှစ်ယောက်ရဲ့ ခွန်အားကို ဘယ်လိုမြင်လဲ’

“ရှန်ချင်းဟန်လို့ခေါ်တဲ့ မိန်းကလေးကတော့ စမ်းသပ်မှုမှာ အချိန်မလောက်တာကြောင့် စွမ်းဆောင်ရည်နဲ့ ကြံ့ခိုင်မှုကို တိတိကျကျ သေချာမသိဘူး၊ လင်းဇီချန်လို့ခေါ်တဲ့ ကောင်လေးကတော့ သူ့ခွန်အားက ပြင်းလွန်းတယ်၊၊ သွေးမျိုးဆက်စွမ်းအားအဆင့်ကလည်း အနည်းဆုံး သတ္တမအဆင့်လောက် ရှိလောက်တယ်၊ အံ့သြဖို့ အကောင်းဆုံးကတော့ သူက ၁၉ နှစ်တဲ့၊ အလားအလာကတော့ အတိုင်းထက်လွန်ပေါ့။”

“...”

ရှားလျို့ ၏စကားကိုကြားပြီးနောက် လျို့ရှင်းယီ နှင့် ကောင်းကျန်းယင် နှစ်ဦးစလုံး တုန်လှုပ်ခြောက်ခြားသွားကာ မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

“၁၉ နှစ်”

“သတ္တမအဆင့်”

“‌လော့ချန်းရွှယ်နဲ့ အဆင့်တူတဲ့ မကောင်းဆိုးဝါး မဟုတ်ဘူးလား”

“ကမ္ဘာပေါ်က ပါရမီရှင်က ဒီအဆင့်ရှိတာ ဖြစ်နိုင်လို့လား”

“ဘာတွေဖြစ်နေတာလဲ”

စသော အတွေးပေါင်းစုံ၊ မေးခွန်းပေါင်းစုံဖြင့် လျို့ရှင်းယီ နှင့် ကောင်းကျန်းယင် တို့သည် အံ့သြသွားကြသည်။ သူတို့မျက်နှာပေါ်မှ မယုံကြည်မှုများကို မြင်လိုက်ရချိန်တွင် ရှားလျို့က ပြောလိုက်၏။

“မင်းတို့ မယုံတာလည်းမပြောနဲ့၊ ငါလည်း မယုံနိုင်သေးဘူး၊ ဒါပေမယ့် စမ်းသပ်မှုမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ငါကိုယ်တိုင် မျက်မြင်တွေ့ခဲ့တယ်၊ သူက လက်သီးတစ်ချက်ထိုးရုံနဲ့ ငရဲနတ်ဆိုးမျောက်ဝံတစ်ကောင်ကို အနိုင်ယူခဲ့တာ၊ ချန်ယိဖေးတို့တစ်သိုက်ကိုလည်း မျက်နှာနဲ့မြေကြီးကို အပ်ပေးပြီး မလှုပ်နိုင်အောင် လုပ်ခဲ့သေးတယ်၊ ဒီနှစ်ချက်ကနဲ့တင် သူ့ခွန်အားနဲ့ ဆင့်ကဲဖြစ်စဥ်အရည်အချင်းက လော့ချန်းရွှယ် နီးပါးရှိတာ သိသာနေပြီပဲ” ရှားလျို့က သူတွေ့မြင်ရမျှကို ပြောပြသည်။

ရှားလျို့ သည် လင်းဇီချန်အား ၎င်းတို့အဖွဲ့တွင် အလားအလာအရှိဆုံး လူသစ်အဖြစ် မှတ်ယူထားပြီဖြစ်၏။

လျို့ရှင်းယီ၏ မျက်နှာက အံ့သြစူးစမ်းလိုစိတ်ဖြင့်ပြည့်နေ၏။

“လင်းဇီချန်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်က တော်တော်သန်မာတာပဲ။ ဒီလောက်အံ့သြစရာကောင်းတဲ့သူ့ကို စောစောကတည်းက မတွေ့မိတာ ပိုပြီးထူးဆန်းတယ်”

ကောင်းကျန်းယင်က ခဏတုံ့ဆိုင်းသွားပြီးနောက် ဝင်ပြောသည်။

“သူငယ်ငယ်ကတည်းက သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာရော မဖြစ်နိုင်ဘူးလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်းဆိုရင်ရော စွမ်းအားတွေ ရှိနေတာကို သိုသိုသိပ်သိပ် နေနိုင်မှာလား၊ သေချာပေါက်မနေနိုင်ဘူးမလား” လျို့ရှင်းယီက ချက်ချင်း ငြင်းလိုက်သည်။

“ကိုယ်ထင်တာကတော့ သူတဖြည်းဖြည်းအရွယ်ရောက်လာမှ အရည်အချင်းတွေကို ထုတ်ပြတယ်ထင်တယ်၊ ဒီလိုလူတွေကို တွေ့ဖူးတယ်၊ အစမှာတော့ သာမန်လိုနေကြပေမယ့် အစွမ်းရှိလာတာနဲ့ ပြောင်းလဲသွားကြတာပဲ၊ ဒီအပြောင်းအလဲကလည်း အချိန်ကာလတစ်ခုနေမှ ပြတာ။” လျို့ရှင်းယီက သူ၏ သုံးသပ်ချက်ကို ရှင်းပြသည်။

ကောင်းကျန်းယင်သည်လည်း ခေါင်းညိတ်လျက် နားထောင်ကာ ရှင်းလင်းချက်မှာ ယုတ္တိကျသည်ဟု တွေးထင်မိသည်။

ရှားလျို့ မှာမူ လင်းဇီချန်မည်မျှပင် သန်မာပါစေ ဂရုမစိုက်ဘဲ စည်းရုံးသိမ်းသွင်းရေးကိုသာ အာရုံစိုက်ထားသည်။ ခေတ္တမျှ စဥ်းစားပြီးနောက်တွင် လျို့ရှင်းယီနှင့် ကောင်းကျန်းယင်တို့ကို ပြောလိုက်၏။

“လင်းဇီချန်းနဲ့ ရှန်ချင်းဟန်ကို ခေါ် ပြီး ငါ့လက်အောက်မှာ ထားချင်တယ်၊ မင်းတို့နှစ်ယောက်လို ဖောက်လွဲဖောက်ပြန်လူတွေက ကူညီမှရမယ်”

လျို့ရှင်းယီ နှင့် ကောင်းကျန်းယင်တို့သည် အရှိုက်ထိသကဲ့သို့ ဖြစ်သွားကာ ကိုယ့်အဖြစ်ကိုယ် တွေး၍ နှုတ်ခမ်းဖျားများ အနည်းငယ်လှုပ်သွားကြသည်။

သစ်ပင်တစ်ပင်ပင်၏နောက်ကွယ်တွင် သူတို့ချစ်ရည်လူးသည်ကို အနည်းငယ်မြင်ဖူးရုံမျှနှင့် “ဖောက်လွဲဖောက်ပြန်လူများ” ဟု သုံးနှုန်းခြင်းသည် သဘောထားသေးသိမ်သည်ဟူ၍လည်း တွေးမိကြသည်။

စိတ်တည်ငြိမ်ရန် ထိန်းပြီးနောက်တွင်မှ လျို့ရှင်းယီက မေးလိုက်သည်။

“အစ်ကိုလျို့၊ ငါတို့က ဘာလုပ်ပေးရမှာလဲ။”

ရှားလျို့က ဘာသိဘာသာပြန်ဖြေ၏။

“ရိုးရှင်းပါတယ်။ မင်းတို့နှစ်ယောက်က အဲ့လူသစ်နှစ်ယောက်ကို ပစ်မှတ်ထားပြီး လူဆိုးလုပ်၊ ငါက မတရားမှုတွေကို ကူညီဖို့ အချိန်တန်ရင် ဝင်ပါလိမ့်မယ်”

လျို့ရှင်းယီက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ငါတို့ ဘာလုပ်ရမယ်ဆိုတာ သိပြီ”

“အခု အသစ်ဝင်လာတဲ့နှစ်ယောက်ကို ခဏထားလိုက်ပါဦး၊ ငါတို့ရဲ့ ပထမဦးစားပေးက စိမ့်ရေထဲမှာရှိတဲ့ ဧရာမစပါးအုံးမြွေကြီးကို ဖယ်ရှားပစ်ဖို့ပါပဲ။ ဆေးတွေ မင်းတို့နှစ်ယောက် ပြင်ဆင်ပြီးပြီလား”

“အားလုံး အဆင်သင့်ဖြစ်နေပြီ” နှစ်ယောက်စလုံးသည် တစ်ပြိုင်နက် တုံ့ပြန်ကြသည်။

သူတို့အဆင်သင့်ဖြစ်နေပြီဆိုတာကိုကြားရပြီးနောက် ရှားလျို့ သည် စကားအပိုများ မပြောတော့ဘဲ ထွက်ခွာရင်းဖြင့်မှ ပြောလိုက်သည်။

“ဒါဆိုရင် စထွက်လိုက်ကြရအောင်၊ ဒီ အဆင့်မြင့် နဝမအဆင့် ဧရာမစပါးအုံးမြွေကြီးကို တစ်ရက်အတွင်း ရှင်းပစ်ကြတာပေါ့”

လက်နက်ကိုယ်စီဖြင့် သုံးဦးသားသည် စိမ့်ရေပြင်ဆီသို့ အလျင်အမြန် ပြေးသွားကြသည်။

၎င်းတို့ သုံးဦးအနက် ရှားလျို့ သည် သွေးမျိုးဆက်စွမ်းအား အဆင့်မြင့်အဆင့် နဝမအဆင့်တွင်ရှိရာ လျို့ရှင်းယီ နှင့် ကောင်းကျန်းယင် နှစ်ဦးစလုံးသည် အဌမအဆင့်ဖြစ်သည်။ ဧရာမစပါးအုံးမြွေကြီးကို ဖယ်ရှားရန် ဤသို့အဖွဲ့ဖြင့် လှုပ်ရှားခြင်းသည် ကောင်းမွန်သော ပြင်ဆင်မှုတစ်ခုဖြစ်သည်။

…

ဂြိုလ်လူသားတို့၏ အိပ်ဆောင် အဆောက်အအုံတွင် ဖြစ်သည်။

အိပ်ဆောင် နံပါတ် ၃၁၀။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် မြို့တော်အမှတ် (၁) ကိုလည်ပတ်ခဲ့ကြပြီးနောက် မြို့တော်၏ ပတ်ဝန်းကျင်နှင့် အတော်လေး ရင်းနှီးလာခဲ့သည်။ ထို့နောက်တွင် လုပ်စရာမရှိသဖြင့် နေရာထိုင်ခင်း ပြင်ဆင်ရန် အိပ်ဆောင်သို့ ပြန်ခဲ့ကြသည်။ အိပ်ဆောင် ၃၁၀ ကိုသာ သန့်ရှင်းခဲ့ကြပြီး အိပ်ဆောင် ၃၀၉ အား မသန့်ရှင်းခဲ့ပေ။ နှစ်ဦးသား အတူတကွနေထိုင်ရန်စီစဉ်ထားသောကြောင့် ပိုနေသော အိပ်ဆောင် ၃၀၉ အား အလွတ်ထားလိုက်ပြီး နောင်မှ အဆောင်နှစ်ခုကို ပေါင်းစည်းရန် အာဏာပိုင်များအား တောင်းဆိုကြမည်ဟု စိတ်ကူးရှိခဲ့သည်။

“ကျွီ၊ ကျွီ၊ ကျွီ”

ရုတ်တရက် ပြတင်းပေါက်အပြင်ရှိ ငှက်သံများကို ကြားရ၍ လင်းဇီချန်က အသံလာရာကို ကြည့်လိုက်ရာ ဘတ်စကတ်ဘောကဲ့သို့ ဝိုင်းစက်နေသည့် ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ငှက်၏ ဝဝကစ်ကစ်နှင့် လုံးကျစ်နေပုံမှာ အံ့သြစရာပင် ကောင်းသည်။

“ဘယ်လိုငှက်မျိုးလဲ၊ ကြောင်တောင်တောင်လေး” ရှန်ချင်းဟန်က ရွှန်းလဲ့သော မျက်လုံးများဖြင့် ပြတင်းပေါက် အပြင်ဘက်ရှိ ငှက်ကလေးကို စူးစမ်းလေ့လာခဲ့သည်။

လင်းဇီချန်သည် စူးစမ်းစွာဖြင့် ပြတင်းတံခါးအပြင်ဘက်မှ ငှက်ကလေးကို ကြည့်လိုက်သည်။

“ဒီလိုငှက်မျိုး တစ်ခါမှ မတွေ့ဖူးဘူး၊ ဆန်းကြယ် သားရဲတစ်ကောင်များလား၊ စာပို့ခိုလိုပဲ။”

ပြတင်းပေါက်အပြင်ဘက်တွင်ရှိသည့် ထွားကြိုင်းသောငှက်သည် ၎င်း၏နှုတ်သီးတွင် ပါဆယ်ထုပ်ငယ်တစ်ခုကို ကိုက်ချီထားသည်။ မကြာခင်၌ပင် လင်းဇီချန်က အတွေးတစ်ခုဖြင့် ပြတင်းပေါက်၏ ဝါးတံခါးချက်ကို အလိုလိုပွင့်စေခဲ့ကာ ထိုငှက်ကလေးသည် ပါဆယ်ထုပ်ကို ချလိုက်ပြီးနောက် ချက်ချင်း လှည့်ထွက်ပျံသန်းသွားသည်။

လင်းဇီချန်သည် ပါဆယ်ထုပ်ကို ကောက်ကိုင်လျက် အပေါ်ဘက်ရှိ စာသားတစ်ခုကို ဖတ်ရာ ရှားပါးသော ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များ၊ အဖွဲ့ဝင်သစ်လက်စွဲစာအုပ်နှင့် လူသစ်ကြိုဆိုရေးစာအိတ်တို့ ပါဝင်ကြောင်း တွေ့ရသည်။ အထူးအထွေမစဥ်းစားတော့ဘဲ ပါဆယ်ထုပ်ကို အမြန်ဖွင့်လိုက်ပြီးနောက်တွင် အနီရောင်နဲ့ အပြာရောင် ထူးထူးခြားခြား ရောစပ်ထားသော ဝိညာဉ်အသီးနှစ်လုံးအား တွေ့လိုက်ရသည်။

“အဲတာ ဘာအသီးလဲ” ရှန်ချင်းဟန်က စူးစမ်းလိုစိတ်အပြည့်ဖြင့်မေးလိုက်သည်။

လင်းဇီချန်သည် စကားပင်မပြောနိုင်ဘဲ ပါဆယ်ထုပ်၏ အောက်ခြေရှိ လက်စွဲစာအုပ်ကိုကောက် ယူကာ ဝိညာဉ်အသီးအကြောင်းကို အသေးစိတ်ဖတ်နေသည်။ စင်စစ်အားဖြင့် ထိုအသီးသည် နဂါးမီးတောက်ဒဏ္ဍာရီလာအသီးဟု အမည်ရသော ရှားပါးသည့် ဝိညာဉ်အသီးတစ်မျိုးဖြစ်၍ စားသုံးပါက သွေးစွမ်းအင်နှင့် စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

‘သွေးစွမ်းအင်နဲ့ ဝိဉာဥ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်တာလား’

‘ရင်နဲ့ယန် အလင်းမြွှာအသီးနဲ့ နည်းနည်းမတူဘူးလား’

လင်းဇီချန်သည် အတွေးလွန်ပြီးနောက် အသီးနှစ်လုံးကိုမစားမီ ရေဆေးရန် မီးဖိုချောင်သို့ လျှောက်လာခဲ့သည်။ အသီးအနှံများကို ဆေးကြောပြီးနောက် နှစ်ဦးသား တူတူထိုင်ကာ တစ်ယောက်တစ်လုံးစီ စိတ်အားထက်သန်စွာ စားသုံးကြသည်။ မြည်းစမ်းပြီးနောက် ခံစားမိသည်မှာ အပူနှင့်အအေးပေါင်းစပ်ထားသော အရသာနှင့် စူးရှသောလေကို ခံစားမိသကဲ့သို့ သူတို့၏ သွေးမျိုးဆက်စွမ်းအားဆိုင်ရာ အဆင့်များ တိုးလာကြောင်းကိုလည်း စိတ်လှုပ်ရှားစွာ ရှာဖွေတွေ့ရှိခဲ့ကြသည်။

လင်းဇီချန်သည် အဆင့်မြင့်အဆင့် သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ ရှန်ချင်းဟန်က အဆင့်မြင့်အဆင့် ဆဌမအဆင့်သို့ တက်လှမ်းသွားသည်။

“ဇီချန် မူလမြေပေါ်က ဆင့်ကဲပြောင်းလဲစွမ်းအင် အရင်းအမြစ်တွေက ကမ္ဘာမြေပေါ်ကဟာတွေထက် ပိုကောင်းတယ်နော်၊ တစ်လုံးစားရုံနဲ့ ဆင့်ကဲပြောင်းလဲနေတာ ဟီး… အိပ်မက်မက်နေတာကျနေတာပဲ” ရှန်ချင်းဟန်က အံ့သြတကြီးပြောလိုက်သည်။

“အာနိသင်တွေကလွဲလို့ပေါ့” လင်းဇီချန်က တည်ငြိမ်စွာပြောသည်။

ထို့နောက် လက်စွဲစာအုပ်ကို တစ်ချက်ကြည့်ကာ ဆင့်ကဲပြောင်းလဲစွမ်းအင် အရင်းအမြစ်များကို အစီအစဥ်စွဲသည်။ ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များရရှိရန် အမြန်ဆုံးနည်းလမ်းမှာ လူ့တို့၏ နယ်မြေများအပြင်ဘက်သို့ စွန့်စားခြင်းပင်ဖြစ်သည်။

လူ့နယ်မြေအတွင်း အရင်းအမြစ်များအားလုံးသည် ရယူပြီးဖြစ်၍ များများစားစား မကျန်တော့ပေ။ လင်းဇီချန်သည် ဤပတ်ဝန်းကျင်နှင့် ရင်းနှီးပြီးသည်နှင့်တစ်ပြိုင်နက် ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ အရင်းအမြစ်များရရှိရန် လူတို့၏ နယ်မြေများအကျော်သို့ စွန့်စားကာ ထွက်သွားဦးမည်ဟု တွေးခဲ့သည်။

အခန်း(၄၁၃) အသုံးမကျတဲ့ ဘုရင်ကို ဖိအားပေးကြ

ညသည် တဖြည်းဖြည်းနက်လာသည်။ ပြတင်းပေါက်အပြင်တွင် လေတိုက်သံ၊ အင်းဆက်ပိုးမွှားအသံများပင် မကြားရဘဲ တိတ်ဆိတ်နေသည်။ မူလမြေပေါ်တွင် နေ့နှင့်ညသည် လုံးဝခြားနားသော အရာနှစ်ခု ဖြစ်သည်။ နေ့အချိန်တွင် လူတို့သည် ပျားပန်းခတ် လှုပ်ရှားကြသော်လည်း ညအချိန်တွင်ကား သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်လွန်းလှသည်။

မြို့တော် နံပါတ် (၁) ၏ လက်ရှိတည်နေရာသည် မြို့တွင်းဖြစ်၍ လုံးဝလုံခြုံကာ မြို့၏အပြင်ဘက်တွင် ငါးမီတာအကွာအဝေးသည် အန္တရာယ်ကင်းသော်လည်း ငါးမီတာကျော်လွန်ပါက အန္တရာယ်နယ်မြေဖြစ်သည်။

အန္တရာယ်ရှိသော နယ်မြေများတွင် ခွေးများ၊ ဆန်းကြယ်သားရဲများ ကျဉ်လည်ကျက်စားကြသည်၊

တိရစ္ဆာန်များနှင့် ဂြိုလ်သားများနှင့်ပင် အခြားသော အလွန်အန္တရာယ်များသော သတ္တဝါများကဲ့သို့ပင် အန္တရာယ်ရှိသော နယ်မြေများတွင် တွေ့ရလေ့ရှိပါသည်။ ပုံမှန်အားဖြင့် အနည်းဆုံး မြင့်မြတ်သူအဆင့် တိုက်ခိုက်ရေးသမားများကသာ အန္တရာယ်ရှိသော နယ်မြေများကို အလိုအလျောက် ဝင်ရောက်ရဲကြသည်။

အန္တရာယ်ရှိသောနယ်မြေများသည် အလွန်အန္တရာယ်များသော်လည်း ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များ ပေါများသည်။ သခင်အဆင့် တိုက်ခိုက်ရေးသမားများစွာနှင့် မြင့်မားသော သွေးမျိုးဆက်စွမ်းအားအဆင့်ရှိသော မျိုးဆက်သစ်အချို့သာ ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များကို ရှာဖွေရန် ထိုနယ်မြေများသို့ ဝင်ရောက်ကြလေ့ရှိသည်။

အန္တရာယ်ရှိသော နယ်မြေများတွင် ကြုံတွေ့ရသော အတွေ့အကြုံအသစ်အဆန်းများသည် အန္တရာယ်ကင်းသော သာမန်နယ်မြေများတွင်ရသော အတွေ့အကြုံအများထက် အလွန် သာလွန်သည်။

“ဒီပတ်ဝန်းကျင်နဲ့ ငါအံဝင်ခွင်ကျဖြစ်ပြီဆိုတာနဲ့ ဆင့်ကဲဖြစ်စဉ် အရင်းအမြစ်တွေကို ရယူဖို့ အန္တရာယ်ဇုန်တွေဆီကို သွားမယ်…” လင်းဇီချန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

ယခုတွင်မူ သူသည် ဆင့်ကဲဖြစ်စဥ်စွမ်းအား အမြန်ရရှိရေးသည်သာ အရေးအကြီးဆုံးဟု ယူဆခဲ့သည်။ သူယခင်က ကျင့်သုံးခဲ့သော သတိနှင့် ချဥ်းကပ်မှုစသော နည်းဗျူဟာများက ယခုအခြေအနေနှင့် မသင့်တော်ဟု ခံစားမိသည်။ အဘယ့်ကြောင့်ဆိုသော် နောက်သားရဲတစ်ကောင်သည် မြို့ကို မည်သည့်အချိန်တွင် မည်သို့တိုက်ခိုက်မည်ကို မည်သူမျှ ကြိုမသိနိုင်‌သောကြောင့်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ်တိုက်ပွဲကြီးမစတင်ခင်တွင် သူတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ရမည်ဖြစ်သည်။ မြင့်မားသော သွေးမျိုးဆက်စွမ်းအားအဆင့်ရှိမှသာလျှင် မိသားစုနှင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိမည်။

“ပြောရင်းဆိုရင်း စွမ်းရည်ပြတဲ့ ဇယားကို ပြန်ကြည့်ရဦးမယ်။ မစစ်ကြည့်တာ တော်တော်ကို ကြာနေပြီပဲ။”

အမည် - လင်းဇီချန်

အသက် - ၁၉ နှစ်

သွေးမျိုးဆက်စွမ်းအားအဆင့် - အဆင့်မြင့်အဆင့် သတ္တမအဆင့်

သွေးမျိုးဆက်စွမ်းအားဆိုင်ရာ စွမ်းရည်များ - သုံးမလာ ရှုံးမလား၊ ကောင်းကင်ဉာဏ်ပညာအရင်းအမြစ်၊ အသန်မာဆုံးသော အောင်မြင်မှု၊ ရေကောင်းချီး၊ သဘာဝအတိုင်း ရွေးချယ်ခြင်း၊ ကောင်းကင်မျက်လုံး၊ လူမှုသတ္တဝါ၊ သဘာဝ ကိုယ်ယောင်ဖျောက်နိုင်စွမ်း၊ အန္တရာယ်ကြိုတင်သိမြင်ခြင်း၊ လျင်မြန်စွာကုစားခြင်း၊ အဆိပ်တစ်ရာခံနိုင်စွမ်း၊ အဆင့်မြင့်ဝိညာဉ်၊ တောအရှင်၊ သိုလှောင်ခန်းနေရာလွတ်၊ တွင်းတူးဗီဇ၊ ကောင်းကင်အပြည့်ငှက်တောင်စွမ်း၊ တောင်ကဲ့သို့မယိမ်းမယိုင်၊ အဆင့်မြင့်လျင်မြန်သွက်လက်ခြင်း၊ မရဏပိုးမျှင်၊ သေစေနိုင်သောအဆိပ်၊ အဆုံးအစမဲ့ခိုင်ခံ့ခြင်း။

ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများ - အရေပြာသန့်စင်ခြင်း (၅)၊ အသားသန့်စင်ခြင်း(၅) အရိုးသန့်စင်ခြင်း(၅)

ဖွင့်လှစ်ထားသော အလင်းဝင်ပေါက်များ - နှလုံးသားဝင်ပေါက်(၂)၊ ဦးနှောက်ဝင်ပေါက်(၂)၊ ခန္ဓာကိုယ်ဝင်ပေါက်(၂)

လင်းဇီချန်သည် ဇယားကိုကြည့်၍ သွေးမျိုးဆက်စွမ်းအားဆိုင်ရာ စွမ်းရည် ၂၃ ခု တွေ့လိုက်ရ‌သောအခါ အနည်းငယ် မူးဝေသွားသည်။ ဤမျှလောက်သော စွမ်းအင်များကို သူစုဆောင်းခဲ့သည်ကို သတိမထားခဲ့ပေ။

သွေးမျိုးဆက်စွမ်းအားဆိုင်ရာ အင်္ဂါရပ်များစွာတွင် ပိုမိုကောင်းမွန်လာသောကြောင့် သူ၏ လက်ရှိအင်အားသည် သခင်အဆင့် တိုက်ခိုက်ရေးသမားနှင့် နှိုင်းယှဉ်နိုင်ဖွယ်ရှိသည်။

"ဇီချန် အချိန်တန်ပြီထင်တယ်၊ တစ်ကြိမ်လောက်ချစ်ပြီး အိပ်ရာမဝင်ခင် အတူတူရေချိုးကြမလား။”

သူမ၏ရှည်လျား လှပသောခြေထောက်များကို အသားပေးထားသော ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှန်ချင်းဟန်က သူ့အနားတွင် ထိုင်ကာ နူးညံ့သိမ်မွေ့သောခြေဖဝါးဖြင့် သူ၏ခန္ဓာကိုယ်ကို ပွတ်သပ်နေသည်။

လင်းဇီချန်သည် သူမ၏ သွေးဆောင်မှုကို သည်းမခံနိုင်တော့ဘဲ လက်စွဲစာအုပ်ကို ချက်ခြင်းချကာ ရေချိုးခန်းဆီသို့ ဆွဲခေါ်သွားသည်။

“သွားရအောင်၊ အချိန်ကုန်သက်သာအောင် ရေချိုးရင်းနဲ့ ချစ်ကြတာပေါ့”

“ဇီချန်၊ မြန်မြန် ကလေးလိုချင်လားဟင်”

ရှန်ချင်းဟန်သည် လင်းဇီချန်၏ လည်ပင်းကို သိုင်းဖက်ကာ မျက်လုံးများကို စိုက်ကြည့်လျက် မေးသည်။

“အသက်ငယ်ငယ်လေးပဲ ရှိသေးတာကို မြန်မြန် အမေဖြစ်ချင်တာလဲ။”

“စောစောစီးစီးဖြစ်ရင် ပိုကောင်းတာပေါ့၊ နောက်ကျရင် ညီအစ်မတွေလို ဈေးဝယ်ထွက်လို့ရတာ‌ပေါ့။”

“မစောလွန်းဘူးလားကွာ”

“မစောပါဘူး၊ အခုယူရင် အသက် ၂၀ မှာ အမေဖြစ်ရတာဆိုတော့ အဆင်ပြေမယ်ထင်တယ်။”

“ကိုယ်တို့ အဲ့တာကို နောက်မှပြောကြတာပေါ့။”

နှစ်ဦးသား ရေချိုးခန်းသို့ အတူတူ ဝင်သွားကြသည်။

…

အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရက်အတော်အကြာ သူတို့နှစ်ဦးသားသည် မြို့တော် နံပါတ် (၁) ၏ ပတ်ဝန်းကျင်နှင့် အကျွမ်းတဝင်ရှိလာကာ မြို့တော်၏ ပုံမှန်လည်ပတ်ပုံကိုလည်း အကြမ်းဖျင်း နားလည်ခဲ့ကြသည်။ တစ်မြို့လုံးသည် ကြီးမားသော ထောက်ပံ့ပို့ဆောင်ရေးစင်တာတစ်ခုအဖြစ် လုပ်ဆောင်နိုင်သည်ကိုလည်း သိရှိခဲ့၍ လူတိုင်းသည် နေ့စဥ်နေ့တိုင်း မူလမြေကို စူးစမ်းလေ့လာရန် မြို့ပြင်သို့ ထွက်သွားကြကာ အဖိုးတန် ဆင့်ကဲဖြစ်စဉ် အရင်းအမြစ်များကို ရှာဖွေခြင်းဖြင့် မူလမြေအကြောင်း ပိုမိုနားလည်လာကြသည်။

လင်းဇီချန်သည် ဤမြို့ကား သက်ရှိသတ္တဝါများ၏ လမ်းကြောင်းများကို စောင့်ကြပ်ရန်ဟု အမြဲထင်ခဲ့သည်။ သူ့နားလည်မှုသည် ရိုးရှင်းလွန်းသည်ဟုလည်း လက်ရှိတွင် တွေးမိသည်။ မြို့တော်၏ ရည်ရွယ်ချက်မှာ ဤလမ်းကြောင်းများကို စောင့်ရှောက်ရန်သာ မဟုတ်ပေ။ ၎င်း၏ အဓိကလုပ်ဆောင်ချက်မှာ ထောက်ပံ့ပို့ဆောင်ရေးစင်တာတစ်ခုဖြစ်သည်။ မူလမြေကို စူးစမ်းလေ့လာခဲ့သော တိုက်ခိုက်ရေးသမားများအတွက် အနားယူရန် အခြေစိုက်စခန်းတစ်ခုအဖြစ် ထောက်ပံ့နေခြင်းကြောင့်ဖြစ်သည်။

…

သတိမထားမိဘဲ နောက်ထပ် ရက်အတော်ကြာသွားပြန်သည်။

ထိုအချိန်တွင် လင်းဇီချန်တို့ နှစ်ဦးသည် ၎င်းတို့၏ နည်းပြဆရာ လန်ထျန်ပိုင်၏လမ်းညွှန်မှုကို အခြေခံ၍ ပါရမီရှင်အဖွဲ့တွင် ၎င်းတို့၏အခန်းကဏ္ဍများနှင့် ရင်းနှီးလာခဲ့သည်။

တာဝန်ကား ရိုးရှင်းသည်။

ကမ္ဘာမြေကြီး၏ မဏ္ဍိုင်ကြီးဖြစ်လာသည်အထိ ၎င်းတို့၏ ခွန်အားကို အဆက်မပြတ် မြှင့်တင်ရန်သာ ဖြစ်သည်။ နောက်တစ်နည်းဆိုရသော် မိမိကိုယ့်ကို အန္တရာယ်ကင်းအောင် နေထိုင်ကာ မြို့ပြင်သို့ တတ်နိုင်သမျှ များများထွက်၍ လေ့ကျင့်ရမည် ဖြစ်သည်။

“ကဲ တစ်ပတ်တောင်ရှိသွားပြီ။ အခုဆို မင်းတို့နှစ်ယောက် မူလမြေအကြောင်းကို နားလည်လောက်ပြီထင်တယ်။ ဒီညတော့ မင်းကို မြို့ပြင်ရဲ့ တွန်းလှန်မှုကို ခံနိုင်ရည်ရှိအောင် မြို့ပြင်ကို ခေါ်သွားမယ်” လန်ထျန်ပိုင်က လင်းဇီချန်တို့ကို ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

…

နောက်ရက်များတွင် လင်းဇီချန်တို့ နှစ်ယောက်သည် မြို့ပြင် တွန်းလှန်ခြင်းအတွက် ခံနိုင်ရည်ရှိရန် ကြိုးပမ်းကြသည်။ ပထမတွင် လင်းဇီချန်သည် အဝတ်အစားများကို အတွင်းအပြင်မှားဝတ်ထားသကဲ့သို့ မသက်မသာခံစားရကာ အသက်ရှူရရန်ကိုပင် ကြိုးပမ်းနေရသည်။

တစ်ဖက်တွင် ရှန်ချင်းဟန်သည် ပို၍ဆိုးရွားသည်။ မြို့ပြင်သို့အထွက် ခြေလှမ်းလှမ်းပြီး မိနစ်ပိုင်းအတွင်းမှာပင် အော့အန်သောကြောင့် သူမ၏ လှပသော မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားကာ သက်သာလာရန်ပင် အတော်အချိန်ယူလိုက်ရသည်။

အပိုင်း (၄၁၄) အသုံးမကျတဲ့ ဘုရင်ကို ဖိအားပေးကြ၊ (၂)

ဤသို့ဖြင့် မြို့အပြင်တွင် ရက်အနည်းငယ် နေထိုင်လျက် မူလစွမ်းအင်၏ တွန်းကန်မှုကို တဖြည်းဖြည်း ကျင့်သားရလာကြသည်။ ၎င်းတို့ လျင်မြန်စွာ လိုက်လျောညီထွေနေနိုင်ရခြင်းအကြောင်းအရင်းမှာ နှစ်ဦးစလုံး၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် မနိမ့်ကျဘဲ၊ တစ်ဦးသည် အဆင့်မြင့်အဆင့် သတ္တမမြောက်အဆင့်သို့ ရောက်ရှိ၍ ကျန်တစ်ဦးမှာကား အခြားသော ပါရမီရှင်များ၏ ပျှမ်းမျစွမ်းအင်ထက်မြင့်သော ဆဌမအဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။

“အခု မင်းတို့နှစ်ယောက်က မူလစွမ်းအင်ရဲ့ တွန်းကန်မှုကို အပြည့်အဝ လိုက်လျောညီထွေဖြစ်နေတာကြောင့် မြို့ပြင်ထွက်ပြီး လေ့ကျင့်ရေးဆင်းဖို့ အချိန်တန်ပြီ”

လန်ထျန်ပိုင်က အေးဆေးတည်ငြိမ်သောအသံဖြင့်ပြောသည်။

“ဒီပထမဆုံး လေ့ကျင့်မှုအတွက် မင်းကိုခေါ်သွားဖို့ အတွေ့အကြုံရှိတဲ့ အဖွဲ့သားအချို့ကို ငါစီစဉ်လိုက်ဦးမယ်။ အတူတူ အကြိမ်နည်းနည်းလောက် ထွက်ပြီး ကျွမ်းကျင်ပြီဆိုမှ မင်းဘာသာ တစ်ယောက်တည်း ထွက်ကြည့်ပေါ့” လင်းဇီချန်တို့ နှစ်ဦးကို ပြောလိုက်သည်။

“စီစဉ်ပေးတာ ကျေးဇူးတင်ပါတယ်၊ နည်းပြ”

လန်ထျန်ပိုင်သည် တည်နေရာမှတ်ထားသော အပြာဖျော့ဖျော့အစက်များစွာ ပါရှိသည့် မြေပုံတစ်ခုကို သူ့ရင်ဘတ်ထဲမှထုတ်လိုက်ကာ ၎င်းတို့ကို စိုက်ကြည့်လိုက်သည်။

“ဟန်ကျတာပဲ၊ အဖွဲ့ဝင်တော်တော်များများ ဒီနေ့မနက်မှ မြို့ပြင်က ပြန်ရောက်ကြတယ်၊ မင်းတို့နှစ်ယောက်ကို တွေ့ဖို့ ခေါ်လိုက်မယ်၊ မြို့ပြင်ကို ကူညီခေါ်ပေးချင်တဲ့လူ ရှိ၊မရှိ တစ်ချက်ကြည့်ကြတာပေါ့”

“ဟုတ်ကဲ့”

…

မြို့တံခါးရှေ့ရှိ ကောင်းကင်အထိ မြင့်မားသော သစ်ပင်ကြီး၏ အောက်တွင် ဖြစ်သည်။

လင်းဇီချန်၊ ရှန်ချင်းဟန်နှင့် လန်ထျန်ပိုင် တို့သည် သစ်ပင်အောက်တွင်ရပ်ကာ စကားစမြည်ပြောလျက် စောင့်နေကြသည်။ လွန်ခဲ့သော ၅ မိနစ်ခန့်က ဤနေရာတွင် လူစုဝေးကြရန် လန်ထျန်ပိုင်သည် အသံကူးပြောင်းပို့ဆောင်ပေးသော ခရုခွံကိုသုံး၍ မြို့တွင်းရှိ အဖွဲ့ဝင်အားလုံးကို အကြောင်းကြားခဲ့သည်။ တစ်မိနစ်ခွဲခန့်အကြာတွင် မြို့ပြင်မှပြန်ရောက်လာသော ပါရမီရှင် ၅ ဦးစလုံးလည်း ရောက်ရှိလာကြသည်။

လင်းဇီချန်က တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုလူငါးယောက်အနက် ရင်းနှီးသော မျက်နှာနှစ်ခုကို မြင်လိုက်ရသည်။ တစ်ဦးမှာ ရှားလျို့ ဖြစ်၍ ကျန်တစ်ဦးမှာ ပုံတူပန်းချီတွင် မြင်ဖူးနေသည့် ဆံပင်ဖြူနှင့် မိန်းကလေး လော့ချန်းရွှယ် ဖြစ်သည်။ လင်းဇီချန်သည် လော့ချန်းရွှယ် အား ကြာကြာကြည့်လေလေ၊ လော့ချန်းရွှယ်က ရှန်ချင်းဟန်၏ စီနီယာအစ်မဖြစ်သော ပိုင်ရွှယ် နှင့် ဆင်တူသည်ဟု ခံစားရလေလေဖြစ်နေသည်။

ဆံပင်အရောင်ကြောင့်လော မျက်လုံးအရောင်ကြောင့်လော မပြောတတ်သော်လည်း ၎င်းတို့ မူလတန်းကျောင်း တူတူတက်စဥ်က တွေ့ခဲ့ရသော ဒုတိယတန်းကျောင်းသူလေး ပိုင်ရွှယ် နှင့် ဆင်တူသည်မှာတော့ အသေအချာပင်ဖြစ်သည်။

ရှန်ချင်းဟန်သည်လည်း လင်းဇီချန်နည်းတူ လော့ချန်းရွှယ်အား စူးစိုက်လေ့လာနေကာ ပိုင်ရွှယ် နှင့် ဆင်တူသောကြောင့် သူမ၏ နှလုံးသားထဲတွင်ပင်လျှင် လှိုင်းထနေလေသည်။

ထိုအခိုက်အတန့်တွင် သူမကား ပိုင်ရွှယ်ပင် ဖြစ်လိမ့်မည်ဟု တွေးထင်မိသည်။

ဤထင်မြင်ချက်သည် မမှားနိုင်ပေ။

“ကဲ အားလုံးကို မိတ်ဆက်ပေးပါရစေ၊ ဒီကောင်ချောလေးနဲ့ မိန်းမချောလေးကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ငါတို့အဖွဲ့ကို ဝင်လာကြတဲ့ လူသစ်နှစ်ယောက်ပါပဲ၊ သူ့နာမည်ကတော့ လင်းဇီချန်၊ သူက ရှန်ချင်းဟန် တဲ့၊ ကမ္ဘာမြေပေါ်မှာ ကြီးပြင်းလာပေမယ့်လည်း အသက် ၁၉ နှစ်ပဲကြသေးတဲ့ ပါရမီရှင် ၂ ယောက်ပေါ့၊ သူတို့ မူလမြေကို ဝင်တဲ့နေ့မှာပဲ သူတို့နှစ်ယောက်ကို ချန်ယိဖေးတို့ စမ်းသပ်ပွဲမှာ ပါခိုင်းသေးတယ်။ အားလုံးထဲမှာ လင်းဇီချန်က သူ့ရဲ့ အဆင့်မြင့်အဆင့် သတ္တမအဆင့်ကို အသုံးချပြီး ပထမနေရာ ရခဲ့တယ်”

ဤသို့ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို မိတ်ဆက်ပေးရာတွင် လန်ထျန်ပိုင်က လင်းဇီချန်၏ ကောင်းချက်တစ်ချက်ကိုမျှ ချန်ရစ်ထားခြင်းမရှိပေ။ ဤသို့မဟုတ်ပါက ပါရမီရှင်ဟောင်းများက လင်းဇီချန်မည်မျှ ပါရမီပါသည်ကို သတိမပြုမိဘဲနေကြမည်ကိုစိုးရသည်။

“ကမ္ဘာပေါ်က ဆင့်ကဲပြောင်းလဲမှုစွမ်းရည်က ဒီလို ပါရမီရှင်တွေကို မွေးထုတ်ပေးနိုင်တယ်ဆိုတော့ ပေါ့သေးသေးမဟုတ်ဘူး၊ လော့ချန်းရွှယ် ကို မင်းတို့မယှဥ်နိုင်တာနဲ့ဘဲ ကမ္ဘာမြေသားတွေက မယှဥ်နိုင်ဘူးလို့ တပ်အပ်ပြောလို့မရဘူး။”

သူသည် ဤအကြောင်းအရာနှင့် လင်းဇီချန် ၏ အချက်အလက်များကို ပြောပြနေခြင်းသည် ၎င်းတို့အား စိတ်ဓာတ်ကျစေရန်မဟုတ်ဘဲ ခွန်အားဖြစ်စေရန် ဖြစ်သည်။ သို့မှသာ လော့ချန်းရွှယ် နှင့် ရင်ဆိုင်ရန်အတွက် သက်ပြင်းတချချနှင့် မသိပ်ငယ်တော့မည် ဖြစ်သည်။

လင်းဇီချန် သည် ယခုနှစ်တွင် အသက် ၁၉ နှစ်သာရှိသေးသော်လည်း သွေးမျိုးဆက်စွမ်းအား သတ္တမအဆင့်ရှိကြောင်း ကြားသိရသည်နှင့်တစ်ပြိုင်နက် အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သော ဖုကျုံး ဟုခေါ်သော လူငယ်တစ်ဦးသည် မယုံကြည်နိုင်သည့်အလား မျက်လုံးများပြူးကျယ်သွားသည်။

ကမ္ဘာပေါ်မှာ ကြီးပြင်းလာတဲ့ ပါရမီရှင်တစ်ယောက်တဲ့လား။

အသက် ၁၉ နှစ်တဲ့လား။

သွေးမျိုးဆက်စွမ်းအား အဆင့်မြင့်အဆင့် သတ္တမအဆင့်လား။

လာနောက်နေတာလား။ ငါဆို အသက် ၂၄တောင်ရှိနေပြီ။ ဒီမှာ လေ့ကျင့်ရေးဆင်းနေတာ ၁၆နှစ်ရှိပြီ။ သွေးမျိုးဆက်စွမ်းအားသတ္တမအဆင့်ရောက်ရုံရှိသေးတာ

ဒီကောင်လေးက ဘာလို့ ငါနဲ့ အဆင့်တူနေရမှာလဲ။

ဖုကျုံးက စိတ်ထဲမှ ပေါက်ကွဲလျက်ရှိသည်။ ဤအကြောင်းကို ပိုတွေးမိလေလေ၊ ဒေါသပိုထွက်လေလေဖြစ်လာကာ သူ အိပ်မက်မက်နေသလားဟုပင် တွေးတောမိသည်။

တစ်ဖက်တွင် ရှည်လျားသော အဖြူရောင် ဆံကေသာနှင့် လော့ချန်းရွှယ်သည် အားလုံးနည်းတူ အံ့သြသွားမိသည်။ သူမနှင့် အသက်အရွယ်တူသော လင်းဇီချန်သည် အဆင့်မြင့်အဆင့် သတ္တမအဆင့်သို့ပင် တက်လှမ်းနှင့်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမည်သို့ စွမ်းဆောင်လိုက်သနည်း။ သီအိုရီအရ စဥ်းစားကြည့်မည်ဆိုလျှင် ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များ အလွန်ရှားပါးသည့် ကမ္ဘာသည် အစွမ်းထက်သော သက်ရှိသတ္တဝါများကို မပျိုးထောင်နိုင်ပေ။

“ဒီမှာဘာတွေဖြစ်နေတာပါလိမ့်”

လော့ချန်းရွှယ်က အတင်းအကြပ်စဥ်းစားသော်လည်း အဖြေမရှာနိုင်ခဲ့ပေ။ သို့သော် သူမ၏ မျက်နှာက တည်ငြိမ်နေဆဲဖြစ်ကာ တုန်လှုပ်ခြင်းအလျင်းမရှိပေ။

ကျန်ရှိနေ‌သော အဖွဲ့ဝင် ၃ ယောက်ဖြစ်သည့် လျို့ရှင်းယီ၊ ကောင်းကျန်းယင် နှင့် ရှားလျို့ တို့သည် ဖုကျုံး နှင့် လော့ချန်းရွှယ် တို့ကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်း အနည်းငယ်ပင် မပြဘဲ အေးဆေးတည်ငြိမ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သုံးဦးသည် လင်ဇီချန်အကြောင်းကို လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက လေ့လာခဲ့ပြီးဖြစ်၍ မည်မျှအင်အားကြီးသည်ကို ကောင်းစွာ သိနေသောကြောင့်ဖြစ်သည်။

"မင်းတို့ ငါးယောက်ထဲက တစ်ယောက်ယောက် အချိန်ရရင် ဒီလူသစ်နှစ်ယောက်ကို မြို့ပြင်မှာ လေ့ကျင့်ဖို့ ကူညီလိုက်ပါ၊ ငါကိစ္စလေးရှိလို့ အရင်သွားနှင့်မယ်။” လန်ထျန်ပိုင်က ဤသို့ပြော၍

ပျောက်ကွယ်သွားလေသည်။

သူထွက်ခွာသွားပြီးနောက် ရှန်ချင်းဟန်သည် မနီးမဝေးတွင်ရှိသော လော့ချန်းရွှယ် အား တစ်ချက်ကြည့်ကာ စကားစမြည်ပြောမည် ကြံလိုက်သည်။ သို့ရာတွင် စကားတစ်ခွန်းမှ ပြောမထွက်နိုင်ခဲ့ပေ။ သူမ၏ ပင်ကိုယ်စရိုက်ကား အနည်းငယ်ရှက်တတ်သောကြောင့် ၁၁ နှစ်ကြာ အဆက်အသွယ်မရသော ပိုင်ရွှယ် နှင့် စကားပြောရန်ပင် သူမ အလွန်ရှက်နေသည်။ အခြားရွေးချယ်စရာမရှိသဖြင့် သူမသည် လင်းဇီချန်အား အကူညီတောင်းသော အကြည့်နှင့် လှမ်းကြည့်လိုက်ရာ လင်းဇီချန်သည်လည်း သ‌ဘောပေါက်သွား၍ လော့ချန်းရွှယ် ထံသို့ တိုက်ရိုက်သွားကာ မေးလိုက်သည်။

“ဟယ်လို ငါတို့နှစ်ယောက်ကို မှတ်မိသေးလား”

လော့ချန်းရွှယ်သည် လူမှုပေါင်းသင်းဆက်ဆံရေးတွင် ညံ့သည့်အပြင် ယခုကဲ့သို့ ရုတ်တရက် စကားလာပြောခြင်းကို မမျှော်လင့်ထားသောကြောင့် ခဏတာ ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ သူမသည် ခံစားချက်ကင်းမဲ့ကာ အေးစက်သောလေသံဖြင့်ဖြေလိုက်၏။

“နင်တို့နာမည်တွေကို ခပ်ရေးရေးမှတ်မိတာကလွဲပြီး ငါ ဘာမှမမှတ်မိတော့ဘူး”

ဤစကားကိုကြားသောအခါ ရှန်ချင်းဟန်၏ နှလုံးသားထဲတွင် အတန်ငယ်စိတ်ပျက် အားလျော့သွားသည်။

တကယ်ဘာမှမမှတ်မိဘူး…

ဘယ်လိုဖြစ်နိုင်မှာလဲ…

မူလတန်းကျောင်းတုန်းက အတူတူကစားခဲ့ဖူးတယ်လေ

ကြေကွဲစွာ အတွေးလွန်နေလျက် ရှန်ချင်းဟန်သည် ရုတ်တရက် တစ်ခုခုကို သတိရမိသည်။ သူမ၏ လည်ပင်းတွင် ဝတ်ဆင်ထားသော သားရဲအစွယ် ဆွဲကြိုးကို ချွတ်လိုက်ပြီး လော့ချန်းရွှယ် အား အသံတိုးတိုးဖြင့်ပေးလိုက်၏။

“ပိုင်… စီနီယာအစ်မ၊ ဒီသားရဲအစွယ် ဆွဲကြိုးလေးက ငါနဲ့ ရှောင်ချန်ကို နင်ပေးထားခဲ့တာလေ၊ မှတ်မိလားဟင်။”

ဤသို့ မမေးခင် ရှန်ချင်းဟန်သည် အဘက်ဘက်မှ စဥ်းစားရသည်။ ၏

မူလ ပထမတွင် ပိုင်ရွှယ် ဟု ခေါ်ဝေါ်လိုသော်လည်း လေးစားရမည့် စီနီယာဖြစ်နေသောကြောင့် “စီနီယာအစ်မ” ဟု သုံးနှုန်းလိုက်သည်။ လင်းဇီချန် ကိုလည်း လင်းဇီချန်ဟု မခေါ်ဝေါ် ဘဲ သူမတို့ ကလေးဘဝတွင် ခေါ်ဝေါ်သည့် ရှောင်ချန် ဟူသော အမည်ကိုသာ သုံးနှုန်းလိုက်သည်။

လော့ချန်းရွှယ်သည် ရှန်ချင်းဟန် လှမ်းပေးသော သားရဲအစွယ် ဆွဲကြိုးကို ကြည့်ကာ လှမ်းမယူလိုက်ဘဲ ခေါင်းခါလိုက်သည်။

‘ငါမသိဘူး’

ဒါဆို…

ရှန်ချင်းဟန်က နေရာခက်စွာဖြင့် ပို၍ ခေါင်းခဲသွားရသည်။

ထိုအခိုက်အတန့်တွင် ရှားလျို့ သည် သူ၏ ဂျူနီယာနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ရှားလျို့ ၏အကြည့်ကို မြင်လိုက်ရသောအခါတွင် လျို့ရှင်းယီ နှင့် ကောင်းကျန်းယင်တို့ ချက်ချင်းသဘောပေါက်သွားကာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ဆီသို့ ရန်စ ပြဿနာရှာရန် ရည်ရွယ်၍ သွားခဲ့သည်။

သို့မှသာ ရှားလျို့ တစ်ယောက်ထွက်ပေါ်လာကာ သူရဲကောင်းဇာတ်ခင်းနိုင်မည် ဖြစ်သည်။

“ဟေ့ လူသစ်နှစ်ယောက်၊ မင်းတို့က ဘာတွေလဲ၊ စီနီယာတွေကိုတောင် နှုတ်မဆက်ဘဲ နေနေတာလား၊ မင်းမှာ လေးစားမှု မရှိဘူးလား၊ ဒါမှမဟုတ် ပိုသိပိုတတ်ဖြစ်နေလို့လား” လျို့ရှင်းယီက ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။

လင်းဇီချန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်၍ အနားသို့ ကပ်လာသော ထိုသူကိုကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ ဤပါရမီရှင် ၃ ယောက်သည် လင်းဇီချန်ကဲ့သို့သော လူသစ်များကို အထင်သေးကြကာအနိုင်ကျင့်လိုကြသည်။

“လူသစ်၊ ငါ့ကို ရေခပ်ပေးစမ်း၊ ငါကိုယ်တိုင်ရေခပ်မယ်လို့ မင်းကထင်နေတာလား။”

ထို့အပြင် ရှန်ချင်းဟန် ကိုလည်း ပေါ်တင် ထိကပါးရိကပါးလုပ်၍ လင်းဇီချန်ကို နည်းအမျိုးမျိုးဖြင့် စော်ကားကြမည့်အခိုက်၌ ရှားလျို့ တစ်ယောက် သူရဲကောင်း ပြဇာတ်ကခါနီးတွင် လင်းဇီချန်က ပရိသတ်တစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။

All Chapters