← Chapters

အပိုင်း ၄၁၈-၄၂၀

Vol. 28 Ch. 418-420

အပိုင်း ၄၁၈-၄၂၀

Vol. 28 Ch. 418-420

အပိုင်း (၄၁၈) လူသားမြို့ပြများအပေါ် အစွမ်းကုန်တိုက်ခိုက်မှု ၂

ရှန်ချင်းဟန်သည် အနည်းငယ်တုံ့ဆိုင်းနေပြီးမှ သတ္တိကိုစုစည်းကာ ရှေ့သို့တိုး၍ လော့ချန်းရွှယ်ဆီသို့သွားလိုက်သည်။

“ဟိုလေ … လက်က အဆင်ပြေရဲ့လား”

လျို့ရှင်းယီ၊ ကောင်းကျန်းယင်တို့နှင့် ပြင်းထန်သော ထိပ်တိုက်တွေ့မှုတွင် လော့ချန်းရွှယ်၏ လက်များသည် အရေပြားလန်ကာ ကွဲအက်သည်အထိ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ၎င်းကို ရှန်ချင်းဟန်က စိုးရိမ်တကြီး ကြည့်ရှုနေသော်လည်း လော့ချန်းရွှယ်က အေးစက်စွာဖြင့် ပြန်ဖြေလိုက်၏။

“ကောင်းပါတယ် သိပ်မကြာခင်ပြန်သက်သာလာမှာပါ”

သူမပြန်ဖြေကြားပြီးနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်အရာတစ်ခုသည် သူမ၏ ဒဏ်ရာပေါ်တွင် ရုတ်တရက် ထွက်‌ပေါ်လာသည်။ ရုတ်တရက် ကြည့်ပါက နွားနို့နှင့်တူကာ အနံ့ကား အလွန်ဆိုးသည်။ တဖြည်းဖြည်းဖြင့် ထိုအရာသည် ဓာတ်ပြုပြီးနောက် ဒဏ်ရာများက ချက်ချင်း သက်သာလာ၍ ဏ်ရာမရှိခဲ့သည့်အလား အသစ်ကဲ့သို့ ပြန်လည်သက်သာလာသည်။ ဤအရာကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ရှန်ချင်းဟန်သည် အံ့အားသင့်လျက် ရှိသည်။

သူမနှင့် ရှန်ချင်းဟန် နှစ်ဦးစလုံးသည် ဒဏ်ရာအသက်မြန်စေသော ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။ မည်မျှပင် ဒဏ်ရာပြင်းထန်စေကာမူ သူတို့နှစ်ဦးတွင် ကုသနိုင်စွမ်း အလုံအလောက်ရှိပါက မူလအခြေအနေအတိုင်း အကောင်းပြန်ဖြစ်ရန် ကုသနိုင်စွမ်း ရှိသည်။

သို့သော် ဤမျှလောက် မြန်မြန်ဆန်ဆန် ပျောက်ကင်းသွားခြင်းမျိုးကိုမူ မမြင်တွေ့ဘူးသေးပေ။ ထို့ကြောင့် သူမသည် လော့ချန်းရွှယ်၏ လက်ပေါ်တွင်ရှိသော ထိုအဖြူရောင်အရာတစ်ခုကို စူးစမ်းချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေသည်။ ပြန်လည်စဥ်းစားကြည့်ရာတွင် လော့ချန်းရွှယ်တစ်ယောက် ကျောင်းတွင် ဝိုင်းပယ်ကြဥ်ခံရရခြင်း အကြောင်းရင်းများထဲမှ တစ်ခုသည် သူမ၏ ထူးခြားသော ဆံပင်ဖြူကြောင့်သာမက သူမ၏ ခန္ဓာကိုယ်တွင် မနှစ်မြို့ဖွယ် အနံ့တစ်ခုကို လျှို့ဝှက်ထားသောကြောင့် ဖြစ်သည်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။

တစ်ဖက်တွင်မူ

ရှန်ချင်းဟန်သည် သူမ၏ လက်အား ဆက်တိုက် စောင့်ကြည့်နေသည်ကို လော့ချန်းရွှယ်သတိထားမိသောအခါ မျက်လုံးဝိုင်းကလေးများဖြင့် မျက်စောင်းအနည်းငယ်ထိုးလိုက်သည်။ ရှန်ချင်းဟန်က မိမိကို မနှစ်မြို့ဖွယ်ရနံ့ကြောင့် စိုက်ကြည့်နေသည်ဟု ထင်လိုက်မိ၏။

ထို့ကြောင့် သူမသည် ကြာကြာမနေဘဲ အလျင်အမြန် လှည့်ထွက်ခဲ့ရာ ရှန်ချင်းဟန်သည် သူမအား လှမ်းအော်ချင်သော်လည်း မည်သို့လုပ်ရမည်ကို မသိသဖြင့် သူမ ထွက်သွားသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။

တစ်ချိန်တည်း၌ပင်

လင်းဇီချန်သည် မြေပြင်ပေါ်တွင် သတိလစ်နေကြသော ထိုသုံးယောက်ကို အာရုံမစိုက်တော့ဘဲ အနီးအနားတွင် ရှိသော ဖုကျုံးထံသို့ လမ်းလျှောက်လာခဲ့သည်။ ၎င်းကို မြင်သည်နှင့်တစ်ပြိုင်နက် ဖုကျုံး သည် ထိတ်လန့်တကြား ဖြစ်နေသည်။

စင်စစ်အားဖြင့် လင်းဇီချန်နှင့်သူသည် ပြဿနာတစ်စုံတစ်ခုရှိထားခြင်းမရှိသောကြောင့် ကြောက်လန့်နေစရာအကြောင်းမရှိသော်လည်း လင်းဇီချန် ချဥ်းကပ်လာသောအခါ မကြောက်ဘဲမနေနိုင်ပေ။ သူရဲဘောကြောင်သောကြောင့်မဟုတ်ဘဲ လင်းဇီချန်သည် ထိုလူသုံးယောက်အား ရက်ရက်စက်စက် ရိုက်နှက်လိုက်သောကြောင့် ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သူများသည် ယေဘူယျအားဖြင့် ဆင်ခြင်တုံတရားမရှိကြ၊ ဒေါသထွက်မြန်ကြကာ အပြစ်မဲ့သူများကိုလည်း ပတ်ရမ်းတတ်ကြသည်။ ထို့ကြောင့် လင်းဇီချန်တစ်ယောက် နီးကပ်လာလေလေ ဖုကျုံး ၏ ကျောကုန်းတွင် ချွေးများ စီးကျလာ၍ ခြေထောက်များကို ထိန်းမရဘဲ အားနည်းသွားလေလေ ဖြစ်သည်။ ထို့ကြောင့် ထိုသုံးယောက်နှင့်သူ တစ်ဖွဲ့တည်း မဟုတ်ကြောင်း အလျင်အမြန် အသိပေးလိုက်သည်။

“ငါသူတို့နဲ့ မဆိုင်ဘူး။”

“ငါသိပါတယ်”

မင်းသိပြီးသားကို ဘာလို့ ငါ့ဆီ လာနေတာလဲ၊

ဘေးနားကလူကိုတောင် မင်းကအလွတ်မပေးတော့ဘူးလား

သေစမ်း သားရဲကောင်ကြီး

ဖုကျုံးက စိတ်ထဲမှ ကျိန်ဆဲကာ အရိုက်ခံရမည်ကို ကြောက်လန့်နေသည်။

“နောက်ကျ မြို့ပြင်လေ့ကျင့်ရေးဆင်းရင် မင်း ငါတို့ကို ခေါ်သွားလို့ရမလားလို့ မေးချင်လို့ပါ။” လင်းဇီချန်သည် ဖုကျုံး ရှေ့တွင် ရပ်ကာ ကြင်နာစွာ မေးလိုက်သည်။

ဘာဖြစ်တယ်။

ဆိုတော့ မင်းက လူသစ်လေးတွေအတွက် နည်းပြရှာနေတာပေါ့

လန့်သေတော့မလို့

ဖုကျိုးက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ပြုံး၍ပြောလိုက်သည်။

“ဒါပေါ့ မင်းတို့ကို ပို့ပေးရတာကိုက ငါ့အတွက် ဂုဏ်ယူစရာပါပဲ”

သူက မြှောက်ပင့် ဖားလျားရန် ကြိုးစားနေခြင်းမဟုတ်ဘဲ လင်းဇီချန် နှင့် ရှန်ချင်းဟန်တို့အား လေ့ကျင့်သင်ကြားပေးရန်ကို အမှန်တကယ် ဂုဏ်ယူမိနေခြင်းဖြစ်သည်။ လင်းဇီချန်သည် အသက် ၁၉ နှစ်သာရှိသေးသော လူသစ်ဖြစ်သည်။ ထို့အပြင် သူသည် မူလမြေမှ အရင်းအမြစ်များကို မခံစားရသေးပေ။

သို့သော်လည်း လင်းဇီချန်သည် အသင်းတွင် တတိယအဆင့်ရှိ အစွမ်းထက်သော ရှားလျို့ ကို ရက်စက်စွာ ပညာပြနိုင်ခဲ့သည်။ ဆိုလိုသည်မှာ လင်းဇီချန် သည် ကမ္ဘာပေါ်တွင် အသန်မာဆုံးသော သတ္တဝါများထဲမှ တစ်ယောက်ဖြစ်လာနိုင်ချေရှိသည့်အပြင် ဒဏ္ဍာရီအဆင့်ထိ ရောက်နိုင်ခြေရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယခုဆိုလျှင် လေ့ကျင့်ရေးဆင်းရန်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်ဟု တွေးကာ ရယ်မောလျက် နိုးထလာသည်။

တစ်ဖက်သားက အဆင်သင့်သဘောတူသောကြောင့် လင်းဇီချန်က ပေါ့ပါးစွာပြုံးကာမေးလိုက်သည်။

“ငါ မင်းကို ဘယ်လိုခေါ်ရမလဲ”

ဖုကျုံးသည် သူ့ကိုယ်သူ မမိတ်ဆက်ရသေးသည့်အပြင် လန်ထျန်ပိုင်ကလည်း သူ့ကို မိတ်မဆက်‌ပေးခဲ့ပေ။

“ငါ့နာမည်က ဖုကျုံး၊ ‘ဘက်စ်ကားမောင်းသမား(ဖု) က ‘ဖု’နဲ့ ကျီကျုံးမှာပါတဲ့ ကျုံး၊ ငါက မင်းထက် ငါးနှစ်ပဲကြီးတာဆိုတော့ မင်းငါ့ကို ဖုကျုံးလို့ပဲခေါ်လည်းရတယ်”

ဖုကျုံးက တည်ငြိမ်သောအပြုံးဖြင့် သူ့ကိုယ်သူ မိတ်ဆက်ပေးသည်။

သူသည် ပြုံးလေ့ပြုံးထမရှိသော်လည်း အခုအချိန်တွင် လင်းဇီချန်ကဲ့သို့သောလူနှင့် မျက်နှာချင်းဆိုင် မိတ်ဆက်ရသောအခါတွင် ပြုံးသာပြုံးနေမိတော့သည်။

“ဒါဆို အစ်ကိုကျုံး ပေါ့၊ အစ်ကို ကျုံး မြို့ပြင်ထွက်လေ့ကျင့်မယ့်နေ့ကျရင် ကျေးဇူးပြုပြီး ကျွန်တော်တို့နှစ်ယောက်ကို အတူတူ ခေါ်သွားပေးပါ”

လင်းဇီချန်က ပြုံး၍ တုံ့ပြန်လိုက်သည်။ တစ်ဖက်သားသည် သူ့နာမည်အရင်းအတိုင်း ခေါ်သည်ကို အဆင်ပြေသည်ဟု ပြောခဲ့ပါသော်လည်း “အစ်ကို” ဟု နာမည်ရှေ့တွင် ထည့်ကာ ယဥ်ကျေးစွာခေါ်ဝေါ်သောကြောင့် ဖုကျုံးက အံ့အားသင့်သွားသည်။

လင်းဇီချန်သည် ရှားမိသားစုမှ သုံးယောက်ကို ရိုက်နှက်သည်ကို မြင်လိုက်ရပြီးနောက်တွင် လင်းဇီချန်အား ပေါင်းသင်းရန် ခက်ခဲနိုင်သည်ဟု သူ မသိစိတ်မှ တွေးထင်ခဲ့သော်လည်း ယခုမူကား သူနားလည်မှုလွဲသွားပုံရသည်။ လင်းဇီချန်၏ အကျင့်စရိုက်သည် ပေါင်းသင်းရန် မခက်ခဲသည့်အပြင် ယဥ်ကျေး၍ မာန်မာနလည်းမရှိပေ။

လင်းဇီချန် စိတ်ကျေနပ်စေရန်အတွက် ဖုကျုံးက ဖော်လံဖားသောမျက်နှာဖြင့်ပြောလိုက်၏။

“ပြောရမယ်ဆိုရင် မင်းက မယုံနိုင်လောက်အောင် ချောမောပြီး မြို့တွေကို မှောက်လှန်နိုင်တယ်၊ ငါးတွေ ရေနှစ်ပြီး ငန်းတွေကို မိုးပေါ်ကနေ ပြုတ်ကျစေတယ်၊ လကို ရှက်သွားစေပြီး ပန်းတွေ နီရဲလာစေတယ်၊ မင်းကို မြင်လိုက်ရတာက တခြားသူတွေကို သိမ်ငယ်စေတယ်”

တိုင်းနဲ့ ပြည်နယ်တွေကို မှောက်နိုင်တယ်..?

ငါးတွေကို ရေနှစ်ပြီး ငန်းတွေကို ပြုတ်ကျစေနိုင်တယ်…?

လကို ရှက်စေပြီး ပန်းတွေကို နီမြန်းလာစေတယ်..?

ဒီစကားပုံတွေကို ဒီလိုသုံးလို့ရတာလား။

ဤသို့ဖြင့် လင်းဇီချန် အနည်းငယ် အံ့သြသွားရသည်။ သူရွဲ့စောင်း၍များပြောနေသလော ဟူ၍လည်း တွေးကာ အနည်းငယ် တုန်လှုပ်နေမိသည်။

“မင်းတို့နှစ်ယောက် အဆင်ပြေနေပုံရတယ်၊ သိပ်မကြာခင်က စုံတွဲတစ်တွဲအဖွဲ့ထဲကို ဝင်မယ်လို့ သခင်ယဲ့ ပြောတာကို ငါကြားဖူးတယ်၊ အဲဒါ မင်းတို့နှစ်ယောက်ပဲ ဖြစ်မယ်ထင်တယ်၊ ဟုတ်လား” ဖုကျုံးက ရွှင်မြူးစွာမေး၏။

လင်းဇီချန်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် အစ်ကို အဲ့တာ ကျွန်တော်တို့ပဲ”

အပြုသဘောဆောင်သော တုံ့ပြန်မှုရရှိပြီးနောက်

ဖုကျုံး သည် ပိုမိုစိတ်အေးလက်အေးဖြစ်လာကာ ရှန်ချင်းဟန် ကိုလည်းပြောလိုက်သည်။

“ဪ၊ ချင်းဟန်က မင်းလိုပဲ ရုပ်ရည်ချောမောတာပဲ။ မင်းတို့နှစ်ယောက်လုံးက အရပ်မြင့်ပြီး ခန့်ညားတယ်၊ ကြော့ရှင်းပြီး ပြတ်ပြတ်သားသားလည်းဖြစ်တယ်၊ မင်းနဲ့ တကယ်ကို လိုက်ဖက်တဲ့သူပါ။”

အမျိုးသမီးတစ်ဦးရဲ့အလှကို ချီးမွမ်းရန် ဤသို့သော စကားလုံးများကို ပြောနေခြင်းသည် ရည်ရွယ်ချက်ရှိ၍လော၊ နှုတ်ချော်သွားခြင်းလော။

ဤသို့ဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အမှန်တကယ်ပင် ဝေခွဲရခက်လျက်ဖြင့် ဖုကျုံးက ထိုအသုံးအနှုန်းများ၏ အဓိပ္ပါယ်များကို နားမလည်၍ သုံးခြင်းလော၊ သို့မဟုတ် ရွဲ့စောင်းနေခြင်းလော မဆုံးဖြတ်နိုင်ကြတော့ပေ။

အဆုံးတွင် ရှန်ချင်းဟန်သည် မထိန်းနိုင်ဘဲ မဝံ့မရဲ အသံဖြင့်ပြောလိုက်သည်။

“အမ်... အစ်ကိုကျုံး၊ အစ်ကို သုံးတဲ့ အသုံးအနှုန်း မှားနေတယ်ထင်တယ်၊ မြို့ရွာတွေကို မှောက်လှန်တာ၊ ငါးတွေ ငန်းတွေ နစ်မြုပ်တာ၊ ပြုတ်ကျတာ၊ လရှက်သွေးဖြာတာ ပန်းတွေနီရဲလာတာ အဲဒါတွေက မိန်းမတွေကို ချီးကျူးဖို့အတွက်ဖြစ်ပြီး အရပ်ရှည်တယ်၊ ခန့်ညားတယ်၊ ပြတ်သားတယ်၊ တောက်ပြောင်တယ်၊ ကဗျာဆန်ပြီး ဆွဲဆောင်မှုရှိတာတွေက ယောက်ျားတွေကို ချီးမွမ်းဖို့လေ”

“.....”

“အင်း၊ အားလုံးက အတူတူပါပဲ၊ ဒီအသေးအမွှားအသေးစိတ်တွေကို စိတ်ထဲမထည့်ပါနဲ့”

“ငါ ဒီမူလမြေကိုရောက်တော့ မူလတန်းကျောင်းကို မတက်ရသေးသလို အသက်လည်း မပြည့်သေးဘူး၊ စာလည်းအများကြီး မဖတ်ဖူးခဲ့ဘူး၊ တော်တော်များများက အပေါ်ယံလောက်ပဲ သိတာဆိုတော့ ဒီလို အသုံးအနှုန်းမှားတာကတော့ ပုံမှန်ပါပဲ၊ သိပ်အလေးအနက်မထားပါနဲ့။”

“ကျွန်တော်နားလည်ပါတယ်’ လင်းဇီချန်က ဖြေ၍ ပြုံးပြသည်။

လူမှုရေးကြောင့် မဟုတ်ဘဲ သူအမှန်တကယ် နားလည်၍ ထိုသို့ဖြေလိုက်ခြင်းဖြစ်သည်။

မိုဘိုင်းလ်ဖုန်း သို့မဟုတ် ကွန်ပြူတာမရှိသော မူလမြေကဲ့သို့ လူဆိတ်ညံသောနေရာတွင် ပညာရေးဆိုင်ရာ အကြောင်းအရာများနှင့် ထိတွေ့ရန် ခက်ခဲသည်။ ဤကဲ့သို့သော နေရာမျိုးတွင် ကြီးပြင်းလာရသောကြောင့် ယဉ်ကျေးမှုနှင့် အသိပညာကို အချိန်မပေးမိဘဲ စာမတတ်သူ ဖြစ်လာခြင်းသည် အထူးအဆန်းမဟုတ်ပေ။

…

မှောင်မိုက်နေသော နန်းတွင်းတစ်ခုထဲတွင်၊

ယောက်ျားတစ်ယောက်သည် မှောင်မိုက်သော မြူခိုးများဖုံးလွှမ်းနေသည့် အနက်ရောင် ပလ္လင်ပေါ်တွင် ထိုင်နေ၏။

သူ့အောက် အမှောင်ထု မြူခိုးများကြားတွင် သွယ်လျသော အမျိုးသမီးတစ်ဦးက အသက်မဲ့စွာပြော၏။

“အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက်မှာ ကမ္ဘာမြေရဲ့ မူလလက်ခံစွမ်းအားက အရမ်းအားနည်းလာတယ်၊ လမ်းကြောင်းအသစ်တစ်ခု တည်ဆောက်သင့်သလား။

“အထက်လူကြီးတွေက ငြင်းတယ်၊ လမ်းကြောင်းအသစ်တစ်ခုဖောက်ဖို့၊ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူတွေကို ထားရှိဖို့ အချိန်အတော်ကြာဦးမယ်။”

“မြို့ကို ချက်ခြင်းဝိုင်းရံရအောင်၊ အရင်ကင်းထောက်ပြီးမှ တဖြည်းဖြည်း ခုခံကြမယ်။”

“အဲ့အကြောင်းအချက်အလက်တွေကို ကမ္ဘာပေါ်က သန်မာတဲ့လူတွေကို ဆွဲဆောင်ဖို့ ထုတ်လိုက်ပါ”

‘ပြီးရင် မြို့ကို တိုက်ခိုက်ကြမယ်။”

အခန်း(၄၁၉) သခင်အဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်ကို ချက်ချင်း သုတ်သင်ခြင်း

ရက်ပေါင်း ဆယ်ရက်ကြာသောအခါတွင် ၎င်းတို့က စွန့်စားခန်းအသစ်များကို ကြုံတွေ့ရသည်။ ပါရမီရှင် လူငယ်လူရွယ်များသည် မြို့ပြင်လေ့ကျင့်ရေးမှ မြို့တွင်းသို့ ပြန်လည်ရောက်လာကြသည်။ ဤသည်မှာ ကြုံတောင့်ကြုံခဲအခြေအနေဖြစ်၍ လန်ထျန်ပိုင် သည် အားလုံးအတူတကွရှိရန် အဖွဲ့ဝင်အားလုံးကို နံနက်ပိုင်းအစည်းအဝေးတစ်ခုအတွက် စုရုံးလိုက်သည်။

…..

ရှင်းရှင်းလင်းလင်းရှိသည့် တောအုပ်အတွင်းတစ်နေရာတွင် လန်ထျန်ပိုင် အပါအဝင် စုစုပေါင်း လူ ၂၈ ဦးသည် သစ်ပင်ပင်စည်များကိုမှီ၍ ပေါ့ပေါ့ပါးပါး စက်ဝိုင်းပုံစံ ဖွဲ့ကာ သို့မဟုတ် သစ်ပင်ပေါ်တွင် ရိုးရိုးထိုင်ကာ သက်တောင့်သက်သာဖြင့် စုရုံးနေသည်ကို တွေ့ရသည်။

“အဲ့နှစ်ယောက်က ဘယ်သူလဲ”

“ဒီလောက် ဆွဲဆောင်မှုရှိတာ ကမ္ဘာပေါ်က နာမည်ကြီးတွေထက်တောင် ပိုကြည့်ကောင်းတယ်။”

“သူတို့က သခင်ယဲ့ ပြောနေတဲ့ စုံတွဲပဲလား၊ အဖွဲ့ထဲဝင်မယ်လို့ ပြောခဲ့တဲ့ စုံတွဲတွေလေ။”

…..

လေ့ကျင့်ရေးမှ ပြန်ရောက်လာကြသော ပါရမီရှင်များသည် လင်းဇီချန် နှင့် ရှန်ချင်းဟန် တို့ကို တစ်ခါမျှ မမြင်ဖူးဘဲ သူတို့၏ ရုပ်ရည်ချောမောမှုကြောင့် သူတို့နှစ်ယောက်အား စူးစူးစိုက်စိုက်ကြည့်ကာ အကဲဖြတ်နေကြသည်။

လန်ထျန်ပိုင် သည် သူ့ပတ်ဝန်းကျင်မှ စကားများကိုကြားရပြီးနောက် လင်းဇီချန်နှင့် ရှန်ချင်းဟန် ထံသို့ လျှောက်သွားကာ ပြောလိုက်သည်။

“ဒီကောင်ချောလေးနဲ့ မိန်းမလှလေးကတော့ သခင်ယဲ့ ပြောပြောနေတဲ့ ကမ္ဘာမြေပေါ်က ပါရမီရှင်နှစ်ယောက်ပါ၊ သူတို့က ပြီးခဲ့တဲ့လကပဲ အဖွဲ့ထဲ ဝင်လာခဲ့တာ၊ လေ့ကျင့်ရေးဆင်းတဲ့အခါ သူတို့ကို မှတ်မိဖို့ သိအောင်လုပ်ထားကြပါ။”

“အားရှန်၊ ထောင်ဇစ်၊ မင်းတို့နှစ်ယောက် သခင်အဆင့်ထိ ဘယ်လိုလုပ်ရောက်လာတာလဲ။ ငါတို့ကို ရှင်းပြပါဦး။”

လန်ထျန်ပိုင်က ကျောက်ချင်ရှန်း နှင့် ကျန်းထောင်းတို့၏ အရှိန်အဝါက ပိုမိုအားကောင်းလာသည်ကို အာရုံရသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။

ဤလေ့ကျင့်ရေးခရီးစဉ်မတိုင်မီတွင် ထိုသူနှစ်ယောက်သည် သခင်အဆင့်သို့ ခြေတစ်လှမ်းသာလိုတော့သော အဆင့်မြင့်အဆင့်နဝမအဆင့်တွင်ရှိခဲ့ကြသည်။

ယခု နှစ်နှစ်ခွဲကျော် အကြာတွင် သခင်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် နည်းပြက အံ့သြနေခြင်းဖြစ်သည်။

“တကယ်တော့ များများစားစားတော့မဟုတ်ပါဘူး။ ကံကောင်းတယ်လို့တောင် ပြောရမယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ သွေးမိတ်ဆွေတောင်ကြားမှာ သွေးဝိညာဉ်သစ်ပင်ကို ဝင်တိုက်မိတာနဲ့ သွေးဝိညာဉ်အသီးနှစ်လုံး ကြွေကျလို့ စားပြီး အခုလို သခင်အဆင့်ထိရောက်သွားတာ” ကျောက်ချင်ရှန်းက နှိမ့်ချစွာဖြင့် ပြောလိုက်ရာ အခြားသူများသည် နားထောင်နေလျက် အားကျနေကြသည်။

သွေးဝိညာဉ်အသီးများသည် အလွန် အဖိုးထိုက်သော အသီးများဖြစ်သောကြောင့် ၎င်းတို့နှစ်ယောက် ထိုသစ်ပင်ကို ဝင်တိုက်မိခြင်းသည် အတိုင်းထက်လွန်သော ကံကောင်းမှုတစ်ခုဖြစ်သည်။

သွေးမိတ်ဆွေတောင်ကြားတွင် မလေ့ကျင့်ရသေးသော အခြားအဖွဲ့ဝင်များသည် သူတို့ အခွင့်အ‌ရေးကောင်းတစ်ခု လွတ်သွားပြီထင်သောကြောင့် မျက်နှာပေါ်တွင် နောင်တများအတိုင်းသားပေါ်လာသည်။

၎င်းကို သတိထားမိသည်နှင့် လန်ထျန်ပိုင်က ပြောလိုက်၏။

“သွေးဝိညာဉ်အသီးနှစ်လုံး ကြွေကျလာတာက ကံကောင်းမှုတစ်ခုလို့ တကယ်ထင်နေတာလား။”

“ဒီလူနှစ်ယောက်က သွေးဝိညာဉ်သစ်ပင်ရှိတဲ့ သွေးမိတ်ဆွေတောင်ကကြားမှာ လေ့ကျင့်ဖို့တမင်ရွေးချယ်ခဲ့ကြတယ်၊ သူတို့ ကံကောင်းတယ်လို့ မင်းထင်လား”

“ဒါ့အပြင် သွေးမိတ်ဆွေတောင်ကြားမှာ သခင်အဆင့် သတ္တဝါတွေနဲ့ပြည့်နေတယ်။

သူတို့နှစ်ယောက်က ကျွမ်းကျင်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်လို့သာ အဲ့နေရာမှာ လေ့ကျင့်နိုင်တာပေါ့။”

“တခြားအဖွဲဝင်တွေ၊ ဥပမာ ရှားလျို့ လို လူတစ်ယောက် အဲ့တောင်ကုန်းပေါ်‌ ရောက်သွားရင် ခြေတစ်လက်မတောင် ရွေ့ဖို့ ရုန်းကန်နေရမှာ၊ သတိလွတ်သွားရင်တော့ သေမှာပဲ။”

“အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ ရလာတဲ့အရာလို့ မတွေးနဲ့။”

“တစ်ယောက်ယောက်ကများ မင်းကို အေးအေးဆေးဆေး မျက်နှာထားနဲ့ သူတို့ လွယ်လွယ်ကူကူ အောင်မြင်လာတယ်လို့ပြောရင် ကြွားနေတာပဲ”

ထိုသို့ပြောနေစဉ်တွင်ပင် လျန်ထျန်ပိုင်သည် သွေးစွမ်းအင်များကို ရုတ်တရက် ထုတ်လွှတ်လျက် ကျောက်ချင်ရှန်း နှင့် ကျန်းထောင်းတို့၏ အပေါ်အဝတ်များကို လှန်လိုက်ရာ ဒဏ်ရာဒဏ်ချက်များကို မြင်လိုက်ကြရသည်။ အချို့သော ဒဏ်ရာများသည် အလွန်နက်ရှိုင်းကာ အရိုးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သောကြောင့် ထိတ်လန့်ဖွယ်ရာပင်ဖြစ်သည်။

“ဒါကို မင်းတို့မြင်လား”

လန်ထျန်ပိုင်က ပတ်ပတ်လည်တွင်ရှိသော အဖွဲ့ဝင်များကို လှမ်းကြည့်လိုက်သည်။

“ဘယ်အောင်မြင်မှုမဆို ခက်ခက်ခဲခဲ ယူရတာပဲ၊ လွယ်လွယ်ကူကူ မတွေးလိုက်နဲ့”

ကျောက်ချင်ရှန်း နှင့် ကျန်းထောင်းတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှ ဒဏ်ရာများကို မြင်လိုက်ရသော လူအားလုံးသည် တွေဝေနေကြကာ ၎င်းတို့၏ အားကျစိတ်များသည် လေးစားမှုအဖြစ်သို့ ပြောင်းသွားသည်။ အကယ်၍ ၎င်းတို့တွင်သာ ဤသို့သော အဖြစ်များကို သူတို့တွေ့ကြုံခဲ့ရမည်ဆိုပါက ၎င်းလုပ်ရပ်အစား ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များရရှိရန် ပိုမိုဘေးကင်းသောနည်းလမ်းကို ရွေးချယ်မည်ဖြစ်သည်။

“ဇီချန်၊ ကျန်းထောင်းကို ကြည့်ရတာ အရမ်းသန်မာမယ်ထင်တယ်၊ ဗိုက်က ပွင့်လုနီးပါးဖြစ်နေတာတောင် သူက ဘာမှမမဖြစ်ဘဲ မတ်တပ်ရပ်နေတယ်၊ ငါသာဆိုရင် နာလွန်းလို့သေမှာပဲ” ရှန်ချင်းဟန်က ခပ်တိုးတိုးပြောလိုက်သည်။

“တကယ် သန်မာတာပဲ၊ သခင်အဆင့်ရောက်သွားရင် ခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံတွေက ထူးခြားတယ်။”

ဤသို့ပြောနေသည့်တိုင် လင်းဇီချန်၏ အကြည့်က ကျန်းထောင်း၏ ဝမ်းဗိုက်မှ ကုသ၍မရနိုင်သော သွေးများစီးကျနေသည့် အပေါက်ကြီးကိုကြည့်နေသည်။

ကျန်းထောင်း၏ ဝမ်းဗိုက်ဒဏ်ရာ၏ ဒဏ်ရာအပေါက် အစွန်းတစ်ဝိုက်တွင် ခရမ်းရောင်အရည်များ အဆက်မပြတ် စိမ့်ထွက်နေ၍ အသားများအသစ်ပြန်လည်ဖြစ်လာခြင်းမှ တားဆီးထားသည်ကို သူမြင်လိုက်ရသည်။

အဲ့တာ အဆိပ်တွေလား

သူဘယ်လိုရလာတာလဲ

ဆန်းကြယ်သားရဲတွေလား

ဒါမှမဟုတ် ဆန်းကြယ်သစ်ပင်တွေလား

ငါရဲ့ ‘အဆိပ်တစ်ထောင်ခံနိုင်စွမ်း’က အဲ့တာကို ကာကွယ်နိုင်မလားသိချင်မိတယ်

ဤအတွေးများက လင်းဇီချန်၏ ခေါင်းထဲတွင် ပေါ်လာကာ သခင်အဆင့်တိုက်ခိုက်သူများကို ထိခိုက်စေနိုင်သော အဆိပ်များအကြောင်း သိချင်လာသည်။

“ကျန်းထောင်း၊ မင်း ဝမ်းဗိုက်က ဒီဒဏ်ရာအပေါက်က သူ့ဘာသူပျောက်သွားမှာ မဟုတ်ဘူး၊ အခုသွားကုကြမလား။” ကျောက်ချင်ရှန်းက ကျန်းထောင်း ကိုကြည့်၍ မေးလိုက်သည်။

ကျန်းထောင်း၏ တည်ငြိမ်သောအမူအရာသည် ပျောက်ကွယ်မသွားဘဲ ‌အေးဆေးနေဆဲဖြစ်သည်။

“အပေါက်သေးသေးလေးပဲ၊ ထူးထူးခြားခြား ကုသစရာ မလိုပါဘူး၊ နောက်ထပ် နာရီနည်းနည်းကြာရင် သက်သာသွားမှာ”

“မိုက်တယ် သန်မာချက်”

ကျောက်ချင်ရှန်းက ရယ်မောလျက် ပြောလိုက်သော်လည်း အတွင်းစိတ်တွင် ဒေါသဖြင့် ကျိန်ဆဲလိုက်သည်။

‘အခြားလူတွေရှေ့မှာ ကြွားဖို့လောက်နဲ့ ဒဏ်ရာကုဖို့ ငြင်းနေတာ ရူးနေတာမဟုတ်ရင် ဘာဟုတ်မလဲ’

“စကားမစပ်၊ ရှားလျို့ နဲ့ တခြားနှစ်ယောက်က မြို့ပြင်မှာ လေ့ကျင့်နေတုန်းပဲလား၊ ဘာလို့ ဒီမှာမလာကြသေးတာလဲ”

ကျန်းထောင်းက ကျောက်ချင်ရှန်းကို ကြည့်၍ မေးလိုက်သည်။

ကျောက်ချင်ရှန်းကလည်း ဆွံ့အသွား၏။

“မင်းဘာလို့ငါ့ကိုလာမေးနေတာလဲ၊ ငါက ဒီနေ့မှ မင်းနဲ့အတူတူ လေ့ကျင့်ရေးက ပြန်လာခဲ့တာလေ”

အပိုင်း (၄၂၀) သခင်အဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်ကိုချက်ချင်း သုတ်သင်ခြင်း

နှစ်ယောက်စလုံးသည် လေ့ကျင့်ရေးပြီးလျှင်ပြီးချင်း မြို့သို့ပြန်ရောက်လာကြကာ မနက်ပိုင်းအစည်းအဝေးကို တန်းတန်းမတ်မတ်ရောက်လာကြသောကြောင့် လင်းဇီချန်လက်ချက်ကြောင့် ရှားလျို့ တို့ သုံးဦးသား သေလုနီးပါးဖြစ်သွားသည့်အကြောင်းကို မသိရှိရသေးပေ။

“ရှားလျို့၊ လျို့ရှင်းယီ နဲ့ ကောင်းကျန်းယင်တို့က ပြန်သက်သာလာဖို့ အိမ်ရာမှာ နားနေကြတယ်” မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဖုကျုံးက တည်ငြိမ်သောအသံဖြင့် ပြောသည်။

“သူတို့ ဘာဖြစ်သွားတာလဲ၊ အဲဒီရေခဲစပါးအုံးမြွေကြီးနောက်ကိုလိုက်ရင်းနဲ့ ခံလိုက်ရတာလား” ကျောက်ချင်ရှန်းက ပြော၏။

ပြောရခြင်းမှာ သူသည် ထိုသုံးယောက် ရေခဲစပါးအုံးမြွေကြီးကို အမဲလိုက်ရမည့်အကြောင်းကို ရှားလျို့ ထံမှ ကြားသိပြီးသားဖြစ်၍ ဖြစ်သည်။ ထိုမြွေကား သွေးမျိုးဆက်စွမ်းအားအဆင့်မနိမ့်သည့်အပြင် အဆင့်မြင့်အဆင့် နဝမအဆင့် အထွတ်အထိပ်တွင်ရှိနေသည်။

သို့သော် ထိုမြွေသည် ကိုယ်ဝန်ဆောင်ထားသောကြောင့် ကြံ့ခိုင်မှုမှာ သိသိသာသာ ကျဆင်းနေသည်။ ထို့ကြောင့် ယုတ္တိကျကျ စဥ်းစားမည်ဆိုပါက

ရှားလျို့ နှင့် အခြားသူများသည် ထိုမြွေကို အောင်မြင်စွာ လိုက်လံရှာဖွေနိုင်သင့်သည်။ သို့သော် လက်တွေ့တွင် သူတို့သည် အမဲလိုက်ခြင်းကို ရှုံးနိမ့်ရုံသာမကဘဲ အိပ်ယာပေါ်၌သာ ကုသမှုခံယူလျက် အချိန်ကုန်ဆုံးသွားကြသည်။ ဤသည်ကို အမှန်တကယ် နားလည်ရခက်သည်။

ကျောက်ချင်ရှန်း နှင့် ကျန်းထောင်းတို့သည် ဤအရာကို တွေးတောနေစဉ်တွင် နည်းပြဆရာဖြစ်သည့် လန်ထျန်ပိုင်က ပြုံး၍ပြောလိုက်၏။

“မင်းတို့ ယုံမှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ရှားလျို့ နဲ့ သူ့အဖွဲ့က မြွေကို ရှုံးသွားတာ မဟုတ်ဘူး၊ ငါတို့အဖွဲ့ထဲဝင်လာတဲ့ ဒီလူသစ်ကို ရှုံးနိမ့်သွားတာ”

ဘာ

ကျောက်ချင်ရှန်း နှင့် ကျန်းထောင်း အပါအဝင် လူဆယ်ဦးနီးပါးသည် ခေတ္တ အံ့အားသင့်သွားပြီးနောက် မျက်နှာများထက်၌ ထိတ်လန့်သော အရိပ်အယောင်များပေါ်လာသည်။

ရှားလျို့ နဲ့ သူ့အဖွဲ့ကို လူသစ်တစ်ယောက်က သေလုမြောပါးဖြစ်အောင်ကို ရိုက်လိုက်တယ်တဲ့လား။

အဲ့တာ ဘယ်လိုဖြစ်နိုင်မလဲ။

ရှားလျို့ ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်အဆင့် နဝမအဆင့်တွင်ရှိနေသည်။

ကျန်ရှိသော လျို့ရှင်းယီ နှင့် ကောင်းကျန်းယင်တို့သည် အဆင့်မြင့်အဆင့် အဌမအဆင့်တွင်ရှိကြသည်။ ၎င်းတို့ သုံးဦးသာ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ပါက အဆင့်မြင့်အဆင့် နဝမအဆင့်အထွတ်အထိပ်ရှိသူကိုပင် အနိုင်ယူရန် အခွင့်အလမ်း ရှိသည်။

ယခုကဲ့သို့ လူသစ်တစ်ယောက်အား ရှုံးမည်ဆိုပါက ဤလူသစ်သည် မည်သည့်အဆင့်သို့ ရောက်နေနိုင်မည်နည်း။

သခင်အဆင့်လား

မဖြစ်နိုင်တာ..

မဖြစ်နိုင်တာ သေချာတယ်။

“အစ်ကိုပိုင်၊ မင်းတကယ်ပြောတာလား၊ မင်းနောက်နေတာမဟုတ်ဘူးလား။”

ကျောက်ချင်ရှန်းက သံသယဖြင့် ထုတ်မေးလိုက်သည်။

သူစတင်ဝင်ရောက်စဉ်ကတည်းက အသင်းခေါင်းဆောင်ဖြစ်ခဲ့သော လန်ထျန်ပိုင် နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။

“မယုံနိုင်စရာဆိုပေမယ့် တကယ်အမှန်ပဲ။ လူတော်တော်များများလည်း အဲ့နေ့က ဖြစ်သွားတာကို မြင်လိုက်ရသလို မြို့တော်သခင်ဆီကလည်း အတည်ပြုချက်ရရှိထားပြီးသား”

ဤတုံ့ပြန်မှုကို ကြားလိုက်သောအခါတွင် အားလုံး၏မျက်လုံးများတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

အဖွဲ့ထဲမ၀င်ခင် သာမန် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်နည်းတဲ့ ကမ္ဘာမြေပေါ်မှာ ကြီးလားတဲ့ ၁၉နှစ် လူသစ်တစ်ယောက်က သခင်အဆင့်တိုက်ခိုက်ရေးသမားတစ်ယောက်ကို ယှဥ်နိုင်တာလား

ဘာတွေဖြစ်နေတာလဲ

မေးခွန်းများစွာဖြင့် ၎င်းတို့အားလုံးက နားမလည်နိုင်ဖြစ်နေကြသည်။

“မင်းက လင်းဇီချန် လို့ခေါ်တယ်ဟုတ်လား၊ ငါနဲ့ တစ်ပွဲလောက် လက်ရည်စမ်းကြည့်ချင်လား။” ကောင်းကျစ်လုံ အမည်ရှိ လူငယ်သည် မတ်တပ်ထရပ်၍ လင်းဇီချန်ကို စိန်ခေါ်လိုက်သည်။

လင်းဇီချန်သည် သခင်အဆင့် တိုက်ခိုက်ရေးသမားနှင့် ယှဉ်နိုင်သော ခွန်အား အမှန်တကယ်ရှိကြောင်းကို သူ မယုံကြည်သောကြောင့် စစ်ဆေးလိုခဲ့ခြင်းဖြစ်သည်။

လင်းဇီချန် သည် ကောင်းကျစ်လုံ ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် “အန္တရာယ်ကို အာရုံခံနိုင်စွမ်း” ဖြင့် သူ၏ သွေးမျိုးဆက်စွမ်းအားဆိုင်ရာ အချက်အလက်ကို ချက်ချင်းသိရှိသွားခဲ့သည်။

သွေးမျိုးဆက်စွမ်းအား အဆင့်မြင့် နဝမအဆင့်

ဆန်းကြယ်သားရဲ ခုနှစ်မျိုးဖြင့် ပေါင်းစပ်ထားသည်။

သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်နှစ်မျိုးလုံး ကျင့်ကြံထားသည်။

အလွန်သန်မာသည်။

ဒါပေမယ့် မင်းက ငါ့ရှေ့မှာတော့ မလုံလောက်သေးဘူး…။

လင်းဇီချန်က ဤသို့တွေး၍ တည်ငြိမ်စွာပြောလိုက်သည်။

“မင်း အားနည်းလွန်းတယ်၊ မင်းနဲ့တိုက်ကြည့်ရတာ အဓိပ္ပါယ်မရှိဘူး”

“မင်း…”

ကောင်းကျစ်လုံက သွေးအန်လုမတက် ဒေါသထွက်သွားရသည်။

“ငါက နည်းပြလန် ပြောသလို မင်းသန်မာလားပဲ သိချင်တာ။”

စကားမဆုံးခင်မှာပင် ကောင်းကျစ်လုံ၏ကြံ့ခိုင်သော ခန္ဓာကိုယ်က စတင် အသွင်ပြောင်းလာသည်။

မျက်လုံးများက သွေးချင်းနီလာကာ အရေပြားသည် အနက်ရောင်အကြေးခွံများအဖြစ် ပြောင်းသွားသည်။ သူ့လက်မောင်းတွင် ချွန်ထက်သော အရိုးများသဖွယ် ဓားသွားမျာလည်း ပေါက်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရုပ်ဆိုးသောလူငယ်တစ်ဦးမှ စွမ်းအားကြီးကာ ရောင်ဝါဖြာထွက်နေသော သူရဲကောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ကောင်းကျစ်လုံက အရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ ‌ရွေ့လျားသွားကာ လင်းဇီချန်ဆီသို့ ချီတက်သွားသည်။

ဤပေါက်ကွဲထွက်နှုန်းသည် အမှန်တကယ်ပင် နဝမအဆင့် ဖြစ်သည်။

ကောင်းကျစ်လုံသည် အမှန်တကယ်ပင် တိုးတက်လာသည်။ အဖွဲ့ဝင်များအားလုံး၏ မျက်နှာများပေါ်တွင် အံ့သြမှုများ ပေါ်လာသည်။ ကောင်းကျစ်လုံ သည် သူ၏လေ့ကျင့်မှုအပြီးတွင် နဝမအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားကြပေ။

တွေးကြည့်ပါက ကောင်းကျစ်လုံသည် အသက် ၂၂ နှစ်ပင် မပြည့်သေးပေ။ အသက် ၂၂ နှစ်တွင် အဆင့်မြင့်အဆင့် နဝမအဆင့်သို့ ရောက်သောကြောင့် ဤအရာက ကျောက်ချင်ရှန်း နှင့် ကျန်းထောင်း တို့ကို အမှီလိုက်နိုင်လုနီးပါးဖြစ်သည်။ ကောင်းကျစ်လုံကြောင့် လူတိုင်း အံ့သြသွားကြသည်။

ဘမ်း

လူတစ်ယောက် လွင့်ထွက်သွား၏။

ကောင်းကျစ်လုံ…

လူတိုင်း၏အကြည့်များအောက်တွင် ကောင်းကျစ်လုံသည် လွင့်ထွက်၍ ကောင်းကင်ထံ ထိုးထွက်နေသော ဧရာမသစ်ပင်ကြီးတစ်ပင်ကို ပြင်းထန်စွာ တိုက်မိကာ ပင်စည်ထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်ဝင်သွားသည်။

“ဘာဖြစ်သွားတာလဲ။”

ကောင်းကျစ်လုံ၏ လွင့်ထွက်သွားမှုကို ရှင်းရှင်းလင်းလင်းမမြင်ရသဖြင့် လူတိုင်းနီးပါး ထိတ်လန့်သွားကြသည်။

သခင်အဆင့်တိုက်ခိုက်ရေးသမားများဖြစ်သော လန်ထျန်ပိုင်၊ ကျောက်ချင်ရှန်း၊ နှင့် ကျန်းထောင်း တို့ကသာ ကောင်းကျစ်လုံက လင်းဇီချန်၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားခြင်းဖြစ်ကြောင်း သိလိုက်ကြသည်။

အဖြစ်အပျက်တစ်ခုလုံးသည် မီလီစက္ကန့်အနည်းငယ်အတွင်းသာ ကြာသောကြောင့် မည်သူမျှ မတုံ့ပြန်နိုင်ခဲ့ကြပေ။

“မင်းက တကယ်ကို မယုံနိုင်လောက်အောင် သန်မာတာပဲ၊ ငါနဲ့ ပြိုင်ကြည့်ရအောင်”

ဤစကားသံထွက်လာပြီးနောက် ဝမ်းဗိုက်ဒဏ်ရာဖြင့် ကျန်းထောင်က လူအုပ်ကြားထဲမှ ထွက်လာသည်။ သူက လေထဲသို့ ဆင်သက်သွားသည်နှင့် သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများသည် ပူဖောင်းကဲ့သို့ ဖောင်းကား၍ လျင်မြန်စွာ ကြီးထွားလာကာ မူလက အရပ် ၁.၉ မီတာမှ တစ်ဟုန်ထိုး ၃ မီတာအထိ တိုးလာခဲ့သည်။

ကြီးလိုက်တာ

သူ ဘယ်လိုလုပ် ဒီလောက်ကြီး ကြီးသွားတာလဲ

ဒါ သခင်အဆင့်တိုက်ခိုက်ရေးသမားဆိုတာလား

အရမ်းကြောက်ဖို့ကောင်းတယ်

ဧရာမအကောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်ကာ ကြည့်ရှုသူအများအပြားက အလွန်တုန်လှုပ်သွားကြသည်။

“ဝုန်း”

“ဝုန်း”

“ဝုန်း”

အသံများထွက်ပေါ်လာပြီး ကျန်းထောင်းသည် လေးလံသော ခြေလှမ်းများဖြင့် လင်းဇီချန်ဆီသို့ လျှောက်လာသည်။ ကျန်းထောင်း၏ တင့်ကားကဲ့သို့ ဖိအားကို ရင်ဆိုင်နေရသော်လည်း လင်းဇီချန်သည် တုန်လှုပ်ခြင်းမရှိဘဲ တစ်ချိန်လုံး ငြိမ်သက်စွာ ရပ်နေသည်။

“နည်းနည်း နောက်ပြန်ဆုတ်”

လင်းဇီချန်က ရှန်ချင်းဟန် နားကပ်ကာ သတိပေးလိုက်သည်။ ရှန်ချင်းဟန်သည် အသံမထွက်ဘဲ လင်းဇီချန် ပြောသည့်အတိုင်း နောက်သို့ပြန်ဆုတ်သွားခဲ့သည်။

“ဝုန်း”

မကြာမီတွင် မီတာတစ်ရာအကွာမှ ကျန်းထောင်းသည် လင်းဇီချန်၏ ချောမောသော မျက်နှာကို ပြင်းထန်စွာ ထိုးချလိုက်သည်။

တစ်ချိန်တည်းတွင် လင်းဇီချန်သည် တံတောင်ဆစ်ကို မြှောက်လျက် ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်များ ကိန်းဝင်နေသည့် ကျန်းထောင်း၏ သံလက်သီးကို တံတောင်ဖြင့် ခုခံလိုက်သည်။

ဤလေးလံသောလက်ချက်ဖြင့် လင်းဇီချန်သည် အနည်းဆုံး သုံးလခန့် အိပ်ရာထဲတွင်လှဲနေရမည်မှာ သေချာသည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။ သို့သော် ထိုအချိန်တွင် လင်းဇီချန်က လက်သီးကို ဝိုက်ထိုးချလိုက်၏။

ကျန်းထောင်း၏ အမြင်အာရုံများအားလုံး ဝေဝါး အမှောင်ဖုံးကာ သေမင်းက သူ့မျက်လုံးရှေ့သို့ရောက်လာသကဲ့သို့ အသားအရေသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။ လင်းဇီချန် နှင့် အနည်းငယ် ခွာရန် သူ့ခြေထောက်ကို လှုပ်ရှားသော်လည်း နောက်ကျနေပြီဖြစ်သည်။

လင်းဇီချန်၏ လက်သီးက လျှပ်စီးလက်သကဲ့သို့ လျင်မြန်သောကြောင့် ဆုတ်ခွာရန် စီစဉ်ထားသည့်အချိန်တွင် ကျန်းထောင်း၏ သံလက်သီးနှင့် တိုက်မိသွားကာ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။

အခြေအနေတစ်ခုလုံးသည် နျူကလီးယားပေါက်ကွဲမှုကဲ့သို့ ပြင်းထန်စွာ ပျံ့နှံ့သွားကာ အနီးနားရှိ အပင်များနှင့် မြက်ပင်များလည်း လေထဲတွင် ပျံ့နှံ့သွားသည်။

သွေးမျိုးဆက်စွမ်းအားအဆင့်နိမ့်သော ပါရမီရှင်များဖြစ်သည့် ရှန်ချင်းဟန်၊ ချန်ယိဖေးနှင့် ကျောက်ကျစ်ရွှမ်တို့သည်ပင် ထိုပေါက်ကွဲအားကြောင့် လွင့်ထွက်သွားကြသည်။

ထို့နောက် ထို တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြန်လိုက်တာ

ဒီသိုင်းကွက်ကို ဘယ်လိုလုပ်လိုက်လဲတောင် မမြင်လိုက်ဘူး

ကျောက်ချင်ရွှမ်း၊ ကျန်းထောင်းတို့က စမ်း၍ လင်းဇီချန်ကို တိုက်ခိုက်ချင်ကြကာ.. လင်းဇီချန်ကလည်း လက်ခံခဲ့သည်။

သူသည်လည်း သူက သခင်အဆင့် တိုက်ခိုက်ရေးသမားများကို အနိုင်ရနိုင်မည်လောကို သိချင်သည်။

တစ်ယောက်ချင်းတိုက်ပွဲ၌ သိုင်းကွက်အနည်းငယ်အတွင် သူ လွယ်လင့်တကူ အနိုင်ရခဲ့သည်။

‘ကဲ အခု မင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို တိုက်ကြ’

ဖိအားတစ်ခု။

တောအရှင်..

စပျစ်နွယ်ပင်များက ကောင်းကင်ယံထိ မြင့်တက်လာသည်။

လူတိုင်းက ကြောက်လန့်ကာ ယင်းက ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ တိုက်ခိုက်မှုတစ်ခုဖြစ်လိမ့်မည်ဟု တွေးနေကြစဥ်တွင် ခဏအကြာတွင်မှ ယင်းမှာ လင်းဇိချန်၏ ခွန်အားဖြစ်ကြောင်း သိလိုက်ကြရသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။

ဤသို့ဖြင့် လင်းဇီချန်က သခင်အဆင့် တိုက်ခိုက်‌‌ရေးသမားနှစ်ယောက်ကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။

All Chapters