အပိုင်း ၄၂၄-၄၂၆
Vol. 29 Ch. 424-426
အခန်း (၄၂၄) မြို့၏အကြီးအကဲများ အံ့ဩသွားမှု (၄)
ထို့နောက်တွင် သူသည် လုံးဝအံ့ဩသင့်သွားရသည်။ မြို့အရှင်များသည် သစ်ပင်လှောင်ချိုင့်အပေါ်တွင် ရောက်နေပြီး အဖွဲ့ထဲသို့ ဝင်လာစဖြစ်သောလင်းဇီချန်အကြောင်းကို ဆွေးနွေးနေသည်ကို တွေံလိုက်ရသည်။ မိမိပေါ်လာသောအခါတွင် ခေါင်းဆောင်များက စကားပြောခြင်းရပ်သွားကာ လှည့်ကြည့်လိုက်ကြသည်။ သို့သော်လည်း တစ်ချက်မျှသာဖြစ်သည်။ အမြန်ပင် အကြည့်လွှဲကာ လင်းဇီချန်အကြောင်းကို ဆက်လက်ဆွေးနွေးနေကြသည်။ လန်ထျန်ပိုင်သည် အတော်လေးတွေဝေသွားရသည်။ ခေါင်းဆောင်များသည် သစ်ပင်လှောင်ချိုင့်ကိုမြင်ကာ ကမ္ဘီရသစ်ပင်ဂိုဏ်းက မြို့ထဲတွင် တိုက်ခိုက်သည်ကို သိသော်လည်း အဘယ့်ကြောင့် မမြင်ချင်ယောင်ဆောင်နေရသနည်း
ဘာတွေဖြစ်နေတာလဲ
ထိုသို့တွေဝေနေစဉ်တွင်ပင် လန်ထျန်ပိုင်က ခေါင်းဆောင်များပြောသည်ကို ခေတ္တမျှနားထောင်ပြီးနောက်တွင် မျက်လုံးအပြူးသားဖြစ်သွားရကာ ထင်ယောင်ထင်မှားဖြစ်သည်ဟုပင် ထင်လိုက်မိသည်။
ဘာလဲ
သစ်ပင်လှောင်ချိုင့်က လင်းဇီချန်က ဖန်တီးတာလား
ကြက်သွေးနီရောင်နွယ်ပင်တွေကရော သူပဲဆင့်ခေါ်လိုက်တာလား
ဘာတွေဖြစ်နေတာလဲ
လန်ထျန်ပိုင်သည် မိမိဘာသာ ညည်းတွားနေမိကာ ကြားနေသည်ကို မယုံနိုင်ဖြစ်နေသည်။ ထိုအချိန်တွင်ပင်ဘုန်းခနဲအသံကြီးကို ကြားလိုက်ရသည်။
"ဘုန်း..."
လန်ထျန်ပိုင်သည် အသံလာရာသို့ ကြည့်လိုက်သောအခါတွင် သစ်ပင်လှောင်ချိုင့်ကြီးသည် တဖြည်းဖြည်းဖြင့် ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ မီတာရာချီမြင့်သည့်သစ်ပင်ကြီးများသည် အမြစ်မှကျွတ်ကာ ဖြည်းဖြည်းဖြင့် မူလနေရာသို့ ပြန်သွားနေကြသည်။ ကြက်သွေးနီရောင်နွယ်ပင်တို့သည် မြွေကဲ့သို့ တွင်းထဲသို့ဝင်၍ ပျောက်ကွယ်သွားကြသည်။ ရှုပ်ထွေးသောဖြစ်စဉ်ကြီးက ဆယ်စက္ကန့်ပင် မကြာလိုက်ပေ။ သစ်ပင်လှောင်ချိုင့်နှင့် ကြက်သွေးနီရောင်နွယ်ပင်အားလုံးသည် ချက်ချင်းပင် အစအနမရှိ ပျောက်ကွယ်သွားကာ အရာအားလုံးက ထင်ယောင်ထင်မှားဖြစ်ခဲ့ဟန်သာရှိသည်။ နောက်တွင်မူ လန်ထျန်ပိုင်သည် အပေါ်မှခေါင်းဆောင်များသည် အောက်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြကာ လင်းဇီချန်နားသို့ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ဒါတွေအကုန်လုံး လင်းဇီချန်လုပ်ထားတာများ ဖြစ်နိုင်လား
သို့သော်လည်း မည်သို့ဖြစ်နိုင်မည်နည်း
စိတ်ထဲတွင် မဖြေရှင်းနိုင်သောမေးခွန်းများနှင့်အတူ လန်ထျန်ပိုင်သည် ခေါင်းဆောင်များနောက်သို့လိုက်လာသည်။
မြေပြင်တွင်မူ ရှန်ချင်းဟန်သည် သူမရှေ့၌ အရေးကြီးသောလူပုဂ္ဂိုလ်များကို တွေ့လိုက်ရသဖြင့် ခြေထောက်ဖြင့်အားနည်းလာကာ လင်းဇီချန်နောက်တွင် ပုန်းနေမိသည်။ ဆန့်ကျင်ဘက်အနေဖြင့်လင်းဇီချန်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ကြောက်လန့်သည့်ဟန်မပြပေ။
"ဘယ်လိုလုပ် မီတာတစ်ရာလောက်မြင့်တဲ့သစ်ပင်လှောင်ချိုင့်လုပ်ဖို့ အပင်တွေအများကြီးကို ထိန်းချုပ်နိုင်ရတာလဲ။ ဘဘာကြောင့်စောနက ကြက်သွေးနီရောင်နွယ်ပင်တွေကိုဆင့်ခေါ်နိုင်ရတာလဲ။ အဲ့နည်းလမ်းတွေက ဂမ္ဘီရသစ်ပင်ဂိုဏ်းက မိစ္ဆာဒိဌိတွေလုပ်တဲ့နည်းလမ်းတွေမလား။"
ချင်ချွမ်းသည် မိမိရှေ့မှ လင်းဇီချန်ကို ကြည့်ကာ တွေဝေနေလေသည်။ လင်းဇီချန်ကမူ အပြည့်အဝရှင်းမပြဘဲ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက ထူးခြားတယ်။ အခြားသက်ရှိတွေရဲ့စွမ်းအားကိုရနိုင်တယ်။ ဘယ်လိုရတာလဲဆိုတာကိုတော့ ကိုယ်ရေးကိုယ်တာဖြစ်နေလို့ ပြောပြလို့မရပါဘူး။"
"အဆင်မပြေဘူးကိုး။"
ချင်ချွမ်းက နားလည်သည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မူလမြေ၌ အားကောင်းသောသူများတွင် ဆင့်ကဲပြောင်းလဲခြင်းနှင့်ပက်သက်၍ ကိုယ်ပိုင်လျှို့ဝှက်နည်းလမ်းများရှိထားကြသည်။ ထုတ်မပြောလိုလျှင် အခြားသူကလည်း နှိုက်နှိူက်ချွတ်ချွတ်မေးနေရန်မိလုပေ။ မဟုတ်လျှင် ရန်စသကဲ့သို့ဖြစ်ကာ အန္တရာယ်ရှိသောနောက်ဆက်တွဲများ ဖြစ်လာနိုင်သည်။
"အတွင်းရေးမှူးကွမ်း...."
ချင်ချွမ်းက ထိုလူကို ခေါ်လိုက်သည်။ မကြာခင်တွင်ပင် တက်ကြွသည့်ပုံပေါက်သည့် ဆံပင်တိုတိုဖြင့် အမျိုးသမီးတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။
"မြို့အရှင် ကျွန်မဒီမှာပါ။"
ချင်ချွမ်း၏အမူအရာက မပြောင်းမလဲဘဲဖြင့်ပင် ညွှန်ကြားလိုက်သည်။
"လင်းဇီချန်ကို ဆုလက်ခံဖို့ သိုလှောင်ခန်းထဲ ခေါ်သွားလိုက်။ သူ့စိတ်ကြိုက် သခင်အဆင့်ဆန်းကြယ်သစ်သီးသုံးလုံးရွေးခိုင်းလိုက်။"
"နားလည်ပါပြီ မြို့အရှင်။"
ထိုသို့ပြောပြီးနောက်တွင် အတွင်းရေးမှူးကွမ်းက အမြန်ပင် လင်းဇီချန်နားသို့ ချဉ်းကပ်လာပြီး သိုလှောင်ခန်းသို့လမ်းပြပေးရန်ပင် ဖြစ်သည်။ မထွက်ခွာခင်တွင် အတွင်းရေးမှူးကွမ်းက မေးလိုက်သည်။
"မင်း ပျံနိုင်လား။"
"ဟုတ်ကဲ့။"
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
သခင်အဆင့်စွမ်းရည်များ ပိုင်ဆိုင်ထားသည်ဟု ခံစားမိသဖြင့် အဆင့်မြင့်ဝိညာဉ်ဖြင့် ဝိညာဉ်စွမ်းအားကိုတိုးမြင့်ကာ ပျံသန်းထိန်းချုပ်ခြင်းကို သုံးကြည့်ခဲ့သည်။ ကြိုးစားမှုက အောင်မြင်သွားသဖြင့် မိမိသည် လွတ်လွတ်လပ်လပ်ပျံသန်းနိုင်ပြီဖြစ်သည်။ သို့သော်လည်း မိမိ၏ပျံသန်းသည့်အရည်အချင်းက မကျွမ်းကျင်လှပေ။ ထို့ကြောင့် ပို၍များသောဝိညာဉ်စွမ်းအားလိုအပ်ကာ ဝေးဝေးသို့လည်း မပျံနိုင်ပေ။
"ပျံနိုင်တယ်ဆိုမှတော့ ငါ့နောက်က လိုက်ခဲ့ပါ။"
ပြောပြီးသည်နှင့် အတွင်းရေးမှူးကွမ်းသည် ဝိညာဉ်စွမ်းအားကိုသုံး၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ လင်းဇီချန်လည်း ဝိညာဉ်စွမ်းအားကိုသုံး၍ နောက်မှ လိုက်သွားရန်ပြင်လိုက်ပြီး အောက်တွင်ကျန်ခဲ့သောရှန်ချင်းဟန်ကို ပြောလိုက်သည်။
"အဆောင်ကိုပြန်ပြီး ငါပြန်လာမှာကို စောင့်နေ။ မကြာခင် ပြန်လာခဲ့မယ်။"
သူသည် ပျံသန်းထိန်းချုပ်ခြင်းကို ကျွမ်းကျင်ခါစဖြစ်ကာ မိမိတစ်ဦးတည်းသာ ပျံနိုင်ပြီး အခြားတစ်ယောက်ကိုခေါ်သွားရန်မှာ အတော်လေးစိန်ခေါ်မှုများလှသည်။ ထိုသို့လုပ်ရန် မလိုအပ်ပေ။ လင်းဇီချန် ထွက်သွားပြီးနောက်တွင် နွယ်ပင်များမှလွတ်သါားသောဂြိုလ်လူသားပါရမီရှင်များသည် အချင်းချင်းကြည့်၍ မျက်နှာများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်အထိ လင်းဇီချန်သည် ထိုမျှအင်အားကို ပိုင်ဆိုင်ထားသည်ကို မယုံကြည်ချင်ကြသေးကာ အိပ်မက်မက်နေသည်ဟုသာ ထင်နေမိသေးသည်။ ထို့ကြောင့်ပင်လျှင် ဂြိုလ်လူသားပါရမီရှင်တစ်ယောက်သည် မိမိမျက်နှာကို ပြန်ရိုက်လိုက်ပြီး အိပ်မက်မှနိုးရန် လုပ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူ၏ကြိုးစားအားထုတ်မှုက အလဟဿသာဖြစ်သည်။ အမှန်တရားက အမှန်တရားပင်ဖြစ်ကာ အိပ်မက်မဟုတ်ပေ။
....
မြို့နံပါတ်တစ်သိုလှောင်ခန်းထဲ၌ အတွင်းရေးမှူးကွမ်းသည် တိတ်ဆိတ်စွာဖြင့် လင်းဇီချန်ကို အထဲသို့လမ်းပြကာ ဆန်းကြယ်အသီးနှင့်ပန်းများကို အတန်းလိုက်စီထားသည့်နံရံတစ်ခုရှေ့၌ ရပ်လိုက်သည်။ ထို့နောက်တွင် နောက်မှလိုက်လာသော လင်းဇီချန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
"နံရံထဲက ဆန်းကြယ်အသီးအားလုံးက သခင်အဆင့်အရည်အသွေးတွေပဲ။ မင်းကြိုက်တာ သုံးမျိုးရွေးပါ။"
"ကောင်းပြီ နားလည်ပါပြီ။"
လင်းဇီချန်က ပြန်ဖြေကာ နံရံထဲမှ သစ်သီးများဆီသို့ အကြည့်ရောက်သွားသည်။ နဂါးသွေးမြက်ပင်သည် သွေးအငွေ့အသက်ဖြင့် ဝန်းရံထားသည်။ ဖီးနစ်နက်ပန်းပွင့်သည် အနက်ရောင်မီးတောက်ဖြင့် ပွင့်လန်းနေသည်။ မသေမျိုးသုံးပါးချီလင်သစ်သီးသည် သွေးဓာတ်ဖြင့်နီရဲနေသည်။ ကိုးမျိုးလှည့်ဝိညာဉ်ယင်သစ်သီးက အေးခဲနေသည်။
လင်းဇီချန်သည် ဆန်းကြယ်သစ်သီးများကို အသေးစိတ်လေ့လာကာ ထိုအသီးများ၏အာနိသင်ကို ပြန်လည်စဉ်းစားနေလေသည်။
အခန်း (၄၂၅) မြို့၏အကြီးအကဲများ အံ့ဩသွားမှု (၃)
မိနစ်အနည်းငယ်မျှ စောင့်ကြည့်ပြီးနောက်တွင် လင်းဇီချန်က အတွင်းရေးမှူးကွမ်းကို ကြည့်ကာ မေးလိုက်သည်။
" ဆန်းကြယ်သစ်သီးကိုပဲရွေးလို့ရတာလား။ မဟုတ်ရင်လည်း ဆန်းကြယ်ပန်းပင်တွေ ဆန်းကြယ်ဆေးမြစ်တွေကိုရော ရွေးလို့ရလား။"
"မင်းကြိုက်တာ ရွေးနိုင်ပါတယ်။"
အတွင်းရေးမှူးကွမ်းက ထောက်ခံလိုက်သည်။
ထိုစကားကို ကြားသောအခါတွင် တွန့်ဆုတ်ခြင်းမရှိသောလင်းဇီချန်က ဖီးနစ်နက်ပန်းတစ်ပွင့်၊ မသေမျိုးသုံးပါးချီလင်သစ်သီးနှင့် ကိုးမျိုးလှည့်ယင်ဝိညာဉ်သစ်သီးတို့ကို ရွေးလိုက်သည်။ ထိုရတနာသုံးမျိုးတွင် ဖီးနစ်နက်ပန်းပွင့်သည် ပြန်လည်ကုစားနိုင်စွမ်းကို တိုးမြင့်ပေးပြီး မသေမျိုးချီလင်သစ်သီးသည် ချီသွေးကို တိုးမြင့်စေကာ ကိုးမျိုးလှည့်ယင်ဝိညာဉ်သစ်သီးသည် ဝိညာဉ်စွမ်းအားကို တိုးမြင့်စေသည်။ သာမန်ကာလျှံကာမျှ ရွေးထားခြင်းဖြစ်သည်။ အထူးတလည်လိုချင်သောအရာမျိုး မဟုတ်ပေ။
မကြာခင်တွင်ပင် အတွင်းရေးမှူးကွမ်းသည် ထိုပစ္စည်းသုံးမျိုးကို ထုတ်ယူပြီး အထူးတလည်ထွင်းထားသည့်သစ်သားသေတ္တာလေးထဲတွင် ထည့်ကာ လင်းဇီချန်ကို ပြောလိုက်သည်။
"မင်းတတ်နိုင်သမျှမြန်မြန် စားလိုက်သင့်တယ်။ မဟုတ်ရင် အာနိသင်လျော့သွားလိမ့်မယ်။"
"အင်း ကျွန်တော်သိပါပြီ။ သတိပေးလို့ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးကွမ်း။"
အခန်း (၄၂၆) - နေလအထွတ်အမြတ်နယ်မြေမှသစ္စာဖောက်
အခန်းထဲမှ ထွက်သွားပြီးနောက်တွင် လင်းဇီချန်သည် အဆောင်ဆီသို့ တန်းပျံသွားသည်။ ၎င်းပျံသန်းသည်က မြန်လွန်းလှသည်။ လေကိုခွင်းသွားသောအသံကိုသာ ကြားလိုက်ရသည်။ အောက်မှလူများစွာသည် ပျံသန်းထိန်းချုပ်ခြင်းအစွမ်းဖြင့် ပျံသွားသည်ကို ကြည့်ကာ မိမိတို့ဘဝကို သံသယဝင်မိပြီး ဆင့်ကဲပြောင်းလဲခြင်းအား သိမြင်ခြင်းသည် တစ်စီစီကြေမွသွားရသည်။
လင်းဇီချန်သည် သွေးသန့်လူသားဖြစ်ကာ စက်ပြုပြင်လူသားမဟုတ်သကဲ့သို့ ဆင့်ကဲပြောင်းလဲသူလည်း မဟုတ်ပေ။ ပျံနိုင်သည်ဆိုခြင်းမှာ အနည်းဆုံးဝိညာဉ်စွမ်းအားက သခင်အဆင့်ရောက်ခြင်းသာဖြစ်သည်ဟု ဖော်ပြနေသည်။ အသက် (၁၉) နှစ်ကမ္ဘာသားသည် မယုံကြည်နိုင်စရာကောင်းစွာဖြင့် ဝိညာဉ်စွမ်းအားက မြင့်နေသည်။
ဆယ်စက္ကန့်ခန့်ကြာပြီးနောက်တွင် လင်းဇီချန်သည် အဆောင်၏တတိယထပ်သို့ ဖြည်းဖြည်းချင်းဆင်း၍ ဘေးဘက်ပြတင်းပေါက်မှဝင်သွားသည်။ အထဲသို့ဝင်သွားသောအခါ၌ ရှန်ချင်းဟန်သည် အိပ်ရာထက်တွင်ထိုင်ကာ အတွင်းကြောမှတ်များကို ဖွင့်ရန် ကြိုးစားနေသည်။ အတွင်းကြောမှတ်ကိုဖွင့်ရန်ကြိုးစားခြင်း၏နာကျင်မှုရလဒ်သည် သူမကို မျက်မှောင်ကြုတ်စေမိကာ မသက်မသာဖြင့် ညည်းသံများဖြင့် ထွက်ပေါ်လာစေသည်။ ထိုပုံစံကို မြင်သည့်အခါတွင် လင်းဇီချန်ကလည်း သူမကို မနှောင့်ယှက်တော့ဘဲ ဘေးနားတွင်သာ ထိုင်လိုက်သည်။ ယူလာသောသစ်သားသေတ္တာလေးကိုဖွင့်ကာ အထဲတွင်ပါသော ရတနာများကို စစ်ဆေးကြည့်လိုက်သည်။
အကြည့်တို့သည် ပွင့်ဖတ်များက အနက်ရောင်မီးတောက် တောက်လောင်နေသည့် ဖီးနစ်နက်ပန်းဆီသို့ ရောက်သွားကာ မီးတောက်များမှ အပူအနည်းငယ် ထုတ်လွှတ်နေသည်ကို အာရုံခံမိပြီး အံ့ဩနေမိသည်။
'ဒီလိုမျိုး မီးတောက်ထွက်နေတဲ့ ဖီးနစ်နက်ပန်းကို ဒီတိုင်းစားလိုက်ရမှာလား။ ပါးစပ်ကြီးလောင်သွားမှာပေါ့။'
ထိုသို့တွေးကာ လင်းဇီချန်၏အကြည့်တို့သည် ကိုးမျိုးလှည့်ယင်ဝိညာဉ်သီးဆီသို့ ရောက်သွားပြန်သည်။ထိုအသီးအောက်သည် အနည်းငယ်မျှခဲနေသောကြောင့် ဖြေရှင်းနည်းကို စဉ်းစားမိသွားသည်။ ထိုနှစ်မျိုးကို ရော၍စားလိုက်လျှင်အအေးနှင့်အပူက ညီမျှသွားမည်သာဖြစ်သည်။ ရောစားလိုက်ခြင်း၏ ၎င်းတို့၏အာနိသင်ကို လျော့ကျမသွားစေပေ။ မဟုတ်လျှင် အလဟဿဖြစ်ပေတော့မည်။
ထိုအချိန်တွင်ပင်-
"ဟင်း"
ကျယ်လောင်သောသက်ပြင်းချသံကို ကြားလိုက်ရသည်။
ရှန်ချင်းဟန်သည် သူမ၏အတွင်းကြောမှတ်များကို အောင်မြင်စွာဖွင့်ပြီးဖြစ်ကာ တောက်ပသောမျက်လုံးလေးကို ပြန်ဖွင့်လိုက်ပြီး အညစ်အကြေးများကိုရှုထုတ်လိုက်သည်။ ခေတ္တမျှနားပြီးနောက်တွင် လင်းဇီချန်ဘက်သို့ ပျော်ရွှင်ဝမ်းသာနေသောအကြည့်မျိုးဖြင့် လှည့်လာကာ ပြောလိုက်သည်။
"ဇီချန် ဇီချန် ငါနောက်ထပ် ဦးနှောက်အတွင်းကြောမှတ်တစ်ခုကို အောင်အောင်မြင်မြင်နဲ့ဖွင့်နိုင်လိုက်ပြီ။"
"ငါ့ဦးနှောက်က ဉာဏ်ပညာနဲ့ပြည့်နှက်နေသလိုပဲ။"
"အာ အဲ့သေတ္တာက ဘာလဲ။"
ရှန်ချင်းဟန်သည် ပြောရင်းဖြင့် လင်းဇီချန်၏လက်ထဲမှ သစ်သားသေတ္တာကို သတိထားမိကာ အထဲမှ ရတနာကိုတွေ့သည်နှင့် ချက်ချင်းပင် စပ်စုချင်သွားသည်။
လင်းဇီချန်က စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။
"ဒါက ဖီးနစ်နက်ပန်းပွင့်ပဲ။ ကုသနိုင်စွမ်းကို အားကောင်းစေတယ်။ ဒါက မသေမျိုးသုံးပါးချီလင်အသီး။ ချီသွေးကို အားကောင်းစေတယ်။ ဒါက ကိုးမျိုးလှည့်ယင်ဝိညာဉ်သီး။ ဝိညာဉ်စွမ်းအားကို အားကောင်းစေတယ်။"
ရှန်ချင်းဟန်သည် သေတ္တာထဲမှရတနာများကိုကြည့်ကာ ချိုသာစွာပြုံး၍ ပြောလိုက်သည်။
"နာမည်တွေကတော့ ထူးဆန်းသားပဲ။ ပုံစံက ပိုလို့တောင် ထူးဆန်းသေးတယ်။ ဒါတွေကိုစားလိုက်တဲ့အာနိသင်ကလည်း ထူးခြားမှာပဲ။"
"ထူးခြားလား မထူးခြားဘူးလားဆိုတာကိုတော့ စားကြည့်ရင် သိမှာပေါ့။"
လင်းဇီချန်က ထိုသို့ပြောကာ မသေမျိုးသုံးပါးချီလင်သစ်သီးကို ထုတ်ယူလိုက်ပြီး တစ်ဝက်ခွဲ၍ တစ်ဝက်ကို ရှန်ချင်းဟန်ကို ပေးလိုက်သည်။
ရှန်ချင်းဟန်ကလည်း တွန့်ဆုတ်မနေဘဲ ယူလိုက်ပြီး ပြောလိုက်သည်။
"ဇီချန် အသီးကနွေးနေတာပဲ။ ကောင်းကင်လူသားသခင်ရဲ့ရင်ဘတ်ပေါ်ကို လက်တင်တုန်းကလိုမျိုးပဲ။ အထဲကနေ ချီသွေးတွေထွက်နေတာကို ခံစားမိတယ်။"
"မြန်မြန်စား။ ဒါက တစ်ခြမ်းခြမ်းလိုက်တာနဲ့ စွမ်းအားတွေလျော့နေပြီ။"
လင်းဇီချန်က တိုက်တွန်းလိုက်ပြီးနောက်တွင် တစ်ဝက်ကို ပါးစပ်ထဲသို့ထည့်ကာ အမြန်ပင် မျိုချလိုက်သည်။ ထိုပုံစံကို မြင်သောအခါတွင် ရှန်ချင်းဟန်ကလည်း အမြန်ပင် သူမပါးစပ်ထဲသို့ အသီးတစ်ခြမ်းကို သွတ်လိုက်သည်။ စားပြီးသွားသောအခါတွင် ခန္ဓာကိုယ်များက နွေးထွေးလာကာ အတွင်းချီသွေးဓာတ်သည် တိုးတက်လာသည်ကို ခံစားမိသည်။
"မသေမျိုးသုံးပါးချီလင်းအသီးအာနိသင်က တကယ်ကောင်းတာပဲ။ ချီသွေးဓာတ်တွေဖြတ်ကျော်သွားပြီလို့ ခံစားရတယ်။"
ရှန်ချင်းဟန်ကလည်း အာရုံခံကြည့်ပြီး ပြောလိုက်သည်။
လင်းဇီချန်ကလည်း ပြောလိုက်လေသည်။
"ငါ့ရဲ့ချီသွေးက ဖြတ်ကျော်ပြီးပြီ။ အဆင့်မြင့်အဌမအဆင့်ကိုရောက်သွားပြီ။ ဝိညာဉ်စွမ်းအား နည်းနည်းမြင့်ဖို့ပဲလိုတာ။ သွေးမျိုးဆက်စွမ်းအားအဆင့်ကလည်း အဆင့်မြင့်အဌမအဆင့်ပဲ။"
ထိုသို့ပြောကာ ဖီးနစ်နက်ပန်းပွင့်နှင့် ကိုးမျိုးလှည့်ယင်ဝိညာဉ်သစ်သီးကို ထုတ်ယူလိုက်ပြီး တစ်ခြမ်းစီခြမ်းကာ ရှန်ချင်းဟန်ကို ပေးလိုက်သည်။
"အဲ့နှစ်ခုကို ရောပြီးစားလိုက်။ အပူချိန်ရောသွားပြီး စားရလွယ်တယ်။"
"ကောင်းပြီ။"
ရှန်ချင်းဟန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မကြာခင်တွင်ပင် ထိုနှစ်ခုကို ရောကာ တူတူမျိုချလိုက်ကြသည်။ စားလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အအေးနှင့်အပူတစ်လှည့်စီ အရသာလွှမ်းမိုးသွားကာ ရှင်းမပြတတ်သောသာယာမှုမျိုးကို ခံစားလိုက်ရသည်။
(သင်၏သွေးမျိုးဆက်စွမ်းအားသည် အဆင့်မြင့်သတ္တမအဆင့်မှ အဆင့်မြင့်အဌမအဆင့်သို့ အောင်မြင်စွာတိုးမြင့်သွားပါပြီ။)
"အခု အဆင့်မြင့်အဌမအဆင့်ဖြစ်သွားတာလား။"
လင်းဇီချန်က ထိုစာသားကိုကြည့်ကာ ဆင့်ကဲပြောင်းလဲခြင်းက ရိုးရှင်းလွန်းသည်ဟု ထင်မိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှန်ချင်းဟန်ကမူ စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။
"ဇီချန် ငါကတော့ မပြောင်းလဲဘူး...."
လင်းဇီချန်က ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး။ မင်းက အဆင့်မြင့်ဆဌမအဆင့်ပြီးပြည့်စုံခြင်းဖြစ်နေတာ။ အဆင့်မြင့်သတ္တမအဆင့်ကိုပြောင်းဖို့ ရက်ပိုင်းလောက်ပဲကြာတော့မှာ။"
"အမှန်ပဲ။ ငါနည်းနည်းလေးလောသွားတယ်။"
ရှန်ချင်းဟန်သည် ပြောပြီးသည်နှင့် သူမ၏ခြေထောက်လေးကို လင်းဇီချန်၏ခြေထောက်ပေါ်တွင် တင်လိုက်ပြီး အဝတ်များကို ခြေထောက်ဖြင့် ချွတ်နေသည်။
"မှောင်နေပြီ။ ငါတို့ရဲ့ဆက်ဆံရေးကို တိုးတက်အောင် လုပ်သင့်နေပြီမဟုတ်လား။"
လင်းဇီချန်က ရယ်လိုက်ပြီး
"မင်းခြေထောက်က ဒီနားရောက်နေပြီဆိုမှတော့ ငါတို့ဆက်ဆံရေးက သေချာပေါက်တိုးတက်သင့်ပြီပေါ့။"
ထိုသို့ဖြင့် နှစ်ဦးသား အိပ်ရာထက်တွင် ရစ်ပတ်ရင်းဖြင့် အချင်းချင်း၏ဝိညာဉ်များနက်ရှိုင်းသောနေရာကို စူးစမ်းရှာဖွေနေကြလေသည်။
.....
မျက်စိတစ်မှိတ်အတွင်းတွင်ပင် အချိန်က (၁၁) နာရီ (၅၂) မိနစ် ဖြစ်သွားသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ဆက်ဆံရေးကို အထွတ်အထိပ်သို့ရောက်အောင် တိုးမြင့်ပြီးနောက်တွင် ထိုအပြုအမူကို အမြင့်ဆုံးထိတွန်းပို့လိုက်ကြသည့်တိုင် နှစ်ဦးလုံးက ထိုကိစ္စသည် အတော်လေးစိတ်ဝင်စားစရာမကောင်းတော့ဟု ခံစားနေမိကြသည်။