အပိုင်း ၄၃၀-၄၃၂
Vol. 29 Ch. 430-432
အခန်း(၄၃၀) ကမ္ဘာသို့ပြန်ကာ ညီမငယ်ဖြင့်တွေ့ဆုံခြင်း (၂)
“အဲ့တာ မေ့ပျောက်ခြင်းနယ်မြနယ်မြေက ဂြိုလ်သားပဲ”
ဖုကျုံးက ချုံပုတ်ကြားထဲမှ ပေါ်လာသော ယောက်ျားကို ပုံမှန်မဟုတ် လေးနက်သော အမူရာဖြင့်ကြည့်နေသည်။ ဝူရှီးယာက သူ့ဘေးတွင်ရပ်လျက် ပို၍ပင် လေးနက်နေသည်။
ဝူရှီးယာသည် အမြဲတစေ သေခြင်းတရားနှင့်ပတ်သက်၍ အလေးအနက်ထားခဲ့သည်။ ထိုယောက်ျားဆီမှ ထွက်လာသော အနက်ရောင်အလင်းကြောင်းများကို မြင်သောအခါ သူမက အလွန်အမင်းပြင်းထန်သော သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူမခံစားမိသော အလွန်ကြောက်မက်ဖွယ် သေခြင်းတရား၏ အငွေ့အသက်ကိုကြည့်လျှင် သူမရှေ့မှလူက အနည်းဆုံး သခင်အဆင့် သွေးမျိုးဆက်စွမ်းအားအဆင့်တွင် အနည်းဆုံးရှိနေခြင်းဖြစ်ပေလိမ့်မည်။
“မေ့ပျောက်ခြင်းနယ်မြေဆိုတာ ဘာလဲ”
လင်းဇီချန်က ထိုသူကို ကြည့်ကာ သူ့ဘေးမှ ဖုကျုံးကိုမေးလိုက်သည်။ ဖုကျုံးက ချွေးစေးများ စီးကျလျက်ရှိနေသော်လည်း တည်ငြိမ်စွာ ရှင်းပြရန် ကြိုးစားလိုက်သည်။
“မူလမြေကိုဒေသငါးခု ပိုင်းခြားထားတယ်။ အလယ်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ၊ တောင်ပိုင်းဒေသ၊ အနောက်ပိုင်း ဒေသနဲ့ မြောက်ပိုင်းဒေသဆိုပြီး”
“ငါတို့ ကမ္ဘာက အခြေစိုက်စခန်းတွေရှိတာက တောင်ပိုင်းဒေသမှာပဲ”
“ငါတို့ ကမ္ဘာကို ကျူးကျော်ဖို့လာကြတဲ့ နေလ အထွတ်အမြတ်မြေလိုမျိုး မူလမြေ အင်အားစုအများစုက တောင်ပိုင်းဒေသကလာကြတာ”
“နောက်ပြီး မေ့ပျောက်ခြင်းနယ်မြေဆိုတာ အရှေ့ပိုင်းဒေသအစွန်းမှာရှိတဲ့ ပိုင်နက်တစ်ခုပဲ”
“အဲ့နေရာက သုသာန်လိုတိတ်ဆိတ်ပြီး ထူးဆန်းတဲ့ ကျင့်ကြံရေးစနစ်တွေရှိတဲ့ ဂြိုလ်သားတွေအများကြီးရှိတယ်။ ဒီကောင့်ဆီက အနက်ရောင်ရောင်ဝါက ပြောနေတာ… ဖြစ်နိုင်တာ သူက မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားတစ်ကောင်ပဲ”
ဖုကျုံးက ကျိုးကြောင်းဆီလျော်စွာဖြင့် ရှင်းပြီးနောက် ဤလူ့အကြောင်း အနည်းနှင့်အများ သိသွားကြသည်။
ထို အနက်ရောင်ရောင်ဝါများ ဖုံးလွှမ်းနေသည့် မော့ရွီသော်က ဖုကျိုး၏ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ရယ်လိုက်သည်။
“မဆိုးပါဘူး ငါတကယ် မေ့ပျောက်ခြင်းနယ်မြေက လာခဲ့တာ”
“မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားက တောင်ပိုင်းဒေသမှာဘာလာလုပ်နေတာလဲ”
ဖုကျုံးက သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန်ကြိုးစားပြီးနောက် မော့ရွီသော်ကို မေးလိုက်သည်။ မူလမြေရှိ နယ်မြေငါးခုလုံးက သီးခြားဖြစ်ကာ တစ်ဘက်နှင့်တစ်ဖက်ဝင်ရောက် စွက်ဖက်ခြင်းမရှိကြပေ။ ပုံမှန်အားဖြင့် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားက တောင်ပိုင်းဒေသသို့ လာလိမ့်မည်မဟုတ်၊ အရှေ့ပိုင်းဒေသတွင်သာ နေလိမ့်မည်ဖြစ်သည်။
ဤသည်က အနည်းငယ် ထူးဆန်းနေသည်။
မော့ရွီသော်က အေးစက်စွာ ရယ်မောလိုက်သည်။
“ငါ တောင်ပိုင်းဒေသထိ လာခဲ့ရတဲ့အကြောင်းက ဒီမှာ ကိစ္စတချို့ရှိလို့ပဲ။ ဒါပေမယ့် အဲ့မတိုင်ခင် ငါ မင်းတို့ကို အရင်သတ်ရတော့မယ်ထင်တယ်”
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် မော့ရွှီသော်ကို ဝိုင်းရံနေသော အနက်ရောင်ရောင်ဝါက အလွန် ပြင်းထန်လာကာ သူ့ခန္ဓာတစ်ခုလုံးကို ဖုံးလွှမ်းသွား၍ တိမ်နှင့်တုငေါ အနက်ရောင်မြူခိုးထုကြီးဖြစ်လာသည်။
မြူခိုးများ၏ သိပ်သည်းဆက ဆက်လက်မြင့်တက်လာရာ မကြာမီတွင် လင်းဇီချန်နှင့် အခြားသူများကို ဦးတည်သွားသည်။ ယင်းဖြတ်သွားသော လမ်းကြောင်းတစ်လျှောက်ရှိသက်ရှိမှန်သမျှ သေဆုံးသွားရကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲ၍ လေနှင့်အတူ လွင့်မျောသွားကြသည်။
“ပြေးကြ”
အနက်ရောင်မြူခိုး၏ ကြောက်မက်ဖွယ်စွမ်းအင်ကို ရင်ဆိုင်ရသောအခါ ဖုကျိုးက သတိကြီးစွာ အော်၏ သူ့အသံ၏ ပဲ့တင်သံကိုပင် မစောင့်ဘဲ ထွက်ပြေးတော့သည်။ ဝူရှီးယာနှင့် ရှန်ချင်းဟန်တို့ကလည်း ဖုကျုံး၏ အသံကို ကြားသောအခါ သူ့နောက်သို့လိုက်ပြေးကြသည်။
လင်းဇီချန်က မော့ရွှီသော်၏နောက်တွင်နေလျက် ပြေးခြင်းအလျင်းမရှိဘဲ ရှန်ချင်းဟန်နှင့် အခြားသူများကို လွတ်မြောက်စေရန် အချိန်ဆွဲထားပေးလိုက်သည်။
အလွန်နီးကပ်လာပြီဖြစ်သော မြူခိုးထုကြီးကို ရင်ဆိုင်နေရသောအခါ သူ့အတွေးများဖြင့် [အဆင့်မြင့် ဝိဉာဉ်] နှင့် [တောအရှင်] တို့ကိုသုံးခဲ့ရာ အနားရှိ ကောင်းကင်ထိထိုးထွက်နေသော သစ်ပင်ကြီးများကို ထိန်းချုပ်လိုက်သည်။
“ဝေါင်းးး”
ကျယ်လောင်သော အသံကြီးတစ်ခုထွက်လာပြီးနောက် အောက်ရှိ မြေပြင်တစ်ခုလုံးတုန်ခါလာသည်။ မရည်မတွက်နိုင်အောင်များပြားလှသော သစ်ပင်ကြီးများက ရှည်ထွက်လာကာ အနက်ရောင် မြူခိုးများဆီ ဦးတည်သွားသည်။ အချိန်တိုလေးအတွင်း၌ပင် ၎င်းတို့က ကြီးမား၍ ဖောက်ထွင်းမရနိုင်သော သစ်ပင်လှောင်ချိုင့်ကြီးအဖြစ် ပြောင်းလဲသွားကာ မြူခိုးထုကို ရှေ့သို့ တိုးလာရာမှ တားဆီးလိုက်သည်။
ထို့နောက် ချက်ချင်းပင်…
‘ဝှစ်’
‘ဝှစ်’
‘ဝှစ်’
နားကို ဖောက်ထွင်းလုနိုင်လောက်သည့် ဆူညံသံများက လေထုထဲမှ ထွက်ပေါ်လာသည်။ သစ်ပင်လှောင်ချိုင့်ထဲတွင် များစွာသော စပျစ်နွယ်ပင်များက ကြီးမားသော မြူခိုးထုထဲသို့ ထိုးဖောက်နေကြသည်။
ထို့နောက်…
‘ဗျစ်’
‘ဗျစ်’
‘ဗျစ်’
အသားကို ထိုးဖောက်ခံရသော အသံများထွက်ပေါ်လာသည်။
မြူခိုးအပြင်ဘက်တွင် ရပ်နေသော လင်းဇီချန်က အတွင်းထဲမှ မော့ရွှီသော်ကို မိမိထိန်းချုပ်ထားသော စပျစ်နွယ်ပင်များက ထိုးဖောက်နေခြင်းဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူက ပစ်မှတ်ကို အလွယ်တကူ တိုက်ခိုက်နိုင်လိုက်သဖြင့် ခဏတာမျှ အံ့ဩသွားရသည်။
သို့သော် သူက ချက်ချင်း လျင်မြန်စွာဖြင့်ပင် အခွင့်အရေးကို သတိပြုမိရာ စပျစ်နွယ်ပင်များက အနက်ရောင်မြူခိုးကို ပြည့်ပြည့်ဝဝ ချုပ်နှောင်ထားသော အခိုက်၌ [သေစေနိုင်သောအဆိပ်] သွေးမျိုးဆက်စွမ်းအားကို သုံး၍ နွယ်ပင်များမှတစ်ဆင့် မော့ရွီသော်၏ ခန္ဓာကိုယ်ထဲသို့ အလွန်များပြားသော အဆိပ်ပမာဏကို ထူးသွင်းလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်း၌ ယခင်က ထူထဲနေသော မြူခိုးထုကြီးက စတင်၍ မှိန်ဖျော့လာကာ ယင်းတွင် ပုန်းအောင်းနေသော မော့ရွီသော်ကိုမြင်လိုက်ရသည်။
“မင်း… မင်းဘယ်လိုလုပ် နေ-လအထွတ်အမြတ်မြေရဲ့ နတ်ဆိုးစပျစ်နွယ်တွေကို ထိန်းချုပ်ပြီး ငါ့ကို အဆိပ်ခတ်နိုင်တာလဲ”
မော့ရွီသော်က ထိတ်လန့်တကြားနှင့် သူ့ခန္ဓာကိုယ်ကို ဝိုင်းရံနေသည့် မြူခိုးထုကိုကြည့်ကာ အလွန်အမင်း အားနည်းလာသည့်ပုံစံဖြင့် ပြောလိုက်သည်။ တဖြည်းဖြည်းနှင့် လေကို အမောတပန်းရှူရှိုက်ကာ အသက်စွမ်းအင်များက လျင်မြန်စွာလျော့ကျလာသည်။
လင်းဇီချန်ထည့်လိုက်သော အဆိပ်က သူ့ကို အလွန်အမင်း လွှမ်းခြုံသွားပြီဖြစ်သည်။ သူ၏ သခင်တတိယအဆင့် သွေးမျိုးဆက်စွမ်းအားများဖြင့်ပင် တစ်ကိုယ်လုံးထုံကျဉ်လာသည့်အလား ခံစားလိုက်ရကာ သွေးစွမ်းအင်က လျော့နည်းလာလျက် မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။
ပြိုင်ဘက်က အလွယ်တကူ အဆိပ်ခတ်ခံလိုက်ရသည်ကို ကြည့်ကာ လင်းဇီချန် အံ့ဩနေမိသည်။
သခင် တတိယအဆင့် သွေးမျိုးဆက်စွမ်းအားအဆင့်ရှိတဲ့ ဂြိုလ်သားက ဒီလောက် လွယ်လွယ်ကူကူ သေသွားတာလား။ ငါက အဆင့်မြင့်အဆင့် အဠမအဆင့်မှာပဲရှိသေးတာလေ။
မျက်စိတစ်မှိတ်အတွင်းတွင် အဆိပ်များ ပြန့်နေပြီဖြစ်သော မော့ရွီသော်က ခရမ်းရောင်ပြောင်းကာ အဆုံးသတ်သို့ နီးလာသည်။ လင်းဇီချန်က ဤအခွင့်အရေးကို စောင့်ကြည့်လျက် မော့ရွီသော်ကို ချုပ်နှောင်ထားသော စပျစ်နွယ်အရေအတွက်ကို ပိုမိုတိုးလိုက်ကာ ပိုးအိမ်တစ်ခုကဲ့သို့ လေထုထဲတွင် မြှောက်ထားလိုက်သည်။
“ဗျစ်”
မော့ရွီသော်ကို ရစ်ပတ်ထားသော စပျစ်နွယ်ပင်များက ချက်ချင်းတင်းကြပ်သွားရာ မော့ရွှီသော်တစ်ယောက် အသားကြိတ်စများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အခန်း (၄၃၁) ကမ္ဘာသို့ပြန်ကာ ညီမငယ်ဖြင့်တွေ့ဆုံခြင်း (၂)
တကယ် ဒီလိုမျိုး သေသွားတာလား
မူလမြေက ဂြိုလ်သားက ထင်သလောက်လည်း အားမကောင်းဘူး....
ထိုသို့စဉ်းစားမိကာ လင်းဇီချန်သည် စိတ်ပြောင်း၍ ကောင်းကင်ထိမြင့်သည့်သစ်ပင်ကြီးများကို ဘေးသို့ ဖယ်လိုက်သည်။ ထို့နောက်တွင် ဝါးမျိုဟု အတွေးဖြင့် တွေးလိုက်သည်။ သို့သော်လည်း လေဟာနယ်ထဲတွင် စာတန်းတစ်ခု ပေါ်လာသည်။
(ခန္ဓာကိုယ်တွင်း၌ ဂြိုလ်သားအသက်ဓာတ်မရှိသဖြင့် ဝါးမျိုခြင်းမလုပ်ဆောင်နိုင်ပါ။)
ဂြိုလ်သားအသက်ဓာတ်မရှိဘူးတဲ့လား
ဘာကိုဆိုလိုတာလဲ
ဂြိုလ်သားနဲ့ကမ္ဘာသားက မျိုးစိတ်အတူတူပဲမဟုတ်ဘူးလား
ထိုစာတန်းကို ကြည့်ကာ လင်းဇီချန်၏စိတ်သည် အတွေးများစွာဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင်မူ သူ၏နောက်မှ ဖုကျုံး၊ ဝူရှီယာနှင့်ရှန်ချင်းဟန်တို့သည် ရပ်သွားကြပြီး လေထဲတွင် သွေးဗလဗွပေနေသောပိုးကောင်အိမ်ကိုငေးကြည့်နေရင်းဖြင့် အံ့ဩမှင်သက်နေကြသည်။ လင်းဇီချန်က အလွယ်တကူဖြေရှင်းလိုက်နိုင်သည်ကို မယုံကြည်နိုင်ပေ။ ထိုအကောင်သည် ဂြိုလ်သားဖြစ်သည်။ ဂြိုလ်သားမဟုတ်ဘဲ သခင်အဆင့်ဂြိုလ်သား ဖြစ်နေသည်။ ချက်ချင်းသတ်ပစ်နိုင်သည်။ အစစ်အမှန်မဟုတ်ဟု ခံစားမိသည်။
လင်းဇီချန်က ထိုသုံးဦးရပ်နေသည်ကို သတိထားမိသော်လည်း အာရုံမထားမိပေ။ ထို့အစား အတွေးဖြင့်နွယ်ပင်များကို ထိန်းချုပ်၍ လက်ဝါးအရွယ်အစားအိတ်လေးကို ဆွဲယူလိုက်သည်။ ထိုအိတ်သည် မော့ရွှီးသော၏အပျက်အစီးအကြွင်းအကျန်များမှ ဖြစ်သည်။ လွန်စွာမာကာ နွယ်ပင်များကပင် စုတ်ဖြဲ၍မရပေ။ မကြာခင်တွင် အိတ်သည် လက်ထဲတွင် ရောက်လာပြီး လင်းဇီချန်က သေချာကြည့်ကြည့်သည်။ ချည်ဖြင့်လုပ်ထားခြင်းမဟုတ်ဘဲ သက်ရှိတစ်ကောင်၏ပုန်းကွယ်နေသည့်နှယ်ပင်ဖြစ်သည်။ သေချာကြည့်လိုက်ပြီးနောက်တွင် လွန်စွာရင်းနှီးနေကာ ကြွက်ပါးစပ်မှ အတွင်းအမြှေးပါးနှင့်လွန်စွာဆင်တူသည်။
အဲ့လိုဆို ဒီအိတ်က သိုလှောင်အိတ်များလား
လင်းဇီချန်တစ်ယောက် အနည်းငယ်မျှ စိတ်လှုပ်ရှားသွားသည်။
သိုလှောင်အိတ်အမှန်သာဆိုလျှင် အထဲတွင် တန်ဖိုးကြီးသောအရာများရှိနိုင်သည်။ မူလမြေမှ သခင်အဆင့်ဂြိုလ်သား၏ သိုလှောင်အိတ်လည်းဖြစ်နေသည်။ ထိုသို့တွေးကာ လင်းဇီချန်သည်ဝိညာဉ်စွမ်းအားဖြင့် အိတ်ထဲသို့ ကြည့်ကြည့်လိုက်သည်။ အိတ်ထဲ၌ လက်သီးဆုပ်စာသလင်းကျောက်များပါသည်ကို တွေ့လိုက်ရကာ သားရဲအမြုတေများပင် ဖြစ်လေသည်။ ထို့အပြင် ထူးဆန်းသည့် ပုံစံမျိုးစုံရှိသည့် ဆန်းကြယ်ဆေးပင်များနှင့် ပန်းများကို တွေ့သွားပြီး မသိသောအခြားပစ္စည်းများလည်းရှိနေသည်။ လူသတ်သမား၌ ရွှေခါးပတ်ရှိနေသည်ဟုသောစကားက မှန်ပေသည်။
လင်းဇီချန်က မိမိဘာသာစဉ်းစားနေမိသည်။ မကြာခင်တွင်ပင် လူသုံးယောက်သည် မိမိရှေ့သို့ပြေးလာပြီး လေထဲမှ သွေးစွန်းနေသည့်ပိုးကောင်အိမ်ကြောင့် အံ့ဩနေကြလေသည်။ ပို၍ကြည့်လေလေ ပို၍အံ့ဩမိလေလေပင်ဖြစ်၏။ သခင်အဆင့်ဂြိုလ်သားကို မျက်စိတစ်မှိတ်အတွင်းသတ်လိုက်နိုင်သောလင်းဇီချန်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
"သွားကြစို့။ အန္တရာယ်နယ်မြေနားက အစွန်အဖျားတွေကိုပါ ရင်းနှီးသွားအောင် သွားရအောင်။"
သို့သော်လည်း ပို၍စဉ်းစားမိလေလေ လင်းဇီချန်၏အင်အားကအားကောင်းလေလေဖြစ်နေကြကာ မည်သည့်အန္တရာယ်နှင့်မျှမကြုံလိုက်ဟုပင် ခံစားနေမိသည်။
ထို့ကြောင့် ဖုကျုံးသည် လင်းဇီချန်အတွက် လမ်းပြအဖြစ် လုပ်ဆောင်ပေးနေကာ ပတ်ဝန်းကျင်နှင့် ရင်းနှီးရန် အန္တရာယ်နယ်မြေအစွန်အဖျားအထိ ခေါ်သွားပေးသည်။ မသိလိုက်ခင်တွင်ပင် နှစ်ရက်နှင့်တစ်ပိုင်း ကုန်သွားလေပြီ။ နှစ်ရက်တစ်ပိုင်းအတွင်းတွင် လင်းဇီချန်သည် ဆန်းကြယ်အပင်များ၊ ဆန်းကြယ်သားရဲများနှင့် ကြုံရကာ နယ်မြေကို ကြီးစိုးထားကြသောသခင်အဆင့်များပင် ဖြစ်သည်။
အားကောင်းသည့်သက်ရှိများဖြင့် ရင်ဆိုင်ရသည့်အခါတွင် ကြွက်သားတစ်ခုပင် မလှုပ်နိုင်ပေ။ ထို့အစား တောအရှင်စွမ်းအားကိုသုံး၍ နွယ်ပင်များကိုထိန်းချုပ်ကာ ကောင်းကင်ထိပိတ်ချလိုက်ပြီး ချက်ချင်းသတ်ပစ်လိုက်သည်။ ထို့နောက်တွင် သားရဲအမြုတေများနှင့် အရေးကြီးသောဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို စုဆောင်းသည်။ ထို့သို့ဖြင့် နှစ်ရက်တစ်ပိုင်း ကုန်လွန်ပြီးသည့်နောက်တွင် စုဆောင်းမိသည်က များလာသည်။ လင်းဇီချန်သည် အမှတ်ထောင်ချီရနိုင်မည့်သားရဲအမြုတေများကို စုဆောင်းမိပြီးဖြစ်သည်။
"ဇီချန် မင်းသိချင်တာရှိသေးလား။"
အန္တရာယ်နှင့်တွေ့သည့်အခါတိုင်း လင်းဇီချန်က ဦးဆောင်ကာ ဖုကျုံးက ရပ်၍ အထူးအဆန်းဖြင့်မေးတတ်သည်။ ၎င်းထူးဆန်းနေသည်မှာ ခရီးရှည်၍မဟုတ်ဘဲ လင်းဇီချန်၏ပါရမီကိုအံ့ဩနေမိခြင်းကြောင့်သာ ဖြစ်သည်။
"အခုတော့ ဒီလောက်ပဲ။ အခွင့်အရေးရှိမှ မင်းတို့နှစ်ယောက်နဲ့ လေ့ကျင့်ဖို့ လာကြတာပေါ့။"
လင်းဇီချန်က ပြောလိုက်သည်။ အမှန်တွင် မိမိသည် အိတ်ထဲမှပစ္စည်းများကိုလဲလှယ်ရန် မြို့သို့ပြန်ချင်နေပြီဖြစ်သည်။ စုဆောင်ထားမိသောသားရဲအမြုတေများကလည်း အမှတ်တော်တော်များများရနိုင်သည်။
.....
နာရီပိုင်းမျှကြာပြီးနောက်တွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် လုံခြုံစွာဖြင့် မြို့သို့ ပြန်ရောက်လာကြသည်။ လင်းဇီချန်၏ဦးဆောင်မှုအောက်တွင် ရှန်ချင်းဟန်သည် လဲလှယ်ရေးခန်းမဆီသို့ လိုက်ပါလာသည်။ ထိုနေရာ၌ လူနည်းသည့်ကောင်တာကို ရွေးလိုက်သည်။ ထို့နောက်တွင် လင်းဇီချန်က မိမိအလှည့်ကျသောအခါ၌ သိုလှောင်အိတ်ထဲမှပစ္စည်းများကို ထုတ်ယူပြီး ကောင်တာမှဝန်ထမ်းများလက်ထဲသို့ ထည့်လိုက်သည်။ ဝန်ထမ်းအမျိုးသမီးသည် အသက်သုံးဆယ်ကျော်ရှိပြီဖြစ်သည်။ အမှန်တွင် သူမ၏အသက်မှန်ကို မည်သူမှ မသိကြပေ။ မူလမြေသို့ဝင်လာသောသူအားလုံးသည် အဆင့်မြင့်သက်ရှိများဖြစ်သည့်အလျောက် အိုမင်းရင့်ရော်ခြင်းမျိုးမရှိပေ။ ထို့ကြောင့် ပုံစံကိုကြည့်၍ အသက်အမှန်ပြောရန်မှာ ခက်ခဲလှသည်။ ထိုအမျိုးသမီးက ပြတင်းပေါက်လေးမှ ပစ္စည်းကိုယူလိုက်သည်။ သို့သော်လည်း အမှန်တွင် သူမသည် အသက်တစ်ရာကျော်ရှိပြီဖြစ်သည့် အဘွားပင် ဖြစ်ပေသည်။
"ဟယ်လို ဒါတွေကို ပစ္စည်းအမှတ်နဲ့လဲချင်လို့ပါ။"
လင်းဇီချန်ကို အိတ်ကိုပေးရင်းဖြင့် ပြောလိုက်သည်။ အမျိုးသမီးက ထိုအိတ်ကို မြင်သောအခါတွင် အံ့ဩသွားဟန်ရှိသည်။
"မင်းကမူလမြေကို ဝင်တာ မကြာသေးဘူးကိုး။ ဒီအိတ်က ဘယ်ကရလာတာလဲ။"
လင်းဇီချန်သည် မြို့နံပါတ်တစ်တွင် နာမည်ကြီးသည်။ အားလုံးနီးပါးက နာမည်ကြားဖူးကြသည်။ လင်းဇီချန်ကမူ မြို့ပြင်တွင် ကြုံခဲ့ရသည်များကို အမှန်အတိုင်းပြောပြလိုက်သည်။ ထိုအမျိုးသမီးက နားထောင်ရင်းဖြင့်မျက်လုံးပြူးကျယ်သွားရသည်။
မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားလား
အဲ့ဂြိုလ်သားတွေက မူလမြေအနောက်ပိုင်းက အဝေးဆုံးအပိုင်းမှာနေကြတာမလား
ဘယ်လိုလုပ် တောင်ပိုင်းမှာ ပေါ်လာရတာလဲ
မူလမြေ၌နေသည်မှာ နှစ်တစ်ရာကျော်ပြီဖြစ်သောအမျိုးသမီးသည် ဆိုလိုသည်ကို သိလိုက်သည်။ ထို့ကြောင့် လင်းဇီချန်အတွက် ပစ္စည်းလဲပြီးသည်နှင့် ချက်ချင်းပင် ခေါင်းဆောင်များဆီဆက်သွယ်ကာ အခြေအနေကို အကြောင်းကြားလိုက်သည်။ လင်းဇီချန်ကမူ ထိုကိစ္စကို ဂရုမစိုက်ပေ။ မိမိသည် ပစ္စည်းအမှတ် (၄၃၉၆) မှတ်ရကာ အမြန်ပင် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များလဲလှယ်ရန် နောက်ထပ်ခန်းမတစ်ခုဆီသို့ သွားသည်။
ဘေးဘီသို့ကြည့်နောက်တွင် သခင်အဆင့်ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အများစုသည် တစ်ခုအတွက်ပင် အမှတ်ထောင်ချီလိုအပ်သည်။ နောက်ဆုံးတွင် သူသည် သခင်အဆင့်ဆန်းကြယ်သစ်သီးများဖြင့်လဲလိုက်သည်။ နှစ်လုံးမှာ ချီသွေးအတွက်ဖြစ်ပြီး နှစ်လုံးမှာ ဝိညာဉ်စွမ်းအားအတွက် ဖြစ်သည်။ မျှချေညီရန်က အရေးကြီးလှသည်။ ထိုသို့လဲလှယ်ပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အဆောင်သို့ပြန်လာကာကြကာ လဲလာသောသစ်သီးများကို ခွဲဝေ၍ စားကြလေသည်။
ထို့နောက်တွင် လင်းဇီချန်သည် အဆင့်မြင့်နဝမအဆင့်ဖြစ်သွားကာ ရှန်ချင်းဟန်က အဆင့်မြင့်အဌမအဆင့်ဖြစ်သွားပြီး ကွာဟချက်ကမူ အတူတူပင်ဖြစ်ပေသည်။
အခန်း(၃၄၂) မူလမြေအင်အားစုများ
မြို့အရှင်၏ ရုံးခန်း။
ချင်ချွမ်းက လက်ဘက်ရည်စားပွဲတွင်ထိုင်ကာ လတ်လတ်ဆက်ဆက် နှပ်ထားသော ပူပူနွေးနွေးလက်ဖက်ရည်တစ်ခွက်ကို သော်ကလျက် အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်က တင်ပြနေသည့်အချက်အလက်များကို နားထောင်လျက်ရှိသည်။ အစီရင်ခံနေသော အကြီးအကဲမှာ
ဂိုဒေါင်တစ်ခုလုံး၏ ဆင့်ကဲဖြစ်စဉ် အရင်းအမြစ်ဖလှယ်မှုကို ကြီးကြပ်သည့် ဖလှယ်ရေးခန်းမ၏ မန်နေဂျာချုပ်ဖြစ်သည်။
ကမ္ဘာပေါ်တွင် သူသည် အလွန်အဆင့်အတန်းမြင့်မားသော သြဇာကြီးသော ဘဏ္ဍာရေးဝန်ကြီးတစ်ဦးနှင့် နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။
"ခင်ဗျားပြောနေတာ… မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားက မြို့အပြင်ဘက်မှာ အန္တရာယ်ရှိတဲ့နေရာတွေမှာ ပေါ်လာတာလား"
ချင်ချွမ်းက လက်ဖက်ရည်ကို အပြီးသတ်သောက်လိုက်ပြီးနောက် မျက်ခုံးပင့်ကာ အံ့သြစွာမေးလိုက်သည်။ လောင်လီဟု လူသိများသော ဖလှယ်ရေးခန်းမမန်နေဂျာက ခေါင်းညိတ်ကာပြောလိုက်သည်။
“ဟုတ်တယ် မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားတစ်ယောက်က အန္တရာယ်ရှိဇုန်မှာ ပေါ်လာပါတယ်။ လင်းဇီချန်တို့ အဖွဲ့က မြို့အပြင်ဘက် လေ့လာရေးခရီးမှာ ကြုံခဲ့ရတာပါ”
“မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားတွေက သခင်အဆင့် သွေးမျိုးဆက်စွမ်းအားအဆင့်ရှိတယ်လို့ နားလည်ရပေမယ့် လင်းဇီချန်ထိန်းချုပ်ထားတဲ့ စပျစ်နွယ်ပင်တွေကြောင့် ချက်ချင်း လည်ပင်းညှစ်သတ်ခံလိုက်ရတာ ပြန်တိုက်ဖို့တောင် အခွင့်အရေးမရှိခဲ့ပါဘူး”
"ဒီကမ္ဘာမှာ ကြီးပြင်းလာတဲ့ ဒီကလေးဟာ မထင်မှတ်လောက်အောင် ပြင်းထန်တဲ့ စွမ်းအားရှိတယ်။"
လောင်လီက ဤသို့ပြောနေလျက် မကြာသေးမီကရောက်ရှိလာပြီးနောက် မူလမြေ၌ ကြီးမားသောအကျိုးသက်ရောက်မှုဖြစ်စေခဲ့သော လူသစ်၏အရည်အချင်းကို မယုံကြည်ကြောင်းဖော်ပြသည်။
အနှစ်တစ်ထောင်နီးပါး နေထိုင်လာပြီးနောက် လင်းဇီချန်ကဲ့သို့ ထက်မြက်သော ကမ္ဘာမြေသားကို တစ်ခါမျှ မတွေ့ခဲ့ရပေ။
"အင်း ကျုပ် ဒါကို သိပါတယ်။ နောက်မှ ဘာဖြစ်နေတယ်ဆိုတာကို စစ်ဆေးဖို့ မြို့ပြင် ကင်းထောက်အဖွဲ့ကို စေလွှတ်လိုက်မယ်"
“မြို့အရှင် တခြားဘာမှ မရှိတော့ရင် ဖလှယ်ရေးခန်းမကို ပြန်သွားပြီး အလုပ်သွားလုပ်လိုက်ပါဦးမယ်”
“ဆက်လုပ်ပါ”
ချင်ချွမ်းက လက်ဟန်ပြ၍ အမြန်ထွက်သွားရန် အချက်ပြလိုက်သည်။
လောင်လီထွက်သွားပြီးနောက် ချင်ချွမ်းက အဘယ်ကြောင့် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားများက တောင်ပိုင်းဒေသသို့ လာရသည်ကို တွေးနေမိသည်။
နေလအထွတ်အမြတ်မြေနဲ့ မေ့ပျောက်ခြင်းနယ်မြေက … ပူးပေါင်းလိုက်တာများလား
မဖြစ်နိုင်တာ..
အခြားအကြောင်းပြချက်တစ်ခုခုရှိရမယ်…။
ချင်ချွမ်းက အတွေးနွံထဲနစ်နေစဥ် ရုံးခန်းတံခါးမှ ခေါက်သံကို ကြားလိုက်ရသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ပင်ဖြစ်၏။
“မြို့အရှင် ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာလေးရှိတယ်”
လင်းဇီချန်၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
ချင်ချွမ်းက အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်၏။
“ဝင်လာခဲ့ပါ”
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က ဝင်လာပြီးသည်နှင့် စားပွဲဘေးတွင် လေးလေးစားစားမတ်တပ်ရပ်နေကြသည်။
“ဘာလဲ”
ချင်ချွမ်းက မေ့ပျောက်ခြင်းနယ်မြေမှ အဖြစ်အပျက်အကြောင်းပြောမည်ကို သိသော်လည်း မေးလိုက်သေးသည်။
သို့သော်လည်း လင်းဇီချန်က မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားအကြောင်းမပြောခဲ့ပေ။
“မြို့အရှင် ကျွန်တော်တို့ ကမ္ဘာမြေကို ခဏလောက် ပြန်သွားချင်ပါတယ်။ နည်းပြလန် နဲ့ စကားပြောပြီးပါပြီ။ ခင်ဗျားရဲ့ ခွင့်ပြုချက်လိုလို့ သူက ဒီကိစ္စကို ဆုံးဖြတ်လို့မရဘူးလို့ ပြောပါတယ်”
လင်းဇီချန်က ဤသို့ပြောလျက် စိတ်ထဲတွင် အတော်အတန် အံ့သြနေမိသည်။
ကမ္ဘာမြေသို့ ရိုးရှင်းသော ခရီးစဉ်တစ်ခုအတွက် မြို့အရှင်၏ခွင့်ပြုချက်ကို အဘယ်ကြောင့်လိုအပ်သနည်း။
မြို့သခင်သည် ဤမျှလောက် အရေးကြီးသလား။
အသေးအဖွဲ ကိစ္စတိုင်းကို သူ စီမံခန့်ခွဲသလား။
လင်းဇီချန်က ဤသို့စဥ်းစားနေချိန် ချင်းချွမ်၏ စကားက ထွက်ပေါ်လာသည်။
“မင်းတို့နှစ်ယောက် မူလမြေကို ရောက်တာမကြာကြသေးဘူးဆိုတာ ငါသတိထားမိပါတယ်။ ဘာလို့ ကမ္ဘာမြေကို ပြန်ဖို့လုပ်နေကြတာလဲ”
“ကျွန်တော့်အမေက အခု ဒုတိယကလေးလွယ်ထားရတာ ညီမလေးကို သွားကြည့်ချင်လို့ပါ”
ထိုအကြောင်းပြချက်ကိုကြားသောအခါ ချင်ချွမ်းက ဆက်ပြောသည်။
“မူလမြေမှာ တစ်လတည်းနေပြီး ကမ္ဘာကို ပြန်ဖို့ကတော့ နည်းနည်း များလွန်းတယ်။ သုံးလလောက်ကြာမှ ပြန်လို့ရမယ်"မူ
"မျိုးဗီဇလမ်းကြောင်းကနေ ပို့ဆောင်ရေးတစ်ခုစီတိုင်းက မူလစွမ်းအင်အများစုကို သုံးဖို့လိုတယ်”
“မူလမြေအင်အားစုက အဆင့်မြင့်သလင်းကျောက် ဒါမှမဟုတ် သားရဲအမြုတေ ဒါမှမဟုတ်ရင်
အခြား ဆန်းကြယ်ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေက ရတာ။ အဲ့တာတွေအားလုံးက ငါတို့အတွက် အသက်ရှင်သန်ဖို့ စွမ်းအင်တွေပဲ။ အခုလို အလဟဿမဖြုန်းတီးပစ်နိုင်ဘူး”
"မင်းတို့နှစ်ယောက် ကမ္ဘာမြေကို ပြန်မခင် အနည်းဆုံး သုံးလလောက်နေရမယ်။ အဲ့တာ အခြေခံစည်းမျဉ်းပဲ"
"..."
လင်းဇီချန်က ထိုသို့သော စည်းမျဥ်းကို ပထမဆုံးအကြိမ်ကြားလိုက်ရပြီးနောက် အံ့သြသွားရသည်။ ဤသို့ဖြစ်လာမည်ဟု သူ အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။
သို့သော်၊ သူသည် ငြင်းခုံမနေဘဲ လေးစားစွာပြော၍ ရှန်ချင်းဟန်နှင့်အတူ ထွက်သွားသည်။
"နားလည်ပါပြီ"
အကယ်၍ ထိုစည်းမျဉ်းသာရှိနေပါက ၎င်းတို့သည် ၎င်းကိုလိုက်နာကာ ကမ္ဘာမြေသို့ပြန်ရန် သုံးလစောင့်ရမည်ဖြစ်သည်။ ယခု ၎င်းတို့ရောက်ရှိနေပြီမှာ နှစ်လနီးပါးရှိနေပြီဖြစ်၍ သိပ်ကြာတော့မည်မဟုတ်ပေ။
...
အိပ်ဆောင်ထဲ၊
အိပ်ယာပေါ်တွင်
ရှန်ချင်းဟန်က ဒူးနှစ်ဖက်ကို ထောင်ကာ ရင်ဘက်နားသို့ တိုးကပ်၍ ဖက်ထားကာ ထိုင်နေလျက် နံရံသို့ ခေါင်းမှီကာ အနည်းငယ်စိတ်ဓာတ်ကျစွာပြောလိုက်သည်။
"အဖေနဲ့အမေကို တွေ့ဖို့ အခု ကမ္ဘာမြေကို ပြန်သွားချင်တာ… ဒါပေမယ့် မြို့အရှင်ပြောတဲ့အတိုင်းဆို သုံးလတောင် စောင့်ရဦးမှာ အကြာကြီးပဲ”
“အဲ့တာကြီးက တော်တော်ကြာတယ်”
လင်းဇီချန်က ရှန်ချင်းဟန်၏ ခန္ဓာကိုယ်ကို ပွတ်သပ်ပေး၍ နှစ်သိမ့်လိုက်သည်။
"ဒါပေမယ့် ကိုတို့ မူလမြေရောက်နေတာ နှစ်လနီးပါးရှိပြီဆိုတော့… နောက်တစ်လနဲ့ ရက်နည်းနည်းပဲစောင့်ရင် ပြန်သွားနိုင်မှာပါ။ မြန်မှာပါ”
“အမှန်ပဲ” ရှန်ချင်းဟန်က ခေါင်းညိတ်ကာ လင်းဇီချန်ကို ခေါင်းလှည့်ကြည့်လိုက်သည်။
“ဇီချန်… ငါနည်းနည်းပျင်းလာပြီ… လုပ်ကြမလား…” အလိုဆန္ဒအပြည့်ပါဝင်နေသော သူမ၏ အသံလေးက ထပ်မံထွက်ပေါ်လာ၏။
"ဟုတ်ပြီ၊ လုပ်ရအောင်”
လင်းဇီချန်က တစ်စက္ကန့်မျှ မတွေးဘဲ သဘောတူလိုက်သည်။ ဖုန်းများ သို့မဟုတ် ကွန်ပျူတာများမရှိသော မူလနယ်မြေတွင် ဖျော်ဖြေရေးရွေးချယ်စရာများ မရှိခြင်းသည် ဆိုးရွားလှသည်။ထိုသို့သောပတ်ဝန်းကျင်တွင် အမျိုးသားနှင့်အမျိုးသမီးကြား ရင်းနှီးမှုသည် မရှိမဖြစ်လိုအပ်သော အကောင်းဆုံးဖျော်ဖြေမှုပုံစံဖြစ်သည်။
"ဝင်လာတုန်းက ကွန်ဒုံးယူလာဖို့ မေ့သွားတယ်၊ သိုလှောင်ရေးနေရာလွတ်ထဲက သေတ္တာထဲမှာ ကုန်ခါနီးနေပြီ”
လင်းဇီချန်က သိုလှောင်ရေးနေရာလွတ်ထဲရှိ အလွန်ပါးလွှာသော ကွန်ဒုံးများထည့်ထားသည့် သေတ္တာကိုကြည့်၍ နှစ်ခုသာကျန်တော့သည်ကို သတိပြုမိလိုက်သည်။ ယင်းက ယနေ့အတွက်ပင် မလုံလောက်နိုင်ပေ။
သို့သော် ရှန်ချင်းဟန်က ဤအရာကို စိတ်ထဲမထားပေ။
“ဘာမှမဖြစ်ပါဘူး။ ငါတို့ ကိုယ်ဝန်ရရင် ကလေးရမှာပေါ့”
"ကိုတို့က ၁၉ နှစ်ပဲရှိသေးတယ်၊ အရမ်းငယ်သေးတယ်လေ”
“သိပ်မငယ်တော့ပါဘူး”
“နောက် နှစ်နည်းနည်းလောက်ကြာမှ ကလေးယူဖို့ စဥ်းစားကြရအောင်ပါကွာ”
“အဲ့တာဆိုလည်း ကောင်းပြီ”
“အဲ့တာဆို ကိုတို့ ခါတိုင်းထက် လျှော့ပြီး နှစ်ချီပဲလုပ်ကြမယ်နော်။ နောက်တစ်ခါ မူလမြေကို ပြန်လာရင် ကွန်ဒုံးတွေ ပိုဝယ်လာပြီး သိမ်းထားမယ်”
"တကယ်တော့ အဲ့တာတွေ မလိုပါဘူးဟာ။ ငါက အရည်တွေကို စိတ်နဲ့ ထိန်းချုပ်နိုင်တာပဲကို ငါတို့ အဲ့တာတွေသုံးသုံး မသုံးသုံး အရေးမကြီးပါဘူး” ရှန်ချင်းဟန်က လင်းဇီချန်၏ မျက်လုံးထဲသို့ကြည့်ကာ ပြောလိုကသည်။
ဤစကားကိုကြားသောအခါ လင်းဇီချန်တစ်ယောက် လုံးလုံးလျားလျား အံ့သြကြောင်အသွားရသည်။