အပိုင်း ၄၃၃-၄၃၅
Vol. 29 Ch. 433-435
အခန်း(၄၃၃) မူလမြေအင်အားစုများ ၂
တကယ်တမ်းတွင် သူဤအကြောင်းကို တစ်ခါမှမတွေးခဲ့ဖူးပေ။
ဟုတ်သားပဲ
နှာဘူးမလေးက ရေတွေနဲ့ ကစားတာတကယ်တော်တာကို အရည်တွေကို ဆန္ဒအတိုင်း ထိန်းချုပ်နိုင်တာမို့ ကွန်ဒုံးသုံးသုံးမသုံးသုံး ကိစ္စမရှိဘူးမလား။
ဟူး… အရင်က ဘာမှမဟုတ်တာလေးကို အလုပ်တွေရှုပ်နေတာပဲ။
ဤသည်ကိုစဥ်းစား၍ လင်းဇီချန်က မေးလိုက်သည်။
“အရင်က ဘာလို့ ဒီလောက်အရေးကြီးတာကို ဘာလို့ မပြောတာလဲ”
“အခုမှ စဥ်းစားမိလို့”
“ကောင်းပြီ.. ကိုတို့နှစ်ယောက်လုံး ငတုံးတွေပဲ”
“တုံးတာထားလိုက်တော့.. ငါမစောင့်နိုင်တော့ဘူး မြန်မြန်လုပ်ရအောင်” ရှန်ချင်းဟန်က စိတ်မရှည်စွာဖြင့် ပြောသည်။
ယခု သူမက ယင်းကို အရသာသိနေပြီဖြစ်သောကြောင့် လင်းဇီချန်နှင့် အနည်းဆုံး တစ်ရက်ကို ဆယ်ကြိမ်တိတိ မလုပ်ဘဲ မနေနိုင်တော့ပေ။
သူမအတွက်မူ.. ဤအရာက ဆင့်ကဲပြောင်းလဲခြင်း၏ အနှစ်သာရပင်ဖြစ်သည်။
...
ရက်အတော်ကြာသောအခါ အိပ်ဆောင်ထဲတွင် လင်းဇီချန်တို့နှစ်ယောက်သား ‘မူလမြေအင်အားစုများ’ဟု ခေါင်းစီးတပ်ထားသော စာအုပ်ကို ဖတ်ရင်းဖြင့် ကုတင်ပေါ်တွင် အတူထိုင်နေကြသည်။ ဖုကျုံးက မူလမြေကို ဒေသငါးခုခွဲထားကြောင်း ကြားပြီးစဥ်ကတည်းက ယင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို အထူးတလည်ရှာဖွေခဲ့သည်။
“ဇီချန် နင် စာရွက်လှန်တာ အရမ်းမြန်လွန်းတယ်။ ငါခေါင်းမူးလာပြီ” ရှန်ချင်းဟန်က မကျေမနပ်ဖြစ်စွာဖြင့် ပြောသည်။
သူမသည် မိမိကိုယ်မိမိ ထူးခြားထက်မြက်သော မှတ်ဉာဏ်ရှိသူဟု ယူဆသော်လည်း လင်းဇီချန်၏ ဘေးတွင် အိုင်ကျူ ဇီးရိုးသာရှိသော မိန်းကလေးကဲ့သို့ ခံစားရသည်။
“ကို အရင်ဖတ်လိုက်မယ်။ ကို ဖတ်ပြီးမှ အချိန်ယူပြီးဖတ်တော့” လင်းဇီချန်က ပေါ့ပေါ့ပါးပါးပြောကာ စာရွက်များကို အမြန်လှန်နေသည်။
သူ့တွင် ကောင်းကင်ဉာဏ်ပညာအရင်းအမြစ်ရှိသောကြောင့် ဖတ်ဖူးသမျှကို မမေ့ဘဲ တစ်ချက်ကြည့်ရုံဖြင့် စာဆယ်ကြောင်းဖတ်နိုင်သည်။ ကံမကောင်းစွာဖြင့် ရှန်ချင်းဟန်
စာဖတ်နှုန်းနှင့် မညှိပေးနိုင်ပေ။ သူ အနည်းငယ် တစ်ကိုယ်ကောင်းဆန်ရမည်။ ဦးစွာဖတ်ပြီးနောက်မှ ရှန်ချင်းဟန်ကို ဖတ်စေလိမ့်မည်။
နှစ်မိနစ်ခန့်အကြာတွင် လင်းဇီချန်က ‘မူလမြေအင်အားစုများ’ စာအုပ်ကို အပြီးဖတ်ကာ မူလမြေအကြောင်း လေးလေးနက်နက်နားလည်လာခဲ့သည်။ မူလမေကို အလယ်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ၊ အနောက်ပိုင်းဒေသ၊ တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသဟူ၍ ပိုင်းခြားထားသည်။
အလယ်ပိုင်းဒေသသည် ကြီးမားသော အပျက်အစီးမြေတစ်ခုဖြစ်ကာ ပုံမှန်ဖွင့်လှစ်ထားသည့် တားမြစ်နယ်မြေဖြစ်သည့် မူလမြေ၏ ရှေးအကျဆုံး ယဥ်ကျေးမှု အမွေအနှစ်များကို သိုလှောင်ထားသည်။ မူလမြေရှိ ဒဏ္ဍာရီအဆင့် သတ္တဝါအများစုသည် အလယ်ပိုင်းဒေသတွင် မွေးဖွားခဲ့ကြသည်။
အရှေ့ပိုင်းဒေသသည် မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးသော ရေနေသတ္တဝါများနေထိုင်ရာ ပင်လယ်များနှင့် ရေကန်များစွာရှိသည့် အဆုံးမဲ့လွင်ပြင်တစ်ခုဖြစ်သည်။
အနောက်ဘက်ဒေသသည် ထူးခြားသောကမ္ဘာမြေအောက် သတ္တဝါမျိုးစုံတို့နေထိုင်ရာ ဖိနှိပ်ချုပ်ချယ်သော သေခြင်းအငွေ့အသက်များဖြင့် အလွန်ဆိတ်ညံသောနယ်မြေဖြစ်သည်။
တောင်ပိုင်းဒေသသည်မူ စွမ်းအားအကြီးဆုံး ကုန်းနေသတ္တဝါများနေထိုင်ရာ အလွန်ပေါများသော ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များရှိသော တောင်များနှင့် သစ်တောများရှိသော ကမ္ဘာတစ်ခုဖြစ်သည်။
နေလ အထွတ်အမြတ်မြေနှင့် စိမ်းလန်းတောင်တန်းတို့ကဲ့သို့သော အဓိကတပ်ဖွဲ့များသည် တောင်ပိုင်းဒေသတွင်တည်ရှိကြသည်။ ကမ္ဘာမြေသားများသည် ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော သွေးမျိုးဆက်လမ်းကြောင်းများအားလုံး တောင်ပိုင်းဒေသတွင်ရှိသောကြောင့် မူလမြေရှိ အရင်းအမြစ်အဓိကနေရာများတွင်၎င်းတို့၏အခြေစိုက်စခန်းများကို တည်ထောင်ခဲ့သည်။
မြောက်ပိုင်းဒေသသည် အလွန်အအေးလွန်ကဲကာ သတ္တဝါများရှားပါး၍ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များ နည်းပါးသောကြောင့် မကျော်ကြားလှပေ။ အဓိက ဒေသကြီးငါးခုအပြင် မူလမြေတွင် တွင်းနက်ကြီးတစ်ခုရှိသည်။ မူလမြေ၏ ထောင့်တိုင်းတွင် တွင်းနက်ကြီးတစ်ခုရှိသည်။
တွင်းနက်ကြီးသည် ရှင်သန်ခြင်းကင်းမဲ့မြေဖြစ်သည်။ ထိုနေရာသို့ စွန့်စားသွားလာသော ဒဏ္ဍာရီအဆင့် သတ္တဝါများပင်လျှင် အသက်နှင့် သေခြင်းတို့ကို ရင်ဆိုင်ရလေ့ရှိကာ ယနေ့အချိန်အထိ ၎င်းသည် ပဟေဠိများဖြင့် ဖုံးကွယ်ထားဆဲဖြစ်သည်။ တွင်းနက်ကြီး မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို မည်သူမျှ မသိကြပေ။
တွင်းနက်ကြီးက အန္တရာယ်ရှိကြောင်း သိသည်မှတပါး ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ နားမလည်နိုင်ပေ။
ဒါဆို.. ကမ္ဘာမြေရဲ့ ရန်သူတွေက နေလ အထွတ်အမြတ်မြေကလား။
အရှေ့ဘက်ဒေသသည် ပင်လယ်ရေကန်များ အများအပြားရှိသည်။ ထို့ကြောင့် ရှန်ချင်းဟန်၏ လျို့ဝှက်ချက်များကို ဖော်ထုတ်နိုင်လိမ့်မည်။
အင်း အခွင့်အရေးရရင် အရှေ့ဘက်ဒေသကို ခရီးထွက်ရဦးမယ်။
လင်းဇီချန်က စိတ်ထဲမှ တိတ်တဆိတ်တွေးလိုက်၏။
…
မျက်စိတစ်မှိတ်အတွင်း လဝက်ခန့်ကုန်ဆုံးသွားသည်။
ကမ္ဘာမြေသို့ ပြန်ခွင့်ရရန် ဆယ်ရက်ပင်မလိုတော့ပေ။ ရှန်ချင်းဟန်က စောင့်ဆိုင်းရသည့်နေ့ရက်တိုင်းက တစ်နှစ်ကဲ့သို့ ခံစားရ၍ နေ့ရက်တိုင်းလိုလိုပင် အချိန်များသည် မယုံနိုင်လောက်အောင် ဖြည်းညှင်းစွာ ကုန်ဆုံးသွားပုံရသည်။
ယနေ့နံနက် မိုးလင်းသည်နှင့်အမျှ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က ခပ်စောစောနိုးလာကာ ၎င်းတို့၏ သွေးကြောမှတ်များကိုဖြတ်ကျော်ရန် ကြိုးစားလျက် အိပ်ရာပေါ်တွင် ငြိမ်သက်စွာထိုင်နေကြသည်။
ဂြိုလ်လူသားအဆင့်ပါရမီရှင်အဖွဲ့၏ အခြားအဖွဲ့ဝင် အများစုမှာ အတွေ့အကြုံနှင့် ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ အရင်းအမြစ်များကို ရှာဖွေရန် မြို့တွင်းမှ ထွက်ခွာခဲ့ကြသည်။ ၎င်းတို့နှစ်ဦးက ၎င်းတို့၏ သွေးကြောမှတ်များကို ဖြတ်ကျော်ခြင်းဖြင့် အမှန်တကယ် အင်အားကောင်းလာနိုင်သော်လည်း ၎င်းသည် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အချို့ကို လိုအပ်သည်။
မြို့ပြင်တွင် အတွေ့အကြုံရရန် အခြားသူများနှင့် မပူးပေါင်းရခြင်းအကြောင်းအရင်းမှာ ၎င်းတို့၏ မိဘများထံသွားရောက်လည်ပတ်ရန် ကမ္ဘာမြေသို့ ပြန်ခါနီးတွင် နှောင့်နှေးခြင်းကြောင့် အခွင့်အရေးကို လက်လွှတ်မခံချင်ကြသောကြောင့်ဖြစ်သည်။
အချိန်က လျင်မြန်စွာပင် ကုန်ဆုံးသွားရာ မူလမြေတွင်နေခဲ့သည်မှာ သုံးလပြည့်ရန် တစ်ရက်သာလိုပေတော့သည်။ ထို့ကြောင့် ရှန်ချင်းဟန်က တစ်ညလုံး အိပ်မပျော်ဘဲ စိတ်လှုပ်ရှားနေသဖြင့် လင်းဇီချန်ကို တစ်ညလုံးသူမနှင့် ချစ်ရန် ဆွဲခေါ်ခဲ့သည်။
တစ်သက်လုံး ဤမျှကြာကြာ မိဘများကို မဆက်သွယ်ဘဲ ခရီးမထွက်ခဲ့ဖူးပေ။ အဆက်အသွယ်မရှိသော သုံးလလုံးလုံး သူမ၏ မိဘများကို တမ်းတရင်းဖြင့် နေထိုင်ခဲ့ရသည်။
"အဆောင်ထဲမှာ နေရတာ ပျင်းစရာကြီး၊ ဒီနေ့ ပျင်းလို့ သွေးကြောမှတ်ကျော်ဖြတ်ဖို့လုပ်တာ ရပ်လိုက်ကြရအောင်။ အပြင်ထွက်ပြီး လေကောင်းလေသန့်သွားရှုရအောင်လေ” ရှန်ချင်းဟန်က ခပ်တိုးတိုးပြောသည်။
လင်းဇီချန်ကိုယ်တိုင်လည်း သွေးကြောမှတ်ဖြတ်ကျော်ခြင်းက အလုပ်ဖြစ်သည်ဟု မခံစားရဘဲ မိဘများကိုသာ လွမ်းဆွတ်နေခဲ့ကာ ညီမဖြစ်သူအကြောင်းသိချင်နေသောကြောင့် ရှန်ချင်းဟန်နှင့် အပြင်ထွက် လမ်းလျှောက်ရန် ထွက်လာခဲ့သည်။ ဦးတည်ရာမဲ့ လမ်းလျှောက်ကာ စကားစမြည်ပြောရင်းဖြင့် မြို့တွင်းကို လှည့်ပတ်ခဲ့ရာ မြို့တံခါးများအနီးထိရောက်လာခဲ့ကြသည်။
“မြို့ရိုးအမြင့်ကြီးကို တက်ပြီးကြည့်ရအောင်” လင်းဇီချန်က အကြံပေး၏။
ကောင်းကင်မျက်လုံးဖြင့် မြို့ပြင်ရှု့ခင်းကို ပိုမိုကျယ်ပြန့်စွာမြင်နိုင်ရန် မြို့တံခါး၏ တံတိုင်းကြီးပေါ်တွင် မတ်တပ်ရပ်ကြည့်ချင်သည်။
“အွန်း ငါလည်း လေကောင်းလေသန့်ရှုချင်လို့ အဲ့ကိုသွားကြည့်ချင်တယ်” ရှန်ချင်းဟန်က ပြုံး၍ ပြောလိုက်သည်။
နှစ်ယောက်သား သဘောတူကာ မြို့ရိုးထိပ်သို့ အမြန်တက်လာခဲ့ကြသည်။ မြို့ရိုးထိပ်သို့ရောက်သည်နှင့် မြို့တံခါးအပြင်ဘက်ရှိ တည်ငြိမ်သောနေရာတွင် လူနှစ်ဦးသည် ၎င်းတို့၏ အသက်ကို စွန့်ကာ မြို့ထဲသို့ ဝင်ရန် ဦးတည်ပြေးနေကြသည်ကို မြင်လိုက်ရ၏။
လင်းဇီချနက် ကောင်းကင်မျက်လုံးကို အစွမ်းမြှင့်တင်လိုက်သည်နှင့် ချက်ချင်းပင် ကြည်လင်ပြတ်သားစွာမြင်လိုက်ရသည်။
‘သူတို့ကို တော်တော်လေး မြင်ဖူးသလိုပဲ’
အခန်း(၄၃၄) မူလမြေအင်အားစုများ ၃
အတိအကျပြောရလျှင် ‘ချိန်ခွင်ဘုရင်များ’ဟုလူသိများသော အဖွဲ့ထဲမှ ကျောက်ချင်ရှန်းနှင့် ကျန်းထောင်းတို့ဖြစ်သည်။ ဤအခိုက်အတန့်တွင် တစ်ယောက်ကိုသယ်ပိုးလျက် တစ်ယောက်က အပြင်းအထန်ပြေးနေသည်။
သယ်လာခြင်းခံရသူမှာ ကျောက်ချင်းရှန်ဖြစ်သည်။ လင်းဇီချန်က အနီးကပ်ကြည့်ရှု့ပြီးနောက် ကျောက်ချင်းရှန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိနေသည်ကို သတိပြုမိခဲ့သည်။ ဒဏ်ရာများသည် အနက်ရောင် ရောင်ဝါးများနှင့် စပ်ယှက်နေသည်။ ထိုအနက်ရောင်ရောင်ဝါကို လင်းဇီချန်က ရင်းရင်းနှီးနှီးမြင်ဖူး၏။ ၎င်းသည် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားများပေါ်တွင် သူမြင်ဖူးခဲ့သည့်အရာနှင့် ဆင်တူသည်။
များမကြာမီတွင်၊ မြင့်မားသောတံတိုင်းရှိ အစောင့်များသည် ကျန်းထောင်းနှင့် ကျောက်ချင်းရှန်တို့ကို အထူးစောင့်ကြည့်ရေးကိရိယာများမှတစ်ဆင့် တွေ့လိုက်ကြကာ လူနှစ်ယောက်ကို ဝင်ခွင့်ပေးရန် မြို့တံခါးကို ချက်ချင်းဖွင့်လိုက်သည်။ မြို့တံခါးထဲသို့ရောက်သည်နှင့် ကျန်းထောင်းက အလွန်မောပန်းစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ တဟောဟောတဟဲဟဲဖြစ်နေသည်။
သူချီလာသော ကျောက်ချင်းရှန်ကမူ ဖျော့တော့သော မျက်နှာနှင့် သတိလစ်နေကာ အလွန်စိုးရိမ်ရသော အခြေအနေတွင်ရှိနေသကဲ့သို့ထင်ရသည်။
“ဘာဖြစ်တာလဲ”
တာဝန်ကျ အစောင့်တပ်မှုးက နှောင့်နှေးမနေဘဲ ၎င်းတို့နှစ်ဦး၏ အခြေအနေကို စစ်ဆေးရန် ရောက်ရှိလာခဲ့သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည်မြို့ရိုးမှ ခုန်ဆင်းကာ ၎င်းတို့နှစ်ဦး မည်သို့ဖြစ်နေသည်ကို ကြည့်ရှု့ခဲ့ကြသည်။
“မြို့အပြင်ဘက်မှာ အန္တရာယ်ရှိဇုန်မှာ မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားတွေ အများကြီးရှိတယ်”
ကျန်းထောင်းက ပြင်းပြင်းထန်ထန် မောဟေိုက်လျက် ပြန်ဖြေလျက်ရှိရာ အသက်ရှုသံများက မူမမှန်တော့ပေ။ သူ့စကားကိုကြားသောအခါ အစောင့်တပ်မှူး၏အမူအရာသည် ချက်ချင်းပင် လေးနက်သွားကာ ထိုလူနှစ်ယောက်ကို ဆေးကုသရန် စခန်းမှူးထံ ချက်ချင်းပို့၍ အဖြစ်အပျက်ကို အထက်အရာရှိထံ သတင်းပို့ရန် စီစဉ်လိုက်သည်။
လင်းဇီချန်၏ အမူအရာကလည်းဆိုးရွားသွားသည်။
အန္တရာယ်ရှိနယ်မြေတွင် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားအမြောက်အမြားပေါ်လာခြင်းမှာ ကောင်းသော လက္ခဏာမဟုတ်ပေ။ ကမ္ဘာမြေသည် အနာဂတ်တွင် အခြားရန်သူများနှင့်ထိပ်တိုက်တွေ့ရနိုင်ခြေရှိသည်။
…
ခဏအကြာ နေ့ခင်းဘက်သို့ရောက်သောအခါ မြို့အရှင်ထံမှ သတင်းထွက်လာသည်။
မဝေးတော့သော အနာဂတ်တွင်ဖြစ်လာမည့် အန္တရာယ်များအတွက် သခင်အဆင့်ထက် နိမ့်သော သွေးမျိုးဆက်စွမ်းအားအဆင့်ရှိသူများ မလိုလားအပ်သော ဆုံးရှုံးမှုများမဖြစ်စေရန် မြို့မှ ထွက်ခွာခြင်းမှ ရှောင်ကြဥ်ရန် အကြံပြုထားသည်။
…
ညနေစောင်းသောအခါ အိပ်ဆောင်ထဲ၌
အခြားလုပ်စရာမယ်မယ်ရရမရှိသဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က အိပ်ရာပေါ်တွင် စကားပြောလျက် အလုပ်လုပ်နေကြသည်။
“ကျောက်ချင်ရှန်းဆိုတဲ့လူက အခုဘာလုပ်နေလဲမသိဘူးနော်။ သူမြို့ကိုဝင်လာတော့ ဒဏ်ရာတွေဆီက အနက်ရောင်အရည်တွေစီးကျနေတာ တော်တော် ပြင်းတဲ့ပုံကြီး” ရှန်ချင်းဟန်က တုန်ရီနေသော အသံဖြင့်ပြောသည်။
“သူ အဆင်ပြေလောက်မယ်လို့ ကိုယ်ထင်တယ်။ သခင်အဆင့်ဆိုတော့ ခန္ဓာကိုယ်ကို ကုသနိုင်စွမ်းက အရမ်းမြင့်မှာ… အချိန်မီကုသမှုခံယူနေသရွေ့တော့ မြန်မြန်ပြန်ကောင်းလာမှာပါ”
“ဇီချန် မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားတွေက မြို့ပြင်က အန္တရာယ်ရှိဇုန်တွေမှာ ဘာလို့ ပေါ်လာတယ်ထင်လဲ။ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ရှန်ချင်းဟန်က အနည်းငယ်စိတ်ရှုပ်စွာပြောလိုက်သည်။
“မသေချာဘူး မြို့နံပါတ် ၁ ကို တိုက်ခိုက်ဖို့ စီစဥ်နေကြတာ ဖြစ်နိုင်တယ်”
“အမ်” ရှန်ချင်းဟန်၏ မျက်နှာက ရုတ်တရက်ပြောင်းလဲသွားသည်။
လင်းဇီချန်၏ ထင်မြင်ယူဆချက်သည် သူမကို ထိတ်လန့်စေကာ အလွန်စိတ်မသက်မသာဖြစ်စေသည်။ မေ့ပျောက်ခြင်းနယ်မြေမှ ထိုဂြိုလ်သားများသည် ထိုဧရိယာကို အမှန်တကယ် စူးစမ်းနေလျှင် မြို့အမှတ်(၁) သည် တိုက်ပွဲကြီးတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်ကာ ရေမတွက်နိုင်သော အသေအပျောက်များလည်း ရှိလာနိုင်သည်။
ရှန်ချင်းဟန်၏ လှပသောမျက်နှာလေးထက်၌ စိုးရိမ်စိတ်များဖုံးလွှမ်းနေသည်ကိုမြင်လိုက်ရသဖြင့် လင်းဇီချန်က နှစ်သိမ့်သောအပြုံးဖြင့် ပြောလိုက်သည်။
“ကိုယ် မှန်းကြည့်ရုံတင်ပါ မလန့်ပါနဲ့”
…
နောက်တစ်နေ့တွင် မိုးလင်းသည်နှင့်အမျှ မူလမြေ၌ သုံးလကြာနေပြီးသည့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ပေါ့ပေါ့ပါးပါး ထုပ်ပိုးကာ အိပ်ဆောင်မှ ထွက်၍ ထူးခြားသော သွေးမျိုးဆက်လမ်းကြောင်းမှတစ်ဆင့် ကမ္ဘာမြေသို့ ပြန်လာခဲ့ကြသည်။
မြို့အမှတ်(၁)၏ သွေးမျိုးဆက်လမ်းကြောင်းမှ ထွက်ပေါက်သည် မြို့တော်ရှိ စစ်ခရိုင်ဌာနချုပ်တွင်တည်ရှိသည်။ ထို့နောက် နာရီဝက်နီးပါးကြာ ရဟတ်ယာဥ်စီးပြီးနောက် ၎င်းတို့ မျှော်လင့်နေခဲ့ကြသည်မှာကြာပြီဖြစ်သော ရှန်ဟိုင်းတက္ကသိုလ်သို့ ရောက်ခဲ့ကြသည်။ ရဟတ်ယာဉ်ပေါ်မှ ဆင်းပြီးသည်နှင့် သုံးလကျော် အဆက်အသွယ်မရသော ၎င်းတို့၏ မိဘများကို တွေ့လိုစိတ်ပြင်းပြကာ ပြင်ပကျောင်းခရိုင်၏ မိသားစုနယ်မြေဆီသို့ ဦးတည်သွားကြသည်။
၎င်းတို့နှစ်ဦးသည် ရက်အတော်ကြာ မတွေ့ခဲ့ရပြီးနောက် မိဘများ အံ့အားသင့်စေရန်အတွက် ပြန်လာမည်ကို ကြိုတင်အသိမပေးခဲ့ကြပေ။
"ဦးလေး နဲ့ အန်တီမုန့်တို့ကို တွေ့ဖို့ အရင်မသွားဘူးလား”
လင်းဇီချန်က သူ့အိမ်ရှေ့တွင်ရပ်လျက် သော့ဖွင့်ရန် သော့ကို ထုတ်နေစဥ် မိမိနှင့်အတူလိုက်လာသော ရှန်ချင်းဟန်ကို လှည့်ကြည့်ကာမေးလိုက်သည်။
“အလျင်မလိုပါဘူး။ မိဘတွေနဲ့တွေ့ဖို့ အချိန်အများကြီးရှိသေးတယ်လေ။ အခု ညီမလေး ဇီယင်းကိုပဲ ကြည့်ချင်လို့”
“ကိုလည်း သူ့ကို တွေ့ချင်လှပြိ”
လင်းဇီချန်က ပြုံး၍ သော့ဖွင့်ကာ ရှန်ချင်းဟန်နှင့်အတူ ဝင်လာခဲ့သည်။ ယခုအခါတွင် သူသည် သာမန်လူတစ်ဦး၏ အာရုံခံစွမ်းအင်အတိုင်းနေနေသဖြင့် အိမ်တွင်းရှိအခြေအနေ မည်သို့ရှိသည်ကို မသိပေ။ ဤသို့လုပ်ရခြင်းအကြောင်းမှာလည်း သူ့ကိုယ်သူ အံ့သြစေချင်သောကြောင့်ဖြစ်သည်။
သူသည် Blind Box(အထဲတွင် မည်သည့်အရုပ်ပါသည်ကိုမသိရသောအရုပ်ဗူး) ကိုဖောက်၍ တစ်ခါမျှ မမြင်ခဲ့ဖူးသော ညီမဖြစ်သူ၏ ပုံစံကို မြင်ချင်သည်။
“ဇီချန် ငါ စာလုပ်နေတဲ့ ကီးဘုတ်သံကြားရတယ်။ ဦးလေးနဲ့ အန်တီတို့ အချစ်ဝတ္ထုတွေ ရေးနေကြတာလားမသိဘူးနော်။ အခုမှ ရှစ်နာရီပဲရှိသေးတာ အစောကြီးစာရိုက်နေကြပြီလား”
ရှန်ချင်းဟန်က ရယ်မောကာပြောလာသောအခါ လင်းဇီချန်ကလည်း ရယ်လိုက်၏။
“ကို့မိဘတွေက အဲ့လိုပဲ။ သူတို့ကို စာရေးတာရပ်ပြီး ဝင်ငွေမပူရတဲ့ဘဝကို ခံစားပါလို့ပြောတာကို အဲ့မှာ အဲ့တိုင်းငြိမ်ငြိမ်ထိုင်ချင်ကြတယ်”
“ညီမလေးက အခန်းထဲမှာ အိပ်နေတယ်ထင်လား နို့သောက်နေမယ်ထင်လား ဇီချန်”
သူမသည်လည်း သူမ၏ အာရုံခံနိုင်စွမ်းကို သာမန်လူအဖြစ်လျှော့ချထားရာ အိမ်ထဲမှ အခြေအနေကို ကောင်းကောင်းမသိပေ။
“သူ အခန်းထဲမှာ အိပ်နေလောက်ပြီမလား။ ကလေးလေးတွေက ပုံမှန်ဆိုအရမ်းအိပ်တယ်လေ” လင်းဇီချန်က မှန်းဆ၏။
မသူစကားပြောပြီးမကြာမီ၌ပင် ဒိုက်ဘာဝတ်ထားသော လေးဘက်သွားကလေးမလေးတစ်ယောက်က ပါးစပ်ထဲတွင် ချိုလိမ်ကို စို့လျက် ၎င်းတို့ရှေ့မှ လျင်မြန်စွာဖြတ်သွားသည်ကိုမြင်လိုက်ကြရသည်။
သူမက ပိုးဟပ်တစ်ကောင်ကဲ့သို့ အလွန်လျင်မြန်စွာ တွားသွားနေသောကြောင့် မျက်စိတစ်မှိတ်အတွင်း၌ပင် ပျောက်ကွယ်သွား၏။ လင်းဇီချန်၏ မျက်လုံးများ ထိတ်လန့်တကြားပြူးကျယ်သွားကာ နေရာတွင်ရပ်လျက် မှင်သက်နေမိသည်။
‘ဒီကလေးက … တစ်လပဲရှိသေးတယ်ကလေးက… ဘယ်လိုလုပ် ဒီလောက်မြန်မြန်တွားသွားနိုင်မှာလဲ’
‘သူ ကိုယ်ခန္ဓာသန့်စင်ခြင်းကိုများပြီးသွားတာလား”
အခန်း(၄၃၅) ငါ့ညီမလေးက မှော်ဆန်ဆန်လှတယ်
“ဇီချန် အခုတင်ပြေးသွားတဲ့ကလေးလေးက ညီမလေးဇီယင်းလား”
“သူဘာလို့ ဒီလောက်မြန်မြန် တွားသွားနိုင်တာလဲ”
“တစ်လပဲရှိသေးတာထင်တယ် မဟုတ်ဘူးလား”
ရှန်ချင်းဟန်က ထိတ်လန့်တကြားဖြင့် သူမ၏ လှပသော မျက်နှာလေးက မယုံကြည်နိုင်လျက်ရှိနေသည်။ သူမ မြင်ဖူးသမျှလူများအနက် ပါရမီအရှိဆုံးသူမှာ ဘေးတွင်ရပ်နေသော လင်းဇီချန်ပင်ဖြစ်သည်။ သို့သော် လင်းဇီချန် ကလေးဘဝက အလျင်အမြန်တွားသွားနိုင်ရန် လပေါင်းများစွာကြာခဲ့သည်ဖြစ်ရာ ထိုတစ်လသာရှိသေးသော ကလေးက ပိုးဟပ်တစ်ကောင်ကဲ့သို့ မည်သို့ တွားသွားနိုင်မည်နည်း။
‘တကယ်ပဲ ဘာတွေဖြစ်နေတာလဲ’
လင်းဇီချန်က အခန်းထဲပတ်သွားနေသော ညီမဖြစ်သူကို ခံစားချက်များရှုပ်ထွေးစွာဖြင့်ကြည့်နေသည်။
မိမိ၏ ညီမဖြစ်သူကို အမြဲတစေ ဒေသခံဖြစ်စေချင်ခဲ့ရာ မိမိကဲ့သို့ ကူးပြောင်းသူတစ်ဦးမဖြစ်လာစေချင်ခဲ့ပေ။ သို့သော် ရှေ့မှ မြင်ကွင်းကိုကြည့်၍ သူ့ညီမဖြစ်သူသည်လည်း ကူးပြောင်းသူတစ်ဦးဖြစ်နေမည်ဟု ထင်ရသည်။
သူမ ကူးပြောင်းမှုတွင် လှည့်စားသည့်အရာတချို့ပါနေခြင်းဖြစ်ရမည်။ မဟုတ်ပါက တစ်လသားအရွယ်တွင် ပိုးဟပ်တစ်ကောင်ကဲ့သို့ မည်သည့်နည်းဖြင့် မြန်မြန်ဆန်ဆန်သွားနိုင်မည်နည်း။
ဒါက ကလေးနဲ့ လုံးဝမတူဘူး…
လင်းဇီချန်က ဤအရာအားလုံးကို စဥ်းစားနေသည်။
အနှီးဝတ်ထားသည့် ကလေးမလေးသည် မော်တာချိတ်ထားသကဲ့သို့ ထွားကျိုင်းသော လက်ခြေဖဝါးများကို ရွှေ့ကာ အိမ်ရှေ့ဝရံတာမှ ဧည့်ခန်းဆီသို့ လျင်မြန်စွာ တွားသွားခဲ့သည်။
ထို့နောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို ဧည့်ခန်းထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရပြီးနောက် ခေတ္တရပ်ကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်ကာ ငြိမ်ငြိမ်ထိုင်နေသည်။
ထို့နောက် နောက်တစက္ကန့်တွင် သူမသည် ရုတ်တရက် ကျယ်လောင်စွာ ငိုကြွေးရန် သူမ၏ ပါးစပ်လေးကို ဖွင့်လိုက်၏။
"ဝါး ဝါး ဝါး..."
ငိုသံထွက်လာသောအခါ စာကြည့်ခံထဲမှ စိတ်ပူတကြီး လှုပ်ရှားသံများကြားလိုက်ရကာ မကြာမီ၌ပင် လင်းယန်ရှန်နှင့် ကျန်းဝမ်ရှင်းတို့က တံခါးဖွင့်၍ အမြန်ထွက်လာကြသည်။
"သမီးလေး ဘာဖြစ်နေတာလဲ... ဟေ့ သားတို့နှစ်ယောက် ဘယ်တုန်းက ပြန်ရောက်တာလဲ"
ကျန်းဝမ်ရှင်းသည် ဧည့်ခန်းထဲတွင် ရပ်နေသော လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကိုမြင်သည်နှင့် မျက်နှာတစ်ခုလုံး ရွှင်လန်းသော အပြုံးတို့ဖြင့် ပြည့်သွားကာ ကြမ်းပြင်ပေါ်တွင် ငိုနေသောသမီးလေးကို ခဏမေ့ထားလိုက်သည်။
သူမက သူမသမီးကို မေ့နေနိုင်သော်လည်း သမီးဖြစ်သူကမူ… ‘သေချာပေါက်’ မမေ့ထားခဲ့ပေ။
"ဝါး ဝါး ဝါး..."
ကျန်းဝမ်ရှင်းပြေးထွက်လာသည်ကိုမြင်သောအခါ ကလေးမလေးက အလျင်အမြန် တွားသွားရင်းဖြင့် ကျန်းဝမ်ရှင်း၏ ခြေထောက်ကို ဖက်ထားကာ ကျယ်လောင်စွာ အော်ငိုလိုက်သည်။
ပြင်းပြင်းထန်ထန် ငိုသည် ..။
ဒီကလေးက တကယ်ပဲ တစ်လပဲရှိသေးတာလား။
လင်းဇီချန် အလွန်အံ့သြသွားရသည်။
"ရပါတယ်သမီးလေး၊ မငိုပါနဲ့၊ ဒါက သမီးရဲ့အစ်ကိုချန်။ ဒါက သမီးရဲ့ မမ ချင်းဟန် ဖေဖေတို့ မေမေတို့လိုပဲလေ သမီးရဲ့ မိသားစုပဲ”
ကျန်းဝမ်ရှင်းက ကလေးမလေးကို မချီ၍ ကျောကို ညင်သာစွာ ပုတ်ကာ နှစ်သိမ့်ပေးသည်။ ကျန်းဝမ်ရှင်း၏ ကျွမ်းကျင်သော နှစ်သိမ့်မှုအောက်တွင် ကလေးမလေးသည် လျင်မြန်စွာ မငိုတော့ဘဲ မျက်ရည်ကျနေသော မျက်လုံးများဖြင့် ပခုံးပေါ်၌သာ လှဲနေလိုက်သည်။ ရှန်ချင်းဟန်က ကျန်းဝမ်ရှင်း၏ ရင်ခွင်ထဲမှ ကလေးမလေးကိုကြည့်၍ မေးလိုက်သည်။
"အန်တီကျန် ညီမလေးဇီယင်းက တစ်လပဲရှိသေးတာ ဘယ်လိုလုပ် ဧည့်ခန်းထဲမှာ မြန်မြန်ကြီးတွားသွားနိုင်နေတာလဲ”
“အန်တီလည်း သေချာမသိပါဘူးကွယ်။ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဥက္ကဌလျို့နဲ့ ကျောင်းအုပ်ယွမ်တို့က ကလေးကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ တစ်ယောက်ယောက်ကို ခေါ်လာသေးတယ်။ အဲ့မှာ သူက ခန္ဓာကိုယ်သန့်စင်မှုနဲ့ ထူးခြားတဲ့ သွေးသန့်အရည်အချင်းတွေနဲ့ မွေးလာတယ်လို့ ပြောသွားတယ်”
မိခင်ဖြစ်သူဆီမှ အဖြေကိုကြားသောအခါ လင်းဇီချန် အနည်းငယ်အံ့သြသွားသည်။
သူ့ညီမက ဤမျှထိ သတ္တိရှိသလား။
လူများရှေ့တွင်ပင်မရှောင်ဘဲ သူမ၏ အရည်အချင်းများအားလုံးကို ပြတ်ပြတ်သားသားထုတ်ပြလိုက်သလား။
ဖြစ်နိုင်တာ… သူ့ညီမက ကူးပြောင်းသူမဟုတ်ဘဲ ဒေသခံများဖြစ်နေမလား
အရမ်းထက်မြက်တဲ့ ကိုယ်ခန္ဓာအရည်အချင်းတွေနဲ့ မွေးလာတာလား။
သူနဲ့ အဆင့်တူမဟုတ်ဘူးလား။
လင်းဇီချန်က တွေးလေလေ ဖြစ်နိုင်သည်ဟု ပို၍ ထင်ရလေလေဖြစ်နေသည်။
သူ့အစ်မ၏ အမူအရာနှင့် အမူအရာများသည် လသားအရွယ်ကလေးနှင့် အလွန်လိုက်လျောညီထွေကြောင်းနှင့် အရွယ်ရောက်ပြီးသူတစ်ဦး၏ ဝိဉာဥ်မျိုးကို အနည်းငယ်မျှ မခံစားမိကြောင်း သတိပြုမိသည်။
"လာ၊ သား၊ မင်းရဲ့ညီမလေးကို ချီကြည့်။ သူက အရမ်းထွားပြီး ချစ်စရာလေး”
ကျန်းဝမ်ရှင်းက လင်းဇီချန်ထံသို့ ချဥ်းကပ်ကာ ကလေးမလေးကို လွှဲပြောင်းပေးလိုက်သည်။ လင်းဇီချန်က လသားအရွယ် အနှီးဝတ်ထားသော ကလေးမလေးကို ကြည့်ကာ လွန်ခဲ့သည့် ၁၉ နှစ်က ရှန်ချင်းဟန်ကို ပထမဆုံးတွေ့ရသည့်အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မကြာခင်၌ပင် သူက ကလေးမလေးကို ကိုင်လျက် နွေးထွေးစွာပြုံး၍ ပြောလိုက်၏။
“ယင်းယင်း ကိုကိုက သမီး အစ်ကိုကြီးပဲ။ နောက်တစ်ခါတွေ့ရင် အကျယ်ကြီးမအော်ရဘူးနော်"
ဤသို့ပြောလျက် ကလေးမလေး၏ ရုပ်ခန္ဓာကို ခံစားသိရှိရန် သူ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။
အချိန်အတော်ကြာ အာရုံခံပြီးနောက်၊ ကလေးမလေး၏ အတွင်းပိုင်းရှိ သွေးစွမ်းအင်များသည် ပုံမှန်အားဖြင့် သုံးနှစ်အရွယ် ကလေးနှင့် နှိုင်းယှဥ်နိုင်သည်ကို တွေ့ရှိသဖြင့် အံ့အားသင့်ခဲ့ရသည်။
ဤရုပ်ပိုင်းဆိုင်ရာစွမ်းရည်သည် ချဲ့ကားလွန်းသည်။
‘ဒါက မယုံနိုင်စရာပဲ’
‘ငါ့ညီမက ဒဏ္ဍာရီဆန်တဲ့ ကိုယ်ခန္ဓာရှိတယ်’
"ဟမ်..."
"ဟမ်..."
ရုတ်တရက်၊ ကလေးမလေးသည် မျက်မှောင်လေးကျုံကာ ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေသကဲ့သို့ မသက်မသာ ဖြစ်နေသည့်အမူအရာမျိုးပြလိုက်သည်။ လင်းဇီချန်က ညီမဖြစ်သူနှင့်ပတ်သက်၍ မည်သို့လွဲမှားနေသည်ကို စူးစမ်းနေဆဲပင်ဖြစ်သည်။
နောက်တစ်စက္ကန့်!
‘ဗျစ်’
‘ဗျစ်’
‘ဗျစ်’
ကလေးမလေး၏ အနှီးထဲမှ ရုတ်တရက် အလွန် မသာယာလှသော အနံ့တစ်ခု ချက်ချင်းထွက်လာသည်။
လင်းဇီချန်က အနံ့ကိုရလိုက်သည်နှင့် ချက်ချင်းပင် မျက်နှာပြောင်းသွားသည်။
ချီးပဲ။
‘ညီမလေး ဘောင်းဘီထဲမှာ အီးပါချလိုက်ပြီ’
‘ဒေသခံဖြစ်မှာ သေချာတယ်’
ပိုးဟပ်များကဲ့သို့ လျင်မြန်စွာ တွားသွားနိုင်သည့် အခြေအနေမျိုးတွင် မည်သည့် ကူးပြောင်းသူက ဘောင်းဘီထဲတွင် ချီးပါချမည်နည်း။
“ကလေးက ဘာလို့ ဝမ်းပျက်တာလဲ။ သူ့အစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာလား။ ငါ ဒီနေ့လယ်ကျ ထပ်ပြီး ဆေးစစ်ဖို့ ခေါ်သွားရဦးမယ်” ကျန်းဝမ်ရှင်းက ကလေးကို လင်းဇီချန်လက်ထဲမှ ပြန်ခေါ်ပြီးနောက် ကျွမ်းကျင်စွာဖြင့် အနှီးလဲပေးရင်းဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မေမေ ညီမလေးက မကြာခဏ ဝမ်းပျက်ဝမ်းလျောဖြစ်နေတာလား” လင်းဇီချန်က စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
ကျန်းဝမ်ရှင်း၏ အဖြေကို မစောင့်ဘဲ လင်းယန်ရှန်က ဘေးမှ ဝင်ပြော၏။
“သူက မကြာခဏ ဖြစ်တတ်တယ်။ ဒါပေမယ့် ပြဿနာတော့ မရှိလောက်ဘူးထင်တယ်။ မင်းမေမေက အစိုးရိမ်လွန်နေတာ”
“မင်ညီမက အခု နွားနို့မသောက်တော့ဘူး။ ကျောင်းအုပ်ယွမ်ထောက်ပံ့ပေးထားတဲ့ ဆန်းကြယ်သားရဲအသားနှင့် ဆန်းကြယ်သစ်သီးတွေကို အမြဲစားတယ်။ အာဟာရက အရမ်းပြည့်ဝနေတော့ အဲ့တာကို အပြည့်အဝမစုပ်ယူနိုင်ဘဲ ဝမ်းပျက်ဝမ်းလျောဖြစ်တာပုံမှန်ပဲ”
“ဖေဖေ လျှောက်ပြောနေတာမဟုတ်ဘူး။ ကျောင်းအုပ်ယွမ်က ဟိုနေ့က အဲ့တာပုံမှန်ပဲလို့ပြောသွားသေးတယ်”
“...”
ကျန်းဝမ်ရှင်းက လင်းယန်ရှန်ကို မျက်စောင်းတစ်ချက်ထိုးကာ ဒေါသဖြစ်စွာပြောလိုက်သည်။
“‘တကယ်လို့’ဆိုတာ အမြဲရှိတယ်။ ရှင်က အရမ်းကို အပူအပန်ကင်းတဲ့ အဖေပဲ။ ကျွန်မတို့ သမီးကို ရှင်နဲ့မထားခဲ့နိုင်ဘူး။ ကျွန်မကိုယ်တိုင်ပဲ စောင့်ရှောက်မှဖြစ်မှာ”
လင်းဇီချန်က မိဘများ၏ အငြင်းအခုန်ကို ဥပက္ခာပြုကာ သူ့ညီမလေး ကိုယ့်လက်မကိုယ်စုပ်နေသည်ကိုကြည့်လျက် သူမသည် ဒေသခံဖြစ်မည်ဟု ပို၍ ပို၍ ယုံကြည်လာသည်။
‘တထစ်ရှိ ငိုတတ်ခြင်း’
‘ရုတ်တရက် ရပ်သွားတတ်ခြင်း’
‘ဘောင်းဘီထဲတွင် အီးပါချခြင်း’
‘ယခု… သူမ၏ လက်များကို စုပ်နေခြင်း’
‘...’
မူလမြေ။
တောင်ပိုင်းဒေသ။
ဧရာမပန်းပွင့်နန်းတော်အတွင်း။
မှောင်မိုက်နေသော မြူခိုးများဖုံးလွှမ်းနေသော အမျိုးသားတစ်ဦးသည် ရင်သပ်ရှုမောဖွယ်ကောင်းလှသော အမျိုးသမီးတစ်ဦး၏ရှေ့တွင် လက်နှစ်ဖက်ကို နောက်တွင်ယှက်၍ မတ်တပ်ရပ်ကာပြောလိုက်သည်။
“ဆူးနတ်သမီး လဝက်အတွင်း မြို့တော်(၁)ကို တိုက်ခိုက်ပြီး သွေးမျိုးဆက်လမ်းကြောင်းကို ပြန်သိမ်းယူဖို့ ကျုပ်တို့ မေ့ပျောက်ခြင်းနယ်မြေနဲ့ ပူးပေါင်းဖို့ စဥ်းစားပြီးပြီလား”
"ကံမကောင်းစွာပဲ၊ ဒါက ကျွန်မကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်ဘူး" မလုံမလဲဝတ်ထားသော ဆူးနတ်သမီးက ဖျားယောင်းဟန်ဖြင့် ပြုံးလိုက်သည်။
“ဒါဆို ဘယ်သူက ဆုံးဖြတ်ချက်ချနိုင်မလဲ”
"ဒါပေါ့.. ကျွန်မတို့ ပန်းနတ်ဘုရားပေါ့” ပန်းနတ်သမီးက မြူဆွယ်ဖျားယောင်းသော အမူအရာမျိုးဖြင့် ပြော၏။