အပိုင်း ၄၃၆-၄၃၈
Vol. 30 Ch. 436-438
အခန်း (၄၃၆) ကလေးရဖို့အချိန်ပဲ မေ့ပျောက်ခြင်းနယ်မြေ၏ကျူးကျော်မှု!
ညနေခင်း ဧည့်ခန်းထဲတွင် ဖြစ်သည်။ မိသားစုနှစ်ခုပေါင်းလျှင် စုစုပေါင်းလူခုနစ်ယောက်ရှိကာ ပျော်ရွှင်နွေးထွေးသောအငွေ့အသက်များဖြင့် ပြည့်နှက်စွာ နေထိုင်နေကြသည်။
"မင်းတို့နှစ်ယောက် ဒီတစ်ခေါက် ဘယ်လောက်ကြာအောင်နေကြမှာလဲ။"
ရှန်ချင်းဟန်က အစားအသောက်များ စားသောက်နေစဉ်တွင် ကျန်းဝမ်ရှင်းက သိမ်မွေ့သောအသံဖြင့် မေးလိုက်သည်။ ရှန်ချင်းဟန်က မျက်လုံးလေးများ ကွေးသည်အထိပြုံးကာ ချိုသာသောအပြုံးလေးပြုံး၍ ပြန်ဖြေလိုက်သည်။
"လဝက်လောက်ပေါ့။"
"ကောင်းသားပဲ"
ကျန်းဝမ်ရှင်းက ပြုံးက ကျေနပ်သွားသောမျက်ဝန်းများဖြင့် ပြောလိုက်သည်။
"ဒီနေ့က အောက်တိုဘာခြောက်ရက်နေ့ဆိုတော့ ဒီတစ်ပတ်အတွင်း မင်းတို့ရဲ့ နှစ်ဆယ်ပြည့်မွေးနေ့ရောက်တော့မှာ။ ငါတို့ အချိန်မီကျင်းပလို့ရတာပဲ။"
မိခင်ဖြစ်သူနှင့်သတို့သမီးလောင်းတို့ စကားပြောဆိုနေကြစဉ်တွင်ပင် လင်းဇီချန်က မိခင်ဖြစ်သူရင်ခွင်ထဲမှ ညီမငယ်ကို စောင့်ကြည့်နေသည်။ လင်းဇီယင်သည် တစ်လသားရှိပြီဖြစ်ကာ ကျန်းဝမ်ရှင်း၏ ပေါင်ပေါ်တွင် ထိုင်ပြီး ငှက်ခြေထောက်ကြီးကို အားရပါးရကိုက်နေသည်။ ထိုအသားသည် ကြမ်းတမ်းလင်းယုန်ကြီး
ခြေထောက်သားဖြစ်ပြီး လွန်စွာမာကာ လူကြီးများသည်ပင် ဝါးရန်ခက်လှသည်။ သို့သော်လည်း လင်းဇီယင်ကမူ သူမ၏သွားသေးသေးလေးဖြင့် ကိုက်နေသည်။ မြင်ကွင်းက အံ့ဖွယ်ကောင်းလှသည်။
ထိုနေ့များတွင် လင်းဇီချန်ငသည် အတွင်းကြောမှတ်များဖွင့်သည်ကလွဲ၍ ရှန်ချင်းဟန်ဖြင့် အိပ်ရာထဲတွင် အချိန်ကုန်ပြီး မိဘများဖြင့်အချိန်ကုန်သည်။ ကျန်သောအချိန်များကိုမူ ညီမဖြစ်သူလင်းဇီယင်ကိုစောင့်ကြည့်ရင်းဖြင့် ကုန်ဆုံးစေသည်။ စောင့်ကြည့်သောနေ့ရက်များတွင် ညီမဖြစ်သူသည် ကူးပြောင်းလာသူမဟုတ်ဘဲ သာမန်ဖြစ်သည်မှာ သေချာနေပေသည်။ ညီမငယ်သည် တစ်နေ့လျှင် အနည်းဆုံးဆယ်ကြိမ်ငိုသည်၊ အမြဲတမ်းပင် ဘောင်းဘီထဲ၌ အပေါ့အလေးစွန့်သည်၊ သာမန်ကလေးတစ်ယောက်နှင့် ခြားနားမှုမရှိပေ။
တစ်ခုတည်းသောခြားနားချက်မှာ ညီမဖြစ်သူ၏ခန္ဓာကိုယ်အားသည် အသက်အရွယ်နှင့်မလိုက်ဘဲ တစ်လသားဖြင့် လမ်းလျှောက်နိုင်ကာ ကောင်းကင်ကိုအာဆန်နိုင်သည်အထိပင် ဖြစ်သည်။
....
ညစာစားပြီးနောက်တွင် ရှန်ချင်းဟန်သည် လင်းဇီယင်ကို ပွေ့ချီလိုက်ပြီး ပါးဖောင်းဖောင်းလေးကိုနမ်းကာ ရယ်လိုက်သည်။
"ယင်ယင်ရဲ့မျက်လုံးလေးတွေက ကြီးပြီး ရွှန်းစိုနေတာပဲ။ သူသာ ဒီပုံမျိုးနဲ့ ကြီးလာမယ်ဆို မင်းရဲ့အစ်ကိုချန်လိုမျိုး ဆွဲဆောင်မှုရှိပြီးအားလုံးရဲ့ အသည်းကြော်ဖြစ်မှာပဲ။"
လင်းဇီချန်က ပြောလိုက်သည်။
"ယင်ယင်က ကောင်မလေးလေ။ သူက မင်းနဲ့ပဲ တူမှာပေါ့။ ငါက ကောင်လေးလေ။"
ရှန်ချင်းဟန်သည် လင်းဇီယင်ကို ကျီစယ်နေသဖြင့် သူမက ပြောလိုက်သည်။
"မတူဘူးလေ။ ငါက အသည်းကြော်လေးမဖြစ်ဖူးဘူး။ ငယ်ငယ်တုန်းက လူအများကြီး မကြိုက်တာကို ခံခဲ့ရတာ။ နင်ကတော့ အသည်းကြော်လေ။ ကလေးဘဝကနေ လူကြီးဖြစ်တဲ့အထိ ယောက်ျားလေး မိန်းကလေး အကုန်နင့်ကို သဘောကျကြတယ်။"
"ယင်ယင်ရဲ့မွေးရာပါခန္ဓာကိုယ်ပါရမီနဲ့ဆို ကျောင်းစတက်တာနဲ့ သေချာပေါက် ပြိုင်ဘက်တွေကို ကျော်ပြီး နင့်လိုမျိုးပဲ အသက်ရှုမှားအောင် လုပ်နိုင်မှာပဲ။ ဘယ်သူမှ သူ့ကို မကြိုက်ဘဲမနေရဲမှာမဟုတ်ဘူး။ သူ့ကို သဘောကျကြမှာပဲ။"
"...."
လင်းဇီချန်က ပြိုင်မငြင်းတော့ပေ။ အမှန်တရားဖြစ်နေသောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် ရုပ်ရည်သာချောမောပြီး မထူးချွန်ပါလျှင် အခြားသူများက မနာလိုရုံသာမက ကြိုက်ကြမည်မဟုတ်ပေ။ သို့သော်လည်း လူတစ်ယောက်သည် ရုပ်ရည်လည်းချောမောပြီး အင်အားတွင်ပါ ထူးချွန်နေလျှင် အားလုံးက ကြိုက်ကြမည်ဖြစ်ကာ မနာလိုခြင်းမှာ မေးခွန်းထုတ်စရာပင် မလိုပေ။ မိမိတို့သည် ကမ္ဘာမတူသောကြောင့်မနာလိုစရာအကြောင်းမရှိပေ။
"ယင်ယင်ရဲ့လက်လေးတွေက နူးညံ့လိုက်တာ။ လက်သည်းလေးကလည်းရှည်ပြီး နင့်လိုမျိုး လှမှာပဲ။"
ရှန်ချင်းဟန်က ထိုသို့ပြောပြီး လင်းဇီယင်
လက်လေးကိုယူကာ သူမလက်ဖဝါလေးဖြင့် ပါးကိုပွတ်၍ လင်းဇီချန်ကို ပြောလိုက်သည်။ ပြောပြီးသည်နှင့် လင်းဇီယင်သည် ကလိထိုးသည်ဟုခံစားလိုက်ရသဖြင့် ရုတ်တရက် ရှန်ချင်းဟန်၏လက်ညှိုးကိုဆွဲကာ တင်းကျပ်စွာ ကိုင်ထားသည်။
"ညီမလေးက တကယ်အားရှိတာပဲ။ လက်သေးသေးလေးနဲ့ကိုင်ထားတာကိုတောင် ပလာယာနဲ့ညှပ်ထားသလိုမျိုးပဲ။"
ရှန်ချင်းဟန်က အံ့ဩဟန်ဖြင့် ပြောလိုက်သည်။ လင်းဇီချန်ကမူ မအံ့ဩပေ။ သူသည် ညီမဖြစ်သူ၏ခန္ဓာကိုယ်တွင်းမှ လင်းဇီယင်၏ချီသွေးစွမ်းအာားကို ခံစားမိပြီးဖြစ်သည်။
"အာ ညီမလေးက ရှုးပေါက်ချပြန်ပြီ။"
ရှန်ချင်းဟန်သည်ရုတ်တရက်ပင် ပြောလိုက်ကာ အတော်လေးပျာယာခတ်သွားပြီး မည်သို့လုပ်ရမည်မသိ ဖြစ်သွားသည်။ လင်းဇီချန်က ရယ်လိုက်သည်။
"မင်းငယ်ငယ်တုန်းကလည်း အဲ့လိုမျိုးပဲ။ အမြဲတမ်း ဘောင်းဘီကစိုနေတာ။"
"ငါ့ကို ရပ်လိုက်တာတော်တော့။ ကြမ်းသုတ်အဝတ်နဲ့ ကြမ်းပြင်ကို သန့်ရှင်းလိုက်ဦး။"
ရှန်ချင်းဟန်ကမူ မရယ်ဘဲဖြင့် ပြောလိုက်သည်။
"ဘာလို့ ကြမ်းသုတ်ဝတ်လိုတာလဲ။ မင်းက ရေကိုထိန်းချုပ်နိုင်တာကို မေ့သွားပြီလား။"
"ဪ ဟုတ်သားပြ။ ငါမေ့နေတာ။"
သူမက ပြောလိုက်သည်။
ထိုသို့ပြောကာ ရှန်ချင်းဟန်က အတွေးဖြင့် လင်းဇီယင်ပေါက်ချထားသောအပေါ့များကို ထိန်းချုပ်ပြီး လသာဆောင်မှ အိုးဖြင့်စိုက်ထားသည့်အပင်များဆီသို့ရွှေ့ကာ သဘာဝမြေဩဇာဖြစ်အောင် လုပ်လိုက်သည်။
ဆိုဖာပေါ်တွင်မူ မိသားစုနှစ်ခုလုံးမှမိဘများက ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးနေမိကြသည်။ လင်းဇီချန်၊ရှန်ချင်းဟန်နှင့် လင်းဇီယင်တို့၏မြင်ကွင်းသည် မိသားစုလေးနှင့်တူကာ ပျော်ရွှင်မှုအငွေ့အသက်များကို ထုတ်လွှတ်ပေးနေသည်။
"နောက်တစ်ပတ်မွေးနေ့ပြီးရင် ဟန်ဟန်ကလည်း အသက်နှစ်ဆယ်ပြည့်ပြီဆိုတော့ တရားဝင်လက်ထပ်ရမဲ့အသက်အရွယ်ရောက်ပြီပဲ။"
ကျန်းဝမ်ရှင်းက ရှန်ချင်းဟန်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
လင်းယန်ရှန်းကလည်း ဆိုလိုက်သည်။
"ဟန်ဟန်က လက်ထပ်ရမဲ့အသက်အရွယ်ရောက်လည်း အသုံးမဝင်ဘူး။ ငါတို့သားက လက်ထပ်ရမဲ့အသက်အရွယ်ရောက်ဖို့ နောက်ထပ်နှစ်နှစ်စောင့်ရဦးမှာ။"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ငါကောင်းကောင်းသိပါတယ်။"
ကျန်းဝမ်ရှင်းက မျက်စောင်းထိုးလိုက်ပြီး ခင်ပွန်းဖြစ်သူက မြည်တွန်တောက်တီးသည်ဟု ထင်နေမိသည်။
မျက်နှာချင်းဆိုင်မှ ရွှယ်မုန့်ကလည်း ပြုံး၍ ပြောလိုက်သည်။
"တရားဝင်လက်ထပ်တဲ့အသက်အရွယ်က အရေးမကြီးပါဘူး။ ငါတို့မိသားစုနှစ်ခုပဲ အရင်စားသောက်ပွဲကျင်းပပြီး ကလေးနှစ်ယောက်အတွက် စေ့စပ်ထားလို့ရတာပဲ။ သူတို့အရွယ်ရောက်ခါကျမှ လက်ထပ်မှတ်ပုံတင်ကြပေါ့။"
ထိုစကားကို ကြားသောအခါတွင် ရှန်ကျန်းယဲ့က အမြန်ပင် လက်ခါပြလိုက်သည်။
"ဒီနှစ်နှစ်နဲ့တော့ အလျင်လိုနေစရာမလိုဘူး။ (၂၂) နှစ်ထိ စောင့်ပြီးမှ လုပ်ကြတာပေါ့။ သူတို့နှစ်ယောက်လုံး သေချာလုပ်လို့ရတာပေါ့။"
"အဲ့လိုဆို အလျင်မလိုတော့ဘူး။"
ရွှယ်မုန့်က ရှန်ကျန်းယဲ့ကို ကြည့်ကာ ယောက်ျားများက အတူတူပင်ဖြစ်သည်ဟု ထင်မိပေသည်။
....
ရက်ပိုင်းခန့်ကြာပြီးနောက်တွင် အောက်တိုဘာ (၁၄) ရက်ရောက်လာသည်။ ထိုနေ့သည် ရှန်ချင်းဟန်၏မွေးနေ့ဖြစ်ကာ မနေ့ကမူ လင်းဇီချန်၏မွေးနေ့ဖြစ်သည်။ ရိုးရာအရ ကလေးဘဝကတည်းက မွေးနေ့အတူတူကျင်းပကြပြီး ယခုနှစ်တွင်မူ ရှန်ချင်းဟန်
မွေးနေ့က အရင်ဖြစ်နေသည်။ ညနေခင်းတွင်မူ မိသားစုနှစ်စုလုံး ဧည့်ခန်းထဲတွင် မွေးနေ့ပွဲကို ကျင်းပနေလေသည်။ ယွမ်သုန်ကျီ၊ လျိုချွမ့်ဝူ၊ စုန့်ယွီယန်နှင့်လီချူရှင်းတို့လည်း ရောက်နေကြပြီး လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကဖိတ်ထားခြင်းပင် ဖြစ်သည်။
အခန်း (၄၃၇) ကလေးရဖို့အချိန်ပဲ! မေ့ပျောက်ခြင်းနယ်မြေ၏ကျူးကျော်မှု!(၂)
မွေးနေ့ပါတီတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ယခင်နှစ်များက ကဲ့သို့ပင် အပြန်အလှန်လက်ဆောင်များ ဖလှယ်ကြသည်။ လင်းဇီချန်က ကိုယ်တိုင်ချုပ်ထားသော ပိုးထည်ဂါဝန်လေးတစ်ထည် လက်ဆောင်ပေးကာ လက်မှုပညာသည် ကမ္ဘာရှိ ထိပ်တန်းဒီဇိုင်နာများ အားလုံးထက် သာလွန်ပြီး လီချူရှင်းသည်ပင် မနာလိုဖြစ်လာမိသည်။ ရှန်ချင်းဟန်ကမူ ပန်းချီကားတစ်ချပ် လက်ဆောင်ပေးသည်။ ထိုပန်းချီကားချပ်တွင် ယောကျ်ားနှင့်မိန်းမအတွဲနှစ်ဆယ်ပါကာ တစ်တွဲချင်းစီက မိမိတို့အတူတူကြီးပြင်းလာခဲ့သောနှစ်ကို ကိုယ်စားပြုပြီး လွန်စွာထူးခြားလှသောလက်ဆောင်ပင် ဖြစ်သည်။ အားလုံးရှိနေသည့်ကြားတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အတူတူထွေးပွေ့နမ်းရှုပ်လိုက်ကြကာ အမှတ်တရများဖြင့် အဖိုးတန်သည့် ပုံတစ်ပုံကို ရိုက်ထားလိုက်ကြသည်။
....
မွေးနေ့ပွဲပြီးနောက်တွင် လျိုချွမ့်ဝူက ဝိုင်နီတစ်ခွက်ဖြင့် ရောက်လာပြီး လင်းဇီချန်ကို မေးလိုက်သည်။
"ဇီချန် မင်းက မူလမြေမှာ သုံးလလုံးနေခဲ့ရတာဆိုတော့ ကောင်းကင်လူသားသခင်နဲ့ပက်သက်ပြီး ဘာကြားထားသေးလဲ။"
ထိုစကားကို ပြောလိုက်သည်နှင့် ယွမ်သုန်ကျီ၊ စုန့်ယွီယန်နှင့် လီချူရှင်းတို့ကပါ လှည့်ကြည့်ကြပြီး ထိုကိစ္စကို စိုးရိမ်နေကြလေသည်။ လင်းဇီချန်က ရင်ခွင်ထဲမှ ညီမလေးကို ကျီစယ်ကာ ပြောလိုက်သည်။
"ကျွန်တော် သိလာတဲ့သတင်းကတော့ ကောင်းကင်လူသားသခင်က ဆန်းကြယ်သားရဲအများကြီးကို သန့်စင်ပြီး အပျက်အစီးလုပ်နေတယ်တဲ့။"
"ဘာအပျက်အစီးလဲ။"
လျို့ချွမ်ဝူသည် ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ကာ ထိုအပျက်အစီးများကြားတွင် သက်တမ်းတစ်ဝက်လောက် နေခဲ့ဖူးသည့်အတွက် လင်းဇီချန်ပြောသောအကြောင်းအရာကို လွန်စွာစိတ်ဝင်စားပေသည်။ လင်းဇီချန်က ညီမဖြစ်သူကို ချထားလိုက်ပြီး ပြောလိုက်သည်။
"အသေးစိတ်ကိုတော့ သေချာမသိဘူး။ နံပါတ်တစ်မြို့အရှင်ဆီကကြားခဲ့တာတော့ အဲ့ဒါအကုန်ပဲ။"
"ငါသိပြီ။"
လျို့ချွမ်ဝူက ခေါင်းညိတ်ပြပြီး ထပ်မမေးတော့ပေ။ ထိုအချိန်တွင် ယွမ်သုန်ကျီက မေးလာသည်။
"မင်းတို့နှစ်ယောက် မူလမြေက ချန်ရွှယ်နဲ့ရော ဘယ်လိုလဲ။"
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ အဆက်အဆံသိပ်မရှိဘူး။"
ထိုစကားကို ကြားသည့်အခါတွင် ယွမ်သုံကျီက နားလည်ဟန်ဖြင့် ပြောလိုက်သည်။
"အဲ့ကလေးက တကယ်ကို သူ့ဘာသာသီးသန့်နေတတ်တယ်။ သူနဲ့အတူတူ ခင်ဖို့ဆိုတာက ခက်တယ်။"
ထိုသို့ပြောပြီး သူမက နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ချန်ရွှယ်က မင်းတို့နှစ်ယောက်ကို မမှတ်မိဘူးတဲ့လား။"
ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်။ အစ်မက ဇီချန်ကိုရော ကျွန်မကိုပါ လုံးဝမမှတ်မိဘူး။. နာမည်တွေကို နည်းနည်းရင်းနှီးနေတယ်ပဲပြောတာ။"
"သိပြီ။"
ယွမ်သုံကျီက လျို့ချွမ်ဝူကဲ့သို့ပင် ခေါင်းညိတ်ပြလိုက်ပြီး လက်ထပ်ပြီးသားဇနီးမောင်နှံတို့လက္ခဏာမျိုးပင် ဖြစ်လေသည်။ လင်းဇီချန်က ယွမ်သုန်ကျီဘက်သို့လှည့်၍ မေးလိုက်သည်။
"ဒါနဲ့ ကျောင်းအုပ်ယွမ် အခု ကမ္ဘာရဲ့လုံခြုံရေးကရော ဘယ်လိုလဲ။ အရင်ကထက် တိုးတက်လာပြီလား။"
ချီချင်းမော့သည် မူလမြေသို့မဝင်ခင်က ဂမ္ဘီရသစ်ပင်ဂိုဏ်းကိုနှိမ်နင်းသွားခဲ့သည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အနှောင့်အယှက်မရှိလျှင် ကမ္ဘာ၏အခြေအနေက များစွာတိုးတက်လာနိုင်သည်။ လင်းဇီချန်က ထိုသို့တွေးမိလိုက်ခြင်းပင် ဖြစ်သည်။ ယွမ်သုန်ကျီကူ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
"ကောင်းကင်လူသားခင်က ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့အဆင့်မြင့်အားလုံးနီးပါးကို သုတ်သင်လိုက်ပြီဆိုတော့ ကမ္ဘာပေါ်မှာ သစ္စာဖောက်နည်းနည်းပဲ ကျန်တော့တယ်။ အခြေအနေအားလုံးက အများကြီးနေသားကျနေပြီ။ ဘယ်သစ္စာဖောက်မှ ပြဿနာမရှာရဲတော့ဘူး။"
"ကောင်းလိုက်တာ။"
လင်းဇီချန်တစ်ယောက်များစွာစိတ်ချသွားရသည်။
လွန်ခဲ့သောသုံးလအတွင်းတွင် မိမိအစိုးရိမ်ခဲ့ဆုံးသည် အိမ်မှမိဘများ၏လုံခြုံရေးပင် ဖြစ်သည်။ ယွမ်သုန်ကျီက ထိုသို့ပြောလိုက်သဖြင့် ချက်ချင်းပင် စိတ်ချသွားလေသည်။
"ဇီချန် မူလမြေက အခြေအနေကရော?"
ယွမ်သုန်ကျီမေးအလှည့်ဖြစ်ကာ လင်းဇီချန်က မူလမြေမှအကြောင်းများကို ပြောပြသည်။ လင်းဇီချန်က ခေါင်းခါလိုက်ပြီးနောက်တွင်
"ကြီးကြီးမားများ ဖြတ်ကျော်လာတာမျိုးတော့မရှိပေမဲ့ အခြေအနေမကောင်းဘူး။"
"ဘာကိုဆိုလိုတာလဲ။"
လင်းဇီချန်က ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ချင်းဟန်နဲ့ ကျွန်တော်တို့ ကမ္ဘာမြေကို မပြန်ခင် မေ့ပျောက်နယ်မြေက ဂြိုလ်သားအများကြီးက မြို့နံပါတ်တစ်ရဲ့ အန္တရာယ်နယ်မြေမှာပေါ်လာပြီးမြို့ပြင်ထွက်သွားတဲ့သူအချို့ကို တိုက်ခိုက်ခဲ့ကြတယ်။"
"မေ့ပျောက်နယ်မြေက ဂြိုလ်သားတွေလား။"
ယွမ်သုန်ကျီ၏အမူအရာက လေးနက်သွားကာ တွေဝေသွားသည်။
"မေ့ပျောက်ခြင်းနယ်မြေဆိုတာက အနောက်ပိုင်းဒေသအစွန်ဆုံးမှာမဟုတ်လား။ ဘာလို့ တောင်ပိုင်းအထိ ရောက်လာရတာလဲ။"
ထိုနှစ်ဦးပြောနေသောအရာများကိုမူ လျို့ချွမ်ဝူ၊ စုန့်ယွီယန်နှင့် လီချူရှင်းတို့ နားမလည်ဘဲ တွေဝေစွာဖြင့် နားထောင်နေကြသည်။
သုံးဦးသား မူလမြေနှင့်ပက်သက်၍ များများစားစားမသိသောကြောင့် လင်းဇီချန်နှင့်ယွမ်သုန်ကျီတို့ပြောနေသည်ကို နားမလည်နိုင်ပေ။
"မေ့ပျောက်ခြင်းနယ်မြေကဂြိုလ်သားတွေက နေလအထွတ်အမြတ်နယ်မြေက ဆန်းကြယ်အပင်တွေနဲ့များ ပူးပေါင်းသွားတာလား။"
ခေတ္တမျှစဉ်းစားပြီးနောက်တွင် ယွမ်သုန်ကျီက ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိပေသည်။ လင်းဇီချန်ကမူ နားမလည်ပေ။ မူလမြေနှင့်ပက်သက်၍ မိမိ၏နားလည်ထားခြင်းသည် ယွမ်သုန်ကျီထက်ပင် အကန့်အသတ်ရှိလှကာ ကျိုးကြောင်းဆီလျော်သောအကြောင်းအရာမျိုးကို မစဉ်းစားနိုင်ပေ။
....
မျက်စိတစ်မှိတ်အတွင်းတွင်ပင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကမ္ဘာတွင်နေသည်မှာ လဝက်ပြည့်သွားပြီး မူလမြေသို့ပြန်ရန် အချိန်ကျရောက်လာလေသည်။ နှစ်ဖက်မိဘများနှင့် လင်းဇီယင်သည် ထိုနှစ်ဦးကို စောစောထ၍ လိုက်ပို့ကြသည်။ အစ်ကိုကြီးနှင့် အစ်မကြီးက သွားတော့မည်ကို မြင်သောအခါတွင် နှစ်လသားလေးလင်းဇီယင်သည် ရုတ်တရက်ပင် မျက်ရည်ဝိုင်းလာကာ အော်ငိုတော့သည်။ လွန်ခဲ့သောလဝက်အတွင်းတွင် အစ်ကိုကြီးနှင့်အစ်မကြီးတို့က အဖော်ပြုကစားပေးသဖြင့် လွန်စွာပျော်နေခဲ့ကာ မခွဲခွာချင်သည့်ပုံပင် ဖြစ်သည်။
"ယင်ယင် မငိုပါနဲ့။ အစ်ကိုကြီးနဲ့ အစ်မကြီးတို့က မကြာခင် သမီးကို ပြန်လာတွေ့ပြီး အရသာရှိတဲ့ဟာတွေအများကြီး ယူလာပေးမှာ။"
ရှန်ချင်းဟန်က နူးညံ့စွာပြော၍လင်းဇီယင်၏လက်လေးကို ကိုင်ကာ ချော့မြူပေးသည်။ နားမလည်နိုင်သောလင်းဇီယင်ကမူ စိတ်ဆိုးနေသောနဂါးလေးကဲ့သို့ပင် အော်ငိုနေရှာသည်။ ကျန်းဝမ်ရှင်းက ရင်ခွင်ထဲမှ သမီးလေးကို ညင်သာစွာချော့မြူပြီး လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို ပြောလိုက်သည်။
"မင်းရဲ့ညီမလေးက ခုမှ နှစ်လသားပဲရှိသေးတာ။ သူက ချော့တာကို နားလည်မှာမဟုတ်ဘူး။ ဘာလို့များ မင်းတို့လည်း မကြာခင် ကလေးမယူကြတာလဲ။ အဲ့လိုဆို ညီမလေးအတွက် ကစားဖော်ရှိလာမှာမဟုတ်လား။"
"...."
ထိုစကားကို ကြားသည့်အခါတွင် လင်းဇီချန်က နှုတ်ခမ်းတစ်ဖက်ရှုံ့သွားမိသည်။ ကျန်းဝမ်ရှင်းကသာ ဒုတိယကလေးရလျှင် မိမိနှင့်ရှန်ချင်းဟန်ကို ကလေးယူရန် ဖိအားမပေးတော့ဟု ထင်လိုက်မိသည်။ လွန်စွာအကောင်းမြင်လွန်းနေသည့်ပုံရသည်။ ယခုတွင်မိဘများသည် ငွေကြေးပိုင်းဆိုင်ရာ အမှီအခိုကင်းပြီဖြစ်ပြီး စားသောက်နေထိုင်ရေးအတွက် ရုန်းကန်စရာမလိုတော့သဖြင့် ဖြစ်နိုင်သမျှ မြေးများများလိုချင်နေကြလေသည်။
"ဟုတ်သားပဲ ချင်းဟန်။ ဘာလို့ နင်နဲ့ဇီချန်တို့ မကြာခင် ကလေးမယူကြတာလဲ။ ငါတို့က မြေးချီချင်နေပြီ။"
ရွှီမုန့်သည် ရှန်ချင်းဟန်ကို ကြည့်၍ ပြောလိုက်သည်။
ရှန်ချင်းဟန်ကမူ မည်သို့ပြန်ပြောရမည်ကို မသိဘဲ တိတ်တဆိတ်ဖြင့် ဘေးမှလင်းဇီချန်ကိုသာ ကြည့်လိုက်မိသည်။ သူမသည်လည်း မကြာခင်တွင်ပင် ကလေးယူချင်သည်။ သို့သော်လည်း လင်းဇီချန်သဘောသာဖြစ်သည်။ မိမိ၏အားနည်းသောအနေအထားတွင်ရှိသောကြောင့် ဆုံးဖြတ်ချက်မချနိုင်ပေ။
အားလုံး၏မျှော်လင့်နေသောအကြည့်များဖြင့် ရင်ဆိုင်လိုက်ရသည့်အခါတွင် လင်းဇီချန်သည် အတော်လေးဖိအားများသွားသည်။ တဖြည်းဖြည်းဖြင့် ပြောလိုက်လေသည်။
"အမေ အဖေ သားတို့ သွားတော့မယ်။"
ထို့နောက်တွင် အမြန်ပင် ရှန်ချင်းဟန်လက်ကိုဆွဲကာ စီမံခန့်ခွဲရေးအဆောက်အဦးဆီသို့ ဦးတည်သွားကြသည်။ ယခုတွင်မူ ကလေးယူရန် စိတ်ကူးမရှိသေးပေ။ မိဘများ၏ဖိအားက မိမိအတွက် အနည်းငယ်မျှ ပိုများနေသောကြောင့် ပြေးရန်သာရွေးချယ်နိုင်ပေသည်။
"ဇီချန် ဘယ်အချိန်ကလေးလိုချင်လဲ။"
စီမံခန့်ခွဲရေးအဆောက်အဦးသို့ သွားရာလမ်း၌ ရှန်ချင်းဟန်သည် ထိုမေးခွန်းကို တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
လင်းဇီချန်က သူမကို မေးလိုက်၏။
"မင်းက တကယ်ကလေးလိုချင်ပြီလား။"
"အင်း ငါက လိုချင်ပြီ။"
ရှန်ချင်းဟန်က ဖြေသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမက ကလေးလိုချင်နေပြီဖြစ်ကြောင်း ပြောသောအခါတွင် လင်းဇီချန်က ခေတ္တမျှစဉ်းစားလိုက်ပြီးနောက်တွင် ပြောလိုက်သည်။
"အသက် (၂၂) ပြည့်တဲ့အထိစောင့်ပြီး လက်ထပ်မှတ်ပုံတင်ကြမယ်။ အဲ့ကျမှ ကလေးယူကြတာပေါ့။"
ရှန်ချင်းဟန်၏မျက်နှာက ပျော်ရွှင်မှုဖြင့်ဝင်းလက်သွားပြီး ပြောလိုက်သည်။
"ကောင်းပြီ။"
သူမသည် အမြဲပင် လင်းဇီချန်ဖြင့် ကလေးယူရန် အိပ်မက်မက်ခဲ့ရသည်။ ယခုတွင် တိကျသေချာသောအဖြေရပြီဖြစ်သည်။ ထို့ကြောင့် မပျော်ဘဲ မနေနိုင်ပေ။ ညဘက်အိပ်ရင်းဖြင့်ပင် ရယ်မိရင်းနိုးလာနိုင်ပေသည်။
မကြာခင်တွင်ပင် စီမံခန့်ခွဲရေးအဆောက်အဦး၏အမိုးထပ်ဆီသို့ ရောက်သွားကြသည်။
မနက်ရှစ်နာရီတွင် ဟယ်လီကော်ပတာ၏အသံကို ကြားလိုက်ရသည်။ ဟယ်လီကော်ပတာဆင်းလာသည်ကို မြင်လိုက်ရသည့်အခါတွင် လင်းဇီချန်သည် ရှန်ချင်းဟန်ကိုဆွဲ၍ ဟယ်လီကော်ပတာပေါ်သို့ ခုန်တက်သွားသည်။ မကြာခင်တွင်ပင် မြို့တော်၏စစ်တပ်ဌာနချုပ်ဆီသို့ ရောက်သွားကြသည်။ ရှည်လျားသည့် သွေးမျိုးဆက်လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက်တွင် မူလမြေသို့ ပြန်ရောက်လာကြသည်။
ယခုတစ်ခေါက်တွင်မူ ပထမတစ်ခေါက်နှင့်မတူဘဲ မသက်မသာမဖြစ်တော့ပေ။ သုံးလခန့်နေပြီးနောက်တွင် နှစ်ဦးသား မူလအားဖြင့် အသားကျလာပြီဖြစ်ပြီး ရေထဲမှငါးကဲ့သို့ပင် ဖြစ်သည်။
လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် အဆောင်များဆီသို့ လျှောက်သွားကြပြီး အိမ်မှယူလာသည့် နေ့စဉ်သုံးလိုအပ်သည့်ပစ္စည်းများကို ထုတ်ယူလိုက်သည်။ အဆောင်ပြန်ရာလမ်းတွင် လင်းဇီချန်သည် ပတ်ဝန်းကျင်၏ထူးခြားသောပြောင်းလဲမှုကို သတိထားမိသည်။ နံရံပေါ်မှအစောင့်အရေအတွက် သိသိသာသာတိုးမြင့်လာသည်။ ထို့အပြင် မြို့ထဲမှအခြေအနေကလည်း ရှင်းမပြတတ်သောလေးလံမှုဖြင့်အတူ ဖိနှိပ်ထားသည်ဟု ခံစားရသည်။
တစ်ခုခုများ ဖြစ်နေတာလား?
စိတ်ထဲတွင် ထိုမေးခွန်းပေါ်လာပြီး လင်းဇီချန်က အစောင့်တစ်ယောက်ကို တား၍ မေးကြည့်လိုက်သည်။
"အစ်ကိုကြီး မြို့ထဲမှာ တစ်ခုခုများ ဖြစ်လို့လား။"
အစောင့်မှာ အလျင်လိုနေဟန်ပေါ်ပြီး ရပ်၍ အချိန်ဖြုန်းချင်ဟန်မပေါ်ပေ။ သို့သော်လည်း မေးလာသူမှာ မြို့၏ထိပ်တန်းပါရမီရှင် လင်းဇီချန်ဖြစ်သည်ကို မြင်သဖြင့် ရွှင်ပျသောအပြုံးမျိုးပြုံး၍ ပြန်ဖြေလိုက်သည်။
"မင်းကမ္ဘာကို ပြန်သွားတဲ့လဝက်အတွင်း မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားတွေနဲ့ နေလအထွတ်အမြတ်နယ်မြေက ဂြိုလ်သားတွေ ပူးပေါင်းပြီး မြို့ကို တိုက်ခိုက်ခဲ့ကြတယ်။ လူတော်တော်များများသေသွားတယ်။"
"အခု မြို့ပြင်က အန္တရာယ်နယ်မြေကို အဲ့ဂြိုလ်သားတွေက လုံးဝသိမ်းပိုက်ထားလိုက်ပြီ။"
"အခြေအနေက မကောင်းတော့ဘူး။"
အခန်း (၄၃၈) မြို့ခံစစ်တိုက်ပွဲ
အဆောင်သို့ ပြန်ရောက်သောအခါတွင် မြို့ထဲမှ အခြေအနေကို သိရှိပြီးနောက်တွင် လင်းဇီချန်က မျက်မှောင်အသာကြုတ်ကာ စိတ်မအေးနိုင်တော့ပေ။ မေ့ပျောက်ခြင်းနယ်မြေနှင့် နေလအထွတ်အမြတ်နယ်မြေတို့က ပူးပေါင်း၍ မြို့နံပါတ်တစ်ကို တိုက်ခိုက်ကြသဖြင့် ကပ်ဘေးများစွာ ဖြစ်ပေါ်လာရသည်။ ဂြိုလ်သားလူသားပါရမီရှင်နှစ်ယောက်ဖြစ်သော နန်ကုန်းလျိုယွင်နှင့် ချန်ယိဖေးတို့ အသတ်ခံလိုက်ရသည်။ လင်းဇီချန်က ထိုနှစ်ယောက်ကို မှတ်မိသည်။ ထိုနှစ်ဦးသည် မူလမြေသို့ စဝင်ခဲ့စဉ်က ပထမဆုံးစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ကြသော ပြိုင်ဘက်များဖြစ်သည်။ မျှော်လင့်မထားစွာဖြင့် ထိုနှစ်ဦးက ရုတ်တရက်ဆန်စွာ သေဆုံးသွားရသည်။ ထို့အပြင် သခင်အဆင့်ကျွမ်းကျင်သူများနှင့် မြင့်မြတ်သူအဆင့်တိုက်ခိုက်သူများသည်လည်း အနစ်နာခံသွားကြရကာ လွန်စွာဆုံးရှုံးမှုကြီးမားသောအခြေအနေကြီးဖြင့် အဆုံးသတ်သွားရသည်။
မူလမြေက အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ မည်မျှပင် အားကောင်းပါစေ ပါရမီရှိပါစေ မည်သူမဆို ကျရှုံးသွားနိုင်သည်။ မူလမြေတွင် အားကောင်းလွန်းသောသက်ရှိများစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ထိုသက်ရှိများသည် ကမ္ဘာမြေသားများထက် လွန်စွာအားကောင်းကြကာ ခြိမ်းခြောက်မှုကြီးကြီးမားမား ဖြစ်စေနိုင်သည်။
ယခုတွင် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားများနှင့် နေလအထွတ်အမြတ်နယ်မြေမှ ဆန်းကြယ်သားရဲများသည် မြို့ထဲရှိ အန္တရာယ်နယ်မြေတွင် နေရာယူပြီးဖြစ်ကြကာ ဆိုလိုသည်မှာ မိမိတို့သည် အပြင်သို့ထွက်ရန် လေ့ကျင့်ခန်းမလုပ်နိုင်တော့သည် ဆိုခြင်းပင်။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များရမည့်လမ်းကြောင်းလည်း လုံးဝပိတ်ပင်သွားလေပြီ။
ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ် မရနိုင်ရင် မူလမြေကို သွားတော့ကော ဘာအသုံးဝင်မှာတဲ့လဲ?
အခြားမြို့ကို ပြောင်းပြီးပဲ လျှောက်လိုက်ရမလား?
ဒါပေမဲ့လို့ အားကြီးတဲ့ မြို့နံပါတ်တစ်တောင်မှ တိုက်ခိုက်ခံရတယ်ဆိုတော့ အခြားမြို့က အခြေအနေတွေက ပိုပြီးတောင် ဆိုးဦးမယ်။
လင်းဇီချန်က ပို၍စဉ်းစားမိလေလေ ပို၍ဒေါသထွက်လာလေလေပင် ဖြစ်သည်။ မိမိကိုထောက်ပံ့ပေးမည့် လုံလောက်သောဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်မရှိပါလျှင် ဆင့်ကဲပြောင်းလဲခြင်းပါရမီကလည်း အသုံးဝင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင်မိမိသည်လည်း မကြီးထွားနိုင်တော့ပေ။
ထိုအချိန်တွင် ရေချိုးခန်းမှ ထွက်လာသောရှန်ချင်းဟန်သည် လင်းဇီချန်၏စိတ်ဓာတ်ကျနေသောအမူအရာကို မြင်လိုက်သည်။ ထို့ကြောင့် သူမက အိပ်ရာပေါ်တက်လာပြီး လည်ပင်းကိုသိုင်းဖက်၍ နမ်းကာ ပြောလိုက်သည်။
"နည်းနည်းလောက် မသက်သာချင်ဘူးလား။"
"ဒီမှာလှဲလိုက်။ ငါကူညီပေးမယ်။ သက်သာရစေမယ်လို့ အာမခံတယ်။"
လင်းဇီချန်ကို စကားလုံးများဖြင့် မည်သို့နှစ်သိမ့်ပေးရမည်ကို မသိသောကြောင့် အခြေခံကျဆုံးနည်းဖြင့် စိတ်သက်သာရာရအောင်သာ လုပ်ပေးနိုင်သည်။ လင်းဇီချန်က ဘာမှမပြောတော့ဘဲ ရှန်ချင်းဟန်၏အာရုံစိုက်မှုကိုရရန် လှဲသာလှဲလိုက်သည်။ ယခုတွင် လက်ထပ်ပြီးသောစုံတွဲများဖြစ်သွားပြီဖြစ်ကာ အရာအားလုံးက သဘာဝဆန်လာသည်။ ကျေးဇူးတင်သည့်စကားများက မလိုအပ်တော့ပေ။
....
နာရီဝက်ခန့်ကြာပြီးနောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်ဖြင့်အတူ အဆောင်ထဲမှထွက်လာပြီး မြို့တံခါးဆီသို့ ဦးတည်သွားသည်။ မြို့နရံပေါ်သို့တက်၍ ကောင်းကင်မျက်လုံးအကူအညီဖြင့် အန္တရာယ်နယ်မြေကို သုံးသပ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါမှသာ ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်းမြင်နိုင်မည်။
မကြာခင်တွင်ပင် နှစ်ဦးသား မြို့နံရံပေါ်သို့ တက်သွားကြသည်။ ကောင်းကင်မျက်လုံးမရှိသော ရှန်ချင်းဟန်သည်မူ မီတာထောင်ချီမှ အရာများကိုသာ ရှင်းရှင်းလင်းလင်းမြင်နိုင်ကာ ငါးဆယ်လီ(တရုတ်အတိုင်းအတာ) အကွာအဝေးတွင်ရှိသောအခြေအနေများကိုမူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
သူမသည် ဘေးတွင်သာ တိတ်တဆိတ်ရပ်နေပြီး လင်းဇီချန်ကို အဖော်ပြုပေးနေသည်။ လင်းဇီချန်က အဆင့်မြင့်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားကို ရော၍ ကောင်းကင်မျက်လုံးကို ထပ်သုံးကာ အမြင်အာရုံကို ထပ်ချဲ့ကြည့်သည်။ ချက်ချင်းပင် မြင်ကွင်းတွင် မြင်လိုက်ရသည်မှာ ဆူးများဖြင့်ဖုံးအုပ်နေသည့်ဘီးလူကြီးများပင် ဖြစ်သည်။ ထိုဘီလူးကြီးများသည် အဆိပ်ပြင်းသောမြွေကဲ့သို့ ကောင်းကင်ထိထိုးနေသည့်သစ်ပင်ကြီးပေါ်တွင် လိမ်နေကာ အေးစက်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ခပ်ဝေးဝေးမှကြည့်လျှင်ပင် မမြင်နိုင်သောလွှမ်းမိုးနိုင်သည့်အားကို ခံစားမိသည်။ မိမိ၏အမြင်အာရုံကို ထပ်ချဲ့ကြည့်သည်။
ထူထပ်လှသောသစ်တောအုပ်ရှိ ဆူးတော၏အလယ်တွင် လင်းဇီချန်သည် မှိုများကဲ့သို့ မြေပြင်၌ များစွာပေါက်နေသော အဖူးများစွာကို မြင်လိုက်ရသည်။ အဖူးများ၏မျက်နှာပြင်ထက်တွင် သွေးကြောများဖြင့် ဖုံးအုပ်နေကာ ကြည့်ရသည်မှာ အထဲတွင် လွန်စွာကြောက်စရာကောင်းသည့်သက်ရှိတစ်မျိုး ရှိနေဟန်တူသည်။ မိနစ်ပိုင်းများ ကြည့်နေပြီးနောက်တွင် အဖူးထဲမှတစ်ခုသည် ဖြည်းဖြည်းချင်း ပွင့်လာကာ ခန္ဓာကိုယ်၏အစိတ်အပိုင်းနေရာများတွင် အရွက်များကပ်နေသည့် လွန်စွာဆွဲဆောင်မှုရှိသည့်မိန်းမတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင် အနက်ရောင်အငွေ့အသက်များ ဖုံးလွှမ်းနေသောလူတစ်ယောက်သည် ထိုအဖူးထဲသို့ ဝင်သွားပြီး ဆွဲဆောင်မှုရှိသောထိုအမျိုးသမီးဖြင့် ရစ်ပတ်နှောင်ဖွဲ့နေသည်ကို မြင်လိုက်ရသည်။ လင်းဇီချန်တစ်ယောက် ပို၍ကြည့်ချင်လာမိသည်။
ရုတ်တရက်ပင် ငါးဆယ်လီအကွာအဝေးရှိ ယောက်ျားနှင့်မိန်းမသည် ချက်ချင်းပင် မိမိတို့ဘက်သို့ ခေါင်းလှည့်လာသည်။ မိမိမတုံ့ပြန်နိုင်ခင်တွင်ပင် စူးရှသောနာကျင်မှုက မျက်လုံးတစ်ဝိုက်တွင် လွှမ်းမိုးသွားပြီး နာကျင်လွန်းသဖြင့် မျက်လုံးကိုပိတ်လိုက်ရကာ မျက်ရည်များ စီးကျလာတော့သည်။ ချက်ချင်းဆိုသလိုပင် မျက်လုံးသည် စူးရှသောအလင်းပေါ်လာပြီး မြင်ကွင်းက မည်းမှောင်သွားကာ ဘာမှမမြင်ရတော့ပေ။
"ဇီချန် ဘာဖြစ်လို့လဲ။"
လင်းဇီချန်က ရုတ်တရက်မျက်လုံးပွတ်နေသည်ကို မြင်သဖြင့် ရှန်ချင်းဟန်က စိုးရိမ်စွာဖြင့် အမြန်မေးလိုက်သည်။ ထိုအချိန်တွင် လင်းဇီချန်၏မျက်လုံးများက သွေးထွက်လာပြီး နာကျင်မှုက စူးအောင့်နေသော်လည်း ရှန်ချင်းဟန်မမြင်အောင် လက်ဖြင့်ကာထား၍ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး။ နည်းနည်းနားဖို့ပဲလိုတာပါ။"
လိမ်ပြောနေခြင်းမဟုတ်ပေ။ အမှန်ပင် အနည်းငယ်နားရန်လိုသည်။ လျင်မြန်ကုသနိုင်စွမ်းကြောင့် မျက်လုံးက ပုံမှန်အတိုင်း အမြန်ပင် ပြန်ဖြစ်သွားပြီး နာသည့်အရိပ်အယောင်မျိုး မပေါ်တော့ပေ။
စောနက ဘာဖြစ်သွားတာလဲ။
ဘယ်လိုလုပ် အကြည့်တစ်ချက်တည်းနဲ့ ငါ့မျက်လုံးက နာလာရတာလဲ။
သူတို့က ငါးဆယ်လီအကွာမှာရှိတာပါ။ အဲ့နှစ်ယောက်က ဘယ်လိုမျိုး လုပ်လိုက်တာလဲ။
လင်းဇီချန်သည် ပထမဆုံးအကြိမ်အဖြစ် စိတ်ထဲတွင် တုန်လှုပ်သွားကာ အကြောက်တရားကို ခံစားလိုက်မိသည်။ မူလမြေ၌ အားကောင်းသောသူများစွာရှိကာ မိမိကို ပုရွက်ဆိတ်သာသာဟုသာ ထင်စေမိသည်။ မထင်ရှားသောပုရွက်ဆိတ်သည် ခြေဖဝါးအောက်တွင် အချိန်မရွေးနင်းခြေခံရနိုင်သည်။
'မဖြစ်သေးဘူး...ငါဒီ့ထက် အားကောင်းအောင် လုပ်မှဖြစ်မယ်။ မြန်မြန်အင်အားရအောင်လုပ်ပြီး ကိုယ့်ဘာသာကာကွယ်ရမယ်။ အရင်ကလိုမျိုး နှေးနှေးလေးနဲ့ ဆင့်ကဲပြောင်းလဲနေလို့မဖြစ်ဘူး။'
လင်းဇီချန်သည် မိမိဘာသာ စဉ်းစားနေမိသည်။
....
မြို့ပြင် ငါးဆယ်လီအကွာမှ အန္တရာယ်နယ်မြေထဲတွင်မူ အနက်ရှိုင်းဆုံးနေရာ၏ အဖူးကြီးထဲတွင် ဆူးနတ်သမီးသည် တွေဝေစွာဖြင့် ယောက်ျားတစ်ယောက်ကို မေးနေမိသည်။
"စောနက ဘာဖြစ်သွားတာလဲ။ သခင်အဆင့်ဝိညာဉ်စွမ်းအားပဲရှိတဲ့ကမ္ဘာမြေသားက ဘယ်လိုလုပ်ပြီး ငါးဆယ်လီအကွာက ကျွန်မတို့ကို ချောင်းကြည့်နိုင်ရတာလဲ။"
"အဲ့ဒါအပြင် သူ ကျွန်မတို့ကို ကြည့်နေတုန်းက ကြမ်းတမ်းလင်းယုန်ကြီးတစ်ကောင်က ကြည့်နေသလိုမျိုး ခံစားရတယ်။"