← Chapters

အပိုင်း ၄၃၉-၄၄၁

Vol. 30 Ch. 439-441

အပိုင်း ၄၃၉-၄၄၁

Vol. 30 Ch. 439-441

အခန်း (၄၃၉) မြို့ခံစစ်တိုက်ပွဲ (၂)

"ဒါပေမဲ့လို့ သူ့ရဲ့ဝိညာဉ်စွမ်းအားထဲမှာ ကြမ်းတမ်းလင်းယုန်ကြီးရဲ့ဗီဇကို ရှာမတွေ့ဘူး။"

"ဘာဖြစ်တာပါလိမ့်။"

ဆူးနတ်သမီးသည် ပြောရင်းဖြင့် ပို၍တွေဝေသွားကာ မိမိနားလည်ထားသည်ထက် ပိုသောကိစ္စဖြစ်သည်ဟု ခံစားမိသည်။ အနက်ရောင်အငွေ့အသက်များ လွှမ်းခြုံနေသောသူသည်လည်း အတူတူပင် တွေဝေသွားမိသည်။ ခေတ္တမျှ စဉ်းစားပြီးနောက်တွင် ပြောလိုက်လေသည်။

"ပစ္စည်းကိရိယာအကူအညီပါလို့ဖြစ်မှာပေါ့။ ကမ္ဘာသားတွေက စိတ်ကူးယဉ်တဲ့ပစ္စည်းကိရိယာအမျိုးမျိုးကို ဖန်တီးတဲ့နေရာမှာ တော်တယ်။"

ထိုဝေဖန်ခွဲခြားမှုကို ကြားသည့်အခါတွင် ဆူးနတ်သမီးက ထိုကိစ္စကို ဆက်၍မစဉ်းစားတော့ဘဲ ထို့အစား ရယ်လိုက်မိသည်။

"အဲ့လူက သခင်အဆင့်ပဲရှိတာ။ ကျွန်မတို့လို ဒဏ္ဍာရီအဆင့်ကို ချောင်းကြည့်ရဲတယ်။ ခုလောက်ဆို သူမျက်စိကန်းသွားလောက်ပြီ။"

"အဲ့လူကို ထားလိုက်။ ခုတော့ ကိုယ့်ကို ပန်းနတ်သမီးလေးရဲ့အရသာကို မြန်မြန်မြည်းစမ်းခွင့်ပြုပါတော့။"

ထိုသူက တိုက်တွန်းလိုက်လေသည်။ ထိုသူသည် နေလအထွတ်အမြတ်နယ်မြေမှ ပန်းနတ်သမီးများမှာ လွန်စွာအရသာရှိကြောင်း ကြားဖူးထားသည်မှာ ကြာပြီဖြစ်သဖြင့် ထိုနတ်သမီး၏အယုအယကိုခံစားကြည့်ချင်နေသည်။

ယနေ့တွင် အခွင့်အရေးရလာပြီဖြစ်သဖြင့် ပျော်ပါးရန် ဆုံးဖြတ်ချက်ချထားသည်။ ဆူးနတ်သမီးက မိမိကိုအပေါ်မှဖိထားသည့်လူကို တွန်းထုတ်လိုက်ပြီး မကျေမနပ်သောအမူအရာဖြင့် ပြောလိုက်သည်။

"ဘာကို အလျင်လိုနေတာလဲ။ ကတိတည်ထားတဲ့အပေးအယူကို မဖျက်တာက ပိုကောင်းလိမ့်မယ်။"

"စိတ်ချပါ။ ကိုယ့်ရဲ့စကားကိုတည်မှာပါ။"

ထိုသူက ပြောရင်းဖြင့် အပေါ်မှ ထပ်ဖိထားလိုက်ပြန်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ မြို့နံပါတ်တစ်ကို သိမ်းပြီးတာနဲ့ ကတိပေးထားတဲ့ပစ္စည်းကို မင်းလက်ထဲကို ရောက်အောင်ပို့ပေးမှာပါ။"

"အဲ့လိုဆိုပိုကောင်းတာပေါ့။"

ထိုသို့ပြောပြီးနောက်တွင် ဆူးနတ်သမီးသည် အမြန်ပင် သူမခန္ဓာကိုယ်ပေါ်မှ သစ်ရွက်များကိုဖယ်ပြီး ထိုသူဖြင့် ပန်းဖူးထဲ၌ ရစ်ပတ်ကာ ကာမဂုဏ်တွင်ပျော်ပါးနေလေသည်။ ပွေ့ဖက်ထားရင်းဖြင့် ဆူးနတ်သမီးက မေးလိုက်သည်။

"ဘယ်အချိန်ကျမှ မြို့နံပါတ်တစ်ကို တိုက်နိုင်မှာလဲ။"

"အလျင်လိုစရာမှ မလိုတာ။"

ထိုသူက ပြန်ဖြေလိုက်သည်။

"အခု ငါတို့ လုပ်ဖို့ လိုအပ်တာက မြို့နံပါတ်တစ်ကို ဝိုင်းထားပြီး အထဲကလူတွေ အပြင်ထွက်ပြေးမှာကို ကာကွယ်ထားပြီး သူတို့အရင်းအမြစ်ကုန်သွားမှာကို စောင့်နေဖို့ပဲ။ သူတို့တွေက အထောက်အပံ့ကုန်သွားတာနဲ့ တိုက်ခိုက်ဖို့ စစ်သည်တွေလွှတ်ကြမှာ။"

....

မျက်စိတစ်မှိတ်အတွင်းတွင်ပင် နေ့ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ ရက်ပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက်တွင် အန္တရာယ်မြေအပြင်ဘက်မှ ဆန်းကြယ်ပင်များသည် တစ်စထက်တစ်စ ပြန့်လာကာ ယခုတွင် ဘေးကင်းနေရာများထိပါ ‌ရောက်လာပြီး မြို့နံပါတ်တစ်ကို ခြိမ်းခြောက်နေပြီဖြစ်သည်။ ထို့ကြောင့် မြို့မှအကြီးအကဲများသည် နေ့တိုင်းနီးပါး အစည်းအဝေးများ ကျင်းပကာ ဗျူဟာများ ဆွေးနွေးနေကြသည်။

ထိုနေ့မနက် အစည်းအဝေးခန်းထဲတွင် မြို့အရှင်ချင်ချွမ်းက အားလုံးက ဘေးဘီကို လှည့်ကြည့်ပြီး တည်ငြိမ်သောလေသံဖြင့် ‌မေးလိုက်သည်။

"နေလအထွတ်အမြတ်နယ်မြေနဲ့ မေ့ပျောက်ခြင်းနယ်မြေတို့ ဆက်တိုက်ကျူးကျော်လာတာနဲ့ပက်သက်ပြီး ဘာတွေးမိထားတာ ရှိလဲ။"

ဒုမြို့အရှင် ရှန်ကွမ်းယွဲ့ဟာက ပြောလိုက်သည်။

"အခုတော့ စောင့်ကြည့်ရအောင်။ နောက်ဆုံးတိုက်ပွဲကြီးတုန်းကလည်း ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ထားတော့ ပြန်ကောင်းဖို့ အချိန်လိုတယ်။ တိုက်ပွဲကြီးတစ်ခု ထပ်ဖြစ်ဖို့အတွက် မသင့်တော်သေးဘူး။"

ဒုမြို့အရှင် ပိုင်ဝူပျန့်က ထိုစကားကို ကြားသောအခါတွင် ချက်ချင်းပင် သဘောမတူကြောင်း ဖော်ပြလိုက်သည်။

"ဒီလိုအချိန်မျိုးကို ဘာကို စောင့်ကြည့်မှာလဲ။သေဖို့ထိုင်စောင့်နေတာပဲဖြစ်မှာ။"

"ဘာမှမလုပ်ဘဲ ဆန်းကြယ်သားရဲတွေကိုသာ ဆက်ပြီး ဒီတိုင်းထားလိုက်မယ်ဆိုရင် မြို့မြောက်ဘက်ကတောနဲ့ ဘယ်ဘက်ကရေကန်ကိုလည်း အနှေးနဲ့အမြန် နေလအထွတ်အမြတ်နယ်မြေနဲ့ မေ့ပျောက်ခြင်းနယ်မြေက သိမ်းပိုက်သွားမှာပဲ။"

"အဲ့နှစ်နေရာက ငါတို့မြို့ရဲ့ နေ့စဉ်အရင်းအမြစ်ပဲ။ အဲ့နေရာကိုသာ သိမ်းသွားရင် ငါတို့မြို့တော့ လုံးဝကို ပျက်သုဥ်းပြီပဲ။"

"ဆန်းကြယ်အပင်တွေက ခုထိ နေရာအပြည့်မယူရသေးတာကို အခွင့်ကောင်းယူပြီး ငါတို့အိမ်နေရာရဲ့အားသာချက်ပေါ် အားကိုပြီး အပြင်ထွက်ပြီး ကျူးကျော်သူတွေကို ရင်ဆိုင်ကြမယ်။မဟုတ်ရင် သေဖို့ထိုင်စောင့်နေသလိုပဲဖြစ်သွားမှာ။"

"မဟုတ်ရင် အပြင်က ဆန်းကြယ်အပင်တွေများလာတာနဲ့အမျှ နိုင်နိုင်ဖို့အခွင့်အရေးကလည်း နည်းလာမယ်။"

ပိုင်ဝူပျန့်က ကျိုးကြောင်းဆီလျော်စွာ ပြောပြလိုက်ကာ အခန်းထဲမှသူများကို စည်းရုံးလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် အားလုံးသည် ထောက်ခံသောအသံများ ထွက်လာကြသည်။

"ဒုမြို့အရှင်ပိုင်ပြောတာမှန်တယ်။ လက်ရှိအိမ်နေရာကို အခွင့်အရေးယူပြီး ကျူးကျော်သူတွေကို ရင်ဆိုင်ရမယ်။ မဟုတ်ရင် သေဖို့ထိုင်စောင့်နေသလိုဖြစ်သွားမှာ။"

"ငါလည်း မြို့အရှင်ပိုင်ရဲ့သဘောထားကို ထောက်ခံတယ်။"

"ဒုမြို့အရှင်ရှန်ကွမ်း ခင်ဗျားက ‌ရှေးရိုးဆန်လွန်းပြီး လက်ရှိအခြေအနေကို သတိမမူတဲ့ပုံပဲ။"

"....”

ထောက်ခံပေးသောသူအချို့မှာ ပိုင်ဝူပျန့်၏လူယုံများဖြစ်သည်။ ပိုင်ဝူပျန့်ကို ထောက်ခံပေးရင်းဖြင့် ရှန်ကွမ်းယွဲ့ဟွာကိုလည်း သိမ်ငယ်အောင် လုပ်ရန်လည်း မမေ့လျောကြပေ။ ချင်ချွမ်းသည် မြို့အရှင်ရာထူးကို ကြာကြာဆက်မလုပ်တော့ဘဲ မကြာခင်တွင် ပို၍မြင့်သောရာထူးတစ်ခုဆီသို့ ကူးပြောင်းတော့မည်ဖြစ်သည်။

ယခုအချိန်တွင် မြို့နံပါတ်တစ်၏မြို့ရှင်နေရာသည် ရှန်ကွမ်းယွဲ့ဟွာနှင့် ပိုင်ဝူပျန့်တို့ကြား အပြိုင်အဆိုင်ဖြစ်နေသည်။ ရှန်ကွမ်းယွဲ့ဟွာက ရှေးရိုးဆန်သူများကို ကိုယ်စားပြုသည်။ ပိုင်ဝူပျန့်က အစွန်းရောက်သူများကို ကိုယ်စားပြုသည်။ (တစ်ယောက်မှအဆင်မပြေဘူး)

ပိုင်ဝူပျန့်အဖွဲ့လိုက်တိုက်ခိုက်မှု‌အောက်တွင် ရှန်ကွမ်းယွဲ့ဟွာ၏ထောက်ခံသူများက တဖြည်းဖြည်းဖြင့် တုံ့ပြန်လာသည်။

"ဒုမြို့အရှင်ရှန်ကွမ်းကို ရှေးရိုးဆန်တယ်လို့ပြောတယ်ဆိုရင် အရင်တစ်ခေါက်ကသာ ငါတို့က ရှေးရိုးနည်းနည်းဆန်ပြီး တိုက်ပွဲကြီးကို ဇွတ်တိုက်ခဲ့တာမဟုတ်ရင် ဆုံးရှုံးမှုတွေက ဒီလောက်ပြင်းထန်ပါ့မလား။"

"ပြင်ဆင်မှုမရှိဘဲ တဇွတ်ထိုးနိုင်ရင် အခြေအနေတွေက ပိုဆိုးဝါးလာနိင်တယ်။"

"ဒုမြို့အရှင်ပိုင် အခုက တိုက်ပွဲစဖို့ အချိန်ကောင်းမဟုတ်ဘူး ထင်တာပဲ။"

"....."

ရှန်ကွမ်းယွဲ့ဟွာ၏အဖွဲ့သားများက ပြန်လည်ချေပပြီးနောက်တွင် ပိုင်ဝူပျန့်၏အဖွဲ့သားများကလည်း ချက်ချင်းပင် ပြန်ပက်လေသည်။

"အဲ့ဒါတော့ မဟုတ်သေးဘူး။ အရင်တစ်ခေါက်ကလိုမျိုး တိုက်ပွဲကို ငြင်းဆန်ဖို့ ရွေးမယ်ဆိုရင် အခုနေရာယူထားတဲ့နေရာတွေတင်မကဘဲ မြို့ပြင်က တည်ငြိမ်အေးချမ်းတဲ့နေရာတွေကိုကိုပါ သိမ်းပိုက်သွားကြလိမ့်မယ်။"

"အသေအချာပဲ။ ရှေးရိုးဆန်တာက ချိန်ကိုက်ဖြစ်ပြီး တင်းမာတာကကြတော့ သတ္တိကြောင်တယ်ပေါ့"

"ငါတို့က မူလမြေမှာ ရောက်နေပြီဆိုမှတော့ တစ်နေ့ တိုက်ပွဲမှာသေရမယ်ဆိုတဲ့ဖြစ်နိုင်ချေကို ကိုယ့်ဘာသာ ပြင်ဆင်ထားသင့်တယ်။ သတ္တိကြောင်ပြီး အသက်ရှင်ဖို့အတွက် ဘယ်လိုလုပ်တောင်းပန်နိုင်ရမှာလဲ။"

"...."

"ဘယ်သူ့ကို သတ္တိကြောင်တယ်ပြောတာလဲ။ ဘယ်သူက သတ္တိကြောင်နေတယ်ပြောလဲ။ လင်းဇီချန် ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောလိုက်တာ ပိုကောင်းမယ်။"

"ဒီလူ့ဘီလူးတွေနဲ့ ပြောနေလို့ ဘာအသုံးဝင်မှာလဲ။"

"မြို့အရှင် ဒီကိစ္စကို ဘယ်လိုမြင်လဲ။"

"...."

အချေအတင်ဖြစ်ပြီးနောက်တွင် နှစ်ဖက်လုံးက ပြဿနာကို မြို့အရှင်ဖြစ်သော ချင်ချွမ်းဆီသို့ ပုတ်ထုတ်လိုက်ကြသည်။ ချင်ချွမ်းက ခေတ္တမျှစဉ်းစားလိုက်ပြီးနောက်တွင် အားလုံး၏အကြည့်အောက်၌ ဖြည်းဖြည်းချင်း ပြောလာသည်။

"အားလုံးပဲ ကိုယ့်ဘာသာ ပြင်ဆင်ထားကြပါ။ သုံးရက်အတွင်း ငါတို့တွေ မြို့ပြင်မှာ အခြေစိုက်ထားတဲ့ နေလအထွတ်အမြတ်နယ်မြေနဲ့ မေ့ပျောက်ခြင်းနယ်မြေနဲ့တွေ့ပြီး တည်ငြိမ်တဲ့နေရာကို ပြန်ထိန်းကြမယ်။"

ထိုစကားကို ကြားသောအခါတွင် နှစ်ဖက်လုံး၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ပိုင်ဝူပျန့်ဘက်တော်သားများက ပျော်ရွှင်သွားကြပြီး ပိုင်ဝူပျန့်မြို့အရှင် ဖြစ်လာသောအခါ၌ တောက်ပသောအနာဂတ်ကို စိတ်ကူးယဉ်နိုင်ကြလိမ့်မည်။

တစ်ဖက်တွင်မူ ရှန်ကွမ်းယွဲ့ဟွာ၏အဖွဲ့သားများသည်မူ ဆန့်ကျင်ဘက်မြင်ကွင်းမျိုး ဖြစ်နေသည်။ အားလုံး၏မျက်နှာက အေးစက်နေပြီး ချင်ချွမ်း၏ဆုံးဖြတ်ချက်ကို ကျေနပ်သည့်ဟန်မပေါ်ကြသော်လည်း ဆန့်ကျင်သည့်အသံ မထွက်ရဲကြပေ။ မြို့ထဲတွင်မူ မြို့အရှင်၏စကားက ဥပဒေသာ ဖြစ်သည်။ မည်သူကမှ မြို့အရှင်၏ဆုံးဖြတ်ချက်ကို မငြင်းဆန်ရဲကြပေ။ ချင်ချွင်းသည် နှစ်ဖက်လုံးမှသူများကိုကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ယခုအချိန်မျိုးတွင်ပင် ထိုလူများက မြို့အရှင်နေရာကို တွေးနေနိုင်ကြသေးသည်။ နေလအထွတ်အမြတ်နယ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေတို့ပူးပေါင်းတိုက်ခိုက်ခြင်းက မြို့နံပါတ်တစ်တည်ထောင်စဉ်ကတည်းကပင် အကြီးမားဆုံးပြဿနာကြီးဖြစ်ပေသည်။ တိုက်ပွဲပြီးလျှင် မည်မျှအသက်ရှင်ကျန်မည်ကို ပြောနိုင်ရန်ခက်ခဲသည်။

မြို့အရှင်နေရာလား?

အခိုင်အမာပြောရန်ပင် ခက်ခဲလှပေသည်။

....

ထိုညနေခင်းတွင်ပင် ချင်ချွမ်း၏ဆုံးဖြတ်ချက်ကို တစ်မြို့လုံးသိအောင် ကြေညာပေသည်။ နောက်သုံးရက်အတွင်းတွင် တိုက်ခိုက်ရန် ထွက်ခွာကြတော့မည်ဖြစ်သည်။ ထိုသတင်းကို ကြားသည့်အခါတွင် မြို့ထဲမှ အချို့က ဒေါသတကြီးဖြင့် အော်ဟစ်ကာ ကျရှုံးသွားသောညီနောင်များအတွက် ရန်သူများကို လက်စားချေချင်သည်။ ပြောင်းပြန်အနေဖြင့် အချို့က အကြောက်တရားကို ပြ၍ တိုက်ပွဲဖြင့်ရင်ဆိုင်ရန် ကြောက်ရွှံ့ကြပေသည်။ လူတိုင်း သေခြင်းတရားကို ကြောက်နေခြင်းမျိုး မဟုတ်ပေ။ အများစုက သေရမည်ကို ကြောက်ကြသည်။ သူရဲကောင်းဖြစ်ကာ သေရခြင်းထက် သတ္တိကြောင်အဖြစ် အသက်ရှင်နေထိုင်ရခြင်းက ပိုကောင်းသေးသည်။

....

Darya Sue in Mercury, [15/08/25 12:13 AM]

မြို့ထဲတစ်နေရာတွင် လန်ထျန်ပိုင်သည် အဖွဲ့ထဲမှ ဂြိုလ်သားလူသားပါရမီရှင်အဆင့် (၂၈) ယောက်ကို အစည်းအဝေးခေါ်သည်။ အမှန်တွင် အယောက်သုံးဆယ်ဖြစ်ကာ နှစ်ဦးမှာ တိုက်ပွဲကြီးတွင် ကျရှုံးသွားပြီး နန်ကုန်းလျိုယွင်နှင့် ချန်ယိဖေးတို့ပင် ဖြစ်သည်။ လင်းဇီချန်သည် မိမိဘေးနားမှလူများ၏အမူအရာကို ကြည့်လိုက်သောအခါတွင် အားလုံးက တည်ငြိမ်နေကာ ဝမ်းနည်းနေသည့်အရိပ်အယောင်မျိုး မတွေ့ရပေ။ ၎င်းတို့သည် သေခြင်းတရား၏ရဲဘော်ရဲဘက်များဖြစ်ကြလေသည်။ ထိုအဖွဲ့သည် ယခင်ကလည်း မကြာခဏ သေခြင်းတရားဖြင့် ရင်ဆိုင်ခဲ့ရသည့်ပုံပေါ်သည်။

လင်းဇီချန်က မိမိဘာသာ ညည်းတွားလိုက်မိသည်။

သုံးရက်အတွင်း တိုက်ပွဲကြီးဖြစ်လာတော့မည်ကို ကြိုသိသဖြင့် နှစ်ယောက်မကဘဲ အဖွဲ့ထဲမှလူများများသေမည်ကိုလည်း ကြိုတွက်ထားပြီးဖြစ်သည်။ သို့သော်လည်း ဂရုမစိုက်ပေ။ ရှန်ချင်းဟန်အဆင်ပြေလျှင် ရပေသည်။ မနက်ဖြန်တွင် မိမိ၏တာဝန်မှာ ရှန်ချင်းဟန်၏လုံခြုံရေးကို စိတ်ချစေရန်နှင့် တတ်နိုင်သမျှ ရန်သူများများကို သတ်ပြီး ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကိုယူကာ ကိုယ်ပိုင်အင်အားကို မြှင့်တင်ရန် ဖြစ်သည်။

"သုံးရက်အတွင်း မြို့ပြင်မှာ နေရာယူထားတဲ့ နေလအထွတ်အမြတ်နယ်မြေနဲ့ မေ့ပျောက်ခြင်းနယ်မြေက ရန်သူတွေကို ချေမှုန်းဖို့ ထွက်ခွာကြရမယ်။ အားလုံးသိပြီးကြမှာပါ။"

လန်ထျန်ပိုင်သည် မိမိရှေ့မှလူများကိုကြည့်ကာ ပြောလိုက်သည်။

"ဒီတိုက်ပွဲက အရမ်းအန္တရာယ်များပြီး စွန့်လွှတ်မှုအများကြီးလည်း လုပ်ရလိမ့်မယ်။ ငါတို့တွေ ရှောင်ရှားနိုင်မှာမဟုတ်ဘူး။"

"ကံကောင်းပြီး တိုက်ပွဲစတာနဲ့ မြို့က အကြီးအကဲတွေက အားကောင်းတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ကြလိမ့်မယ်။ မင်းတို့ရင်ဆိုင်ရမဲ့ရန်သူအများစုက အဆင့်မြင့်သက်ရှိ‌တွေနဲ့ သခင်အဆင့်တိုက်ခိုက်အနည်းငယ်လောက်ပဲ ဖြစ်မှာပါ။"

"ဒီလိုပြောရရင်တော့ ပိုပြီးဘေးကင်းတာမျိုးပေါ့။"

"အားလုံး ဒီတိုက်ပွဲကို တန်ဖိုးထားကြပါ။ အခွင့်အရေးကိုအသုံးချပြီး ရန်သူများများကို သတ်ကြပါ။ အရင်းအမြစ်များများရှာပြီး ကိုယ့်အင်အားကို တိုးတက်အောင် လုပ်ကြပါ။"

"ငါပြောချင်တာ ဒါအကုန်ပဲ။ အားလုံးပြန်ပြီး ကောင်းကောင်းအနားယူကြပါ။"

ထိုသို့ပြောကာ လန်ထျန်ပိုင်က လင်းဇီချန်ကို ကြည့်၍ ပြောလိုက်သည်။

"ဇီချန် ခဏနေဦး။ မင်းကို ပြောစရာရှိတယ်။"

အခန်း (၄၄၀) စစ်မှန်တဲ့ ပါရမီရှင်ရဲ့ရှေ့မှာ ဂြိုလ်သားတွေတောင် ပုရွက်ဆိတ်တွေသာသာပဲ

သီးသန့်ပြောတာလား?

လင်းဇီချန်တစ်ယောက် အတော်လေးအံ့အားသင့်သွားကာ အခြားသူများလည်း အတူတူပင် ဖြ်သည်။ လန်ထျန်ပိုင်က နှစ်ဦးတည်း ဘာကြောင့် ပြောချင်ရသည်ကို မသိနိုင်ပေ။ သို့သော်လည်း လင်းဇီချန်က ထိုအကြောင်းကို များများစားစားမစဉ်းစားတော့ဘဲ လန်ထျန်ပိုင်ခိုင်းသည့်အတိုင်းကာ ဆွေးနွေးရန်အတွက် ထောင့်သို့ လိုက်လာသည်။ မည်သူမှမရှိသည်ကို မြင်သောအခါမှ လင်းဇီချန်သည် အနည်းငယ်မျှ သတိထား၍ လိုအပ်လျှင် လှုပ်ရှားရန်မိမိဘာသာပြင်ဆင်ထားသည်။ ထိုအချိန်တွင် မည်သူ့ကိုမှ မယုံတော့ပေ။

လန်ထျန်ပိုင်သည် ရုတ်တရက် နှစ်ဦးတည်း စကားပြောဆိုရန် တောင်းဆိုလာသည်။ လန်ထျန်ပိုင်က သစ္စာဖောက်ဖြစ်ကာ မိမိဖြင့် တစ်ဦးချင်းရင်ဆိုင်ရန် အခွင့်အရေးလာရှာမည်ကို ကြောက်မိသည်။ ယခင်တစ်ခေါက် သစ်ပင်လှောင်ချိုင့်မတော်မဆမှုတွင် အခက်အခဲမရှိ လန်ထျန်ပိုင်ကို ရင်ဆိုင်နိုင်ခဲ့သော်လည်း လန်ထျန်ပိုင်က မိမိအတွက် ပြိုင်ဘက်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ လန်ထျန်ပိုင်သာ သစ္စာဖောက်ဖြစ်နေပါလျှင် သူ၏အင်အားအမှန်ကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပေ။ လင်းဇီချန်သည် ခေတ္တမျှစဉ်းစားနေစဉ်တွင် လန်ထျန်ပိုင်က ပြောလာသည်။

"ဇီချန် မင်းကို တောင်းဆိုစရာရှိတယ်။ မင်းသဘောတူနိုင်ဖို့ မျှော်လင့်ပါတယ်။"

"ပြောပါ။ ဆရာလန်။"

လင်းဇီချန်က ဆိုလိုက်သည်။

လင်းဇီချန်က ချက်ချင်းသဘောမတူဘဲ ပြောမည့်အရာကိုသာ ဦးစွာနားထောင်မည်ဖြစ်သည်။ လန်ထျန်ပိုင်ကမူ ကွေ့ဝိုက်မနေဘဲတည့်တိုးပင် ဆိုလိုက်သည်။

"မင်းရဲ့အင်အားကို ငါယုံတယ်။ မင်းက ဂြိုလ်သားပါရမီရှင်အဖွဲ့ကို ဦးဆောင်ဖို့ အသင့်တော်ဆုံးသူပဲ။"

"အဲ့တုန်းက ကျောက်ချင်ရှန်းနဲ့ ကျန်းထောင်တို့ကလည်း သဘောမတူခဲ့ဘူး။ အဖွဲ့ကိုဦးဆောင်ဖို့ကို မင်းကိုလွှဲပေးဖို့အတွက် ဆန္ဒမရှိကြဘူး။"

"အဲ့လိုဆိုပေမဲ့ သူတို့ကို ဖိနှိပ်ပြီး အဖွဲ့ကို ထိန်းချုပ်ဖို့အာဏာကို မင်းကို ပေးမယ်။"

"တကယ်တော့ ငါပြောရင် သူတို့က မင်းကို အဖွဲ့ကိုထိန်းချုပ်ဖို့အာဏာပေးမှာပဲ။ ဒါပေမဲ့ ငါနဲ့သူတို့ရဲ့ဆက်ဆံရေးက ရင်းနှီးလွန်းတယ်။ ငါက အဲ့လိုလုပ်ဖို့ မသင့်တော်ဘူးဖြစ်နေတယ်။"

ပြောပြီးနောက်တွင် လန်ထျန်ပိုင်သည် လူဆိုးမဖြစ်ချင်သောကြောင့် မိမိကိုသာ ညစ်ပတ်သောအလုပ်ကို တွန်းလွှတ်နေကြောင်းမှာ ရှင်းနေလေပြီ။ လင်းဇီချန်က သဘောပေါက်သွားပြီး နှစ်ခါမစဉ်းစားဘဲဖြင့်ပင် ငြင်းလိုက်သည်။

"ဆရာလန် ကျွန်တော်က လူသစ်ပါ။ အဖွဲ့ထဲကလူတွေနဲ့ မရင်းနှီးသေးဘူး။ ကျွန်တော် သူတို့ကို မဦးဆောင်နိုင်ဘူး။ အဖွဲ့ကိုဦးဆောင်ဖို့တာဝန်ကို ကျောက်ချင်ရှန်းနဲ့ ကျန်း‌‌ထောင်တို့ကို ပေးသင့်တယ်။ ကျွန်‌တော်ကတော့ အဖွဲ့ဝင်လုပ်တာ ပိုအဆင်ပြေမယ်။"

အကျိုးအမြတ်မရှိဘဲ အဘယ့်ကြောင့် ဗီလိန်လုပ်ပေးရမည်နည်း။

လန်ထျန်ပိုင်က တန်ရာတန်ကြေးအဖြစ် ဆန်းကြယ်သစ်သီးဖြင့်သာ ကမ်းလှမ်းမည်ဆိုလျှင်လင်းဇီချန် သဘောတူမိပေမည်။ လင်းဇီချန်က သဘောမတူသည်ကို မြင်သောကြောင့် လန်ထျန်ပိုင်က စည်းရုံးချင်သော်လည်း မည်သို့စရမည်မသိ ဖြစ်နေသည်။ အဆုံးသတ်တွင်မူ ဘာမှမဟုတ်သည့်အတိုင်း ထိုကိစ္စကို ထားလိုက်ရတော့သည်။

နှစ်ဦးသား အဖွဲ့စီသို့ ပြန်လာပြီးနောက်တွင် ရှန်ချင်းဟန်က ချက်ချင်းပင် စပ်စုစွာဖြင့် မေးလိုက်သည်။

"ဇီချန် ဆရာက နင့်ကို ဘာပြောတာလဲ။"

"ဘာမှမဟုတ်ပါဘူး။ သူက ငါ့ကို အဖွဲ့ကို ပြောဖို့ အခွင့်အရေးယူပြီး အခုကစပြီးနောင်သုံးရက်နေရင်ဖြစ်တော့မဲ့တိုက်ပွဲအတွက် အဖွဲ့ကို ဦးဆောင်စေချင်တာ။"

လင်းဇီချန်က မချွင်းမချန် ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါတွင် ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ပေ။

....

အချိန်က လျင်မြန်စွာ ကုန်ဆုံးနေသည်။ ရုတ်တရက်ဆိုသလိုပင် အချိန်သုံးရက်တာ ကုန်သွားသည်။ တိုက်ပွဲအတွက် မြို့မှထွက်ခွာရမည့်အချိန်သို့ ကျရောက်လာသည်။ မိုးသောက်ချိန်ဖြစ်သဖြင့် မှောင်နေဆဲဖြစ်သည်။ မြို့တံခါးရှေ့မှစတုရန်းကွက်တွင် လူတစ်‌သောင်းနီးပါး စုဝေးနေသည်။ ထိုလူတစ်သောင်းအနက်တွင် ကိုးဆယ်ရာခိုင်နှုန်းက အဆင့်မြင့်သက်ရှိများဖြစ်သည်။ ကိုးရာခိုင်နှုန်းက သခင်အဆင့်သက်ရှိများဖြစ်သည်။ ကျန်သော (၀.၉၉၉၉%) ကသာ မြင့်မြတ်သူအဆင့်သက်ရှိများဖြစ်သည်။ ကျန်သော (၀.၀၀၀၁%) သည်သာ ဒဏ္ဍာရီအဆင့်သက်ရှိများဖြစ်သည်။

"ဒီနေ့..."

"ငါတို့တွေ အပြင်ထွက်ပြီး နေလအထွတ်အမြတ်နယ်မြေနဲ့ မေ့ပျောက်ခြင်းနယ်မြေက ရန်သူတွေနဲ့ ရင်ဆိုင်ကြမယ်။"

"အားလုံး ယုံကြည်ချက်ရှိရဲ့လား။"

"ရှိပါတယ်!!!"

မြို့တံခါး၏နံရံအမြင့်များပေါ်တွင် မြို့အရှင်ဖြစ်သောချင်ချွမ်းက အားဖြင့်မာန်ဖြင့် အော်ပြောနေသည်။ အောက်မှစစ်သည်တောများကလည်း ပွက်ပွက်ဆူနေသောစိတ်အားထက်သန်မှုဖြင့် ပြန်ပြောသည်။ လင်းဇီချန်သည်လည်း ထိုစစ်သည်တော်များထဲတွင် အပါအဝင်ပင်ဖြစ်သည်။ သို့သော်လည်း ၎င်းက အခြားသူများဖြင့်မတူပေ။ စိတ်က တည်ငြိမ်နေပြီး ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များများရရန်အတွက် ရန်သူများများသတ်ရန်ကိုသာ အာရုံစိုက်ထားသည်။ မူလမြေတွင် နေသည်မှာ မကြာသေးသောကြောင့် အပြည့်အဝဆင့်ကဲမပြောင်းလဲသေးပေ။ ရိုးရှင်းစွာပြောရလျှင် မိမိသည် ထိုနေရာဖြင့် သက်ဆိုင်နေသည့်ခံစားချက်မျိုး မရှိပေ။

Darya Sue in Mercury, [15/08/25 12:14 AM]

ဆန့်ကျင်ဘက်အနေဖြင့် လူသစ်ဖြစ်သော ရှန်ချင်းဟန်သည်မူ ထိုအော်သံများကြားတွင် စိတ်အားတက်ကြွနေသည်။

"မြို့အရှင် ရှန်ကွမ်း မင်းက နေလအထွတ်အမြတ်နယ်မြေက အားကောင်းတဲ့ပြိုင်ဘက်တွေကိုရင်ဆိုင်ရမဲ့အဖွဲ့ကို ဦးဆောင်ပါ။"

"မြို့အရှင်ပိုင် မင်းက မေ့ပျောက်ခြင်းနယ်မြေကအားကောင်းတဲ့သူတွေကိုရင်ဆိုင်ဖို့ တာဝန်ယူပေးပါ။ အတော်လေးမရင်းနှီးတဲ့နယ်မြေဖြစ်လို့ ဒီတာဝန်က အတော်လေးတော့ စိန်ခေါ်မှုများမယ်။"

"အားလုံးပဲ မင်းတို့အားလုံး ရှေ့တန်းကိုထွက်ပြီး ကျူးကျော်သူတွေကို မောင်းထုတ်ကြ။"

ချင်ချွမ်းက စင်မြင့်ထက်မှ အော်ပြောလိုက်သည်။ အသံထွက်လာသည်နှင့် အောက်မှစစ်သည်တော်များက ချက်ချင်းဆိုသလိုပင် အားအင်အပြည့်ဖြင့် ပြန်လည်တုံ့ပြန်ကြပေသည်။

ထိုစစ်သည်တော်များအလယ်တွင်ရှိ‌သော လန်ထျန်ပိုင်သည် အားလုံးရှေ့မှ ဆရာအဖြစ် မတ်မတ်ရပ်တည်ကာ မိမိရှေ့မှ ဂြိုလ်သားလူသားပါရမီရှင် (၂၈) ယောက်ကို အမိန့်ပေးလေသည်။

"မြို့တံခါးပွင့်တာနဲ့ မင်းတို့ (၂၈) ယောက်က တစ်သားတည်းဖြစ်သွားပြီး အားလုံးအတူတူနေပြီး တစ်ယောက်တည်းကွက်ပြီး သူရဲကောင်းမဆန်ချင်နဲ့။"

"အားကောင်းတဲ့ရန်သူနဲ့ရင်ဆိုင်ရလို့ မနိုင်နိုင်ရင် ချက်ချင်းထွက်ပြေးပါ။ ခေါင်းမာပြီးမခုခံပါနဲ့။"

"ပြီးတော့ တံခါးပွင့်တာနဲ့ စစ်သူကြီးလုဦးဆောင်တဲ့ သခင်အဆင့်အဖွဲ့နောက်လိုက်ပြီး အဲ့အဖွဲ့ကမဖြေရှင်းနိုင်တဲ့ဟာမှန်သမျှကို လိုက်ရှင်းပါ။"

"...."

လန်ထျန်ပိုင်၏စကားကိုကြားသောအခါအတါင် အားလုံးခေါင်းညိတ်ပြကာ လုပ်ရမည်ကို နားလည်‌ကြောင်းညွှန်ပြနေသည်။

....

နာရီဝက်ခန့်ကြာပြီးနောက်တွင်မူ-

"မြို့တံခါးတွေဖွင့်ကြ!!"

ချင်ချွမ်း၏အော်သံနှင့်အတူ ကျောက်တုံးကြီးများဖြင့်လုပ်ထားသောမြို့တံခါးကြီးများက ချက်ချင်းပင် ပွင့်လာကြသည်။ မြို့တံခါးပွင့်သည်နှင့် လေ့ကျင့်ထားပြီး စည်းကမ်းသေဝပ်သော စတုရန်းပုံစံ စဉ်ထားသော စစ်သည်များသည် ပြေးထွက်သွားကြလေသည်။ ပျံနိုင်သူများက လေထဲတွင်ပျံပြီး ပြေးနိုင်သူများက ပြေးသည်။ ချက်ချင်းဆိုသလိုပင် လူထောင်ပေါင်းများစွာသည် မိုင်ချီဝေးသည် ရန်သူဆီသို့ ဦးတည်သွားကြလေတော့၏။

အခန်း(၄၄၁) စစ်မှန်တဲ့ ပါရမီရှင်ရဲ့ရှေ့မှာ ဂြိုလ်သားတွေတောင် ပုရွက်ဆိတ်တွေသာသာပဲ

မြို့တံခါးများသို့ စစ်သားများ ချီတက်ဝင်ရောက်ဖြတ်ကျော်လာသောအခါ ချင်ချွမ်းကဲ့သို့သော ခေါင်းဆောင်များသည် မြင့်မားသောတံတိုင်းများပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားကာ နေလ အထွတ်အမြတ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေတို့မှ ကျွမ်းကျင်သူများဆီသို့ ပြေးသွားကြသည်။

မကြာခင်၌ ယခင်က ငြိမ်သက်နေသော ကောင်းကင်ယံတွင် စူးရှတောက်ပသော အလင်းရောင်များနှင့် ရုတ်တရက် ပေါက်ကွဲသံများ ဆက်တိုက်ကြားလာရသည်။

ဤအသံများသည် အကန့်အသတ်မရှိသော စွမ်းအင်များပါဝင်နေသကဲ့သို့ နယ်မြေတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ချင်ချွမ်းနှင့် မြို့ခေါင်းဆောင်များက ရန်သူဘက်မှ ပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ တိုက်ပွဲများက ပြင်းထန်လွန်းလှသဖြင့် ကောင်းကင်နှင့်မြေကြီးပင်လျှင် အရောင်ပြောင်းသွားသည့်အလား ထင်ရသည်။

၎င်းက သွေးမျိုးဆက်စွမ်းအားအဆင့်နိမ့်သော စစ်သားများကို အံ့သြစေခဲ့သည့်အပြင် လင်းဇီချန်ကိုလည်း ထိတ်လန့်သွားစေသည်။ လူသားဖြစ်လာခဲ့သော အနှစ်နှစ်ဆယ်တာကာလတွင် ဤသည်က ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူများအကြားတိုက်ပွဲကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ယခင်က ချီချင်းမော့ကို မြင်ခဲ့ဖူးသော်လည်း ယင်းက အောင်နိုင်မှုးချည်းသက်သက်သာဖြစ်၍ ယခုဖြစ်ပျက်နေသော ပြင်းထန်သည့် အပြိုင်အဆိုင်တိုက်ပွဲမျိုးနှင့်မတူညီပေ။

“ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူတစ်ဦးကျဆုံးသွားဖို့ ငါမျှော်လင့်တယ်။ အဲ့လိုဆို ငါ ဝင်ပြီး သူတို့ကို ဝါးမြိုလိုက်နိုင်မှာ…”

လင်းဇီချန်က စိတ်ထဲမှ ဤအကြောင်းကို စိတ်ကူးယဥ်နေမိသည်။ သို့သော် ထိုအခိုက်အတန့်တွင်

ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူများ၏ ခိုက်ရန်ဖြစ်သံများ တဖြည်းဖြည်း လျော့ပါးသွားကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

အောင်နိုင်သူပေါ်လာခြင်းမဟုတ်ဘဲ အင်အားနည်းသူများကို မထိခိုက်စေရန် နှစ်ဖက်သဘောတူညီချက်ဖြင့် အင်အားကောင်းသော ပုဂ္ဂိုလ်များက စစ်မြေပြင်မှ ထွက်သွားကြခြင်းဖြစ်သည်။ နှစ်ဖက်လုံးတွင် အင်အားနည်းသော အဖွဲ့သားများရှိသဖြင့် မလိုလားအပ်သော အသေအပျောက်များကို မဖြစ်လာစေချင်သောကြောင့်ဖြစ်သည်။ နှစ်ဖက်စလုံးက အင်အားကြီးသူများကြား တိုက်ပွဲကို တိုက်ရိုက်ဖြေရှင်းရန်နှင့်

ဤကြီးကျယ်ခမ်းနားသောတိုက်ပွဲတွင် အနည်းငယ်ဆုံးသော ဆုံးရှုံးမှုဖြင့် အနိုင်ရနိုင်ရန် တွေးနေကြသည်။

…

အောက်ရှိတိုက်ပွဲ၌

တစ်ဆယ်လီ

နှစ်ဆယ်လီ

သုံးဆယ်လီ

လေးဆယ်လီ

လေးဆယ့်သုံးလီ

စစ်သားများက မြို့တံခါးများသို့ လေးဆယ့်သုံးလီအထိ ချီတက်လာသောအခါ ကြီးမားသော ဆူးချုံတောကြီးကို ကျော်လွန်၍ နေမင်းက ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးက တိုက်ပွဲဧရိယာ၏ အလယ်သို့ရောက်လာကြသည်။

နှစ်ဖက်တပ်များဆုံသောနေရာ၌…

"သတ်ကြ”

အတွင်းထဲရှိ ဆန်းကြယ်သားရဲမျိုးဗီဇကို ကျွေးမွေးရန်အတွက် အနှစ်သာရသွေးကို စတေးခဲ့သော သခင် နဝမအဆင့် ကမ္ဘာမြေသားတိုက်ခိုက်သူသည် အကြေးခွံများဖုံးလွှမ်းနေသော ဧရာမမီးနဂါးကြီးအဖြစ်သို့ ပြောင်းလဲကာ ဆူးတောဆီသို့ ပူပြင်းသော မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

အခြားသော သခင်အဆင့် ကမ္ဘာမြေသားတိုက်ခိုက်ရေးသမားများသည်လည်း ၎င်းတို့၏ စွမ်းအားများကို ပြသခဲ့ကာ ဆူးတောကြီးကို ဒေါသတကြီးတိုက်ခိုက်ခဲ့ကြသည်။

လေဖြိုခွင်းသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ဆူးသစ်တောမှ၊ မရေမတွက်နိုင်သော အချွန်အတက်များဖြင့် ဆူးများပေါက်ထွက်ကာ သခင်အဆင့် ကမ္ဘာမြေသားတိုက်ခိုက်ရေးသမားများကို စတင်တိုက်ခိုက်သည်။ တစ်ချိန်တည်း၌ပင် ကြီးမားကျယ်ပြန့်သော မြူမှုန်မည်းကြီးက ဆူးပင်များနောက်မှထွက်ပေါ်လာ၍ သခင်အဆင့်တိုက်ခိုက်သူများကို တိုက်ခိုက်ခဲ့ကြသည်။

ခဏတာအတွင်း၌

ဆူးတောသည် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအဖြစ်သို့ ပေါက်ကွဲကာ မီးတောင်ထဲတွင် မရေမတွက်နိုင်သော ဆန်းကြယ်သစ်ပင်များ သေကြေပျက်ဆီးလျက် ပြာမှုန်များအဖြစ်ပြောင်းလဲလွင့်စင်သွားကြသည်။

ဆန့်ကျင်ဘက်အားဖြင့် သခင်အဆင့် တိုက်ခိုက်ရေးသမား အများအပြားသည် ကောင်းကင်မှ ထွက်ပေါ်လာသော ဆူးများဖြင့်ထိမှန်ကာ သေဆုံးခြင်း သို့မဟုတ် အပြင်းအထန်ဒဏ်ရရှိခြင်းတို့ ဖြစ်ခဲ့ကြရသည်။ သို့သော် များစွာသောသူများက အနက်ရောင်မြူခိုးထဲသို့ ဆွဲယူခြင်းခံခဲ့ရကာ ယင်းမှာ မေ့ပျောက်ခြင်းနယ်မြေ၏ ဂြိုလ်သားများဖြစ်ကြောင်း သိသာလျက်ရှိသည်။

ဤသည်မှာ စစ်မြေပြင်၏ ရှေ့တန်းစစ်မျက်နှာတွင် ပေါ်လွင်နေသည့် မြင်ကွင်းဖြစ်သည်။

ရှေ့တန်းနောက်ဘက်တွင် လန်ထျန်ပိုင်ဦးဆောင်သော ဂြိလ်လူသားပါရမီရှင် အဖွဲ့တစ်ဖွဲ့သည် သခင်အဆင့် တိုက်ခိုက်သူများ၏ အရှိန်အဟုန်ကို အမီလိုက်နိုင်ရန် မဆုတ်မနစ် အရှိန်အဟုန်ဖြင့် အရှိန်မြှင့်ကာ ထိုရှေ့တန်းစစ်သည်များအတွက် နောက်ဆက်တွဲရလဒ်များကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။

အသင်းနှင့်အတူ ပြိုင်နေစဉ်တွင် လင်းဇိချန်က အဝေးရှိ ရှေ့တန်းမှ အခြေအနေများကို ကောင်းကင်မျက်လုံး အသုံးပြုကာ ကြည့်ခဲ့သည်။ သခင်အဆင့်ကျွမ်းကျင်သူအများအပြား ရှေ့တန်းတွင်လဲကျနေသည်ကို သူမြင်လိုက်ရသောအခါ သူ့နှလုံးသားက လုံးလုံးလျားလျား လှုပ်ခတ်သွားသည်။ အသန်မာဆုံးသောအောင်မြင်မှု သွေးမျိုးဆက်စွမ်းအားကို ပိုင်ဆိုင်ထားသော သူ့အတွက် အလောင်းများသည် အသန်မာဆုံးသော ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များဖြစ်သည်။

ထို အင်အားကြီးသော ပုဂ္ဂိုလ်များထံမှ ဆန်းကြယ်သားရဲ မူလစွမ်းအင်အများအပြားကို ဝါးမြိုကာ ဆက်စပ်နေသည့် သွေးမျိုးဆက်စွမ်းရည်များရရှိရန် ထပ်မံကြိုးစားနိုင်သည်။

“ဟန်ဟန် အဖွဲ့နဲ့ကပ်နေနော် ရှေ့တန်းကို ကိုခဏပြေးလိုက်ဦးမယ်”

ဖြားယောင်းမှုကို ခံနိုင်ရည်မရှိနိုင်တော့ဘဲ လင်းဇီချန်သည် ထိုစကားများကို ရှန်ချင်းဟန်အားပြောပြီးနောက် ပေါက်ကွဲနိုင်စွမ်းပြင်းသော စွမ်းအားများဖြင့် လေထဲသို့ ချက်ချင်းပျံတက်ကာ စစ်မြေပြင်ရှေ့တန်းသို့ ပျံသန်းသွားခဲ့သည်။

ရှန်ချင်းဟန်က တုံ့ပြန်ရန် အချိန်မရှိသလောက်ပင်ဖြစ်သွားရ၏။ သူမတုံ့ပြန်လိုက်သောအချိန်တွင် လင်းဇီချန်သည် လေထဲသို့ ခုန်တက်နေပြီဖြစ်သောကြောင့် သူမနှင့်စကားပြောရန်မဖြစ်နိုင်တော့ပေ။

“ဇီချန် မြန်မြန်ကြီးမပြေးနဲ့ အဖွဲ့ကနေလမ်းလွဲသွားတာ အရမ်းအန္တရာယ်များတယ်”

လင်းဇီချန်က အဖွဲထဲမှထွက်သွားသည်ကို လန်ထျန်ပိုင်က သတိပြုမိကာ ရပ်တန့်ရန် ကြိုးစားလျက် အမြန်အော်လိုက်သည်။ သို့သော် လင်းဇီချန်က သခင်အဆင့်တိုက်ခိုက်ရေးသမားများ၏ ဆန်းကြယ်သားရဲမူလစွမ်းအင်များကို ဝါးမြိုရန် အရူးအမူးကြိုးစားနေသဖြင့် သူ၏ ပျံသန်းမှုအရှိန်က အလွန်တိုးမြင့်သွားခဲ့သည်။

“သေစမ်း စွမ်းအားလေးနည်းနည်းကြီးတာနဲ့ အမိန့်တွေမနာခံတော့ဘူး သတိထားပါ မဟုတ်ရင် မင်းဘယ်လိုသေသွားမလဲသိလိုက်မှာတောင်မဟုတ်ဘူး”

အဖွဲ့အတွင်းရှိ ကျောက်ချင်ရှန်းသည် လင်းဇီချန်က မည်သည့်အရာကိုမျှ အလေးအနက်မထားသည့်ပုံစံကို သဘောမကျသဖြင့် အော်ပြောလိုက်သည်။ အခြားသူများက လင်းဇီချန်ကဲ့သို့သော ပါရမီရှင်မျိုးကို စော်ကားလိုခြင်းမရှိသောကြေင့် နှုတ်ဆိတ်နေခဲ့ကြသည်။

“ချန်းရွှယ် ဘာလုပ်နေတာလဲ”

ထိုအချိန်၌ လန်ထျန်ပိုင်က ဘေးနားရှိ အဖွဲ့သားကိုအော်လိုက်သည်။

အော်သံကိုကြားသောအခါ ရှန်ချင်းဟန်သည် လန်ထျန်ပိုင်၏ ဘေးသို့ အလိုလိုကြည့်လိုက်မိ၏။

ထို့နောက် သူမမြင်လိုက်ရသည်မှာ လော့ချန်းရွှယ်သည် ရုတ်တရက်မမြင်နိုင်လောက်သောအရှိဖြင့် စစ်မြေပြင်ရှေ့တန်းသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးနေသဖြင့် ရေခဲပန်းပွင့်များကျန်ခဲ့သည်ကိုသာဖြစ်သည်။

ဒါက.. ဒြပ်စင်ဖွဲ့စည်းမှုလား

ရှန်ချင်းဟန်သည် ရေခဲပန်းပွင့်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူမမြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ဤမြင်ကွင်းက အလွန်မှော်ဆန်လှသည်။ ၎င်းသည်

၎င်းသည် ရုပ်ရှင်များနှင့် တီဗီရှိုးများတွင် မြင်တွေ့ရသည့် သဘာဝလွန်စွမ်းအားများနှင့် အလွန်ဆင်တူသည်။

“ဘာလို့လဲ”

“လင်းဇီချန်ရော လော့ချန်းရွှယ်ရောက သခင်အဆင့်မှာပဲကို ဘာလို့ သူတို့က ပိုသန်မာနေတာလဲ”

“ရွံဖို့ကောင်းလိုက်တာ”

လင်းဇီချန်နှင့် လော့ချန်းရွှယ်တို့ အဖွဲ့နှင့် ဝေးရာသို့ ချက်ခြင်းထွက်ပြေးကြသည်ကို မြင်လိုက်ရသည်နှင့် အဖွဲ့ထဲမှ ဂြိုလ်လူသားအဆင့်ပါရမီရှင်တစ်ဦးက တည်ငြိမ်မှုမရှိတော့ဘဲ ခါးခါးသီးသီးညည်းညူနေတော့သည်။

ဤမကျေနပ်ချက်များကိုကြားသောအခါ ရှန်ချင်းဟန်က အနည်းငယ်စိတ်မသက်မသာဖြစ်သကဲ့သို့ခံစားလိုက်ရသည်။ ဤမပျော်မရွှင်ဖြစ်နေရခြင်းမှာ လင်းဇီချန်ကို အဖွဲ့က ကျိန်စာတိုက်နေသည့်စကားများကြားလိုက်ရခြင်းကြောင့်မဟုတ်ဘဲ လော့ချန်းရွှယ်ကပါ အဝေးသို့ပြေးသွားသဖြင့် လင်းဇီချန်နှင့် လော့ချန်းရွှယ်တို့ စုံတွဲတစ်တွဲဟုထင်ရခြင်းကြောင့်သာဖြစ်သည်။

လင်းဇီချန်၏ စိတ်ဓာတ်အနည်းငယ်ကျသွားသည်နှင့်အမျှ ယခင်က ခြောက်သွေ့နေသော မြေသည် ရုတ်တရက် ရေအများအပြားယိုစိမ့်လာသည်။ ဤအရည်သည် အရောင်ကင်းကာ အရသာမရှိသော ရိုးရိုးရေမော်လီကျူးများသာပါဝင်၏။

ဘာကြောင့် ရေတွေ ထွက်လာတာလဲ။

ရှန်ချင်းဟန်သည် ရေကို အထူးသတိထားမိလိုက်ကာ သူမ၏ ခြေဖဝါးအောက်ရှိ အစိုဓာတ်ကို ချက်ချင်း သတိပြုမိခဲ့သည်။

သို့သော် ဖြစ်ပျက်နေသမျှကို သူမမတုံ့ပြန်နိုင်ခင်၌

သူမ၏ ခန္ဓာကိုယ်သည် ရေအိုင်ထဲသို့ ပျော်ဝင်ကာ မြေကြီးထဲသို့ စိမ့်ဝင်လျက် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

စက္ကန့်ပေါင်းများစွာကြာပြီးနောက် အဖွဲ့ထဲမှ တစ်ယောက်က ထအော်လိုက်သည်။

"ဆရာ ရှန်ချင်းဟန်မရှိတော့ဘူး”

ဤအော်သံကိုကြားသောအခါ လန်ထျန်ပိုင်က ရှန်ချင်းဟန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မည်သူ့ကိုမျှ မမြင်ရတော့သဖြင့် သူ့မျက်နှာက မယုံမကြည်နိုင်ဖြစ်သွားကာ ရှေ့မှမြင်ကွင်းကို နားမလည်နိုင်ဖြစ်နေသည်။ လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ကပင် သူသည် အဖွဲ့ထဲတွင် ရှန်ချင်းဟန်ရှိကြောင်း ခံစားမိသေးသည်။ သူမ မည်သို့ ကွယ်ပျောက်သွားနိုင်မည်နည်း။

...

အခြားတစ်နေရာ

လင်းဇီချန်က အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံသန်းလျက်ရှိရာ ရှေ့တန်းနှင့် ငါးလီခန့်သာ ကွာဝေးတော့သည်။

ဘမ်း

မှိုင်းတိုက်ပေါက်ကွဲသံများသာ ကြားနေရသည်။

ပြတ်တောက်သွားသော လက်တစ်ဖက်က ကောင်းကင်ယံထဲ ရုတ်တရက် လွင့်ထွက်သွားသည်။ ဤသည်က လူလက်တစ်ဖက်ဖြစ်သော်လည်း ထူထဲသော အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ယင်းသည် သွေးမျိုးစပ်တစ်ဦးဆီမှ လက်တစ်ဖက်ပင်ဖြစ်၏။

“ဝါးမြို”

လင်းဇီချန်သည် တခဏမျှ တုံ့ဆိုင်းမနေဘဲ ၎င်းအတွင်းရှိ ဆန်းကြယ်သားရဲ မူလစွမ်းအင်ကို ဝါးမျိုရန် ထိလိုက်သည်။

[သင်သည် “လေဟာနယ်မီးလျံနဂါး” အသက်စွမ်းအင်များစွာကိုဝါမြိုပြီးပါပြီ]

[လေဟာနယ်မီးလျံနဂါးစွမ်းအင် - ၁၀၀% ]

[သင်သည် လေဟာနယ်မီးလျံနဂါးကို အောင်မြင်စွာရယူနိုင်ခဲ့ပြီး သွေးမျိုးဆက်စွမ်းအား ‘မီးမှုတ်ထုတ်ခြင်း”ကိုရရှိခဲ့ပါသည်]

[မီးမှုတ်ထုတ်ခြင်း - သင့်ပါးစပ်မှတစ်ဆင့် အရာအားလုံးကို အရည်ပျော်သွားစေသည့် မီးကို ထုတ်လွှတ်နိုင်ပါသည်]

လင်းဇီချန်က ဤအချက်ပေးစာများကို တစ်ချက်ကြည့်လိုက်သည်။ သူက များများစားစားဂရုစိုက်မနေတော့ဘဲ မြေပြင်ပေါ်ရှိ အကြွင်းအကျန်များကို ဝါးမျိုရန် ရှေ့တန်းသို့ အမြန်တက်ခဲ့သည်။

သူဆင်းသက်လာသောအခါ အနက်ရောင် မြူခိုးများက ဧရိယာကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။

အနက်ရောင် မြူခိုးများအတွင်းမှ အသက်မဲ့နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"နောက်မှာ မူလမြေတန်ပြန်တိုက်ခိုက်မှု”

All Chapters