အပိုင်း ၄၄၂-၄၄၄
Vol. 30 Ch. 442-444
အခန်း(၄၄၂) စစ်မှန်တဲ့ ပါရမီရှင်ရဲ့ရှေ့မှာ ဂြိုလ်သားတွေတောင် ပုရွက်ဆိတ်တွေသာသာပဲ
“ဘမ်း ဘမ်း ဘမ်း”
အနက်ရောင်လေလှိုင်းများနှင့်အတူ ထိုက်တောင်ကဲ့သို့ကြီးမားလှသော လက်သည် လင်းဇီချန်ကို စတင်တိုက်ခိုက်တော့သည်။ လက်ကြီးက မယုံကြည်နိုင်ဖွယ်အရှိန်ဖြင့် လှုပ်ရှားကာ ထွက်ပြေးသွားသော လင်းဇီချန်ကို အမြန်ဖမ်းလိုက်သည်။ လင်းဇီချန််က သမာရိုးကျနည်းလမ်းဖြင့် မလွတ်မြောက်နိုင်သည်ကိုသိသည်။ ထို့ကြောင့် ဆိုင်းတွနေခြင်းမရှိဘဲ မြေအောက်မှ လွတ်မြောက်နိုင်ရန် သူ၏ သွေးမျိုးဆက်စွမ်းအား [တွင်းတူးခြင်းဗီဇ] ကို အသုံးပြုခဲ့သည်။
မြေဆီလွှာနှင့် ကျောက်တုံးများကွဲထွက်သည့်အသံများထွက်ပေါ်လာသည်။ ခဏတာအတွင်း၌ပင် လင်းဇီချန်သည် မြေပြင်မှ မြေကြီးထဲသို့ တွင်းတူးပျောက်ကွယ်သွားခဲ့ရာ သူပျောက်သွားသည့်အခိုက်အတန့်၌ အနက်ရောင်လက်ကြီးက မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
ထို့နောက် လက်ကြီးက ပြန်လည် မြင့်တတက်လာရာ မြေပြင်တွင် ဆယ်မီတာကျော်နက်သော ဧရာမ ချောက်ကြီး တစ်ခုဖြစ်သွားသည်။ ချောက်ကြီးအထက်၌ ကြောက်မက်ဖွယ်အက်ကွဲကြောင်းကြီးများက ထူထဲစွာထွက်ပေါ်လာသည်။ ယင်းက ထိုရိုက်ချက် မည်မျှ ပြင်းထန်ကြောင်း သက်သေပြနေခြင်းဖြစ်သည်။ အကယ်၍ ၎င်းသာ မိမိပေါ်တည့်တည့်ကျလာပါက သခင်အဆင့် တိုက်ခိုက်သူကိုပင် ပြဿနာမရှိဘဲ သေစေနိုင်လိမ့်မည်ဖြစ်သည်။
“သူဘယ်လိုလုပ်လိုက်တာလဲ”
တိမ်မဲများကြားမှ စိတ်ရှုပ်ထွေးနေသည့်အသံတစ်ခုထွက်ပေါ်လာသည်။ အရပ်သုံးမီတာကျော်မြင့်သော ဆိုးယုတ်စွာပြုံးထားသည့်လူတစ်ယောက်က မြူခိုးများကြားမှထွက်ပေါ်လာကာ ချောက်ထဲသို့ ငုံ့ကြည့်လျက် မယုံကြည်နိုင်စွာပြောလိုက်သည်။
ပို၍ အတိအကျပြောရလျှင် သူသည် ချောက်အလယ်ရှိ အဆုံးမရှိသော တွင်းကြီးကို ငေးကြည့်နေခြင်းဖြစ်သည်။ အောက်ခြေမရှိသော တွင်းကြီးသည် လင်းဇီချန်တူးခဲ့သည့်နေရာပင်ဖြစ်ရာ တစ်စက္ကန့်အတွင်း၌ပင် သူ တူးထုတ်ပစ်ခဲ့ခြင်းဖြစ်၏။
အရှိန်က အလွန်မြန်လွန်းသောကြောင့် ထင်မှတ်မထားနိုင်ဖွယ်ကောင်းလွန်းလှသည်။
…
မျက်နှာပြင်အောက်နက်နက်တွင် လင်းဇီချန်သည် တစ်ခဏမျှပင် ရပ်တန့်ခြင်းမရှိဘဲ အပြင်းအထန် တူးဖော်နေခဲ့သည်။
[အန္တရာယ်ကြိုတင်သိမြင်ခြင်း] က ငြိမ်သက်သွားသော်လည်း သူက သတိလက်လွတ်မနေဝံ့ပေ။
မီတာ တစ်ရာ…
မီတာနှစ်ရာ
မီတာ သုံးရာ…
သူ၏ တူးဖော်မှုအနက်က ၁၀၂၄ မီတာသို့ရောက်သောအခါ လင်းဇီချန်က တစ်စုံတစ်ခုကို ဖြတ်ကျော်သွားမိသည်ဟုထင်လိုက်သောကြောင့် ရပ်၍ ကြည့်ချင်မိသွားသည်။ သို့သော် သူရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ကို မစူးစမ်းရသေးမီ၌ပင် ရုတ်တရက် သူ့ရှေ့မှ ကြမ်းတမ်းသော မြေကြီးသည် ရေများနှယ် ရွေ့လျားလာကာ ရေပိုက်ကြီးတစ်ခုအဖြစ်ပြောင်းလဲ၍ သူ့ကို စုပ်ယူလိုက်သည်။
…
ဘုရားသခင်သည်သာလျှင် အချိန်မည်မျှ ကုန်ဆုံးသွားခဲ့သည်ကို သိပေလိမ့်မည်ဖြစ်သည်။ စက္ကန့်အနည်းငယ်ခန့် သို့မဟုတ် နာရီပေါင်းများစွာလည်းကြာသွားနိုင်သည်။
လင်းဇီချန်က မျက်လုံးဖွင့်လိုက်သောအခိုက်တွင် ကြီးမားလှသော နန်းတော်ကြီးရှေ့သို့ရောက်နေကြောင်း မြင်လိုက်ရသည်။
ဤနန်းတော်ကြီးသည် ရေထဲတွင် နစ်မြုပ်နေသော်လည်း ကြမ်းပြင်နှင့် နံရံများသည် ရေမြုပ်ရုံမျှသာ ဖြစ်သကဲ့သို့ ပင်လယ်ရေမှော်များ ကင်းစင်နေသည်။
"ဒါက ဘယ်နေရာလဲ”
စူးစမ်းလိုစိတ် နှင့် ထိတ်လန့်မှုတို့ ပြည့်နေလျက် လင်းဇီချန်သည် နန်းတော်အတွင်းရှိ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်ရန် ဝိဉာဥ်စွမ်းအင်များကို ထုတ်လွှတ်ခဲ့သည်။ သို့သော် အချိန်အတန်ကြာစုံစမ်းပြီးသည့်တိုင် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရပေ။ နန်းတော်တစ်ဝိုက်တွင် သူ၏ ဝိဉာဥ်ရေးစွမ်းအင်များ ဝင်ရောက်လာခြင်းကို တားဆီးထားသော ဧရာမအမြှေးပါးတစ်ချို့ရှိနေသည်ကို သတိပြုလိုက်မိသည်။ လင်းဇီချန်က နန်းတော်ထဲသို့ စူးစမ်းလေ့လာသင့်သည်မသင့်သည်ကိုစဥ်းစားနေသောအခိုက်၌ တံခါးပွင့်သံထွက်ပေါ်လာသည်။
တံခါးက ပြင်းထန်စွာ ပွင့်သွားသည်။ ဤသည်ကိုမြင်သောအခါ လင်းဇီချန်က အလွန်အမင်း သတိကပ်လိုက်ကာ အန္တရာယ်ရှိကြောင်းမြင်သည်နှင့် ထွက်ပြေးရန် အသင့်ပြင်ထားသည်။ သို့သော် တံခါးများပွင့်လာသည်နှင့် သူမြင်လိုက်ရသည်မှာ သူကောင်းစွာသိထားသော သူတစ်ဦးဖြစ်သည့် ရှန်ချင်းဟန်ပင်ဖြစ်သည်။
“ဟန်ဟန် မင်းဒီကို ဘယ်လိုရောက်လာတာလဲ”
လင်းဇီချန်က ရေထဲတွင် အသံထုတ်လွှတ်နည်းကို အသုံးပြုကာ နန်းတော်အတွင်းရှိ ရှန်ချင်းဟန်ကိုကြည့်ရင်းဖြင့် စိတ်ရှုပ်ထွေးလျက်ရှိကာ အဘယ်ကြောင့် သူမ ဤနေရာ၌ရှိနေသည်ကို နားမလည်နိုင်ဖြစ်နေသည်။ ရှန်ချင်းဟန်သည်လည်း သူ့ကဲ့သို့ပင် တူညီသောနည်းကို အသုံးပြု၍ ရေထဲတွင်စကားပြောခဲ့သည်။
“မသိဘူး ငါ စစ်မြေပြင်မှာပြေးနေရာက ရုတ်တရက် ဒီကို ဆွဲခေါ်ခံလိုက်ရတာ”
ဆွဲခေါ်ခံလိုက်ရတယ်ဟုတ်လား။
လင်းဇီချန်က ထိတ်လန့်တကြားဆက်မေးလိုက်၏။
"မင်းကို ဘယ်သူဆွဲခေါ်လိုက်တာလဲ”
“ငါလည်းမသိဘူး”
ရှန်ချင်းဟန်က ခေါင်းခါပြီးနောက်ဆက်ပြောသည်။
“ငါ နည်းပြလန်နဲ့ ကျန်တဲ့လူတွေနဲ့အတူတူ တိုက်ခိုက်နေရင်းက ရုတ်တရက် ခြေဖဝါးအောက်မှာ ရေတွေစိုလာတာ ခံစားလိုက်မိပြီး အကုန်မှောင်မဲသွားတာ။ အခုမှ ဒီကိုရောက်နေတာသိလိုက်ရတယ်”
‘ခြေထောက်အောက်က ရေတွေဟုတ်လား’
လင်းဇီချန်က ‘ရေ’ဟူသော စကားကို အထူးအလေးပေးလျက်ရှိသည်။ မွေးဖွားလာချိန်မှစ၍ ယခုအချိန်အထိ ရှန်ချင်းဟန်သည် ‘ရေ’ဟူသော အရာနှင့် ဆက်တိုက်ဆက်နွယ်နေခဲ့သည်။ ရှန်ချင်းဟန်၏ ပေါ်လာမှုက အထူးကိုယ်ခန္ဓာနှင့် သက်ဆိုင်နေလိမ့်မည်ဟု သူ သံသယရှိသည်။
‘နှာဘူးမလေး ဒီကိုရောက်လာတာ သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ကြောင့်လေ’
‘ဒါပေမယ့် ငါက ဘယ်လိုလုပ် ဒီရောက်လာတာလဲ’
လင်းဇီချန်၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများကိုမြင်လိုက်ရသဖြင့် ရှန်ချင်းဟန်က စိတ်ကို ဖတ်နိုင်သကဲ့သို့ပြောလိုက်သည်။
“နင့်ကို ဒီဆွဲခေါ်လာတာ ငါပဲ’
‘နှာဘူးမလေးက ဆွဲခေါ်လာတာလား’
လင်းဇီချန် အံ့သြသွားရသည်။
“မင်းဘယ်လိုလုပ်လိုက်တာလဲ”
“ငါ ဒီ နန်းတော်ထဲမှာ အကုန်လုံးကို ထိန်းချုပ်လို့ရတယ်။ သယ်ယူပို့ဆောင်ရေးအစီအရင်နဲ့တူတဲ့ဟာတစ်ခုတွေ့လို့ ငါနင့်ကိုများ ခေါ်လို့ရမလားစမ်းကြည့်တာ.. နောက်ပြီး အလုပ်ဖြစ်သွားတယ်လေ” ရှန်ချင်းဟန်က ပြန်ဖြေသည်။
သူမ၏ စကားများက ပေါ့ပေါ့ပါးပါးပင်ဖြစ်သော်လည်း လင်းဇီချန်အတွက် အံ့သြစရာကောင်းလောက်အောင် လေးနက်ခဲ့သည်။
‘နှာဘူးမလေးက တကယ်ပဲ ဒီနန်းတော်ကို ထိန်းချုပ်နိုင်တာလား’
ဒီနန်းတော်နဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။
အတိတ်ဘဝက သူက ဒီနန်းတော်ရဲ့ပိုင်ရှင်များဖြစ်ခဲ့သလား
သူ့အထဲမှာ နန်းတော်ပိုင်ရှင်ရဲ့ ဝိဉာဥ်အကြွင်းအကျန်များရှိနေတာလား
နန်းတော်ပိုင်ရှင်ဆီက အမွေရခဲ့တာလား
လင်းဇီချန်၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေများစွာ ပေါ်လာသော်လည်း သူသေချာမသိပေ။
တွေးတောဆင်ခြင်ခြင်းသည် အချည်းအနှီးဖြစ်သည်ကို သူသိပြီးနောက် နန်းတော်အတွင်းပိုင်းကို စူးစမ်းလေ့လာရန် အမြန်အာရုံစိုက်ခဲ့သည်။ ဖွင့်ထားသော တံခါးများမှတစ်ဆင့် နန်းတော်အတွင်းပိုင်းသည် သူထင်ထားသည်ထက် ပိုဗလာဖြစ်နေရာ ပရိဘောဂအနည်းငယ်မျှသာရှိသော အလှဆင်ခြင်းမရှိဘဲ အသစ်စက်စက် ဆေးခြယ်ထားသော အိမ်တစ်လုံးနှင့် ဆင်တူသည်ကို သူမြင်လိုက်ရသည်။
"ဇီချန် မြန်မြန်ဝင်လာခဲ့။ ဟိုဘက်မှာ မတ်တပ်ရပ်မနေနဲ့၊ နန်းတော်ထဲမှာ အရမ်းလုံခြုံတယ်” ရှန်ချင်းဟန်က တံခါးဝတွင်ရပ်လျက် နန်းတော်အတွင်းပိုင်းကို စူးစမ်းနေသော လင်းဇီချန်ကို လှမ်းပြောလိုက်သည်။
ဤသည်ကိုကြားသောအခါ လင်းဇီချန်က တုံ့ဆိုင်းမနေဘဲ နန်းတော်ထဲသို့ အမြန်အဆန်ကူးခတ်လာ၏။
နန်းတော်အတွင်းတွင် သူထင်သည်ထက် ပို၍ ဗလာကျင်းနေကာ အတွင်းထဲတွင် ဘာမျှမရှိသည်ကို မြင်လိုက်ရသည်။
အခန်း(၄၄၃) စစ်မှန်တဲ့ ပါရမီရှင်ရဲ့ရှေ့မှာ ဂြိုလ်သားတွေတောင် ပုရွက်ဆိတ်တွေသာသာပဲ
လူတိုင်းပျောက်ကွယ်သွား၍ ဗလာကျင်းနေသော နန်းတော်ဟောင်းကြီးတစ်ခုနှင့်ဆင်တူသည်။ သို့သော် ထူးခြားသည်မှာ နန်းတော်နံရံများတွင် ထွင်းထုထားသော နံရံဆေးရေးပန်းချီများပင်ဖြစ်သည်။ ပန်းချီကားများ၏ အကြောင်းအရာက ထူးခြားစွာပင် ကိုက်ညီနေသည်။ အားလုံးသည် ပင်လယ်ရေခွံအတွင်း လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦး ရှေ့တွင် ဝပ်နေသည့် အားကောင်းမောင်းသန် ရေနေသတ္တဝါတစ်စုကို ပုံဖော်ထားသည်။
‘ဒီနန်းတော်က ဌာနမှူးဟောင်း သုတေသနပြုခဲ့တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ရေအောက်ဓာတ်တော်နဲ့ ဆက်စပ်နေနိုင်လား’
လင်းဇီချန်က ဤအရာကို ဦးစွာတွေးမိသည်။ ဤသည်ကိုတွေး၍ နံရံဆီသို့ ရေကူးသွားကာ ပန်းချီကားတစ်ခုစီတွင်ပါသော အကြောင်းအရာများကို အသေးစိတ်လေ့လာကြည့်သည်။ သူသည် ထို ပန်းချီကားထဲမှ အမျိုးသမီးက အင်မော်တယ်သခင်များအကြောင်း ဒဏ္ဍာရီပုံပြင်များထဲမှ တစ်ဦးတစ်ယောက်နှင့် ကိုက်ညီမှုရှိမရှိ ဖော်ထုတ်လိုခြင်းပင်ဖြစ်သည်။
သို့သော် အချိန်အတန်ကြာသည့်တိုင် မည်သည့် သဲလွန်စမျှ မရခဲ့ပေ။
“ဇီချန် ဟိုနားကိုကူးသွားကြည့်။ အဲ့မှာအရမ်းထူးဆန်းတဲ့ ရေနေအပင်တစ်ပင် ပေါက်နေတယ်။ ငါခုဏကပြောလိုက်တဲ့ ပို့ဆောင်ရေးစနစ်လည်းရှိတယ်” လင်းဇီချန်က ပန်းချီကားများကြည့်နေရာမှ ပြီးလုနီးနီးရှိပြီကို မြင်လိုက်ရသဖြင့် ရှန်ချင်းဟန်ကပြောလိုက်သည်။
ထိုစကားကိုကြားပြီးနောက်လင်းဇီချန်သည် နံရံဆေးရေးပန်းချီများကို မကြည့်တော့ဘဲ ရှန်ချင်းဟန်ကို ပြောလိုက်သည်။
“ကို့ကို ခေါ်သွားပေး”
"ကောင်းပြီ။"
လျင်မြန်စွာပင် ၎င်းတို့ နှစ်ဦး သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်သည် ရေထဲတွင် ဒြပ်နှောဖြစ်သွားသကဲ့သို့ ရှေ့ရှိ လျှို့ဝှက်ခန်းတစ်ခုဆီသို့ ခုန်ဆင်းသွားသည်။
တစ်ယောက်က အထူးကိုယ်ခန္ဓာကို အားကိုးကာ တစ်ယောက်ကမူ ‘ရေကောင်းချီး’ကို မှီခိုသည်။ ရှန်ချင်းဟန်၏ ဦးဆောင်မှုအောက်၌ တစ်ခဏအတွင်းတွင် လင်းဇီချန်က လျို့ဝှက်ခန်းသို့ရောက်သွားခဲ့သည်။
အခန်းက ကျယ်ဝန်းသော်လည်း အတွင်းပိုင်းတွင် အပြာရောင်ဖျော့ဖျော့အလင်းတန်းတစ်ခုနှင့် ခရမ်းရောင်ရေနေအပင်များကို ထုတ်လွှတ်နေသည့် ပို့ဆောင်ရေးစနစ်တစ်ခုရှိသည်။ လင်းဇီချန်က ဤပို့ဆောင်ရေးစနစ်ထက် ရေနေသစ်ပင်များကို ပိုစိတ်ဝင်စားလျက်ရှိသည်။
ထိုအပင်ကို မြင်လိုက်ရသည်နှင့် သူ၏အာရုံက ထိုသို့ရောက်သွားသည်။ အပင်အတွင်း၌ လက်သီးများကဲ့သို့ ကြီးမားသော ခရမ်းရောင်အဆင်းရှိသော အသီးနှစ်လုံးကို မြင်လိုက်ရသည်။
"ဒီအသီးနှစ်လုံးကို ခူးလို့ရလား"
လင်းဇီချန်က ရှန်ချင်းဟန်ဘက်သို့လှည့်ကာမေးလိုက်သည်။
ရှန်ချင်းဟန်သည် နန်းတော်ပိုင်ရှင်မဟုတ်သော်လည်း ယခုအခါ ၎င်းကို ထိန်းချုပ်နိုင်နေပြီဖြစ်သောကြောင့် သူမကို မေးခြင်းက အဓိပ္ပါယ်ရှိလှသည်။ ကံမကောင်းစွာဖြင့် ရှန်ချင်းဟန်သည် သူမ၏ရှက်ရွံ့တတ်သော အကျင့်စရိုက်ကြောင့် မည်သည်ကိုမျှ အာမမခံနိုင်သဖြင့် ‘ငါမသိဘူး’ ဟု ခေါင်းခါပြလိုက်သည်။
ဤသည်ကိုမြင်သောအခါ လင်းဇီချန်က ထပ်မမေးတော့ဘဲ လျို့ဝှက်ဆန်းကြယ်သော ရေနေအပင်မှ တောက်တောက်ပြောင်ပြောင်ရှိသော အသီးနှစ်လုံးကို စိတ်စွမ်းအင်ဖြင့် လှမ်းကူးလိုက်သည်။ အပြင်ဘက်တွင် ခရမ်းရောင် အခိုးအငွေ့များဖုံးလွှမ်းနေသော်လည်း အသီးများက ထင်ရှားပေါ်လွင်ကာ မြင့်မြတ်သော ရွှေအသီးများဖြစ်သည်ထင်ရ၏။ သူသည် အသီးအတွင်းပါဝင်သော စွမ်းအင်ကို ခံစားသိရှိရန် ကြိုးစားခဲ့သည်။
အဆုံးမဲ့သမုဒ္ဒရာကဲ့သို့ ကြီးကျယ်လွန်းလှသည်။ အံ့ဖွယ်များမရှိပါက ၎င်းသည် အလွန်အရှိန်မြှင့်ပေးနိုင်သည့် အလွန်တန်ဖိုးကြီးသော ဆင့်ကဲဖြစ်စဉ် ရတနာတစ်ခုဖြစ်သည်မှာ သေချာသည်။ လက်ထဲမှ အသီးနှစ်လုံးကို အချိန်အတော်ကြာ စစ်ဆေးပြီးနောက် လင်းဇီချန်က တစ်လုံးကို ရှန်ချင်းဟန်အားပေးလိုက်သည်။
“တစ်ယောက်တစ်လုံးစားရအောင်”
"ကောင်းပြီ။"
ထို့နောက် မည်သည့်စကားမျှမပြောဘဲ ပါးစပ်ကိုဟကာ ရွှေသစ်သီးများကို ပါးစပ်ထဲသို့ထည့်လိုက်သည်။ အသီးများက ပါးစပ်ထဲသို့ဝင်သွားသည်နှင့် အရည်ပျော်သွားကာ
ဆဲလ်တိုင်းကို အာဟာရဖြစ်စေသော ရွှေရောင်စွမ်းအင်များအဖြစ်သို့ပြောင်းလဲသွားသည်။ ထိုအချိန်၌ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က ၎င်းတို့၏ ခန္ဓာကိုယ် လျင်မြန်စွာ သန်မာလာသည်ကို ကွဲကွဲပြားပြား ခံစားလိုက်ရသ်ည။
ဖွင့်လှစ်ရန်လိုအပ်သော သွေးကြောမှတ်များက ၎င်းတို့ကိုယ်တိုင် တစ်ခုချင်းပွင့်လာတော့သည်။
ဦးနှောက်အလင်းဝင်ပေါက်
နှလုံး အလင်းဝင်ပေါက်
ကိုယ်ခန္ဓာအလင်းဝင်ပေါက်
အားလုံး ပွင့်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ပွင့်သွားသော သွေးကြောမှတ် အရေအတွက်က အဆပေါင်းများစွာ များပြားလာသည်။ ၎င်းတို့၏ သွေးစွမ်းအင်၏ ခွန်အားနှင့် ဝိဉာဥ်စွမ်းအင်တို့၏ ခွန်အားသည် အဆများစွာတိုးလာသည်ကိုခံစားခဲ့ရသည်။
[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်က “နဝမမြောက်အဆင့်မြင့်အဆင့်" မှ "သခင်အဆင့် ပထမအဆင့်" သို့ အောင်မြင်စွာပြောင်းလဲသွားပါပြီ]
[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် “သခင်အဆင့်ပထမအဆင့်” မှ “သခင်အဆင့် ဒုတိယအဆင့်”သို့အောင်မြင်စွာပြောင်းလဲသွားပါပြီ]
[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် “သခင်အဆင့်ဒုတိယအဆင့်” မှ “သခင်အဆင့် တတိယအဆင့်”သို့အောင်မြင်စွာပြောင်းလဲသွားပါပြီ]
လင်းဇီချန်က သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကို ဖြတ်ကျော်သွားပြီဖြစ်ကြောင်း အကြောင်းကြားစာများကြောင့် အတန်ငယ်ထိတ်လန့် အံ့သြသွားရသည်။
‘တကယ်တိုးတက်သွားတာလား’
‘အဆင့်သုံးဆင့်လုံးလေ’
ထိုရွှေသစ်သီးများသည် မည်သည့်အဆင့်ရှိ ကောင်းကင်ရတနာများဖြစ်သနည်း။
‘ဘာလို့ အကျိုးသက်ရောက်မှုက ဒီလောက်အံ့သြဖို့ ကောင်းတာလဲ’
ထိုအချိန်တွင် လင်းဇီချန်သည် မူလမြေ၏ ကြီးမားသောစွမ်းအားကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရသည်။
ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များသည် ချဲ့ကားလွန်းသည်။
နေရာတိုင်းတွင် ရတနာများ ရှိ၏။ ကမ္ဘာပေါ်တွင် လူတစ်ဦးသည် နှစ်တရာတိုင်တိုင် မသေဘဲ ကျင့်ကြံနိုင်သော်လည်း ၎င်းက မူလမြေ၌ ကြုံရမည့်အခွင့်အလမ်းများနှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။
“ဇီချန် ငါ သခင်အဆင့်ထိ တက်လာတယ်”
“သုံးဆင့်တောင်တက်သွားတာ သခင်အဆင့် ဒုတိယအဆင့်ထိရောက်သွားပြီ”
“နင်ရော အဲ့လိုပဲလား”
ရှန်ချင်းဟန်၏ လှပသော မျက်နှာလေးက နီမြန်းနေကာ သူမအိပ်ယာဝင်ချိန်ထက်ပင် အထူးပင်စိတ်လှုပ်ရှားနေသည်။ တကယ်တမ်းတွင် အဆင့်မြင့်အဆင့်မှ သခင်အဆင့်သို့
ဆင့်ကဲပြောင်းလဲခြင်းသည် အရည်အသွေးမြင့်သော ခုန်ပျံကျော်လွှားမှုတစ်ခုဖြစ်သည်။
ကုန်းနေရေနေသတ္တဝါအဆင့်မှ ပင်လယ် ကုန်းမြေနှင့် လေကို သွားလာနိုင်သော ပြီးပြည့်စုံသည် သတ္တဝါအဖြစ် အမှန်ပင် ပြောင်းလဲနေခြင်းဖြစ်သည်။ သူမက ပျံသန်းနိုင်စွမ်းကိုလည်းရခဲ့ပြီဖြစ်သ်ည။
“ဟုတ်တယ် ကိုလည်း အဆင့်မြင့်အဆင့်ကနေ သခင်အဆင့် တတိယအဆင့်ထိ သုံးဆင့်တက်သွားတယ်” လင်းဇီချန်၏ အမူအရာက တည်ငြိမ်မြဲတည်ငြိမ်ဆဲပင်ဖြစ်သည်။
သို့သော် စိတ်ထဲတွင်မူ သူ၏နှလုံးသားကု ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ကာ သူအသစ်တွေ့ရှိထားသော ခွန်အားကို စမ်းသပ်ရန် စိတ်အားထက်သန်နေသည်။ သူ့ခံစားချက်များကို အနည်းငယ် တည်ငြိမ်စေရန်ထိန်းထားသည်။ ထို့နောက် လင်းဇီချန်၏ အကြည့်က အနားရှိ ပို့ဆောင်ရေးစနစ်ဆီသို့ ရောက်သွားသည်။
ကောင်းစွာလေ့လာကြည့်ပြီးနောက် ရှန်ချင်းဟန်ကို ပြောလိုက်သည်။
“ဒီပို့ဆောင်ရေးစနစ်ကို ဘယ်လိုသုံးလဲ”
“အဲ့တာက ရိုးရှင်းပါတယ္”
“နင် ဝိဉာဥ်စွမ်းအင်နည်းနည်းထည့်ပြီးရင် ကိုယ်ရွေးထားတဲ့ပန်းတိုင်ကို ရွေးပြီး စနစ်ကို အသက်သွင်းလို့ရတယ်”
လင်းဇီချန်က ယင်းက ဤမျှ ရိုးရှင်းမည်ဟုမမျှော်လင့်ထားသဖြင့် ပြောလိုက်သည်။
“ဘယ်လိုလုပ်လဲပြကြည့်”
"ကောင်းပြီ”
ရှန်ချင်းဟန်က ပြောပြီးနောက် ပို့ဆောင်ရေးစနစ်ထဲသို့ ဝိဉာဥ်စွမ်းအင်ထည့်သွင်းရန် လျှောက်သွားလိုက်သည်။ သို့သော် သူမ ထိုနေရာသို့မရောက်ခင်၌ ပို့ဆောင်ရေးစနစ်က သူ့အလိုလို ရုတ်တရက် တောက်ပလာကာ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က အဖြူရောင်အလင်းတန်းများကို ခံစားလိုက်ရသည်။
နောက်ထပ်တစ်စက္ကန့်တွင် ၎င်းတို့နှစ်ဦးသည် ဘေးကင်းသောဇုန်နှင့် အန္တရာယ်ဇုန်ကြားတွင်ရှိနေသော ဖရိုဖရဲစစ်မြေပြင်သို့ပြန်ရောက်နေသည်ကို သိလုက်ကြရသည်။ ယခု စစ်မြေပြင်ရှိမြင်ကွင်းသည် ၎င်းတို့ ထွက်လာခဲ့စဥ်က အချိန်နှင့် ကွဲပြားနေရာ အကြည့်ရောက်သွားသည့်နေရာတိုင်းတွင် ခြေပြတ် လက်ပြတ်များကို မြင်နိုင်သည်။
သေဆုံးသူများမှာ အများအားဖြင့် အဆင့်မြင့်အဆင့်ပုဂ္ဂိုလ်များဖြစ်ကြသည်။ မြေပြင်က သွေးများဖြင့် ရွှဲရွှဲစိုနေသည်။ ရှန်ချင်းဟန်က သူမရှေ့မှ သွေးထွက်သံယိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ အော့အန်ချင်စိတ်ပေါက်သွားရသည်။ သို့သော် ချက်ချင်းပင် သွေးညှီနံ့များနှင့် ပြည့်နေသည့် ရက်စက်ကြမ်းကြုတ်သောမြင်ကွင်းနှင့် လိုက်လျောညီထွေဖြစ်ရန် စိတ်ကို ထိန်းလိုက်ရ၏။
“ဟန်ဟန် ကိုတို့ ကို ဒီနေရာကိုပို့ဖို့ ရွေးလိုက်တာလား” လင်းဇီချန်က သူမကိုမေးသည်။
ရှန်ချင်းဟန်သည် နန်းတော်၏ လျို့ဝှက်ခန်းအတွင်းမှ ပို့ဆောင်ရေးစနစ်ထဲသို့ မည်သည့် ဝိဉာဥ်စွမ်းအင်ကိုမျှ ထည့်လိုက်သည်ကိုမမြင်လိုက်ရသောကြောင့် အတန်ငယ်ပဟေဌိဖြစ်နေမိသည်။ ဤသည်ကိုကြားသောအခါ ရှန်ချင်းဟန်က ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးပြီးနောက် ခေါင်းခါလိုက်သည်။
“အဲ့တာ ငါမဟုတ်ဘူး ပို့ဆောင်ရေးစနစ်ထဲကို ဝိဉာဥ်စွမ်းအားထည့်ဖို့တောင် အချိန်မရလိုက်ဘူးလေ ဘယ်လိုလုပ် ဒီလိုဖြစ်သွားလဲမသိဘူး”
သူမ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ လင်းဇီချန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။ နန်းတော်သည် မည်သူ၏ ပိုင်နက်မှ မဟုတ်သောကြောင့် ကံကောင်း၍ ၎င်း၏သခင်မဖြစ်လာခဲ့သည်ဟု သူထင်ခဲ့သည်။ သို့သော် ပို့ဆောင်ရေးစနစ်က အလိုလိုပွင့်သွားသည်ကိုကြည့်ပါက နန်းတော်ကို မည်သူမျှ အပိုင်မရထားသေးပုံပေါ်သည်။
‘ဘယ်သူက ငါတို့ကို ပြန်ပို့လိုက်တာလဲ’
ရွှေသစ်သီးနှစ်လုံး စားပြီး ဆင့်ကဲဖြစ်စဥ်မှာ ကူညီပေးနိုင်ဖို့ ခေါ်ခဲ့တာလား။
ဒီကိစ္စရဲ့နောက်ကွယ်က ဘယ်သူလဲ။
လင်းဇီချန်၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာထွက်ပေါ်လာသည်။ သို့သော် သူနားမလည်မီ၌ ပြောင်းလဲသွားခဲ့သည့် စစ်မြေပြင်မှ ရန်သူများက ၎င်းတို့ကို အာရုံစိုက်လာကြသည်။
“သားလေး မင်းဒီကိုရောက်နေတာ။ ကြည့်ရတာ ပန်းနတ်သမီးရဲ့ ဆုလာဘ်က ငါ့အတွက်ဖြစ်တော့မယ့်ပုံပဲ”
ထူထဲသော မြူအုပ်ကြီးတစ်ခုက အဝေးမှ ပျံသန်းလာကာ ယင်းထဲမှပင် ခပ်တိုးတိုးအသံထွက်ပေါ်လာသည်။
အဲ့တာ မေ့ပျောက်ခြင်းနယ်မြေရဲ့ ဂြိုလ်သားတစ်ယောက်ပဲ။
လင်းဇီချန်၏ အမူအရာက လေးနက်လာသည်။ မေ့ပျောက်ခြင်းနယ်မြေမှ တိုက်ခိုက်လာသည့် ဂြိုလ်သားသည် သူ့လောက်အဆင့်မမြင့်ကြောင်း သူခံစားနိုင်သည်။ သို့သော် “ပန်းနတ်သမီး၏ဆုလာဘ်” အကြောင်း ပြောလာသည့်ဂြိုလ်သားကို အထူးတလှယ် အာရုံစိုက်မိသွား၏။
‘အဲ့တာ ဘာကိုဆိုလိုတာလဲ’
အခန်း(၄၄၄) စစ်မှန်တဲ့ ပါရမီရှင်ရဲ့ရှေ့မှာ ဂြိုလ်သားတွေတောင် ပုရွက်ဆိတ်တွေသာသာပဲ
လေချွန်သံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်မြူခိုးများက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ နေကိုပိတ်ဆို့ထားလျက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဆီသို့ လွင့်ပျံလာသည်။ လင်းဇီချန်က စိတ်လှုပ်ရှားမရှိဘဲ ချက်ချင်းပင် သွေးစွမ်းအင်များကို ဖောက်ခွဲကာ တိုက်ရိုက်ထိတွေ့ရန် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်လေထုကို ဖန်တီးခဲ့သည်။
‘ဘမ်း’
အင်အားကောင်းသော လေစီးကြောင်းနှစ်ခုက ပြင်းထန်စွာတိုက်မိကာ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲများကို ဖြစ်ပေါ်လာစေသည်။ တစ်ခဏချင်း၌ပင် မီတာတစ်ထောင်အတွင်း မြေပြင်ကို ထိခိုက်သွားသည်။ မြက်ပင်များ ကျိုးကျကာ မြေကြီးမားလွင့်ပျံ၍ ကျောက်တုံးများ ပြန့်ကျဲကုန်သည်။
အနီးနားရှိ အဆင့်မြင့်အဆင့်ကျွမ်းကျင်သူများပင် မီတာရာနှင့်ချီ၍ လွင့်ထွက်သွားကြသည်။ သြဇာကြီးသော ပုဂ္ဂိုလ်များစွာက ဤနောက်ဆက်တွဲ၏ အကျိုးသက်ရောက်မှုကို ခံစားမိကာ ချက်ချင်းပင် လှည့်ကြည့်ရန် ခေါင်းလှည့်လိုက်ကြသည်။
စက္ကန့်များစွာကြာပြီးနောက် ဖုန်မှုန့်များ ငြိမ်သွားကာ နောက်ဆက်တွဲကို မြင်လိုက်ကြရသည်။ သိပ်သည်းသော အနက်ရောင် မြူခိုးထုကြီးသည် ပြင်းထန်သော ချီစွမ်းအင်များ၏ ဝါးမြိုခြင်းခံလိုက်ရကာ အခင်းဖြစ်ပွားရာနေရာ၌ မတည်မငြိမ်ရပ်နေသော အရိုးစုကြီးကို မြင်လိုက်ရ၏။ မေ့ပျောက်ခြင်းနယ်မြေ၏ သခင်အဆင့်အထိ သွေးမျိုးဆက်စွမ်းအားအဆင့်ရှိသော ဂြိုလ်သားတစ်ဦးသည် စစ်မြေပြင်တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
သူ့မျက်နှာကို မမြင်နိုင်လောက်ရအောင်ဖြစ်နေကာ မျက်လုံးများက ပြူးကျယ်လျက် သေဆုံးသွားသည်။ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ အားလုံးက အံ့သြသွားကြသည်။ အထူးသဖြင့် လင်းဇီချန်ကို သိကြသောသူများဖြစ်သည်။
လင်းဇီချန်သည် မေ့ပျောက်ခြင်းနယ်မြေမှ အလယ်အလတ်အဆင့် သခင်အဆင့်ဂြိုလ်သားကို သွေးစွမ်းအင်များဖြင့် သုတ်သင်ခဲ့ကြောင်း မြင်လိုက်ရသဖြင့် လူတိုင်းသည် မိမိတို့၏ဘဝများကိုပင် သံသယဝင်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ
အတိအကျ ဘာဖြစ်နေတာလဲ။
သူသည် မူလမြေသို့ ဝင်ရောက်ခဲ့သည်မှာ ခြောက်လခန့်သာရှိသေးသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မည်ကဲ့သို့ပိုင်ဆိုင်နိုင်မည်နည်း။ ဤသည်က ထူးဆန်းလွန်းလှသည်။ လင်းဇီချန် မည်ကဲ့သို့ အောင်မြင်ခဲ့သည်ကို လူတိုင်းက နားမလည်နိုင်ကြဘဲ တုန်လှုပ်သွားကြသည်။ လင်းဇီချန်က ပတ်ဝန်းကျင်ရှိလူများ၏ ထိတ်လန့်မှုကို ဂရုမစိုက်ခဲ့ပေ။ သူက အလျင်အမြန်ပင် ရှေ့မှ အရိုးစုဆီသို့ လက်မြှောက်လိုက်သည်။ ထို့နောက် အတွေးတစ်ခုဖြင့် လက်ထဲသို့ လေကို စုပ်ယူလိုက်သည်။
“ဝါးမြို”
လင်းဇီချန်က နှလုံးသားထဲတွင် တိတ်တဆိတ်ရွတ်ဆိုလိုက်၏။ ထို့နောက် ချက်ချင်းပင် လေဟာနယ်၌ အချက်ပြစာတစ်စောင်ပေါ်လာသည်။
[ဝါးမြိုခြင်းမအောင်မြင်ပါ၊ ပစ်မှတ်၏ကိုယ်ခန္ဓာတွင် ဂြိုလ်သား အသက်စွမ်းအင်ကိုရှာမတွေ့ပါ]
လင်းဇီချန်က ယင်းကိုတစ်ချက်ကြည့်လိုက်သည်။
ဟုတ်တယ်၊ အရင်တစ်ခေါက်ကလိုပဲ ဝါးမြိုလို့မရဘူး။
ဂြိုလ်သားများသည် လူသားများသာဖြစ်သဖြင့် ဂြိုလ်သားမျိုးနွယ်စုမဟုတ်ပေ။ ထို့ကြောင့် ခန္ဓာကိုယ်များထဲ၌ ဂြိုလ်သားအသက်စွမ်းအင်မရှိပေ။ ထို့ကြောင့် အသန်မာဆုံးသောအောင်မြင်မှု၏ အကျိုးသက်ရောက်မှုကို ဤနေရာတွင် အသုံးပြု၍မရနိုင်ပေ။
နှမျောစရာပဲ
ဂြိုလ်သားတွေကိုလည်း ဝါးမြိုနိုင်ရင်ကောင်းမှာ
လင်းဇီချန်က မေ့ပျောက်ခြင်းနယ်မြေ ဂြိုလ်သားများ၏ စွမ်းဆောင်နိုင်စွမ်းရည်များကို မနာလိုဖြစ်နေမိသည်။ ကျန်သောအရာများမဆိုနှင့် အနက်ရောင်မြူခိုးအဖြစ်ပြောင်းလဲကာ ရွေ့လျား၍ ကောင်းကင်ကို ဖုံးလွှမ်းနိုင်ခြင်းကပင် အလွန်စွမ်းအားကြီးလွန်းလှသည်။
“သွားရအောင် အလောင်းတွေကို ဆက်စစ်ကြည့်မယ်” လင်းဇီချန်က တစ်နေရာတည်း၌ အချိန်ဆွဲမနေဘဲ ဘေးမှ ရှန်ချင်းဟန်ကို အမြန်ပြောလိုက်သည်။
“အသန်မာဆုံးသောအောင်မြင်မှု”ကို ပိုင်ဆိုင်ထားပြီးဖြစ်၍ ယခု သူသည် သူ၏ ခွန်အားကို ပိုမိုမြှင့်တင်နိုင်ရန် ဂြိုလ်သားအသက်စွမ်းအင် အမြောက်အမြားကို ဝါးမြိုချင်နေသည်။ သိုလှောင်အိတ်သို့မဟုတ် အလောင်းများပေါ်တွင် တစ်ခုခုကို ရှာတွေ့နိုင်သည်။
“အဲ့က တိုက်ပွဲက အရမ်းပြင်းလွန်းတယ်။ ကမူးရှုးထိုးနဲ့ဝင်သွားရင် ငါတို့အတွက် နည်းနည်းအန္တရာယ်များတယ်မလား”
ရှန်ချင်းဟန်က သတိကြီးသူပီပီ မစွန့်စားချင်ခဲ့ပေ။ လင်းဇီချန်ကမူ ထူးမခြားနားသောပုံစံဖြင့် တည်ငြိမ်နေ၏။
“ပြဿနာမရှိပါဘူး မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူတစ်ယောက်ယောက်နဲ့မတွေ့မချင်း ကိုအဆင်ပြေတယ်”
ဤသည်ကိုကြားသောအခါ ရှန်ချင်းဟန်က ခေါင်းညိတ်ကာပြောလိုက်သည်။
“ဒါဆိုသွားကြစို့”
သူမက လင်းဇီချန်က မိမိကို အ န္တရာယ်ရှိသောအခြေအနေသို့ရောက်စေလိမ့်မည်မဟုတ်ကြောင်း ယုံကြည်လျက်ရှိသည်။
...
စစ်မြေပြင်၏ ရှေ့ဆုံးတွင် ရာနှင့်ချီသော သခင်အဆင့်တိုက်ခိုက်ရေးသမားများက ဒေါသတကြီး ထိပ်တိုက်တွေ့ကာ ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲလျက် သဘာဝဘေးအမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့သည်။
ရေကြီးမှုများ
သဲမုန်တိုင်းများ
မြေပြိုခြင်းများ
အေးခဲနေသော မြေရိုင်းများ။
နေရာအနှံ့ပြန့်နေသော မီးတောက်များ
ဤသို့ လူတိုင်းသိထားကြသည့် ဘေးအန္တရာယ်များသည် သခင်အဆင့်တိုက်ခိုက်ရေးသမားများ၏ လက်ရာများဖြစ်သည်။ ဒြပ်စင်များကို ခြယ်လှယ်နိုင်စွမ်းရှိသော တိုက်ခိုက်ရေးသမားများသည် စစ်မြေပြင်တစ်ခုလုံးကို ဖျက်ဆီးခြင်း၏ နိယာမမြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ လင်းဇီချန်က ဤဘေးအန္တရာယ်များသို့ ချဉ်းကပ်လာသည်နှင့်အမျှ ဆက်တိုက်ဆိုသကဲ့သို့ပင် စာတိုများ မျက်လုံးရှေ့သို့ ပြန့်နှံ့လာသည်။
[သင်သည် ရေလွှမ်းမိုးခြင်းကို တွေ့ကြုံနေရ၏။ သင်သည် ရေလွှမ်းမိုးမှုကို အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး၊ လိုက်လျောညီထွေ ရှင်သန်ခြင်း၏ တိုးတက်မှု +၁]
[သင် သဲမုန်တိုင်း ကြုံနေရသည်။ သင်သည် သဲမုန်တိုင်းကို အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး၊ လိုက်လျောညီထွေရှင်သန်ခြင်း၏ တိုးတက်မှု +၁]
[သင်သည် မြေပြိုခြင်းကို တွေ့ကြုံနေရ၏။ သင်သည် မြေပြိုမှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး၊ လိုက်လျောညီထွေ ရှင်သန်ခြင်း၏ တိုးတက်မှု +၁]
[…]
[စုစုပေါင်းရှင်သန်မှုအရေအတွက်- 35/100]
ဤအချက်ပေးစာများ တစ်ခုပြီးတစ်ခု ပေါ်လာသည်နှင့်အမျှ မကြာမီတွင် လိုက်လျောညီထွေ ရှင်သန်ခြင်းတွင် သူ၏တိုးတက်မှုသည် ထက်ဝက်ကျော်အထိ တိုးလာသဖြင့် လင်းဇီချန် အလွန်ဝမ်းသာလျက်ရှိသည်။
သူ့ခံစားချက်များကို ခဏတာ တည်ငြိမ်စေပြီးနောက် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ စစ်မြေပြင်၏ ရှေ့တန်းသို့ ပိုမိုနက်ရှိုင်းစွာဝင်ရောက်ခဲ့သည်။ ထို့နောက် တွေ့သမျှသော အလောင်းများမှ အသက်စွမ်းအင်များကို စုပ်ယူလိုက်သည်။
[သင်သည် "အပူအဆိပ်သင့် နတ်ဆိုးဖား" ၏ မူလစွမ်းအင်ကို စားသုံးခဲ့ကာ သွေးမျိုးဆက်စွမ်းအား "အပူအဆိပ်" ကို ရရှိခဲ့သည်။]
[အပူအဆိပ်- သင့်အရေပြားသည် အဆိပ်သင့်သူ၏ ကိုယ်တွင်းအင်္ဂါများကို အရည်ပျော်စေသည့် မတည်ငြိမ်သော အဆိပ်ကို ထုတ်လွှတ်နိုင်သည်]
[သင်သည် "အရိုးတီကောင်"၏ အသက်စွမ်းအင် အမြောက်အမြားကို စားသုံးခဲ့ကာ သွေးမျိုးဆက်စွမ်းအား “သံမဏိအရိုး”ကို ရရှိခဲ့သည်။]
[ သံမဏိအရိုး - သင်၏ အရိုးများက မကျိုးနိုင်တော့ပါ]
[သင်သည် "ငါးဝိဉာဥ်"၏ မူလစွမ်းအင် အမြောက်အမြားကို ဝါးမြိုခဲ့ကာ သွေးမျိုးဆက်စွမ်းအား “အကြွင်းမဲ့အာရုံစိုက်နိုင်စွမ်း” ကို ရရှိခဲ့ပါသည်]
[အကြွင်းမဲ့ အာရုံစိုက်နိုင်စွမ်း- သင်၏ အာရုံစူးစိုက်နိုင်မှုစွမ်းအားက အလွန်တိုးလာပါပြီ]
[…]
လင်းဇီချန်က အသက်စွမ်းအင်များကို ဝါးမြိုနေချိန်၌ ရှန်ချင်းဟန်သည် သူ့အနားတွင် အခြားမည်သည်ကိုမျှ မလုပ်ဘဲ စစ်ပွဲ၏ လက်ကျန်အလောင်းများကို အဆက်မပြတ်ရှာဖွေလျက်ရှိသည်။ သည် Life Origins ကို ဝါးမြိုနေသကဲ့သို့ပင်။ သူမများများစားစားမရှာနိုင်ခဲ့ပေ။
သိုလှောင်မှုပစ္စည်းများကိုလည်း တွေ့ရခဲသည်။ စစ်မြေပြင်မှ လူနည်းစုသာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကိုယ်ပေါ်တွင်ထားလေ့ရှိသည်။ ထိုသို့လုပ်ပါက ၎င်းတို့ တိုက်ပွဲတွင်သေဆုံးခဲ့လျှင် ရန်သူလက်ထဲသို့ အလွယ်တကူရောက်သွားနိုင်သောကြောင့်ဖြစ်သည်။
“ဇီချန် အဲ့မှာ မြို့ထဲက တစ်ယောက် အတိုက်ခိုက်ခံနေရတယ်ထင်တယ် ငါတို့သွားကူညီရအောင်”
ရှန်ချင်းဟန်က များစွာသော အမြစ်များတိုက်ခိုက်ခြင်းကို ခံနေရသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်သဖြင့် ကြာကြာ တောင့်ထားနိုင်တော့မည်မဟုတ်ကြောင်းသိလိုက်သောကြောင့် လင်းဇီချန်ကို အမြန်ခေါ်လိုက်သည်။