← Chapters

အပိုင်း ၄၄၅-၄၄၇

Vol. 30 Ch. 445-447

အပိုင်း ၄၄၅-၄၄၇

Vol. 30 Ch. 445-447

အခန်း(၄၄၅)စစ်မှန်တဲ့ ပါရမီရှင်ရဲ့ရှေ့မှာ ဂြိုလ်သားတွေတောင် ပုရွက်ဆိတ်တွေသာသာပဲ

လင်းဇီချန်က အသံကြားလိုက်သည်နှင့် ချက်ချင်းပင်လှမ်းကြည့်လိုက်ရာ ရှန်ချင်းဟန်ပြောသောနေရာ၌ မြို့သူတစ်ယောက်ကိုမြင်လိုက်ရသည်။ သူမသည် လှပနေဆဲအမျိုးသမီးတစ်ဦးဖြစ်ကာ အသက်လေးဆယ်ခန့်ရှိပုံရသည်။ သူမ၏ သွေးမျိုးဆက်အဆင့်က ပဥ္စမမြောက် သခင်အဆင့်ဖြစ်သည်။ အကယ်၍ ကမ္ဘာမြေပေါ်တွင်သာဖြစ်ခဲ့ပါလျှင် သူမသည် ယွမ်သုန်ကျီအယောက် ၁၀၀၀ကို အနိုင်ယူနိုင်သည်။

သို့သော် လက်ရှိ အခိုက်အတန့်၌ သူမသည် စစ်မြေပြင်တွင် အကာအကွယ်မဲ့တိုက်ခိုက်ခံရကာ ကျရှုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ ထိုအမျိုးသမီးက ဆက်လက် ထိန်းထားရန် ရုန်းကန်နေသည်ကို မြင်လိုက်ရသောအခါ လင်းဇီချန်က “အဆင့်မြင့်ဝိဉာဥ်” “တောအရှင်” နှင့် အသစ်စက်စက်ရရှိထားသော “အကြွင်းမဲ့အာရုံစိုက်နိုင်စွမ်း”ကို အသုံးပြုကာ မီတာတစ်ထောင်အဝေးရှိ အမျိုးသမီးကြီးကို တိုက်ခိုက်နေသော နွယ်ပင်များကို ထိန်းချုပ်လိုက်သည်။

စစ်မြေပြင်တွင် သေရန် အဆင်သင့်ဖြစ်နေသော အမျိုးသမီးက ပတ်ဝန်းကျင်မှ နွယ်ပင်များရပ်တန့်သွားသည်ကိုမြင်လိုက်ရသောအခါ အံ့သြသွားသည်။ သို့သော် မကြာမီ၌ပင် နွယ်ပင်များကို လင်းဇီချန်က ထိန်းချုပ်နေခြင်းဖြစ်ကြောင်းသိလိုက်ရ၏။

သူမသည် ဝိဉာဥ်စွမ်းအင်များကို အာရုံခံနိုင်စွမ်းမြင့်မားသဖြင့် မီတာတစ်ထောင်အကာအကွယ်မှ ပြောင်းလဲမှုလေးကိုပင် သတိထားမိသည်။

"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။"

အမျိုးသမီးသည် လင်းဇီချန်ဆီသို့ရောက်ရန် စက္ကန့်အနည်းငယ်ကြာ ပျံသန်းကာ ကျေးဇူးတင်ကြောင်းလာပြောသည်။

“တကယ်ပါပဲ အတိတ်က သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာပြီ။ လင်းရဲ့ ဆင့်ကဲပြောင်းလဲခြင်းပါရမီက လက်ရှိရှိနေတဲ့ လူတိုင်းကို ကျော်နိုင်တယ်။ အသက်နှစ်ဆယ်မှာ သူ့စွမ်းအင်က တစ်ချိန်က ပါရမီရှင်မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တဲ့ ငါ့လိုမျိုး လူအိုမကြီးကိုတောင် ကျော်နိုင်နေပြီ။ ဒါကို ကိုယ်တိုင်မြင်လိုက်ရတော့ တကယ် မျက်လုံးပွင့်သွားရပြီ။ ငါ နောင်တမရှိဘဲ သေနိုင်ပြီ”

‘ဘာလို့ ဒီလူက ဒီလောက်ကြီးချဲ့ကားပြော…’

လင်းဇီချန်က စိတ်ထဲမှတွေးကာ ယဥ်ယဥ်ကျေးကျေးပြန်ဖြေလိုက်သည်။

“ကျွန်တော့်ကို မြှောက်ပင့်နေပြန်ပါပြီ”

"ကိစ္စမရှိပါဘူး”

အမျိုးသမီးက ခေါင်းယမ်းလိုက်သည်။

“လင်းရဲ့ အရည်အချင်းက တကယ်ပဲ သမိုင်းဝင်လောက်အောင် တောက်ပလွန်းတယ်။ နတ်ဘုရားခေတ်က အင်မော်တယ်ဆရာကြီးတွေပဲ ယှဥ်နိုင်တော့မယ်”

နတ်ဘုရားခေတ်၏ အင်မော်တယ်သခင်များ …

လင်းဇီချန်က ဤအဓိကစကားကို နောက်တစ်ကြိမ် ထပ်မံကြားလိုက်ရပြန်သည်။ ချီချင်းမော့မှလွဲ၍ သူက နတ်ဘုရားခေတ်မှ အင်မော်တယ်ဆရာကြီးများကို မတွေ့ခဲ့ဖူးပေ။ ထို့ကြောင့် ပို၍ သိချင်စိတ်ပြင်းပျလာခဲ့သည်။

"ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ၊ ငါက ကျိုတိုတက္ကသိုလ်ရဲ့ လက်ရှိဥက္ကဌ ကောချိုင်သျယ်ပါ”

အမျိုးသမီးက သူ့ကိုယ်သူ တိုတိုတုတ်တုတ် မိတ်ဆက်ပြီးနောက် ဆက်ပြောသည်။

“အဓိက တိုက်ပွဲကြီးပြီးရင် ငါ အသက်ရှင်နေသေးရင် ငါ့ရဲ့ ကယ်တင်ရှင်ကို လူကိုယ်တိုင်လာပြီး ကျေးဇူးတင်ပါမယ်”

ကယ်တင်ရှင်လား…။

လင်းဇီချန်က ထိုစကားကိုကြားသောအခါ အတန်ငယ် မသင့်တော်ဟုတွေး၍ ပြောလိုက်၏။

“ဒီလောက်ကြီး ယဥ်ကျေးနေဖို့မလိုပါဘူး စီနီယာ”

ကောချိုင်သျယ်က ခေါင်းခါလိုက်သည်။

"မင်းငါ့အသက်ကို ကယ်ခဲ့တယ်လေ၊ ဒါက ယဥ်ကျေးနေတာမဟုတ်ဘဲ ကျေးဇူးတင်တာပါ”

လင်းဇီချန်က မည်သို့တုံ့ပြန်ရမည်ကိုမသိပေ။ သူ၏ကူညီမှုသည် အခြားတစ်ဖက်လူထံမှ ပြန်ဆပ်ခြင်းကို မလိုချင်သည့် ပေါ့ပေါ့ပါးပါး လုပ်ရပ်တစ်ခုမျှသာဖြစ်သည်။

“အိုး ငါ့မှာ ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ လီမော်ယွီဆိုတဲ့ မြေးတစ်ယောက်လည်း ရှိတယ်။ မင်းနဲ့ တစ်နှစ်တည်းမှာဘဲ၊ ငါ့မြေးကို မင်းသိရင် ကျေးဇူးတင်ကြောင်းပြောဖို့ သူ့ပါခေါ်လာခဲ့မယ်လေ”

“ဟုတ်… ပထမနှစ်ကျောင်းသားဘဝတုန်းကတော့ သူနဲ့ အတန်းဖော်ဖြစ်ခဲ့ဖူးပါတယ်”

ရှန်ချင်းဟန်က အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။

ဤသည်ကိုကြားသည်နှင့် အမျိုးသမီး ကောချိုင်သျယ်က ချက်ချင်းပြုံးကာ ဆက်ပြောသည်။

“ဒါဆို ငါ့မြေးကိုလည်း ကျေးဇူးတင်ကြောင်းပြောရင်း ခေါ်လာခဲ့မယ်နော်”

ဤသို့ပြောပြီးနောက် ကောချိုင်သျယ်က စစ်မြေပြင်တွင် ဆက်လက်တိုက်ပွဲဝင်ရန် ပြန်လည်အားသွင်းကာ အဝေးသို့ ပြန်သွားခဲ့သည်။

သူမ၏ ထွက်ခွာသွားပုံအား ကြည့်ရင်းဖြင့် ရှန်ချင်းဟန်က အနည်းငယ်မှင်တက်နေမိသည်။

“ငါတို့ အခုတင်တွေ့လိုက်တဲ့အန်တီကြီးက လီမော်ယွီရဲ့ အဘေး ကျိုတိုတက္ကသိုလ်ရဲ့ ဥက္ကဌကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး”

“တကယ်ပဲ သူက အရမ်းငယ်တဲ့ပုံပေါက်နေတယ်။ အသက်တစ်ရာလို့ ပြောနိုင်ဖို့ ခက်တယ်”

ရှန်ချင်းဟန်က ခေါင်းခါလိုက်သည်။

"ဒါက အသက်အရွယ်နဲ့ မဆိုင်ပါဘူး၊ ဒါပေမယ့် သူက ကျိုတိုတက္ကသိုလ်ရဲ့ ဥက္ကဌဖြစ်တာတောင်င် ငါတို့ကို အရမ်းလေးစားနေတယ်”

“မှတ်မိလား လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ငါတို့က ကမ္ဘာကမသိတဲ့ သာမန်အထက်တန်းကျောင်းသားတွေပဲ”

"အခု နှစ်နှစ်လောက်ကြာတော့ ကျိုတိုတက္ကသိုလ် ဥက္ကဋ္ဌတောင်မှ ငါတို့ကို လေးစားနေပြီ။ ဒီခံစားချက်က တကယ့်ကို မယုံနိုင်စရာပါပဲ။"

ရှန်ချင်းဟန်က မိမိကိုယ်မိမိ သာမာန်လူတစ်ယောက်အဖြစ် တွေးတောနေဆဲဖြစ်ကာ ထိုကဲ့သို့ လေးစားခံရခြင်းကို အလွန်မှော်ဆန်သည်ဟု ခံစားနေမိသည်။

အဆုံးစွန်သောအချက်မှာ ၎င်းတို့၏ အဆင့်အတန်းမြင့်တက်လာသည်က မြန်လွန်းသောကြောင့်ပင်ဖြစ်၏။ တိုတောင်းသော နှစ်နှစ်တာကာလအတွင်း ၎င်းတို့သည်

အောက်ခြေမှ ထိပ်သို့ တက်လာခဲ့သည်။ ၎င်းတို့ဘဝများ ချက်ချင်း ပြောင်းပြန်လန်သွားသည်ဟုပြောလျှင်ပင် ချဲ့ကားပြောခြင်းဟုတ်မည်မဟုတ်ပေ။ ယင်းနှင့်ယှဥ်လျှင် လင်းဇီချန်က အနည်းငယ်မျှသာ ခံစားမိသည်။

သူသည် သူ၏ ကိုယ်ပိုင်အလားအလာနှင့်ပတ်သက်၍ အမြဲတစေရှင်းလင်းစွာသိထားသူ ဖြစ်သည့်အလျောက် ယနေ့ကဲ့သို့နေ့မျိုး ရောက်ရှိလာမည်ဟု မျှော်လင့်ထားသည်။

"ဇီချန် ဟိုမှာ အခြားသူတွေ ဝိုင်းခံနေရတယ်။ သူတို့ကို သွားကူရအောင်"

ရှန်ချင်းဟန်က ဘယ်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။ လင်းဇီချန်က ယင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် သူ၏ရုပ်သွင်သည် မီတာတစ်ထောင်အကွာ၌ လင်းလက်သွားကာ သခင်အဆင့် ဂြိုလ်သားသုံးကောင်ကို သတ်ပစ်၍ ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ လက်သီးအရွယ် အမြုတေများကို ထုတ်ယူလိုက်သည်။

ဆန်းကြယ်သားရဲများတွင် သားရဲအမြုတေများရှိကာ ဂြိုလ်သားများတွင်လည်း တူညီသော စွမ်းအင်အမြုတေများရှိ၍ အရင်းအမြစ်ကျောက်တုံးများပါရှိသည်။

“ဘယ်လိုမွန်းစတားလဲ…”

လင်းဇီချန်ကယ်ခဲ့သောလူငယ်လေးက အံ့အားသင့်စွာရေရွတ်လျက် ကယ်တင်လိုက်သည်။ သူသည် အသက်၁၈နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ဟန်တူသော်လည်း သူ၏အသက်မှာ ၃၅ နှစ် ပြည့်သွားခဲ့ပြီဖြစ်သည်။ သူသည် တစ်ချိန်က ဂြိုလ်လူသားပါရမီရှင် အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်၍ ၎င်း၏သွေးမျိုးဆက်စွမ်းအားအဆင့်က သခင်အဆင့် စတုတ္ထအဆင့်ဖြစ်သည်။ ဂြိုလ်လူသားပါရမီရှင်အဖွဲ့၏ လက်ထက်က သူ၏ အစွမ်းသည် ထိပ်တန်းသုံး‌ယောက်ထဲတွင် ပါရှိသည်။

ထို့အပြင် အဖွဲ့မှဘွဲ့ရပြီး ငါးနှစ်အကြာတွင် စတုတ္ထမြောက် သခင်အဆင့်သို့ပြောင်းလဲခဲ့ကာ မြို့တော်တွင် သိသိသာသာ အာရုံစိုက်ခံရ၍ အသက်တစ်ရာမတိုင်မီ မြင့်မြတ်သူအဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်များရှိလာခဲ့သည်။

သို့သော် ထိုကဲ့သို့သော အရည်အချင်းမျိုးဖြင့်ပင်၊ အသစ်ဝင်လာသော လင်းဇီချန်၏ ရှေ့တွင် သူသည် သူငယ်တန်းကျောင်းသူလေးကဲ့သို့ လုံးလုံးလျားလျား စွမ်းအားမရှိသည့်ပုံပေါ်နေသည်။

လင်းဇီချန်က မေ့ပျောက်ခြင်းနယ်မြေမှ သခင်အဆင့် ဆန်းကြယ်သားရဲသုံးကောင်ကို သတ်ပြီးနောက်တွင် သူကယ်တင်ထားသောလူကို တစ်ချက်မျှပင်မကြည့်ဘဲ ရှန်ချင်းဟန်ဆီသို့ ချက်ချင်းပြန်သွားခဲ့သည်။

“ဇီချန် ဆရာလန်နဲ့ ကျန်တဲ့လူတွေကို တွေ့လိုက်တယ်”

“သူတို့ကို မြူခိုးတွေ ဖုံးနေတယ်”

"မြန်မြန်သွားရအောင်”

ထိုအချိန်၌ ရှန်ချင်းဟန်သည် စစ်မြေပြင်မှ ကယ်တင်ရှင်တစ်ဦးကဲ့သို့ အန္တရာယ်ကျရောက်နေသော မည်သူ့ကိုမဆို ကယ်တင်ရန် အပြေးအလွှားသွားခဲ့သည်။ တစ်ခုတည်းသောအားနည်းချက်မှာ သူမက အလျင်စလိုကယ်တင်ခိုင်းနေသောသူမှာ လင်းဇီချန်ပင်ဖြစ်သည်။ လင်းဇီချန်က ဤသည်ကို စိတ်ရှုပ်ခြင်းမရှိပေ။

ယခု သူသည် မြင့်မြတ်သူအဆင့် ကျွမ်းကျင်သူနှင့် မကြုံတွေ့သရွေ့ စစ်မြေပြင်ရှိ မည်သည့်ရန်သူကိုမဆို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သော ယုံကြည်မှုရှိနေပြီဖြစ်သည်။ ဤသို့သောအခြေအနေမျိုးတွင် သူ တတ်နိုင်သမျှ သူ၏ ပြည်သူများကို ကယ်တင်ပေလိမ့်မည်။

ပြင်းပြင်းထန်ထန်‌ အော်ဟစ်သံကိုကြားလိုက်ရ၏။ လင်းဇီချန်က ရှန်ချင်းဟန်၏ ခါးကို ဖက်ကာ လန်ထျန်ပိုင်နှင့် အခြားသူများကို ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် အဝေးမှ အနက်ရောင် မြူခိုးများဆီသို့ အရှိန်ပြင်းပြင်း ပြေးသွားခဲ့သည်။ ထိုသို့လုပ်ဆောင်နေစဉ်တွင် ၎င်းတို့သည် အနက်ရောင် မြူခိုးများအတွင်း ဝှက်ထားသော ဆန်းကြယ်သားရဲများကို သတ်ပစ်ကာ အရင်းအမြစ်ကျောက်တုံးများကို အရယူုရန် စီစဥ်ခဲ့သည်။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က လျင်မြန်စွာ ချီတက်လာကြသည်။

အနက်ရောင်မြူခိုးအောက်တွင် လန်ထျန်ပိုင်က အသင်းကို ခုခံရန် ညွှန်ကြားကာ လွတ်မြောက်ရန် အခွင့်အရေးကို ရှာဖွေရန် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။

“ချန်းရွှယ် မင်း အနက်ရောင်မြူခိုးကို ခဏလောက်ခဲအောင်လုပ်နိုင်လား”

လန်ထျန်ပိုင်က လော့ချန်းရွှယ်ကိုအော်ပြောလိုက်ရာ သူ၏ ခန္ဓာကိုယ်ထက်ဝက်မျှက ဒြပ်စင်အဖြစ်ပြောင်းလဲသွားသည်။

အပေါ်စီးမှ အနက်ရောင် မြူခိုးများက အလွန်ဒုက္ခပေးသည်။ သွေးမျိုးဆက်စွမ်းအားအဆင့်က သခင်အဆင့်တွင်ရှိနေသော ကျောက်ချင်ရှန်းနှင့် ကျန်းထောင်တို့ပင်လျှင် ပြိုင်ဘက်များထက် ပိုမို သာလွန်အောင် မစွမ်းဆောင်နိုင်ပေ။ ယခု ၎င်းတို့အသက်ရှင်ရန် တစ်ခုတည်းသောအခွင့်အရေးမှာ ဂြိုလ်သားလော့ချန်းရွှယ်ပင်ဖြစ်သည်။ အကယ်၍ လော့ချန်းရွှယ်က သူမ၏ စွမ်းရည်ကို သုံးကာ အနက်ရောင်မြူခိုးများကို အေးခဲစေနိုင်လျှင် ယင်းကို အချိန်တစ်ခုမျှ နှောင့်နှေးစေနိုင်လိမ့်မည်ဖြစ်၍ ထိုအချိန်၌ လန်ထျန်ပိုင်က လူတိုင်းကို ဦးဆောင်ကာ ထွက်ပြေးနိုင်မည်ဖြစ်သည်။ လန်ထျန်ပိုင်၏ စကားကိုကြားသောအခါ လော့ချန်းရွှယ်က သူမ၏ ခန္ဓာကိုယ်ကိုနောက်ဆုံးအတိုင်းအတာအထိ ဒြပ်ပြောင်းလဲကာ ကောင်းကင်မှ အနက်ရောင်မြူခိုးကို အေးခဲစေခဲ့သည်။

သို့သော် ကြိုးစားမှုများစွာ ရှုံးနိမ့်ခဲ့သည်။ သွေးမျိုးဆက်စွမ်းအားအဆင့်ကြားကွာခြားချက်မှာ အလွန်ကြီးမားလွန်းသည်။ လော့ချန်းရွှယ်က သွေးမျိုးဆက်စွမ်းအား သတ္တမအဆင့်၌သာရှိသည်။ အနက်ရောင်မြူအတွင်းမှ ဆန်းကြယ်သားရဲ၏ သွေးမျိုးဆက်အဆင့်သည် သခင်အဆင့် စတုတ္ထအဆင့်တွင်ရှိသည်။

ဤမျှကြီးမားသော အင်အားကွာဟချက်ကြောင့် လော့ချန်းရွှယ်က သူမ၏အဆင့်ထက်ကျော်လွန်၍ စိန်ခေါ်နိုင်စွမ်းမရှိပေ။

"စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ မြောက်ပိုင်းနှင်းနယ်မြေက လူတစ်ယောက် ဒီမှာရှိနေမယ်လို့ ငါမထင်ထားမိဘူး။ မင်းဘာလို့ ကမ္ဘာမြေသားတစ်ကောင်ဖြစ်လာလဲဆိုတာ ငါစဥ်းစားလို့တောင်မရဘူးကွာ”

အနက်ရောင် မြူခိုးများအတွင်းမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

အသံတိတ်သွားသည်နှင့် နောက်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော လက်တစ်ချောင်းက အနက်ရောင်မြူမှ ဆန့်ထွက်ကာ အောက်ဘက်ရှိ လူသုံးဆယ်နီးပါးဆီသို့ ရောက်ရှိလာသည်။

‘လိုက်လျောညီထွေ ရှင်သန်ခြင်း’

လက်ကြီးဖြင့်ထိသော လူများက မြန်ဆန်စွာပင်သေဆုံးသွားကြသည်။

ထိုအခိုက်အတန့်၌ လင်းဇီချန်တို့နှစ်ဦးသားက စစ်မြေပြင်၏ ရှေ့တန်းသို့ ရောက်ကာစသာရှိသေးသည်။ မြင့်မြတ်သူအဆင့် ကျွမ်းကျင်သူကိုမြင်လိုက်ရသောအခါ လင်းဇီချန်က ပျံသန်းလိုက်သည်။ ရှန်ချင်းဟန်ကမူ ချက်ချင်းပင် လွင့်ထွက်သွား၏။

အခန်း(၄၄၆) သစ်ရွက်ကြွေတာက လေကြောင့်လား သစ်ပင်က ဆက်မဆွဲထားတော့လို့လား

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ပြင်းထန်သော သွေးစွမ်းအင်အလုံးကြီးက အနက်ရောင်မြူခိုးများဆီမှ ထွက်ပေါ်လာသည့် လက်ကြီးကို အတိအကျထိမှန်သွားသည်။

တစ်ခဏအတွင်း၌ပင် လက်က အပိုင်းပိုင်းကွဲသွားကာ အနက်ရောင်ဖုန်မှုန်များအဖြစ် ပြောင်းလဲပြန့်ကျဲသွားသည်။

“ဘယ်သူလဲ”

ပြင်းထန်သော နာကျင်မှုဖြင့် ငိုကြွေးသံက အနက်ရောင်မြူခိုးများကြားမှထွက်ပေါ်လာသည်။ စကားသံက မှေးမှိန်သွားသည်။

နောက်တစ်စက္ကန့်တွင် လန်ထျန်ပိုင်နှင့် အခြားသူများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် အနက်ရောင်မြူခိုးများက လျင်မြန်စွာပျောက်ကွယ်သွားသည်။ ထို့နောက် နောက်ထပ် နှစ်စက္ကန့်တွင် ထူထပ်သော အနက်ရောင်မြူခိုးများ ပျံ့လွင့်လာကာ ရင်ဘတ်တွင် ဒဏ်ရာများအပြည့်ဖြင့် အလောင်းတစ်လောင်း ပေါ်လာသည်။

ဤသည်က မေ့ပျောက်ခြင်းနယ်မြေထဲမှ ဂြိုလ်သား၏ အလောင်းပင်ဖြစ်သည်။ ထိုအလောင်း၏ နောက်၌ ၎င်းတို့နှင့် ရင်းနီးနေသော လူတစ်ယောက်… လင်းဇီချန်ကို မြင်လိုက်ရသည်။

အနက်ရောင် မြူခိုးများအတွင်းရှိ မေ့ပျောက်ခြင်းနယ်မြေမှ လူသားကို အလွယ်တကူ သတ်ခဲ့သည်မှာ လင်းဇီချန်ဖြစ်ကြောင်းမြင်လိုက်ရသဖြင့် လန်ထျန်ပိုင်နှင့် အခြားသူများအားလုံး အံ့အားသင့်သွားကာ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။

မေ့ပျောက်ခြင်း နယ်မြေမှ သေဆုံးသွားသောဂြိုလ်သားက သခင်အဆင့် စတုတ္ထအဆင့်တွင်ရှိနေကာ ယင်းက ၎င်းတို့နည်းပြအပါအဝင် ဂြိုလ်လူသားပါရမီရှင် အဖွဲ့တစ်ဖွဲ့လုံးကို အနိုင်ယူနိုင်စွမ်းရှိသည်။

သို့ထိုင် ထိုကဲ့သို့သော တိုက်ခိုက်ရေးသမားသည် အဖွဲ့ထဲရောက်သည်မှာ တစ်နှစ်ပင်မပြည့်သေးသော လင်းဇီချန်၏ လက်ထဲတွင် မျက်စိတစ်မှိတ်အတွင်း ရှုံးနိမ့်သွားခဲ့သည်။

ဤမြင်ကွင်းက အံ့ဖွယ်ကောင်းလွန်းကာ အစစ်အမှန်နှင့်မတူပေ။

“လင်းဇီချန်က တကယ်ပဲ ကမ္ဘာမြေသားရောဟုတ်ရဲ့လား”

လန်ထျန်ပိုင်က ကောင်းကင်ယံထက်မှ လင်းဇီချန်ကို သံသယအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ အခြားသူများကလည်း လင်းဇီချန်က ကမ္ဘာမြေသားမဟုတ်နိုင်ဟု သံသယရှိကြသည်။ မဟုတ်လျှင် လင်းဇီချန်၏ ခွန်အားက အဘယ်ကြောင့် ဤမျှပြင်းထန်နေသည်ကို ရှင်းပြရန် ခက်ခဲလွန်းသ်ည။

ကောင်းကင်ယံထက်မှ လင်းဇီချန်က သူ့ရှေ့မှ အလောင်းဆီသို့ လက်လှမ်းကာ အရင်းအမြစ်ကျောက်တုံးကို ဆွဲထုတ်လိုက်သည်။

ဤအရင်းအမြစ်ကျောက်တုံးတစ်ခုတည်းသည် အနည်းဆုံး အမှတ်တစ်ထောင်တန်ကြေးရှိသည်။

အလားတူ ဤခရီးတွင် သူ ဆယ်ခုနီးပါး စုဆောင်းနိုင်ခဲ့သည်။ ဆိုရပါက အမှတ် တစ်သောင်းနီးပါးဖြစ်ကာ မြို့တော်၏ သိုလှောင်ခန်းရှိ ဆန်းကြယ်သစ်သီး ဆယ်မျိုးဖြင့် လဲလှယ်ရန် လုံလောက်သည်။

ကြိုတင်သတ်မှတ်ချက်မှာ ၎င်းတို့သည် ဤကြီးမားသော တိုက်ပွဲကို အနိုင်ယူနိုင်ရမည်ဖြစ်သည်။ မဟုတ်ပါက အရာအားလုံးက အချည်းအနှီးဖြစ်သွားပေလိမ့်မည်။

မကြာခင်၌ လင်းဇီချန်သည် လူတိုင်း၏ အကြည့်အောက်တွင် ဖြည်းညှင်းစွာဆင်းသက်လာကာ ရှန်ချင်းဟန်၏ ဘေးသို့ ရောက်လာသည်။

“လင်းဇီချန် မင်းရဲ့ လက်ရှိ အင်အားက ဘယ်လောက်လဲ”

ကျောက်ချင်ရှန်းက ထိုအကြောင်းကို အလွန်သိချင်နေသဖြင့် ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ မေးလိုက်သည်။ ဤသို့မေးခြင်းက စိတ်အနှောက်အယှက်ဖြစ်နိုင်သော်လည်း ဤအဖြေကို သူအမှန်ပင် သိချင်နေသည်။

“သခင်အဆင့်”

လင်းဇီချန်က မရေမရာအဖြေတစ်ခုကိုသာပေးလိုက်၏။ ခွန်အားသည် လျို့ဝှက်ချက်ဖြစ်သည်။ လူတစ်ဦး၏ ဝှက်ဖဲဖြစ်သဖြင့် အခြားသူများကို ပြောပြရန် မသင့်တော်ပေ။ သွားမေး၍ အဆဲမခံရလျှင်ပင် ကံကောင်းခြင်းဖြစ်ပေလိမ့်မည်ဖြစ်သည်။

“သွားရအောင်”

လင်းဇီချန်က အချိန်ဆွဲနေရန် ရည်ရွယ်ချက်မရှိဘဲ ခေါင်းကိုလှည့်ကာ အနားရှိ ရှန်ချင်းဟန်ကို လှမ်းပြောလိုက်သည်။

အလောင်းများဆီမှ ထပ်မံလုယက်ချင်နေဆဲဖြစ်၍ တစ်စက္ကန့်လေးမျှပင် မဖြုန်းတီးလိုခဲ့ပေ။ ဤအဓိက တိုက်ပွဲကြီးတွင် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အမြောက်အမြားရရှိရန် ဤအခွင့်အရေးကို လက်လွတ်ဆုံးရှုံးလိုက်ရပါက နောက်တစ်ကြိမ်အခွင့်အရေးက မည်သည့်အချိန်မှ ရောက်လာမည်ကို မည်သူသိနိုင်မည်နည်း။

“ဇီချန် ခဏစောင့်”

လင်းဇီချန် ထွက်သွားတော့မည်ကိုမြင်သောအခါ အဖွဲ့ကိုဦးဆောင်နေသော လန်ထျန်ပိုင်က ရှေ့သို့လျင်မြန်စွာတိုးလာလိုက်သည်။

“ငါတို့က တစ်ဖွဲ့တည်းပဲ။ အတူတူသွားတာပိုကောင်းလိမ့်မယ်။ ဝံပုလွေတစ်ကောင်တည်းထက် အဖွဲ့လိုက်က ပိုကောင်းတယ်လေ”

လင်းဇီချန်က အလွန်သန်မာသဖြင့် တစ်ယောက်တည်းသွားနေခြင်းက အနည်းငယ် ဖြုန်းတီးရာကျသည်။ လန်ထျန်ပိုင်သည် လင်းဇီချန်က ဤအဖွဲ့ကို ဆက်လက် ဦးဆောင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ အဖွဲ့သားများအားလုံး အတူတကွကြီးထွားလာခြင်းသည် လူတစ်ဦးတည်း သွားနေခြင်းထက် ကျိန်းသေ ပိုမိုကောင်းမွန်ပေသည်။ ထို့အပြင် ခေါင်းဆောင်မှုသည် အလွန်အရေးကြီးသော အရည်အချင်းတစ်ခုဖြစ်သည်။

ယခုအခါတွင် ကမ္ဘာမြေကြီးက အင်အားနည်းနေသဖြင့် မူလမြေ၌ ဝိုင်းရံခံရမှုကို ကျော်ဖြတ်ရန် စည်းလုံးညီညွတ်စွာ လုပ်ဆောင်မှုက အရေးကြီးသည်။

တစ်ယောက်တည်း တိုက်ခိုက်ခြင်းက ကမ္ဘာမြေကို ပျက်စီးခြင်းသို့သာ ဦးတည်စေမည်ဖြစ်သည်။ လန်ထျန်ပိုင်က ဤသို့ပြောနေသည်ကိုမြင်သောအခါ အခြားသူများကလည်း စိတ်ပါလာကြသည်။

“ဟုတ်တယ် လင်းဇီချန် အရေအတွက် ပိုများတာက ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းတဲ့နေရာမှာ ပိုကောင်းတယ်”

“စစ်မြေပြင်က အန္တရာယ်များလွန်းတယ်။ အဖွဲ့သားတွေရှိနေတာ ပိုပြီး အကာအကွယ်ရတယ်”

ဤသို့ပြောလာသောသူများသည် လင်းဇီချန်၏ ခွန်အားကို တွယ်ကပ်ချင်နေကြခြင်းဖြစ်ကာ အရေအတွက်များခြင်း၏ခွန်အားနှင့်ပတ်သက်၍ မည်သို့မျှ အလေးအနက်မထားကြပေ။ ၎င်းတို့အားလုံးသည် ဆရာဖြစ်သူ လန်ထျန်ပိုင်ထက်ပင် ပိုမိုအားကောင်းသည့် လင်းဇီချန်၏ ခွန်အားကို မြင်တွေ့ခဲ့ကြရသည်။

လင်းဇီချန်က အသင်းကို ဦးဆောင်နိုင်ပါက ရှေ့ခရီးက ပိုမိုလုံခြုံမည်မှာသေချာသည်။

လူတိုင်းက ပို၍ လုံခြုံချင်ကြသည်။ ရှင်သန်ရန်က မလွယ်ကူလာသောအခါ မည်သူမျှ မသေချင်ကြပေ။ အထူးသဖြင့် အခွင့်ထူးအမျိုးမျိုးရရှိထားသည့် ပါရမီရှင်များဖြစ်၍ ပို၍ပင် အသက်ရှင်ချင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ရှင်သန်နိုင်ခြေကို မြှင့်တင်နိုင်သရွေ့ မာနဟူသည် အဓိပ္ပါယ်မရှိပေ။ ခေါင်းဆောင်၏ ခွေးအဖြစ် အမှုထမ်းရလျှင်ပင် လက်ခံနိုင်ကြမည်ဖြစ်သည်။

အသက်ရှင်နေသော ပါရမီရှင်ကိုသာ ပါရမီရှင်ဟုခေါ်သည်။ သေသွားပြီးသော ပါရမီရှင်က အမှိုက်သရိုက်သာဖြစ်သည်။

“မဟုတ်ဘူး ငါ လူနည်းနည်းနဲ့လှုပ်ရှားရတာ ပိုကြိုက်တယ်”

လူတိုင်း၏ ဆွဲဆောင်မှုကို ခံရသော်လည်း လင်းဇီချန်က တစ်စက္ကန့်မျှ မတွေးဘဲ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

သူက ဝန်ထုပ်ဝန်ပိုးများကို မလိုအပ်ပေ။

ထိုဝန်က ရှန်ချင်းဟန်မဟုတ်လျှင်…။

“သွားရအောင် ဟန်ဟန်”

လင်းဇီချန်က သူ့ဘေးနားရှိ ရှန်ချင်းဟန်ကို နောက်တစ်ကြိမ်ပြောလိုက်သည်။

သူ့စကားများ ထွက်လာသောအခိုက်၌ သူက မြေပြင်ပေါ်သို့ ခြေဖျားတစ်ချက်ထောက်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်သို့မြင့်တက်သွား၍ ရှေ့သို့ပျံသန်းသွားသည်။ ဤသည်ကိုမြင်သောအခါ ရှန်ချင်းဟန်က အတွေးကိုပြောင်း၍ သူ့နောက်သို့ ပျံသန်းလိုက်ပါလာခဲ့သည်။

ဘာတွေဖြစ်နေတာလဲ။

သူလည်း ပျံတတ်တာလား။

သူလည်း သခင်အဆင့်ရောက်နေပြီလား။

ရှန်ချင်းဟန်က လေထဲတွင် ပျံနေသည်ကိုမြင်လိုက်ရသောအခါ လန်ထျန်ပိုင်နှင့် အခြားသူများ၏ မျက်လုံးများပြူးကျယ်သွားကာ မျက်နှာများတွင် မယုံကြည်နိုင်မှုများပြည့်သွားသည်။ ၎င်းတို့သည် လင်းဇီချန်၏ ကြောက်မက်ဖွယ် အစွမ်းသတ္တိကို နက်နက်ရှိုင်းရှိုင်း ခံစားဖူးကြပြီးသားဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် မပြနိုင်လောက်အောင် ရှက်တတ်၍ ပျော့ညံ့သော မိန်းကလေးက ဤမျှလောက် အစွမ်းထက်မည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ကြပေ။

ရှန်ချင်းဟန်သည် ပျော့ညံ့၍ ယုံကြည်မှုကင်းမဲ့ကာ အင်အားနည်းပုံပေါ်သည်။ ယခု သူမသည် အပြင်ပန်းအားဖြင့် ပျော့ညံ့နေပုံရသော်လည်း သူမ၏ ခွန်အားက ပြင်းထန်လွန်းလှသည်။

အခန်း(၄၄၇) သစ်ရွက်ကြွေတာက လေကြောင့်လား သစ်ပင်က ဆက်မဆွဲထားတော့လို့လား ၂

အသွင်အပြင်သည် လှည့်စားနိုင်သည်။ ရှန်ချင်းဟန်၏ ခွန်အားကြောင့်

အခြားသူများ အံ့အားသင့်နေကြချိန်တွင် လော့ချန်းရွှယ်သည် ကောင်းကင်ယံ၌ တဖြေးဖြေးဝေးကွာနေသော လူသားနှစ်ယောက်ကို ငေးကြည့်ရင်းဖြင့် သူမ၏ နှလုံးသားထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။

‘ဒီနှစ်ယောက်က တကယ် ကမ္ဘာမြေသားတွေလား’

‘ဘာလို့ ဒီလောက်သန်မာရတာလဲ’

‘ဒါအဓိပ္ပါယ်မရှိဘူး’

...

ကောင်းကင်ယံထက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က အလောင်းများ၊ အပျက်အစီးများနှင့် ပြည့်နှက်နေသော ဧရိယာဆီသို့ ပျံသန်းလာကာ စစ်မြေပြင်ကို ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲအတွင်း ပိတ်မိနေသော မြို့သူမြို့သားများကို ကယ်တင်ရန် ထွက်လာခဲ့ကြသည်။ သို့သော် ၎င်းတို့ ခပ်ဝေးဝေးသို့မရောက်ခင်တွင် အလွန်ထူးဆန်းသောအသံတစ်ခုက ၎င်းတို့ ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသည်။

‘ပွပ်’

‘ပွပ်’

‘ပွပ်’

ဤအသံများကိုကြားလိုက်ရသောအခါ လင်းဇီချန်က ချက်ချင်းပင် သတိကြီးကြီးထားလာသည်။ သူက သူ၏ အာရုံငါးပါးကို အဆုံးစွန်ဆုံးအတိုင်းအတာအထိ တိုးမြှင့်လိုက်သည်။ အချိန်တိုင်း သူသည် ပတ်ဝန်းကျင်ကို သတိကြီးကြီးထားလာခဲ့ရာ အချိန်အတော်ကြာ လေ့လာပြီးနောက် လင်းဇီချန်က ထူးဆန်းသောအသံများမှာ အစေ့များ ဖူးပွင့်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ ကောင်းကင်တစ်ခုလုံးတွင် မထင်မှတ်ဘဲ အပြာရောင်အစေ့များဖြင့်ပြည်‌့နေသည်။ ဒုဓလီပန်းမှုန်ပန်းမွှားကဲ့သို့ပ်င ၎င်းတို့သည် ညကောင်းကင်ကို ဆန့်ကျင်နေသော ကြယ်များနှယ် အလင်းရောင်အနည်းငယ်ထုတ်လွှတ်ကာ လေထဲသို့ ပျံ့လွင့်သွားကြသည်။

“ဇီချန် ငါတို့ ဒီက မြန်မြန်ထွက်သွားရမယ်။ ဒီမျိုးစေ့တွေက အန္တရာယ်ရှိနိုင်တယ်”ရှန်ချင်းဟန်က အလျင်အမြန်သတိပေးလိုက်သည်။

သူမရှေ့မှ မြင်ကွင်းက အလွန်သဘောကျနှစ်သက်ဖွယ်ကောင်းကာ အသက်ရှုမှားလောက်အောင် ထူးထူးခြားခြားလှပလွန်းနေသည်။ သို့သော် စစ်မြေပြင်၌ ထိုသို့သော မြင်ကွင်းမျိုး ရုတ်တရက်ပေါ်လာခြင်းက ကောင်းသောကိစ္စတစ်ခုမဟုတ်နိုင်ကြောင်း သူမသိသည်။ ယင်းက နေလအထွတ်အမြတ်မြေနှင့် သက်ဆိုင်နေနိုင်သည်။ သို့သော် နေလ အထွတ်အမြတ်မြေနှင့် တစ်နည်းတစ်ဖုံ ဆက်နွယ်နေနိုင်ကြောင်းသိသည်။ နေလအထွတ်အမြတ်မြေသည် ဆန်းကြယ်သစ်ပင်များကို ကောင်းစွာ ထိန်းချုပ်နိုင်သည်ဖြစ်သည့်အပြင် ၎င်းတို့၏ နည်းလမ်းများသည် များသောအားဖြင့် အသီးအရွက်များ ပါဝင်သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် ဤအပြာရောင်မျိုးစေ့များက နေ-လအထွတ်အမြတ်မြေ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်နိုင်သည်။ ရှန်ချင်းဟန်၏ သတိပေးချက်ကြောင့် အစေ့များကို စောင့်ကြည့်နေသော လင်းဇီချန်သည် ချက်ချင်းပင် လက်တွေ့ဘဝဆီသို့ အသိစိတ်ပြန်ဝင်လာခဲ့သည်။ အမည်မသိ အကြောင်းတစ်ခုခုကြောင့် အနီးနားရှိ အပြာရောင်မျိုးစေ့များကို စွဲလန်းနေသကဲ့သို့ အာရုံများ ဆုံးရှုံးသွားသည့်အလား ၎င်းတို့ကို ကြာကြာစောင့်ကြည့်ချင်စိတ်ပြင်းပျလာခဲ့သည်။

ဤအစေ့များသည် အလွန်ထူးခြားလွန်းလှသည်။ ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန် ထွက်သွားရန် လိုအပ်သည်။

ထိုအတွေးဖြင့် လင်းဇီချန်က နှောင့်နှေးကြန့်ကြာနေခြင်းက ဘေးဥပဒ်ကိုဖြစ်စေမည်ကိုစိုးသောကြောင့် ရှန်ချင်းဟန်ကိုခေါ်ကာ ပတ်ဝန်းကျင်ရှိ မျိုးစေ့များဆီမှ အလျင်အမြန်ထွက်ခွာလာခဲ့သည်။ သို့သော် ၎င်းတို့က ထွက်တော့မည့်အချိန်ဆဲဆဲတွင် ပတ်ဝန်းကျင်ရှိ အစေ့များက တစ်ပြိုင်နက် ပေါက်ကွဲထွက်လာခဲ့ရာ ကျယ်လောင်သောအသံများစွာထွက်ပေါ်လာသည်။

ထိုအသံများထွက်ပေါ်လာသော အခိုက်၌ ပေါက်ကွဲသွားသော အစေ့များဆီမှ သွေးများနှင့်ရောယှက်နေသော အမြစ်များ ချက်ချင်းထွက်ပေါ်လာသည်။ ဤသို့ဆိုးယုတ်သော မြင်ကွင်းကိုမြ်ငလိုက်ရသောအခါ လင်းဇျီန်က ယင်းကို ဆန်ကျင်ရန်လုပ်ဆောင်ခြင်းမရှိဘဲ ချက်ချင်း အလျင်မြန်ဆုံးထွက်ပြေးနိုင်ရန် ကြိုးစားခဲ့သည်။ သူ ယင်းကို ခုခံနိုင်လိမ့်မည် မနိုင်လိမ့်မည်ကို မသိခဲ့ပေ။ ရန်သူကို နားမလည်ဘဲ ထိပ်တိုက်ရင်ဆိုင်ခြင်းက အဆင်မပြေကြောင်းသူသိသည်။ ၎င်းတို့ မအောင်မြင်ပါက ၎င်းတို့သွားရာလမ်းတစ်လျှောက် သေခြင်းတရားနှင့်ပြည့်နှက်နေမည်ဖြစ်ကာ ပေးရမည့်တန်ကြေးကလည်းကြီးနိုင်သည်။

အကျိုးသက်ရောက်မှုက မေးခွန်းထုတ်စရာဖြစ်လာပေလိမ့်မည်။

လင်းဇီချန်က ရှန်ချင်းဟန်ကိုသယ်လျက် အလွန်လျင်မြန်သောအရှိန်ဖြင့် ပြေးကာ လမ်းတစ်လျှောက် လေကိုဖြိုခွင်းသံများထွက်ပေါ်လာစေခဲ့သည်။

နှစ်ယောက်သား အောက်ခြေရှိ လူအုပ်၏ ခေါင်းပေါ်သို့ လျင်မြန်စွာဖြတ်ကျော်လိုက်သောအခိုက်၌ များစွာသော လေကိုဖြတ်ခွင်းသံများထွက်ပေါ်လာသည်။ မရေမတွက်နိုင်လောက်အောင် သွယ်လျသော သွေးရောင်အမြစ်များက ဆံနွယ်များကဲ့သို့ ထူထပ်စွာဖြင့် ထို အရှိန်ပြင်းပြင်းဖြင့် ထွက်ပြေးနေသည့် ၎င်းတို့နှစ်ဦးကို အမြန်ဖမ်းမိသွားသည်။ ၎င်းတို့က မတုံ့ပြန်ုနိုင်မီတွင်ကောင်းကင်တစ်ခုလုံးမှောင်မိုက်သွားကာ သွေးရောင်အမြစ်များဖြင့် လုံးဝဖုံးလွှမ်းသွားသဖြင့် မိမိတို့၏လက်ကိုပင် မမြင်နိုင်ကြတော့ပေ။ လင်းဇီချန်၏ မျက်နှာက သိသိသာသာပျက်ယွင်းသွားသည်။ သူ၏ အမြင်အာရုံက အလွန်လျင်မြန်အားကောင်းသဖြင့် မှင်ကဲ့သို့ညမှောင်ထဲတွင်ပင် ပတ်ဝန်းကျင်ရှိ ထောင့်တိုင်းကိုမြင်နေရသည်။ ယခုမူကား သွေးရောင်အမြစ်များက ဖုံးလွှမ်းနေသဖြင့် အရာတစ်ခုကိုမျှ သူမမြင်နိုင်တော့ပေ။

သူ့ဘေးရှိ ရှန်ချင်းဟန်ကိုပင်မမြင်နိုင်ပေ။

“ဇီချန်”

ရှန်ချင်းဟန်က အနည်းငယ်ထိတ်လန့်သွားကာ လင်းဇီချန်၏ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် လွှတ်မပေးခဲ့ပေ။

လင်းဇီချန်က လေးနက်စွာမျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်ကို ခံစားသိရှိရန် ကြိုးစားနေသည်။

“အဆင်ပြေပါတယ်၊ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

တကယ်တမ်းတွင် ပြဿနာကကြီးမားလှသည်။

“အဆင့်မြင့်ဝိဉာဥ်”နှင့် “ကောင်းကင်မျက်လုံး”၏ အကျိုးသက်ရောက်မှုအောက်တွင် လင်းဇီချန်သည် ပတ်ဝန်းကျင်၏ အနည်းငယ်မျှသော အခြေအနေကိုသာ ခပ်ဝါးဝါးမြင်နိုင်ခဲ့သည်။ ထို့နောက် သူနှင့် ရှန်ချင်းဟန်တို့သည် ကြီးမားလှသော လှောင်အိမ်ကြီးထဲပိတ်မိနေသည်ကိုသိလိုက်ရ၏။ ဤလှောင်အိမ်ကြီးကို သွေးနီရောင်အမြစ်များက ဖုံးလွှမ်းထားကာ အတွင်းပိုင်းနှင့် အပြင်ကမ္ဘာကြီးကို လုံးဝခွဲထုတ်ထားသည်။

“ဘမ်း”

လင်းဇီချန်က သွေးစွမ်းအင်များကိုစုစည်းကာ လှောင်အိမ်သို့ ပစ်ထည့်လိုက်သည်။ သူ၏တိုက်ခိုက်မှုက လှောင်အိမ်ကို ထိခိုက်စေလိမ့်မည်ဟု သူထင်ခဲ့သ ည်။ သို့သော် သူ၏ သွေးစွမ်းအင်က လှောင်အိပ်ပေါ်၌ ခပ်ပါးပါး ခြစ်ရာတစ်ခုမှတပါး ပျက်စီးမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်နိုင်ခဲ့သည်ကို သူမြင်လိုက်ရသည်။ ဤ သွေးရောင်အမြစ်လှောင်အိမ်သည် ၎င်းတို့ ယခင်က ကြုံခဲ့သော သစ်ပင်လှောင်အိမ်ထက်ပင် ပို၍ ခိုင်ခံ့နေသည်။

သူ၏ စွမ်းအင်များက ထိရောက်မှုမရှိကြောင်းသိလိုက်ရဖြင့် လင်းဇီချန်က တောအရှင် စွမ်းအားကို အသက်သွင်းကာ လှောင်အိမ်ကိုဖြစ်စေခဲ့သည့် သွေးရောင်အမြစ်များကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် အခြားသော နည်းဗျူဟာကို စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်တွင်မူ ၎င်းတို့ကို တစ်ကြိမ်မျှပင် မထိန်းချုပ်နိုင်ခဲ့ပေ။

ဤသွေးအရောင်အမြစ်များ၏အဆင့်သည် သခင်အဆင့်ကိုကျော်လွန်နေသည်ထင်ရကာ သခင်အဆင့် သွေးမျိုးဆက်စွမ်းအားရှိသူများက ယင်းတို့ကို ကိုင်တွယ်ဖြေရှင်း၍မရနိုင်ပေ။ လမ်းကြောင်းအားလုံးကို ပိတ်ထား၍ ပျံသန်းရန်နည်းလမ်းမရှိပါက၊ နောက်ရွေးချယ်စရာမှာ တွင်းတူးသည့် လွတ်မြောက်ခြင်းနည်းဗျူဟာကို စမ်းကြည့်ရန်ဖြစ်သည်။

လင်းဇီချန်က ဤသို့တွေးကာ ရှန်ချင်းဟန်နှင့်အတူ မြေကြီးပေါ်သို့ အမြန်ဆင်း၍ ၎င်းတို့ အောက်ခြေတွင် လမ်းကြောင်းတစ်ခုတူးရန် ရည်ရွယ်ခဲ့သည်။

ထို့နောက် တူးဆွရင်းဖြင့် ချက်ချင်းပိတ်မိသွားကြသောအခါမှသာ ပြဿနာ၏ အတိုင်းအတာကို အားလုံး နားလည်သွားကြသည်။

ပြန့်ပြူးသောမြေသည်ပင်လျှင် သွေးရောင်အမြစ်များ အများအပြားဖြင့် ရောထွေးနေရာ သွေးမျိုးဆက်စွမ်းအားတစ်ခုဖြစ်သော [တွင်းတူးဗီဇဇ] က လုံးဝထိရောက်မှုမရှိခဲ့ပေ။

‘ဒီလိုဆို ပြဿနာပဲ…’

လင်းဇီချန်က ထွက်လမ်းရှာရန် ရုန်းကန်လျက် မျက်နှာက ပိုမိုလေးနက်လာသည်။ ရှန်ချင်းဟန်သည်လည်း သူ့ဘေးတွင်နေကာ ဖြစ်နိုင်သမျှသော လွတ်မြောက်ရေးနည်းလမ်းများကို စဥ်းစားလျက်ရှိသည်။ သို့သော် အချိန်အတန်ကြာပြီးသည်အထိ သူမ မည်သည့် အကြံမျှ မရခဲ့ပေ။

“အားလုံးပဲ မလှုပ်ကြနဲ့ ငြိမ်ငြိမ်နေပြီး ငါ မင်းတို့လူမကွဲအောင် လာထိတာကိုစောင့်ကြ”

အမှောင်ထဲတွင် လန်ထျန်ပိုင်၏အသံကထွက်ပေါ်လာသည်။ သူနှင့် အဖွဲ့သားများအားလုံးသည်လည်း လင်းဇီချန်၏ မရည်ရွယ်ဘဲလုပ်ခဲ့သည့် လုပ်ရပ်ကြောင့် ဤသွေးနီရောင်အမြစ်ကမ္ဘာထဲသို့ ချုပ်နှောင်ခြင်းခံခဲ့ရသည်။

ဤအော်သံကိုကြားလိုက်ရသည်နှင့် ရှန်ချင်းဟန်က လင်းဇီချန်ကို ချက်ချင်းပြောလိုက်သည်။

“ဇီချန် နည်းပြလန်တို့ ဟိုမှာထင်တယ်။ သူတို့နဲ့ပူးပေါင်းကြရအောင်။ ငါတို့ လူများလေလေ

ပိုအားကြီးလေလေပဲ”

သူမ၏ အမြင်အာရုံများပိတ်ပင်ခံလိုက်ရသဖြင့် အလွန်အမင်းစိတ်မသက်မသာဖြစ်ကာ လူများသောနေရာဆီသို့ အလိုလိုသွားချင်နေသည်။ ဤတစ်ကြိမ်တွင် လင်းဇီချန် တစ်ယောက်တည်းမသွားရန် ရွေးချယ်ခဲ့သည်။ ရှန်ချင်းဟန်၏ စိတ်ကို ဖြေလျှော့ပေးရန် သူမ၏ အကြံပြုချက်အတိုင်းလိုက်လုပ်ကာ လန်ထျန်ပိုင်၏ နေရာသို့ ဦးတည်သွားခဲ့သည်။ လမ်းတစ်ဝက်ရောက်သောအခါ ကိုယ့်လက်ကိုယ်ပင် မမြင်နိုင်လောက်အောင် မှောင်ပိန်းနေသော အနက်ရောင်လှောင်အိမ်ကြီးက ရုတ်တရက် အပြာရောင်မီးရောင်များဖြင့် တောက်ပစွာလင်းထိန်လာခဲ့သည်။

ထိုအပြာရောင်အလင်းတန်းပေါ်ပေါ်လာချင်းတွင် လန်ထျန်ပိုင်နှင့် အခြားသူများက ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့လာနေသည်မြင်လိုက်ရသဖြင့် အတန်ငယ်စိတ်ရှုပ်သွားကြသည်။

“မင်းတို့နှစ်ယောက် ပျံပြေးသွားကြတာမဟုတ်ဘူးလား ဘယ့်နှယ့် ဒီရောက်နေကြတာလဲ”

လန်ထျန်ပိုင်က ၎င်းတို့နှစ်ဦးကိုကြည့်ကာ ပဟေဌိဖြစ်စွာဖြင့်မေးလိုက်သည်။

“ကျွန်တော်တို့ ခပ်ဝေးဝေးကို မပျံရသေးခင်မှာပဲ ဒီလှောင်အိမ်က ရုတ်တရက်ပေါ်လာပြီး ဖမ်းတာခံလိုက်ရတာ”

လန်ထျန်ပိုင်က ဆက်မမေးတော့ဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လျက် လက်ရှိအခြေအနေကို နားလည်နိုင်ရန် ကြိုးစားခဲ့သည်။ လင်းဇီချန်သည်လည်း ထိုနည်း၎င်းပင် ဤနေရာကို လေ့လာကာ လှောင်အိမ်၏ ထောင့်စွန်းတိုင်းကို စူးစမ်းခဲ့သည်။

ထိုစဥ်..

ဝှစ်…

သစ်ရွက်နှင့်သစ်ကိုင်းတို့ တစ်ခုနှင့်တစ်ခု ပွတ်တိုက်သံထွက်ပေါ်လာသည်။ လင်းဇီချန်က အသံကိုကြားလိုက်သောအခါ ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီးနောက် လှောင်အိမ်ထိပ်မှ ပုံရိပ်တစ်ခုဆင်းသက်လာသည်ကိုမြင်လိုက်ရသည်။

…

ရုပ်သေးတစ်ရုပ်

All Chapters