အပိုင်း ၄၄၈-၄၅၀
Vol. 30 Ch. 448-450
အခန်း(၄၄၈) လော့ချန်းရွှယ်က သစ္စာဖောက်လား
"အရွက်တွေကြွေကျတာက လေတိုက်လို့လား သစ်ပင်က ဆက်ပြီး မထိန်းထားချင်တော့လို့ လွှတ်ပေးလိုက်လို့လား”
အသားကူရှင်ပေါ်တွင် ထိုင်နေသော ဘုန်းကြီးတစ်ပါးကဲ့သို့ အသက်မဲ့နေသော ရုပ်သေးက အနီးကပ်ဆုံးနေရာရှိ ကျောက်ကျစ်ရွှမ်ကို မေးကာ ဗလာကျင်းနေသော မျက်လုံးများဖြင့်ကြည့်နေသည်။ ထိုအသံက အေးစိမ့်စိမ့်ခံစားချက်ကို ပေးဆောင်နိုင်စွမ်းရှိကာ ကျောရိုးတစ်လျှောက် ကြက်သီးမွှေးညှင်းများ ထသွားစေသည်။
"ဆရာ..."
ထိုအကြည့်အောက်တွင် ကျောက်ကျစ်ရွှမ်က ကြောက်စိတ်များကိုခံစားလိုက်ရကာ အလိုလိုနောက်သို့ ပြန်ဆုတ်သွား၍ အဝေးမှ လန်ပိုင်ထျန်ကို အကူအညီတောင်းရန် လှမ်းကြည့်လိုက်သည်။ သူမ နောက်ပြန်ဆုတ်သွားသောအခါ ရုပ်သေးက တူညီသော အကွာအဝေးအတိုင်း ရှေ့သို့ လှမ်းကာ သူမအနားသို့ တိုးလာသည်။
“အရွက်တွေကြွေကျတာက လေတိုက်လို့လား ဒါမှမဟုတ် သစ်ပင် ထိန်းထားဖို့တုံ့ဆိုင်းနေလို့လား”
ကျောက်ကျစ်ရွှမ်က တုံ့ပြန်ခြင်းမရှိသည်ကိုမြင်သောအခါ ရုပ်သေးက ထပ်မံ၍ မေးပြန်သည်။ ဒုတိယမေးခွန်းမေးလာသည့်အခါတွင် ထိုမျက်လုံးများက ပို၍ပင် ဗလာကျင်းနေကာ အနက်ရောင်မြူခိုးများက ၎င်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလျက် အတန်ငယ်ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ လင်းဇီချန်က ရုပ်သေး၏ ပြောင်းလဲမှုကို သတိပြုမိ၍ ကျောက်ကျစ်ရွှမ်ကို လှမ်းပြောလိုက်သည်။
“သူ့မေးခွန်းကို အမြန်ပြန်ဖြေလိုက်”
လှောင်အိမ်ကို ဖောက်ခွဲထွက်ရန် သွေးစွမ်းအင်များကို အစောပိုင်းက အသုံးပြုခဲ့သော်လည်း သေးငယ်၍ အရေးမပါသော အမှတ်အသားတစ်ခုသာဖြစ်ပေါ်စေသည်ကို တွေး၍ ရုပ်သေးများကို နားမလည်နိုင်သည့်တိုင် အန္တရာယ်လည်း ပေးနိုင်မည်မဟုတ်ကြောင်း ခန့်မှန်းမိသည်။
ဤအတွေးဖြင့် ရုပ်သေးကို ကမူးရှုးထိုးတိုက်ခိုက်ခြင်းထက် နောက်မှ လိုက်ခြင်းက ပို၍ ကောင်းသည်။ လင်းဇီချန်၏ သတိပေးချက်ကို ကြားသောအခါ ကျောက်ကျစ်ရွှမ်က အနည်းငယ်ငြိမ်သက်သွားသည်။ သူမရှေ့မှ ရုပ်သေးကိုကြည့်လျက်ဖြင့်ပင် မသက်မသာဖြစ်နေသော စိတ်ခံစားချက်များကို ချိုးနှိမ်ကာ ပြန်ဖြေလိုက်သည်။
“အရွက်တွေကြွေကျတာက လေတိုက်တာကြောင့်ရော သစ်ပင်က ဆက်ပြီး မထိန်းထားတော့တာကြောင့်ရော နှစ်ခုလုံးကြောင့်ပါ။ ဒါက အပြန်အလှန်ပါပဲ”
ဖြေဆိုပြီးနောက် ကျောက်ကျစ်ရွှမ်သည် သူမရှေ့ရှိ ရုပ်သေးရုပ်အား ထိတ်လန့်စွာကြည့်ကာ နှလုံးသားက အဆက်မပြတ်ခုန်နေသည်။ အခြားသူများကလည်း ဤကဲ့သို့ပင် မျက်တောင်ပင်မခတ်ဝံ့ကြပေ။ ရုပ်သေးက လူတိုင်း၏ မျက်လုံးများအောက်တွင် ပျက်နေသော ကွန်ပျူတာကဲ့သို့ အသံမထွက်လာပေ။
နှစ်စက္ကန့်မျှကြာသွားသောအခါ ရုပ်သေး၏ လည်ချောင်းမှ အသံများစွာထွက်ပေါ်လာပြီးနောက်
၎င်းသည် အသက်မဲ့သောလေသံဖြင့် "အဖြေမှားတယ်” ဟုပြောလိုက်၏။
ထိုအသံထွက်လာပြီး ချက်ချင်းပင် မူလက မြေပြင်ပေါ်တွင်ထိုင်နေသော ရုပ်သေးရုပ်က
များပြားလှသော သွေးရောင် အမြစ်များအဖြစ်သို့ ကွဲထွက်သွားကာ ဧရာမပိုက်ကွန်ကြီးအဖြစ်ပြောင်းလဲ၍ ကျောက်ကျစ်ရွှမ်ကို ဖုံးအုပ်သွားသည်။
ထို့နောက် အခြားသူများ မတုံ့ပြန်သေးခင်တွင် မတ်တပ်ရပ်နေသော ကျောက်ကျစ်ရွှမ်က ချက်ချင်းပင် ဧရာမပိုက်ကွန်ကြီးထဲသို့ မြုပ်ဝင်သွားကာ ဂန္ဓမာပန်းများဖြင့် ရောယှက်လျက် ချက်ချင်း လေထဲသို့ မြှောက်တင်ခံလိုက်သည်။
“ကျစ်ရွှမ်”
ထိုအချိန်တွင် ဂြိုလ်လူသားအဆင့် ပါရမီရှင်က ရှေ့သို့ ထွက်၍ ကျောက်ကျစ်ရွှမ်ကိုကယ်တင်ရန် နွယ်ပင်များကို စတင်တိုက်ခိုက်တော့သည်။ ကံမကောင်းစွာဖြင့် နွယ်ပင်များသည် အလွန်မာကျောလျက်ရှိရာ ခုတ်ပိုင်းခံရမည့်အစား သူခုတ်လိုက်သော ဓားကပင် ကွဲအက်သွားခဲ့သည်။ ခဏအကြာတွင် သွေးရောင် အမြစ်များစွာ မြေပြင်မှ ထွက်ပေါ်လာကာ သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်အဟုန်ဖြင့် ရွေ့လျားလျက် ဓားကို ပန်းခြုံထဲသို့ ဆွဲယူသွားပြီးနောက် ဂြိုလ်လူသားအဆင့်ပါရမီရှင်ကိုပါ ချက်ချင်း ချုပ်နှောင်လျက် လေထဲသို့ မြှောက်တင်လိုက်သည်။
ဤသည်ကိုမြင်သောအခါ အားလုံးက အသက်ရှုရပ်လုမတက် ထိတ်လန့်လျက် စိတ်ဓာတ်ကျသွားကြသည်။
လှောင်အိမ်အတွင်းမှ ရန်သူသည် မျှော်လင့်ထားသည်ထက် များစွာ အားကောင်းနေသဖြင့် ထွက်ပြေးရန် အခွင့်အလမ်းနည်းပါးလွန်းလှသည်။ အခြားသူများ စိတ်ဓာတ်ကျနေချိန်တွင် လင်းဇီချန်က ငြိမ်သက်နေ၏။ ရှန်ချင်းဟန်နှင့်အတူ လှောင်အိမ်ထဲမှ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်ကို တွေးလျက်ရှိသည်။
ကိုယ်တိုင်လွတ်မြောက်ရန် ကြိုးစားရန်မှာလည်း သူအစကတည်းက ကြိုးစားခဲ့ပြီးဖြစ်သည်။ သွေးချီစွမ်းအင်လုံးကို ပြုလုပ်ကာ လှောင်အိမ်ထဲသို့ ပစ်ထည့်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။
မျှော်လင့်ထားသည့်အတိုင်းသာဆိုပါက လှောင်အိမ်၏ အင်အားမှာ မြင့်မြတ်သူအဆင့်ဖြစ်နိုင်သည်။
“ငရဲမီးလျံက ဒီအခြေအနေကို ချိုးဖျက်နိုင်မလား”
လင်းဇီချန်က ရုတ်တရက်တွေးမိသည်။ ၎င်းသည် စစ်မြေပြင်၏ ရှေ့တန်း၌ သူရရှိခဲ့သော မီးစွမ်းအင်ဆိုင်ရာ သွေးမျိုးဆက်စွမ်းအားတစ်ခုဖြစ်သည်။ မီးဒြပ်စင်၏ သီအိုရီအရဆိုလျှင် ဆန်းကြယ်သစ်ပင်များကို ကျော်လွှားနိုင်ရမည်ဖြစ်သည်။ သို့သော် ယင်းက သီအိုရီအရသာဖြစ်၍ အတိအကျမသိရသေးပေ။
‘နည်းနည်းထပ်စောင့်ကြည့်ရအောင်’
နောက်ဆုံး အမှန်တကယ် ချောင်ပိတ်မိပြီဆိုမှသာလျှင် ဤသွေးမျိုးဆက်စွမ်းအားကို အသုံးပြုမည်ဖြစ်သည်။ လင်းဇီချန်က သူ့ဘာသာတွေးနေလျက် သူ၏ လုပ်ရပ်များက ထိရောက်မှုမရှိဘဲ လှောင်အိမ်ကိုပါ ပိုမိုနှောက်ယှက်လာမိမည်ကို စိုးရိမ်လျက်ရှိသည်။
ရုတ်တရက် ကျယ်လောင်သော ခြေသံတစ်ခုထွက်ပေါ်လာပြီးနောက် အသက်မဲ့နေသော ရုပ်သေးတစ်ရုပ် လှိုင်ဂူထိပ်မှ မြေပြင်သို့ဆင်းသက်လာသည်။ သေနေသော သစ်ပင်အကိုင်းအခတ်များကို ကောက်ယူလိုက်ပြီးနောက် အားလုံး၏ ကြောက်ရွံ့နေသော အကြည့်များအောက်တွင် ရုပ်သေးသည် လျင်မြန်စွာထိုင်ချလိုက်ကာ အနီးကပ်ဆုံးနေရာရှိ လန်ထျန်ပိုင်ဆီသို့ စူးစိုက်ကြည့်ကာ မေးလိုက်သည်။
“အရွက်တွေကြွေကျတာက လေတိုက်လို့လား ဒါမှမဟုတ် သစ်ပင်က ထိန်းထားဖို့ တုံ့ဆိုင်းနေလို့လား”
ဤမေးခွန်းကိုကြားသောအခါ လန်ထျန်ပိုင်၏ အမူအရာက ချက်ချင်းပင် ပြင်းထန်လာသည်။ သူက ကျောက်ကျစ်ရွှမ်၏ အဖြေကို ပြန်တွေးမိသည်။
လေနှင့် သစ်ပင် နှစ်ခုစလုံး၏ အကျိုးသက်ရောက်မှုကြောင့် သစ်ရွက်ကြွေကျခြင်းဖြစ်သည်ဟူသော အဖြေက မှားယွင်းနေခဲ့သည်။ ထိုမှစ၍ ကျောက်ကျစ်ရွှမ်ကို နွယ်ပင်များက ဖမ်းချုပ်ကာ လေထဲတွင် ချိတ်ဆွဲထားလိုက်သည်။
“သစ်ရွက်ကြွေတာ လေကြောင့်လား သစ်ပင်က ဆက်မထိန်းထားတော့လို့လား”
လန်ထျန်ပိုင်က အချိန်မီ မဖြေနိုင်သဖြင့် ရုပ်သေးသည် ဒုတိယအကြိမ် ထပ်မံမေးလိုက်သည်။ မေးလိုက်သည်နှင့် အနီးတစ်ဝိုက်ရှိ အနက်ရောင် မြူမှုန်များသည် ပိုမိုထူထပ်လာသည်။ လန်ထျန်ပိုင်က အမြန်မဖြေပါက ရုပ်သေးက သူ့ကို တိုက်ခိုက်တော့မည်ဟုထင်ရသည်။ ဤသည်ကိုသိလိုက်ရသဖြင့် လန်ထျန်ပိုင်သည် ဆက်လက်၍ တိတ်ဆိတ်မနေရဲတော့ပေ။
အကြမ်းဖျင်းတွေးကြီးပြီးနောက် သူက သူ့ရှေ့မှ ရုပ်သေးကို ကြည့်ကာ ပြန်ဖြေလိုက်၏။
“သစ်ပင်တွေ ကြွေကျတာက လေရဲ့ ဖျားယောင်းမှုကြောင့်ပါ။ တကယ်လို့ လေမတိုက်ဘူးဆိုရင် သစ်ပင် လက်လွှတ်မှာမဟုတ်တော့ သစ်ရွက်တွေကြွေကျစရာအကြောင်းမရှိပါဘူး”
အခန်း(၄၄၉) လော့ချန်ရွှယ်က သစ္စာဖောက်လား ၂
လန်ထျန်ပိုင်သည် အဖြေမှန်ကို မသိသော်လည်း အချိန်ပြည့်လုပြည့်ခင်ဖြစ်နေပြီဖြစ်သောကြောင့် ကျပန်း ဆုံးဖြတ်ကာ မှန်းဆဖြေဆိုခဲ့ခြင်းဖြစ်သည်။
"အဖြေမမှန်ဘူး"
ရုပ်သေးက စူးရှသော အသံဖြင့်ပြောသည်။ ရုပ်သေး၏ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် အမြစ်များကိုထုတ်ကာ လန်ထျန်ပိုင်ကို လျင်မြန်စွာ လွှမ်းခြုံပစ်လိုက်သည်။ လန်ထျန်ပိုင်က ကျောက်ကျစ်ရွှမ်ထက် များစွာသန်မာသည်။
သွေးနီရောင် အမြစ်များ ပေါ်လာသည်နှင့် တပြိုင်နက် သူသည် ပြန်လည်ခုခံရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် မည်မျှပင် တုံ့ပြန်နေစေကာမူ ခွန်အားမလုံလောက်ပါက အချည်းအနှီးပင်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် လန်ထျန်ပိုင်သည် သွေးနီရောင်အမြစ်များကြားသို့ မြုပ်ဝင်သွားကာ လှောင်အိမ်၏ ထပ်၌ ချိတ်ဆွဲခြင်းခံလိုက်ရ၏။ လန်ထျ်ပိုင်ပင်လျှင် ခုခံနိုင်စွမ်းမရှိဘဲ ရုန်းကန်နေရသည်ကိုမြင်သောအခါ ဤနေရာ၌ ရှိနေသော လူတိုင်း၏ မျက်နှာကများက ပြောင်းလဲသွားသည်။
တိုက်ပွဲကြီး စတင်လာသည်နှင့်တစ်ပြိုင်နက် လှောင်အိမ်ထဲသို့ လဲကျသွားရလိမ့်မည်ဟု ၎င်းတို့ မထင်ထားခဲ့မိပေ။
“သစ်ရွက်တွေကြွေလာတာ လေကြောင့်လား ဒါမှမဟုတ် သစ်ပင်က ထိန်းထားဖို့ တုံ့ဆိုင်းနေလို့လား”
နောက်ထပ် ရုပ်သေးတစ်ခု ထွက်ပေါ်လာကာ ဝူရှီးယာကို စူးရှသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ဝူရှီးယာက ဖုကျုံး၏ ချစ်သူဖြစ်ကာ နောက်ဆုံးအကြိမ်က လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှင့်အတူ လေ့ကျင့်ရေးလိုက်ရန် ဖုကျုံးနောက်သို့လိုက်လာခဲ့သည်။
“သစ်ရွက်တွေကြွေတာက သစ်ပင်က ဆက်ထိန်းထားဖို့ တုံ့ဆိုင်းနေလို့ပဲ။ လေနဲ့အတူလွင့်ပါသွားတဲ့ သစ်ရွက်တွေကို ဆက်ပြီး ဖမ်းဆုပ်ထားဖို့ မတန်ဘူးလေ”
ဝူရှီးယာက အနည်းငယ် စိတ်ရှုပ်နေသော်လည်း တည်ငြိမ်သောအမူအရာဖြင့် ဆက်လက်၍ ကြိုတင်ပြင်ဆင်ထားသော အဖြေကို ဖြေခဲ့သည်။ လေနှင့် သစ်ပင်တို့၏ ပူးတွဲအကျိုးသက်ရောက်မှုကို အဖြေပေးခဲ့သည်။
လေ၏ ဖျားယောင်းမှုကို ဖြေဆိုခဲ့ပြီးဖြစ်၍ ယခု ဖြေရန်မှာ သစ်ပင်က တုံ့ဆိုင်းနေခြင်းသာကျန်တော့သည်။ ဝူရှီးယာက မိမိ၏ အဖြနှင့်ပတ်သက်၍ ယုံကြည်ချက်အပြည့်အဝရှိသည်။ မည်သို့ပင်ဆိုစေကာမူ စိတ်ကူးယဥ်မှုက အံ့ဖွယ်ကောင်းကာ လက်တွေ့ဘဝက ကြမ်းတမ်းသည်။
ဝူရှီးယာက ယုံကြည်မှုအနည်းငယ်ရှိနေသည့်အချိန်တွင် ရုပ်သေးက မညှာမတာပြောလိုက်၏။
“အဖြေမှားနေတယ်”
ဝူရှီးယာ၏ မျက်လုံးများပြူးကျယ်သွားပြီးနောက် ချက်ချင်းပင် ယင်းကို လက်မခံနိုင်ဖြစ်လာသည်။
ရုပ်သေးက သူမ၏ လက်ခံမှု လက်မခံမှုကို စိတ်မဝင်စားဘဲ ချက်ချင်းပင် ‘အဖြေမှားတယ်’ဟုပြောပြီးနောက် သွေးနီရောင်အမြစ်များက လျင်မြန်စွာ ထွက်ပေါ်လာကာ ဝူရှီးယာကို ဆွဲခေါ်သွားသည်။
“ရှီးယာ”
ဖုကျုံးက ဤသည်ကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းအော်ကာ ဝူရှီးယာကို
ကယ်တင်ရန် သူ၏ သွေးစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ရလဒ်အနေဖြင့် နှစ်ယောက်လုံး အမြစ်များကြား၌ ချည်နှောင်ခြင်းခံရကာ လှောင်အိမ်၏ ထိပ်သို့ ဆွဲမခံလိုက်ရသည်။
"သစ်ရွက်တွေကြွေကျတာက လေက ဖျားယောင်းလို့လား သစ်ပင်က မထိန်းထားချင်လို့လား”
ယခင်ရုပ်သေးများကဲ့သို အသစ်စက်စက်ရုပ်သေးတစ်ကောင်ကလည်း အနီးဆုံးနေရာရှိ လူကို ဤမေးခွန်းမေးလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ရှန်ချင်းဟန်၏ အလှည့်ပင်ဖြစ်သည်။ ရုပ်သေးရုပ်၏ အသက်မဲ့နေသော အကြည့်အောက်တွင် ရှန်ချင်းဟန်၏ နှလုံးသားက ချက်ချင်းပင်တုန်လှုပ်နေသည်။ သူမက ဘေးနားရှိ လင်းဇီချန်ဘက်သို့လှည့်ကာ အကူအညီတောင်းလိုသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။
လင်းဇီချန်၏ စိတ်က လျင်မြန်စွာအလုပ်လုပ်နေသည်။ ယခင်သုံးယောက်က ရုပ်သေးမေးခွန်းကို စာပေရှုထောင့်မှ ဖြေဆိုခဲ့ကြသည်။
ရှုထောင့်ကို သိပ္ပံပညာတစ်ခုအဖြစ် ပြောင်းလဲလိုက်လျှင် ပုစ္ဆာကို အလွယ်တကူ ဖြေရှင်းနိုင်မည်လော။
လင်းဇီချန်က သူ၏ အကြောင်းပြချက်က မှန်မမှန်မသေချာပေ။
သို့သော် လက်ရှိအခြေအနေအရ အခြားမည်သည့်အရာကိုမျှ ကြိုးစားရန် မရှိတော့ပေ။ ၎င်းတို့သည် အသက်ရှင်ရန် မြင်းသေတစ်ကောင်ကဲ့သို့သာ လုပ်ဆောင်နိုင်ကြသည်။
“ဟန်ဟန် သိပ္ပံပညာနဲ့တွေးကြည့် မင်းလေ့လာထားတဲ့ ဇီဝဗေဒပညာနဲ့ဖြေ”
လင်းဇီချန်က ရှန်ချင်းဟန်ကို စိတ်အားထက်သန်စွာပြောသည်။ ထိုစကားကိုကြားသော ရှန်ချင်းဟန်က သူ့ကိုယ်သူ လွတ်မြောက်ရန် ပြီးပြည့်စုံလုနီးပါး သိပ္ပံနည်းကျအဖြေတစ်ခုပေးရန် ရည်ရွယ်၍ ကြွေကျနေသောသစ်ရွက်များနှင့်ပတ်သက်သည့် သီအိုရီများကို အမြန်ရှာဖွေခဲ့သည်။
"သစ်ရွက်တွေကြွေကျတာက လေကြောင့်လား ဒါမှမဟုတ် သစ်ပင်က ဆက်ပြီး ထိန်းထားဖို့ တုံ့ဆိုင်းနေလို့လား”
ရုပ်သေးက ဒုတိယအကြိမ်မေးပြန်သည်။ ထိုအချိန်၌ ရှန်ချင်းဟန်က စိတ်ထဲတွင်ပြီးပြည့်စုံသော သိပ္ပနည်းကျအဖြေတစ်ခုကို ရေးဆွဲနေပြီဖြစ်သည်။
ရုပ်သေးက ဒုတိယအကြိမ်မေးသောအခါ သူမက ချက်ချင်းပြန်ဖြေလိုက်သည်။
“အရွက်တွေကြွေကျတာက လေကြောင့်ရော သစ်ပင်ကြောင့်ရောမဟုတ်ဘဲ ကွဲထွက်သွားခြင်းပဲ”
“အေးတဲ့ဆောင်းရာသီရောက်ရင် အပင်တွေက သူတို့ရဲ့…”
“... အဖြေက မှားတယ်”
ရှန်ချင်းဟန်က ရုပ်သေး၏ ကြမ်းတမ်းသော အသံဖြင့်နှောက်ယှက်ခံလိုက်ရသဖြင့် စကားမဆုံးခဲ့ပေ။ ထို့နောက် နောက်တစ်စက္ကန့်တွင် ရုပ်သေးရုပ်သည် ရှန်ချင်းဟန်ဆီသို့ သွေးနီရောင်အမြစ်များ ကို ထပ်မံစေလွှတ်လိုက်ပြန်သည်။ သွေးနီရောင်အမြစ်များက သူမဆီသို့ တဟုန်ထိုးချီတက်လာသည်ကိုမြင်လိုက်ရသောအခါ ရှန်ချင်းဟန်၏ မျက်နှာက ဖြူဖျော့သွားပြီးနောက်သူမ၏ မျက်လုံးများထဲ၌ စိတ်ပျက်အားငယ်မှုများပြည့်သွားသည်။
ဝှစ်
လေကို ဖြိုခွင်းသံတစ်ခုထွက်ပေါ်လာသည်။
သူမအနားရှိလင်းဇီချန်က ရှန်ချင်းဟန်ကို သူ့ဘဝတွင် သူရဖူးသမျှ အလျင်မြန်ဆုံး အမြန်နှုန်းဖြင့် တိုက်ခိုက်ရန် သွေးနီရောင် အမြစ်များဆီသို့ အပြေးအလွှား ပြေးသွားကာ အဆိုပါ အရာများကို ရင်ဆိုင်ရန် ရည်ရွယ်လိုက်သည်။
ဘမ်း
ဘမ်း
ဘမ်း
"..."
လင်းဇီချန်က သွေးရောင် အမြစ်များနှင့် ထိပ်တိုက်တွေ့သည့် အခိုက်အတန့်တွင် လှောင်အိမ်အတွင်း ကြောက်မက်ဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် လူတိုင်း၏နားထဲတွင် စူးစူးဝါးဝါးအော်သံကြားလိုက်ရသည်။
တိုက်ခိုက်မှုက ပြင်းထန်ကာ ဆူညံသံသည် ကြီးမားလှသည်။
သို့သော် သွေးရောင်အမြစ်များ၏ ခွန်အားသည် စိတ်ကူး၍ပင်မရနိုင်ပေ။ လင်းဇီချန်က မည်ကဲ့သို့တိုက်ခိုက်နေစေကာမူ အများဆုံးအနေဖြင့် ၎င်းတို့ကို တားဆီးနိုင်ရုံသာရှိ၍ အပြီးတိုင်မဖျက်ဆီးနိုင်ပေ။
ကြိုးစားမှုအချို့ပြီးနောက် လင်းဇီချန်သည် အပြင်းအထန်တိုက်ခိုက်နေရုံတစ်ခုတည်းဖြင့် သွေးရောင်အမြစ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သိလာခဲ့သည်။
[အဆင့်မြင့်ဝိဉာဥ်] နှင့် [Absolute Focus] တို့က အားကောင်းလာကာ ဤအတွေးဖြင့် သူသည် သူ့ရှေ့ရှိ သွေးရောင်အမြစ်များပေါ်တွင် သွေးမျိုးဆက်စွမ်းအား [ငရဲမီးလျံ] ကို အသုံးပြုလိုက်သည်။ နောက်ထပ်တစ်စက္ကန့်တွင် လင်းဇီချန်၏ ပါးစပ်နှင့်နှာခေါင်းတို့မှ အနီရောင်မီးတောက်များ ပေါက်ကွဲထွက်လာကာ သူ့ရှေ့ရှိ သွေးရောင်အမြစ်များထဲသို့ တိုးဝင်သွားသည်။
ဤအနီရောင်မီးတောက်များ ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းတို့သည် ခံနိုင်ရည်ရှိသော သွေးရောင် အမြစ်များကို ချက်ချင်း လောင်မြိုက်ပစ်လိုက်ကာ အာရုံကြောများ ဆုံးရှုံးသွားသော အဆိပ်ရှိသော မြွေများကဲ့သို့ လေထဲတွင် အပြင်းအထန် လူးလိမ့်သွားစေခဲ့သည်။
ဤသွေးမျိုးဆက်စွမ်းအား [ငရဲမီးလျံ] သည် နတ်ဆိုးအပင်များကို အမှန်တကယ် ထိန်းထားနိုင်သည်။ လင်းဇီချန်သည် အလွန်ဝမ်းသာစွာဖြင့် အနီရောင်မီးတောက်များ၏ အထွက်နှုန်းကို လျင်မြန်စွာအရှိန်မြှင့်ကာ သွေးရောင်အမြစ်များကိုလျှော့ချ၍ လှောင်အိမ်တစ်ခုလုံးကို ပြာဖြစ်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် အခြားလူများကလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
မီးကို တကယ် ရှုနိုင်တာလား။
သူ ဘာလို့ မီးကို ရှုထုတ်နိုင်တာလဲ။
ဘာတွေဖြစ်နေတာလဲ။
အမြင်မှားတာလား။
လူတိုင်းက ဤသည်ကိုကြည့်၍ လုံးလုံးအံ့သြသွားကြသည်။ သို့သော် ဤအခိုက်အတန့်တွင် ၎င်းတို့သည် ဤအရာအပေါ် အလွန်အကျွံ မအံ့သြတော့ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံး ရှင်းလင်းစွာနားလည်ထားသည်မှာ တစ်ခုသာဖြစ်သည်။
လင်းဇီချန်ကသာ သွေးရောင်အမြစ်များကို ဖျက်ဆီးနိုင်ခဲ့ပါက ၎င်းတို့လွတ်မြောက်ရန် မျှော်လင့်ချက်ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
စက္ကန့်များစွာကြာသွားပြီးနောက် လင်းဇီချန်သည် များပြားလှသော ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့ သဖြင့် သူ၏ ဦးခေါင်းတစ်ခုလုံး ပူလာကာ နီရဲသွားသော်လည်း နောက်ဆုံးတွင် သူ့ရှေ့ရှိ သွေးရောင်အမြစ်များအားလုံးကို ပြာအဖြစ် ပြောင်းလဲသွားစေနိုင်ခဲ့သည်။
သို့သော် သူသည် မီးကို မရပ်ဘဲ ပို၍ အရှိန်မြှင့်လိုက်သည်။ အနီရောင်မီးလျံများက သူ့ရှေ့မှ
တစ်နေရာကို စူးစူးစိုက်စိုက်တိုက်ခိုက်လိုက်သည်။ သူသည် ထိုနေရာ၌ အပေါက်ကြီးတစ်ခု ဖောက်ပစ်ချင်နေခြင်းဖြစ်ကာ လှောင်အိမ်အတွင်းတွင်ရှိနေသူမှန်သမျှကို လွတ်မြောက်စေချင်ခြင်းဖြစ်သည်။
အပင်များပေါ်တွင် သေချာပေါက်ပင် အတားအဆီးတစ်ခုက မီးလျံများကို တားဆီးနေသည်။ သို့သော် စက္ကန့်အနည်းငယ်အတွင်းမှာပင်၊ မပြိုကွဲနိုင်သောအတားအဆီးသည် လက်သီးအရွယ်အပေါက်တစ်ခုဖြင့် လောင်ကျွမ်းသွားသည်။ ဤနှုန်းဖြင့် နောက်ထပ် ဆယ်စက္ကန့်ကျော်အတွင်း လျင်မြန်စွာ လွတ်မြောက်ရန် လုံလောက်သော အပေါက်ကြီးတစ်ခု ပွင့်သွားနိုင်သည်။
လူတိုင်းက လွတ်မြောက်ရန် အလှမ်းမဝေးတော့ဟုထင်နေသောအခိုက်တွင်
ရုတ်တရက်ပင် လှောင်အိမ်ထဲသို့ မွှေးပျံ့သောရနံ့တစ်ခု ပျံ့လွင့်လာကာ လူတိုင်း၏နှာခေါင်းဖျားတွင် ဝဲပျံနေသည်။
လူအုပ်ကြီးက ဖြစ်ပျက်နေသည်များကို မတုံ့ပြန်နိုင်သေးခင်၌
ရုတ်တရက် လူအုပ်ကြားတွင် တိတ်တဆိတ် ရပ်နေသော လော့ချန်းရွှယ်၏ မျက်လုံးများက အသက်မဲ့သွားပြီးနောက် လင်းဇီချန်နားသို့ ရုတ်တရက်ချဥ်းကပ်လာသည်။
အေးစက်နေသော လေသံတစ်ခုထွက်ပေါ်လာသည်။
လူအုပ်ကြီးက လင်းဇီချန် မီးလောင်မြိုက်စေသည့်နားတစ်ခုလုံး လေအေးကြောင့် ချက်ချင်းအေးခဲသွားသည်ကို မြင်လိုက်ကြရသဖြင့် ဤအခိုက်အတန့်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။
၎င်းတို့ နားမလည်နိုင်ကြပေ။
လင်းဇီချန်သည် မီးလျံကို အသုံးပြုကာ ဧရာမသစ်ပင်ကြီးကို ဖောက်ထွင်းပစ်နိုင်ခဲ့သည်။
ယင်းကထိရောက်ခဲ့သည်။
လင်းဇီချန်က လူတိုင်းလွတ်မြောက်နိုင်စေရန် ဆောင်ရွက်ပေးနေတော့မည်ဖြစ်သည့်အခိုက်၌
မွှေးရနံ့တစ်ခု ထွက်ပေါ်လာသည်။
လော့ချန်းရွှယ်က ထိန်းချုပ်ခံခဲ့ရကာ မီးလျံကို အေးခဲသွားစေခဲ့၏။
ထို့နောက် ပန်းဖူးပွင့်များ ပေါ်လာသည်။
ယင်းသည်ကား ဆူးနတ်သမီးသာဖြစ်သည်။
ကြိုးစားမှုမအောင်မြင်ခဲ့ပေ။
လူအုပ်က ၎င်းတို့ကြားမှ တစ်ဦးတည်းသော ဂြိုလ်သားဖြစ်သည့် လော့ချန်းရွှယ်ကို သစ္စာဖောက်ဟု သံသယဝင်ကြသည်။ ၎င်းတို့က သူမအား နှုတ်ဖြင့် တိုက်ခိုက်ကြသည်။ လုံခြုံရေးအရ သူမကို အဖွဲ့ထဲမှ ထုတ်ပစ်ချင်ခဲ့ကြသည်။ သို့သော် အမှန်တကယ်သစ္စာဖောက်သူမှာ အခြားသူတစ်ဦးဖြစ်သည်။
လော့ချန်းရွှယ်သည် အဖွဲ့ထဲတွင် အချိန်အတော်ကြာနေခဲ့ကာ သူမတတ်နိုင်သမျှ လုပ်ပေးခဲ့သည့်တိုင် အမှားလုပ်မိသည်ဟု ခံစားမိသော်လည်း သူမကို ဘယ်သောအခါကမျှ အယုံအကြည်မရှိခဲ့ကြသဖြင့် ချက်ချင်းမျက်ရည်ကျလာသည်။
လင်းဇီချန်သည် လော့ချန်းရွှယ်က သစ္စာဖောက်မဟုတ်ကြောင်းသိသောကြောင့် သူမအတွက် ရပ်တည်ပေးခဲ့သည်။ သူမသည် အစပိုင်းတွင် ဝိုင်းပယ်ခံထားရပုံကို သတိရကာ ပိုင်ရွှယ်ဖြစ်ကြောင်းသိခဲ့သည်။ ကမ္ဘာမြေသာများသာလျှင် မူလမြေ၌ အခြေစိုက်စခန်းကို စွန့်လွှတ်ကာ ကမ္ဘာမြေကို ကာကွယ်ရန် ဆုတ်ခွာသွားနိုင်သည်။
ချန်ရွှယ်… လာပါ။
…
အခန်း(၄၅၀) ရေနတ်ဘုရားရဲ့ နန်းတော်
လင်းဇီချန်က လော့ချန်ရွှယ်သည် မြို့ထဲတွင် လှည့်ပတ်ကာ အသွင်ယူစုံစမ်းရေးသမားတစ်ယောက်ဖြစ်ကြောင်း သတိထားမိလိုက်သည့်အချိန်၌ပင် လေထုကို ဖြိုခွင်းလိုက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
သခင်အဆင့် ကျွမ်းကျင်သူနှစ်ဦးသာဖြစ်သော ကျောက်ချင်ရှန်းနှင့် ကျန်းထောင်တို့က ရုတ်တရက် သွေးစွမ်းအင်များပေါက်ကွဲလျက် လင်းဇီချန်ကို စတင်တိုက်ခိုက်ကြသည်။ လင်းဇီချန်၏ အာရုံခံစနစ်က အလွန်အမင်းထက်မြက်လွန်းသောကြောင့် ၎င်းတို့ စတင်လှုပ်ရှားသည့်အခိုက်၌ပင် သူက သတိထားမိခဲ့သည်။ ၎င်းတို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း သူက အကြည့်ကိုသာအာရုံစိုက်ထားကာ အလွန်ကြောက်မက်ဖွယ် သွေးမျိုးဆက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
နောက်ထပ်တစ်စက္ကန့်တွင် ‘ဘမ်း ဘမ်း’ဟူသော အသံနှစ်ခု ထွက်ပေါ်လာသည်။
ကျောက်ချင်ရှန်းနှင့် ကျန်းထောင်းတို့က ချက်ချင်းပင် ဤသွေးမျိုးဆက်စွမ်းအားကြောင့် မြေပြင်ပေါ်သို့ လဲကျကာ ၎င်းတို့၏ ခန္ဓာကိုယ်များလည်း လုံးလုံးလျားလျား မာကျောသော မြေထဲနစ်ဝင်သွားသဖြင့် မြေကြီးပေါ်၌ အက်ကွဲကြောင်းများစွာထွက်ပေါ်လာသည်။
ထိုလှိုင်းတစ်ခုတည်ငြိမ်သွားပြီးနောက် နောက်ထပ် ဖိအားက ထပ်မံထွက်ပေါ်လာပြန်သည်။ လင်းဇီချန်က ကျောက်ချင်ရှန်းနှင့် ကျန်းထောင်တို့ကို ကိုင်တွယ်ပြီးမကြာမီ၌ပင် အဖွဲ့ထဲ့ရှိ ဂြိုလ်လူသားပါရမီရှင်များကလည်း သူ့ကို တိုက်ခိုက်ကြရာ ရှန်ချင်းဟန်အပါအဝင်ပင်ဖြစ်သည်။
ရှန်ချင်းဟန်သည် ကမ်းရိုးတန်းသစ်တောတွင် ဂမ္ဘီရသစ်ပင်ဂိုဏ်းနှင့် ယွမ်သုန်ကျီ တိုက်ခိုက်ခဲ့စဥ်က လုပ်ဖူးခဲ့သည့်အတိုင်း မြေအောက်ရေအများအပြားကို ဆွဲယူခဲ့ရာ ကြီးမားသော ရာနှင့်ချီရှည်မားသည့် နဂါးကြီးတစ်ကောင်က ကောင်းကင်ကို ဖြိုခွင်းလျက် လင်းဇီချန်ဆီသို့
ပြင်းပြင်းထန်ထန်ဦးတည်သွားသည်။ ရှန်ချင်းဟန်နှင့် အခြားသူများအားလုံး ထိန်းချုပ်ခံထားရကြောင်း လင်းဇီချန်က နောက်ကျမှ သိလိုက်ရ၏။
အစောက ရနံ့ကို သူ အမှတ်တမဲ့ သတိရလိုက်မိသည်။ သေချာသည်မှာ ဤအနံ့က တရားခံပင်ဖြစ်ရပေလိမ့်မည်။ လင်းဇီချန်က ထိုပြဿနာကို ဖော်ထုတ်သိရှိခဲ့သော်လည်း မွှေးရနံ့ဖြင့် ထိန်းချုပ်ခံထားရသည့်လူများကို နိုးကြားလာစေရန် မည်သို့လုပ်ဆောင်ရမည်ကို မသိနိုင်ခဲ့ပေ။
အခြားရွေးချယ်စရာဟူ၍မရှိသဖြင့် သူက အာရုံကြောများသေသွားစေနိုင်သည့် များပြားလှသော
အဆိပ်ပမာဏကိုထုတ်ကာ အဖွဲ့အင်အားလုံးကို မြေပေါ်သို့ အမှောက်သိပ်လိုက်သည်။
လင်းဇီချန်က ဤအရာများအားလုံး လုပ်ပြီးသောအခါတွင်
‘ဘမ်း’
ကြီးမားသော ဖူးပွင့်ကြီးတစ်ပင်သည် မြေဆီလွှာကို ဖောက်ထွင်းဝင်ရောက်ကာ အပြာဖျော့ဖျော့ အခိုးအငွေ့များ ထွက်လာပြီး သာယာသောရနံ့က ထွက်ပေါ်လာပြန်သည်။
ဤမွေးရနံ့ပင်ဖြစ်သည်။
လင်းဇီချန်က ချက်ချင်းပင် အသိဝင်လာပြီးနောက် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သော ဖူးပွင့်ကို စိုက်ကြည့်ရင်း သူ၏ သွေးစွမ်းအင်များကို ထုတ်လိုက်သည်။
စူးရှသောအသံတစ်ခုထွက်ပေါ်လာကာ ကြီးမားဆန်းကြယ်သည့် ပွင့်ဖူးကြီးပေါ်၌ လက်တစ်ချောင်းစာပမာဏရှိသော အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ လင်းဇီချန်၏ အာရုံကြောများက တင်းမာလျက် အနည်းငယ်မျှပင် လွဲမှားခွင့်မခံဘဲ သူ့ရှေ့မှ ပွင့်ဖူးကြီးကို ကြည့်နေသည်။
သူ့အကြည့်အောက်တွင် ဖူးပွင့်ပေါ်ရှိ အက်ကွဲကြောင်းကြီးက ပို၍ ကြီးမားလာကာ တဖြည်းဖြည်းနှင့် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော
အပြာရောင်ပန်းပွင့်အဖြစ် ပွင့်လာသည်။
ယင်းတို့ကြားမှ စပျစ်နွယ်ပင်များနှင့် ပတ်နွယ်ထားသော အမျိုးသမီးတစ်ဦးထွက်လာ၏။
“လင်းဇီချန် မင်းခန္ဓာကိုယ်ကတင်သန်မာတာမဟုတ်ဘဲ လူတစ်ယောက်မှန်းဆနိုင်တာထက် ပိုတဲ့ လှည့်ကွက်တွေရှိနေတယ်။ မင်းမှာ သူများတေွမသိတဲ့ လျို့ဝှက်ချက်တ်စခုခုတော့ ရှိကိုရှိရမယ်” စပျစ်နွယ်ပင်များပတ်နွယ်နေသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးက ပြုံးရယ်ကာပြောလိုက်သည်။
လင်းဇီချန်က နက်နက်ရှိုင်းရှိုင်းမျက်မှောင်ကြုတ်လျက် စပျစ်နွယ်ပင်များပတ်နွယ်နေသည့် အမျိုးသမီးကို ဆန်းစစ်ကြည့်ကာ မည်သူမည်ဝါဖြစ်ကြောင်း စဥ်းစားမရပေ။
သူစိတ်ရှုပ်နေသည်ကိုမြင်သောအခါ အမျိုးသမီးက ပြုံး၍ ဆက်ပြော၏။
“မင်းက နေ-လအထွတ်အမြတ်မြေမှာ လူသိများတယ်။ အဲ့က သက်ရှိသတ္တဝါတွေအားလုံးကို ပန်းနတ်ဘုရားကို ဆက်သဖို့ မင်းကို ဖမ်းလာစေချင်ကြတာ”
‘ပန်းနတ်ဘုရားလား’
‘နေ-လ အထွတ်အမြတ်မြေရဲ့ ဒဏ္ဍာရီအဆင့် သတ္တဝါလား”
‘ဆက်သမယ်ဆိုတာ ဘာလဲ’
‘အိပ်ရာထဲက အစေခံတစ်ယောက်ဖြစ်ဖို့လား’
‘ဒါမှမဟုတ် ငါ့အသက်ကို လိုချင်တာလား’
အခိုက်အတန့်လေးအတွင်းတွင် လင်းဇီချန်က စိတ်ထဲတွင် အတွေးပေါင်းများစွာတွေး၍ နောက်ဆုံး၌ မေးခွန်းတစ်ခုကို ကျယ်လောင်စွာမေးလိုက်သည်။
‘ဆက်သမယ်ဆိုတာဘာလဲ’
‘’ဆက်သမယ်’ဆိုတာ ‘ဆက်သမယ်’ပေါ့” စပျစ်နွယ်ပင်များပတ်နွယ်ထားသော အမျိုးသမီးက လက်ချောင်းများကို ဆော့ကစားကာ ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူမကနူးညံ့သောအသံဖြင့် ဆက်ပြော၏။
"ကောင်းပြီ၊ လုံလောက်ပြီ၊ ပန်းနတ်ဘုရားကို ဆက်သဖို့ ငါတို့ ထွက်ဖို့အချိန်ကျပြီ”
သူမစကားဆုံးသည်နှင့် စပျစ်နွယ်ပင်များ ရစ်ပတ်ခံထားရသည့် အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဆံနွယ်များက ရုတ်တရက် အပြာရောင်နွယ်ပင်များအဖြစ် ရှည်လျားလာကာ ရေဘဝဲ၏ လက်တံများနှယ်ခွဲထွက်၍ လင်းဇီချန်ကို ဖူးပွင့်ထဲသို့ ဆွဲခေါ်ရန် ကြိုးစားတော့သည်။
ဤရုတ်တရက်တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသည့် လင်းဇီချန်သည် သေခြင်းတရားကို
ထိုင်စောင့်နေသူမဟုတ်သဖြင့် သူ၏ ဝိဉာဥ်ရေးစွမ်းအားကို အဆုံးထိမြှင့်တင်ကာ တိုက်ခိုက်နေသော စပျစ်နွယ်ပင်များဆီသို့ "ငရဲမီးလျံ" ကို အသုံးပြုခဲ့သည်။
မကြာမီတွင် အနီရောင်မီးတောက်များနှင့် အပြာရောင်နွယ်ပင်များက ပြင်းထန်စွာ ထိမိသွားရာ အနီးနားရှိ အရာအားလုံးကို အဝေးသို့ လွင့်သွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ခဏအကြာတွင် လင်းဇီချန်သည် စပျစ်နွယ်ပင်များ၏ ခွန်အားကို မခံနိုင်တော့ဘဲ လွင့်ထွက်၍ ထောင်နံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်ကာ ပါးစပ်ထဲမှ သွေးစိမ်းတစ်ပွက်ကို အန်ထုတ်လိုက်သည်။
စပျစ်နွယ်များရစ်နွယ်နေသည့် အမျိုးသမီးသည် မြင့်မြတ်သူအဆင့်မဟုတ်လျှင်ပင် ယင်းသို့နီးကပ်နေလောက်ပြီဖြစ်သည်အထိ အလွန်စွမ်းအားပြင်းသည်။ သခင်အဆင့်တွင်သာရှိသော လင်းဇီချန်က သူမ၏ တိုက်ခိုက်မှုကို ခံနိုင်စွမ်းမရှိပေ။
“ငါ့ နွယ်ပင်နဲ့ထိတာကို သွေးလေးပဲအန်ထွက်တာဆိုတော့ မင်းက တော်တော် သန်မာတာပဲ။ ပန်းနတ်ဘုရားက မင်းကို အရမ်းကြိုက်လိမ့်မယ်လို့ ငါယုံကြည်တယ်”
ထိုစကားကိုပြောပြီးနောက် သူမသည် နောက်ထပ်စပျစ်နွယ်ပင်များကို ထိန်းချုပ်ကာ လင်းဇီချန်ကို ထုတ်ပိုး၍ ကြီးမားသော ပန်းဖူးထဲသို့ ဆွဲထည့်လိုက်သည်။ မထွက်ခွာမီတွင် စပျစ်နွယ်ပင်ကို ရစ်ပတ်ထားသော အမျိုးသမီးသည် မြေပြင်ပေါ်တွင်လဲကျနေသည့် ဂြိုလ်လူသားအဆင့် ပါရမီရှင်များကိုကြည့်ကာ အနည်းငယ်နောင်တရသည့်ပုံစံမျိုးဖြစ်သွားသည်။
၎င်းတို့သည် ကမ္ဘာမြေ၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။
ထူးခြားပြောင်မြောက်သော ဆင့်ကဲပြောင်းလဲခြင်းပါရမီများရှိကြသည့် ပါရမီရှင်များဖြစ်ကြရာ
အကယ်၍ ၎င်းတို့အားလုံးကို နတ်ကုန်းမြေသို့ ပြန်လည်ခေါ်ဆောင်၍ ယင်းနှင့် တစ်စိတ်တစ်ပိုင်းဖြစ်စေနိုင်လျှင် နတ်သခင်ကြီးဆီမှ အမြင့်ဆုံးဆုလာဘ်ကို ရရှိမည်မှာသေချာသည်။
သို့သော် အဖူး၏ စွမ်းရည်မှာ အကန့်အသတ်ရှိ၍ ဤမျှလောက်သော လူသားများကို မခေါ်ယူနိုင်ပေ။
တကယ်ကို နှမျောစရာပဲ။
ဤသည်ကိုတွေး၍ အမျိုးသမီးက အပြာရောင် စပျစ်နွယ်ပင်ကို ထိန်းချုပ်ကာ မြေပြင်ပေါ်တွင် လဲကျနေသည့် ဤဂြိုလ်လူသားအဆင့် ပါရမီရှင်များကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ကမ္ဘာမြေ၏ စွမ်းအားကြီးသူများကို ၎င်းတို့ တိုးတက်စအရွယ်တွင် လုံးဝပျောက်ကွယ်သွားစေရန် …။
ဘမ်း
စပျစ်နွယ်ပင်သည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ရွေ့လျားသွားပြီးနောက် မြေပြင်ပေါ်ရှိ ဂြိုလ်လူသားအဆင့် ပါရမီရှင်အုပ်စုကို ပစ်မှတ်ထားလိုက်သည်။
ဘမ်း
ပထမဆုံးထိမှန်သွားသူမှာ အနီးကပ်ဆုံးနေရာရှိ ရှားလျို့ပင်ဖြစ်သည်။